part 9(z+u)

2.3K 298 11
                                    


ကျနော် နောက်ကြောင်းပြန်တာတွေကို flashback အနေနဲ့ စာတန်းမထိုးတော့ဘူးနော်။ မရေးပြလည်း ဖတ်ရတာ အဆင်ပြေမယ်ထင်လို့။

....................................

မဟူရာကောင်းကင်ကြီးထဲတွင် ထိန်ထိန်လင်းနေသော ငွေသော်တာ၏ လရောင်သည် မြေသားနီဆွေးဆွေးပေါ်သို့ ကျရောက်နေ၏။ တောင်ပေါ်ဒေသလေးဖြစ်တာကြောင့် အအေးဓာတ်ကလည်း ညအချိန်တွင် အတော်ပဲကြီးစိုးနေသည်။ လသာသာအချိန်တွင် သော်စစ်သည် ခြံဝိုင်းထဲ၌ မိုးပုံဖွဲ့ကာ လရောင်အောက်တွင် တင့်တယ်စွာလှပနေသည့် နှင်းဆီပန်းများကို ငေးစိုက်ကြည့်နေသည်။ သူသည် ခွေးခြေခုံအပုလေးဖြင့်ထိုင်ကာ လက်ထဲတွင်လည်း ငွေမျှဥ်ရောင်လေးများ ဝဲတက်နေသည့် ကော်ဖီခွက်ကိုလည်း ကိုင်ထားသေးသည်။

သူ၏အတွေးများက အထက်တန်းကျောင်းသားဘဝအမှတ်တရအနည်းငယ်ကို ပုံဖော်ရင်း အိမ်ထဲ၌ ပန်းကန်ဆေးနေသော အချစ်ဟောင်းကို ​မျက်လုံးထဲ မြင်ယောင်နေမိ၏။ ထိုအချိန်တွင် သူ၏ နှုတ်ခမ်းထောင့်လေးက ကော့တက်သွားကာ ပယင်းရောင် မျက်ဝန်းလေးကလည်း လခြမ်းလေးလိုကွေးသွားသည်။


" ဗျို့ ဆရာလေး "


ခြံဝမှ ကာလခေါင်းဆောင်ခွန်ထွန်းအောင်၏ အသံဖြစ်သည်။ သော်စစ်က ခွန်ထွန်းအောင်နှင့် ကာလသား သုံးယောက်ကိုမြင်သောအခါ ပြုံး၍ ခေါ်လိုက်သည်။


" လာပါဗျ အစ်ကိုထွန်းအောင် "

သော်စစ်က ပြောပြောဆိုဆိုဖြင့်ဖိတ်ခေါ်ကာ အိမ်ထဲသို့ဝင်၍ ခုံလေးလုံးထုတ်ယူလာသည်။

" လာဗျ ထိုင်ပါအုံး "


သော်စစ်သည် မီးပုံပတ်လည်တွင် နေရာချပေးလိုက်၏။ ထိုအခါ ကာလသားများနှင့် ခွန်ထွန်းအောင်တို့က ဝင်၍ ခွန်ထွန်းအောင်ကပင် စကားစလိုက်သည်။

" ဒီနေ့က သာမာန်ထက်ပိုအေးတဲ့ နေ့ပဲဗျို့။ ဒါကြောင့် ဒီမှာလေ ခွန်ကြိုင်တို့ အိမ်က ခေါင်ရည်လေးချက်လို့ ကျုပ်ယူလာခဲ့တယ် "

ခွန်ကြိုင်ဆိုသည့် ကာလသား ခေါင်းငြိမ့်ကာ ရယ်သွေး၍ ဆိုလာသည်။

အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now