Extra

2.4K 175 13
                                    


( ၁၈+များပါဝင်သောကြောင့် အသက်ပြည့်သောသူများဖတ်ရန်မသင့်ပါ🔞)



သာယာလှပသည့် တောင်တန်းတွေကိုကျော်ဖြတ်ကာ ရောက်ရှိလာသည့် ခရီးကြမ်းလေးသည် အရင်ကနှင့်မတူဘဲ တမူထူးခြားစွာခရီးပန်းခြင်းမရှိပါ။ ချစ်သူရဲ့လက်ကိုဆွဲ၍ လျှောက်လမ်းလာသည့်ခရီးတစ်လျှောက်၌ လမ်းကြမ်းကိုပင် ဂရုမထားနိုင်ဘဲ သူတို့နှစ်ဦးသား၏ ရင်တွင်း၌ သက်တန့်ရောင်စုံပန်းလေးများပွင့်ဖူးဝေဆာနေကြသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောငါးရက်ကပင် သူတို့ရန်ကုန်၌ လက်ထပ်ခဲ့ကြပြီဖြစ်သည်။  နှစ်ဦးသားတရားဝင်လက်ထပ်ရန် ဆန္ဒရှိကြောင်းကို သော်စစ်၏မိခင်အား ပြောပြသည့်အချိန်တွင် သော်စစ်အမေသည် စိုးရိမ်ထိပ်လန့်သွားပြီး မြန်လွန်းလှသည်ဟုလည်းပြောသေးသည်။ သူမက သူမ၏သားလေးနှင့်သမက်အသစ်စက်စက်လေးတို့ လိင်တူလက်ထပ်ပွဲကျင်းပလျှင် ပြောင်းလဲတတ်သောပတ်ဝန်းကျင်က အပြစ်တင်ဝေဖန်ရှုံ့ချမှာကို တကယ်ပင်စိုးရိမ်နေသည်။ သို့ပေမယ့် သူမ၏သားဖြစ်သူသော်စစ်နိုင် ကိုယ်တိုင်ကပင် ဒီအမျိုးသားငယ်လေးနှင့် လက်ထပ်ထိမ်းမြားရန် စိတ်အားထက်သန်နေသဖြင့် သော်စစ်မိခင်သည် မိသားစုရှေ့နေ့သာခေါ်၍ အိမ်တွင်သာ ထိမ်းမြားခြင်းလက်မှတ်ရေးထိုးလိုက်ကြသည်။ သို့ဖြင့် သော်စစ်နှင့် ဒီဇင်ဘာတို့နှစ်ဦးသားသည် တရားဝင် လက်တွဲဖော် အိမ်ထောင်သည်များအဖြစ်သို့ ရာထူးတက်သွားကြလေ၏။

ရန်ကုန်၌ လေးရက်လောက်ထပ်နေပြီးလျှင် သူတို့၏အေးချမ်းသည့် အချစ်ကမ္ဘာအိမ်ငယ်လေးဖြစ်သည့် တောင်ပေါ်ဒေသလေးသို့သာ အတူပြန်လာခဲ့ကြသည်။

သူတို့နှစ်ယောက်ရဲ့နေအိမ်လေးကအရင်ကထက်ပင်ပျော်ရွှင်စရာကောင်းလာခဲ့သည်။ အခုဆို ဒီဇင်ဘာ၏အိပ်ခန်းလေးက အရင်ကဲ့သို့ စတိုခန်းပြန်ဖြစ်သွားကာ သော်စစ်နိုင်၏အိပ်ခန်းကတော့ မင်္ဂလာအိပ်ခန်းအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ တစ်ယောက်အိပ်ကုတင်နေရာမှာ နှစ်ယောက်အိပ်ကုတင်နှင့်မွေ့ယာကို အစားထိုးလို့ သော်စစ်၏အခန်းလေးကိုလည်း အနည်းငယ်ပြုပြင်ကာ အကျယ်ချဲ့လိုက်ကြသည်။ သော်စစ်၏အခန်းလေးထဲ၌ အဝတ်ဗီဒိုနှစ်လုံးအပြင် စာရေးစားပွဲခုံနှစ်လုံးပါရှိလာ၏။ ညဘက်တွေဆို တိုးချဲ့ထားသော လသာဆောင်လေးမှာ သော်စစ်သည် ဆေးပညာနှင့်သက်ဆိုင်သောစာအုပ်များကို အကြင်ခင်ပွန်းရင်ခွင်အားမှီနွဲ့၍ ဇိမ်ရှိစွာစာဖတ်တတ်သည်။

အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now