Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 514K 61.3K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 123

8K 1.3K 122
By MikkyLay1

Unicode
~~~~~~~~

ချူးရှန့်အား ရှန်ဝေ သူ့ရဲ့အိမ်တော်သို့ခေါ်လာခဲ့တယ် ... ဒါဏ်ရာတွေကိုသန့်ရှင်ရေးလုပ်ပေးပြီးနောက် ကုတင်ပေါ်တွင်လှဲနေစေပြီး အိပ်စက်နေသည့်ချူးရှန့်အား ရှန်ဝေ ဘေးနားမှနေအတော်ကြာတဲ့ထိ ထိုင်ကြည့်နေမိတယ် ...

သန်မာလှပါတယ်ဆိုတဲ့ချူးရှန့်လိုလူက ယခုလိုမျိုး လဲကြသွားခြင်းအား ပထမဆုံးကြုံဖူး၍ ရှန်ဝေစိတ်ပူပန်နေမိတယ် ... ကိုယ်ဒါဏ်ရာကြောင့်လား စိတ်ဒါဏ်ရာကြောင့်လားမသိ အိပ်စက်နေတာတောင်မှ ချူးရှန့် မျက်ခုံး ၂ ခုဟာ ပူးကပ်မတတ်ကွေးညွှတ်ကာ အိမ်မက်ဆိုးမှနေ နိုးထချင်ပုံပင် ...

ရှန်ဝေ ချူးရှန့်လက်လေးအား ဆုတ်ကိုင်ပေးထားပြီး နှဖူးထက်က ချွေစေးများအားသုတ်ပေးပြီးနောက် ချူးရှန်ပါးလေးအား ပွတ်သပ်လိုက်တော့မှ ပူးကျစ်နေပြီး ဖျားနေမှန်းသိလိုက်တော့တယ် ...

" အကို ဖျားနေတာပဲ "

ရှန်ဝေအလျှင်အမြန်ပင် ရေခဲအိပ်ယူကာ ချူးရှန့်နှဖူးပြင်ပေါ်သို့ကပ်ပေးလိုက်တယ် ... ထိုသို့ဂရုစိုက်မှုတွေနဲ့အသားမကျတဲ့ချူးရှန့် အနည်းငယ်အသိပြန်ဝင်လာကာ သူ့နှဖူးပေါ်က ရှန်ဝေလက်တွေကို ထွန်းဖယ်လိုက်ပြီး ...

" ကျွန်တော်ဘာမှမဖြစ်ဘူး "

" အကို "

ချူးရှန့်သူ့အားပြုစုပေးနေသူဟာ ရှန်ဝေမှန်းသိပုံမပေါ်ပေ ... သူဖျားနာတိုင်း ဂရုစိုက်ပေးမဲ့သူမရှိခဲ့၍ တစ်ယောက်ထည်းနေသာကျနေပြီမို့ တစ်စုံတစ်ယောက်က ဂရုစိုက်ပေခြင်းအား ယခုလိုငြင်းဆန်နေခြင်းမျိုးပင် ... ရှန်ဝေက ချူးရှန့်လက်တွေကို စောင်အောက်သို့ထားလိုက်ပြီး တစ်ကိုယ်လုံးနွေးထွေးသွားအောင် သေချာလုပ်ပေးလိုက်တော့မှ ချူးရှန့်မျက်ခုံးများ တွန့်ချိုးမနေတော့ပဲငြိမ်သွားတော့တယ် ... နေရတာအဆင်ပြေသွားပုံပင် ...

ပြီးနောက် ကိုယ်အပူရှိန်ကြောင့် တစ်ဖန် အိပ်ပျော်သွားပြန်တယ် ... ရှန်ဝေလဲ ချူးရှန့်ကိုစိတ်ချရတော့မှ အခန်းအပြင်သို့ ထွက်လာကာ တိတ်ဆိတ်နေသည့် ဧည့်ခန်းထဲ၌ တစ်ယောက်ထည်း အတွေးများစွာဖြင့် ထိုင်နေလိုက်တယ် ...

" ရှန်ဝေ "

သတင်းကြားကြားခြင်း ဖခင်နှင့်မိခင်ရောက်ရာအရပ်ကနေ အိမ်သို့ပြန်လာခဲ့ကြခြင်းပင် ... သူတို့က ဧည့်ခန်းထဲမှာ တစ်ယောက်ထည်းထိုင်နေတဲ့ရှန်ဝေကိုမြင်တော့ ဖြေရှင်းချက်တောင်းတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ် ... ပြီးနောက် ဖခင်က သက်ပြင်းဖွဖွချရင်း ရှန်ဝေအားကြည့်ကာ တည်ငြိမ်စွာပင်ဆိုလိုက်တယ် ...

" မင်းဒီလိုလုပ်ရတဲ့ အကြောင်းပြချက်ကို သူ့ကိုမပြောပြထားဘူးလား "

" ကျွန်တော်ပြောပြရင် သူသေချာပေါက်ကိုငြင်းမှာ "

" ဒါဆိုသူအထင်လွဲမှာကိုရော မင်းမကြောက်ဘူးလား "

" သေလောက်အောင်ကြောက်တယ် ... ကျွန်တော်သူ့ကို ထွက်သွားခွင့်မပြုနိုင်ဘူး "

" ဒါဆို ဘယ်အချိန်ထိ ဖုံးကွယ်ထားမှာလဲ "

ရှန်ဝေဘာမှပြန်မဆိုတော့ပဲ ငြိမ်သွားတယ် ... ထိုအခါမှ ဖခင်နဲ့မိခင်က ရှန်ဝေရဲ့တစ်ဖက်တစ်ချက်မှာ ဝင်ထိုင်လိုက်ကြပြီး သူတို့ရဲ့သားလေးအား နှစ်သိမ့်ပေးလေတော့တယ် ...

" သားလုပ်ရပ်တွေက အားလုံးကောင်းဖို့အတွက်ဆိုတာ မေမေယုံကြည်တယ် ... ဒီလိုလုပ်ရတဲ့အကြောင်းပြချက်ကို သာပဲသိပေမဲ့ မေမေကတော့သားအမှားလုပ်မှာမဟုတ်ဘူးဆိုတာ သိတယ် "

သူမက အမှုအကြောင်းတွေ ဘာတစ်ခုမှနားမလည်သလို သိလဲမသိတာမို့ ရှန်ဝေလုပ်ရပ်တွေအပေါ် ယုံကြည်မှုထားယုံသာ တတ်နိုင်ခဲ့တယ် ... ဖခင်ကတော့ ရှန်ဝေအကြောင်းကောင်းကောင်းသိနေတယ် ...

" မင်းသူတို့နဲ့ ဘာကတိတွေ ထားထားသေးလဲ ... ဒီလောက်ခက်ခဲတဲ့အလုပ်ကို ရည်ရွယ်ချက်မရှိပဲနဲတော့မင်းလုပ်မှာမဟုတ်ဘူး ... အမှန်တရားအပြင် ငါ့ကို ဘာတွေဖုံးကွယ်ထားသေးလဲ "

ရှန်ဟွှာရဲ့သရုပ်မှန်ကိုထုတ်ဖော်ဖို့ ရှန်ဝေဖခင်နဲ့တိုင်ပင်ခဲ့ပေမဲ့ အကြောင်းစုံကိုတော့ ရှင်းမပြခဲ့ပေ ... ယခုတော့ သူထမ်းဆောင်ထားတဲ့တာဝန်က သူ့နှလုံးသားအား လေးလံစေတာမို့ အားလုံးကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တယ် ...

လွန်ခဲ့သော ၂ ပတ်လောက်က ရှန်ဟွှာအိမ်တော်မှာ ရှန်ဖန်းဂူက ဖုံးကွယ်ထားသမျှအမှောင်လောကရဲ့အကြောင်း အရာအားလုံးကိုသိသွားပြီး ထိုကိစ္စအတွက် အစီစဉ်တွေဆွဲပြီးတဲ့နောက် ရှန်ဝေသခင်ကြီးကိုမေးမြန်ချင်တဲ့အကြောင်းအရာလေးတွေရှိနေတာနဲ့ ၂ ဦးတည်းစကားပြောဖို့ဖြစ်လာခဲ့တယ် ... ရှန်ဟွှာရန်းက ရှန်ဝေကို သူ့ရဲ့အခန်းတွင်းက လျှို့ဝှက်ခန်းထဲမှာ ၂ ယောက်ထည်းစကားပြောဖို့ခေါ်သွားခဲ့တယ် ... ရှန်ဝေအစက ကြောက်ရွံ့မိပေမဲ့ သူလိုက်နေတဲ့အကြောင်းအရာတွေက ရှန်ဟွှာရန်းကို တိုက်ရိုက်မေးမှသာ ပြီးပြည့်စုံမှာမို့ ကြိုးစားကာ မေးမြန်းလိုက်တယ် ...

" သခင်ကြီး ကျွန်တော် သိခွင့်ရှိမလား ... ဟိုးအရင်တုန်းက ရှန်ဟွှာ ပိုင်နဲ့ ချန်းတို့ရဲ့ဆက်ဆံရေးက ဘယ်လောက်ထိတည်မြဲခဲ့လဲ "

ရှန်ဟွှာရန်းက ချက်ချင်းပြန်မဖြေပဲ တည်ငြိမ်စွာပင် ပြန်လည်မေးမြန်လိုက်တယ် ...

" မင်းကဒီကိစ္စတွေကိုဘယ်လိုသိနေတာလဲ ... ပိုင်းမိသားစုအကြောင်း မေးမြန်မခံရတာတောင်ကြာပြီ "

ရှန်ဝေကလဲ ရှန်ဟွှာရန်းလိုလူထံက အဖြေစကားကြာရဖို့ လွယ်ကူလိမ့်မည်မဟုတ်မှန်းသိနေ၍ အကြောင်းပြချက်ကို ရှာထားပြီးနှင့်ပြီ ...

" ကျွန်တော် ဟိုတလောကသတင်းမှာကြားမိလို့ပါ ... အားလုံးကအလိမ်အညာတွေပဲဖြစ်မှာပါ "

ရုတ်တရပ်သခင်ကြီးက မငြင်းဆန်တော့ပဲ ထိုင်နေရာကနေထကာ အခန်းထဲက လျှို့ဝှက်လွန်းတဲ့ ဘီဒိုတစ်ခုထံလျှောက်သွားပြီးနောက် တစ်စုံတစ်ရာရှာဖွေနေတာကိုတွေ့လိုက်ရတယ် ... ရှန်ဟွှာရန်းရဲ့လှုပ်ရှားမှုတွေက ယခင်ကလောက်သွက်လက်နေခြင်းမျိုးမရှိတော့ပဲ ပစ္စည်းတွေကို ရှာဖွေတဲ့နေရာမှာ လက်တွေက အသက်အရွယ်အလျောက်အနည်းငယ်တော့ တုန်ရင်နေတယ် ... ရှန်ဝေက ကူညီဖို့စဉ်းစားမိပေမဲ့ ရှန်ဟွှာရန်းရဲ့အရှိန်အဝါကြောင့် အနားမကပ်ရဲပဲ ခုံပေါ်မှာပဲ ငြိမ်ငြိမ်လေးထိုင်နေလိုက်တယ် ...

ရှန်ဝေက အမှောင်မှာရောအလင်းမှာပါ ကျင်လည်လာခဲ့ပြီး မျက်နှာဖုံးကိုပိရိစွာသပ်ဆင်ထားနိုင်သူမို့ ရှန်ဟွှာရန်းက သူ့ရဲ့သရုပ်မှန်းကိုမသိနိုင်ဘူးဆိုတာ အပြည့်အဝယုံကြည်ထားတယ် ... ဒီလိုလျှို့ဝှက်တဲ့အခန်းထဲမှာ အစောင့်တွေမရှိနေပဲ ၂ ယောက်ထည်းတွေ့ဖို့ချိန်းဆိုရဲတဲ့ ရှန်သခင်ကြီးကိုလဲ အနည်းငယ်တော့ နားမလည်ဖြစ်မိတယ် ... တကယ်တော့ ခြင်္သေ့ဧကရာဇ်ကြီးက သူ့ကိုထောင်ခြောက်ဆင်ထားမှန်း ရှန်ဝေမသိလိုက်ပေ ...

" မင်းသိချင်လား "

အနောက်က သခင်ကြီးရဲ့အသံနဲ့အတူ ရင်းနီးတဲ့လှုပ်ရှားမှုတစ်ခုကိုခံစားလိုက်ရ၍ ရှန်ဝေချက်ချင်လှည့်ထွက်လိုက်ပေမဲ့ နထင်ပေါ်မှာအထောက်ခံလိုက်ရတာက သေနတ်တစ်လပ်ဖြစ်နေတယ် ... မောင်းတစ်ချက်ဆွဲလိုက်တာနဲ့ နထင်ကိုပေါက်ထွက်ပြီး အသက်ပင်ပြန်ရှူထုတ်နိုင်လိုက်မည်မဟုတ်ပေ ... အလွန်အားပြင်းပြီး ကျဉ်ဆံကပေပေါင်းများစွာအထိရောက်နိုင်တဲ့အပြင် ရှားပါးသည့်လက်နတ်တစ်မျိုး ... ထိုအရာက သူ့ရဲ့နထင်ပေါ်ရောက်လာတော့ သတ္တိရှိလှပါတယ်ဆိုတဲ့ ရှန်ဝေ သွေးများပင်ပြောင်းပြန်စီးသွားသလိုခံစားလိုက်ရတယ် ...

ရှန်ဟွှာရန်းက ရှန်ဝေရဲ့ မျက်လုံးတွေလှုပ်ရှားနေတာကို အကဲခပ်ကြည့်နေပြီးနောက် တည်ငြိမ်စွာပင် ထပ်မံဆိုလိုက်တယ် ...

" သိချင်သေးလား "

ရှန်ဝေ အားတင်းကာ ရှန်ဟွှာရန်းရဲ့အေးစက်လှတဲ့မျက်နှာအားမော့ကြည့်လိုက်ပြီး တစ်ခွန်းထည်းဆိုလိုက်တယ် ...

" သိချင်တယ် "

" မင်းသေရမယ်ဆိုရင်တောင်မှလား "

ခုအခြေအနေကရော သေသွားတာနဲ့ဘာထူးမှာတဲ့လဲ ... ခြင်္သေ့ဂူထဲဝင်လာကတည်းက ပြန်လမ်းဆိုတာမသေချာတဲ့ ဝေါဝါရတစ်ခုသာ ... ရှန်ဝေဆိုးဝါးတဲ့အခြေအနေတစ်ခုအား မှန်းထားပေမဲ့ လက်တွေ့ကြုံရတော့ မှန်ထားတာထက်ကြောက်ဖို့ကောင်းမှန်းသိလိုက်ရတယ် ... ရှန်ဟွှာရန်းက သူ့ရဲ့ဘဝမှန်ကိုသိနေမှန်း ရှန်ဝေချက်ချင်းသဘောပေါက်သွားခဲ့တယ် ...

သူကသာမျက်နှာဖုံးကိုပိရိစွာတပ်ဆင်ထားသူဟုထင်ထားခဲ့ပေမဲ့တကယ်တော့ ရှန်ဟွှာရန်းရဲ့ခြေဖျားကိုပင်မမှီပေ ... ရှန်ဟွှာရန်းကဘာကြောင့် အမှောင်လောကရဲ့ ခြင်္သေ့ဧကရာဇ်တစ်ပါးဖြစ်နေလဲဆိုတာ ရှန်ဝေပိုပြီးနားလည်လာခဲ့တယ် ... သူလိုလူကဘယ်အရာကိုမှလွယ်ကူစွာမယုံကြည်တတ်သလို အမြဲစေ့စပ်သေချာစွာလေ့လာတတ်ပြီး လိမ်ညာလှည့်ဖျား၍ရမည့်သူမျိုးမဟုတ်ပေ ...

အေးဆက်တဲ့လေထုတွေအဆုံး၌ ရှန်ဟွှာရန်းက ရှန်ဝေနားထင်ပေါ်ကသေနတ်ကို ဖယ်ခွာလိုက်ပြီး ခုံပေါ်သို့တည်ငြိမ်စွာပြန်ထိုင်လိုက်တယ် ... ထိုအခါမှရှန်ဝေ အသက်ကိုပုံမှန်ပြန်ရှူနိုင်ပြီး ဟွှာရန်းဘာပြောလာမလဲစောင့်နေမိတယ် ...

" ထိုင် "

ရှန်ဝေ သခင်ကြီးရဲ့ အမိန့်အတိုင်း လိုက်နာနေမိတယ် ... သခင်ကြီးကသူ့အပေါ် ဒေါသထွက်သည့်အရိပ်ယောင်မပြသလို ကြမ်းတမ်းပုံလဲမပေါ်ဘူး ... အရာအားလုံးကတည်တည်ငြိမ်ငြိမ်ပဲ ...

" အရာရှိ ကျန်းရှန်ဝေ "

ရေအိုင်ထဲသို့ ခဲလုံးပြစ်ချခံလိုက်ရသလို ရှန်ဝေရင်တစ်ခုလုံးဆူပွက်သွားတယ် ... သခင်ကြီးကထပ်မံသေနတ်နဲ့မချိန်ရွယ်တော့ပေမဲ့ သူ့ရဲ့အကြည့်တွေက သေနတ်ထပ်ကိုစူးရှနေပြီး ရဲရင့်ပါတယ်ဆိုတဲ့ရှန်ဝေ ခနမျှခေါင်းငုံ့သွားမိတယ် ... သူဟာအရာရှိတစ်ယောက်ဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားဖို့နည်းမျိုးစုံကြိုးစားခဲ့တာကြောင့် သူ့ရဲ့အရုပ်မှန်ကိုသိရှိသူက အဖွဲ့အစည်းကလူတွေနဲ့ ရင်းနီးတဲ့လူတစ်ချို့သာလျှင် ...

" ငါ့အိမ်တော်ကလူတွေရဲ့အကြောင်း ငါဘာမှမသိဘူးလို့ထင်နေတဲ့ပုံပဲ ... ပြီးတော့ မင်းနဲ့ချူးရှန့်ရဲ့ဆက်ဆံရေးကို ဖုံးကွယ်လို့ရမယ်ထင်နေတာလား "

နောက်ထပ်ကိစ္စတစ်ခုကိုပါသိနေတော့ ချူးရှန့်ထပ်ပြီးခေါင်းငုံ့မနေနိုင်တော့ပဲ သခင်ကြီးအားမော့ကြည့်လာတယ် ... သူ့အကြည့်တွေထဲမှာ စိုးရိမ်မှုသို့ ရစ်သီနေပြီး ဘဝမှန်ကိုဖော်ထုတ်တာထပ်ပင်ကြောက်ရွံ့နေတယ် ...

" ကျွန်တော်မှားမှန်းသိပါတယ် ... ဒါပေမဲ့ အကိုချူးရှန့်ကိုတော့အပြစ်မတင်ပါနဲ့ "

" မင်းဘာအမှားမှမလုပ်ထားဘူး ... မင်းသာအမှားတစ်ခုခုလုပ်မိရင် ဒီနေရာမှာ ငါနဲ့ ၂ ယောက်အတူစကားပြောခွင့်တောင် ရမှာမဟုတ်ဘူး "

" ...... "

သခင်ကြီးရဲ့အတွေးတွေက မှန်းစရခက်လှတယ် ... လိမ်ညာမိ၍ အပြစ်ပေခံရမယ်ဟုထင်ထားပေမဲ့ ထိုသို့မဟုတ်နေခဲ့ပါ ...

" ကျန်းမျိုးဆက် ကျန်းရှန်ဝေ မင်းကိုရှန်ဖန်းဂူက လက်ခံပြီးကတည်းက မင်းရဲ့နောက်ကြောင်းတွေအားလုံးကိုစုံးစမ်းနေခဲ့တာ ... မင်းရဲ့ဖုံးကွယ်ထားနိုင်မှုကတော့အံ့မခန်းပဲ ... ပိုင် အမှုကိုသာမင်းကိုင်သွယ်ဖို့လက်မခံလိုက်ရင်း မင်းရဲ့ဘဝမှန်ကဘာလဲဆိုတာ ငါလိုက်နိုင်မှာမဟုတ်ဘူး ... ဒါပေမဲ့မင်းကငါတွေ့ဖူးသမျှ အရာရှိတွေနဲ့မတူပဲ စစ်မှန်တဲ့အမှန်တရားကိုပဲရှာဖွေတယ် ...

ပြီးတော့မင်းဘဝအမှန်းကိုနည်းနည်းလေးမှရိပ်မိအောင်မနေပဲမင်းသခင်အပေါ်သစ္စာရှိတယ် ... ငါမင်းကို ဒီခေါ်လာတာက မင်းရဲ့သတ္တိကိုစမ်းသပ်ချင်လို့ပဲ ... ငယ်ငယ်ရွယ်ရွယ်နဲ့ကြီးလေးတဲ့တာဝန်ကိုထန်းဆောင်ပြီး အန္တရာယ်ရှိတဲ့နေရာကိုမကြောက်မရွံ့လိုက်လာရဲတယ် ... ငါ့ရဲ့သေနတ်နဲ့ချိန်ရွယ်ခံရတာတောင် ဒူးထောက်ပြီးမတောင်းပန်ပဲ တောင့်ခံထားနိုင်တယ် ... ဒါပေမဲ့ ဘယ်လောက်ပဲသတ္တိရှိပြီး မှန်ကန်တဲ့အရာရှိဖြစ်နေပါစေ ရှန်ဟွှာရန်းကို လိမ်ညာလှည့်ဖြားတဲ့အတွက် မင်းပြန်ပြီးပေးစပ်ရမယ် "

ရှန်ဝေ သခင်ကြီးအား ချက်ချင်းဝင်ချတောင်းပန်လိုက်တယ် ... လိမ်ညာလှည့်ဖြားဖို့မရည်ရွယ်ထားပေမဲ့ အမှုကိုင်တဲ့နေရာမှာ သူမဟုတ်ခဲ့လျှင် ရှန်ဟွှာကဒီလောက်ထိကြာမြင့်စွာတည်ငြိမ်အေးချမ်းနိုင်မည်မဟုတ်ခြေ ... အဘက်ဘက်ကပြဿနာတွေရှာဖွေနေကြခြင်းကြောင့်ပင် ...

" ကျွန်တော်ဘယ်လိုပြန်ပြီးပေးစပ်ရမှာလဲ ... ကျွန်တော် သခင်ကြီးခိုင်းသမျှ လုပ်ဆောင်ပါ့မယ် "

" ကောင်းပြီး ... မင်းအမှန်တရားကိုထုတ်ဖော်ဖို့အတွက်ချူးရှန့်ရဲ့အသက်နဲ့ရင်းမှာလား ဒါမှမဟုတ် မင်းရဲ့အသိုင်းဝိုင်းထဲကနေအပြီးတိုင်ပျောက်ကွယ်ပြီး ရှန်ဟွှာရဲ့လက်အောက်ခံဘဝမှာနေမှာလား "

ရှန်ဝေခနမျှစွန့်အ တုန်လှုပ်သွားလေတယ် ... သူ့ကိုသေနတ်နဲ့ချိန်ရွယ်တုန်းက ထိုမျှလောက်မကြောက်ရွံ့မိပေမဲ့ ချူးရှန့်ကသူ့အစားအပြစ်ဒါဏ်ခံရမယ်လဲကြားရော ရူးမတတ်ပင်လန့်သွားလေတယ် ... ပြီးတော့ လက်ရှိထမ်းဆောင်နေတဲ့တာဝန်ကိုလဲ တစ်ခြားသူကိုလွှဲပြောင်းပေးဖို့မဖြစ်နိုင်ပါ ... အခြေအနေ ၂ ခုကြား ရှန်ဝေနောက်ဆုံး အရဲစွန့်ကာ ထပ်မံတောင်းဆိုလိုက်တယ် ...

" ကျွန်တော်တစ်ခြားဘာလုပ်ပေးရပေးရအဆင်ပြေတယ် ... ဒီအမှုကိစ္စကိုတော့ဖြေရှင်းခွင့်ပေးပါ ... ပြီးတော့ အကိုချူးရှန့်ကိုလဲ ... "

" မင်းတစ်ခုရွေးချယ် ... ချူးရှန့်ကရှန်ဟွှာရဲ့လက်အောက်ကဖြစ်တဲ့အတွက် မင်းကိုဖုံးကွယ်ပေးပြီး လက်ခံထားတဲ့သူကမင်းထက်အပြစ်ကြီးတယ် ... ဒီကိစ္စကိုစသိကတည်းက ချူးရှန့်ကရှန်ဟွှာရဲ့သစ္စာဖောက်အပြစ်သားဖြစ်သွားပြီ ... အကယ်၍မင်းသာလက်ရှိရာထူးကိုစွန့်လွှတ်ပြီးရှန်ဟွှာနဲ့သွေးစာချုပ်ချုပ်မယ်ဆိုရင် ချူးရှန့်ကိုအသက်ချမ်းသာပေးပြီး မင်းဘဝတစ်ခုလုံးကိုရှန်ဟွှာကပိုင်သွားလိမ့်မယ် ... ပြီးတော့ မင်းကအလင်းလောကရဲ့သစ္စာဖောက်ဖြစ်သွားလိမ့်မယ် "

သခင်ကြီးက ရှန်ဝေအား အလင်းလောကကိုသစ္စာဖောက်ပြီး ရှန်ဟွှာရဲ့လက်အောက်ခံလုပ်မှာလား အမှန်တရားကိုဖော်ထုတ်ဖို့ ချူးရှန့်ရဲ့အသက်နဲ့စတေးမှာလားဆိုတဲ့ ရက်စက်လှတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခိုင်းလိုက်တယ် ...အတော်ကြာတိတ်ဆိတ်သွားပြီးနောက် ရှန်ဝေရဲ့အက်ရှရှအသံတစ်စ ထွက်ပေါ်လာခဲ့တယ် ...

" ကျွန်တော်လုပ်ဆောင်ချင်တာက အမှောင်နဲ့အလင်းအတွက် တရားမျှတမှုကိုပါ ... ဒီလောက ၂ ခုကိုသာ ငြိမ်းချမ်းအောင်လုပ်ဆောင်နိုင်ခဲ့ရင် ထပ်ပြီးအပြစ်မဲ့တဲ့ပြည်သူတွေ ထိခိုက်နာကျင်ရမှာမဟုတ်တော့ဘူး ... ကျွန်တော်အမှုဆောင်အရာရှိတစ်ယောက်မဖြစ်ခင်ကတည်းက သခင်ဖန်းဂူလက်အောက်မှာရှိနေခဲ့တာပါ ... လိမ်ညာလှည့်ဖြားဖို့ကြိုးစားခဲ့တာမဟုတ်ဘူး ... ကျွန်တော် ပိုင်အမှုကိုကိုင်တယ်ဆိုတာကလဲ ရှန်ဟွှာကိုသစ္စာဖောက်ဖို့မဟုတ်ဘူး အမှန်တရားကိုရှာဖွေဖို့အတွက်ပဲ ...

ကျွန်တော့ထက်အမှန်တရားကို သခင်ကြီးကပိုသိမှာပါ ... ကျွန်တော်ဒီအမှုကိုလက်လွှတ်လိုက်ရင်တောင်နောက်ထပ်အရာရှိတစ်ယောက်ကဆက်ပြီးကိုင်သွယ်ဦးမှာပဲ ... သခင်ကြီးက ဘယ်အချိန်ထိ ဖုံးကွယ်ပြီးရှောင်ပြေးနေဦးမှာလဲ ... ကျွန်တော် ရှန်မိသားစုကိုလေးစားတယ် ... ဒါပေမဲ့ အမှန်တရားကတော့ကျွန်တော်သေသွားရင်တောင်ဖုန်းကွယ်ထားလို့မရနိုင်ဘူး ... အကိုချူးရှန့်အစာ ကျွန်တော့ကိုပဲ သတ်လိုက်ပါ "

ရှန်ဝေက ရဲဝင့်စွာပင်ရှန်ဟွှာရန်းရဲ့အရှေ့၌ အသေခံဖို့အရန်သင့်စောင့်နေလိုက်တယ် ... အလင်းလောကကိုလဲသစ္စာမဖောက်နိုင်သလို ချူးရှန့်ကိုလဲမထိခိုက်စေဖို့ သူအသေခံလိုက်တာက မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုသာဖြစ်လိမ့်မယ် ... သခင်ကြီးက ခနမျှငြိမ်သက်သွားပြီးနောက် သက်ပြင်းချသံနဲ့အတူ ခုံပေါ်ကနေထရပ်လိုက်တယ် ...

" မင်းတို့ ကျန်းညီအကိုတွေက ငါထင်ထားတာထက်ကို ရဲရင့်ကြတာပဲ ... ကျန်ရှုယွမ်လဲမင်းလိုပဲ ... ငါတို့ကိုချောက်ချဖို့ထက် အမှန်တရားအတွက်ရှေ့တန်းကထွက်တိုက်ဖို့ကိုရွေးချယ်သွားတယ် ... ရှန်ဟွှာကိုဖမ်းချုပ်ဖို့အချက်အလက်တွေအစုံရှိနေတာတောင် ဖုံးကွယ်ပေးထားချင်နေတယ် ... မင်းကတော့ ဘယ်သူ့ကိုမှသစ္စာမဖောက်ချင်လို့ ကိုယ့်ကိုယ်ကိုအသေခံမယ်တဲ့လား ... ငါ့ရဲ့စမ်းသပ်မှုတွေဒီမှာပဲရပ်လိုက်သင့်ပြီ ... ငါမင်းကိုယုံကြည်ဖို့အတွက် လုံလောက်ပြီ "

ရှန်ဝေထိုသို့သောအဖြေစကားအားမျှော်လင့်မထား၍ သူ့အရှေ့ကရှန်ဟွှာရန်းရဲ့လှုပ်ရှားမှုတိုင်းအား ငေးကြည့်နေမိတယ် ... သခင်ကြီးက အရန်သင့်ပြင်ထားတဲ့ဖိုင်တစ်ချို့ကိုယူလာပြီးစားပွဲပေါ်တင်လိုက်ပြီးနောက် ...

" ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် ... မင်းလဲအလင်းလောကရဲ့သစ္စာဖောက်မဖြစ်တော့သလို ချူးရှန့်ကိုလဲ အပြစ်ကနေလွတ်ငြိမ်းခွင့်ပေးလိုက်မယ် "

ရှန်ဝေရဲ့မျက်ဝန်းတွေလင်းလပ်သွားကာ ထိုတောင်းဆိုမှုအား မျှော်လင်တကြီးစောင့်စားနေမိတယ် ... သခင်ကြီးကခနမျှရပ်လိုက်ပြီးမှ ဆက်ပြောလာခဲ့တယ် ...

" အများကြီးမျှော်လင့်မနေနဲ့ ... ချူးရှန့်ကရှန်ဟွှာနဲ့သက်ဆိုင်နေတဲ့တစ်လျှောက်လုံး မင်းသူနဲ့ထပ်ပြီးပတ်သပ်ခွင့်မရှိဘူး ... ငါမင်းကိုပေးမဲ့အခွင့်အရေးက ရှန်ဟွှာပြုလုပ်ခဲ့သမျှအပြစ်တွေအားလုံး ငါ့အပေါ်လွှဲချဖို့ပဲ "

" သခင်ကြီး ဘာကိုဆိုလိုတာလဲ "

" ဒီထဲမှာအချက်အလက်တွေအားလုံးရှိတယ် ... ဟိုကောင်တွေရဲ့ပြစ်မှတ်က ရှန်ဟွှာထက် ငါ​ြကိုဖမ်းဖို့အတွက်ပဲ ... ဖန်းဂူအပေါ်အပြစ်တွေထားခဲ့ပြီး ဒီအတိုင်းတော့အဖမ်းမခံနိုင်ဘူး ... မင်းပြောသလိုပဲ တစ်နေ့နေ့တော့အဆုံးသပ်ကရှိလာမှာပဲ ... အဲ့ဒိအဆုံးသပ်မှာ ပြစ်မှုအားလုံးကို ငါတစ်ယောက်ထည်းသယ်သွားချင်တယ် ... မင်းတစ်ခုမှတ်ထားပါ ရှန်ဖန်းဂူကိုသူတို့ထောင်ချောက်ဆင်ဖမ်းတာနဲ့ ချက်ချင်းဒီအမှန်တရားတွေကိုထုတ်ပြလိုက် "

" ဒါပေမဲ့ ပြစ်မှုတွေအားလုံးက ခွင့်လွှတ်ဖို့မဖြစ်နိုင်ဘူး "

" မင်းက ရိုးသားတဲ့အရာရှိပဲ ... သူတို့ရှန်ဟွှာကိုအသည်းအသန်လိုက်နေတာက ကျရှုံးဖို့တစ်ခုတည်းအတွက်လို့ထင်နေတာလား ... လိုချင်တဲ့အရာမရှိပဲ ခက်ခက်ခဲခဲထုတ်ဖော်မယ်လို့ထင်နေတာလား ... မင်းတို့လိုအရာရှိပေါက်စလေးတွေမသိနိုင်တဲ့နောက်ကွယ်မှာ အကြောင်းအရာတွေအများကြီးရှိတယ် ... သူတို့ငါ့ကိုဖမ်းစီးရင်တောင်သတ်ပြစ်မှာမဟုတ်ဘူး ... ပြီးတော့ သူတို့ကဘယ်သူတွေလဲဆိုတာ ငါပိုပြီးသိနိုင်လိမ့်မယ် "

ထိုအရာက စွန့်စားရာကျလွန်းတာမို့ ရှန်ဝေလက်မခံချင်ပေ ...

" ကျွန်တော်တစ်ခြားနည်းနဲ့လိုက်ကြည့်ရင်ရော "

" မင်းမှာအခွင့်အရေးထပ်မရှိတော့ဘူး ... ရှန်ဟွှာအကြောင်းဖော်ထုပ်ပြီး ချူးရှန့်ရဲ့အဝေးမှာနေ ... မင်းမနေချင်ရင်တောင် သူကမင်းကိုဘယ်လိုမြင်သွားမလဲမသိနိုင်ဘူး "

" ကျွန်တော့ရဲ့ရွေးချယ်မှုက တစ်ခုတည်းရှိတယ်ဆိုရင်တောင် ကျွန်တော်တန်ဖိုးထားရတဲ့အရာကပြန်ရဖို့ ကြိုးစားလို့ရနိုင်သေးလား "

" သူသာသခင်ရဲ့ပြစ်ပယ်ခြင်းကိုခံရရင် မင်းမှာအခွင့်အရေးရှိနိုင်သေးတယ် ... ရှန်ဖန်းဂူကမင်းကိုခွင့်လွှတ်မယ်ထင်လား ... ပြီးတော့ သူကိုယ်တိုင်ကလဲ မင်းကိုခွင့်လွှတ်မလားဆိုတာ မသိနိုင်ဘူး "

ရှန်ဝေဘာမှထပ်မဆိုနိုင်တော့ပေ ... ရွေးချယ်ခွင့်မရှိတဲ့အခွင့်အရေးအား ရင်ဝယ်ပိုက်ရင်း သခင်ကြီးပေးလိုက်တဲ့ဖိုင်တွေကိုယူဆောင်ကာ ထွက်လာခဲ့ရတယ် ...

လက်ရှိအချိန်သို့ပြန်လည်ရောက်ရှိလာတော့ သူ့ရဲ့တာဝန်တွေကိုထမ်းဆောင်နိုင်ခဲ့ပြီး သခင်ကြီးလဲရှန်ဟွှာရဲ့အမှုတွေအားလုံးကိုခေါင်းခံကာ ဖမ်းစီးခံလိုက်လေပြီ ... ချူးရှန်ရဲ့မုန်းတီးမှု သခင်ဖန်းဂူရဲ့အထင်လွဲမှားမှုအားလုံးကို သူခံလိုက်ရပြီ ... ချူးရှန့်ကို ထပ်ပြီးပိုင်ဆိုင်နိုင်ဖို့ဆိုတာ ထပ်ပြီးရှိလာနိုင်ဦးမည်လား မသိနိုင်ပါ ...

*

*

*

တိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာ မင်းယွီတစ်ယောက် သားလေးကိုသိပ်ပြီးနောက် တစ်ယောက်ထည်း ထိုင်နေမိတယ် ... လေပြေအေးများတိုက်ခပ်နေပေမဲ့ ပြတင်းပေါက်ကနေမြင်နေရတဲ့ ပင်လယ်ပြာပြာကြီးက အထီကျန်ဆန်မှုတို့ပေးစွမ်းနေပြီး ရင်ထဲ၌ အပူမီးများတောက်လောင်နေမှုကိုတော့ မငြိမ်းသတ်နိုင်ပေ ...

ဖြတ်ပျက်မှုတွေက မြန်ဆန်လွန်း၍ လက်ခံဖို့ရာခဲရင်းနေပြီး ရှေ့ဆက်ဘာတွေဖြစ်လာမလဲ မတွေးရဲလောက်အောင်ပင် ... အနားမှာဘယ်သူမှမရှိနေခြင်းက သူ့အားပိုလို့ပင်ဝမ်းနည်းကြေကွဲသွားစေတယ် ... ခုချိန်ရှန်ဖန်းဂူဘယ်ရောက်နေလဲ ချူးရှန့်ဘာဖြစ်သွားလဲ ဘာတစ်ခုမှမသိရသေးဘူး ... ဖန်းဂူအား လူတွေအများကြီးရဲ့ဝန်းရံတိုက်ခိုက်ခံနေရတဲ့အချိန် သားလေးနဲ့လွတ်မြောက်ဖို့အတွက် ကျောခိုင်းကာထွက်လာခဲ့မိ၍ မင်းယွီနောင်တရသွားလေတယ် …

အတူရင်ဆိုင်ဖို့ ကတိတွေပေးခဲ့ကြတယ်မဟုတ်လား … ဘာကြောင့်မှာ လှည့်ထွက်လာခဲ့မိလဲ မိမိကိုယ်ကိုမေးခွန်းထုတ်နေမိတယ် …

" ပါပါး … ဟင့် "

သားလေးရဲ့အသံကြားတော့မှ မင်းယွီအသိပြန်ဝင်လာခဲ့တယ် …

" သား … ပါပါးရှိတယ် … မကြောက်နဲ့ "

လုယီလေးက အိမ်မက်ဆိုးမက်နေသည့်နယ် မျက်ဝန်းများပိတ်လျှက် လက်သေးသေးလေးတွေက မင်းယွီအား အားကိုတကြီးဆွဲကိုင်ထားလေတယ် … သားလေးကငယ်ရွယ်သေးပေမဲ့ သာမန်ကလေးတွေထက် အသိဉာဏ်ရှိသူမို့ ယခုခရီးက အပျော်ခရီးမဟုတ်မှန်းသဘောပေါက်သွားခဲ့တယ် …

ရောက်ကတည်းက မင်းယွီရဲ့မှိုင်နေတဲ့ပုံအားကြည့်ပြီး လုယီလေးလဲ မပျော်ရွှင်နိုင်ပဲ သူ့ပါပါးအနားကမခွာပဲ ဖက်သွယ်ထားတယ် … ယခုလဲ အိပ်ပျော်နေတာတောင် မင်းယွီလက်အား တင်းနေအောင်ဆွဲကိုင်ထားပြီး အနားကအခွာမခံဖြစ်နေတယ် … သားလေးရဲ့ဆံနွယ်နုနုလေးအား ပွတ်သပ်ပေးရင်း မင်းယွီအပြစ်ကင်းစင်တဲ့ကလေးငယ်အား ငေးကြည့်နေမိတယ် …

မျက်ခုံးထူထူလေးတွေက ဖန်းဂူနဲ့တစ်ပုံစံထဲတူပြီး ရဲရင့်မှုတွေက မျက်နှာမှာအထင်းသားပေါ်နေတယ် … အိပ်စက်နေတာတောင် အသိတရာကင်းမဲ့မသွားပဲ သူ့ဖခင်ကိုနည်းနည်းလေးမှအခွာပဲဆွဲကိုင်ထားတဲ့ သားလေးရဲ့လက်တွေကို မင်းယွီဆုတ်ကိုင်လိုက်တယ် … သားလေးရဲ့အသက်ရှူသံတွေက မြန်နေပြီး နွေးထွေးမှုကိုတောင့်တနေပုံပဲ …

ဖန်းဂူနဲ့အတူနေရဖို့ ငယ်သေးတဲ့သားလေးကို အခန်းခွဲအိပ်စေခဲ့တယ် … ဒါပေမဲ့သားလေးကမဆိုးပဲ ထားတဲ့နေရာမှာ နေတယ် … အဆင်ပြေမယ်လို့ထင်ထားပေမဲ့ ခုထိသားလေးက သူ့ရင်ခွင်ထဲမှာအိပ်စက်ရတာကိုနှစ်သက်မှန်း မင်းယွီသိလိုက်ရတယ် … နို့ပျက်သွားပေမဲ့ သားလေးက မိဘရဲ့အနွေးဓာတ်ကို လိုအပ်နေတုန်းပဲ …

မင်းယွီသားလေးကိုပွေ့ဖက်လိုက်ပြီး စိုးရိမ်ပူပန်မှုတွေကို ခနမေ့ပျောက်စေကာ မျက်လုံးပိတ်ပြီး အိပ်စက်ဖို့ကြိုးစားလိုက်တယ် … အိပ်မောကျသွားတဲ့ လုယီလေးကို အတော်ကြာငေးကြည့်နေပေမဲ့ သူ့ရဲ့မျက်ဝန်းတွေက ခုထိ အိပ်စက်၍မရခဲ့ဘူး … ပြန်မလာသေးတဲ့လူကို စောင့်မျှော်နေရတဲ့ခံစားချက်ကို မင်းယွီမုန်းတီးတယ် … ၄ နှစ်လောက်စောင့်မျှော်ခဲ့ဖူးတဲ့ ထိုခံစားချက်ကြောင့် ထိုအဖြစ်မျိုး ထပ်မံကြုံတွေ့ရမည်ကို တွေးပင်မတွေးရဲတော့ပေ … သူပြန်လာမှာပါဆိုတဲ့အသိလေးပျောက်မသွားအောင်ထိန်းထားရင် အိပ်စက်ဖို့ကြိုးစားလိုက်ရတော့တယ် …

' ဂျောက် '

တံခါးလော့ပွင့်သံက တိတ်ဆိတ်နေတဲ့ လေထုအားထိုးဖောက်ကာ ကျယ်လောင်စွာထွက်ပေါ်လာပေမဲ့ မင်းယွီအတွက် အိမ်မက်တစ်ခုလိုလို ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်နေမိတယ် … အိပ်ပျော်လုဆဲဆဲအချိန်မှာ အေးစက်တဲ့လေထုအတွင်းမှ နွေးထွေးမှုတစ်စုံတစ်ရာ မြောလွင့်လာခဲ့တယ် …

မွေးပျံ့တဲ့ ဟော်မုန်းရနံ့ … ပန်းပေါင်းစုံပွင့်လန်းနေတဲ့အခင်းထဲရောက်သွားသည့်နယ် ဆာလောင်နေသည့်အချိန် တစ်ကြိမ်တစ်ခါတည်း အဝစားလိုက်ရသလို အင်အားတွေ တိုးလာသည့်ခံစားချက်မျိုး … ဒါက အယ်ဖာတစ်ယောက်ရဲ့ ပြင်းထန်လှတဲ့ အချိန်ကာလတစ်ခု၌ ထွက်ပေါ်လာလေ့ရှိတဲ့ဟော်မုန်းရနံ့ပင် …

" ကိုယ်နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် "

မျှော်လင့်နေပါတဲ့စကားသံလေး လွမ်းဆွတ်နေပါတဲ့ နူးညံ့လှတဲ့ထိတွေ့မှု ပူးပြင်းလှတဲ့သင်းရနံ့ အရာအားလုံးကတစ်ပြိုင်နက်ထည်းဖြစ်တည်လာကာ မင်းယွီအားအိပ်ယာမှနိုးထစေခဲ့တယ် … သူ့ရဲ့ကိုယ်အား အနောက်ကနေတင်းကြပ်စွာ ဖက်သွယ်ခံထားရပြီး အသက်ရှူသံပြင်းပြင်းကိုလဲကြားနေရတယ် … အမှောင်ထု၌ ထိုအရာက မင်းယွီအား တင်းကြပ်စွာဖမ်းချုပ်ထားလေတယ် …

" ရှန်ဖန်းဂူ "

" အင်း … ကိုယ်ပါ "

ထိုအခါမှမင်းယွီ ရင်ဘက်ထဲကအလုံးကြီးကျသွားပြီး အသက်ကိုပုံမှန်ရှူနိုင်တော့တယ် … ရှန်ဖန်းဂူက ကတိအတိုင်း သူ့ရဲ့အနားသို့ပြန်ရောက်လာခဲ့ပြီ … သားလေးနိုးသွားမှာဆိုး၍ မင်းယွီချက်ချင်းအနောက်သို့လှည့်မကြည့်ခဲ့ဘူး … ဖန်းဂူကလဲ အနောက်ကနေ မင်းယွီအား တင်းကြပ်စွာဖက်သွယ်ထားလေတယ် … အချိန်တစ်ခနကြာမြင့်တော့မှ မင်းယွီသားလေးအားလွှတ်ပေးကာ ဖန်းဂူနဲ့အတူ ကုတင်ပေါ်ကနေဆင်းလာပြီး ဖန်းဂူလက်အားတင်းနေအောင်ဆွဲကိုင်ကာ ဘေးဘက်ကအခန်းတစ်ခုထံဝင်လာခဲ့တယ် … အခန်းတွင်းရောက်တော့ မီးအလင်းရောင်ရဖို့ မီးခလုပ်ကိုဖွင့်လိုက်တော့ …

" ဒါ … ဒါတွေက "

သူ့အရှေ့ကလူရဲ့ ကိုယ်မှာ သွေးများပေစွန်းနေပြီး ဝတ်ရုံတစ်ခုလုံး ယူစရာမရလောက်အောင် ပေကြံနေတယ် … ဟိုအရင်တစ်ချိန်က ရက်စက်လှတဲ့ ခြင်္သေ့အားပြန်မြင်နေရသည့်အလားပင် … သို့ပေမဲ့ဒီတစ်ကြိမ်တော့ ကြောက်ရွံ့မသွားပဲ ပူပန်စိတ်တို့သာ ဖြစ်တည်လာခဲ့တယ် …

" ဘယ်နားထိခိုက်သွားသေးလဲ … ဒါကဘယ်သူ့သွေးတွေလဲ "

ဖန်းဂူက သူ့ရဲ့ဒီပုံစံကိုမြင်ပြီးကြောက်မသွားတဲ့အပြင် မင်းယွီရဲ့ဆိုးရိမ်နေပုံကိုမြင်လိုက်ရတော့ ပျော်ရွှင်သွားလေတယ် … အပေါ်ကဝတ်ရုံကို ဖယ်ခွာလိုက်ပြီး အင်္ကျီတွေကိုချွတ်လိုက်တော့ ဒါဏ်ယာဟောင်းတွေအပြင် ပွန်းပဲ့ရာတချို့သာရှိနေခဲ့တယ် …

" ဒီသွေးတွေက ကို့ရဲ့သွေးမဟုတ်ဘူး "

ထိုအခါမှမင်းယွီစိတ်အေးနိုင်တော့တယ် … ဖန်းဂူက မင်းယွီအားကြည့်ကာ ထပ်မံဆိုလိုက်တယ် …

" ကိုယ်ဒီနေ့ လူတွေအများကြီးသတ်ခဲ့တယ် … အားလုံးက ရဲအရောင်ဆောင်ထားတဲ့ ဝံပလွေရဲ့လူတွေ … သူတို့ရဲ့ညစ်ပတ်တဲ့သွေးတွေက ကိုယ့်ရဲ့ကိုယ်မှာပေကျံနေတယ် "

ဖန်းဂူက သူ့ရဲ့မျက်နှာမှာပေနေတဲ့သွေးစတစ်ချို့ကို လက်ဖြင့်သုတ်လိုက်ပြီး နတ်ဆိုးပမာ ပြုံးလိုက်တယ် … နှစ်တွေအကြာကြီးကြာမှ ပထမဆုံး လူတွေအများကြီးကို သတ်ရတဲ့ခံစားချက်က ကိုယ့်ကိုယ်ကို လူစိတ်ပျောက်ပြီး မကောင်းဆိုးဝါးတစ်ကောင်ဝင်စီးနေသလို ခံစားရစေတယ် …

မင်းယွီက ဖန်းဂူရဲ့ပါးပြင်ပေါ်ကအနီရောင်သွေးစတွေကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး …

" ကျွန်တော်တို့ အတူသန့်ရှင်းရအောင် "

မင်းယွီထံက ထိုသို့သောဂရုစိုက်မှုမျိုး မမျှော်လင့်ထား၍ ဖန်းဂူခနမျှတိတ်ဆိတ်သွားပြီး ပါးပြင်ပေါ်က မင်းယွီလက်လေးအား ဖမ်းကိုင်လိုက်ပြီး …

" မင်းကို့ရဲ့ဒီပုံစံကို မမုန်းဘူးလား … လူတွေဒီလောက်အများကြီးသတ်လာခဲ့တာ … ပြီးတော့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့အပြင် မင်းတို့ကိုပါကို့ရဲ့ပြဿနာထဲ ဆွဲခေါ်လာမိခဲ့တယ် "

မင်းယွီက ခေါင်းကိုခါရမ်းလိုက်ပြီး ပြန်ဖြေလိုက်တယ် …

" ဟင့်အင် … ကျွန်တော့ကဘာကြောင့်မုန်းရမှာလဲ … အကို့ရဲ့ပြဿနာကလဲ ကျွန်တော့ရဲ့ပြဿနာပဲ … အကိုတစ်ယောက်ထည်း လူတွေအများကြီးကို သတ်လို့မနိုင်ရင် ကျွန်တော်ပါကူသတ်ပေးမယ် … သူတို့ကအန္တရာယ်ရှိတဲ့ဝံပုလွေတွေမို့ ခုလိုအနိုင်တိုက်နိုင်တာကို ကျွန်တော်ဂုဏ်တောင်ယူသင့်တယ် … ပြီးတော့ ဒီညစ်ပေနေတဲ့သွေးတွေကို ကျွန်တော်ကိုယ်တိုင်ဆေးကြောပေးမယ် "

ခနမျှအကြည့်ချင်းစုံလိုက်ပြီး မင်းယွီရဲ့စကားလုံးတွေကြောင့် ဖန်းဂူက သဘောကြစွာပြုံးရယ်လိုက်မိတယ် … သူလွန်စွာကြေနပ်သွားမိခြင်းပင် …

" မင်းကကိုယ်မှန်းထားတာထက် ကို့ဘက်မှာရှိနေခဲ့တာပဲ … နောက်ဆုံးတော့ အကိုလို့ခေါ်ခဲ့ပြီ … ကိုယ်တို့တရားဝင်လက်မထက်ရသေးပေမဲ့ မင်းခုလိုကိုယ့်ဘက်ကိုရပ်တည်ပေးပြီး အကိုလို့တရင်းတနီးခေါ်တာလေးကို သဘောကျတယ် "

" ကျွန်တော် အများကြီးတွေးခဲ့ပြီးပြီ … အကိုကျွန်တော့အနားကနေ ထပ်ပြီးထွက်သွားမှာကို မလိုလားဘူး … ကျွန်တော်တို့ရှေ့ဆက်ပြီး ဘယ်လိုအခက်အခဲတွေပဲကြုံလာပါစေ … အတူရင်ဆိုင်ကြမယ် "

" ကိုယ်ကတိပေးတယ် … မင်းနဲ့သားလေးကို ဘယ်တော့မှ ထားမသွားဘူး "

ဖန်းဂူ မင်းယွီအား နူးညံ့စွာ ပွေ့ဖက်လိုက်လေတော့တယ် … ဒီအမှောင်လောကကြီးထဲကနေ  အားလုံးကိုဆန့်ကျင်ဖို့ ဖန်းဂူခွန်အားတွေမလိုတော့ဘူး မင်းယွီကသူ့ရဲ့ခွန်အားမို့ မင်းယွီသူ့ဘက်မှာရှိနေရင်ပြည့်စုံပါပြီ …

………………………………………………………

To Be Continued ……

( ဒီအပိုင်းကရှည်လို့ဖြတ်လိုက်တာ … နောက်အပိုင်းဒီကနေပဲစမှာပါ … အမှောင်ခန်းရေးချင်ပေမဲ့ မရေးတာကြာတော့သိပ်ပြီးမရေးတတ်တော့ဘူး ဒါကြောင့်မို့အရမ်းကြီးမှောင်ဖို့မမျှော့်လင့်ပါနဲ့ … နောက်အပိုင်းမှာလာပါမယ် …

အမြန်ဖတ်ချင်ရင် Star လေးကိုနှိပ်သွားဖို့မမေ့နဲ့နော် 500 ပြည့်ရင်မနက်ဖြန်တင်ပေးမယ် 🤗🥰❣️ )

Zawgyi
~~~~~~~

ခ်ဴးရွန႔္အား ရွန္ေဝ သူ႕ရဲ႕အိမ္ေတာ္သို႔ေခၚလာခဲ့တယ္ ... ဒါဏ္ရာေတြကိုသန႔္ရွင္ေရးလုပ္ေပးၿပီးေနာက္ ကုတင္ေပၚတြင္လွဲေနေစၿပီး အိပ္စက္ေနသည့္ခ်ဴးရွန႔္အား ရွန္ေဝ ေဘးနားမွေနအေတာ္ၾကာတဲ့ထိ ထိုင္ၾကည့္ေနမိတယ္ ...

သန္မာလွပါတယ္ဆိုတဲ့ခ်ဴးရွန႔္လိုလူက ယခုလိုမ်ိဳး လဲၾကသြားျခင္းအား ပထမဆုံးႀကဳံဖူး၍ ရွန္ေဝစိတ္ပူပန္ေနမိတယ္ ... ကိုယ္ဒါဏ္ရာေၾကာင့္လား စိတ္ဒါဏ္ရာေၾကာင့္လားမသိ အိပ္စက္ေနတာေတာင္မွ ခ်ဴးရွန႔္ မ်က္ခုံး ၂ ခုဟာ ပူးကပ္မတတ္ေကြးၫႊတ္ကာ အိမ္မက္ဆိုးမွေန နိုးထခ်င္ပုံပင္ ...

ရွန္ေဝ ခ်ဴးရွန႔္လက္ေလးအား ဆုတ္ကိုင္ေပးထားၿပီး ႏွဖူးထက္က ေခြၽေစးမ်ားအားသုတ္ေပးၿပီးေနာက္ ခ်ဴးရွန္ပါးေလးအား ပြတ္သပ္လိုက္ေတာ့မွ ပူးက်စ္ေနၿပီး ဖ်ားေနမွန္းသိလိုက္ေတာ့တယ္ ...

" အကို ဖ်ားေနတာပဲ "

ရွန္ေဝအလွ်င္အျမန္ပင္ ေရခဲအိပ္ယူကာ ခ်ဴးရွန႔္ႏွဖူးျပင္ေပၚသို႔ကပ္ေပးလိုက္တယ္ ... ထိုသို႔ဂ႐ုစိုက္မႈေတြနဲ႕အသားမက်တဲ့ခ်ဴးရွန႔္ အနည္းငယ္အသိျပန္ဝင္လာကာ သူ႕ႏွဖူးေပၚက ရွန္ေဝလက္ေတြကို ထြန္းဖယ္လိုက္ၿပီး ...

" ကြၽန္ေတာ္ဘာမွမျဖစ္ဘူး "

" အကို "

ခ်ဴးရွန႔္သူ႕အားျပဳစုေပးေနသူဟာ ရွန္ေဝမွန္းသိပုံမေပၚေပ ... သူဖ်ားနာတိုင္း ဂ႐ုစိုက္ေပးမဲ့သူမရွိခဲ့၍ တစ္ေယာက္ထည္းေနသာက်ေနၿပီမို႔ တစ္စုံတစ္ေယာက္က ဂ႐ုစိုက္ေပျခင္းအား ယခုလိုျငင္းဆန္ေနျခင္းမ်ိဳးပင္ ... ရွန္ေဝက ခ်ဴးရွန႔္လက္ေတြကို ေစာင္ေအာက္သို႔ထားလိုက္ၿပီး တစ္ကိုယ္လုံးေႏြးေထြးသြားေအာင္ ေသခ်ာလုပ္ေပးလိုက္ေတာ့မွ ခ်ဴးရွန႔္မ်က္ခုံးမ်ား တြန႔္ခ်ိဳးမေနေတာ့ပဲၿငိမ္သြားေတာ့တယ္ ... ေနရတာအဆင္ေျပသြားပုံပင္ ...

ၿပီးေနာက္ ကိုယ္အပူရွိန္ေၾကာင့္ တစ္ဖန္ အိပ္ေပ်ာ္သြားျပန္တယ္ ... ရွန္ေဝလဲ ခ်ဴးရွန႔္ကိုစိတ္ခ်ရေတာ့မွ အခန္းအျပင္သို႔ ထြက္လာကာ တိတ္ဆိတ္ေနသည့္ ဧည့္ခန္းထဲ၌ တစ္ေယာက္ထည္း အေတြးမ်ားစြာျဖင့္ ထိုင္ေနလိုက္တယ္ ...

" ရွန္ေဝ "

သတင္းၾကားၾကားျခင္း ဖခင္ႏွင့္မိခင္ေရာက္ရာအရပ္ကေန အိမ္သို႔ျပန္လာခဲ့ၾကျခင္းပင္ ... သူတို႔က ဧည့္ခန္းထဲမွာ တစ္ေယာက္ထည္းထိုင္ေနတဲ့ရွန္ေဝကိုျမင္ေတာ့ ေျဖရွင္းခ်က္ေတာင္းတဲ့အၾကည့္ေတြနဲ႕ ၾကည့္လိုက္ၾကတယ္ ... ၿပီးေနာက္ ဖခင္က သက္ျပင္းဖြဖြခ်ရင္း ရွန္ေဝအားၾကည့္ကာ တည္ၿငိမ္စြာပင္ဆိုလိုက္တယ္ ...

" မင္းဒီလိုလုပ္ရတဲ့ အေၾကာင္းျပခ်က္ကို သူ႕ကိုမေျပာျပထားဘူးလား "

" ကြၽန္ေတာ္ေျပာျပရင္ သူေသခ်ာေပါက္ကိုျငင္းမွာ "

" ဒါဆိုသူအထင္လြဲမွာကိုေရာ မင္းမေၾကာက္ဘူးလား "

" ေသေလာက္ေအာင္ေၾကာက္တယ္ ... ကြၽန္ေတာ္သူ႕ကို ထြက္သြားခြင့္မျပဳနိုင္ဘူး "

" ဒါဆို ဘယ္အခ်ိန္ထိ ဖုံးကြယ္ထားမွာလဲ "

ရွန္ေဝဘာမွျပန္မဆိုေတာ့ပဲ ၿငိမ္သြားတယ္ ... ထိုအခါမွ ဖခင္နဲ႕မိခင္က ရွန္ေဝရဲ႕တစ္ဖက္တစ္ခ်က္မွာ ဝင္ထိုင္လိုက္ၾကၿပီး သူတို႔ရဲ႕သားေလးအား ႏွစ္သိမ့္ေပးေလေတာ့တယ္ ...

" သားလုပ္ရပ္ေတြက အားလုံးေကာင္းဖို႔အတြက္ဆိုတာ ေမေမယုံၾကည္တယ္ ... ဒီလိုလုပ္ရတဲ့အေၾကာင္းျပခ်က္ကို သာပဲသိေပမဲ့ ေမေမကေတာ့သားအမွားလုပ္မွာမဟုတ္ဘူးဆိုတာ သိတယ္ "

သူမက အမႈအေၾကာင္းေတြ ဘာတစ္ခုမွနားမလည္သလို သိလဲမသိတာမို႔ ရွန္ေဝလုပ္ရပ္ေတြအေပၚ ယုံၾကည္မႈထားယုံသာ တတ္နိုင္ခဲ့တယ္ ... ဖခင္ကေတာ့ ရွန္ေဝအေၾကာင္းေကာင္းေကာင္းသိေနတယ္ ...

" မင္းသူတို႔နဲ႕ ဘာကတိေတြ ထားထားေသးလဲ ... ဒီေလာက္ခက္ခဲတဲ့အလုပ္ကို ရည္႐ြယ္ခ်က္မရွိပဲနဲေတာ့မင္းလုပ္မွာမဟုတ္ဘူး ... အမွန္တရားအျပင္ ငါ့ကို ဘာေတြဖုံးကြယ္ထားေသးလဲ "

ရွန္ဟႊာရဲ႕သ႐ုပ္မွန္ကိုထုတ္ေဖာ္ဖို႔ ရွန္ေဝဖခင္နဲ႕တိုင္ပင္ခဲ့ေပမဲ့ အေၾကာင္းစုံကိုေတာ့ ရွင္းမျပခဲ့ေပ ... ယခုေတာ့ သူထမ္းေဆာင္ထားတဲ့တာဝန္က သူ႕ႏွလုံးသားအား ေလးလံေစတာမို႔ အားလုံးကို ဖြင့္ေျပာဖို႔ ဆုံးျဖတ္လိုက္တယ္ ...

လြန္ခဲ့ေသာ ၂ ပတ္ေလာက္က ရွန္ဟႊာအိမ္ေတာ္မွာ ရွန္ဖန္းဂူက ဖုံးကြယ္ထားသမွ်အေမွာင္ေလာကရဲ႕အေၾကာင္း အရာအားလုံးကိုသိသြားၿပီး ထိုကိစၥအတြက္ အစီစဥ္ေတြဆြဲၿပီးတဲ့ေနာက္ ရွန္ေဝသခင္ႀကီးကိုေမးျမန္ခ်င္တဲ့အေၾကာင္းအရာေလးေတြရွိေနတာနဲ႕ ၂ ဦးတည္းစကားေျပာဖို႔ျဖစ္လာခဲ့တယ္ ... ရွန္ဟႊာရန္းက ရွန္ေဝကို သူ႕ရဲ႕အခန္းတြင္းက လွ်ို႔ဝွက္ခန္းထဲမွာ ၂ ေယာက္ထည္းစကားေျပာဖို႔ေခၚသြားခဲ့တယ္ ... ရွန္ေဝအစက ေၾကာက္႐ြံ႕မိေပမဲ့ သူလိုက္ေနတဲ့အေၾကာင္းအရာေတြက ရွန္ဟႊာရန္းကို တိုက္ရိုက္ေမးမွသာ ၿပီးျပည့္စုံမွာမို႔ ႀကိဳးစားကာ ေမးျမန္းလိုက္တယ္ ...

" သခင္ႀကီး ကြၽန္ေတာ္ သိခြင့္ရွိမလား ... ဟိုးအရင္တုန္းက ရွန္ဟႊာ ပိုင္နဲ႕ ခ်န္းတို႔ရဲ႕ဆက္ဆံေရးက ဘယ္ေလာက္ထိတည္ၿမဲခဲ့လဲ "

ရွန္ဟႊာရန္းက ခ်က္ခ်င္းျပန္မေျဖပဲ တည္ၿငိမ္စြာပင္ ျပန္လည္ေမးျမန္လိုက္တယ္ ...

" မင္းကဒီကိစၥေတြကိုဘယ္လိုသိေနတာလဲ ... ပိုင္းမိသားစုအေၾကာင္း ေမးျမန္မခံရတာေတာင္ၾကာၿပီ "

ရွန္ေဝကလဲ ရွန္ဟႊာရန္းလိုလူထံက အေျဖစကားၾကာရဖို႔ လြယ္ကူလိမ့္မည္မဟုတ္မွန္းသိေန၍ အေၾကာင္းျပခ်က္ကို ရွာထားၿပီးႏွင့္ၿပီ ...

" ကြၽန္ေတာ္ ဟိုတေလာကသတင္းမွာၾကားမိလို႔ပါ ... အားလုံးကအလိမ္အညာေတြပဲျဖစ္မွာပါ "

႐ုတ္တရပ္သခင္ႀကီးက မျငင္းဆန္ေတာ့ပဲ ထိုင္ေနရာကေနထကာ အခန္းထဲက လွ်ို႔ဝွက္လြန္းတဲ့ ဘီဒိုတစ္ခုထံေလွ်ာက္သြားၿပီးေနာက္ တစ္စုံတစ္ရာရွာေဖြေနတာကိုေတြ႕လိုက္ရတယ္ ... ရွန္ဟႊာရန္းရဲ႕လႈပ္ရွားမႈေတြက ယခင္ကေလာက္သြက္လက္ေနျခင္းမ်ိဳးမရွိေတာ့ပဲ ပစၥည္းေတြကို ရွာေဖြတဲ့ေနရာမွာ လက္ေတြက အသက္အ႐ြယ္အေလ်ာက္အနည္းငယ္ေတာ့ တုန္ရင္ေနတယ္ ... ရွန္ေဝက ကူညီဖို႔စဥ္းစားမိေပမဲ့ ရွန္ဟႊာရန္းရဲ႕အရွိန္အဝါေၾကာင့္ အနားမကပ္ရဲပဲ ခုံေပၚမွာပဲ ၿငိမ္ၿငိမ္ေလးထိုင္ေနလိုက္တယ္ ...

ရွန္ေဝက အေမွာင္မွာေရာအလင္းမွာပါ က်င္လည္လာခဲ့ၿပီး မ်က္ႏွာဖုံးကိုပိရိစြာသပ္ဆင္ထားနိုင္သူမို႔ ရွန္ဟႊာရန္းက သူ႕ရဲ႕သ႐ုပ္မွန္းကိုမသိနိုင္ဘူးဆိုတာ အျပည့္အဝယုံၾကည္ထားတယ္ ... ဒီလိုလွ်ို႔ဝွက္တဲ့အခန္းထဲမွာ အေစာင့္ေတြမရွိေနပဲ ၂ ေယာက္ထည္းေတြ႕ဖို႔ခ်ိန္းဆိုရဲတဲ့ ရွန္သခင္ႀကီးကိုလဲ အနည္းငယ္ေတာ့ နားမလည္ျဖစ္မိတယ္ ... တကယ္ေတာ့ ျခေသၤ့ဧကရာဇ္ႀကီးက သူ႕ကိုေထာင္ေျခာက္ဆင္ထားမွန္း ရွန္ေဝမသိလိုက္ေပ ...

" မင္းသိခ်င္လား "

အေနာက္က သခင္ႀကီးရဲ႕အသံနဲ႕အတူ ရင္းနီးတဲ့လႈပ္ရွားမႈတစ္ခုကိုခံစားလိုက္ရ၍ ရွန္ေဝခ်က္ခ်င္လွည့္ထြက္လိုက္ေပမဲ့ နထင္ေပၚမွာအေထာက္ခံလိုက္ရတာက ေသနတ္တစ္လပ္ျဖစ္ေနတယ္ ... ေမာင္းတစ္ခ်က္ဆြဲလိုက္တာနဲ႕ နထင္ကိုေပါက္ထြက္ၿပီး အသက္ပင္ျပန္ရႉထုတ္နိုင္လိုက္မည္မဟုတ္ေပ ... အလြန္အားျပင္းၿပီး က်ဥ္ဆံကေပေပါင္းမ်ားစြာအထိေရာက္နိုင္တဲ့အျပင္ ရွားပါးသည့္လက္နတ္တစ္မ်ိဳး ... ထိုအရာက သူ႕ရဲ႕နထင္ေပၚေရာက္လာေတာ့ သတၱိရွိလွပါတယ္ဆိုတဲ့ ရွန္ေဝ ေသြးမ်ားပင္ေျပာင္းျပန္စီးသြားသလိုခံစားလိုက္ရတယ္ ...

ရွန္ဟႊာရန္းက ရွန္ေဝရဲ႕ မ်က္လုံးေတြလႈပ္ရွားေနတာကို အကဲခပ္ၾကည့္ေနၿပီးေနာက္ တည္ၿငိမ္စြာပင္ ထပ္မံဆိုလိုက္တယ္ ...

" သိခ်င္ေသးလား "

ရွန္ေဝ အားတင္းကာ ရွန္ဟႊာရန္းရဲ႕ေအးစက္လွတဲ့မ်က္ႏွာအားေမာ့ၾကည့္လိုက္ၿပီး တစ္ခြန္းထည္းဆိုလိုက္တယ္ ...

" သိခ်င္တယ္ "

" မင္းေသရမယ္ဆိုရင္ေတာင္မွလား "

ခုအေျခအေနကေရာ ေသသြားတာနဲ႕ဘာထူးမွာတဲ့လဲ ... ျခေသၤ့ဂူထဲဝင္လာကတည္းက ျပန္လမ္းဆိုတာမေသခ်ာတဲ့ ေဝါဝါရတစ္ခုသာ ... ရွန္ေဝဆိုးဝါးတဲ့အေျခအေနတစ္ခုအား မွန္းထားေပမဲ့ လက္ေတြ႕ႀကဳံရေတာ့ မွန္ထားတာထက္ေၾကာက္ဖို႔ေကာင္းမွန္းသိလိုက္ရတယ္ ... ရွန္ဟႊာရန္းက သူ႕ရဲ႕ဘဝမွန္ကိုသိေနမွန္း ရွန္ေဝခ်က္ခ်င္းသေဘာေပါက္သြားခဲ့တယ္ ...

သူကသာမ်က္ႏွာဖုံးကိုပိရိစြာတပ္ဆင္ထားသူဟုထင္ထားခဲ့ေပမဲ့တကယ္ေတာ့ ရွန္ဟႊာရန္းရဲ႕ေျခဖ်ားကိုပင္မမွီေပ ... ရွန္ဟႊာရန္းကဘာေၾကာင့္ အေမွာင္ေလာကရဲ႕ ျခေသၤ့ဧကရာဇ္တစ္ပါးျဖစ္ေနလဲဆိုတာ ရွန္ေဝပိုၿပီးနားလည္လာခဲ့တယ္ ... သူလိုလူကဘယ္အရာကိုမွလြယ္ကူစြာမယုံၾကည္တတ္သလို အၿမဲေစ့စပ္ေသခ်ာစြာေလ့လာတတ္ၿပီး လိမ္ညာလွည့္ဖ်ား၍ရမည့္သူမ်ိဳးမဟုတ္ေပ ...

ေအးဆက္တဲ့ေလထုေတြအဆုံး၌ ရွန္ဟႊာရန္းက ရွန္ေဝနားထင္ေပၚကေသနတ္ကို ဖယ္ခြာလိုက္ၿပီး ခုံေပၚသို႔တည္ၿငိမ္စြာျပန္ထိုင္လိုက္တယ္ ... ထိုအခါမွရွန္ေဝ အသက္ကိုပုံမွန္ျပန္ရႉနိုင္ၿပီး ဟႊာရန္းဘာေျပာလာမလဲေစာင့္ေနမိတယ္ ...

" ထိုင္ "

ရွန္ေဝ သခင္ႀကီးရဲ႕ အမိန႔္အတိုင္း လိုက္နာေနမိတယ္ ... သခင္ႀကီးကသူ႕အေပၚ ေဒါသထြက္သည့္အရိပ္ေယာင္မျပသလို ၾကမ္းတမ္းပုံလဲမေပၚဘူး ... အရာအားလုံးကတည္တည္ၿငိမ္ၿငိမ္ပဲ ...

" အရာရွိ က်န္းရွန္ေဝ "

ေရအိုင္ထဲသို႔ ခဲလုံးျပစ္ခ်ခံလိုက္ရသလို ရွန္ေဝရင္တစ္ခုလုံးဆူပြက္သြားတယ္ ... သခင္ႀကီးကထပ္မံေသနတ္နဲ႕မခ်ိန္႐ြယ္ေတာ့ေပမဲ့ သူ႕ရဲ႕အၾကည့္ေတြက ေသနတ္ထပ္ကိုစူးရွေနၿပီး ရဲရင့္ပါတယ္ဆိုတဲ့ရွန္ေဝ ခနမွ်ေခါင္းငုံ႕သြားမိတယ္ ... သူဟာအရာရွိတစ္ေယာက္ျဖစ္တယ္ဆိုတာကို ဖုံးကြယ္ထားဖို႔နည္းမ်ိဳးစုံႀကိဳးစားခဲ့တာေၾကာင့္ သူ႕ရဲ႕အ႐ုပ္မွန္ကိုသိရွိသူက အဖြဲ႕အစည္းကလူေတြနဲ႕ ရင္းနီးတဲ့လူတစ္ခ်ိဳ႕သာလွ်င္ ...

" ငါ့အိမ္ေတာ္ကလူေတြရဲ႕အေၾကာင္း ငါဘာမွမသိဘူးလို႔ထင္ေနတဲ့ပုံပဲ ... ၿပီးေတာ့ မင္းနဲ႕ခ်ဴးရွန႔္ရဲ႕ဆက္ဆံေရးကို ဖုံးကြယ္လို႔ရမယ္ထင္ေနတာလား "

ေနာက္ထပ္ကိစၥတစ္ခုကိုပါသိေနေတာ့ ခ်ဴးရွန႔္ထပ္ၿပီးေခါင္းငုံ႕မေနနိုင္ေတာ့ပဲ သခင္ႀကီးအားေမာ့ၾကည့္လာတယ္ ... သူ႕အၾကည့္ေတြထဲမွာ စိုးရိမ္မႈသို႔ ရစ္သီေနၿပီး ဘဝမွန္ကိုေဖာ္ထုတ္တာထပ္ပင္ေၾကာက္႐ြံ႕ေနတယ္ ...

" ကြၽန္ေတာ္မွားမွန္းသိပါတယ္ ... ဒါေပမဲ့ အကိုခ်ဴးရွန႔္ကိုေတာ့အျပစ္မတင္ပါနဲ႕ "

" မင္းဘာအမွားမွမလုပ္ထားဘူး ... မင္းသာအမွားတစ္ခုခုလုပ္မိရင္ ဒီေနရာမွာ ငါနဲ႕ ၂ ေယာက္အတူစကားေျပာခြင့္ေတာင္ ရမွာမဟုတ္ဘူး "

" ...... "

သခင္ႀကီးရဲ႕အေတြးေတြက မွန္းစရခက္လွတယ္ ... လိမ္ညာမိ၍ အျပစ္ေပခံရမယ္ဟုထင္ထားေပမဲ့ ထိုသို႔မဟုတ္ေနခဲ့ပါ ...

" က်န္းမ်ိဳးဆက္ က်န္းရွန္ေဝ မင္းကိုရွန္ဖန္းဂူက လက္ခံၿပီးကတည္းက မင္းရဲ႕ေနာက္ေၾကာင္းေတြအားလုံးကိုစုံးစမ္းေနခဲ့တာ ... မင္းရဲ႕ဖုံးကြယ္ထားနိုင္မႈကေတာ့အံ့မခန္းပဲ ... ပိုင္ အမႈကိုသာမင္းကိုင္သြယ္ဖို႔လက္မခံလိုက္ရင္း မင္းရဲ႕ဘဝမွန္ကဘာလဲဆိုတာ ငါလိုက္နိုင္မွာမဟုတ္ဘူး ... ဒါေပမဲ့မင္းကငါေတြ႕ဖူးသမွ် အရာရွိေတြနဲ႕မတူပဲ စစ္မွန္တဲ့အမွန္တရားကိုပဲရွာေဖြတယ္ ...

ၿပီးေတာ့မင္းဘဝအမွန္းကိုနည္းနည္းေလးမွရိပ္မိေအာင္မေနပဲမင္းသခင္အေပၚသစၥာရွိတယ္ ... ငါမင္းကို ဒီေခၚလာတာက မင္းရဲ႕သတၱိကိုစမ္းသပ္ခ်င္လို႔ပဲ ... ငယ္ငယ္႐ြယ္႐ြယ္နဲ႕ႀကီးေလးတဲ့တာဝန္ကိုထန္းေဆာင္ၿပီး အႏၲရာယ္ရွိတဲ့ေနရာကိုမေၾကာက္မ႐ြံ႕လိုက္လာရဲတယ္ ... ငါ့ရဲ႕ေသနတ္နဲ႕ခ်ိန္႐ြယ္ခံရတာေတာင္ ဒူးေထာက္ၿပီးမေတာင္းပန္ပဲ ေတာင့္ခံထားနိုင္တယ္ ... ဒါေပမဲ့ ဘယ္ေလာက္ပဲသတၱိရွိၿပီး မွန္ကန္တဲ့အရာရွိျဖစ္ေနပါေစ ရွန္ဟႊာရန္းကို လိမ္ညာလွည့္ျဖားတဲ့အတြက္ မင္းျပန္ၿပီးေပးစပ္ရမယ္ "

ရွန္ေဝ သခင္ႀကီးအား ခ်က္ခ်င္းဝင္ခ်ေတာင္းပန္လိုက္တယ္ ... လိမ္ညာလွည့္ျဖားဖို႔မရည္႐ြယ္ထားေပမဲ့ အမႈကိုင္တဲ့ေနရာမွာ သူမဟုတ္ခဲ့လွ်င္ ရွန္ဟႊာကဒီေလာက္ထိၾကာျမင့္စြာတည္ၿငိမ္ေအးခ်မ္းနိုင္မည္မဟုတ္ေျခ ... အဘက္ဘက္ကျပႆနာေတြရွာေဖြေနၾကျခင္းေၾကာင့္ပင္ ...

" ကြၽန္ေတာ္ဘယ္လိုျပန္ၿပီးေပးစပ္ရမွာလဲ ... ကြၽန္ေတာ္ သခင္ႀကီးခိုင္းသမွ် လုပ္ေဆာင္ပါ့မယ္ "

" ေကာင္းၿပီး ... မင္းအမွန္တရားကိုထုတ္ေဖာ္ဖို႔အတြက္ခ်ဴးရွန႔္ရဲ႕အသက္နဲ႕ရင္းမွာလား ဒါမွမဟုတ္ မင္းရဲ႕အသိုင္းဝိုင္းထဲကေနအၿပီးတိုင္ေပ်ာက္ကြယ္ၿပီး ရွန္ဟႊာရဲ႕လက္ေအာက္ခံဘဝမွာေနမွာလား "

ရွန္ေဝခနမွ်စြန႔္အ တုန္လႈပ္သြားေလတယ္ ... သူ႕ကိုေသနတ္နဲ႕ခ်ိန္႐ြယ္တုန္းက ထိုမွ်ေလာက္မေၾကာက္႐ြံ႕မိေပမဲ့ ခ်ဴးရွန႔္ကသူ႕အစားအျပစ္ဒါဏ္ခံရမယ္လဲၾကားေရာ ႐ူးမတတ္ပင္လန႔္သြားေလတယ္ ... ၿပီးေတာ့ လက္ရွိထမ္းေဆာင္ေနတဲ့တာဝန္ကိုလဲ တစ္ျခားသူကိုလႊဲေျပာင္းေပးဖို႔မျဖစ္နိုင္ပါ ... အေျခအေန ၂ ခုၾကား ရွန္ေဝေနာက္ဆုံး အရဲစြန႔္ကာ ထပ္မံေတာင္းဆိုလိုက္တယ္ ...

" ကြၽန္ေတာ္တစ္ျခားဘာလုပ္ေပးရေပးရအဆင္ေျပတယ္ ... ဒီအမႈကိစၥကိုေတာ့ေျဖရွင္းခြင့္ေပးပါ ... ၿပီးေတာ့ အကိုခ်ဴးရွန႔္ကိုလဲ ... "

" မင္းတစ္ခုေ႐ြးခ်ယ္ ... ခ်ဴးရွန႔္ကရွန္ဟႊာရဲ႕လက္ေအာက္ကျဖစ္တဲ့အတြက္ မင္းကိုဖုံးကြယ္ေပးၿပီး လက္ခံထားတဲ့သူကမင္းထက္အျပစ္ႀကီးတယ္ ... ဒီကိစၥကိုစသိကတည္းက ခ်ဴးရွန႔္ကရွန္ဟႊာရဲ႕သစၥာေဖာက္အျပစ္သားျဖစ္သြားၿပီ ... အကယ္၍မင္းသာလက္ရွိရာထူးကိုစြန႔္လႊတ္ၿပီးရွန္ဟႊာနဲ႕ေသြးစာခ်ဳပ္ခ်ဳပ္မယ္ဆိုရင္ ခ်ဴးရွန႔္ကိုအသက္ခ်မ္းသာေပးၿပီး မင္းဘဝတစ္ခုလုံးကိုရွန္ဟႊာကပိုင္သြားလိမ့္မယ္ ... ၿပီးေတာ့ မင္းကအလင္းေလာကရဲ႕သစၥာေဖာက္ျဖစ္သြားလိမ့္မယ္ "

သခင္ႀကီးက ရွန္ေဝအား အလင္းေလာကကိုသစၥာေဖာက္ၿပီး ရွန္ဟႊာရဲ႕လက္ေအာက္ခံလုပ္မွာလား အမွန္တရားကိုေဖာ္ထုတ္ဖို႔ ခ်ဴးရွန႔္ရဲ႕အသက္နဲ႕စေတးမွာလားဆိုတဲ့ ရက္စက္လွတဲ့ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခိုင္းလိုက္တယ္ ...အေတာ္ၾကာတိတ္ဆိတ္သြားၿပီးေနာက္ ရွန္ေဝရဲ႕အက္ရွရွအသံတစ္စ ထြက္ေပၚလာခဲ့တယ္ ...

" ကြၽန္ေတာ္လုပ္ေဆာင္ခ်င္တာက အေမွာင္နဲ႕အလင္းအတြက္ တရားမွ်တမႈကိုပါ ... ဒီေလာက ၂ ခုကိုသာ ၿငိမ္းခ်မ္းေအာင္လုပ္ေဆာင္နိုင္ခဲ့ရင္ ထပ္ၿပီးအျပစ္မဲ့တဲ့ျပည္သူေတြ ထိခိုက္နာက်င္ရမွာမဟုတ္ေတာ့ဘူး ... ကြၽန္ေတာ္အမႈေဆာင္အရာရွိတစ္ေယာက္မျဖစ္ခင္ကတည္းက သခင္ဖန္းဂူလက္ေအာက္မွာရွိေနခဲ့တာပါ ... လိမ္ညာလွည့္ျဖားဖို႔ႀကိဳးစားခဲ့တာမဟုတ္ဘူး ... ကြၽန္ေတာ္ ပိုင္အမႈကိုကိုင္တယ္ဆိုတာကလဲ ရွန္ဟႊာကိုသစၥာေဖာက္ဖို႔မဟုတ္ဘူး အမွန္တရားကိုရွာေဖြဖို႔အတြက္ပဲ ...

ကြၽန္ေတာ့ထက္အမွန္တရားကို သခင္ႀကီးကပိုသိမွာပါ ... ကြၽန္ေတာ္ဒီအမႈကိုလက္လႊတ္လိုက္ရင္ေတာင္ေနာက္ထပ္အရာရွိတစ္ေယာက္ကဆက္ၿပီးကိုင္သြယ္ဦးမွာပဲ ... သခင္ႀကီးက ဘယ္အခ်ိန္ထိ ဖုံးကြယ္ၿပီးေရွာင္ေျပးေနဦးမွာလဲ ... ကြၽန္ေတာ္ ရွန္မိသားစုကိုေလးစားတယ္ ... ဒါေပမဲ့ အမွန္တရားကေတာ့ကြၽန္ေတာ္ေသသြားရင္ေတာင္ဖုန္းကြယ္ထားလို႔မရနိုင္ဘူး ... အကိုခ်ဴးရွန႔္အစာ ကြၽန္ေတာ့ကိုပဲ သတ္လိုက္ပါ "

ရွန္ေဝက ရဲဝင့္စြာပင္ရွန္ဟႊာရန္းရဲ႕အေရွ႕၌ အေသခံဖို႔အရန္သင့္ေစာင့္ေနလိုက္တယ္ ... အလင္းေလာကကိုလဲသစၥာမေဖာက္နိုင္သလို ခ်ဴးရွန႔္ကိုလဲမထိခိုက္ေစဖို႔ သူအေသခံလိုက္တာက မွန္ကန္တဲ့ေ႐ြးခ်ယ္မႈတစ္ခုသာျဖစ္လိမ့္မယ္ ... သခင္ႀကီးက ခနမွ်ၿငိမ္သက္သြားၿပီးေနာက္ သက္ျပင္းခ်သံနဲ႕အတူ ခုံေပၚကေနထရပ္လိုက္တယ္ ...

" မင္းတို႔ က်န္းညီအကိုေတြက ငါထင္ထားတာထက္ကို ရဲရင့္ၾကတာပဲ ... က်န္ရႈယြမ္လဲမင္းလိုပဲ ... ငါတို႔ကိုေခ်ာက္ခ်ဖိဳ႕ထက္ အမွန္တရားအတြက္ေရွ႕တန္းကထြက္တိုက္ဖို႔ကိုေ႐ြးခ်ယ္သြားတယ္ ... ရွန္ဟႊာကိုဖမ္းခ်ဳပ္ဖို႔အခ်က္အလက္ေတြအစုံရွိေနတာေတာင္ ဖုံးကြယ္ေပးထားခ်င္ေနတယ္ ... မင္းကေတာ့ ဘယ္သူ႕ကိုမွသစၥာမေဖာက္ခ်င္လို႔ ကိုယ့္ကိုယ္ကိုအေသခံမယ္တဲ့လား ... ငါ့ရဲ႕စမ္းသပ္မႈေတြဒီမွာပဲရပ္လိုက္သင့္ၿပီ ... ငါမင္းကိုယုံၾကည္ဖို႔အတြက္ လုံေလာက္ၿပီ "

ရွန္ေဝထိုသို႔ေသာအေျဖစကားအားေမွ်ာ္လင့္မထား၍ သူ႕အေရွ႕ကရွန္ဟႊာရန္းရဲ႕လႈပ္ရွားမႈတိုင္းအား ေငးၾကည့္ေနမိတယ္ ... သခင္ႀကီးက အရန္သင့္ျပင္ထားတဲ့ဖိုင္တစ္ခ်ိဳ႕ကိုယူလာၿပီးစားပြဲေပၚတင္လိုက္ၿပီးေနာက္ ...

" ငါမင္းကို အခြင့္အေရးတစ္ခုေပးမယ္ ... မင္းလဲအလင္းေလာကရဲ႕သစၥာေဖာက္မျဖစ္ေတာ့သလို ခ်ဴးရွန႔္ကိုလဲ အျပစ္ကေနလြတ္ၿငိမ္းခြင့္ေပးလိုက္မယ္ "

ရွန္ေဝရဲ႕မ်က္ဝန္းေတြလင္းလပ္သြားကာ ထိုေတာင္းဆိုမႈအား ေမွ်ာ္လင္တႀကီးေစာင့္စားေနမိတယ္ ... သခင္ႀကီးကခနမွ်ရပ္လိုက္ၿပီးမွ ဆက္ေျပာလာခဲ့တယ္ ...

" အမ်ားႀကီးေမွ်ာ္လင့္မေနနဲ႕ ... ခ်ဴးရွန႔္ကရွန္ဟႊာနဲ႕သက္ဆိုင္ေနတဲ့တစ္ေလွ်ာက္လုံး မင္းသူနဲ႕ထပ္ၿပီးပတ္သပ္ခြင့္မရွိဘူး ... ငါမင္းကိုေပးမဲ့အခြင့္အေရးက ရွန္ဟႊာျပဳလုပ္ခဲ့သမွ်အျပစ္ေတြအားလုံး ငါ့အေပၚလႊဲခ်ဖိဳ႕ပဲ "

" သခင္ႀကီး ဘာကိုဆိုလိုတာလဲ "

" ဒီထဲမွာအခ်က္အလက္ေတြအားလုံးရွိတယ္ ... ဟိုေကာင္ေတြရဲ႕ျပစ္မွတ္က ရွန္ဟႊာထက္ ငါ​ႀကိဳဖမ္းဖို႔အတြက္ပဲ ... ဖန္းဂူအေပၚအျပစ္ေတြထားခဲ့ၿပီး ဒီအတိုင္းေတာ့အဖမ္းမခံနိုင္ဘူး ... မင္းေျပာသလိုပဲ တစ္ေန႕ေန႕ေတာ့အဆုံးသပ္ကရွိလာမွာပဲ ... အဲ့ဒိအဆုံးသပ္မွာ ျပစ္မႈအားလုံးကို ငါတစ္ေယာက္ထည္းသယ္သြားခ်င္တယ္ ... မင္းတစ္ခုမွတ္ထားပါ ရွန္ဖန္းဂူကိုသူတို႔ေထာင္ေခ်ာက္ဆင္ဖမ္းတာနဲ႕ ခ်က္ခ်င္းဒီအမွန္တရားေတြကိုထုတ္ျပလိုက္ "

" ဒါေပမဲ့ ျပစ္မႈေတြအားလုံးက ခြင့္လႊတ္ဖို႔မျဖစ္နိုင္ဘူး "

" မင္းက ရိုးသားတဲ့အရာရွိပဲ ... သူတို႔ရွန္ဟႊာကိုအသည္းအသန္လိုက္ေနတာက က်ရႈံးဖို႔တစ္ခုတည္းအတြက္လို႔ထင္ေနတာလား ... လိုခ်င္တဲ့အရာမရွိပဲ ခက္ခက္ခဲခဲထုတ္ေဖာ္မယ္လို႔ထင္ေနတာလား ... မင္းတို႔လိုအရာရွိေပါက္စေလးေတြမသိနိုင္တဲ့ေနာက္ကြယ္မွာ အေၾကာင္းအရာေတြအမ်ားႀကီးရွိတယ္ ... သူတို႔ငါ့ကိုဖမ္းစီးရင္ေတာင္သတ္ျပစ္မွာမဟုတ္ဘူး ... ၿပီးေတာ့ သူတို႔ကဘယ္သူေတြလဲဆိုတာ ငါပိုၿပီးသိနိုင္လိမ့္မယ္ "

ထိုအရာက စြန႔္စားရာက်လြန္းတာမို႔ ရွန္ေဝလက္မခံခ်င္ေပ ...

" ကြၽန္ေတာ္တစ္ျခားနည္းနဲ႕လိုက္ၾကည့္ရင္ေရာ "

" မင္းမွာအခြင့္အေရးထပ္မရွိေတာ့ဘူး ... ရွန္ဟႊာအေၾကာင္းေဖာ္ထုပ္ၿပီး ခ်ဴးရွန႔္ရဲ႕အေဝးမွာေန ... မင္းမေနခ်င္ရင္ေတာင္ သူကမင္းကိုဘယ္လိုျမင္သြားမလဲမသိနိုင္ဘူး "

" ကြၽန္ေတာ့ရဲ႕ေ႐ြးခ်ယ္မႈက တစ္ခုတည္းရွိတယ္ဆိုရင္ေတာင္ ကြၽန္ေတာ္တန္ဖိုးထားရတဲ့အရာကျပန္ရဖို႔ ႀကိဳးစားလို႔ရနိုင္ေသးလား "

" သူသာသခင္ရဲ႕ျပစ္ပယ္ျခင္းကိုခံရရင္ မင္းမွာအခြင့္အေရးရွိနိုင္ေသးတယ္ ... ရွန္ဖန္းဂူကမင္းကိုခြင့္လႊတ္မယ္ထင္လား ... ၿပီးေတာ့ သူကိုယ္တိုင္ကလဲ မင္းကိုခြင့္လႊတ္မလားဆိုတာ မသိနိုင္ဘူး "

ရွန္ေဝဘာမွထပ္မဆိုနိုင္ေတာ့ေပ ... ေ႐ြးခ်ယ္ခြင့္မရွိတဲ့အခြင့္အေရးအား ရင္ဝယ္ပိုက္ရင္း သခင္ႀကီးေပးလိုက္တဲ့ဖိုင္ေတြကိုယူေဆာင္ကာ ထြက္လာခဲ့ရတယ္ ...

လက္ရွိအခ်ိန္သို႔ျပန္လည္ေရာက္ရွိလာေတာ့ သူ႕ရဲ႕တာဝန္ေတြကိုထမ္းေဆာင္နိုင္ခဲ့ၿပီး သခင္ႀကီးလဲရွန္ဟႊာရဲ႕အမႈေတြအားလုံးကိုေခါင္းခံကာ ဖမ္းစီးခံလိုက္ေလၿပီ ... ခ်ဴးရွန္ရဲ႕မုန္းတီးမႈ သခင္ဖန္းဂူရဲ႕အထင္လြဲမွားမႈအားလုံးကို သူခံလိုက္ရၿပီ ... ခ်ဴးရွန႔္ကို ထပ္ၿပီးပိုင္ဆိုင္နိုင္ဖို႔ဆိုတာ ထပ္ၿပီးရွိလာနိုင္ဦးမည္လား မသိနိုင္ပါ ...

*

*

*

တိတ္ဆိတ္ေနတဲ့အခန္းေလးထဲမွာ မင္းယြီတစ္ေယာက္ သားေလးကိုသိပ္ၿပီးေနာက္ တစ္ေယာက္ထည္း ထိုင္ေနမိတယ္ ... ေလေျပေအးမ်ားတိုက္ခပ္ေနေပမဲ့ ျပတင္းေပါက္ကေနျမင္ေနရတဲ့ ပင္လယ္ျပာျပာႀကီးက အထီက်န္ဆန္မႈတို႔ေပးစြမ္းေနၿပီး ရင္ထဲ၌ အပူမီးမ်ားေတာက္ေလာင္ေနမႈကိုေတာ့ မၿငိမ္းသတ္နိုင္ေပ ...

ျဖတ္ပ်က္မႈေတြက ျမန္ဆန္လြန္း၍ လက္ခံဖို႔ရာခဲရင္းေနၿပီး ေရွ႕ဆက္ဘာေတြျဖစ္လာမလဲ မေတြးရဲေလာက္ေအာင္ပင္ ... အနားမွာဘယ္သူမွမရွိေနျခင္းက သူ႕အားပိုလို႔ပင္ဝမ္းနည္းေၾကကြဲသြားေစတယ္ ... ခုခ်ိန္ရွန္ဖန္းဂူဘယ္ေရာက္ေနလဲ ခ်ဴးရွန႔္ဘာျဖစ္သြားလဲ ဘာတစ္ခုမွမသိရေသးဘူး ... ဖန္းဂူအား လူေတြအမ်ားႀကီးရဲ႕ဝန္းရံတိုက္ခိုက္ခံေနရတဲ့အခ်ိန္ သားေလးနဲ႕လြတ္ေျမာက္ဖို႔အတြက္ ေက်ာခိုင္းကာထြက္လာခဲ့မိ၍ မင္းယြီေနာင္တရသြားေလတယ္ …

အတူရင္ဆိုင္ဖို႔ ကတိေတြေပးခဲ့ၾကတယ္မဟုတ္လား … ဘာေၾကာင့္မွာ လွည့္ထြက္လာခဲ့မိလဲ မိမိကိုယ္ကိုေမးခြန္းထုတ္ေနမိတယ္ …

" ပါပါး … ဟင့္ "

သားေလးရဲ႕အသံၾကားေတာ့မွ မင္းယြီအသိျပန္ဝင္လာခဲ့တယ္ …

" သား … ပါပါးရွိတယ္ … မေၾကာက္နဲ႕ "

လုယီေလးက အိမ္မက္ဆိုးမက္ေနသည့္နယ္ မ်က္ဝန္းမ်ားပိတ္လွ်က္ လက္ေသးေသးေလးေတြက မင္းယြီအား အားကိုတႀကီးဆြဲကိုင္ထားေလတယ္ … သားေလးကငယ္႐ြယ္ေသးေပမဲ့ သာမန္ကေလးေတြထက္ အသိဉာဏ္ရွိသူမို႔ ယခုခရီးက အေပ်ာ္ခရီးမဟုတ္မွန္းသေဘာေပါက္သြားခဲ့တယ္ …

ေရာက္ကတည္းက မင္းယြီရဲ႕မွိုင္ေနတဲ့ပုံအားၾကည့္ၿပီး လုယီေလးလဲ မေပ်ာ္႐ႊင္နိုင္ပဲ သူ႕ပါပါးအနားကမခြာပဲ ဖက္သြယ္ထားတယ္ … ယခုလဲ အိပ္ေပ်ာ္ေနတာေတာင္ မင္းယြီလက္အား တင္းေနေအာင္ဆြဲကိုင္ထားၿပီး အနားကအခြာမခံျဖစ္ေနတယ္ … သားေလးရဲ႕ဆံႏြယ္ႏုႏုေလးအား ပြတ္သပ္ေပးရင္း မင္းယြီအျပစ္ကင္းစင္တဲ့ကေလးငယ္အား ေငးၾကည့္ေနမိတယ္ …

မ်က္ခုံးထူထူေလးေတြက ဖန္းဂူနဲ႕တစ္ပုံစံထဲတူၿပီး ရဲရင့္မႈေတြက မ်က္ႏွာမွာအထင္းသားေပၚေနတယ္ … အိပ္စက္ေနတာေတာင္ အသိတရာကင္းမဲ့မသြားပဲ သူ႕ဖခင္ကိုနည္းနည္းေလးမွအခြာပဲဆြဲကိုင္ထားတဲ့ သားေလးရဲ႕လက္ေတြကို မင္းယြီဆုတ္ကိုင္လိုက္တယ္ … သားေလးရဲ႕အသက္ရႉသံေတြက ျမန္ေနၿပီး ေႏြးေထြးမႈကိုေတာင့္တေနပုံပဲ …

ဖန္းဂူနဲ႕အတူေနရဖို႔ ငယ္ေသးတဲ့သားေလးကို အခန္းခြဲအိပ္ေစခဲ့တယ္ … ဒါေပမဲ့သားေလးကမဆိုးပဲ ထားတဲ့ေနရာမွာ ေနတယ္ … အဆင္ေျပမယ္လို႔ထင္ထားေပမဲ့ ခုထိသားေလးက သူ႕ရင္ခြင္ထဲမွာအိပ္စက္ရတာကိုႏွစ္သက္မွန္း မင္းယြီသိလိုက္ရတယ္ … နို႔ပ်က္သြားေပမဲ့ သားေလးက မိဘရဲ႕အေႏြးဓာတ္ကို လိုအပ္ေနတုန္းပဲ …

မင္းယြီသားေလးကိုေပြ႕ဖက္လိုက္ၿပီး စိုးရိမ္ပူပန္မႈေတြကို ခနေမ့ေပ်ာက္ေစကာ မ်က္လုံးပိတ္ၿပီး အိပ္စက္ဖို႔ႀကိဳးစားလိုက္တယ္ … အိပ္ေမာက်သြားတဲ့ လုယီေလးကို အေတာ္ၾကာေငးၾကည့္ေနေပမဲ့ သူ႕ရဲ႕မ်က္ဝန္းေတြက ခုထိ အိပ္စက္၍မရခဲ့ဘူး … ျပန္မလာေသးတဲ့လူကို ေစာင့္ေမွ်ာ္ေနရတဲ့ခံစားခ်က္ကို မင္းယြီမုန္းတီးတယ္ … ၄ ႏွစ္ေလာက္ေစာင့္ေမွ်ာ္ခဲ့ဖူးတဲ့ ထိုခံစားခ်က္ေၾကာင့္ ထိုအျဖစ္မ်ိဳး ထပ္မံႀကဳံေတြ႕ရမည္ကို ေတြးပင္မေတြးရဲေတာ့ေပ … သူျပန္လာမွာပါဆိုတဲ့အသိေလးေပ်ာက္မသြားေအာင္ထိန္းထားရင္ အိပ္စက္ဖို႔ႀကိဳးစားလိုက္ရေတာ့တယ္ …

' ေဂ်ာက္ '

တံခါးေလာ့ပြင့္သံက တိတ္ဆိတ္ေနတဲ့ ေလထုအားထိုးေဖာက္ကာ က်ယ္ေလာင္စြာထြက္ေပၚလာေပမဲ့ မင္းယြီအတြက္ အိမ္မက္တစ္ခုလိုလို ထင္ေယာင္ထင္မွားျဖစ္ေနသည္ဟု ထင္ေနမိတယ္ … အိပ္ေပ်ာ္လုဆဲဆဲအခ်ိန္မွာ ေအးစက္တဲ့ေလထုအတြင္းမွ ေႏြးေထြးမႈတစ္စုံတစ္ရာ ေျမာလြင့္လာခဲ့တယ္ …

ေမြးပ်ံ့တဲ့ ေဟာ္မုန္းရနံ႕ … ပန္းေပါင္းစုံပြင့္လန္းေနတဲ့အခင္းထဲေရာက္သြားသည့္နယ္ ဆာေလာင္ေနသည့္အခ်ိန္ တစ္ႀကိမ္တစ္ခါတည္း အဝစားလိုက္ရသလို အင္အားေတြ တိုးလာသည့္ခံစားခ်က္မ်ိဳး … ဒါက အယ္ဖာတစ္ေယာက္ရဲ႕ ျပင္းထန္လွတဲ့ အခ်ိန္ကာလတစ္ခု၌ ထြက္ေပၚလာေလ့ရွိတဲ့ေဟာ္မုန္းရနံ႕ပင္ …

" ကိုယ္ေနာက္က်သြားတဲ့အတြက္ ေတာင္းပန္ပါတယ္ "

ေမွ်ာ္လင့္ေနပါတဲ့စကားသံေလး လြမ္းဆြတ္ေနပါတဲ့ ႏူးညံ့လွတဲ့ထိေတြ႕မႈ ပူးျပင္းလွတဲ့သင္းရနံ႕ အရာအားလုံးကတစ္ၿပိဳင္နက္ထည္းျဖစ္တည္လာကာ မင္းယြီအားအိပ္ယာမွနိုးထေစခဲ့တယ္ … သူ႕ရဲ႕ကိုယ္အား အေနာက္ကေနတင္းၾကပ္စြာ ဖက္သြယ္ခံထားရၿပီး အသက္ရႉသံျပင္းျပင္းကိုလဲၾကားေနရတယ္ … အေမွာင္ထု၌ ထိုအရာက မင္းယြီအား တင္းၾကပ္စြာဖမ္းခ်ဳပ္ထားေလတယ္ …

" ရွန္ဖန္းဂူ "

" အင္း … ကိုယ္ပါ "

ထိုအခါမွမင္းယြီ ရင္ဘက္ထဲကအလုံးႀကီးက်သြားၿပီး အသက္ကိုပုံမွန္ရႉနိုင္ေတာ့တယ္ … ရွန္ဖန္းဂူက ကတိအတိုင္း သူ႕ရဲ႕အနားသို႔ျပန္ေရာက္လာခဲ့ၿပီ … သားေလးနိုးသြားမွာဆိုး၍ မင္းယြီခ်က္ခ်င္းအေနာက္သို႔လွည့္မၾကည့္ခဲ့ဘူး … ဖန္းဂူကလဲ အေနာက္ကေန မင္းယြီအား တင္းၾကပ္စြာဖက္သြယ္ထားေလတယ္ … အခ်ိန္တစ္ခနၾကာျမင့္ေတာ့မွ မင္းယြီသားေလးအားလႊတ္ေပးကာ ဖန္းဂူနဲ႕အတူ ကုတင္ေပၚကေနဆင္းလာၿပီး ဖန္းဂူလက္အားတင္းေနေအာင္ဆြဲကိုင္ကာ ေဘးဘက္ကအခန္းတစ္ခုထံဝင္လာခဲ့တယ္ … အခန္းတြင္းေရာက္ေတာ့ မီးအလင္းေရာင္ရဖို႔ မီးခလုပ္ကိုဖြင့္လိုက္ေတာ့ …

" ဒါ … ဒါေတြက "

သူ႕အေရွ႕ကလူရဲ႕ ကိုယ္မွာ ေသြးမ်ားေပစြန္းေနၿပီး ဝတ္႐ုံတစ္ခုလုံး ယူစရာမရေလာက္ေအာင္ ေပႀကံေနတယ္ … ဟိုအရင္တစ္ခ်ိန္က ရက္စက္လွတဲ့ ျခေသၤ့အားျပန္ျမင္ေနရသည့္အလားပင္ … သို႔ေပမဲ့ဒီတစ္ႀကိမ္ေတာ့ ေၾကာက္႐ြံ႕မသြားပဲ ပူပန္စိတ္တို႔သာ ျဖစ္တည္လာခဲ့တယ္ …

" ဘယ္နားထိခိုက္သြားေသးလဲ … ဒါကဘယ္သူ႕ေသြးေတြလဲ "

ဖန္းဂူက သူ႕ရဲ႕ဒီပုံစံကိုျမင္ၿပီးေၾကာက္မသြားတဲ့အျပင္ မင္းယြီရဲ႕ဆိုးရိမ္ေနပုံကိုျမင္လိုက္ရေတာ့ ေပ်ာ္႐ႊင္သြားေလတယ္ … အေပၚကဝတ္႐ုံကို ဖယ္ခြာလိုက္ၿပီး အကၤ်ီေတြကိုခြၽတ္လိုက္ေတာ့ ဒါဏ္ယာေဟာင္းေတြအျပင္ ပြန္းပဲ့ရာတခ်ိဳ႕သာရွိေနခဲ့တယ္ …

" ဒီေသြးေတြက ကို႔ရဲ႕ေသြးမဟုတ္ဘူး "

ထိုအခါမွမင္းယြီစိတ္ေအးနိုင္ေတာ့တယ္ … ဖန္းဂူက မင္းယြီအားၾကည့္ကာ ထပ္မံဆိုလိုက္တယ္ …

" ကိုယ္ဒီေန႕ လူေတြအမ်ားႀကီးသတ္ခဲ့တယ္ … အားလုံးက ရဲအေရာင္ေဆာင္ထားတဲ့ ဝံပေလြရဲ႕လူေတြ … သူတို႔ရဲ႕ညစ္ပတ္တဲ့ေသြးေတြက ကိုယ့္ရဲ႕ကိုယ္မွာေပက်ံေနတယ္ "

ဖန္းဂူက သူ႕ရဲ႕မ်က္ႏွာမွာေပေနတဲ့ေသြးစတစ္ခ်ိဳ႕ကို လက္ျဖင့္သုတ္လိုက္ၿပီး နတ္ဆိုးပမာ ၿပဳံးလိုက္တယ္ … ႏွစ္ေတြအၾကာႀကီးၾကာမွ ပထမဆုံး လူေတြအမ်ားႀကီးကို သတ္ရတဲ့ခံစားခ်က္က ကိုယ့္ကိုယ္ကို လူစိတ္ေပ်ာက္ၿပီး မေကာင္းဆိုးဝါးတစ္ေကာင္ဝင္စီးေနသလို ခံစားရေစတယ္ …

မင္းယြီက ဖန္းဂူရဲ႕ပါးျပင္ေပၚကအနီေရာင္ေသြးစေတြကို လက္ျဖင့္ပြတ္သပ္လိုက္ၿပီး …

" ကြၽန္ေတာ္တို႔ အတူသန႔္ရွင္းရေအာင္ "

မင္းယြီထံက ထိုသို႔ေသာဂ႐ုစိုက္မႈမ်ိဳး မေမွ်ာ္လင့္ထား၍ ဖန္းဂူခနမွ်တိတ္ဆိတ္သြားၿပီး ပါးျပင္ေပၚက မင္းယြီလက္ေလးအား ဖမ္းကိုင္လိုက္ၿပီး …

" မင္းကို႔ရဲ႕ဒီပုံစံကို မမုန္းဘူးလား … လူေတြဒီေလာက္အမ်ားႀကီးသတ္လာခဲ့တာ … ၿပီးေတာ့ ဖမ္းဝရမ္းထုတ္ခံထားရတဲ့အျပင္ မင္းတို႔ကိုပါကို႔ရဲ႕ျပႆနာထဲ ဆြဲေခၚလာမိခဲ့တယ္ "

မင္းယြီက ေခါင္းကိုခါရမ္းလိုက္ၿပီး ျပန္ေျဖလိုက္တယ္ …

" ဟင့္အင္ … ကြၽန္ေတာ့ကဘာေၾကာင့္မုန္းရမွာလဲ … အကို႔ရဲ႕ျပႆနာကလဲ ကြၽန္ေတာ့ရဲ႕ျပႆနာပဲ … အကိုတစ္ေယာက္ထည္း လူေတြအမ်ားႀကီးကို သတ္လို႔မနိုင္ရင္ ကြၽန္ေတာ္ပါကူသတ္ေပးမယ္ … သူတို႔ကအႏၲရာယ္ရွိတဲ့ဝံပုေလြေတြမို႔ ခုလိုအနိုင္တိုက္နိုင္တာကို ကြၽန္ေတာ္ဂုဏ္ေတာင္ယူသင့္တယ္ … ၿပီးေတာ့ ဒီညစ္ေပေနတဲ့ေသြးေတြကို ကြၽန္ေတာ္ကိုယ္တိုင္ေဆးေၾကာေပးမယ္ "

ခနမွ်အၾကည့္ခ်င္းစုံလိုက္ၿပီး မင္းယြီရဲ႕စကားလုံးေတြေၾကာင့္ ဖန္းဂူက သေဘာၾကစြာၿပဳံးရယ္လိုက္မိတယ္ … သူလြန္စြာေၾကနပ္သြားမိျခင္းပင္ …

" မင္းကကိုယ္မွန္းထားတာထက္ ကို႔ဘက္မွာရွိေနခဲ့တာပဲ … ေနာက္ဆုံးေတာ့ အကိုလို႔ေခၚခဲ့ၿပီ … ကိုယ္တို႔တရားဝင္လက္မထက္ရေသးေပမဲ့ မင္းခုလိုကိုယ့္ဘက္ကိုရပ္တည္ေပးၿပီး အကိုလို႔တရင္းတနီးေခၚတာေလးကို သေဘာက်တယ္ "

" ကြၽန္ေတာ္ အမ်ားႀကီးေတြးခဲ့ၿပီးၿပီ … အကိုကြၽန္ေတာ့အနားကေန ထပ္ၿပီးထြက္သြားမွာကို မလိုလားဘူး … ကြၽန္ေတာ္တို႔ေရွ႕ဆက္ၿပီး ဘယ္လိုအခက္အခဲေတြပဲႀကဳံလာပါေစ … အတူရင္ဆိုင္ၾကမယ္ "

" ကိုယ္ကတိေပးတယ္ … မင္းနဲ႕သားေလးကို ဘယ္ေတာ့မွ ထားမသြားဘူး "

ဖန္းဂူ မင္းယြီအား ႏူးညံ့စြာ ေပြ႕ဖက္လိုက္ေလေတာ့တယ္ … ဒီအေမွာင္ေလာကႀကီးထဲကေန  အားလုံးကိုဆန႔္က်င္ဖို႔ ဖန္းဂူခြန္အားေတြမလိုေတာ့ဘူး မင္းယြီကသူ႕ရဲ႕ခြန္အားမို႔ မင္းယြီသူ႕ဘက္မွာရွိေနရင္ျပည့္စုံပါၿပီ …

………………………………………………………

To Be Continued ……

( ဒီအပိုင္းကရွည္လို႔ျဖတ္လိုက္တာ … ေနာက္အပိုင္းဒီကေနပဲစမွာပါ … အေမွာင္ခန္းေရးခ်င္ေပမဲ့ မေရးတာၾကာေတာ့သိပ္ၿပီးမေရးတတ္ေတာ့ဘူး ဒါေၾကာင့္မို႔အရမ္းႀကီးေမွာင္ဖို႔မေမွ်ာ့္လင့္ပါနဲ႕ … ေနာက္အပိုင္းမွာလာပါမယ္ …

အျမန္ဖတ္ခ်င္ရင္ Star ေလးကိုႏွိပ္သြားဖို႔မေမ့နဲ႕ေနာ္ 500 ျပည့္ရင္မနက္ျဖန္တင္ေပးမယ္ 🤗🥰❣️ )

Continue Reading

You'll Also Like

138K 14.2K 58
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
3.3M 210K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
625K 6.4K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
155K 11.8K 46
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...