မြတ်နိုးစွာ နှောင်ဖွဲ့မိသော

By ShayyLinkar

349K 24.1K 2.8K

တကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း... More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12 (U+Z)
Part 13 (U+Z)
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z)
Part 36 (U+Z)
Part 37 (U+Z)
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z)
Part 43 (U+Z)
Part 44 (U+Z)
Part 45 (U+Z)
Part 46 (U+Z)
Part 47 (U+Z)🚦 Waning 🚦
Part 48 (U+Z)
Part 49 (U+Z)
Part 50 (U+Z) The End! 🚦 Waning 🚦

Part 8 (U+Z)

6.5K 519 117
By ShayyLinkar

#Unicode

"Happy Valentine's Day" ဆိုတဲ့ Postcardလေးတစ်ခုနဲ့ လင်းရာရဲ့ခုံပေါ်ကို ရောက်လာတဲ့ ချောကလက်ဘူးတွေ။ ဘယ်သူပေးတာလဲလို့ မေးကြည့်တော့လည်း ဘယ်သူမှမသိကြပေ။ Postcard လေးရဲ့နောက်မှာ ရေးထားတာက . . . . .

💌လိမ်လိမ်မာမာနေပါဘေဘီ။ ကိုယ်စိတ်ထိခိုက်အောင် သိပ်မလုပ်ပါနဲ့💌

"လင်းရာ မင်းစာကြီးက ဘယ်လိုကြီးလဲဟ။ ယောင်္ကျားကြီး ပေးတာလား ဘာလား"

"အင်း ဟုတ်မှာပေါ့"

"ဒါနဲ့ မင်းမှာ ချောကလက်တွေ အများကြီးပဲ။ ငါတို့ကိုရော မကျွေးချင်ဘူးလား"

"စော်ကိုကြ ပိုက်ဆံမရှိဘဲ ချေးပြီး ဝယ်ပေးတဲ့ ဖွန်ကြောင်လွန်းတဲ့ မင်းဖို့မပါဘူး"

"ဘာ"

"ဟုတ်တယ် မမားက မင်းတို့အကုန်လုံးဖို့ ထည့်ပေးလိုက်ပေမယ့် ငါကမင်းကိုမကျွေးချင်လို့။ စေတနာ သဒ္ဓါတရားမရှိလို့ကွာ ရှင်းလား"

"လင်းရာစုတ် ငါတစ်ဘူးလုံးစားပစ်မှာ ကြည့်နေ"

"စားရဲရင် စားပေါ့"

"စားမှာ"

ပြောလည်းပြော မမားပေးလိုက်တဲ့ဘူးကို လုပြီးထွက်ပြေးသွားတဲ့ သာထူးကိုကြည့်ပြီး လင်းရာ ပြုံးမိသည်။ အဖွဲ့ထဲမှာ သာထူးက ကလေးအဆန်ဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးပါ။ စ'လို့လည်းကောင်းသလို ဘုမသိ ဘမသိ တုံးလွန်းတဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲ။

"ဒီမှာလာစား သာထူးရ။ မျိုးသွင်တို့ ဇေယျာတို့အတွက်ပါ ပါတယ်။ မင်းတစ်ယောက်ထဲ စားမနေနဲ့"

"ကိုသာထူးအောင်ကို ကျွန်တော် တောင်းပန်ပါတယ်လို့ပြော။ ပြောရင် လာမယ်"

"ဟျောင့် ငါကဘာလို့တောင်းပန်ရမှာလဲ"

"မင်းပြောလို့ ငါ အရမ်းစိတ်မကောင်း ဖြစ်သွားတာလေ"

"အဲ့ရုပ်က စိတ်ကောင်းဖြစ်နေတဲ့ရုပ်လား"

"အင်း"

ချောကလက်ဘူးကိုပိုက်ပြီး တစ်လုံးပြီးတစ်လုံးစားကာ မျက်နှာငယ်နဲ့ ခေါင်းငြိမ့်ပြလေသည်။

"ဖွန်ကြောင်လွန်းတဲ့ ကိုကို သာထူးအောင်ကို ကျွန်တော်လင်းရာကပဲ တောင်းပန်ပါတယ်နော်။ ကျေးဇူးပြုပြီး ကျွန်တော့်အနားကို လာခဲ့ပေးပါ"

ထိုသို့ပြောမှ အနားကို ရောက်ချလာလေသည်။

"ထူးခြား ကျောင်းမလာဘူးလား"

"သူက ဒီနေ့ ကျောင်းမလာရင် ချစ်သူနဲ့လျှောက်လည်နေတယ်ဆိုပြီး စော်ရှိတယ်လို့ လူအထင်ခံရလည်း နည်းလားဆိုပြီး လူအထင်ကြီးခံရအောင် ကျောင်းမလာတာနေမှာပေါ့"

"ဟျောင့် သာထူး မင်းဘယ်သူ့ကို ပြောတာလဲ"

အတန်းထဲကို ဝင်လာသည့် ထူခြားကမေးတော့ သာထူးခေါင်းလေး ပုဝင်သွားပြီး မျက်နှာချို စသွေးပါတော့သည်။

"ဟာ ထူခြား သူငယ်ချင်း။ ခုမှ ကျောင်းလာတာလား။ ဘာလို့နောက်ကျနေတာလဲ"

"မင်း ငါ့အတင်းကို ဘာတွေပြောနေလဲသိအောင် တမင်နောက်ကျပြီးမှ လာတာ"

"မင်းကလည်း ငါကမင်းအတင်းကို ဘာလို့ပြောရမှာလဲ။ ပြောစရာလား"

"နေပါ ခုပဲ လူအထင်ကြီးခံရ နည်းလားဆို"

"မင်းကိုပြောတာ မဟုတ်ဘူး။ ဇေယျာ့ကိုပြောတာ"

"နေပါ"

အတန်းထဲ စဝင်လာထဲက သာထူးနဲ့ ထူးခြား စတင်ပြီး စကားနိုင်လု‌နေပါပြီ။ နှစ်ယောက်ထဲ တရစပ် ရေပက်မဝင်ကို ပြောတာပါ။ ထိုသို့ပြောသည့်အချိန်တိုင်း သူတို့နှစ်ယောက်ကြားကို ဘယ်တော့မှ ကြားလူဝင်လို့မရခဲ့ပေ။

"ဒါနဲ့ ဘာလို့နောက်ကျနေတာလဲ"

"ငါ့ဆိုင်ကယ် ပျက်နေလို့ ကြာနေတာ"

"ဪ . . . အဆင်ပြေသွားပြီလား"

"ဟင့်အင် မပြေဘူး။ ကိုကြီးစစ်ပိုင်က သူ့ဆိုင်ကယ်ထားခဲ့လို့ အဲ့ဒါ ကိုကြီးစစ်ပိုင်ဆိုင်ကယ်ကို ယူလာတာ"

"ဪ . . . တော်သေးတာပေါ့။ သူက အဲ့လိုကြပေးတယ်လား"

"အင်း။ ကိုကြီးစစ်ပိုင်က အရမ်းသဘောကောင်းတာ။ သူ့သူငယ်ချင်တွေဆို သူ့ပစ္စည်းတွေချည်းပဲ ယူသုံးကြတာ။ ဘာတစ်ခွန်းမှ မပြောဘူး။ အဆောင်မှာ ငါတို့သုံးတဲ့ ပစ္စည်းအားလုံးရဲ့ တစ်ဝက်လောက်က ကိုကြီးစစ်ပိုင်ပစ္စည်းတွေ"

"ဪ . . ."

ဘဲကြီးက ဘယ်ဆိုးလို့လဲ။ သဘောတော့ကောင်းသား။

"ငါတို့ ဒီနေ့ တစ်နေရာသွားရအောင်လေ"

"ဘယ်သွားမှာလဲ"

ထူခြားရဲ့စကားကို လင်းရာပြန်မေးလိုက်တော့ တက်တက်ကြွကြွ ပြန်ဖြေသူက သာထူးရယ်ပါ။

"ဘုရားသွားပြီး အတွဲချောင်းရအောင်လေ"

"သာထူး မင်းပြောတဲ့စကားထဲမှာ ဒီစကားက အသင့်တော်ဆုံးပဲ။ သွားရအောင်လင်းရာ"

"မင်းတို့သွားရင်သွားလေ။ ငါမလိုက်တော့ဘူး"

"ဘာလို့လဲကွာ မင်းကလည်း။ ဒီအချိန်က ဘုရားသွားလို့ကောင်းဆုံး အချိန်ပဲကို"

"ငါ သိပ်နေလို့မကောင်းလို့။ နုံးနေသလို ခံစားရလို့"

"ဟင် ဟုတ်လား။ မှန်း . . . နေမကောင်းဘူးလား"

ထူးခြားက လင်းရာနဖူးပေါ် လက်တင်ပြီးစမ်းလိုက် သူ့နဖူးကို သူပြန်စမ်းလိုက်နဲ့ ကိုယ် ပူလား မပူလား စမ်းကြည့်တော့ သာထူးကပါ နောက်ကလိုက်လုပ်နေပေသည်။

"မင်းတို့ ဒီနေ့ စမ်းလို့ပြီးကြဦးမှာလား"

"အင်း နည်းနည်းတော့ ရှိန်တိန်တိန်နဲ့"

"အာ့ဆို ငါတို့ ဦးတီးကန်တင်းသွားရအောင်"

"အင်း သွားမယ်လေ"

အတန်းထဲကို တီချယ်လည်း မလာသေးတာကြောင့် ဦးတီးကန်တင်းကို ထွက်လာခဲ့လိုက်ကြသည်။

ကန်တင်းရောက်တော့ ထုံးစံအတိုင်း Super ကော်ဖီလေး တစ်ယောက်တစ်ထုတ်ဖျော်ပြီး ထိုင်နေလိုက်ကြသည်။ ကိုယ်စီ ကိုယ်စီ ဂိမ်းဆော့နေကြပေမယ့် ထိုင်ရတာကြာတော့ နည်းနည်းပျင်းလာသလို ရှိလာကြလေသည်။

"ဟျောင့်တွေ ပျင်းတယ် ဖဲရိုက်ရအောင်"

"အလကားကြေးတော့ မဆော့ဘူး ဟျောင့်။ ၁၀၀ကြေးဆော့ကြမယ်။ အဲ့ဒါမှ ပျင်းဖို့မကောင်းမှာ"

"မင်း မညစ်ရဘူးနော် သာထူး"

"အေးပါကွာ မင်းကလည်း လူကို မယုံသလို မကြည်သလိုနဲ့"

"မင်းက ယုံချင်စရာကောင်းတာကိုး"

"ရဲရဲကြီး ယုံလိုက်ပါ။ ဒါနဲ့ ဘာဆော့မှာလဲ။ ရှမ်းလား၊ ပေါ်ကာလား၊ စင်္ကာပူလား၊ ဘူကြီးလား ဘာကစားမှာလဲ"

"ပေါ်ကာဒေါင်းမယ်။ အဲ့တာမှ ကြာကြာဆော့ရမှာ"

"Ok ခဏ ငါ ဖဲထုပ်သွားယူလိုက်ဦးမယ်"

သာထူးနဲ့ ထူခြားတို့ နှစ်ယောက် တိုင်ပင်နေတာ တော်တော် အဆင်ပြေနေကြပါပြီ။

"ဟျောင့်တွေ ငါဖဲမရိုက်တတ်ဘူးဟ"

"ငါတို့ သင်ပေးမှာပေါ့ကွာ လင်းရာလေးရာ။ ဘာမှမသိ ဘာမှမတတ်တဲ့ လင်းရာလေးအကြောင်းကို ကိုကိုတို့က သိတယ်။ ကိုကိုသင်ပေးနော်"

"ချီးပဲ သာထူး"

"ခဏစောင့် ဘေဘီ။ ကိုကို ဖဲထုပ်သွားယူလိုက်ဦးမယ်"

ဖဲထုပ်ယူပြီး ပြန်လာတော့ မျက်နှာလေးက ရှုံ့မဲ့လို့။

"ဘာဖြစ်လာတာလဲ"

"ဖဲထုပ်က တစ်ထုပ်ပဲရှိလို့"

"တစ်ထုပ်နဲ့လည်း ဆော့လို့ရပါတယ်ကွာ"

"Jokerလည်းမရှိဘူး"

"ဟ . . . ဟျောင့်ရ . . . ဝိုင်းကြီးဆော့မှာကြနေတာပဲ။ မင်းရယ် ငါရယ် လင်းရာရယ်ပဲ ရှိတာလေ။ ပြီးတော့ အပျော်ဆော့မယ့်ဟာကို။ ဘယ်လိုတွေဖြစ်နေလဲ"

"အစုံရှိတော့ ပိုဆော့လို့ကောင်းတာပေါ့"

"မစုံလည်း ဆော့လို့ဖြစ်တယ် လာ။ အဓိကက ဆော့ရဖို့ပဲ"

လင်းရာဘဝကလည်း သာထူးနဲ့ ထူးခြားကြားမှာ ပွဲကြည့် ပရိသတ်အဆင့်သာ။ ကိုယ့်လည်း ဘယ်သူမှ အဖက်မလုပ်ကြဘူး။ ကိုယ်ဟာ သူတို့နှစ်ယောက်ကြား ဘောင်မဝင်ခဲ့။

"လင်းရာ လာ။ ကိုကိုပြောပြမယ်"

"သာထူးရေ . . . ငါက ငွေခြည်မဟုတ်သလို လက်မပါတာလည်း မဟုတ်ဘူးနော်"

"အင်းပါ သိတာပေါ့ ဘေဘီကလည်း။ ကိုကို ပြောပြမယ် ဒီမှာကြည့် ပေါ်ကာဒေါင်းမယ်ဆိုရင် တစ်ယောက်ကို ၁၃ချပ်ဝေရတယ်"

"အင်း"

"၁၃ချပ်မှာ ၄ထွေတစ်ခု မပါမဖြစ်ပါရတယ်။ ၄ထွေတစ်ခု ၃ထွေ သုံးခုရရင် မင်းနိုင်ပြီ"

"အင်း . . . ထွေတယ် ဆိုတာက ဘာလဲ"

"ထွေတယ်ဆိုတာကွာ။ ဂဏန်းတူ ၃လုံး ဒါမှမဟုတ်လေးလုံး စုရတာ။ ဂဏန်းတူရင်ပြီးရော အပူးပေါ့ကွာ။ ဂဏန်းတူ အပူးမဟုတ်ဘဲ လိုင်းတူ စီနီယာဆိုလည်းရတယ်"

"အင်းးးးလိုင်းက ဘယ်လိုတူရတာလဲ"

"စပိတ် ဟက် ဒေါင့် ညှင်းဆိုတာရှိတယ်။ မဲမဲလေးနဲ့ ညောင်ရွက်ပုံစံလေးက စပိတ် သူကအကြီးဆုံးပဲ။ အနီရောင် အသဲပုံလေးက Heart ဟက် ဒုတိယ အကြီးဆုံး။ အနီရောင် လေးထောင့်လေးက တတိယအကြီးဆုံး။ ပန်းပုံစံ အမဲရောင် လေးက အငယ်ဆုံးပဲ"

"အင်း"

"စီနီယာလိုင်းတူဆိုတာက စပိတ်ဆိုလည်း စပိတ်ကြီးပဲ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး တစ်ဆယ် စီနီယာ သုံးလုံးပူးလည်းရတယ်။ လေးလုံးပူးလည်းရတယ်။ J, Q, K, A ဆိုလည်းရတယ်။ 10, J, Q, K, A လည်းရတယ် 9, 10, J, Q တို့ 8, 9, 10, J ကြိုက်သလိုစီလို့ရတယ်"

"ဖဲမှာ စပိတ် 1က အကြီးဆုံးပဲ စပိတ်A လို့လည်းခေါ်တယ်။ အက္ခရာတွေထဲမှာ J ကအငယ်ဆုံး၊ J, Q, K, Aအဲ့လို့ အစဉ်လိုက်လေးသွားတယ်"

"အင်း။ လေးလုံးတစ်ထွေ သုံးလုံး သုံးထွေပြည့်ရင် နိုင်ပြီမို့လား"

"အင်း နိုင်ပြီ"

"ငါးလုံးနှစ်ထွေ သုံးလုံးတစ်ထွေဆိုလည်းရတယ်။ ဒါပေမဲ့ ပုံမှန်ကတော့ လေးလုံးတစ်ထွေ သုံးလုံး သုံးထွေ ရရင်နိုင်ပြီ"

"အင်း"

"မင်းရဲ့ အရှေ့ကလူ ပစ်ချတဲ့ ဖဲချပ်ကို မင်းအတွက်လိုအပ်တယ်ဆိုရင် ကောက်စားချင်လည်းရတယ်။ ကောက်မစားချင်လို့ ဖဲပုံထဲက ဆွဲရင်လည်းရတယ်။ တစ်ကဒ်ယူပြီးတာနဲ့ မင်းအတွက်မလိုအပ်ဘူးထင်တဲ့ကဒ် ဒါမှမဟုတ် မင်းမလိုချင်တဲ့ ကဒ်တစ်ကဒ်ကို ပြန်ပစ်ချရမယ်။ Okလား"

"Ok Ok ငါကစားတတ်ပြီ"

သာထူးရဲ့ သင်ကြားပို့ချမှုအောက်မှာ လင်းရာ တော်တော်လေး ကျွမ်းကျင်သွားပါပြီ။

ပထမပွဲအစမှာ အခက်အခဲတွေ ရှိတယ်ဆိုပေမယ့် နောက်ပွဲတွေမှာတော့ လင်းရာ ‌ကျွမ်းကျင်သွားပါပြီ။ ခုဆို လင်းရာ နှစ်ပွဲနိုင်ထားပြီးပြီ မဟုတ်ပါ့လား။ သင်လွယ် တတ်လွယ်တဲ့ လင်းရာအတွက်တော့ ဘယ်အရာမှ မခက်ခဲပေ။

"လင်းရာက 10ညှင်း စောင့်နေတာပဲ"

"ဟာကွာ ဘယ်ကောင်လဲကွာ"

နောက်ကနေ ဖြတ်သွားရင်း လင်းရာဖဲချပ်ကိုကြည့်ပြီး လင်းရာလိုနေတဲ့ကဒ်ကို ပြောလိုက်တဲ့သူကိုလှည့်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့သူက ဟိုလူကြီး။

"ခင်ဗျားကြီးဗျာ"

"ဘာလဲကွာ"

"ပိုက်ဆံကြေး ဆော့နေတာကို ဘာလို့ ပြောပြလိုက်ရတာလဲဗျ"

"ဘယ်လောက်ကြေးတောင် ဆော့နေလို့လဲ"

"၁၀၀ကြေးဗျ"

"ဪ . . . ဪ . . . လောင်းကြေးက တော်တော်မြင့်တာပဲ"

"လောင်းကြေးမြင့်မြင့် မမြင့်မြင့်ဗျာ။ ခင်ဗျားကြောင့် ကျွန်တော် မနိုင်ရင် ခင်ဗျားကြီးနဲ့ ကျွန်တော် အတွေ့ပဲ"

"ဟုတ် ဘေဘီလာတွေ့မယ့်အချိန်ကို ကိုယ် ဒီနားလေးမှာ ထိုင်ပြီးစောင့်နေမယ်နော်"

လူကို ရွဲ့တိရွဲ့စောင်း ပြောင်တိပြောင်ချော် လာလုပ်ပြနေတဲ့ ဘဲကြီးကို စိတ်တိုတိုနဲ့ ထရိုက်ချင်စိတ် ပေါက်နေပါပြီ။

"လင်းရာလေးက 9ညှင်းနဲ့ Jညှင်းလေးကိုင်ပြီး 10ညှင်းစောင့်နေတာကို ထူးခြားတို့ကို ပြောမပြတော့ဘူးနော် ဘေဘီ"

"လူယုတ်မာကြီး"

"ဟားးးးဟားးးး ဘာရုပ်လေးလားကွာ"

စိတ်တိုတိုနဲ့ အော်လိုက်တဲ့ လင်းရာကိုကြည့်ပြီး ဒီလောက်ထိ ရယ်ဖို့လိုလို့လား။ လင်းရာပြောတဲ့အထဲမှာ ဘာက ရယ်စရာပါနေလို့ပါလဲ။ ဒီလူကြီး ရူးနေပြီ။

ကလေးလေးက စိတ်ဆိုးတဲ့အခါတိုင်း တကယ်ကို ချစ်ဖို့ကောင်းလွန်းပါသည်။ စိတ်ဆိုးလို့ အော်လိုက်တိုင်း ကလေးပေါက်စ လိုတာမရလို့ ဂျီကျနေတဲ့ အတိုင်းပါပဲ။ ဖျစ်ညှစ်ချင်စရာလေး။

ဆော့နေတဲ့ပွဲက ရှူံးသွားတော့ မျက်နှာလေး ဆူပုတ်ကာ စစ်ပိုင်ကို လှမ်းကြည့်ပြီး လက်သီးလေး ရွယ်ပြလာသည်။ စစ်ပိုင် မချိုမချဉ် ပြုံးပြလိုက်တော့ ပွစိပွစိ ရေရွတ်ပြီး ဟိုဘက်ကို ပြန်လှည့်သွားလေသည်။

"လင်းရာ"

"ဟင်"

"ကွမ်းစားမလား"

"ငါတစ်ခါမှ မစားဖူးဘူး"

"စားဖူးတယ်ရှိအောင် စားကြည့်ပါ့လား။ ဘယ်အရာမဆို ကောင်းမကောင်း ကိုယ်တိုင်သိဖို့ တစ်ခါလောက်တော့ လုပ်ဖူးကြည့်ရတယ်။ မကောင်းဘူးထင်ရင် ဆက်မလုပ်နဲ့။ မလုပ်ဖူးတာမရှိအောင်တော့ လုပ်ကြည့်ရတယ်။ ဒါမှ ကောင်း မကောင်းကို သေချာခွဲခြားနိုင်ပြီး မကောင်းတဲ့အရာကို ပိုပြီးရှောင်ကျဉ်နိုင်မှာ"

"အင်း . . . ဒါနဲ့ စားလို့ရော ကောင်းလား"

"ကြိုက်ရင်တော့ ကောင်းတာပေါ့ကွ။ ငါနဲ့သာထူးတောင် မနေ့ကမှ စမ်းပြီးစားကြည့်တာ။ ကောင်းသလိုလို မကောင်းသလိုလိုပါပဲ။ ဒီနေ့ စားကြည့်ပြီးလို့မှ မကောင်းရင်တော့ နောက်မစားတော့ဘူးလို့ ဆုံးဖြတ်ထားတယ်"

"အဲ့ဒါဆို ငါလည်း စားကြည့်ချင်တယ်"

"နည်းနည်းတော့ မူးတယ်နော်"

"ဟမ် မူးတယ်လား"

"အင်း အထဲမှာပါတဲ့ 92ဖတ်လေးတွေကို နည်းနည်းဖယ်စားလိုက်။ ငါနှပ်ဆေးတော့ လျှော့ထည့်လာတယ်။ ကိုကြီးစစ်ပိုင်တို့က 92 နှပ်ဆေး စားတော့ ငါလည်းသူတို့လို့ လိုက်စားကြည့်တာ"

"အင်း ပေး"

ထူးခြားပေးတဲ့ ကွမ်းယာကို ဖြည်ကြည့်‌လိုက်ပြီး အထဲက 92ဖတ်လေးတွေကို နည်းနည်းဖယ်ထုတ်လိုက်ရသည်။ စားရကောင်းမလား မစားရကောင်းမလား ဝေခွဲမရ ဖြစ်နေပေမယ့် နောက်ဆုံးတော့ ကွမ်းယာလေးကို ပြန်လိပ်၍ ပါးစပ်ထဲ ထည့်ပြီး ဝါးလိုက်သည်။

"အရည်တွေကို မျိုမချရဘူးနော် လင်းရာ"

"အင်း"

"ဝါးပြီးတာနဲ့ လုံးဝမျိုမချလိုက်နဲ့နော်။ စပြီး ဝါးလိုက်ထဲက ထွက်လာတဲ့ အရည်မှန်သမျှ ထွေးထုတ်လိုက်"

"အင်း ဘာလို့လဲ"

"ဗိုက်ထဲကို အရည်တွေဝင်သွားရင် မူးလည်းမူးမယ်။ ရောဂါလည်းဖြစ်မယ်။ ဝါးပြီးထွေးထုတ်တာ အန္တာရယ်ကင်းတယ်"

"မျိုမချရဘဲ ဘာလို့ စားတာလဲ"

"အပျင်းပြေဝါးတဲ့ သဘောမျိူးပေါ့ကွာ။ ကြိုက်တဲ့သူတွေကြတော့ ကြိုက်လို့ကို ဝါးတာပေါ့"

ထူးခြားပြောသလို ဝါးပြီးထွက်လာတဲ့ အရည်တွေကို လင်းရာထွေးထုတ်လိုက်သည်။

"ထွီ"

ထွီဆိုတဲ့အသံကို ထူးခြား‌တို့ဝိုင်းက ကြားလိုက်ရတာကြောင့် စစ်ပိုင်လှမ်းကြည့်လိုက်တော့ အသံက ဘေဘီ့ဆီက ထွက်လာတဲ့အသံပါ။ ကြည့်လိုက်တော့ ဘေဘီက ကွမ်းဝါးပြီး ကွမ်းသထွေး‌ ထွေးနေတာပင်။ ဒီကလေးကတော့။

"အတတ်ကောင်းတွေ တတ်နေတယ်ပေါ့လေ"

"ဟင်"

ဆူသံကြားတော့ လင်းရာလန့်သွားရသည်။

"ခုချက်ချင်း ပါးစပ်ထဲက ကွမ်းကို ထွေးထုတ်လိုက်စမ်း လင်းရာ"

အနားကိုရောက်လာပြီး ကွမ်းထွေးခိုင်းတဲ့သူကိုကြည့်လိုက်တော့ ဟိုလူကြီး။ စမ်းတွေ ဘာတွေနဲ့ အမိန့်တွေ လာပေးနေတဲ့ လူကြီးကို ကြည့်မရတာကြောင့် အကန်တွေ ပြောပြစ်လိုက်သည်။

"ကိုယ့်ပါးစပ်နဲ့ ကိုယ့်ဘာကို စားချင်လို့စားတာလေ။ ဘာလို့ ခင်ဗျား အမိန့်ပေးတိုင်း ထွေးပစ်ရမှာလဲ"

"မင်း ငါ့စကားကို နားမထောင်ရင် ခင်လေးကို ခုချက်ချင်း လှမ်းတိုင်မှာ"

"ခင်ဗျားက မမကို လှမ်းတိုင်မှာ။ စကားပြောရဲအောင်ပဲ အရင်လုပ်ပါဦး"

"ချမ်းမြေ့"

"ဟေ"

"နွယ့်ကို ဖုန်းဆက်ပြီး ပြောလိုက်။ လင်းရာ ကွမ်းတွေစားနေတာတွေ့လို့ ခင်လေးကို ‌လှမ်းပြောတာလို့ပြောလိုက်"

"အေးအေး"

"ခုချက်ချင်း ဆက်နော်"

"အေး"

နွယ့်ကို စစ်ပိုင်ကိုယ်တိုင် ဖုန်းဆက်လို့ မရတာကြောင့် ချမ်းမြေ့ကို တစ်ဆင့်ခံ ဆက်ခိုင်းရပေသည်။ နွယ်တို့ တစ်ဖွဲ့လုံးက ခင်လေးနဲ့ပတ်သက်ပြီး စစ်ပိုင်ကို မုန်းနေကြသလို စကားလည်းမပြောကြတာကြောင့် စစ်ပိုင်လည်း နွယ်တို့ကို မခေါ်ရဲပေ။

စစ်ပိုင်သူငယ်ချင်းတွေကလည်း စစ်ပိုင်ကို ချစ်ကြသည်မို့ စစ်ပိုင်စကားတစ်ခွန်းပင်။ ဘာလေးပဲခိုင်းခိုင်း စစ်ပိုင်ခိုင်းတဲ့အတိုင်း ချက်ချင်း လိုက်လုပ်ပေးတတ်ကြပေသည်။

ဒီလူကြီး ဘာလုပ်တာပါလိမ့်။ ကိုကြီးချမ်းမြေ့ကို လှမ်းကြည့်လိုက်တော့လည်း တကယ်ဖုန်းခေါ်နေတာကို တွေ့လိုက်ရသည်။

"ခင်ဗျားကြီး ဘာလုပ်တာလဲ။ တကယ် တိုင်တာလား"

"မင်းမှ ကိုယ့်စကားကို နားမထောင်တာပဲ။ အဲ့တော့ မင်းလေး စကားနားထောင်နိုင်မယ့်သူကို လှမ်းပြောရမှာပေါ့"

"ဟမ်"

လင်းရာကြောင့် မမားစိတ်ညစ်ရမှာကို ကြောက်သည်မို့ မမားကို လူကြီးလှမ်းမတိုင်ဖို့ ပြောရသည်။

"ဟိုလေ လူကြီးစကားကို နားထောင်မှာမို့ မမားကို လှမ်းမတိုင်ပါနဲ့နော်"

"အဲ့တာဆို ခုချက်ချင်း ကွမ်းကို ထွေးထုတ်လိုက်"

"ဟုတ် . . . ထွီ"

"ပလုတ်ကျင်း"

"ဟုတ်"

လူကြီးခိုင်းတဲ့အတိုင်း ကွမ်းကိုထွေးထုတ်ပြီး ပလုတ်ကျင်းလိုက်သည်။

ကွမ်းသေချာ ထွေးထုတ်ပြီဆိုတော့မှ ချမ်းမြေ့ကို ဖုန်းမဆက်ဖို့ လှမ်းတားလိုက်သည်။

"ချမ်းမြေ့ နွယ့်ကို မဆက်နဲ့တော့"

"အင်း . . . တော်သေးတယ်။ နွယ်က မအားဘူးထင်တယ်။ ဖုန်းမကိုင်သေးဘူး"

"အင်း မခေါ်နဲ့တော့"

"Ok"

ချမ်းမြေ့နဲ့ စစ်ပိုင်ပြောနေတာကို ကလေးလေးက မျက်နှာငယ်လေးနဲ့ လိုက်ကြည့်နေရှာသည်။

"ဖုန်းမဆက်တော့ဘူးနော်။ စိတ်မပူနဲ့တော့"

"ဟုတ်"

"လိမ္မာတယ်။ နောက်ဆို ကွမ်းကို လုံးဝ မစားရဘူးနော်"

"ဟုတ်"

"ဒီတစ်ခါ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပါစေ။ နောက်တစ်ခါ စားတယ်လို့ သိရရင် ခင်လေးကို တကယ်တိုင်မှာနော်"

"ဟုတ်"

"ကိုယ် မင်းအတွက်ပြောတာမို့ စိတ်မဆိုးနဲ့"

"ဟုတ်"

တဟုတ်ဟုတ်နဲ့ ခေါင်းလေးငြိမ့်ကာ ငိုမဲ့မဲ့လေးဖြစ်နေသည့် ကလေးလေးကို သနားသွားရသည်။ မမားကို သိပ်ချစ်တဲ့ ကလေးလေးမို့ မမားကို တိုင်မှာကိုတော့ တကယ်ကြောက်သည့် ကလေးလေးပင်။ ခင်လေးက သူ့အတွက် အမေလို အရေးကြီးတဲ့သူ မဟုတ်လား။ သူလေး စိုးရိမ်သွားရှာ‌မှာပေါ့။

"ထူးခြား"

"ဗျာ"

"နောက်ဆို အတတ်ကောင်းတွေ သင်မပေးနဲ့ ကြားလား"

"ဟုတ် ကိုကြီး"

စစ်ပိုင်ကို သိပ်ကြောက်သည့် ထူးခြားက စစ်ပိုင်စကားတစ်ခွန်းပင်။ နှစ်ခါပြောစရာမလိုပေ။

ကလေးတွေကို ဆူပြီးတာနဲ့ စစ်ပိုင်နဲ့ချမ်းမြေ့ ကန်တင်းကနေ ထွက်လာခဲ့လိုက်သည်။

"ကိုကြီး စစ်ပိုင်က မင်းကို အရမ်းဂရုစိုက်တာပဲ လင်းရာ"

"မတော်လိုက်ရတဲ့ ယောက်ဖလေးမို့ နေမှာပေါ့"

ထူးခြားကအကောင်းပြောလျှင် သာထူးက ထိုသို့ထဖောက်တတ်ပေသည်။

"ငါ စကားကောင်းပြောနေတာ သာထူးအောင်"

"ငါက စတာကို"

"မစနဲ့ ငါအတည်ပြောနေတာ။ လင်းရာ မင်းလည်း ကိုကြီးစစ်ပိုင်ကို စိတ်မဆိုးနဲ့နော်။ သူက မကောင်းတာကို မလုပ်စေချင်လို့ တားတာပါ။ မင်းကို ဂရုစိုက်လို့ မင်းကို‌ပဲပြောတာ။ ငါဆို မနေ့က အဆောင်မှာ သူ့ရှေ့တင်စားတာ ငါ့ကိုဘာမှမပြောဘူး။ လူကြီးဖြစ်နေပြီ လုပ်ဖူးတယ်ရှိအောင် လုပ်ကြည့် မကောင်းဘူးထင်ရင် နောက်မလုပ်နဲ့တော့လို့ ငါ့ကို သူပဲပြောခဲ့တာ"

"မင်းကြတော့ လူကြီးဖြစ်ပြီဆို‌တော့ ဒါဆို ငါက ကလေးလား"

"မင်းကို ကလေးလေးလိုပဲ မြင်လို့နေမှာပါကွာ။ ကိုကြီးကို စိတ်မဆိုးနဲ့နော်"

"အင်း"

မမားနဲ့ လူကြီးအမြင်မှာ လင်းရာဘယ်တော့မှ လူကြီးဖြစ်လာမှာလဲ။

Sat, Jul 3 (3/7/2021/Sat)

****************

#Zawgyi

"Happy Valentine's Day" ဆိုတဲ့ Postcardေလးတစ္ခုနဲ႔ လင္းရာရဲ့ခုံေပၚကို ေရာက္လာတဲ့ ေခ်ာကလက္ဘူးေတြ။ ဘယ္သူေပးတာလဲလို႔ ေမးၾကည့္ေတာ့လည္း ဘယ္သူမွမသိၾကေပ။ Postcard ေလးရဲ့ေနာက္မွာ ေရးထားတာက . . . . .

💌လိမ္လိမ္မာမာေနပါေဘဘီ။ ကိုယ္စိတ္ထိခိုက္ေအာင္ သိပ္မလုပ္ပါနဲ႔💌

"လင္းရာ မင္းစာႀကီးက ဘယ္လိုႀကီးလဲဟ။ ေယာကၤ်ားႀကီး ေပးတာလား ဘာလား"

"အင္း ဟုတ္မွာေပါ့"

"ဒါနဲ႔ မင္းမွာ ေခ်ာကလက္ေတြ အမ်ားႀကီးပဲ။ ငါတို႔ကိုေရာ မေကၽြးခ်င္ဘူးလား"

"ေစာ္ကိုၾက ပိုက္ဆံမရွိဘဲ ေခ်းၿပီး ဝယ္ေပးတဲ့ ဖြန္ေၾကာင္လြန္းတဲ့ မင္းဖို႔မပါဘူး"

"ဘာ"

"ဟုတ္တယ္ မမားက မင္းတို႔အကုန္လုံးဖို႔ ထည့္ေပးလိုက္ေပမယ့္ ငါကမင္းကိုမေကၽြးခ်င္လို႔။ ေစတနာ သဒၶါတရားမရွိလို႔ကြာ ရွင္းလား"

"လင္းရာစုတ္ ငါတစ္ဘူးလုံးစားျပစ္မွာ ၾကည့္ေန"

"စားရဲရင္ စားေပါ့"

"စားမွာ"

ေျပာလည္းေျပာ မမားေပးလိုက္တဲ့ဘူးကို လုၿပီးထြက္ေျပးသြားတဲ့ သာထူးကိုၾကည့္ၿပီး လင္းရာ ျပဳံးမိသည္။ အဖြဲ႕ထဲမွာ သာထူးက ကေလးအဆန္ဆုံးနဲ႔ ခ်စ္ဖို႔အေကာင္းဆုံးပါ။ စ'လို႔လည္းေကာင္းသလို ဘုမသိ ဘမသိ တုံးလြန္းတဲ့ေနရာမွာလည္း ဆရာတစ္ဆူပါပဲ။

"ဒီမွာလာစား သာထူးရ။ မ်ိဳးသြင္တို႔ ေဇယ်ာတို႔အတြက္ပါ ပါတယ္။ မင္းတစ္ေယာက္ထဲ စားမေနနဲ႔"

"ကိုသာထူးေအာင္ကို ကၽြန္ေတာ္ ေတာင္းပန္ပါတယ္လို႔ေျပာ။ ေျပာရင္ လာမယ္"

"ေဟ်ာင့္ ငါကဘာလို႔ေတာင္းပန္ရမွာလဲ"

"မင္းေျပာလို႔ ငါ အရမ္းစိတ္မေကာင္း ျဖစ္သြားတာေလ"

"အဲ့႐ုပ္က စိတ္ေကာင္းျဖစ္ေနတဲ့႐ုပ္လား"

"အင္း"

ေခ်ာကလက္ဘူးကိုပိုက္ၿပီး တစ္လုံးၿပီးတစ္လုံးစားကာ မ်က္ႏွာငယ္နဲ႔ ေခါင္းၿငိမ့္ျပေလသည္။

"ဖြန္ေၾကာင္လြန္းတဲ့ ကိုကို သာထူးေအာင္ကို ကၽြန္ေတာ္လင္းရာကပဲ ေတာင္းပန္ပါတယ္ေနာ္။ ေက်းဇူးျပဳၿပီး ကၽြန္ေတာ့္အနားကို လာခဲ့ေပးပါ"

ထိုသို႔ေျပာမွ အနားကို ေရာက္ခ်လာေလသည္။

"ထူးျခား ေက်ာင္းမလာဘူးလား"

"သူက ဒီေန႔ ေက်ာင္းမလာရင္ ခ်စ္သူနဲ႔ေလၽွာက္လည္ေနတယ္ဆိုၿပီး ေစာ္ရွိတယ္လို႔ လူအထင္ခံရလည္း နည္းလားဆိုၿပီး လူအထင္ႀကီးခံရေအာင္ ေက်ာင္းမလာတာေနမွာေပါ့"

"ေဟ်ာင့္ သာထူး မင္းဘယ္သူ႔ကို ေျပာတာလဲ"

အတန္းထဲကို ဝင္လာသည့္ ထူျခားကေမးေတာ့ သာထူးေခါင္းေလး ပုဝင္သြားၿပီး မ်က္ႏွာခ်ိဳ စေသြးပါေတာ့သည္။

"ဟာ ထူျခား သူငယ္ခ်င္း။ ခုမွ ေက်ာင္းလာတာလား။ ဘာလို႔ေနာက္က်ေနတာလဲ"

"မင္း ငါ့အတင္းကို ဘာေတြေျပာေနလဲသိေအာင္ တမင္ေနာက္က်ၿပီးမွ လာတာ"

"မင္းကလည္း ငါကမင္းအတင္းကို ဘာလို႔ေျပာရမွာလဲ။ ေျပာစရာလား"

"ေနပါ ခုပဲ လူအထင္ႀကီးခံရ နည္းလားဆို"

"မင္းကိုေျပာတာ မဟုတ္ဘူး။ ေဇယ်ာ့ကိုေျပာတာ"

"ေနပါ"

အတန္းထဲ စဝင္လာထဲက သာထူးနဲ႔ ထူးျခား စတင္ၿပီး စကားနိုင္လု‌ေနပါၿပီ။ ႏွစ္ေယာက္ထဲ တရစပ္ ေရပက္မဝင္ကို ေျပာတာပါ။ ထိုသို႔ေျပာသည့္အခ်ိန္တိုင္း သူတို႔ႏွစ္ေယာက္ၾကားကို ဘယ္ေတာ့မွ ၾကားလူဝင္လို႔မရခဲ့ေပ။

"ဒါနဲ႔ ဘာလို႔ေနာက္က်ေနတာလဲ"

"ငါ့ဆိုင္ကယ္ ပ်က္ေနလို႔ ၾကာေနတာ"

"ဪ . . . အဆင္ေျပသြားၿပီလား"

"ဟင့္အင္ မေျပဘူး။ ကိုႀကီးစစ္ပိုင္က သူ႔ဆိုင္ကယ္ထားခဲ့လို႔ အဲ့ဒါ ကိုႀကီးစစ္ပိုင္ဆိုင္ကယ္ကို ယူလာတာ"

"ဪ . . . ေတာ္ေသးတာေပါ့။ သူက အဲ့လိုၾကေပးတယ္လား"

"အင္း။ ကိုႀကီးစစ္ပိုင္က အရမ္းသေဘာေကာင္းတာ။ သူ႔သူငယ္ခ်င္ေတြဆို သူ႔ပစၥည္းေတြခ်ည္းပဲ ယူသုံးၾကတာ။ ဘာတစ္ခြန္းမွ မေျပာဘူး။ အေဆာင္မွာ ငါတို႔သုံးတဲ့ ပစၥည္းအားလုံးရဲ့ တစ္ဝက္ေလာက္က ကိုႀကီးစစ္ပိုင္ပစၥည္းေတြ"

"ဪ . . ."

ဘဲႀကီးက ဘယ္ဆိုးလို႔လဲ။ သေဘာေတာ့ေကာင္းသား။

"ငါတို႔ ဒီေန႔ တစ္ေနရာသြားရေအာင္ေလ"

"ဘယ္သြားမွာလဲ"

ထူျခားရဲ့စကားကို လင္းရာျပန္ေမးလိုက္ေတာ့ တက္တက္ႂကြႂကြ ျပန္ေျဖသူက သာထူးရယ္ပါ။

"ဘုရားသြားၿပီး အတြဲေခ်ာင္းရေအာင္ေလ"

"သာထူး မင္းေျပာတဲ့စကားထဲမွာ ဒီစကားက အသင့္ေတာ္ဆုံးပဲ။ သြားရေအာင္လင္းရာ"

"မင္းတို႔သြားရင္သြားေလ။ ငါမလိုက္ေတာ့ဘူး"

"ဘာလို႔လဲကြာ မင္းကလည္း။ ဒီအခ်ိန္က ဘုရားသြားလို႔ေကာင္းဆုံး အခ်ိန္ပဲကို"

"ငါ သိပ္ေနလို႔မေကာင္းလို႔။ ႏုံးေနသလို ခံစားရလို႔"

"ဟင္ ဟုတ္လား။ မွန္း . . . ေနမေကာင္းဘူးလား"

ထူးျခားက လင္းရာနဖူးေပၚ လက္တင္ၿပီးစမ္းလိုက္ သူ႔နဖူးေပၚစမ္းလိုက္နဲ႔ ကိုယ္ ပူလား မပူလား စမ္းၾကည့္ေတာ့ သာထူးကပါ ေနာက္ကလိုက္လုပ္ေနေပသည္။

"မင္းတို႔ ဒီေန႔ စမ္းလို႔ၿပီးၾကဦးမွာလား"

"အင္း နည္းနည္းေတာ့ ရွိန္တိန္တိန္နဲ႔"

"အာ့ဆို ငါတို႔ ဦးတီးကန္တင္းသြားရေအာင္"

"အင္း သြားမယ္ေလ"

အတန္းထဲကို ခ်ယ္လည္းမလာေသးတာေၾကာင့္ ဦးတီးကန္တင္းကို ထြက္လာခဲ့လိုက္ၾကသည္။

ကန္တင္းေရာက္ေတာ့ ထုံးစံအတိုင္း Super ေကာ္ဖီေလး တစ္ေယာက္တစ္ထုတ္ေဖ်ာ္ၿပီး ထိုင္ေနလိုက္ၾကသည္။ ကိုယ္စီ ကိုယ္စီ ဂိမ္းေဆာ့ေနၾကေပမယ့္ ထိုင္ရတာၾကာေတာ့ နည္းနည္းပ်င္းလာသလို ရွိလာၾကေလသည္။

"ေဟ်ာင့္ေတြ ပ်င္းတယ္ ဖဲရိုက္ရေအာင္"

"အလကားေၾကးေတာ့ မေဆာ့ဘူး ေဟ်ာင့္။ ၁၀၀ေၾကးေဆာ့ၾကမယ္။ အဲ့ဒါမွ ပ်င္းဖို႔မေကာင္းမွာ"

"မင္း မညစ္ရဘူးေနာ္ သာထူး"

"ေအးပါကြာ မင္းကလည္း လူကို မယုံသလို မၾကည္သလိုနဲ႔"

"မင္းက ယုံခ်င္စရာေကာင္းတာကိုး"

"ရဲရဲႀကီး ယုံလိုက္ပါ။ ဒါနဲ႔ ဘာေဆာ့မွာလဲ။ ရွမ္းလား၊ ေပၚကာလား၊ စကၤာပူလား၊ ဘူႀကီးလား ဘာကစားမွာလဲ"

"ေပၚကာေဒါင္းမယ္။ အဲ့တာမွ ၾကာၾကာေဆာ့ရမွာ"

"Ok ခဏ ငါ ဖဲထုပ္သြားယူလိုက္ဦးမယ္"

သာထူးနဲ႔ ထူျခား ႏွစ္ေယာက္တိုင္ပင္ေနတာ ေတာ္ေတာ္ အဆင္ေျပေနၾကပါၿပီ။

"ေဟ်ာင့္ေတြ ငါဖဲမရိုက္တတ္ဘူးဟ"

"ငါတို႔ သင္ေပးမွာေပါ့ကြာ လင္းရာေလးရာ။ ဘာမွမသိ ဘာမွမတတ္တဲ့ လင္းရာေလးအေၾကာင္းကို ကိုကိုတို႔က သိတယ္။ ကိုကိုသင္ေပးေနာ္"

"ခ်ီးပဲ သာထူး"

"ခဏေစာင့္ ေဘဘီ။ ကိုကို ဖဲထုပ္သြားယူလိုက္ဦးမယ္"

ဖဲထုပ္ယူၿပီး ျပန္လာေတာ့ မ်က္ႏွာေလးက ရႈံ႔မဲ့လို႔။

"ဘာျဖစ္လာတာလဲ"

"ဖဲထုပ္က တစ္ထုပ္ပဲရွိလို႔"

"တစ္ထုပ္နဲ႔လည္း ေဆာ့လို႔ရပါတယ္ကြာ"

"Jokerလည္းမရွိဘူး"

"ဟ . . . ေဟ်ာင့္ရ . . . ဝိုင္းႀကီးေဆာ့မွာၾကေနတာပဲ။ မင္းရယ္ ငါရယ္ လင္းရာရယ္ပဲ ရွိတာေလ။ ၿပီးေတာ့ အေပ်ာ္ေဆာ့မယ့္ဟာကို။ ဘယ္လိုေတြျဖစ္ေနလဲ"

"အစုံရွိေတာ့ ပိုေဆာ့လို႔ေကာင္းတာေပါ့"

"မစုံလည္း ေဆာ့လို႔ျဖစ္တယ္ လာ။ အဓိကက ေဆာ့ရဖို႔ပဲ"

လင္းရာဘဝကလည္း သာထူးနဲ႔ ထူးျခားၾကားမွ ပြဲၾကည့္ ပရိသတ္အဆင့္သာ။ ကိုယ့္လည္း ဘယ္သူမွ အဖက္မလုပ္ၾကဘူး။ ကိုယ္ဟာ သူတို႔ႏွစ္ေယာက္ၾကား ေဘာင္မဝင္ခဲ့။

"လင္းရာ လာ။ ကိုကိုေျပာျပမယ္"

"သာထူးေရ။ ငါက ေငြျခည္မဟုတ္သလို လက္မပါတာလည္း မဟုတ္ဘူးေနာ္"

"အင္းပါ သိတာေပါ့ ေဘဘီကလည္း။ ကိုကို ေျပာျပမယ္ ဒီမွာၾကည့္ ေပၚကာေဒါင္းမယ္ဆိုရင္ တစ္ေယာက္ကို ၁၃ခ်ပ္ေဝရတယ္"

"အင္း"

"၁၃ခ်ပ္မွာ ၄ေထြတစ္ခု မပါမျဖစ္ပါရတယ္။ ၄ေထြတစ္ခု ၃ေထြ သုံးခုရရင္ မင္းနိုင္ၿပီ"

"အင္း . . . ေထြတယ္ ဆိုတာက ဘာလဲ"

"ေထြတယ္ဆိုတာကြာ။ ဂဏန္းတူ ၃လုံး ဒါမွမဟုတ္ေလးလုံး စုရတာ။ ဂဏန္းတူရင္ၿပီးေရာ အပူးေပါ့ကြာ။ ဂဏန္းတူ အပူးမဟုတ္ဘဲ လိုင္းတူ စီနီယာဆိုလည္းရတယ္"

"အင္းးးးလိုင္းက ဘယ္လိုတူရတာလဲ"

"စပိတ္ ဟက္ ေဒါင့္ ညႇင္းဆိုတာရွိတယ္။ မဲမဲေလးနဲ႔ ေညာင္ရြက္ပုံစံေလးက စပိတ္ သူကအႀကီးဆုံးပဲ။ အနီေရာင္ အသဲပုံေလးက Heart ဟက္ ဒုတိယ အႀကီးဆုံး။ အနီေရာင္ ေလးေထာင့္ေလးက တတိယအႀကီးဆုံး။ ပန္းပုံစံ အမဲေရာင္ ေလးက အငယ္ဆုံးပဲ"

"အင္း"

"စီနီယာလိုင္းတူဆိုတာက စပိတ္ဆိုလည္း စပိတ္ႀကီးပဲ တစ္ ႏွစ္ သုံး ေလး ငါး ေျခာက္ ခုနစ္ ရွစ္ ကိုး တစ္ဆယ္ စီနီယာ သုံးလုံးပူးလည္းရတယ္။ ေလးလုံးပူးလည္းရတယ္။ J, Q, K, A ဆိုလည္းရတယ္။ 10, J, Q, K, A လည္းရတယ္ 9, 10, J, Q 8, 9, 10, J ႀကိဳက္သလိုစီလို႔ရတယ္"

"ဖဲမွာ စပိတ္ 1က အႀကီးဆုံးပဲ စပိတ္A လို႔လည္းေခၚတယ္။ အကၡရာေတြထဲမွာ J ကအငယ္ဆုံး၊ J, Q, K, Aအဲ့လို႔ အစဥ္လိုက္ေလးသြားတယ္"

"အင္း။ ေလးလုံးတစ္ေထြ သုံးလုံး သုံးေထြျပည့္ရင္ နိုင္ၿပီမို႔လား"

"အင္း နိုင္ၿပီ"

"ငါးလုံးႏွစ္ေထြ သုံးလုံးတစ္ေထြဆိုလည္းရတယ္။ ဒါေပမဲ့ ပုံမွန္ကေတာ့ ေလးလုံးတစ္ေထြ သုံးလုံး သုံးေထြ ရရင္နိုင္ၿပီ"

"အင္း"

"မင္းရဲ့ အေရွ႕ကလူ ျပစ္ခ်တဲ့ ဖဲခ်ပ္ကို မင္းအတြက္လိုအပ္တယ္ဆိုရင္ ေကာက္စားခ်င္လည္းရတယ္။ ေကာက္မစားခ်င္လို႔ ဖဲပုံထဲက ဆြဲရင္လည္းရတယ္။ တစ္ကဒ္ယူၿပီးတာနဲ႔ မင္းအတြက္မလိုအပ္ဘူးထင္တဲ့ကဒ္ ဒါမွမဟုတ္ မင္းမလိုခ်င္တဲ့ကဒ္တစ္ကဒ္ကို ျပန္ျပစ္ခ်ရမယ္။ Okလား"

"Ok Ok ငါကစားတတ္ၿပီ"

သာထူးရဲ့ သင္ၾကားပို႔ခ်မႈေအာက္မွာ လင္းရာ ေတာ္ေတာ္ေလး ကၽြမ္းက်င္သြားပါၿပီ။

ပထမပြဲအစမွာ အခက္အခဲေတြ ရွိတယ္ဆိုေပမယ့္ ေနာက္ပြဲေတြမွာေတာ့ လင္းရာ ‌ကၽြမ္းက်င္သြားပါၿပီ။ ခုဆို လင္းရာ ႏွစ္ပြဲနိုင္ထားၿပီးၿပီ မဟုတ္ပါ့လား။ သင္လြယ္ တတ္လြယ္တဲ့ လင္းရာအတြက္ေတာ့ ဘယ္အရာမွ မခက္ခဲေပ။

"လင္းရာက 10ညႇင္း ေစာင့္ေနတာပဲ"

"ဟာကြာ ဘယ္ေကာင္လဲကြာ"

ေနာက္ကေန ျဖတ္သြားရင္း လင္းရာဖဲခ်ပ္ကိုၾကည့္ၿပီး လင္းရာလိုေနတဲ့ကဒ္ကို ေျပာလိုက္တဲ့သူကိုလွည့္ၾကည့္လိုက္ေတာ့ ေတြ႕လိုက္ရတဲ့သူက ဟိုလူႀကီး။

"ခင္ဗ်ားႀကီးဗ်ာ"

"ဘာလဲကြာ"

"ပိုက္ဆံေၾကး ေဆာ့ေနတာကို ဘာလို႔ ေျပာျပလိုက္ရတာလဲဗ်"

"ဘယ္ေလာက္ေၾကးေတာင္ ေဆာ့ေနလို႔လဲ"

"၁၀၀ေၾကးဗ်"

"ဪ . . . ဪ . . . ေလာင္းေၾကးက ေတာ္ေတာ္ျမင့္တာပဲ"

"ေလာင္းေၾကးျမင့္ျမင့္ မျမင့္ျမင့္ဗ်ာ။ ခင္ဗ်ားေၾကာင့္ ကၽြန္ေတာ္ မနိုင္ရင္ ခင္ဗ်ားႀကီးနဲ႔ ကၽြန္ေတာ္ အေတြ႕ပဲ"

"ဟုတ္ ေဘဘီလာေတြ႕မယ့္အခ်ိန္ကို ကိုယ္ ဒီနားေလးမွာ ထိုင္ၿပီးေစာင့္ေနမယ္ေနာ္"

လူကို ရြဲ႕တိရြဲ႕ေစာင္း ေျပာင္တိေျပာင္ေခ်ာ္ လာလုပ္ျပေနတဲ့ ဘဲႀကီးကို စိတ္တိုတိုနဲ႔ ထရိုက္ခ်င္စိတ္ ေပါက္ေနပါၿပီ။

"လင္းရာေလးက 9ညႇင္းနဲ႔ Jညႇင္းေလးကိုင္ၿပီး 10ညႇင္းေစာင့္ေနတာကို ထူးျခားတို႔ကို ေျပာမျပေတာ့ဘူးေနာ္ ေဘဘီ"

"လူယုတ္မာႀကီး"

"ဟားးးးဟားးးး ဘာ႐ုပ္ေလးလားကြာ"

စိတ္တိုတိုနဲ႔ ေအာ္လိုက္တဲ့ လင္းရာကိုၾကည့္ၿပီး ဒီေလာက္ထိ ရယ္ဖို႔လိုလို႔လား။ လင္းရာေျပာတဲ့အထဲမွာ ဘာက ရယ္စရာပါေနလို႔ပါလဲ။ ဒီလူႀကီး ႐ူးေနၿပီ။

ကေလးေလးက စိတ္ဆိုးတဲ့အခါတိုင္း တကယ္ကို ခ်စ္ဖို႔ေကာင္းလြန္းပါသည္။ စိတ္ဆိုးလို႔ ေအာ္လိုက္တိုင္း ကေလးေပါက္စ လိုတာမရလို႔ ဂ်ီက်ေနတဲ့ အတိုင္းပါပဲ။ ဖ်စ္ညႇစ္ခ်င္စရာေလး။

ေဆာ့ေနတဲ့ပြဲက ရႉံးသြားေတာ့ မ်က္ႏွာေလး ဆူပုတ္ကာ စစ္ပိုင္ကို လွမ္းၾကည့္ၿပီး လက္သီးေလး ရြယ္ျပလာသည္။ စစ္ပိုင္ မခ်ိဳမခ်ဥ္ ျပဳံးျပလိုက္ေတာ့ ပြစိပြစိ ေရရြတ္ၿပီး ဟိုဘက္ကို ျပန္လွည့္သြားေလသည္။

"လင္းရာ"

"ဟင္"

"ကြမ္းစားမလား"

"ငါတစ္ခါမွ မစားဖူးဘူး"

"စားဖူးတယ္ရွိေအာင္ စားၾကည့္ပါ့လား။ ဘယ္အရာမဆို ေကာင္းမေကာင္း ကိုယ္တိုင္သိဖို႔ တစ္ခါေလာက္ေတာ့ လုပ္ဖူးၾကည့္ရတယ္။ မေကာင္းဘူးထင္ရင္ ဆက္မလုပ္နဲ႔။ မလုပ္ဖူးတာမရွိေအာင္ေတာ့ လုပ္ၾကည့္ရတယ္။ ဒါမွ ေကာင္း မေကာင္းကို ေသခ်ာခြဲျခားနိုင္ၿပီး မေကာင္းတဲ့အရာကို ပိုၿပီးေရွာင္က်ဥ္နိုင္မွာ"

"အင္း . . . ဒါနဲ႔ စားလို႔ေရာ ေကာင္းလား"

"ႀကိဳက္ရင္ေတာ့ ေကာင္းတာေပါ့ကြ။ ငါနဲ႔သာထူးေတာင္ မေန႔ကမွ စမ္းၿပီးစားၾကည့္တာ။ ေကာင္းသလိုလို မေကာင္းသလိုလိုပါပဲ။ ဒီေန႔ စားၾကည့္ၿပီးလို႔မွ မေကာင္းရင္ေတာ့ ေနာက္မစားေတာ့ဘူးလို႔ ဆုံးျဖတ္ထားတယ္"

"အဲ့ဒါဆို ငါလည္း စားၾကည့္ခ်င္တယ္"

"နည္းနည္းေတာ့ မူးတယ္ေနာ္"

"ဟမ္ မူးတယ္လား"

"အင္း အထဲမွာပါတဲ့ 92ဖတ္ေလးေတြကို နည္းနည္းဖယ္စားလိုက္။ ငါႏွပ္ေဆးေတာ့ ေလၽွာ့ထည့္လာတယ္။ ကိုႀကီးစစ္ပိုင္တို႔က 92 ႏွပ္ေဆး စားေတာ့ ငါလည္းသူတို႔လို႔ လိုက္စားၾကည့္တာ"

"အင္း ေပး"

ထူးျခားေပးတဲ့ ကြမ္းယာကို ျဖည္ၾကည့္‌လိုက္ၿပီး အထဲက 92ဖတ္ေလးေတြကို နည္းနည္းဖယ္ထုတ္လိုက္ရသည္။ စားရေကာင္းမလား မစားရေကာင္းမလား ေဝခြဲမရ ျဖစ္ေနေပမယ့္ ေနာက္ဆုံးေတာ့ ကြမ္းယာေလးကို ျပန္လိပ္၍ ပါးစပ္ထဲ ထည့္ၿပီး ဝါးလိုက္သည္။

"အရည္ေတြကို မ်ိဳမခ်ရဘူးေနာ္ လင္းရာ"

"အင္း"

"ဝါးၿပီးတာနဲ႔ လုံးဝမ်ိဳမခ်လိုက္နဲ႔ေနာ္။ စၿပီး ဝါးလိုက္ထဲက ထြက္လာတဲ့ အရည္မွန္သမၽွ ေထြးထုတ္လိုက္"

"အင္း ဘာလို႔လဲ"

"ဗိုက္ထဲကို အရည္ေတြဝင္သြားရင္ မူးလည္းမူးမယ္။ ေရာဂါလည္းျဖစ္မယ္။ ဝါးၿပီးေထြးထုတ္တာ အႏၲာရယ္ကင္းတယ္"

"မ်ိဳမခ်ရဘဲ ဘာလို႔ စားတာလဲ"

"အပ်င္းေျပဝါးတဲ့ သေဘာမ်ိဴးေပါ့ကြာ။ ႀကိဳက္တဲ့သူေတြၾကေတာ့ ႀကိဳက္လို႔ကို ဝါးတာေပါ့"

ထူးျခားေျပာသလို ဝါးၿပီးထြက္လာတဲ့ အရည္ေတြကို လင္းရာေထြးထုတ္လိုက္သည္။

"ထြီ"

ထြီဆိုတဲ့အသံကို ထူးျခား‌တို႔ဝိုင္းက ၾကားလိုက္ရတာေၾကာင့္ စစ္ပိုင္လွမ္းၾကည့္လိုက္ေတာ့ အသံက ေဘဘီ့ဆီက ထြက္လာတဲ့အသံပါ။ ၾကည့္လိုက္ေတာ့ ေဘဘီက ကြမ္းဝါးၿပီး ကြမ္းသေထြး‌ ေထြးေနတာပင္။ ဒီကေလးကေတာ့။

"အတတ္ေကာင္းေတြ တတ္ေနတယ္ေပါ့ေလ"

"ဟင္"

ဆူသံၾကားေတာ့ လင္းရာလန႔္သြားရသည္။

"ခုခ်က္ခ်င္း ပါးစပ္ထဲက ကြမ္းကို ေထြးထုတ္လိုက္စမ္း လင္းရာ"

အနားကိုေရာက္လာၿပီး ကြမ္းေထြးခိုင္းတဲ့သူကိုၾကည့္လိုက္ေတာ့ ဟိုလူႀကီး။ စမ္းေတြ ဘာေတြနဲ႔ အမိန႔္ေတြ လာေပးေနတဲ့ လူႀကီးကို ၾကည့္မရတာေၾကာင့္ အကန္ေတြ ေျပာျပစ္လိုက္သည္။

"ကိုယ့္ပါးစပ္နဲ႔ ကိုယ့္ဘာကို စားခ်င္လို႔စားတာေလ။ ဘာလို႔ ခင္ဗ်ား အမိန႔္ေပးတိုင္း ေထြးျပစ္ရမွာလဲ"

"မင္း ငါ့စကားကို နားမေထာင္ရင္ ခင္ေလးကို ခုခ်က္ခ်င္း လွမ္းတိုင္မွာ"

"ခင္ဗ်ားက မမကို လွမ္းတိုင္မွာ။ စကားေျပာရဲေအာင္ပဲ အရင္လုပ္ပါဦး"

"ခ်မ္းေျမ့"

"ေဟ"

"ႏြယ့္ကို ဖုန္းဆက္ၿပီး ေျပာလိုက္။ လင္းရာ ကြမ္းေတြစားေနတာေတြ႕လို႔ ခင္ေလးကို ‌လွမ္းေျပာတာလို႔ေျပာလိုက္"

"ေအးေအး"

"ခုခ်က္ခ်င္း ဆက္ေနာ္"

"ေအး"

ႏြယ့္ကို စစ္ပိုင္ကိုယ္တိုင္ ဖုန္းဆက္လို႔ မရတာေၾကာင့္ ခ်မ္းေျမ့ကို တစ္ဆင့္ခံ ဆက္ခိုင္းရေပသည္။ ႏြယ္တို႔ တစ္ဖြဲ႕လုံးက ခင္ေလးနဲ႔ပတ္သက္ၿပီး စစ္ပိုင္ကို မုန္းေနၾကသလို စကားလည္းမေျပာၾကတာေၾကာင့္ စစ္ပိုင္လည္း ႏြယ္တို႔ကို မေခၚရဲေပ။

စစ္ပိုင္သူငယ္ခ်င္းေတြကလည္း စစ္ပိုင္ကို ခ်စ္ၾကသည္မို႔ စစ္ပိုင္စကားတစ္ခြန္းပင္။ ဘာေလးပဲခိုင္းခိုင္း စစ္ပိုင္ခိုင္းတဲ့အတိုင္း ခ်က္ခ်င္း လိုက္လုပ္ေပးတတ္ၾကေပသည္။

ဒီလူႀကီး ဘာလုပ္တာပါလိမ့္။ ကိုႀကီးခ်မ္းေျမ့ကို လွမ္းၾကည့္လိုက္ေတာ့လည္း တကယ္ဖုန္းေခၚေနတာကို ေတြ႕လိုက္ရသည္။

"ခင္ဗ်ားႀကီး ဘာလုပ္တာလဲ။ တကယ္ တိုင္တာလား"

"မင္းမွ ကိုယ့္စကားကို နားမေထာင္တာပဲ။ အဲ့ေတာ့ မင္းေလး စကားနားေထာင္နိုင္မယ့္သူကို လွမ္းေျပာရမွာေပါ့"

"ဟမ္"

လင္းရာေၾကာင့္ မမားစိတ္ညစ္ရမွာကို ေၾကာသည္မို႔ မမားကို လူႀကီးလွမ္းမတိုင္ဖို႔ ေျပာရသည္။

"ဟိုေလ လူႀကီးစကားကို နားေထာင္မွာမို႔ မမားကို လွမ္းမတိုင္ပါနဲ႔ေနာ္"

"အဲ့တာဆို ခုခ်က္ခ်င္း ကြမ္းကို ေထြးထုတ္လိုက္"

"ဟုတ္ . . . ထြီ"

"ပလုတ္က်င္း"

"ဟုတ္"

လူႀကီးခိုင္းတဲ့အတိုင္း ကြမ္းကိုေထြးထုတ္ၿပီး ပလုတ္က်င္းလိုက္သည္။

ကြမ္းေသခ်ာ ေထြးထုတ္ၿပီဆိုေတာ့မွ ခ်မ္းေျမ့ကို ဖုန္းမဆက္ဖို႔ လွမ္းတားလိုက္သည္။

"ခ်မ္းေျမ့ ႏြယ့္ကို မဆက္နဲ႔ေတာ့"

"အင္း . . . ေတာ္ေသးတယ္။ ႏြယ္က မအားဘူးထင္တယ္။ ဖုန္းမကိုင္ေသးဘူး"

"အင္း မေခၚနဲ႔ေတာ့"

"Ok"

ခ်မ္းေျမ့နဲ႔ စစ္ပိုင္ေျပာေနတာကို ကေလးေလးက မ်က္ႏွာငယ္ေလးနဲ႔ လိုက္ၾကည့္ေနရွာသည္။

"ဖုန္းမဆက္ေတာ့ဘူးေနာ္။ စိတ္မပူနဲ႔ေတာ့"

"ဟုတ္"

"လိမၼာတယ္။ ေနာက္ဆို ကြမ္းကို လုံးဝ မစားရဘူးေနာ္"

"ဟုတ္"

"ဒီတစ္ခါ ပထမဆုံးနဲ႔ ေနာက္ဆုံးျဖစ္ပါေစ။ ေနာက္တစ္ခါ စားတယ္လို႔ သိရရင္ ခင္ေလးကို တကယ္တိုင္မွာေနာ္"

"ဟုတ္"

"ကိုယ္ မင္းအတြက္ေျပာတာမို႔ စိတ္မဆိုးနဲ႔"

"ဟုတ္"

တဟုတ္ဟုတ္နဲ႔ ေခါင္းေလးၿငိမ့္ကာ ငိုမဲ့မဲ့ေလးျဖစ္ေနသည့္ ကေလးေလးကို သနားသြားရသည္။ မမားကို သိပ္ခ်စ္တဲ့ ကေလးေလးမို႔ မမားကို တိုင္မွာကိုေတာ့ တကယ္ေၾကာက္သည့္ ကေလးေလးပင္။ ခင္ေလးက သူ႔အတြက္ အေမလို အေရးႀကီးတဲ့သူ မဟုတ္လား။ သူေလး စိုးရိမ္သြားရွာ‌မွာေပါ့။

"ထူးျခား"

"ဗ်ာ"

"ေနာက္ဆို အတတ္ေကာင္းေတြ သင္မေပးနဲ႔ ၾကားလား"

"ဟုတ္ ကိုႀကီး"

စစ္ပိုင္ကို သိပ္ေၾကာက္သည့္ ထူးျခားက စစ္ပိုင္စကားတစ္ခြန္းပင္။ ႏွစ္ခါေျပာစရာမလိုေပ။

ကေလးေတြကို ဆူၿပီးတာနဲ႔ စစ္ပိုင္နဲ႔ခ်မ္းေျမ့ ကန္တင္းကေန ထြက္လာခဲ့လိုက္သည္။

"ကိုႀကီး စစ္ပိုင္က မင္းကို အရမ္းဂ႐ုစိုက္တာပဲ လင္းရာ"

"မေတာ္လိုက္ရတဲ့ ေယာက္ဖေလးမို႔ ေနမွာေပါ့"

ထူးျခားကအေကာင္းေျပာလၽွင္ သာထူးက ထိုသို႔ထေဖာက္တတ္ေပသည္။

"ငါ စကားေကာင္းေျပာေနတာ သာထူးေအာင္"

"ငါက စတာကို"

"မစနဲ႔ ငါအတည္ေျပာေနတာ။ လင္းရာ မင္းလည္း ကိုႀကီးစစ္ပိုင္ကို စိတ္မဆိုးနဲ႔ေနာ္။ သူက မေကာင္းတာကို မလုပ္ေစခ်င္လို႔ တားတာပါ။ မင္းကို ဂ႐ုစိုက္လို႔ မင္းကို‌ပဲေျပာတာ။ ငါဆို မေန႔က အေဆာင္မွာ သူ႔ေရွ႕တင္စားတာ ငါ့ကိုဘာမွမေျပာဘူး။ လူႀကီးျဖစ္ေနၿပီ လုပ္ဖူးတယ္ရွိေအာင္ လုပ္ၾကည့္ မေကာင္းဘူးထင္ရင္ ေနာက္မလုပ္နဲ႔ေတာ့လို႔ ငါ့ကို သူပဲေျပာခဲ့တာ"

"မင္းၾကေတာ့ လူႀကီးျဖစ္ၿပီဆို‌ေတာ့ ဒါဆို ငါက ကေလးလား"

"မင္းကို ကေလးေလးလိုပဲ ျမင္လို႔ေနမွာပါကြာ။ ကိုႀကီးကို စိတ္မဆိုးနဲ႔ေနာ္"

"အင္း"

မမားနဲ႔ လူႀကီးအျမင္မွာ လင္းရာဘယ္ေတာ့မွ လူႀကီးျဖစ္လာမွာလဲ။

Sat, Jul 3 (3/7/2021/Sat)

****************

Continue Reading

You'll Also Like

914K 48.5K 43
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
113K 4.9K 47
#Unicode ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်စီးပျောက်ကွယ်သွားလိမ့်မည်မဟုတ်။ #Zawgyi ...
199K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
264K 11K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...