Zawgyi
"အေႏွာင့္အယွက္ျဖစ္သြားရင္ ေဆာရီး.."
ေ႐ွာင္းက်န္႔ျခံအေနာက္ဖက္ကို ထြက္သြားတာေတြ႔လို႔ အေႏြးထည္ျပန္ေပးမလို႔လိုက္လာရင္း ေတြ႔လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ရိေပၚကိုမေတြ႕ခင္ အျမန္ျပန္ဖို႔ျပင္လိုက္ေပမယ့္ ရိေပၚကိုျမင္သြားပံုရတဲ့ေ႐ွာင္းက်န္႔ေၾကာင့္ ေတာင္းပန္စကားဆိုရင္း ထိုေနရာမွလွည့္ထြက္လာမိသည္။
"ဝမ္ရိေပၚ..ဝမ္ရိေပၚ..."
ေ႐ွာင္းက်န္႔ေခၚတာကိုလွည့္မၾကည့္ပဲ ဆက္သြားေနတဲ့ဝမ္ရိေပၚေၾကာင့္ အေ႐ွ႕ကပိတ္ရပ္လိုက္ေတာ့ အူလည္လည္မ်က္ႏွာေပးနဲ႔ျပန္ၾကည့္ေနတာမို႔
"ခုနက..."
"စိတ္ခ်ပါ ခင္ဗ်ားတို႔အေၾကာင္း ကြၽန္ေတာ္ဘယ္သူ႔ကိုမွေလွ်ာက္မေျပာဘူး"
အစကေတာ့ ဝမ္ရိေပၚအထင္လြဲမွာစိုးလို႔ ႐ွင္းျပဖို႔အေနာက္က အျမန္ေျပးလိုက္လာေပမယ့္ ဆူပုတ္ပုတ္မ်က္ႏွာေလးက ေ႐ွာင္းက်န္႔နဲ႔အၾကည့္ခ်င္းမဆံုေအာင္ တမင္ေ႐ွာင္ရင္းေျပာေနတာမို႔ ပိုၿပီးစခ်င္စိတ္ျဖစ္ေပၚလာတာေၾကာင့္
"မင္းကိုဘယ္လိုယံုရမလဲ.."
အေ႐ွ႕ကိုတစ္လွမ္းတိုးရင္းေမးလိုက္ေတာ့ အလိုက္သင့္အေနာက္ကိုတစ္လွမ္းဆုတ္ရင္း
"သူမ်ားအေၾကာင္းထိုင္ေျပာေနရေလာက္တဲ့အထိ ကြၽန္ေတာ့္မွာအခ်ိန္မ႐ွိဘူး"
ေလသံေလးကမာသေယာင္ထင္ရေပမယ့္ မ်က္လံုးဝိုင္းေလးေတြထဲ မ်က္ရည္ၾကည္ေတြ ရစ္ဝိုင္းလာတာကို ေသခ်ာၾကည့္ရင္ ျမင္ႏိူင္တာမို႔ အေ႐ွ႕ကိုေျခတစ္လွမ္းထပ္တိုးလိုက္ေတာ့ အေနာက္မွာ႐ွိေနတဲ့သစ္ပင္ေၾကာင့္ အေနာက္ကိုထပ္ဆုပ္လို႔မရေတာ့တဲ့ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ရဲ႕ရင္ဘတ္ကို ခပ္စစေလးတြန္းရင္း
"ဘာ..ဘာလို႔ အေ႐ွ႕ကိုအရမ္းတိုးလာတာလဲ..."
မေက်နပ္သည့္ဟန္ ဆူပုတ္ပုတ္ေလးေျပာေနေပမယ့္ နားရြက္ဖ်ားေလးေတြရဲတက္ေနတာမို႔ ဝမ္ရိေပၚ႐ွက္ရမ္းရမ္းေနတာ ေသခ်ာပါၿပီ။
"ဝမ္ရိေပၚကေရာ ဘာလို႔အေနာက္ကိုဆုတ္သြားရတာလဲ.."
အခုထိ ေရွာင္းက်န္႔ထံ အၾကည့္ခ်င္းဆံုမလာေသးတဲ့ ေကာင္ေလးရဲ႕ ခါးသိမ္သိမ္ေလးကို လက္တစ္ဖက္ျဖင့္ဆြဲယူရင္း ကိုယ္ႏွစ္ခုကိုပိုၿပီးနီးကပ္ေစေတာ့ ေမာ့ၾကည့္လာတဲ့ ဝမ္ပူတင္းရဲ႕ ပါးေဖာင္းေလးႏွစ္ဖက္ဟာ ရဲရဲနီလို႔ဆြဲကိုက္ခ်င္စရာအတိ။ စိတ္ကူးထက္လ်င္ျမန္စြာပဲ လက္ကပါးေဖာင္းေလးတစ္ဖက္ဆီေရာက္သြားေတာ့ အလန္႔တၾကား႐ုန္းထြက္သြားတဲ့ကိုယ္ေလးက ေ႐ွာင္းက်န္႔လက္ထဲအေႏြးထည္ကိုထည့္ေပးကာ ထြက္ေျပးသြားတာေၾကာင့္
"ကိုယ္နဲ႔လင္းယြမ္က ဘာမွမပတ္သတ္ဘူး။ မင္းအထင္လြဲေနမွာစိုးလို႔.."
အေနာက္ကေန အ႐ွက္မ႐ွိလွမ္းေအာ္ၿပီးေျပာေနတဲ့ ေ႐ွာင္းက်န္႔ေၾကာင့္ ေျခလွမ္းေတြရပ္မလိုျဖစ္သြားၿပီးကာမွ အေနာက္ကို လွည့္မၾကည့္မိေအာင္ထိန္းရင္း ေျပးထြက္လာလိုက္သည္။ သူ႔ကိုဘယ္သူကေမးလို႔ လာ႐ွင္းျပေနတာလဲ...႐ူးေနတာလားမသိဘူး။
အိမ္ျပန္ဖို႔ ပစၥည္းေတြသိမ္းေနတဲ့ ဝန္ထမ္းအုပ္စုကေတာ့ လမ္းေလွ်ာက္ထြက္ၿပီးျပန္လာထဲက အေယာက္စီတိုင္းကို သြားစိၿပီးလိုက္ရယ္ျပေနတဲ့ သူတို႔ရဲ႕မန္ေနဂ်ာဝမ္ေၾကာင့္ တအံတၾသေတြျဖစ္လို႔။ ပံုမွန္ဆို မန္ေနဂ်ာဝမ္က သူ႔အာရံုနဲ႔သူ တစ္သီးတစ္သန္႔ေနတတ္သူမဟုတ္လား။
အကယ္၍ ထိုဝန္ထမ္းေတြသာ ေသခ်ာၾကည့္မယ္ဆို သူတို႔မန္ေနဂ်ာေသးေသးေလးရဲ႕ ပါးလံုးေလးေတြရဲေနတာကိုလည္း ျမင္ရမွာအေသအခ်ာပါပဲ။
••••••••••••••••
ညေနေရာက္ေတာ့ ဦးေလးဟန္က ရြာထိပ္ထိလိုက္ပို႔တာမို႔ စကားတေျပာေျပာျဖင့္ေလွ်ာက္လာရင္း ကားနားအေရာက္ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ေ႐ွာင္းက်န္႔အလ်င္အျမန္ပင္ ထိုေနရာသို႔ေျပးသြားလိုက္သည္။ ဝမ္ရိေပၚရယ္ေလ ဝန္ထမ္းမိန္းကေလးေတြရဲ႕အဝတ္အစားအိတ္ေတြကို ကားေပၚတင္ေပးေနသတဲ့။ လူၾကည့္ေတာ့ ေသးေသးေကြးေကြးေလးနဲ႔ ေကာင္မေလးေတြအေရွ႕မွာ ဗလႀကီးလုပ္ျပခ်င္ေနတယ္ထင္ပါရဲ႕။
"ဝမ္ရိေပၚ..."
ေနာက္ထပ္luggageတစ္လံုးကို သယ္ခါနီးမွာပဲ ေ႐ွာင္းက်န္႔လွမ္းေခၚလိုက္ေတာ့ အူတူတူေလးျပန္ၾကည့္လာတာမို႔
"ငါ့ေနာက္လိုက္ခဲ့.."
ေ႐ွာင္းက်န္႔ကို ေခါင္းတခ်က္ညိမ့္ျပၿပီး luggageကို ျပန္သယ္ဖို႔လုပ္ေနတာေၾကာင့္
"ငါမင္းကို ေခၚေနတယ္ေလ ဝမ္ရိေပၚ..."
"ဟို...ဒါသယ္ၿပီးရင္...."
ေ႐ွာင္းက်န္႔ကိုဆိုအျမဲ တစ္ခြန္းမက်န္ ျပန္ရန္စြာတတ္တဲ့ ဝမ္ရိေပၚက အခုလိုလည္း တံုးအတတ္တာပဲလား။ စိတ္မ႐ွည္ေတာ့တာမို႔ ေ႐ွာင္းက်န္႔တို႔ႏွစ္ေယာက္ကို ရပ္ၾကည့္ေနတဲ့ ဝန္ထမ္းအခ်ိဳ႕ကို မ်က္ေမွာင္က်ံဳ႕ၿပီး ၾကည့္လိုက္ေတာ့ ဝန္ထမ္းေတြက အထိတ္ထိတ္အျပာျပာျဖင့္
"အမတို႔ပဲ သယ္လိုက္ေတာ့မယ္ ရိေပၚ ေက်းဇူးပဲေနာ္"
ဝမ္ရိေပၚစကားျပန္တာကိုေတာင္ မေစာင့္ေတာ့ပဲ အထုပ္ေတြမၿပီး ကားေပၚတင္ေနတဲ့ဝန္ထမ္းေတြေၾကာင့္ တစ္ခ်က္ျပံဳးကာ ဝန္ထမ္းေတြကို အားနာသလိုေလးလိုက္ၾကည့္ေနတဲ့ ဝမ္ရိေပၚရဲ႕လက္ကိုဆြဲကာ ေ႐ွာင္းက်န္႔ရဲ႕ကားနားအထိေခၚလာလိုက္သည္။
"ဘာေျပာမလို႔လဲ.."
ဝမ္ရိေပၚရဲ႕ အေမးစကားေၾကာင့္ ေ႐ွာင္းက်န္႔ဘာေျဖလို႔ေျဖရမွန္းပင္မသိ။ ခုနကေတာ့ သူမ်ားအထုပ္ေတြ တစ္ေယာက္ထဲမသယ္ေစခ်င္လို႔ ဆြဲေခၚလာေပမယ့္ တကယ့္တကယ္က်ေတာ့ ေျပာစရာစကားက႐ွိမေန။
"ဟို...အဲ့ဒါက..မားကမွာလိုက္တယ္ ခရီးကျပန္ေရာက္ရင္ အိမ္ကိုလာခဲ့ပါဦးတဲ့"
"အမ္...ဒါပဲလား.."
"ဒါပဲေပါ့..."
"အင္း သိၿပီ"
ေ႐ွာင္းက်န္႔အေျပာကို ေခါင္းေလးတညိတ္ညိတ္လုပ္ကာ ထြက္သြားတဲ့ ဝမ္ရိေပၚရဲ႕ပံုစံက တကယ့္ကို အူတူတူ အတတေလး။ အရင္လို ေ႐ွာင္းက်န္႔ကို ေမးခြန္းေတြျပန္မထုတ္တာကိုပဲ ေက်းဇူးတင္ရမည္။ မဟုတ္ရင္ ဘာေျဖရမွန္းမသိျဖစ္ၿပီး အ႐ွက္ကကြဲဦးမွာမဟုတ္လား။
••••••••••••••
ေပက်င္းကိုေရာက္တာနဲ႔ ေဟာက္ရႊမ္းက ပင္ပန္းလို႔ဆိုၿပီး ဝမ္ရိေပၚကိုေတာင္ ႏႈတ္မဆက္ေတာ့ပဲ ကုမၸဏီမွာထားခဲ့တဲ့ သူ႔ကားကိုယူၿပီးတာနဲ႔ခ်က္ခ်င္း အိမ္ျပန္သြားေတာ့သည္။ ဝန္ထမ္းေတြကလည္း ကုမၸဏီမွာ႐ွိတဲ့ သူတို႔ရဲ႕ပစၥည္းေတြ တစ္ခါထဲဝင္ယူၾကမွာမို႔ ေ႐ွာင္းက်န္႔လည္း သူ႔ရံုးခန္းထဲဝင္ၿပီး ခဏနားေနလိုက္သည္။ လင္းယြမ္ကေတာ့ က်န္းဖန္ေတာင္က စထြက္လာထဲက ဘာမွမေျပာပဲ တိတ္တဆိတ္သာလိုက္လာၿပီး အခုကုမၸဏီေ႐ွ႕ေရာက္ေတာ့မွ ကားေပၚမွာပဲေနခဲ့ေတာ့မယ္ဆိုတာမို႔ သူ႔ဆႏၵအတိုင္း တစ္ေယာက္ထဲသာ လႊတ္ထားေပးလိုက္သည္။
အခုလိုအခ်ိန္မွာ တစ္ေယာက္ထဲေနျခင္းကသာ သူမအတြက္ စိတ္သက္သာရာပိုေစမည္မဟုတ္လား။ တကယ္တမ္းေျပာရရင္ မၾကာေသးခင္အခ်ိန္ကမွ သူမရဲ႕ခံစားခ်က္ကို ျငင္းပစ္ခဲ့တဲ့ ေ႐ွာင္းက်န္႔ကိုယ္တိုင္လည္း သူမနဲ႔မ်က္ႏွာခ်င္းဆိုင္ရမွာ အနည္းငယ္ေတာ့ ေနရခက္လွသည္။
ဝန္ထမ္းေတြက ပစၥည္းေတြသိမ္းၿပီးတာနဲ႔ ရိေပၚကိုႏႈတ္ဆက္ၿပီး ျပန္သြားၾကတာမို႔ ရိေပၚလည္း တစ္ေယာက္ထဲမက်န္ခဲ့ခ်င္တာမို႔ စကၠဴပံုးငယ္ေလးထဲ စားပြဲေပၚက ပစၥည္းေတြအျမန္ထည့္ေနရင္း ဘာရယ္မဟုတ္ ဥကၠဌရံုးခန္းဘက္ကို အၾကည့္ေရာက္သြားေတာ့ မျပန္ခင္ေလး ႏႈတ္ဆက္သြားသင့္တယ္လို႔ ထင္မိတာမို႔ ထိုအခန္းဘက္ကို ထြက္လာလိုက္သည္။
ရိေပၚအခန္းထဲေရာက္သြားေတာ့ ေ႐ွာင္းက်န္႔က ဆိုဖာေပၚမွာထိုင္ၿပီး မ်က္ခံုး႐ိုးေတြကို သူ႔ရဲ႕လက္ေခ်ာင္းသြယ္သြယ္ေတြနဲ႔ ဖိႏွိပ္ေနတာမို႔ ေျခသံလံုလံုျဖင့္ dining roomဘက္ကို အျမန္ေလွ်ာက္သြားလိုက္သည္။
ေ႐ွာင္းက်န္႔ထိုင္ေနရင္း ေခါင္းထဲက ေနာက္က်ိက်ိျဖစ္လာတာမို႔ သက္သာလိုသက္သာျငား မ်က္ခံုး႐ိုးေတြကို အသာဖိႏွိပ္ေနရင္း ႏွာေခါင္းနားတစ္ဝိုက္ကိုတိုးဝင္လာတဲ့ ေကာ္ဖီရနံ႔ေၾကာင့္ မ်က္လံုးကိုဖြင့္ၾကည့္လိုက္ေတာ့ ဝမ္ရိေပၚက ေကာ္ဖီခြက္ကိုကိုင္လို႔ ေ႐ွာင္းက်န္႔အေ႐ွ႕မွာ မတ္တပ္ရပ္ေနသည္။
"ငါက မင္းကိုျပန္သြားၿပီေတာင္ ထင္ေနတာ"
"အြန္း...ျပန္ေတာ့မလို႔ပဲ ဒါေပမယ့္ မျပန္ခင္ေလး ခင္ဗ်ားကိုေတာ့ ႏႈတ္ဆက္သြားသင့္တယ္ထင္လို႔"
"ဒါနဲ႔ ဒီေကာ္ဖီက..."
"ခင္ဗ်ား ေခါင္းကိုက္ေနမယ္ထင္လို႔ ဘလက္ခ္ေကာ္ဖီေဖ်ာ္လာေပးတာ"
"ဒီလိုက်ေတာ့လည္း မင္းကဘယ္ဆိုးလို႔လဲ.."
"ေနာက္ဆံုးေတာ့ ကြၽန္ေတာ္ေတာ္တာကို ခင္ဗ်ားလက္ခံလိုက္ၿပီေပါ့"
ရိေပၚေျပာစကားေၾကာင့္ ပါးခ်ိဳင့္ေရးေရးေလးေပၚလာတဲ့အထိ သေဘာတက်ရယ္ေနတဲ့ ေ႐ွာင္းက်န္႔က ရိေပၚေဖ်ာ္ေပးတဲ့ ဘလက္ခ္ေကာ္ဖီကို တစ္ငံုေသာက္ရင္း
"ဟား...အခုမွပဲ ေနသာထိုင္သာ႐ွိသြားေတာ့တယ္"
"ဘလက္ခ္ေကာ္ဖီက ေခါင္းကိုက္တာကို သက္သာေစေပမယ့္ စြဲသြားရင္ က်န္းမာေရးအတြက္မေကာင္းတာမို႔လို႔ ခဏခဏမေသာက္ရဘူးလို႔ အန္တီရင္းကမွာထားတယ္"
ရိေပၚကေတာ့ တကယ္စိတ္ပူလို႔ သိထားတာကို ေျပာျပလိုက္ေပမယ့္ ေ႐ွာင္းက်န္႔က ရိေပၚကိုၾကည့္ၿပီး တဟားဟားေအာ္ရယ္ေနတာေၾကာင့္ ရိေပၚက စိတ္တိုလာကာ စူးစိုက္လို႔ၾကည့္ေပးလိုက္သည္။
ဒီအတိုင္းေနရင္ မသိသာမွာမို႔ စိတ္တိုေၾကာင္းျပသည့္အေနျဖင့္ မ်က္ခံုးေလးႏွစ္ဖက္ကို စုက်ံဳ႕လို႔ၾကည့္ေနတာေတာင္ ေ႐ွာင္းက်န္႔က ရပ္မသြားတဲ့အျပင္ ပိုတိုးလို႔ပင္ရယ္ေနတာမို႔ ရိေပၚက ေ႐ွာင္းက်န္႔လက္ထဲက ေကာ္ဖီခြက္ကို ျပန္ဆြဲယူကာ
"အဲ့ေလာက္ရယ္ခ်င္ေနရင္လည္း ကြၽန္ေတာ့္ေကာ္ဖီဆက္ေသာက္မေနနဲ႔ေတာ့ ျပန္ေပး..."
ေ႐ွာင္းက်န္႔လက္ထဲက ေကာ္ဖီခြက္ကို အတင္းဆြဲလုေနတဲ့ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔က ထိုင္ေနရာမွ မတ္တပ္ရပ္လိုက္ကာ
"ေဟ့ ကိုယ္နဲ႔တစ္ခြက္ထဲတူတူေသာက္ခ်င္လို႔လား မရဘူးေနာ္.."
ရယ္က်ဲက်ဲနဲ႔ ေျပာလာတဲ့ေ႐ွာင္းက်န္႔ေၾကာင့္ ရိေပၚက ေ႐ွာင္းက်န္႔ေကာ္ဖီခြက္ကို ကိုင္ထားတဲ့လက္ကိုျပန္႐ုတ္ကာ ကိုယ္ကိုျပန္မတ္လိုက္ၿပီး ဆိုဖာမွာျပန္ထိုင္ေနလိုက္သည္။
ဆူပုတ္ပုတ္မ်က္ႏွာေလးနဲ႔ ထိုင္ေနတဲ့ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔က ရယ္တာကိုအ႐ွိန္သတ္လိုက္ကာ ဝမ္ရိေပၚနဲ႔မ်က္ႏွာခ်င္းဆိုင္မွာျပန္ဝင္ထိုင္ရင္း
"ခုနက မင္းရဲ႕ပံုစံက ေက်ာင္းဆရာေပါက္စေလးနဲ႔တူလို႔ ကိုယ္ကရယ္မိသြားတာပါ"
ဝမ္ရိေပၚထပ္ၿပီးစိတ္ဆိုးသြားမွာစိုးလို႔သာ ေက်ာင္းဆရာေပါက္စေလးနဲ႔တူတယ္ဆိုၿပီး ေျပာလိုက္ေပမယ့္ ေ႐ွာင္းက်န္႔အျမင္မွာေတာ့ ခုနကဝမ္ရိေပၚကရဲ႕ပံုစံက ဆရာစာေမးလို႔ အ႐ိုက္မခံရေအာင္ တစ္လံုးမက်န္ျပန္ေျဖေနတဲ့ မူႀကိဳကေလးနဲ႔တူေနတာ သူအသိဆံုး။
"ဒါနဲ႔ ကိုယ္သတိထားမိတယ္ ေတာထဲမွာတုန္းကလည္း မင္းဆီကအဲ့ဒီနာမည္ေျပာသံၾကားလိုက္သလားလို႔"
"အန္တီရင္းဆိုတာလား..."
ေ႐ွာင္းက်န္႔ေခါင္းၿငိမ့္ျပလိုက္ေတာ့ ဝမ္ရိေပၚက ပါးမို႔ေလးေတြလံုးထြက္လာတဲ့အထိ ျပံဳးရယ္ကာ
"အန္တီရင္းက ကြၽန္ေတာ္ကေလးဘဝထဲက ကြၽန္ေတာ္နဲ႔အတူတူကစားေပးၿပီး ကြၽန္ေတာ္မသိတာေတြ႐ွိရင္လည္း အျမဲတမ္း စိတ္႐ွည္႐ွည္နဲ႔ေျပာျပေပးေနက်ေလ။ ျပႆနာတစ္ခုခုျဖစ္ၿပီဆိုရင္လည္း ကြၽန္ေတာ့္ဘက္က ရပ္တည္ေပးတဲ့တစ္ဦးတည္းေသာသူ။
ကြၽန္ေတာ္ငါးႏွစ္သားအရြယ္ေလာက္က ေဘးျခံကိုေျပာင္းလာတဲ့မိသားစုမွာပါလာတဲ့ ကြၽန္ေတာ့္ထက္အသက္ႀကီးတဲ့ အမႊာညီအစ္ကိုႏွစ္ေယာက္က အစပိုင္းေတာ့ ကြၽန္ေတာ္နဲ႔ေဆာ့ေပးေပမယ့္ ၾကာလာေတာ့ သူတို႔လာၿပီးျပန္သြားတိုင္း ကြၽန္ေတာ့္ဆီက ကစားစရာေတြကို ယူသြားတတ္ၾကတာ။ တျဖည္းျဖည္းနဲ႔ သူတို႔အိမ္ကိုလာမွာကိုေတာင္ ကြၽန္ေတာ္ကေၾကာက္ေနခဲ့တာ။ မာမီနဲ႔ဒယ္ဒီက အလုပ္အရမ္း႐ႈပ္ေတာ့ အဲ့တာေတြကိုမသိပဲ အဲ့ဒီအမႊာႏွစ္ေယာက္နဲ႔ပဲကြၽန္ေတာ့္ကို ကစားခိုင္းတယ္။
တစ္ေန႔က်ေတာ့ ဒယ္ဒီကြၽန္ေတာ့္ကိုဝယ္ေပးထားတဲ့ ဆိုင္ကယ္အ႐ုပ္ေလးနဲ႔ ျခံထဲမွာေဆာ့ေနရင္း အဲ့ဒီအမႊာႏွစ္ေယာက္ကေရာက္လာၿပီး ကြၽန္ေတာ့္လက္ထဲကအ႐ုပ္ကို ဝိုင္းလုၾကေရာ။ အားခ်င္းမမွ်ပဲ အမႊာႏွစ္ေယာက္လက္ထဲကြၽန္ေတာ့္အႀကိဳက္ဆံုးအ႐ုပ္ေလးပါသြားေတာ့ ကြၽန္ေတာ္လည္းစိတ္တိုၿပီး တြန္းလိုက္ေတာ့ အငယ္ေကာင္က ေခ်ာ္လဲသြားတယ္။
သူ႔ညီကိုတြန္းလိုက္ေတာ့ အႀကီးေကာင္က ကြၽန္ေတာ့္ကိုစိတ္တိုၿပီး ေျမႀကီးေပၚတြန္းခ်ၿပီး႐ိုက္တယ္။ အရြယ္ခ်င္းကကြာတဲ့အျပင္ ေမြးထဲက လူေကာင္ေသးတဲ့ကြၽန္ေတာ္က ဘာမွျပန္မလုပ္ႏိူင္ပဲ သူ႐ိုက္သမွ်ခံေနရင္း အိမ္ထဲကထြက္လာတဲ့အန္တီရင္းက ကြၽန္ေတာ္တို႔ကို ျမင္သြားေတာ့ ကြၽန္ေတာ့္ဆီကိုေျပးလာၿပီး ဝင္ကာေပးရင္း ေခ်ာ္လဲေနတဲ့အငယ္ေကာင္လွမ္းပစ္ေပါက္လိုက္တဲ့ ခဲလံုးက အန္တီရင္းေခါင္းကိုထိသြားခဲ့တယ္။ အန္တီရင္းေခါင္းကေသြးေတြကိုျမင္ၿပီး အမႊာႏွစ္ေကာင္ထြက္ေျပးသြားေတာ့မွ အန္တီရင္းက သူ႔ေခါင္းကဒဏ္ရာကိုမမႈအားပဲ သူ႔ရင္ခြင္ထဲမွာထည့္ဖြက္ထားတဲ့ကြၽန္ေတာ့္တစ္ကိုယ္လံုးကို ေနရာမလပ္စစ္ေဆးရင္း ကြၽန္ေတာ့္မ်က္ႏွာက လက္ဝါးရာေတြကိုေတြ႔ေတာ့ သူေပါ့ဆလို႔အခုလိုျဖစ္ရတာဆိုၿပီး ငိုၿပီးေတာင္းပန္တယ္။
ဒယ္ဒီနဲ႔မာမီျပန္ေရာက္ေတာ့ အိမ္နီးနားခ်င္းေတြနဲ႔ တည့္ေအာင္မေပါင္းလို႔ဆိုၿပီး ကြၽန္ေတာ့္ကိုထပ္ဆူေတာ့ အန္တီရင္းကပဲ ကြၽန္ေတာ့္အေ႐ွ႕ကရပ္ၿပီး သူ႔ေပါ့ဆမိသြားတာမို႔ ကြၽန္ေတာ့္ကိုမဆူပဲ သူ႔ကိုအျပစ္ေပးဖို႔ကိုသာ ေတာင္းဆိုခဲ့တာ..."
"အဲ့ဒီအမႊာႏွစ္ေကာင္ကေရာ..."
"ဟမ္.."
ရိေပၚေျပာေနရင္း ျဖတ္ေမးလာတဲ့ ေ႐ွာင္းက်န္႔ရဲ႕စကားေၾကာင့္ ရိေပၚေၾကာင္သြားရသည္။ အနည္းဆံုးေတာ့ ဒီအေၾကာင္းေတြၾကားရင္ ေ႐ွာင္းက်န္႔က ရိေပၚကို အားနည္းတဲ့သူဆိုၿပီး ေလွာင္ေျပာင္ေနလိမ့္မယ္လို႔ ထင္ထားခဲ့တာ။
"အဲ့ဒီကိစၥေတြျဖစ္ၿပီးမၾကာခင္မွာပဲ မိသားစုလိုက္ေျပာင္းသြားၾကတယ္"
ရိေပၚစကားၾကားေတာ့ ဘာကိုအလိုမက်ျဖစ္သြားမွန္းမသိတဲ့ေ႐ွာင္းက်န္႔က မ်က္ခံုးေတြကိုတြန္႔ခ်ိဳးထားတာမို႔
"...ေ႐ွာင္းက်န္႔ ခင္ဗ်ားအဆင္ေျပရဲ႕လား.."
"ေကာ္ဖီအတြက္ေက်းဇူးပဲ မင္းလည္းပစၥည္းေတြသိမ္းၿပီးတာနဲ႔ ျမန္ျမန္ျပန္ ၾကားလား"
ေ႐ွာင္းက်န္႔ရဲ႕အေမးေၾကာင့္ ရိေပၚေယာင္နနႏွင့္ပင္ ေခါင္းၿငိမ့္လိုက္ရသည္။ ခုနကအထိ အေကာင္းႀကီး႐ွိေနတဲ့ေ႐ွာင္းက်န္႔က ရိေပၚစကားေတြၾကားၿပီးတာနဲ႔ မ်က္ႏွာႀကီးကသုန္မႈန္သြားတာမို႔ ရိေပၚအရမ္းစကားမ်ားမိသြားလို႔ ေခါင္းကိုက္လာလို႔ျဖစ္မွာပါလို႔ပဲ ေတြးလိုက္သည္။
ေ႐ွာင္းက်န္႔ဓာတ္ေလွကားဖက္ကိုတစ္ေယာက္ထဲေလွ်ာက္လာရင္း အျပင္ကိုလွမ္းၾကည့္လိုက္ေတာ့ ေမွာင္ေနၿပီမို႔ ခလုတ္ကိုတမင္မႏွိပ္ေသးပဲ ဓာတ္ေလွကားအေ႐ွ႕မွာရပ္ေနလိုက္သည္။ ခဏၾကာေတာ့ စကၠဴပံုးကိုပိုက္ထားၿပီး ဓာတ္ေလွကားဘက္ကို ကျပာကယာေျပးလာတဲ့အရိပ္ေလးကို လွစ္ခနဲေတြ႔လိုက္ရေတာ့မွ ခလုတ္ႏွိပ္ၿပီး ဓာတ္ေလွကားထဲဝင္လာလိုက္ေတာ့သည္။ ဟူး...ဒီေန႔မွ ဓာတ္ေလွကားကလည္း ေစာင့္ရတာၾကာလိုက္တာ~~~
#fah🦄
Unicode
"အနှောင့်အယှက်ဖြစ်သွားရင်ဆောရီး.."
ရှောင်းကျန့်ခြံအနောက်ဖက်ကို ထွက်သွားတာတွေ့လို့ အနွေးထည်ပြန်ပေးမလို့လိုက်လာရင်းတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ရိပေါ်ကိုမတွေ့ခင်အမြန်ပြန်ဖို့ပြင်လိုက်ပေမယ့်ရိပေါ်ကိုမြင်သွားပုံရတဲ့ရှောင်းကျန့်ကြောင့်တောင်းပန်စကားဆိုရင်း ထိုနေရာမှလှည့်ထွက်လာမိသည်။
"ဝမ်ရိပေါ်..ဝမ်ရိပေါ်..."
ရှောင်းကျန့်ခေါ်တာကိုလှည့်မကြည့်ပဲဆက်သွားနေတဲ့ဝမ်ရိပေါ်ကြောင့်အရှေ့ကပိတ်ရပ်လိုက်တော့ အူလည်လည်မျက်နှာပေးနဲ့ပြန်ကြည့်နေတာမို့
"ခုနက..."
"စိတ်ချပါ ခင်ဗျားတို့အကြောင်း ကျွန်တော်ဘယ်သူ့ကိုမှလျှောက်မပြောဘူး"
အစကတော့ ဝမ်ရိပေါ်အထင်လွဲမှာစိုးလို့ရှင်းပြဖို့အနောက်က အမြန်ပြေးလိုက်လာပေမယ့်ဆူပုတ်ပုတ်မျက်နှာလေးကရှောင်းကျန့်နဲ့အကြည့်ချင်းမဆုံအောင်တမင်ရှောင်ရင်းပြောနေတာမို့ ပိုပြီးစချင်စိတ်ဖြစ်ပေါ်လာတာကြောင့်
"မင်းကိုဘယ်လိုယုံရမလဲ.."
အရှေ့ကိုတစ်လှမ်းတိုးရင်းမေးလိုက်တော့ အလိုက်သင့်အနောက်ကိုတစ်လှမ်းဆုတ်ရင်း
"သူများအကြောင်းထိုင်ပြောနေရလောက်တဲ့အထိ ကျွန်တော့်မှာအချိန်မရှိဘူး"
လေသံလေးကမာသယောင်ထင်ရပေမယ့်မျက်လုံးဝိုင်းလေးတွေထဲ မျက်ရည်ကြည်တွေ ရစ်ဝိုင်းလာတာကိုသေချာကြည့်ရင်မြင်နိူင်တာမို့ အရှေ့ကိုခြေတစ်လှမ်းထပ်တိုးလိုက်တော့ အနောက်မှာရှိနေတဲ့သစ်ပင်ကြောင့်အနောက်ကိုထပ်ဆုပ်လို့မရတော့တဲ့ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့ရင်ဘတ်ကို ခပ်စစလေးတွန်းရင်း
"ဘာ..ဘာလို့ အရှေ့ကိုအရမ်းတိုးလာတာလဲ..."
မကျေနပ်သည့်ဟန်ဆူပုတ်ပုတ်လေးပြောနေပေမယ့်နားရွက်ဖျားလေးတွေရဲတက်နေတာမို့ ဝမ်ရိပေါ်ရှက်ရမ်းရမ်းနေတာသေချာပါပြီ။
"ဝမ်ရိပေါ်ကရော ဘာလို့အနောက်ကိုဆုတ်သွားရတာလဲ.."
အခုထိရှောင်းကျန့်ထံ အကြည့်ချင်းဆုံမလာသေးတဲ့ကောင်လေးရဲ့ ခါးသိမ်သိမ်လေးကို လက်တစ်ဖက်ဖြင့်ဆွဲယူရင်း ကိုယ်နှစ်ခုကိုပိုပြီးနီးကပ်စေတော့မော့ကြည့်လာတဲ့ ဝမ်ပူတင်းရဲ့ ပါးဖောင်းလေးနှစ်ဖက်ဟာ ရဲရဲနီလို့ဆွဲကိုက်ချင်စရာအတိ။ စိတ်ကူးထက်လျင်မြန်စွာပဲ လက်ကပါးဖောင်းလေးတစ်ဖက်ဆီရောက်သွားတော့အလန့်တကြားရုန်းထွက်သွားတဲ့ကိုယ်လေးကရှောင်းကျန့်လက်ထဲအနွေးထည်ကိုထည့်ပေးကာ ထွက်ပြေးသွားတာကြောင့်
"ကိုယ်နဲ့လင်းယွမ်က ဘာမှမပတ်သတ်ဘူး။ မင်းအထင်လွဲနေမှာစိုးလို့.."
အနောက်ကနေ အရှက်မရှိလှမ်းအော်ပြီးပြောနေတဲ့ရှောင်းကျန့်ကြောင့်ခြေလှမ်းတွေရပ်မလိုဖြစ်သွားပြီးကာမှ အနောက်ကိုလှည့်မကြည့်မိအောင်ထိန်းရင်းပြေးထွက်လာလိုက်သည်။ သူ့ကိုဘယ်သူကမေးလို့ လာရှင်းပြနေတာလဲ...ရူးနေတာလားမသိဘူး။
အိမ်ပြန်ဖို့ ပစ္စည်းတွေသိမ်းနေတဲ့ ဝန်ထမ်းအုပ်စုကတော့ လမ်းလျှောက်ထွက်ပြီးပြန်လာထဲက အယောက်စီတိုင်းကို သွားစိပြီးလိုက်ရယ်ပြနေတဲ့ သူတို့ရဲ့မန်နေဂျာဝမ်ကြောင့်တအံတသြတွေဖြစ်လို့။ ပုံမှန်ဆို မန်နေဂျာဝမ်က သူ့အာရုံနဲ့သူ တစ်သီးတစ်သန့်နေတတ်သူမဟုတ်လား။
အကယ်၍ ထိုဝန်ထမ်းတွေသာသေချာကြည့်မယ်ဆို သူတို့မန်နေဂျာသေးသေးလေးရဲ့ ပါးလုံးလေးတွေရဲနေတာကိုလည်း မြင်ရမှာအသေအချာပါပဲ။
••••••••••••••••
ညနေရောက်တော့ ဦးလေးဟန်က ရွာထိပ်ထိလိုက်ပို့တာမို့ စကားတပြောပြောဖြင့်လျှောက်လာရင်း ကားနားအရောက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရှောင်းကျန့်အလျင်အမြန်ပင်ထိုနေရာသို့ပြေးသွားလိုက်သည်။ ဝမ်ရိပေါ်ရယ်လေ ဝန်ထမ်းမိန်းကလေးတွေရဲ့အဝတ်အစားအိတ်တွေကို ကားပေါ်တင်ပေးနေသတဲ့။ လူကြည့်တော့သေးသေးကွေးကွေးလေးနဲ့ကောင်မလေးတွေအရှေ့မှာ ဗလကြီးလုပ်ပြချင်နေတယ်ထင်ပါရဲ့။
"ဝမ်ရိပေါ်..."
နောက်ထပ်luggageတစ်လုံးကို သယ်ခါနီးမှာပဲရှောင်းကျန့်လှမ်းခေါ်လိုက်တော့ အူတူတူလေးပြန်ကြည့်လာတာမို့
"ငါ့နောက်လိုက်ခဲ့.."
ရှောင်းကျန့်ကိုခေါင်းတချက်ညိမ့်ပြပြီး luggageကို ပြန်သယ်ဖို့လုပ်နေတာကြောင့်
"ငါမင်းကိုခေါ်နေတယ်လေ ဝမ်ရိပေါ်..."
"ဟို...ဒါသယ်ပြီးရင်...."
ရှောင်းကျန့်ကိုဆိုအမြဲ တစ်ခွန်းမကျန်ပြန်ရန်စွာတတ်တဲ့ ဝမ်ရိပေါ်က အခုလိုလည်း တုံးအတတ်တာပဲလား။ စိတ်မရှည်တော့တာမို့ရှောင်းကျန့်တို့နှစ်ယောက်ကို ရပ်ကြည့်နေတဲ့ ဝန်ထမ်းအချို့ကို မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်တော့ ဝန်ထမ်းတွေက အထိတ်ထိတ်အပြာပြာဖြင့်
"အမတို့ပဲ သယ်လိုက်တော့မယ်ရိပေါ်ကျေးဇူးပဲနော်"
ဝမ်ရိပေါ်စကားပြန်တာကိုတောင်မစောင့်တော့ပဲ အထုပ်တွေမပြီး ကားပေါ်တင်နေတဲ့ဝန်ထမ်းတွေကြောင့်တစ်ချက်ပြုံးကာ ဝန်ထမ်းတွေကို အားနာသလိုလေးလိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်ရဲ့လက်ကိုဆွဲကာရှောင်းကျန့်ရဲ့ကားနားအထိခေါ်လာလိုက်သည်။
"ဘာပြောမလို့လဲ.."
ဝမ်ရိပေါ်ရဲ့ အမေးစကားကြောင့်ရှောင်းကျန့်ဘာဖြေလို့ဖြေရမှန်းပင်မသိ။ ခုနကတော့ သူများအထုပ်တွေ တစ်ယောက်ထဲမသယ်စေချင်လို့ဆွဲခေါ်လာပေမယ့်တကယ့်တကယ်ကျတော့ပြောစရာစကားကရှိမနေ။
"ဟို...အဲ့ဒါက..မားကမှာလိုက်တယ်ခရီးကပြန်ရောက်ရင်အိမ်ကိုလာခဲ့ပါဦးတဲ့"
"အမ်...ဒါပဲလား.."
"ဒါပဲပေါ့..."
"အင်း သိပြီ"
ရှောင်းကျန့်အပြောကိုခေါင်းလေးတညိတ်ညိတ်လုပ်ကာ ထွက်သွားတဲ့ ဝမ်ရိပေါ်ရဲ့ပုံစံက တကယ့်ကို အူတူတူ အတတလေး။ အရင်လိုရှောင်းကျန့်ကိုမေးခွန်းတွေပြန်မထုတ်တာကိုပဲကျေးဇူးတင်ရမည်။ မဟုတ်ရင်ဘာဖြေရမှန်းမသိဖြစ်ပြီး အရှက်ကကွဲဦးမှာမဟုတ်လား။
••••••••••••••
ပေကျင်းကိုရောက်တာနဲ့ဟောက်ရွှမ်းက ပင်ပန်းလို့ဆိုပြီး ဝမ်ရိပေါ်ကိုတောင်နှုတ်မဆက်တော့ပဲ ကုမ္ပဏီမှာထားခဲ့တဲ့ သူ့ကားကိုယူပြီးတာနဲ့ချက်ချင်း အိမ်ပြန်သွားတော့သည်။ ဝန်ထမ်းတွေကလည်း ကုမ္ပဏီမှာရှိတဲ့ သူတို့ရဲ့ပစ္စည်းတွေ တစ်ခါထဲဝင်ယူကြမှာမို့ရှောင်းကျန့်လည်း သူ့ရုံးခန်းထဲဝင်ပြီး ခဏနားနေလိုက်သည်။ လင်းယွမ်ကတော့ ကျန်းဖန်တောင်က စထွက်လာထဲက ဘာမှမပြောပဲ တိတ်တဆိတ်သာလိုက်လာပြီး အခုကုမ္ပဏီရှေ့ရောက်တော့မှ ကားပေါ်မှာပဲနေခဲ့တော့မယ်ဆိုတာမို့ သူ့ဆန္ဒအတိုင်း တစ်ယောက်ထဲသာ လွှတ်ထားပေးလိုက်သည်။
အခုလိုအချိန်မှာ တစ်ယောက်ထဲနေခြင်းကသာ သူမအတွက်စိတ်သက်သာရာပိုစေမည်မဟုတ်လား။ တကယ်တမ်းပြောရရင်မကြာသေးခင်အချိန်ကမှ သူမရဲ့ခံစားချက်ကို ငြင်းပစ်ခဲ့တဲ့ရှောင်းကျန့်ကိုယ်တိုင်လည်း သူမနဲ့မျက်နှာချင်းဆိုင်ရမှာ အနည်းငယ်တော့နေရခက်လှသည်။
ဝန်ထမ်းတွေက ပစ္စည်းတွေသိမ်းပြီးတာနဲ့ ရိပေါ်ကိုနှုတ်ဆက်ပြီး ပြန်သွားကြတာမို့ ရိပေါ်လည်း တစ်ယောက်ထဲမကျန်ခဲ့ချင်တာမို့ စက္ကူပုံးငယ်လေးထဲ စားပွဲပေါ်က ပစ္စည်းတွေအမြန်ထည့်နေရင်း ဘာရယ်မဟုတ်ဥက္ကဌရုံးခန်းဘက်ကို အကြည့်ရောက်သွားတော့ မပြန်ခင်လေးနှုတ်ဆက်သွားသင့်တယ်လို့ ထင်မိတာမို့ ထိုအခန်းဘက်ကို ထွက်လာလိုက်သည်။
ရိပေါ်အခန်းထဲရောက်သွားတော့ရှောင်းကျန့်က ဆိုဖာပေါ်မှာထိုင်ပြီး မျက်ခုံးရိုးတွေကို သူ့ရဲ့လက်ချောင်းသွယ်သွယ်တွေနဲ့ ဖိနှိပ်နေတာမို့ခြေသံလုံလုံဖြင့်dining roomဘက်ကို အမြန်လျှောက်သွားလိုက်သည်။
ရှောင်းကျန့်ထိုင်နေရင်းခေါင်းထဲကနောက်ကျိကျိဖြစ်လာတာမို့ သက်သာလိုသက်သာငြား မျက်ခုံးရိုးတွေကို အသာဖိနှိပ်နေရင်း နှာခေါင်းနားတစ်ဝိုက်ကိုတိုးဝင်လာတဲ့ကော်ဖီရနံ့ကြောင့်မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ဝမ်ရိပေါ်ကကော်ဖီခွက်ကိုကိုင်လို့ရှောင်းကျန့်အရှေ့မှာ မတ်တပ်ရပ်နေသည်။
"ငါက မင်းကိုပြန်သွားပြီတောင်ထင်နေတာ"
"အွန်း...ပြန်တော့မလို့ပဲ ဒါပေမယ့်မပြန်ခင်လေး ခင်ဗျားကိုတော့ နှုတ်ဆက်သွားသင့်တယ်ထင်လို့"
"ဒါနဲ့ ဒီကော်ဖီက..."
"ခင်ဗျားခေါင်းကိုက်နေမယ်ထင်လို့ ဘလက်ခ်ကော်ဖီဖျော်လာပေးတာ"
"ဒီလိုကျတော့လည်း မင်းကဘယ်ဆိုးလို့လဲ.."
"နောက်ဆုံးတော့ ကျွန်တော်တော်တာကို ခင်ဗျားလက်ခံလိုက်ပြီပေါ့"
ရိပေါ်ပြောစကားကြောင့်ပါးချိုင့်ရေးရေးလေးပေါ်လာတဲ့အထိ သဘောတကျရယ်နေတဲ့ရှောင်းကျန့်က ရိပေါ်ဖျော်ပေးတဲ့ဘလက်ခ်ကော်ဖီကို တစ်ငုံသောက်ရင်း
"ဟား...အခုမှပဲနေသာထိုင်သာရှိသွားတော့တယ်"
"ဘလက်ခ်ကော်ဖီကခေါင်းကိုက်တာကို သက်သာစေပေမယ့်စွဲသွားရင်ကျန်းမာရေးအတွက်မကောင်းတာမို့လို့ ခဏခဏမသောက်ရဘူးလို့ အန်တီရင်းကမှာထားတယ်"
ရိပေါ်ကတော့ တကယ်စိတ်ပူလို့သိထားတာကိုပြောပြလိုက်ပေမယ့်ရှောင်းကျန့်က ရိပေါ်ကိုကြည့်ပြီး တဟားဟားအော်ရယ်နေတာကြောင့်ရိပေါ်က စိတ်တိုလာကာ စူးစိုက်လို့ကြည့်ပေးလိုက်သည်။
ဒီအတိုင်းနေရင်မသိသာမှာမို့ စိတ်တိုကြောင်းပြသည့်အနေဖြင့်မျက်ခုံးလေးနှစ်ဖက်ကို စုကျုံ့လို့ကြည့်နေတာတောင်ရှောင်းကျန့်က ရပ်မသွားတဲ့အပြင်ပိုတိုးလို့ပင်ရယ်နေတာမို့ ရိပေါ်ကရှောင်းကျန့်လက်ထဲကကော်ဖီခွက်ကို ပြန်ဆွဲယူကာ
"အဲ့လောက်ရယ်ချင်နေရင်လည်း ကျွန်တော့်ကော်ဖီဆက်သောက်မနေနဲ့တော့ ပြန်ပေး..."
ရှောင်းကျန့်လက်ထဲကကော်ဖီခွက်ကို အတင်းဆွဲလုနေတဲ့ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်က ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ကာ
"ဟေ့ကိုယ်နဲ့တစ်ခွက်ထဲတူတူသောက်ချင်လို့လား မရဘူးနော်.."
ရယ်ကျဲကျဲနဲ့ပြောလာတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်ကရှောင်းကျန့်ကော်ဖီခွက်ကို ကိုင်ထားတဲ့လက်ကိုပြန်ရုတ်ကာ ကိုယ်ကိုပြန်မတ်လိုက်ပြီး ဆိုဖာမှာပြန်ထိုင်နေလိုက်သည်။
ဆူပုတ်ပုတ်မျက်နှာလေးနဲ့ ထိုင်နေတဲ့ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်က ရယ်တာကိုအရှိန်သတ်လိုက်ကာ ဝမ်ရိပေါ်နဲ့မျက်နှာချင်းဆိုင်မှာပြန်ဝင်ထိုင်ရင်း
"ခုနက မင်းရဲ့ပုံစံကကျောင်းဆရာပေါက်စလေးနဲ့တူလို့ ကိုယ်ကရယ်မိသွားတာပါ"
ဝမ်ရိပေါ်ထပ်ပြီးစိတ်ဆိုးသွားမှာစိုးလို့သာကျောင်းဆရာပေါက်စလေးနဲ့တူတယ်ဆိုပြီးပြောလိုက်ပေမယ့်ရှောင်းကျန့်အမြင်မှာတော့ ခုနကဝမ်ရိပေါ်ကရဲ့ပုံစံက ဆရာစာမေးလို့အရိုက်မခံရအောင်တစ်လုံးမကျန်ပြန်ဖြေနေတဲ့ မူကြိုကလေးနဲ့တူနေတာ သူအသိဆုံး။
"ဒါနဲ့ ကိုယ်သတိထားမိတယ်တောထဲမှာတုန်းကလည်း မင်းဆီကအဲ့ဒီနာမည်ပြောသံကြားလိုက်သလားလို့"
"အန်တီရင်းဆိုတာလား..."
ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်တော့ ဝမ်ရိပေါ်က ပါးမို့လေးတွေလုံးထွက်လာတဲ့အထိ ပြုံးရယ်ကာ
"အန်တီရင်းက ကျွန်တော်ကလေးဘဝထဲက ကျွန်တော်နဲ့အတူတူကစားပေးပြီး ကျွန်တော်မသိတာတွေရှိရင်လည်း အမြဲတမ်း စိတ်ရှည်ရှည်နဲ့ပြောပြပေးနေကျလေ။ ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင်လည်း ကျွန်တော့်ဘက်က ရပ်တည်ပေးတဲ့တစ်ဦးတည်းသောသူ။
ကျွန်တော်ငါးနှစ်သားအရွယ်လောက်ကဘေးခြံကိုပြောင်းလာတဲ့မိသားစုမှာပါလာတဲ့ ကျွန်တော့်ထက်အသက်ကြီးတဲ့ အမွှာညီအစ်ကိုနှစ်ယောက်က အစပိုင်းတော့ ကျွန်တော်နဲ့ဆော့ပေးပေမယ့်ကြာလာတော့ သူတို့လာပြီးပြန်သွားတိုင်း ကျွန်တော့်ဆီက ကစားစရာတွေကို ယူသွားတတ်ကြတာ။ တဖြည်းဖြည်းနဲ့ သူတို့အိမ်ကိုလာမှာကိုတောင်ကျွန်တော်ကကြောက်နေခဲ့တာ။ မာမီနဲ့ဒယ်ဒီက အလုပ်အရမ်းရှုပ်တော့ အဲ့တာတွေကိုမသိပဲ အဲ့ဒီအမွှာနှစ်ယောက်နဲ့ပဲကျွန်တော့်ကိုကစားခိုင်းတယ်။
တစ်နေ့ကျတော့ ဒယ်ဒီကျွန်တော့်ကိုဝယ်ပေးထားတဲ့ ဆိုင်ကယ်အရုပ်လေးနဲ့ ခြံထဲမှာဆော့နေရင်း အဲ့ဒီအမွှာနှစ်ယောက်ကရောက်လာပြီး ကျွန်တော့်လက်ထဲကအရုပ်ကို ဝိုင်းလုကြရော။ အားချင်းမမျှပဲ အမွှာနှစ်ယောက်လက်ထဲကျွန်တော့်အကြိုက်ဆုံးအရုပ်လေးပါသွားတော့ ကျွန်တော်လည်းစိတ်တိုပြီး တွန်းလိုက်တော့ အငယ်ကောင်ကချော်လဲသွားတယ်။
သူ့ညီကိုတွန်းလိုက်တော့ အကြီးကောင်က ကျွန်တော့်ကိုစိတ်တိုပြီးမြေကြီးပေါ်တွန်းချပြီးရိုက်တယ်။ အရွယ်ချင်းကကွာတဲ့အပြင်မွေးထဲက လူကောင်သေးတဲ့ကျွန်တော်က ဘာမှပြန်မလုပ်နိူင်ပဲ သူရိုက်သမျှခံနေရင်း အိမ်ထဲကထွက်လာတဲ့အန်တီရင်းက ကျွန်တော်တို့ကို မြင်သွားတော့ ကျွန်တော့်ဆီကိုပြေးလာပြီး ဝင်ကာပေးရင်းချော်လဲနေတဲ့အငယ်ကောင်လှမ်းပစ်ပေါက်လိုက်တဲ့ ခဲလုံးက အန်တီရင်းခေါင်းကိုထိသွားခဲ့တယ်။ အန်တီရင်းခေါင်းကသွေးတွေကိုမြင်ပြီး အမွှာနှစ်ကောင်ထွက်ပြေးသွားတော့မှ အန်တီရင်းက သူ့ခေါင်းကဒဏ်ရာကိုမမှုအားပဲ သူ့ရင်ခွင်ထဲမှာထည့်ဖွက်ထားတဲ့ကျွန်တော့်တစ်ကိုယ်လုံးကိုနေရာမလပ်စစ်ဆေးရင်း ကျွန်တော့်မျက်နှာက လက်ဝါးရာတွေကိုတွေ့တော့ သူပေါ့ဆလို့အခုလိုဖြစ်ရတာဆိုပြီး ငိုပြီးတောင်းပန်တယ်။
ဒယ်ဒီနဲ့မာမီပြန်ရောက်တော့ အိမ်နီးနားချင်းတွေနဲ့ တည့်အောင်မပေါင်းလို့ဆိုပြီး ကျွန်တော့်ကိုထပ်ဆူတော့ အန်တီရင်းကပဲ ကျွန်တော့်အရှေ့ကရပ်ပြီး သူ့ပေါ့ဆမိသွားတာမို့ ကျွန်တော့်ကိုမဆူပဲ သူ့ကိုအပြစ်ပေးဖို့ကိုသာတောင်းဆိုခဲ့တာ..."
"အဲ့ဒီအမွှာနှစ်ကောင်ကရော..."
"ဟမ်.."
ရိပေါ်ပြောနေရင်း ဖြတ်မေးလာတဲ့ရှောင်းကျန့်ရဲ့စကားကြောင့်ရိပေါ်ကြောင်သွားရသည်။ အနည်းဆုံးတော့ ဒီအကြောင်းတွေကြားရင်ရှောင်းကျန့်က ရိပေါ်ကို အားနည်းတဲ့သူဆိုပြီးလှောင်ပြောင်နေလိမ့်မယ်လို့ ထင်ထားခဲ့တာ။
"အဲ့ဒီကိစ္စတွေဖြစ်ပြီးမကြာခင်မှာပဲမိသားစုလိုက်ပြောင်းသွားကြတယ်"
ရိပေါ်စကားကြားတော့ ဘာကိုအလိုမကျဖြစ်သွားမှန်းမသိတဲ့ရှောင်းကျန့်က မျက်ခုံးတွေကိုတွန့်ချိုးထားတာမို့
"...ရှောင်းကျန့်ခင်ဗျားအဆင်ပြေရဲ့လား.."
"ကော်ဖီအတွက်ကျေးဇူးပဲ မင်းလည်းပစ္စည်းတွေသိမ်းပြီးတာနဲ့ မြန်မြန်ပြန်ကြားလား"
ရှောင်းကျန့်ရဲ့အမေးကြောင့်ရိပေါ်ယောင်နနနှင့်ပင်ခေါင်းငြိမ့်လိုက်ရသည်။ ခုနကအထိ အကောင်းကြီးရှိနေတဲ့ရှောင်းကျန့်က ရိပေါ်စကားတွေကြားပြီးတာနဲ့ မျက်နှာကြီးကသုန်မှုန်သွားတာမို့ ရိပေါ်အရမ်းစကားများမိသွားလို့ခေါင်းကိုက်လာလို့ဖြစ်မှာပါလို့ပဲတွေးလိုက်သည်။
ရှောင်းကျန့်ဓာတ်လှေကားဖက်ကိုတစ်ယောက်ထဲလျှောက်လာရင်း အပြင်ကိုလှမ်းကြည့်လိုက်တော့မှောင်နေပြီမို့ ခလုတ်ကိုတမင်မနှိပ်သေးပဲ ဓာတ်လှေကားအရှေ့မှာရပ်နေလိုက်သည်။ ခဏကြာတော့ စက္ကူပုံးကိုပိုက်ထားပြီး ဓာတ်လှေကားဘက်ကို ကပြာကယာပြေးလာတဲ့အရိပ်လေးကို လှစ်ခနဲတွေ့လိုက်ရတော့မှ ခလုတ်နှိပ်ပြီး ဓာတ်လှေကားထဲဝင်လာလိုက်ေတာ့သည်။ ဟူး...ဒီနေ့မှ ဓာတ်လှေကားကလည်းစောင့်ရတာကြာလိုက်တာ~~~
#fah🦄