ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

573K 105K 4.2K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၂၈ [ Zawgyi ]

5.5K 550 10
By Kay_Wine

[ Kay : ဒီအပိုင်းက တကယ်ကို ရှည်သလို တချို့နေရာမှာလည်း နည်းနည်းနားမလည်တာမျိုးတွေရှိနေတဲ့အတွက် လွဲချော်တာမျိုးရှိခဲ့တယ်ဆိုရင် ကြိုပြီးတောင်းပန်ပါတယ်လို့။ အရှည်ကြီးဖြစ်နေလို့ Zawgyi နဲ့ Unicodeကို သက်သက်စီ ထားလိုက်ပါတယ် ]

{Zawgyi}

"Whhhhh..."

ရှုချန်းမျက်လုံးတွေ ပြူးကျယ်နေပြီး သူတို့ကို လင်ရှန်းက မျက်လှည့်ပြနေသလိုပုံစံမျိုးနဲ့ ကြည့်နေကြတယ်။ သူကတော့ စက္ကူအိတ်ထဲက ဥတွေကို ထုတ်နေတုန်းပဲ။ မျက်တောင်တစ်ခတ်အတွင်း စားပွဲပေါ်မှာ ပြုတ်ပြီးသားဥဝင်းဝင်းလေး ခုနစ်လုံးရောက်နေပြီဖြစ်တယ်။

အားလုံးက အလွန်ရိုးရှင်းပြီး လှည့်ကွက်တွေထုတ်သုံးထားတာမရှိ ရိုးရိုးစင်းစင်းသာဖြစ်တယ်!

စက္ကူအိတ်ထဲက ရှိသမျှ ပြောင်စင်သွားအောင် လင်ရှန်းထုတ်နေတယ်။ မော့ကျူးချန်မျက်လုံးတွေကတော့ အေးစက်သထက် အေးစက်လာတယ်။

သူ့နှုတ်ခမ်းထောင့်စွန်းတွေ စတင်ကွေးညွတ်လာပြီး အပြုံးမဟုတ်တဲ့အပြုံးတစ်ခုပေါ်လာကာ ကျောပိုးအိတ်ထဲ ထပ်နှိုက်နေပြန်တဲ့ လင်ရှန်းကို ကြည့်နေလိုက်တယ်။ အထဲက ပန်းသီးတစ်လုံးထုတ်ပြီး သူ့စားပွဲပေါ်လာတင်ပေးတယ်။

"ရော့" သူ အမူအယာပြလိုက်တယ် "မင်းအတွက် ပန်းသီးတစ်လုံးပါဝယ်လာတာ"

မော့ကျူးချန် "..."

သူ ဒေါသတကြီး ရယ်မိလုနီးပါးဖြစ်သွားတယ်!

"မနက်စာ စားပြီးကြပြီလား?" လင်ရှန်း ခေါင်းလှည့်ကာ တောက်ရန်နဲ့ ရှုချန်းတို့ကို တရင်းတနှီးမေးလိုက်တယ်။

ဒီနှစ်ယောက်က မော့ကျူးချန်ရဲ့သူငယ်ချင်းတွေဆိုတာ သူသိတယ် "မင်းတို့ မစားရသေးရင် အတူတူစားကြမလား? ငါ အများကြီးယူလာတယ်လေ"

"မဟုတ်တာ မဟုတ်တာ" တောက်ရန်က လက်ကို ထပ်တလဲလဲခါယမ်းပြနေကာ တချိန်လုံး တံတွေးကို ခက်ခက်ခဲခဲမြိုချရင်း လွတ်မြောက်ဖို့ ကြိုးစားနေမိတယ်။ တောက်ရန် လင်ရှန်းကို ခပ်တောက်တောက်မျက်လုံးတွေနဲ့ကြည့်ပြီးနောက် စားပွဲပေါ်က ဥခုနစ်လုံးကို ကြည့်လိုက်ပြန်တယ်။

သူ့စိတ်အခြေအနေက လေးစားနေသလို ရှုပ်လည်းရှုပ်ထွေးနေတယ်။ လေးစားဖို့ကောင်းချက်... လင်ရှန်းက မော့ကျူးချန်ရဲ့အာရုံစိုက်မှုရသွားတာ အံ့ဩစရာမရှိတော့ဘူး။ ရှုပ်ထွေးတာကတော့ ဒီဟာက အရမ်းကို ချဲ့ကားပြောခဲ့တာဖြစ်လို့ ဖဲချပ်တွေကိုတောင် အစဉ်လိုက်အတိုင်း မထုတ်နိုင်တော့သလောက်ပဲ! [ T/N : ဒီနေရာကို သိပ်နားမလည်လို့ပါ ]

အချစ်အတွက် မနက်စာကောင်းကောင်းက ဂျုံပေါင်မုန့်လုံးဖြစ်လိုက် ကြက်ဥပြုတ်ဖြစ်လိုက်နဲ့။ အဲ့တာတွေက သာမန်ကာလျှံကာနဲ့ အတော်ကြီး စိတ်ရှုပ်စရာကောင်းမှန်း သိသာတယ်။

"ဘော့စ်" တောက်ရန် မခိုးမခန့်ပြုံးလိုက်တယ်။

သူ့နှုတ်ခမ်းထောင့်တွေက ကော့တက်နေပြီး သတိပေးတဲ့အနေနဲ့ မော့ကျူးချန်လက်ကို အသာဆွဲလိုက်တယ် "မနေ့တုန်းက ပြောခဲ့တာကို မမေ့နဲ့နော်"

တောက်ရန် ပြောပြီးတာနဲ့ လင်ရှန်းကို ကိုးရို့ကားယားနိုင်စွာပြုံးပြလိုက်တယ် "ဟားဟားဟားဟား အတန်းတောင်စတော့မယ်နော်၊ ငါတို့ အရင်သွားလိုက်အုံးမယ် တာ့တာ"

"သွားပြီ" ရှုချန်းလည်း မော့ကျူးချန်ကို ခေါင်းဆတ်ပြကာ တောက်ရန်နဲ့အတူ လှည့်ထွက်သွားတယ်။ မော့ကျူးချန်အမူအယာက အနည်းငယ်လန့်စရာကောင်းလာတယ်။

သူ့မျက်လုံးတွေက လင်ရှန်းကိုအရောင်တလက်လက်နဲ့ ကြည့်နေတယ်။ မနေ့တုန်းက ကျောင်းဆင်းချိန်မှာ မော့ကျူးချန်တစ်ယောက် တောက်ရန်နဲ့ ရှုချန်းတို့ကို လှမ်းခေါ်ခဲ့တယ်။

သူ့ရဲ့ကောင်းနေခဲ့တဲ့စိတ်အခြေအနေလေးတွေအားလုံးက လင်ရှန်း စုတျန်းတျန်းအတွက်ပါ တစ်ထေရာတည်းတူတဲ့ နမူနာတွေပြင်ဆင်ပေးခဲ့တာကို မြင်လိုက်ရပြီးနောက်မှာ ပျက်ဆီးသွားခဲ့တယ်။ ကျောင်းဆင်းတဲ့အထိ သူဘယ်လိုတောင့်ခံခဲ့မှန်းတောင် မော့ကျူးချန်မသိတော့ဘူး။

အရင်တုန်းကလိုသာဆိုရင် လက်သီးတလုံးပစ်သွင်းပြီး လင်ရှန်းကို 'လိမ္မာတဲ့ကောင်လေးတစ်ယောက်ဖြစ်ဖို့'သင်ပေးလိုက်မှာဖြစ်တယ်။

ဒါပေမယ့် မနေ့တုန်းကတော့ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းက ဂုဏ်ယူစရာကောင်းလှပြီး အံ့ဩစရာကောင်းလောက်အောင်လည်း ဒေါသကို ထိန်းချုပ်နိုင်ခဲ့တယ်။

ကျောင်းဆင်းတဲ့အခါ တောက်ရန်နဲ့ ရှုချန်းတို့ဘေးချင်းကပ် မော့ကျူးချန်တိုက်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး ပေါက်ကွဲထွက်တော့မလိုဖြစ်နေတဲ့လူကို ကြည့်ကာ နှစ်ယောက်လုံး တွေးဆဆဖြစ်နေတဲ့အမူအယာတွေ ပေါ်နေတယ်။

"အခြေအနေကို အစကနေအဆုံးထိ လင်းပါအုံး" ရှုချန်း သူ့မျက်မှန်ကို ပင့်တင်ကာ မော့ကျူးချန်ကို ပြောလိုက်တယ်။

သူနဲ့ တောက်ရန်တို့ ဒေါသထွက်နေတဲ့ကျောင်းမြက်ကြီးရဲ့ ပြန်ပြောင်းပြောပြတဲ့ဖြစ်စဉ်ကို အကြမ်းဖျင်းနားထောင်လိုက်ရတယ်။ တောက်ရန်တစ်ယောက် ပြောစရာစကားတောင်မရှိတော့ဘူး "အဲ့တော့ ဘာကို ဒေါသထွက်တာလဲ?"

မော့ကျူးချန် လွှတ်ခနဲပြောမိသွားတယ် "အဲ့တာက ဘာလို့လဲဆိုတော့ သူ..."

"ဘာကို ဘာလို့လဲဆိုတော့လဲ?" တောက်ရန် မေးလိုက်တယ်။

"ဘာလို့လဲဆိုတော့..." မော့ကျူးချန် တွန့်ခနဲဖြစ်သွားပြီး ဒေါသတကြီးပြောလာတယ် "ဘာလို့လဲဆိုတော့ သူငါ့ကို ကြိုက်နေတာကို ငါသိတယ်လေ၊ အဲ့တော့ သူ့ကိုရိုက်ရမှာ ရှက်စရာကြီး!"

တောက်ရန် "..."

ဘော့စ်ရေ! တစ်ကျောင်းလုံးမှာ ယောကျာ်းမိန်းမတွေ ဘယ်လောက်များများ မင်းကိုကြိုက်နေလဲဆိုတာကိုတောင် မသိနိုင်တော့ဘူး။ ပြီးတော့ မင်းဒီလောက်ကြီး စိတ်ကိုချုပ်ထိန်းထားတာကို တစ်ခါမှမမြင်ဖူးဘူး!

ရှုချန်းက သူ့မျက်မှန်ကို ပင့်တင်ရင်း စာနာစွာနဲ့ မော့ကျူးချန်ပြောလိုတဲ့အချက်ကို ဆုတ်ကိုင်လိုက်တယ်။ "အဲ့တော့ မင်းအရမ်းစိတ်ဆိုးနေရတာက သူ့မျက်လုံးထဲမှာ မင်းက စုတျန်းတျန်းက တန်းတူဖြစ်နေလို့ပေါ့"

တကယ်တော့ သူ့အမြင်မှာ မော့ကျူးချန်က စုတျန်းတျန်းလောက်လည်း ကောင်းမနေပါဘူး။ သူ မနှေးမမြန်ပြောလိုက်တယ် "ဒါပေမယ့် လူတိုင်းက သူ့ရဲ့အစ်ကိုကြီးလင်ယွမ်နဲ့ယှဉ်ရင်တော့ ဖွဲနဲ့စကွဲတွေပါပဲ"

မော့ကျူးချန် "..."

သူ့မျက်နှာကြီး မည်းကျုတ်လာတယ်!

"ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ" တောက်ရန်က မော့ကျူးချန်ဘက်က အမြန်ဝင်ကူပြောပေးရှာတယ် "ဘယ်လိုနေနေ အဲ့တာ သူ့အစ်ကိုပဲလေ"

ဒါကိုကြားတော့မှ မော့ကျူးချန်ရဲ့အမူအယာက အနည်းငယ်ပျော့ပြောင်းသွားတယ်။ သူ ခဏလောက်တွေးပြီးနောက် ရုတ်တရက်ပြောလာတယ် "လင်ယွမ်က လင်ရှန်းကိုဆို အရမ်းကပ်စေးနည်းတာ၊ လင်ရှန်းက သူ့အစ်ကိုကြီးကို အရမ်းကြောက်နေရတယ်လို့ ငါခံစားမိတယ် ဒါပေမယ့် လင်ရှန်းက..."

သူ စကားစကိုဖြတ်ပြီး သူ့မျက်လုံးတွေက ရှုချန်းနဲ့ တောက်ရန်တို့ပေါ် ဖြတ်သွားတယ်။ စပ်စုလိုစိတ်နဲ့ အတင်းအဖျင်းသိချင်တဲ့အကြည့်တွေကိုမြင်တော့ သူဆက်ပြောလိုက်တယ် "သူ့အစ်ကိုကို ချစ်တယ်လေ"

"အင်း" ရှုချန်း ခေါင်းငြိတ်ကာ အကြံပြုလိုက်တယ် "လင်ရှန်းက ဘယ်လိုလူမျိုးမို့လို့ သဘောကျနေလဲဆိုတာ တစ်ချက်လောက် ကြည့်ကြတာပေါ့"

သုံးယောက်သား ပြောကြတဲ့အတိုင်း အင်တာနက်ပေါ်ကနေ လင်ယွမ်ရဲ့အချက်အလက်ကို ရှာဖွေတော့တယ်။

"ဝေါင်း! ငါတို့ရဲ့စီနီယာက အဲ့နှစ်တုန်းက မြို့တော်ရဲ့သိပ္ပံချန်ပီယံဟ!" တောက်ရန် သက်မချကာ "မိုက်ချက်ပဲ!"

"ဂုဏ်သတင်းကြီးတဲ့နိုင်ငံခြားတက္ကသိုလ်ကနေ Ph.Dဘွဲ့ရထားတာ၊ တရုတ်ကို ပြန်လာပြီး စီးပွားရေးတစ်ခုစလုပ်တယ်၊ နည်းပညာပိုင်းမှာ ကျော်ကြားတဲ့လူ..." သူ သက်ပြင်းသာ ဆက်ချနေမိတယ်။

ရှုချန်း အင်တာနက်ပေါ်က လင်ယွမ်ရဲ့ပုံတွေကို အချိန်အကြာကြီးစိုက်ကြည့်နေတယ်။ သူ့ရဲ့တချို့သောအင်တာဗျူးဗီဒီယိုအတိုလေးတွေကိုတောင် အထူးတလည်ကြည့်လိုက်သေးတယ်။

ဗီဒီယိုကိုပိတ်ပြီး မော့ကျူးချန်ကို မော့ကြည့်ကာ မျက်မှန်ကို ပင့်တင်လိုက်တယ် "သိမ်မွေ့ပြီး ခန့်ညားတယ်၊ တကယ့်ဉာဏ်ကြီးရှင်၊ ထက်မြက်တယ်၊ ရင့်ကျက်တယ်၊ တည်ငြိမ်တယ် ပြီးတော့ ဥပဓိရုပ်ကောင်းတယ်..."

သူ ကောက်ချက်ချလိုက်တယ် "ကြည့်ရတာ သူကအဝတ်အစားဝတ်ထားရင်တော့ ယိုင်တိယိုင်တိုင်ပုံပေါက်ပေမယ့် အဝတ်တွေချွတ်လိုက်ပြီဆိုရင် အသားပေါတဲ့မန်ဆောင်ယောကျာ်းမျိုးပဲဖြစ်လိမ့်မယ်၊ အဲ့တော့ လင်ရှန်းက ဒီလိုမျိုးကို သဘောကျလောက်တဲ့ပုံပဲ" [ T/N : မန်ဆောင်ဆိုတာက အပြင်ပန်းတော့ တည်ငြိမ်အေးချမ်းပေမယ့် တကယ်တမ်းကျတော့ အတွေးများပြီး ဂယက်ထတတ်ကာ အရမ်းသီးသန့်ဆန်ပြီး နှလုံးသားထဲမှာတော့ စိတ်လှုပ်ရှားလွယ်သူ/ရမ္မက်ကြီးသူပါတဲ့ ]

မော့ကျူးချန် "..."

တောက်ရန် အလောတကြီးပြောလိုက်တယ် "ဘော့စ် ခန့်ညားတဲ့အပိုင်းမှာတော့ ဘော့စ်ကသေချာပေါက် သူ့ကိုမရှုံးနိုင်ဘူး၊ မင်းရဲ့ခန္ဓာကိုယ်နဲ့ ရှုံးဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေးတယ်"

"အဲ့တာ ထုံးစံပဲလေ" မော့ကျူးချန် ခေါင်းငြိတ်လိုက်တယ်။ သေချာတာပေါ့ သူ့မှာ ယုံကြည်ချက်ရှိတယ်၊ ဘယ်သူ့ကိုမှ ရှုံးမှာမဟုတ်ဘူး။

ရှုချန်း "ဒါပေမယ့် တစ်ဖက်မှာက မိသားစုရဲ့ချစ်ခင်မှုဆိုပြီး အသာစီးရထားတာရှိတယ်လေ၊ လင်ရှန်းက သူ့ကိုပိုပြီးတန်ဖိုးထားတာကတော့ ပုံမှန်ပဲလေ"

"အင်း" မော့ကျူးချန် ဒီအဆိုကို လက်ခံတယ်။

"စိတ်ပိုင်းဆိုင်ရာကြည့်မယ်ဆိုရင် ဒီလောက်ကောင်းတဲ့အစ်ကိုကြီးက သူ့ဘေးမှာ ကလေးဘ၀တည်းကရှိနေတာဆိုတော့ လင်ရှန်းက သူ့ရဲ့အနာဂတ်လက်တွဲဖော်ကိုရှာမယ်ဆိုရင် စံနှုန်းသတ်မှတ်ဖို့ အဲ့လူကိုအလွယ်တကူသုံးလို့ရနေတာပဲလေ" ရှုချန်း ပြောပြန်တယ်။

"မင်းက စိတ်ပညာကို သိနေတာလား?!" တောက်ရန် တအံ့တဩဖြစ်သွားတယ်။

ဒါပေမယ့် ရှုချန်းရဲ့စူးရှတဲ့မျက်လုံးတွေ သူ့ဆီမြန်မြန်ဆန်ဆန်ကျရောက်လာတဲ့အခါ လိမ်လိမ်မာမာနဲ့ ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့တယ်။ ဒီတစ်ကြိမ်မှာတော့ မော့ကျူးချန် ချက်ချင်းပြန်မပြောလာဘူး။ အချိန်အကြာကြီး အတွေးထဲမြောနေကာ တိတ်ဆိတ်နေပြီးနေနေတာကြောင့် တောက်ရန်တောင် သူ့နှလုံးသားထဲမှာ အနည်းငယ်ကလိကလိဖြစ်ရတယ်။

__ မော့ကျူးချန် ဒီလိုမျိုးဖြစ်နေတာကို တစ်ခါမှမမြင်ဖူးဘူး။

"ဟမ့်!" အကြာကြီးနေပြီးတော့မှ မော့ကျူးချန် တိုးလျတဲ့အသံလေးပြုလာတယ် "လင်ရှန်းရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ငါကဘာလို့ ဂရုစိုက်နေရမှာလဲ!"

သူ့ကိုယ်သူပြောနေပုံရသလို နားထောင်နေကြတဲ့ တောက်ရန်နဲ့ ရှုချန်းကို ပြောနေသလိုပုံလည်းပေါ်တယ် "သူက ငါစိတ်တိုသွားအောင်လို့ ဒီလိုမျိုးတမင်လုပ်လိုက်တာ ပြီးတော့ ငါ့ရဲ့အာရုံစိုက်တာကို လိုချင်နေတာ"

"ငါ ပြောဖို့တော့လိုပြီ သူအောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပြီ!"

တောက်ရန် : ဟား ဟား ပျော်နေလိုက်တာများ!

မော့ကျူးချန် ပြန်ပြောင်းတွေးနေတာတွေပြီးသွားချိန်မှာ တောက်ရန်က ကော်ရီတာကိုတောင်ရောက်နေပြီဖြစ်ကာ သူ့ကိုပြတင်းပေါက်ကနေ ရုပ်ပျက်ဆင်းပျက် မျက်စိတွေမှိတ်ပြနေဆဲဖြစ်တယ်။ သူအကြည့်ကိုပြန်ရုတ်လိုက်တယ်။ ခုလေးတင်ရှိနေသေးတဲ့ သူ့မျက်နှာပေါ်က တိမ်မည်းတစ်ခုကလည်း တဖြည်းဖြည်းပြေလျော့နေပြီဖြစ်တယ်။

သို့သော်လည်း ကျောင်းရဲ့မကောင်းဆိုးဝါးမြက်ကြီးကို မြင်ခဲ့ပြီးသားဖြစ်တဲ့ Fတန်းမှာရှိတဲ့လူတိုင်းကတော့ ဇာတ်တူသားစားတော့မလိုဖြစ်နေတဲ့ မျက်နှာမည်းကြီးကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ အသံတိတ်နေကြတယ်။ စာသင်ခန်းတစ်ခုလုံး အလွန်တိတ်ဆိတ်နေကာ ရံဖန်ရံခါမှသာ ဂရုတစိုက်နဲ့ စာအုပ်လှန်သံကို ကြားရတယ်။

မုန်တိုင်းဗဟိုချက်မှာရောက်နေတဲ့ လင်ရှန်းကတော့ ကြောက်လန့်မနေဘူး။

သူလည်း ကိုယ့်အကြောင်းကိုယ်သိကာ သူ့ရဲ့ချက်ပြုတ်တဲ့စွမ်းရည်က တကယ်ဆိုးမှန်းသိတယ်။ လင်ရှန်း သူ့နေရာမှ ဘေးတစောင်းထိုင်ကာ မော့ကျူးချန်ကို လှည့်ကြည့်လိုက်တယ်။

"မင်းပဲ လုပ်ခိုင်းတာလေ" သူပြောလိုက်တယ် "ကိုယ်တိုင်ကိုယ်ကျ မွေးကတည်းက ခုထိဆို အသင့်စားခေါက်ဆွဲလောက်ပဲလုပ်တတ်တာကြီးကို၊ ဒါပေမယ့် အဲ့တာတွေက ကျန်းမာရေးအတွက် မကောင်းဘူးမှတ်လား?"

မော့ကျူးချန် ဘာမှမပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေတယ်။

လင်ရှန်း ခက်ခက်ခဲခဲနဲ့ တံတွေးကို မြိုချကာ စကားပြောလေလေ အသံက တိုးလေလေဖြစ်လာတယ် "ကြက်ဥတွေနဲ့ ပန်းသီးက အရမ်းအာဟာရဖြစ်စေတယ်လေ ဟားဟား ဟားဟားဟား"

သူ မအီမလည်နဲ့ရယ်ကာ တစ်ဖက်လူရဲ့တဖြည်းဖြည်းအေးစက်လာတဲ့မျက်လုံးတွေကို ကြည့်နေမိတယ်။ သူပါးစပ်ကို အသာပိတ်လိုက်တယ်။ တွေးကြည့်ရင် တစ်စုံတစ်ယောက်က မနက်စာဆိုပြီးသူ့ကို ဥခုနစ်လုံးယူလာပေးတယ်ဆိုရင် သေချာပေါက် စိတ်ပျက်စရာဖြစ်မှာပဲ။

အထူးသဖြင့် တောက်ရန်က မော့ကျူးချန်ဆီယူလာပေးတဲ့ အစားအသောက်တွေကို လင်ရှန်းတစ်ကြိမ်မြင်ဖူးတယ်။

"ဟမ့်" မော့ကျူးချန် နှာခေါင်းရှုံ့လိုက်တယ်။ သူ ကြက်ဥတစ်လုံးကို လှမ်းယူပြီး စားပွဲနဲ့ခေါက်လိုက်တယ်။ အခွံကွဲသွားပြီး တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ကြက်ဥအခွံခွာသံတစ်ခုသာ ထွက်ပေါ်နေတယ်။

မသိရင်လူတိုင်းရဲ့နှလုံးသားကို ဆွဲဖြဲနေသလိုဖြစ်နေတယ်။ မော့ကျူးချန် ကြက်ဥတစ်လုံးလုံးကို ဖြေးဖြေးချင်းခွာပြီးနောက် ရုပ်ရှင်ကားတွေထဲက အနှေးပြကွက်လိုမျိုး တစ်ကိုက်ချင်းကိုက်နေတယ်။

တစ်လုံးကုန်သွားရင် နောက်တစ်လုံး။ သူ ဘာမှမပြောဘဲ တပြိုင်တည်း ကြက်ဥလေးလုံးကို စားပစ်လိုက်ပြီးမှ ပန်းသီးကို ကောက်ကိုင်တယ်။ မော့ကျူးချန်က ဘာမှမပြောဘူးဆိုပေမယ့် လင်ရှန်းကတော့ ကြည့်နေရင်းနဲ့ကို ပိုပိုပြီး အပြစ်မကင်းသလို စပြီးခံစားလာရတယ်။

အဲ့ရေလုံပြုတ်ကြက်ဥတွေကိုစားရတာ သူမကြိုက်လှဘူး။ ဟန်မပျက်စားဖို့ ကျောင်းမြက်ကြီးအတွက် ခက်လှတယ်။

"ကြက်ဥက ဂွမ်းလွန်းအားကြီးတယ်" မော့ကျူးချန် ကြက်ဥနောက်ဆုံးလက်ကျန်ကို မြိုချပြီးနောက် ပြောလာတယ် "ငါက တန်ရှင်းကို ပိုကြိုက်တယ်" [ T/N : ကြက်ဥကို ပြုတ်ပြီးမှ ပြန်ကြော်ထားသလိုမျိုးလေး။ ဒါပေမယ့်အဲ့တာကို sugar heartလို့လည်း ခေါ်ပါတယ်တဲ့ အဟမ်း!! ]

"ဟမ်? အော်..." လင်ရှန်း ကြောင်တောင်တောင်သာ ခေါင်းငြိတ်ပြနေမိတယ်။

"ငါက ကြွပ်ကြွပ်လေးဖြစ်နေတဲ့ ပန်းသီးတွေကိုကြိုက်တာ၊ ဒီတစ်ခုက ပျော့ပျော့ကြီး" ပန်းသီးကို တစ်ကိုက်ကိုက်ပြီး ပြောပြန်တယ်။

"ဆောတီး..."

လင်ရှန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်နေတယ်။ မော့ကျူးချန် စိတ်တိုနေပုံမရဘူး။ ခုလေးတင် သူ့ရဲ့မျက်နှာမည်းကြီးကိုကြည့်ပြီး ဒီကိစ္စနဲ့ပက်သက်ပြီး ပြောင်းလဲမှုတွေဖြစ်တော့မယ်လို့ ထင်ခဲ့တာ။

ရေခဲတုံးနတ်ဆိုးကျောင်းမြက်ကြီးက တကယ်တော့ အဲ့လောက်လည်း ကြောက်စရာကောင်းမနေဘူး!

ဒါပေမယ့်လည်း ဒီလိုဖြစ်နေတော့ လင်ရှန်းအနည်းငယ် အပြစ်မကင်းသလိုသာ ခံစားရတယ်။ မော့ကျူးချန်သာ သူ့ကိုအကြီးအကျယ်ဇီဇာလာကြောင်တာဖြစ်ဖြစ် အေးတိအေးစက်ပြောလာရင်ဖြစ်ဖြစ် သူဘာမှ ခံစားမိမှာမဟုတ်ဘူး။ တစ်ဖက်က တောင်းဆိုခဲ့တာဖြစ်လို့ အနည်းငယ်အမြတ်ထုတ်ခဲ့ပေမယ့် သူလုပ်စရာရှိတာ လုပ်ပေးခဲ့တယ်။

သို့သော် တစ်ဖက်က မကျေနပ်ကြောင်း မပြောသလို မကြိုက်တာလည်း မဟုတ်ဘူး၊ တကယ့်ကို ဒီတိုင်းလေး စားပေးခဲ့တယ်။ မော့ကျူးချန်အတွက် နည်းနည်းတောင် စိတ်မကောင်းဖြစ်မိသွားတယ်။

"အဲ့တာ အဲ့တာ..." သူ တွန့်ဆုတ်နေတယ် "ငါ ဟင်းချက်တာက တကယ်ဆိုးဆိုး၊ မဟုတ်ရင်လည်း မင်းအတွက် မနက်ဖြန်ကျရင် တခြားမနက်စာယူခဲ့ပေးမယ်ဆိုရင်ရော? မင်းဘာပဲစားချင်ချင်ရတယ်၊ ငါ့ကိုမလုပ်ခိုင်းဘူးဆိုရင်ပေါ့"

"မလိုဘူး" မော့ကျူးချန် သူ့ဆီအကြည့်တစ်ချက် ပစ်လွှတ်လိုက်တယ် "ဥနဲ့လည်း ဖြစ်တယ်"

လင်ရှန်း "..."

"ဒါပေမယ့် ထပ်ပြီးဂွမ်းအောင်ချက်မလာနဲ့ ငါ အိအိလေးစားချင်တာ" သူ ခပ်ပြတ်ပြတ်ထပ်ပြောလိုက်တယ်။

"အင်းပါ အင်းပါ" လင်ရှန်း အထစ်ထစ်အငေါ့ငေါ့နဲ့ပဲ ပြောလိုက်ရတယ်။

"ဟုတ်သားပဲ" သူ သတိရသွားပြီး သူ့ကျောပိုးအိတ်ထဲက ရူပဗေဒနမူနာစာအုပ်ကို ထုတ်လိုက်တယ် "ဒါက ရူပဗေဒနမူနာအစုံ"

သူပြောလိုက်တယ် "မင်း သင်္ချာလုပ်ရလို့ ပင်ပန်းလာပြီဆိုရင် ရူပဗေဒကို ရွတ်ပြီး နားနေလိုက်"

မော့ကျူးချန်က သူ့ရဲ့ကြက်ဥပြုတ်ကို လုံးဝမကြိုက်တာလည်း မဟုတ်လောက်ဘူး။

လင်ရှန်း ဒီလိုပြောပြီး အမြန်ထပ်ပြောလိုက်တယ် "သေချာတာပေါ့ မင်းနားမလည်တာရှိရင် ငါ့ကိုတိုက်ရိုက်လာမေးလို့ရတယ်၊ ငါတို့မှာ အချိန်အရမ်းနည်းနေလို့သာ မေးခွန်းတွေကိုပဲ မှတ်ရတာ... ပုစ္ဆာဖြေရှင်းတဲ့နည်းလမ်းကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေတာကမှ နည်းလမ်းအမှန်"

"အင်း" မော့ကျူးချန် နမူနာပုစ္ဆာတွေကို လှမ်းယူလိုက်တယ်။

အစကနေအဆုံးထိ သူ့လေသံက လုံးဝကို တည်ငြိမ်ကာ သက်သောင့်သက်သာလေးဖြစ်တယ်။ ဆိုးဝါးတဲ့အပြုံးမရှိသလို ကိုယ့်ကိုယ်ကို အထင်ကြီးဟန်လည်း မရှိဘူး။ မော့ကျူးချန်က တခြားလူတစ်ယောက်လိုမျိုးဖြစ်နေတယ်။ သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါကတောင်မှ အနည်းငယ်ကွဲပြားနေတယ်။

လင်ရှန်း သူ့ကိုခဏလောက် စိုက်ကြည့်ပြီးမှ မိန်းမောစွာ ခေါင်းပြန်လှည့်လိုက်တယ်။

မနေ့တုန်းက မော့ကျူးချန်တစ်ယောက် နားလည်ရခက်စွာ ဒေါသတွေထွက်နေပြီး သူ့မှာ မော့ကျူးချန်ရဲ့ လျစ်လျူရှုခြင်းကို တစ်နေ့လုံးခံခဲ့ရတယ်။ ဒီနေ့ကတော့ မော့ကျူးချန်နဲ့ စကားပြောလို့ အရမ်းကောင်းနေခဲ့တယ်။

သူနဲ့ကို တူမနေဘူး! __ စိတ်ကြီးဝင်နေတဲ့ ရေခဲတုံးကျောင်းမြက်ကြီးရော ဟုတ်သေးရဲ့လား?

လင်ရှန်း မနေနိုင်စွာ ခေါင်းပြန်လှည့်ပြီး တိတ်တဆိတ်ကြည့်မိပြန်တယ်။ ဖြစ်ချင်တော့ မော့ကျူးချန်ကလည်း သူ့ကိုကြည့်နေခဲ့တယ်။

လင်ရှန်းအကြည့်ကိုမြင်တော့ သူမေးလာတယ် "နေ့လည်စာအတူတူစားမလား?"

လေသံကလည်း မလိုအပ်တဲ့အတက်အကျမျိုးမရှိကာ တည်ငြိမ်ပြီးအေးအေးလူလူရှိလှတယ်။ ကြည့်ရတာ တစ်ညတည်းနဲ့တင် စိတ်ကြီးဝင်နေတဲ့ ကျောင်းမြက်ကြီး ရင့်ကျက်သွားတဲ့ပုံပဲ။

လင်ရှန်း "...ရတယ်လေ"

မော့ကျူးချန်က သဘောတူတဲ့အဖြေကို ရပြီးနောက် ဘာမှထပ်မပြောတော့ဘူး။ သူ့ခေါင်းကိုငုံ့ကာ မနေ့တုန်းက လင်ရှန်းသူ့ကိုပေးခဲ့တဲ့ သင်္ချာနမူနာတွေကို ဖွင့်လိုက်တယ်။

လင်ရှန်း အနောက်ကိုခိုးပြီး ကြည့်လိုက်ချိန်မှာ မော့ကျူးချန်က စာရွက်ပေါင်းဒါဇင်ကျော်လောက် ဖတ်ပြီးနေတာကို တွေ့လိုက်ရတယ်။ ကြည့်ရတာ မနေ့တုန်းက အိမ်ပြန်ရောက်တဲ့အချိန်မှာ တကယ်ကို အများကြီးအာရုံစိုက်ပြီး မှတ်နေခဲ့ပုံရတယ်။

လင်ရှန်း ပိုလို့တောင် စိတ်အနှောင့်အယှက်ဖြစ်နေမိတယ်။

အတန်းထဲ စစဝင်တုန်းက သူတို့တွေ မော့ကျူးချန်ကို ကြောက်လန့်နေကြပြီး တွေ့ကရာတွေ ရမ်းသမ်းမပြောရဲကြဘူး။ သူအဲ့တာကို သတိမထားမိခဲ့ဘူး။ အခုတော့ ကျောင်းမြက်ကြီးရဲ့အမူအယာက ပြေလျော့သွားတဲ့အတွက် Fတန်းက ကျောင်းသားတွေလည်း ပြန်ပြီးအသက်ဝင်လာတော့တယ်။

လင်ရှန်းသာ ပြောမပြတတ်တဲ့အန္တရာယ်တစ်ခုကို ခံစားမိနေတယ်။

တစ်ခုခုတော့ မှားနေပြီဆိုတာကို ခံစားမိပေမယ့် ဘာမှန်းမပြောနိုင်ဘူး။ တွေးဆဆနဲ့ ခေါင်းလှည့်ပြီးတော့သာ သူ့မေးခွန်းသူ ဆက်ရေးနေလိုက်တယ်။

မနက်ပိုင်းအချိန်က အလွန်လျင်မြန်စွာ ပြီးဆုံးသွားခဲ့တယ်၊ အထူးသဖြင့် သူတို့ရဲ့လေ့ကျင့်ခန်းတွေကို သူတို့ဘာသာ အာရုံတစိုက်လုပ်နေသူတွေအဖို့ပေါ့။ လင်ရှန်းက မေးခွန်းပင်လယ်ကြီးထဲမှာ မြောသွားပြီဆိုတာနဲ့ အတော်လေးအာရုံစိုက်တတ်သူဖြစ်တယ်။

မေးခွန်းတွေရေးနေတာအပြင်ကိုမှ ရံဖန်ရံခါ မော့ကျူးချန်ဘက်ကိုလည်း ခေါင်းလှည့်ကြည့်တတ်သေးတယ်။ တစ်ဖက်လူကလည်း သူ့လိုပင် စာလေ့လာတာမှာ အလုံးစုံနစ်မြောနေပုံရတယ်။

မနက်ပိုင်းတစ်လျှောက်လုံး မော့ကျူးချန်တစ်ယောက် တည်တည်ငြိမ်ငြိမ် ပေါ့ပေါ့ပါးပါးလေးပဲနေတယ်။ နမူနာပုစ္ဆာတွေကို မှတ်တဲ့နေရာမှာပဲ အာရုံစိုက်နေတယ်။

နေ့လည်အတန်းတွေပြီးသွားတဲ့နောက် သဘောတူထားတဲ့အတိုင်း မော့ကျူးချန်နဲ့ ကန်တင်းကို သွားလိုက်တယ်။ စားသောက်နေရင်း လုပ်နေကျအတိုင်း လင်ရှန်း ကျောင်းဖိုရမ်ထဲဝင်ကာ postတွေကို ပွတ်နေမိတယ်။

ဒီကာလအတွင်းမှာ သူက အားပြင်းတဲ့ airborneတစ်ခုဖြစ်ခဲ့ပြီး homepageပေါ်မှာ နာမည်ကြီးခဲ့တယ်။ လူသိများတဲ့postတွေ ဘယ်နှခုမှန်းတောင် မသိနိုင်လောက်အောင်ပဲ။ [ T/N : airborneဆိုတာ သီချင်းတစ်ပုဒ်က လူကြိုက်များတဲ့ ထိပ်ဆုံးစာရင်းထဲဝင်သွားချိန်မျိုးကို ပြောတာပါ ]

တစ်ကျောင်းလုံးရဲ့ အထင်ကရဖက်ရှင်က ရေပန်းစားတဲ့သေသေသပ်သပ်ပုံမျိုးဖြစ်ပြီး အတင်းအဖျင်းတွေကို အာရုံစိုက်တတ်ကြတယ်! သေချာသလောက်ကို လင်ရှန်း ဝင်ပြီးခဏအကြာမှာ မနက်ပိုင်းတုန်းက လောလောလတ်လတ်ကြီးဖုတ်ထားတဲ့ အထပ်မြင့်အဆောက်အအုံသစ်ကြီးတစ်ခုကို တွေ့သွားတယ်။ မြင့်တာမှ တော်တော်လေးကို မြင့်နေပြီ__

"WTMXS! ကျောင်းမြက်ကြီးရဲ့ အချစ်ကလေးက သူ့အတွက် မနက်စာယူလာလေရဲ့... တစ်ပြိုင်တည်း ကြက်ဥခုနစ်လုံးတောင် ထုတ်လိုက်တာနော်!" [ T/N : WTMXS - ငါရီသေ ]

လင်ရှန်း "..."

လင်ရှန်း မျက်နှာမည်းကြီးနဲ့ postကို နှိပ်လိုက်တော့ ရေးထားတဲ့စာကို မြင်လိုက်ရတယ် "မသိတဲ့လူတွေကတော့ အဲ့တစ်ယောက် ဥခုနစ်လုံးစုပြီး နဂါးကို ဆင့်ခေါ်တော့မယ်လို့ တွေးနေကြတယ်!"

"Hahahahahaha!" ပထမလွှာကကျောင်းသားက အသည်းအသန်ကို ရယ်မောနေလေရဲ့ "စိတ်တော့မရှိနဲ့ နင့်ခေါင်းစဉ်ကိုမြင်တော့ ငါမှောင်သွားတယ်!"

"ငါရောပဲ... ဒါပေမယ့် ဒါက ဘယ်လိုတောင်မှော်ဆန်တဲ့ တိုက်ကွက်လဲဟ?! ဥခုနစ်လုံးထုတ်တာက ဘာကိုဆိုလိုတာလဲ?"

"အံ့ဩစရာကြီး! ကျောင်းမြက်ကြီးရဲ့ချစ်သူက အတန်းထဲလူကြားသူကြားထဲမှာ သူ့ကိုဒီလိုမျိုးတကယ်ကြီး လုပ်ခဲ့တယ်! အဲ့တာ သိက္ခာချတာမျိုး ကိုယ်ချင်းစာစိတ်မရှိတာမျိုး ဖြစ်မနေဘူးလား?!"

"အဖြစ်အပျက်ကို ပြန်လည်ဆန်းစစ်ဖို့ တောင်းခံပါရစေ၊ မှတ်တမ်းတင်ထုတ်လွှင့်တာကို တောင်းဆိုပါတယ်!"

"ကျောင်းမြက်ကြီး ဥစားတာကို ချစ်သူလေးက မြင်ချင်နေတာ"

"အပေါ်ထပ်ရေ အရမ်းမှောင်တာပဲနော် ဒါပေမယ့် ငါလည်း ကြည့်ချင်တယ်!"

...လင်ရှန်း "..."

အစက ရိုးရှင်းတဲ့ကိစ္စက ကျောင်းသားတွေပါးစပ်ထဲမှာတင် ဘယ်လိုလုပ်ပြီး ဒီလောက်မုန်းစရာကောင်းသလိုကြီး ဖြစ်သွားရတာလဲ?

သူ 'hehehe' 'hahaha'ဆိုတဲ့ ပြန်စာတွေကို တိတ်တဆိတ်သာ ကျော်လိုက်တယ်။ နောက်ဆုံးတော့ လူတိုင်းလိုအပ်နေတာကို ထုတ်ပြလိုက်တဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတယ်_

"အမှန်ပဲ! လင်ရှန်းက သခင်လေးမော့အတွက် မနက်စာယူလာပေးတာ! ပြီးတော့ ငါသိရသလောက်ဆိုရင် အဲ့တာက ကိုယ်တိုင်လုပ်ထားတဲ့ အချစ်မနက်စာလေးနော်! အတန်းဖော်လင်ရှန်းကဒီနေ့ အဝတ်အစားကောင်းကောင်းမွန်မွန်ဝတ်လာလောက်တယ်၊ သူ့အမျိုးတွေနဲ့ ချစ်သူအတွက် တခါတည်းဥခုနစ်လုံးပြုတ်လာတာနော်! ကိုယ်တိုင်ချက်လေးနော်!"

"Hahahaha ငါလည်း ရီရလွန်းလို့ သေချင်နေပြီ!"

"ဥခုနစ်လုံး?! ကိုယ်တိုင်ချက်တယ်?! လက်ပြန်ရိုက်ချက်ကတော့ ဟားဟားဟား!"

"အားလုံးက အထက်တန်းကျောင်းသားတွေပါ လင်ရှန်းရာ မင်းကျမှ ဘာလို့ဒီလောက်ကောင်းနေရတာလဲ?! အဲ့တာကြောင့်ပဲ ကျောင်းမြက်ကြီးက သူ့ကို တန်းတန်းစွဲနေတာများလား?"

"ကျောင်းမြက်ကြီးရယ် ငါ့ကိုကြည့်ပါအုံး ငါလည် ကြက်ဥပြုတ်တတ်တယ်လေ!"

"ငါဆို ကြက်ဥလည်း ပေါင်းတတ်တယ်၊ ကြော်တတ်တယ်၊ ကြက်ဥမွှေကြော်လည်းရတယ်နော်..."

"အပေါ်ထပ်က တကယ့်ကို နုံတာပဲ! ကြက်ဥကို ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ချက်တတ်နေပါစေ သခင်လေးမော့ကတော့ လင်ရှန်းဥကိုပဲ စားမှာ!"

"ငါမှောင်ပြန်ပြီ ဆောတီး!"

...

Postတစ်ခုလုံးက အပျော်အပြက်တွေနဲ့သာပြည့်နေပြီး ကျောင်းထဲက ကျောင်းသားတွေအားလုံး ရီလွန်းလို့ ရူးသလောက်နီးပါးဖြစ်နေကြတယ်။ လွန်ခဲ့တဲ့နာရီပိုင်းလောက်တုန်းကမှ တင်ထားတဲ့postက အခုဆို အထပ်ပေါင်းရာချီနေပြီ။

လင်ရှန်းမျက်နှာကတော့ မှောင်မည်းလို့နေတယ်။ နောက်ဆုံးစာကိုသာ လှန်လိုက်တယ်။ ထိုအချိန်မှာတင် ပြောင်ချင်သလိုလိုနဲ့ တမူထူးတဲ့ပြန်စာတစ်ခုပေါ်လာတယ် __

မော့ကျူးချန် : "တောက်ရန် ကျောင်းဆင်းရင် မပြန်နဲ့အုံး!" [ T/N : တရားခံပေါ်ပြီ ]

အဲ့စာကိုက ထူးခြားနေတာဖြစ်ပြီး သတိပြုမိလောက်စရာ နာမည်ရင်းကြီးနဲ့ဖြစ်တယ်။ နောက်ပြီး systemက ပေးထားတာကို ပြန်မပြောင်းထားတဲ့ avatarနဲ့ဖြစ်တယ်။ ဒီလိုနည်းနဲ့ မော့ကျူးချန်က အထပ်မြင့်အဆောက်အအုံတစ်ခုလုံးကို အလွယ်တကူအဆုံးသတ်ပေးလိုက်တယ်။ သူရေးလိုက်တာက အထင်ကြီးစရာကောင်းလောက်အောင် အဆောက်အအုံကြီးတစ်ခုလုံးရဲ့ နောက်ဆုံးမှတ်ချက်ဖြစ်နေတယ်။

သူ ရေးပြီးနောက်မှာ တစ်ယောက်မှ ပြန်စာမရေးရဲကြဘူး။

လင်ရှန်းလည်း မနေနိုင်စွာ သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ မော့ကျူးချန်ကို မော့ကြည့်လိုက်တယ်။ တခြားသူတွေကလည်း ကန်တင်းမှာစားကြတာချင်းအတူတူကို မော့ကျူးချန်နဲ့ ဆယ်မီတာလောက် ဝေးတဲ့ဆီမှာ ထိုင်နေတာဖြစ်လို့ ဒီနေရာက အရမ်းချောင်နေတယ်။

တစ်ဖက်လူက စားတာကို အရမ်းဂရုတစိုက်နဲ့စားနေပြီး အမူအယာတွေကတောင်မှ အလွန်တည်ငြိမ်လို့နေတယ်။

ဘာကြောင့်မှန်းတောင် မသိတော့ဘူး။

နေ့လည်စာစားပြီးတော့ မေးခွန်းတွေဆက်လုပ်ဖို့အတွက် လင်ရှန်းအတန်းကို ပြန်ရန်လုပ်လိုက်ချိန်မှာ မော့ကျူးချန်က သူ့ကိုတားလာကာ ပြောလာတယ် "ငါမင်းကို နေရာတစ်ခု ခေါ်သွားပေးမယ်"

နှစ်ယောက်သား ကန်တင်းကိုပတ်ကာ စာသင်ဆောင်ရဲ့ဆန့်ကျင်ဘက်အရပ်ကို ခဏကြာအောင်လျှောက်ပြီးနောက်မှာ ဆိတ်ငြိမ်တဲ့ထောင့်လေးတစ်ခုဆီ ရောက်လာကြတယ်။

ထိုနေရာမှာ နှစ်ပေါင်း လေးရာငါးရာသက်တမ်းနီးပါးရှိတဲ့ ညောင်ပင်တစ်ပင်ရှိတယ်။ ညောင်ပင်ရဲ့ သစ်ကိုင်းတွေနဲ့သစ်ရွက်တွေက ကောင်းကင်ကြီးနဲ့ နေရောင်တွေကို ကာထားတာကြောင့် သဘာဝကပေးတဲ့ကြီးမားတဲ့နားနေဆောင်လေးတစ်ခုနဲ့ တူနေတယ်။ သစ်ပင်အောက်မှာ ကျောက်တုံးနဲ့လုပ်ထားတဲ့ စားပွဲတွေ ထိုင်ခုံတွေရှိတယ်။

လင်ရှန်း စာအုပ်ထဲရောက်လာပြီးနောက်ပိုင်း ဒီနေရာကို တစ်ကြိမ်မှ မရောက်ဖူးသေးဘူး။ ဒါပေမယ့် ဒီနေရာကိုတော့ သိတယ်။

ရှင်းဆန်းကျောင်းက စာလေ့လာဖို့အတွက် နေရာကြီးတဲ့နေရာတစ်ခုဖြစ်တယ်။ ပြောကြတာတော့ နေ့တိုင်း ချစ်သူတွေက ဒီနေရာမှာ ချိန်းတွေ့ကြတယ်တဲ့။ ပြီးတော့ ချိန်းတွေ့တယ်ဆိုတာကလည်း စာအတူလေ့လာကြတာဖြစ်တယ်။

နောက်ဆုံးအခေါက်က နှစ်ယောက်ဆိုရင် တရုတ်ရဲ့အကောင်းဆုံးတက္ကသိုလ်တွေမှာ ဝင်ခွင့်ရခဲ့ကြတယ်။ အဲ့တည်းကစလို့ ညောင်ပင်ကြီးက ရှင်းဆန်းကျောင်းကကျောင်းသားတွေမျက်လုံးထဲမှာ စာမေးပွဲနတ်ဘုရားကြီးဖြစ်လာတော့တယ်။

ဒီနေရာက စာမေးပွဲတွေမတိုင်ခင် လေ့လာဖို့အတွက် သန့်စင်တဲ့နေရာတစ်ခု ဖြစ်နေတော့တယ်!

လင်ရှန်း အလွန်တရာကျေနပ်နေတယ်။ ကြည့်ရတာ ဒီတစ်ကြိမ်တော့ မော့ကျူးချန်တကယ် စာလေ့လာဖို့ အဆင်သင့်ဖြစ်နေပုံပဲ။ ကျိုးကြောင်းမဆင်မခြင်လုပ်တာက မကောင်းဘူးဆိုပေမယ့် သူ့ရဲ့သန္နိဌာန်ချထားပုံကို မြင်နေရတယ်။

နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ချလိုက်တယ်။ လင်ရှန်း သူ့ရဲ့ပြိုင်ပွဲအတွက်အကြောင်းအရာတွေကို ဆက်ပြီးရေးနေလိုက်တယ်။ သူနဲ့မျက်နှာချင်းဆိုင်က မော့ကျူးချန်ကလည်း စာအတော်လေးလုပ်တယ်။ တစ်နာရီလောက် ရေးချစ်ပြီးနောက် လင်ရှန်း တစ်ဖက်လူကို မော့ကြည့်လိုက်တယ်။

မော့ကျူးချန်က ညောင်ပင်ကြီးကို နောက်ကျောပေးပြီးထိုင်နေတယ်။ သူ့နောက်မှာရှိတဲ့ သစ်ကိုင်းတွေနဲ့ သစ်ရွက်တွေက နွေဦးထဲဝင်နေပြီဖြစ်တာကြောင့် အဝါရောင်သန်းလာပြီဖြစ်တယ်။ သစ်ပင်ရိပ်ကြားထဲက ကျရောက်နေတဲ့ နွေးထွေးတဲ့နွေဦးနေရောင်အတန်းတွေက ကျိုးပဲ့လာတဲ့ ရွှေတွေလိုမျိုးပဲ။

တချို့တလေက မော့ကျူးချန်ဆံပင်ပေါ် ကျရောက်နေတယ်။

ခေါင်းကို အနည်းငယ်ငုံ့ထားတာကြောင့် နှာရိုးမြင့်မြင့်တဲ့ မိန်းကလေးတွေတောင် မနေနိုင်မထိုင်နိုင် မနာလိုဖြစ်နိုင်လောက်တဲ့ မျက်တောင်ရှည်ရှည်ထူထူတွေကို မြင်နေရတယ်။

မော့ကျူးချန်က သူ့ရှေ့က နမူနာမေးခွန်းတွေကို စူးစိုက်စွာကြည့်နေတယ်။ သူတို့ထိုင်ချလိုက်တည်းက အသံတိတ်ကာ မေးခွန်းတွေကိုပဲ မှတ်နေကြပြီး မလိုတာတွေတစ်ခုမှ မပြောကြဘူး။

ဒီလိုမျိုး အာရုံစူးစိုက်ပြီး အလေးအနက်ဖြစ်နေတဲ့ မော့ကျူးချန်ကို လင်ရှန်း လုံးဝကို စိတ်မကူးခဲ့ဖူးဘူး။

"ဘာလဲ?" မော့ကျူးချန် ခေါင်းမော့ကာ သူ့ရဲ့မျက်ဝန်းနက်တွေက လင်ရှန်းကို တည်ငြိမ်စွာကြည့်လာတယ် "တစ်ခုခုလိုလား?"

"ဘာမှမဟုတ်ဘူး" လင်ရှန်း ခေါင်းယမ်းလိုက်တယ် "ဆက်လုပ်"

သူ မေးခွန်းတွေထဲမှာ သူ့ကိုယ်သူဆက်ပြီး နစ်မြှုပ်လိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ ပိုပိုပြီး မှားယွင်းသလို ခံစားနေရတယ်။

"မင်းစိတ်ထဲမှာ တစ်ခုခုရှိနေတာလား?" ရုတ်တရက် မော့ကျူးချန် မေးလာတယ်။

"ဟမ်?" လင်ရှန်း ဘောပင်ကိုင်ထားရင်း ရပ်သွားတယ်။ တစ်ဖက်လူကို ဇဝေဇဝါဖြစ်နေဟန်နဲ့ မော့ကြည့်ကာ ကြောင်တောင်တောင်လေး မျက်တောင်ခတ်လိုက်တယ် "ဘာကိုလဲ?"

"မင်း စိတ်ထဲမှာ တစ်ခုခုဖြစ်နေတယ်" မော့ကျူးချန် အခိုင်အမာပြောလာတယ် "မင်း အဲ့အကြောင်းကိုပဲ ကြည့်နေတာ ငါးမိနစ်ရှိပြီ"

လင်ရှန်းက ပြိုင်ပွဲမေးခွန်းတွေကို လေ့လာနေတာဖြစ်တယ်။ သူနဲ့ လုမြောင်မြောင်တို့က လဝက်နေရင်ကျင်းပမယ့် လေးဘာသာအိုလံပစ်အကြိုပြိုင်ပွဲကို ဝင်ပြိုင်ပြီး ဘယ်သူက ဆီမီးဖိုင်နယ်ကို ရောက်နိုင်မလဲဆိုတာ ပြိုင်ထားတာဖြစ်တယ်။ ဒီရက်ပိုင်း ဒီပြိုင်ပွဲမေးခွန်းတွေကို ပြန်နွှေးနေရတယ်။

ကောလိပ်တစ်နှစ်တက်ပြီးတဲ့နောက်မှာ သူက ဆရာတစ်ယောက်မဖြစ်သွားရုံတမယ်ပဲ။ အဲ့တာကြောင့် မြန်မြန်ဆန်ဆန်နွှေးပြီးတဲ့နောက်မှာ ဒီလိုအခြေခံအကြောင်းအရာတွေက သူ့အတွက် မခက်ခဲတော့ဘူး။ ဘာမှမလုပ်ဘဲ မေးခွန်းကို ငါးမိနစ်တောင် စိုက်ကြည့်နေခဲ့တယ်ဆိုတော့ အသေအချာကို အာရုံပြန့်နေတာဖြစ်မယ်။

"ငါ့ကို ပြောပြမလား?" မော့ကျူးချန်ပြောကာ ပုံမှန်အတိုင်း စာအုပ်ကိုပိတ်ပြီး သူ့အကြည့်က လင်ရှန်းမျက်နှာပေါ်ကျရောက်လာတယ်။

လင်ရှန်းက သူ့လိုမျိုး အားကစားလုပ်ရတာ သဘောကျသူမဟုတ်တဲ့အတွက် အသားအရေက အရမ်းဖြူဖျော့ပြီး otakuတစ်ယောက်နဲ့တောင် တူသေးတယ်။ ဖြူလျော်လျော်အသားအရေပေါ်မှာ အနီးကပ်ကြည့်လိုက်ရင် အမွှေးပါးပါးလေးတွေမြင်ရနိုင်တယ်။ သူ့မျက်ခုံးမွှေးတွေကလည်း အလွန်ပါးလျပြီး မျက်လုံးတွေက ခပ်ကြီးကြီးမဟုတ်သော်ငြား ကြည်လင်တောက်ပတယ်။

ရယ်လိုက်ရင်ဖြစ်ဖြစ် စကားအမြန်ပြောလိုက်ရင်ဖြစ်ဖြစ် ပါးပြင်တွေပေါ်မှာ ပါးချိုင့်သေးသေးလေးနှစ်ခု ပေါ်လာတတ်တယ်။

မော့ကျူးချန် အကြည့်ကိုပြန်ရုပ်ကာ ထပ်ပြောလိုက်တယ် "မင်းငါ့ကို တစ်ခုခုပြောချင်နေလား?"

သူ့ဆီက ဒီလိုနူးညံ့တဲ့လေသံထွက်လာတယ်ဆိုတာ ရှားတာကြောင့် လင်ရှန်းတောင် မြောက်သွားသလိုလို။

သောကဝေနေတာက ခုနတုန်းကထက်တောင် ပိုသိသာလာတယ်။ သူမော့ကျူးချန်ကို မယုံကြည်သလို ကြည့်နေမိတယ်။

ဒါက သူသိတဲ့ ကျောင်းမြက်ကြီးမဟုတ်ဘူး!

မော့ကျူးချန်က ဒီနေ့တစ်နေ့လုံး တစ်ခုခုတော့ မှားနေတယ်!

မနေ့ကတစ်နေကုန် ဒေါခွီးနေချိန်တုန်းကထက်တောင် ပိုဆိုးနေသေးတယ်!

သူ့ကြည့်ရတာ...

ခဏလောက်ကြာတဲ့အထိ အဲ့တာကို ဘယ်လိုပြောပြရမှန်း လင်ရှန်းမသိတော့ဘူး။ မသိရင် ရုတ်တရက်ကြီး စိတ်ကြီးဝင်နေတဲ့ကျောင်းမြက်ကြီးအဖြစ်ကနေ ဖြစ်သွားတာ... ဖြစ်သွားတာက...

လင်ရှန်း မျက်မှောင်ကြုတ်လိုက်တယ်!

သူ့ပုံစံက... ဟုတ်တယ်! သူ့ပုံစံက သူ့အစ်ကို လင်ယွမ်လိုလူတစ်ယောက် ဖြစ်သွားတဲ့အတိုင်းပဲ!

တည်ငြိမ်တယ်၊ စဉ်းစားပေးတတ်တယ်၊ သည်းခံမှုအပြည့်နဲ့ နားလည်ပေးတတ်တဲ့ မျက်လုံးတွေ။ ကြည့်ရတာ လူလိမ်လူညစ်နဲ့တောင် နည်းနည်းတူနေတယ်!

သူ မော့ကျူးချန်ကို သတိထားကာ ကြည့်နေမိတယ်။ တစ်ဖက်လူက နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ်ကော့တက်နေပြီး သူ့ကိုလည်း ညကောင်းကင်ယံလို နက်ရှိုင်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေတယ်။

လင်ရှန်း : ...

သူ သတိထားကာ မျက်လုံးလွှဲလိုက်တယ် "အဲ့တာက... ဘာမှမဟုတ်ဘူး" သို့ပေမယ့် မော့ကျူးချန်ကတော့ သူ့ကိုတကယ်စကားပြောစေချင်နေတယ်။

ဒါတွေ ဘယ်သူ့ကိုပြောလို့ပြောရမှန်းတောင် မသိတော့ဘူးလို့ လင်ရှန်းတွေးလိုက်တယ်။ ညီလေးလင်ချီ? သူက စိတ်တွေလှုပ်ရှားပြီး စိုးရိမ်လွန်းလို့ သေသွားလိမ့်မယ်။

အစ်ကိုကြီးလင်ယွမ်ကျတော့... ပိုတောင် မဖြစ်နိုင်သေးတယ်။ သူ့အတွေးအများစုက လင်ယွမ်ဆီက ပေါ်လာတာပဲဖြစ်တယ်။

"ဘာလဲ?" မော့ကျူးချန်မေးလိုက်တယ် "ငါ့ကို ပြောပြလို့မရဘူးလား?"

"အဲ့တာက မဖြစ်နိုင်တာကြီးမို့လို့" လင်ရှန်း ပြောလိုက်တယ် "ဒီတိုင်း..."

သူ ခဏလောက်တွေးပြီး ဘောပင်ကို ချလိုက်တယ် "အကယ်၍များ မင်းနားတဝိုက်မှာ အရာအားလုံးက ရုတ်တရက်ကြီးပြောင်းလဲသွားပြီး အဲ့ပြောင်းလဲမှုတွေကလည်း ကောင်းတဲ့ဘက်ကို သွားနေတာမျိုးကို သိလိုက်ရတယ်ပဲထားပါတော့၊ မင်းအကြာကြီးစောင့်နေခဲ့ရတဲ့ ကောင်းမွန်တဲ့အရာတချို့က ဘ၀ထဲမှာ ရုတ်တရက်ဆန်ဆန်တကယ်ကြီး ပေါ်လာခဲ့တာမျိုးလေ"

လင်ရှန်း မေးလိုက်တယ် "အဲ့တာကို မင်းဘယ်လိုထင်လဲ?"

"ကောင်းတဲ့ဟာဆိုမှတော့ မင်းက ဘာလုပ်ချင်သေးလို့လဲ?" မော့ကျူးချန် ပြန်မေးလိုက်တယ်။

"ဒါပေမယ့် ကံကောင်းမှုတွေ ကံဆိုးမှုပေါ်မှာ ကံဆိုးမိုးမှောင်ကျတာက မူတည်နေမှာကို မင်း မစိုးရိမ်ဘူးလား?" လင်ရှန်း ပြောလိုက်တယ်။

"ငါ နားမလည်ဘူး" မော့ကျူးချန် ဆိုမိတယ်။

"အဲ့တာကကွာ ကောင်းတဲ့အရာတွေအများကြီး ဖြစ်နေပြီဆိုရင် တကယ်မဟုတ်သလို ခံစားရတာ" လင်ရှန်း ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့ဘူး။ သူက ဒီလောကကြီးထဲကမဟုတ်ဘူးလို့လည်း မော့ကျူးချန်ကို တိုက်ရိုက်ပြောလိုက်လို့ မရဘူး။

မော့ကျူးချန်ဆိုတဲ့လူက သူဖတ်ခဲ့တဲ့စာအုပ်ထဲက ဇာတ်လိုက်သာဖြစ်တယ်။

သူက ဒီမှာ မလွန်ဆန်နိုင်ဘဲ ထူးခြားဆန်းပြားတဲ့တွန်းအားတချို့ကြောင့် ပေါ်လာခဲ့ရတာဖြစ်တယ်။ သူအခု ထိတ်ပြာနေတယ်။ ဒါက တကယ့်ခံစားချက်အစစ်အမှန်မဟုတ်ဘူး။

အထူးသဖြင့် သူ့ရဲ့ပြီးပြည့်စုံတဲ့အစ်ကိုကြီးလင်ယွမ်နဲ့ တွေ့ရချိန်ဖြစ်တယ်။ တကယ့်ကို အစစ်အမှန်မဟုတ်ဘူးလို့ တွေးမိတယ်။

"အိုး..." မော့ကျူးချန် သံရှည်ဆွဲကာ ပြောလိုက်တယ်။

လင်ရှန်းပဲ စိတ်ထင်တာလားမပြောတတ်၊ မော့ကျူးချန်က ဒီစကားလုံးကိုပြောလိုက်ချိန်မှာ မျက်လုံးတွေက မှင်ရောင်လို နက်မှောင်ကျသွားပြီး အပြုံးတွေက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာကို အတိုင်းသားခံစားမိနေတယ်။

လှိုင်းဂယက်တွေလိုမျိုး အပြုံးက ဖြည်းဖြည်းချင်း ကျယ်ပြန့်လာကာ မော့ကျူးချန်ရဲ့မျက်ခုံးတွေ မျက်လုံးတွေက ပိုလို့တောင် နူးညံ့လာတယ်။

သူ လင်ရှန်းကိုကြည့်ပြီး စကားထပ်ပြောလာချိန်မှာ သူ့လေသံကို အနည်းငယ်ဖုံးဖိထားပေမယ့် အပျော်တွေကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး "အဲ့တာက သိပ်ကိုလှပလွန်းလို့ မင်းအခု အိမ်မက်မက်နေတယ်လို့တောင် ထင်နေတာလား? အဲ့တာက အမှန်မဟုတ်လောက်ဘူးလို့ ထင်နေတာလား?"

"မင်းပြောသလိုပေါ့" လင်ရှန်း ခေါင်းငြိတ်လိုက်တယ်။ အဲ့လိုပြောလို့ရတယ်ဆိုပေမယ့် ဘာကြောင့် တစ်ခုခုမှားယွင်းနေတယ်လို့ သူတွေးမိနေပြန်တာလဲ?

မော့ကျူးချန် နှုတ်ခမ်းတွေ ကော့တက်သွားတယ်။ သူဘာတွေးနေမှန်းတော့ မသိရပေမယ့် မျက်လုံးတွေက တောက်ပလို့နေတယ်။ သူ့ဆံပင်ပေါ်ကျရောက်နေတဲ့ နေရောင်ခြည်ထက်တောင် ပိုတောက်ပသေးတယ်။

"အဲ့လောက်တောင် စိုးရိမ်နေရင်လည်း..." သူ လင်ရှန်းမျက်လုံးတွေကို စိုက်ကြည့်ကာ သူ့နှုတ်ခမ်းထောင့်စွန်းက အသာကွေးသွားတယ်။ "ဒီလောက် စိုးရိမ်နေရင် အခုက စိတ်ကူးနဲ့ရူးနေတယ်မှတ်လား? မင်းအခု နိုးနေတာလားဆိုတာကို သိချင်ရင် ငါ့မှာနည်းလမ်းကောင်းတစ်ခုရှိတယ်၊ အဲ့နည်းလမ်းက မင်းကို အိမ်မက်မက်နေတာမဟုတ်ကြောင်း သက်သေပြနိုင်တယ်"

"ဘာနည်းလမ်းလဲ?" လင်ရှန်း အမှုမဲ့အမှတ်မဲ့မေးလိုက်တယ်။ မော့ကျူးချန်က သူ့ကို ညီညာဖြူဖွေးနေတဲ့သွားတွေ ပေါ်လာတဲ့အထိ ပြုံးပြလာတယ်။

ထို့နောက် သူ့ရဲ့ညာဘက်လက်ကို လက်သီးဆုပ်အသွင်ပြောင်းကာ သူ့ဘယ်လက်နဲ့ကိုင်ထားပြီး လက်ကောက်ဝတ်ကို အကြိမ်အနည်းငယ်လှုပ်ရှားလိုက်တယ်။ မော့ကျူးချန်အသားအရေက ကျန်းမာပြည့်ဖြိုးတဲ့ ဂျုံလိုအရောင်မျိုးဖြစ်ကာ သူ့လက်ချောင်းတွေက ရှည်လျားပြီး လက်သည်းတွေကိုလည်း သေချာတိရိထားတယ်။

ကျောင်းယူနီဖောင်းဝတ်ထားရင်တောင်မှ တစ်ဖက်လူရဲ့အဝတ်တွေအောက်မှာရှိတဲ့ ကြွက်သားတွေက အင်အားအပြည့်နဲ့ဆိုတာ ချဲ့ကားပြောနေတာမဟုတ်မှန်း လင်ရှန်းသိတယ်။ basketballကွင်းမှာ မော့ကျူးချန်ရဲ့ပေါက်ကွဲထွက်နေတဲ့စွမ်းအားက ဘယ်လောက်ကြောက်စရာကောင်းမှန်း သူ့မျက်လုံးတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ပြီးသားဖြစ်တယ်!

အဲ့တာကြောင့် သူသာ တစ်စုံတစ်ယောက်ကို ထိုးလိုက်မယ်ဆိုရင် တော်တော်လေးနာမှာပဲ! လင်ရှန်း မတတ်သာစွာ နှုတ်ခမ်းတွေကို စေ့ထားမိတယ်။

မျက်လုံးပင့်ပြီး မော့ကျူးချန်မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်တယ်။ တစ်ဖက်လူကတော့ သူ့ကိုသာ ထပ်ပြုံးပြလာပြီး လင်ရှန်းကို ရုတ်ခြည်းလှမ်းထိုးလာတယ်။

မော့ကျူးချန်ရဲ့လှုပ်ရှားမှုတွေက မြန်လွန်းအားကြီးတယ်။ သူတို့ကြားမှာ ကျောက်စားပွဲရှိတာတောင်မှ အားကစားတစ်ခါမှမလုပ်ဖူးတဲ့ လင်ရှန်းတစ်ယောက် မရှောင်နိုင်ဘူး။ လက်သီးက သူ့မျက်နှာပေါ်ကျလာတော့မယ့်အချိန်မှာ သတိလက်လွတ် မျက်လုံးကိုသာ တင်းတင်းကျပ်ကျပ်မှိတ်ထားလိုက်ရတယ်။

မျက်လုံးမှိတ်ထားချိန်မှာတောင် သူ့လက်သီးဆီကနေ လေဟပ်လာတာကို လင်ရှန်းခံစားလိုက်ရသလိုပဲ။

လေက သူ့ပါးကို ဖြတ်တိုက်သွားတယ်။ ခန့်မှန်းထားတဲ့နာကျင်မှုက အချိန်ကြာတာတောင်မှ သူ့မျက်နှာပေါ် ရောက်မလာဘူး။ လင်ရှန်းခဏလောက် ထပ်စောင့်နေပြီးမှ မျက်လုံးကို ခိုးဖွင့်လိုက်တယ်။

"အရူးလေး!" မော့ကျူးချန် သူ့ကို မေးငေါ့ပြလာတယ်။ သူ့လက်တွေက ဆန့်တန်းနေပြီး လင်ရှန်းခေါင်းနားမှာ တန့်နေတယ်။ "တကယ်မဟုတ်ဘူး၊ အိမ်မက်ဖြစ်လောက်တယ်လို့ တွေးနေမယ့်အစား ရှေ့မှာရှိတဲ့အရာတွေအားလုံးကိုသာ ဖမ်းဆုပ်ထားလိုက်တာ ပိုကောင်းတယ်" သူ နှာခေါင်းရှုံ့ကာ "အဲ့တာက တကယ်ကို လှပတဲ့အိမ်မက်တစ်ခုဖြစ်နေတယ်ဆိုရင်လည်း အိမ်မက်မက်တဲ့တစ်စက္ကန့်ကလည်း တစ်စက္ကန့်ပဲလေ"

ကျောင်းမြက်ကြီးရဲ့စကားတွေက အမြဲတမ်း ဟုတ်သလိုမဟုတ်သလိုတွေဆိုပေမယ့် ဒီတစ်ခေါက်တော့ အရမ်းကို အကျိုးသင့်အကြောင်းသင့်ဖြစ်နေသလိုပဲ။ နောက်ပြီး သူက အရူးလို့အခေါ်ခံရပြန်ပြီ?!

လင်ရှန်း ပြောစရာစကားတောင်မရှိတော့ဘူး။

နုံအပြီး နိုင်လိုမင်းထက်လုပ်တတ်တဲ့ ကျောင်းမြက်ကြီးရဲ့လှောင်ရယ်တာကို တချိန်လုံးခံနေရတော့ သူလည်း အဖတ်လေးပြန်ဆယ်ချင်မိတယ်!

သို့သော်... "မင်းပြောတာလည်း ဟုတ်သလိုလိုပဲ" လင်ရှန်း နှုတ်ခမ်းတွေ စုဝိုင်းသွားတယ်။ သူ့ဘောပင်ကို ပြန်ကိုင်ပြီး မေးခွန်းသုံးပုဒ်ကို အောင်အောင်မြင်မြင်နဲ့ 'ဝှစ်ခနဲ ဝှစ်ခနဲ' ဖြေပစ်လိုက်တယ်။

ရုတ်တရက် ပြန်တက်ကြွလာပုံရပြီး အတွေးရေယာဉ်ကြီးတစ်ခုလုံးလည်း ချောချောမွေ့မွေ့ဖြစ်လာတယ်။ မိနစ်ပေါင်းများစွာ ကြာတဲ့နောက် လင်ရှန်း မေးခွန်းပင်လယ်ကြီးထဲ ပြန်နစ်မြုပ်သွားတယ်။

မော့ကျူးချန်ကတော့ ခေါင်းမော့ကာ သူ့ကိုကြည့်နေတယ်။ မနက်တုန်းက တည်ငြိမ်နေတဲ့ပုံရိပ်နဲ့ကွဲပြားစွာ မော့ကျူးချန်အမူအယာက တကယ့်ကို အများကြီးနူးညံ့နေတယ်။ တချိန်တည်းမှာပဲ တကယ့်ကို ပျော်နေပုံလည်းရတယ်။

မော့ကျူးချန်တစ်ယောက် ကျောင်းဆင်းတဲ့အချိန်ထိ စိတ်ပျော်နေတယ်။

ဆံဝါတောက်ရန်က သူ့ကိုအတန်းအပြင်ဘက်မှာ စောင့်နေတယ်။ Fတန်းထဲက ဆရာထွက်သွားတာကို စောင့်ပြီးတဲပနောက် ခြေလှမ်းနှစ်လှမ်းသုံးလှမ်းလောက်နဲ့ တောက်ရန်အလျင်စလိုဝင်လာတော့တယ်။

"ဟီးဟီး" လင်ရှန်း သူ့နေရာမှာ မရှိတုန်း အသံကိုနှိမ့်ကာ မေးလိုက်တယ် "ဘာကိစ္စ ဒီလောက်တောင်ပျော်နေရတာလဲ?" တောက်ရန် မော့ကျူးချန်ကို မျက်စိမှိတ်ပြလိုက်တယ် "မင်းနဲ့ လင်ရှန်းတို့ နေ့ခင်းကြောင်တောင်ကြီး အတူတူသွားကြတာလို့ ငါကြားတယ်နော်၊ ကျောင်းရဲ့နာမည်အကြီးဆုံးနေရာကြီးကိုလေ စကားတွေအကြာကြီးပြော... ဟီးဟီးဟီးဟီး..."

တောက်ရန် အနည်းငယ်မရိုးသားဟန်နဲ့ ပြုံးလိုက်တယ် "ဘာတွေများပြောကြတာလဲ? လူတိုင်းကိုလည်း ဝေမျှပေးပါအုံး"

"မင်းက ဘာကိုလာပြောနေတာလဲ?" မော့ကျူးချန် မျက်ခုံးပင့်ကာ "ဟက်ဟက်" အသက်တစ်ချက်ရှိုက်သွင်းပြီး လေးဖင့်နေတဲ့အသံနဲ့ ပြောလိုက်တယ် "tana=2ဆိုတာကို သိထားမယ်ဆိုရင် (3sina2cosa)/(sinacosa­)ရဲ့ တန်ဖိုးကိုရှာကြည့်၊ ပုစ္ဆာကို ဖြေရှင်းတဲ့အဆင့်တွေက tana ညီမျှခြင်း sinaအစား..."

မော့ကျူးချန်က အသက်မရှုစတမ်း တခါတည်းပြောလိုက်တယ်။ ပုစ္ဆာတစ်ပုဒ်လုံးကို ချောချောမွေ့မွေ့နဲ့ ကြားထဲမှာ အဆင့်လေးတစ်ခုတောင် ကျော်ချသွားခြင်းမရှိ ဖြေရှင်းလို့ပြီးသွားတယ်။

တောက်ရန်တစ်ယောက် ဆွံ့အနေပြီး ပါးစပ်ကလည်း ကြက်ဥတစ်လုံးလောက် ပစ်သွင်းနိုင်တဲ့အထိ ဟောင်းလောင်းဖြစ်နေတယ်။

"သ သ သ... ဘော့စ်!" မော့ကျူးချန်က မေးခွန်းတစ်ခုလုံးကို ရွတ်ဆိုသွားတာ ကြားပြီးနောက် မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတယ်။ "ဘုရားရေ! မင်းတကယ်လုပ်ခဲ့တာပဲ ဒီတိုင်းမှတ်ထားတာလား?!"

ဆံဝါတစ်ယောက် သူ့နားတွေနဲ့ မျက်လုံးတွေကိုတောင် မယုံနိုင်တော့ဘူး! ဒါက မော့ကျူးချန် ဟုတ်ပါသေးတယ်နော်? မော့ကျူးချန်ဆိုတာ စာလေ့လာဖို့ကို သေမလောက်ငြင်းဆန်နေပြီး မကြာမကြာ စာရွက်ဗြောင်တွေကို လှန်လှောနေတတ်သူ ပြီးတော့ သူ့မိဘတွေရော ဆရာတွေရောနဲ့ အတိုက်အခံလုပ်နေတာလေ?!

တောက်ရန် မျက်လုံးကလေး ကလယ်ကလယ်ဖြစ်နေတော့တယ်!

"ဘော့စ် တကယ်ပြောတာ ငါမင်းကို တကယ်လေးစားတယ်!"

"အဟက်" မော့ကျူးချန် သရော်လိုက်တယ်။

"အဲ့တော့ကာ နေ့လည်တုန်းက မေးခွန်းတွေပဲ ရွတ်နေခဲ့တာပေါ့?" တောက်ရန် ပြောသာပြောလိုက်ရတယ် နည်းနည်းတော့ မယုံနိုင်သေးဘူး "တစ်ကျောင်းလုံးမှာမှ နာမည်ကြီးချိန်းတွေ့တဲ့နေရာမှာ ပုစ္ဆာတွေကို မှတ်နေရတယ်ပေါ့?!"

"ကျွတ် ကျွတ် ကျွတ်..." တောက်ရန် ခေါင်းယမ်းကာ မော့ကျူးချန်ကို လက်မထောင်ပြလိုက်တယ် "ဒီခွေးစာခွက်နဲ့ ငါတော့မာလကီးယားပြီလေ!"

မော့ကျူးချန်ကို ဒီလောက်ပျင်းစရာကောင်းတဲ့ဘာသာကို မှတ်မိနေအောင် လင်ရှန်း ဘယ်လိုများလုပ်ခဲ့တာပါလိမ့်?! ဒါသာ အချစ်မဟုတ်ဘူးဆိုရင် တောက်ရန်ဆိုတဲ့သူက ခေါင်းကို လှည့်ဖြုတ်ပြီး ဘောလုံးလိုမျိုး ကန်နေလိုက်မယ်!

တချိန်တည်းမှာပဲ လင်ရှန်းတစ်ယောက် အပြင်ကနေ အတန်းထဲဝင်လာတယ်။ Fတန်းက ကျောင်းသားတွေအားလုံးလိုလို ပြန်ကုန်ကြပြီဖြစ်တာကြောင့် အတန်းထဲမှာ ကျောင်းသားအနည်းငယ်လောက်သာ ကျန်တော့တယ်။

မော့ကျူးချန်၊ တောက်ရန်နဲ့ ခုလေးတင်ဝင်လာတဲ့ ရှုချန်း။ ပြီးတော့ စုတျန်းတျန်း။

"ရှုချန်း" မော့ကျူးချန် သူ့သူငယ်ချင်းကို ချက်ချင်းအမူအယာလုပ်ပြလိုက်တယ်။

"အင်း" ရှုချန်း ခေါင်းငြိတ်ပြလာတယ်။ သူ့ရဲ့မျက်မှန်ကို ပင့်တင်ကာ သူ့ဘက်ကအရင်စပြီး စုတျန်းတျန်းဆီ လျှောက်သွားတယ်။

"ကျောင်းသူစုတျန်းတျန်း"

ဒီရက်ပိုင်း အတော်လေးထိတ်လန့်ကာ စိတ်ဖိစီးနေတဲ့ စုတျန်းတျန်းခမျာ သူမနေရာမှာတင် ထခုန်လုနီးပါးပဲ။ သူမရှေ့မှာ သင်္ချာပုစ္ဆာစာအုပ်လည်း ရှိနေတယ်။ သို့ပေမယ့် အလျင်အမြန်တိုးတက်နေတဲ့ မော့ကျူးချန်နဲ့ယှဉ်ရင် စုတျန်းတျန်းကတော့ ပထမစာမျက်နှာမှာပဲ ရှိသေးတယ်။

သူမကို လှမ်းခေါ်လိုက်တာ လင်ရှန်းမဟုတ်ဘဲ မော့ကျူးချန်ရဲ့သူငယ်ချင်းသာဖြစ်ကြောင်း မြင်လိုက်မှပဲ စုတျန်းတျန်း စိတ်သက်သာရာရစွာ သက်ပြင်းချမိတယ်။

"ဘာကိစ္စလဲ?" သူမ မေးလိုက်တယ်။

"ကျောင်းသူ စုတျန်းတျန်း" ရှုချန်း မျက်မှန်ကို ပင့်တင်ပြန်တယ် "ငါ့နာမည် ရှုချန်းပြီးတော့ နင်နဲ့အတန်းတူ လက်ရွေးစင်အခန်းက ကျောင်းသား"

"ငါသိတယ်" စုတျန်းတျန်းပြောလိုက်တယ်။

"တကယ်လို့ ရှေ့လျှောက် နင်နားမလည်တာရှိတယ်ဆိုရင် ငါ့ကို လွတ်လွတ်လပ်လပ်လာမေးပါ" ရှုချန်း အေးအေးလူလူပြောလိုက်တယ် "ရှေ့လျှောက် နင့်ရဲ့သင်ခန်းစာအတွက် ငါတစ်ယောက်တည်း တာဝန်ယူမှာ!"

စုတျန်းတျန်း "..."

သူမက အထက်တန်းကျောင်းသားတွေအတွက် ပြည်နယ်အနုပညာပြိုင်ပွဲမှာ ပထမဆုရခဲ့တာကြောင့် ထူးထူးခြားခြား ရှင်းဆန်းကျောင်းမှာ ဝင်ခွင့်ရခဲ့တဲ့ အနုပညာကျောင်းသူတစ်ယောက်ဖြစ်တယ်။

ခုတလော ပြိုင်ပွဲရှိလို့လား? ပထမဆုံး လင်ရှန်း ပြီးတော့ ရှုချန်း။ အားလုံးက သူမအတွက် လေ့ကျင့်ခန်းတွေလုပ်ပေးဖို့ အလျင်စလိုတွေဖြစ်နေကြတယ်!

*ပြုတ်ကျ* ဒါပေမယ့် သင်္ချာ၊ ရူပ၊ ဓာတုနဲ့ ဇီဝတွေက ... တကယ်ကြီးခက်တာပါဆိုနေမှ!

မလှမ်းမကမ်းမှာရှိတဲ့ လင်ရှန်းကဒါကိုမြင်တော့ မတွေးတတ်အောင်ဖြစ်သွားတယ်။ သူ စုတျန်းတျန်းကိုကြည့်ပြီး မော့ကျူးချန်ကို လှည့်ကြည့်လိုက်တယ် "ဒါက..."

"အော်" မော့ကျူးချန် တည်ငြိမ်စွာပြောလိုက်တယ် "ရှုချန်းက စီနီယာနှစ်မှာ စာလေ့လာရတာ အရမ်းလွယ်လွန်းအားကြီးတယ်တဲ့ ပြီးတော့ သူ့အတွက် တစ်ခုခုကို ရှာချင်နေတာလေ" သူပြောပြတယ် "သူက နှစ်ဝက်အတွင်းမှာ စုတျန်းတျန်းကို ကျောင်းဆရာမဖြစ်တဲ့အထိ ပြောင်းလဲနိုင်မလားဆိုပြီး သူ့ကိုယ်သူ စိန်ခေါ်ချင်တာတဲ့"

လင်ရှန်း "..."

"အဲ့တာကြောင့်မို့လို့ ဒီအတောအတွင်းမှာ သူ့ကိုထပ်ပြီး စိတ်ပူနေစရာမလိုတော့ဘူး" မော့ကျူးချန် ထပ်ပြောလိုက်တယ် "မင်းက မေးခါန်းတွေကိုပဲ အာရုံစိုက်ပြီး ငါစာလေ့လာတာမှာ ကူပေးဖို့ပဲလိုတာ"

သူ လင်ရှန်းကို သတိပေးလိုက်တယ် "ဇီဝနဲ့ ဓာတုအတွက် နမူနာတွေမရှိဘူးလား?"

လင်ရှန်း "..."

သူ မော့ကျူးချန်ကို ကြောင်တောင်ပြီး စိုက်ကြည့်နေမိတယ်။ ဒါကတော့ တကယ့်ကိုအမှန်တရားပါပဲ ဒါပေမယ့် တစ်ခုခု မှားနေတယ်လို့ ခံစားနေရတုန်း။

"ဒါပေမယ့်..." သူ ထုတ်ပြောချင်တယ်။

သို့သော် မော့ကျူးချန်က သူ့ကိုအလျင်စလို ကြားဖြတ်ပြောလာတယ် "မင်း အိုးရန်ယင်းယီကို အနိုင်ပိုင်းချင်တာ မဟုတ်လား? ငါတို့မှာ တစ်လပဲကျန်တော့တာ အဲ့လောက်တောင် မရှိတော့ဘူး!"

ဒါပေါ့ လင်ရှန်း နိုင်ချင်တယ်! ဒါပေမယ့် စုတျန်းတျန်း သူမက...

"ဒါမှမဟုတ် မင်းက ရှုချန်းနဲ့ စိတ်မချလို့လား?" မော့ကျူးချန် ပါးနပ်စွာမေးလိုက်တယ်။

လင်ရှန်း "..."

သေချာပေါက် သူရှုချန်းကို အသရေမဖျက်နိုင်ဘူး! ရှုချန်းက မော့ကျူးချန်ထက်တောင် ပိုပြီးစိတ်ချရသေးတယ်!

"ဒါပေမယ့်..." လင်ရှန်း တစ်ခုခုမှားနေတယ်လို့ကို ခံစားနေရတာ။ သူက မော့ကျူးချန်နဲ့ စုတျန်းတျန်းကို ဘာကြောင့် တချိန်တည်းမှာ သီးသန့်သင်ခန်းစာပေးရတာလဲ?

တစ်ဖက်မှာ စုတျန်းတျန်းရဲ့အဆင့်တွေက တည်တည်ငြိမ်ငြိမ်တိုးတက်လာပြီး တက္ကသိုလ်ကောင်းတစ်ခုခုကို ဝင်ရောက်နိုင်ကာ မော့ကျူးချန်မိဘတွေရှေ့မှာ မျက်နှာပန်းလှဖို့ဖြစ်တယ်။ သူ့မိဘတွေက သူတို့နှစ်ယောက်ကိုခွဲဖို့ အကြောင်းပြချက်ရသွားပြီး နှစ်ယောက်ကို ငါးနှစ်လောက်မခွဲစေဖို့ဖြစ်တယ်။

တစ်ဖက်မှာလည်း ယောကျာ်းနဲ့မိန်းမ အဖွဲ့ဖွဲ့ပြီး အလုပ်လုပ်မယ်ဆိုရင် မပင်ပန်းဘူးလို့ တွေးမိတယ်။ သီးသန့်သင်ခန်းစာတွေလုပ်နေရင်း သိပ္ပံနည်းကျ ယဉ်ကျေးမှုအဆင့်လည်း တိုးတက်လာနိုင်တယ်။

အဲ့တာက မော့ကျူးချန်နဲ့ စုတျန်းတျန်းတို့ရဲ့ကြာရှည်မယ့် ဆက်ဆံရေးကို တိုးတက်စေမှာမှတ်လား? အခုတော့ ဘာတွေဖြစ်ကုန်တာလဲ?! သူက မော့ကျူးချန်အတွက် လေ့ကျင့်ပေးရပြီး ရှုချန်းကျတော့ စုတျန်းတျန်းနဲ့တဲ့...

ရှုချန်း...

လင်ရှန်း တွေးနေရင်း ရှုချန်းကို လှည့်ကြည့်လိုက်တယ်။ တဖက်လူက မော့ကျူးချန်လိုမျိုး မျက်စိကျိန်းလောက်တဲ့ အသွင်အပြင်မရှိပေမယ့် လုံးဝကြီးလည်း ဆိုးမနေဘူး။ လင်ရှန်းရဲ့အလှအပကို ခံစားနိုင်တဲ့အမြင်က ကြည့်မယ်ဆိုရင် မျက်မှန်တပ်ထားတဲ့ရှုချန်းက စရိုက်ကောင်းပြီး လှပတယ်။

ရွှယ်ပါ့တစ်ယောက်ရဲ့ အရောင်အဝါပါ ထပ်ပေါင်းလိုက်တော့ မော့ကျူးချန်ထက် အများကြီးဆိုးဝါးမနေတော့ဘူး။ စုတျန်းတျန်းက သူ့ကိုမချစ်မိသွားလောက်ဘူးဆိုတာ မဖြစ်နိုင်ဘူး! အဲ့မော့ကျူးချန်ကတော့ ဦးထုပ်စိမ်း... ဟုတ်တယ်မှတ်လား?

လင်ရှန်းကသာ မော့ကျူးချန်ရဲ့ရှည်လျားလှတဲ့ဘ၀သံသရာကို စိုးရိမ်နေခဲ့တာဖြစ်တယ်! မော့ကျူးချန်ကတော့ ဘာမှကို မခံစားရဘူး။ သူ စိတ်ပျော်နေတာ သိသာလှတယ်။ နေ့လည်တုန်းက ရုတ်တရက်ပျော်စရာလေးတွေ ကြုံခဲ့ရတဲ့နောက် သူ့မျက်နှာပေါ်မှာ အပြုံးပါးပါးတစ်ပွင့်ရှိနေတယ်။

Fတန်းက ကျောင်းသားတွေအားလုံးက ကျောင်းမြက်ကြီးဒီလိုဖြစ်နေတာဟာ လင်ရှန်းရဲ့လောင်းရိပ်မိနေတာကြောင့် ဖြစ်နိုင်တယ်ဆိုတာကို သိလောက်တယ်ဆိုပေမယ့် မိန်းကလေးတော်တော်များများကတော့ မော့ကျူးချန်မျက်နှာပေါ်က အပြုံးဖျော့ဖျော့ကြောင့် ရှက်သွေးဖြာနေကြကာ ဒီနေ့မှ နေရောင်က ပိုပြီးတောက်ပနေတယ်လို့တောင် ခံစားနေရတယ်။

"လုပ်မနေနဲ့တော့!" မော့ကျူးချန် လက်ယမ်းလိုက်တယ် "မင်း အိမ်မက်မက်နေတယ်လို့ ခံစားနေရတာ မဟုတ်လား?" သူ လင်ရှန်းကို ပြောလိုက်တယ် "အဲ့တာဆို ငါက မင်းအိမ်မက်ကို တကယ့်အစစ်အမှန်နဲ့ ပိုတူအောင် လုပ်ပေးမယ်!" မော့ကျူးချန်က သူ့ကိုထပ်ပြုံးပြပြန်တယ် "နောက်ပြီး ပိုကောင်းအောင်လည်း လုပ်ပေးမယ်"

လင်ရှန်း "..."

နေ့လည်တုန်းက မော့ကျူးချန် သူ့ဘာသာပြောခဲ့တဲ့စကားလုံးတွေကို ကြားကာ လင်ယွမ်လို့ မသိစိတ်ကတွေးမိနေတာကြောင့် သူ့မျက်နှာက ရဲတက်လာတယ်။

"ဘာ... ဘာအိမ်မက်လဲ?" လင်ရှန်း အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတယ် "ဘာက ပိုလှရအုံးမှာလဲ?! မင်း... ပေါက်ကရစကားတွေ လာမပြောနဲ့!"

မော့ကျူးချန်က သူ့ကိုစူးနင့်စွာပြုံးပြပြီး သွားညီညီတွေကို ဖော်ပြနေတယ်။ သို့ပေမယ့် ဒီအပြုံးက သူ့အတွေးနဲ့သူဖြစ်နေတဲ့ လင်ရှန်းမျက်လုံးတွေထဲမှာတော့ အရမ်းကို အဓိပ္ပါယ်အပြည့်ဖြစ်နေတယ်။ သူဘာမှန်း မပြောတတ်တာကြောင့် နေ့လည်တည်းက ဘာကိုမှမပြောခဲ့သလို လင်ယွမ်အကြောင်းတောင် ထည့်မပြောဘူး။

မော့ကျူးချန် သူ... သူက...

"ငါနဲ့ လိုက်ခဲ့!" ရုတ်တရက် မော့ကျူးချန်က လက်ကိုဆန့်ထုတ်ကာ လင်ရှန်းရဲ့လက်ကောက်ဝတ်ကို ဆွဲလိုက်တယ်။ ဘာမှထပ်ပြောမနေတော့ဘဲ လင်ရှန်းကို ဆွဲကာ လှေကားတစ်လျှောက်ပြေးဆင်းလိုက်တယ်။ နှစ်ယောက်သား ကျောင်းပေါက်ဝက အမြန်ထွက်လာပြီး မော့ကျူးချန်ရဲ့တိုက်ခန်းဆီကို တန်းလျှောက်လာကြတယ်။

တိုက်ခန်းနဲ့နီးလာလေ လင်ရှန်းပိုပြီးစိတ်လှုပ်ရှားလာလေပဲ။ မော့ကျူးချန်ရဲ့တိုက်ခန်းအောက်ထပ်ကို ရောက်တဲ့အချိန်မှာ လင်ရှန်းပိုလို့တောင် အာခြောက်လာတယ်။ သူ့နှလုံးက ကျယ်ကျယ်လောင်လောင်နဲ့ မြန်မြန်ဆန်ဆန်ခုန်ပေါက်လာသလိုပဲ!

မော့ကျူးချန်ကိုင်ထားတဲ့ သူ့လက်ကောက်ဝတ်ကို ပြန်ရုတ်လိုက်တယ် "မင်း..." လင်ရှန်း ခြောက်ကပ်နေတဲ့ သူ့နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်တယ် "မင်း ဘာဖြစ်ချင်နေတာလဲ?" သူမေးလိုက်တယ် "အဲ့တာကိုပဲ အရင်ပြောလိုက်လို့မရဘူးလား?"

"အပေါ်တက်ရင်လည်း သိရမှာပဲမဟုတ်ဘူးလား?" မော့ကျူးချန်ရဲ့စိတ်အခြေအနေက သိသိသာသာကို ကောင်းမွန်နေဆဲ။ သူ လင်ရှန်းကိုတောင် အားတက်သရောပြောလိုက်သေးတယ် "အရင်ဆုံး ငါပြောမယ်... မင်းအရမ်းပျော်သွားမှာစိုးလို့ နောက်ပြီး မင်းအိမ်မက်က တကယ်ပျော်စရာကောင်းတာပဲ တကယ်တော့မဟုတ်လောက်ဘူးလို့ တွေးနေမှာစိုးလို့! မင်းပျော်လွန်းလို့ သတိလစ်သွားရင် ဘယ်လိုလုပ်မလဲ?"

မော့ကျူးချန် လင်ရှန်းကို အထက်အောင် ဆန်ကြည့်လိုက်တယ် "ဒါဆို ငါမင်းကို ချီသွားရမှာလား?"

လင်ရှန်း "..."

မင်းက မကောင်းတဲ့ကောင်ဆိုတာကိုတော့ ယုံတယ်!

ဒါကဖြစ်နိုင်တယ်လို့ မထင်ဘူး။ မော့ကျူးချန်က သူ့ရဲ့မရေမရာစကားလုံးတွေကို ကြားနိုင်တယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ အခုချိန်မှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မီးတောက်မတတ်မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ လင်ရှန်း အနည်းငယ်မသေမချာဖြစ်လာပြန်တယ်!

သူ့ရဲ့နှလုံးခုန်သံကိုတောင် သူပြန်ကြားနေရတယ်။ "Thump" "Thump" "Thump" ... ကျယ်သထက် ကျယ်လာတယ်။ အထူးသဖြင့် ကျဉ်းမြောင်းပြီးအလုံပိတ်ဖြစ်နေတဲ့ ဓာတ်လှေကားလိုနေရာမျိုးမှာ သူနဲ့မော့ကျူးချန်နှစ်ယောက်တည်း ရှိနေချိန်မှာပေါ့။

တစ်ဖက်လူက သူ့ရဲ့နှလုံးခုန်သံကို သေချာပေါက်ကြားနေလောက်တယ်လို့ လင်ရှန်းခံစားရတယ်! အသက်ကိုပြင်းပြင်းရှုကာ သူ့ကိုယ်သူ တည်ငြိမ်သွားအောင် ကြိုးစားနေရတယ်။ ကံကောင်းချင်တော့ ဓာတ်လှေကားက မော့ကျူးချန်နေတဲ့အလွှာမှာ လျင်မြန်စွာရပ်သွားတယ်။

မော့ကျူးချန်အရင်ထွက်သွားပြီး လင်ရှန်းကို လျှောက်လမ်းမှာ စောင့်နေပေးဖို့ အမူအယာပြလိုက်တယ် "တစ်မိနစ်လောက်!" သူ လင်ရှန်းကို လက်ညှိုးတစ်ချောင်းထောင်ပြလိုက်တယ် "တစ်မိနစ်လောက်နေရင် ဝင်လာခဲ့နော်"

လင်ရှန်း "..."

မော့ကျူးချန်က ဘာတွေလာကစားချင်နေတာလဲ?! တစ်ဖက်လူ ဝင်သွားတာကိုကြည့်ကာ တိတ်ဆိတ်နေတဲ့လျှောက်လမ်းမှာ အနည်းငယ်စိတ်လှုပ်ရှားစွာ ရပ်နေလိုက်တယ်။ သူ့အစ်ကိုကြီးလင်ယွမ်ကမှ ကောင်းတယ်လို့ သူတွေးလိုက်တယ်။

ဘေးအိမ်ကအစ်ကိုကြီး ယန်ရှို့လိုမျိုး သူအထီးကျန်ပြီး အကူအကယ်မဲ့နေချိန်မှာ အသာနှစ်သိမ့်ပေးတယ်။ သူ့စိတ်ထဲမှာ လိုလိုချင်ချင်ဖြစ်နေသော်ငြား တောင်းဆိုလို့မရနိုင်တဲ့ နူးညံ့တဲ့အစ်ကိုကြီးတစ်ယောက်နဲ့ပိုတူတယ်! ဒါပေမယ့် သူပြောတဲ့အိမ်မက်ထဲမှာ လင်ယွမ်တစ်ယောက်တည်း ပါတာတော့မဟုတ်ဘူး။

သူက လင်ယွမ်ထက် အငယ်ဖြစ်တာကြောင့် အိမ်မှာဆို ချစ်ပြီးကာကွယ်ပေးခံရတာက ဟုတ်တယ်။ သို့ပေမယ့် လင်ချီကလည်း သူ့ကိုကာကွယ်စောင့်ရှောက်ပေးနေတယ်! နောက်ပြီး ရည်မွန်တဲ့စိတ်နေစိတ်ထားရှိသလို သူ့ကိုလည်းလေးစားပြီး သူ့ရဲ့ချို့ယွင်းချက်တွေကိုလည်း သည်းခံပေးရှာတယ်။

နောက်ပြီး သူမရဲ့စိတ်နေစိတ်ထားနဲ့ လုံးလုံးဆန့်ကျင်နေတဲ့ ရသစုံရှိုးတွေကို သူမသားတွေကို အဖော်ပြုကာကြည့်ခိုင်းပြီး သူ့ရဲ့တိုးတက်မှုအနည်းငယ်လေးကိုတောင်မှ ပွဲလုပ်ပေးရတဲ့အထိ ပျော်ရွှင်နေခဲ့တဲ့ မေမေချူရုန်။

နောက်ပြီးတော့... လင်ရှန်း ပါးစပ်ထဲမှာ ပြည့်လာတဲ့တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်တယ်။ သေချာမပိတ်ထားတဲ့တံခါးကိုကြည့်ကာ သူ့တစ်ကိုယ်လုံး တောင့်တင်းလာတယ်။

အထဲမှာက ဘာလဲ? အစ်ကိုကြီးလင်ယွမ်?

ဒါပေမယ့် မော့ကျူးချန်က...

"ဟုတ်ပြီ!" မော့ကျူးချန်ဆီက ထွက်ပေါ်လာတဲ့အသံက လင်ရှန်းရဲ့ကြောင်တောင်တောင်အတွေးတွေကို ကြားဖြတ်သွားတယ် "ဝင်ခဲ့တော့!"

လင်ရှန်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်ကိုဆန့်ပြီး တံခါးကို အားပါပါဖွင့်လိုက်တယ်။ တံခါးပွင့်သွားတယ်ဆိုရင်ပဲ ရုတ်တရက်မြင်လိုက်ရတာက __ ဝင်ပေါက်မှာ အလင်းရောင်ကို ကျောပေးပြီးရပ်နေတဲ့ အရပ်ရှည်ရှည်အမျိုးသားတစ်ယောက်။

သူ တံခါးဖွင့်လာတာကိုမြင်တော့ မော့ကျူးချန်က တဖိတ်ဖိတ်တောက်လုနီးပါး သွားညီညီတွေပေါ်တဲ့အထိ ပြုံးပြလာတယ်။ သို့ပေမယ့် သူ့နားမှာတော့ တစ်ယောက်မှ ရှိမနေဘူး။

လင်ယွမ်ရော၊ လင်ချီရော ချူရုန်ရော ရှိမနေဘူး...

လင်ရှန်း စိတ်သက်သာရာရသွားသလိုဖြစ်နေပေမယ့် ပျော်ရမလား စိတ်ပျက်ရမလားတောင် မသိတော့ဘူး။ ဒါက မဖြစ်နိုင်မှန်း သူသိသားပဲ! မော့ကျူးချန်က သူ့စကားလုံးတချို့နဲ့တင် သူ့အတွေးတွေကို ခန့်မှန်းနိုင်ခဲ့မယ်ဆိုရင် သူ...

လင်ရှန်း ဒီအကြောင်းတွေးကာ သူ့အကြည့်က မော့ကျူးချန် ခန္ဓာကိုယ်ပေါ်ကျရောက်သွားတယ်။

ရုတ်တရက်ဆိုသလို လင်ရှန်းမျက်လုံးတွေ ပြူးကျယ်သွားပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလာတယ် "မင်း မင်း မင်း... မင်း..."

_____

Thanks 🌹

Continue Reading

You'll Also Like

913K 38.6K 109
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
2.2M 79.1K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
247K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...