အောက် ထပ်ဆင်းပြီး မုန့်သွားရွေးရဲ့ ကောင်လေးက ကြာနေတာနဲ့ စိတ်ပူပြီး လိုက်သွားမိတော့ မုန့်တွေ ထည့်ထားတဲ့ မှန်ဗုံးတွေရှေ့မှာ ခေါင်းကုပ်လိုက် နှုတ်ခမ်းလေးဆူလိုက်နဲ့ မုန့်တွေကို ရွေးရခက်နေတာ ထင်ပါရဲ့။
ဆူနေတဲ့ နှုတ်ခမ်းလေးကို တချက် လက်ကလေးနဲ့ ဖွဖွလေးရိုက်မိတော့ ဆူပုတ်ပုတ် မျက်နှာပေးနဲ့ ပြန်ကြည့်လာသည့် ဂျယ်ယွန်း
" ဘာလဲ ဘာကြည့်တာလဲ "
ခပ်တည်တည်နဲ့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ ဂျေးရဲ့ လေသံကြောင့် ဆူပုတ်နေတဲပ မျက်နှာလေးက အနည်းငယ်ညှိုးသွားသည်ကို သတိထားလိုက်မိသည်။ စိတ်မကောင်းများ ဖြစ်သွားတာလား။
ညှိုးငယ်ပြီး ခေါင်းငုံ့သွားတဲ့ မောင့်ရဲ့ ပါးပြင်လေးကို အသာလေး ကိုင်ရင် မော့စေတော့ puppy မျက်လုံးလေးတွေနဲ့ မျက်ရည်စတွေစို့လျက် ပြန်ကြည့်လာတော့ ရင်ထဲ နစ်ခနည်း ခံစားလိုက်ရသည်။ သူပြောလိုက်တာကို စိတ်မကောင်းဖြစ်သွားတာလား။ သူ့ကို ကြောက်သွားတာလား။ ဒီလိုလေး စချင်လို့ ပြောလိုက်တာကို တကယ် ဝမ်းနည်းသွားတဲ့ မောင်က ချစ်စရာကောင်းလွန်းသည်။ ဒီလို အကြည့်လေးတွေနဲ့ သူမဟုတ်တဲ့ တစ်ခြားသူကို ကြည့်လိုက်ရင် အကြည့်ခံရတဲ့ သူတွေက ကြွေဆင်းသွားပြီး ချစ်ကုန်တော့မှာပေါ့။
" အာ.... ဘာလို့ လဲ မောင်ရယ် ဘာလို့ မျက်ရည်တွေဝဲနေတာလဲ "
" ရိုက်လို့လေ "
သေးငယ်တဲ့ အသံလေးနဲ့ ပြန်ပြောလာတော့ မကြားရတာနဲ့ အရှေ့ကို အနည်းငယ် ကိုင်းညွတ်လိုက်တော့ ရုတ်တရက် ပါးပြင်ပေါ်သို့ ပူပူနွေးနွေး နှုတ်ခမ်းတစ်စုံရဲ့ နူးညံ့တဲ့ အနမ်းလးတစ်ပွင့်ကို ရလိုက်သည်။
ကိုင်းညွတ်ထားတဲ့ ခန္ဓာကိုယ်ကို ပြန်တည့်မတ်ပြီး ပေကလည်ပေကလည်နဲ့ လာကြည့်သည့် ဂျေးကို ကြည့်ပြီး ရယ်မိသွားသည်။
သူ့အရှေ့က ရယ်နေတဲ့ လူကောင်သေးသေးလေးကို ခါးကနေ ဆွဲဖက်လိုက်တော့ ရင်ခွင်ထဲ ဝင်လာတဲ့ ကောင်လေး
" ဘာလို့နမ်းလိုက်တာလဲ ကိုယ့်ကို ဟမ် "
ခါးလေးကို ဂလိထိုးလိုက်တော့ တီကောင်ဆားပတ်သလို တွန့်လိမ်တွန့်လိမ်နဲ့ ရင်ခွင်ထဲ ရယ်နဲ့တဲ့ ကောင်လေး
" အာ.... ယား... ယား....တယ် ဗျာ ... မလုပ် မလုပ်နဲ့"
" အဲ့တာဆို မေးတာဖြေလေ "
ခေါင်းလုံးလုံးလေးကို အပေါ်ကို မော့လာပြီး Jay ရဲ့ ပါးပြင်နှစ်ဖက်ကို လက်သေးသေးလေးတွေနဲ့ အသာအယာလေးကိုင်ပြီး
" တခါလောက် .. တခါလောက် မောင့်ဘက်က အနမ်းလေး ပေးဖူးချင်လို့ "
စကားလည်းဆုံးကော် ရင်ခွင်ထဲခေါင်းစိုက်လာတဲ့ ကောင်လေးက ရှက်သွားပုံပေါ်သည်။ ပြောရရင် သူ့ဟာသူ လုပ်ပြီး သူဟာသူရှကိသွားသည်ပေါ့။
Jaeyun မှာ သူ အရွယ်စရောက်ထဲက သူလုပ်ချင်ခဲ့တဲ့ အရာလေး တစ်ခုရှိခဲ့သည်။ အမှန်တကယ် ချစ်ရတဲ့ သူရှိလာရင် သူချစ်ရတဲ့ သူရဲ့ ပါးပြင်လေးကို တစ်ခါလောက်ဘဲ ဖြစ်ဖြစ် နူးနူးညံ့ညံ့လေး အနမ်းပေးချင်မိတယ် တဲ့လေ။
ပြောရမယ်ဆိုရင် Jaeyun ရဲ့ ပထမဆုံး အနမ်း၊ နူးညံ့ပြီး အချစ်တွေနဲ့ ပြည့်စုံနေတဲ့ သူ့ဘဝရဲ့ ပထမအနမ်းတစ်ပွင့်ကို Jay ကို ပေးလိုက်တာဘဲ။
" အဟမ်း အဟမ်း အဟမ်း "
ချောင်းဟန့်သံ ကြားလိုက်တော့ လှည့်ကြည့်မိကာ ဆိုင်က ဝန်ထမ်းကောင်းမလေးဖြစ်နေသည်။
" ဟို စိတ်တော့ မရှိပေမယ့်လေ ဘာမုန့်စားမှာလဲ မသိဘူးနော် "
သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးစိပြုံးစိဖြင့် ပြောလာသည့် ဝန်ထမ်းကောင်မလေးကြောင့် Jaeyun ပိုလို့တောင် ရှက်ပြီး မျက်နှာတွေတစ်ခုလုံးပိုပြီး နီရဲလာသည်။
" ဟို ဒီလို ကြီးတြော မမေးသင့်ဘူးထင်ပါတယ် ကျွန်တော့ ကောင်လေး ရှက်နေပြီ "
ချစ်သူဆိုတဲ့ လူကလည်း အလိုက်ကမ်းဆိုးမသိ စလိုက်သေး။ စိတ်တိုတိုနဲ့ ရင်ဘတ်ကျယ်ကြီးကို ဆိတ်ဆွဲမိတော့ ထို လူကြီးက အော်သည်။
" အားးး ဘာလို့ ဆိတ်ဆွဲတာတုန်း ဆိုးနေတာနော် ဘာစားမှာလဲ ရွေးအုန်း "
Jay ရဲ့ ရင်ခွင်ထဲက ထွက်ပြီး မျက်စောင်းတချက်ထိုးကာ မုန့်ကို စိတ်ကြိုက်ရွေးတော့သည်။
ဆိုင်က သာမာန် ဒိုးနတ်ဆိုင်လေးဆိုတော့ ငယ်ငယ်က အရမ်းကြိုက် ကြယ်ပုံစံ ဒိုးနတ်လေးတစ်ခုကို ရွေးလိုက်သည်။ စားချင်တာက အများကြီးပေမယ့် ညဘက်ကျရင် dinner လိုက်ကျွေးမယ်ဆိုပြီး ပြောထားတာ ညကျမှ အပြတ်စားမယ် ဆိုပြီး အားခဲထားသည်။
" တစိခုဘဲလား တော်ပြီလား "
" အင်း တော်ပြီ "
Jay ကတော့ ကော်ဖီတစ်ခွက် မှာပြီး ပိုက်ဆံရှင်းဖို့ သူ့ရဲ့ Black card နဲ့ ထုတ်ရှင်းတော့
" ဒီကဒ်နဲ့ မရပါဘူးရှင့် တစ်ခြားကဒ်များရှိသေးလားမသိဘူး"
" အော် ဟုတ်"
Black card ကို ပြန်သိမ်းပြီး တစ်ခြား တစ်ကဒ်ကို အစားထိုးပေးလိုက်ပြီး ငွေရှင်းလိုက်သည်။
မှာထားတာတွေကို အပေါ်ထပ် လေဟာပြင်မှာ နှစ်ေယာက်သား စကားလေးတစ်ပြောပြောနဲ့ စားနေကြတာတောင် ညနေစောင်းနေပြီ။
ဖေဖေနဲ့မေမေကလည်း Jay နဲ့ ညစာ စားပြီးမှ ပြန်လာခဲ့ဆိုတော့ ညစာစားဖို့ နောက်ထပ် တစ်နေရာကို ထွက်ခွာလာတော့သည်။
ကားမောင်းလာတာ တော်တော်ကြာတာနဲ့ အပြင်ဘက်ကို ကြည့်လိုက်တော့ မြို့ထဲက လူရှုပ်နေတဲ့ နေရာမျိုးလည်းမဟုတ်။ တိတ်ဆိတ်ပြီး လူတွေ သိပ်မရှိတဲ့ ပုံစံမျိုး ပတ်ဝန်းကျင်က။ ဒါနဲ့ Jay သူကို ဘယ်ကို ခေါ်သွားတာလဲ။ ပုံမှန် စားသောက်ဆိုင်ကြီးမှာ ညစားစာဖို့ခေါ်သွားမယ် ထင်ခဲ့ပေမယ့် အထင်နဲ့ တကယ့်ဖြစ်ရပ်က ကွာခြားလွန်းနေသည်။
" Jay ဒါနဲ့ ဘယ်ကိုသွားနေတာလဲ "
ကားမောင်းနေတဲ့ Jay ဘက်ကို လှည့်ပြီး မေးလိုက်တော့ အပြုံးတစ်ခုနှင့်အတူ
" ရောက်ရင် သိမှာမို့ ဒီတိုင်းလေး လိုက်ခဲ့ "
တော်တော်ကြာ ကားမောင်းလာပြီးတဲ့ နောက် ခမ်းနားထယ်ဝါလှတဲ့ စံအိမ်ကြီးတစ်ခုဆီ ရောက်လာခဲ့သည်။
Jaeyun ဘဝ မှာ ဒီလို စံအိမ်မျိုးတွေ အများကြီး မြင်ပြီး နေဖူးပေမယ့် ဒီစံအိမ်ရဲ့ ဒီဇိုင်ကြောင့် ပါးးစပ် အဟောင်းသား ဖြစ်နေမိသည်။
သူထင်တာ မမှားဘူးဆို ဒီစံအိပ်ကလည်း Jay ဒီဇိုင်ဆွဲထားတာဘဲ ဖြစ်မယ်ဆိုပြီး ကောက်ချက် ချမိသည်။
Jaeyun ရဲ့ လက်ကောက်ဝတ်ကို ဆွဲကာ စံအိမ်ကြီးထဲ စတင်ဝင်ရောက်တော့ ဝတ်စုံကျကျဏဏ ဝတ်ထားကျသည့် ဝန်ထမ်းတွေ ဒီစံအိမ်ကြီးမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေက အစီအရီ ရပ်လျက် ဝင်လာသည့် Jay နဲ့ Jaeyun ကို ကိုးဆယ်ဒီဂရီ ကိုင်းညွတ်ကာ အရိုအသေပေးကြသည်။
ဒီလို ပုံစံမျိုးက အံ့ဩစရာတော့မရှိပေ။ ထိပ်တန်း သူငှေးသားတွေ အကုန်လုံးက ဒီလို မျိုးဘဲ မဟုတ်လား။
ထို့နောက် ဩဇာအာဏာရှိပုံရတဲ့ အမျိုးသမီးကြီးတစ်ယောက်က Jay ရဲ့အရှေ့ကို ရောက်လာပြီး အရိုအသေပြုသည်။
" ဘာများ လုပ်ပေးရပါအုန်းမလဲ သခင်လေး "
" မီးဖိုဆောင်ထဲမှာ ပြင်ခိုင်းထားတာတွေ ပြင်ပြီးသွားပြီလားဗျ "
" ဟူတိကဲ့ အကုန် ပြင်ပြီးသွားပါပြီ သခင်လေး "
" အဲ့တာဆို အကုန်လုံး ပြန်လို့ရပါပြီ စိတ်မပူကြပါနဲ့ ကျွန်တော်က .......... "
စကားကို ပြီးအောင် ဆက်မပြောဘဲ သံရှည်ဆွဲကာ Jaeyun ကို ကြည့်လိုက်သည်။
အိမ်ဝန်ထမ်းများကလည်း နားလည်ဟန် ရှိသည်။ အကုန်လုံး ပြုံးစိပြုံးစိနဲ့ အိမ်ပြန်ဖို့ ပြင်ဆင်ကြတော့သည်။
ဖြစ်ပြတ်နေသည့်များကို Jaeyun တကယ်နားမလည်နိုင်။ စိတ်ရှုပ်နေသည်ဘဲ ပြောရမလား။ ဗိုက်စားနေလို့ဘဲ မတွေးနိုင်ဖြစ်နေတယ်ဘဲ ပြောရမလား မသိတော့ပေ။
တွေးနေရင်း Jay ဆွဲရာ နောက်ကို လိုက်လာမိတော့ မီးဖိုဆောင်ထဲမှာ ဟင်းတွေနဲ့ မပြည့်မဟုတ်ဘဲ အသီးအနှံ့တွေ ramen ထုပ်တွေနဲ့သာ ပြည့်နေသည်။
တစ်နေ့လုံးနီးပါးJaeyun တွေးထားတာတွေနဲ့ အကုန် မကိုက်ဖြစ်နေသည်။ ဒီတစ်ခါလည်း အိမ်ကို ခေါ်လာတော့ အိမ်မှာဘဲ ညစားစာရမယ် ထင်ခဲ့တာ အခုတော့ ဘာ အစားအစာမှ မတွေ့။ ဗိုက်ထဲက အချက်ပေးသံကလည်း အပြင်ကို ပေါက်ထွကိလျက်။
" အာ ဗိုက်ဆာနေပြီမှတ်လား ဗိုက်ကလေးထဲက အချက်ပြသံလေး ပေါ်လာတာ ချစ်စရာလေး ဟားဟား "
Jaeyun ရဲ့ ဗိုက်ကို နားလေးကပ်ပြီး စနေသည့် Jay ကို နာနာလေး တစ်ချက်လောက် ရိုက်လိုက်တော့ မျက်နှာတည်ကြီးနဲ့ ကြည့်လာပြန်သည့် Jay
တစ်ဖြည်းဖြည်း နီးသထက် နီးလာတဲ့ Jay ကြောင့် အနောက်ကို ဆုတ်ဆုတ်မိသည်။
ခြေလှမ်းတွေရပ်တန့်သွားမိတာက နောက်သို့ ထက်လှမ်းရန် ခြေလှမ်းဖို့ နေရာမရှိတော့ဘဲ ကျောပြင်က နံရံနဲ့ တစ်သားထဲ ဖြစ်သွားသည်။
ရှေ့က တိုးကပ်လာသည့် သူဆီက ရှောငိပြေးဖို့ ကြိုးစားပေမယ့် နံရံကို လက်ဖြင့်ထောက်ကာ သူ့ရဲ့ ပြေးလမ်းကို လာပိတ်ထားသယောင်။
" ဖယ်လေ ဗိုက်ဆာနေပြီ ဘာလုပ်အုန်းမလို့လဲ "
ရင်ဘတ်ကို အသာအယာလေး တွန်းထုတ်နေသည့် Jaeyun ရဲ့ လက်တွေကို ချုပ်လျက် နံရံကို ကပ်ကာ တစ်သားထဲ ဖြစ်စေသည်။
" ကိုကို လို့ခေါ် "
" ဘာဖြစ်တယ် "
" ကိုကို လို့ခေါ် "
" မခေါ်ရင် ဘာဖြစ်မလဲ "
မထိမှတ်မြင် ပြောလာသည့် Jaeyun ကို ပညာပိစိလေး ပေးရမည်ဆိုပြီး Jaeyun ရဲ့ မျက်နှာနား တိူး သထက် တိုးလိုက်တော့ မျက်လုံးမှိတ်ကာ
မျက်နှာကို လွဲလိုက်သည့် Jaeyun
ခန္ဓာကိုယ် နှစ်ခုက ပေါင်းစပ်တော့မလိုပုံစံဖြင့် နီးကပ်နေကြတာ တစ်ယောက်ရဲ့ ထွက်သက် ဝင်သက်တိုင်းကို တစ်ယောက်က ကြားနေရသည်မှာ အတိုင်းသား။
မျက်စိမှိတ်နေမိတဲ့ အချိန်အတွင်း လည်တိုင်ပေါ် ကျရောက်လာသည့် ခက်နွေးနွေးအိအိ အရာကြောင့် မျက်ခွံတွေ ပြန်ဖွင့်မိသည်။
လည်တိုင်ကို ဖွဖွလေး နမ်းရှိုက်နေသည့် Jay ကြောင့် နှလုံးသားလေးက ပေါက်ထွက်မတက် ခုန်နေတာ ဗိုက်ဆာ တာတောင် ပျောက်သည်။
" အမှတ်အသားလေးက အရမ်းလှတာဘဲ "
နမ်းရှိုက်ခဲ့တဲ့ နေရာလေးမှာ နီနီရဲရဲ ဖြစ်သွားသည်ကို လက်ကလေး ဖွဖွလေးထိကိုင်ရင် ပြောလာသည့် Jay
" ဘာလို့ ဒီလိုလုပ်တာလဲ လူကြီးတွေမြင်သွားရင် မကောင်းဘူးနော် ဖယ်ပါ ပြီးတော့ ဗိုက်လည်းဆာနေပြီ "
" မြင်သွားတော့လည်း ကိစ္စမရှိပါဘူး ကိုယ်တို့က ဒီထက်ပိုပြီး အကျွမ်းတဝင် ရှိတော့မှာဘဲကို ပြီးတော့ ကိုကို လို့ မခေါ်မချင်း မလွတ်ပေးဘူး "
Jay ရဲ့ စိတ်ကို Jaeyun လည်း နားမလည်နိုင် တစ်ခါတစ်ခါ ဘာတွေ ထထဖြစ်မှန်းမသိ ။ အခုလည်း ကိုကို လို့ခေါ်ခိုင်းပြန်ပြီး နားရှက်စရာကြီး ။
" ခေါ်မှာလား "
နှုတ်ခမ်းဖူးဖူးလေးတွေကို စိုက်ကြည့်လာပြန်သည့် Jay ကြောင့် သူပြောတဲ့ အတိုင်း လိုက်လုပ်မှ ရတော့မယ် ဆိုပြီး စိတ်ထဲ ဝင်လာမိသည်။ မဟုတ်ရင် သူ့ကို အကောင်လိုက် မြိုချမလား မသိ။
" ခေါ်.. ခေါ်.. ခေါ်မယ် ................. ကို.. ကို .. ဗိုက်.. ဆာ.. တယ် "
" ဘာကြီး မကြားရလို့ ထက်ပြောပါအုန်း "
ဒီလူကြီး ညစ်ပါပြီ။
" ဟာ ........ ကိုကိုရေ ဗိုက်ဆာတယ်လို့ "
ခေါ်တုန်းက ခေါ်ပြီး မျက်နှာတွေကော် နားရွက်တွေပါ နီရဲလာသည့် Jaeyun ကို ထက်ပြီးစချင်တာနဲ့
" ဗိုက်ဆာတယ် ဆိုတော့ ဘာစား မလဲ ကိုယ့်ကို စားမလား "
အားးး!!!!!
အားပြင်းတဲ့ ကန်ချက်နဲ့ Jay ရဲ့ ခြေထောက်ကို ကန်လိုက်သည့် Jaeyun
" ခံ ခံ မဟုတ်တာတွေလျှောက်ပြောနေတာ လူဆိုးကြီး "
ပြောပြောဆိုဆိုနဲ့ ဧည့်ခန်းထဲ ထွက်သွားသည့် ဂျယ်ယွန်းကိုကြည့်ပြီး ပြုံးမိပြန်သည်။
ဟိုက ဓားနဲ့ မွှားသွားရင်တောင် ပြုံးပြုံးကြီး ဖြစ်နေအုန်းမလား မသိ။
အချစ်ဆုံးလေး စားဖို့အတွက် အကြိုက်ဆုံး Ramen လေးကို သူကိုယ်တိုင် စပြီး ချက်ပြုတ်တော့သည်။
မီးဖိုဆောင်ထဲက အိုးခွက် အသံတွေနဲ့ အတူ Ramen အနံ့ကိုပါ ရလာတော့ မီးဖိုဆောင်နား တိတ်တိတ်လေး လာပြီး ချောင်းကြည့်မိတော့ Apron ဝတ်ပြီး လက်စွမ်းပြနေသည့် Jay က တော်တော် ကြည့်ကောင်းနေတာကြောင့် အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ဓာတ်ပုံ ခိုးရိုက်မိသည်။
" ယွန်းလေး လာတော့ စားလို့ရပြီ "
Jay. ရဲ့ အသံကို ကြားတာနဲ့ ချက်ချင်းပြေးသွားပြီး Jay ကိုယ်တိုင် လုပ်ထားသည့် Ramen ကို မြိမ်ရည်ရှက်ရည် စားတော့သည်။
အင်း.. အရသာက ပုံမှန်ထက် အရသာအများကြီး ပိုရှိနေတယ်ဘဲ ပြောရမလား။ ဟင်းချက်တက်တဲ့ လက်စွမ်းကြောင့်ဘဲလား။ အချစ်တွေနဲ့ ချက်ထားတဲ့ ပွဲမို့လို့ဘဲလား မသိ အရမ်း အရသာရှိနေသည်။
" စားလို့ကောင်းလား "
" ကောင်းတာပေါ့ အရမ်းဘဲ ထိပ်တန်းသူငှေးသားလေးကလည်း ဟင်းချက်တက်တယ် ပေါ့ "
" ဒီသူငှေးသားလေးက ဟောဒီက ရှင်မ်းဂျယ်ယွန်းဆိုတဲ့ ကောင်လေး တစ်ယောက် အတွက်ဘဲ ချက်တက်တာပါဗျာ "
" အမယ် အပိုတွေ ပြောနေပြန်ပြီ စားတော့ "
" ဟုတ်ပါပြီ ဟဟ ဒါနဲ့ ကိုယ့်ကို ကိုကိုလို့ ခေါ်လို့ရတယ်နော် "
" ဟင် အဟွတ် အဟွတ် "
Jay ပြောလိုက်သည့် စကားကြောင့် ခေါင်းတွေပူထူပြီး စားနေသည့် Ramen ပါသီးသွားတော့ ပြာပြာသလဲ ကမ်းလာသည့် ရေကို မြန်မြန်သောက်မိသည်။
" ဖြည်းဖြည်းစား ပါ ဘယ်လို ဖြစ်တာတုန်း ခုနတုန်းကလည်း ခေါ်ပြီး အခုမှ ရှက်နေတာလား မောင် "
နှုတ်ခမ်းနား ကပ်နေသည့် ခေါက်ဆွဲစ ကို လက်မလေးဖြင့် ဖွဖွလေး သုတ်ပေးနေသည့် ကိုကိုဆိုသည့် သူက တကယ် ရူးချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှုရှိလွန်းသည်။
ဒီလို နည်းတွေနဲ့ဘဲ သူ့ရဲ့ နှလုံးသားလေးက Jay ရဲ့ အချစ်နွံထဲ နစ်သွားပြီး ပြန်ဆွဲထုတ်လို့မရ တော့တာမဟုတ်လား။
" ရှေ့လျှောက် ကိုကိုလို့ ခေါ်မယ် စားလက်စလေးကိုတော့ ပြီးအောင် စားပရစေအုန်း "
* နှလူံးသားလေးတုန်ခါအောင် အချိန်တိုင်းလုပ်နေတာ စားနေတဲ့ အချိန်လေးတော့ ကောင်းကောင်းစားပရစေ ကိုကိုရယ်။ နဂိုထဲကမှ ရူးသွပ်နေခဲ့တာ ပိုပိုပြီး ရူးသွပ်လာအောင် လုပ်နေတာဘဲ *
_________________
_____________
" ဟယ်လို Park Yuu Na ပါလား "
" ဟုတ်ပါတယ် ဘာကိစ္စရှိလို့ပါလဲ ဘယ်သူများပါလဲ "
" ကျွန်တော် Jay နဲ့ Jaeyun တို့ အကြောင်းကို ပြောချင်လို့ပါ အခု ချက်ချင်း လာတွေ့လို့ရမလား "
" ရပါတယ် KW Group ကို ဘဲ လာခဲ့ပါ ကျွန်မ စောင့်နေပါမယ် "
*Jay နဲ့ Jaeyun တို့ အကြောင်းပြောချငိတာ သူဘယ်သူပါလိမ့်။ ဘာဘဲ ဖြစ်ဖြစ် အနာဂတ်မှာ ကောင်းတာတွေဖြစ်တော့မယ်လို့ အငွေ့အသက်တွေရနေတယ်*
ခဏအကြာ Yuu na တို့ရဲ့ လုပ်ငန်းစုဖြစ်တဲ့ KW Group ဆီကို ရောက်လာသည့် $665 billion တန် BMW ကားတစ်စီးပေါ်ကနေ ဆင်းလာသည် အမျိုးသားတစ်ဦး။
ထိုအမျိုးသားရဲ့ ဩဇာအာဏာကလည်း ကြီးမားပုံပေါ်သည်။ ထိုလူကို ကြည့်လိုက်ထဲက အရောင်တွေ တောက်ပနေယုံသာမက ချောမောပြေပြစ်သည့် ရုပ်ရည်ကိုပါပိုင်ဆိုင်ထားသည်။ ဒီအမျိုးသားက ဘာကိစ္စ သူကို လာတွေ့ရတာလဲ လို့ Yuu Na တွေးနေမိသည်။
" ထိုင်ပါအုန်း ကျွန်မကို ပြောစရာရှိတဲ့ ကိစ္စဆိုတာက..... "
" ကျွန်တော် Jaeyun ကို လိုချင်တယ် "
" ရှင် "
" ကျွန်တော် ရှင်မ်းဂျယ်ယွန်းကို လိုချင်တယ် ခင်ဗျားလည်း Jay ကို ပြန်လိုချင်နေတာ မဟုတ်ဘူးလား ရပြီလေ ကျွန်တော်တို့ နှစ်ယောက် လက်တွဲရင် ကိုယ် လိုချငိတဲ့ သူကို ကိုယ်ပြန်ရမှာ အရှုံးတော့မရှိပါဘူး အာ... မှားလို့ ကိုယ့်ဘက် အရှုံးမရှိပေမယ့် သူတို့နှစ်ယောက် အတွက်တော့ နာကျင်မှုတွေ ပေးပြီးမှာပေါ့ ဘယ်လိုလဲ "
လက်ကမ်းလာသည့် ထိုအမျိုးသား။ Yuu Na လည်း Jay ကို အရယူဖို့ အတွက် ထို အမျိုးသားနဲ့ လက်တွဲလိုက်သည်။
" အိုကေလေ နှစ်ဦး နှစ်ဖက်လုံး အဆင်ပြေတာဘဲ ဒါနဲ့ နာမည်က ...... "
" နာမည်က *** "
~||~
ဂျယ်ယွန်းကို လိုချင်နေတဲ့ သူက ဘယ်သူများဖြစ်မလဲ🤔
Feedback???????
(Zawgyi)
ေအာက္ ထပ္ဆင္းၿပီး မုန္႔သြားေ႐ြးရဲ႕ ေကာင္ေလးက ၾကာေနတာနဲ႔ စိတ္ပူၿပီး လိုက္သြားမိေတာ့ မုန္႔ေတြ ထည့္ထားတဲ့ မွန္ဗုံးေတြေ႐ွ႕မွာ ေခါင္းကုပ္လိုက္ ႏႈတ္ခမ္းေလးဆူလိုက္နဲ႔ မုန္႔ေတြကို ေ႐ြးရခက္ေနတာ ထင္ပါရဲ႕။
ဆူေနတဲ့ ႏႈတ္ခမ္းေလးကို တခ်က္ လက္ကေလးနဲ႔ ဖြဖြေလး႐ိုက္မိေတာ့ ဆူပုတ္ပုတ္ မ်က္ႏွာေပးနဲ႔ ျပန္ၾကည့္လာသည့္ ဂ်ယ္ယြန္း
" ဘာလဲ ဘာၾကည့္တာလဲ "
ခပ္တည္တည္နဲ႔ ျပတ္ျပတ္သားသား ေျပာလိုက္တဲ့ ေဂ်းရဲ႕ ေလသံေၾကာင့္ ဆူပုတ္ေနတဲပ မ်က္ႏွာေလးက အနည္းငယ္ညိႇဳးသြားသည္ကို သတိထားလိုက္မိသည္။ စိတ္မေကာင္းမ်ား ျဖစ္သြားတာလား။
ညိႇဳးငယ္ၿပီး ေခါင္းငုံ႔သြားတဲ့ ေမာင့္ရဲ႕ ပါးျပင္ေလးကို အသာေလး ကိုင္ရင္ ေမာ့ေစေတာ့ puppy မ်က္လုံးေလးေတြနဲ႔ မ်က္ရည္စေတြစို႔လ်က္ ျပန္ၾကည့္လာေတာ့ ရင္ထဲ နစ္ခနည္း ခံစားလိုက္ရသည္။ သူေျပာလိုက္တာကို စိတ္မေကာင္းျဖစ္သြားတာလား။ သူ႕ကို ေၾကာက္သြားတာလား။ ဒီလိုေလး စခ်င္လို႔ ေျပာလိုက္တာကို တကယ္ ဝမ္းနည္းသြားတဲ့ ေမာင္က ခ်စ္စရာေကာင္းလြန္းသည္။ ဒီလို အၾကည့္ေလးေတြနဲ႔ သူမဟုတ္တဲ့ တစ္ျခားသူကို ၾကည့္လိုက္ရင္ အၾကည့္ခံရတဲ့ သူေတြက ေႂကြဆင္းသြားၿပီး ခ်စ္ကုန္ေတာ့မွာေပါ့။
" အာ.... ဘာလို႔ လဲ ေမာင္ရယ္ ဘာလို႔ မ်က္ရည္ေတြဝဲေနတာလဲ "
" ႐ိုက္လို႔ေလ "
ေသးငယ္တဲ့ အသံေလးနဲ႔ ျပန္ေျပာလာေတာ့ မၾကားရတာနဲ႔ အေ႐ွ႕ကို အနည္းငယ္ ကိုင္းၫြတ္လိုက္ေတာ့ ႐ုတ္တရက္ ပါးျပင္ေပၚသို႔ ပူပူေႏြးေႏြး ႏႈတ္ခမ္းတစ္စုံရဲ႕ ႏူးညံ့တဲ့ အနမ္းလးတစ္ပြင့္ကို ရလိုက္သည္။
ကိုင္းၫြတ္ထားတဲ့ ခႏၶာကိုယ္ကို ျပန္တည့္မတ္ၿပီး ေပကလည္ေပကလည္နဲ႔ လာၾကည့္သည့္ ေဂ်းကို ၾကည့္ၿပီး ရယ္မိသြားသည္။
သူ႕အေ႐ွ႕က ရယ္ေနတဲ့ လူေကာင္ေသးေသးေလးကို ခါးကေန ဆြဲဖက္လိုက္ေတာ့ ရင္ခြင္ထဲ ဝင္လာတဲ့ ေကာင္ေလး
" ဘာလို႔နမ္းလိုက္တာလဲ ကိုယ့္ကို ဟမ္ "
ခါးေလးကို ဂလိထိုးလိုက္ေတာ့ တီေကာင္ဆားပတ္သလို တြန္႔လိမ္တြန္႔လိမ္နဲ႔ ရင္ခြင္ထဲ ရယ္နဲ႔တဲ့ ေကာင္ေလး
" အာ.... ယား... ယား....တယ္ ဗ်ာ ... မလုပ္ မလုပ္နဲ႔"
" အဲ့တာဆို ေမးတာေျဖေလ "
ေခါင္းလုံးလုံးေလးကို အေပၚကို ေမာ့လာၿပီး Jay ရဲ႕ ပါးျပင္ႏွစ္ဖက္ကို လက္ေသးေသးေလးေတြနဲ႔ အသာအယာေလးကိုင္ၿပီး
" တခါေလာက္ .. တခါေလာက္ ေမာင့္ဘက္က အနမ္းေလး ေပးဖူးခ်င္လို႔ "
စကားလည္းဆုံးေကာ္ ရင္ခြင္ထဲေခါင္းစိုက္လာတဲ့ ေကာင္ေလးက ႐ွက္သြားပုံေပၚသည္။ ေျပာရရင္ သူ႕ဟာသူ လုပ္ၿပီး သူဟာသူ႐ွကိသြားသည္ေပါ့။
Jaeyun မွာ သူ အ႐ြယ္စေရာက္ထဲက သူလုပ္ခ်င္ခဲ့တဲ့ အရာေလး တစ္ခု႐ွိခဲ့သည္။ အမွန္တကယ္ ခ်စ္ရတဲ့ သူ႐ွိလာရင္ သူခ်စ္ရတဲ့ သူရဲ႕ ပါးျပင္ေလးကို တစ္ခါေလာက္ဘဲ ျဖစ္ျဖစ္ ႏူးႏူးညံ့ညံ့ေလး အနမ္းေပးခ်င္မိတယ္ တဲ့ေလ။
ေျပာရမယ္ဆိုရင္ Jaeyun ရဲ႕ ပထမဆုံး အနမ္း၊ ႏူးညံ့ၿပီး အခ်စ္ေတြနဲ႔ ျပည့္စုံေနတဲ့ သူ႕ဘဝရဲ႕ ပထမအနမ္းတစ္ပြင့္ကို Jay ကို ေပးလိုက္တာဘဲ။
" အဟမ္း အဟမ္း အဟမ္း "
ေခ်ာင္းဟန္႔သံ ၾကားလိုက္ေတာ့ လွည့္ၾကည့္မိကာ ဆိုင္က ဝန္ထမ္းေကာင္းမေလးျဖစ္ေနသည္။
" ဟို စိတ္ေတာ့ မ႐ွိေပမယ့္ေလ ဘာမုန္႔စားမွာလဲ မသိဘူးေနာ္ "
သူတို႔ႏွစ္ေယာက္ကို ၾကည့္ၿပီး ျပဳံးစိျပဳံးစိျဖင့္ ေျပာလာသည့္ ဝန္ထမ္းေကာင္မေလးေၾကာင့္ Jaeyun ပိုလို႔ေတာင္ ႐ွက္ၿပီး မ်က္ႏွာေတြတစ္ခုလုံးပိုၿပီး နီရဲလာသည္။
" ဟို ဒီလို ႀကီးေၾတာ မေမးသင့္ဘူးထင္ပါတယ္ ကြၽန္ေတာ့ ေကာင္ေလး ႐ွက္ေနၿပီ "
ခ်စ္သူဆိုတဲ့ လူကလည္း အလိုက္ကမ္းဆိုးမသိ စလိုက္ေသး။ စိတ္တိုတိုနဲ႔ ရင္ဘတ္က်ယ္ႀကီးကို ဆိတ္ဆြဲမိေတာ့ ထို လူႀကီးက ေအာ္သည္။
" အားးး ဘာလို႔ ဆိတ္ဆြဲတာတုန္း ဆိုးေနတာေနာ္ ဘာစားမွာလဲ ေ႐ြးအုန္း "
Jay ရဲ႕ ရင္ခြင္ထဲက ထြက္ၿပီး မ်က္ေစာင္းတခ်က္ထိုးကာ မုန္႔ကို စိတ္ႀကိဳက္ေ႐ြးေတာ့သည္။
ဆိုင္က သာမာန္ ဒိုးနတ္ဆိုင္ေလးဆိုေတာ့ ငယ္ငယ္က အရမ္းႀကိဳက္ ၾကယ္ပုံစံ ဒိုးနတ္ေလးတစ္ခုကို ေ႐ြးလိုက္သည္။ စားခ်င္တာက အမ်ားႀကီးေပမယ့္ ညဘက္က်ရင္ dinner လိုက္ေကြၽးမယ္ဆိုၿပီး ေျပာထားတာ ညက်မွ အျပတ္စားမယ္ ဆိုၿပီး အားခဲထားသည္။
" တစိခုဘဲလား ေတာ္ၿပီလား "
" အင္း ေတာ္ၿပီ "
Jay ကေတာ့ ေကာ္ဖီတစ္ခြက္ မွာၿပီး ပိုက္ဆံ႐ွင္းဖို႔ သူ႕ရဲ႕ Black card နဲ႔ ထုတ္႐ွင္းေတာ့
" ဒီကဒ္နဲ႔ မရပါဘူး႐ွင့္ တစ္ျခားကဒ္မ်ား႐ွိေသးလားမသိဘူး"
" ေအာ္ ဟုတ္"
Black card ကို ျပန္သိမ္းၿပီး တစ္ျခား တစ္ကဒ္ကို အစားထိုးေပးလိုက္ၿပီး ေငြ႐ွင္းလိုက္သည္။
မွာထားတာေတြကို အေပၚထပ္ ေလဟာျပင္မွာ ႏွစ္ေယာက္သား စကားေလးတစ္ေျပာေျပာနဲ႔ စားေနၾကတာေတာင္ ညေနေစာင္းေနၿပီ။
ေဖေဖနဲ႔ေမေမကလည္း Jay နဲ႔ ညစာ စားၿပီးမွ ျပန္လာခဲ့ဆိုေတာ့ ညစာစားဖို႔ ေနာက္ထပ္ တစ္ေနရာကို ထြက္ခြာလာေတာ့သည္။
ကားေမာင္းလာတာ ေတာ္ေတာ္ၾကာတာနဲ႔ အျပင္ဘက္ကို ၾကည့္လိုက္ေတာ့ ၿမိဳ႕ထဲက လူ႐ႈပ္ေနတဲ့ ေနရာမ်ိဳးလည္းမဟုတ္။ တိတ္ဆိတ္ၿပီး လူေတြ သိပ္မ႐ွိတဲ့ ပုံစံမ်ိဳး ပတ္ဝန္းက်င္က။ ဒါနဲ႔ Jay သူကို ဘယ္ကို ေခၚသြားတာလဲ။ ပုံမွန္ စားေသာက္ဆိုင္ႀကီးမွာ ညစားစာဖို႔ေခၚသြားမယ္ ထင္ခဲ့ေပမယ့္ အထင္နဲ႔ တကယ့္ျဖစ္ရပ္က ကြာျခားလြန္းေနသည္။
" Jay ဒါနဲ႔ ဘယ္ကိုသြားေနတာလဲ "
ကားေမာင္းေနတဲ့ Jay ဘက္ကို လွည့္ၿပီး ေမးလိုက္ေတာ့ အျပဳံးတစ္ခုႏွင့္အတူ
" ေရာက္ရင္ သိမွာမို႔ ဒီတိုင္းေလး လိုက္ခဲ့ "
ေတာ္ေတာ္ၾကာ ကားေမာင္းလာၿပီးတဲ့ ေနာက္ ခမ္းနားထယ္ဝါလွတဲ့ စံအိမ္ႀကီးတစ္ခုဆီ ေရာက္လာခဲ့သည္။
Jaeyun ဘဝ မွာ ဒီလို စံအိမ္မ်ိဳးေတြ အမ်ားႀကီး ျမင္ၿပီး ေနဖူးေပမယ့္ ဒီစံအိမ္ရဲ႕ ဒီဇိုင္ေၾကာင့္ ပါးးစပ္ အေဟာင္းသား ျဖစ္ေနမိသည္။
သူထင္တာ မမွားဘူးဆို ဒီစံအိပ္ကလည္း Jay ဒီဇိုင္ဆြဲထားတာဘဲ ျဖစ္မယ္ဆိုၿပီး ေကာက္ခ်က္ ခ်မိသည္။
Jaeyun ရဲ႕ လက္ေကာက္ဝတ္ကို ဆြဲကာ စံအိမ္ႀကီးထဲ စတင္ဝင္ေရာက္ေတာ့ ဝတ္စုံက်က်ဏဏ ဝတ္ထားက်သည့္ ဝန္ထမ္းေတြ ဒီစံအိမ္ႀကီးမွာ အလုပ္လုပ္ေနၾကတဲ့ ဝန္ထမ္းေတြက အစီအရီ ရပ္လ်က္ ဝင္လာသည့္ Jay နဲ႔ Jaeyun ကို ကိုးဆယ္ဒီဂရီ ကိုင္းၫြတ္ကာ အ႐ိုအေသေပးၾကသည္။
ဒီလို ပုံစံမ်ိဳးက အံ့ဩစရာေတာ့မ႐ွိေပ။ ထိပ္တန္း သူေငွးသားေတြ အကုန္လုံးက ဒီလို မ်ိဳးဘဲ မဟုတ္လား။
ထို႔ေနာက္ ဩဇာအာဏာ႐ွိပုံရတဲ့ အမ်ိဳးသမီးႀကီးတစ္ေယာက္က Jay ရဲ႕အေ႐ွ႕ကို ေရာက္လာၿပီး အ႐ိုအေသျပဳသည္။
" ဘာမ်ား လုပ္ေပးရပါအုန္းမလဲ သခင္ေလး "
" မီးဖိုေဆာင္ထဲမွာ ျပင္ခိုင္းထားတာေတြ ျပင္ၿပီးသြားၿပီလားဗ် "
" ဟူတိကဲ့ အကုန္ ျပင္ၿပီးသြားပါၿပီ သခင္ေလး "
" အဲ့တာဆို အကုန္လုံး ျပန္လို႔ရပါၿပီ စိတ္မပူၾကပါနဲ႔ ကြၽန္ေတာ္က .......... "
စကားကို ၿပီးေအာင္ ဆက္မေျပာဘဲ သံ႐ွည္ဆြဲကာ Jaeyun ကို ၾကည့္လိုက္သည္။
အိမ္ဝန္ထမ္းမ်ားကလည္း နားလည္ဟန္ ႐ွိသည္။ အကုန္လုံး ျပဳံးစိျပဳံးစိနဲ႔ အိမ္ျပန္ဖို႔ ျပင္ဆင္ၾကေတာ့သည္။
ျဖစ္ျပတ္ေနသည့္မ်ားကို Jaeyun တကယ္နားမလည္ႏိုင္။ စိတ္႐ႈပ္ေနသည္ဘဲ ေျပာရမလား။ ဗိုက္စားေနလို႔ဘဲ မေတြးႏိုင္ျဖစ္ေနတယ္ဘဲ ေျပာရမလား မသိေတာ့ေပ။
ေတြးေနရင္း Jay ဆြဲရာ ေနာက္ကို လိုက္လာမိေတာ့ မီးဖိုေဆာင္ထဲမွာ ဟင္းေတြနဲ႔ မျပည့္မဟုတ္ဘဲ အသီးအႏွံ႔ေတြ ramen ထုပ္ေတြနဲ႔သာ ျပည့္ေနသည္။
တစ္ေန႔လုံးနီးပါးJaeyun ေတြးထားတာေတြနဲ႔ အကုန္ မကိုက္ျဖစ္ေနသည္။ ဒီတစ္ခါလည္း အိမ္ကို ေခၚလာေတာ့ အိမ္မွာဘဲ ညစားစာရမယ္ ထင္ခဲ့တာ အခုေတာ့ ဘာ အစားအစာမွ မေတြ႕။ ဗိုက္ထဲက အခ်က္ေပးသံကလည္း အျပင္ကို ေပါက္ထြကိလ်က္။
" အာ ဗိုက္ဆာေနၿပီမွတ္လား ဗိုက္ကေလးထဲက အခ်က္ျပသံေလး ေပၚလာတာ ခ်စ္စရာေလး ဟားဟား "
Jaeyun ရဲ႕ ဗိုက္ကို နားေလးကပ္ၿပီး စေနသည့္ Jay ကို နာနာေလး တစ္ခ်က္ေလာက္ ႐ိုက္လိုက္ေတာ့ မ်က္ႏွာတည္ႀကီးနဲ႔ ၾကည့္လာျပန္သည့္ Jay
တစ္ျဖည္းျဖည္း နီးသထက္ နီးလာတဲ့ Jay ေၾကာင့္ အေနာက္ကို ဆုတ္ဆုတ္မိသည္။
ေျခလွမ္းေတြရပ္တန္႔သြားမိတာက ေနာက္သို႔ ထက္လွမ္းရန္ ေျခလွမ္းဖို႔ ေနရာမ႐ွိေတာ့ဘဲ ေက်ာျပင္က နံရံနဲ႔ တစ္သားထဲ ျဖစ္သြားသည္။
ေ႐ွ႕က တိုးကပ္လာသည့္ သူဆီက ေ႐ွာငိေျပးဖို႔ ႀကိဳးစားေပမယ့္ နံရံကို လက္ျဖင့္ေထာက္ကာ သူ႕ရဲ႕ ေျပးလမ္းကို လာပိတ္ထားသေယာင္။
" ဖယ္ေလ ဗိုက္ဆာေနၿပီ ဘာလုပ္အုန္းမလို႔လဲ "
ရင္ဘတ္ကို အသာအယာေလး တြန္းထုတ္ေနသည့္ Jaeyun ရဲ႕ လက္ေတြကို ခ်ဳပ္လ်က္ နံရံကို ကပ္ကာ တစ္သားထဲ ျဖစ္ေစသည္။
" ကိုကို လို႔ေခၚ "
" ဘာျဖစ္တယ္ "
" ကိုကို လို႔ေခၚ "
" မေခၚရင္ ဘာျဖစ္မလဲ "
မထိမွတ္ျမင္ ေျပာလာသည့္ Jaeyun ကို ပညာပိစိေလး ေပးရမည္ဆိုၿပီး Jaeyun ရဲ႕ မ်က္ႏွာနား တိူး သထက္ တိုးလိုက္ေတာ့ မ်က္လုံးမွိတ္ကာ
မ်က္ႏွာကို လြဲလိုက္သည့္ Jaeyun
ခႏၶာကိုယ္ ႏွစ္ခုက ေပါင္းစပ္ေတာ့မလိုပုံစံျဖင့္ နီးကပ္ေနၾကတာ တစ္ေယာက္ရဲ႕ ထြက္သက္ ဝင္သက္တိုင္းကို တစ္ေယာက္က ၾကားေနရသည္မွာ အတိုင္းသား။
မ်က္စိမွိတ္ေနမိတဲ့ အခ်ိန္အတြင္း လည္တိုင္ေပၚ က်ေရာက္လာသည့္ ခက္ေႏြးေႏြးအိအိ အရာေၾကာင့္ မ်က္ခြံေတြ ျပန္ဖြင့္မိသည္။
လည္တိုင္ကို ဖြဖြေလး နမ္း႐ိႈက္ေနသည့္ Jay ေၾကာင့္ ႏွလုံးသားေလးက ေပါက္ထြက္မတက္ ခုန္ေနတာ ဗိုက္ဆာ တာေတာင္ ေပ်ာက္သည္။
" အမွတ္အသားေလးက အရမ္းလွတာဘဲ "
နမ္း႐ိႈက္ခဲ့တဲ့ ေနရာေလးမွာ နီနီရဲရဲ ျဖစ္သြားသည္ကို လက္ကေလး ဖြဖြေလးထိကိုင္ရင္ ေျပာလာသည့္ Jay
" ဘာလို႔ ဒီလိုလုပ္တာလဲ လူႀကီးေတြျမင္သြားရင္ မေကာင္းဘူးေနာ္ ဖယ္ပါ ၿပီးေတာ့ ဗိုက္လည္းဆာေနၿပီ "
" ျမင္သြားေတာ့လည္း ကိစၥမ႐ွိပါဘူး ကိုယ္တို႔က ဒီထက္ပိုၿပီး အကြၽမ္းတဝင္ ႐ွိေတာ့မွာဘဲကို ၿပီးေတာ့ ကိုကို လို႔ မေခၚမခ်င္း မလြတ္ေပးဘူး "
Jay ရဲ႕ စိတ္ကို Jaeyun လည္း နားမလည္ႏိုင္ တစ္ခါတစ္ခါ ဘာေတြ ထထျဖစ္မွန္းမသိ ။ အခုလည္း ကိုကို လို႔ေခၚခိုင္းျပန္ၿပီး နား႐ွက္စရာႀကီး ။
" ေခၚမွာလား "
ႏႈတ္ခမ္းဖူးဖူးေလးေတြကို စိုက္ၾကည့္လာျပန္သည့္ Jay ေၾကာင့္ သူေျပာတဲ့ အတိုင္း လိုက္လုပ္မွ ရေတာ့မယ္ ဆိုၿပီး စိတ္ထဲ ဝင္လာမိသည္။ မဟုတ္ရင္ သူ႕ကို အေကာင္လိုက္ ၿမိဳခ်မလား မသိ။
" ေခၚ.. ေခၚ.. ေခၚမယ္ ................. ကို.. ကို .. ဗိုက္.. ဆာ.. တယ္ "
" ဘာႀကီး မၾကားရလို႔ ထက္ေျပာပါအုန္း "
ဒီလူႀကီး ညစ္ပါၿပီ။
" ဟာ ........ ကိုကိုေရ ဗိုက္ဆာတယ္လို႔ "
ေခၚတုန္းက ေခၚၿပီး မ်က္ႏွာေတြေကာ္ နား႐ြက္ေတြပါ နီရဲလာသည့္ Jaeyun ကို ထက္ၿပီးစခ်င္တာနဲ႔
" ဗိုက္ဆာတယ္ ဆိုေတာ့ ဘာစား မလဲ ကိုယ့္ကို စားမလား "
အားးး!!!!!
အားျပင္းတဲ့ ကန္ခ်က္နဲ႔ Jay ရဲ႕ ေျခေထာက္ကို ကန္လိုက္သည့္ Jaeyun
" ခံ ခံ မဟုတ္တာေတြေလွ်ာက္ေျပာေနတာ လူဆိုးႀကီး "
ေျပာေျပာဆိုဆိုနဲ႔ ဧည့္ခန္းထဲ ထြက္သြားသည့္ ဂ်ယ္ယြန္းကိုၾကည့္ၿပီး ျပဳံးမိျပန္သည္။
ဟိုက ဓားနဲ႔ မႊားသြားရင္ေတာင္ ျပဳံးျပဳံးႀကီး ျဖစ္ေနအုန္းမလား မသိ။
အခ်စ္ဆုံးေလး စားဖို႔အတြက္ အႀကိဳက္ဆုံး Ramen ေလးကို သူကိုယ္တိုင္ စၿပီး ခ်က္ျပဳတ္ေတာ့သည္။
မီးဖိုေဆာင္ထဲက အိုးခြက္ အသံေတြနဲ႔ အတူ Ramen အနံ႔ကိုပါ ရလာေတာ့ မီးဖိုေဆာင္နား တိတ္တိတ္ေလး လာၿပီး ေခ်ာင္းၾကည့္မိေတာ့ Apron ဝတ္ၿပီး လက္စြမ္းျပေနသည့္ Jay က ေတာ္ေတာ္ ၾကည့္ေကာင္းေနတာေၾကာင့္ အိတ္ကပ္ထဲက ဖုန္းကို ထုတ္ၿပီး ဓာတ္ပုံ ခိုး႐ိုက္မိသည္။
" ယြန္းေလး လာေတာ့ စားလို႔ရၿပီ "
Jay. ရဲ႕ အသံကို ၾကားတာနဲ႔ ခ်က္ခ်င္းေျပးသြားၿပီး Jay ကိုယ္တိုင္ လုပ္ထားသည့္ Ramen ကို ၿမိမ္ရည္႐ွက္ရည္ စားေတာ့သည္။
အင္း.. အရသာက ပုံမွန္ထက္ အရသာအမ်ားႀကီး ပို႐ွိေနတယ္ဘဲ ေျပာရမလား။ ဟင္းခ်က္တက္တဲ့ လက္စြမ္းေၾကာင့္ဘဲလား။ အခ်စ္ေတြနဲ႔ ခ်က္ထားတဲ့ ပြဲမို႔လို႔ဘဲလား မသိ အရမ္း အရသာ႐ွိေနသည္။
" စားလို႔ေကာင္းလား "
" ေကာင္းတာေပါ့ အရမ္းဘဲ ထိပ္တန္းသူေငွးသားေလးကလည္း ဟင္းခ်က္တက္တယ္ ေပါ့ "
" ဒီသူေငွးသားေလးက ေဟာဒီက ႐ွင္မ္းဂ်ယ္ယြန္းဆိုတဲ့ ေကာင္ေလး တစ္ေယာက္ အတြက္ဘဲ ခ်က္တက္တာပါဗ်ာ "
" အမယ္ အပိုေတြ ေျပာေနျပန္ၿပီ စားေတာ့ "
" ဟုတ္ပါၿပီ ဟဟ ဒါနဲ႔ ကိုယ့္ကို ကိုကိုလို႔ ေခၚလို႔ရတယ္ေနာ္ "
" ဟင္ အဟြတ္ အဟြတ္ "
Jay ေျပာလိုက္သည့္ စကားေၾကာင့္ ေခါင္းေတြပူထူၿပီး စားေနသည့္ Ramen ပါသီးသြားေတာ့ ျပာျပာသလဲ ကမ္းလာသည့္ ေရကို ျမန္ျမန္ေသာက္မိသည္။
" ျဖည္းျဖည္းစား ပါ ဘယ္လို ျဖစ္တာတုန္း ခုနတုန္းကလည္း ေခၚၿပီး အခုမွ ႐ွက္ေနတာလား ေမာင္ "
ႏႈတ္ခမ္းနား ကပ္ေနသည့္ ေခါက္ဆြဲစ ကို လက္မေလးျဖင့္ ဖြဖြေလး သုတ္ေပးေနသည့္ ကိုကိုဆိုသည့္ သူက တကယ္ ႐ူးခ်င္စရာ ေကာင္းေလာက္ေအာင္ ဆြဲေဆာင္မႈ႐ွိလြန္းသည္။
ဒီလို နည္းေတြနဲ႔ဘဲ သူ႕ရဲ႕ ႏွလုံးသားေလးက Jay ရဲ႕ အခ်စ္ႏြံထဲ နစ္သြားၿပီး ျပန္ဆြဲထုတ္လို႔မရ ေတာ့တာမဟုတ္လား။
" ေ႐ွ႕ေလွ်ာက္ ကိုကိုလို႔ ေခၚမယ္ စားလက္စေလးကိုေတာ့ ၿပီးေအာင္ စားပရေစအုန္း "
* ႏွလူံးသားေလးတုန္ခါေအာင္ အခ်ိန္တိုင္းလုပ္ေနတာ စားေနတဲ့ အခ်ိန္ေလးေတာ့ ေကာင္းေကာင္းစားပရေစ ကိုကိုရယ္။ နဂိုထဲကမွ ႐ူးသြပ္ေနခဲ့တာ ပိုပိုၿပီး ႐ူးသြပ္လာေအာင္ လုပ္ေနတာဘဲ *
_________________
_____________
" ဟယ္လို Park Yuu Na ပါလား "
" ဟုတ္ပါတယ္ ဘာကိစၥ႐ွိလို႔ပါလဲ ဘယ္သူမ်ားပါလဲ "
" ကြၽန္ေတာ္ Jay နဲ႔ Jaeyun တို႔ အေၾကာင္းကို ေျပာခ်င္လို႔ပါ အခု ခ်က္ခ်င္း လာေတြ႕လို႔ရမလား "
" ရပါတယ္ KW Group ကို ဘဲ လာခဲ့ပါ ကြၽန္မ ေစာင့္ေနပါမယ္ "
*Jay နဲ႔ Jaeyun တို႔ အေၾကာင္းေျပာခ်ငိတာ သူဘယ္သူပါလိမ့္။ ဘာဘဲ ျဖစ္ျဖစ္ အနာဂတ္မွာ ေကာင္းတာေတြျဖစ္ေတာ့မယ္လို႔ အေငြ႕အသက္ေတြရေနတယ္*
ခဏအၾကာ Yuu na တို႔ရဲ႕ လုပ္ငန္းစုျဖစ္တဲ့ KW Group ဆီကို ေရာက္လာသည့္ $665 billion တန္ BMW ကားတစ္စီးေပၚကေန ဆင္းလာသည္ အမ်ိဳးသားတစ္ဦး။
ထိုအမ်ိဳးသားရဲ႕ ဩဇာအာဏာကလည္း ႀကီးမားပုံေပၚသည္။ ထိုလူကို ၾကည့္လိုက္ထဲက အေရာင္ေတြ ေတာက္ပေနယုံသာမက ေခ်ာေမာေျပျပစ္သည့္ ႐ုပ္ရည္ကိုပါပိုင္ဆိုင္ထားသည္။ ဒီအမ်ိဳးသားက ဘာကိစၥ သူကို လာေတြ႕ရတာလဲ လို႔ Yuu Na ေတြးေနမိသည္။
" ထိုင္ပါအုန္း ကြၽန္မကို ေျပာစရာ႐ွိတဲ့ ကိစၥဆိုတာက..... "
" ကြၽန္ေတာ္ Jaeyun ကို လိုခ်င္တယ္ "
" ႐ွင္ "
" ကြၽန္ေတာ္ ႐ွင္မ္းဂ်ယ္ယြန္းကို လိုခ်င္တယ္ ခင္ဗ်ားလည္း Jay ကို ျပန္လိုခ်င္ေနတာ မဟုတ္ဘူးလား ရၿပီေလ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ လက္တြဲရင္ ကိုယ္ လိုခ်ငိတဲ့ သူကို ကိုယ္ျပန္ရမွာ အ႐ႈံးေတာ့မ႐ွိပါဘူး အာ... မွားလို႔ ကိုယ့္ဘက္ အ႐ႈံးမ႐ွိေပမယ့္ သူတို႔ႏွစ္ေယာက္ အတြက္ေတာ့ နာက်င္မႈေတြ ေပးၿပီးမွာေပါ့ ဘယ္လိုလဲ "
လက္ကမ္းလာသည့္ ထိုအမ်ိဳးသား။ Yuu Na လည္း Jay ကို အရယူဖို႔ အတြက္ ထို အမ်ိဳးသားနဲ႔ လက္တြဲလိုက္သည္။
" အိုေကေလ ႏွစ္ဦး ႏွစ္ဖက္လုံး အဆင္ေျပတာဘဲ ဒါနဲ႔ နာမည္က ...... "
" နာမည္က *** "
~||~
ဂ်ယ္ယြန္းကို လိုခ်င္ေနတဲ့ သူက ဘယ္သူမ်ားျဖစ္မလဲ🤔
Feedback???????