Simplicity of love √Complete...

By Zante7

203K 18K 915

အချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွ... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 17(zawgyi)
ep 18
Final
Special Thanks
Extra
Christmas🎄

Extra

8.7K 681 28
By Zante7

#Unicode
ဂျောင်ဂု ကုမ္ပဏီကနေချက်ချင်းပြန်လာရသည်။
သားလေးကမနေ့ကရေကူးတာကြာသွားပြီးနေမကောင်းဖြစ်နေသည်။

"သားလေး..ဒယ်ဒီပြန်လာပြီ"

"ဒယ်ဒီ....သားရဲ့မျက်လုံးတွေပူနေတယ်"

အဖျားရှိတော့မျက်ဝန်းတွေအပူဟပ်ပြီးမျက်ရည်ပူကကြနေသည်။
မျက်တောင်လေးတွေကစင်းနေပြီး
သားက သူ့ပါးပါးပေါ်မှာအီနေသည်။

"ဂျွန်...သားကဘာမှကျွေးမရဘူး
ခေါင်းခါနေတော့တာ"

"ပေးကိုယ်ချီလိုက်မယ်.....
သားလေးကိုဒယ်ဒီကရေပတ်တိုက်ပေးမယ်နော် အေးသွားအောင်လို့"

ဂျောင်ဂုချော့ခေါ်ပြီးပွေ့ချီလိုက်ရသည်။
သားကကျန်တဲ့အချိန်အနေအေးသလောက် နေမကောင်းတဲ့အချိန်ဆိုရင်တော့နည်းနည်းဂျီကျတက်သည်။
သားဖြစ်ရင်ဘေဘီကပါငိုတော့တာ။

"အဲ့ဒါကြောင့်မနေ့ကပြောတယ်
ရေကူးကန်ထဲအကြာကြီးမနေကြနဲ့ဆိုတာကို သားဖနှစ်ယောက်လုံးလူကိုအရေးမလုပ်ကြဘူး"

"ဘေဘီရာ....ကလေးနေမကောင်းတာကိုဆူမနေပါနဲ့တော့"

ထယ်ယောင်းလည်းသက်ပြင်းချပြီး
ရေပတ်တိုက်ဖို့ရေဇလုံသွားပြင်ရတော့သည်။
ရေပတ်တိုက်ပြီးချည်သားဝမ်းဆက်လေးလဲပေးကာ ဆေးတိုက်ဖို့ပြင်နေတဲ့ဂျွန်နားမှာသားကိုချီပြီး လမ်းလျှောက်နေရသည်။

"သားလေး ဆေးသောက်ဖို့
ကိတ်ပျော့ပျော့လေးစားလိုက်နော်"

သူ့ဒယ်ဒီပြောတာကိုထယ်ယောင်းပုခုံးပေါ်တင်ထားတဲ့ခေါင်းလေးကခါပြနေသည်။

"အဲ့ဒါဆိုပါးပါးပြုတ်ပေးတဲ့နို့ဆန်ပြုတ်လေးသောက်မလားသားလေး"

"နို့ဆန်ပြုတ်သောက်ပြီးရင်သားကဆေးပါသောက်ရမှာလား ပါးပါး"

ခေါင်းလေးထောင်လာပြီး
ထယ်ယောင်းမျက်နှာကို သားကကြည့်မေးလာသည်။

"ဒါပေါ့သားလေးရဲ့ အဲ့ဒါမှနေကောင်းမှာပေါ့"

"အဲ့ဒါဆို ကုန်တိုက်မှာတွေ့ခဲ့တဲ့ အရုပ်ကိုပါးပါးကဝယ်ပေးမှာလား"

သားကပြောလို့ ဂျွန်ကိုလှမ်းကြည့်လိုက်တော့ သူ့သားကိုကြည့်ပြီးရယ်နေတော့တာ။

"သားမှာ အဲ့အရုပ်တွေကလိုတာထက်ပိုနေပြီလေ ပြီးရင်သားအရုပ်တွေက
အသစ်ထပ်ထွက်လို့ကိုမပြီးနိုင်တော့ဘူး"

ဂျောင်ဂုကသားကိုအလိုလိုက်ပေမယ့်
ဘေဘီချမှတ်ထားတဲ့စည်းကမ်းတွေကိုဝင်မပါခဲ့။
သားလိုချင်တာမှန်သမျှက ဘေဘီ့ကိုပူဆာမှရသည်။
ဘေဘီကသူ့သားကိုအရမ်းချစ်ပြီး
သူ့စကားကိုသာနားထောင်စေချင်တာ။
ဘေဘီဆိုတာကလဲ သူရောသားလေးရောရဲ့အရေးပါတဲ့လူသားလေးဖြစ်ချင်တာ ဂျောင်ဂုသိသည်။

"ဘေဘီရာ...ဝယ်ပေးလိုက်ပါ
သားလေးကို"

"ဝယ်ပေးပါမယ် ပါးပါးရဲ့ချစ်သားလေးရယ် သားလေးနေမြန်မြန်ကောင်းလာပါ
အဲ့ဒါမှဒယ်ဒီနဲ့ပါးပါးစိတ်ချမ်းသာမှာ"

ထယ်ယောင်းပြောပြီးတာနဲ့သားလေးရဲ့ပါးပြင်လေးကို မွှေးကြူလိုက်သည်။
သားလေးကနေမကောင်းတော့အရင်လိုမဟုတ် ထယ်ယောင်းလည်ပင်းကိုသူ့လက်လေးတွေနဲ့သိုင်းဖက်ထားပြီး
ပုခုံးပေါ်ခေါင်းမှီချထားသည်။
ချစ်လိုက်ရတာ အသည်းအသက်လေးကို။
ဆန်ပြုတ်လေးကျွေးပြီးတာနဲ့ဆေးတိုက်ပြီးဂျွန်ကသားကိုသိပ်ဖို့သူပါ
ကုတင်ပေါ်ရောက်နေပြီ။

"ဂျွန် မေမေကပြောတယ်ကလေးမသက်သာရင် ဆေးရုံသွားလိုက်တော့တဲ့"

"ကိုယ်ကမလိုလို့မသွားတာပေါ့
ဘေဘီရာ သားလေးကိုကိုယ်ဘာ
တစ်ခုမှအဖြစ်မခံနိုင်ပါဘူး"

ဂျွန်ကသားနေမကောင်းရင် လိုအပ်တဲ့ဆေးတွေသူ့ဘာသူဝယ်လာပြီးသူပဲဂရုစိုက်တော့တာ။
ကာကွယ်ဆေးထိုးရတဲ့အချိန်တွေမှသာဆေးရုံသွားရတာ။
သားလေးကအရမ်းကံကောင်းသည်။
အရမ်းချစ်ပေးနွေးထွေးမှု့အပြည့်ပေးတဲ့မိဘကောင်းကိုရထားတယ်။

"ဂျွန်...ဖုန်းလာနေတယ်လေ"

ထယ်ယောင်းအခန်းထဲဝင်လာတော့
ဂျွန်ရဲ့ဖုန်းကအသံမြည်နေပေမယ့်
သားလေးက သူ့ဒယ်ဒီရင်ဘက်ပေါ်မှာ
မှောက်ယက်လေးအိပ်နေတာ။
ဂျွန်ကလက်ဟန်နဲ့ကိုင်လိုက်ဖို့အချက်ပြနေသည်။

"ဟယ်လို"

"သားထယ်လေးရေ ဂျောင်ဂုရှိလား
ဒီမှာသူ့အဖေမူးလဲလို့ ခေါင်းပါထိသွားတယ်သားရယ် အဲ့ဒါဆေးရုံတင်ထားရတယ်"

"အခုအဖေက သက်သာရဲ့လားမေမေ"

"မသိသေးဘူးသားရယ် သတိကရလာပေမယ့်အသက်ရှူမဝလို့ အောက်ဆီဂျင်ပေးထားရတယ်"

ဂျွန်ကသားလေးကိုမွေ့ယာပေါ်အသာချပြီးဖုန်းလာပြောသည်။

"ဘေဘီ သားလေးနားနေလိုက်
ကိုယ်မေမေနဲ့ပြောလိုက်မယ်"

ဂျောင်ဂုလည်း သားလေးနိုးမှာစိုးရိမ်တာနဲ့အပြင်ထွက်ပြောရတော့သည်။
မာမီကတော့ဒယ်ဒီ့ကိုစိုးရိမ်နေလို့
သူ့ကိုလာစေချင်နေသည်။

"ဂျွန်...ဘာတဲ့လဲ"

"ဘယ်လိုလုပ်မလဲဘေဘီ
သားလေးကလဲ နေမကောင်းဘူး
မာမီကလည်းကိုယ့်ကိုလာစေချင်နေတယ်"

"ဂျွန်သွားလိုက်ပါ သားလေးကို
ကျွန်တော်ပြုစုနိုင်ပါတယ်"

ဘေဘီကပြောနေပေမယ့် ဂျောင်ဂုမှာ
စိတ်မချ။
သားလေးကနေမကောင်းရင်ဂျီကျတက်သည်။
တော်ကြာသူမရှိလို့ငိုနေမှာစိုးရိမ်ရသလို
ဂျပန်ကဆေးရုံမှာလည်းမာမီတစ်ယောက်တည်းဖြစ်နေတာကိုလည်းစိုးရိမ်နေရသည်။

"အဲ့ဒါဆိုယ်ကိုယ်အခုညနေလေယာဉ်နဲ့သွားလိုက်မယ် ဖေဖေ့အခြေအနေကကိုယ်သွားမှဖြစ်မှာ"

"သွားလေဂျွန်...ပြင်စရာရှိတာပြင်တော့
ကျွန်တော်တို့ကိုစိတ်ချပါ"

ဂျောင်ဂုလည်းသားမနိုးခင်
လေဆိပ်ဆင်းလာရတော့သည်။
ထွက်လာကာနီး နဖူးလေးစမ်းကြည့်တော့ အပူကသိပ်မရှိတော့။
ဆေးရှိန်နဲ့အိပ်ပျော်နေတဲ့သားလေးရဲ့ပါးပြင်ကိုနမ်းပြီးထွက်လာလိုက်ရသည်။

******************

"ပါးပါး ဒယ်ဒီ့ကိုဖုန်းခေါ်ပေးလို့"

"ဒယ်ဒီကမအားသေးလို့လေ....
ဘိုးဘိုးဆေးကုနေရတာ ပြီးရင်
သားလေးကိုလှမ်းဆက်မှာပါ"

ညကတော့ငိုလို့ ဂျွန်ကဖုန်းလှမ်းဆက်ပြီးVideo Callပါခေါ်မှငြိမ်သွားသည်။
အခုမနက်အိပ်ယာနိုးတာနဲ့ဖုန်းခေါ်ခိုင်းနေတော့တာ။
ဖုန်းမခေါ်ပေးတော့မျက်နှာလေးက
ငိုမဲ့မဲ့ဖြစ်နေသည်။

"သားလေး နေကောင်းအောင်နေ
ငိုနေရင် နေမကောင်းဘဲနေလိမ့်မယ်
သားနေကောင်းရင် ပါးပါးနဲ့အတူ
ဒယ်ဒီ့နောက်လိုက်သွားကြမယ်"

မျက်လုံးလေးတွေလက်လာပြီး
မော့ကြည့်လာသည်။
အိပ်ယာထကာစဆိုတော့
ဆံပင်လေးတွေကပွပွလေးဖြစ်လို့။
သူတို့သားလေးကိုကြည့်ရင်းချစ်လိုက်ရတာဆိုတာ တသိမ့်သိမ့်နဲ့ရင်ထဲမှာအေးမြနေရော။

"promise နော်ပါးပါး"

"promise ပါဗျာ"

"ဟီး...သားမငိုတော့ဘူး
နေလဲကောင်းသွားပြီ မနက်ဖြန်လိုက်သွားမယ်နော်ပါးပါး"

"Jeon Noahလေးခင်ဗျ ဘယ်သူနဲ့တူလို့ဒီလောက်လည်နေရတာလဲ ဟမ်..."

မေးလိုက်တော့ ပေါင်ပေါ်လာထိုင်ပြီး ထယ်ယောင်းပါးလေးကိုနမ်းလိုက်သေးသည်။

"ပါးပါးနဲ့တူတာ ဒီတစ်ခါက"

အမြဲတမ်း သူ့ဒယ်ဒီနဲ့တူတာပါလို့
အော်နေတဲ့လူလည်လေးက
သူ့ဒယ်ဒီအနားမရှိတော့ ကပ်ချွဲနေတာ။

***************

အဖြူရောင်ဝမ်းဆက်လေးဝတ်ထားပေးပြီး အနက်ရောင်jacketလေးထပ်ဝတ်ထားကာ ဖိနပ်အနက်ရောင်လေးနဲ့Noahလေး။
ထယ်ယောင်းကလည်း jacketကသားလေးနဲ့ဆင်တူလေးဝတ်ထားပြီး
ဂျွန်ကိုအသိမပေးဘဲ သားဖနှစ်ယောက်
ဂျပန်ကိုလိုက်လာခဲ့တာ။
ဂျပန်ရောက်တော့အိမ်မှာဘယ်သူမှမရှိကြ။

"သားလေးရေ အိမ်တံခါးမဖွင့်တက်ဘူး
ဒယ်ဒီ့ကိုဖုန်းဆက်မှရမှာ"

"ပါးပါး ဘိုးဘိုးကပြောထားတယ်
ခြံတံခါးရော အိမ်တံခါးရောက
သားမွေးနေ့တဲ့"

အမလေး! နှစ်ဖက်မိဘတွေက
သူတို့မြေးလေးကိုချစ်ကြတာ။
ဘာလုပ်လုပ် သူတို့မြေးနဲ့ပတ်သတ်တာကြီးပဲ။
သားမွေးနေ့ရိုက်ထည့်တော့ပွင့်သွားသည်။

"လာ...ပါးပါးတို့အိမ်ထဲမှာစောင့်နေကြမယ်"

*******************

"အဲ့ဒါဆိုမာမီ သားအိမ်ပြန်တော့မယ်နော် ဒယ်ဒီဆေးရုံကမဆင်းသေးနဲ့အုံးသေချာအနားယူ အလုပ်တွေကကျွန်တော်စီစဉ်လိုက်မယ်"

"အေးပါ သားရယ် ဟိုရောက်ရင်
မြေးလေးကိုဂရုစိုက်လိုက်အုံး"

ဂျောင်ဂုမိဘတွေကိုနှုတ်ဆက်ပြီးတာနဲ့
လေယာဉ်လက်မှတ်ဖြတ်လိုက်သည်။
မာမီ့အိမ်ခဏဝင်ပြီးတာနဲ့သူလေဆိပ်သွားရမည်။
သားလေးရဲ့မွေးနေ့ကရောက်တော့မှာ။
ဒယ်ဒီကလည်းသက်သာနေပြီဖြစ်လို့
စိတ်အေးသွားရသည်။

"ဒယ်ဒီ....."

တံခါးဖွင့်ပြီးအိမ်ထဲဝင်လိုက်တာနဲ့
ဂျောင်ဂုရင်ခွင်ထဲကို
ပြေးဝင်လာသောသားလေးကိုမြင်ပြီး
အံ့ဩသွားရသည်။

"သားလေး .....လိုက်လာကြတာလား"

"ဟုတ်တယ်ဂျွန် အံ့ဩသွားတယ်မလား
ဟီး"

ရင်ခွင်ထဲကသားလေးကလည်းရယ်နေသလို ဘေးနားကဘေဘီကလည်းရယ်လို့။
ဒီသားဖကတော့ သူတို့လုပ်ချင်တာလုပ်ကြရရင် အတိုင်အဖောက်ညီနေတော့တာပဲ။

"ကိုယ် အခုညနေပြန်လာမလို့ဘဲလေ
လက်မှတ်တောင်မှာထားပြီးပြီ"

"Cancel လိုက်တော့ဂျွန်.....
ဖေဖေတို့ကိုလည်းသွားတွေ့ရမယ်လေ
သားလေးမွေးနေ့ကမနက်ဖြန်ဆိုတော့
ဂျပန်မှာလည်ကြမယ်"

"ဒယ်ဒီ....လမ်းမှာကားစီးလာတော့လေ
ပန်းတွေများကြီးပွင့်ပြီးလှနေတာပဲ
သားကိုလိုက်ပို့ပေး"

"ပို့ပေးမှာပေါ့ဗျာ....ဒယ်ဒီ့သားလေးကနေကောင်းသွားပြီလား"

"ကောင်းသွားပြီ....ဒယ်ဒီ့နောက်ကိုလိုက်လာချင်လို့သားကအမြန်နေကောင်းအောင်နေလိုက်တာ"

ဂျောင်ဂုရင်ခွင်ထဲမှာချီထားရင်းနဲ့
သူ့ကိုမော့ကြည့်ပြီးပြောနေသော
သားလေးရဲ့ပါးရဲရဲလေးတွေကို
အသည်းယားစွာနဲ့မွှေးကြူလိုက်ရတော့သည်။

ဆေးရုံသွားပြီးကြတာနဲ့
အိမ်ပြန်ပြီးခဏနားကာ
သားလေးမွေးနေ့ဖြစ်လို့လျှောက်လည်ကြရင်းညစာအပြင်မှာစားဖို့ထွက်လာကြသည်။
အိမ်ကကုန်းမြင့်လေးပေါ်မှာတည်ရှိတာဖြစ်လို့ လမ်းမပေါ်ရောက်ဖို့ကလှေကားထစ်၆ထစ်လောက်ဆင်းမှရသည်။
ဂျွန်နဲ့သူကသားလေးကိုအလယ်ကထားပြီးလက်ဆွဲထားရသည်။
Sakuraပန်းလေးတွေဝေနေအောင်ပွင့်နေတဲ့ခြံတံခါးဝကနေ ဆင်းလာတဲ့
လှေကားထစ်လေးတွေ
တစ်လျှောက်မှာလည်း
Sakuraပွင့်ဖက်လေးတွေကကြွေထားတာကို သားလေးကအရမ်းသဘောကျနေတော့တာ။

"ပန်းလေးရဲ့နာမည်က Sakura!
သားရဲ့နာမည်က Jeon Noah!"

"ဘာလို့အဲ့လိုအော်နေတာလဲ သားရဲ့"

လှေကားတစ်ထစ်ဆင်းတိုင်းတစ်ခါအော်နေတော့ ထယ်ယောင်းမှာမေးကြည့်ရတော့သည်။

"ဖွားဖွားကပြောတယ် သားတို့မိသားစုက Sakuraလေးတွေလိုဘဲတဲ့ပါးပါး..."

ထယ်ယောင်းကသားပြောတာနားမလည်လို့ဂျွန်ကိုကြည့်တော့ရှင်းပြလာသည်။

"Sakuraလေးတွေကိုလူတိုင်းကချစ်ပြီးတန်ဖိုးထားသလို ကိုယ်တို့ကိုလည်း
မေမေတို့က ချစ်ပြီးတန်ဖိုးထားတာတဲ့
သားကိုအဲ့လိုပြောပြထားပြီး
သူတို့မြေးဖွားက ဒီလှေကားထစ်လေးတွေကိုအဲ့လိုဆင်းနေကြလေ ဘေဘီရဲ့"

Sakuraပန်းလေးတွေကိုထယ်ယောင်းမော့ကြည့်လိုက်မိသည်။
လှပစွာဖူးပွင့်နေတဲ့ပန်းလေးတွေကိုမြင်လိုက်ရတာနဲ့စိတ်ထဲမှာ ပျော်ရွှင်လာတယ်။
ကြည်နူးချမ်းမြေ့ရတဲ့Sakuraပန်းလေးတွေကြွေနေတဲ့လမ်းလေးမှာသားလေးရဲ့ရယ်သံလေးတွေကလွှမ်းခြုံနေသလို
ကျွန်တော်တို့ရဲ့ရင်ခုန်သံတွေကလည်း
နူးညံ့လှပနေခဲ့တယ်။
Sakuraလေးတွေလိုပဲကျွန်တော်တို့မိသားစုလည်းနူးညံ့လှပစွာနေထိုင်သွားမယ်။

"Happy Birthdayသားလေးရေ
ဒယ်ဒီနဲ့ပါးပါးစိုးရိမ်နေတဲ့ကြားထဲက
ကျန်းမာစွာမွေးဖွားလာပေးလို့
ကျေးဇူးတင်ပါတယ်"

"ပါးပါးကလဲ ကျေးဇူးတင်ပါတယ်
ချစ်တယ် ပါးပါးသားလေးရေ"

ကုတင်ပေါ်မှာသားလေးကိုအလယ်မှာထားပြီးဂျောင်ဂုနဲ့ဘေဘီက
မွေးနေ့ဆုတောင်းစကားပြောနေကြတာကို သားလေးကပြုံးပြီးနားထောင်နေသည်။
ညစာစားပြီးအိမ်ပြန်လာတာနဲ့ပင်ပန်းသွားတယ်ထင်သည်။
သာလေးကအိပ်ယာပေါ်ရောက်နေခဲ့ပြီ။

"ဒယ်ဒီ့ကိုလဲ အာဘွား....
ပါးပါးကိုလည်းအာဘွား....
သားကလဲဒယ်ဒီနဲ့ပါးပါးကိုများကြီး
ချစ်တယ်"

"ဒယ်ဒီကလဲ သားလေးနဲ့ပါးပါးကို
အာဘွားပေးရအုံးမယ်"

အခန်းလေးထဲမှာရယ်သံတွေပျံ့လွင့်နေတော့သည်။
သားလေးက၄နှစ်ပြည့်သွားခဲ့ပြီ။
အခုထိသူတို့အိမ်ထောင်ရေးက
ပြသနာကြီးကြီးမားမားမရှိ။
ချစ်ခြင်းနှင့်မေတ္တာတွေပေါင်းစပ်ထားတဲ့သူတို့မိသားစုလေးက
နေ့ရက်တိုင်းကိုပျော်ရွှင်စွာနဲ့ဘဲ
ဖြတ်သန်းကြမည်။
သူ့ရှေ့မှာအိပ်သွားကြပြီဖြစ်တဲ့လူသားလေးနှစ်ဦးကိုဂျောင်ဂုကြည့်နေမိသည်။
ဂွမ်းစောင်ဖြူဖြူလေးကိုခြုံပေးလိုက်ပြီး ပြုံးမိပြန်သည်။
ဘာမှထပ်မလိုချင်ရလောက်တဲ့အထိ
သူ့ဘဝက ဒီအသည်းအသက်လေး
နှစ်ယောက်နဲ့တင်ပြည့်စုံနေပြီ။
ဘေဘီနဲ့သားလေးသာအနားရှိနေရင်
ကိုယ်ဘာကိုမှမမှု့တော့ဘူး။
ချစ်တယ်...ကိုယ့်ရဲ့မြတ်နိုးခြင်း
အေးချမ်းခြင်းတွေရဲ့.....
အစပျိုးရာရပ်ဝန်းငယ်လေးတွေရေ။

simplicity 🏝
Zante💜

Simplicity Of Love လေးကနေ
နှုတ်ဆက်လိုက်ပါပြီရှင်။
ရိုးရိုးရှင်းရှင်းလေးကိုဦးတည်ရေးထားတဲ့ပေါ့ပေါ့ပါးပါး fiction လေးကို
အစကနေအဆုံးအထိအတူလိုက်ပါစီးမျောပေးကြလို့ ထပ်ပြီးတော့
ကျေးဇူးတင်ပါရစေရှင်🙆‍♀️

ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်......













#Zawgyi
ေဂ်ာင္ဂု ကုမၸဏီကေနခ်က္ခ်င္းျပန္လာရသည္။
သားေလးကမေန႔ကေရကူးတာၾကာသြားၿပီးေနမေကာင္းျဖစ္ေနသည္။

"သားေလး..ဒယ္ဒီျပန္လာၿပီ"

"ဒယ္ဒီ....သားရဲ႕မ်က္လုံးေတြပူေနတယ္"

အဖ်ားရွိေတာ့မ်က္ဝန္းေတြအပူဟပ္ၿပီးမ်က္ရည္ပူကၾကေနသည္။
မ်က္ေတာင္ေလးေတြကစင္းေနၿပီး
သားက သူ႔ပါးပါးေပၚမွာအီေနသည္။

"ဂြၽန္...သားကဘာမွေကြၽးမရဘူး
ေခါင္းခါေနေတာ့တာ"

"ေပးကိုယ္ခ်ီလိုက္မယ္.....
သားေလးကိုဒယ္ဒီကေရပတ္တိုက္ေပးမယ္ေနာ္ ေအးသြားေအာင္လို႔"

ေဂ်ာင္ဂုေခ်ာ့ေခၚၿပီးေပြ႕ခ်ီလိုက္ရသည္။
သားကက်န္တဲ့အခ်ိန္အေနေအးသေလာက္ ေနမေကာင္းတဲ့အခ်ိန္ဆိုရင္ေတာ့နည္းနည္းဂ်ီက်တက္သည္။
သားျဖစ္ရင္ေဘဘီကပါငိုေတာ့တာ။

"အဲ့ဒါေၾကာင့္မေန႔ကေျပာတယ္
ေရကူးကန္ထဲအၾကာႀကီးမေနၾကနဲ႔ဆိုတာကို သားဖႏွစ္ေယာက္လုံးလူကိုအေရးမလုပ္ၾကဘူး"

"ေဘဘီရာ....ကေလးေနမေကာင္းတာကိုဆူမေနပါနဲ႔ေတာ့"

ထယ္ေယာင္းလည္းသက္ျပင္းခ်ၿပီး
ေရပတ္တိုက္ဖို႔ေရဇလုံသြားျပင္ရေတာ့သည္။
ေရပတ္တိုက္ၿပီးခ်ည္သားဝမ္းဆက္ေလးလဲေပးကာ ေဆးတိုက္ဖို႔ျပင္ေနတဲ့ဂြၽန္နားမွာသားကိုခ်ီၿပီး လမ္းေလွ်ာက္ေနရသည္။

"သားေလး ေဆးေသာက္ဖို႔
ကိတ္ေပ်ာ့ေပ်ာ့ေလးစားလိုက္ေနာ္"

သူ႔ဒယ္ဒီေျပာတာကိုထယ္ေယာင္းပုခုံးေပၚတင္ထားတဲ့ေခါင္းေလးကခါျပေနသည္။

"အဲ့ဒါဆိုပါးပါးျပဳတ္ေပးတဲ့ႏို႔ဆန္ျပဳတ္ေလးေသာက္မလားသားေလး"

"ႏို႔ဆန္ျပဳတ္ေသာက္ၿပီးရင္သားကေဆးပါေသာက္ရမွာလား ပါးပါး"

ေခါင္းေလးေထာင္လာၿပီး
ထယ္ေယာင္းမ်က္ႏွာကို သားကၾကည့္ေမးလာသည္။

"ဒါေပါ့သားေလးရဲ႕ အဲ့ဒါမွေနေကာင္းမွာေပါ့"

"အဲ့ဒါဆို ကုန္တိုက္မွာေတြ႕ခဲ့တဲ့ အ႐ုပ္ကိုပါးပါးကဝယ္ေပးမွာလား"

သားကေျပာလို႔ ဂြၽန္ကိုလွမ္းၾကည့္လိုက္ေတာ့ သူ႔သားကိုၾကည့္ၿပီးရယ္ေနေတာ့တာ။

"သားမွာ အဲ့အ႐ုပ္ေတြကလိုတာထက္ပိုေနၿပီေလ ၿပီးရင္သားအ႐ုပ္ေတြက
အသစ္ထပ္ထြက္လို႔ကိုမၿပီးႏိုင္ေတာ့ဘူး"

ေဂ်ာင္ဂုကသားကိုအလိုလိုက္ေပမယ့္
ေဘဘီခ်မွတ္ထားတဲ့စည္းကမ္းေတြကိုဝင္မပါခဲ့။
သားလိုခ်င္တာမွန္သမွ်က ေဘဘီ့ကိုပူဆာမွရသည္။
ေဘဘီကသူ႔သားကိုအရမ္းခ်စ္ၿပီး
သူ႔စကားကိုသာနားေထာင္ေစခ်င္တာ။
ေဘဘီဆိုတာကလဲ သူေရာသားေလးေရာရဲ႕အေရးပါတဲ့လူသားေလးျဖစ္ခ်င္တာ ေဂ်ာင္ဂုသိသည္။

"ေဘဘီရာ...ဝယ္ေပးလိုက္ပါ
သားေလးကို"

"ဝယ္ေပးပါမယ္ ပါးပါးရဲ႕ခ်စ္သားေလးရယ္ သားေလးေနျမန္ျမန္ေကာင္းလာပါ
အဲ့ဒါမွဒယ္ဒီနဲ႔ပါးပါးစိတ္ခ်မ္းသာမွာ"

ထယ္ေယာင္းေျပာၿပီးတာနဲ႔သားေလးရဲ႕ပါးျပင္ေလးကို ေမႊးၾကဴလိုက္သည္။
သားေလးကေနမေကာင္းေတာ့အရင္လိုမဟုတ္ ထယ္ေယာင္းလည္ပင္းကိုသူ႔လက္ေလးေတြနဲ႔သိုင္းဖက္ထားၿပီး
ပုခုံးေပၚေခါင္းမွီခ်ထားသည္။
ခ်စ္လိုက္ရတာ အသည္းအသက္ေလးကို။
ဆန္ျပဳတ္ေလးေကြၽးၿပီးတာနဲ႔ေဆးတိုက္ၿပီးဂြၽန္ကသားကိုသိပ္ဖို႔သူပါ
ကုတင္ေပၚေရာက္ေနၿပီ။

"ဂြၽန္ ေမေမကေျပာတယ္ကေလးမသက္သာရင္ ေဆး႐ုံသြားလိုက္ေတာ့တဲ့"

"ကိုယ္ကမလိုလို႔မသြားတာေပါ့
ေဘဘီရာ သားေလးကိုကိုယ္ဘာ
တစ္ခုမွအျဖစ္မခံႏိုင္ပါဘူး"

ဂြၽန္ကသားေနမေကာင္းရင္ လိုအပ္တဲ့ေဆးေတြသူ႔ဘာသူဝယ္လာၿပီးသူပဲဂ႐ုစိုက္ေတာ့တာ။
ကာကြယ္ေဆးထိုးရတဲ့အခ်ိန္ေတြမွသာေဆး႐ုံသြားရတာ။
သားေလးကအရမ္းကံေကာင္းသည္။
အရမ္းခ်စ္ေပးေႏြးေထြးမႈ႕အျပည့္ေပးတဲ့မိဘေကာင္းကိုရထားတယ္။

"ဂြၽန္...ဖုန္းလာေနတယ္ေလ"

ထယ္ေယာင္းအခန္းထဲဝင္လာေတာ့
ဂြၽန္ရဲ႕ဖုန္းကအသံျမည္ေနေပမယ့္
သားေလးက သူ႔ဒယ္ဒီရင္ဘက္ေပၚမွာ
ေမွာက္ယက္ေလးအိပ္ေနတာ။
ဂြၽန္ကလက္ဟန္နဲ႔ကိုင္လိုက္ဖို႔အခ်က္ျပေနသည္။

"ဟယ္လို"

"သားထယ္ေလးေရ ေဂ်ာင္ဂုရွိလား
ဒီမွာသူ႔အေဖမူးလဲလို႔ ေခါင္းပါထိသြားတယ္သားရယ္ အဲ့ဒါေဆး႐ုံတင္ထားရတယ္"

"အခုအေဖက သက္သာရဲ႕လားေမေမ"

"မသိေသးဘူးသားရယ္ သတိကရလာေပမယ့္အသက္ရွဴမဝလို႔ ေအာက္ဆီဂ်င္ေပးထားရတယ္"

ဂြၽန္ကသားေလးကိုေမြ႕ယာေပၚအသာခ်ၿပီးဖုန္းလာေျပာသည္။

"ေဘဘီ သားေလးနားေနလိုက္
ကိုယ္ေမေမနဲ႔ေျပာလိုက္မယ္"

ေဂ်ာင္ဂုလည္း သားေလးႏိုးမွာစိုးရိမ္တာနဲ႔အျပင္ထြက္ေျပာရေတာ့သည္။
မာမီကေတာ့ဒယ္ဒီ့ကိုစိုးရိမ္ေနလို႔
သူ႔ကိုလာေစခ်င္ေနသည္။

"ဂြၽန္...ဘာတဲ့လဲ"

"ဘယ္လိုလုပ္မလဲေဘဘီ
သားေလးကလဲ ေနမေကာင္းဘူး
မာမီကလည္းကိုယ့္ကိုလာေစခ်င္ေနတယ္"

"ဂြၽန္သြားလိုက္ပါ သားေလးကို
ကြၽန္ေတာ္ျပဳစုႏိုင္ပါတယ္"

ေဘဘီကေျပာေနေပမယ့္ ေဂ်ာင္ဂုမွာ
စိတ္မခ်။
သားေလးကေနမေကာင္းရင္ဂ်ီက်တက္သည္။
ေတာ္ၾကာသူမရွိလို႔ငိုေနမွာစိုးရိမ္ရသလို
ဂ်ပန္ကေဆး႐ုံမွာလည္းမာမီတစ္ေယာက္တည္းျဖစ္ေနတာကိုလည္းစိုးရိမ္ေနရသည္။

"အဲ့ဒါဆိုယ္ကိုယ္အခုညေနေလယာဥ္နဲ႔သြားလိုက္မယ္ ေဖေဖ့အေျခအေနကကိုယ္သြားမွျဖစ္မွာ"

"သြားေလဂြၽန္...ျပင္စရာရွိတာျပင္ေတာ့
ကြၽန္ေတာ္တို႔ကိုစိတ္ခ်ပါ"

ေဂ်ာင္ဂုလည္းသားမႏိုးခင္
ေလဆိပ္ဆင္းလာရေတာ့သည္။
ထြက္လာကာနီး နဖူးေလးစမ္းၾကည့္ေတာ့ အပူကသိပ္မရွိေတာ့။
ေဆးရွိန္နဲ႔အိပ္ေပ်ာ္ေနတဲ့သားေလးရဲ႕ပါးျပင္ကိုနမ္းၿပီးထြက္လာလိုက္ရသည္။

******************

"ပါးပါး ဒယ္ဒီ့ကိုဖုန္းေခၚေပးလို႔"

"ဒယ္ဒီကမအားေသးလို႔ေလ....
ဘိုးဘိုးေဆးကုေနရတာ ၿပီးရင္
သားေလးကိုလွမ္းဆက္မွာပါ"

ညကေတာ့ငိုလို႔ ဂြၽန္ကဖုန္းလွမ္းဆက္ၿပီးVideo Callပါေခၚမွၿငိမ္သြားသည္။
အခုမနက္အိပ္ယာႏိုးတာနဲ႔ဖုန္းေခၚခိုင္းေနေတာ့တာ။
ဖုန္းမေခၚေပးေတာ့မ်က္ႏွာေလးက
ငိုမဲ့မဲ့ျဖစ္ေနသည္။

"သားေလး ေနေကာင္းေအာင္ေန
ငိုေနရင္ ေနမေကာင္းဘဲေနလိမ့္မယ္
သားေနေကာင္းရင္ ပါးပါးနဲ႔အတူ
ဒယ္ဒီ့ေနာက္လိုက္သြားၾကမယ္"

မ်က္လုံးေလးေတြလက္လာၿပီး
ေမာ့ၾကည့္လာသည္။
အိပ္ယာထကာစဆိုေတာ့
ဆံပင္ေလးေတြကပြပြေလးျဖစ္လို႔။
သူတို႔သားေလးကိုၾကည့္ရင္းခ်စ္လိုက္ရတာဆိုတာ တသိမ့္သိမ့္နဲ႔ရင္ထဲမွာေအးျမေနေရာ။

"promise ေနာ္ပါးပါး"

"promise ပါဗ်ာ"

"ဟီး...သားမငိုေတာ့ဘူး
ေနလဲေကာင္းသြားၿပီ မနက္ျဖန္လိုက္သြားမယ္ေနာ္ပါးပါး"

"Jeon Noahေလးခင္ဗ် ဘယ္သူနဲ႔တူလို႔ဒီေလာက္လည္ေနရတာလဲ ဟမ္..."

ေမးလိုက္ေတာ့ ေပါင္ေပၚလာထိုင္ၿပီး ထယ္ေယာင္းပါးေလးကိုနမ္းလိုက္ေသးသည္။

"ပါးပါးနဲ႔တူတာ ဒီတစ္ခါက"

အၿမဲတမ္း သူ႔ဒယ္ဒီနဲ႔တူတာပါလို႔
ေအာ္ေနတဲ့လူလည္ေလးက
သူ႔ဒယ္ဒီအနားမရွိေတာ့ ကပ္ခြၽဲေနတာ။

***************

အျဖဴေရာင္ဝမ္းဆက္ေလးဝတ္ထားေပးၿပီး အနက္ေရာင္jacketေလးထပ္ဝတ္ထားကာ ဖိနပ္အနက္ေရာင္ေလးနဲ႔Noahေလး။
ထယ္ေယာင္းကလည္း jacketကသားေလးနဲ႔ဆင္တူေလးဝတ္ထားၿပီး
ဂြၽန္ကိုအသိမေပးဘဲ သားဖႏွစ္ေယာက္
ဂ်ပန္ကိုလိုက္လာခဲ့တာ။
ဂ်ပန္ေရာက္ေတာ့အိမ္မွာဘယ္သူမွမရွိၾက။

"သားေလးေရ အိမ္တံခါးမဖြင့္တက္ဘူး
ဒယ္ဒီ့ကိုဖုန္းဆက္မွရမွာ"

"ပါးပါး ဘိုးဘိုးကေျပာထားတယ္
ၿခံတံခါးေရာ အိမ္တံခါးေရာက
သားေမြးေန႔တဲ့"

အမေလး! ႏွစ္ဖက္မိဘေတြက
သူတို႔ေျမးေလးကိုခ်စ္ၾကတာ။
ဘာလုပ္လုပ္ သူတို႔ေျမးနဲ႔ပတ္သတ္တာႀကီးပဲ။
သားေမြးေန႔႐ိုက္ထည့္ေတာ့ပြင့္သြားသည္။

"လာ...ပါးပါးတို႔အိမ္ထဲမွာေစာင့္ေနၾကမယ္"

*******************

"အဲ့ဒါဆိုမာမီ သားအိမ္ျပန္ေတာ့မယ္ေနာ္ ဒယ္ဒီေဆး႐ုံကမဆင္းေသးနဲ႔အုံးေသခ်ာအနားယူ အလုပ္ေတြကကြၽန္ေတာ္စီစဥ္လိုက္မယ္"

"ေအးပါ သားရယ္ ဟိုေရာက္ရင္
ေျမးေလးကိုဂ႐ုစိုက္လိုက္အုံး"

ေဂ်ာင္ဂုမိဘေတြကိုႏႈတ္ဆက္ၿပီးတာနဲ႔
ေလယာဥ္လက္မွတ္ျဖတ္လိုက္သည္။
မာမီ့အိမ္ခဏဝင္ၿပီးတာနဲ႔သူေလဆိပ္သြားရမည္။
သားေလးရဲ႕ေမြးေန႔ကေရာက္ေတာ့မွာ။
ဒယ္ဒီကလည္းသက္သာေနၿပီျဖစ္လို႔
စိတ္ေအးသြားရသည္။

"ဒယ္ဒီ....."

တံခါးဖြင့္ၿပီးအိမ္ထဲဝင္လိုက္တာနဲ႔
ေဂ်ာင္ဂုရင္ခြင္ထဲကို
ေျပးဝင္လာေသာသားေလးကိုျမင္ၿပီး
အံ့ဩသြားရသည္။

"သားေလး .....လိုက္လာၾကတာလား"

"ဟုတ္တယ္ဂြၽန္ အံ့ဩသြားတယ္မလား
ဟီး"

ရင္ခြင္ထဲကသားေလးကလည္းရယ္ေနသလို ေဘးနားကေဘဘီကလည္းရယ္လို႔။
ဒီသားဖကေတာ့ သူတို႔လုပ္ခ်င္တာလုပ္ၾကရရင္ အတိုင္အေဖာက္ညီေနေတာ့တာပဲ။

"ကိုယ္ အခုညေနျပန္လာမလို႔ဘဲေလ
လက္မွတ္ေတာင္မွာထားၿပီးၿပီ"

"Cancel လိုက္ေတာ့ဂြၽန္.....
ေဖေဖတို႔ကိုလည္းသြားေတြ႕ရမယ္ေလ
သားေလးေမြးေန႔ကမနက္ျဖန္ဆိုေတာ့
ဂ်ပန္မွာလည္ၾကမယ္"

"ဒယ္ဒီ....လမ္းမွာကားစီးလာေတာ့ေလ
ပန္းေတြမ်ားႀကီးပြင့္ၿပီးလွေနတာပဲ
သားကိုလိုက္ပို႔ေပး"

"ပို႔ေပးမွာေပါ့ဗ်ာ....ဒယ္ဒီ့သားေလးကေနေကာင္းသြားၿပီလား"

"ေကာင္းသြားၿပီ....ဒယ္ဒီ့ေနာက္ကိုလိုက္လာခ်င္လို႔သားကအျမန္ေနေကာင္းေအာင္ေနလိုက္တာ"

ေဂ်ာင္ဂုရင္ခြင္ထဲမွာခ်ီထားရင္းနဲ႔
သူ႔ကိုေမာ့ၾကည့္ၿပီးေျပာေနေသာ
သားေလးရဲ႕ပါးရဲရဲေလးေတြကို
အသည္းယားစြာနဲ႔ေမႊးၾကဴလိုက္ရေတာ့သည္။

ေဆး႐ုံသြားၿပီးၾကတာနဲ႔
အိမ္ျပန္ၿပီးခဏနားကာ
သားေလးေမြးေန႔ျဖစ္လို႔ေလွ်ာက္လည္ၾကရင္းညစာအျပင္မွာစားဖို႔ထြက္လာၾကသည္။
အိမ္ကကုန္းျမင့္ေလးေပၚမွာတည္ရွိတာျဖစ္လို႔ လမ္းမေပၚေရာက္ဖို႔ကေလွကားထစ္၆ထစ္ေလာက္ဆင္းမွရသည္။
ဂြၽန္နဲ႔သူကသားေလးကိုအလယ္ကထားၿပီးလက္ဆြဲထားရသည္။
Sakuraပန္းေလးေတြေဝေနေအာင္ပြင့္ေနတဲ့ၿခံတံခါးဝကေန ဆင္းလာတဲ့
ေလွကားထစ္ေလးေတြ
တစ္ေလွ်ာက္မွာလည္း
Sakuraပြင့္ဖက္ေလးေတြကေႂကြထားတာကို သားေလးကအရမ္းသေဘာက်ေနေတာ့တာ။

"ပန္းေလးရဲ႕နာမည္က Sakura!
သားရဲ႕နာမည္က Jeon Noah!"

"ဘာလို႔အဲ့လိုေအာ္ေနတာလဲ သားရဲ႕"

ေလွကားတစ္ထစ္ဆင္းတိုင္းတစ္ခါေအာ္ေနေတာ့ ထယ္ေယာင္းမွာေမးၾကည့္ရေတာ့သည္။

"ဖြားဖြားကေျပာတယ္ သားတို႔မိသားစုက Sakuraေလးေတြလိုဘဲတဲ့ပါးပါး..."

ထယ္ေယာင္းကသားေျပာတာနားမလည္လို႔ဂြၽန္ကိုၾကည့္ေတာ့ရွင္းျပလာသည္။

"Sakuraေလးေတြကိုလူတိုင္းကခ်စ္ၿပီးတန္ဖိုးထားသလို ကိုယ္တို႔ကိုလည္း
ေမေမတို႔က ခ်စ္ၿပီးတန္ဖိုးထားတာတဲ့
သားကိုအဲ့လိုေျပာျပထားၿပီး
သူတို႔ေျမးဖြားက ဒီေလွကားထစ္ေလးေတြကိုအဲ့လိုဆင္းေနၾကေလ ေဘဘီရဲ႕"

Sakuraပန္းေလးေတြကိုထယ္ေယာင္းေမာ့ၾကည့္လိုက္မိသည္။
လွပစြာဖူးပြင့္ေနတဲ့ပန္းေလးေတြကိုျမင္လိုက္ရတာနဲ႔စိတ္ထဲမွာ ေပ်ာ္႐ႊင္လာတယ္။
ၾကည္ႏူးခ်မ္းေျမ့ရတဲ့Sakuraပန္းေလးေတြေႂကြေနတဲ့လမ္းေလးမွာသားေလးရဲ႕ရယ္သံေလးေတြကလႊမ္းၿခဳံေနသလို
ကြၽန္ေတာ္တို႔ရဲ႕ရင္ခုန္သံေတြကလည္း
ႏူးညံ့လွပေနခဲ့တယ္။
Sakuraေလးေတြလိုပဲကြၽန္ေတာ္တို႔မိသားစုလည္းႏူးညံ့လွပစြာေနထိုင္သြားမယ္။

"Happy Birthdayသားေလးေရ
ဒယ္ဒီနဲ႔ပါးပါးစိုးရိမ္ေနတဲ့ၾကားထဲက
က်န္းမာစြာေမြးဖြားလာေပးလို႔
ေက်းဇူးတင္ပါတယ္"

"ပါးပါးကလဲ ေက်းဇူးတင္ပါတယ္
ခ်စ္တယ္ ပါးပါးသားေလးေရ"

ကုတင္ေပၚမွာသားေလးကိုအလယ္မွာထားၿပီးေဂ်ာင္ဂုနဲ႔ေဘဘီက
ေမြးေန႔ဆုေတာင္းစကားေျပာေနၾကတာကို သားေလးကၿပဳံးၿပီးနားေထာင္ေနသည္။
ညစာစားၿပီးအိမ္ျပန္လာတာနဲ႔ပင္ပန္းသြားတယ္ထင္သည္။
သာေလးကအိပ္ယာေပၚေရာက္ေနခဲ့ၿပီ။

"ဒယ္ဒီ့ကိုလဲ အာဘြား....
ပါးပါးကိုလည္းအာဘြား....
သားကလဲဒယ္ဒီနဲ႔ပါးပါးကိုမ်ားႀကီး
ခ်စ္တယ္"

"ဒယ္ဒီကလဲ သားေလးနဲ႔ပါးပါးကို
အာဘြားေပးရအုံးမယ္"

အခန္းေလးထဲမွာရယ္သံေတြပ်ံ႕လြင့္ေနေတာ့သည္။
သားေလးက၄ႏွစ္ျပည့္သြားခဲ့ၿပီ။
အခုထိသူတို႔အိမ္ေထာင္ေရးက
ျပသနာႀကီးႀကီးမားမားမရွိ။
ခ်စ္ျခင္းႏွင့္ေမတၱာေတြေပါင္းစပ္ထားတဲ့သူတို႔မိသားစုေလးက
ေန႔ရက္တိုင္းကိုေပ်ာ္႐ႊင္စြာနဲ႔ဘဲ
ျဖတ္သန္းၾကမည္။
သူ႔ေရွ႕မွာအိပ္သြားၾကၿပီျဖစ္တဲ့လူသားေလးႏွစ္ဦးကိုေဂ်ာင္ဂုၾကည့္ေနမိသည္။
ဂြမ္းေစာင္ျဖဴျဖဴေလးကိုၿခဳံေပးလိုက္ၿပီး ၿပဳံးမိျပန္သည္။
ဘာမွထပ္မလိုခ်င္ရေလာက္တဲ့အထိ
သူ႔ဘဝက ဒီအသည္းအသက္ေလး
ႏွစ္ေယာက္နဲ႔တင္ျပည့္စုံေနၿပီ။
ေဘဘီနဲ႔သားေလးသာအနားရွိေနရင္
ကိုယ္ဘာကိုမွမမႈ႕ေတာ့ဘူး။
ခ်စ္တယ္...ကိုယ့္ရဲ႕ျမတ္ႏိုးျခင္း
ေအးခ်မ္းျခင္းေတြရဲ႕.....
အစပ်ိဳးရာရပ္ဝန္းငယ္ေလးေတြေရ။

simplicity 🏝
Zante💜

Simplicity Of Love ေလးကေန
ႏႈတ္ဆက္လိုက္ပါၿပီရွင္။
႐ိုး႐ိုးရွင္းရွင္းေလးကိုဦးတည္ေရးထားတဲ့ေပါ့ေပါ့ပါးပါး fiction ေလးကို
အစကေနအဆုံးအထိအတူလိုက္ပါစီးေမ်ာေပးၾကလို႔ ထပ္ၿပီးေတာ့
ေက်းဇူးတင္ပါရေစရွင္🙆‍♀️

ဖတ္ေပးသူသဲေလးတစ္ေယာက္ခ်င္းစီတိုင္းကိုခ်စ္ခင္ေလးစားလွ်က္......












Continue Reading

You'll Also Like

25.8K 2.5K 41
Unicode & Zawgyi သုံးမြှောင့်ဖန်တုံးကိုအလင်းတန်းတစ်ခုဝင်ရောက်လာတဲ့အခါ သက်တံ့ရောင်ကာလာတွေဖြာထွက်လာတတ်တယ်။ ကိုယ်တို့နှစ်ဦးကြားထဲက သက်တံ့ရောင်ကောင်လေးက...
249K 6.2K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.4M 61.3K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...