Zawgyi
ေျမႀကီးေပၚေရာက္တဲ့အထိ ေ႐ွာင္းက်န္႔ကိုယ္ေပၚမွာ ဖားပ်ံေလးလို ကပ္ေနတဲ့ ဝမ္ရိေပၚေၾကာင့္ သစ္ပင္ေျခရင္းမွာ ဝင္ထိုင္လိုက္ေတာ့ ေ႐ွာင္းက်န္႔လည္ပင္းကို ဖက္ထားရက္ႏွင့္ပင္'ဖားေၾကာက္တယ္´ဆိုၿပီး ထေအာ္လာတာမို႔ ေ႐ွာင္းက်န္႔မွာ ကေလးအေဖႀကီးတစ္ေယာက္လို ဝမ္ရိေပၚကိုခ်ီကာ ထိုင္မရထမရျဖစ္ေနသည္။
ခဏၾကာေတာ့မွ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ကိုယ္ေပၚက ဆင္းသြားၿပီး ဟိုၾကည့္ဒီၾကည့္ျဖင့္ ပင္စည္ကိုမွီကာ ကုပ္ကုပ္ေလးသြားထိုင္တာေၾကာင့္ ေ႐ွာင္းက်န္႔လည္း ေညာင္းေနတာမို႔ ဝမ္ရိေပၚေဘးဝင္ထိုင္လိုက္သည္။ ေရစိုေနတဲ့အဝတ္ေတြေၾကာင့္ ႏွစ္ေယာက္သား ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေနၾကေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ခပ္လွမ္းလွမ္းသာထိုင္ေနမိသည္။
"ခင္ဗ်ား ကြၽန္ေတာ့္ေနာက္ကို ဘာလို႔လိုက္လာတာလဲ"
ေ႐ွာင္းက်န္႔တစ္ေရးေလာက္ေမွးဖို႔ ၾကံရြယ္ေနခ်ိန္ ဝမ္ရိေပၚက မေန႔က ေ႐ွာင္းက်န္႔မေျဖျဖစ္ခဲ့တဲ့ ေမးခြန္းကို ထပ္ေမးလာတာမို႔ ေ႐ွာင္းက်န္႔လွမ္းၾကည့္လိုက္ေတာ့ သစ္ပင္ကိုမွီကာ မ်က္လံုးေတြကို မွိတ္ထားေလသည္။
"ငါမင္းကို စိတ္ပူလို႔ လို႔ေျပာရင္ မင္းယံုမွာလား"
ေ႐ွာင္းက်န္႔စကားၾကားေတာ့ ဝမ္ရိေပၚမ်က္လံုးေတြက ဖ်တ္ခနဲပြင့္လာၿပီး ခဏေၾကာင္ၾကည့္ေနၿပီးမွ တစ္ခ်က္ျပံဳးကာ
"နည္းနည္းေတာ့ ယံုခ်င္စရာမေကာင္းသလိုပဲ"
ရိေပၚအေျပာကို ေ႐ွာင္းက်န္႔က ရယ္သည္။ ဘာသေဘာနဲ႔ရယ္တာလဲမသိေပမယ့္ အရင္ကလို ေလွာင္ေျပာင္လိုတဲ့အျပံဳးမ်ိဳး မဟုတ္တာေတာ့ေသခ်ာသည္။
"ကြၽန္ေတာ္က အရမ္းမုန္းစရာေကာင္းတယ္မဟုတ္လား ေ႐ွာင္းက်န္႔"
"ေျပာရရင္ နည္းနည္းေတာ့ အျမင္ကပ္စရာေကာင္းတယ္"
"ခင္ဗ်ားက ေတာ္ေတာ္အလိုက္မသိတာပဲ"
ရိေပၚစကားအဆံုး ႏွစ္ေယာက္လံုး ၿပိဳင္တူရယ္လိုက္မိသည္။ ဘာကေပ်ာ္စရာေကာင္းလဲမသိေပမယ့္ အရင္ကလို တစ္ေယာက္နဲ႔တစ္ေယာက္ စကားနာထိုးေနတာထက္စာရင္ အခုလို စိတ္ထဲမွာ႐ွိတဲ့အတိုင္း ေျပာရတာက စိတ္ကိုေပါ့ပါးေစတာေတာ့အမွန္ပင္။
"ခ်မ္းေနၿပီမဟုတ္လား ႐ုပ္႐ွင္ထဲကလို ငါ့အက်ႌကို ျခံဳေပးရေအာင္လည္း မင္းလုပ္လို႔ စိုရႊဲသြားတဲ့ ငါ့အက်ႌေတြက အခ်မ္းပိုရံုပဲ႐ွိမယ္"
ကိုယ္ကိုက်ံဳ႕ကာ လက္ေမာင္းႏွစ္ဖက္ကိုပြတ္ေနတဲ့ ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔လွမ္းေျပာလိုက္ေတာ့ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ကို ေပေစာင္းေစာင္းျဖင့္ၾကည့္ကာ
"စလာျပန္ၿပီလား ေ႐ွာင္းက်န္႔"
"တကယ္လည္း မင္းအျပစ္ပဲေလ"
"ခင္ဗ်ားကေတာ့ တကယ္အေျပာဆိုးတာပဲ ေ႐ွာင္းက်န္႔ရာ..."
ဝမ္ရိေပၚက ေခါင္းကိုျဖည္းျဖည္းခ်င္းခါကာ ၿငီးညဴသံျဖင့္ေျပာလာတာေၾကာင့္ေ႐ွာင္းက်န္႔ ဝမ္ရိေပၚေဘးနား ပိုတိုးကပ္သြားကာ
"ေနာက္တာပါ လာ ငါဖက္ေပးထားမယ္ လူေငြ႔နဲ႔ဆိုရင္ အခ်မ္းေျပသြားလိမ့္မယ္"
"မလိုပါဘူး"
ေ႐ွာင္းက်န္႔စကားကို ၾကက္သီးထဟန္လုပ္ျပၿပီး ျငင္းေနတဲ့ဝမ္ရိေပၚက ခ်မ္းလြန္းလို႔ ႏႈတ္ခမ္းေလးေတြပင္ တုန္ေနတာမို႔
"ဘာလဲ မင္းက အခုထိငါ့အေပၚ ခံစားခ်က္႐ွိေနတုန္းမို႔ မဖက္ရဲတာလား"
"ခင္ဗ်ား မဟုတ္တာေတြမေျပာနဲ႔ ဘာလို႔မဖက္ရဲရမွာလဲ ဟား...ဟား...."
ဂုတ္ကိုပြတ္ကာ တဟားဟားျဖင့္ ေအာ္ရယ္ေနတဲ့ ဝမ္ရိေပၚကို လွမ္းဖက္လိုက္ေတာ့ တစ္ခ်က္တြန္႔သြားတဲ့ ေအးစက္စက္ခႏၶာကိုယ္ေလးကို ေ႐ွာင္းက်န္႔ရင္ခြင္ထဲထည့္ကာ တင္းေနေအာင္ ဖက္ထားလိုက္ၿပီး ေမွးစင္းလာတဲ့ မ်က္ဝန္းေတြေၾကာင့္ သစ္ပင္ ပင္စည္ကိုမွီကာ မ်က္လံုးေတြကို မွိတ္ထားလိုက္ေတာ့သည္။ ခဏၾကာေတာ့ အသက္႐ွဴသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္သြားတဲ့ေ႐ွာင္းက်န္႔တစ္ေယာက္ ရင္ခြင္ထဲကေန ခိုးျပံဳးေနတဲ့ ေကာင္ေလးရဲ႕ အျပံဳးေတြကိုေတာ့ ျမင္လိုက္ဟန္မတူ။
••••••••••••••••••
"ရိေပၚ....ေ႐ွာင္းက်န္႔ ငါတို႔အသံ ၾကားရလား.."
"ေကာ....ယြမ္ယြမ့္အသံကို ၾကားရလား."
ေ႐ွာင္းက်န္႔အိပ္ေနရင္း နားထဲဆူဆူညံညံအသံေတြ ၾကားလိုက္ရတာမို႔ က်ိန္းစပ္ေနတဲ့မ်က္လံုးကို အသာဖြင့္ကာ အာရံုစိုက္နားေထာင္ၾကည့္ေတာ့ ၾကားလိုက္ရတဲ့ အသံေတြေၾကာင့္ ဝမ္းသာအားရျဖင့္ ရင္ခြင္ထဲမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတဲ့ ဝမ္ရိေပၚကို အသာလႈပ္ႏိႈးလိုက္သည္။
"ဝမ္ရိေပၚ...ဝမ္ရိေပၚ ထေတာ့ ေဟာက္ရႊမ္းကိုယ္တို႔ကို လာ႐ွာၿပီထင္တယ္..."
"ဟင္...တကယ္လား ေ႐ွာင္းက်န္႔"
"အင္း လာ ကိုယ္တို႔အသံျပန္ေပးရေအာင္.."
ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနတဲ့ ဝမ္ရိေပၚရဲ႕ေအးစက္စက္လက္ေလးတစ္ဖက္ကို ဆုပ္ကိုင္ရင္း ေဟာက္ရႊမ္းတို႔အသံလာရာမွန္းဆရင္း အသံျပန္ေပးၿပီး ခဏအၾကာမွာပဲ ေ႐ွာင္းက်န္႔တို႔ဆီ အေမာတေကာေျပးလာေနတဲ့ ေဟာက္႐ႊမ္းနဲ႔အတူ လင္းယြမ္ကိုပါေတြ႕လိုက္ရသည္။
"ေကာ...အင့္ ယြမ္ယြမ္က အရမ္းစိတ္ပူေနတာ..ဟင့္..."
လင္းယြမ္က ေ႐ွာင္းက်န္႔ကိုေတြ႔တာနဲ႔ ေျပးဖက္ၿပီး ငိုေနတာမို႔ တြဲထားတဲ့လက္ေတြကို ရိေပၚဘက္က အလိုက္တသိ ျဖဳတ္ေပးကာ အေနာက္ကိုမသိမသာဆုပ္လိုက္မိသည္။ ရိေပၚကိုေတြ႔တာနဲ႔ ရႊမ္းေကာက အနားကိုေရာက္လာကာ သူဝတ္ထားတဲ့ ဂ်ာကင္ကို ကိုယ္ေပၚလႊမ္းျခံဳေပးၿပီး သူဘယ္ေလာက္စိတ္ပူေနခဲ့တာဆိုတဲ့ အေၾကာင္းေတြေျပာရင္း ရိေပၚကိုတြဲေခၚဖို႔ျပင္ေနတာေၾကာင့္ မသိမသာေ႐ွာင္ကာ အလြမ္းသယ္ေနၾကတဲ့လူႏွစ္ဦးကို ေက်ာခိုင္းကာ ထြက္လာခဲ့လိုက္သည္။ ကိုယ္ေပၚမွာ လႊမ္းျခံဳထားတဲ့ဂ်ာကင္ထူထူက ေ႐ွာင္းက်န္႔ရဲ႕အေႏြးထည္အပါးေလာက္ေႏြးေထြးမေနခဲ့တာေတာ့ေသခ်ာသည္။
ေဟာက္ရႊမ္းနဲ႔အတူ အေ႐ွ႕ကထြက္သြားတဲ့ ဝမ္ရိေပၚကိုၾကည့္ၿပီး ေ႐ွာင္းက်န္႔ရင္ထဲ ဟာတာတာႀကီး ျဖစ္လို႔ေနသည္။ ေဟာက္ရႊမ္းေျပာစကားအရ ဝမ္ရိေပၚက သူ႔ကိုခါးခါးသီးသီး ျဖစ္ေနတယ္ဆိုေပမယ့္ အခုၾကည့္ရသေလာက္ေတာ့ ဝမ္ရိေပၚက ေဟာက္ရႊမ္းအေနာက္ကိုလိုက္သြားတာ ေ႐ွာင္းက်န္႔ကိုတစ္ခ်က္ကေလးေတာင္ လွည့္ၾကည့္မသြားေပ။
"ေကာ...အက်ႌေတြဘာလို႔ေရစိုေနတာလဲလို႔...."
အသံၾကားေတာ့မွ အေတြးစျပတ္သြားတဲ့ေ႐ွာင္းက်န္႔က ခါးေပၚက ယြမ္ယြမ္ရဲ႕လက္ေတြကို ဖယ္ထုတ္ကာ ေဟာက္ရႊမ္းတို႔အေနာက္ကိုသာ ခပ္သုတ္သုတ္ လိုက္သြားလိုက္ေတာ့သည္။
••••••••••••••••
"ငါ့တူတို႔ ကံႀကီးေပလို႔ေပါ့ ဒီေတာက ႐ွင္းမေယာင္နဲ႔ သိပ္႐ႈပ္တာ နယ္ခံေတြေတာင္ အခန္႔မသင့္ရင္ လမ္းေပ်ာက္တာမ်ိဳးေတြ႐ွိတတ္တယ္ကြဲ႔"
မနက္စာစားပြဲမွာ အာေပါင္အာရင္းသန္သန္နဲ႔ ေတာအေၾကာင္းကို ႐ွင္းျပေနတဲ့ ဦးေလးဟန္ေၾကာင့္ ေ႐ွာင္းက်န္႔တို႔ ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္သာ နားေထာင္ေနရသည္။
မေန႔က ေတာထဲက ထြက္လာၿပီးထဲက ဝမ္ရိေပၚကို မေတြ႔ရေသးတာေၾကာင့္ ေ႐ွာင္းက်န္႔ရင္ထဲ ေနမထိထိုင္မသာျဖစ္လို႔ေနသည္။ မနက္စာစားၿပီး ျခံထဲလမ္းဆင္းေလွ်ာက္တုန္း ေဟာက္ရႊမ္းက ေ႐ွာင္းက်န္႔ေဘးလာရပ္ကာ
"မင္း ရိေပၚကို စိတ္မဝင္စားတာ ေသခ်ာလား ေ႐ွာင္းက်န္႔"
အရင္ကဆို ဒီေမးခြန္းကို တစ္ေရးႏိုးထေမးရင္ေတာင္'ေသခ်ာတယ္´ဆိုတဲ့စကားသာ ေျဖတတ္တဲ့ေ႐ွာင္းက်န္႔က အခုေတာ့ ထိုစကားအတြက္ ေသခ်ာစဥ္းစားေနရသည္။ အခုခ်ိန္မွာ ေ႐ွာင္းက်န္႔အေနနဲ႔ ဝမ္ရိေပၚကို ခ်စ္တယ္လို႔ တပ္အပ္မေျပာႏိူင္ေပမယ့္ အရင္ကလို ခါးခါးသီးသီးမျဖစ္ေတာ့တာေတာ့ ေသခ်ာသည္။
"ဘာလို႔ေမးတာလဲ မေန႔က ဝမ္ရိေပၚနဲ႔ တစ္ညလံုးအတူ႐ွိေနတာေၾကာင့္လား"
"မင္းမေျဖခ်င္လည္း ထားလိုက္ပါေတာ့။ ငါ ရိေပၚဆီ ခဏသြားလိုက္ဦးမယ္"
"ေနပါဦး...ငါမင္းနဲ႔ ေျပာစရာ႐ွိေသးတယ္ ဝမ္ရိေပၚကထြက္မေျပးပါဘူးကြာ ေနာက္မွသြားေတြ႕လိုက္"
ေဟာက္ရႊမ္းနဲ႔ မယ္မယ္ရရ စကားေျပာစရာ မ႐ွိေပမယ့္လည္း ဝမ္ရိေပၚဆီသြားမယ္ဆိုတာေၾကာင့္ ပါးစပ္ထဲ႐ွိရာေျပာၿပီး ဆြဲေခၚလာမိသည္။ ဘာလို႔မွန္းမသိေပမယ့္ ေ႐ွာင္းက်န္႔မဟုတ္တဲ့ တျခားသူတစ္ေယာက္နဲ႔ ဝမ္ရိေပၚအတူ႐ွိေနတယ္ဆိုတာၾကားရံုနဲ႔တင္ စိတ္ကသိကေအာက္ျဖစ္ရသည္။
•••••••••••••••••
"ဘာမွေျပာစရာမ႐ွိဘူးဆိုရင္ ငါသြားေတာ့မယ္ လင္းယြမ္.."
ေဟာက္ရႊမ္းနဲ႔စကားေျပာေနရင္း ေ႐ွာင္းက်န္႔ကို ေျပာစရာ႐ွိတယ္ဆိုကာ အိမ္အေနာက္ဖက္က ျခံဝန္းေလးဆီေခၚလာကာ အတန္ၾကာတဲ့အထိ ဘာမွမေျပာပဲ ေတြေဝေနပံုရတဲ့လင္းယြမ္က စိတ္မ႐ွည္ေတာ့ဟန္ေျပာလာတဲ့ ေ႐ွာင္းက်န္႔ရဲ႕စကားကိုၾကားမွ
"ယြမ့္ရဲ႕ခ်စ္သူေကာင္ေလးျဖစ္ေပးမလား ေ႐ွာင္းက်န္႔ေကာ"
ေ႐ွာင္းက်န္႔မ်က္လံုးကိုတည့္တည့္ၾကည့္ၿပီး ေတာင္းဆိုလာတဲ့ေကာင္မေလးက တစ္ဆိတ္ ရဲတင္းလြန္းေနသလားလို႔။ အစထဲက ဒီေကာင္မေလးရဲ႕ ခံစားခ်က္ကိုသိထားတယ္ဆိုေပမယ့္ အခုလိုဖြင့္ေျပာလာမယ္မထင္တာေတာ့အမွန္ပဲ။ မားသူငယ္ခ်င္းရဲ႕သမီးျဖစ္ေနတာမို႔ အတတ္ႏိူင္ဆံုးစိတ္ကိုေလွ်ာ့ကာ
"ငါ့ရဲ႕အေျဖကို မင္းလည္းသိၿပီးသားျဖစ္မယ္ထင္တယ္"
"ဘာလို႔လဲ ယြမ့္မွာဘာခ်ိဳ႕ယြင္းခ်က္ေတြ႐ွိလို႔လဲ...ဒါမွမဟုတ္ ဟိုအေကာင္ ဝမ္ရိေပၚေၾကာင့္လား"
လင္းယြမ္ေျပာတဲ့စကားေတြကို စိတ္မဝင္စားဟန္ တစ္ဖက္ကိုလွည့္ေနတဲ့ ေ႐ွာင္းက်န္႔ေကာက ဝမ္ရိေပၚဆိုတဲ့နာမည္ကိုၾကားမွ လင္းယြမ္မ်က္ႏွာကိုတည့္တည့္ၾကည့္ကာ
"မဆိုင္တဲ့သူကိုဆြဲမထည့္နဲ႔ ဒီကိစၥကသူနဲ႔မဆိုင္ဘူး.."
"အဲ့ဒါဆိုဘာျဖစ္လို႔လဲ ဘာလို႔ယြမ့္ကို လက္မခံႏိူင္ရတာလဲ ကေလးဘဝထဲက ေကာေကာသေဘာက်ေစမယ့္ ပံုစံအတိုင္းေနလာခဲ့တဲ့ ယြမ့္ကိုဘာလို႔လက္မခံႏိူင္ရတာလဲလို႔..."
ေျပာရင္းနဲ႔ ႐ိႈက္ႀကီးတငင္ငင္ငိုေနတဲ့ လင္းယြမ္ကို ဘာျပန္ေျပာရမွန္းမသိတာမို႔ ၿငိမ္ၿပီးရပ္ၾကည့္ေနရင္း ႐ုတ္တရက္ ရင္ခြင္ထဲတိုးဝင္လာတဲ့လင္းယြမ္ေၾကာင့္ အလန္႔တၾကားျဖင့္
"လင္းယြမ္...မင္း ဘာလုပ္.."
"ခဏ...ခဏေလာက္ ဒီအတိုင္းေလးေနေပးလို႔ရမလား ေပက်င္းကိုေရာက္တာနဲ႔ ယြမ့္အိမ္ကိုျပန္ေတာ့မွာမို႔ ေနာက္ဆံုးအေနနဲ႔ လိုက္ေလ်ာေပးလို႔ရမလား"
ဒီေလာက္ေလး လိုက္ေလ်ာေပးလိုက္လို႔လည္း ဘာမွမျဖစ္သြားႏိူင္တာမို႔ ေ႐ွာင္းက်န္႔ၿငိမ္ၿပီးရပ္ေနတုန္း အေနာက္ဖက္က ေျခသံၾကားလိုက္ရတာမို႔ လွမ္းၾကည့္လိုက္ေတာ့ ေ႐ွာင္းက်န္႔တို႔ႏွစ္ေယာက္ကို ရပ္ၾကည့္ေနတဲ့ ဝမ္ရိေပၚက ခဏေၾကာင္ေနၿပီးမွ
"အေႏွာင့္အယွက္ျဖစ္သြားရင္ ေဆာရီး"
စိတ္ေကာင္းဝင္ေနတုန္းေလး တစ္ရက္ေစာၿပီးတင္ေပးလိုက္တယ္ေနာ္...ယူတို႔ရဲ႕mentတစ္ခုဆီတိုင္းကစာဆက္ေရးဖို႔အတြက္ ခြန္အားအမ်ားႀကီးျဖစ္ေစတာမို႔ feedbackေလးေတြလိုခ်င္မိတယ္႐ွင္💛
#fah🦄
Unicode
မြေကြီးပေါ်ရောက်တဲ့အထိရှောင်းကျန့်ကိုယ်ပေါ်မှာ ဖားပျံလေးလို ကပ်နေတဲ့ ဝမ်ရိပေါ်ကြောင့်သစ်ပင်ခြေရင်းမှာ ဝင်ထိုင်လိုက်တော့ရှောင်းကျန့်လည်ပင်းကို ဖက်ထားရက်နှင့်ပင်'ဖားကြောက်တယ်´ဆိုပြီး ထအော်လာတာမို့ရှောင်းကျန့်မှာ ကလေးအဖေကြီးတစ်ယောက်လို ဝမ်ရိပေါ်ကိုချီကာ ထိုင်မရထမရဖြစ်နေသည်။
ခဏကြာတော့မှ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုယ်ပေါ်က ဆင်းသွားပြီး ဟိုကြည့်ဒီကြည့်ဖြင့်ပင်စည်ကိုမှီကာ ကုပ်ကုပ်လေးသွားထိုင်တာကြောင့်ရှောင်းကျန့်လည်းညောင်းနေတာမို့ ဝမ်ရိပေါ်ဘေးဝင်ထိုင်လိုက်သည်။ရေစိုနေတဲ့အဝတ်တွေကြောင့်နှစ်ယောက်သား ခိုက်ခိုက်တုန်အောင်ချမ်းနေကြပေမယ့်တစ်ယောက်နဲ့တစ်ယောက်ခပ်လှမ်းလှမ်းသာထိုင်နေမိသည်။
"ခင်ဗျား ကျွန်တော့်နောက်ကို ဘာလို့လိုက်လာတာလဲ"
ရှောင်းကျန့်တစ်ရေးလောက်မှေးဖို့ ကြံရွယ်နေချိန်ဝမ်ရိပေါ်က မနေ့ကရှောင်းကျန့်မဖြေဖြစ်ခဲ့တဲ့မေးခွန်းကို ထပ်မေးလာတာမို့ရှောင်းကျန့်လှမ်းကြည့်လိုက်တော့ သစ်ပင်ကိုမှီကာ မျက်လုံးတွေကို မှိတ်ထားလေသည်။
"ငါမင်းကို စိတ်ပူလို့ လို့ပြောရင်မင်းယုံမှာလား"
ရှောင်းကျန့်စကားကြားတော့ ဝမ်ရိပေါ်မျက်လုံးတွေက ဖျတ်ခနဲပွင့်လာပြီးခဏကြောင်ကြည့်နေပြီးမှ တစ်ချက်ပြုံးကာ
"နည်းနည်းတော့ ယုံချင်စရာမကောင်းသလိုပဲ"
ရိပေါ်အပြောကိုရှောင်းကျန့်က ရယ်သည်။ ဘာသဘောနဲ့ရယ်တာလဲမသိပေမယ့်အရင်ကလိုလှောင်ပြောင်လိုတဲ့အပြုံးမျိုး မဟုတ်တာတော့သေချာသည်။
"ကျွန်တော်က အရမ်းမုန်းစရာကောင်းတယ်မဟုတ်လားရှောင်းကျန့်"
"ပြောရရင်နည်းနည်းတော့ အမြင်ကပ်စရာကောင်းတယ်"
"ခင်ဗျားကတော်တော်အလိုက်မသိတာပဲ"
ရိပေါ်စကားအဆုံး နှစ်ယောက်လုံး ပြိုင်တူရယ်လိုက်မိသည်။ ဘာကပျော်စရာကောင်းလဲမသိပေမယ့်အရင်ကလို တစ်ယောက်နဲ့တစ်ယောက်စကားနာထိုးနေတာထက်စာရင်အခုလို စိတ်ထဲမှာရှိတဲ့အတိုင်းပြောရတာက စိတ်ကိုပေါ့ပါးစေတာတော့အမှန်ပင်။
"ချမ်းနေပြီမဟုတ်လား ရုပ်ရှင်ထဲကလို ငါ့အင်္ကျီကို ခြုံပေးရအောင်လည်း မင်းလုပ်လို့ စိုရွှဲသွားတဲ့ ငါ့အင်္ကျီတွေက အချမ်းပိုရုံပဲရှိမယ်"
ကိုယ်ကိုကျုံ့ကာ လက်မောင်းနှစ်ဖက်ကိုပွတ်နေတဲ့ ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်လှမ်းပြောလိုက်တော့ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုပေစောင်းစောင်းဖြင့်ကြည့်ကာ
"စလာပြန်ပြီလားရှောင်းကျန့်"
"တကယ်လည်း မင်းအပြစ်ပဲလေ"
"ခင်ဗျားကတော့ တကယ်အပြောဆိုးတာပဲရှောင်းကျန့်ရာ..."
ဝမ်ရိပေါ်ကခေါင်းကိုဖြည်းဖြည်းချင်းခါကာ ငြီးညူသံဖြင့်ပြောလာတာကြောင့်ရှောင်းကျန့်ဝမ်ရိပေါ်ဘေးနား ပိုတိုးကပ်သွားကာ
"နောက်တာပါ လာ ငါဖက်ပေးထားမယ်လူငွေ့နဲ့ဆိုရင်အချမ်းပြေသွားလိမ့်မယ်"
"မလိုပါဘူး"
ရှောင်းကျန့်စကားကို ကြက်သီးထဟန်လုပ်ပြပြီး ငြင်းနေတဲ့ဝမ်ရိပေါ်က ချမ်းလွန်းလို့ နှုတ်ခမ်းလေးတွေပင်တုန်နေတာမို့
"ဘာလဲ မင်းက အခုထိငါ့အပေါ် ခံစားချက်ရှိနေတုန်းမို့ မဖက်ရဲတာလား"
"ခင်ဗျား မဟုတ်တာတွေမပြောနဲ့ ဘာလို့မဖက်ရဲရမှာလဲ ဟား...ဟား...."
ဂုတ်ကိုပွတ်ကာ တဟားဟားဖြင့်အော်ရယ်နေတဲ့ ဝမ်ရိပေါ်ကိုလှမ်းဖက်လိုက်တော့ တစ်ချက်တွန့်သွားတဲ့အေးစက်စက်ခန္ဓာကိုယ်လေးကိုရှောင်းကျန့်ရင်ခွင်ထဲထည့်ကာ တင်းနေအောင်ဖက်ထားလိုက်ပြီးမှေးစင်းလာတဲ့ မျက်ဝန်းတွေကြောင့်သစ်ပင်ပင်စည်ကိုမှီကာ မျက်လုံးတွေကို မှိတ်ထားလိုက်တော့သည်။ ခဏကြာတော့ အသက်ရှူသံမှန်မှန်ဖြင့်အိပ်ပျော်သွားတဲ့ရှောင်းကျန့်တစ်ယောက်ရင်ခွင်ထဲကနေ ခိုးပြုံးနေတဲ့ကောင်လေးရဲ့ အပြုံးတွေကိုတော့ မြင်လိုက်ဟန်မတူ။
••••••••••••••••••
"ရိပေါ်....ရှောင်းကျန့်ငါတို့အသံ ကြားရလား.."
"ကော....ယွမ်ယွမ့်အသံကို ကြားရလား."
ရှောင်းကျန့်အိပ်နေရင်း နားထဲဆူဆူညံညံအသံတွေ ကြားလိုက်ရတာမို့ ကျိန်းစပ်နေတဲ့မျက်လုံးကို အသာဖွင့်ကာ အာရုံစိုက်နားထောင်ကြည့်တော့ ကြားလိုက်ရတဲ့ အသံတွေကြောင့်ဝမ်းသာအားရဖြင့်ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်ကို အသာလှုပ်နှိုးလိုက်သည်။
"ဝမ်ရိပေါ်...ဝမ်ရိပေါ် ထတော့ဟောက်ရွှမ်းကိုယ်တို့ကို လာရှာပြီထင်တယ်..."
"ဟင်...တကယ်လားရှောင်းကျန့်"
"အင်း လာ ကိုယ်တို့အသံပြန်ပေးရအောင်.."
ကြောင်တောင်တောင်လေးကြည့်နေတဲ့ ဝမ်ရိပေါ်ရဲ့အေးစက်စက်လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ရင်းဟောက်ရွှမ်းတို့အသံလာရာမှန်းဆရင်း အသံပြန်ပေးပြီး ခဏအကြာမှာပဲရှောင်းကျန့်တို့ဆီ အမောတကောပြေးလာနေတဲ့ဟောက်ရွှမ်းနဲ့အတူ လင်းယွမ်ကိုပါတွေ့လိုက်ရသည်။
"ကော...အင့်ယွမ်ယွမ်က အရမ်းစိတ်ပူနေတာ..ဟင့်..."
လင်းယွမ်ကရှောင်းကျန့်ကိုတွေ့တာနဲ့ပြေးဖက်ပြီး ငိုနေတာမို့တွဲထားတဲ့လက်တွေကို ရိပေါ်ဘက်က အလိုက်တသိ ဖြုတ်ပေးကာ အနောက်ကိုမသိမသာဆုပ်လိုက်မိသည်။ ရိပေါ်ကိုတွေ့တာနဲ့ ရွှမ်းကောက အနားကိုရောက်လာကာ သူဝတ်ထားတဲ့ ဂျာကင်ကို ကိုယ်ပေါ်လွှမ်းခြုံပေးပြီးသူဘယ်လောက်စိတ်ပူနေခဲ့တာဆိုတဲ့ အကြောင်းတွေပြောရင်း ရိပေါ်ကိုတွဲခေါ်ဖို့ပြင်နေတာကြောင့်မသိမသာရှောင်ကာ အလွမ်းသယ်နေကြတဲ့လူနှစ်ဦးကိုကျောခိုင်းကာ ထွက်လာခဲ့လိုက်သည်။ ကိုယ်ပေါ်မှာ လွှမ်းခြုံထားတဲ့ဂျာကင်ထူထူကရှောင်းကျန့်ရဲ့အနွေးထည်အပါးလောက်နွေးထွေးမနေခဲ့တာတော့သေချာသည်။
ဟောက်ရွှမ်းနဲ့အတူ အရှေ့ကထွက်သွားတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီးရှောင်းကျန့်ရင်ထဲ ဟာတာတာကြီး ဖြစ်လို့နေသည်။ဟောက်ရွှမ်းပြောစကားအရ ဝမ်ရိပေါ်က သူ့ကိုခါးခါးသီးသီး ဖြစ်နေတယ်ဆိုပေမယ့်အခုကြည့်ရသလောက်တော့ ဝမ်ရိပေါ်ကဟောက်ရွှမ်းအနောက်ကိုလိုက်သွားတာရှောင်းကျန့်ကိုတစ်ချက်ကလေးတောင်လှည့်ကြည့်မသွားပေ။
"ကော...အင်္ကျီတွေဘာလို့ရေစိုနေတာလဲလို့...."
အသံကြားတော့မှအတွေးစပြတ်သွားတဲ့ရှောင်းကျန့်က ခါးပေါ်က ယွမ်ယွမ်ရဲ့လက်တွေကို ဖယ်ထုတ်ကာဟောက်ရွှမ်းတို့အနောက်ကိုသာ ခပ်သုတ်သုတ်လိုက်သွားလိုက်တော့သည်။
••••••••••••••••
"ငါ့တူတို့ ကံကြီးပေလို့ပေါ့ ဒီတောက ရှင်းမယောင်နဲ့ သိပ်ရှုပ်တာ နယ်ခံတွေတောင်အခန့်မသင့်ရင်လမ်းပျောက်တာမျိုးတွေရှိတတ်တယ်ကွဲ့"
မနက်စာစားပွဲမှာအာပေါင်အာရင်းသန်သန်နဲ့တောအကြောင်းကို ရှင်းပြနေတဲ့ ဦးလေးဟန်ကြောင့်ရှောင်းကျန့်တို့ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ နားထောင်နေရသည်။
မနေ့ကတောထဲက ထွက်လာပြီးထဲက ဝမ်ရိပေါ်ကို မတွေ့ရသေးတာကြောင့်ရှောင်းကျန့်ရင်ထဲနေမထိထိုင်မသာဖြစ်လို့နေသည်။ မနက်စာစားပြီး ခြံထဲလမ်းဆင်းလျှောက်တုန်းဟောက်ရွှမ်းကရှောင်းကျန့်ဘေးလာရပ်ကာ
"မင်း ရိပေါ်ကို စိတ်မဝင်စားတာသေချာလားရှောင်းကျန့်"
အရင်ကဆို ဒီမေးခွန်းကို တစ်ရေးနိုးထမေးရင်တောင်'သေချာတယ်´ဆိုတဲ့စကားသာဖြေတတ်တဲ့ရှောင်းကျန့်က အခုတော့ ထိုစကားအတွက်သေချာစဉ်းစားနေရသည်။ အခုချိန်မှာရှောင်းကျန့်အနေနဲ့ ဝမ်ရိပေါ်ကို ချစ်တယ်လို့ တပ်အပ်မပြောနိူင်ပေမယ့်အရင်ကလို ခါးခါးသီးသီးမဖြစ်တော့တာတော့သေချာသည်။
"ဘာလို့မေးတာလဲ မနေ့က ဝမ်ရိပေါ်နဲ့ တစ်ညလုံးအတူရှိနေတာကြောင့်လား"
"မင်းမဖြေချင်လည်း ထားလိုက်ပါတော့။ ငါ ရိပေါ်ဆီ ခဏသွားလိုက်ဦးမယ်"
"နေပါဦး...ငါမင်းနဲ့ပြောစရာရှိသေးတယ်ဝမ်ရိပေါ်ကထွက်မပြေးပါဘူးကွာနောက်မှသွားတွေ့လိုက်"
ဟောက်ရွှမ်းနဲ့ မယ်မယ်ရရ စကားပြောစရာ မရှိပေမယ့်လည်း ဝမ်ရိပေါ်ဆီသွားမယ်ဆိုတာကြောင့်ပါးစပ်ထဲရှိရာပြောပြီး ဆွဲခေါ်လာမိသည်။ ဘာလို့မှန်းမသိပေမယ့်ရှောင်းကျန့်မဟုတ်တဲ့ တခြားသူတစ်ယောက်နဲ့ ဝမ်ရိပေါ်အတူရှိနေတယ်ဆိုတာကြားရုံနဲ့တင်စိတ်ကသိကအောက်ဖြစ်ရသည်။
•••••••••••••••••
"ဘာမှပြောစရာမရှိဘူးဆိုရင်ငါသွားတော့မယ်လင်းယွမ်.."
ဟောက်ရွှမ်းနဲ့စကားပြောနေရင်းရှောင်းကျန့်ကိုပြောစရာရှိတယ်ဆိုကာ အိမ်အနောက်ဖက်က ခြံဝန်းလေးဆီခေါ်လာကာ အတန်ကြာတဲ့အထိ ဘာမှမပြောပဲတွေဝေနေပုံရတဲ့လင်းယွမ်ကစိတ်မရှည်တော့ဟန်ပြောလာတဲ့ရှောင်းကျန့်ရဲ့စကားကိုကြားမှ
"ယွမ့်ရဲ့ချစ်သူကောင်လေးဖြစ်ပေးမလားရှောင်းကျန့်ကော"
ရှောင်းကျန့်မျက်လုံးကိုတည့်တည့်ကြည့်ပြီးတောင်းဆိုလာတဲ့ကောင်မလေးက တစ်ဆိတ်ရဲတင်းလွန်းနေသလားလို့။ အစထဲက ဒီကောင်မလေးရဲ့ ခံစားချက်ကိုသိထားတယ်ဆိုပေမယ့်အခုလိုဖွင့်ပြောလာမယ်မထင်တာတော့အမှန်ပဲ။ မားသူငယ်ချင်းရဲ့သမီးဖြစ်နေတာမို့ အတတ်နိူင်ဆုံးစိတ်ကိုလျှော့ကာ
"ငါ့ရဲ့အဖြေကို မင်းလည်းသိပြီးသားဖြစ်မယ်ထင်တယ်"
"ဘာလို့လဲ ယွမ့်မှာဘာချို့ယွင်းချက်တွေရှိလို့လဲ...ဒါမှမဟုတ်ဟိုအကောင်ဝမ်ရိပေါ်ကြောင့်လား"
လင်းယွမ်ပြောတဲ့စကားတွေကို စိတ်မဝင်စားဟန်တစ်ဖက်ကိုလှည့်နေတဲ့ရှောင်းကျန့်ကောက ဝမ်ရိပေါ်ဆိုတဲ့နာမည်ကိုကြားမှ လင်းယွမ်မျက်နှာကိုတည့်တည့်ကြည့်ကာ
"မဆိုင်တဲ့သူကိုဆွဲမထည့်နဲ့ ဒီကိစ္စကသူနဲ့မဆိုင်ဘူး.."
"အဲ့ဒါဆိုဘာဖြစ်လို့လဲ ဘာလို့ယွမ့်ကို လက်မခံနိူင်ရတာလဲ ကလေးဘဝထဲကကောကောသဘောကျစေမယ့်ပုံစံအတိုင်းနေလာခဲ့တဲ့ ယွမ့်ကိုဘာလို့လက်မခံနိူင်ရတာလဲလို့..."
ပြောရင်းနဲ့ ရှိုက်ကြီးတငင်ငင်ငိုနေတဲ့ လင်းယွမ်ကို ဘာပြန်ပြောရမှန်းမသိတာမို့ ငြိမ်ပြီးရပ်ကြည့်နေရင်း ရုတ်တရက်ရင်ခွင်ထဲတိုးဝင်လာတဲ့လင်းယွမ်ကြောင့်အလန့်တကြားဖြင့်
"လင်းယွမ်...မင်း ဘာလုပ်.."
"ခဏ...ခဏလောက်ဒီအတိုင်းလေးနေပေးလို့ရမလားပေကျင်းကိုရောက်တာနဲ့ ယွမ့်အိမ်ကိုပြန်တော့မှာမို့နောက်ဆုံးအနေနဲ့ လိုက်လျောပေးလို့ရမလား"
ဒီလောက်လေး လိုက်လျောပေးလိုက်လို့လည်း ဘာမှမဖြစ်သွားနိူင်တာမို့ရှောင်းကျန့်ငြိမ်ပြီးရပ်နေတုန်းအနောက်ဖက်ကခြေသံကြားလိုက်ရတာမို့ လှမ်းကြည့်လိုက်တော့ရှောင်းကျန့်တို့နှစ်ယောက်ကို ရပ်ကြည့်နေတဲ့ ဝမ်ရိပေါ်က ခဏကြောင်နေပြီးမှ
"အနှောင့်အယှက်ဖြစ်သွားရင်ဆောရီး"
စိတ်ကောင်းဝင်နေတုန်းလေး တစ်ရက်စောပြီးတင်ပေးလိုက်တယ်နော်...ယူတို့ရဲ့mentတစ်ခုဆီတိုင်းကစာဆက်ရေးဖို့အတွက်ခွန်အားအများကြီးဖြစ်စေတာမို့ feedbackလေးတွေလိုချင်မိတယ်ရှင်💛
#fah🦄