Game Of Life
By AChit7777
85.9K 5.3K 203
ကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ... More
Part1
Part-2
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 (end)
Xiao's part
Part-3
3.3K 247 5
By AChit7777
Unicode
ရိပေါ် နှစ်ပတ်လည်ပွဲအတွက် စီစဥ်စရာများစီစဥ်ပြီး နေ့လည်စာစားဖို့ ကုမ္ပဏီရဲ့ကန်တင်းကိုထွက်လာခဲ့လိုက်သည်။
သူဒီကုမ္ပဏီကို စဝင်တော့ ရှယ်ယာရှင်အချို့နဲ့ အဖွဲ့မှူးတွေရဲ့ အမြင်မကြည်စောင်းမြောင်းမှုတွေကိုခံခဲ့ရသည်။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့အတူ project တခုအောင်မြင်အောင် လုပ်ပြနိုင်ခဲ့ပြီးနောက်မှ လက်ခံကြိုဆိုပေးခဲ့ကြခြင်းပင်။
အလုပ်စဝင်တဲ့နေ့မှစပြီး ကပ်သင့်သူကပ် သင်ယူသင့်တာသင်ယူ သင်ပြသင့်တာသင်ပြပေးနိုင်တဲ့သူ့ကို ဝန်ထမ်းများချစ်ခင်နှစ်သက်ကြသည်။ ဒါရိုက်တာနဲ့အလုပ်သမားဆိုပီးမခွဲခြားပဲ အချင်းချင်းရိုင်းပင်းကူညီဖေးမရင်း မိသားစုသဖွယ်ဖြစ်နေတော့သည်။
"ဒါရိုက်တာဝမ်... ဒါရိုက်တာဝမ် "
"ဟမ် အော့.. မမမေအော် ထမင်းစားမို့လား ထိုင်လေတူတူစားကြတာပေါ့ "
မမမေအော်က ဒုတိယရှယ်ယာရှင်ရဲ့သမီး အင်ဂျင်နီယာအဖွဲ့ရဲ့ ခေါင်းဆောင်. သူကရှောင်ကျန့်နဲ့မှရွယ်တူလောက်ပဲရှိမည် ကျောင်းပီးတော့ဒီကုမ္ပဏီမှာအလုပ်ဝင်နေခြင်းပင်..
"ဘာတွေတွေးနေတာလဲ ခေါ်နေတာကြာပီ"
"ဒီလိုပါပဲ အလုပ်ကိစ္စပေါ့ "
"ဒါနဲ့ ရှောင်ကျန့်ပြန်ရောက်နေတယ်ကြားတယ် "
"ဟုတ်တယ် မနေ့က "
"ဒါဆို သူဌေးတို့ကိစ္စကို.. "
"အင်း ညကရုဏ်းရင်းဆန်ခတ်ဖြစ်သွားပေမဲ့ ဒီမနက်တော့အခြေနေကောင်းပါတယ် "
"အင်း.. သူဌေးနဲ့အားရီရဲ့ အကြောင်းတွေကို သိသွားရင်တော့ နားလည်သွားမှာပါ အခုတော့သွေးပူတုန်လေ"
"အင်း "
*ညနေအိမ်ပြန်ရောက်ရင်တော့ ရှောင်ကျန့်နဲ့စကားပြောကြည့်ရဦးမယ်....*
...............................
တီ...တီ....
"ရှောင်ကျန့်ရေ...."
ယွီပင်းနဲ့ကျိုးချန်ကအရင်အတိုင်းပဲ ရောက်ရင်ကားဟွမ်းတီးပြီး ရှောင်ကျန့်ကိုခေါ်လိုက်ရမှ...သူကလဲထုံးစံအတိုင်း အပြင်ထွက်မကြို အခန်းထဲကနေပဲစောင့်သည်။
*မင်းတို့ကဘာမို့လို့ ငါကထွက်ကြိုရမှာလဲ ငါ့အိမ်လာရင် ငါ့အခန်းထဲထိရောက်အောင်လာခဲ့*ဟုပြောဆိုထားခဲ့ပေမဲ့ ထုံးစံကပျက်သွားပေ...
"အိုက်ယား ရှောင်းရှောင်ကျန့်... ငါ့ကောင်ကြီး ၅နှစ်အတွင်းဘာမှမပြောင်းလဲသွားပါလား "
"ပိုတော့ခန့်သွားပါတယ်ကွာ မင်းကလဲ ဟဲဟဲ "
ယွိပင်းစကားကိုဝင်ထောက်ရင်း ရယ်ပြနေတဲ့ ကျိုးချန်ကို ရှောင်ကျန့် လှန်းထုလိုက်ပြီး...
"ဖြီးမနေနဲ့ ဟိုမှာ ငါ့luggage ထဲမှာအနီရောင်၂ထုပ် "
သူ့အခြေနေကိုသိတာတောင် ဒီလိုမျက်နှာပြောင်တိုက်တဲ့သူငယ်ချင်း၂ယောက်ကို သူစိတ်မဆိုးပေ... အနည်းငယ်စိတ်သက်သာရာရတယ်လေ။
"မင်းတို့၂ကောင်လည်း မာမားတို့အကြောင်းသိပီးသားမလား"
"အဲ... အဲဒါက"
ယွိပင်းနဲ့ကျိုးချန်အတွက် အခန်းတွင်းအအေးဓာတ်ကပိုတိုးလို့လာခဲ့သည်။
" ငါစိတ်မဆိုးပါဘူး "
" အင်း... " " သိထားတယ် "
ရှောင်ကျန့်ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုပ်လိုက်သည်။  မကျနဲ့မျက်ရည်တွေ မနက်ဖြန်ညနေဆို အရာအားလုံးပြောင်းလဲတော့မှာ...
ရှောင်ကျန့်တို့၃ယောက် ဒီအခန်းထဲမှာပင်တနေ့တာကုန်ဆုံးသွားခဲ့သည်။ သူလဲအပြင်မသွားချင် ဟို၂ကောင်ကလဲ အိမ်တော်ထိန်းလုပ်ကျွေးတာတွေမြိုစို့ပြီး ပြန်ဖို့အစီစဉ်မရှိ...
...........
ရိပေါ်အိမ်ပြန်ရောက်တော့ ရှောင်ကျန့်အခန်းထဲသို့ဦးတည်လိုက်သည်။
"ရှောင်ကျန့် ငါမင်းနဲ့စကားပြောချင်တယ်"
"ငါ့မှာပြောစရာမရှိဘူး "
"ပါးတို့ကိစ္စ.. "
"ပါပါးကိစ္စမင်းမပူနဲ့ ဖြစ်လာမှာမဟုတ်ဘူး... မဟုတ်ဘူး အပြောင်းလဲဖြစ်သွားမှာ ဟားဟား.... "
"မင်းဘာတွေကြံစည်နေတာလဲ "
"ပါပါးကိစ္စ တစ်သက်လုံးမဖြစ်စေရဘူး "
..............
~ why oh why tell me why not me ~
ရိပေါ်အိမ်လေးထဲမှာအနားယူနေတုန်း ဖုန်းသံမြည်လာ၍ တချက်ကြည့်လိုက်ကာ...
"ဟလို "
"ဟုတ်လား ဘယ်နှနာရီလဲ "
"အင်း မင်းကိုငါခိုင်းစရာရှိတယ် စာပို့လိုက်မယ် မလွဲစေနဲ့ "
............
ရိပေါ်ရုံးခန်းမှန်မှတဆင့်အပြင်ကိုငေးကြည့်နေတုန်း သူ့ရဲ့လက်ထောက် ဖန်ရှင်းက ကော်ဖီတစ်ခွက်နဲ့ဝင်လာကာ....
"အကိုရိပေါ် ပွဲမှာဖိတ်ရမဲ့ သီတင်းထောက်နာမည်စာရင်းတွေပြန်စစ်ဖို့ စားပွဲပေါ်တင်ထားခဲ့တယ်"
"အင်း... ဖန်ရှင်း"
"ညနေ ရွဲ့သီတင်းထောက်ဆီ သတင်းတခုရောက်အောင်ပို့ပေး "
"ရွဲ့သီတင်းထောက်ဟုတ်လား...
သူကငါးအကြီးကြီးပဲဖမ်းတဲ့သူ အကိုရိပေါ်ဘာကိစ္စများရှိလို့လဲ "
ရိပေါ်ကအနားတိုးရန်ခေါ်လိုက်ပြီး.. သူညွှန်ကြားချင်တာကို တိတ်တဆိတ်သာညွှန်ကြားလိုက်သည်။
ကြားလိုက်ရတဲ့ဖန်ရှင်းကတော့ မယုံနိုင်လောက်အောင် ဖြစ်သွားပြီး...
"အကိုရိပေါ် "
"ရှူး...ငါခိုင်းတာသာလုပ် "
...................................
6.00pm at 'Rose Hotel '
ဟော်တယ်ရဲ့သီးသန့်ခန်းလေးတခုမှာ ရှောင်ကျန့် ဝိုင်ခွက်ကိုလှည့်ကစားရင်း ရှုမိန်အလာကိုစောင့်နေလိုက်သည်။
ခဏအကြာမှာတော့...
ဒေါက် ဒေါက်..
ရှောင်ကျန့်နှုတ်ခမ်းတွေတွန့်ကွေးသွားပြီ အကြောင်းမှာသူစီစဥ်ထားတဲ့အတိုင်း ရှုမိန်အခန်းထဲရောက်နေပီလေ....
"မင်း.. ရှောင်ကျန့်လဲမဟုတ်ဘူး "
"ရှောင်ကျန့် ဘယ်ကရှောင်ကျန့်လဲ မင်းကငါခေါ်ထားတဲ့တစ်ယောက်မလား လာကွာ ငါလိုအပ်နေပီ "
"မဟုတ်ဘူး ဟင့်အင်း.. "
ရှုမိန်အတင်းရုန်းပြီး အခန်းထဲကထွက်တော့ ရှောင်ကျန့်ခိုင်းထားတဲ့ လူတွေက ဓာတ်ပုံတွေရိုက်ယူကြသည်။ ဖရိုဖရဲဖြစ်နေတဲ့ရှုမိန်ပုံစံက မော်ဒယ်လောကမှာရော ပါပါးနဲ့ကိစ္စမှာရော ထိရောက်တဲ့ ပုံကောင်းလေးတွေပင်..ဒီလောက်နဲ့သူမကျေနပ်သေး နောက်တစ်ဆင့်ရှိသေးသည် အဲဒါက Xz companyသူဌေးသားနဲ့ ချိန်းတွေ့ခဲ့သူက သူဌေးနဲ့စေ့စပ်တဲ့သူ ဆိုတဲ့သတင်းပဲဖြစ်သည်။
ရှောင်ကျန့် လိုချင်တဲ့အခြေနေရပီမို့ ခွက်ထဲကကျန်နေတဲ့ဝိုင်တွေအကုန်မော့လိုက်ပြီး အခန်းထဲကထွက်ကာ....
"ရှုမိန်.."
"ဟင် ရှောင်ကျန့်"
"အခန်းမှားဝင်တာလား ငါချိန်းတာဒီအခန်းပါ.."
"ပြောစရာရှိတာ ဒီမှာပြော ကျဲ ကျဲမဝင်တော့ဘူး "
"အဟက်.. ငါကိုက်စားမှာစိုးလို့လား ငါကပါပါးယူမဲ့မိန်းမကို  ကြိုတင်လေ့လာကြည့်ယုံတင်ပါ မင်းကိုကြည့်ရတာ တခုခုကိုလန့်နေသလိုပဲ အဆင်ပြေရဲ့လား ငါတို့တွေ့တာကို ဖျက်လိုက်ရမလား "
အမှန်ပင် ရှုမိန်ပြန်ချင်နေပီ..
"ကျဲနေမကောင်းလို့ နောက်မှစကားပြောကြမယ်နော် "
ရှုမိန်ပြောပြီးတာနဲ့ ပတ်ဝန်းကျင်ကိုတချက်ကြည့်ကာအမြန်ပြေးထွက်လာခဲ့လိုက်သည်။
ရှောင်ကျန့်သူလိုချင်တာရသွားပြီဖြစ်၍ အိမ်ပြန်ဖို့လုပ်တော့ ရုတ်တရက်ခေါင်းထဲ မူးဝေလာ၍ တံခါးဘောင်ကိုကိုင်ကာထိန်းလိုက်သည်။
ပိုပိုအရှိန်ပြင်းလာသည်မို့ ရှောင်ကျန့် အခန်းထဲပြန်ဝင်ရတော့သည်။ တံခါးပိတ်မသွားခင်အခန်းထဲဝင်လာတဲ့ရိပေါ်ကိုပင်သူမြင်လိုက်ရပေမဲ့ အမြင်လွှာတွေအမှောင်ဖုံးသွားခဲ့သည်။...
ခိုင်းထားသည့်လူတွေလဲ ကင်မရာနဲ့အတူ လူတစ်ယောက်ရဲ့ချုပ်နှောင်ခြင်းခံထားရသည်ကိုလဲ သူမသိလိုက်ပေ...
အိပ်နေတဲ့ရှောင်ကျန့်ရဲ့မျက်နှာကို လက်ညှိုးလေးနဲ့အသာတို့ကာ...
"စေ့စပ်ပွဲပျက်စေရမယ် ဒါပေမဲ့ မင်္ဂလာသတင်းရှိလာမယ် ကျေနပ်ရဲ့လား ကျန့်ကော မင်းဘဝမှာ လက်တွဲတဲ့သူရော သတင်းထွက်တဲ့သူရော ငါတစ်ယောက်ပဲရှိရမယ် မင်းရဲ့သတင်းတိုင်းမှာတစိမ်းဘယ်သူ့ကိုမှပတ်သက်ခွင့်မပေးဘူး လိမ်လိမ်မာမာနဲ့ကျောင်းတက်ခဲ့လို့ကျေးဇူးတင်ပါတယ် ကျန့်ကော မနက်ဖြန်အတွက် မျှော်လင့်နေပါ "
.........................
29.6.2021
Fic ကိုဖတ်ပေးပါဝေဖန်ပေးပါ☺ လူကိုချစ်ပေးပါ😘
Zawgyi
"ဟုတ်တယ် မနေ့က "
"အင်း "
...............................
တီ...တီ....
"ရှောင်ကျန့်ရေ...."
"အဲ... အဲဒါက"
" ငါစိတ်မဆိုးပါဘူး "
" အင်း... " " သိထားတယ် "
...........
"ပါးတို့ကိစ္စ.. "
..............
"ဟလို "
"ဟုတ်လား ဘယ်နှနာရီလဲ "
............
"အင်း... ဖန်ရှင်း"
"အကိုရိပေါ် "
...................................
6.00pm at 'Rose Hotel '
ခဏအကြာမှာတော့...
ဒေါက် ဒေါက်..
"မဟုတ်ဘူး ဟင့်အင်း.. "
"ရှုမိန်.."
"ဟင် ရှောင်ကျန့်"
.........................
29.6.2021
Continue Reading
You'll Also Like
30.9K 996 35
sequel to meet and greet
176K 14.4K 16
"ငါမင်းရဲ့သူငယ်ချင်းကောင်းဖြစ်ချင်တယ် ဝမ်ရီပေါ်"
81.8K 6.2K 39
This is a story about Xiao Zhan , Wang Yibo and a cat named BaoBao .
1.9M 50.4K 82
This is a story about Jordan Brown when she was 6 years old she watched her mom and dad get killed right in front of her eyes. Since then she been q...