ကချင်ပြည်နယ်မှ ရန်ကုန်သို့ ခရီးနှင်လာသည့် ကားလေးသည် အဝေးပြေး လမ်းမပေါ်၌
အရှိန်မှန်မှန်ဖြင့် မောင်းနှင်နေ၏။ ကားပေါ်ရှိ ကတုံးဆံပင်ပေါက် ကောင်လေးမှာတော့ ကားမှန် အပြင်ဘက်သို့သာ မှေးစင်းနေသော မျက်လုံးလေးဖြင့် ငေးကြည့်နေ၏။ မညီမညာဖြစ်နေသော ဆံပင်များကို
သေချာ ပြန်ညှပ်ပေးထားသောကြောင့် ဦးခေါင်းလေးသည် ဆံနွယ်တို့ ကင်းရှင်းကာ လုံးလုံးဝိုင်းဝိုင်းလေး ဖြစ်နေသည်။
"ခေါင်လွမ်း ကားမူးနေသေးလား"
ကျော်နေသာ၏ အမေးကို ခေါင်လွမ်းသည် ပြန်မဖြေ။ ဒူးနှစ်ဖက်ကို လက်မောင်းကြား၌ ထွေးပိုက်ထားရင်း အပြင်ဘက်သို့သာ ငေးကြည့်နေဆဲ ဖြစ်၏။ သူ့တစ်ကိုယ်စာ ထိုင်ခုံလေးအတွင်းမှာပဲ ကိုယ်ကိုကျုံ့၍ ကုတ်ကုတ်လေး ထိုင်နေသော ကောင်လေးကို ကျော်နေသာ စိတ်မကောင်းစွာဖြင့် ကြည့်မိသည်။
အစားကို သေချာ မစားသလို ညဘက်တွေ၌လည်း မအိပ်သည့် ခေါင်လွမ်းသည် တကယ်ကို
ပိန်ပိန်သေးသေးလေး ဖြစ်နေသည်။ ရယ်မောခြင်း မရှိတော့သလို ငိုလည်း မငိုတော့သည့် ကောင်လေးမှာ
တဖြည်းဖြည်း ခံစားချက်မဲ့လာသည့် လူတစ်ယောက် အသွင်သို့ ပြောင်းလာ၏။
စကားကို တစ်ခွန်း တစ်လေမျှတောင် မပြောတော့ဘဲ တစ်နေ့တခြား ပို၍ ဆိုးလာသော အခြေအနေကြောင့်
ကျော်နေသာ ဆုံဖြတ်ချက် ချလိုက်သည်က စိတ်ကျန်းမာရေး ဆရာဝန်နှင့် ဆွေးနွေးဖို့ပင်။
တကယ်တန်း ဆယ့်ခုနစ်နှစ်ဆိုသည် အရွယ်လေးသည်
မိဘ၏ အရိပ်အာဝါသ အောက်၌နေရင်း
အေးချမ်းမှုတို့ကို ခံစားရမည့် အရွယ်လေးသာ။ သို့သော် သူ့ဘေး၌ရှိသော ကောင်လေးမှာတော့ နွေးထွေးမှုတို့ဖြင့် ကြီးပြင်လာရမည့် အစား ငယ်ငယ်လေးတည်းက ထိုးနှက်မှုတို့ဖြင့်သာ ကြီးပြင်းလာရသည်။
ကတုံးအပြောင် တုံးလိုက်သောကြောင့် ပေါ်လာသည့် နာရွက်ပြတ်လေးက ထိုကောင်လေး ကြုံတွေ့ခဲ့ရသော
လောကဓံ၏ ရိုက်ခတ်မှုများထဲမှ တစ်ခု အပါအဝင် ဖြစ်ကြောင်း ဖော်ပြနေသည်။ ထိုအစိတ်အပိုင်လေးကြောင့် ခေါင်လွမ်းလေးကို မကောင်ဆိုးဝါးဟူ၍ နှင်ထုတ်ခဲ့သည့်
လူတွေထဲ ကျော်နေသာသည်လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့၏။ ရွယ်တူကလေးတွေကြား ခေါင်လွမ်းလေး
အနိုင်ကျင့်ခံနေရသည်ကို မြင်လျှင်တောင်
အစ်ကိုကြီးပီပီ ကာကွယ်ပေးရမည့် အစား မျက်နှာလွှဲပစ်ခဲ့မိ၏။ တစ်ချိန်က အသိဉာဏ် သေးသိမ်ခဲ့သည့် မိမိကိုယ်မိမိ ပြန်လည်း မြင်ယောင်ရင်း ကျော်နေသာ ဒေါသထွက်မိပါသည်။
"အစ်ကို တောင်းပန်ပါတယ်"
ဖြူဖျော့နေသည့် ကောင်လေးထံ ကြည့်ကာ တိတ်တဆိတ် ပြောမိသည်က တောင်းပန်စကားလေး တစ်ခွန်း။
အတွေးအခေါ်အမှား ၊ အယူအဆ အမှားတွေကြောင့် သူ၏ ညီလေးအပေါ် စိတ်ဒဏ်ရာတွေ ပေးခဲ့မိသည့် လူတွေထဲ
သူပါ ပါဝင်ခဲ့သည်မလား။
လူတွေသည် အချိန်လွန်ခါမှ တောင်းပန်စကား ဆိုတတ်ကြ၏။
----- ----- ------
"ကျေးဇူးတင်ပါတယ်နော် ကိုကောင်းမြတ်"
"မလိုပါဘူးကွာ"
လက်ထဲသို့ ရောက်လာသည့် အိမ်စာချုပ်လေးကို မိုင်စိုင်း အမြတ်အနိုး ကြည့်လိုက်၏။ သည်စာချုပ်လေးမှာ လွမ်းငယ်ဆီသို့ ပြန်ခွင့်ရဖို့အတွက် ခြေလှမ်းတစ်လှမ်း
ဆိုလျှင်လည်း မမှား။ ရန်ကုန်သို့ ပြန်ရောက်စဉ်ကတည်းက လွမ်းငယ်လေးနှင့် အတူနေထိုင်ရန်အတွက် အဆင်ပြေမည့် အိမ်လေးကို ရှာဖွေနေခဲ့သည်မှာ ယနေ့မှပဲ အဆင်ပြေတော့သည်။
မိုင်စိုင်း အစ်မ အကြီးဆုံး၏ အမျိုးသားဖြစ်သူသည်
အိမ်ခြံမြေ အရောင်းအဝယ်လုပ်သူ ဖြစ်၍
မိုင်စိုင်း သဘောကျရသည့် သည်အိမ်လေးကို အရစ်ကျ ဝယ်ခွင့်ရခဲ့၏။ လက်ဆောင်ပေးမည်ဟု ကိုကောင်းမြတ်ဘက်မှ ပြောလာသော်လည်း မိုင်စိုင်း ငြင်းဆန်မိသည်။ သူများဆီမှ အလကား ရယူမှုထက်
ကိုယ့်ခွန်အားနှင့်ကိုယ် ကြိုးစား၍ ပိုင်ဆိုင်ရခြင်းကိုမှ မိုင်စိုင်း ပို၍ သဘောကျမိသည်။
မကြီး၏ အမျိုးသားဖြစ်သူ ကိုကောင်းမြတ်သည်
အိမ်တစ်လုံးကိုတောင် လက်ဆောင် ပေးနိုင်သည့် အထိ ကြွယ်ဝချမ်းသာသူတစ်ဦး။ ထို့ကြောင့်လည်း မေမေသည် မကြီး၌ ချစ်သူရှိမှန်း သိလျက်နှင့်တောင် ကိုကောင်းမြတ်နှင့် လက်ဆက်ပေးခဲ့ခြင်း ဖြစ်၏။
မိဘစကားကို မလွန်ဆန်နိုင်သည့် မကြီးခမျာ မေမေ၏ စီစဉ်ပေးမှုကို ငြင်းဆန်ခြင်းမရှိဘဲ လက်ခံပေးခဲ့ပါသည်။
မင်္ဂလာပွဲနေ့၌ မျက်နှာ မကောင်းသည့်
မကြီးသည် ယခုတော့လည်း ကိုကောင်းမြတ်၏
ချစ်ခြင်းမေတ္တာ၌ ပျော်ရွှင်နေသည်ကို မြင်တွေ့လိုက်ရတော့ မိုင်စိုင်း စိတ်ထဲ ဝမ်းသာရပြန်၏။
ဖုန်း မျက်နှာပြင်ပေါ်၌ မြင်ရသည့် အစိမ်းရောင်ခြယ် အိမ်လေးသည် မိုင်စိုင်း၏ ဘဝကို စတင်မည့်
အိမ်ငယ်ကလေး။ ထိုအိမ်လေး၌ သူနှင့်အတူ လွမ်းငယ်တို့
မြေးအဘွားနှစ်ယောက်နှင့် လပ်ကီးလေးပါ အတူတကွ နေထိုင်ကြမည်ကို မြင်ယောင်ကြည့်လိုက်တော့
မိုင်စိုင်း ပြုံးမိသွား၏။ ထိုအိမ်လေး၏ ခပ်လှမ်းလှမ်း၌ ရှိသော ဂရိတ်ဖရု ခြံသည်လည်း မကြီးတို့ မိသားစု ပိုင်သော ခြံဖြစ်သဖြင့် မိုင်စိုင်းကို စောင့်ရှောက်ပေးရန် တောင်းဆိုလာတော့ ချက်ချင်းကို လက်ခံမိပါသည်။
ချစ်ရသူတွေနှင့် အတူနေထိုင်ရင်း မိုင်စိုင်း မြတ်နိုးရသည့် စာပေတွေကို ဖန်တီးမည်။ ဂရိတ်ဖရု ခြံလေး၌ အလုပ်လုပ်ရင်း မိသားစုအတွက် ဝင်ငွေရှာမည်။
အတွေးရေးရေးလေး တွေးကြည့်ရုံနှင့်တင်
မိုင်စိုင်း၏ စိတ်ထဲ၌ ဖြစ်ပေါ်လာရသော ပျော်ရွှင်၊
ကြည်နူးမှုဟူသည် အတိုင်းအဆမရှိ။ ချစ်ရသူဆီ အမြန် ပြန်နိုင်ရန်အတွက် စာမူကိစ္စရော၊ အိမ်ရှာဖွေသည့် ကိစ္စပါ
လုပ်နေရသော်လည်း မိုင်စိုင်းအဖို့တော့ ပင်ပန်းသည်ဟု မထင်မိပါ။
ခေါင်လွမ်းဟူသော ကောင်လေးသည် မိုင်စိုင်း အတွက်တော့ အဖိုးတန် အားဆေးလေးပဲ မဟုတ်လား။
---- ----- ------
"ပြောပါအုံး။ လူလေး နေရတာ ဘယ်လိုနေလဲလို့"
ဆရာဝန်ကြီး၏ အမေးကို ခေါင်လွမ်းသည် ပြန်မဖြေ။ ကြမ်းပြင်သို့သာ ခေါင်းကို ငုံ့ထားရင် ငြိမ်ငြိမ်လေး ထိုင်နေ၏။ အချိန်အတော်ကြာသည် အထိ စကားပြောမလာသော ကောင်လေးကြောင့် ကျော်နေသာကပဲ ရှင်းပြရတော့သည်။
"သူ့ရဲ့ အဘွား ဆုံးပြီးကတည်းက တစ်ယောက်တည်း ငိုလိုက်၊ ရယ်လိုက် ကနေ အခုရက်ပိုင်းက စပြီး စကားလည်း ပြန်မပြောတော့ဘူး။ ပြီးတော့ ငိုတာ ရယ်တာလည်း မရှိတော့ဘဲ ငြိမ်ကျသွားတာ။ အစားလည်း
ဘယ်လိုမှ ကျွေးလို့မှ မရဘူး။ ညဘက်တွေလည်း မအိပ်ဘူး ဆရာ"
ဆရာဝန်ကြီးသည် ကျော်နေသာ၏ စကားအဆုံး ခေါင်လွမ်းထံ ကရုဏာသက်သော အကြည့်ဖြင့်
ကြည့်လာ၏။
"အခြား သူပြောတဲ့ စကားတို့။ တတွတ်တွတ် ရေရွတ်နေတဲ့ စကားလုံးတို့ ဘာတို့ရောရှိလား"
"ရင်ဘတ်က နာတယ်ဆိုပြီးတော့ ခဏခဏ ပြောတယ်။ ပြီးတော့ ကိုကိုဆိုပြီး ရွတ်နေတာ"
ဆရာဝန်ကြီးသည် ခေါင်လွမ်း၏ ရင်ဘတ်ထံ နားကြပ်ဖြင့် စမ်းသပ်ရန် ပြင်တော့ အထိမခံ။ ကိုယ်ကို အနောက်သို့ပင်
ဆုတ်သွား၏။
"ခေါင်လွမ်းလေး မကြောက်နဲ့။ ဒေါက်တာက မင်းရဲ့ နာကျင်မှုတွေကို သက်သာအောင် လုပ်ပေးမှာနော်"
ကျော်နေသာဘက်မှ အသာလေး ချော့ပြောတော့မှ
ရှေ့သို့ ပြန်တိုးလာသည်။
"ဒါနဲ့ ကိုကိုဆိုတာ သည်လူလေးရဲ့ အစ်ကိုလား"
ဆရာဝန်ကြီးသည် ခေါင်လွမ်းထံ စမ်းသပ်ရင်း မေးမြန်းလာသည်။
"အစ်ကိုတော့မဟုတ်ဘူး။ ခေါင်လွမ်းလေးရဲ့ အရင်နှီးဆုံးလူ"
"ကောင်လေး တတွတ်တွတ် ရွတ်နေပုံ ထောက်ရင်တော့ ကိုကိုဆိုတဲ့ လူအပေါ် တော်တော် သံယောဇဉ်တွယ်ရှာမယ်"
ဆရာဝန်ကြီး၏ စကားကို ထောက်ခံကြောင်း ကျော်နေသာ ခေါင်းသာ ညိတ်ပြမိသည်။ ခရစ်စမတ်နေ့ အထိမ်းအမှတ်အတွက် ငါးဖမ်းကြသည့် နေ့တုန်းကဆို အတူသွားရန် ကျော်နေသာ ခေါ်သော်လည်း အတင်း ငြင်းဆန်နေသော ကောင်လေးသည် ကိုမိုင်စိုင်းပါ ရှိသည်ဟု ပြောလိုက်ချိန်တွင်တော့ ချက်ချင်းပင် လိုက်ရန် သဘောတူခဲ့၏။ ခေါင်လွမ်းသည် ကိုမိုင်စိုင်းအပေါ်
တွယ်တာလွန်းသည်မှာ တတွတ်တွတ် ရွတ်နေသော နာမ်စားလေးသည် သက်သေ။ တစ်ချို့သော ချစ်ခြင်းမေတ္တာတွေသည် ဘေးလူကတောင် အတိုင်သား မြင်ရသည် အထိ ကြီးမားလွန်းလှ၏။
"ဒီလူလေးရဲ့ လက္ခဏာတွေကို ကြည့်ရင် Schizophrenia လို့ခေါ်တဲ့ စိတ်ကစဥ့်ကလျားရောဂါကို ခံစားနေရတာ။ ဘယ်အရာမဆို အမြန်ဆုံး ကုသတာကတော့ အကောင်းဆုံးပဲ။ အချိန်ဆွဲနေရင် သည်ရောဂါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ
ဖြစ်သွားနိုင်တယ်"
ဆေးစာအုပ်ပေါ် ကြည့်လိုက်တော့ ဆယ့်ခုနစ်နှစ်သာ ရှိသေးသည့်ကြောင်း သိရသဖြင့် ခေါင်လွမ်းကို ဆရာဝန်ကြီးသည် စိတ်မကောင်းသော အကြည့်ဖြင့် ကြည့်၏။
" (Antitriptyline HCL 10 mg)
ထရစ်တာနဲ့ ဗိုက်တာမင် အားဆေး သောက်ဖို့
ဆရာ ဆေးစာအုပ်ထဲ ရေးပေးလိုက်မယ်။ တစ်ပတ်ကြာရင် ပြန်လာခဲ့။ အဲအချိန်ထိ ရင်ဘတ်က နာနေသေးတယ်လို့ ပြောလာခဲ့ရင် ဆရာ နှလုံးအထူးကုဘက်ကို လွှဲပေးမယ် ဟုတ်ပြီလား "
"ဟုတ်ကဲ့ ဆရာ"
"ဒါနဲ့ သည်ကောင်လေးရဲ့ ကိုကိုဆိုတဲ့ လူကို ဖြစ်နိုင်ရင် ကောင်လေးရဲ့ ဘေးနားမှာ ရှိစေချင်တယ်ကွာ။ မြန်မြန် သက်သာစေဖို့ အထောက်အကူရတာပေါ့"
--- -- ---
ယနေ့သည် မိုင်စိုင်းအတွက်တော့ ရက်ရာဇာ ဖြစ်လိမ့်မည်။ အိမ်ကိစ္စ အဆင်ပြေသည့်အပြင် လွမ်းငယ်လေးကပါ ရန်ကုန်သို့ ရောက်နေကြောင်း ကျော်နေသာသည်
ဖုန်းဆက်၍ အကြောင်းကြားလာ၏။ ချစ်ရသူ အကြောင်း တွေးမိသည့်နှင့် နှလုံးသားရပ်ဝန်းလေးမှာ ပို၍ နွေးထွေးလာရသည်။ တစ်လခွဲကျော် အကြာမှ ပြန်လည်
ဆုံတွေ့ရခြင်းကြောင့် ပျော်ရွှင်ခြင်းနှင့် အတူ စိတ်လှုပ်ရှားခြင်းကပါ မိုင်စိုင်း၏ စိတ်ဝိညာဉ်၌ ဝင်ရောက် နေရာယူ၏။ သည်းငယ်နှင့် ပြန်တွေ့လျှင် ဂွမ်းလုံးဟု
ခေါ်ကာ စိတ်ဆိုးသွားအောင် မိုင်စိုင်း စနောက်ဦးမည်။ အဖြူရောင် ဆံနွယ်လေးများကိုလည်း တစ်ဝကြီး
နမ်းရှိုက်ပစ်ပါဦးမည်။
ချစ်ရသူ ပိုင်စိုးထားသော အတွေးယာဉ်ကြောလေးသည် ရန်ခုန်၊ စိတ်လှုပ်ရှားမှုတို့ဖြင့် အပြည့်။ လမ်းသွယ်လေးထဲသို့ ဖြည်းဖြည်းချင်း မောင်းနှင်လာသော ကားလေးမှာ နှစ်ထပ်တိုက် အပြာရောင်လေးရှေ့၌ ရပ်တန့်သွားတော့သည်။ ကားထဲမှ မိုင်စိုင်းကို မြင်သည်နှင့် တိုက်ရှေ့၌ ရပ်စောင့်နေသော ကျော်နေသာသည် ကားအနားသို့ လျှောက်လာ၏။ လိပ်စာမှန်၊ မမှန်မှန် စူးစမ်းနေချိန် ကျော်နေသာကို တွေ့လိုက်ရသဖြင့် မိုင်စိုင်း စိတ်အေးသွားရသည်။
"အစ်ကို သည်အိမ်ရှေ့နားမှာ ကားပါကင်ထိုးရင် အဆင်ပြေလောက်လား"
"အဆင်ပြေပါတယ် ကိုမိုင်စိုင်း"
ခွင့်ပြုချက်ရသည်နှင့် အိမ်ရှေ့နားလေး၌ ကားကို ပါကင်ထိုးလိုက်သည်။ ကားပေါ်မှ ပျော်ရွှင်စွာ ဆင်းလာသည့် ကိုမိုင်စိုင်းကို မြင်သည်နှင့် ကျော်နေသာ
သက်ပြင်းချမိပါ၏။ခေါင်လွမ်းပါလာသည်ဟု ပြောလိုက်သဖြင့် ပျော်ရွှင်သွားသော ကိုမိုင်စိုင်း၏ အသံကို
ကျော်နေသာ၏ နားထဲ၌ ယခုထိအောင် အမှတ်ရနေတုန်း ဖြစ်သည်။ ခေါင်လွမ်း၏ အခြေအနေ အမှန်ကို မသိသေးသော မိုင်စိုင်းသည် မျက်နှာ၌ အပြုံးတွေဖြင့်သာ ပြည့်နှက်နေလေ၏။
"ဘယ်လိုလုပ် ရန်ကုန် ရောက်လာကြတာတုံး။
အကိုတောင် နောက်နှစ်ပတ်လောက်ဆို ပြန်လာတော့မလို့"
"ခေါင်လွမ်းရဲ့ အဘွား ဆုံးသွားပြီ ကိုမိုင်စိုင်း"
ပြုံးရွှင်နေသော မျက်နှာသည် အရုပ်ကျိုးပျက်သလို့ တောင့်တင်းသွားရသည်။ အမြင့်မှနေ တွန်းချ ခံလိုက်ရသလို ခံစားမှုမျိုးမှာ ခံရခက်လွန်းလှ၏။
စောနတုန်းကထိ ပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်နှက်ခဲ့သော မိုင်စိုင်း၏ ခံစားမှုများသည် ယခုတော့ ကွဲကြေသွားသော
ဖန်ကွဲစတွေလို။ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းတို့သည်
နေရောင်ခြည်နှင့် အခန်းငယ်လေးကို ခြားထားသည့် လိုက်ကာငယ်လိုပါပဲ။ လိုက်ကာငယ်လေး လွင့်သွားသည်နှင့် မိုင်စိုင်း၏ အခန်းအတွင်းသို့ ဝမ်းနည်း၊ ကြေကွဲမှုတို့သည် အလုအယက် ဝင်ရောက်လာကြ၏။
ရေဒီယိုလေးတွေ နားထောင်ကာ ပြုံးရွှင်နေတတ်သော မြေးအဖွား နှစ်ယောက်၏ ပုံရိပ် ၊ အဘွား၏
ချောင်းဆိုးသံကို ကြားရသည်နှင့် ရေနွေးကို အပြေးသွားယူတတ်သည့် ကောင်လေး၏ ပုံရိပ်သည် မိုင်စိုင်း၏ အတွေးထဲ၌ အနှေးပြကွက်တွေလို တစ်ခုချင်းစီ ပေါ်လာတော့သည်။
"လွမ်းငယ် အဆင်ပြေရဲ့လား"
ပျော်ရွှင်၊တက်ကြွမှုတို့ ပျက်သုန်းသွားသော မိုင်စိုင်း၏ အသံမှာ ခပ်တိုးတိုးသာ ထွက်လာတော့၏။ အဆင်ပြေမည် မဟုတ်မှန် မိုင်စိုင်း အတပ် သိနေသည့်ကြားမှ သေးငယ်သော မျှော်လင့်ချက်လေးဖြင့် မေးလိုက်မိသည်။
"ခေါင်လွမ်းကို စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြနေရပြီ"
"စိတ်ကျန်းမာရေး ဆရာဝန်"
မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိတော့ ထွက်လာသော အသံသည် တုန်တုန်ရီရီနှင့်သာ။
#28.6.21
--- --- ---
Schizophrenia (စခီဇိုဖရီးနီးယား)
လို့ခေါ်တဲ့ စိတ်ကစဥ့်ကလျားရောဂါဟာ
၁၆နှစ်မှ ၃၀ အရွယ် လူငယ်တွေမှာ
ဖြစ်လေ့ရှိပြီး လူအယောက်၁၀၀မှာ
၁ယောက် ခံစားနေရတဲ့ ရောဂါပါ။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့
လူပေါင်း သိန်း ၂၀လောက်ထိအောင် ခံစားနေရတယ်တဲ့။
လက္ခဏာတွေက အရယ်အပြုံး နည်းလာမယ်။
ရက်အတော်ကြာတဲ့အထိ စကားပြောတာမျိုး
မရှိတော့တဲ့အပြင် သူတို့ အခန်းလေးထဲမှာပဲ
နေကြတော့တယ်။
စိတ်အာရုံတွေ ခြောက်ခြားလာတဲ့ အတွက် အိပ်မပျော်တာမျိုးတွေ ရှိလာမယ်။
အခြေအနေ အရမ်း ဆိုးလာရင်တော့
သက်သေတဲ့ အထိကို ရှိလာနိုင်တယ်။
ဒီရောဂါက မျိုးရိုးရှိတဲ့လူတွေ၊ ငယ်စဉ်က စိတ်ဒဏ်ရာ ကြီးကြီးမားမားရှိခဲ့တဲ့လူတွေနဲ့ ခုခံအားစနစ် ရောဂါရှိတဲ့ လူတွေဆီမှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။
လေရှည်သွားပြီ >*<
ကခ်င္ျပည္နယ္မွ ရန္ကုန္သို႔ ခရီးႏွင္လာသည့္ ကားေလးသည္ အေဝးေျပး လမ္းမေပၚ၌
အရွိန္မွန္မွန္ျဖင့္ ေမာင္းႏွင္ေန၏။ ကားေပၚရွိ ကတံုးဆံပင္ေပါက္ ေကာင္ေလးမွာေတာ့ ကားမွန္ အျပင္ဘက္သို႔သာ ေမွးစင္းေနေသာ မ်က္လံုးေလးျဖင့္ ေငးျကည့္ေန၏။ မညီမညာျဖစ္ေနေသာ ဆံပင္မ်ားကို
ေသခ်ာ ျပန္ညႇပ္ေပးထားေသာေၾကာင့္ ဦးေခါင္းေလးသည္ ဆံႏြယ္တို႔ ကင္းရွင္းကာ လံုးလံုးဝိုင္းဝိုင္းေလး ျဖစ္ေနသည္။
"ေခါင္လြမ္း ကားမူးေနေသးလား"
ေက်ာ္ေနသာ၏ အေမးကို ေခါင္လြမ္းသည္ ျပန္မေျဖ။ ဒူးႏွစ္ဖက္ကို လက္ေမာင္းၾကား၌ ေထြးပိုက္ထားရင္း အျပင္ဘက္သို႔သာ ေငးၾကည့္ေနဆဲ ျဖစ္၏။ သူ႔တစ္ကိုယ္စာ ထိုင္ခံုေလးအတြင္းမွာပဲ ကိုယ္ကိုက်ံဳ႕၍ ကုတ္ကုတ္ေလး ထိုင္ေနေသာ ေကာင္ေလးကို ေက်ာ္ေနသာ စိတ္မေကာင္းစြာျဖင့္ ၾကည့္မိသည္။
အစားကို ေသခ်ာ မစားသလို ညဘက္ေတြ၌လည္း မအိပ္သည့္ ေခါင္လြမ္းသည္ တကယ္ကို
ပိန္ပိန္ေသးေသးေလး ျဖစ္ေနသည္။ ရယ္ေမာျခင္း မရွိေတာ့သလို ငိုလည္း မငိုေတာ့သည့္ ေကာင္ေလးမွာ
တျဖည္းျဖည္း ခံစားခ်က္မဲ့လာသည့္ လူတစ္ေယာက္ အသြင္သို႔ ေျပာင္းလာ၏။
စကားကို တစ္ခြန္း တစ္ေလမၽွေတာင္ မေျပာေတာ့ဘဲ တစ္ေန႔တျခား ပို၍ ဆိုးလာေသာ အေျခအေနေၾကာင့္
ေက်ာ္ေနသာ ဆံုျဖတ္ခ်က္ ခ်လိုက္သည္က စိတ္က်န္းမာေရး ဆရာဝန္ႏွင့္ ေဆြးေႏြးဖို႔ပင္။
တကယ္တန္း ဆယ့္ခုနစ္ႏွစ္ဆိုသည္ အရြယ္ေလးသည္
မိဘ၏ အရိပ္အာဝါသ ေအာက္၌ေနရင္း
ေအးခ်မ္းမႈတို႔ကို ခံစားရမည့္ အရြယ္ေလးသာ။ သို႔ေသာ္ သူ႔ေဘး၌ရွိေသာ ေကာင္ေလးမွာေတာ့ ေႏြးေထြးမႈတို႔ျဖင့္ ႀကီးျပင္လာရမည့္ အစား ငယ္ငယ္ေလးတည္းက ထိုးႏွက္မႈတို႔ျဖင့္သာ ႀကီးျပင္းလာရသည္။
ကတံုးအေျပာင္ တံုးလိုက္ေသာေၾကာင့္ ေပၚလာသည့္ နာရြက္ျပတ္ေလးက ထိုေကာင္ေလး ၾကံဳေတြ႕ခဲ့ရေသာ
ေလာကဓံ၏ ရိုက္ခတ္မႈမ်ားထဲမွ တစ္ခု အပါအဝင္ ျဖစ္ေၾကာင္း ေဖာ္ျပေနသည္။ ထိုအစိတ္အပိုင္ေလးေၾကာင့္ ေခါင္လြမ္းေလးကို မေကာင္ဆိုးဝါးဟူ၍ ႏွင္ထုတ္ခဲ့သည့္
လူေတြထဲ ေက်ာ္ေနသာသည္လည္း တစ္ဦး အပါအဝင္ ျဖစ္ခဲ့၏။ ရြယ္တူကေလးေတြၾကား ေခါင္လြမ္းေလး
အႏိုင္က်င့္ခံေနရသည္ကို ျမင္လၽွင္ေတာင္
အစ္ကိုႀကီးပီပီ ကာကြယ္ေပးရမည့္ အစား မ်က္ႏွာလႊဲပစ္ခဲ့မိ၏။ တစ္ခ်ိန္က အသိဥာဏ္ ေသးသိမ္ခဲ့သည့္ မိမိကိုယ္မိမိ ျပန္လည္း ျမင္ေယာင္ရင္း ေက်ာ္ေနသာ ေဒါသထြက္မိပါသည္။
"အစ္ကို ေတာင္းပန္ပါတယ္"
ျဖဴေဖ်ာ့ေနသည့္ ေကာင္ေလးထံ ၾကည့္ကာ တိတ္တဆိတ္ ေျပာမိသည္က ေတာင္းပန္စကားေလး တစ္ခြန္း။
အေတြးအေခၚအမွား ၊ အယူအဆ အမွားေတြေၾကာင့္ သူ၏ ညီေလးအေပၚ စိတ္ဒဏ္ရာေတြ ေပးခဲ့မိသည့္ လူေတြထဲ
သူပါ ပါဝင္ခဲ့သည္မလား။
လူေတြသည္ အခ်ိန္လြန္ခါမွ ေတာင္းပန္စကား ဆိုတတ္ၾက၏။
----- ----- ------
"ေက်းဇူးတင္ပါတယ္ေနာ္ ကိုေကာင္းျမတ္"
"မလိုပါဘူးကြာ"
လက္ထဲသို႔ ေရာက္လာသည့္ အိမ္စာခ်ဳပ္ေလးကို မိုင္စိုင္း အျမတ္အႏိုး ၾကည့္လိုက္၏။ သည္စာခ်ဳပ္ေလးမွာ လြမ္းငယ္ဆီသို႔ ျပန္ခြင့္ရဖို႔အတြက္ ေျခလွမ္းတစ္လွမ္း
ဆိုလၽွင္လည္း မမွား။ ရန္ကုန္သို႔ ျပန္ေရာက္စဥ္ကတည္းက လြမ္းငယ္ေလးႏွင့္ အတူေနထိုင္ရန္အတြက္ အဆင္ေျပမည့္ အိမ္ေလးကို ရွာေဖြေနခဲ့သည္မွာ ယေန႔မွပဲ အဆင္ေျပေတာ့သည္။
မိုင္စိုင္း အစ္မ အႀကီးဆံုး၏ အမ်ိဳးသားျဖစ္သူသည္
အိမ္ျခံေျမ အေရာင္းအဝယ္လုပ္သူ ျဖစ္၍
မိုင္စိုင္း သေဘာက်ရသည့္ သည္အိမ္ေလးကို အရစ္က် ဝယ္ခြင့္ရခဲ့၏။ လက္ေဆာင္ေပးမည္ဟု ကိုေကာင္းျမတ္ဘက္မွ ေျပာလာေသာ္လည္း မိုင္စိုင္း ျငင္းဆန္မိသည္။ သူမ်ားဆီမွ အလကား ရယူမႈထက္
ကိုယ့္ခြန္အားႏွင့္ကိုယ္ ႀကိဳးစား၍ ပိုင္ဆိုင္ရျခင္းကိုမွ မိုင္စိုင္း ပို၍ သေဘာက်မိသည္။
မႀကီး၏ အမ်ိဳးသားျဖစ္သူ ကိုေကာင္းျမတ္သည္
အိမ္တစ္လံုးကိုေတာင္ လက္ေဆာင္ ေပးႏိုင္သည့္ အထိ ႂကြယ္ဝခ်မ္းသာသူတစ္ဦး။ ထို႔ေၾကာင့္လည္း ေမေမသည္ မႀကီး၌ ခ်စ္သူရွိမွန္း သိလ်က္ႏွင့္ေတာင္ ကိုေကာင္းျမတ္ႏွင့္ လက္ဆက္ေပးခဲ့ျခင္း ျဖစ္၏။
မိဘစကားကို မလြန္ဆန္ႏိုင္သည့္ မႀကီးခမ်ာ ေမေမ၏ စီစဥ္ေပးမႈကို ျငင္းဆန္ျခင္းမရွိဘဲ လက္ခံေပးခဲ့ပါသည္။
မဂၤလာပြဲေန႔၌ မ်က္ႏွာ မေကာင္းသည့္
မႀကီးသည္ ယခုေတာ့လည္း ကိုေကာင္းျမတ္၏
ခ်စ္ျခင္းေမတၱာ၌ ေပ်ာ္ရႊင္ေနသည္ကို ျမင္ေတြ႕လိုက္ရေတာ့ မိုင္စိုင္း စိတ္ထဲ ဝမ္းသာရျပန္၏။
ဖုန္း မ်က္ႏွာျပင္ေပၚ၌ ျမင္ရသည့့္ အစိမ္းေရာင္ျခယ္ အိမ္ေလးသည္ မိုင္စိုင္း၏ ဘဝကို စတင္မည့္
အိမ္ငယ္ကေလး။ ထိုအိမ္ေလး၌ သူႏွင့္အတူ လြမ္းငယ္တို႔
ေျမးအဘြားႏွစ္ေယာက္ႏွင့္ လပ္ကီးေလးပါ အတူတကြ ေနထိုင္ၾကမည္ကို ျမင္ေယာင္ၾကည့္လိုက္ေတာ့
မိုင္စိုင္း ျပံဳးမိသြား၏။ ထိုအိမ္ေလး၏ ခပ္လွမ္းလွမ္း၌ ရွိေသာ ဂရိတ္ဖရု ျခံသည္လည္း မႀကီးတို႔ မိသားစု ပိုင္ေသာ ျခံျဖစ္သျဖင့္ မိုင္စိုင္းကို ေစာင့္ေရွာက္ေပးရန္ ေတာင္းဆိုလာေတာ့ ခ်က္ခ်င္းကို လက္ခံမိပါသည္။
ခ်စ္ရသူေတြႏွင့္ အတူေနထိုင္ရင္း မိုင္စိုင္း ျမတ္ႏိုးရသည့္ စာေပေတြကို ဖန္တီးမည္။ ဂရိတ္ဖရု ျခံေလး၌ အလုပ္လုပ္ရင္း မိသားစုအတြက္ ဝင္ေငြရွာမည္။
အေတြးေရးေရးေလး ေတြးၾကည့္ရံုႏွင့္တင္
မိုင္စိုင္း၏ စိတ္ထဲ၌ ျဖစ္ေပၚလာရေသာ ေပ်ာ္ရႊင္၊
ၾကည္ႏူးမႈဟူသည္ အတိုင္းအဆမရွိ။ ခ်စ္ရသူဆီ အျမန္ ျပန္ႏိုင္ရန္အတြက္ စာမူကိစၥေရာ၊ အိမ္ရွာေဖြသည့္ ကိစၥပါ
လုပ္ေနရေသာ္လည္း မိုင္စိုင္းအဖို႔ေတာ့ ပင္ပန္းသည္ဟု မထင္မိပါ။
ေခါင္လြမ္းဟူေသာ ေကာင္ေလးသည္ မိုင္စိုင္း အတြက္ေတာ့ အဖိုးတန္ အားေဆးေလးပဲ မဟုတ္လား။
---- ----- ------
"ေျပာပါအံုး။ လူေလး ေနရတာ ဘယ္လိုေနလဲလို႔"
ဆရာဝန္ႀကီး၏ အေမးကို ေခါင္လြမ္းသည္ ျပန္မေျဖ။ ၾကမ္းျပင္သို႔သာ ေခါင္းကို ငံု႔ထားရင္ ၿငိမ္ၿငိမ္ေလး ထိုင္ေန၏။ အခ်ိန္အေတာ္ၾကာသည္ အထိ စကားေျပာမလာေသာ ေကာင္ေလးေၾကာင့္ ေက်ာ္ေနသာကပဲ ရွင္းျပရေတာ့သည္။
"သူ႔ရဲ႕ အဘြား ဆံုးၿပီးကတည္းက တစ္ေယာက္တည္း ငိုလိုက္၊ ရယ္လိုက္ ကေန အခုရက္ပိုင္းက စၿပီး စကားလည္း ျပန္မေျပာေတာ့ဘူး။ ၿပီးေတာ့ ငိုတာ ရယ္တာလည္း မရွိေတာ့ဘဲ ၿငိမ္က်သြားတာ။ အစားလည္း
ဘယ္လိုမွ ေကၽြးလို႔မွ မရဘူး။ ညဘက္ေတြလည္း မအိပ္ဘူး ဆရာ"
ဆရာဝန္ႀကီးသည္ ေက်ာ္ေနသာ၏ စကားအဆံုး ေခါင္လြမ္းထံ ကရုဏာသက္ေသာ အၾကည့္ျဖင့္
ၾကည့္လာ၏။
"အျခား သူေျပာတဲ့ စကားတို႔။ တတြတ္တြတ္ ေရရြတ္ေနတဲ့ စကားလံုးတို႔ ဘာတို႔ေရာရွိလား"
"ရင္ဘတ္က နာတယ္ဆိုၿပီးေတာ့ ခဏခဏ ေျပာတယ္။ ၿပီးေတာ့ ကိုကိုဆိုၿပီး ရြတ္ေနတာ"
ဆရာဝန္ႀကီးသည္ ေခါင္လြမ္း၏ ရင္ဘတ္ထံ နားၾကပ္ျဖင့္ စမ္းသပ္ရန္ ျပင္ေတာ့ အထိမခံ။ ကိုယ္ကို အေနာက္သို႔ပင္
ဆုတ္သြား၏။
"ေခါင္လြမ္းေလး မေၾကာက္နဲ႔။ ေဒါက္တာက မင္းရဲ႕ နာက်င္မႈေတြကို သက္သာေအာင္ လုပ္ေပးမွာေနာ္"
ေက်ာ္ေနသာဘက္မွ အသာေလး ေခ်ာ့ေျပာေတာ့မွ
ေရွ႕သို႔ ျပန္တိုးလာသည္။
"ဒါနဲ႔ ကိုကိုဆိုတာ သည္လူေလးရဲ႕ အစ္ကိုလား"
ဆရာဝန္ႀကီးသည္ ေခါင္လြမ္းထံ စမ္းသပ္ရင္း ေမးျမန္းလာသည္။
"အစ္ကိုေတာ့မဟုတ္ဘူး။ ေခါင္လြမ္းေလးရဲ႕ အရင္ႏွီးဆံုးလူ"
"ေကာင္ေလး တတြတ္တြတ္ ရြတ္ေနပံု ေထာက္ရင္ေတာ့ ကိုကိုဆိုတဲ့ လူအေပၚ ေတာ္ေတာ္ သံေယာဇဥ္တြယ္ရွာမယ္"
ဆရာဝန္ႀကီး၏ စကားကို ေထာက္ခံေၾကာင္း ေက်ာ္ေနသာ ေခါင္းသာ ညိတ္ျပမိသည္။ ခရစ္စမတ္ေန႔ အထိမ္းအမွတ္အတြက္ ငါးဖမ္းၾကသည့္ ေန႔တုန္းကဆို အတူသြားရန္ ေက်ာ္ေနသာ ေခၚေသာ္လည္း အတင္း ျငင္းဆန္ေနေသာ ေကာင္ေလးသည္ ကိုမိုင္စိုင္းပါ ရွိသည္ဟု ေျပာလိုက္ခ်ိန္တြင္ေတာ့ ခ်က္ခ်င္းပင္ လိုက္ရန္ သေဘာတူခဲ့၏။ ေခါင္လြမ္းသည္ ကိုမိုင္စိုင္းအေပၚ
တြယ္တာလြန္းသည္မွာ တတြတ္တြတ္ ရြတ္ေနေသာ နာမ္စားေလးသည္ သက္ေသ။ တစ္ခ်ိဳ႕ေသာ ခ်စ္ျခင္းေမတၱာေတြသည္ ေဘးလူကေတာင္ အတိုင္သား ျမင္ရသည္ အထိ ျကီးမားလြန္းလွ၏။
"ဒီလူေလးရဲ႕ လကၡဏာေတြကို ၾကည့္ရင္ Schizophrenia လို႔ေခၚတဲ့ စိတ္ကစဥ့္ကလ်ားေရာဂါကို ခံစားေနရတာ။ ဘယ္အရာမဆို အျမန္ဆံုး ကုသတာကေတာ့ အေကာင္းဆံုးပဲ။ အခ်ိန္ဆြဲေနရင္ သည္ေရာဂါက ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္တဲ့အထိ
ျဖစ္သြားႏိုင္တယ္"
ေဆးစာအုပ္ေပၚ ၾကည့္လိုက္ေတာ့ ဆယ့္ခုနစ္ႏွစ္သာ ရွိေသးသည့္ေၾကာင္း သိရသျဖင့္ ေခါင္လြမ္းကို ဆရာဝန္ႀကီးသည္ စိတ္မေကာင္းေသာ အၾကည့္ျဖင့္ ျကည့္၏။
" (Antitriptyline HCL 10 mg)
ထရစ္တာနဲ႔ ဗိုက္တာမင္ အားေဆး ေသာက္ဖို႔
ဆရာ ေဆးစာအုပ္ထဲ ေရးေပးလိုက္မယ္။ တစ္ပတ္ၾကာရင္ ျပန္လာခဲ့။ အဲအခ်ိန္ထိ ရင္ဘတ္က နာေနေသးတယ္လို႔ ေျပာလာခဲ့ရင္ ဆရာ ႏွလံုးအထူးကုဘက္ကို လႊဲေပးမယ္ ဟုတ္ၿပီလား "
"ဟုတ္ကဲ့ ဆရာ"
"ဒါနဲ႔ သည္ေကာင္ေလးရဲ႕ ကိုကိုဆိုတဲ့ လူကို ျဖစ္ႏိုင္ရင္ ေကာင္ေလးရဲ႕ ေဘးနားမွာ ရွိေစခ်င္တယ္ကြာ။ ျမန္ျမန္ သက္သာေစဖို႔ အေထာက္အကူရတာေပါ့"
--- -- ---
ယေန႔သည္ မိုင္စိုင္းအတြက္ေတာ့ ရက္ရာဇာ ျဖစ္လိမ့္မည္။ အိမ္ကိစၥ အဆင္ေျပသည့္အျပင္ လြမ္းငယ္ေလးကပါ ရန္ကုန္သို႔ ေရာက္ေနေၾကာင္း ေက်ာ္ေနသာသည္
ဖုန္းဆက္၍ အေၾကာင္းၾကားလာ၏။ ခ်စ္ရသူ အေၾကာင္း ေတြးမိသည့္ႏွင့္ ႏွလံုးသားရပ္ဝန္းေလးမွာ ပို၍ ေႏြးေထြးလာရသည္။ တစ္လခြဲေက်ာ္ အၾကာမွ ျပန္လည္
ဆံုေတြ႕ရျခင္းေၾကာင့္ ေပ်ာ္ရႊင္ျခင္းႏွင့္ အတူ စိတ္လႈပ္ရွားျခင္းကပါ မိုင္စိုင္း၏ စိတ္ဝိညာဥ္၌ ဝင္ေရာက္ ေနရာယူ၏။ သည္းငယ္ႏွင့္ ျပန္ေတြ႕လၽွင္ ဂြမ္းလံုးဟု
ေခၚကာ စိတ္ဆိုးသြားေအာင္ မိုင္စိုင္း စေနာက္ဦးမည္။ အျဖဴေရာင္ ဆံႏြယ္ေလးမ်ားကိုလည္း တစ္ဝႀကီး
နမ္းရိွုက္ပစ္ပါဦးမည္။
ခ်စ္ရသူ ပိုင္စိုးထားေသာ အေတြးယာဥ္ေၾကာေလးသည္ ရန္ခုန္၊ စိတ္လႈပ္ရွားမႈတို႔ျဖင့္ အျပည့္။ လမ္းသြယ္ေလးထဲသို႔ ျဖည္းျဖည္းခ်င္း ေမာင္းႏွင္လာေသာ ကားေလးမွာ ႏွစ္ထပ္တိုက္ အျပာေရာင္ေလးေရွ႕၌ ရပ္တန္႔သြားေတာ့သည္။ ကားထဲမွ မိုင္စိုင္းကို ျမင္သည္ႏွင့္ တိုက္ေရွ႕၌ ရပ္ေစာင့္ေနေသာ ေက်ာ္ေနသာသည္ ကားအနားသို႔ ေလၽွာက္လာ၏။ လိပ္စာမွန္၊ မမွန္မွန္ စူးစမ္းေနခ်ိန္ ေက်ာ္ေနသာကို ေတြ႕လိုက္ရသျဖင့္ မိုင္စိုင္း စိတ္ေအးသြားရသည္။
"အစ္ကို သည္အိမ္ေရွ႕နားမွာ ကားပါကင္ထိုးရင္ အဆင္ေျပေလာက္လား"
"အဆင္ေျပပါတယ္ ကိုမိုင္စိုင္း"
ခြင့္ျပဳခ်က္ရသည္ႏွင့္ အိမ္ေရွ႕နားေလး၌ ကားကို ပါကင္ထိုးလိုက္သည္။ ကားေပၚမွ ေပ်ာ္ရႊင္စြာ ဆင္းလာသည့္ ကိုမိုင္စိုင္းကို ျမင္သည္ႏွင့္ ေက်ာ္ေနသာ
သက္ျပင္းခ်မိပါ၏။ေခါင္လြမ္းပါလာသည္ဟု ေျပာလိုက္သျဖင့္ ေပ်ာ္ရႊင္သြားေသာ ကိုမိုင္စိုင္း၏ အသံကို
ေက်ာ္ေနသာ၏ နားထဲ၌ ယခုထိေအာင္ အမွတ္ရေနတုန္း ျဖစ္သည္။ ေခါင္လြမ္း၏ အေျခအေန အမွန္ကို မသိေသးေသာ မိုင္စိုင္းသည္ မ်က္ႏွာ၌ အျပံဳးေတြျဖင့္သာ ျပည့္ႏွက္ေနေလ၏။
"ဘယ္လိုလုပ္ ရန္ကုန္ ေရာက္လာၾကတာတုံး။
အကိုေတာင္ ေနာက္ႏွစ္ပတ္ေလာက္ဆို ျပန္လာေတာ့မလို႔"
"ေခါင္လြမ္းရဲ႕ အဘြား ဆံုးသြားၿပီ ကိုမိုင္စိုင္း"
ျပံဳးရႊင္ေနေသာ မ်က္ႏွာသည္ အရုပ္က်ိဳးပ်က္သလို႔ ေတာင့္တင္းသြားရသည္။ အျမင့္မွေန တြန္းခ် ခံလိုက္ရသလို ခံစားမႈမ်ိဳးမွာ ခံရခက္လြန္းလွ၏။
ေစာနတုန္းကထိ ေပ်ာ္ရႊင္ျခင္းတို႔ျဖင့္ ျပည့္ႏွက္ခဲ့ေသာ မိုင္စိုင္း၏ ခံစားမႈမ်ားသည္ ယခုေတာ့ ကြဲေၾကသြားေသာ
ဖန္ကြဲစေတြလို။ ေပ်ာ္ရႊင္ျခင္းႏွင့္ ဝမ္းနည္းျခင္းတို႔သည္
ေနေရာင္ျခည္ႏွင့္ အခန္းငယ္ေလးကို ျခားထားသည့္ လိုက္ကာငယ္လိုပါပဲ။ လိုက္ကာငယ္ေလး လြင့္သြားသည္ႏွင့္ မိုင္စိုင္း၏ အခန္းအတြင္းသို႔ ဝမ္းနည္း၊ ေၾကကြဲမႈတို႔သည္ အလုအယက္ ဝင္ေရာက္လာၾက၏။
ေရဒီယိုေလးေတြ နားေထာင္ကာ ျပံဳးရႊင္ေနတတ္ေသာ ေျမးအဖြား ႏွစ္ေယာက္၏ ပံုရိပ္ ၊ အဘြား၏
ေခ်ာင္းဆိုးသံကို ၾကားရသည္ႏွင့္ ေရေႏြးကို အေျပးသြားယူတတ္သည့္ ေကာင္ေလး၏ ပံုရိပ္သည္ မိုင္စိုင္း၏ အေတြးထဲ၌ အေႏွးျပကြက္ေတြလို တစ္ခုခ်င္းစီ ေပၚလာေတာ့သည္။
"လြမ္းငယ္ အဆင္ေျပရဲ႕လား"
ေပ်ာ္ရႊင္၊တက္ႂကြမႈတို႔ ပ်က္သုန္းသြားေသာ မိုင္စိုင္း၏ အသံမွာ ခပ္တိုးတိုးသာ ထြက္လာေတာ့၏။ အဆင္ေျပမည္ မဟုတ္မွန္ မိုင္စိုင္း အတပ္ သိေနသည့္ၾကားမွ ေသးငယ္ေသာ ေမၽွာ္လင့္ခ်က္ေလးျဖင့္ ေမးလိုက္မိသည္။
"ေခါင္လြမ္းကို စိတ္က်န္းမာေရး ဆရာဝန္နဲ႔ ျပေနရၿပီ"
"စိတ္က်န္းမာေရး ဆရာဝန္"
မယံုၾကည္ႏိုင္စြာ ေရရြတ္လိုက္မိေတာ့ ထြက္လာေသာ အသံသည္ တုန္တုန္ရီရီႏွင့္သာ။
#28.6.21
--- --- ---
Schizophrenia (စခီဇိုဖရီးနီးယား)
လို႔ေခၚတဲ့ စိတ္ကစဥ့္ကလ်ားေရာဂါဟာ
၁၆ႏွစ္မွ ၃၀ အရြယ္ လူငယ္ေတြမွာ
ျဖစ္ေလ့ရွိၿပီး လူအေယာက္၁၀၀မွာ
၁ေယာက္ ခံစားေနရတဲ့ ေရာဂါပါ။
တစ္ကမၻာလံုး အတိုင္းအတာနဲ႔ဆိုရင္ေတာ့
လူေပါင္း သိန္း ၂၀ေလာက္ထိေအာင္ ခံစားေနရတယ္တဲ့။
လကၡဏာေတြက အရယ္အျပံဳး နည္းလာမယ္။
ရက္အေတာ္ၾကာတဲ့အထိ စကားေျပာတာမ်ိဳး
မရွိေတာ့တဲ့အျပင္ သူတို႔ အခန္းေလးထဲမွာပဲ
ေနၾကေတာ့တယ္။
စိတ္အာရံုေတြ ေျခာက္ျခားလာတဲ့ အတြက္ အိပ္မေပ်ာ္တာမ်ိဳးေတြ ရွိလာမယ္။
အေျခအေန အရမ္း ဆိုးလာရင္ေတာ့
သက္ေသတဲ့ အထိကို ရွိလာႏိုင္တယ္။
ဒီေရာဂါက မ်ိဳးရိုးရွိတဲ့လူေတြ၊ ငယ္စဥ္က စိတ္ဒဏ္ရာ ႀကီးႀကီးမားမားရွိခဲ့တဲ့လူေတြနဲ႔ ခုခံအားစနစ္ ေရာဂါရွိတဲ့ လူေတြဆီမွာ ပိုအျဖစ္မ်ားတာ ေတြ႕ရပါတယ္။
ေလရွည္သြားၿပီ >*<