ဇာတ္လိုက္ရဲ႕ဗီလိန္မိေထြး/ဇာတ်...

By crystalmoonlit

1.1M 179K 2.8K

Author(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alp... More

Description
၀၁
၀၂
၀၃
၀၄
၀၅
၀၆
၀၇
၀၈
၀၉
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆
၄၇
၄၈
၄၉
၅၀
၅၁
၅၂
၅၃
၅၄
၅၅
၅၆
၅၇
၅၈
၅၉
၆၀
၆၁
၆၂
၆၃
၆၄
၆၅
၆၆
၆၇
၆၈
၆၉
၇၀
၇၁
၇၂
၇၃
၇၄
၇၅
၇၆
၇၇
၇၈
၇၉
၈၀
၈၁
၈၂
၈၃
၈၄
၈၅
၈၆
၈၇
၈၈
၈၉
၉၀
၉၁
၉၂
၉၃
၉၄
၉၅
၉၆
၉၇
၉၈
၉၉
၁၀၀
၁၀၁
၁၀၂
၁၀၃
၁၀၄
၁၀၅
၁၀၆
၁၀၇
၁၀၈
၁၀၉
၁၁၀
၁၁၁
၁၁၂
၁၁၃
၁၁၄
၁၁၅
၁၁၆
၁၁၇
၁၁၈
၁၁၉
၁၂၀
၁၂၁
၁၂၂
၁၂၃
၁၂၄
၁၂၅
၁၂၆
၁၂၇
၁၂၈
၁၂၉
၁၃၀
၁၃၁
၁၃၂
၁၃၃
၁၃၄
၁၃၅
၁၃၆
၁၃၇
၁၃၈
၁၃၉
၁၄၀
၁၄၁
၁၄၂
၁၄၃
၁၄၅
၁၄၆
၁၄၇
၁၄၈
၁၄၉
၁၅၀
၁၅၁
၁၅၂
၁၅၃
၁၅၄
၁၅၅
၁၅၆
၁၅၇
၁၅၈
၁၅၉
၁၆၀
၁၆၁
၁၆၂
၁၆၃
၁၆၄
၁၆၅
၁၆၆
၁၆၇
၁၆၈
၁၆၉
၁၇၀
၁၇၁
၁၇၂
၁၇၃
၁၇၄
၁၇၅
၁၇၆
၁၇၇
၁၇၈
၁၇၉
၁၈၀
၁၈၁
၁၈၂
၁၈၃
၁၈၄
၁၈၅
၁၈၆
၁၈၇
၁၈၈
၁၈၉
၁၉၀
၁၉၁
၁၉၂
၁၉၃
၁၉၄
၁၉၅
၁၉၆
၁၉၇
၁၉၈
၁၉၉

၁၄၄

3.2K 567 5
By crystalmoonlit

အပိုင္း (၁၄၄) - ဂလက္ဆီဂီတေက်ာင္းကကေလးေတြ၏ေဆာ့ကစားပြဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အစားအေသာက္ေတြ အကုန္စားေသာက္ပီးတဲ့ေနာက္ေတာ့ က်န္းယြမ္က်ားသည္ စတင္ပီး အိပ္ငိုက္လာသည္။ စားေသာက္ဆိုင္မွာ စားေနတုန္းကေတာ့ မျဖစ္ေသးေပ။ အခုေတာ့ သူ႔ေမေမက သူ႔ကို ကားထဲခ်ီသြားသည့္အခါ က်န္းယြမ္က်ားသည္ မေနႏိုင္ေတာ့ပဲ မ်က္လံုးေတြကို ပြတ္လိုက္ကာ တိုးတိုးေလးေျပာလာသည္။ "ေမေမ သားအိပ္ခ်င္တယ္"

"ဒါဆိုရင္ မ်က္လံုးေတြပိတ္ထားလိုက္ပီး ခဏေလာက္အိပ္လိုက္ေလ ဒီခံုမွာ ေနာက္ကိုေတာင္မွီထားလို႔ရတယ္ သက္ေတာင့္သက္သာရွိတယ္မလား?"

ယန္ရႈယြီသည္ ကေလးထိုင္ခံုကို ပုတ္ျပလိုက္သည္။ အခုလိုအိပ္ငိုက္လာတာကို သူမ မအံ့ၾသေပ။ ဘာပဲျဖစ္ျဖစ္ သူမသားဆီမွာ ေန႔လည္ခင္းတစ္ေရးအိပ္တတ္သည့္ အက်င့္ေလးရွိထားသည္ေလ။

နည္းနည္းေတြးလိုက္ပီးသည့္ေနာက္ ကားထဲမွာရွိေနသည့္ ေနာက္ကေလးတစ္ေယာက္ကိုလည္း ၾကည့္လိုက္သည္။ "ေရွာင္ယိ သားေကာ တစ္ေရးေလာက္ အိပ္ခ်င္လား?"

က်ိဳးယိလည္းပဲ မ်က္လံုးေလးေတြပြတ္လိုက္ပီး ေျပာလာသည္။ "အင္း"

"အိုေက ဒါဆိုရင္ ႏွစ္ေယာက္လံုးမ်က္လံုးေတြမွိတ္ထားလိုက္ပီး စကားေတြမေျပာေတာ့နဲ႔ေနာ္ သားတို႔ႏိုးလာတဲ့အခါၾကရင္ အန္တီတို႔က ဂီတေက်ာင္းကိုေတာင္ ေရာက္ေနေလာက္ပီ"

က်ိဳးခ်င္းဟယ္က သူ႔သားအတြက္ ခါးပတ္ကို ပတ္ေပးလိုက္ေနာက္ ကေလးႏွစ္ေယာက္လံုးကို ၾကည့္လိုက္ကာ ကားေနာက္ဖံုးထဲက ေစာင္ႏွစ္ထည္ကို ထုတ္လာသည္။ တစ္ထည္က ေတာ္ေတာ္ေလးကိုႀကီးသည္။ သူသည္ ေစာင္ကို ျဖန္႔လိုက္ပီး ကေလးႏွစ္ေယာက္လံုးေပၚ ျခံဳေပးလိုက္သည္။ ေနာက္ေတာ့ ေနာက္တစ္ထည္အား ယန္ရႈယြီထံေပးလာသည္။

"ကၽြန္မက အဆင္ေျပပါတယ္ တကယ္ပါ ကၽြန္မေန႔လည္အိပ္တတ္တဲ့အက်င့္မရွိဘူး ဟဟဟ" ယန္ရႈယြီသည္ ပါးစပ္ကသာ ယဥ္ေက်းသမႈျဖင့္ ေျပာေနရေပမယ့္ တစ္ဖက္လူေပးလာသည့္ ေစာင္ေလးကိုေတာ့ လက္ခံလိုက္ပီျဖစ္သည္။ ကားထဲေရာက္သြားပီးသည္ႏွင့္ သူမသည္ ရွက္မေနေတာ့ပဲ ခံုကို အေနာက္နည္းနည္းလွဲခ်လိုက္ကာ ေစာင္ကို ျခံဳလိုက္ပီး ဖုန္းကိုေဆာ့ေတာ့သည္။

လူႀကီးတစ္ေယာက္ ကေလးႏွစ္ေယာက္တို႔က သက္ေတာ့သက္သာျဖစ္သြားပီးသည့္ေနာက္ တစ္ေယာက္တည္းအလုပ္ေတြရႈပ္ေနသည့္ က်ိဳးခ်င္းဟယ္က ပိုလို႔ေတာင္သနားစရာပံုေလးျဖစ္သြားေတာ့သည္။

ယန္ရႈယြီသည္ ထိုလူ၏ေဘးတိုက္ပံုကို သူမမ်က္လံုးေထာင့္ကေန ျမင္လိုက္ေတာ့ ေဘာ့စ္အတြက္ ဒီေန႔ ဘာေၾကာင့္ကားေမာင္းသမားမပါလဲဆိုတာကို သူမ႐ုတ္တရပ္သတိရလိုက္သည္။ ေနာက္ခန္းခံုတစ္ခုလံုးက ကေလးေတြခံုႏွင့္ျပည့္ေနပီျဖစ္ကာ သူမတို႔၄ေယာက္အတြက္ ေနရာမေလာက္ဘူးေလ။

သူတို႔က ကားႏွစ္စီးသံုးလို႔ရေပမယ့္ ဒါက ျဖဳန္းတီးရာလည္းက်သလို ဒီလိုသာမန္ပြဲေလးတစ္ခုအတြက္ ကားႏွစ္စီးသံုးတာက ပတ္ဝန္းက်င္အတြက္လည္း က်န္းမာေရးမေကာင္းမြန္ေစေပ။ ေဘာ့စ္ကိုယ္တိုင္ကားေမာင္းတာက ပိုအဆင္ေျပသည္ေလ။

ထိုေန႔လည္ခင္းက ေကာင္းမြန္လွသည့္ေန႔လည္စာအပီးမွာေတာ့ ယန္ရႈယြီဆီမွာ ေဘာ့စ္၏အမွတ္က အနည္းငယ္တက္သြားသည္။ ေဘာ့စ္တစ္ေယာက္ သူမတို႔ကို ေန႔လည္စာလည္းလိုက္ေကၽြးရပီး သူမတို႔ကိုလည္းေစာင့္ေပးေနရတာကို ျမင္ေတာ့ သူမသည္ ေဘာ့စ္အတြက္ ၂စကၠန္႔ေလာက္ စိတ္မေကာင္းျဖစ္သြားသည္။

ဒါေပမယ့္ သူမက ၾကာၾကာစိတ္မေကာင္းမျဖစ္ပါဘူး။ သူမ အင္တာနက္ကိုမသံုးခင္ စကၠန္႔ေတာ္ေတာ္မ်ားမ်ားကို ေဘာ့စ္အတြက္ အာရံုစိုက္ထားေပးပီးပီေလ။ သူမသည္ အင္တာနက္ကို ေပ်ာ္ေပ်ာ္ႀကီးသံုးေနရင္း သမ္းေဝးေနေတာ့သည္။ တျဖည္းျဖည္းႏွင့္ သူမလည္းပဲ အေနာက္က ကေလးႏွစ္ေယာက္လို ၾကည့္မေကာင္းေအာင္ အိပ္ေပ်ာ္သြားေတာ့သည္။

အိပ္ေပ်ာ္သြားဖို႔စိတ္ကူးမရွိသည့္ယန္ရႈယြီသည္ ေဘာ့စ္ေၾကာင့္ ႏိုးလာသည္။ မိနစ္ပိုင္းေလးေလာက္သာ အိပ္ေပ်ာ္သြားသည္ဟု သူမထင္လိုက္ေပမယ့္ သူမနာရီကိုၾကည့္လိုက္ေတာ့ ၂နာရီေတာင္ထိုးေတာ့မည္။ သူမနည္းနည္းလန္႔သြားပီး "ကၽြန္မတို႔ေတာ့ ေနာက္က်ေတာ့မွာပဲ"

"ဟင့္အင္း ကိုယ္တု႔ိေနာက္မက်ပါဘူး ကိုယ္တို႔က ေရာက္ေတာင္ေရာက္ေနပီေလ" ဟု ေဘာ့စ္က တည္ၿငိမ္စြာျဖင့္ ေျပာလာသည္။

ယန္ရႈယြီသည္ ဒါကိုၾကားသည့္အခါ ျပတင္းေပါက္ကေန အျပင္ကိုၾကည့္လိုက္ေတာ့ သူမတို႔က ဂီတေက်ာင္းေရွ႕က ကားရပ္ရမည့္ေနရာမွာေတာင္ ကားကိုရပ္ထားပီးပီျဖစ္သည္။ သူမသည္ အေတြးပါသည့္အၾကည့္ျဖင့္ သူ႔အားၾကည့္လိုက္ပီး ေမးလိုက္သည္။ "ကၽြန္မတို႔ ဒီကိုေရာက္ေနတာ နည္းနည္းၾကာသြားပီမလား?"

"ဟင့္အင္း အရမ္းႀကီးမၾကာေသးပါဘူး"

က်ိဳးခ်င္းဟယ္သည္ ခပ္တည္တည္သာေျပာလိုက္ေပမယ့္ ယန္ရႈယြီသည္ သူမအလိုလိုက္ခံလိုက္ရသကဲ့သို႔ေသာ ခံစားခ်က္လိုမ်ိဳး ထူးဆန္းသည့္ခံစားခ်က္ကို ရလိုက္သည္။

မိနစ္တိုင္း ယြမ္ေပါင္းသန္းခ်ီေနသည့္ ဆံုးျဖတ္ခ်က္ေတြကို လုပ္ရသည့္ေဘာ့စ္တစ္ေယာက္က သူ႔ရဲ႕သန္းခ်ီတန္သည့္စီးပြားေရးလုပ္ငန္းေတြကို ေဘးခ်ထားခဲ့ပီး သူမတို႔အဆင့္ထိဆင္းလာကာ သူမတို႔ကို ေန႔လည္စာလည္း လိုက္ေကၽြးသည့္အျပင္ သူမတို႔အတြက္ ကားေမာင္းသမားေနရာကိုပါ ယူေပးသလို သူမတို႔ သူ႔ကားထဲမွာ အိပ္ေပ်ာ္သြားသည့္ခ်ိန္ သူက အခ်ိန္ကုန္ခံပီး သူမတို႔ကို ေစာင့္ေပးေနတယ္ဆိုတာကို သူမစိတ္ထဲမွတ္ထားမွရမည္။ ဒီအရာေတြအားလံုးကို ေဘာ့စ္ကေနပီး သူမႏွင့္ ကားေပၚတြင္ အိပ္ေပ်ာ္ေနေသာသူမသားအတြက္ လုပ္ေပးတာမဟုတ္ေပမယ့္လညး္ ယန္ရႈယြီ နည္းနည္းေတာ့ဂုဏ္တက္သြားသည္။

ဒီလိုခ်မ္းသာပီး လူႀကီးလူေကာင္းဆန္သည့္ေဘာ့စ္မ်ိဳး၊ ဒီလိုလူကို လက္ေလ်ာ့လိုက္ရတာ ငါးအႀကီးႀကီးကို လြတ္သြားသလိုမ်ိဳး ယန္ရႈယြီ ခံစားလိုက္ရသည္။ 


.
.
.



အပိုင်း (၁၄၄) - ဂလက်ဆီဂီတကျောင်းကကလေးတွေ၏ဆော့ကစားပွဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အစားအသောက်တွေ အကုန်စားသောက်ပီးတဲ့နောက်တော့ ကျန်းယွမ်ကျားသည် စတင်ပီး အိပ်ငိုက်လာသည်။ စားသောက်ဆိုင်မှာ စားနေတုန်းကတော့ မဖြစ်သေးပေ။ အခုတော့ သူ့မေမေက သူ့ကို ကားထဲချီသွားသည့်အခါ ကျန်းယွမ်ကျားသည် မနေနိုင်တော့ပဲ မျက်လုံးတွေကို ပွတ်လိုက်ကာ တိုးတိုးလေးပြောလာသည်။ "မေမေ သားအိပ်ချင်တယ်"

"ဒါဆိုရင် မျက်လုံးတွေပိတ်ထားလိုက်ပီး ခဏလောက်အိပ်လိုက်လေ ဒီခုံမှာ နောက်ကိုတောင်မှီထားလို့ရတယ် သက်တောင့်သက်သာရှိတယ်မလား?"

ယန်ရှုယွီသည် ကလေးထိုင်ခုံကို ပုတ်ပြလိုက်သည်။ အခုလိုအိပ်ငိုက်လာတာကို သူမ မအံ့သြပေ။ ဘာပဲဖြစ်ဖြစ် သူမသားဆီမှာ နေ့လည်ခင်းတစ်ရေးအိပ်တတ်သည့် အကျင့်လေးရှိထားသည်လေ။

နည်းနည်းတွေးလိုက်ပီးသည့်နောက် ကားထဲမှာရှိနေသည့် နောက်ကလေးတစ်ယောက်ကိုလည်း ကြည့်လိုက်သည်။ "ရှောင်ယိ သားကော တစ်ရေးလောက် အိပ်ချင်လား?"

ကျိုးယိလည်းပဲ မျက်လုံးလေးတွေပွတ်လိုက်ပီး ပြောလာသည်။ "အင်း"

"အိုကေ ဒါဆိုရင် နှစ်ယောက်လုံးမျက်လုံးတွေမှိတ်ထားလိုက်ပီး စကားတွေမပြောတော့နဲ့နော် သားတို့နိုးလာတဲ့အခါကြရင် အန်တီတို့က ဂီတကျောင်းကိုတောင် ရောက်နေလောက်ပီ"

ကျိုးချင်းဟယ်က သူ့သားအတွက် ခါးပတ်ကို ပတ်ပေးလိုက်နောက် ကလေးနှစ်ယောက်လုံးကို ကြည့်လိုက်ကာ ကားနောက်ဖုံးထဲက စောင်နှစ်ထည်ကို ထုတ်လာသည်။ တစ်ထည်က တော်တော်လေးကိုကြီးသည်။ သူသည် စောင်ကို ဖြန့်လိုက်ပီး ကလေးနှစ်ယောက်လုံးပေါ် ခြုံပေးလိုက်သည်။ နောက်တော့ နောက်တစ်ထည်အား ယန်ရှုယွီထံပေးလာသည်။

"ကျွန်မက အဆင်ပြေပါတယ် တကယ်ပါ ကျွန်မနေ့လည်အိပ်တတ်တဲ့အကျင့်မရှိဘူး ဟဟဟ" ယန်ရှုယွီသည် ပါးစပ်ကသာ ယဉ်ကျေးသမှုဖြင့် ပြောနေရပေမယ့် တစ်ဖက်လူပေးလာသည့် စောင်လေးကိုတော့ လက်ခံလိုက်ပီဖြစ်သည်။ ကားထဲရောက်သွားပီးသည်နှင့် သူမသည် ရှက်မနေတော့ပဲ ခုံကို အနောက်နည်းနည်းလှဲချလိုက်ကာ စောင်ကို ခြုံလိုက်ပီး ဖုန်းကိုဆော့တော့သည်။

လူကြီးတစ်ယောက် ကလေးနှစ်ယောက်တို့က သက်တော့သက်သာဖြစ်သွားပီးသည့်နောက် တစ်ယောက်တည်းအလုပ်တွေရှုပ်နေသည့် ကျိုးချင်းဟယ်က ပိုလို့တောင်သနားစရာပုံလေးဖြစ်သွားတော့သည်။

ယန်ရှုယွီသည် ထိုလူ၏ဘေးတိုက်ပုံကို သူမမျက်လုံးထောင့်ကနေ မြင်လိုက်တော့ ဘော့စ်အတွက် ဒီနေ့ ဘာကြောင့်ကားမောင်းသမားမပါလဲဆိုတာကို သူမရုတ်တရပ်သတိရလိုက်သည်။ နောက်ခန်းခုံတစ်ခုလုံးက ကလေးတွေခုံနှင့်ပြည့်နေပီဖြစ်ကာ သူမတို့၄ယောက်အတွက် နေရာမလောက်ဘူးလေ။

သူတို့က ကားနှစ်စီးသုံးလို့ရပေမယ့် ဒါက ဖြုန်းတီးရာလည်းကျသလို ဒီလိုသာမန်ပွဲလေးတစ်ခုအတွက် ကားနှစ်စီးသုံးတာက ပတ်ဝန်းကျင်အတွက်လည်း ကျန်းမာရေးမကောင်းမွန်စေပေ။ ဘော့စ်ကိုယ်တိုင်ကားမောင်းတာက ပိုအဆင်ပြေသည်လေ။

ထိုနေ့လည်ခင်းက ကောင်းမွန်လှသည့်နေ့လည်စာအပီးမှာတော့ ယန်ရှုယွီဆီမှာ ဘော့စ်၏အမှတ်က အနည်းငယ်တက်သွားသည်။ ဘော့စ်တစ်ယောက် သူမတို့ကို နေ့လည်စာလည်းလိုက်ကျေွးရပီး သူမတို့ကိုလည်းစောင့်ပေးနေရတာကို မြင်တော့ သူမသည် ဘော့စ်အတွက် ၂စက္ကန့်လောက် စိတ်မကောင်းဖြစ်သွားသည်။

ဒါပေမယ့် သူမက ကြာကြာစိတ်မကောင်းမဖြစ်ပါဘူး။ သူမ အင်တာနက်ကိုမသုံးခင် စက္ကန့်တော်တော်များများကို ဘော့စ်အတွက် အာရုံစိုက်ထားပေးပီးပီလေ။ သူမသည် အင်တာနက်ကို ပျော်ပျော်ကြီးသုံးနေရင်း သမ်းဝေးနေတော့သည်။ တဖြည်းဖြည်းနှင့် သူမလည်းပဲ အနောက်က ကလေးနှစ်ယောက်လို ကြည့်မကောင်းအောင် အိပ်ပျော်သွားတော့သည်။

အိပ်ပျော်သွားဖို့စိတ်ကူးမရှိသည့်ယန်ရှုယွီသည် ဘော့စ်ကြောင့် နိုးလာသည်။ မိနစ်ပိုင်းလေးလောက်သာ အိပ်ပျော်သွားသည်ဟု သူမထင်လိုက်ပေမယ့် သူမနာရီကိုကြည့်လိုက်တော့ ၂နာရီတောင်ထိုးတော့မည်။ သူမနည်းနည်းလန့်သွားပီး "ကျွန်မတို့တော့ နောက်ကျတော့မှာပဲ"

"ဟင့်အင်း ကိုယ်တု့ိနောက်မကျပါဘူး ကိုယ်တို့က ရောက်တောင်ရောက်နေပီလေ" ဟု ဘော့စ်က တည်ငြိမ်စွာဖြင့် ပြောလာသည်။

ယန်ရှုယွီသည် ဒါကိုကြားသည့်အခါ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တော့ သူမတို့က ဂီတကျောင်းရှေ့က ကားရပ်ရမည့်နေရာမှာတောင် ကားကိုရပ်ထားပီးပီဖြစ်သည်။ သူမသည် အတွေးပါသည့်အကြည့်ဖြင့် သူ့အားကြည့်လိုက်ပီး မေးလိုက်သည်။ "ကျွန်မတို့ ဒီကိုရောက်နေတာ နည်းနည်းကြာသွားပီမလား?"

"ဟင့်အင်း အရမ်းကြီးမကြာသေးပါဘူး"

ကျိုးချင်းဟယ်သည် ခပ်တည်တည်သာပြောလိုက်ပေမယ့် ယန်ရှုယွီသည် သူမအလိုလိုက်ခံလိုက်ရသကဲ့သို့သော ခံစားချက်လိုမျိုး ထူးဆန်းသည့်ခံစားချက်ကို ရလိုက်သည်။

မိနစ်တိုင်း ယွမ်ပေါင်းသန်းချီနေသည့် ဆုံးဖြတ်ချက်တွေကို လုပ်ရသည့်ဘော့စ်တစ်ယောက်က သူ့ရဲ့သန်းချီတန်သည့်စီးပွားရေးလုပ်ငန်းတွေကို ဘေးချထားခဲ့ပီး သူမတို့အဆင့်ထိဆင်းလာကာ သူမတို့ကို နေ့လည်စာလည်း လိုက်ကျေွးသည့်အပြင် သူမတို့အတွက် ကားမောင်းသမားနေရာကိုပါ ယူပေးသလို သူမတို့ သူ့ကားထဲမှာ အိပ်ပျော်သွားသည့်ချိန် သူက အချိန်ကုန်ခံပီး သူမတို့ကို စောင့်ပေးနေတယ်ဆိုတာကို သူမစိတ်ထဲမှတ်ထားမှရမည်။ ဒီအရာတွေအားလုံးကို ဘော့စ်ကနေပီး သူမနှင့် ကားပေါ်တွင် အိပ်ပျော်နေသောသူမသားအတွက် လုပ်ပေးတာမဟုတ်ပေမယ့်လညး် ယန်ရှုယွီ နည်းနည်းတော့ဂုဏ်တက်သွားသည်။

ဒီလိုချမ်းသာပီး လူကြီးလူကောင်းဆန်သည့်ဘော့စ်မျိုး၊ ဒီလိုလူကို လက်လျော့လိုက်ရတာ ငါးအကြီးကြီးကို လွတ်သွားသလိုမျိုး ယန်ရှုယွီ ခံစားလိုက်ရသည်။ 

Continue Reading

You'll Also Like

1.2M 78.3K 47
အသက်တမျှချစ်ပါသော်လည်း ထုတ်ဖော်မပြတတ် ရင် ကိုယ်ချစ်တဲ့အချစ်က ချစ်ရသူကို နာကျင်မှုတွေသာ ပေးသလိုဖြစ်နေတတ်သည်။ အသက္တမ်ွခ်စ္ပါေသာ္လည္း ထုတ္ေဖာ္မျပတတ္ ရ...
379K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
502K 12.1K 49
အသက်ရှုသံအလိုက် စည်းချက်ညီညီလှုပ်ရှားနေသည့် ဒီလူကြီးရဲ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်ကိုသဘောကျသည်။... ဟန်မင်းသိုက်+ယုခွန်းခ အသက္ရႈသံအလိုက္ စည္းခ်က...