မနက်မိုးလင်းလာတော့ ဂျယ်ယွန်း သူ့ဘေးကို ကြည့်လိုက်မိတော့ မနေ့ညက သူ့ကို ဖတ်အိပ်နေတဲ့ လူကြီးက မရှိတော့ဘူး။
" သားရေ ထတော့ အောက်မှာ မနက်စာစားဖို့စောင့်နေတယ် "
မေမေ့ရဲ့ ခေါ်သံကြောင့် မြန်မြန် မျက်နှာသစ် သွားတိုက်ပြီး အောက်ထပ်ကို ဆင်းသွားတော့ အနောက်တိုင်း ဝတ်စုံကို ကျကျနန ဝတ်ပြီး ထမင်းစားဝိုင်းထဲ ထိုင်နေတဲ့ သူ့ရဲ့ လူကြီး
ဒီနေ့က ကျောင်းပိတ်တဲ့ ရက်ဖြစ်တာကြောင့် နာရီ Alarm မပေးမိတာနဲ့ တော်တော်နောက်ကျမှ နိူးလာခဲ့တာ သူနိုးလာတဲ့ အချိန်မှာ ဘာတွေဖြစ်ကုန်တာလဲ။
ထမင်းစားခန်းထဲ လာရင်း ဧည့်ခန်းက စားပွဲပေါ် ကြည့်လိုက်တော့လည်း စာရွက်စာတန်းတွေအပြည့်ဘဲ
ပြီးတော့ Jay သူကလည်း ဘာကိစ္စ အနောက်တိုင်း ဝတ်စုံကို ပြောင်းဝတ်ထားရတာလဲ။
ဒီတိုင်း ညကပေးတဲ့ ပေါ့ပေါ့ပါးပါးစဝတ်စုံလေးကို ဝတ်တာမဟုတ်ဘူး။
ထမင်းဝိုင်းထဲ ဝင်ထိုင်လိုက်တာ ဂျယ်ယွန်း မေမေပြင်ပေးတဲ့ ကော်ဖီနဲ့ ပေါင်မုန့်မီးကင်ကိုသာ ငုံပြီး တရပ်စပ်စားနေတော့သည်။
" သား ဂျယ်ယွန်း ဒီနေ့ စေ့စပ်ပွဲလုပ်ပြီး သွားစရာရှိတာ အဖေတို့တော့ မလိုက်တော့ဘူး jay နဲ့ သွားလိုက်နော် "
" အ ဟွ ဟွ --"
စေ့စပ်မယ် မမြန်လွန်းဖူးလား။
တွေ့ကြည့်မယ် ဆိုရင်တော့ မမြန်ပါဘူး ဘာလို့ဆို သူ ကျောင်းပြီးတော့မယ်လေ ဒီစာမေးပွဲဖြေပြီးတာတဲ့ ဘွဲ့ယူတာကိုဘဲ စောင့်ရတော့မှာ လေ ။
ငြင်းလို့မရမှန်း သိပေမယ့်လည်း ငြိင်းချင်ပေမယ့် မငြင်းရက်ဘူး။ အရင်စိတ်နဲ့ဆို ကျွန်တော် မလုပ်နိုင်ဘုးဆို ပြီး ပြောရင်း ထွက်သွားမိမှာ
တကယ်ဘဲ ချစ်မိသွားပြီလား သူ့ကိုလေ??
စားနေရင်း သီးသွားတာကြောင့် Jay လှမ်းပေးသည့် ရေကို မြန်မြန် သောက်ချမိသည်။
" အရမ်းကြီး မသောက်နဲ့အုန်းလေ ပြန်သီးအုန်းမယ် ယွန်းလေးရယ်"
အမှန်တိုင်းပြောရရင် Jaeyun အတွက် Jay က နွေးထွေးတဲ့ သူတစ်ယောက် ဆိုတာကိုတော့ လက်ခံသည်။ ရည်းစားမထားဖူးဘူးလား ဆိုတော့ ထားဖူးသည်။ တွဲလာသမျှ ကောင်မလေးတွေထဲ Jay လောက် သူ့ကို ဂရုမစိုက်ကြဘူး။
ပြောရရင် သူ့ရဲ့ မိသားစုနောက်ခံကို ကြည့်ပြီး ချင်းကပ်ကြတဲ့ သူတွေဘဲ။ ခံစားချက်တွေက အပေါ်ယံတွေကြီးဘဲ။
Jay နဲ့ကျ မတူဖူး။ သူနဲ့ တူတူရှိနေတဲ့ အချိန်တွေမှာဆို နှလူံးသားလေးက ပုံမုန်ထက်ကို မြန်နေတာ ကို သတိထားမိသည်။ ဒါပေမယ့် သူမချစ်ချင်ဘူး။ အပေါ်ယံ အချစိတွေကို မလိုချင်ဘူး။
Jay နဲ့စတွေ့တဲ့ အချိန်တွေမှာလည်း Jay က သူ့ကို ချစ်ပါတယ် ကြိုက်ပါတယ် သဘောကျပါတယ် ပြောနေပေမယ့် ဒီတိုင်း ရင်ခုန်အောင် လိုက်စနေသလို ပုံစံမျိုး ဖြစ်နေတာကြောင့် ဂျယ်ယွန်းစိတိထဲ မတင်မကျ ဖြစ်လာရသည်။
______________
___________
ထမင်းစားခန်းထဲက ထွက်လာပြီး နှစ်ဖက်မိဘ အစုံ အလင်နဲ့ စေ့စပ်ကြောင်းလမ်းလိုက်သည်။
စေ့စပ်လက်စွတ်ကို အပြန်အလှန် လဲမယ် လုပ်ပေမယ့် Jay က မိသားစုဝင်တွေအရှေ့မှာ မလုပ်ချင်ပါဘူးဆိုပြီး တောင်းဆိုတာကြောင့် စေ့စပ်လက်စွပ်ကိုတော့ မလဲလိုက်ရဘူး
စေ့စပ်ကြောင်းလမ်းတာတွေ အကုန်ပြီးစီးသွားတဲ့ အခါမှာ Jay က သူနဲ့ တူတူ တစ်နေရာရာကို သွားရအောင်ဆိုပြီး လာခေါ်တော့ ဘာကြောင့်မှန်းမသိ လိုက်သွားမိသည်။
ကားနဲ့ အချိန်တော်ကြာသွားရသည့် နေရာထင်သည်။ သူ့ဘက်ကို စကားတစ်ခွန်းမှ လှည့်မပြောဘဲ ကားကိုသာ မောင်းနေတော့သည်။ အရင်ကဆို သူ့ဘက်ကို စကားမပြောရင်တောင် ခဏခဏလှည့်လှည့် ကြည့်တက်ပေမယ့် အခုတော့ ဘာမှမပြော ဘာမှ ဂရုမစိုက်သလြိူ ရင်ထဲတစ်ခုခုလိုနေသလို ဂျယိယွန်း ခံစားနေရသည်
အချိန်အတော်ကြာမောင်းလာပြီး ရောက်လာတဲ့ နေရာက တောင်ကုန်းပေါ်လေးမှာ ရှိတဲ့ cafe ဆိုင်လေး cafe ဆိုင်ဆိုတာထက် အေးအေးဆေးဆေး စကားပြောလိူ့ရမယ့် နေရာပုံစံလေး
ဆိုင်ထဲ ဝင်လိုက်တဲ့ အချိန်မှာ ဆိုင်ရဲ့ အပြင်အဆင်တွေက နေရာတိုင်းလိုလိုမှာ အဖြူရောင်တွေကြီး။ အဖြူရောင်ရဲတိုက်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ အလှထိုးထားသည့် နှင်းဆီပန်းက အစ အဖြုရောင်။
သူ့ရဲ့လက်ကို ဆွဲသွားပြီး အပေါ်ထက်ကို ခေါ်သွားသည်။ အပေါ်ထက်မှာတော့ အမိုးမရှိဘဲ ကောင်းကင်ပြာကြီးကို မြင်နေရသည်။ ဘေးဘီဝေ့ကြည့်လိုက်တော့ ထိုင်ခုံတစ်လုံး ကိုသာ မြင်ရသည်။
ထို ထိုင်ခုံတွင် ထိုင်ခိုင်းပြီး ဂျယိယွန်းနားကနေ တစ်ဖြညိးဖြည်း ပျောက်ကွယ်သွားသည့် Jay
Jaeyun လည်း Jay ထွက်သွားတော့ တယောက်ထဲ ကျန်ခဲ့ရာ ပျင်းလာတာနဲ့ ဖုန်းကို ထုတ်ပြီး ကောင်းကင်ပေါ်က တိမ်လေးတွေကို ဓာတ်ပုံရိုက်နေမိသည်။
ခဏအကြာ တယောသံကြားလိုက်တော့ ဓာတ်ပုံရိုက်နေရင် ကြည့်လိုက်မိသည်။ Jay မဟုတ်ဘဲ ကိုရီးယား နိုင်ငံရဲ့ နာမည်အကြီးဆုံး တယော အဖွဲ့။ ဂျယ်ယွန်း သိပ်ကြိုက်တဲ့ အဖွဲ့ဆိုလည်း ဟုတ်သည်။
ငြိမ့်ညောင်းလှသည့် တယောနဲ့ အတူ တစ်ရိပ်ရိပ်ပေါ်လာသည့် Jay
လာတုန်းက ဝတ်ထားသည့် အနောက်တိုင်း ဝတ်စုံမဟုတ်တော့ဘူး ပေါ့ပေါ့ပါးပါး တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုသာ ဝတ်ထားသည်။ အရောင်ကတော့ အကုန် အဖြူရောင်။
ထိုနေ့မှ တိုက်တိုက်ဆိုင်ဆိုင် Jaeyun ကလည်း အဖြူရောင်ကို ဝတ်လာမိသည်။
တစ်ဖြည်းဖြည်း နီးကပ်လာပြီး Jaeyun ရဲ့ လက်ကို ဆွဲကိုင်တာ သူ့ရဲ့ ဘယ်ဘက် ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။
" ခံစားမိလား ကိူယ့်ရဲ့ ရင်ခုန်သံကို "
"...... "
Jaeyun လည်း ဘာမှမပြောနိုင်ဘဲ ကြောင်တောင်ကြီး ရပ်ကြည့်နေမိသည်။ သူခံရတာသည့် သူ့ရဲ့ရင်ခုန်သံကိုသာ မက Jay ရဲ့ ရင်ခုန်သံကိုပါ။
" ပြောစရာရှိတယ် ယွန်းလေး
ယွန်းလေး စိတ်ထဲမှာ ကိုယ်က ယွန်းလေးကို တကယ် ချစ်တာလား မချစ်ဘဲ ကစားနေတာလားဆိုပြီး မတင်မကျ ဖြစ်နေတယ်မှတ်လား။ ဒီနေ့တော့ အဲ့ မတင်မကျ ဖြစ်နေတဲ့ စိတ်တွေ ရှင်းသွားအောင် ကိုယ် လုပ်ပေးချင်တယ်
ယွန်းလေးကို စတွေ့တဲ့ နေ့ကစပြီး ကိုယ့်ရဲ့ အချိန်တော်တော်ကြာ ရပ်တန့်နေခဲ့တဲ့ နှလုံးသားလေးက ရင်ခုန်သံတွေကို ပြန်ကြားလာတယ်။ အစပိုင်းကတော့ ကိုယ့်စိတ်ကို မသိခဲ့ဘူး။ ဂျယ်ယွန်းကို လိုက်ဘဲစနေမိတာ အမှန်။
ကြာလာတာနဲ့အမျှ ကိုယ်မင်းကို ချစ်မိလာတယ် ဆိုတာ ကိုယ့်စိတ်ကိုယ် သိလာတယ်။ ယွန်းလေးနဲ့ ပတ်သတ်သမျှ ကိုယ့်ရဲ့ ခံစားချကိတွေ အားလုံးက အဖြူရောင်တွေကြီးပါပဲ၊ ဘာအရောင်မှ မပါတဲ့ ဖြူစင်တဲ့ အဖြူရောင်အချစိတွေကြီးဘဲ
ကိုယ် မင်းကို ချစ်တယ် ယွန်းလေး"
ဂျယ်ယွန်းရဲ့ပန်းရောင်ဖူးဖူးနှုတ်ခမ်း လေးကို သိမ်းပိုက်မိသည်။ ဒီအနမ်းတွေက နူးညံ့မှုတွေ အချစ်တွေ အပြည့်
Jay ပေးတဲ့ နူးညံ့တဲ့ အနမ်းတွေကို Jaeyun မငြင်းဆိုဘဲ လက်ခံမိသည်။
Jay အတွက်တော့ Jaeyun ရဲ့ တုံပြန်မှုက အံ့ဩစရာတစ်ခုလို ဖြစိနေသည်။
သူ့ကို သဘောမကျဘူးလို့ ထင်နေခဲ့တဲ့ လူသားလေးက သူပေးတဲ့ အနမ်းတွေကို လက်ခံပြီး ပြန်ပြီး တုံပြန်မှုတွေ ပေးနေတာ နှလုံးပေါက်ထွက် မတက် ရင်ထဲ ရငိခုန်သံတွေ ဗလောင်ဆူနေခဲ့သည်။
ခေါင်းလေးကို ထိန်းကိုင်ပေးရင် ပိုမို နူးညံ့တဲ့ အနမ်းတွေနဲ့ ရှေ့ဆက်မိသည်။
အချိန်ကြာကြာ နမ်းရှိုက်မိတော့ အသက်ရှုကြပ်လာလို့ ထင်ပါရဲ့ လက်သေးသေးလေးတွေက Jay ရဲ့ ရင်ဘတ်ကို တွန်းထုတ်လာသည် မို့ အနမ်းတွေကို အဆုံးသတ်လိုက်တော့သည်။
" ကိုယ့်ကို ချစိတယ် မှတ်လား "
ခါးကနေ ဆွဲဖကိလိုက်ကာ ခန္ဓာကိုယ်ချင်း ပိုမို နီးကပ်စေသည်။
ရင်ခွင်ထဲ ရောက်နေသည့် ကောင်လေးကတော့ ဘာအဖြေမှ ဖြေမလာဘဲ ငြိမ်နေသည်မို့ မေးစေ့လေးကို ကိုင်ကာ ခေါင်းကို မော့စေပြီး အကြည့်ချငိးဆုံစေသည်။
" ဟင် ကိုယ်မေးတာ ဖြေပေးပါ ကိုယ့်ကို ချစ်တယ်မှတ်လား ...........မောင်...."
ကြည်လဲ့နေတဲ့ မျက်လုံးအိမ်တွေက စကားပြောလာသလို သူအမြတ်တနိုးနမ်းရှိုက်မိတဲ့ ပန်းနှရောင် နှုတ်ခမ်း လေးကလည်း ပွင့်ဟ လာခဲ့သည်။
" ခုန တုန်းက နမ်းတုန်းက ကျွန်တော့ရဲ့ တုံပြန်မှုက အဖြေဘဲလေ"
" အဲ့တာဆို ကိုယ့်ကို ချစ်တယ်ပေါ့"
"......."
" ဟုတ်လားလို့ "
ခေါင်းကို သာငြိမ့်ပြပြီး ရင်ခွငိထဲ တိူးဝင်လာသည့် ခွေးပေါက်လေးက ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆူံးဘဲ
အခုတော့ ဂျယ်ယွန်းလည်း သူ့စိတ်ထဲက မတင်မကျ ဖြစ်နေခဲ့တာတွေကော် သူ့ရဲ့ စိတ်ကိုပါ သိသွားခဲ့သည်။
JAY ကို သူချစ်သည်။ Jay
နဲ့တူတူရှိနေရင် နွေးထွေးတယ် လုံခြုံတယ်လို့ ခံစားရသည်။
" ယွန်းလေးကိုကိုယ် မောင်လို့ ခေါ်လို့ရမလား "
" ဘာလို့လဲ အသက်က ငယ်နေတာမှမဟုတ်ဘဲ ဒီတိုင်းဘဲ ခေါ်ပါ "
ငယ်တာဘဲလေ ကိုယ့်ထက် လပိုင်းငယ်တာဘဲလေ မောင်လို့ ခေါ်တာ မကြိုက်လို့လာ ယွန်းလေး မကြိုက်ရင်လည်း ရပါတယ်"
ညိုးငယ်သွားသည့် မျက်နှာငယ်နဲ့ ကလေးလေးတစ်ယောက်လို ဖြစ်သွားသည့် jay ကို ရင်ခွင်ထဲကနေ မော့ကြည့်မိပြီး အသည်းယားလာတာနဲ့ နှာခေါင်းထိပ်လေးကို လက်ကလေးနဲ့ ဆွဲမိသည်။
" လူဆိုးကြီး မရစရာလား ရတာပေါ့"
" တကယ်ပြောတာလား "
" အင်း ဒါနဲ့ လွတ်ပေးအုန်း ဗိုက်ဆာနေလို့ အောက်မှာ မုန့်သွားရွေးမလို့ "
အချိန်တော်ကြာ ဖက်ထားမိတဲ့ သူ့ရဲ့ ချစ်ရသူလေးကို လွတ်ပေးလိုက်တော့ လှုပ်စိလှုပ်စိနဲ့ ဆိုင်အောက်ကို ဆင်းသွားတော့သည်။
" အခုချိန်ကစပြီး မောင်က ကိုယ့်အပိုင် ဖြစ်သွားပြီးနော်"
(Zawgyi)
ဒီနေ့က ကျောင်းပိတ်တဲ့ ရက်ဖြစ်တာကြောင့် နာရီ Alarm မပေးမိတာနဲ့ တော်တော်နောက်ကျမှ နိုးလာခဲ့တာ သူနိုးလာတဲ့ အချိန်မှာ ဘာတွေဖြစ်ကုန်တာလဲ။
" အ ဟွ ဟွ --"
______________
___________
အချိန်အတော်ကြာမောင်းလာပြီး ရောက်လာတဲ့ နေရာက တောင်ကုန်းပေါ်လေးမှာ ရှိတဲ့ cafe ဆိုင်လေး cafe ဆိုင်ဆိုတာထက် အေးအေးဆေးဆေး စကားပြောလို့ရမယ့် နေရာပုံစံလေး
" ခံစားမိလား ကိုယ့်ရဲ့ ရင်ခုန်သံကို "
"...... "
"......."
" ဟုတ်လားလို့ "
ခေါင်းကို သာငြိမ့်ပြပြီး ရင်ခွငိထဲ တိုးဝင်လာသည့် ခွေးပေါက်လေးက ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆူံးဘဲ
JAY ကို သူချစ်သည်။ Jay
" ဘာလို့လဲ အသံက ငယ်နေတာမှမဟုတ်ဘဲ ဒီတိုင်းဘဲ ခေါ်ပါ "
" တကယ်ပြောတာလား "