Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 514K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 121

7K 1.2K 142
By MikkyLay1


Unicode
~~~~~~~~

အခြေအနေတွေက ရှုတ်ထွေးသွားကာ အားလုံးရဲ့အာရုံစိုက်မှုကိုရရှိသွားသည့်အပြင် အခွင့်အရေးစောင့်မျှော်နေကြသူတွေက သူတို့ရဲ့ ထောင်ခြောက်ကို စတင်ဖန်းတီးကြလေတော့တယ် … ဘယ်ကမှန်းမသိတဲ့ မေးမြန်းသူတွေ ထပ်မံ ရောက်လာကြပြီး မေးခွန်းများ အဆက်မပြတ်မေးမြန်လာတော့တယ် …

" သူက Mr.ပတ်ဒိုမင်းနဲ့ ဘယ်လိုများ ပတ်သပ်နေတာလဲ "

" ဒါက လျှို့ဝှက်ထားတဲ့ ပိုင်သခင်လေးများလား "

" ပိုင်သခင်လေး "

ရည်ရွယ်ချက်ရှိရှိ မင်းယွီရဲ့ ဖုံးကွယ်ထားတဲ့မျိုးရိုးကိုဖော်ကာ မေ့လျော့နေတဲ့ ရှန်ဟွှာရဲ့အမှုကို ထပ်တိုးအောင်လုပ်လိုက်ခြင်းပင် … ရှန်ဖန်းဂူကို ဒုက္ခရောက်မည်ဆိုး၍ ကာကွယ်ပေဖို့ လိုက်လာခဲ့တဲ့ မင်းယွီက ဖန်းဂူဒုက္ခရောက်အောင် လုပ်မိသွားခဲ့ပြီ … ထိုစဉ် အားလုံးက  မင်းယွီအပေါ် အာရုံစိုက်လာကြတယ် …

" ဒါဆို ပိုင်မိသားစုရဲ့အမှုလိုက်နေတဲ့အချိန် ပိုင်သခင်လေးက ဘာကြောင့် ရှန်ဟွှာကိုရောက်နေတာလဲ "

" အမှုဖော်မရအောင် ဓားစာခံခေါ်ထားတာများလား "

" ရှန်ဟွှာက တကယ်ပဲ အမှုတွေ ကျူးလွန်ခဲ့တာလား "

အားလုံးက ရှန်ဟွှာဟာ ပိုင်မိသားစုကိုချုပ်ကိုင်ဖို့ ပိုင်သခင်လေးကို သိမ်ပိုက်ထားတယ်ဟုထင်ကြေးပေးလာကြတယ် … မိသားစုတွေထောက်ခံထားတဲ့ တရားဝင်လက်ထပ်စားချုပ်မရှိခြင်းက ရှန်ဖန်းဂူကို ဖြေရှန်းရန်အခွင့်မရစေခဲ့ဘူး … မင်းယွီက ဖခင်လက်ကနေရုန်းထွက်ကာ ဖန်ဂူထံပြန်သွားပြီး ဖန်းဂူလက်မောင်းအား တင်းနေအောင်ဆုတ်ကိုင်လိုက်ပြီးနောက် သူက မေးမြန်းနေတဲ့လူတွေအားကြည့်ကာ သတ္တိရှိရှိဖြေဆိုလိုက်တယ် …

" ကျွန်တော်ကိုယ်တိုင် လက်ခံခဲ့တာ … ကျွန်တော်တို့ ၂ ဦးသဘောတူ မိတ်ဖတ်ခဲ့တာ "

" ဒါဆို ဘာကြောင့် တရာဝင်စာချုပ်မရှိနေတာလဲ … ပိုင်မျိုးရိုးကို ဘာကြောင့် ဖုံးကွယ်ထားခဲ့တာလဲ … ပွင့်ပွင့်လင်းလင်ပဲပြောပါ … ရှန်ဟွှာက ချိန်ခြောက်ထားတယ်ဆိုရင်တောင် ဒီနေရာမှာ ကြောက်ဖို့မလိုပါဘူး … အားလုံးက ကာကွယ်ပေးမှာပါ "

မေးခွန်းတွေက ဖန်းဂူအပြစ်ဖြစ်အောင် ဖန်တီးနေကြခြင်းပင် …မေးမြန်းသူက တမင်အကြပ်ရိုက်အောင်လုပ်ကာ ရှန်ဖန်းဂူကို ဒေါထွက်အောင်စွနေသလိုပင် … ဒါတွေအားလုံးက တစ်စုံတစ်ယောက်ရဲ့စနစ်ဖြစ်ပြီး ရှန်ဖန်းဂူ ပွဲကြမ်းမှာကို စောင့်မျှော်နေခြင်းပင် … သို့ပေမဲ့ မင်းယွီရဲ့ သတိပေးတဲ့အကြည့်တွေနဲ့ တင်းကြပ်စွာ ဆုတ်ကိုင်ထားတဲ့လက်တွေကြောင့် ဖန်းဂူ စိတ်လျော့ကာ ထိုမေးမြန်းသူအား လစ်လျှူရှုဖို့ကြိုးစားလိုက်တယ် …

ဒါပေမဲ့ အခြေအနေက သူ့ဘက်မှာရှိမနေခဲ့ပေ … ရုတ်ရုတ်သဲသဲကြားကနေ မူမမှန်သည့်သူများ ပါလာခဲ့တယ် … သူတို့အားလုံးက ချန်းရဲ့လူတွေဆိုတာ ခန့်မှန်းစရာပင်မလိုခြေ … ပတ်ဒိုမင်းက ပုံမှန်ပွဲတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီစွာ လူတစ်ယောက်ကို အကြမ်ကိုင်ကာ မေးမြန်းနေတာတွေ့ရတော့ ထိုလူတွေကို တားဖို့ကြိုးစားပေမဲ့ သူသိလိုက်ရတာက ဒီပွဲဟာ သူ့ရဲ့အာဏာကိုပင်အသုံးပြု၍ မရဟူ၍ …

သူ့ရဲ့လူတွေ တစ်ယောက်မှမရှိနေတော့ပဲ ကျန်ရှိနေတဲ့အရာရှိတွေက သူ့ဘက်မပါသည့်အပြင် ရှန်ဖန်းဂူရဲ့အဖြေအား လက်ပိုက်ကာ စောင့်ဆိုင်းနေကြတယ် … ဒီပွဲက ဖန်းဂူကိုထောင်ခြောက်ဆင်ဖမ်းဖို့ဆိုတာ ဖန်းဂူချက်ချင်းသဘောပေါက်လိုက်တယ် … ထင်သည့်အတိုင်း သူတို့အားလုံး ဖန်းဂူအား မေးခွန်းများဖြင့် ဝိုင်းကာ အကြပ်ကိုင်လာကြတယ် …

" နယ်စပ်လက်နတ်ကိုင်အဖွဲ့အစည်းက ရှန်ဟွှာနဲ့ ပတ်သပ်နေတယ်လို့ သတင်ရရှိတာ အမှန်ပဲလား "

ထိုလူက ပိတ်ကားကနေတဆင့် လူတွေကိုလှည့်စားနိုင်မည့်သက်သေတွေထုတ်ပြလာတယ် … အမှုစစ်ဆေးတဲ့နေရာမှာ တော်လွန်းတဲ့ ပတ်ဒိုမင်းက အစကထိုအရှုတ်ထုပ်မှာ ဝင်မပါဖို့ ဆုံးဖြတ်လိုက်ပေမဲ့ သက်သေအတုတွေနဲ့ ဆွဲချက်တင်လာတော့ ရှေ့ထွက်လာခဲ့တယ် …

" ဒီနေရာက နိုင်ငံရေးဖော်ထုတ်ရမဲ့နေရာမဟုတ်ဘူး … စီးပွားရေးနဲ့ မိသားစုအကြောင်းကလွဲရင် ဘာမှပြောဆိုခွင့်မရှိဘူး "

" Mr.ပတ်ဒိုမင်းက သားအတွက်နဲ့ အပြစ်ရှိတဲ့သူကို ကာကွယ်ပေးချင်နေတာများလား "

ထိုမေးမြန်းနေသူက လေးစားမှုမရှိတဲ့အပြင် သူ့ရဲ့အရှိန်အဝါကမသေးလှ၍ အနောက်ကကြိုးကိုင်သူကို ထောက်လှမ်းဖို့အကောင်းဆုံးပင် … လူတွေရဲ့အာရုံစိုက်မှုတွေက ဒိုမင်းဝင်တားလျှင်ပင် မရရှိနိုင်တော့ပေ …

" Mr.ဖန်းဂူက Lion ဆိုတာ မှန်ပါသလား "

" Lion "

ထိုလူက လူတွေရဲ့အာရုံကို လှည့်စားတဲ့နေရာမှာ ကမ်းကုန်တတ်ကြွမ်းသူပင် … သူက လူတွေကို ဒိုးမင်းတားစီးနေတာ မမြင်စေတော့ပဲ အာရုံပြောင်းအောင် လုပ်လိုက်နိုင်တယ် … အရာရှိတွေကအစ ထိုပွဲကိုစိတ်ဝင်စားနေကြပြီး ဝင်တားမည့်အစီစဉ်ရှိပုံမပေါ်ပေ … ခုချိန်မှာ နာမည်ကြီးနေတဲ့ Lion အစစ်က ဘယ်သူဖြစ်မလဲဆိုတာကို လူတိုင်းသိချင်နေကြတယ် … ဒါကိုအခွင့်ကောင်းယူကာ ဒီပွဲမှာ သက်သေနဲ့တကွ ထုတ်ပြလိုက်ခြင်းပင် …

ထိုအရာကိုမြင်တော့ ဖန်းဂူရဲ့သီးခံစိတ်တို့ကြွေမွသွားကာ နှစ်များစွာဖယ်ခွာထားသည့် ကြမ်းတမ်းလှတဲ့ မျက်နှာထားအဖြစ်ပြောင်းသွားပြီး ဟက်ကနဲပြုလိုက်တယ် … ဒီလှည့်ကွက်တွေက သူ့အတွက်တော့ ကစားစရာသပ်သပ်ပဲ … Lion ရဲ့ပုံစံအမှန်ကိုသာပြလိုက်ရင် ပွဲထဲကလူတွေအားလုံး အသက်ပင်ရှင်ကျန်မည်မဟုတ်တော့ပေ …

အားလုံးရဲ့ပါစပ်ဖြားမှာ တိုးတိတ်စွာရေရွတ်နေကြပြီး ပိတ်ကားထက်မှ မျက်နှာဖုံးနဲ့ Lion ကိုတစ်လှည့်ဖန်းဂူကိုတစ်လှည့်ကြည့်ကာ ဝေခွဲရခက်သွားလေတယ် … ဒီပွဲက အမှန်ကန်ပင် ရှန်ဖန်းဂူကို ထောက်ချောက်ဆင်ဖမ်းရန် ရည်ရွယ်ထားခြင်းပင် … ထိုလူက ဖန်ဂူအားကြည့်ကာ

" Mr.အန်းဂါးလ် ရှိစဉ်ကတည်းက  နယ်စပ်က စစ်တပ်တွေနဲ့ ပူးပေါင်းပြီး Mr.အန်းဂါးလ်ကို ချောက်ချတဲ့အပြင် သူပိုင်တဲ့စိန်တွေနဲ့ သူ့ရဲ့တပ်ကိုပါ Mr.ဖန်းဂူ လက်ဝါးကြီးအုပ်ချယ်လှယ်နေပြီး နယ်ချဲ့ဖို့ ကြိုးစားနေခဲ့တာမဟုတ်လား … အန်းဂါးလ်ရဲ့အချက်အလတ်သတင်းတွေ ပေးခဲ့သူကလဲ Mr.ဖန်းဂူ ကိုယ်တိုင်ပဲ … ဒါဆိုရည်ရွယ်ချက်ကရှင်းနေပြီ … Lion က ဒီလောကကြီးကို အုပ်ဆိုးချင်နေတာ  "

တချို့စကားလုံးတွေကမှန်ပေမဲ့ လုပ်ကြံဇာတ်လမ်းကများနေတယ် … လူတွေရဲ့ တုန့်ပြန်မှုကလဲ ထင်ထားတာထက်ပင် ပိုနေခဲ့တယ် … ဖန်းဂူကို ကြောက်စရာသတ္တဝါတစ်ကောင်ပမာ ကြည့်လာကြပြီး ဘယ်ကတည်းကရောက်နေမှန်းမသိတဲ့ ရဲတွေက ဖန်းဂူအား သေနတ်ဖြင့်ချိန်ရွယ်ထားလေတော့တယ် … အခြေအနေတွေပြောင်းလဲသွားတာ မြန်လွန်း၍ ဘယ်ကဘယ်လို တရားခံဖြစ်သွားမှန်းမသိလိုက်တဲ့ဖန်းဂူ လုပ်ကြံဇာတ်လမ်းအောက်မှာ မြောနေကြတဲ့ ဦးနောက်မရှိတဲ့ လူတွေကိုကြည့်ကာ ဟားတိုက်ကာရယ်လေတော့တယ် …

" ဟား … ဟား … ဒါက ဘယ်လိုဇာတ်လမ်းမျိုးလဲ … မင်းပြောတဲ့အတိုင်းသာငါတကယ်လုပ်ရင် ဒီနေရာမှာ မင်းတို့အားလုံး အသက်ရှင်နေမှာတောင်မဟုတ်တော့ဘူး "

လူတွေအားလုံးက ဖန်းဂူရဲ့ပြောင်းလဲသွားတဲ့ပုံကိုကြည့်ကာ ကြောက်ရွံ့နေကြတယ် … တစ်ချို့ဆိုလျှင် Lion လို့ဖော်ထုတ်လိုက်ကတည်းက တစ်ဝက်လောက်က ကြောက်လန့်ကာ အနောက်သို့ဆုတ်ခွာသွားကြပြီး သတင်းရယူလိုသူနှင့် အစောင့်ရဲများသာ ရှေ့မှာကျန်ရှိနေခဲ့တယ် … ထိုထဲက လူတစ်ချို့က ရှန်ဖန်းဂူအား ဆွဲချက်တင်ကြလေတော့တယ် …

" ရှန်ဖန်းဂူ … မင်းကငါတို့ကို သတ်မယ်လို့ချိန်ခြောက်နေတာလား "

" မင်းကတကယ်ဘီလူးလိုကောင်ပဲ … ငါတို့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ် … မင်းကအောင်မြင်နေတာကိုလောဘမတတ်နိုင်ပဲ အုပ်ချုပ်ဖို့ထိ တွေးနေတာလား "

ရှန်ဖန်းဂူက ပုံမှန်မဟုတ်တော့ပေ … သူထောင်ချောက်ထဲမိသွားတယ်ဆိုတာ သိလိုက်ကတည်းက ယဉ်ကျေးပြကာ လူပိန်းတွေအကြိုက်လိုက်လုပ်ဖို့ဆန္ဒမရှိတော့ခြေ … ခြင်္သေ့ကို လာစွတော့လဲ အဆွယ်ထုတ်ပြယုံသာ ရှိတော့တယ် …

" ငါသာ တိုင်းပြည်အုပ်ချုပ်ချင်ရင် မင်းတို့အားလုံးခုလိုငါ့ရှေ့မှာ ငါ့ကိုမျက်လုံးခြင်းတောင်ဆုံကြည့်ရဲမှာမဟုတ်ဘူး … ငါမင်းတို့မျက်လုံးတွေကို ဖောက်ထုပ်ပြစ်မယ် "

ဖန်းဂူရဲ့အသံက မန်ပါကာ ချိန်ခြောက်နေသလိုပင် … မင်းယွီက ဖန်းဂူအားတားဆီးဖို့ကြိုးစားပေမဲ့ ဖန်းဂူဒေါသတွေက ပေါက်ကွဲနေခြေပြီ … ဖန်ဂူခြေတစ်လှမ်းလှမ်းတိုင် အစောင့်တွေရဲ့သေနတ်က ဖန်းဂူထံချိန်ရွယ်လာတယ်  …

လက်နတ်တွေပါ ထုတ်သုံးလာတော့ အခြေအနေက အန္တရာယ်ရှိနေပြီဆိုတာ သိလိုက်ရ၍ ပတ်ဒိုမင်းက ဖန်းဂူဘေးက မင်းယွီအား ဆွဲခေါ်လိုက်တယ် …

" မင်းယွီ … အန္တရာယ်များတယ် ဒီကိုလား "

မင်းယွီက ဖန်းဂူလက်ကို မလွှတ်ခြေ …

" ကျွန်တော် သူနဲ့အတူနေမယ် "

မင်းယွီက ရဲရင်စွာပင် ဖန်းဂူအတူရပ်လိုက်ပြီး သူတို့ကိုချိန်ရွယ်ထားတဲ့ သေနတ်တွေကို ခေါင်းမော့ရင်ဆိုင်ကာ အတူဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ် … ထိုအခါ မေးမြန်နေတဲ့ လူက ဖန်းဂူနဲ့မင်းယွီအား ကြည့်လိုက်ပြီး …

" မင်းတို့ ၂ ယောက်လုံးက အကြံတူတဲ့ ပုန်ကုန်သူတွေလား … ပိုင်သခင်လေး မင်းနဲ့မဆိုင်ရင်ဘေးဖယ်နေ … ငါတို့မင်းကိုမတိုက်ခိုက်ချင်ဘူး  "

ဖန်းဂူ မတရာစွတ်ဆွဲခံနေရတာကိုမကြည့်ရက်နိုင်တဲ့မင်းယွီ ရှေ့ထွက်လိုက်ပြီး …

" မင်းမှာသက်သေရှိလား … ပုန်ကန်သူဆိုရင် ဒီပွဲမျိုးကို ဘာကြောင့်တက်နေဦးမှာလဲ "

" သူကဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ ဖြစ်နိုင်တာပဲ … မင်းရော သူ Lion ဆိုတာ သိနေတယ်မလား … ဘာကြောင့် ဖုံးကွယ်ထားတာလဲ … သူမင်းကိုချိန်ခြောက်ထားလို့လား  "

" သူက ငါ့ရဲ့မိတ်ဖက်ပဲ … ငါသူ့ဘက်မှာပဲ အမြဲရှိနေမှာ "

" ဒါဆို Mr.ရှန်ဖန်းဂူက Lion ဆိုတာကို ဝန်ခံပြီဆိုတဲ့သဘောလား "

လူအများက ရှန်ဖန်းဂူရဲ့အဖြေစကားအား စိတ်လှုပ်ရှားစွာ စောင့်နေကြတယ် … ဖန်းဂူက သူ့ရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့မင်းယွီကိုမြင်ရတော့ သူ့ရင်ထဲမှာ ပြောမပြတတ်လောက်အောင် ပျော်ရွှင်သွားလေတယ် … ထိုအခြေအနေအား အဝေးတစ်နေရာမှ လူတစ်ယောက်က ကျေနပ်စွာပြုံး၍ကြည့်နေတယ် …

" ရှုမန်း … မင်းလုပ်တာတော်တယ် "

ယောင်းက ရှုမန်းအား ပခုံးကိုပုတ်ကာ ချီးကျူးလိုက်တယ် … ရှုမန်း အဆောက်အဦးရဲ့ အပေါ်ထပ်ကနေပြီး ပွဲထဲကိုစောင့်ကြည့်နေတယ် … အခက်အခဲတွေနဲ့ကြုံနေရတာတောင် မင်းယွီလက်ကိုမလွှတ်တမ်းကိုင်ကာ သတ္တိရှိရှိရင်ဆိုင်နေတဲ့ ဖန်းဂူကိုကြည့်ပြီး မိမိကိုယ်ကိုယ်သိမ်ငယ်မိလာတယ် … ရှန်ဖန်းဂူက ဘာကြောင့်အရာရာမှာ သူ့ထက်အောင်မြင်နေလဲဆိုတာ နှိုင်ယှဉ်စရာပင်မလိုတော့ခြေ … ထိုစဉ် ယောင်းက ရှုမန်းနားကပ်ကာ တိုးတိုးလေး အမိန့်ပေးလိုက်တယ် …

" ရှန်ဖန်းဂူကို အကောင်းတိုင်း ပြန်မသွားစေနဲ့ "

ယုတ်မာတဲ့အကြံနဲ့ ချန်းယောင်း ဒီပွဲမှာ ခြင်္သေ့ကိုဖမ်းဖို့ စီစဉ်ထားခြင်းပင် … ထိုစဉ် သူ့ရဲ့ထောင်ခြောက်ထဲသို့ နောက်ထပ်ကျားတစ်ကောင် ထပ်ရောက်လာလေတော့တယ် …

အစောင့်အကြပ်တွေကြားထဲသို့ လူတစ်ယောက်အလောတကြီးပြေးဝင်လာကာ ဖန်းဂူနဲ့ မင်းယွီအရှေ့ကနေ ကာရပ်လိုက်တယ် …

" မင်းတို့စွတ်ဆွဲနေတဲ့တရားခံက Lion အစစ်မဟုတ်ဘူး … နယ်စပ်ကလက်နတ်ကိုင်တွေကိုဦးဆောင်နေတာ Lion အတုပဲ … ငါကိုယ်တိုင်သူတို့ကိုတိုက်ခိုက်လာတာ … မင်းတို့ထက်ပိုသိတယ် … မသေချာတဲ့သက်သေနဲ့ လူတစ်ယောက်ကို စွတ်ဆွဲလို့မရဘူး … ဒါကနိုင်ငံတော် ပုန်ကန်မှုနဲ့ဆိုင်တဲ့အတွက် မင်းတို့သတင်းထောက်တွေဝင်ပါစရာမလိုဘူး … အထက်ကိုပဲတင်ပြရမှာ "

" ကျန်းရှုယွမ် "

အခန်းထဲပိတ်ခံထားရတဲ့ရှုယွမ် ထိုအခက်အခဲတွေကိုကြိုတွေးမိ၍ ရအောင်ထွက်ကာ လိုက်လာခဲ့ခြင်းပင် … သူရောက်ရှိလာခဲ့တာနောက်ကျသွားခဲ့ပြီ … ရှန်ဖန်းဂူက သူ့ကိုယ်သူ Lion ဆိုတာဖော်ထုပ်ပြီးနေခြေပြီ … ရှုယွမ်ကိုမြင်တော့ လူတွေက ထပ်မံသံသယဝင်သွားကြလေတယ် …

" Lion နဲ့ အရာရှိယွမ်က တစ်ဖွဲ့ထည်းလား "

" ဒါဆို သူတို့က ရန်သူဆိုတာ မဟုတ်ဘူးပေါ့ … အားလုံးကို သူတို့ လှည့်စားနေတာပဲ "

" ဒါကြောင့် ရှန်ဟွှာအမှုကို အရာရှိယွမ်က ငြင်းဆန်ပြီး ထွက်သွားခဲ့တာဖြစ်မယ် … ဒါဆိုသူတို့ ပူးပေါင်းနေတာ သေခြာနေပြီ … နယ်စပ်တော်လှန်ရေးမှာ အရာရှိယွမ်လဲပါဝင်နေတယ်လို့ကြားတယ် … ရှန်ဖန်းဂူနဲ့ကျန်းရှုယွမ်က နိုင်ငံကိုပုန်ကန်ဖို့ကြိုးစားနေကြတာလား … သူတို့က တရားခံတွေလား "

ရုတ်တရပ်က ကျန်းရှုယွမ်ပါ စွတ်ဆွဲခံလိုက်ရတော့ ပတ်ဒိုမင်း ရှားမေ့ကိုဆက်သွယ်ကာအမြန်လာဖို့ပြောလိုက်တယ် … ဒီလိုမျိုးရှင်းမရတဲ့အရှုတ်တွေဖြစ်မလာဖို့ ကြိုတင်တားစီးခဲ့ပေမဲ့ လူငယ်တွေရဲ့ခေါင်းမာမှုကြောင့် အရာအားလုံးဟာ အချည်းနှီးသာ … ကျန်းရှုယွမ်က အခြေအနေထိုမျှလောက်ဆိုးသွားမှန်းသိလိုက်ရတော့ ဖန်းဂူအားကြည့်ကာဆိုလိုက်တယ် …

" မင်းဒီမှာ ဘာရပ်လုပ်နေသေးတာလဲ … ထွက်သွားတော့ "

ဖန်းဂူကလဲ မဆီမဆိုင်ဝင်ပါလာတဲ့ ရှုယွမ်အား အော်လိုက်တယ် …

" မင်းကို အိမ်မှာနေခဲ့ဖို့ပြောထားတယ်မဟုတ်လား … မင်းကိုယ်မင်းသူရဲကောင်းကြီးလုပ်ချင်နေတာလား … ခုမင်းကပုန်ကန်သူဖြစ်နေပြီ … သူတို့ကိုမဟုတ်ဘူးလို့ပြောပြီး ငါ့နားကနေထွက်သွားတော့ "

" ငါသွားလဲ မင်းအခြေအနေက ဒိထက်ဆိုးလာဖို့ပဲရှိတယ် … ဒီမှာဖြေရှင်းနေတာက အဖြေမှန်မဟုတ်ဘူး … မင်းယွီကိုခေါ်ပြီးသွားတော့ "

အခြေအနေက ရှုတ်ထွေးကာ ရှုယွမ်ရောက်လာတော့ ဝင်မပါပဲ ပွဲကြည့်နေတဲ့ အရာရှိတချို့ရှေ့ထွက်လာကြတယ် … သူတို့ကလဲ ကောလဟာလတွေကို ယုံကြည်နေပုံပင် …

" Mr.ကျန်းရှုယွမ် … မင်းတကယ်ပဲ နိုင်ငံတော်ပုန်ကန်နေတဲ့ Lion နဲ့တစ်ဖွဲ့ထည်းလား "

ရှုယွမ်က ထိုလူအားကြည့်ကာ တစ်ခွန်းထည်းဆိုလိုက်တယ် …

" Lion ကဘာအမှားမှ မလုပ်ထားဘူး "

" ဒီမှာသက်သေတွေရှိနေတာပဲ … အမှန်ကိုမရှာပဲ မင်းကဘာကြောင့်ကာကွယ်ပေးနေတာလဲ … ပြီးတော့ မင်းကနယ်စပ်မှာကာကွယ်ပေးရမှာကို သက်သေတွေဖျောက်ထားပြီး Lion ကိုကာကွယ်ပေးနေတာလား "

မှန်ကန်နေ၍ ရှုယွမ် ဖြေဆိုရန် စကားရှာမတွေ့တော့ပေ … ထိုစဉ် ရှားမေ့နဲ့ဆုန်းချူတို့ ရောက်လာကြတယ် …

" ရှုယွမ် … မင်းကိုဒီကထွက်သွားဖို့မပြောခဲ့ဘူးလား "

ရှုယွမ် သူ့မိခင်ကပါ သက်သေအတုတွေကို ယုံကြည်နေတာမြင်တော့ စိတ်ပျက်အားလျော့စွာပင် ဆိုလိုက်တယ် …

" အမေကပါ ဘာကြောင့်အမှန်တရားဘက်က မပါနိုင်ရတာလဲ … သားပြောပြီးပြီ … အမှန်တရားကိုပဲ ရှာဖွေမယ် "

" ဒီကိစ္စမှာ မင်းဝင်ပါစရာမလိုဘူး … မင်းတာဝန်ကျတဲ့နေရာမင်းပြန်တော့ … ဆုန်းချူ မင်းအကိုကိုခေါ်သွား "

ဆုန်းချူလဲ ရှုယွမ်ကို ဆွဲခေါ်ဖို့ကြိုးစားပေမဲ့ ရှုယွမ်က ထွက်မသွားပဲ ဖန်းဂူနဲ့ မင်းယွီကိုသာ ထွက်သွားဖို့ပြောလိုက်တယ် … ဒီနေရာမှာ ဖြေရှင်းဖို့တစ်ယောက်ယောက်ကတော့ ရှိနေဖို့လိုတယ် … သူတို့ ၃ ယောက်လုံး ထွက်သွားရင် တရားခံလို့ သတ်မှတ်လိုက်ကြလိမ့်မယ် … ဖန်းဂူကလဲ ခေါင်းမာစွာ ထွက်မသွားပေ …

ထိုစဉ် အနောက်မှ ထပ်မံကြေငြာသံထွက်ပေါ်လာလေတော့တယ် …

" အားလုံးပဲ ဖြေရှင်းဖို့နောက်ထပ် ကိစ္စတစ်ခုရှိပါသေးတယ် … ရှန်ဟွှာရဲ့အမှုတွေနဲ့ပတ်သပ်တဲ့အမှန်တရားတွေ ရှန်ဟွှာရဲ့ဖုံးကွယ်ထားတဲ့အကြောင်းတွေကို ထုတ်ဖော်ဖို့ အရာရှိကျန်းရှန်ဝေကို ဖိတ်ခေါ်ပါတယ် "

ရင်းနီးတဲ့နာမည်ကြောင့် ဖန်းဂူရော မင်းယွီပါ ပိတ်ကားထပ်သို့အကြည့်ရောက်သွားတဲ့အချိန် ခန့်ညာသပ်ရပ်စွာ ဝတ်ဆင်ထားတဲ့ ရှန်ဝေကိုတွေ့လိုက်ရတယ် … ရှုယွမ်နဲ့ ဆုန်းချူတို့ပါ မျက်လုံးအပြူးသားနဲ့ဖြစ်နေပြီး ဒီပွဲမှာ ရှန်ဝေဘာကြောင့်ဝင်ပါရသလဲနားမည်နိုင်သလို ဘာတွေဖြစ်လာမလဲ စိုးရိမ်နေတယ် … ရှန်ဝေရဲ့ပုံစံက တည်ငြိမ်အေးဆေးလွန်းပြီး အမူအယာက ခန့်မှန်းရခက်လှတယ် …

" ရှန်ဝေ … မင်း ဘာတွေလုပ်နေတာလဲ "

မင်းယွီက နားမလည်နိုင်စွာ ရေရွတ်လိုက်တယ် … ရှန်ဖန်းဂူကတော့ ဘာမှမဆိုပဲ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လျှက် ရှန်ဝေဘာပြောလာမလဲဆိုတာကို အေးဆက်စွာ စောင့်ကြည့်နေတယ် …

" Mr.ရှန်ဝေ … ဒီပွဲမှာ အရေးတကြီး ထုတ်ဖော်စရာရှိတယ်လို့ကြားသိရပါတယ် … အဲ့ဒါက ရှန်ဟွှာအမှုနဲ့များသက်ဆိုင်နေမလား … ဘာသတင်းတွေများ ရရှိထားလဲ "

ရှန်ဝေက တည်ငြိမ်အေးဆက်စွာပင် စတင်ကာဆိုလာတော့တယ် …

" ကျွန်တော် လိုရင်းပဲ ပြောမယ် … ရှန်သခင်ကြီး ရှန်ဟွှာရန်းက လက်နတ်မှောင်ခိုရောင်းနေတဲ့ ခေါင်းဆောင်တစ်ဦးပါ … သူလုပ်ကိုင်တဲ့ တရားမဝင်အလုပ်နဲ့ပတ်သပ်တဲ့သတင်းအချက်အလက်တွေအားလုံး ကျွန်တော့မှာရှိတယ် … ဒါပေမဲ့ ပိုင်မိသားစုရဲ့အမှုက ရှန်ဟွှာနဲ့ပတ်သပ်မှုမရှိဘူး … အမှောင်မှာ လုပ်ကိုင်နေတာတွေအားလုံးက ရှန်ဟွှာရန်းကိုယ်တိုင်ပါပဲ … ကျန်တဲ့မိသားစုဝင်တွေနဲ့မသက်ဆိုင်ဘူး "

ရှန်ဖန်းဂူက ရှန်ဝေထိုသို့ဖော်ထုတ်လိုက်တော့ ဒေါသကြီးအော်ကာပြောလိုက်တယ် …

" ကျန်းရှန်ဝေ မင်းဘာတွေကြံစဉ်နေတာလဲ … ငါ့အဖိုးကို မင်းစွတ်ဆွဲစရာမလိုဘူး … သူကဘာအမှားမှမလုပ်ခဲ့ဘူး "

ထိုစဉ် ရှုယွမ်က ဝင်တားလိုက်တယ် …

" ဖန်းဂူ … မင်းဝင်မပါနဲ့ "

" မင်းကငါ့ကိုဘာလို့လာတားနေတာလဲ … ဟိုသစ္စာဖောက်ကောင်ကို တားရမှာမဟုတ်ဘူးလား "

ရှန်ဝေက နားမထောင်ပဲ ဆက်လက်ဖြေရှင်းလိုက်တယ် …

" သူ့ရဲ့သား Mr.ကူးမန်က SH Club ကိုဦးဆောင်ခဲ့ပြီး ယခုအနားယူပြီးတော့ သားဖြစ်သူကို ရာထူးလွှဲပြောင်းခဲ့တယ်  …Mr.ဖန်းဂူက အလင်းမှာပဲနေပြီး စီးပွားရေးလုပ်ကိုင်တဲ့အပြင် သူ့မှာ မျိုးဆက်ရှိတယ် … Mr.ရှန်ဟွှာရန်းက မြေးဖြစ်သူကို မိတ်ဖက်တရားဝင်မထားစေချင်လို့ ထုတ်မပြစေပဲ ဖုံးကွယ်ခဲ့တာ … ပိုင်သခင်လေးကို ဓားစာခံလုပ်ခဲ့တာရှန်ဖန်းဂူမဟုတ်ဘူး … အမှောင်လောကမှာ ကျင်လည်နေတဲ့သူက ရှန်ဟွှာရန်းပဲ "

အပြစ်တွေအားလုံးက သခင်ကြီးရှန်ဟွှာရန်းရဲ့ခေါင်းပေါ်ပုံကျသွားလေတယ် …

" ဒါဆို ခြင်္သေ့အိုကြီးက ရှန်ဟွှာရန်းပေါ့ … သူအားလုံးကို လုပ်ခဲ့တာလား … Lion အစစ်က သူလား "

" ရှန်ဖန်းဂူက ခြင်္သေ့မဟုတ်ဘူးလား … သူကအမှောင်လောကမှာ ဘာအပြစ်မှ မလုပ်ခဲ့ဘူးပေါ့ "

" ဒါဆိုအမှုတွေအားလုံးရဲ့တရားခံက သခင်ကြီးရှန်ဟွှာရန်းတစ်ယောက်ထည်းလား … သူ့မိသားစုမပါဘူးပေါ့ "

ရှန်ဖန်းဂူအပေါ်ဆွဲချက်တွေအားလုံးက ရှန်ဟွှာရန်းထံရောက်သွားကာ လူတွေ တွေဝေသွားတာမြင်ရတော့ ဖန်းဂူအားမေးမြန်နေတဲ့သတင်းထောက်က မကြေမနပ်ဖြစ်သွားတယ် … တစ်ယောက်ယောက်က သူ့ရဲ့ဦးတည်ချက်ကို လမ်းကြောင်းပြောင်းလိုက်တာပဲ … ဒါပေမဲ့ ဒေါသထွက်နေတဲ့ ရှန်ဖန်းဂူက သူ့အတွက် အခွင့်အရေးထပ်မံရရှိစေခဲ့တယ် …

သူက ဖုံးကွယ်ထားတဲ့သေနတ်ကို ထုတ်ယူကာ ဘယ်သူမှမမြင်ခင် ဖန်းဂူလက်ထဲသို့ ထည့်ပေးလိုက်တယ် … သစ္စာဖောက်ခံရ၍ ဒေါသထွက်နေတဲ့ဖန်းဂူ ဘာမှမမြင်နိုင်တော့ပဲ သေနတ်ကိုယူကာ ဝေဖန်နေတဲ့ လူတွေရဲ့စကားလုံးတွေကို နားမဝင်တော့ပဲ လူတွေကြားကနေ တိုးဝှေ့ကာ ရှန်ဝေထံအရောက်သွားပြီး အင်္ကျိကော်လန်အား ဆွဲကိုင်လိုက်ပြီး …

" မင်းဘယ်သူလဲ … ဘာတွေလုပ်နေတာလဲ "

ရှန်ဝေက ဖြေဆိုနေမှုရပ်မသွားပေ …

" အပြစ်တွေအားလုံးကို ရှန်ဟွှာရန်းကျူးလွန်ခဲ့တာ … သူမိသားစုမပါဘူး "

' ခွပ် '

ဖန်းဂူရဲ့ လက်သီးက ရှန်ဝေပါးပေါ်ကျရောက်လာတော့ အခြေအနေက ရုတ်ရုတ်သဲသဲဖြစ်သွားတယ် … ရှန်ဝေနှဖူးထံ သေနတ်နဲ့ချိန်ရွယ်လိုက်တော့ လူတွေအားလုံး လန့်ကုန်ကြပြီး အစောင့်တွေရှေ့ထွက်လာကာ ဖန်းဂူအား သေနတ်ဖြင့်ချိန်ရွယ်လိုက်ကြတယ် … သေနတ်နဲ့အဝိုင်းခံရတာမြင်တော့ ရှုယွမ်နဲ့မင်းယွီ ဖန်းဂူအားကာပေးကာ ထိုလူတွေထံ သေနတ်ဖြင့်လှည့်ကာ ချိန်လိုက်တော့ အခြေအနေတော့ကပို၍တင်းမာကာ တိုက်ပွဲစတော့မလိုပင် … ဖန်းဂူက ဘေးပတ်ဝန်းကျင်အား ဂရုမစိုက်နိုင်ပဲ ရှန်ဝေအားကြည့်ကာ ဒေါသကြီးစွာ ပြောလိုက်တယ် …

" မင်းငါတို့ကိုလှည့်စားလိုက်တာပဲ … မင်းဘယ်ကတည်းက ရှန်ဟွှာကို ခြောက်ချဖို့ကြံနေတာလဲ … မင်းဘယ်သူလဲဆိုတာ ခုအမှန်တိုင်းပြော "

" ကျွန်တော်က ရှန်ဟွှာအမှုကိုကိုင်နေတဲ့ အရာရှိ ကျန်းရှန်ဝေပဲ "

' ခွပ် '

သေနတ်စောင်းနဲ့ နောက်တစ်ချက်အထိုးခံရပေမဲ့ ရှန်ဝေ မရှောင်ထွက်ခဲ့ပေ … ထိုစဉ် ဝိုင်းထားတဲ့လူတစ်ချို့ ရှေ့တိုးလာကာ မင်းယွီနဲ့ ရှုယွမ်ကိုတားစီးကာ လက်မလွန်ဝေဖို့ ရှန်ဖန်းဂူကို ဖမ်းချုပ်လိုက်ကြပြီး …

" ဒါဆို ရှန်ဟွှာအမှုကိုစစ်ဆေးဖို့ ရှန်ဖန်းဂူကို ခေါ်သွားခွင့်ပြုပါ "

ဖန်းဂူက ဖမ်းချုပ်မခံပဲ ရုန်းထွက်လိုက်တယ်  …

" ငါ့ကိုမထိနဲ့  "

ရှန်ဖန်းဂူရဲ့ဟိန်းဟောက်မှုကို ဘယ်သူမှမလွန်ဆန်ရဲကြပေ … ရုတ်ရုတ်သဲသဲအခြေအနေအား အပေါ်ကနေကြည့်နေတဲ့ယောင်းက ကြေနပ်စွာပြုံးလိုက်ပြီး …

" ရှုမန်း … မင်းအလှည့်ရောက်ပြီ … ဖန်းဂူကိုသွားမရအောင် ခြေထောက်ကိုပြစ်လိုက် "

ရှုမန်းက သေနတ်ကိုထုတ်လိုက်ပြီး လူကြားထဲက ဖန်းဂူထံချိန်ရွယ်လိုက်တယ် … ယခုချိန်ထိ တားနေတဲ့ကြားက ရှန်ဖန်းဂူဟာ ရှန်ဝေအား သေနတ်ဖြင့်ချိန်ထားဆဲ … မင်းယွီနဲ့ ရှုယွမ်က တဖက်ကအစောင့်တွေထံ ချိန်ရွယ်ထားတယ် … ရှုမန်း ပြစ်မှတ်တစ်နေရာကို ရှာလိုက်ပြီးနောက် သေနတ်မောင်းကို နှိပ်လိုက်တယ် …

' ဒိုင်း '

သေနတ်သံကြားတော့ လူတွေအားလုံးဝတ်ကုန်ကြပြီး ဖန်းဂူက ရှန်ဝေကိုပြစ်လိုက်တာဟု ထင်ကုန်ကြတယ် … တကယ်တန်း လဲကျသွားသူက ဖန်းဂူဘေးကချုပ်ထားတဲ့အစောင့်တစ်ယောက်ပင် … ချောင်းပြစ်နေတဲ့သူရှိနေမှန်းသိတော့ ဖန်းဂူ မင်းယွီလက်ကိုဆွဲကာ လူကြားထဲကနေ ပြေးထွက်သွားလေတယ် … ဘာဒါဏ်ရာမှမရပဲ ဖန်းဂူထွက်သွားတာမြင်တော့ ယောင်းက ဒေါသထွက်သွားပြီး …

" ရှုမန်း မင်းလက်က သေမလို့ လွဲနေတာလား … လွဲရင်တောင် သူ့ခေါင်းကို ထိအောင်လွဲ "

" လူတွေဒီလောက်အများကြီး ငါဘယ်လိုလုပ် မှန်အောင်ပြစ်နိုင်မှာလဲ "

" မင်း "

ယောင်းက ဆက်မပြောတော့ပဲ သူ့ရဲ့အဖွဲ့ကိုခေါ်ကာ ဖန်းဂူအနောက်လိုက်ဖို့ပြေးထွက်သွားလေတော့တယ် … ပွဲထဲ၌ ဆူညံနေပြီး လူတိုင်ထိတ်လန့်တုန်လှုပ်သွားကြကာ ထိုသတင်းကအလျှင်အမြန်ပင် ပြန့်သွားလေတော့တယ်  …

မင်းယွီလက်ကိုဆွဲကာ ဖန်းဂူအမြန်ပြေးထွက်လာပြီး အရှေ့ကနေတားစီးထားတဲ့လူတွေကို ပြန်လည်တိုက်ထုတ်ကာ လမ်းဖွင့်လိုက်တယ် … ယောင်းရဲ့လူတွေက သူ့တို့ကို တားစီးပေမဲ့ ဘယ်အတားအစီးကမှ ဖန်းဂူအား တားစီး၍မရတော့ပေ … ခြင်္သေ့ရဲ့လက်နဲ့ အထိုးခံရသူတိုင်း ပြန်ထမလာနိုင်တော့၍ ဖန်းဂူကားပေါ်သို့လွယ်ကူစွာရောက်ရှိသွားပြီး အမြန်ထွက်လာခဲ့တယ် … 

တစ်လမ်းလုံးတိတ်ဆိတ်နေပြီး ရုတ်တရပ်အခြေအနေကြောင့် မင်းယွီလဲ ဘာစကားမှမဆိုနိုင်ခဲ့ပေ … သူတို့ ရှန်ဟွှာအိမ်တော်ထံ ရောက်ရှိလာကြတော့ ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပြန်တယ် … ချူးရှန့် လောင်ဝီနဲ့ လောင်ရှန့်တို့က သခင်ကြီးရှန်ဟွှာရန်အား လာဖမ်းသည့်အရာရှိများအား ပြန်လည်တိုက်ခိုက်ကာ ကာကွယ်နေကြတယ် … ဒီတစ်ခေါက် လာဖမ်းပုံက ညှင်သာမှုမရှိ လက်နတ်များနှင့် တိုက်ခိုက်သည်ထိပင် …

" မင်းတို့ သေချင်လို့ ငါ့အိမ်ထဲကို လာရဲတာလား "

' ဒိုင်း '

ရှန်ဖန်းဂူရဲ့ဒေါသတွေက ပေါက်ကွဲထွက်ကာ သေနတ်ဖြင့် စတင်ပြစ်ခပ်လိုက်တဲ့အခါ အရာရှိတွေဘက်က တစ်ယောက်ကျသွားပြီး ပြစ်ခပ်မှုတို့ စတင်သွားလေတော့တယ် … ခြံအပြင်၌ တစ်ဖက်စီပြစ်ခပ်နေကြပြီး သခင်မကြီးက မင်းယွီအား အန္တရာယ်ကင်းသည့်နေရာသို့ ခေါ်ဆောင်လာခဲ့တယ် …

" မကြောက်နဲ့ … အခြေအနေကရုတ်တရပ်မို့ ထိန်းရခက်သွားတယ် "

မင်းယွီက သခင်မကြီးရဲ့မျက်နှာမကောင်းတာမြင်ရတော့ သူလဲဘာမှမတတ်နိုင်၍ ငိုပင်ငိုမိတော့မလိုပင် …

" သခင်ကြီးရောဟင် "

သခင်မကြီးက ချက်ချင်းပြန်မဖြေပဲ မင်းယွီခေါင်းလေးအား ပွတ်ပေးလိုင်ပြီး …

" တစ်နေ့ ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာ ကြိုတွေးပြီးသားပါ … မင်းကြံ့ကြံ့ခံနိုင်တယ်မဟုတ်လား … မာဖီးယားတွေက အချိန်အကြာကြီးမပျော်ရွှင်ရဘူး … ဒါကြောင့်သားလေးကိုအမှောင်ကိုပြန်မသွားစေချင်ခဲ့တာ … ဒါပေမဲ့မင်းတွေ့တဲ့အတိုင်း ကံတရားဆိုတာ စိတ်ကူးတဲ့အတိုင်းဖြစ်မလာတတ်ဘူး … ခုတော့ရွေးချယ်ခွင့်မရှိတော့ဘူး … မင်း အမှောင်လောကရဲ့ Loin ကိုအဖော်ပြုပေးနိုင်မယ်မလား "

" ကျွန်တော်ကအဆင်ပြေတယ် … ရှန်ဖန်းဂူ အမှောင်မှာပဲနေနေ အလင်းမှာပဲနေနေ ကျွန်တော် သူနဲ့အတူ ရှိနေမှာ … ခုအရေးကြီးတာက သခင်ကြီးကို သူတို့ဖမ်းခေါ်သွားကြတော့မှာ … သခင်ကြီးရော "

သူမက ဧည့်ခန်းထဲကခုံပေါ်သို့ညွှန်ပြလိုက်တယ် …

" အဆင်သင့်တောင်ဖြစ်နေပြီ "

သခင်ကြီးက တည်ငြိမ်စွာပင်ထိုင်နေပြီး စာရွက်စာတန်းတစ်ချို့ကို စစ်ဆေးပြီးနောက် ဖိုင်ထဲထည့်ကာ သိမ်းနေတယ် … အရှေ့က တိုက်ခိုက်နေတာတွေက TV ဖန်သားပြင်ထဲပေါ်နေသည့် ရုပ်ပြများအလား သတ်မှတ်ထားပုံပင် …

" ဒါဆို ဘာလို့တိုက်ခိုက်နေကြတာလဲ … ရှန်ဖန်းဂူကို မပြစ်တော့ဖို့ တားပေးပါ … ဒါကဖြေရှင်းနည်းမဟုတ်ဘူး "

" အဲ့ဒါလဲမှန်ပါတယ် … ဒါပေမဲ့ စည်းကမ်းမဲ့တဲ့အရာရှိတွေကို နည်းနည်းတော့ ခြောက်လှန့်ပေးသင့်တာပေါ့ "

ခနအကြာတွင် အပြစ်အခပ်များရပ်ဆဲသွားပြီး ခြောက်လှန့်ယုံလေးနဲ့ အရာရှိ ၆ ယောက်ပင်ကျသွားခဲ့တယ် … သခင်ကြီးရှန်ဟွှာရန်းက ဧည့်ခန်းထဲမှာ အရန်သင့်စောင်နေပြီး သားသမီးတွေကို ဘာတစ်ခွန်းမှမမှာတော့ပဲ အဖမ်းခံလိုက်တယ် … ဖန်းဂူက တားစီးပေမဲ့ သခင်ကြီးက တစ်ခွန်းထည်းသာ မိန့်ဆိုလိုက်တယ် …

" အပြစ်တွေအားလုံးကို ငါပဲခံယူမယ် "

" ကျွန်တော် လက်မခံဘူး … ဒါကို ကျွန်တော်ကိုယ်တိုင်ပဲ ဖြေရှင်းမယ် "

" မင်းက Lion ဆိုပြီးအဖမ်းခံမလို့လား … အဲ့ဒါက သူတို့ကိုအညံ့ခံလိုက်တာနဲ့အတူတူပဲ … ရှေ့ဆက်ပြီး မင်းဘာတွေလုပ်ရမလဲဆိုတာသိပြီလား … ခုဘာအတားအစီးမှမရှိတော့ဘူး … မင်းလုပ်ချင်ရာလုပ်လို့ရပြီ Lion "

အဖိုးရဲ့အရိပ်အမွတ်ပြတာကို သဘောပေါက်သွားတဲ့ ဖန်းဂူ ဆက်ပြီးမတားစီးတော့ပေ … အရာရှိတွေကလဲ ဖန်းဂူကိုမနိုင်မှန်းသိနေ၍ ရှန်ဟွှာရန်ကိုဖမ်းကာ တပ်ဆုတ်သွားကြတယ် …  ရှန်ဟွှာရန်းကို ဖမ်းခေါ်သွားပြီးတဲ့နောက် ဖန်းဂူအိမ်သို့ပြန်လာပြီး ယာရှာပေးထားခဲ့တဲ့ နှစ်တွေအကြာကြီး သိမ်းစည်းထားတဲ့ ပစ္စည်အား ထုတ်ယူလိုက်တယ် … ထိုအရာက သူ့ရဲ့ Lion ပုံနဲ့ အနက်ရောင်ဝတ်ရုံနှင့်မျက်နှာဖုံးပင် … မင်းယွီက သားလေးကိုပွေ့ချီထားလျှက် ဖန်းဂူဝတ်ရုံအား စိုက်ကြည့်နေတာကိုတွေ့ရတော့ မေးလိုက်တယ် …

" ဒါတွေကို ပြန်ဝတ်မလို့လား "

ဖန်းဂူက ချက်ချင်းပဲ ဝတ်ရုံအားဖြန့်ကာ ဝတ်ဆင်လိုက်တယ် … လုယီလေးက ဖခင်ဆင်မြန်နေတာကိုကြည့်ပြီး သဘောတွေကျကာ မင်းယွီပေါ်ကဆင်းပြီး ဖခင်ပေါ်အားပွေ့ချီခိုင်းနေတယ် …

" ဒယ်ဒီ … Yiyi လဲကချားမယ် "

တစ်နေ့လုံး ပြဿနာတွေနဲ့ခေါင်းရှုတ်လာခဲ့ပေမဲ့ သားလေးအသံကြားရတော့ ဖန်းဂူပြုံးသွားပြီး လုယီလေးကိုပွေ့ချီလိုက်တယ် …

" လုယီ … ဒယ်ဒီနဲ့တူတူ လူဆိုးဖမ်းတိုင်း ကစားချင်လား "

" အင်း … အင်း "

လုယီလေးက ပျော်ရွှင်စွာပင် ခေါင်းသွင်သွင်ငြိမ့်ကာ ပြန်ဖြေလိုက်တယ် … ပြီးနောက် ဖန်းဂူ သူ့ရဲ့ မျက်နှာဖုံးအား တပ်ဆင်လိုက်ပြီးနောက် မင်းယွီထံ လက်ကမ်းလိုက်ပြီးနောက်  …

" ယွီလေး … ကိုယ်နဲ့အတူ အမှောင်လောကထဲ လိုက်ရဲလား "

မင်းယွီက သတ္တိရှိစွာပင် ဖန်းဂူလက်အား ပြန်လည် ဆုပ်ကိုင်လိုက်ပြီး …

" ကျွန်တော် ဘယ်နေရာမဆို Lion နဲ့အတူ လိုက်ခဲ့မယ် "

သားအဖတတွေ နွေးထွေးစွာပွေ့ဖတ်လိုက်ကြပြီးနောက် အမှောင်လောက တိုက်ပွဲခေါ်သံ ဆူညံစွာ ထွက်ပေါ်လာလေတော့တယ် …

………………………………………………………

To Be Continued .……

( ဒါကနောက်ဆုံးတိုက်ပွဲပါနော် … ဇာတ်လမ်းလေးပြီးဖို့နီးလာပြီ ❣️ Star လေးကို နှိပ်ဖို့လဲမမေ့နဲ့နော် … fb လေးတွေလဲမျှော်နေမယ် 🥰 )

Zawgyi
~~~~~~

အေျခအေနေတြက ရႈတ္ေထြးသြားကာ အားလုံးရဲ႕အာ႐ုံစိုက္မႈကိုရရွိသြားသည့္အျပင္ အခြင့္အေရးေစာင့္ေမွ်ာ္ေနၾကသူေတြက သူတို႔ရဲ႕ ေထာင္ေျခာက္ကို စတင္ဖန္းတီးၾကေလေတာ့တယ္ … ဘယ္ကမွန္းမသိတဲ့ ေမးျမန္းသူေတြ ထပ္မံ ေရာက္လာၾကၿပီး ေမးခြန္းမ်ား အဆက္မျပတ္ေမးျမန္လာေတာ့တယ္ …

" သူက Mr.ပတ္ဒိုမင္းနဲ႕ ဘယ္လိုမ်ား ပတ္သပ္ေနတာလဲ "

" ဒါက လွ်ို႔ဝွက္ထားတဲ့ ပိုင္သခင္ေလးမ်ားလား "

" ပိုင္သခင္ေလး "

ရည္႐ြယ္ခ်က္ရွိရွိ မင္းယြီရဲ႕ ဖုံးကြယ္ထားတဲ့မ်ိဳးရိုးကိုေဖာ္ကာ ေမ့ေလ်ာ့ေနတဲ့ ရွန္ဟႊာရဲ႕အမႈကို ထပ္တိုးေအာင္လုပ္လိုက္ျခင္းပင္ … ရွန္ဖန္းဂူကို ဒုကၡေရာက္မည္ဆိုး၍ ကာကြယ္ေပဖို႔ လိုက္လာခဲ့တဲ့ မင္းယြီက ဖန္းဂူဒုကၡေရာက္ေအာင္ လုပ္မိသြားခဲ့ၿပီ … ထိုစဥ္ အားလုံးက  မင္းယြီအေပၚ အာ႐ုံစိုက္လာၾကတယ္ …

" ဒါဆို ပိုင္မိသားစုရဲ႕အမႈလိုက္ေနတဲ့အခ်ိန္ ပိုင္သခင္ေလးက ဘာေၾကာင့္ ရွန္ဟႊာကိုေရာက္ေနတာလဲ "

" အမႈေဖာ္မရေအာင္ ဓားစာခံေခၚထားတာမ်ားလား "

" ရွန္ဟႊာက တကယ္ပဲ အမႈေတြ က်ဴးလြန္ခဲ့တာလား "

အားလုံးက ရွန္ဟႊာဟာ ပိုင္မိသားစုကိုခ်ဳပ္ကိုင္ဖို႔ ပိုင္သခင္ေလးကို သိမ္ပိုက္ထားတယ္ဟုထင္ေၾကးေပးလာၾကတယ္ … မိသားစုေတြေထာက္ခံထားတဲ့ တရားဝင္လက္ထပ္စားခ်ဳပ္မရွိျခင္းက ရွန္ဖန္းဂူကို ေျဖရွန္းရန္အခြင့္မရေစခဲ့ဘူး … မင္းယြီက ဖခင္လက္ကေန႐ုန္းထြက္ကာ ဖန္ဂူထံျပန္သြားၿပီး ဖန္းဂူလက္ေမာင္းအား တင္းေနေအာင္ဆုတ္ကိုင္လိုက္ၿပီးေနာက္ သူက ေမးျမန္းေနတဲ့လူေတြအားၾကည့္ကာ သတၱိရွိရွိေျဖဆိုလိုက္တယ္ …

" ကြၽန္ေတာ္ကိုယ္တိုင္ လက္ခံခဲ့တာ … ကြၽန္ေတာ္တို႔ ၂ ဦးသေဘာတူ မိတ္ဖတ္ခဲ့တာ "

" ဒါဆို ဘာေၾကာင့္ တရာဝင္စာခ်ဳပ္မရွိေနတာလဲ … ပိုင္မ်ိဳးရိုးကို ဘာေၾကာင့္ ဖုံးကြယ္ထားခဲ့တာလဲ … ပြင့္ပြင့္လင္းလင္ပဲေျပာပါ … ရွန္ဟႊာက ခ်ိန္ေျခာက္ထားတယ္ဆိုရင္ေတာင္ ဒီေနရာမွာ ေၾကာက္ဖို႔မလိုပါဘူး … အားလုံးက ကာကြယ္ေပးမွာပါ "

ေမးခြန္းေတြက ဖန္းဂူအျပစ္ျဖစ္ေအာင္ ဖန္တီးေနၾကျခင္းပင္ …ေမးျမန္းသူက တမင္အၾကပ္ရိုက္ေအာင္လုပ္ကာ ရွန္ဖန္းဂူကို ေဒါထြက္ေအာင္စြေနသလိုပင္ … ဒါေတြအားလုံးက တစ္စုံတစ္ေယာက္ရဲ႕စနစ္ျဖစ္ၿပီး ရွန္ဖန္းဂူ ပြဲၾကမ္းမွာကို ေစာင့္ေမွ်ာ္ေနျခင္းပင္ … သို႔ေပမဲ့ မင္းယြီရဲ႕ သတိေပးတဲ့အၾကည့္ေတြနဲ႕ တင္းၾကပ္စြာ ဆုတ္ကိုင္ထားတဲ့လက္ေတြေၾကာင့္ ဖန္းဂူ စိတ္ေလ်ာ့ကာ ထိုေမးျမန္းသူအား လစ္လ်ႉရႈဖို႔ႀကိဳးစားလိုက္တယ္ …

ဒါေပမဲ့ အေျခအေနက သူ႕ဘက္မွာရွိမေနခဲ့ေပ … ႐ုတ္႐ုတ္သဲသဲၾကားကေန မူမမွန္သည့္သူမ်ား ပါလာခဲ့တယ္ … သူတို႔အားလုံးက ခ်န္းရဲ႕လူေတြဆိုတာ ခန႔္မွန္းစရာပင္မလိုေျခ … ပတ္ဒိုမင္းက ပုံမွန္ပြဲေတြရဲ႕ စည္းမ်ဥ္းစည္းကမ္းနဲ႕ မကိုက္ညီစြာ လူတစ္ေယာက္ကို အၾကမ္ကိုင္ကာ ေမးျမန္းေနတာေတြ႕ရေတာ့ ထိုလူေတြကို တားဖို႔ႀကိဳးစားေပမဲ့ သူသိလိုက္ရတာက ဒီပြဲဟာ သူ႕ရဲ႕အာဏာကိုပင္အသုံးျပဳ၍ မရဟူ၍ …

သူ႕ရဲ႕လူေတြ တစ္ေယာက္မွမရွိေနေတာ့ပဲ က်န္ရွိေနတဲ့အရာရွိေတြက သူ႕ဘက္မပါသည့္အျပင္ ရွန္ဖန္းဂူရဲ႕အေျဖအား လက္ပိုက္ကာ ေစာင့္ဆိုင္းေနၾကတယ္ … ဒီပြဲက ဖန္းဂူကိုေထာင္ေျခာက္ဆင္ဖမ္းဖို႔ဆိုတာ ဖန္းဂူခ်က္ခ်င္းသေဘာေပါက္လိုက္တယ္ … ထင္သည့္အတိုင္း သူတို႔အားလုံး ဖန္းဂူအား ေမးခြန္းမ်ားျဖင့္ ဝိုင္းကာ အၾကပ္ကိုင္လာၾကတယ္ …

" နယ္စပ္လက္နတ္ကိုင္အဖြဲ႕အစည္းက ရွန္ဟႊာနဲ႕ ပတ္သပ္ေနတယ္လို႔ သတင္ရရွိတာ အမွန္ပဲလား "

ထိုလူက ပိတ္ကားကေနတဆင့္ လူေတြကိုလွည့္စားနိုင္မည့္သက္ေသေတြထုတ္ျပလာတယ္ … အမႈစစ္ေဆးတဲ့ေနရာမွာ ေတာ္လြန္းတဲ့ ပတ္ဒိုမင္းက အစကထိုအရႈတ္ထုပ္မွာ ဝင္မပါဖို႔ ဆုံးျဖတ္လိုက္ေပမဲ့ သက္ေသအတုေတြနဲ႕ ဆြဲခ်က္တင္လာေတာ့ ေရွ႕ထြက္လာခဲ့တယ္ …

" ဒီေနရာက နိုင္ငံေရးေဖာ္ထုတ္ရမဲ့ေနရာမဟုတ္ဘူး … စီးပြားေရးနဲ႕ မိသားစုအေၾကာင္းကလြဲရင္ ဘာမွေျပာဆိုခြင့္မရွိဘူး "

" Mr.ပတ္ဒိုမင္းက သားအတြက္နဲ႕ အျပစ္ရွိတဲ့သူကို ကာကြယ္ေပးခ်င္ေနတာမ်ားလား "

ထိုေမးျမန္းေနသူက ေလးစားမႈမရွိတဲ့အျပင္ သူ႕ရဲ႕အရွိန္အဝါကမေသးလွ၍ အေနာက္ကႀကိဳးကိုင္သူကို ေထာက္လွမ္းဖို႔အေကာင္းဆုံးပင္ … လူေတြရဲ႕အာ႐ုံစိုက္မႈေတြက ဒိုမင္းဝင္တားလွ်င္ပင္ မရရွိနိုင္ေတာ့ေပ …

" Mr.ဖန္းဂူက Lion ဆိုတာ မွန္ပါသလား "

" Lion "

ထိုလူက လူေတြရဲ႕အာ႐ုံကို လွည့္စားတဲ့ေနရာမွာ ကမ္းကုန္တတ္ႂကြမ္းသူပင္ … သူက လူေတြကို ဒိုးမင္းတားစီးေနတာ မျမင္ေစေတာ့ပဲ အာ႐ုံေျပာင္းေအာင္ လုပ္လိုက္နိုင္တယ္ … အရာရွိေတြကအစ ထိုပြဲကိုစိတ္ဝင္စားေနၾကၿပီး ဝင္တားမည့္အစီစဥ္ရွိပုံမေပၚေပ … ခုခ်ိန္မွာ နာမည္ႀကီးေနတဲ့ Lion အစစ္က ဘယ္သူျဖစ္မလဲဆိုတာကို လူတိုင္းသိခ်င္ေနၾကတယ္ … ဒါကိုအခြင့္ေကာင္းယူကာ ဒီပြဲမွာ သက္ေသနဲ႕တကြ ထုတ္ျပလိုက္ျခင္းပင္ …

ထိုအရာကိုျမင္ေတာ့ ဖန္းဂူရဲ႕သီးခံစိတ္တို႔ေႂကြမြသြားကာ ႏွစ္မ်ားစြာဖယ္ခြာထားသည့္ ၾကမ္းတမ္းလွတဲ့ မ်က္ႏွာထားအျဖစ္ေျပာင္းသြားၿပီး ဟက္ကနဲျပဳလိုက္တယ္ … ဒီလွည့္ကြက္ေတြက သူ႕အတြက္ေတာ့ ကစားစရာသပ္သပ္ပဲ … Lion ရဲ႕ပုံစံအမွန္ကိုသာျပလိုက္ရင္ ပြဲထဲကလူေတြအားလုံး အသက္ပင္ရွင္က်န္မည္မဟုတ္ေတာ့ေပ …

အားလုံးရဲ႕ပါစပ္ျဖားမွာ တိုးတိတ္စြာေရ႐ြတ္ေနၾကၿပီး ပိတ္ကားထက္မွ မ်က္ႏွာဖုံးနဲ႕ Lion ကိုတစ္လွည့္ဖန္းဂူကိုတစ္လွည့္ၾကည့္ကာ ေဝခြဲရခက္သြားေလတယ္ … ဒီပြဲက အမွန္ကန္ပင္ ရွန္ဖန္းဂူကို ေထာက္ေခ်ာက္ဆင္ဖမ္းရန္ ရည္႐ြယ္ထားျခင္းပင္ … ထိုလူက ဖန္ဂူအားၾကည့္ကာ

" Mr.အန္းဂါးလ္ ရွိစဥ္ကတည္းက  နယ္စပ္က စစ္တပ္ေတြနဲ႕ ပူးေပါင္းၿပီး Mr.အန္းဂါးလ္ကို ေခ်ာက္ခ်တဲ့အျပင္ သူပိုင္တဲ့စိန္ေတြနဲ႕ သူ႕ရဲ႕တပ္ကိုပါ Mr.ဖန္းဂူ လက္ဝါးႀကီးအုပ္ခ်ယ္လွယ္ေနၿပီး နယ္ခ်ဲ့ဖို႔ ႀကိဳးစားေနခဲ့တာမဟုတ္လား … အန္းဂါးလ္ရဲ႕အခ်က္အလတ္သတင္းေတြ ေပးခဲ့သူကလဲ Mr.ဖန္းဂူ ကိုယ္တိုင္ပဲ … ဒါဆိုရည္႐ြယ္ခ်က္ကရွင္းေနၿပီ … Lion က ဒီေလာကႀကီးကို အုပ္ဆိုးခ်င္ေနတာ  "

တခ်ိဳ႕စကားလုံးေတြကမွန္ေပမဲ့ လုပ္ႀကံဇာတ္လမ္းကမ်ားေနတယ္ … လူေတြရဲ႕ တုန႔္ျပန္မႈကလဲ ထင္ထားတာထက္ပင္ ပိုေနခဲ့တယ္ … ဖန္းဂူကို ေၾကာက္စရာသတၱဝါတစ္ေကာင္ပမာ ၾကည့္လာၾကၿပီး ဘယ္ကတည္းကေရာက္ေနမွန္းမသိတဲ့ ရဲေတြက ဖန္းဂူအား ေသနတ္ျဖင့္ခ်ိန္႐ြယ္ထားေလေတာ့တယ္ … အေျခအေနေတြေျပာင္းလဲသြားတာ ျမန္လြန္း၍ ဘယ္ကဘယ္လို တရားခံျဖစ္သြားမွန္းမသိလိုက္တဲ့ဖန္းဂူ လုပ္ႀကံဇာတ္လမ္းေအာက္မွာ ေျမာေနၾကတဲ့ ဦးေနာက္မရွိတဲ့ လူေတြကိုၾကည့္ကာ ဟားတိုက္ကာရယ္ေလေတာ့တယ္ …

" ဟား … ဟား … ဒါက ဘယ္လိုဇာတ္လမ္းမ်ိဳးလဲ … မင္းေျပာတဲ့အတိုင္းသာငါတကယ္လုပ္ရင္ ဒီေနရာမွာ မင္းတို႔အားလုံး အသက္ရွင္ေနမွာေတာင္မဟုတ္ေတာ့ဘူး "

လူေတြအားလုံးက ဖန္းဂူရဲ႕ေျပာင္းလဲသြားတဲ့ပုံကိုၾကည့္ကာ ေၾကာက္႐ြံ႕ေနၾကတယ္ … တစ္ခ်ိဳ႕ဆိုလွ်င္ Lion လို႔ေဖာ္ထုတ္လိုက္ကတည္းက တစ္ဝက္ေလာက္က ေၾကာက္လန႔္ကာ အေနာက္သို႔ဆုတ္ခြာသြားၾကၿပီး သတင္းရယူလိုသူႏွင့္ အေစာင့္ရဲမ်ားသာ ေရွ႕မွာက်န္ရွိေနခဲ့တယ္ … ထိုထဲက လူတစ္ခ်ိဳ႕က ရွန္ဖန္းဂူအား ဆြဲခ်က္တင္ၾကေလေတာ့တယ္ …

" ရွန္ဖန္းဂူ … မင္းကငါတို႔ကို သတ္မယ္လို႔ခ်ိန္ေျခာက္ေနတာလား "

" မင္းကတကယ္ဘီလူးလိုေကာင္ပဲ … ငါတို႔ယုံၾကည္မႈကိုအလြဲသုံးစားလုပ္တယ္ … မင္းကေအာင္ျမင္ေနတာကိုေလာဘမတတ္နိုင္ပဲ အုပ္ခ်ဳပ္ဖို႔ထိ ေတြးေနတာလား "

ရွန္ဖန္းဂူက ပုံမွန္မဟုတ္ေတာ့ေပ … သူေထာင္ေခ်ာက္ထဲမိသြားတယ္ဆိုတာ သိလိုက္ကတည္းက ယဥ္ေက်းျပကာ လူပိန္းေတြအႀကိဳက္လိုက္လုပ္ဖို႔ဆႏၵမရွိေတာ့ေျခ … ျခေသၤ့ကို လာစြေတာ့လဲ အဆြယ္ထုတ္ျပယုံသာ ရွိေတာ့တယ္ …

" ငါသာ တိုင္းျပည္အုပ္ခ်ဳပ္ခ်င္ရင္ မင္းတို႔အားလုံးခုလိုငါ့ေရွ႕မွာ ငါ့ကိုမ်က္လုံးျခင္းေတာင္ဆုံၾကည့္ရဲမွာမဟုတ္ဘူး … ငါမင္းတို႔မ်က္လုံးေတြကို ေဖာက္ထုပ္ျပစ္မယ္ "

ဖန္းဂူရဲ႕အသံက မန္ပါကာ ခ်ိန္ေျခာက္ေနသလိုပင္ … မင္းယြီက ဖန္းဂူအားတားဆီးဖို႔ႀကိဳးစားေပမဲ့ ဖန္းဂူေဒါသေတြက ေပါက္ကြဲေနေျခၿပီ … ဖန္ဂူေျခတစ္လွမ္းလွမ္းတိုင္ အေစာင့္ေတြရဲ႕ေသနတ္က ဖန္းဂူထံခ်ိန္႐ြယ္လာတယ္  …

လက္နတ္ေတြပါ ထုတ္သုံးလာေတာ့ အေျခအေနက အႏၲရာယ္ရွိေနၿပီဆိုတာ သိလိုက္ရ၍ ပတ္ဒိုမင္းက ဖန္းဂူေဘးက မင္းယြီအား ဆြဲေခၚလိုက္တယ္ …

" မင္းယြီ … အႏၲရာယ္မ်ားတယ္ ဒီကိုလား "

မင္းယြီက ဖန္းဂူလက္ကို မလႊတ္ေျခ …

" ကြၽန္ေတာ္ သူနဲ႕အတူေနမယ္ "

မင္းယြီက ရဲရင္စြာပင္ ဖန္းဂူအတူရပ္လိုက္ၿပီး သူတို႔ကိုခ်ိန္႐ြယ္ထားတဲ့ ေသနတ္ေတြကို ေခါင္းေမာ့ရင္ဆိုင္ကာ အတူေျဖရွင္းဖို႔ ဆုံးျဖတ္လိုက္တယ္ … ထိုအခါ ေမးျမန္ေနတဲ့ လူက ဖန္းဂူနဲ႕မင္းယြီအား ၾကည့္လိုက္ၿပီး …

" မင္းတို႔ ၂ ေယာက္လုံးက အႀကံတူတဲ့ ပုန္ကုန္သူေတြလား … ပိုင္သခင္ေလး မင္းနဲ႕မဆိုင္ရင္ေဘးဖယ္ေန … ငါတို႔မင္းကိုမတိုက္ခိုက္ခ်င္ဘူး  "

ဖန္းဂူ မတရာစြတ္ဆြဲခံေနရတာကိုမၾကည့္ရက္နိုင္တဲ့မင္းယြီ ေရွ႕ထြက္လိုက္ၿပီး …

" မင္းမွာသက္ေသရွိလား … ပုန္ကန္သူဆိုရင္ ဒီပြဲမ်ိဳးကို ဘာေၾကာင့္တက္ေနဦးမွာလဲ "

" သူကဖုံးကြယ္ဖို႔ ႀကိဳးစားေနတာလဲ ျဖစ္နိုင္တာပဲ … မင္းေရာ သူ Lion ဆိုတာ သိေနတယ္မလား … ဘာေၾကာင့္ ဖုံးကြယ္ထားတာလဲ … သူမင္းကိုခ်ိန္ေျခာက္ထားလို႔လား  "

" သူက ငါ့ရဲ႕မိတ္ဖက္ပဲ … ငါသူ႕ဘက္မွာပဲ အၿမဲရွိေနမွာ "

" ဒါဆို Mr.ရွန္ဖန္းဂူက Lion ဆိုတာကို ဝန္ခံၿပီဆိုတဲ့သေဘာလား "

လူအမ်ားက ရွန္ဖန္းဂူရဲ႕အေျဖစကားအား စိတ္လႈပ္ရွားစြာ ေစာင့္ေနၾကတယ္ … ဖန္းဂူက သူ႕ရဲ႕ေရွ႕မွာ မားမားမတ္မတ္ရပ္တည္ေပးေနတဲ့မင္းယြီကိုျမင္ရေတာ့ သူ႕ရင္ထဲမွာ ေျပာမျပတတ္ေလာက္ေအာင္ ေပ်ာ္႐ႊင္သြားေလတယ္ … ထိုအေျခအေနအား အေဝးတစ္ေနရာမွ လူတစ္ေယာက္က ေက်နပ္စြာၿပဳံး၍ၾကည့္ေနတယ္ …

" ရႈမန္း … မင္းလုပ္တာေတာ္တယ္ "

ေယာင္းက ရႈမန္းအား ပခုံးကိုပုတ္ကာ ခ်ီးက်ဴးလိုက္တယ္ … ရႈမန္း အေဆာက္အဦးရဲ႕ အေပၚထပ္ကေနၿပီး ပြဲထဲကိုေစာင့္ၾကည့္ေနတယ္ … အခက္အခဲေတြနဲ႕ႀကဳံေနရတာေတာင္ မင္းယြီလက္ကိုမလႊတ္တမ္းကိုင္ကာ သတၱိရွိရွိရင္ဆိုင္ေနတဲ့ ဖန္းဂူကိုၾကည့္ၿပီး မိမိကိုယ္ကိုယ္သိမ္ငယ္မိလာတယ္ … ရွန္ဖန္းဂူက ဘာေၾကာင့္အရာရာမွာ သူ႕ထက္ေအာင္ျမင္ေနလဲဆိုတာ ႏွိုင္ယွဥ္စရာပင္မလိုေတာ့ေျခ … ထိုစဥ္ ေယာင္းက ရႈမန္းနားကပ္ကာ တိုးတိုးေလး အမိန႔္ေပးလိုက္တယ္ …

" ရွန္ဖန္းဂူကို အေကာင္းတိုင္း ျပန္မသြားေစနဲ႕ "

ယုတ္မာတဲ့အႀကံနဲ႕ ခ်န္းေယာင္း ဒီပြဲမွာ ျခေသၤ့ကိုဖမ္းဖို႔ စီစဥ္ထားျခင္းပင္ … ထိုစဥ္ သူ႕ရဲ႕ေထာင္ေျခာက္ထဲသို႔ ေနာက္ထပ္က်ားတစ္ေကာင္ ထပ္ေရာက္လာေလေတာ့တယ္ …

အေစာင့္အၾကပ္ေတြၾကားထဲသို႔ လူတစ္ေယာက္အေလာတႀကီးေျပးဝင္လာကာ ဖန္းဂူနဲ႕ မင္းယြီအေရွ႕ကေန ကာရပ္လိုက္တယ္ …

" မင္းတို႔စြတ္ဆြဲေနတဲ့တရားခံက Lion အစစ္မဟုတ္ဘူး … နယ္စပ္ကလက္နတ္ကိုင္ေတြကိုဦးေဆာင္ေနတာ Lion အတုပဲ … ငါကိုယ္တိုင္သူတို႔ကိုတိုက္ခိုက္လာတာ … မင္းတို႔ထက္ပိုသိတယ္ … မေသခ်ာတဲ့သက္ေသနဲ႕ လူတစ္ေယာက္ကို စြတ္ဆြဲလို႔မရဘူး … ဒါကနိုင္ငံေတာ္ ပုန္ကန္မႈနဲ႕ဆိုင္တဲ့အတြက္ မင္းတို႔သတင္းေထာက္ေတြဝင္ပါစရာမလိုဘူး … အထက္ကိုပဲတင္ျပရမွာ "

" က်န္းရႈယြမ္ "

အခန္းထဲပိတ္ခံထားရတဲ့ရႈယြမ္ ထိုအခက္အခဲေတြကိုႀကိဳေတြးမိ၍ ရေအာင္ထြက္ကာ လိုက္လာခဲ့ျခင္းပင္ … သူေရာက္ရွိလာခဲ့တာေနာက္က်သြားခဲ့ၿပီ … ရွန္ဖန္းဂူက သူ႕ကိုယ္သူ Lion ဆိုတာေဖာ္ထုပ္ၿပီးေနေျခၿပီ … ရႈယြမ္ကိုျမင္ေတာ့ လူေတြက ထပ္မံသံသယဝင္သြားၾကေလတယ္ …

" Lion နဲ႕ အရာရွိယြမ္က တစ္ဖြဲ႕ထည္းလား "

" ဒါဆို သူတို႔က ရန္သူဆိုတာ မဟုတ္ဘူးေပါ့ … အားလုံးကို သူတို႔ လွည့္စားေနတာပဲ "

" ဒါေၾကာင့္ ရွန္ဟႊာအမႈကို အရာရွိယြမ္က ျငင္းဆန္ၿပီး ထြက္သြားခဲ့တာျဖစ္မယ္ … ဒါဆိုသူတို႔ ပူးေပါင္းေနတာ ေသျခာေနၿပီ … နယ္စပ္ေတာ္လွန္ေရးမွာ အရာရွိယြမ္လဲပါဝင္ေနတယ္လို႔ၾကားတယ္ … ရွန္ဖန္းဂူနဲ႕က်န္းရႈယြမ္က နိုင္ငံကိုပုန္ကန္ဖို႔ႀကိဳးစားေနၾကတာလား … သူတို႔က တရားခံေတြလား "

႐ုတ္တရပ္က က်န္းရႈယြမ္ပါ စြတ္ဆြဲခံလိုက္ရေတာ့ ပတ္ဒိုမင္း ရွားေမ့ကိုဆက္သြယ္ကာအျမန္လာဖို႔ေျပာလိုက္တယ္ … ဒီလိုမ်ိဳးရွင္းမရတဲ့အရႈတ္ေတြျဖစ္မလာဖို႔ ႀကိဳတင္တားစီးခဲ့ေပမဲ့ လူငယ္ေတြရဲ႕ေခါင္းမာမႈေၾကာင့္ အရာအားလုံးဟာ အခ်ည္းႏွီးသာ … က်န္းရႈယြမ္က အေျခအေနထိုမွ်ေလာက္ဆိုးသြားမွန္းသိလိုက္ရေတာ့ ဖန္းဂူအားၾကည့္ကာဆိုလိုက္တယ္ …

" မင္းဒီမွာ ဘာရပ္လုပ္ေနေသးတာလဲ … ထြက္သြားေတာ့ "

ဖန္းဂူကလဲ မဆီမဆိုင္ဝင္ပါလာတဲ့ ရႈယြမ္အား ေအာ္လိုက္တယ္ …

" မင္းကို အိမ္မွာေနခဲ့ဖို႔ေျပာထားတယ္မဟုတ္လား … မင္းကိုယ္မင္းသူရဲေကာင္းႀကီးလုပ္ခ်င္ေနတာလား … ခုမင္းကပုန္ကန္သူျဖစ္ေနၿပီ … သူတို႔ကိုမဟုတ္ဘူးလို႔ေျပာၿပီး ငါ့နားကေနထြက္သြားေတာ့ "

" ငါသြားလဲ မင္းအေျခအေနက ဒိထက္ဆိုးလာဖို႔ပဲရွိတယ္ … ဒီမွာေျဖရွင္းေနတာက အေျဖမွန္မဟုတ္ဘူး … မင္းယြီကိုေခၚၿပီးသြားေတာ့ "

အေျခအေနက ရႈတ္ေထြးကာ ရႈယြမ္ေရာက္လာေတာ့ ဝင္မပါပဲ ပြဲၾကည့္ေနတဲ့ အရာရွိတခ်ိဳ႕ေရွ႕ထြက္လာၾကတယ္ … သူတို႔ကလဲ ေကာလဟာလေတြကို ယုံၾကည္ေနပုံပင္ …

" Mr.က်န္းရႈယြမ္ … မင္းတကယ္ပဲ နိုင္ငံေတာ္ပုန္ကန္ေနတဲ့ Lion နဲ႕တစ္ဖြဲ႕ထည္းလား "

ရႈယြမ္က ထိုလူအားၾကည့္ကာ တစ္ခြန္းထည္းဆိုလိုက္တယ္ …

" Lion ကဘာအမွားမွ မလုပ္ထားဘူး "

" ဒီမွာသက္ေသေတြရွိေနတာပဲ … အမွန္ကိုမရွာပဲ မင္းကဘာေၾကာင့္ကာကြယ္ေပးေနတာလဲ … ၿပီးေတာ့ မင္းကနယ္စပ္မွာကာကြယ္ေပးရမွာကို သက္ေသေတြေဖ်ာက္ထားၿပီး Lion ကိုကာကြယ္ေပးေနတာလား "

မွန္ကန္ေန၍ ရႈယြမ္ ေျဖဆိုရန္ စကားရွာမေတြ႕ေတာ့ေပ … ထိုစဥ္ ရွားေမ့နဲ႕ဆုန္းခ်ဴတို႔ ေရာက္လာၾကတယ္ …

" ရႈယြမ္ … မင္းကိုဒီကထြက္သြားဖို႔မေျပာခဲ့ဘူးလား "

ရႈယြမ္ သူ႕မိခင္ကပါ သက္ေသအတုေတြကို ယုံၾကည္ေနတာျမင္ေတာ့ စိတ္ပ်က္အားေလ်ာ့စြာပင္ ဆိုလိုက္တယ္ …

" အေမကပါ ဘာေၾကာင့္အမွန္တရားဘက္က မပါနိုင္ရတာလဲ … သားေျပာၿပီးၿပီ … အမွန္တရားကိုပဲ ရွာေဖြမယ္ "

" ဒီကိစၥမွာ မင္းဝင္ပါစရာမလိုဘူး … မင္းတာဝန္က်တဲ့ေနရာမင္းျပန္ေတာ့ … ဆုန္းခ်ဴ မင္းအကိုကိုေခၚသြား "

ဆုန္းခ်ဴလဲ ရႈယြမ္ကို ဆြဲေခၚဖို႔ႀကိဳးစားေပမဲ့ ရႈယြမ္က ထြက္မသြားပဲ ဖန္းဂူနဲ႕ မင္းယြီကိုသာ ထြက္သြားဖို႔ေျပာလိုက္တယ္ … ဒီေနရာမွာ ေျဖရွင္းဖို႔တစ္ေယာက္ေယာက္ကေတာ့ ရွိေနဖို႔လိုတယ္ … သူတို႔ ၃ ေယာက္လုံး ထြက္သြားရင္ တရားခံလို႔ သတ္မွတ္လိုက္ၾကလိမ့္မယ္ … ဖန္းဂူကလဲ ေခါင္းမာစြာ ထြက္မသြားေပ …

ထိုစဥ္ အေနာက္မွ ထပ္မံေၾကျငာသံထြက္ေပၚလာေလေတာ့တယ္ …

" အားလုံးပဲ ေျဖရွင္းဖို႔ေနာက္ထပ္ ကိစၥတစ္ခုရွိပါေသးတယ္ … ရွန္ဟႊာရဲ႕အမႈေတြနဲ႕ပတ္သပ္တဲ့အမွန္တရားေတြ ရွန္ဟႊာရဲ႕ဖုံးကြယ္ထားတဲ့အေၾကာင္းေတြကို ထုတ္ေဖာ္ဖို႔ အရာရွိက်န္းရွန္ေဝကို ဖိတ္ေခၚပါတယ္ "

ရင္းနီးတဲ့နာမည္ေၾကာင့္ ဖန္းဂူေရာ မင္းယြီပါ ပိတ္ကားထပ္သို႔အၾကည့္ေရာက္သြားတဲ့အခ်ိန္ ခန႔္ညာသပ္ရပ္စြာ ဝတ္ဆင္ထားတဲ့ ရွန္ေဝကိုေတြ႕လိုက္ရတယ္ … ရႈယြမ္နဲ႕ ဆုန္းခ်ဴတို႔ပါ မ်က္လုံးအျပဴးသားနဲ႕ျဖစ္ေနၿပီး ဒီပြဲမွာ ရွန္ေဝဘာေၾကာင့္ဝင္ပါရသလဲနားမည္နိုင္သလို ဘာေတြျဖစ္လာမလဲ စိုးရိမ္ေနတယ္ … ရွန္ေဝရဲ႕ပုံစံက တည္ၿငိမ္ေအးေဆးလြန္းၿပီး အမူအယာက ခန႔္မွန္းရခက္လွတယ္ …

" ရွန္ေဝ … မင္း ဘာေတြလုပ္ေနတာလဲ "

မင္းယြီက နားမလည္နိုင္စြာ ေရ႐ြတ္လိုက္တယ္ … ရွန္ဖန္းဂူကေတာ့ ဘာမွမဆိုပဲ လက္သီးကို က်စ္က်စ္ပါေအာင္ဆုတ္လွ်က္ ရွန္ေဝဘာေျပာလာမလဲဆိုတာကို ေအးဆက္စြာ ေစာင့္ၾကည့္ေနတယ္ …

" Mr.ရွန္ေဝ … ဒီပြဲမွာ အေရးတႀကီး ထုတ္ေဖာ္စရာရွိတယ္လို႔ၾကားသိရပါတယ္ … အဲ့ဒါက ရွန္ဟႊာအမႈနဲ႕မ်ားသက္ဆိုင္ေနမလား … ဘာသတင္းေတြမ်ား ရရွိထားလဲ "

ရွန္ေဝက တည္ၿငိမ္ေအးဆက္စြာပင္ စတင္ကာဆိုလာေတာ့တယ္ …

" ကြၽန္ေတာ္ လိုရင္းပဲ ေျပာမယ္ … ရွန္သခင္ႀကီး ရွန္ဟႊာရန္းက လက္နတ္ေမွာင္ခိုေရာင္းေနတဲ့ ေခါင္းေဆာင္တစ္ဦးပါ … သူလုပ္ကိုင္တဲ့ တရားမဝင္အလုပ္နဲ႕ပတ္သပ္တဲ့သတင္းအခ်က္အလက္ေတြအားလုံး ကြၽန္ေတာ့မွာရွိတယ္ … ဒါေပမဲ့ ပိုင္မိသားစုရဲ႕အမႈက ရွန္ဟႊာနဲ႕ပတ္သပ္မႈမရွိဘူး … အေမွာင္မွာ လုပ္ကိုင္ေနတာေတြအားလုံးက ရွန္ဟႊာရန္းကိုယ္တိုင္ပါပဲ … က်န္တဲ့မိသားစုဝင္ေတြနဲ႕မသက္ဆိုင္ဘူး "

ရွန္ဖန္းဂူက ရွန္ေဝထိုသို႔ေဖာ္ထုတ္လိုက္ေတာ့ ေဒါသႀကီးေအာ္ကာေျပာလိုက္တယ္ …

" က်န္းရွန္ေဝ မင္းဘာေတြႀကံစဥ္ေနတာလဲ … ငါ့အဖိုးကို မင္းစြတ္ဆြဲစရာမလိုဘူး … သူကဘာအမွားမွမလုပ္ခဲ့ဘူး "

ထိုစဥ္ ရႈယြမ္က ဝင္တားလိုက္တယ္ …

" ဖန္းဂူ … မင္းဝင္မပါနဲ႕ "

" မင္းကငါ့ကိုဘာလို႔လာတားေနတာလဲ … ဟိုသစၥာေဖာက္ေကာင္ကို တားရမွာမဟုတ္ဘူးလား "

ရွန္ေဝက နားမေထာင္ပဲ ဆက္လက္ေျဖရွင္းလိုက္တယ္ …

" သူ႕ရဲ႕သား Mr.ကူးမန္က SH Club ကိုဦးေဆာင္ခဲ့ၿပီး ယခုအနားယူၿပီးေတာ့ သားျဖစ္သူကို ရာထူးလႊဲေျပာင္းခဲ့တယ္  …Mr.ဖန္းဂူက အလင္းမွာပဲေနၿပီး စီးပြားေရးလုပ္ကိုင္တဲ့အျပင္ သူ႕မွာ မ်ိဳးဆက္ရွိတယ္ … Mr.ရွန္ဟႊာရန္းက ေျမးျဖစ္သူကို မိတ္ဖက္တရားဝင္မထားေစခ်င္လို႔ ထုတ္မျပေစပဲ ဖုံးကြယ္ခဲ့တာ … ပိုင္သခင္ေလးကို ဓားစာခံလုပ္ခဲ့တာရွန္ဖန္းဂူမဟုတ္ဘူး … အေမွာင္ေလာကမွာ က်င္လည္ေနတဲ့သူက ရွန္ဟႊာရန္းပဲ "

အျပစ္ေတြအားလုံးက သခင္ႀကီးရွန္ဟႊာရန္းရဲ႕ေခါင္းေပၚပုံက်သြားေလတယ္ …

" ဒါဆို ျခေသၤ့အိုႀကီးက ရွန္ဟႊာရန္းေပါ့ … သူအားလုံးကို လုပ္ခဲ့တာလား … Lion အစစ္က သူလား "

" ရွန္ဖန္းဂူက ျခေသၤ့မဟုတ္ဘူးလား … သူကအေမွာင္ေလာကမွာ ဘာအျပစ္မွ မလုပ္ခဲ့ဘူးေပါ့ "

" ဒါဆိုအမႈေတြအားလုံးရဲ႕တရားခံက သခင္ႀကီးရွန္ဟႊာရန္းတစ္ေယာက္ထည္းလား … သူ႕မိသားစုမပါဘူးေပါ့ "

ရွန္ဖန္းဂူအေပၚဆြဲခ်က္ေတြအားလုံးက ရွန္ဟႊာရန္းထံေရာက္သြားကာ လူေတြ ေတြေဝသြားတာျမင္ရေတာ့ ဖန္းဂူအားေမးျမန္ေနတဲ့သတင္းေထာက္က မေၾကမနပ္ျဖစ္သြားတယ္ … တစ္ေယာက္ေယာက္က သူ႕ရဲ႕ဦးတည္ခ်က္ကို လမ္းေၾကာင္းေျပာင္းလိုက္တာပဲ … ဒါေပမဲ့ ေဒါသထြက္ေနတဲ့ ရွန္ဖန္းဂူက သူ႕အတြက္ အခြင့္အေရးထပ္မံရရွိေစခဲ့တယ္ …

သူက ဖုံးကြယ္ထားတဲ့ေသနတ္ကို ထုတ္ယူကာ ဘယ္သူမွမျမင္ခင္ ဖန္းဂူလက္ထဲသို႔ ထည့္ေပးလိုက္တယ္ … သစၥာေဖာက္ခံရ၍ ေဒါသထြက္ေနတဲ့ဖန္းဂူ ဘာမွမျမင္နိုင္ေတာ့ပဲ ေသနတ္ကိုယူကာ ေဝဖန္ေနတဲ့ လူေတြရဲ႕စကားလုံးေတြကို နားမဝင္ေတာ့ပဲ လူေတြၾကားကေန တိုးေဝွ႕ကာ ရွန္ေဝထံအေရာက္သြားၿပီး အကၤ်ိေကာ္လန္အား ဆြဲကိုင္လိုက္ၿပီး …

" မင္းဘယ္သူလဲ … ဘာေတြလုပ္ေနတာလဲ "

ရွန္ေဝက ေျဖဆိုေနမႈရပ္မသြားေပ …

" အျပစ္ေတြအားလုံးကို ရွန္ဟႊာရန္းက်ဴးလြန္ခဲ့တာ … သူမိသားစုမပါဘူး "

' ခြပ္ '

ဖန္းဂူရဲ႕ လက္သီးက ရွန္ေဝပါးေပၚက်ေရာက္လာေတာ့ အေျခအေနက ႐ုတ္႐ုတ္သဲသဲျဖစ္သြားတယ္ … ရွန္ေဝႏွဖူးထံ ေသနတ္နဲ႕ခ်ိန္႐ြယ္လိုက္ေတာ့ လူေတြအားလုံး လန႔္ကုန္ၾကၿပီး အေစာင့္ေတြေရွ႕ထြက္လာကာ ဖန္းဂူအား ေသနတ္ျဖင့္ခ်ိန္႐ြယ္လိုက္ၾကတယ္ … ေသနတ္နဲ႕အဝိုင္းခံရတာျမင္ေတာ့ ရႈယြမ္နဲ႕မင္းယြီ ဖန္းဂူအားကာေပးကာ ထိုလူေတြထံ ေသနတ္ျဖင့္လွည့္ကာ ခ်ိန္လိုက္ေတာ့ အေျခအေနေတာ့ကပို၍တင္းမာကာ တိုက္ပြဲစေတာ့မလိုပင္ … ဖန္းဂူက ေဘးပတ္ဝန္းက်င္အား ဂ႐ုမစိုက္နိုင္ပဲ ရွန္ေဝအားၾကည့္ကာ ေဒါသႀကီးစြာ ေျပာလိုက္တယ္ …

" မင္းငါတို႔ကိုလွည့္စားလိုက္တာပဲ … မင္းဘယ္ကတည္းက ရွန္ဟႊာကို ေျခာက္ခ်ဖိဳ႕ႀကံေနတာလဲ … မင္းဘယ္သူလဲဆိုတာ ခုအမွန္တိုင္းေျပာ "

" ကြၽန္ေတာ္က ရွန္ဟႊာအမႈကိုကိုင္ေနတဲ့ အရာရွိ က်န္းရွန္ေဝပဲ "

' ခြပ္ '

ေသနတ္ေစာင္းနဲ႕ ေနာက္တစ္ခ်က္အထိုးခံရေပမဲ့ ရွန္ေဝ မေရွာင္ထြက္ခဲ့ေပ … ထိုစဥ္ ဝိုင္းထားတဲ့လူတစ္ခ်ိဳ႕ ေရွ႕တိုးလာကာ မင္းယြီနဲ႕ ရႈယြမ္ကိုတားစီးကာ လက္မလြန္ေဝဖို႔ ရွန္ဖန္းဂူကို ဖမ္းခ်ဳပ္လိုက္ၾကၿပီး …

" ဒါဆို ရွန္ဟႊာအမႈကိုစစ္ေဆးဖို႔ ရွန္ဖန္းဂူကို ေခၚသြားခြင့္ျပဳပါ "

ဖန္းဂူက ဖမ္းခ်ဳပ္မခံပဲ ႐ုန္းထြက္လိုက္တယ္  …

" ငါ့ကိုမထိနဲ႕  "

ရွန္ဖန္းဂူရဲ႕ဟိန္းေဟာက္မႈကို ဘယ္သူမွမလြန္ဆန္ရဲၾကေပ … ႐ုတ္႐ုတ္သဲသဲအေျခအေနအား အေပၚကေနၾကည့္ေနတဲ့ေယာင္းက ေၾကနပ္စြာၿပဳံးလိုက္ၿပီး …

" ရႈမန္း … မင္းအလွည့္ေရာက္ၿပီ … ဖန္းဂူကိုသြားမရေအာင္ ေျခေထာက္ကိုျပစ္လိုက္ "

ရႈမန္းက ေသနတ္ကိုထုတ္လိုက္ၿပီး လူၾကားထဲက ဖန္းဂူထံခ်ိန္႐ြယ္လိုက္တယ္ … ယခုခ်ိန္ထိ တားေနတဲ့ၾကားက ရွန္ဖန္းဂူဟာ ရွန္ေဝအား ေသနတ္ျဖင့္ခ်ိန္ထားဆဲ … မင္းယြီနဲ႕ ရႈယြမ္က တဖက္ကအေစာင့္ေတြထံ ခ်ိန္႐ြယ္ထားတယ္ … ရႈမန္း ျပစ္မွတ္တစ္ေနရာကို ရွာလိုက္ၿပီးေနာက္ ေသနတ္ေမာင္းကို ႏွိပ္လိုက္တယ္ …

' ဒိုင္း '

ေသနတ္သံၾကားေတာ့ လူေတြအားလုံးဝတ္ကုန္ၾကၿပီး ဖန္းဂူက ရွန္ေဝကိုျပစ္လိုက္တာဟု ထင္ကုန္ၾကတယ္ … တကယ္တန္း လဲက်သြားသူက ဖန္းဂူေဘးကခ်ဳပ္ထားတဲ့အေစာင့္တစ္ေယာက္ပင္ … ေခ်ာင္းျပစ္ေနတဲ့သူရွိေနမွန္းသိေတာ့ ဖန္းဂူ မင္းယြီလက္ကိုဆြဲကာ လူၾကားထဲကေန ေျပးထြက္သြားေလတယ္ … ဘာဒါဏ္ရာမွမရပဲ ဖန္းဂူထြက္သြားတာျမင္ေတာ့ ေယာင္းက ေဒါသထြက္သြားၿပီး …

" ရႈမန္း မင္းလက္က ေသမလို႔ လြဲေနတာလား … လြဲရင္ေတာင္ သူ႕ေခါင္းကို ထိေအာင္လြဲ "

" လူေတြဒီေလာက္အမ်ားႀကီး ငါဘယ္လိုလုပ္ မွန္ေအာင္ျပစ္နိုင္မွာလဲ "

" မင္း "

ေယာင္းက ဆက္မေျပာေတာ့ပဲ သူ႕ရဲ႕အဖြဲ႕ကိုေခၚကာ ဖန္းဂူအေနာက္လိုက္ဖို႔ေျပးထြက္သြားေလေတာ့တယ္ … ပြဲထဲ၌ ဆူညံေနၿပီး လူတိုင္ထိတ္လန႔္တုန္လႈပ္သြားၾကကာ ထိုသတင္းကအလွ်င္အျမန္ပင္ ျပန႔္သြားေလေတာ့တယ္  …

မင္းယြီလက္ကိုဆြဲကာ ဖန္းဂူအျမန္ေျပးထြက္လာၿပီး အေရွ႕ကေနတားစီးထားတဲ့လူေတြကို ျပန္လည္တိုက္ထုတ္ကာ လမ္းဖြင့္လိုက္တယ္ … ေယာင္းရဲ႕လူေတြက သူ႕တို႔ကို တားစီးေပမဲ့ ဘယ္အတားအစီးကမွ ဖန္းဂူအား တားစီး၍မရေတာ့ေပ … ျခေသၤ့ရဲ႕လက္နဲ႕ အထိုးခံရသူတိုင္း ျပန္ထမလာနိုင္ေတာ့၍ ဖန္းဂူကားေပၚသို႔လြယ္ကူစြာေရာက္ရွိသြားၿပီး အျမန္ထြက္လာခဲ့တယ္ … 

တစ္လမ္းလုံးတိတ္ဆိတ္ေနၿပီး ႐ုတ္တရပ္အေျခအေနေၾကာင့္ မင္းယြီလဲ ဘာစကားမွမဆိုနိုင္ခဲ့ေပ … သူတို႔ ရွန္ဟႊာအိမ္ေတာ္ထံ ေရာက္ရွိလာၾကေတာ့ ႐ုတ္႐ုတ္သဲသဲအေျခအေနတစ္ခုနဲ႕ ရင္ဆိုင္လိုက္ရျပန္တယ္ … ခ်ဴးရွန႔္ ေလာင္ဝီနဲ႕ ေလာင္ရွန႔္တို႔က သခင္ႀကီးရွန္ဟႊာရန္အား လာဖမ္းသည့္အရာရွိမ်ားအား ျပန္လည္တိုက္ခိုက္ကာ ကာကြယ္ေနၾကတယ္ … ဒီတစ္ေခါက္ လာဖမ္းပုံက ညွင္သာမႈမရွိ လက္နတ္မ်ားႏွင့္ တိုက္ခိုက္သည္ထိပင္ …

" မင္းတို႔ ေသခ်င္လို႔ ငါ့အိမ္ထဲကို လာရဲတာလား "

' ဒိုင္း '

ရွန္ဖန္းဂူရဲ႕ေဒါသေတြက ေပါက္ကြဲထြက္ကာ ေသနတ္ျဖင့္ စတင္ျပစ္ခပ္လိုက္တဲ့အခါ အရာရွိေတြဘက္က တစ္ေယာက္က်သြားၿပီး ျပစ္ခပ္မႈတို႔ စတင္သြားေလေတာ့တယ္ … ၿခံအျပင္၌ တစ္ဖက္စီျပစ္ခပ္ေနၾကၿပီး သခင္မႀကီးက မင္းယြီအား အႏၲရာယ္ကင္းသည့္ေနရာသို႔ ေခၚေဆာင္လာခဲ့တယ္ …

" မေၾကာက္နဲ႕ … အေျခအေနက႐ုတ္တရပ္မို႔ ထိန္းရခက္သြားတယ္ "

မင္းယြီက သခင္မႀကီးရဲ႕မ်က္ႏွာမေကာင္းတာျမင္ရေတာ့ သူလဲဘာမွမတတ္နိုင္၍ ငိုပင္ငိုမိေတာ့မလိုပင္ …

" သခင္ႀကီးေရာဟင္ "

သခင္မႀကီးက ခ်က္ခ်င္းျပန္မေျဖပဲ မင္းယြီေခါင္းေလးအား ပြတ္ေပးလိုင္ၿပီး …

" တစ္ေန႕ ဒီလိုေန႕မ်ိဳးေရာက္လာမယ္ဆိုတာ ႀကိဳေတြးၿပီးသားပါ … မင္းႀကံ့ႀကံ့ခံနိုင္တယ္မဟုတ္လား … မာဖီးယားေတြက အခ်ိန္အၾကာႀကီးမေပ်ာ္႐ႊင္ရဘူး … ဒါေၾကာင့္သားေလးကိုအေမွာင္ကိုျပန္မသြားေစခ်င္ခဲ့တာ … ဒါေပမဲ့မင္းေတြ႕တဲ့အတိုင္း ကံတရားဆိုတာ စိတ္ကူးတဲ့အတိုင္းျဖစ္မလာတတ္ဘူး … ခုေတာ့ေ႐ြးခ်ယ္ခြင့္မရွိေတာ့ဘူး … မင္း အေမွာင္ေလာကရဲ႕ Loin ကိုအေဖာ္ျပဳေပးနိုင္မယ္မလား "

" ကြၽန္ေတာ္ကအဆင္ေျပတယ္ … ရွန္ဖန္းဂူ အေမွာင္မွာပဲေနေန အလင္းမွာပဲေနေန ကြၽန္ေတာ္ သူနဲ႕အတူ ရွိေနမွာ … ခုအေရးႀကီးတာက သခင္ႀကီးကို သူတို႔ဖမ္းေခၚသြားၾကေတာ့မွာ … သခင္ႀကီးေရာ "

သူမက ဧည့္ခန္းထဲကခုံေပၚသို႔ၫႊန္ျပလိုက္တယ္ …

" အဆင္သင့္ေတာင္ျဖစ္ေနၿပီ "

သခင္ႀကီးက တည္ၿငိမ္စြာပင္ထိုင္ေနၿပီး စာ႐ြက္စာတန္းတစ္ခ်ိဳ႕ကို စစ္ေဆးၿပီးေနာက္ ဖိုင္ထဲထည့္ကာ သိမ္းေနတယ္ … အေရွ႕က တိုက္ခိုက္ေနတာေတြက TV ဖန္သားျပင္ထဲေပၚေနသည့္ ႐ုပ္ျပမ်ားအလား သတ္မွတ္ထားပုံပင္ …

" ဒါဆို ဘာလို႔တိုက္ခိုက္ေနၾကတာလဲ … ရွန္ဖန္းဂူကို မျပစ္ေတာ့ဖို႔ တားေပးပါ … ဒါကေျဖရွင္းနည္းမဟုတ္ဘူး "

" အဲ့ဒါလဲမွန္ပါတယ္ … ဒါေပမဲ့ စည္းကမ္းမဲ့တဲ့အရာရွိေတြကို နည္းနည္းေတာ့ ေျခာက္လွန႔္ေပးသင့္တာေပါ့ "

ခနအၾကာတြင္ အျပစ္အခပ္မ်ားရပ္ဆဲသြားၿပီး ေျခာက္လွန႔္ယုံေလးနဲ႕ အရာရွိ ၆ ေယာက္ပင္က်သြားခဲ့တယ္ … သခင္ႀကီးရွန္ဟႊာရန္းက ဧည့္ခန္းထဲမွာ အရန္သင့္ေစာင္ေနၿပီး သားသမီးေတြကို ဘာတစ္ခြန္းမွမမွာေတာ့ပဲ အဖမ္းခံလိုက္တယ္ … ဖန္းဂူက တားစီးေပမဲ့ သခင္ႀကီးက တစ္ခြန္းထည္းသာ မိန႔္ဆိုလိုက္တယ္ …

" အျပစ္ေတြအားလုံးကို ငါပဲခံယူမယ္ "

" ကြၽန္ေတာ္ လက္မခံဘူး … ဒါကို ကြၽန္ေတာ္ကိုယ္တိုင္ပဲ ေျဖရွင္းမယ္ "

" မင္းက Lion ဆိုၿပီးအဖမ္းခံမလို႔လား … အဲ့ဒါက သူတို႔ကိုအညံ့ခံလိုက္တာနဲ႕အတူတူပဲ … ေရွ႕ဆက္ၿပီး မင္းဘာေတြလုပ္ရမလဲဆိုတာသိၿပီလား … ခုဘာအတားအစီးမွမရွိေတာ့ဘူး … မင္းလုပ္ခ်င္ရာလုပ္လို႔ရၿပီ Lion "

အဖိုးရဲ႕အရိပ္အမြတ္ျပတာကို သေဘာေပါက္သြားတဲ့ ဖန္းဂူ ဆက္ၿပီးမတားစီးေတာ့ေပ … အရာရွိေတြကလဲ ဖန္းဂူကိုမနိုင္မွန္းသိေန၍ ရွန္ဟႊာရန္ကိုဖမ္းကာ တပ္ဆုတ္သြားၾကတယ္ …  ရွန္ဟႊာရန္းကို ဖမ္းေခၚသြားၿပီးတဲ့ေနာက္ ဖန္းဂူအိမ္သို႔ျပန္လာၿပီး ယာရွာေပးထားခဲ့တဲ့ ႏွစ္ေတြအၾကာႀကီး သိမ္းစည္းထားတဲ့ ပစၥည္အား ထုတ္ယူလိုက္တယ္ … ထိုအရာက သူ႕ရဲ႕ Lion ပုံနဲ႕ အနက္ေရာင္ဝတ္႐ုံႏွင့္မ်က္ႏွာဖုံးပင္ … မင္းယြီက သားေလးကိုေပြ႕ခ်ီထားလွ်က္ ဖန္းဂူဝတ္႐ုံအား စိုက္ၾကည့္ေနတာကိုေတြ႕ရေတာ့ ေမးလိုက္တယ္ …

" ဒါေတြကို ျပန္ဝတ္မလို႔လား "

ဖန္းဂူက ခ်က္ခ်င္းပဲ ဝတ္႐ုံအားျဖန႔္ကာ ဝတ္ဆင္လိုက္တယ္ … လုယီေလးက ဖခင္ဆင္ျမန္ေနတာကိုၾကည့္ၿပီး သေဘာေတြက်ကာ မင္းယြီေပၚကဆင္းၿပီး ဖခင္ေပၚအားေပြ႕ခ်ီခိုင္းေနတယ္ …

" ဒယ္ဒီ … Yiyi လဲကခ်ားမယ္ "

တစ္ေန႕လုံး ျပႆနာေတြနဲ႕ေခါင္းရႈတ္လာခဲ့ေပမဲ့ သားေလးအသံၾကားရေတာ့ ဖန္းဂူၿပဳံးသြားၿပီး လုယီေလးကိုေပြ႕ခ်ီလိုက္တယ္ …

" လုယီ … ဒယ္ဒီနဲ႕တူတူ လူဆိုးဖမ္းတိုင္း ကစားခ်င္လား "

" အင္း … အင္း "

လုယီေလးက ေပ်ာ္႐ႊင္စြာပင္ ေခါင္းသြင္သြင္ၿငိမ့္ကာ ျပန္ေျဖလိုက္တယ္ … ၿပီးေနာက္ ဖန္းဂူ သူ႕ရဲ႕ မ်က္ႏွာဖုံးအား တပ္ဆင္လိုက္ၿပီးေနာက္ မင္းယြီထံ လက္ကမ္းလိုက္ၿပီးေနာက္  …

" ယြီေလး … ကိုယ္နဲ႕အတူ အေမွာင္ေလာကထဲ လိုက္ရဲလား "

မင္းယြီက သတၱိရွိစြာပင္ ဖန္းဂူလက္အား ျပန္လည္ ဆုပ္ကိုင္လိုက္ၿပီး …

" ကြၽန္ေတာ္ ဘယ္ေနရာမဆို Lion နဲ႕အတူ လိုက္ခဲ့မယ္ "

သားအဖတေတြ ေႏြးေထြးစြာေပြ႕ဖတ္လိုက္ၾကၿပီးေနာက္ အေမွာင္ေလာက တိုက္ပြဲေခၚသံ ဆူညံစြာ ထြက္ေပၚလာေလေတာ့တယ္ …

………………………………………………………

To Be Continued .……

( ဒါကေနာက္ဆုံးတိုက္ပြဲပါေနာ္ … ဇာတ္လမ္းေလးၿပီးဖို႔နီးလာၿပီ ❣️ Star ေလးကို ႏွိပ္ဖို႔လဲမေမ့နဲ႕ေနာ္ … fb ေလးေတြလဲေမွ်ာ္ေနမယ္ 🥰 )

Continue Reading

You'll Also Like

665K 7.1K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
6.6M 433K 94
Hanary Victor + Loon Tar Nay San
331K 34.4K 107
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
179K 18.9K 65
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...