အချစ်ဦး (အခ်စ္ဦး) (Complete...

By shanemann622

58K 5.4K 337

အချစ်ဦး သို့မဟုတ် ငယ်ချစ်ဦး အခ်စ္ဦး သို႔မဟုတ္ ငယ္ခ်စ္ဦး More

part 1(z+u)
part 2(z+u)
part 3(z+u)
part 4(z+u)
part 5(z+u)
part 6(z+u)
part 7(z+u)
part8(z+u)
part 9(z+u)
part10(z+u)
part 11(z+u)
part 12(z+u)
part 14(z+u)
part 15(z+u)
ကျေးဇူးတင်လွှာ
Extra
Extra (z+u)

part 13(z+u)

2.4K 297 9
By shanemann622

ဒီနေ့မနက်ခင်းသည် အရင်ကနှင့် မတူဘဲ တမူထူးခြားနေသည့် ခံစားချက်မျိုးကို သော်စစ်ခံစားနေရသည်။ အိပ်ယာနိုးနိုးချင်းပင် အတွေးထဲဝင်လာသည်က မနေ့ညကအကြောင်းပင်။ သူယခုချစ်သူရှိနေပြီ။အချစ်ဦးက အချစ်ဆုံးထပ်ဖြစ်လာပြန်ပြီ။ ထိုခံစားချက်လေးသည် စမ်းရေလေးတွေ တသွင်သွင်စီးဆင်းနေသလို ၊ ကျေးငှက်လေးတွေတေးဆိုနေသလို၊ အမြင့်တစ်နေရာမှပြုတ်ကျသလို အေးအေးငြိမ့်ငြိမ့်နှင့် လှိုက်ဖိုသည့် ခံစားချက်မျိုးဖြစ်သည်။  ထပ်လောင်းပေါင်းထည့်ရရင် ကြည်နူးမှုဆိုသည့်သရလေးလည်းပါနေသေးသည်။

အိပ်ယာမှလူးလှိမ့်ထကာ ဗီဒိုရှိမှန်အားအမှတ်တမဲ့ကြည့်လိုက်မိတော့ သူ၏ မျက်လုံးတွေက ညကငိုထားတာကြောင့် မို့အစ်နေပြီး သူ့နှုတ်ခမ်းတွေက အလိုလိုပြုံး၍နေသည်။တကယ်ပဲ အကြောင်းပြချက်ရေရေရာရာမရှိပါပဲ ချစ်ရသူအကြောင်းတွေးလိုက်မိရုံနဲ့တင် သူပြုံးနေသည်။အချစ်နွံထဲက မိမိပုံစံကို မှန်ထဲမှာ ပြန်မြင်လိုက်ရတော့ အနည်းငယ်ပင် ကိုယ့်ကိုယ်ကိုယ် ရှက်မိပါရဲ့။ ထို့ကြောင့် အကြည့်လွှဲကာပဲ မျက်နှာသစ်သန့်စင်ရန် အောက်ထပ်ရှိ ရေစည်သို့ ဆင်းလာလိုက်သည်။

အောက်ထပ်ရောက်တော့ မီးဖိုခန်းထဲ၌ တကုတ်ကုတ်ဖြင့် ချက်ပြုတ်နေသော ကျယ်ပြန့်သည့် ကျောပြင်ကို သူမြင်လိုက်ရ၏။ သော်စစ်၏ မျက်စိရှေ့က ကျောပြင်ကျယ်က ဟို၊သည် ရွေ့လျားလျက် သီချင်းခပ်တိုးတိုးလည်းညည်း၍ အလုပ်ရှုပ်နေပုံရသည်။ထို့ကြောင့် ခြေလှမ်းခပ်ဖွဖွ နင်းကာ ထိုကျောပြင်နားသို့ တိုးကပ်သွား၍ ထိုသူ၏ ခါးကို တင်းကျပ်စွာဖက်လိုက်၏။

" morning "

သော်စစ်၏ အသံက အိပ်ချင်မပြေသေးသည့်ဟန်နှင့် ခပ်အက်အက်လေးရယ်ပါ။ ဒီဇင်ဘာသည် သူ့ကျောပြင်၌အနွေးဓာတ်လေးတစ်ခုက  ပွတ်သပ်နေသည်ကို ခံစားရသည် ။ သူကမိမိခါးပေါ်ရှိ ဝင်းဝါသော လက်ချောင်း သွယ်သွယ်တို့ကို ငုံ့ကြည့်ကာ နှုတ်ခမ်းထောင့်လေးနှစ်ခု တွန့်တက်သွားအောင်ပြုံးလိုက်မိ၏။


" morning ဘေဘေး "

နားကပ်ထားသည့် ကျောပြင်မှတစ်ဆင့်ထွက်လာသော နူးနူးညံ့ညံ့အသံသြသြနှင့် သစ်ဆန်းသော နာမ်စားကြောင့် သော်စစ်သည် ချစ်သူ၏ ကျောပြင်ကို ခေါင်းမှီထားရမှ ခွာ၍ မေးလိုက်သည်။

" ဒါက ငါ့နာမည်အသစ်လား "

" အင်း "

ဒီဇင်ဘာက ဒယ်အိုးမီးပလပ်ဖြုတ်ကာ သူ၏ မျက်နှာချင်းဆိုင်သို့ လှည့်၍ ခေါင်းငြိမ့်ပြ၏။ထို့နောက် အိပ်ယာထခါစမို့ အနည်းငယ်ရှုပ်၍ ထိုးထောင်နေသည့် ဆံစတိုတိုလေးတွေကို လက်ဖြင့် သပ်၍ သော်စစ်၏ ပါးပြင်ကို နူးနူးညံ့ညံ့လေးနမ်းလိုက်သည်။ သော်စစ်သည် နူးညံ့သော အနမ်းတစ်ပွင့်ကို ပြုံးလျက် လိမ္မာစွာလက်ခံလိုက်သည်။ဒီဇင်ဘာက မျက်ဝန်းလေးများပါပြုံးနေသော ချစ်သူ၏ မျက်နှာကိုကြည့်ကာ သူ၏ နှုတ်ခမ်းများက အလိုလိုပင်ကော့တက်သွား၏။

" မျက်နှာသစ်လိုက်အုံး။ ကိုယ်မနက်စာ လုပ်ထားလိုက်မယ် "

" မင်းကိုယ်ကို ' ကိုယ် ' လို့သုံးတာ ငါနားထောင်ရတာတစ်မျိုးကြီးပဲ "

သော်စစ်က ဒီဇင်ဘာ၏ ခါးပေါ်ရှိ သူ့လက်များကို ဖယ်ချကာ ရေစည်သို့ လျှောက်သွားရင်း ပြောလိုက်သည်။သူက ရေစည်အဖုံးပေါ်တွင် သွားတိုက်ဆေးအသင့် ထည့်ပြီးသား သွားပွတ်တံကိုယူ၍ ပါးစပ်ထဲထည့်လိုက်၏။

" အမှန်က ကိုယ်က မင်းထက် နှစ်နှစ်တောင်ကြီးတယ်လေ ။ အရင်က ငယ်သေးလို့ သူငယ်ချင်းလိုပဲပြောခဲ့ပေမယ့် အခုက အရွယ်ရောက်ပြီးသားဖြစ်နေပြီ ဒါကြောင့် ချစ်သူတွေဖြစ်သွားရင် ကြည်ကြည်နူးနူး အခေါ်အဝေါ်လေးတော့ ပြောင်းသုံးသင့်တာပေါ့ "

သူက ပြန်လည်ချက်ပြုတ်လျက်ပင် မလှမ်းမကမ်းမှ သွားတိုက်နေသော သော်စစ်ကို လှမ်းပြော​လေသည်။ သော်စစ်က မယုံကြည်ဟန်ဖြင့် မျက်မှောင်ကျုံ့ပြကာ စကားဆက်မပြောတော့ဘဲ သွားတိုက်မျက်နှာသစ်ခြင်းကို အရင်လုပ်ဆောင်လိုက်၏။

" မင်းက ငါ့ထက် နှစ်နှစ်ကြီးစရာလား ။ ငါတို့က အတန်းတူတူတက်ခဲ့တာပဲကို ငါ့ကိုညာမပြောနဲ့ "


မျက်နှာသစ်သန့်စင်ပြီးနောက် သော်စစ်က ဒီဇင်ဘာအနားသို့ သွား၍ ငြင်းခုန်တော့သည်။ ဒီဇင်ဘာက သော်စစ်မျက်နှာပေါ်ရှိရေစက်လေးများကိုကြည့်ကာ မနေနိုင် မထိုင်နိုင်ဖြင့် နမ်းရန် ရှေ့တိုးလိုက်သောအခါ သော်စစ်က ခပ်မြန်မြန်ပင် ရှောင်တိမ်းလိုက်သည်။

" ညာပြောတဲ့သူနဲ့ မနမ်းဘူးကွာ  "


သော်စစ်ရဲ့စကားကြောင့် ဒီဇင်ဘာက သဘောကျရယ်လိုက်မိသည်။ သော်စစ်က ထိုသို့ စနောက်ပြီး အပေါ်ထပ်သို့ တက်သွားကာ မျက်နှာသုတ် အင်္ကျီလဲ၍ အောက်ပြန်ဆင်းလာသည်။


" မင်းနောက်ကျနေပြီမဟုတ်လား "


လက်မှနာရီက ၇ခွဲသို့ အချက်ပြနေပြီမို့ သော်စစ်က အခုထိတိုင် အင်္ကျီမလဲဘဲ အိမ်မှာရှိနေသော ချစ်သူကို လှမ်းမေးလိုက်သည်။ဒီဇင်ဘာက ပြုံး၍ ထမင်းကြော်ပန်းကန်ကို စားပွဲပေါ်ချပြီး ကော်ဖီတစ်ခွက်ဖျော်နေသည်။ ဒီဇင်ဘာက ပြန်မဖြေတာမို့ သော်စစ်သည် ဇဝေဇဝါဖြင့် ပြက္ခဒိန်အား လှမ်းကြည့်မိပြန်သည်။

" အာ... ဒီနေ့ ဥပုလ်နေ့ပဲ ကျောင်းပိတ်တာပေါ့ "

" အင်းလေ မင်းမေ့နေပြန်ပြီ "

သော်စစ်က တခါတလေလည်း မေ့တတ်သေးသည်။ ကြီးကြီးမားမားကြီးမဟုတ်သော်လည်း သေးသေးမွှားမွှားလေးကိုပင် မေ့နေတတ်၏။ ဥပမာ ဖုန်းအားသွင်းထားပြီး ဖုန်းပျောက်လို့ ရှာနေတာတို့၊ ရေဖွင့်ထားခဲ့ပြီး ပြန်မပိတ်တာတို့ ၊ ဆိုင်ကယ် ဆီထည့်ဖို့ ဒီဇင်ဘာက ပြောလိုက်ပေမယ့် လမ်းမှာ မေ့ပြီး ဆီမထည့်လာလို့ ဆိုင်ကယ်တွန်းပြီး ပြန်လာတာတို့ စသည်ဖြင့်ပေါ့။ သို့ပေမယ့် ဒီဇင်ဘာက အမြဲနောက်က သတိပေးလျက်ရှိသည်။

သော်စစ်က ခုံအပုလေးတွင် ထိုင်၍ ပဲငံပြာရည်ဖြင့် ကြော်ထားသည့် ထမင်းကြော်ပူပူလေးကိုကြည့်ကာမျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် ပူပူလောလောထမင်းကြောအား တစ်ချက်နှစ်ချက်မှုတ်၍ ပါးစပ်ထဲသို့ သွင်းလိုက်သည်။ အရသာရှိသော မနက်စာကြောင့် သော်စစ် ပျော်ရွှင်မှုများ နှစ်ဆတိုးလာ၏။

" စားလို့ကောင်းလား "

မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ဒီဇင်ဘာက မိမိလုပ်ပေးသော မနက်စာကိုနှစ်ခြိုက်နေပုံရသည့် ချစ်သူမျက်နှာကိုကြည့်ကာ ပြုံး၍ မေးလိုက်သည်။ ထိုအခါ သော်စစ်က ခေါင်းငြိမ့်၍

" ငါ့အတွက် အမြဲတမ်း မနက်စာလုပ်ပေးမှာလား "


" ကိုယ်မင်းအတွက် မနက်စာရော ၊ နေ့လည်စာရော ၊ ညစာပါ အမြဲလုပ်ပေးမှာ ။ အမြဲတမ်း တစ်သက်လုံး မင်းတစ်ယောက်တည်းအတွက်ပဲ "


တည်ငြိမ်သည့် မျက်ဝန်းတို့နှင့် ကြည့်၍ လေးနက်စွာပြောလာတဲ့အခါ သော်စစ်၏ မျက်နှာက အနည်းငယ်လေးနီလာသလို ပြုံးချင်နေသည့် နှုတ်ခမ်းကိုလည်း တင်းတင်းစိထားရသည်။ ဘာပဲဖြစ်ဖြစ် ဒီစကားလေးက ကြည်နူးဖို့ကောင်းသလို ရင်ခုန်ဖို့လည်းကောင်းသည်မဟုတ်လား ။ ထို့ကြောင့် သော်စစ်က ပျော်ရွှင်မှုတို့ကို မနည်းထိန်းချုပ်နေရသည်။

သူတို့စားသောက်ပြီးသောအခါ သော်စစ်က ပန်းကန်ဆေးကာ သိမ်းဆည်းသည့်တာဝန်ကို အရင်တိုင်းပင်လုပ်ဆောင်သည်။


" ချက်ပြုတ်ခအတွက် တစ်ခုခုပေးသင့်တယ်မဟုတ်လား ဟမ်?  "


ပန်းကန်ဆေးပြီး၍ လက်သုတ်နေသော သော်စစ်နားသို့ကပ်ကာ ဒီဇင်ဘာက မျက်ဝန်းဝင့်ပြသည်။ထိုအခါ သော်စစ်က လှည့်၍ ချစ်သူ၏ ပါးပြင်သို့ အနမ်းတစ်ဖွင့်ဖြင့် အဖိုးခချေလိုက်၏။ မထင်မှတ်ပဲ ရုတ်တရက်ဆန်သည့် အနမ်းကြောင့်ဒီဇင်ဘာက ​ေခတ္တအံ့သြသွားပြီးနောက် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလာသည်။ ထို့နောက် သူ့ဘေးမှထွက်သွားသော သော်စစ်၏လက်ကို ဖမ်းဆွဲကာ ရင်ခွင်ထဲထည့်၍ တင်းကျပ်စွာဖက်ထားလိုက်၏။

" ကိုယ်အခု အရမ်းပျော်တာပဲ "

" ငါရောပဲ "


သော်စစ်၏ ခပ်တိုးတိုးအသံလေးကြောင့် ဒီဇင်ဘာသည် မျက်ဝန်းများမှိတ်လျက် ပျော်ရွှင်မှုနဲ့အတူ ရင်ခုန်သံစီးချက်တို့ကိုလည်း မထိန်းနိုင်ဖြစ်နေရသည်။ ခဏကြာကြာဖက်ထားပြီးနောက် သူ့နှုတ်ခမ်းနှင့် နီးကပ်နေသော လည်တိုင်ကျော့ကျော့လေးကို နှုတ်ခမ်းဖြင့် ဖိကပ်၍ အသည်းယားစွာပင် စုပ်ယူလိုက်သည်။

" အ့ "

သူ၏ လည်ပင်းအသားကိုခပ်ပြင်းပြင်းစုပ်ခံရသည့် ခံစားချက်ကြောင့် သော်စစ်က မနေတတ်စွာ အနည်းငယ်ရုန်းသော်လည်း ဒီဇင်ဘာသည် ထပ်မံတိုးဖက်ထား၏။

" ငါ...ငါ "


စကားပြောရန်ပြင်လိုက်သော်လည်း စူးခနဲဖြစ်သွားသည့် လည်ပင်းကြောင့် သော်စစ်အံကြိတ်လိုက်မိသည်။ ဒီဇင်ဘာက သူကိုက်လိုက်သည့် လည်တိုင်လေးကို လျှာထိပ်ဖြင့် မထိတထိလေး တို့ထိပြီးမှ သော်စစ် မျက်နှာအား ကြည့်လာသည်။

" ကိုယ်တကယ် မင်းထက် နှစ်နှစ်ကြီးတာ ။ ငယ်ငယ်က ကျောင်းထားမယ့်သူမရှိတာကြောင့် ကိုယ်ကျောင်းကို နောက်ကျမှ တက်ခဲ့ရတယ် မယုံရင် မှတ်ပုံတင်ကြည့်မလား "


ဒီဇင်ဘာက နီဆွေးနေသော ချစ်သူမျက်နှာကို ကြည့်လျက်ပြောတာဖြစ်သည်။ သော်စစ်သည် ထိုစကားကြောင်​့ တဆက်ဆက်တုန်နေသော သူ့နှလုံးသားလေးက ချက်ချင်းပင် ညိုးနွမ်းသွားရသည်။ သူ့ချစ်သူ၏ ငယ်ဘဝက ကြမ်းတမ်းခဲ့ပုံရပြီး သေချာစဥ်းစားကြည့်မှ သူတို့ တစ်ယောက်အကြောင်းတစ်ယောက် သေချာအတွင်းကျကျမသိသေးပေ။

" ကိုယ်မင်းကို ညာတာမဟုတ်ပါဘူး ဒါကြောင့် မင်းကို နမ်းလို့ရပြီလား "

ထိုစကားကြောင့် သော်စစ်က ပြုံး၍ ခေါင်းငြိမ့်ပြသည်။ ထိုအခါ ထပ်တူကျသွားသည့် နှုတ်ခမ်းတို့က ရင်ခုန်ဖွယ် အနမ်းတို့ကို ဖန်တီးပေး၏။


Ring. .....Ring. ...Ring......


" နေ...နေအုံး ဖုန်းလာနေတယ် "


ထိုအချိန် ဘောင်းဘီအိတ်ထဲမှ သော်စစ်၏ ဖုန်းမြည်လာတာကြောင့် ဒီဇင်ဘာက မတတ်သာပဲ လွှတ်ပေးလိုက်ရသည်။ သော်စစ်က ဖုန်းဝင်လာသည့် နာမည်ကို ကြည့်ကာ အနည်းငယ်အံ့သြသွားသလိုလေးဖြစ်သွားသည်ကို သူမြင်လိုက်ရ၏။


"ဟဲလို.... အင်း.. အသည်း ပြော "


ဖုန်းလက်ခံလိုက်သောအခါ သော်စစ်၏ အခေါ်အဝေါ်နှင့် အပြုံးတို့အပြင် တစ်ဖက်မှ မိန်းကလေးအသံကြောင့် ဒီဇင်ဘာသည် မျက်မှောင်ကျုံ့သွားသည်။သော်စစ်က ဖုန်းပြောလျက်ပင် သူ့အနားမှ အိမ်ရှေ့ခြံဝိုင်းသို့ ရှောင်ထွက်သွားသည်။ ထို့ကြောင့် သူ့စိတ်က ပို၍ မသက်မသာဖြစ်လာရသည်။ မိန်းကလေးအသံ ၊ အသည်းဟူသည့် နာမ်စား ။ ထိုနာမ်စားက ချစ်သူရည်းစားတွေမှာ ချစ်စနိုးခေါ်ဝေါ်သည့် နာမည်မဟုတ်လား ။ ထိုအတွေးကြောင့် သူ့မျက်နှာသည် မဲမှောင်လာပြီး အိမ်ရှေ့တံခါးဝမှနေ၍ ဖုန်းပြောနေသည့် သော်စစ်ကို လှမ်းကြည့်လိုက်သည်။

သော်စစ်မျက်နှာက ပြုံးနေပြီး တစ်ခုခုကို အလိုလိုက်ပြောဆိုနေသည့် ဟန်လည်း ပေါ်နေသည်။ ပါးစပ်က အင်းဟု ပြန်ဖြေရုံတင်မက ခေါင်းကငြိမ့်ပြီး သွားလေးများပေါ်သည်အထိ သဘောကျရယ်နေသေး၏။ သူသည် ဖုန်းပြောနေသည့် သော်စစ်ကို ကြည့်ကာ ရင်ထဲ တင်းကျပ်လာကာ မျက်မှောင်ကျုံ့သတတ် ကျုံ့မိလာတော့သည်။

..................................

#26/6/21






Zawgyi




ဒီေန႕မနက္ခင္းသည္ အရင္ကႏွင့္ မတူဘဲ တမူထူးျခားေနသည့္ ခံစားခ်က္မ်ိဳးကို ေသာ္စစ္ခံစားေနရသည္။ အိပ္ယာနိုးနိုးခ်င္းပင္ အေတြးထဲဝင္လာသည္က မေန႕ညကအေၾကာင္းပင္။ သူယခုခ်စ္သူရွိေနၿပီ။အခ်စ္ဦးက အခ်စ္ဆုံးထပ္ျဖစ္လာျပန္ၿပီ။ ထိုခံစားခ်က္ေလးသည္ စမ္းေရေလးေတြ တသြင္သြင္စီးဆင္းေနသလို ၊ ေက်းငွက္ေလးေတြေတးဆိုေနသလို၊ အျမင့္တစ္ေနရာမွျပဳတ္က်သလို ေအးေအးၿငိမ့္ၿငိမ့္ႏွင့္ လွိုက္ဖိုသည့္ ခံစားခ်က္မ်ိဳးျဖစ္သည္။  ထပ္ေလာင္းေပါင္းထည့္ရရင္ ၾကည္ႏူးမႈဆိုသည့္သရေလးလည္းပါေနေသးသည္။

အိပ္ယာမွလူးလွိမ့္ထကာ ဗီဒိုရွိမွန္အားအမွတ္တမဲ့ၾကည့္လိုက္မိေတာ့ သူ၏ မ်က္လုံးေတြက ညကငိုထားတာေၾကာင့္ မို႔အစ္ေနၿပီး သူ႕ႏႈတ္ခမ္းေတြက အလိုလိုၿပဳံး၍ေနသည္။တကယ္ပဲ အေၾကာင္းျပခ်က္ေရေရရာရာမရွိပါပဲ ခ်စ္ရသူအေၾကာင္းေတြးလိုက္မိ႐ုံနဲ႕တင္ သူၿပဳံးေနသည္။အခ်စ္ႏြံထဲက မိမိပုံစံကို မွန္ထဲမွာ ျပန္ျမင္လိုက္ရေတာ့ အနည္းငယ္ပင္ ကိုယ့္ကိုယ္ကိုယ္ ရွက္မိပါရဲ႕။ ထို႔ေၾကာင့္ အၾကည့္လႊဲကာပဲ မ်က္ႏွာသစ္သန့္စင္ရန္ ေအာက္ထပ္ရွိ ေရစည္သို႔ ဆင္းလာလိုက္သည္။

ေအာက္ထပ္ေရာက္ေတာ့ မီးဖိုခန္းထဲ၌ တကုတ္ကုတ္ျဖင့္ ခ်က္ျပဳတ္ေနေသာ က်ယ္ျပန့္သည့္ ေက်ာျပင္ကို သူျမင္လိုက္ရ၏။ ေသာ္စစ္၏ မ်က္စိေရွ႕က ေက်ာျပင္က်ယ္က ဟို၊သည္ ေ႐ြ႕လ်ားလ်က္ သီခ်င္းခပ္တိုးတိုးလည္းညည္း၍ အလုပ္ရႈပ္ေနပုံရသည္။ထို႔ေၾကာင့္ ေျခလွမ္းခပ္ဖြဖြ နင္းကာ ထိုေက်ာျပင္နားသို႔ တိုးကပ္သြား၍ ထိုသူ၏ ခါးကို တင္းက်ပ္စြာဖက္လိုက္၏။

" morning "

ေသာ္စစ္၏ အသံက အိပ္ခ်င္မေျပေသးသည့္ဟန္ႏွင့္ ခပ္အက္အက္ေလးရယ္ပါ။ ဒီဇင္ဘာသည္ သူ႕ေက်ာျပင္၌အႏြေးဓာတ္ေလးတစ္ခုက  ပြတ္သပ္ေနသည္ကို ခံစားရသည္ ။ သူကမိမိခါးေပၚရွိ ဝင္းဝါေသာ လက္ေခ်ာင္း သြယ္သြယ္တို႔ကို ငုံ႕ၾကည့္ကာ ႏႈတ္ခမ္းေထာင့္ေလးႏွစ္ခု တြန့္တက္သြားေအာင္ၿပဳံးလိုက္မိ၏။


" morning ေဘေဘး "

နားကပ္ထားသည့္ ေက်ာျပင္မွတစ္ဆင့္ထြက္လာေသာ ႏူးႏူးညံ့ညံ့အသံၾသၾသႏွင့္ သစ္ဆန္းေသာ နာမ္စားေၾကာင့္ ေသာ္စစ္သည္ ခ်စ္သူ၏ ေက်ာျပင္ကို ေခါင္းမွီထားရမွ ခြာ၍ ေမးလိုက္သည္။

" ဒါက ငါ့နာမည္အသစ္လား "

" အင္း "

ဒီဇင္ဘာက ဒယ္အိုးမီးပလပ္ျဖဳတ္ကာ သူ၏ မ်က္ႏွာခ်င္းဆိုင္သို႔ လွည့္၍ ေခါင္းၿငိမ့္ျပ၏။ထို႔ေနာက္ အိပ္ယာထခါစမို႔ အနည္းငယ္ရႈပ္၍ ထိုးေထာင္ေနသည့္ ဆံစတိုတိုေလးေတြကို လက္ျဖင့္ သပ္၍ ေသာ္စစ္၏ ပါးျပင္ကို ႏူးႏူးညံ့ညံ့ေလးနမ္းလိုက္သည္။ ေသာ္စစ္သည္ ႏူးညံ့ေသာ အနမ္းတစ္ပြင့္ကို ၿပဳံးလ်က္ လိမၼာစြာလက္ခံလိုက္သည္။ဒီဇင္ဘာက မ်က္ဝန္းေလးမ်ားပါၿပဳံးေနေသာ ခ်စ္သူ၏ မ်က္ႏွာကိုၾကည့္ကာ သူ၏ ႏႈတ္ခမ္းမ်ားက အလိုလိုပင္ေကာ့တက္သြား၏။

" မ်က္ႏွာသစ္လိုက္အုံး။ ကိုယ္မနက္စာ လုပ္ထားလိုက္မယ္ "

" မင္းကိုယ္ကို ' ကိုယ္ ' လို႔သုံးတာ ငါနားေထာင္ရတာတစ္မ်ိဳးႀကီးပဲ "

ေသာ္စစ္က ဒီဇင္ဘာ၏ ခါးေပၚရွိ သူ႕လက္မ်ားကို ဖယ္ခ်ကာ ေရစည္သို႔ ေလွ်ာက္သြားရင္း ေျပာလိုက္သည္။သူက ေရစည္အဖုံးေပၚတြင္ သြားတိုက္ေဆးအသင့္ ထည့္ၿပီးသား သြားပြတ္တံကိုယူ၍ ပါးစပ္ထဲထည့္လိုက္၏။

" အမွန္က ကိုယ္က မင္းထက္ ႏွစ္ႏွစ္ေတာင္ႀကီးတယ္ေလ ။ အရင္က ငယ္ေသးလို႔ သူငယ္ခ်င္းလိုပဲေျပာခဲ့ေပမယ့္ အခုက အ႐ြယ္ေရာက္ၿပီးသားျဖစ္ေနၿပီ ဒါေၾကာင့္ ခ်စ္သူေတြျဖစ္သြားရင္ ၾကည္ၾကည္ႏူးႏူး အေခၚအေဝၚေလးေတာ့ ေျပာင္းသုံးသင့္တာေပါ့ "

သူက ျပန္လည္ခ်က္ျပဳတ္လ်က္ပင္ မလွမ္းမကမ္းမွ သြားတိုက္ေနေသာ ေသာ္စစ္ကို လွမ္းေျပာေလသည္။ ေသာ္စစ္က မယုံၾကည္ဟန္ျဖင့္ မ်က္ေမွာင္က်ဳံ႕ျပကာ စကားဆက္မေျပာေတာ့ဘဲ သြားတိုက္မ်က္ႏွာသစ္ျခင္းကို အရင္လုပ္ေဆာင္လိုက္၏။

" မင္းက ငါ့ထက္ ႏွစ္ႏွစ္ႀကီးစရာလား ။ ငါတို႔က အတန္းတူတူတက္ခဲ့တာပဲကို ငါ့ကိုညာမေျပာနဲ႕ "


မ်က္ႏွာသစ္သန့္စင္ၿပီးေနာက္ ေသာ္စစ္က ဒီဇင္ဘာအနားသို႔ သြား၍ ျငင္းခုန္ေတာ့သည္။ ဒီဇင္ဘာက ေသာ္စစ္မ်က္ႏွာေပၚရွိေရစက္ေလးမ်ားကိုၾကည့္ကာ မေနနိုင္ မထိုင္နိုင္ျဖင့္ နမ္းရန္ ေရွ႕တိုးလိုက္ေသာအခါ ေသာ္စစ္က ခပ္ျမန္ျမန္ပင္ ေရွာင္တိမ္းလိုက္သည္။

" ညာေျပာတဲ့သူနဲ႕ မနမ္းဘူးကြာ  "


ေသာ္စစ္ရဲ႕စကားေၾကာင့္ ဒီဇင္ဘာက သေဘာက်ရယ္လိုက္မိသည္။ ေသာ္စစ္က ထိုသို႔ စေနာက္ၿပီး အေပၚထပ္သို႔ တက္သြားကာ မ်က္ႏွာသုတ္ အကၤ်ီလဲ၍ ေအာက္ျပန္ဆင္းလာသည္။


" မင္းေနာက္က်ေနၿပီမဟုတ္လား "


လက္မွနာရီက ၇ခွဲသို့ အခ်က္ျပေနၿပီမို႔ ေသာ္စစ္က အခုထိတိုင္ အကၤ်ီမလဲဘဲ အိမ္မွာရွိေနေသာ ခ်စ္သူကို လွမ္းေမးလိုက္သည္။ဒီဇင္ဘာက ၿပဳံး၍ ထမင္းေၾကာ္ပန္းကန္ကို စားပြဲေပၚခ်ၿပီး ေကာ္ဖီတစ္ခြက္ေဖ်ာ္ေနသည္။ ဒီဇင္ဘာက ျပန္မေျဖတာမို႔ ေသာ္စစ္သည္ ဇေဝဇဝါျဖင့္ ျပကၡဒိန္အား လွမ္းၾကည့္မိျပန္သည္။

" အာ... ဒီေန႕ ဥပုလ္ေန႕ပဲ ေက်ာင္းပိတ္တာေပါ့ "

" အင္းေလ မင္းေမ့ေနျပန္ၿပီ "

ေသာ္စစ္က တခါတေလလည္း ေမ့တတ္ေသးသည္။ ႀကီးႀကီးမားမားႀကီးမဟုတ္ေသာ္လည္း ေသးေသးမႊားမႊားေလးကိုပင္ ေမ့ေနတတ္၏။ ဥပမာ ဖုန္းအားသြင္းထားၿပီး ဖုန္းေပ်ာက္လို႔ ရွာေနတာတို႔၊ ေရဖြင့္ထားခဲ့ၿပီး ျပန္မပိတ္တာတို႔ ၊ ဆိုင္ကယ္ ဆီထည့္ဖို႔ ဒီဇင္ဘာက ေျပာလိုက္ေပမယ့္ လမ္းမွာ ေမ့ၿပီး ဆီမထည့္လာလို႔ ဆိုင္ကယ္တြန္းၿပီး ျပန္လာတာတို႔ စသည္ျဖင့္ေပါ့။ သို႔ေပမယ့္ ဒီဇင္ဘာက အၿမဲေနာက္က သတိေပးလ်က္ရွိသည္။

ေသာ္စစ္က ခုံအပုေလးတြင္ ထိုင္၍ ပဲငံျပာရည္ျဖင့္ ေၾကာ္ထားသည့္ ထမင္းေၾကာ္ပူပူေလးကိုၾကည့္ကာမ်က္လုံးမ်ား အေရာင္လက္သြားသည္။ ထို႔ေနာက္ ပူပူေလာေလာထမင္းေၾကာအား တစ္ခ်က္ႏွစ္ခ်က္မႈတ္၍ ပါးစပ္ထဲသို႔ သြင္းလိုက္သည္။ အရသာရွိေသာ မနက္စာေၾကာင့္ ေသာ္စစ္ ေပ်ာ္႐ႊင္မႈမ်ား ႏွစ္ဆတိုးလာ၏။

" စားလို႔ေကာင္းလား "

မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနသည့္ ဒီဇင္ဘာက မိမိလုပ္ေပးေသာ မနက္စာကိုႏွစ္ၿခိဳက္ေနပုံရသည့္ ခ်စ္သူမ်က္ႏွာကိုၾကည့္ကာ ၿပဳံး၍ ေမးလိုက္သည္။ ထိုအခါ ေသာ္စစ္က ေခါင္းၿငိမ့္၍

" ငါ့အတြက္ အၿမဲတမ္း မနက္စာလုပ္ေပးမွာလား "


" ကိုယ္မင္းအတြက္ မနက္စာေရာ ၊ ေန႕လည္စာေရာ ၊ ညစာပါ အၿမဲလုပ္ေပးမွာ ။ အၿမဲတမ္း တစ္သက္လုံး မင္းတစ္ေယာက္တည္းအတြက္ပဲ "


တည္ၿငိမ္သည့္ မ်က္ဝန္းတို႔ႏွင့္ ၾကည့္၍ ေလးနက္စြာေျပာလာတဲ့အခါ ေသာ္စစ္၏ မ်က္ႏွာက အနည္းငယ္ေလးနီလာသလို ၿပဳံးခ်င္ေနသည့္ ႏႈတ္ခမ္းကိုလည္း တင္းတင္းစိထားရသည္။ ဘာပဲျဖစ္ျဖစ္ ဒီစကားေလးက ၾကည္ႏူးဖို႔ေကာင္းသလို ရင္ခုန္ဖို႔လည္းေကာင္းသည္မဟုတ္လား ။ ထို႔ေၾကာင့္ ေသာ္စစ္က ေပ်ာ္႐ႊင္မႈတို႔ကို မနည္းထိန္းခ်ဳပ္ေနရသည္။

သူတို႔စားေသာက္ၿပီးေသာအခါ ေသာ္စစ္က ပန္းကန္ေဆးကာ သိမ္းဆည္းသည့္တာဝန္ကို အရင္တိုင္းပင္လုပ္ေဆာင္သည္။


" ခ်က္ျပဳတ္ခအတြက္ တစ္ခုခုေပးသင့္တယ္မဟုတ္လား ဟမ္?  "


ပန္းကန္ေဆးၿပီး၍ လက္သုတ္ေနေသာ ေသာ္စစ္နားသို႔ကပ္ကာ ဒီဇင္ဘာက မ်က္ဝန္းဝင့္ျပသည္။ထိုအခါ ေသာ္စစ္က လွည့္၍ ခ်စ္သူ၏ ပါးျပင္သို႔ အနမ္းတစ္ဖြင့္ျဖင့္ အဖိုးခေခ်လိဳက္၏။ မထင္မွတ္ပဲ ႐ုတ္တရက္ဆန္သည့္ အနမ္းေၾကာင့္ဒီဇင္ဘာက ေခတ္တအံ့သြသွားပြီးနောက် ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးလာသည္။ ထို႔ေနာက္ သူ႕ေဘးမွထြက္သြားေသာ ေသာ္စစ္၏လက္ကို ဖမ္းဆြဲကာ ရင္ခြင္ထဲထည့္၍ တင္းက်ပ္စြာဖက္ထားလိုက္၏။

" ကိုယ္အခု အရမ္းေပ်ာ္တာပဲ "

" ငါေရာပဲ "


ေသာ္စစ္၏ ခပ္တိုးတိုးအသံေလးေၾကာင့္ ဒီဇင္ဘာသည္ မ်က္ဝန္းမ်ားမွိတ္လ်က္ ေပ်ာ္႐ႊင္မႈနဲ႕အတူ ရင္ခုန္သံစီးခ်က္တို႔ကိုလည္း မထိန္းနိုင္ျဖစ္ေနရသည္။ ခဏၾကာၾကာဖက္ထားၿပီးေနာက္ သူ႕ႏႈတ္ခမ္းႏွင့္ နီးကပ္ေနေသာ လည္တိုင္ေက်ာ့ေက်ာ့ေလးကို ႏႈတ္ခမ္းျဖင့္ ဖိကပ္၍ အသည္းယားစြာပင္ စုပ္ယူလိုက္သည္။

" အ့ "

သူ၏ လည္ပင္းအသားကိုခပ္ျပင္းျပင္းစုပ္ခံရသည့္ ခံစားခ်က္ေၾကာင့္ ေသာ္စစ္က မေနတတ္စြာ အနည္းငယ္႐ုန္းေသာ္လည္း ဒီဇင္ဘာသည္ ထပ္မံတိုးဖက္ထား၏။

" ငါ...ငါ "


စကားေျပာရန္ျပင္လိုက္ေသာ္လည္း စူးခနဲျဖစ္သြားသည့္ လည္ပင္းေၾကာင့္ ေသာ္စစ္အံႀကိတ္လိုက္မိသည္။ ဒီဇင္ဘာက သူကိုက္လိုက္သည့္ လည္တိုင္ေလးကို လွ်ာထိပ္ျဖင့္ မထိတထိေလး တို႔ထိၿပီးမွ ေသာ္စစ္ မ်က္ႏွာအား ၾကည့္လာသည္။

" ကိုယ္တကယ္ မင္းထက္ ႏွစ္ႏွစ္ႀကီးတာ ။ ငယ္ငယ္က ေက်ာင္းထားမယ့္သူမရွိတာေၾကာင့္ ကိုယ္ေက်ာင္းကို ေနာက္က်မွ တက္ခဲ့ရတယ္ မယုံရင္ မွတ္ပုံတင္ၾကည့္မလား "


ဒီဇင္ဘာက နီေဆြးေနေသာ ခ်စ္သူမ်က္ႏွာကို ၾကည့္လ်က္ေျပာတာျဖစ္သည္။ ေသာ္စစ္သည္ ထိုစကားေၾကာင့္ တဆက္ဆက္တုန္ေနေသာ သူ႕ႏွလုံးသားေလးက ခ်က္ခ်င္းပင္ ညိုးႏြမ္းသြားရသည္။ သူ႕ခ်စ္သူ၏ ငယ္ဘဝက ၾကမ္းတမ္းခဲ့ပုံရၿပီး ေသခ်ာစဥ္းစားၾကည့္မွ သူတို႔ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေသခ်ာအတြင္းက်က်မသိေသးေပ။

" ကိုယ္မင္းကို ညာတာမဟုတ္ပါဘူး ဒါေၾကာင့္ မင္းကို နမ္းလို႔ရၿပီလား "

ထိုစကားေၾကာင့္ ေသာ္စစ္က ၿပဳံး၍ ေခါင္းၿငိမ့္ျပသည္။ ထိုအခါ ထပ္တူက်သြားသည့္ ႏႈတ္ခမ္းတို႔က ရင္ခုန္ဖြယ္ အနမ္းတို႔ကို ဖန္တီးေပး၏။


Ring. .....Ring. ...Ring......


" ေန...ေနအုံး ဖုန္းလာေနတယ္ "


ထိုအခ်ိန္ ေဘာင္းဘီအိတ္ထဲမွ ေသာ္စစ္၏ ဖုန္းျမည္လာတာေၾကာင့္ ဒီဇင္ဘာက မတတ္သာပဲ လႊတ္ေပးလိုက္ရသည္။ ေသာ္စစ္က ဖုန္းဝင္လာသည့္ နာမည္ကို ၾကည့္ကာ အနည္းငယ္အံ့ၾသသြားသလိုေလးျဖစ္သြားသည္ကို သူျမင္လိုက္ရ၏။


"ဟဲလို.... အင္း.. အသည္း ေျပာ "


ဖုန္းလက္ခံလိုက္ေသာအခါ ေသာ္စစ္၏ အေခၚအေဝၚႏွင့္ အၿပဳံးတို႔အျပင္ တစ္ဖက္မွ မိန္းကေလးအသံေၾကာင့္ ဒီဇင္ဘာသည္ မ်က္ေမွာင္က်ဳံ႕သြားသည္။ေသာ္စစ္က ဖုန္းေျပာလ်က္ပင္ သူ႕အနားမွ အိမ္ေရွ႕ၿခံဝိုင္းသို႔ ေရွာင္ထြက္သြားသည္။ ထို႔ေၾကာင့္ သူ႕စိတ္က ပို၍ မသက္မသာျဖစ္လာရသည္။ မိန္းကေလးအသံ ၊ အသည္းဟူသည့္ နာမ္စား ။ ထိုနာမ္စားက ခ်စ္သူရည္းစားေတြမွာ ခ်စ္စနိုးေခၚေဝၚသည့္ နာမည္မဟုတ္လား ။ ထိုအေတြးေၾကာင့္ သူ႕မ်က္ႏွာသည္ မဲေမွာင္လာၿပီး အိမ္ေရွ႕တံခါးဝမွေန၍ ဖုန္းေျပာေနသည့္ ေသာ္စစ္ကို လွမ္းၾကည့္လိုက္သည္။

ေသာ္စစ္မ်က္ႏွာက ၿပဳံးေနၿပီး တစ္ခုခုကို အလိုလိုက္ေျပာဆိုေနသည့္ ဟန္လည္း ေပၚေနသည္။ ပါးစပ္က အင္းဟု ျပန္ေျဖ႐ုံတင္မက ေခါင္းကၿငိမ့္ၿပီး သြားေလးမ်ားေပၚသည္အထိ သေဘာက်ရယ္ေနေသး၏။ သူသည္ ဖုန္းေျပာေနသည့္ ေသာ္စစ္ကို ၾကည့္ကာ ရင္ထဲ တင္းက်ပ္လာကာ မ်က္ေမွာင္က်ဳံ႕သတတ္ က်ဳံ႕မိလာေတာ့သည္။

..................................

#26/6/21









Continue Reading

You'll Also Like

726K 77.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
277K 11.5K 38
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
689K 7.3K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
202K 7.6K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...