๐™‡๐™š๐™œ๐™š๐™ฃ๐™™ ๐™Š๐™› ๐™“๐™ž๐™–๐™ค...

By Mari__Zhang

51.1K 4.9K 103

Collaboration With @M_May8 Yizhan ๐Ÿ’šโค... แ‹ Not Translation โŒ Historical แ€กแ€”แ€ฑแ€”แ€ฒแ€ทแ€•แ€ฏแ€ถแ€–แ€ฑแ€ฌแ€บแ€‘แ€ฌแ€ธแ€แ€ฒแ€ท Rebirth/Revenge T... More

( 1 )
( 2 )
( 3 )
( 4 )
( 5 )
( 7 )
( 8 )
( 9 )
( 10 )
Collaboration with Author
( 11 )
( 12 )
( 13 )
( 14 )
( 15 ) Epilogue

( 6 )

3K 337 3
By Mari__Zhang

[Unicode]
သံတမန်တွေ့ဆုံပွဲနေ့။

လိမ္မော်ရောင်နုနုဝတ်ရုံကို ဆင်ယင်ထားတဲ့ ကြင်ယာတော်နဲ့ အတူယှဥ်တွဲတက်လာတဲ့ ဧကရာဇ်။သံတမန်ပွဲဆိုတာ အရှေ့ဘက်ဝမ်ဧကရာဇ်ပြည်ကစလို့ အနောက်ဘက်လျှိုမြောင်ချိုင့်ဝှမ်းနဲ့ ကိုးပြည်ထောင်မင်းတွေရဲ့ စုဝေးရာ။လက်ရှိဝမ်မင်းကြီးရဲ့ နန်းစံသက်သုံးနှစ်အတွင်း ဒုတိယအကြိမ် ပြုလုပ်တဲ့ပွဲ။နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ပွဲက ဝမ်မင်းကြီးနဲ့ ဒုတိယအာဏာအများဆုံးဖြစ်တဲ့ ဦးရီးတော်ချန်ကလွဲရင် အခြားသူတွေ တက်ရောက်ခွင့်မရှိတဲ့နေရာ။အတိတ်ကလို ရိုးအေးပြီး တည်ငြိမ်တဲ့ ကြင်ယာတော်အနေနဲ့သာဆို ကျန့်ဟာလည်း ဒီပွဲကိုတက်ရောက်ဖို့အခွင့်မရှိလေဘူး။

ဝမ်မင်းကြီးအနေနဲ့ ဘယ်လိုကြောင့်အတူတွဲ တက်ရောက်ဖို့ ဖိတ်ကြားမှန်းမသိပေမဲ့ ကျန့်အတွက်တော့ အရမ်းရှားပါးတဲ့အခွင့်အရေး။သေရည်အိုးနဲ့ စားဖွယ်သောက်ဖွယ်တွေ ခင်းကျင်းထားတဲ့ စားပွဲတန်းအရှည်ကြီးရဲ့ဘေးတစ်ဖက်စီမှာ ခုံတွေနဲ့ထိုင်နေတဲ့ လူတွေက ကိုးပြည်ထောင်မင်းတွေရဲ့ စေလွှတ်တဲ့သံတမန်တွေ။အင်အားကြီးရင်ကြီးသလို အင်အားသေးတိုင်းပြည်တွေအပေါ် ဖိနှိပ်တာတွေ မရှိရလေအောင် ကိုးပြည်ထောင်သံတမန်တွေ စုဝေးလို့ ကတိသစ္စာပြုပြီး တိုင်းပြည်ရေးလိုအပ်ချက်တွေကို သူ့ဘက်ကိုယ့်ဘက်ညှိပြီး ကူညီကြဖို့ အကြံပေးမယ်။ဒါသံတမန်ပွဲနဲ့ ပတ်သက်တဲ့ ကျန့်သိသလောက်အကုန်ပဲ။

အတိတ်က ဖြစ်ပျက်ခဲ့တဲ့အရာတွေအရ ကိုးပြည်ထောင်ရဲ့ သံတမန်ဆွေးနွေးပွဲမှာ ရောက်လာမဲ့ တာ့ရှန်းပြည်ထောင်ရဲ့ မင်းသမီးက သံတမန်ပွဲပြီးဆုံးတဲ့အခါ ဝမ်မင်းကြီးရဲ့ စုလျားရစ်ပတ်တော်မူမဲ့ ( မိဖုရားအလောင်းအလျာ အဖြစ် တင်မြှောက်မဲ့  ) ဝမ်ဖေးဖြစ်လာလိမ့်မယ်။နှမြောစရာက တာ့ရှန်းပြည်ထောင်ရဲ့ မင်းသမီး တာ့ရီရှန်းစန်းက အခမ်းအနားကျင်းပမဲ့ ရက်မတိုင်ခင်တစ်ရက်အလိုမှာ အဆိပ်သောက်သေဆုံးလိမ့်မယ်။အဖြေက ရှင်းရှင်းလေးရယ်။ချစ်ရသူရှိနေတဲ့ တာ့ရီရှန်းစန်းအဖို့ မချစ်ရသူကို လက်ထပ်မဲ့အစား သေလိုက်မယ်ဆိုတဲ့ ဝမ်းနည်းစရာ အကြောင်းပြချက်ကြီးကြောင့်ရယ်။

စုလျားရစ်ပတ်-မိဖုရားအနေဖြင့် ( သို့ ) ဘုရင်တစ်ပါး၏ ထိမ်းမြားလက်ထပ်ခြင်း

မင်းသမီးသေဆုံးမှုကြောင့် ဝမ်ပြည်ထောင်ကို ရန်ရှာမဲ့ တာ့ရှန်းပြည်ထောင်ရဲ့အကြံအစည်က ချန်ဦးရီးတော်ကိုယ်တိုင် တာ့ရီရှန်းစန်း အဆိပ်သောက်သေကြောင်း အထောက်အထားပြလာမှ အားမတန်မာန့်လျှော့သွားချေတယ်။ နှစ်သိမ့်တဲ့အနေနဲ့ ဝမ်ပြည်ထောင်ကသိမ်းယူထားတဲ့ တာ့ရှန်းပြည်ထောင်ရဲ့ တောင်တန်း၊လျှိုမြောင်တွေနဲ့ နယ်စပ်ရောင်းဝယ်ရေးအချို့လောက်ကို တာ့ရှန်းပြည်ထောင်ကို ပြန်လည်ပေးအပ်တယ်။

တာ့ရီရှန်းစန်းအဖို့ တာ့ရှန်းမင်းသမီးအနေနဲ့ သေသွားတာပေမဲ့ နန်းတွင်းဆိုတဲ့ အာဏာလုခြင်းဖြစ်ပွားရာနေရာလိုမျိုးမှာ သူမက ရာဇပလ္လင်နေရာကို လိုချင်တဲ့ မင်းသားတွေကြားက မြေစာပင်ဖြစ်သွားရရုံပဲ။လက်နက်မလို အကြံအစည်တချို့နဲ့တင် သေသွားရတဲ့ သူမကိုလည်း တာ့ရှန်းပြည်ရဲ့ များပြားလှတဲ့ မင်းသားမင်းသမီးတွေကြား အမှတ်ရစရာလည်း မရှိသလို အမှတ်ရမဲ့သူလည်း မရှိဘူး။

ကျန့်အနေနဲ့ တာ့ရှန်းပြည်ထောင်ရဲ့ မင်းသမီး တာ့ရီရှန်းစန်းကို မသေရလေအောင် ကူညီရမယ်။တာ့ရှန်းမင်းသမီးရဲ့ အကူအညီနဲ့ နောင်ဖြစ်လာမဲ့ကိစ္စတော်တော်များများကို ဖြေရှင်းဖို့လိုအပ်တယ်။ပထမဆုံးအနေနဲ့ တာ့ရှန်းမင်းသမီးရဲ့ ချစ်ရသူကို ရှာရမယ်။အခုချိန်မှာတော့ ဝမ်ပြည်ထောင်ရဲ့ ကြင်ယာတော်အနေနဲ့ ဝမ်မင်းကြီးဘေးမှာထိုင်လို့ သူစိတ်မဝင်စားတဲ့ တိုင်းပြည်ရေးအကြောင်းကို ဟန်မပျက်နားထောင်ရပေအုံးမယ်။

" ဝမ်ပြည်ထောင်ရဲ့ ကြင်ယာတော်ရှောင်းက အလွန်တရာကို ချောမောလှပါပေတယ် ဝမ်မင်းကြီးအနေနဲ့ နှစ်သက်တော်မူလောက်ပါပေတယ် "

ရင်ထဲကပါတဲ့ နားထောင်ကောင်းရုံလောက် မြှောက်ပင့်ပြောဆိုနေတဲ့ ချီးကျူးစကားက သံတမန်ပွဲကို အစပျိုးလိုက်သလို သံတမန်အပေါင်း လှုပ်လှုပ်၊ လှုပ်လှုပ်ဖြစ်သွားတယ်။ရလဒ်အနေနဲ့ တစ်ယောက်တစ်ခွန်းစီ မြှောက်ပင့် ပြောဆိုနေကြတော့တာပဲ။အဲ့ဒီအချိန် ခန်းမထဲကို ဝင်ရောက်လာတဲ့ လူက အားလုံးရဲ့အာရုံကို ဖမ်းစားသွားတယ်။တာ့ရှန်းပြည်ထောင်ရဲ့ ဘုရင်မင်းမြတ်နဲ့ ကိုယ်လုပ်တော်ဟောင်းတစ်ဦးက မွေးဖွားခဲ့ပြီး ခုလက်ရှိ တာ့ရှန်းပြည်ထောင်ရဲ့ ပင်တိုင်စံမင်းသမီးတွေထဲက တစ်ပါးဖြစ်တဲ့ တာ့ရီရှန်းစန်း။

ဆံနွယ်ရှည်တွေကို ထုံးဖွဲ့ထားပြီး ရိုးရှင်းစွာဆင်ယင်ထားတဲ့ တာ့ရီရှန်းစန်းက သူမတူအောင် ချောမောလှပေမဲ့ သံတမန်တွေရဲ့အာရုံထဲမယ် ဝမ်ပြည်ထောင်ရဲ့ ကြင်ယာတော်လောက် လှပမနေဘူး။ကျန့်အနေနဲ့ တာ့ရှန်းမင်းသမီးကို သေချာအကဲခတ်နေတယ်။ရိုးရှင်းသလို ဖြူစင်တယ်။မင်းသမီးဆိုတဲ့မာန် မတွေ့ရဘူး။

" တာ့ရှန်းပြည်ထောင်ရဲ့ တာ့ရှန်းမင်းသမီး တာ့ရီရှန်းစန်းက ကိုးပြည်ထောင်ဧကရာဇ်ဝမ်မင်းကြီးကို နှုတ်ဆက်ပါတယ် "

အပြုံးနုနုကို ချိတ်ဆွဲထားပြီး စိတ်ထားဖြူစင်ဟန်ရှိတဲ့ မင်းသမီးက ဟိုးတုန်းက ကျန့်ပုံစံအတိုင်းပဲ။လက်နှစ်ဖက်ကို ပုခုံးပေါ်ယှက်တင်ထားပြီး အရိုအသေပြုပြီးနောက် နောက်ကပါလာတဲ့ သံတမန်ဖြစ်ပုံရတဲ့ တာ့ရှန်းပြည်ထောင်ရဲ့အမတ်က မင်းသမီးဆက်သသလို အမိန့်စာလွှာကို ဖတ်ပြတယ်။

" တာ့ရှန်းပြည်ထောင်ရဲ့ မင်းကြီးအနေဖြင့် အဆွေတော်ဝမ်ဆီကို စာလွှာရေးသားလိုက်သည်မှာ ကိုယ်တော်ရဲ့သမီးတော် တာ့ရီရှန်းစန်းကို ဝမ်ပြည်ထောင်ရဲ့အရှင်သခင်ဝမ်မင်းကြီးထံ ပေးအပ်ဆက်သပါတယ် အဆွေတော်အချင်းချင်း ခိုင်မာတဲ့ဆက်ဆံရေးကို တည်ထောင်လိုတဲ့ စေတနာကို လက်ခံရင်ဖြင့် ကိုယ်တော်ဝမ်းမြောက်လှပါတယ် ဝမ်အဆွေတော် "

______________________________________________________

( 30 , June, 2021 )

[Zawgyi]
သံတမန္ေတြ႕ဆုံပြဲေန႔။

လိေမၼာ္ေရာင္ႏုႏုဝတ္႐ုံကို ဆင္ယင္ထားတဲ့ ၾကင္ယာေတာ္နဲ႔ အတူယွဥ္တြဲတက္လာတဲ့ ဧကရာဇ္။သံတမန္ပြဲဆိုတာ အေရွ႕ဘက္ဝမ္ဧကရာဇ္ျပည္ကစလို႔ အေနာက္ဘက္လွ်ိဳေျမာင္ခ်ိဳင့္ဝွမ္းနဲ႔ ကိုးျပည္ေထာင္မင္းေတြရဲ႕ စုေဝးရာ။လက္ရွိဝမ္မင္းႀကီးရဲ႕ နန္းစံသက္သုံးႏွစ္အတြင္း ဒုတိယအႀကိမ္ ျပဳလုပ္တဲ့ပြဲ။ႏွစ္ႏွစ္တစ္ႀကိမ္က်င္းပတဲ့ပြဲက ဝမ္မင္းႀကီးနဲ႔ ဒုတိယအာဏာအမ်ားဆုံးျဖစ္တဲ့ ဦးရီးေတာ္ခ်န္ကလြဲရင္ အျခားသူေတြ တက္ေရာက္ခြင့္မရွိတဲ့ေနရာ။အတိတ္ကလို ႐ိုးေအးၿပီး တည္ၿငိမ္တဲ့ ၾကင္ယာေတာ္အေနနဲ႔သာဆို က်န္႔ဟာလည္း ဒီပြဲကိုတက္ေရာက္ဖို႔အခြင့္မရွိေလဘူး။

ဝမ္မင္းႀကီးအေနနဲ႔ ဘယ္လိုေၾကာင့္အတူတြဲ တက္ေရာက္ဖို႔ ဖိတ္ၾကားမွန္းမသိေပမဲ့ က်န္႔အတြက္ေတာ့ အရမ္းရွားပါးတဲ့အခြင့္အေရး။ေသရည္အိုးနဲ႔ စားဖြယ္ေသာက္ဖြယ္ေတြ ခင္းက်င္းထားတဲ့ စားပြဲတန္းအရွည္ႀကီးရဲ႕ေဘးတစ္ဖက္စီမွာ ခုံေတြနဲ႔ထိုင္ေနတဲ့ လူေတြက ကိုးျပည္ေထာင္မင္းေတြရဲ႕ ေစလႊတ္တဲ့သံတမန္ေတြ။အင္အားႀကီးရင္ႀကီးသလို အင္အားေသးတိုင္းျပည္ေတြအေပၚ ဖိႏွိပ္တာေတြ မရွိရေလေအာင္ ကိုးျပည္ေထာင္သံတမန္ေတြ စုေဝးလို႔ ကတိသစၥာျပဳၿပီး တိုင္းျပည္ေရးလိုအပ္ခ်က္ေတြကို သူ႔ဘက္ကိုယ့္ဘက္ညႇိၿပီး ကူညီၾကဖို႔ အႀကံေပးမယ္။ဒါသံတမန္ပြဲနဲ႔ ပတ္သက္တဲ့ က်န္႔သိသေလာက္အကုန္ပဲ။

အတိတ္က ျဖစ္ပ်က္ခဲ့တဲ့အရာေတြအရ ကိုးျပည္ေထာင္ရဲ႕ သံတမန္ေဆြးေႏြးပြဲမွာ ေရာက္လာမဲ့ တာ့ရွန္းျပည္ေထာင္ရဲ႕ မင္းသမီးက သံတမန္ပြဲၿပီးဆုံးတဲ့အခါ ဝမ္မင္းႀကီးရဲ႕ စုလ်ားရစ္ပတ္ေတာ္မူမဲ့ ( မိဖုရားအေလာင္းအလ်ာ အျဖစ္ တင္ေျမႇာက္မဲ့  ) ဝမ္ေဖးျဖစ္လာလိမ့္မယ္။ႏွေျမာစရာက တာ့ရွန္းျပည္ေထာင္ရဲ႕ မင္းသမီး တာ့ရီရွန္းစန္းက အခမ္းအနားက်င္းပမဲ့ ရက္မတိုင္ခင္တစ္ရက္အလိုမွာ အဆိပ္ေသာက္ေသဆုံးလိမ့္မယ္။အေျဖက ရွင္းရွင္းေလးရယ္။ခ်စ္ရသူရွိေနတဲ့ တာ့ရီရွန္းစန္းအဖို႔ မခ်စ္ရသူကို လက္ထပ္မဲ့အစား ေသလိုက္မယ္ဆိုတဲ့ ဝမ္းနည္းစရာ အေၾကာင္းျပခ်က္ႀကီးေၾကာင့္ရယ္။

စုလ်ားရစ္ပတ္-မိဖုရားအေနျဖင့္ ( သို႔ ) ဘုရင္တစ္ပါး၏ ထိမ္းျမားလက္ထပ္ျခင္း

မင္းသမီးေသဆုံးမႈေၾကာင့္ ဝမ္ျပည္ေထာင္ကို ရန္ရွာမဲ့ တာ့ရွန္းျပည္ေထာင္ရဲ႕အႀကံအစည္က ခ်န္ဦးရီးေတာ္ကိုယ္တိုင္ တာ့ရီရွန္းစန္း အဆိပ္ေသာက္ေသေၾကာင္း အေထာက္အထားျပလာမွ အားမတန္မာန္႔ေလွ်ာ့သြားေခ်တယ္။ ႏွစ္သိမ့္တဲ့အေနနဲ႔ ဝမ္ျပည္ေထာင္ကသိမ္းယူထားတဲ့ တာ့ရွန္းျပည္ေထာင္ရဲ႕ ေတာင္တန္း၊လွ်ိဳေျမာင္ေတြနဲ႔ နယ္စပ္ေရာင္းဝယ္ေရးအခ်ိဳ႕ေလာက္ကို တာ့ရွန္းျပည္ေထာင္ကို ျပန္လည္ေပးအပ္တယ္။

တာ့ရီရွန္းစန္းအဖို႔ တာ့ရွန္းမင္းသမီးအေနနဲ႔ ေသသြားတာေပမဲ့ နန္းတြင္းဆိုတဲ့ အာဏာလုျခင္းျဖစ္ပြားရာေနရာလိုမ်ိဳးမွာ သူမက ရာဇပလႅင္ေနရာကို လိုခ်င္တဲ့ မင္းသားေတြၾကားက ေျမစာပင္ျဖစ္သြားရ႐ုံပဲ။လက္နက္မလို အႀကံအစည္တခ်ိဳ႕နဲ႔တင္ ေသသြားရတဲ့ သူမကိုလည္း တာ့ရွန္းျပည္ရဲ႕ မ်ားျပားလွတဲ့ မင္းသားမင္းသမီးေတြၾကား အမွတ္ရစရာလည္း မရွိသလို အမွတ္ရမဲ့သူလည္း မရွိဘူး။

က်န္႔အေနနဲ႔ တာ့ရွန္းျပည္ေထာင္ရဲ႕ မင္းသမီး တာ့ရီရွန္းစန္းကို မေသရေလေအာင္ ကူညီရမယ္။တာ့ရွန္းမင္းသမီးရဲ႕ အကူအညီနဲ႔ ေနာင္ျဖစ္လာမဲ့ကိစၥေတာ္ေတာ္မ်ားမ်ားကို ေျဖရွင္းဖို႔လိုအပ္တယ္။ပထမဆုံးအေနနဲ႔ တာ့ရွန္းမင္းသမီးရဲ႕ ခ်စ္ရသူကို ရွာရမယ္။အခုခ်ိန္မွာေတာ့ ဝမ္ျပည္ေထာင္ရဲ႕ ၾကင္ယာေတာ္အေနနဲ႔ ဝမ္မင္းႀကီးေဘးမွာထိုင္လို႔ သူစိတ္မဝင္စားတဲ့ တိုင္းျပည္ေရးအေၾကာင္းကို ဟန္မပ်က္နားေထာင္ရေပအုံးမယ္။

" ဝမ္ျပည္ေထာင္ရဲ႕ ၾကင္ယာေတာ္ေရွာင္းက အလြန္တရာကို ေခ်ာေမာလွပါေပတယ္ ဝမ္မင္းႀကီးအေနနဲ႔ ႏွစ္သက္ေတာ္မူေလာက္ပါေပတယ္ "

ရင္ထဲကပါတဲ့ နားေထာင္ေကာင္း႐ုံေလာက္ ေျမႇာက္ပင့္ေျပာဆိုေနတဲ့ ခ်ီးက်ဴးစကားက သံတမန္ပြဲကို အစပ်ိဳးလိုက္သလို သံတမန္အေပါင္း လႈပ္လႈပ္၊ လႈပ္လႈပ္ျဖစ္သြားတယ္။ရလဒ္အေနနဲ႔ တစ္ေယာက္တစ္ခြန္းစီ ေျမႇာက္ပင့္ ေျပာဆိုေနၾကေတာ့တာပဲ။အဲ့ဒီအခ်ိန္ ခန္းမထဲကို ဝင္ေရာက္လာတဲ့ လူက အားလုံးရဲ႕အာ႐ုံကို ဖမ္းစားသြားတယ္။တာ့ရွန္းျပည္ေထာင္ရဲ႕ ဘုရင္မင္းျမတ္နဲ႔ ကိုယ္လုပ္ေတာ္ေဟာင္းတစ္ဦးက ေမြးဖြားခဲ့ၿပီး ခုလက္ရွိ တာ့ရွန္းျပည္ေထာင္ရဲ႕ ပင္တိုင္စံမင္းသမီးေတြထဲက တစ္ပါးျဖစ္တဲ့ တာ့ရီရွန္းစန္း။

ဆံႏြယ္ရွည္ေတြကို ထုံးဖြဲ႕ထားၿပီး ႐ိုးရွင္းစြာဆင္ယင္ထားတဲ့ တာ့ရီရွန္းစန္းက သူမတူေအာင္ ေခ်ာေမာလွေပမဲ့ သံတမန္ေတြရဲ႕အာ႐ုံထဲမယ္ ဝမ္ျပည္ေထာင္ရဲ႕ ၾကင္ယာေတာ္ေလာက္ လွပမေနဘူး။က်န္႔အေနနဲ႔ တာ့ရွန္းမင္းသမီးကို ေသခ်ာအကဲခတ္ေနတယ္။႐ိုးရွင္းသလို ျဖဴစင္တယ္။မင္းသမီးဆိုတဲ့မာန္ မေတြ႕ရဘူး။

" တာ့ရွန္းျပည္ေထာင္ရဲ႕ တာ့ရွန္းမင္းသမီး တာ့ရီရွန္းစန္းက ကိုးျပည္ေထာင္ဧကရာဇ္ဝမ္မင္းႀကီးကို ႏႈတ္ဆက္ပါတယ္ "

အၿပဳံးႏုႏုကို ခ်ိတ္ဆြဲထားၿပီး စိတ္ထားျဖဴစင္ဟန္ရွိတဲ့ မင္းသမီးက ဟိုးတုန္းက က်န္႔ပုံစံအတိုင္းပဲ။လက္ႏွစ္ဖက္ကို ပုခုံးေပၚယွက္တင္ထားၿပီး အ႐ိုအေသျပဳၿပီးေနာက္ ေနာက္ကပါလာတဲ့ သံတမန္ျဖစ္ပုံရတဲ့ တာ့ရွန္းျပည္ေထာင္ရဲ႕အမတ္က မင္းသမီးဆက္သသလို အမိန္႔စာလႊာကို ဖတ္ျပတယ္။

" တာ့ရွန္းျပည္ေထာင္ရဲ႕ မင္းႀကီးအေနျဖင့္ အေဆြေတာ္ဝမ္ဆီကို စာလႊာေရးသားလိုက္သည္မွာ ကိုယ္ေတာ္ရဲ႕သမီးေတာ္ တာ့ရီရွန္းစန္းကို ဝမ္ျပည္ေထာင္ရဲ႕အရွင္သခင္ဝမ္မင္းႀကီးထံ ေပးအပ္ဆက္သပါတယ္ အေဆြေတာ္အခ်င္းခ်င္း ခိုင္မာတဲ့ဆက္ဆံေရးကို တည္ေထာင္လိုတဲ့ ေစတနာကို လက္ခံရင္ျဖင့္ ကိုယ္ေတာ္ဝမ္းေျမာက္လွပါတယ္ ဝမ္အေဆြေတာ္ "

______________________________________________________

( 30 , June, 2021 )

Continue Reading

You'll Also Like

203K 7.1K 97
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
251K 7.4K 87
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
915K 21.1K 49
In wich a one night stand turns out to be a lot more than that.
218K 10.2K 31
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...