မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Від ShayyLinkar
351K 24.1K 2.8K
တကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း... Більше
Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12 (U+Z)
Part 13 (U+Z)
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z)
Part 36 (U+Z)
Part 37 (U+Z)
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z)
Part 43 (U+Z)
Part 44 (U+Z)
Part 45 (U+Z)
Part 46 (U+Z)
Part 47 (U+Z)🚦 Waning 🚦
Part 48 (U+Z)
Part 49 (U+Z)
Part 50 (U+Z) The End! 🚦 Waning 🚦
Part 5 (U+Z)
7.6K 557 56
Від ShayyLinkar
#Unicode
ဒီနေ့က ဒီဇင်ဘာ ၃၁ Happy New Year နေ့ပါ။
ထို့ကြောင့် ညနေလေးနာရီမှာ မမားသူငယ်ချင်းတွေနဲ့ လင်းရာသူငယ်ချင်းတွေကို ကြယ်စင်မှာ ကြေးအိုး လိုက်တိုက်ရပေမည်။ မနေ့က လင်းရာ All King ရတဲ့အတွက် ဒီနေ့လိုက်ကျွေးခြင်းပါ။ ကြယ်စင်ကြေးအိုးဆိုင်က ဦးပါရဲစေတီတော်နားက ဂုန်းဆင်းလေးမှာ ရှိတာပါ။
ဧရာဝတီမြစ်ကမ်း နဖူးပေါ်တွင် တည်ရှိသည့် ဦးပါးရဲ‌စေတီတော် ဆိုသည်မှာ ဟင်္သာတမြို့၏ တန်ခိုးကြီးစေတီတော်ထဲက စေတီတစ်ဆူ အပါအဝင် ဖြစ်သလို အထင်ကရ နေရာတစ်ခုလည်းဖြစ်ပေသည်။
ညနေချိန်များတွင်ဆိုလျှင် မိသားစုတွေ၊ ချစ်သူစုံတွဲတွေ၊ သူငယ်ချင်းတွေ၊ ကျောင်းသူ ကျောင်းသားတွေ လာရောက်ပြီး ဘုရားဖူးကြရင်း အေးချမ်းလှတဲ့ ရင်ပြင်တော်ပေါ်မှာ လာရောက်အနားယူကြပြီး စိတ်အပန်းဖြေလေ့ ရှိကြသည်။
စေတီတော်ကြီး၏ ခြေတော်ရင်း ဘုရားပြသာဒ်ဆောင်ထဲတွင် လူကြီးများ ဘုရားရှိခိုး တရားထိုင်သလို ရင်ပြင်တော်ပေါ်တွင်လည်း ကလေးများ ပြေးလွှားဆော့ကစားကြပေသည်။
ဦးပါရဲ‌စေတော်၏ မြစ်ကမ်းနဖူးပေါ်တွင် ဈေးဆိုင်တန်းများလည်း ရှိသလို စေတီတော်ဘေး မြစ်တစ်ဖက်ကမ်းတွင်လည်း ဈေးဆိုင်လေး ရှိပါသေးသည်။ ထိုဈေးဆိုင်လေးနှင့် စေတီတော်ကို တံတာလေး တစ်ခုထိုးပေးထားသည်။ ဈေးဆိုင်လေး၏ဘေးတွင် ပြောင်းဖူးခင်း၊ ဂေါ်ဖီခင်း နှင့် တခြားအသီးအရွက် အများအပြားလည်း စိုက်ပျိုးထားပေသည်။
ညနေဘက် အချိန်များတွင် စွန်လွှတ်လာကြသူများ ရှိသလို မုန့်ဈေးတန်းသို့ လာရောက် စားသောက်ကြသည့် သူများလည်းရှိသည်။ အေးချမ်းလှတဲ့ ထိုနေရာလေးကို ညနေနှင့်ညဘက်များတွင် လူတော်တော်များများ လာရောက် အပန်းဖြေကြလေသည်။
ကြယ်စင်ကြေးအိုးဆိုင်က ဦးပါရဲစေတီတော် အနီးတွင် ရှိသလို ကြယ်စင်ရဲ့အရှေ့မှာ တာလမ်းမကြီးရှိပြီး တာလမ်းမကြီးရဲ့ဘေးမှာတော့ ဦးပါရဲကန်ဘောင်နှင့် ကလေးကစားကွင်းတည်ရှိပါသည်။ ဦးပါရဲကန်ဘောင်ဆိုတာ ရန်ကုန်မြို့ရဲ့ အင်လျားကန်ဘောင်လိုပင်။ ကန်ဘောင် အစမှ အဆုံးထိ အမိုး မိုးထားသည့် ထိုင်ခုံတန်းလေးများက ဆယ်ပေခြားတစ်ခုစီ ရှိပေသည်။
ကန်ဘောင်ရဲ့‌အရှေ့မှာ မြစ်ရှိသလို မြစ်နှင့် ကန်ဘောင်ကြားတွင်လည်း သစ်ပင်လေးများကို စနစ်တကျ စီစီရီရီ စိုက်ပျိုးထားရှိ ထားပါသေးသည်။ ကန်ဘောင်ရဲ့ဘေး ခုံ‌တန်းလေးတွေရဲ့အနောက်တွင်လည်း ကလေးများကစားရာ ဘတ်စကက်ဘောကွင်း ရှိသလို ဘတ်စကက်ဘောကွင်းရဲ့ နံဘေးတွင်တော့ ကလေးကစားကွင်းနှင့် လေ့ကျင့်ခန်း လုပ်လို့ရသည့် နေရာလေးတစ်ခု ရှိပေသည်။
ကန်ဘောင်းအတိုင်း လမ်းဆက်လျှောက်သည့်အခါ မြစ်ကမ်းနဖူးပေါ်တွင် ရှုခင်းဧရာ အကြော်ဆိုင်လေးတစ်ခုရှိသည်။ ရှူခင်းဧရာလို့ ခေါ်ရခြင်းက ရှူခင်းဧရာ တည်ခိုခန်းရဲ့ဘေး မြစ်ကမ်းနဖူးပေါ်တွင် တည်ရှိနေခြင်းကြောင့်ပင်။
ထိုဆိုင်လေးက ညနေဘက်တွင်သာ ရောင်းချပြီး လူကြိုက်များလွန်းလှသည့် ဆိုင်လေးဖြစ်သည်။ ညနေဆိုလျှင် ထိုဆိုင်လေးသို့ လာရောက်စားသုံးကြသည့် လူအများအပြားရှိပေသည်။ ထိုဆိုင်လေးတွင် ဘူးသီးကြော်၊ ဘယာကြော်၊ အာလူးကြော်၊ ပုဇွန်ကြော်၊ ပြောင်းဖူးကြော် စသည့် အကြော်စုံများလည်း ရရှိနိုင်သလို ခရမ်းချဉ်သီး အစာသွပ်၊ လက်ဖက်ထမင်း၊ ကြာဇံချက် များလည်း ရရှိပါသည်။ ခရမ်းချဉ်သီး အစာသွပ်ကတော့ ထိုဆိုင်လေး၏ နာမည်ကြီး အစားအစာဖြစ်သလို လူကြိုက်များသည့် အစားအစာဆိုလည်း မမှားပေ။
ထို‌အ‌ကြော်ဆိုင်လေးကနေ ရှေ့ဆက်လျှောက်သွားလျှင် ဦးပါးရဲစေတီတော်နှင့် မျက်နှာချင်းဆိုင် မြစ်ကမ်းနဖူးပေါ်တွင် တည်ရှိသည့် မြို့သူကြီးစေတီတော် ရှိပါသည်။ မြို့သူကြီးစေတီတော်တွင် တန်ခိုကြီးလွန်းလှသည့် နှီးဘုရားရှိသည်။ ဟိုးယခင်က ထိုဘုရားသို့ တောတွင်းဆင်များ လာရောက်ဖူးမြှော်ခဲ့ကြသည့်အကြောင်း‌ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဖော်ပြခဲ့ဖူးသည်။
မြို့သူကြီးစေတီတော်တွင်လည်း ဦးပါရဲစေတီတော်ကဲ့သို့ ဘုရားဖူးရင်း လာရောက် စိတ်အပန်းဖြေသူများလည်း ရှိကြသည်။ ထိုစေတီတော်တွင်လည်း ဈေးဆိုင်များရှိသလို စေတီတော်၏ဘေး မြစ်တစ်ဖက်ကမ်းတွင်လည်း ဦးပါရဲစေတီတော်ကဲ့သို့ပင် ဈေးဆိုင်လေးတစ်ခု ရှိပါသေးသည်။ မြို့သူကြီးစေတီတော်သည်လည်း ဟင်္သာတမြို့၏ တန်ခိုးကြီးစေတီတော်များထဲက စေတီတော်တစ်ဆူဖြစ်ပြီး အထင်ကရ နေရာတစ်ခုလည်း ဖြစ်ပေသည်။
ညနေလေးနာရီထိုးသည့်အခါ လင်းရာတို့အဖွဲ့နှင့် မမတို့အဖွဲ့ ကြယ်စင်သို့ မုန့်လာစားခဲ့ကြသည်။
"မမ ကြေးအိုးပဲလား။ တခြားဟာရော စားလို့ရသေးလားဟင်"
"အမလေး . . . ကိုသာထူးလေး ဘာစားချင်လို့ပါလဲရှင်။ ကြိုက်တာစားပါ။ ကြေးအိုးပဲမဟုတ်ဘူး။ ဘာထပ်မှာချင်သေးလဲ မှာပါရှင့်"
"ဟီးးးဟီးးး မမကျေးဇူး။ Love You"
"Love You too"
"ကိုသာထူး ကျမတို့ကိုကြ မချစ်တော့ဘူးလား။ ရှင်လည်း အမျိုးမျိုးနော်"
"အာ . . . မမနွယ်တို့ကိုလည်း ချစ်ပါတယ်နော်။ မမတို့ တစ်ဖွဲ့လုံးကို ချစ်တာ"
"အမလေး ဖိုးသာထူးလေးတို့ကတော့ အပြောလေးက ရွှေမန်းပဲ"
"ဟဲဟဲ"
သားသားတို့ သူငယ်ချင်း တစ်ဖွဲ့လုံးက ခင်လေးတို့အပေါ် သားသားကဲ့သို့ပင် ချစ်ရှာကြပါသည်။ ထိုကလေးတွေကို ခင်လေးတို့ကလည်း သားသားနည်းတူ ကိုယ့်မောင်လေးအရင်းလို တကယ်ပင် ချစ်ရပါသည်။ သာထူးနဲ့ ထူးခြားနဲ့ကတော့ ပိုပြီး အနေနီးပေသည်။
လင်းရာတို့အဖွဲ့ ‌မုန့်စားပြီးတာနဲ့ မမားတို့အဆောင်ကို လိုက်သွားမှာပါ။ မမားတို့အဆောင်မှာ အသီးမျိုးစုံနဲ့ ကော့တေးဖျော်မှာမို့ လင်းရာတို့ လိုက်သောက်ကြမလို့ပါ။
စားသောက်ပြီးစီးတဲ့အခါ ပဒေသာဈေးကြီးထဲတွင် ဇီးဖျော်ရည် အစီပုလင်း၊ သကြား၊ ပန်းသီး၊ ပျားလိမ္မော်၊ ဖရဲသီး၊ စပျစ်သီး၊ နံနတ်သီး၊ ပန်းသစ်တော်၊ ကန်စွန်းရွက် နှင့် ကိုရီးယားကင် မျိုးစုံကို ပဒေသာဈေးကြီးထဲတွင် ဝင်ဝယ်ခဲ့ကြသည်။
မမားတို့အဆောင်ကို ရောက်တာနဲ့ လင်းရာတို့အဖွဲ့က အသီးတွေနွှာကြရသည်။ မမနွယ်က ကန်စွန်းပလိမ်း‌ကြော်နှင့် အကင်ကြော်ပါသည်။ မမားက သကြားကြိုပြီးတာနဲ့ ရေခဲသွားဝယ်လေသည်။
မမား ရေခဲဝယ်ပြီး ပြန်လာချိန်မှာတော့ လင်းရာတို့အဖွဲ့ က အသီး‌တွေအကုန်နွှာပြီးသလို အစိတ်သေးသေးလေးတွေစိတ်ပြီးလို့ အကုန်ပြီးသွားပါပြီ။ မမားတို့ ကော့တေးစပ်ဖို့ပဲ ကျန်တော့တာပါ။
ဇလုံကြီးထဲသို့ သကြားရည်၊ ဇီးဖျော်ရည်၊ Whisky၊ ရေ နှင့် အသီးတွေကိုရောပြီး ထည့်လိုက်သည်။ အားလုံးရောပြီးတော့ အစပ်အဟပ်တည့်သလားလို့ ခင်လေး မြည့်ကြည့်ရသည်။ အိုစကေမှာ ဆိုပြေသွားပြီဆိုတာနဲ့ ရေခဲတုံးကြီး ထည့်ပြီးစိမ်ထားလိုက်‌တော့သည်။
နွယ်တို့ အကြော်အလှော်လေးတွေကို စားပွဲပေါ် ပြင်ဆင်နေရာချပြီးတာနဲ့ ပွဲစဖို့ အဆင်သင့်ပါ။
"ကလေးတွေ မူးချင်ရင်အဖတ်စား၊ မမူးချင်ဘူး သောက်ပဲသောက်ချင်တာဆို အရည်ပဲသောက်နော် Ok"
"Yes sir"
ခင်လေးပြောတော့ အားလုံးက "Yes sir" ဟု တစ်ညီတစ်ညာထဲ အော်ကြသည်။
"ကဲ . . . ကလေးတို့ရေ . . . Cheers! "
"Cheers!"
Cheers! ပြီးတာနဲ့ ကိုသာထူးက တစ်ခွက်လုံး မော့ချလိုက်လေတော့သည်။
"အားးးပါးးးပါးးး ကောင်းလိုက်တာ။ မမခင်လေးလက်ရာက ရှယ်ပဲ"
ထူးခြားက တစ်ငုံငုံပြီး‌တာနဲ့ ခင်လေးကိုချီးကျူး လေတော့သည်။
"ပထမနှစ်ကနေ ဒီနှစ်ထိ ကော့တေးဖျော်လာတာ ငါးနှစ်ရှိ‌ပြီ။ ကော့တေးဖျော်လာတဲ့သက်တမ်းက ဝါရင့် သဘာရင့် ဖြစ်နေပြီလေ ဘေးဘေတို့ရယ်"
"သား အဝသောက်မယ်နော် မမ"
"သောက်စေသတည်း"
ကိုသာထူးက ခင်လေးဆီက ခွင့်ပြုချက်ရပြီဆိုတာနဲ့ တစ်ပြိုင်နက် စားလိုက် သောက်လိုက်နှင့် တော်တော်လေးကို အဆင်ပြေနေပါတော့သည်။
ဖရဲသီးကြိုက်လွန်းတဲ့ သားသားက ဖရဲသီးဖတ်လေးတစ်ဖတ်ကို ကောက်ဝါးပြီး မျက်နှာလေး ရှုံ့မဲ့သွားလေသည်။ Whisky ရဲ့အရသာက ဖရဲသီးထဲကို အများဆုံးစိမ့်ဝင်တာမို့ တခြားအသီးတွေထက် နည်းနည်းလေးပိုခါးသလို ပိုလည်းမူးပေသည်။
"သားသား"
"ဗျာ"
"ဖရဲသီးဖတ်‌ကို အရမ်းမစားနဲ့။ မူးနေမယ်"
"ဟုတ်"
အရည်လေးက ချိုချိုအေးအေးလေးမို့ ကလေးတွေအကြိုက်ပင်။ ကော့တေးဆိုတာကို ပထမဆုံး စသောက်ဖူးသည့် ကလေးတွေအဖို့ကတော့ တော်တော်ကောင်းတဲ့ ဖျော်ရည်တစ်ခုပင်။
ခင်လေးသတိပေးတဲ့ကြားက အထူအပါး နားမလည် အရည်မသောက်ဘဲ အသီးတွေချည်း ရွေးစားတဲ့ ကလေးတွေကတော့ အတော်လေး မူးနေကြပါပြီ။ အရည်ပဲ သောက်တဲ့ကလေးတွေကတော့ ရီဝေဝေလေးပဲရှိသေးပြီး ရယ်ကြဲကြဲလေးတွေ ဖြစ်လာပါပြီ။  အရက်ကို တစ်ခါမှ မသောက်ဘူးတဲ့ အူရိုင်းလေးတွေမို့ တော်ရုံနဲ့တော့ မမူးကြပေ။ ဒါပေမဲ့ တချို့ကတော့ အရိုင်းပေမယ့် တော်တော်လေး မူးနေပါပြီ။ ထိုအချိန်ထိ သားသားတစ်ယောက် မမူးသေးပေ။
မူးနေတဲ့ကလေးတွေထဲမှာ အငိုဓာတ်ခံပါတဲ့ကလေးတွေက ငိုနေပြီး အရယ်ဓာတ်ခံပါတဲ့ကလေးတွေက ငိုနေတဲ့ကလေးတွေကို ထိုင်ကြည့်ပြီး အူတက်နေပေသည်။ ခင်လေးတို့အဖွဲ့လည်း သူတို့ကိုထိုင်ကြည့်ပြီး အူတက်နေရသည်။
"သားကလေ Civilက ငွေခြည့်ကို အရမ်းချစ်မိသွားတာ။ ဒါပေမဲ့ အဲ့ကောင်‌မလေးက ဘုန်းစစ်ပိုင်ဆိုတဲ့ ကိုကြီးကို ကြိတ်ကြွေနေတာလားမသိဘူး အီးးးးဟီးးးးဟီးးးး"
"ဟေ"
"အဲ့အစ်ကိုကြီးကလည်း သဘောကျနေတယ်ထင်ပါတယ်။ သားတော့ မရတော့ဘူးလားမသိဘူး အားးးးးး"
အော်ငိုနေတဲ့ သာထူးလေးကိုကြည့်ပြီး မူးနေတဲ့သူငယ်ချင်းတွေက အော်ရယ်ပါတော့သည်။ မမူးသေးတဲ့သားသားနဲ့ ထူးခြားလေးကတော့ သူတို့သူငယ်ချင်းရဲ့ ပုခုံးလေးကို ပုတ်ပြီးအားပေးရှာပါသည်။
"မင်းတော့ ကျန်ရစ်ဖြစ်မှာသေချာတယ် သာထူး။ ကိုကြီးဘုန်းစစ်ပိုင်နဲ့ မင်းနဲ့က ဆီနဲ့ရေလို ကွာခြားတာကိုး။ ဟိုက အရမ်းချော‌ပြီး မင်းက ကြည့်ပျော်ရှုပျော်လေးဆိုတော့ မင်းကျန်ခဲ့မှာ သေချာတယ်"
"ခွေးကောင်တွေ . . . ချီးပဲ . . . အားးးးဟားးး . . ."
ထူးခြားက စ'လိုက်တော့ သားထူးတစ်ယောက် အာပြဲကြီးနဲ့ အော်ငိုပါတော့သည်။
"နေဦးကွ သာထူးရ ငါနဲ့ ကိုကြီးဘုန်းစစ်ပိုင်နဲ့က တစ်ဆောင်ထဲဆိုတော့ ငွေခြည့်ကို မလိုက်ဖို့ပြောပေးရမလား"
"နိုးပါ ယောင်္ကျားသိက္ခာကျတယ် ဟျောင့်"
"မင်းပဲ အရမ်းချစ်မိသွားတယ်ဆို။ ယောင်္ကျားသိက္ခာနဲ့ ချစ်သူကို မလဲဘူးလား"
"လဲချင်တယ်။ မင်း တကယ် ပြောပေးမှာလား"
"အေး တကယ်ပြောပေးမှာ"
"ကတိနော်"
"ကတိကွာ။ မငိုနဲ့တော့ ရုပ်ဆိုးတယ်"
ထူးခြားက ကတိပေးတော့မှ သာထူးအငိုရပ်သွားလေသည်။
ဘုန်းစစ်ပိုင်က ယောင်္ကျားပီသပြီး ချောလွန်းတာဆိုတော့ ကလေးမလေးတွေအကြိုက် ကိုကြီးဖြစ်နေတာ မဆန်းတော့ပါဘူးလေ။ ရွယ်တူချင်းတောင် ကြွေနေကြတာဆိုတော့ ကလေးတွေက ပိုကြွေတာပေါ့။ ခင်လေးသူငယ်ချင်းတွေတောင် စတွေ့တုန်းက ကြွေခဲ့ကြတာပဲမဟုတ်လား။ ခင်လေးနဲ့ပြတ်သွားမှ ခင်လေးကြောင့် မုန်းသွားကြတာပင်။
"မမတို့"
"ဟေးးးး"
သူတို့က မမတို့လို့ လူစုံတက်စုံ ဝိုင်းပြီးအော်ခေါ်ကြတော့ ခင်လေးတို့လည်း လူစုံတက်စုံ ပြန်ဟေးလိုက်ကြသည်။
"ကန်ဘောင်တွားမယ်"
"ရှင်တို့ လမ်းလျှောက်နိုင်ကြသေးရဲ့လား"
"ရတေးတယ်"
"အေး စကားတောင် မပီတော့ဘူး ကန်ဘောင်က သွားချင်ကြသေးတယ်ပေါ့"
"ဟပ်ပြီး နယူးရား အော်ရဦးမယ်လေ"
"အိမ်မှာ အော်လည်း ရပါတယ်ဟယ်။ ရှင်လေးတို့ကလည်း"
"ဟင့်အင် ကန်ဘောင်မှာပဲအော်မှာ"
"အေးပါ အေးပါ ‌သွားအော်ကြတာပေါ့"
ကလေးတွေသဘောအတိုင်း သူတို့လေးတွေ စိတ်ကျေနပ်အောင်လို့ ခင်လေးတို့အဖွဲ့ ကလေးတွေကို ကန်ဘောင်လိုက်ပို့ပေးလိုက်ကြသည်။
ခင်လေးတို့အဆောင်နဲ့ ကန်ဘောင်က သိပ်လည်းမဝေးသလို အရမ်းလည်းမနီးတာမို့ ဆယ်မိနစ်လောက်တော့ လမ်းလျှောက်ရသည်။ ကလေးတွေက လမ်းလျှောက်မည် ဆိုလာသဖြင့် ဆိုင်ကယ်တွေကို ခင်လေးတို့အဆောင်မှာ ထားခဲ့ပြီး လမ်းလျှောက်သွားကြရသည်။
အဆောင်က ထွက်ခါနီးမှာ လမ်းလျှောက်ရင်း သောက်ဖို့ တစ်ခါသုံး ခွက်လေးတွေနှင့် ကော့တေး တစ်ယောက်တစ်ခွက် ထည့်ယူခဲ့ကြသည်။ ဟိုမှာထိုင်သောက်ဖို့အတွက် ကော်ဘူးဝိုင်းလေးနှင့်ပါ ထည့်လာခဲ့လိုက်သည်။
ကန်ဘောင်ရောက်တော့ ၁၂နာရီထိုးဖို့ ဆယ့်ငါးမိနစ်လောက် လိုနေသေးတာကြောင့် ပါလာတဲ့ ကော့တေးလေး တစ်ယောက်တစ်ခွက်စီသောက်ရင်း စောင့်နေလိုက်ကြသည်။
ဘူးထဲနှင့် ခွက်ထဲမှာ ကျန်နေသည့် ဖရဲသီးစိတ်လေးများကို လင်းရာ ထိုင်းစားနေမိသည်။ လင်းရာမှ ဖရဲသီးမြင်ရင် မစားဘဲ မနေနိုင်တာကိုး။
ကန်ဘောင်ပေါ်တွင် လင်းရာတို့နည်းတူ နှစ်ကူးအော်ဖို့အတွက် စောင့်နေကြတဲ့လူတွေ အများကြီးရှိသလို Happy New Year ကိုစောင့်ရင်း ဂစ်တာတီးပြီး သီချင်းအော်ဆိုနေကြတဲ့ အဖွဲ့တွေလည်း ဟိုတစ်စု ဒီတစ်စု ရှိနေပါသည်။
လိုနေသေးတဲ့အချိန်အတွင်းမှာ သီချင်းသံကိုနားထောင်းရင်း စောင့်စားနေခဲ့ကြသည်။ တစ်ခါတစ်လေ တစ်ဖက်ဝိုင်းက အော်ဆိုတဲ့သီချင်းထဲ ကိုယ်ကြိုက်တဲ့သီချင်းများ ပါလာခဲ့ရင် လင်းရာတို့တစ်ဖွဲ့လုံးလိုက်ပြီး အော်ဆိုလိုက်ကြသေးသည်။ တကယ်ကို ပျော်ဖို့ကောင်းလွန်းတဲ့ အချိန်လေးတွေပါပဲ။
အချိန်အခါ ကျရောက်လာတော့ ကန်ဘောင်ပေါ်မှာရှိတဲ့ လူအားလုံးက တစ်ညီတစ်ညာထဲ ထအော်ကြတော့သည်။
"၅ . . . ၄ . . . ၃ . . . ၂ . . . ၁ . . . Happy New Year . . ."
Happy New Year အော်ပြီး နေချင်သေးပါတယ်ဆိုတဲ့ သာထူးကြောင့် လင်းရာတို့အဖွဲ့ မပြန်ရသေးပေ။ တချို့လည်း မပြန်ကြသေးဘဲ ဂစ်တာတီး သီချင်းဆိုကြတုန်းပါပဲ။ လင်းရာလည်း မျက်လုံးတွေမှေးဆင်းလာပြီး တော်တော်လေးကို အိပ်ချင်နေပါပြီ။
ထိုင်နေတာ နာရီဝက်လောက်ကြာပြီမို့ ခင်လေးတို့အိမ်ပြန်ဖို့အတွက် ထိုင်ရာက ထကြတော့ သားသားက ခုံတန်းလေးပေါ် ခေါင်းမှီပြီး အိပ်ပျော်နေပါပြီ။
"မမခင်လေး"
"ဟေကွာ"
"လင်းရာ အိပ်ပျော်နေပြီ။ ဘယ်လိုလုပ်မလဲ"
"နေဦး . . .  မမ . . သားသားကို နှိုးကြည့်ဦးမယ်"
"ဟုတ်"
"သားသား . . . သားသား . . . မမားတို့ အိမ်ပြန်ရအောင်လေ . . . သားသား"
အိပ်ပျော်နေတဲ့ သားသားကို နှိုးကြည့်တော့ ကလေးက တုပ်တုပ်မလှုပ်ပေ။
"ကလေးကို နှိုးလို့မရဘူးလား ခင်လေး"
"အေး နှိုးလို့မရဘူး နွယ်။ ဖရဲသီးတွေ အများကြီးစားလိုက်တယ်ထင်တယ်။ မူးပြီး အိပ်ပျော်နေတာ"
"ငါ အိမ်ကို ကားနဲ့လာခေါ်‌ဖို့ ဖုန်းခေါ်လိုက်မယ်လေ"
"မဟုတ်တာ နွယ်ကလည်း။ နင်ပဲ ငါနဲ့အိပ်မယ်ဆို။ အိမ်ကလာခေါ်ရင် နင်ပြန်လိုက်သွားရမှာပေါ့။ ပြီးတော့ ဒီအချိန်ကြီး နင်ကန်ဘောင်လာတာသိရင် မေမေတို့ နင့်ကိုစိတ်ဆိုးနေလိမ့်မယ်"
"ဟူးးးး ဘယ်လိုလုပ်ရပါ့"
သားသားအိပ်ပျော်နေလို့ အားလုံးအကြပ်ရိုက်နေတုန်း ကန်ဘောင်ပေါ်မှာ သီချင်းဆိုနေကြတဲ့ အဖွဲ့ထဲက ချမ်းမြေ့အသံကို ကြားလိုက်ရသည်။
"ဟဲ့ . . . ခင်လေး"
"ဟေ"
"ဟိုဘက် အဖွဲ့ထဲက ချမ်းမြေ့အသံကြားလိုက်တယ်"
"ဟုတ်လား"
"အေး . . . ငါ ချမ်းမြေ့ကို သွားပြီး အကူအညီတောင်းကြည့်ဦးမယ်"
"အေး ကောင်းသားပဲနွယ်။ သွားပြောကြည့်ပါဦး"
"အေး . . . ဒီမှာ ခဏ စောင့်နေနော်"
နွယ်တို့ ခုံတန်းရဲ့ တစ်ဖက်ခုံတန်းတစ်ခု အကျော်မှာထိုင်ပြီး သီချင်းဆိုနေတဲ့ အဖွဲ့ထဲမှာ ချမ်းမြေ့အသံကို ကြားလိုက်တာမို့ ချမ်းမြေ့သေချာလားလို့ သွားကြည့်ရသည်။ အဖွဲ့ထဲမှာ စကားတွေ အကျယ်ကြီးအော်ပြောပြီး အူတက်အောင်ရယ်နေတဲ့တစ်ယောက်က ချမ်းမြေ့ဆိုတာ သေချာသွားသည်မို့ လှမ်းခေါ်ကြည့်လိုက်သည်။
"ချမ်းမြေ့"
"ဟေ"
ချမ်းမြေ့လို့ခေါ်လိုက်တဲ့ အသံကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့ နွယ့်ကိုတွေ့လိုက်ရသည်။
"နွယ် . . . နင်ဘာလာလုပ်တာလဲ"
"ကလေးတွေနဲ့လာတာ။ အဲ့တာ . . .  ခုံတန်းပေါ်မှာ သားသားရယ် အိပ်ပျော်သွားလို့ နှိုးလို့မရလို့"
"သားသားဆိုတာ"
"ခင်လေးမောင်လေးလေ"
"ဪ"
"အဲ့တာ နင်တို့မှာ ဆိုင်ကယ်ပါရင် ကလေးကို အဆောင်ပြန်လိုက်ပို့ပေးလို့ ရမလား။ ငါတို့မှာ ဆိုင်ကယ်ပါမလာလို့"
"ဪဟယ် . . . ရပါတယ်။ နင်ကလည်း သူငယ်ချင်း အချင်းချင်းပဲဟာ ကူညီရမှာပေါ့"
"အေးပါဟယ် ကျေးဇူးပဲ"
"ဂင်ချားနား . . . ဂင်ချားနား . . . ဟျောင့် စစ်ပိုင်"
"ဟေ"
"လိုက်ခဲ့ဦး"
"အင်း"
ချမ်းမြေ့နဲ့နွယ်နဲ့ ပြောနေတဲ့စကားကို ကြားနေရတာမို့ ဘာမှ မမေးတော့ဘဲ လိုက်လာခဲ့လိုက်သည်။
ခင်လေးတို့အဖွဲ့ ထိုင်နေတဲ့နေရာကို ရောက်တော့ ခုံတန်းပေါ် အိပ်ပျော်နေတဲ့ ကလေးလေးကို တွေ့လိုက်ရလေသည်။
"ငါပွေ့ချီလိုက်မယ်နော်။ ဖြစ်လား ခင်လေး"
"ဟင် . . . အင်း . . . ဖြစ် . . . ဖြစ်ပါတယ်"
စစ်ပိုင်ရဲ့ အမေးကို ခင်လေး ကြောင်အအနဲ့ ပြန်ဖြေမိလိုက်သည်။ နွယ်က ချမ်းမြေ့ကို ခေါ်လာမယ်ပြောပြီး စစ်ပိုင်ကို ဘယ်လိုဖြစ်လို့ ခေါ်လာတာလဲ မသိပါဘူး။
"နွယ် နင်ပြောတော့ ချမ်းမြေ့ဆို"
"အေး ချမ်းမြေ့လည်း ပါတယ်လေ"
"သူ့ကရော"
"ချမ်းမြေ့ခေါ်လာတာ"
"ဪ . . ."
စစ်ပိုင်တို့ ထွက်သွားတော့မှ ခင်လေးတို့ တစ်ဖွဲ့လုံး အဆောင်ကို လမ်းလျှောက်ပြန်ခဲ့လိုက်ကြသည်။
လင်းရာဆိုတဲ့ ကလေးလေးကို စစ်ပိုင်းပွေ့ချီလာခဲ့လိုက်သည်။ ချမ်းမြေ့က ဆိုင်ကယ်မောင်းသူနေရာကို ဝင်ယူတော့ လင်းရာကို အလယ်မှာချကာ ဖက်ထားလိုက်ပြီး စစ်ပိုင်နောက်ဆုံးတွင် ဝင်ထိုင်လိုက်သည်။
"စစ်ပိုင် . . . မင်း . . . ဒီကလေးလေး အဆောင်ကို သိလို့လား"
"အင်း"
"ဟမ် ဘယ်လိုသိတာလဲ"
"ထူးခြားကို လိုက်ပို့ပေးဖူးလို့"
"ဪ . . ."
အဆောင်ကိုရောက်တော့ လင်းရာကို ပြန်လည်ပွေ့ချီပြီး လင်းရာရဲ့ အခန်းထဲသို့ ပို့ပေးလိုက်သည်။
အခန်းက ထွေထွေထူးထူးတော့ ရှာစရာမလိုပါ။ Welcome တုန်းက စစ်ပိုင် မဲပေါက်ထားတဲ့ အရုပ်ကြီးရှိရာ အခန်းက ထိုကလေးရဲ့အခန်းပင်။ ယောင်္ကျားလေးတို့ ထုံးစံအတိုင်း အခန်းကို သော့မခတ်ထားတာမို့ ပို၍အဆင်ပြေပါသည်။
ထိုကလေးကို ကုတင်ပေါ်တင်ပြီးတော့မှ စစ်ပိုင်သေချာကြည့်လိုက်မိသည်။ ‌နှုတ်ခမ်းလေးတွေက ရဲရဲတွတ်တွတ်လေးတွေ ဖရဲသီးလေးလိုပဲ ကိုက်စားချင်စရာလေး။
"မင်းက မိန်းကလေးသာဆို ပြစ်မှားချင်စရာလေးပဲ ဘေဘီ။ ယောင်္ကျားလေးမှန်း သိ‌နေတဲ့ကိုယ်တောင် မင်းကိုပြစ်မှားချင်စိတ် ဝင်နေတယ်။ မင်းက သိပ်ကိုချစ်ဖို့ကောင်းပြီး ကိုက်စားချင်စရာ ကောင်းလွန်းနေတယ်ဘေဘီ။ မင်းရဲ့ ဖရဲသီးလေးနဲ့ တူတဲ့နှုတ်ခမ်းဖူးဖူးလေးကို ကိုက်ကြည့်ချင်လိုက်တာ။ နုအိနေမှာပဲ အဟားးးး"
"ကိုယ်လည်းသောက်ထားတာမို့ ကိုယ့်စိတ်တွေကို ထိန်းချုပ်လို့ မရဘူးဘေဘီ။ စိတ်က အရိုင်းဆန်နေပေမယ့် ဦးနှောက်က မင်းနှုတ်ခမ်းကို မကိုက်ဖို့  ပေးနေတဲ့ အမိန့်ကို ကိုယ့်ခန္ဓာကိုယ်က သိပ်မလိုက်ချင်ဘူးဖြစ်နေတယ်"
(ဒီနေရာမှာ ပြစ်မှားချင်စရာလေးဆိုတာကို ချစ်ချင်စရာလေး၊ နှုတ်ခမ်းကို နမ်းချင်တာ (သို့မဟုတ်) ကိုက်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်မို့ အဲ့လိုတွေးပေးပါနော်။ သိတယ်မို့လား တစ်ခါတစ်လေ ပြစ်မှားချင်စရာလေးကွာလို့ ယောင်္ကျားလေးတွေ ပြောတတ်ကြတယ်လေ။ အရမ်းလည်း မမှောင်လိုက်ကြပါနဲ့ဦးလို့။ အစောကြီးရှိသေးတယ်😁)
နည်းနည်းလောက်ကြာတော့မှ ကိုယ်တော်ချောက ပေါ်တော်မူလာသည်။ ‌ခဏလေးပဲထင်ပြီး အဆောင်ရှေ့မှာ ကျန်ခဲ့မိတဲ့ အမောင်ချမ်းမြေ့ရဲ့ မဟာအမှားပင်။ ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ကိုယ့်ကို ခြင်ချီသွားမှာတောင် စိုးရသည်။ ကိုက်လိုက်သည့် ခြင်ဆိုတာ တစ်ကိုယ်လုံးနေရာအနှံ့ပင်။
အဆောင်ထဲက ထွက်လာတဲ့ စစ်ပိုင်ရဲ့မျက်နှာပေါ်မှာ တခုခုကို ပိုင်ဆိုင်လိုက်ရလို့ ပြုံးနေတဲ့အပြုံးမျိုး ‌ချမ်းမြေ့တွေ့လိုက်ရလေသည်။
"မျက်နှာက ဘာဖြစ်လာတာလဲ စစ်ပိုင်။ မှိုရလာတဲ့ ရုပ်နဲ့"
"ဘာမှ မဖြစ်ပါဘူးကွာ။ ဒီလိုပါပဲ ဟင်း ဟင်း"
"အမလေးကွာ ရယ်သံကြီးက ကျောချမ်းစရာကြီး။ လူရုပ်မာလေသံနဲ့။ ဘာထဖြစ်တာတုန်း"
"ဘာမှမဖြစ်ဘူး ဟျောင့် မောင်းတော့"
"စောင့်ရတာကြာလိုက်တာကွာ။ မင်းအထဲမှာ ဘာတွေများလုပ်နေလဲ"
"ခြင်ထောင် တစ်ခါထဲ ထောင်ပေးခဲ့တာ"
"ခြင်ထောင် ထောင်တာ အဲ့လောက်ကြာရလားကွာ။ မင်းကို စောင့်ရတာ ငါ့ကို ခြင်ချီသွားပြီတောင် မှတ်ရတယ်။ ငါ သွေးတစ်ဝက်လောက် ခြင်စုပ်ခံလိုက်ရတယ်"
"Sorry ပါကွာ"
ကလေးကိုပို့ပေးပြီးတော့ ခင်လေးကို ချမ်းမြေ့ဖုန်းလှမ်းဆက်လိုက်သည်။
"ခင်လေး"
"အေး ချမ်းမြေ့ အဆင်ပြေရဲ့လား"
"ပြေတယ် ခင်လေး။ စိတ်မပူနဲ့တော့နော်။ ကလေးကို အခန်းထဲ ထည့်ပေးပြီး ခြင်ထောင်ပါ ထောင်ပေးခဲ့တယ်"
"ကျေးဇူးပါ ချမ်းမြေ့ရယ်"
"ရပါတယ်ဟာ။ သူငယ်ချင်း အချင်းချင်းပဲဟာ။ ကျေးဇူးတင်စရာမလိုပါဘူး။ ဒါနဲ့ . . . နင်တို့ဘယ်မှာလဲ။ ငါလာခေါ်ပေး‌မယ်လေ"
"နေ . . . နေ . . . ရတယ် ချမ်းမြေ့။ ငါတို့ အဆောင်နား ရောက်နေပြီ"
"ဪ . . . အေးအေး။ ဒါပဲနော်"
ချမ်းမြေ့နဲ့စစ်ပိုင်တို့ ကိုယ့်အဆောင်ကို ပြန်လာခဲ့လိုက်ကြသည်။
ထိုညက စစ်ပိုင်တို့ ပြုံးပြုံးကြီး အိပ်ပျော်သွားတာကို ချမ်းမြေ့ တအံ့တဩ ထိုင်ကြည့်နေမိပြီး ဓာတ်ပုံရိုက်ယူထားလိုက်သည်။
PS => ကော့တေးက အရှေးတို့အဆောင်မှာ ဖျော်နေကြပုံစံအတိုင်းလေး ထည့်ရေးလိုက်တာပါ။ သူများတွေ ဘယ်လိုဖျော်လဲ မသိပေမယ့် အရှေးတို့ကတော့ အဲ့လိုလေးဖျော်လို့ပါ။
Sat, Jun 26 (26/6/2021/Sat)
*********************
#Zawgyi
ညနေလေးနာရီထိုးသည့်အခါ လင်းရာတို့အဖွဲ့နှင့် မမတို့အဖွဲ့ ကြယ်စင်သို့ မုန့်လာစားကြပါသည်။
"မမ ကြေးအိုးပဲလား။ တခြားဟာ စားလို့ရသေးလားဟင်"
"ဟီးးးဟီးးး မမကျေးဇူး။ Love You"
"Love You too"
"ဟဲဟဲ"
စားသောက်ပြီးစီးတဲ့အခါ ပဒေသာဈေးကြီးထဲတွင် ဇီးဖျောရည် အစီပုလင်း၊ သကြား၊ ပန်းသီး၊ ပျားလိမ္မော်၊ ဖရဲသီး၊ စပျစ်သီး၊ နံနတ်သီး၊ ပန်းသစ်တော်၊ ကန်စွန်းရွက် နှင့် ကိုရီးယားကင် မျိုးစုံကို ပဒေသာဈေးကြီးထဲတွင် ဝင်ဝယ်ခဲ့ကြသည်။
"ကလေးတွေ မူးချင်ရင်အဖတ်စား၊ မမူးချင်ဘူး သောက်ပဲသောက်ချင်တာဆို အရည်ပဲသောက် Ok"
"Yes sir"
"ကဲ . . . ကလေးတို့ရေ . . . Cheers! "
"Cheers!"
Cheers! ပြီးတာနဲ့ ကိုသာထူးတို့ တစ်ခွက်လုံး မော့ချလိုက်လေတော့သည်။
"သား အဝသောက်မယ်နော် မမ"
"သောက်စေသတည်း"
"သားသား"
"ဗျာ"
"ဟုတ်"
"ဟေ"
"အေး တကယ်ပြောပေးမှာ"
"ကတိနော်"
"မမတို့"
"ဟေးးးး"
"ကန်ဘောင်တွားမယ်"
"ရတေးတယ်"
ကလေးတွေသဘောအတိုင်း သူတို့လေးတွေစိတ်ကြေနပ်အောင်လို့ ခင်လေးတို့အဖွဲ့ ကလေးတွေကို ကန်ဘောင်လိုက်ပို့ပေးလိုက်ကြသည်။
အချိန်အခါ ကြရောက်လာတော့ ကန်ဘောင်ပေါ်မှာရှိတဲ့ လူအားလုံးက တစ်ညီတစ်ညာထဲ ထအော်ကြတော့သည်။
"၅ . . . ၄ . . . ၃ . . . ၂ . . . ၁ . . . Happy New Year . . ."
"မမခင်လေး"
"ဟေကွာ"
"ဟုတ်"
"ကလေးကို နှိုးမရဘူးလားခင်လေး"
"ဟဲ့ . . . ခင်လေး"
"ဟေ"
"ဟုတ်လား"
"အေး ကောင်းသားပဲနွယ်။ သွားပြောကြည့်ပါဦး"
"ချမ်းမြေ့"
"ဟေ"
"နွယ် . . . နင်ဘာလာလုပ်တာလဲ"
"သားသားဆိုတာ"
"ခင်လေးမောင်လေးလေ"
"ဪ"
"အေးပါဟယ် ကျေးဇူးပဲ"
"ဟေ"
"လိုက်ခဲ့ဦး"
"အင်း"
ချမ်းမြေ့နဲ့နွယ်နဲ့ ပြောနေတဲ့စကားကို ကြားနေရတာမို့ ဘာမှ မမေးတော့ပဲ လိုက်လာခဲ့လိုက်သည်။
"သူ့ကရော"
"ချမ်းမြေ့ခေါ်လာတာ"
"ဪ . . ."
"အင်း"
"ဟမ် ဘယ်လိုသိတာလဲ"
"ဪ . . ."
အဆောင်ထဲက ထွက်လာတဲ့ စစ်ပိုင်ရဲ့မျက်နှာပေါ်မှာ တခုခုကို ပိုင်ဆိုင်ရလို့ ပြုံးနေတဲ့အပြုံးမျိုး ‌ချမ်းမြေ့တွေ့လိုက်ရလေသည်။
"ဘာမှ မဖြစ်ပါဘူးကွာ။ ဒီလိုပါပဲ ဟင်း ဟင်း"
"Sorry ပါကွာ"
"ခင်လေး"
"ဪ . . . အေးအေး။ ဒါပဲနော်"
ချမ်းမြေ့နှင့် စစ်ပိုင်တို့ ကိုယ့်အဆောင်ကို ပြန်လာခဲ့လိုက်ကြသည်။
ထိုညက စစ်ပိုင်တို့ ပြုံးပြုံးကြီး အိပ်ပျော်သွားတာကို ချမ်းမြေ့ တအံ့တဩ ထိုင်ကြည့်နေမိပြီး ဓာတ်ပုံရိုက်ယူထားမိခဲ့သည်။
Sat, Jun 26 (26/6/2021/Sat)
*********************
Продовжити читання
Вам також сподобається
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
435K 31.1K 36
ချစ်မိလာသောမနက်ဖြန်သည် ချစ်၍မုန်းခဲ့သည်၏ အပိုင်းဆက် S2 ဖြစ်ပါသည်။
140K 6.6K 23
-ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန်မှာ ထိုသူ့အပေါ်ထားသည့် သူ့ရဲ့အချစ်တွေက နယ္ကြၽံေ...
1.4M 60.1K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...