[Unicode]
Home (13)
Jihyo တစ်ယောက် နှလုံးခွဲစိတ်ဆရာဝန်လေး Lisa က သူ့ကို ဖြတ်တိုက်သွားပြီး ဘာစကားတစ်ခွန်းမှလည်း မပြောသွားတဲ့အခါ ကြောင်တောင်တောင်ဖြစ်သွားရတယ်။ သူက Lisa ကို Jungkook Oppa ဆီ သွားလည်မယ့်ကိစ္စအကြောင်း မေးခဲ့သေးတာ။ သူတို့နှစ်တိုင်း အတူတူသွားလည်နေကြဆိုတော့လေ။ ဒါပေမယ့် Lisa ရဲ့မျက်နှာက စိတ်ခံစားချက်မဲ့နေပြီး မျက်နှာသေကြီးနဲ့။ Lisa က ဒီကိစ္စအကြောင်းပြောရင် စိတ်ထိခိုက်လွယ်တယ်။ ဒါကြောင့် သူတို့တွေ အဲ့အကြောင်းပြောရင် အသိမ်မွေ့ဆုံးအထာနဲ့ ပြောရတာ။ Lisa ရဲ့စိတ်အခြေအနေကိုကြည့်ပြီး မေးသင့်တယ်ဆိုမှမေး။ ပြီးရင် Lisa ရဲ့ပြန်စကားကို စောင့်ကြရတာပေါ့။ Jihyo အဲ့လိုနည်းလမ်းမျိုး သုံးတယ်။
မေးပြီးသည့်အခါတိုင်းမှာလည်း Lisa က အံ့ကြိတ်ထားပြီးမှ သက်ပြင်းကို ချပြီး 'ကောင်းပြီလေ' ဆိုတဲ့ ခပ်တိုးတိုးအဖြေရလာတက်တယ်။ ဒါပေမယ့် ဒီအကြိမ်မေးတော့ Lisa က Jihyo ပြောတာတွေကို နားထောင်နေပုံတောင် မရဘူး။
"ဟေး ကံကောင်းတာပဲ နင်တို့တွေ ရှိနေတယ်"
Jihyo က သူမ သူငယ်ချင်းတွေကို နှုတ်ဆက်လိုက်တယ်။ သူ ဗိုက်ဆာနေတာဆိုတော့ ခွဲစိတ်ဌာနက နားနေခန်းမှာ စားစရာများရှိမလား လာကြည့်တာ။ တခြား ဘာစကားမှ ထပ်မပြောဘဲ ရေခဲသေတ္တာဆီတန်းသွားပြီးတော့ မွှေနှောက်ရှာတော့တယ်။
"ငါ ခုနလေးတင် Lisa ကို တွေ့လိုက်သေးတယ်။ မနက်ဖြန် Jungkook Oppa ဆီသွားလည်ရင် အဆင်ပြေမလားလို့ မေးကြည့်တာ။ သူကြည့်ရတာ သရဲလိုကြီး။ သိတယ်မလား စိတ်ခံစားချက်မရှိ အသေကောင်လို လေးလေးပင်ပင်ကြီး လမ်းလျှောက်နေတာမျိုးလေ"
Jihyo လည်း ပြောရင်းဆိုရင်း ပလက်စတစ်ဘူးကို ဖွင့်ကြည့်တော့ ကြက်ကြော်တွေ့တာနဲ့ ပါးစပ်ထဲထည့် ဝါးလိုက်တယ်။
"အဲ့အချိန်ဖြစ်ပြီးကတည်းက သူ ဒီလိုဖြစ်နေတာကို မမြင်ဖူး...."
Seulgi နဲ့ Jisoo ရဲ့မျက်နှာမှာလည်း အဲ့လိုပုံစံမြင်လိုက်ရတော့ Jihyo စကားစရပ်သွားတယ်။
"ဘုရာရေ နင်တို့တွေ ဘာလုပ်လိုက်ပြန်ပြီလဲ"
"ငါ.. ငါ သူကို သွားရှာရမယ်။ ငါ့အမှားတွေချည်းပဲ"
Seulgi က ထိုင်နေရာကနေ အကုန်းအရုန်းထတယ်။
"နေဦး Seul မလုပ်နဲ့ဦး"
Jisoo က ဝင်တားတယ်။
"တကယ်လို့ သူကိုယ်သူ တစ်ခုခုလုပ်ပစ်ရင် ငါကိုယ်ငါ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး"
Jihyo က ဘာတြွေဖစ်ခဲ့မှန်း မသိသေးဘူး။ ဒါပေမယ့် ပြဿနာတစ်ခုခု ဆိုးဆိုးရွားရွားတက်သွားတာကိုတော့ သူခန့်မှန်းလို့ရတယ်။
"နင်ကို သူ အခုမြင်လိုက်ရင်လည်း အဆင်ပြေမှာမဟုတ်ဘူးနော် Seul ။ နင်ဘာပြောပြော Lisa နားထောင်မှာ မဟုတ်ဘူး။ သူကို အရင်စိတ်အေးအောင် လွှတ်ထားလိုက်ပြီးမှ နောက်အခွင့်အရေးရရင် ပြောကြည့်ကြတာပေါ့ ဟုတ်ပြီလား"
Jihyo ပြောလိုက်တယ်။
"ငါ့အမှားတွေပါ။ သူ အဆင်ပြေသွားအောင် လုပ်ပေးရမှာ ငါ့တာဝန်ကို"
"သူ့အမှား ငါ့အမှား လုပ်မနေနဲ့တော့။ ငါတို့အားလုံး အမှားပဲ။ Lisa လည်း အရွယ်ရောက်နေပြီ။ တစ်ခုခုရူးမိုက်တာလုပ်ရင် အကျိုးဘာရမလဲဆိုတာ သူ လုံးဝ နားလည်နေတဲ့အရွယ်"
မေ့ဆေးဆရာဝန် Jihyo က ရှင်းပြဖို့ကြိုးစားလိုက်တယ်။
"အခုတော့ လွတ်ပေးထားလိုက်ဦး။ ငါတို့ နောက်မှ စကားပြောကြည့်မယ်"
*****
ဆိုဖာပေါ်က မိန်းကလေးက အိမ်ရှေ့တံခါးဖွင့်သံကြားတော့ တီဗီအသံတိုးလိုက်တယ်။ Jennie ဟာ သူ တစ်ပတ်လုံးလှည့်ပတ်ရှောင်နေတဲ့လူသားလေး သူ့ရှေ့ရောက်လာပြီး နှုတ်ဆက်လာတော့မယ့်အချိန်ကို စောင့်ရင်း အသက်အောင့်ထားမိတယ်။ Lisa မနေ့ညက အိမ်ပြန်မလာဘူး။ On call ဂျူတီရှိလို့ ဖြစ်မှာပါလို့ Jennie တွေးထားလိုက်တယ်။
တံခါးပိတ်သံကြားလိုက်ရပြန်တယ်။ Jennie အဆုတ်ထဲကလေကို ရှူထုတ်လိုက်မိတယ်။ သူစိတ်လှုပ်ရှားနေမိတာ အကြောင်းပြချက်လည်း ရေရေရာရာမရှိဘူး။ အခုအခြေအနေက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အစပြန်ရောက်သွားနိုင်လေမလား။ သူတို့ကြား နေရထိုင်ရခက်တဲ့အခြေအနေမျိုးကိုတော့ ပြန်မရောက်ချင်ဘူး။ သည်းမခံနိုင်စရာကြီး။ ဒါမဟုတ် သူတို့တွေ ခါတိုင်းပုံစံလို ပြန်ဖြစ်နေမလား။ Lisa က ဒီလိုမတင်မကျအခြေအနေတွေကို လျစ်လျူရှုတဲ့နေရာမှာ တော်တယ်လေ။
"Lisa"
တစ်ခုခုပြုတ်ကျတဲ့အသံ ကြားလိုက်လို့ Jennie လှမ်း အသံပေးလိုက်တယ်။
မတုံ့ပြန်လာဘူး။
"Lisa-ah"
Jennie ဆိုဖာပေါ်ကနေ ချက်ချင်းထပြီး အိမ်ရှေ့တံခါးဝဆီ ပြေးသွားလိုက်တယ်။ Lisa တစ်ယောက် ကြမ်းပြင်ပေါ်မှာ လဲကျနေတာ မြင်လိုက်ရတော့ Jennie လန့်သွားတယ်။
"Lisa-ah နင် အဆင်ပြေရဲ့လား"
Lisa ရဲ့ကိုယ်ကို ဆွဲထူလိုက်တော့ အယ်ကိုဟောအနံပြင်းပြင်းရတယ်။
"နင် မူးလာတာလား"
Jennie ပေါင်ပေါ်က Lisa ကတော့ ခေါင်းတောင် မထူနိုင်ဘူး။
"ဟုတ်ဘူး။ နည်းနည်းလေး ရီဝေဝေဖြစ်နေတာ"
Lisa တခစ်ခစ်ရယ်နေတယ်။
"လာဟာ။ မတ်တပ်ရပ်။ သန့်ရှင်းရေးလုပ်ရမယ်" Jennie မှာ Lisa ရဲ့ကိုယ်လုံးလေးကို မနည်းမလိုက်ရတယ်။ Lisa က နည်းနည်းလေးတောင် မလှုပ်ရှားဘူးလေ။ Jennie မှာ ရှိသမျှအားနဲ့ Lisa ကို အိပ်ခန်းထဲခေါ်သွားရတယ်။
အခုတော့ Lisa မနေ့ညက ဘယ်ရောက်နေလဲ၊ ပြီးတော့ ဒီလောက်ဆိုးဆိုးရွားရွား မူးလာရတဲ့ အကြောင်းရင်းကဘာလဲ ဆိုတာ Jennie မသိတော့ဘူး။ Jennie ပြောင်းလာကတည်းက Lisa ဝိုင်ကိုပဲ သောက်တာမြင်ဖူးတယ်။ ပြီးတော့ မူးတာလည်း မမြင်ဖူးဘူး။
ရှေ့နေမလေး Jennie ဟာ Lisa ကို အိပ်ရာပေါ် ဖြည်းဖြည်းချင်းချလိုက်တယ်။ ဆရာဝန်လေး Lisa ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ မျက်နှာလေးက လုံးဝအပြစ်ကင်းစင်နေတယ်။ ရင်ဘက်ကလည်း ပုံမှန်လေး မြင့်လိုက် နိမ့်လိုက်နဲ့။ Jennie မှာ သတိကြီးကြီးထားပြီး Lisa စီးထားတဲ့ ဖိနပ်နဲ့ခြေအိတ်ကို ချွတ်လိုက်ရတယ်။
Lisa ရဲ့အနံ့က သူကို အာရုံလာနောက်နေတာပဲ။ Jennie မှာ Lisa ရဲ့အဝတ်အစားတွေကို မချွတ်ချင်ပေမယ့် ဒီလိုပုံစံမျိုးနဲ့ Lisa ကို မအိပ်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ်လေ သူက Lisa ကို အခွင့်ရေးယူမှာ ဘာညာ တစ်ခုခုလုပ်မှာမျိုးမှ မဟုတ်တာ။ ပြီးတော့ Lisa အတိုဝတ်တာကိုလည်း သူ ခဏခဏ မြင်ဖူးပြီးသား။ ဆိုတော့ အဆင်ပြေမယ် ထင်တာပဲ။
Lisa ရဲ့အဝတ်အစား တစ်လွှာပြီးတစ်လွှာ ချွတ်လိုက်တာနဲ့ အခန်းတွင်းအပူချိန်က ပိုပိုမြင့်လာသလိုပဲ။ Lisa ကို အဝတ်ချွတ်ပေးရင်းနဲ့ Jennie မှာ မျက်နှာပိုပူလာသလို ခံစားရတယ်။ Lisa ရဲ့ခန္ဓာကိုယ်ကို ဒီလောက်နီးနီးကပ်ကပ်ကြီးမှ မမြင်ဖူးဘူး။ Lisa ရဲ့အသားအရေက မယုံနိုင်လောက်အောင် ဖြူဖွေး၊ ချောမွေ့နေတယ်။ လည်တိုင်သွယ်သွယ်လေး။ ဝမ်းဗိုက်သားဖွေးဖွေးချပ်ချပ်လေးတွေ ထိချင်လာအောင် Jennie ရဲ့စိတ်ကို ဆွပေးနေသလိုပဲ။
"နင် ရူးနေလား Jennie"
Jennie ခေါင်းကို ခပ်ပြင်းပြင်းခါလိုက်တယ်။
"အာရုံစိုက်ထားစမ်း"
Lisa ရဲ့အဝတ်အစားကို သက်တောင့်သက်သာရှိတဲ့ ညဝတ်အင်္ကျီနဲ့ ပြောင်းဝတ်ပြီးတဲ့အခါ Jennie ရဲ့ မျက်နှာက လုံးဝရဲတွတ်နေပြီ။ Lisa ကို စောင်ထူထူလေးခြုံပေးပြီးတော့ ညစ်ပတ်နေတဲ့ အဝတ်တွေကို စုပြီး ခြင်းတောင်းထဲ ထည့်လိုက်တယ်။ မီးအိမ်ပိတ်ဖို့ ပြင်လိုက်တဲ့အခါ Lisa ကယောင်ကတမ်းရွတ်နေတာကို ကြားလိုက်တယ်။
"ကြိုးစားခဲ့တယ် Nini ရဲ့ ပျော်တာတွေ လုပ်တယ်"
Lisa ခပ်တိုးတိုးရေရွတ်နေတယ်။
"အလုပ်မဖြစ်ဘူး။ ဆိုးဆိုးရွားရွားကို နာကျင်ရတယ်။ တောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့"
Lisa ကမျက်မှောင်ကြီးကြုတ်ပြီး ကယောင်ကတမ်းပြောနေလေရဲ့။
Jennie မှာ ဘယ်လိုခံစားရမလဲ ဒါမှမဟုတ် ဘယ်လိုတွေးရမလဲဆိုတာတောင် မသိတော့ဘူး။ ပျော်စရာတွေ။ နာကျင်တယ်။ ဘာက နာကျင်ရတာလဲ။ Lisa ဘာလို့ သူကို တောင်းပန်နေရတာလဲ။
တဖြည်းဖြည်းနဲ့ Seulgi ပြောခဲ့တာတွေကို သဘောပေါက်လာတယ်။ Lisa က တောင်းပန်ပါတယ်ဆိုတဲ့စကားကို ပလုံးပထွေးလေသံနဲ့ ဆက်တိုက်ပြောနေတော့ Jennie ရဲ့ရင်ထဲ နင့်ခနဲပဲ။
Jennie ဟာ Lisa ရဲ့အိပ်ရာဘေးသွားရပ်၊ ဒူးထောက်ထိုင်ချလိုက်ပြီးတော့ Lisa ရဲ့နှဖူးလေးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်တယ်။
"အိပ်လိုက်နော် Lisa ။ ငါဒီမှာရှိတယ်။ အားလုံးအဆင်ပြေသွားမှာ"
ညှင်ညှင်သာသာလေသံလေးနဲ့ ပြောပြလိုက်တယ်။
ခဏကြာတော့ Lisa ရဲ့ဟောက်သံ တိုးတိုးလေး ထွက်လာတော့တယ်။
Jennie က အခန်းမီးကို ပိတ်လိုက်ပြီး မီးအိမ်ကိုတော့ ဖွင့်ထားပေးလိုက်တယ်။ လိုလိုမယ်မယ် Lisa ရဲ့တံခါးဟထားခဲ့တယ်။ Jennie ဆိုဖာပေါ် နေရာယူပြီးတာနဲ့ အတွေးတွေဟာ လွန်ခဲ့တဲ့နှစ်ရက်က Seulgi နဲ့နေ့လည်စာ စားခဲ့တာကို ပြန်တွေးတောမိသွားလေရဲ့။
*****
လွန်ခဲ့တဲ့ နှစ်ရက်က
တံခါးပေါ်က ခေါင်းလောင်းလေး မြည်သွားတာက စားသောက်ဆိုင်ထဲက တစ်ယောက်ယောက်ဝင်လာတယ်ဆိုတဲ့ အချက်ပေးသံဖြစ်ပြီး Jennie ကတော့ ဖုန်းမက်စေ့တွေကို ဟိုးအောက်အထိ ဆွဲချဖတ်နေရင်း အတွေးလွန်နေရဲ့။ Lisa က သူဆီ အရင်က ပို့ထားတဲ့ ခပ်ကြောင်ကြောင်စာတွေကို ဖတ်မိတော့ Jennie ပြုံးမိသွားတယ်။ ဒီလို အရင်က ဖုန်းမက်စေ့ စကားပြောတာတွေကို ပြန်ကြည့်တာက ဘာမှမဆိုင်၊ ရယ်စရာကောင်းနေမှန်းလည်း Jennie လည်း သိတယ်။ အခုလို တစ်ယောက်နဲ့တစ်ယောက် မခေါ်နိုင်မပြောနိုင် ဖြစ်နေတဲ့အချိန်မှာ ပို ရယ်ရတာပေါ့။
မတက်နိုင်ဘူးလေ။ သူ အထီးကျန်နေတာ။
"ဟေး"
Seulgi က ခုံကို ဆွဲထုတ်လိုက်ပြီး ဝင်ထိုင်လိုက်တယ်။
"တခြားသူတွေရော ဘယ်မှာလဲ"
"သူတို့မလာနိုင်တော့ဘူး။ Chaeyoung က အရေးပေါ်အစည်းဝေးမို့လို့ ပြန်သွားရတယ်။ Irene ကျတော့ တရားရုံးကနေ ဖုန်းဆက်လာလို့။ ဒါကြောင့် နင်နဲ့ ငါပဲ ကျန်တော့တာ။ နင် အဆင်ပြေတယ်မလား"
"ဘာလို့ မပြေရမှာလဲ။ ငါတို့နှစ်ယောက်လည်း အဆင်ပြေတာပဲ"
Seulgi ဟာ စိတ်ပျက်နေတာကို ဖုံးကွယ်လိုက်ရင်း ပြုံးပြလိုက်ရတယ်။
သူမတို့ စားစရာမှာလိုက်ကြတယ်။
"ဒါနဲ့ နင့်အနံ့က မွှေးနေတာပဲ။ ရေမွှေးကောင်းပဲနော်" Jennie က နှုတ်ခမ်းတစ်ဖက်ကော့တက်ကာ ပြုံးလိုက်တယ်။ ချီးကျူးစကားကြောင့် Seulgi ကတော့ ရှက်သွေးဖြာသွားလေရဲ့။
"တကယ်လား"
"အင်း တကယ်"
သူတို့တွေ ရောက်တက်ရာရာတွေ ထူးထူးဆန်းဆန်းတွေကို ပြောကြတယ်။ Seulgi က ဟာသဉာဏ်ရွှင်တဲ့သူမျိုး။ မိန်းကလေးနှစ်ယောက်လုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စရာဖြစ်နေတယ်။ Seulgi ရဲ့ခပ်ပေါပေါအပြုအမူကြောင့် Jennie အများကြီး ရယ်ခဲ့ရသေးတယ်။
သူတို့စားစရာရောက်လာတော့ ချက်ချင်း စားသောက်ကြတယ်။ Jennie က ဒီစားသောက်ဆိုင်ကို ရွေးတာ။ အာရှစားသောက်ဆိုင်ဖြစ်ပြီး အာရှတိုက်တစ်ခွင်လုံးမှာရှိတဲ့ စားစရာမှန်သမျှ ရနိုင်တယ်။ Seulgi ကတော့ ဒီစားသောက်ဆိုင်ကို အရင်က မသိခဲ့ဘူး။
"Jennie နင် အရမ်းတော်တယ်"
Seulgi က Jennie ရဲ့ရွေးချယ်မှုကို ချီးကျူးလိုက်တယ်။
"ဟုတ်တယ်မလား"
Jennie ကတော့ တစ်ခစ်ခစ်ရယ်နေလေရဲ့။
"Lisa နင့်ကိုသဘောကျတာ ဒါကြောင့်ကို"
Jennie မှာ သီးတောင်သီးသွားရတယ်။
"နင် ဘာ.. ဘာပြောလိုက်တယ်"
"Lisa နင့်ကို ကြိုက်တယ်လေ။ နင်ဘာလို့ ဒီလောက်အံ့ဩပြနေတာလဲ။ လူတိုင်းက နင့်ကို သဘောကျကြမှာ သေချာတယ် Jen ရဲ့။ သူက အဲ့အထဲမှာမှ ကံအကောင်းဆုံးလူသား ဖြစ်နေတာ"
"အာ... သူ နင့်ကို ပြောပြတာလား။ အတိအကျလေ.. စကားတစ်လုံးချင်းစီ အတိအကျ ?"
Jennie က အဝတ်စနဲ့ နှုတ်ခမ်းနားကို သုတ်လိုက်ပြီး စိတ်ငြိမ်ငြိမ်ထားလိုက်တယ်။
"မပြောပြဘူးလေ"
Seulgi က ခေါင်းခါပြသည်။
"သူ နင့်ကို ကြိုက်တယ်ဆိုတာ ငါ့ကို အတိအကျကြီးပြောပြစရာမလိုပါဘူးဟယ်။ သူရယ် Jisooရယ် Jihyoရယ် ငါရယ်က သူငယ်ချင်းတြွေဖစ်လာတာ နှစ်တွေချို့နေပြီ Jennie ရဲ့။ သူတို့ရဲ့ အကောင်းဆုံး အဆိုးဆုံးတွေကို ငါအားလုံးသိတယ်။ ပြီးတော့ Lisa စိတ်ကိုဖတ်ရတာ အဲ့လောက်လည်းမခက်ဘူး"
"တကယ်လား"
"ဒါပေမယ့် သူကို ချည်းကပ်ရတာ.. သူရဲ့ ယုံကြည်မှုရအောင်လုပ်ရတာ အရမ်းကို ခက်တယ်။ ရှည်လျား၊ ထြွေပား၊ ကြမ်းတမ်းတဲ့လမ်းကို လျှောက်နေရသလိုပဲ။ နင့်ကို ရင်းနှီးခွင့်ပေးလာရင် နင် ရင်နှီးသွားပြီ။ ဒါပေမယ့် မဟုတ်ရင်တော့ နင့်ဘက်က ဘယ်လောက်ပဲ လှုပ်ရှားလှုပ်ရှား နင့်အတွက် တံခါးဖွင့်ပေးမှာ မဟုတ်ဘူး"
Seulgi က ကြက်သားကို အပိုင်းပိုင်းဖြတ်နေရင်း ရှင်းပြသည်။
"ဘယ်လိုမျိုး"
Jennie က လည်ချောင်းရှင်းအောင် အသံတစ်ချက်ဟန့်လိုက်ပြီးမှာ ဆက်မေးလိုက်တယ်။
"သူ ရင်းနှီးခွင့် ပေး၊ မပေးဆိုတာ ဘယ်လိုမျိုး သိမှာလဲ"
"အဲ့တာက မူတည်သေးတယ်"
"ဘာကို မူတည်တာလဲ"
"သူ့အတွက် အဲ့လူက ဘယ်လိုလူမျိုးလဲ ဘာအရေးပါတာလဲဆိုတာပေါ် မူတည်တာလေ"
Seulgi က ကြက်သားဖက်ကို ဝါးလိုက်တယ်။
"စားကောင်းလိုက်တာ"
Seulgi ဆက်ရှင်းပြတယ်။
"ငါလိုမျိုး ငါတို့ဆို ဆယ်ကျော်သက်ကတည်းက ခင်လာကြတာ။ အတူတူရင့်ကျက်လာကြတယ်။ သူ စိတ်ပါပါ မပါပါ ငါနဲ့အတူတူ ဘဝကိုဖြတ်သန်းခဲ့ရတယ်ပေါ့။ ဒါပေမယ့် နင်ကျတော့.. အင်း နင်က မတူတော့ဘူး Jen ရဲ့။ သူက နင့်ကို လက်ထပ်ရမယ်ဆိုလို့ ခံပြင်းနေသေးတာ။ သူရဲ့ လွတ်လပ်ပိုင်ခွင့်တွေ ရေစုန်မျောပြီလို့ ယူဆထားတာလေ။ အဲ့အပြင် နင်က ရှေ့နေဖြစ်နေသေးတယ်။ သူက ရှေ့နေတွေကို မုန်းတယ်ဟ"
"အင်း သူ ငါ့ကို ပြောပြပါတယ်"
"တွေ့လား"
Seulgi တက်ကြွသွားတယ်။
"Lisa က ပုံမှန်ဆို သူမုန်းတဲ့အရာတွေကို ထုတ်မပြောတက်ဘူး။ အခုမှသိတဲ့ ခင်တဲ့လူတွေကို ပိုတောင်မပြောပြတက်ဘူးလေ။ Jen နင်ကလည်း သူ့အတွက် သူစိမ်းတစ်ယောက်ပဲ။ ဒါပေမယ့် ဒီလိုတွေ ပြောပြကတည်းက သူရဲ့ပုံမှန်ပုံစံနဲ့ မတူတော့တာ"
"ဟုတ်ပြီလေ.."
Jennie အခုထိ မကျိန်သေးသေးပါ။
"ကဲ ငါတို့တွေ ဒီကိစ္စပြောနေတော့ ဆက်ပြောတော့မယ်"
ရုတ်တရက် Seulgi ရဲ့လေသံဟာ လေးနက်လာတယ်။
"Lisa က ငါ့ အချစ်ဆုံးသူငယ်ချင်းပါ Jen။ သူက... အမ် သူမှာ ပြဿနာလေးတွေရှိတယ်။ ငါတို့အားလုံးမှာလည်း ပြဿနာကိုယ်စီရှိကြတာပဲ မလား။ နင်က လူကောင်းတစ်ယောက်ဆိုပေမယ့် Lisa ထပ် နာကျင်မှာကို ငါ မမြင်ရက်ဘူး"
"ဟမ် နင် ဘာပြောချင်တာလဲ။ ဘာပြဿနာလဲ"
"ငါ နင့်ကို ပြောပြခွင့်ရှိတဲ့လူ မဟုတ်ဘူး"
Seulgi ခေါင်းခါပြလိုက်တယ်။
"အဓိကကတော့ တောင်းဆိုချင်တာက နင် သူနဲ့အဆင်မပြေနိုင်တော့ဘူးလို့ ခံစားရရင် သူကို စောစောစီးစီးကတည်းက ထားခဲ့လိုက်"
Seulgi ဟာ Jennie ကို စိုက်ကြည့်လိုက်တယ်။
"Seulgi-yah နင် ဘာတွေပြောနေတာလဲ"
Jennie က မမျှော်လင့်ထားတဲ့ သတိပေးစကားကြောင့် ကြောင်သွားရတယ်။
"မျှော်လင့်ချက်ပေးပြီးမှ သူကိုအရေးမပါတဲ့လူလိုမျိုး ပစ်ချထားမသွားနဲ့လို့"
Seulgi ရဲ့ မျက်နှာဘေးဟာ ချက်ချင်း ပြောင်းသွားတယ်။ မျက်နှာမှာ ဒေါသရိပ်တွေနဲ့ ပြည့်နှက်နေလေရဲ့။
"သူက လူကောင်းတစ်ယောက်ပါ Jen။ ငါပြောတာယုံ။ သူက ငါ့အချစ်ဆုံးသူငယ်ချင်း။ သူ နောက်တစ်ကြိမ် ခံစားရမှာကို မြင်ရတာထက် ငါ့ကိုယ်ငါပဲ ကားအတိုက်ခံလိုက်မယ်"
"ငါလည်း အဲ့လိုလုပ်ဖို့ စိတ်ကူးမရှိဘူး"
Jennie ဟာ Seulgi စကာရဲ့လေသံကို မကြိုက်တော့ဘူး။
"နင် လုပ်မယ်လို့ မပြောဘူး။ ဒီအတိုင်း ပြောပြပေးတာ"
Seulgi ရဲ့ မျက်နှာရိပ်က ပြန်နူးညံသွားပြန်တယ်။
"နင် ငါ့ကို သတိပေးနေတာလေ Seulgi ရဲ့။ မတူဘူး"
Jennie က ရှေ့နေ။ စကားကစားတာတွေ လေသံအပြောင်းအလဲတွေနဲ့ နေ့တိုင်းတွေ့ကြုံနေကြ။ တစ်ချို့စကားလုံးတွေက အဓိပ္ပါယ် နှစ်မျိုး ဒါမှမဟုတ် ဒါထက်ပို ထွက်နိုင်တယ်။ ဒါကို နားလည်နေတာက သူရဲ့ ကျွမ်းကျင်မှု။
"ငါ တောင်းပန်ပါတယ်။ ငါ အဲ့လိုဆိုလိုတာ မဟုတ်ပေမယ့် ဒီအတိုင်း သူကိုသာ ထိခိုက်အောင် မလုပ်နဲ့ပါ"
*****
တစ်နေရာကထွက်လာတဲ့ ကျယ်လောင်တဲ့ဖုန်းသံကြောင့် Lisa ဆက်အိပ်လို့ မရတော့ဘူး။ ဘယ်လိုအိပ်ပျော်သွားတာလဲ၊ ဘယ်လိုအိမ်ပြန်ရောက်လာတာလဲဆိုတာတောင် မမှတ်မိဘူး။ မနေ့ညကကိစ္စတော်တော်များများကိုလည်း မမှတ်မိတော့ဘူး။ မျက်လုံးဖွင့်ဖွင့်ချင်း အစာအိမ်ကနေ လည်ချောင်း အထိ တစ်ခုခုလှိမ့်လာတယ်။ Lisa ခဏအောင့်ထားဖို့ ကြိုးစားထားရပြီ။ မျက်လုံးစုံမှိတ်ရင်း ရေချိုးခန်းထဲ ရောက်အောင် မနည်းကြိုးစားသွားလိုက်ရတယ်။
ဒူးထောက်ထိုင်ချရင်း အစာအိမ်ထဲက စို့တက်လာတာ အရာအားလုံးကို အိမ်သာထဲကို အန်ချပစ်လိုက်တယ်။ ခေါင်းက ချာချာလည်။ မျက်စိကို ဆက်မှိတ်ထားရတယ်။ လွန်ခဲ့တဲ့ ၇နာရီအတွင်း အရည်တစ်မျိုးတည်းကိုသာ သောက်ထားတာဖြစ်လို့ အရည်တွေကိုပဲ ဆက်တိုက်အန်ချလိုက်ရတာ။ Lisa က လက်ဖမိုးနဲ့ ပါးစပ်ကို သုတ်လိုက်တယ်။ အန်တာ နှစ်မိနစ်လောက် ရပ်သွားပြီးတာနဲ့ နောက်တစ်ခါ ပြန်ပျို့တက်လာပြန်ရော။ ခန္ဓာကိုယ်တစ်ခုလုံးလည်း တစ်ဆတ်ဆတ်နဲ့တုန်ရီနေတော့တယ်။ တက်နိုင်သမျှ အသိစိတ်ကပ်ထားပြီး ရေချိုးကန်ကိုမှီထားရတယ်။ အခုချိန် စိတ်ထဲ ဆိုးဆိုးရွားရွားခံစားချက်ပါ ရနေလေရဲ့။
အခုအချိန်မှာ Lisa ဘာမှကို မတွေးနိုင်တော့ဘူး။ နောက်ဆုံးကျန်သေးတဲ့အင်အားနဲ့ ထပ်မအန်ချင်လာအောင် ထိန်းထားရတယ်။ ဒါက မဖြစ်သင့်ဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ကလွှဲရင် ဘယ်သူကိုမှအပြစ်တင်လို့ မရပြန်ဘူး။ သူဟာ ဘဝကို တစ်ကိုယ်တည်း အထီးကျန်ကျန်နဲ့ ဖြတ်သန်းဖို့ ကံကြမ္မာဖန်လာတယ်ဆိုတာ အစောကြီးကတည်းက သိခဲ့ဖို့ကောင်းတာ။ သူရဲ့အချစ်ဆုံးသူငယ်ချင်းက ဒီစကားမျိုးနဲ့ သူ့ကို မထိုးနှက်ခင်ကတည်းက နားလည်ထားသင့်တာ။ ခေါင်းထဲ ထိုးကိုက်လာတယ်။ ဒီလိုအတွေးမျိုး မတွေးမိဖို့ ရှောင်ရှားခဲ့တာ။ အခု ကိုက်ခဲနေတဲ့ သူ့ဦးနှောက်ဆီ ပြန်ရောက်လာပြီး သောက်ကျိုးနည်း နာကျင်လာရပြန်ပြီ။
ဘာပဲဖြစ်ဖြစ် Seulgi ပြောတာမှန်တယ်။ ဘယ်သူမှ သူအနားမှာ မနေချင်ကြဘူး။
မျက်ဝန်းထောင့်စွန်ကနေ မျက်ရည်မကျလာအောင် မနည်းထိန်းထားရတယ်။ သူ့ကိုယ်သူ အရမ်းသေးငယ်နေသလို ခံစားနေရပြီး ဒီရက်စက်လှတဲ့လောကကြီးကိုလည်း အရမ်းကြောက်လန့်လာပြီ။
အသုံးမကျလိုက်တာ...
Lisa အဲ့လိုတွေးမိလိုက်တယ်။
"Lisa"
ရင်းနှီးနေတဲ့အသံက သူ့နာမည်ကို စိုးရိမ်ပူပန်နေတဲ့လေသံနဲ့ ခေါ်လာလေရဲ့။
Lisa နောက်တစ်ကြိမ် ထပ်အန်မိတာနဲ့ ရင်ထဲကဝမ်းနည်းမှုတွေ လှိမ့်တက်လာတယ်။ ခံတွင်းကနေ ရနေတဲ့ မပြောတက်တဲ့ အရသာ။ အသစ်စက်စက် အနီရောင်အစက်အပြောက်ကို မြင်လိုက်ရတော့ လက်ဖဝါးနဲ့ သုတ်လိုက်တယ်။ မီးပဲ ပျက်သွားတာလား၊ ဒါမှမဟုတ် သူပဲ ထူးထူးဆန်းဆန်း ကန်းသွားတာလား မသိပေမယ့် အရာအားလုံးက ဗလာဖြစ်သွားပြီး မှောင်မိုက်သွားတယ်။ ဒါပေမယ့် သတိကို ဆက်ထိန်းထားပါတယ်။
*****
"ငေးမနေနဲ့ စောက်ရူးရဲ့"
"သူက နင် မရနိုင်ဘူးနော် Lisa"
"သူတို့လို မိန်းကလေးတွေက ငါတို့လို လူတွေနဲ့ မတွဲဘူး"
"ငါ သိပါတယ်"
"နင်ကို နင် နာကျင်အောင် မလုပ်မိခင် ရပ်လိုက်"
=====
"ဟေး"
"ဟိုင်း အမ် ငါ နင့်ကို ဘာများကူညီပေးရမလဲ"
"ဘာမှ မဟုတ်ပါဘူး။ ငါ ဒီမှာ ထိုင်ရင် စိတ်ရှိမလားလို့"
"မဟုတ်။ ဟုတ်။ မဟုတ်.. အာ ထိုင်လို့ရပါတယ်"
"နင့် အမြဲတမ်း စိတ်လှုပ်ရှားတက်တာလားး" နူးညံတဲ့ တစ်ခစ်ခစ်ရယ်သံလေးက အဲ့လှပတဲ့ နှုတ်ခမ်းကနေ ထွက်ကျလာတယ်။
"ငါ စိတ်လှုပ်ရှားနေတာမဟုတ်ဘူး"
"နင် ဘယ်တော့မှ မခေါ်တော့"
"ငါ အလုပ်ရှုပ်နေတာ"
"ငါကို ဘယ်လို စကားပြောရမလဲဆိုတာ note ထုတ်ရင်း အလုပ်ရှုပ်နေတာလား"
"ဘယ်သူနင်ကို ပြောပြတာလဲ"
"နင် ဝန်ခံတယ်ပေါ့"
"မခံဘူး" သူမ မျက်နှာပူပူနဲ့ပဲ ခေါင်းခါလိုက်သည်။
=======
"သောကြာနေ့ ဒါမှမဟုတ် စနေနေ့"
"အင်္ဂါနေ့ဆိုရင်ကော"
"ဘာလို့ ကြားရက်ကြီးလဲ"
"ငါ သူငယ်ချင်းတွေနဲ့ ဒီပိတ်ရက်မှာ ရေကန် သွားဖို့ သဘောတူထားလို့။ နင် လိုက်ချင်လား။ ပျော်ဖို့ကောင်းမှာ။ ငါတို့ စိတ်ခုမှာ မဟုတ်ဘူး သေချာတယ်"
"အမ် ငါနဲ့ သဘာဝတရားကြီးဆိုတာ တွဲလို့ကောင်းတာမဟုတ်ဘူး။ ငါ မလိုက်တာ ကောင်းမယ်ထင်တယ်။ အင်္ဂါနေ့ အဆင်ပြေတယ်လေ"
"အိုခေလေ"
--------------------------------------------------------------
Publish Date- 23.6.2021
Edit Date - 18.9.2022
-အပျင်းကြီးတဲ့ LeoN
============================
[Zawgyi]
Home (13)
Jihyo တစ္ေယာက္ ႏွလံုးခြဲစိတ္ဆရာဝန္ေလး Lisa က သူ႔ကို ျဖတ္တိုက္သြားၿပီး ဘာစကားတစ္ခြန္းမွလည္း မေျပာသြားတဲ့အခါ ေၾကာင္ေတာင္ေတာင္ျဖစ္သြားရတယ္။ သူက Lisa ကို Jungkook Oppa ဆီ သြားလည္မယ့္ကိစၥအေၾကာင္း ေမးခဲ့ေသးတာ။ သူတို႔ႏွစ္တိုင္း အတူတူသြားလည္ေနၾကဆိုေတာ့ေလ။ ဒါေပမယ့္ Lisa ရဲ့မ်က္ႏွာက စိတ္ခံစားခ်က္မဲ့ေနၿပီး မ်က္ႏွာေသႀကီးနဲ႔။ Lisa က ဒီကိစၥအေၾကာင္းေျပာရင္ စိတ္ထိခိုက္လြယ္တယ္။ ဒါေၾကာင့္ သူတို႔ေတြ အဲ့အေၾကာင္းေျပာရင္ အသိမ္ေမြ့ဆံုးအထာနဲ႔ ေျပာရတာ။ Lisa ရဲ့စိတ္အေျခအေနကိုၾကၫ့္ၿပီး ေမးသင့္တယ္ဆိုမွေမး။ ၿပီးရင္ Lisa ရဲ့ျပန္စကားကို ေစာင့္ၾကရတာေပါ့။ Jihyo အဲ့လိုနည္းလမ္းမ်ိဳး သံုးတယ္။
ေမးၿပီးသၫ့္အခါတိုင္းမွာလည္း Lisa က အံ့ႀကိတ္ထားၿပီးမွ သက္ျပင္းကို ခ်ၿပီး 'ေကာင္းၿပီေလ' ဆိုတဲ့ ခပ္တိုးတိုးအေျဖရလာတက္တယ္။ ဒါေပမယ့္ ဒီအႀကိမ္ေမးေတာ့ Lisa က Jihyo ေျပာတာေတြကို နားေထာင္ေနပံုေတာင္ မရဘူး။
"ေဟး ကံေကာင္းတာပဲ နင္တို႔ေတြ ရိွေနတယ္"
Jihyo က သူမ သူငယ္ခ်င္းေတြကို ႏႈတ္ဆက္လိုက္တယ္။ သူ ဗိုက္ဆာေနတာဆိုေတာ့ ခြဲစိတ္ဌာနက နားေနခန္းမွာ စားစရာမ်ားရိွမလား လာၾကၫ့္တာ။ တျခား ဘာစကားမွ ထပ္မေျပာဘဲ ေရခဲေသတၲာဆီတန္းသြားၿပီးေတာ့ ေမႊေနွာက္ရွာေတာ့တယ္။
"ငါ ခုနေလးတင္ Lisa ကို ေတြ့လိုက္ေသးတယ္။ မနက္ျဖန္ Jungkook Oppa ဆီသြားလည္ရင္ အဆင္ေျပမလားလို႔ ေမးၾကၫ့္တာ။ သူၾကၫ့္ရတာ သရဲလိုႀကီး။ သိတယ္မလား စိတ္ခံစားခ်က္မရိွ အေသေကာင္လို ေလးေလးပင္ပင္ႀကီး လမ္းေလ်ွာက္ေနတာမ်ိဳးေလ"
Jihyo လည္း ေျပာရင္းဆိုရင္း ပလက္စတစ္ဘူးကို ဖြင့္ၾကၫ့္ေတာ့ ၾကက္ေၾကာ္ေတြ့တာနဲ႔ ပါးစပ္ထဲထၫ့္ ဝါးလိုက္တယ္။
"အဲ့အခ်ိန္ျဖစ္ၿပီးကတည္းက သူ ဒီလိုျဖစ္ေနတာကို မျမင္ဖူး...."
Seulgi နဲ႔ Jisoo ရဲ့မ်က္ႏွာမွာလည္း အဲ့လိုပံုစံျမင္လိုက္ရေတာ့ Jihyo စကားစရပ္သြားတယ္။
"ဘုရာေရ နင္တို႔ေတြ ဘာလုပ္လိုက္ျပန္ၿပီလဲ"
"ငါ.. ငါ သူကို သြားရွာရမယ္။ ငါ့အမွားေတြခ်ည္းပဲ"
Seulgi က ထိုင္ေနရာကေန အကုန္းအရုန္းထတယ္။
"ေနဦး Seul မလုပ္နဲ႔ဦး"
Jisoo က ဝင္တားတယ္။
"တကယ္လို႔ သူကိုယ္သူ တစ္ခုခုလုပ္ပစ္ရင္ ငါကိုယ္ငါ ဘယ္ေတာ့မွ ခြင့္လႊတ္ႏိုင္မွာ မဟုတ္ဘူး"
Jihyo က ဘာေတျြဖစ္ခဲ့မွန္း မသိေသးဘူး။ ဒါေပမယ့္ ျပႆနာတစ္ခုခု ဆိုးဆိုးရြားရြားတက္သြားတာကိုေတာ့ သူခန႔္မွန္းလို႔ရတယ္။
"နင္ကို သူ အခုျမင္လိုက္ရင္လည္း အဆင္ေျပမွာမဟုတ္ဘူးေနာ္ Seul ။ နင္ဘာေျပာေျပာ Lisa နားေထာင္မွာ မဟုတ္ဘူး။ သူကို အရင္စိတ္ေအးေအာင္ လႊတ္ထားလိုက္ၿပီးမွ ေနာက္အခြင့္အေရးရရင္ ေျပာၾကည့္ၾကတာေပါ့ ဟုတ္ၿပီလား"
Jihyo ေျပာလိုက္တယ္။
"ငါ့အမွားေတြပါ။ သူ အဆင္ေျပသြားေအာင္ လုပ္ေပးရမွာ ငါ့တာဝန္ကို"
"သူ႔အမွား ငါ့အမွား လုပ္မေနနဲ႔ေတာ့။ ငါတို႔အားလံုး အမွားပဲ။ Lisa လည္း အရြယ္ေရာက္ေနၿပီ။ တစ္ခုခုရူးမိုက္တာလုပ္ရင္ အက်ိဳးဘာရမလဲဆိုတာ သူ လံုးဝ နားလည္ေနတဲ့အရြယ္"
ေမ့ေဆးဆရာဝန္ Jihyo က ရွင္းျပဖို႔ႀကိဳးစားလိုက္တယ္။
"အခုေတာ့ လြတ္ေပးထားလိုက္ဦး။ ငါတို႔ ေနာက္မွ စကားေျပာၾကၫ့္မယ္"
*****
ဆိုဖာေပၚက မိန္းကေလးက အိမ္ေရ႔ွတံခါးဖြင့္သံၾကားေတာ့ တီဗီအသံတိုးလိုက္တယ္။ Jennie ဟာ သူ တစ္ပတ္လံုးလွည့္ပတ္ေရွာင္ေနတဲ့လူသားေလး သူ႔ေရ႔ွေရာက္လာၿပီး ႏႈတ္ဆက္လာေတာ့မယ့္အခ်ိန္ကို ေစာင့္ရင္း အသက္ေအာင့္ထားမိတယ္။ Lisa မေန့ညက အိမ္ျပန္မလာဘူး။ On call ဂ်ူတီရိွလို႔ ျဖစ္မွာပါလို႔ Jennie ေတြးထားလိုက္တယ္။
တံခါးပိတ္သံၾကားလိုက္ရျပန္တယ္။ Jennie အဆုတ္ထဲကေလကို ရႉထုတ္လိုက္မိတယ္။ သူစိတ္လႈပ္ရွားေနမိတာ အေၾကာင္းျပခ်က္လည္း ေရေရရာရာမရိွဘူး။ အခုအေျခအေနက သူတို႔ႏွစ္ေယာက္ရဲ့ဆက္ဆံေရးကို အစျပန္ေရာက္သြားႏိုင္ေလမလား။ သူတို႔ၾကား ေနရထိုင္ရခက္တဲ့အေျခအေနမ်ိဳးကိုေတာ့ ျပန္မေရာက္ခ်င္ဘူး။ သည္းမခံႏိုင္စရာႀကီး။ ဒါမဟုတ္ သူတို႔ေတြ ခါတိုင္းပံုစံလို ျပန္ျဖစ္ေနမလား။ Lisa က ဒီလိုမတင္မက်အေျခအေနေတြကို လ်စ္လ်ူရႈတဲ့ေနရာမွာ ေတာ္တယ္ေလ။
"Lisa"
တစ္ခုခုျပဳတ္က်တဲ့အသံ ၾကားလိုက္လို႔ Jennie လွမ္း အသံေပးလိုက္တယ္။
မတံု႔ျပန္လာဘူး။
"Lisa-ah"
Jennie ဆိုဖာေပၚကေန ခ်က္ခ်င္းထၿပီး အိမ္ေရ႔ွတံခါးဝဆီ ေျပးသြားလိုက္တယ္။ Lisa တစ္ေယာက္ ၾကမ္းျပင္ေပၚမွာ လဲက်ေနတာ ျမင္လိုက္ရေတာ့ Jennie လန႔္သြားတယ္။
"Lisa-ah နင္ အဆင္ေျပရဲ့လား"
Lisa ရဲ့ကိုယ္ကို ဆြဲထူလိုက္ေတာ့ အယ္ကိုေဟာအနံျပင္းျပင္းရတယ္။
"နင္ မူးလာတာလား"
Jennie ေပါင္ေပၚက Lisa ကေတာ့ ေခါင္းေတာင္ မထူႏိုင္ဘူး။
"ဟုတ္ဘူး။ နည္းနည္းေလး ရီေဝေဝျဖစ္ေနတာ"
Lisa တခစ္ခစ္ရယ္ေနတယ္။
"လာဟာ။ မတ္တပ္ရပ္။ သန႔္ရွင္းေရးလုပ္ရမယ္" Jennie မွာ Lisa ရဲ့ကိုယ္လံုးေလးကို မနည္းမလိုက္ရတယ္။ Lisa က နည္းနည္းေလးေတာင္ မလႈပ္ရွားဘူးေလ။ Jennie မွာ ရိွသမ်ွအားနဲ႔ Lisa ကို အိပ္ခန္းထဲေခၚသြားရတယ္။
အခုေတာ့ Lisa မေန့ညက ဘယ္ေရာက္ေနလဲ၊ ၿပီးေတာ့ ဒီေလာက္ဆိုးဆိုးရြားရြား မူးလာရတဲ့ အေၾကာင္းရင္းကဘာလဲ ဆိုတာ Jennie မသိေတာ့ဘူး။ Jennie ေျပာင္းလာကတည္းက Lisa ဝိုင္ကိုပဲ ေသာက္တာျမင္ဖူးတယ္။ ၿပီးေတာ့ မူးတာလည္း မျမင္ဖူးဘူး။
ေရ႔ွေနမေလး Jennie ဟာ Lisa ကို အိပ္ရာေပၚ ျဖည္းျဖည္းခ်င္းခ်လိုက္တယ္။ ဆရာဝန္ေလး Lisa ကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၿပီ။ မ်က္ႏွာေလးက လံုးဝအျပစ္ကင္းစင္ေနတယ္။ ရင္ဘက္ကလည္း ပံုမွန္ေလး ျမင့္လိုက္ နိမ့္လိုက္နဲ႔။ Jennie မွာ သတိႀကီးႀကီးထားၿပီး Lisa စီးထားတဲ့ ဖိနပ္နဲ႔ေျခအိတ္ကို ခြၽတ္လိုက္ရတယ္။
Lisa ရဲ့အနံ႔က သူကို အာရံုလာေနာက္ေနတာပဲ။ Jennie မွာ Lisa ရဲ့အဝတ္အစားေတြကို မခြၽတ္ခ်င္ေပမယ့္ ဒီလိုပံုစံမ်ိဳးနဲ႔ Lisa ကို မအိပ္ေစခ်င္ဘူး။ ဘာပဲျဖစ္ျဖစ္ေလ သူက Lisa ကို အခြင့္ေရးယူမွာ ဘာညာ တစ္ခုခုလုပ္မွာမ်ိဳးမွ မဟုတ္တာ။ ၿပီးေတာ့ Lisa အတိုဝတ္တာကိုလည္း သူ ခဏခဏ ျမင္ဖူးၿပီးသား။ ဆိုေတာ့ အဆင္ေျပမယ္ ထင္တာပဲ။
Lisa ရဲ့အဝတ္အစား တစ္လႊာၿပီးတစ္လႊာ ခြၽတ္လိုက္တာနဲ႔ အခန္းတြင္းအပူခ်ိန္က ပိုပိုျမင့္လာသလိုပဲ။ Lisa ကို အဝတ္ခြၽတ္ေပးရင္းနဲ႔ Jennie မွာ မ်က္ႏွာပိုပူလာသလို ခံစားရတယ္။ Lisa ရဲ့ခႏၶာကိုယ္ကို ဒီေလာက္နီးနီးကပ္ကပ္ႀကီးမွ မျမင္ဖူးဘူး။ Lisa ရဲ့အသားအေရက မယံုႏိုင္ေလာက္ေအာင္ ျဖဴေဖြး၊ ေခ်ာေမြ့ေနတယ္။ လည္တိုင္သြယ္သြယ္ေလး။ ဝမ္းဗိုက္သားေဖြးေဖြးခ်ပ္ခ်ပ္ေလးေတြ ထိခ်င္လာေအာင္ Jennie ရဲ့စိတ္ကို ဆြေပးေနသလိုပဲ။
"နင္ ရူးေနလား Jennie"
Jennie ေခါင္းကို ခပ္ျပင္းျပင္းခါလိုက္တယ္။
"အာရံုစိုက္ထားစမ္း"
Lisa ရဲ့အဝတ္အစားကို သက္ေတာင့္သက္သာရိွတဲ့ ညဝတ္အက်ႌနဲ႔ ေျပာင္းဝတ္ၿပီးတဲ့အခါ Jennie ရဲ့ မ်က္ႏွာက လံုးဝရဲတြတ္ေနၿပီ။ Lisa ကို ေစာင္ထူထူေလးၿခံဳေပးၿပီးေတာ့ ညစ္ပတ္ေနတဲ့ အဝတ္ေတြကို စုၿပီး ျခင္းေတာင္းထဲ ထၫ့္လိုက္တယ္။ မီးအိမ္ပိတ္ဖို႔ ျပင္လိုက္တဲ့အခါ Lisa ကေယာင္ကတမ္းရြတ္ေနတာကို ၾကားလိုက္တယ္။
"ႀကိဳးစားခဲ့တယ္ Nini ရဲ့ ေပ်ာ္တာေတြ လုပ္တယ္"
Lisa ခပ္တိုးတိုးေရရြတ္ေနတယ္။
"အလုပ္မျဖစ္ဘူး။ ဆိုးဆိုးရြားရြားကို နာက်င္ရတယ္။ ေတာင္းပန္ပါတယ္။ စိတ္မဆိုးပါနဲ႔"
Lisa ကမ်က္ေမွာင္ႀကီးၾကဳတ္ၿပီး ကေယာင္ကတမ္းေျပာေနေလရဲ့။
Jennie မွာ ဘယ္လိုခံစားရမလဲ ဒါမွမဟုတ္ ဘယ္လိုေတြးရမလဲဆိုတာေတာင္ မသိေတာ့ဘူး။ ေပ်ာ္စရာေတြ။ နာက်င္တယ္။ ဘာက နာက်င္ရတာလဲ။ Lisa ဘာလို႔ သူကို ေတာင္းပန္ေနရတာလဲ။
တျဖည္းျဖည္းနဲ႔ Seulgi ေျပာခဲ့တာေတြကို သေဘာေပါက္လာတယ္။ Lisa က ေတာင္းပန္ပါတယ္ဆိုတဲ့စကားကို ပလံုးပေထြးေလသံနဲ႔ ဆက္တိုက္ေျပာေနေတာ့ Jennie ရဲ့ရင္ထဲ နင့္ခနဲပဲ။
Jennie ဟာ Lisa ရဲ့အိပ္ရာေဘးသြားရပ္၊ ဒူးေထာက္ထိုင္ခ်လိုက္ၿပီးေတာ့ Lisa ရဲ့ႏွဖူးေလးကို ဖြဖြေလး ပြတ္သပ္ေပးလိုက္တယ္။
"အိပ္လိုက္ေနာ္ Lisa ။ ငါဒီမွာရိွတယ္။ အားလံုးအဆင္ေျပသြားမွာ"
ၫွင္ၫွင္သာသာေလသံေလးနဲ႔ ေျပာျပလိုက္တယ္။
ခဏၾကာေတာ့ Lisa ရဲ့ေဟာက္သံ တိုးတိုးေလး ထြက္လာေတာ့တယ္။
Jennie က အခန္းမီးကို ပိတ္လိုက္ၿပီး မီးအိမ္ကိုေတာ့ ဖြင့္ထားေပးလိုက္တယ္။ လိုလိုမယ္မယ္ Lisa ရဲ့တံခါးဟထားခဲ့တယ္။ Jennie ဆိုဖာေပၚ ေနရာယူၿပီးတာနဲ႔ အေတြးေတြဟာ လြန္ခဲ့တဲ့ႏွစ္ရက္က Seulgi နဲ႔ေန့လည္စာ စားခဲ့တာကို ျပန္ေတြးေတာမိသြားေလရဲ့။
*****
လြန္ခဲ့တဲ့ ႏွစ္ရက္က
တံခါးေပၚက ေခါင္းေလာင္းေလး ျမည္သြားတာက စားေသာက္ဆိုင္ထဲက တစ္ေယာက္ေယာက္ဝင္လာတယ္ဆိုတဲ့ အခ်က္ေပးသံျဖစ္ၿပီး Jennie ကေတာ့ ဖုန္းမက္ေစ့ေတြကို ဟိုးေအာက္အထိ ဆြဲခ်ဖတ္ေနရင္း အေတြးလြန္ေနရဲ့။ Lisa က သူဆီ အရင္က ပို႔ထားတဲ့ ခပ္ေၾကာင္ေၾကာင္စာေတြကို ဖတ္မိေတာ့ Jennie ၿပံဳးမိသြားတယ္။ ဒီလို အရင္က ဖုန္းမက္ေစ့ စကားေျပာတာေတြကို ျပန္ၾကၫ့္တာက ဘာမွမဆိုင္၊ ရယ္စရာေကာင္းေနမွန္းလည္း Jennie လည္း သိတယ္။ အခုလို တစ္ေယာက္နဲ႔တစ္ေယာက္ မေခၚႏိုင္မေျပာႏိုင္ ျဖစ္ေနတဲ့အခ်ိန္မွာ ပို ရယ္ရတာေပါ့။
မတက္ႏိုင္ဘူးေလ။ သူ အထီးက်န္ေနတာ။
"ေဟး"
Seulgi က ခံုကို ဆြဲထုတ္လိုက္ၿပီး ဝင္ထိုင္လိုက္တယ္။
"တျခားသူေတြေရာ ဘယ္မွာလဲ"
"သူတို႔မလာႏိုင္ေတာ့ဘူး။ Chaeyoung က အေရးေပၚအစည္းေဝးမို႔လို႔ ျပန္သြားရတယ္။ Irene က်ေတာ့ တရားရံုးကေန ဖုန္းဆက္လာလို႔။ ဒါေၾကာင့္ နင္နဲ႔ ငါပဲ က်န္ေတာ့တာ။ နင္ အဆင္ေျပတယ္မလား"
"ဘာလို႔ မေျပရမွာလဲ။ ငါတို႔ႏွစ္ေယာက္လည္း အဆင္ေျပတာပဲ"
Seulgi ဟာ စိတ္ပ်က္ေနတာကို ဖံုးကြယ္လိုက္ရင္း ၿပံဳးျပလိုက္ရတယ္။
သူမတို႔ စားစရာမွာလိုက္ၾကတယ္။
"ဒါနဲ႔ နင့္အနံ႔က ေမႊးေနတာပဲ။ ေရေမႊးေကာင္းပဲေနာ္" Jennie က ႏႈတ္ခမ္းတစ္ဖက္ေကာ့တက္ကာ ၿပံဳးလိုက္တယ္။ ခ်ီးက်ူးစကားေၾကာင့္ Seulgi ကေတာ့ ရွက္ေသြးျဖာသြားေလရဲ့။
"တကယ္လား"
"အင္း တကယ္"
သူတို႔ေတြ ေရာက္တက္ရာရာေတြ ထူးထူးဆန္းဆန္းေတြကို ေျပာၾကတယ္။ Seulgi က ဟာသဉာဏ္ရႊင္တဲ့သူမ်ိဳး။ မိန္းကေလးႏွစ္ေယာက္လံုးအတြက္ ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္ရႊင္စရာျဖစ္ေနတယ္။ Seulgi ရဲ့ခပ္ေပါေပါအျပဳအမူေၾကာင့္ Jennie အမ်ားႀကီး ရယ္ခဲ့ရေသးတယ္။
သူတို႔စားစရာေရာက္လာေတာ့ ခ်က္ခ်င္း စားေသာက္ၾကတယ္။ Jennie က ဒီစားေသာက္ဆိုင္ကို ေရြးတာ။ အာရွစားေသာက္ဆိုင္ျဖစ္ၿပီး အာရွတိုက္တစ္ခြင္လံုးမွာရိွတဲ့ စားစရာမွန္သမ်ွ ရႏိုင္တယ္။ Seulgi ကေတာ့ ဒီစားေသာက္ဆိုင္ကို အရင္က မသိခဲ့ဘူး။
"Jennie နင္ အရမ္းေတာ္တယ္"
Seulgi က Jennie ရဲ့ေရြးခ်ယ္မႈကို ခ်ီးက်ူးလိုက္တယ္။
"ဟုတ္တယ္မလား"
Jennie ကေတာ့ တစ္ခစ္ခစ္ရယ္ေနေလရဲ့။
"Lisa နင့္ကိုသေဘာက်တာ ဒါေၾကာင့္ကို"
Jennie မွာ သီးေတာင္သီးသြားရတယ္။
"နင္ ဘာ.. ဘာေျပာလိုက္တယ္"
"Lisa နင့္ကို ႀကိဳက္တယ္ေလ။ နင္ဘာလို႔ ဒီေလာက္အံ့ဩျပေနတာလဲ။ လူတိုင္းက နင့္ကို သေဘာက်ၾကမွာ ေသခ်ာတယ္ Jen ရဲ့။ သူက အဲ့အထဲမွာမွ ကံအေကာင္းဆံုးလူသား ျဖစ္ေနတာ"
"အာ... သူ နင့္ကို ေျပာျပတာလား။ အတိအက်ေလ.. စကားတစ္လံုးခ်င္းစီ အတိအက် ?"
Jennie က အဝတ္စနဲ႔ ႏႈတ္ခမ္းနားကို သုတ္လိုက္ၿပီး စိတ္ၿငိမ္ၿငိမ္ထားလိုက္တယ္။
"မေျပာျပဘူးေလ"
Seulgi က ေခါင္းခါျပသည္။
"သူ နင့္ကို ႀကိဳက္တယ္ဆိုတာ ငါ့ကို အတိအက်ႀကီးေျပာျပစရာမလိုပါဘူးဟယ္။ သူရယ္ Jisooရယ္ Jihyoရယ္ ငါရယ္က သူငယ္ခ်င္းေတျြဖစ္လာတာ ႏွစ္ေတြခ်ိဳ႕ေနၿပီ Jennie ရဲ့။ သူတို႔ရဲ့ အေကာင္းဆံုး အဆိုးဆံုးေတြကို ငါအားလံုးသိတယ္။ ၿပီးေတာ့ Lisa စိတ္ကိုဖတ္ရတာ အဲ့ေလာက္လည္းမခက္ဘူး"
"တကယ္လား"
"ဒါေပမယ့္ သူကို ခ်ည္းကပ္ရတာ.. သူရဲ့ ယံုၾကည္မႈရေအာင္လုပ္ရတာ အရမ္းကို ခက္တယ္။ ရွည္လ်ား၊ ေထျြပား၊ ၾကမ္းတမ္းတဲ့လမ္းကို ေလ်ွာက္ေနရသလိုပဲ။ နင့္ကို ရင္းႏွီးခြင့္ေပးလာရင္ နင္ ရင္ႏွီးသြားၿပီ။ ဒါေပမယ့္ မဟုတ္ရင္ေတာ့ နင့္ဘက္က ဘယ္ေလာက္ပဲ လႈပ္ရွားလႈပ္ရွား နင့္အတြက္ တံခါးဖြင့္ေပးမွာ မဟုတ္ဘူး"
Seulgi က ၾကက္သားကို အပိုင္းပိုင္းျဖတ္ေနရင္း ရွင္းျပသည္။
"ဘယ္လိုမ်ိဳး"
Jennie က လည္ေခ်ာင္းရွင္းေအာင္ အသံတစ္ခ်က္ဟန႔္လိုက္ၿပီးမွာ ဆက္ေမးလိုက္တယ္။
"သူ ရင္းႏွီးခြင့္ ေပး၊ မေပးဆိုတာ ဘယ္လိုမ်ိဳး သိမွာလဲ"
"အဲ့တာက မူတည္ေသးတယ္"
"ဘာကို မူတည္တာလဲ"
"သူ႔အတြက္ အဲ့လူက ဘယ္လိုလူမ်ိဳးလဲ ဘာအေရးပါတာလဲဆိုတာေပၚ မူတည္တာေလ"
Seulgi က ၾကက္သားဖက္ကို ဝါးလိုက္တယ္။
"စားေကာင္းလိုက္တာ"
Seulgi ဆက္ရွင္းျပတယ္။
"ငါလိုမ်ိဳး ငါတို႔ဆို ဆယ္ေက်ာ္သက္ကတည္းက ခင္လာၾကတာ။ အတူတူရင့္က်က္လာၾကတယ္။ သူ စိတ္ပါပါ မပါပါ ငါနဲ႔အတူတူ ဘဝကိုျဖတ္သန္းခဲ့ရတယ္ေပါ့။ ဒါေပမယ့္ နင္က်ေတာ့.. အင္း နင္က မတူေတာ့ဘူး Jen ရဲ့။ သူက နင့္ကို လက္ထပ္ရမယ္ဆိုလို႔ ခံျပင္းေနေသးတာ။ သူရဲ့ လြတ္လပ္ပိုင္ခြင့္ေတြ ေရစုန္ေမ်ာၿပီလို႔ ယူဆထားတာေလ။ အဲ့အျပင္ နင္က ေရ႔ွေနျဖစ္ေနေသးတယ္။ သူက ေရ႔ွေနေတြကို မုန္းတယ္ဟ"
"အင္း သူ ငါ့ကို ေျပာျပပါတယ္"
"ေတြ့လား"
Seulgi တက္ႂကြသြားတယ္။
"Lisa က ပံုမွန္ဆို သူမုန္းတဲ့အရာေတြကို ထုတ္မေျပာတက္ဘူး။ အခုမွသိတဲ့ ခင္တဲ့လူေတြကို ပိုေတာင္မေျပာျပတက္ဘူးေလ။ Jen နင္ကလည္း သူ႔အတြက္ သူစိမ္းတစ္ေယာက္ပဲ။ ဒါေပမယ့္ ဒီလိုေတြ ေျပာျပကတည္းက သူရဲ့ပံုမွန္ပံုစံနဲ႔ မတူေတာ့တာ"
"ဟုတ္ၿပီေလ.."
Jennie အခုထိ မက်ိန္ေသးေသးပါ။
"ကဲ ငါတို႔ေတြ ဒီကိစၥေျပာေနေတာ့ ဆက္ေျပာေတာ့မယ္"
ရုတ္တရက္ Seulgi ရဲ့ေလသံဟာ ေလးနက္လာတယ္။
"Lisa က ငါ့ အခ်စ္ဆံုးသူငယ္ခ်င္းပါ Jen။ သူက... အမ္ သူမွာ ျပႆနာေလးေတြရိွတယ္။ ငါတို႔အားလံုးမွာလည္း ျပႆနာကိုယ္စီရိွၾကတာပဲ မလား။ နင္က လူေကာင္းတစ္ေယာက္ဆိုေပမယ့္ Lisa ထပ္ နာက်င္မွာကို ငါ မျမင္ရက္ဘူး"
"ဟမ္ နင္ ဘာေျပာခ်င္တာလဲ။ ဘာျပႆနာလဲ"
"ငါ နင့္ကို ေျပာျပခြင့္ရိွတဲ့လူ မဟုတ္ဘူး"
Seulgi ေခါင္းခါျပလိုက္တယ္။
"အဓိကကေတာ့ ေတာင္းဆိုခ်င္တာက နင္ သူနဲ႔အဆင္မေျပႏိုင္ေတာ့ဘူးလို႔ ခံစားရရင္ သူကို ေစာေစာစီးစီးကတည္းက ထားခဲ့လိုက္"
Seulgi ဟာ Jennie ကို စိုက္ၾကၫ့္လိုက္တယ္။
"Seulgi-yah နင္ ဘာေတြေျပာေနတာလဲ"
Jennie က မေမ်ွာ္လင့္ထားတဲ့ သတိေပးစကားေၾကာင့္ ေၾကာင္သြားရတယ္။
"ေမ်ွာ္လင့္ခ်က္ေပးၿပီးမွ သူကိုအေရးမပါတဲ့လူလိုမ်ိဳး ပစ္ခ်ထားမသြားနဲ႔လို႔"
Seulgi ရဲ့ မ်က္ႏွာေဘးဟာ ခ်က္ခ်င္း ေျပာင္းသြားတယ္။ မ်က္ႏွာမွာ ေဒါသရိပ္ေတြနဲ႔ ျပၫ့္ႏွက္ေနေလရဲ့။
"သူက လူေကာင္းတစ္ေယာက္ပါ Jen။ ငါေျပာတာယံု။ သူက ငါ့အခ်စ္ဆံုးသူငယ္ခ်င္း။ သူ ေနာက္တစ္ႀကိမ္ ခံစားရမွာကို ျမင္ရတာထက္ ငါ့ကိုယ္ငါပဲ ကားအတိုက္ခံလိုက္မယ္"
"ငါလည္း အဲ့လိုလုပ္ဖို႔ စိတ္ကူးမရိွဘူး"
Jennie ဟာ Seulgi စကာရဲ့ေလသံကို မႀကိဳက္ေတာ့ဘူး။
"နင္ လုပ္မယ္လို႔ မေျပာဘူး။ ဒီအတိုင္း ေျပာျပေပးတာ"
Seulgi ရဲ့ မ်က္ႏွာရိပ္က ျပန္ႏူးညံသြားျပန္တယ္။
"နင္ ငါ့ကို သတိေပးေနတာေလ Seulgi ရဲ့။ မတူဘူး"
Jennie က ေရ႔ွေန။ စကားကစားတာေတြ ေလသံအေျပာင္းအလဲေတြနဲ႔ ေန့တိုင္းေတြ့ႀကံဳေနၾက။ တစ္ခ်ိဳ႕စကားလံုးေတြက အဓိပၸါယ္ ႏွစ္မ်ိဳး ဒါမွမဟုတ္ ဒါထက္ပို ထြက္ႏိုင္တယ္။ ဒါကို နားလည္ေနတာက သူရဲ့ ကြၽမ္းက်င္မႈ။
"ငါ ေတာင္းပန္ပါတယ္။ ငါ အဲ့လိုဆိုလိုတာ မဟုတ္ေပမယ့္ ဒီအတိုင္း သူကိုသာ ထိခိုက္ေအာင္ မလုပ္နဲ႔ပါ"
*****
တစ္ေနရာကထြက္လာတဲ့ က်ယ္ေလာင္တဲ့ဖုန္းသံေၾကာင့္ Lisa ဆက္အိပ္လို႔ မရေတာ့ဘူး။ ဘယ္လိုအိပ္ေပ်ာ္သြားတာလဲ၊ ဘယ္လိုအိမ္ျပန္ေရာက္လာတာလဲဆိုတာေတာင္ မမွတ္မိဘူး။ မေန့ညကကိစၥေတာ္ေတာ္မ်ားမ်ားကိုလည္း မမွတ္မိေတာ့ဘူး။ မ်က္လံုးဖြင့္ဖြင့္ခ်င္း အစာအိမ္ကေန လည္ေခ်ာင္း အထိ တစ္ခုခုလိွမ့္လာတယ္။ Lisa ခဏေအာင့္ထားဖို႔ ႀကိဳးစားထားရၿပီ။ မ်က္လံုးစံုမိွတ္ရင္း ေရခ်ိဳးခန္းထဲ ေရာက္ေအာင္ မနည္းႀကိဳးစားသြားလိုက္ရတယ္။
ဒူးေထာက္ထိုင္ခ်ရင္း အစာအိမ္ထဲက စို႔တက္လာတာ အရာအားလံုးကို အိမ္သာထဲကို အန္ခ်ပစ္လိုက္တယ္။ ေခါင္းက ခ်ာခ်ာလည္။ မ်က္စိကို ဆက္မိွတ္ထားရတယ္။ လြန္ခဲ့တဲ့ ၇နာရီအတြင္း အရည္တစ္မ်ိဳးတည္းကိုသာ ေသာက္ထားတာျဖစ္လို႔ အရည္ေတြကိုပဲ ဆက္တိုက္အန္ခ်လိုက္ရတာ။ Lisa က လက္ဖမိုးနဲ႔ ပါးစပ္ကို သုတ္လိုက္တယ္။ အန္တာ ႏွစ္မိနစ္ေလာက္ ရပ္သြားၿပီးတာနဲ႔ ေနာက္တစ္ခါ ျပန္ပ်ိဳ႕တက္လာျပန္ေရာ။ ခႏၶာကိုယ္တစ္ခုလံုးလည္း တစ္ဆတ္ဆတ္နဲ႔တုန္ရီေနေတာ့တယ္။ တက္ႏိုင္သမ်ွ အသိစိတ္ကပ္ထားၿပီး ေရခ်ိဳးကန္ကိုမွီထားရတယ္။ အခုခ်ိန္ စိတ္ထဲ ဆိုးဆိုးရြားရြားခံစားခ်က္ပါ ရေနေလရဲ့။
အခုအခ်ိန္မွာ Lisa ဘာမွကို မေတြးႏိုင္ေတာ့ဘူး။ ေနာက္ဆံုးက်န္ေသးတဲ့အင္အားနဲ႔ ထပ္မအန္ခ်င္လာေအာင္ ထိန္းထားရတယ္။ ဒါက မျဖစ္သင့္ဘူး။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ကလႊဲရင္ ဘယ္သူကိုမွအျပစ္တင္လို႔ မရျပန္ဘူး။ သူဟာ ဘဝကို တစ္ကိုယ္တည္း အထီးက်န္က်န္နဲ႔ ျဖတ္သန္းဖို႔ ကံၾကမၼာဖန္လာတယ္ဆိုတာ အေစာႀကီးကတည္းက သိခဲ့ဖို႔ေကာင္းတာ။ သူရဲ့အခ်စ္ဆံုးသူငယ္ခ်င္းက ဒီစကားမ်ိဳးနဲ႔ သူ႔ကို မထိုးႏွက္ခင္ကတည္းက နားလည္ထားသင့္တာ။ ေခါင္းထဲ ထိုးကိုက္လာတယ္။ ဒီလိုအေတြးမ်ိဳး မေတြးမိဖို႔ ေရွာင္ရွားခဲ့တာ။ အခု ကိုက္ခဲေနတဲ့ သူ႔ဦးေနွာက္ဆီ ျပန္ေရာက္လာၿပီး ေသာက္က်ိဳးနည္း နာက်င္လာရျပန္ၿပီ။
ဘာပဲျဖစ္ျဖစ္ Seulgi ေျပာတာမွန္တယ္။ ဘယ္သူမွ သူအနားမွာ မေနခ်င္ၾကဘူး။
မ်က္ဝန္းေထာင့္စြန္ကေန မ်က္ရည္မက်လာေအာင္ မနည္းထိန္းထားရတယ္။ သူ႔ကိုယ္သူ အရမ္းေသးငယ္ေနသလို ခံစားေနရၿပီး ဒီရက္စက္လွတဲ့ေလာကႀကီးကိုလည္း အရမ္းေၾကာက္လန႔္လာၿပီ။
အသံုးမက်လိုက္တာ...
Lisa အဲ့လိုေတြးမိလိုက္တယ္။
"Lisa"
ရင္းႏွီးေနတဲ့အသံက သူ႔နာမည္ကို စိုးရိမ္ပူပန္ေနတဲ့ေလသံနဲ႔ ေခၚလာေလရဲ့။
Lisa ေနာက္တစ္ႀကိမ္ ထပ္အန္မိတာနဲ႔ ရင္ထဲကဝမ္းနည္းမႈေတြ လိွမ့္တက္လာတယ္။ ခံတြင္းကေန ရေနတဲ့ မေျပာတက္တဲ့ အရသာ။ အသစ္စက္စက္ အနီေရာင္အစက္အေျပာက္ကို ျမင္လိုက္ရေတာ့ လက္ဖဝါးနဲ႔ သုတ္လိုက္တယ္။ မီးပဲ ပ်က္သြားတာလား၊ ဒါမွမဟုတ္ သူပဲ ထူးထူးဆန္းဆန္း ကန္းသြားတာလား မသိေပမယ့္ အရာအားလံုးက ဗလာျဖစ္သြားၿပီး ေမွာင္မိုက္သြားတယ္။ ဒါေပမယ့္ သတိကို ဆက္ထိန္းထားပါတယ္။
*****
"ေငးမေနနဲ႔ ေစာက္ရူးရဲ့"
"သူက နင္ မရႏိုင္ဘူးေနာ္ Lisa"
"သူတို႔လို မိန္းကေလးေတြက ငါတို႔လို လူေတြနဲ႔ မတြဲဘူး"
"ငါ သိပါတယ္"
"နင္ကို နင္ နာက်င္ေအာင္ မလုပ္မိခင္ ရပ္လိုက္"
=====
"ေဟး"
"ဟိုင္း အမ္ ငါ နင့္ကို ဘာမ်ားကူညီေပးရမလဲ"
"ဘာမွ မဟုတ္ပါဘူး။ ငါ ဒီမွာ ထိုင္ရင္ စိတ္ရိွမလားလို႔"
"မဟုတ္။ ဟုတ္။ မဟုတ္.. အာ ထိုင္လို႔ရပါတယ္"
"နင့္ အၿမဲတမ္း စိတ္လႈပ္ရွားတက္တာလားး" ႏူးညံတဲ့ တစ္ခစ္ခစ္ရယ္သံေလးက အဲ့လွပတဲ့ ႏႈတ္ခမ္းကေန ထြက္က်လာတယ္။
"ငါ စိတ္လႈပ္ရွားေနတာမဟုတ္ဘူး"
"နင္ ဘယ္ေတာ့မွ မေခၚေတာ့"
"ငါ အလုပ္ရႈပ္ေနတာ"
"ငါကို ဘယ္လို စကားေျပာရမလဲဆိုတာ note ထုတ္ရင္း အလုပ္ရႈပ္ေနတာလား"
"ဘယ္သူနင္ကို ေျပာျပတာလဲ"
"နင္ ဝန္ခံတယ္ေပါ့"
"မခံဘူး" သူမ မ်က္ႏွာပူပူနဲ႔ပဲ ေခါင္းခါလိုက္သည္။
=======
"ေသာၾကာေန့ ဒါမွမဟုတ္ စေနေန့"
အဂၤါေန့ဆိုရင္ေကာ"
"ဘာလို႔ ၾကားရက္ႀကီးလဲ"
"ငါ သူငယ္ခ်င္းေတြနဲ႔ ဒီပိတ္ရက္မွာ ေရကန္ သြားဖို႔ သေဘာတူထားလို႔။ နင္ လိုက္ခ်င္လား။ ေပ်ာ္ဖို႔ေကာင္းမွာ။ ငါတို႔ စိတ္ခုမွာ မဟုတ္ဘူး ေသခ်ာတယ္"
"အမ္ ငါနဲ႔ သဘာဝတရားႀကီးဆိုတာ တြဲလို႔ေကာင္းတာမဟုတ္ဘူး။ ငါ မလိုက္တာ ေကာင္းမယ္ထင္တယ္။ အဂၤါေန့ အဆင္ေျပတယ္ေလ"
"အိုေခေလ"
--------------------------------------------------------------
Publish Date- 23.6.2021
Edit Date - 18.9.2022
-အပ်င္းႀကီးတဲ့ LeoN
============================