ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

552K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၂၇

7.4K 1.7K 171
By Kay_Wine

{Zawgyi}

"ေက်းဇူးတင္ပါတယ္ေကာ" လင္ရွန္း တစ္ရႈးကို အနည္းငယ္ရွက္႐ြံ႕စြာနဲ႔ ယူလိုက္တယ္။

ခုေလးတင္ အေလာတႀကီးေသာက္ခ်ထားတာျဖစ္တဲ့အတြက္ သူ႔ပါးစပ္ကို အျမန္သုတ္လိုက္ရတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳးမျဖစ္ဖူးဘူး။ ဒီလိုမ်ိဳး ညဘက္အထိစာလုပ္ေနတုန္းမွာ သူ႔မိသားစုက သူ႔အတြက္ ႏြားႏို႔ျပင္ဆင္ေပးတယ္ဆိုတာမ်ိဳးကို သူဘယ္တုန္းကမွ မႀကဳံဖူးဘူး။

သူတကယ္ကို ဝမ္းသာမိတယ္။

သူမေနႏိုင္စြာ ဒီအေၾကာင္းေတြးရင္း သူ႔ရဲ႕ႏူးညံ့တဲ့အစ္ကိုႀကီးကို ေမာ့ၾကည့္မိတယ္။ လင္ရွန္းက ခုေလးတင္ေရခ်ိဳးထားကာ အိမ္ေနရင္းအက်ီေလးနဲ႔ျဖစ္ၿပီး ခႏၶာကိုယ္ကေန လတ္ဆတ္တဲ့ေရခ်ိဳးဆပ္ျပာအနံ႔ေလးရေနတယ္။

ဘာေၾကာင့္ စာအုပ္ထဲမွာရွိတဲ့အစ္ကိုႀကီးက ပိုၿပီးၾကင္နာတတ္တယ္လို႔ အၿမဲခံစားမိေနတာလဲဆိုတာကို လင္ရွန္းအနည္းအက်ဥ္းေလာက္ သေဘာေပါက္လာၿပီ။ လင္ယြမ္က သူ႔ေရွ႕ေရာက္ၿပီဆိုရင္ သာမန္မိသားစုဝင္တစ္ေယာက္လိုပုံစံမ်ိဳးကို ပိုၿပီးျပတတ္တာေၾကာင့္ ျဖစ္ႏိုင္တယ္။ ဉာဏ္ႀကီးရွင္တစ္ေယာက္ရဲ႕ အေရာင္အဝါမဟုတ္ဘူး။

"ေက်းဇူးတင္ပါတယ္ေကာ..." လင္ရွန္း ထပ္ၿပီးေက်းဇူးတင္လိုက္တယ္။

"ဟားဟား" လင္ယြမ္ ခပ္ဟဟရယ္ကာ လက္ကိုဆန႔္ထုတ္ၿပီး လင္ရွန္းေခါင္းကို ပြတ္ေပးလိုက္တယ္။

"မင္း ဘာလုပ္ေနတာလဲ?" လင္ယြမ္ ကြန္ျပဴတာကို လွည့္ၾကည့္ကာ ေျပာလိုက္တယ္။ "ဟမ္? ႐ူပေဗနမူနာအစုံ?"

"ဟမ္?" လင္ရွန္းလည္း လင္ယြမ့္အၾကည့္ေၾကာင့္ အနည္းငယ္စိတ္လႈပ္ရွားသြားရတယ္။

သူ႔ရဲ႕သင္ယူတဲ့နည္းလမ္းက အရမ္းကို႐ူးေၾကာင္ေၾကာင္ႏိုင္တာကို သူသိတယ္။ အထူးသျဖင့္ လင္ယြမ္လို ဉာဏ္ႀကီးရွင္တစ္ေယာက္ရဲ႕မ်က္လုံးေတြထဲမွာ ဒါက ရယ္စရာေကာင္းေလာက္ေအာင္ ကိုး႐ို႕ကားယားႏိုင္ေနမွာ။ သူတကယ္ကို ရွက္မိတယ္။

လင္ရွန္း ေရခြက္ကိုလွမ္းယူလိုက္တယ္။ သူ႔ပါးစပ္ထဲမွာ အရသာတင္က်န္ေနတဲ့ ႏြားႏို႔ပ်စ္ပ်စ္အရသာကို ေပ်ာက္သြားေစဖို႔ ေရတစ္ငုံေလာက္ ေသာက္ရန္ျပင္လိုက္တယ္။

"ရွန္းရွန္း" လင္ယြမ္ စားပြဲကိုမွီကာ ေဘာပင္တစ္ေခ်ာင္း လွမ္းယူလိုက္တယ္။ လက္ေခ်ာင္းသြယ္သြယ္ေတြနဲ႔ အနက္ေရာင္ေဘာပင္ကို ေပါ့ေပါ့ပါးပါးေဆာ့ကစားေနေပမယ့္ အသံကေတာ့ မၾကည္မလင္ျဖစ္ေနသလိုလို "ေကာဒီေန႔ ေက်ာင္းဖိုရမ္မွာေတြ႕လိုက္တယ္၊ မင္းနဲ႔ ေမာ့က်ဴးခ်န္..."

"ဖလူး... အဟြတ္ အဟြတ္ အဟြတ္ အဟြတ္..." လင္ရွန္း ေရေလးတစ္ငုံကိုေတာင္ ၿမိဳမခ်ႏိုင္ေသးခင္ သီးၿပီးေသေတာ့မလို႔!

သြားၿပီ! သြားၿပီ! သြားၿပီ!

အခုသူ႔ေခါင္းထဲမွာ ဒီလိုထင္ျမင္ခ်က္ေတြနဲ႔ပဲ ျပည့္ကုန္ေတာ့တယ္။ ဒီလိုပရမ္းပတာpostေတြကို သူ႔အစ္ကိုႀကီးေတြ႕သြားျပန္ၿပီ။ ၿပီးေတာ့ basketballကြင္းထဲက ပုံကိုေတာင္...

လင္ရွန္းခႏၶာကိုယ္က ေတာင့္တင္းေနၿပီး လင္ယြမ္ကိုေတာင္ ဆက္မၾကည့္ရဲေတာ့ဘူး။

"ဂ႐ုစိုက္မွေပါ့" လင္ယြမ္ သေဘာတက်နဲ႔ သူ႔ေက်ာကိုပုတ္ေပးလာတယ္။ "ဘယ္လိုျဖစ္လို႔ ေရေသာက္ရင္း သီးရတာတုန္း? ရွန္းရွန္း ခုတေလာ ဖိအားေတြအရမ္းမ်ားေနလို႔ ကိုယ့္ကိုယ္ကို အရမ္းတြန္းအားေပးေနတာလား?"

"မဟုတ္ပါဘူး... အဟြတ္ အဟြတ္ အဟမ္း..." လင္ရွန္းမ်က္ႏွာ ရဲတြတ္ေနတယ္။ သူ႔အစ္ကိုကို သတိထားကာ လွမ္းၾကည့္ၿပီး ေခ်ာင္းဆိုးခ်င္ေနတာကို ထိန္းကာေျပာလိုက္တယ္။ "အဲ့တာက ဒီတိုင္း... ႐ုတ္တရက္ႀကီး ဒီေလာက္ေကာင္းတဲ့ ငယ္ငယ္႐ြယ္႐ြယ္ေန႔ရက္ေတြကို မျဖဳန္းတီးသင့္ဘူးလို႔ ခံစားမိၿပီး စာႀကိဳးစားခ်င္ေနလို႔ပါ"

"Hm?" လင္ယြမ္ၿပဳံးကာ "အဲ့ေတာ့ တျခားသူေတြနဲ႔ အႏိုင္ေၾကးေလာင္းၿပီးေတာ့ ေမာ့က်ဴးခ်န္ကို ရေအာင္ယူမယ္ေပါ့?"

"အဟြတ္ အဟြတ္ အဟြတ္ အဟြတ္..." လင္ရွန္း အသည္းအသန္ ေခ်ာင္းဆိုးကုန္ေတာ့တယ္!

"Haha......" လင္ယြမ္ သူ႔ရဲ႕ဘယ္ဘက္လက္သီးေလးဆုပ္ၿပီး ေပ်ာ္႐ႊင္စြာရယ္ေနတယ္။ အႀကီးဆုံးအစ္ကိုအမ်ားစုက သူတို႔ရဲ႕ညီငယ္ကို ရင္းႏွီးေၾကာင္းျပသလိုမ်ိဳး လင္ရွန္းဆံပင္ကို ေနာက္တစ္ႀကိမ္ ထပ္ပြတ္ေပးၿပီး ရႈပ္ပြေအာင္လုပ္လိုက္တယ္။ "စိတ္မလႈပ္ရွားပါနဲ႔ကြာ ေကာက မင္းကိုေနာက္လိုက္တာ"

"ေကာ..." လင္ရွန္း ေသြးအန္ခ်င္လာတယ္!

"ဒါေပမယ့္..." လင္ယြမ္ သံရွည္ဆြဲလိုက္တယ္။ သူ႔ရဲ႕ညီငယ္ေလးကို အၿပဳံးေဖ်ာ့ေဖ်ာ့နဲ႔ၾကည့္ကာ "အင္း ေမာ့က်ဴးခ်န္ကိုရေတာ့လည္း အရႈံးမရွိပါဘူး!"

"ေကာ!" လင္ရွန္း ေသြးေရာင္လႊမ္းေနၿပီ။ "ကြၽန္ေတာ္နဲ႔ ေမာ့က်ဴးခ်န္က သူတို႔ေတြေျပာေနၾကသလို တကယ္မဟုတ္ပါဘူးဆိုေနမွ!" မ်က္ႏွာရဲေန႐ုံတင္မကဘူး သူ႔နား႐ြက္ေတြကပါ ပူထူလာတယ္။

လင္ယြမ္သူ႔ကိုၾကည့္ကာ ပင္လယ္ျပင္လိုနက္ရႈိင္းတဲ့မ်က္လုံးေတြက ၿပဳံးေယာင္သန္းေနၿပီး "ေကာ သိပါတယ္" သူ ခဏရပ္ၿပီးမွ "ဒီရက္ပိုင္း မင္းကအရမ္းစိတ္လႈပ္ရွားေနလို႔ ေကာက စိတ္ေျပလက္ေပ်ာက္ျဖစ္သြားေအာင္လုပ္ေပးတာ"

ဒါက စိတ္ေျပလက္ေပ်ာက္ကို ျဖစ္မေနပါဘူးေနာ္! လင္ရွန္း စိတ္ထဲမွာသာ မေက်မခ်မ္းေျပာေနတယ္။ ဒီေလာက္ေကာင္းတဲ့မိသားစုက ဒီလိုအရႈပ္ထုပ္အားလုံးကို သိေနတယ္ဆိုေတာ့ ပိုလို႔ေတာင္ စိတ္လႈပ္ရွားရတယ္။

"အင္းပါ မင္းဘယ္ေလာက္ပဲ စာႀကိဳးစားႀကိဳးစား အိပ္ရာကိုေတာ့ ေစာေစာဝင္" လင္ယြမ္က သူ႔လက္ေမာင္းကို အတင္းကာေရာဆြဲၿပီး ကြန္ျပဴတာေရွ႕က ဖယ္လိုက္တယ္ "အခု ေရခ်ိဳးၿပီး အိပ္ရာထဲမွာ လွဲေနေတာ့"

"ကြၽန္ေတာ္ ခဏေလာက္ပဲ ၾကည့္မွာပါ" ကြန္ျပဳတာscreenေပၚမွာ ဖြင့္ထားတဲ့ documentကို လင္ရွန္း လွမ္းၾကည့္လိုက္တယ္။

သူ ႐ူပေဗဒနမူနာအစံကို တစ္ဝက္ေလာက္ပဲ ၿပီးေသးတယ္။ သူတို႔က အခ်ိန္တစ္လတည္းရတာေၾကာင့္ အရမ္းက်ပ္ေနၿပီ။ စကၠန႔္တိုင္းကို အာ႐ုံစိုက္ထားဖို႔လိုတယ္။

"ကေလးလိုလုပ္လည္း အသုံးမဝင္ဘူး" လင္ယြမ္က ကိုယ္တိုင္ကိုယ္က် သူ႔ကိုအိပ္ခန္းထဲက သီးသန႔္ေရခ်ိဳးခန္းထဲ တြန္းသြင္းလိုက္တယ္။ "အခု ေရခ်ိဳးလိုက္ ၿပီးရင္ လိမ္လိမ္မာမာနဲ႔ အိပ္ေတာ့!"

"ေနာက္တစ္နာရီေလာက္..."

"ဒါမွမဟုတ္" လင္ယြမ္ ၿပဳံးလိုက္တယ္ "မင္းက ေကာကို ေရခ်ိဳးေပးေစခ်င္ေနတာလား?"

သူေျပာရင္းရဲ႕ အက်ီလက္ကိုေတာင္ လိပ္တင္ေနၿပီျဖစ္လို႔ က်န္းမာတဲ့အသားအေရေပၚထြက္လာတယ္ "ဒီလိုဆိုမွ ေကာ မင္းကိုေရမခ်ိဳးေပးျဖစ္တာ ႏွစ္ေတြေတာင္ ေတာ္ေတာ္ၾကာၿပီပဲ"

လင္ရွန္း "!!!"

လင္ရွန္း မ်က္ႏွာႀကီးနီရဲကာ တံခါးကို ခ်က္ခ်င္းပိတ္လိုက္တယ္ "ကြၽန္ေတာ့္ဘာသာပဲ ခ်ိဳးေတာ့မယ္!"

ေရခ်ိဳးခန္းအျပင္ဘက္ကေန ေက်နပ္ေနတဲ့ရယ္သံတစ္ခုထြက္ေပၚလာတယ္။ သူ ျဖည္းျဖည္းခ်င္း သိလာရတယ္။ အရင္အိမ္မွာတုန္းက သူတို႔ေတြက ရလဒ္ကို တန္ဖိုးထားၾကတယ္။ မင္းရလိုက္တဲ့ ေအာင္ျမင္မႈူရလဒ္ကိုျဖစ္တယ္။ သူ႔အေဖအတြက္ေတာ့ သူကအိမ္မွာဆို အစ္ကိုႀကီးျဖစ္သူရဲ႕ တစ္စိတ္တစ္ပိုင္းေလာက္သာျဖစ္တယ္။ ဘာေၾကာင့္ဆို တစ္ဖက္လူက ဉာဏ္ႀကီးရွင္တစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕အနာဂတ္က အကန႔္အသတ္ရွိမွာမဟုတ္တာေၾကာင့္ျဖစ္တယ္။

သို႔ေပမယ့္ ဒီမွာေတာ့ သူတို႔ေတြက သူတို႔မိသားစုဝင္ေတြရဲ႕ ခံစားခ်က္ကို ပိုၿပီးအေလးထားတယ္။ သူတို႔ပုံမွန္မွ စားရဲ႕လား က်န္းမာရဲ႕လားဆိုတာကို ဂ႐ုတစိုက္ရွိတယ္။ ဒါက ပိုၿပီးတိုးတက္လာတာကို မလိုခ်င္သလိုပုံေပါက္ေပမယ့္ လင္ရွန္းကေတာ့ ေႏြးေထြးတယ္လို႔ ခံစားရတယ္။

လင္ရွန္း ပိတ္ေနတဲ့တံခါးကို စိုက္ၾကည့္ေနမိတယ္။ ရံဖန္ရံခါ သူ႔အစ္ကိုႀကီးက ဒီလိုမ်ိဳးအင္အားႀကီးတဲ့ဘက္ကို ထုတ္ျပေပမယ့္ ဒါက သူ႔အစ္ကိုသူ႔ကို ဂ႐ုစိုက္တယ္ဆိုၿပီး တကယ္ခံစားလို႔ရတယ္။

လင္ရွန္းခႏၶာကိုယ္က လုံး၀ေပါ့ပါးသြားတယ္။ ေရခ်ိဳးခန္းထဲကမွန္ေရွ႕ကေန ျဖတ္သြားခ်ိန္မွာ သူ႔မ်က္ႏွာေပၚက အၿပဳံးပါးပါးကိုေတာင္ ျမင္လိုက္ရတယ္။

လင္ရွန္း တြန႔္သြားတယ္။ သူမတတ္သာစြာ မွန္ထဲက သူ႔ကိုယ္သူ စူးစိုက္ၾကည့္မိတယ္။ လူငယ္ေလးမွာ ႏွစ္လိုဖြယ္ေကာင္းတဲ့မ်က္ခုံးေတြနဲ႔ အနည္းငယ္ပိန္ပါးၿပီး ရွည္သြယ္တဲ့ခႏၶာကိုယ္ရွိတယ္။ သူေတာင္ မသိလိုက္ခ်ိန္မွာ သူ႔မ်က္ခုံးေၾကာေတြေတာင္ ေျပေလ်ာ့ေနတယ္။

လတ္တေလာ သူအခ်ိန္အမ်ားႀကီး စာေလ့လာေနရေပမယ့္ လူတစ္ကိုယ္လုံးက အလြန္ေပါ့ပါးၿပီး သက္ေသာင့္သက္သာျဖစ္ေနတယ္။

လင္ရွန္း အသက္ျပင္းျပင္းတစ္ခ်က္ ရႈသြင္းလိုက္တယ္။ ဒီလိုပုံမ်ိဳးက နည္းနည္းထူးဆန္းေပမယ့္ မထင္ထားေလာက္ေအာင္ကို ေနလို႔ေကာင္းေနသလိုပဲ။

လင္ရွန္း ေရခ်ိဳးၿပီး ထြက္လာခ်ိန္မွာ လင္ယြမ္ထြက္သြားေလာက္ၿပီလို႔ ထင္လိုက္တယ္။ ဒါဆို သူဆက္ၿပီး... ဟီးဟီးဟီးဟီး

ေရခ်ိဳးခန္းတံခါးေလးဖြင့္ၿပီး ထြက္လာ႐ုံရွိေသးတယ္ သူ႔အစ္ကိုအသံႀကီး ထြက္ေပၚလာတယ္။ "ၿပီးသြားတာလား? ဒီမွာ dryer မအိပ္ခင္ ေခါင္းေျခာက္ေအာင္ လုပ္အုံး"

လင္ရွန္း "..."

သူ ကြန္ျပဴတာနားက dryerဆီကို ေျဖးေျဖးခ်င္းေလွ်ာက္လာေတာ့ သူ႔အစ္ကိုႀကီးက သူ႔ေနရာကို အက်အနဝင္ယူၿပီး ကြန္ျပဴတာေရွ႕မွာ ထိုင္ေနတာကို ေတြ႕လိုက္ရတယ္။ လင္ယြမ္က အိမ္ေနရင္းအဝတ္အေပ်ာ့ေလးနဲ႔ သူ႔ဘယ္ဘက္လက္က ေမးကိုပ်င္းရိပ်င္းတြဲေထာက္ထားၿပီး ညာဘက္လက္က mouseကို ကိုင္ထားတယ္။ သူက ေပါ့ေပါ့ပါးပါးနဲ႔ ဖြင့္ထားတဲ့documentကို ျပင္ေပးေနတာျဖစ္တယ္။ တစ္ခါတစ္ရံ ဘယ္လက္နဲ႔ keyboardကို အႀကိမ္အနည္းငယ္ ႐ိုက္ႏွိပ္တတ္ေသးတယ္။

လင္ရွန္းက သူ႔အစ္ကိုႀကီး အနက္ေရာင္အေနာက္တိုင္းဝတ္စုံနဲ႔ နက္တိုင္အျပည့္အစုံဝတ္ထားတဲ့ အထက္တန္းက်က်ပုံစံကို ျမင္ဖူးၿပီးသားျဖစ္တယ္။ အိပ္ခန္းထဲက အလင္းေရာင္ေအာက္မွာ ေပါ့ေပါ့ပါးပါးျဖစ္ေနတဲ့ လင္ယြမ္ရဲ႕မ်က္ႏွာအသြင္အျပင္က သိမ္ေမြ႕ေနသေယာင္ျဖစ္ေနတယ္။

ေျပာၾကတာေတာ့ အာ႐ုံစူးစိုက္ေနတဲ့အမ်ိဳးသားေတြက ဆြဲေဆာင္မႈအရွိဆုံးပဲတဲ့။ လင္ရွန္းလည္း မူလကမာၻမွာ သူ႔ရဲ႕ဉာဏ္ႀကီးရွင္အစ္ကိုႀကီး အလုပ္ႀကိဳးစားကာ ရွာေဖြတဲ့ေနရာမွာ အာ႐ုံစူးစိုက္တာမ်ိဳးကို အႀကိမ္ေပါင္းမ်ားစြာ ေတြ႕ဖူးေပမယ့္ ဘာဆိုဘာမွ မေတြးမိခဲ့ဘူး။

တစ္ဖက္မွာေတာ့ သူ႔ေရွ႕က ပ်င္းရိပ်င္းတြဲ သက္ေသာင့္သက္သာနဲ႔ အနည္းငယ္ၿပဳံးခ်ိဳေနတဲ့ လူငယ္ေလးတစ္ေယာက္ရွိတယ္။ တစ္ဖက္လူရဲ႕ပုံစံေလးက တကယ့္ဆြဲေဆာင္မႈေတြ ေပါက္ကြဲထြက္လာသလိုေတာင္ လင္ရွန္းခံစားမိတယ္!

ဘယ္ေနရာကိုပဲသြားသြား လူအုပ္ရဲ႕အာ႐ုံစိုက္ခံရမွာ အေသအခ်ာပဲ။ သူ႔ရဲ႕ညီေတာင္မွ မေနႏိုင္ဘဲ သူ႔ကိုၾကည့္ေနမိတာေလ။

"ေကာ မနားေသးဘူးလား?"

လင္ရွန္း ကြန္ျပဴတာကို လွည့္ၾကည့္ရင္း ေျပာလိုက္တယ္ "ဒီအခ်ိန္ေတာင္ျဖစ္..."

႐ုတ္တရက္ ဆြံ႕အကုန္တယ္။ ကြန္ျပဴတာscreenေပၚမွာ ခုနက သူေ႐ြးထုတ္ထားတဲ့ ႐ူပေဗဒပုစာၦေတြရွိေသးတယ္။ သူအဲ့တာကို မပိတ္ဘဲ အေလာတႀကီးထလိုက္ရတာျဖစ္တယ္။

"ဘာလို႔လဲ?" လင္ယြမ္က သေဘာတက် သူ႔ကိုလွည့္ၾကည့္ကာ မၾကာခင္ ကြန္ျပဴတာဘက္ကို အာ႐ုံျပန္စိုက္လိုက္တယ္။

Mouseက သူ႔လက္ေခ်ာင္းေတြရဲ႕လႈပ္ရွားမႈအတိုင္းလိုက္ကာ documentထဲက နမူနာေမးခြန္းေတြကို မတူညီတဲ့အမ်ိဳးအစားအလိုက္ ခြဲကာ ေနရာခ်ေနတယ္။

တစ္ခါတစ္ခါ လင္ယြမ္က webpageတစ္ခုကို တစ္ခ်က္ေလာက္ ၾကည့္တတ္တယ္။ လင္ရွန္း ေသခ်ာၾကည့္လိုက္ေတာ့ ဒါက အထက္တန္းေက်ာင္း႐ူပေဗဒဘာသာရပ္အတြက္ သိထားရမယ့္အဓိကအခ်က္ေတြျဖစ္ေနတယ္။

ေနာက္ၿပီး သူ႔အစ္ကိုက အထက္ေက်ာင္းနဲ႔ေဝးကြာခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးျဖစ္လို႔ အထက္ေက်ာင္းစာနဲ႔ပက္သက္ၿပီး ေမ့ေနေလာက္ၿပီလို႔ေတာင္ ေျပာရမယ္။

"ဆံပင္ကိုသာ မႈတ္ေန" လင္ယြမ္က screenကိုၾကည့္ေနဆဲျဖစ္ေပမယ့္ လင္ရွန္းကို သတိေပးဖို႔ မေမ့ဘူး "မအိပ္ခင္ ဆံပင္ကို ေျခာက္ေအာင္မႈတ္"

"ေကာ!" လင္ရွန္း dryerကို ခ်လိုက္တယ္ "ေကာ ကြၽန္ေတာ့္အတြက္ လုပ္ေပးဖို႔မလိုပါဘူး ကြၽန္ေတာ့္ဘာသာ ေျဖးေျဖးခ်င္း လုပ္လိုက္လို႔ရတယ္"

လာေနာက္ေနတာပဲ!

သူ႔အစ္ကိုႀကီးက စာအုပ္ထဲက သန္းနဲ႔ခ်ီၿပီးဝင္ေငြရေနတဲ့သူေတြနဲ႔ မယွဥ္ႏိုင္ဘူးဆိုေပမယ့္ ထင္ရွားတဲ့နည္းပညာရွင္ျဖစ္တာေၾကာင့္ သူ႔အခ်ိန္ေတြက တန္ဖိုးရွိတယ္။ သူ႔ကိုကူၿပီး ႐ူပေဗဒနမူနာေတြ စုေပးတယ္ဆိုရင္ အဲ့နမူနာေမးခြန္းေတြေတာင္ ငိုသြားေလာက္တယ္လို႔ လင္ရွန္း ေတြးမိတယ္!

လင္ရွန္း mouseကိုယူဖို႔ လက္လွမ္းလိုက္တယ္။ ထိေတာင္မထိႏိုင္ေသးခင္မွာ လင္ယြမ္ကို mouseကိုကိုင္ၿပီး ေျမႇာက္လိုက္တယ္ "လာရႈပ္မေနနဲ႔!"

သူၿပဳံးကာ ေျပာလာတယ္ "ေကာက ဘြဲ႕ရၿပီးတာ ႏွစ္ေတြအမ်ားႀကီးရွိေနၿပီဆိုေပမယ့္ အဓိကအခ်က္ေတြကိုၾကည့္ၿပီး ဒီလိုသိရမယ့္အခ်က္ေလးေတြကိုေတာ့ ျပန္ေတြးႏိုင္ပါေသးတယ္၊ စိတ္မပူနဲ႔" သူ႔ေခါင္းသူ လက္ညႇိဳးေလးထိုးကာ "ေကာရဲ႕ဒီေနရာက အရမ္းအသုံးဝင္တာ"

လင္ရွန္းက ဘယ္လိုလုပ္စိတ္ပူတယ္ ျဖစ္ရမွာလဲ?! သူ ရွက္ေနတာသာျဖစ္တယ္ "ျမန္ျမန္လုပ္ ဆံပင္ကိုေျခာက္ေအာင္လုပ္ၿပီး အိပ္ေတာ့၊ မင္းက ဖြံ႕ၿဖိဳးဆဲအ႐ြယ္ပဲရွိေသးတယ္.. ဒီေလာက္စာေတြအရမ္းႀကိဳးစားေနေတာ့ အိပ္ေရးမ၀ဘဲေနလိမ့္မယ္" လင္ယြမ္ ႏႈတ္ခမ္းေထာင့္စြန္းေတြ ေကြးသြားၿပီး ခပ္ေနာက္ေနာက္ရယ္ေမာလိုက္တယ္ "မစိုးရိမ္နဲ႔ ေကာက သုံးစားမရတဲ့သူမွမဟုတ္ဘဲ... မင္းရဲ႕ေက်ာင္းျမက္ေလးကို မဆုံးရႈံးေစရဘူး"

လင္ရွန္း "..."

"ကြၽန္ေတာ္တကယ္ ေမာ့က်ဴးခ်န္နဲ႔ ဘာမွမဆိုင္ပါဘူးဆိုေနမွဗ်ာ..." သူ ၿငီးတြားလိုက္တယ္။ "အဲ့တာ အတန္းေဖာ္ေတြက နားလည္မႈလြဲေနၾကတာ"

"ေကာသိပါတယ္" လင္ယြမ္ ရယ္သာရယ္ေနတယ္ "ဒီတိုင္း ေနာက္တာ"

လင္ရွန္းနဲ႔ စကားေျပာေနေပမယ့္ လက္ေတြကေတာ့ လုပ္စရာရွိတာ ဆက္လုပ္ေနတယ္ "ေကာလုပ္ေပးတာကို စိတ္ပူလို႔မဟုတ္ဘူး၊ ကြၽန္ေတာ္အိပ္ေပ်ာ္သြားရင္ အခြင့္ေကာင္းယူၿပီး ေနာက္က်တဲ့အထိ ေနမလို႔မဟုတ္လား?"

လင္ယြမ့္လက္ေခ်ာင္းသြယ္သြယ္ေတြက keyboardေပၚမွာ ေပါ့ပါးစြာခုန္ေပါက္ေနတယ္ "မင္း ေခါင္းေျခာက္သြားတဲ့အခ်ိန္ဆို ေကာဘက္မွာလည္း ၿပီးေနေလာက္ၿပီ၊ ဒီလိုဆို ေကာ စိတ္ခ်လက္ခ်ရွိသြားတာေပါ့"

ထိုညမွာ လင္ယြမ္က သူ႔ကိုတကယ္ ႐ူပေဗဒပုစာၦေတြ ေ႐ြးထုတ္ေပးခဲ့တယ္။ သူက ဉာဏ္ေကာင္းသူျဖစ္ၿပီး ေကာလိပ္ဝင္ခြင့္စာေမးပြဲအစတုန္းကလည္း ၿမိဳ႕ေတာ္ရဲ႕သိပၸံတြဲခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ သူ႔ရဲ႕အေျခခံဗဟုသုတက အေတာ္ေလးစိတ္ခ်ရတယ္။

လင္ရွန္း ဆံပင္ကို ေျခာက္သြားတဲ့အထိ ေလမႈတ္ၿပီးတဲ့ေနာက္ လင္ယြမ္ကလည္း documentကိုပိတ္ကာ မိတၱဴဆြဲထားတဲ့နမူနာပုစာၦအစုံလိုက္ကို စာအုပ္တစ္အုပ္လိုလုပ္ၿပီး သူ႔ကို ကမ္းေပးလာတယ္။

"ဟုတ္ၿပီး အခု မင္းေကာင္းေကာင္း အိပ္လို႔ရၿပီမွတ္လား?"

"ေက်းဇူးတင္ပါတယ္ ေကာ" လင္ရွန္း တိုးတိုးေလးေျပာလိုက္တယ္။

ထိုညမွာ လင္ရွန္း အိမ္မက္တစ္ခုမက္ျပန္တယ္။ ယန္ရႈိ႕က ငိုေနတဲ့သူ႔ကို ညင္ညင္သာသာေလး ပုခုံးပုတ္ေပးေနတယ္။ ခဏအၾကာမွာ လင္ယြမ္ျဖစ္သြားၿပီး စာေမးပြဲမွာ က်ရႈံးေစခဲ့တဲ့ ေမးခြန္းအမွားေတြကို တစ္ခုခ်င္းစီ စိတ္ရွည္လက္ရွည္နဲ႔ ရွင္းျပေပးေနခဲ့တယ္။

...

တစ္ညလုံး လင္ရွန္း ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ဘူး။ မနက္ႏိုးလာခ်ိန္မွာ ေတြေဝမိန္းေမာေနၿပီး အိမ္မက္လား တကယ့္လက္ေတြ႕လားဆိုတာကို မခြဲျခားႏိုင္သလိုေတာင္ ျဖစ္ေနတယ္။

သူ႔မ်က္ႏွာကို ပြတ္သပ္ၿပီး အိပ္ရာကထကာ သန႔္ရွင္းေရးလုပ္လိုက္တယ္။ ဒီေန႔ ေမာ့က်ဴးခ်န္ကို ႐ူပေဗဒနမူနာေတြ ေပးရမယ္... ေမာ့က်ဴးခ်န္?!

Oops! ႐ုတ္တရက္ ေမာ့က်ဴးခ်န္က သူ႔ကိုမနက္စာလုပ္လာေပးဖို႔ ေျပာထားတာကို လင္ရွန္း မွတ္မိသြားတယ္။

ကိုယ္တိုင္လုပ္မွရမယ္! မေန႔ည အိမ္ကိုျပန္ေရာက္တုန္းက အဲ့အေၾကာင္း မွတ္မိေနေသးေပမယ့္ လင္ယြမ္ေၾကာင့္ လုံးလုံးေမ့သြားခဲ့တာ။

ဒါေပမယ့္ အေရးေပၚအေနအထားေတာ့မဟုတ္ဘူး! လင္ရွန္း ျမန္ျမန္ဆန္ဆန္ ပလုတ္က်င္းကာ ေအာက္ထပ္ကို ပ်ံေတာ့မလို ဆင္းခ်သြားတယ္။ သူ႔ရဲ႕ခ်က္ျပဳတ္စြမ္းရည္က အရမ္းကိုစုတ္ျပတ္သပ္ေနၿပီး အရည္အခ်င္းကလည္း မရွိဘူး။ မေန႔တုန္းက ေမာ့က်ဴးခ်န္အတြက္ ဘာလုပ္ေပးရမလဲဆိုတာကို သူေတြးထားၿပီးသားျဖစ္တယ္။

ရွင္းဆန္းေက်ာင္းရဲ႕ စီနီယာFတန္းမွာေတာ့ ေမာ့က်ဴးခ်န္တစ္ေယာက္ ေအးတိေအးစက္မ်က္ႏွာနဲ႔ ရွိေနတုန္းပဲ။ သူ႔ဆီက ထြက္လာတဲ့ေအးစက္တဲ့အေငြ႕အသက္ေတြက လူေတြသူ႔နားမကပ္သြားသင့္သလို ခံစားရေစတယ္။

ထူးကဲတဲ့မ်က္ႏွာက 'ငါ့ကိုလာမရႈပ္နဲ႔ မဟုတ္ရင္ ႐ိုက္ပစ္မွာ'လို႔ ေျပာေနသေယာင္! ေသခ်ာတာေပါ့ Fတန္းက အတန္းေဖာ္ေတြကလည္း သူ႔ကိုရန္သြားမစရဲဘူး။ သူတို႔အားလုံး ထိုင္ခုံကို ေျခေလးဖြၿပီးေလွ်ာက္သြားကာ ဂ႐ုတစိုက္နဲ႔ ထိုင္ေနၾကရတယ္။

သူ႔ေဘးကေတာက္ရန္နဲ႔ ရႈခ်န္းေတာင္မွ ဒီေန႔အသံတိတ္ေနၾကတယ္။

Fတန္းတစ္ခန္းလုံး အရမ္းကိုတိတ္ဆိတ္ေနတာေၾကာင့္ အပ္က်သံကိုေတာင္ ၾကားႏိုင္တယ္။ ထိုအခ်ိန္ထိေပါ့...

ေနာက္ဆုံးေတာ့ အတန္းေရွ႕တံခါးဆီကေန လင္ရွန္းရဲ႕အေလာတႀကီးေျခသံေတြ ထြက္ေပၚလာတယ္။ အသက္တစ္ခ်က္ရႈသြင္းရင္း လြယ္အိတ္ကိုခ်ကာ ေမာ့က်ဴးခ်န္ဆီ အျမန္ေလွ်ာက္သြားလိုက္တယ္။

"Sorry sorry!" သူေျပာလိုက္တယ္ "ငါ ေနာက္က်သြားလို႔!"

"အဲ့တာ..." လင္ရွန္းက သူယူလာတဲ့မနက္စာကို ခ်က္ခ်င္းမထုတ္ေပးေသးဘူး "ငါ့ရဲ႕အခ်က္အျပဳတ္စေကးႀကီးက တကယ္ဆိုးတာ၊ အဲ့တာေၾကာင့္မို႔လို႔... ဒါကို မင္းမႀကိဳက္ဘူးမလုပ္နဲ႔ေနာ္!"

ေျပာေနရင္း လြယ္အိတ္ကို ဖြင့္လိုက္တယ္။

"စုတ်န္းတ်န္းအတြက္ေရာ မနက္စာယူလာေသးတာလား?" ေမာ့က်ဴးခ်န္ ေမးလိုက္တယ္။

"စုတ်န္းတ်န္း?" လင္ရွန္း အံ့ဩသြားတယ္ "မယူလာပါဘူး" သူေျပာျပလိုက္တယ္ "သူက ငါ့ကို မယူလာခဲ့နဲ႔တဲ့"

ေရခဲတုံးေက်ာင္းျမက္ႀကီးရဲ႕အမူအယာက အနည္းငယ္ေပ်ာ့ေျပာင္းသြားတယ္။ ေမာ့က်ဴးခ်န္ မ်က္ခုံးေတြပင့္ၿပီး အသာေျပာလိုက္တယ္ "ေအာ္ မင္းခ်က္တာေကာင္းမယ္လို႔လည္း ငါမေမွ်ာ္လင့္ထားပါဘူး" သူ ခပ္ဟဟရယ္ၿပီးမွ ေျပာလိုက္တယ္ "ခ်က္ျပဳတ္တာနဲ႔ တရင္းတႏွီးျဖစ္ေနတာလည္း မေကာင္းပါဘူး"

"ဒီဟာေတြက က်က္ေနၿပီ!" လင္ရွန္း ေခါင္းကို ထပ္တလဲလဲၿငိတ္ကာ ေျပာလိုက္တယ္ "အိမ္က အန္တီႀကီးကိုေတာင္ တကူးတကေမးထားတာ၊ သူကေျပာတယ္ က်က္ၿပီတဲ့"

ေျပာရင္းနဲ႔ လြယ္အိတ္ထဲက စကၠဴအိတ္ေလးတစ္ခုကို ထုတ္လိုက္တယ္။

"ကတိေနာ္" လင္ရွန္း စကၠဴအိတ္ကိုဖြင့္ကာ ၾကက္ဥျပဳတ္တလုံးထုတ္ၿပီး ေမာ့က်ဴးခ်န္ေရွ႕ခ်ေပးလိုက္တယ္ "မင္း... မင္းမႀကိဳက္ဘူး မေျပာနဲ႔ေနာ္!"

ေတာက္ရန္ "..."

ရႈခ်န္း "..."

သူတို႔ကို တိတ္တိတ္ေလးၾကည့္ေနၾကတဲ့ Fတန္းမွာ အတန္းေဖာ္မ်ား "..."

ေမာ့က်ဴးခ်န္ "..."

"ဒါပဲလား?" သူ အသက္ကို တစ္ခ်က္ျပင္းျပင္းရႈသြင္းကာ အံကိုႀကိတ္ထားရတယ္။

"ဟမ္?" လင္ရွန္း ေၾကာင္အသြားတယ္။ ခဏေလာက္ ေတြးၿပီးမွ အိတ္ထဲက ၾကက္ဥျပဳတ္တစ္လုံး ထပ္ထုတ္လိုက္တယ္ "ရွိေသးတယ္"

စကားေလးတေျပာေျပာနဲ႔ လင္ရွန္း ေနာက္အလုံးေတြ တလုံးၿပီးတလုံး ထုတ္လိုက္ေတာ့တယ္။

သိပ္ေကာင္းတယ္!

ေမာ့က်ဴးခ်န္ အသက္ျပင္းျပင္းတစ္ခ်က္ရႈကာ၊

သူ မနက္စာ မစားခ်င္ေတာ့ဘူး!

သူစားခ်င္ေနတာက...

___________________________________



{Unicode}

"ကျေးဇူးတင်ပါတယ်ကော" လင်ရှန်း တစ်ရှုးကို အနည်းငယ်ရှက်ရွံ့စွာနဲ့ ယူလိုက်တယ်။

ခုလေးတင် အလောတကြီးသောက်ချထားတာဖြစ်တဲ့အတွက် သူ့ပါးစပ်ကို အမြန်သုတ်လိုက်ရတယ်။ ဒါပေမယ့် ဒီလိုမျိုးမဖြစ်ဖူးဘူး။ ဒီလိုမျိုး ညဘက်အထိစာလုပ်နေတုန်းမှာ သူ့မိသားစုက သူ့အတွက် နွားနို့ပြင်ဆင်ပေးတယ်ဆိုတာမျိုးကို သူဘယ်တုန်းကမှ မကြုံဖူးဘူး။

သူတကယ်ကို ဝမ်းသာမိတယ်။

သူမနေနိုင်စွာ ဒီအကြောင်းတွေးရင်း သူ့ရဲ့နူးညံ့တဲ့အစ်ကိုကြီးကို မော့ကြည့်မိတယ်။ လင်ရှန်းက ခုလေးတင်ရေချိုးထားကာ အိမ်နေရင်းအကျီလေးနဲ့ဖြစ်ပြီး ခန္ဓာကိုယ်ကနေ လတ်ဆတ်တဲ့ရေချိုးဆပ်ပြာအနံ့လေးရနေတယ်။

ဘာကြောင့် စာအုပ်ထဲမှာရှိတဲ့အစ်ကိုကြီးက ပိုပြီးကြင်နာတတ်တယ်လို့ အမြဲခံစားမိနေတာလဲဆိုတာကို လင်ရှန်းအနည်းအကျဉ်းလောက် သဘောပေါက်လာပြီ။ လင်ယွမ်က သူ့ရှေ့ရောက်ပြီဆိုရင် သာမန်မိသားစုဝင်တစ်ယောက်လိုပုံစံမျိုးကို ပိုပြီးပြတတ်တာကြောင့် ဖြစ်နိုင်တယ်။ ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ အရောင်အဝါမဟုတ်ဘူး။

"ကျေးဇူးတင်ပါတယ်ကော..." လင်ရှန်း ထပ်ပြီးကျေးဇူးတင်လိုက်တယ်။

"ဟားဟား" လင်ယွမ် ခပ်ဟဟရယ်ကာ လက်ကိုဆန့်ထုတ်ပြီး လင်ရှန်းခေါင်းကို ပွတ်ပေးလိုက်တယ်။

"မင်း ဘာလုပ်နေတာလဲ?" လင်ယွမ် ကွန်ပြူတာကို လှည့်ကြည့်ကာ ပြောလိုက်တယ်။ "ဟမ်? ရူပဗေနမူနာအစုံ?"

"ဟမ်?" လင်ရှန်းလည်း လင်ယွမ့်အကြည့်ကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားရတယ်။

သူ့ရဲ့သင်ယူတဲ့နည်းလမ်းက အရမ်းကိုရူးကြောင်ကြောင်နိုင်တာကို သူသိတယ်။ အထူးသဖြင့် လင်ယွမ်လို ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့မျက်လုံးတွေထဲမှာ ဒါက ရယ်စရာကောင်းလောက်အောင် ကိုးရို့ကားယားနိုင်နေမှာ။ သူတကယ်ကို ရှက်မိတယ်။

လင်ရှန်း ရေခွက်ကိုလှမ်းယူလိုက်တယ်။ သူ့ပါးစပ်ထဲမှာ အရသာတင်ကျန်နေတဲ့ နွားနို့ပျစ်ပျစ်အရသာကို ပျောက်သွားစေဖို့ ရေတစ်ငုံလောက် သောက်ရန်ပြင်လိုက်တယ်။

"ရှန်းရှန်း" လင်ယွမ် စားပွဲကိုမှီကာ ဘောပင်တစ်ချောင်း လှမ်းယူလိုက်တယ်။ လက်ချောင်းသွယ်သွယ်တွေနဲ့ အနက်ရောင်ဘောပင်ကို ပေါ့ပေါ့ပါးပါးဆော့ကစားနေပေမယ့် အသံကတော့ မကြည်မလင်ဖြစ်နေသလိုလို "ကောဒီနေ့ ကျောင်းဖိုရမ်မှာတွေ့လိုက်တယ်၊ မင်းနဲ့ မော့ကျူးချန်..."

"ဖလူး... အဟွတ် အဟွတ် အဟွတ် အဟွတ်..." လင်ရှန်း ရေလေးတစ်ငုံကိုတောင် မြိုမချနိုင်သေးခင် သီးပြီးသေတော့မလို့!

သွားပြီ! သွားပြီ! သွားပြီ!

အခုသူ့ခေါင်းထဲမှာ ဒီလိုထင်မြင်ချက်တွေနဲ့ပဲ ပြည့်ကုန်တော့တယ်။ ဒီလိုပရမ်းပတာpostတွေကို သူ့အစ်ကိုကြီးတွေ့သွားပြန်ပြီ။ ပြီးတော့ basketballကွင်းထဲက ပုံကိုတောင်...

လင်ရှန်းခန္ဓာကိုယ်က တောင့်တင်းနေပြီး လင်ယွမ်ကိုတောင် ဆက်မကြည့်ရဲတော့ဘူး။

"ဂရုစိုက်မှပေါ့" လင်ယွမ် သဘောတကျနဲ့ သူ့ကျောကိုပုတ်ပေးလာတယ်။ "ဘယ်လိုဖြစ်လို့ ရေသောက်ရင်း သီးရတာတုန်း? ရှန်းရှန်း ခုတလော ဖိအားတွေအရမ်းများနေလို့ ကိုယ့်ကိုယ်ကို အရမ်းတွန်းအားပေးနေတာလား?"

"မဟုတ်ပါဘူး... အဟွတ် အဟွတ် အဟမ်း..." လင်ရှန်းမျက်နှာ ရဲတွတ်နေတယ်။ သူ့အစ်ကိုကို သတိထားကာ လှမ်းကြည့်ပြီး ချောင်းဆိုးချင်နေတာကို ထိန်းကာပြောလိုက်တယ်။ "အဲ့တာက ဒီတိုင်း... ရုတ်တရက်ကြီး ဒီလောက်ကောင်းတဲ့ ငယ်ငယ်ရွယ်ရွယ်နေ့ရက်တွေကို မဖြုန်းတီးသင့်ဘူးလို့ ခံစားမိပြီး စာကြိုးစားချင်နေလို့ပါ"

"Hm?" လင်ယွမ်ပြုံးကာ "အဲ့တော့ တခြားသူတွေနဲ့ အနိုင်ကြေးလောင်းပြီးတော့ မော့ကျူးချန်ကို ရအောင်ယူမယ်ပေါ့?"

"အဟွတ် အဟွတ် အဟွတ် အဟွတ်..." လင်ရှန်း အသည်းအသန် ချောင်းဆိုးကုန်တော့တယ်!

"Haha......" လင်ယွမ် သူ့ရဲ့ဘယ်ဘက်လက်သီးလေးဆုပ်ပြီး ပျော်ရွှင်စွာရယ်နေတယ်။ အကြီးဆုံးအစ်ကိုအများစုက သူတို့ရဲ့ညီငယ်ကို ရင်းနှီးကြောင်းပြသလိုမျိုး လင်ရှန်းဆံပင်ကို နောက်တစ်ကြိမ် ထပ်ပွတ်ပေးပြီး ရှုပ်ပွအောင်လုပ်လိုက်တယ်။ "စိတ်မလှုပ်ရှားပါနဲ့ကွာ ကောက မင်းကိုနောက်လိုက်တာ"

"ကော..." လင်ရှန်း သွေးအန်ချင်လာတယ်!

"ဒါပေမယ့်..." လင်ယွမ် သံရှည်ဆွဲလိုက်တယ်။ သူ့ရဲ့ညီငယ်လေးကို အပြုံးဖျော့ဖျော့နဲ့ကြည့်ကာ "အင်း မော့ကျူးချန်ကိုရတော့လည်း အရှုံးမရှိပါဘူး!"

"ကော!" လင်ရှန်း သွေးရောင်လွှမ်းနေပြီ။ "ကျွန်တော်နဲ့ မော့ကျူးချန်က သူတို့တွေပြောနေကြသလို တကယ်မဟုတ်ပါဘူးဆိုနေမှ!" မျက်နှာရဲနေရုံတင်မကဘူး သူ့နားရွက်တွေကပါ ပူထူလာတယ်။

လင်ယွမ်သူ့ကိုကြည့်ကာ ပင်လယ်ပြင်လိုနက်ရှိုင်းတဲ့မျက်လုံးတွေက ပြုံးယောင်သန်းနေပြီး "ကော သိပါတယ်" သူ ခဏရပ်ပြီးမှ "ဒီရက်ပိုင်း မင်းကအရမ်းစိတ်လှုပ်ရှားနေလို့ ကောက စိတ်ပြေလက်ပျောက်ဖြစ်သွားအောင်လုပ်ပေးတာ"

ဒါက စိတ်ပြေလက်ပျောက်ကို ဖြစ်မနေပါဘူးနော်! လင်ရှန်း စိတ်ထဲမှာသာ မကျေမချမ်းပြောနေတယ်။ ဒီလောက်ကောင်းတဲ့မိသားစုက ဒီလိုအရှုပ်ထုပ်အားလုံးကို သိနေတယ်ဆိုတော့ ပိုလို့တောင် စိတ်လှုပ်ရှားရတယ်။

"အင်းပါ မင်းဘယ်လောက်ပဲ စာကြိုးစားကြိုးစား အိပ်ရာကိုတော့ စောစောဝင်" လင်ယွမ်က သူ့လက်မောင်းကို အတင်းကာရောဆွဲပြီး ကွန်ပြူတာရှေ့က ဖယ်လိုက်တယ် "အခု ရေချိုးပြီး အိပ်ရာထဲမှာ လှဲနေတော့"

"ကျွန်တော် ခဏလောက်ပဲ ကြည့်မှာပါ" ကွန်ပြုတာscreenပေါ်မှာ ဖွင့်ထားတဲ့ documentကို လင်ရှန်း လှမ်းကြည့်လိုက်တယ်။

သူ ရူပဗေဒနမူနာအစံကို တစ်ဝက်လောက်ပဲ ပြီးသေးတယ်။ သူတို့က အချိန်တစ်လတည်းရတာကြောင့် အရမ်းကျပ်နေပြီ။ စက္ကန့်တိုင်းကို အာရုံစိုက်ထားဖို့လိုတယ်။

"ကလေးလိုလုပ်လည်း အသုံးမဝင်ဘူး" လင်ယွမ်က ကိုယ်တိုင်ကိုယ်ကျ သူ့ကိုအိပ်ခန်းထဲက သီးသန့်ရေချိုးခန်းထဲ တွန်းသွင်းလိုက်တယ်။ "အခု ရေချိုးလိုက် ပြီးရင် လိမ်လိမ်မာမာနဲ့ အိပ်တော့!"

"နောက်တစ်နာရီလောက်..."

"ဒါမှမဟုတ်" လင်ယွမ် ပြုံးလိုက်တယ် "မင်းက ကောကို ရေချိုးပေးစေချင်နေတာလား?"

သူပြောရင်းရဲ့ အကျီလက်ကိုတောင် လိပ်တင်နေပြီဖြစ်လို့ ကျန်းမာတဲ့အသားအရေပေါ်ထွက်လာတယ် "ဒီလိုဆိုမှ ကော မင်းကိုရေမချိုးပေးဖြစ်တာ နှစ်တွေတောင် တော်တော်ကြာပြီပဲ"

လင်ရှန်း "!!!"

လင်ရှန်း မျက်နှာကြီးနီရဲကာ တံခါးကို ချက်ချင်းပိတ်လိုက်တယ် "ကျွန်တော့်ဘာသာပဲ ချိုးတော့မယ်!"

ရေချိုးခန်းအပြင်ဘက်ကနေ ကျေနပ်နေတဲ့ရယ်သံတစ်ခုထွက်ပေါ်လာတယ်။ သူ ဖြည်းဖြည်းချင်း သိလာရတယ်။ အရင်အိမ်မှာတုန်းက သူတို့တွေက ရလဒ်ကို တန်ဖိုးထားကြတယ်။ မင်းရလိုက်တဲ့ အောင်မြင်မှုူရလဒ်ကိုဖြစ်တယ်။ သူ့အဖေအတွက်တော့ သူကအိမ်မှာဆို အစ်ကိုကြီးဖြစ်သူရဲ့ တစ်စိတ်တစ်ပိုင်းလောက်သာဖြစ်တယ်။ ဘာကြောင့်ဆို တစ်ဖက်လူက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အနာဂတ်က အကန့်အသတ်ရှိမှာမဟုတ်တာကြောင့်ဖြစ်တယ်။

သို့ပေမယ့် ဒီမှာတော့ သူတို့တွေက သူတို့မိသားစုဝင်တွေရဲ့ ခံစားချက်ကို ပိုပြီးအလေးထားတယ်။ သူတို့ပုံမှန်မှ စားရဲ့လား ကျန်းမာရဲ့လားဆိုတာကို ဂရုတစိုက်ရှိတယ်။ ဒါက ပိုပြီးတိုးတက်လာတာကို မလိုချင်သလိုပုံပေါက်ပေမယ့် လင်ရှန်းကတော့ နွေးထွေးတယ်လို့ ခံစားရတယ်။

လင်ရှန်း ပိတ်နေတဲ့တံခါးကို စိုက်ကြည့်နေမိတယ်။ ရံဖန်ရံခါ သူ့အစ်ကိုကြီးက ဒီလိုမျိုးအင်အားကြီးတဲ့ဘက်ကို ထုတ်ပြပေမယ့် ဒါက သူ့အစ်ကိုသူ့ကို ဂရုစိုက်တယ်ဆိုပြီး တကယ်ခံစားလို့ရတယ်။

လင်ရှန်းခန္ဓာကိုယ်က လုံး၀ပေါ့ပါးသွားတယ်။ ရေချိုးခန်းထဲကမှန်ရှေ့ကနေ ဖြတ်သွားချိန်မှာ သူ့မျက်နှာပေါ်က အပြုံးပါးပါးကိုတောင် မြင်လိုက်ရတယ်။

လင်ရှန်း တွန့်သွားတယ်။ သူမတတ်သာစွာ မှန်ထဲက သူ့ကိုယ်သူ စူးစိုက်ကြည့်မိတယ်။ လူငယ်လေးမှာ နှစ်လိုဖွယ်ကောင်းတဲ့မျက်ခုံးတွေနဲ့ အနည်းငယ်ပိန်ပါးပြီး ရှည်သွယ်တဲ့ခန္ဓာကိုယ်ရှိတယ်။ သူတောင် မသိလိုက်ချိန်မှာ သူ့မျက်ခုံးကြောတွေတောင် ပြေလျော့နေတယ်။

လတ်တလော သူအချိန်အများကြီး စာလေ့လာနေရပေမယ့် လူတစ်ကိုယ်လုံးက အလွန်ပေါ့ပါးပြီး သက်သောင့်သက်သာဖြစ်နေတယ်။

လင်ရှန်း အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်တယ်။ ဒီလိုပုံမျိုးက နည်းနည်းထူးဆန်းပေမယ့် မထင်ထားလောက်အောင်ကို နေလို့ကောင်းနေသလိုပဲ။

လင်ရှန်း ရေချိုးပြီး ထွက်လာချိန်မှာ လင်ယွမ်ထွက်သွားလောက်ပြီလို့ ထင်လိုက်တယ်။ ဒါဆို သူဆက်ပြီး... ဟီးဟီးဟီးဟီး

ရေချိုးခန်းတံခါးလေးဖွင့်ပြီး ထွက်လာရုံရှိသေးတယ် သူ့အစ်ကိုအသံကြီး ထွက်ပေါ်လာတယ်။ "ပြီးသွားတာလား? ဒီမှာ dryer မအိပ်ခင် ခေါင်းခြောက်အောင် လုပ်အုံး"

လင်ရှန်း "..."

သူ ကွန်ပြူတာနားက dryerဆီကို ဖြေးဖြေးချင်းလျှောက်လာတော့ သူ့အစ်ကိုကြီးက သူ့နေရာကို အကျအနဝင်ယူပြီး ကွန်ပြူတာရှေ့မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။ လင်ယွမ်က အိမ်နေရင်းအဝတ်အပျော့လေးနဲ့ သူ့ဘယ်ဘက်လက်က မေးကိုပျင်းရိပျင်းတွဲထောက်ထားပြီး ညာဘက်လက်က mouseကို ကိုင်ထားတယ်။ သူက ပေါ့ပေါ့ပါးပါးနဲ့ ဖွင့်ထားတဲ့documentကို ပြင်ပေးနေတာဖြစ်တယ်။ တစ်ခါတစ်ရံ ဘယ်လက်နဲ့ keyboardကို အကြိမ်အနည်းငယ် ရိုက်နှိပ်တတ်သေးတယ်။

လင်ရှန်းက သူ့အစ်ကိုကြီး အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့ နက်တိုင်အပြည့်အစုံဝတ်ထားတဲ့ အထက်တန်းကျကျပုံစံကို မြင်ဖူးပြီးသားဖြစ်တယ်။ အိပ်ခန်းထဲက အလင်းရောင်အောက်မှာ ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့ လင်ယွမ်ရဲ့မျက်နှာအသွင်အပြင်က သိမ်မွေ့နေသယောင်ဖြစ်နေတယ်။

ပြောကြတာတော့ အာရုံစူးစိုက်နေတဲ့အမျိုးသားတွေက ဆွဲဆောင်မှုအရှိဆုံးပဲတဲ့။ လင်ရှန်းလည်း မူလကမ္ဘာမှာ သူ့ရဲ့ဉာဏ်ကြီးရှင်အစ်ကိုကြီး အလုပ်ကြိုးစားကာ ရှာဖွေတဲ့နေရာမှာ အာရုံစူးစိုက်တာမျိုးကို အကြိမ်ပေါင်းများစွာ တွေ့ဖူးပေမယ့် ဘာဆိုဘာမှ မတွေးမိခဲ့ဘူး။

တစ်ဖက်မှာတော့ သူ့ရှေ့က ပျင်းရိပျင်းတွဲ သက်သောင့်သက်သာနဲ့ အနည်းငယ်ပြုံးချိုနေတဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။ တစ်ဖက်လူရဲ့ပုံစံလေးက တကယ့်ဆွဲဆောင်မှုတွေ ပေါက်ကွဲထွက်လာသလိုတောင် လင်ရှန်းခံစားမိတယ်!

ဘယ်နေရာကိုပဲသွားသွား လူအုပ်ရဲ့အာရုံစိုက်ခံရမှာ အသေအချာပဲ။ သူ့ရဲ့ညီတောင်မှ မနေနိုင်ဘဲ သူ့ကိုကြည့်နေမိတာလေ။

"ကော မနားသေးဘူးလား?"

လင်ရှန်း ကွန်ပြူတာကို လှည့်ကြည့်ရင်း ပြောလိုက်တယ် "ဒီအချိန်တောင်ဖြစ်..."

ရုတ်တရက် ဆွံ့အကုန်တယ်။ ကွန်ပြူတာscreenပေါ်မှာ ခုနက သူရွေးထုတ်ထားတဲ့ ရူပဗေဒပုစ္ဆာတွေရှိသေးတယ်။ သူအဲ့တာကို မပိတ်ဘဲ အလောတကြီးထလိုက်ရတာဖြစ်တယ်။

"ဘာလို့လဲ?" လင်ယွမ်က သဘောတကျ သူ့ကိုလှည့်ကြည့်ကာ မကြာခင် ကွန်ပြူတာဘက်ကို အာရုံပြန်စိုက်လိုက်တယ်။

Mouseက သူ့လက်ချောင်းတွေရဲ့လှုပ်ရှားမှုအတိုင်းလိုက်ကာ documentထဲက နမူနာမေးခွန်းတွေကို မတူညီတဲ့အမျိုးအစားအလိုက် ခွဲကာ နေရာချနေတယ်။

တစ်ခါတစ်ခါ လင်ယွမ်က webpageတစ်ခုကို တစ်ချက်လောက် ကြည့်တတ်တယ်။ လင်ရှန်း သေချာကြည့်လိုက်တော့ ဒါက အထက်တန်းကျောင်းရူပဗေဒဘာသာရပ်အတွက် သိထားရမယ့်အဓိကအချက်တွေဖြစ်နေတယ်။

နောက်ပြီး သူ့အစ်ကိုက အထက်ကျောင်းနဲ့ဝေးကွာခဲ့တာ နှစ်ပေါင်းများစွာကြာပြီးဖြစ်လို့ အထက်ကျောင်းစာနဲ့ပက်သက်ပြီး မေ့နေလောက်ပြီလို့တောင် ပြောရမယ်။

"ဆံပင်ကိုသာ မှုတ်နေ" လင်ယွမ်က screenကိုကြည့်နေဆဲဖြစ်ပေမယ့် လင်ရှန်းကို သတိပေးဖို့ မမေ့ဘူး "မအိပ်ခင် ဆံပင်ကို ခြောက်အောင်မှုတ်"

"ကော!" လင်ရှန်း dryerကို ချလိုက်တယ် "ကော ကျွန်တော့်အတွက် လုပ်ပေးဖို့မလိုပါဘူး ကျွန်တော့်ဘာသာ ဖြေးဖြေးချင်း လုပ်လိုက်လို့ရတယ်"

လာနောက်နေတာပဲ!

သူ့အစ်ကိုကြီးက စာအုပ်ထဲက သန်းနဲ့ချီပြီးဝင်ငွေရနေတဲ့သူတွေနဲ့ မယှဉ်နိုင်ဘူးဆိုပေမယ့် ထင်ရှားတဲ့နည်းပညာရှင်ဖြစ်တာကြောင့် သူ့အချိန်တွေက တန်ဖိုးရှိတယ်။ သူ့ကိုကူပြီး ရူပဗေဒနမူနာတွေ စုပေးတယ်ဆိုရင် အဲ့နမူနာမေးခွန်းတွေတောင် ငိုသွားလောက်တယ်လို့ လင်ရှန်း တွေးမိတယ်!

လင်ရှန်း mouseကိုယူဖို့ လက်လှမ်းလိုက်တယ်။ ထိတောင်မထိနိုင်သေးခင်မှာ လင်ယွမ်ကို mouseကိုကိုင်ပြီး မြှောက်လိုက်တယ် "လာရှုပ်မနေနဲ့!"

သူပြုံးကာ ပြောလာတယ် "ကောက ဘွဲ့ရပြီးတာ နှစ်တွေအများကြီးရှိနေပြီဆိုပေမယ့် အဓိကအချက်တွေကိုကြည့်ပြီး ဒီလိုသိရမယ့်အချက်လေးတွေကိုတော့ ပြန်တွေးနိုင်ပါသေးတယ်၊ စိတ်မပူနဲ့" သူ့ခေါင်းသူ လက်ညှိုးလေးထိုးကာ "ကောရဲ့ဒီနေရာက အရမ်းအသုံးဝင်တာ"

လင်ရှန်းက ဘယ်လိုလုပ်စိတ်ပူတယ် ဖြစ်ရမှာလဲ?! သူ ရှက်နေတာသာဖြစ်တယ် "မြန်မြန်လုပ် ဆံပင်ကိုခြောက်အောင်လုပ်ပြီး အိပ်တော့၊ မင်းက ဖွံ့ဖြိုးဆဲအရွယ်ပဲရှိသေးတယ်.. ဒီလောက်စာတွေအရမ်းကြိုးစားနေတော့ အိပ်ရေးမ၀ဘဲနေလိမ့်မယ်" လင်ယွမ် နှုတ်ခမ်းထောင့်စွန်းတွေ ကွေးသွားပြီး ခပ်နောက်နောက်ရယ်မောလိုက်တယ် "မစိုးရိမ်နဲ့ ကောက သုံးစားမရတဲ့သူမှမဟုတ်ဘဲ... မင်းရဲ့ကျောင်းမြက်လေးကို မဆုံးရှုံးစေရဘူး"

လင်ရှန်း "..."

"ကျွန်တော်တကယ် မော့ကျူးချန်နဲ့ ဘာမှမဆိုင်ပါဘူးဆိုနေမှဗျာ..." သူ ငြီးတွားလိုက်တယ်။ "အဲ့တာ အတန်းဖော်တွေက နားလည်မှုလွဲနေကြတာ"

"ကောသိပါတယ်" လင်ယွမ် ရယ်သာရယ်နေတယ် "ဒီတိုင်း နောက်တာ"

လင်ရှန်းနဲ့ စကားပြောနေပေမယ့် လက်တွေကတော့ လုပ်စရာရှိတာ ဆက်လုပ်နေတယ် "ကောလုပ်ပေးတာကို စိတ်ပူလို့မဟုတ်ဘူး၊ ကျွန်တော်အိပ်ပျော်သွားရင် အခွင့်ကောင်းယူပြီး နောက်ကျတဲ့အထိ နေမလို့မဟုတ်လား?"

လင်ယွမ့်လက်ချောင်းသွယ်သွယ်တွေက keyboardပေါ်မှာ ပေါ့ပါးစွာခုန်ပေါက်နေတယ် "မင်း ခေါင်းခြောက်သွားတဲ့အချိန်ဆို ကောဘက်မှာလည်း ပြီးနေလောက်ပြီ၊ ဒီလိုဆို ကော စိတ်ချလက်ချရှိသွားတာပေါ့"

ထိုညမှာ လင်ယွမ်က သူ့ကိုတကယ် ရူပဗေဒပုစ္ဆာတွေ ရွေးထုတ်ပေးခဲ့တယ်။ သူက ဉာဏ်ကောင်းသူဖြစ်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲအစတုန်းကလည်း မြို့တော်ရဲ့သိပ္ပံတွဲချန်ပီယံဖြစ်ခဲ့တာကြောင့် သူ့ရဲ့အခြေခံဗဟုသုတက အတော်လေးစိတ်ချရတယ်။

လင်ရှန်း ဆံပင်ကို ခြောက်သွားတဲ့အထိ လေမှုတ်ပြီးတဲ့နောက် လင်ယွမ်ကလည်း documentကိုပိတ်ကာ မိတ္တူဆွဲထားတဲ့နမူနာပုစ္ဆာအစုံလိုက်ကို စာအုပ်တစ်အုပ်လိုလုပ်ပြီး သူ့ကို ကမ်းပေးလာတယ်။

"ဟုတ်ပြီး အခု မင်းကောင်းကောင်း အိပ်လို့ရပြီမှတ်လား?"

"ကျေးဇူးတင်ပါတယ် ကော" လင်ရှန်း တိုးတိုးလေးပြောလိုက်တယ်။

ထိုညမှာ လင်ရှန်း အိမ်မက်တစ်ခုမက်ပြန်တယ်။ ယန်ရှို့က ငိုနေတဲ့သူ့ကို ညင်ညင်သာသာလေး ပုခုံးပုတ်ပေးနေတယ်။ ခဏအကြာမှာ လင်ယွမ်ဖြစ်သွားပြီး စာမေးပွဲမှာ ကျရှုံးစေခဲ့တဲ့ မေးခွန်းအမှားတွေကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးနေခဲ့တယ်။

...

တစ်ညလုံး လင်ရှန်း ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။ မနက်နိုးလာချိန်မှာ တွေဝေမိန်းမောနေပြီး အိမ်မက်လား တကယ့်လက်တွေ့လားဆိုတာကို မခွဲခြားနိုင်သလိုတောင် ဖြစ်နေတယ်။

သူ့မျက်နှာကို ပွတ်သပ်ပြီး အိပ်ရာကထကာ သန့်ရှင်းရေးလုပ်လိုက်တယ်။ ဒီနေ့ မော့ကျူးချန်ကို ရူပဗေဒနမူနာတွေ ပေးရမယ်... မော့ကျူးချန်?!

Oops! ရုတ်တရက် မော့ကျူးချန်က သူ့ကိုမနက်စာလုပ်လာပေးဖို့ ပြောထားတာကို လင်ရှန်း မှတ်မိသွားတယ်။

ကိုယ်တိုင်လုပ်မှရမယ်! မနေ့ည အိမ်ကိုပြန်ရောက်တုန်းက အဲ့အကြောင်း မှတ်မိနေသေးပေမယ့် လင်ယွမ်ကြောင့် လုံးလုံးမေ့သွားခဲ့တာ။

ဒါပေမယ့် အရေးပေါ်အနေအထားတော့မဟုတ်ဘူး! လင်ရှန်း မြန်မြန်ဆန်ဆန် ပလုတ်ကျင်းကာ အောက်ထပ်ကို ပျံတော့မလို ဆင်းချသွားတယ်။ သူ့ရဲ့ချက်ပြုတ်စွမ်းရည်က အရမ်းကိုစုတ်ပြတ်သပ်နေပြီး အရည်အချင်းကလည်း မရှိဘူး။ မနေ့တုန်းက မော့ကျူးချန်အတွက် ဘာလုပ်ပေးရမလဲဆိုတာကို သူတွေးထားပြီးသားဖြစ်တယ်။

ရှင်းဆန်းကျောင်းရဲ့ စီနီယာFတန်းမှာတော့ မော့ကျူးချန်တစ်ယောက် အေးတိအေးစက်မျက်နှာနဲ့ ရှိနေတုန်းပဲ။ သူ့ဆီက ထွက်လာတဲ့အေးစက်တဲ့အငွေ့အသက်တွေက လူတွေသူ့နားမကပ်သွားသင့်သလို ခံစားရစေတယ်။

ထူးကဲတဲ့မျက်နှာက 'ငါ့ကိုလာမရှုပ်နဲ့ မဟုတ်ရင် ရိုက်ပစ်မှာ'လို့ ပြောနေသယောင်! သေချာတာပေါ့ Fတန်းက အတန်းဖော်တွေကလည်း သူ့ကိုရန်သွားမစရဲဘူး။ သူတို့အားလုံး ထိုင်ခုံကို ခြေလေးဖွပြီးလျှောက်သွားကာ ဂရုတစိုက်နဲ့ ထိုင်နေကြရတယ်။

သူ့ဘေးကတောက်ရန်နဲ့ ရှုချန်းတောင်မှ ဒီနေ့အသံတိတ်နေကြတယ်။

Fတန်းတစ်ခန်းလုံး အရမ်းကိုတိတ်ဆိတ်နေတာကြောင့် အပ်ကျသံကိုတောင် ကြားနိုင်တယ်။ ထိုအချိန်ထိပေါ့...

နောက်ဆုံးတော့ အတန်းရှေ့တံခါးဆီကနေ လင်ရှန်းရဲ့အလောတကြီးခြေသံတွေ ထွက်ပေါ်လာတယ်။ အသက်တစ်ချက်ရှုသွင်းရင်း လွယ်အိတ်ကိုချကာ မော့ကျူးချန်ဆီ အမြန်လျှောက်သွားလိုက်တယ်။

"Sorry sorry!" သူပြောလိုက်တယ် "ငါ နောက်ကျသွားလို့!"

"အဲ့တာ..." လင်ရှန်းက သူယူလာတဲ့မနက်စာကို ချက်ချင်းမထုတ်ပေးသေးဘူး "ငါ့ရဲ့အချက်အပြုတ်စကေးကြီးက တကယ်ဆိုးတာ၊ အဲ့တာကြောင့်မို့လို့... ဒါကို မင်းမကြိုက်ဘူးမလုပ်နဲ့နော်!"

ပြောနေရင်း လွယ်အိတ်ကို ဖွင့်လိုက်တယ်။

"စုတျန်းတျန်းအတွက်ရော မနက်စာယူလာသေးတာလား?" မော့ကျူးချန် မေးလိုက်တယ်။

"စုတျန်းတျန်း?" လင်ရှန်း အံ့ဩသွားတယ် "မယူလာပါဘူး" သူပြောပြလိုက်တယ် "သူက ငါ့ကို မယူလာခဲ့နဲ့တဲ့"

ရေခဲတုံးကျောင်းမြက်ကြီးရဲ့အမူအယာက အနည်းငယ်ပျော့ပြောင်းသွားတယ်။ မော့ကျူးချန် မျက်ခုံးတွေပင့်ပြီး အသာပြောလိုက်တယ် "အော် မင်းချက်တာကောင်းမယ်လို့လည်း ငါမမျှော်လင့်ထားပါဘူး" သူ ခပ်ဟဟရယ်ပြီးမှ ပြောလိုက်တယ် "ချက်ပြုတ်တာနဲ့ တရင်းတနှီးဖြစ်နေတာလည်း မကောင်းပါဘူး"

"ဒီဟာတွေက ကျက်နေပြီ!" လင်ရှန်း ခေါင်းကို ထပ်တလဲလဲငြိတ်ကာ ပြောလိုက်တယ် "အိမ်က အန်တီကြီးကိုတောင် တကူးတကမေးထားတာ၊ သူကပြောတယ် ကျက်ပြီတဲ့"

ပြောရင်းနဲ့ လွယ်အိတ်ထဲက စက္ကူအိတ်လေးတစ်ခုကို ထုတ်လိုက်တယ်။

"ကတိနော်" လင်ရှန်း စက္ကူအိတ်ကိုဖွင့်ကာ ကြက်ဥပြုတ်တလုံးထုတ်ပြီး မော့ကျူးချန်ရှေ့ချပေးလိုက်တယ် "မင်း... မင်းမကြိုက်ဘူး မပြောနဲ့နော်!"

တောက်ရန် "..."

ရှုချန်း "..."

သူတို့ကို တိတ်တိတ်လေးကြည့်နေကြတဲ့ Fတန်းမှာ အတန်းဖော်များ "..."

မော့ကျူးချန် "..."

"ဒါပဲလား?" သူ အသက်ကို တစ်ချက်ပြင်းပြင်းရှုသွင်းကာ အံကိုကြိတ်ထားရတယ်။

"ဟမ်?" လင်ရှန်း ကြောင်အသွားတယ်။ ခဏလောက် တွေးပြီးမှ အိတ်ထဲက ကြက်ဥပြုတ်တစ်လုံး ထပ်ထုတ်လိုက်တယ် "ရှိသေးတယ်"

စကားလေးတပြောပြောနဲ့ လင်ရှန်း နောက်အလုံးတွေ တလုံးပြီးတလုံး ထုတ်လိုက်တော့တယ်။

သိပ်ကောင်းတယ်!

မော့ကျူးချန် အသက်ပြင်းပြင်းတစ်ချက်ရှုကာ၊

သူ မနက်စာ မစားချင်တော့ဘူး!

သူစားချင်နေတာက...

_____


Thanks 🌹

Continue Reading

You'll Also Like

309K 6.7K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
324K 8K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
434K 10.4K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...