True love {Completed}

By Thandar02

85.1K 7.2K 551

Unicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနို... More

Episode 1
Episode 2
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29 {FINAL}

Episode 3

2.6K 253 3
By Thandar02

Unicode;
ညနေ သုံးနာရီတွင် ကျွန်တော် အိပ်ယာနိုးလာသည် နိုးနိုးချင်း ခေါင်းထဲဝင်လာတဲ့အတွေးသည် Koo ပြန်သွားပီလားတဲ့လေ ကိုယ့်ကိုကိုယ် နဲနဲတော့ ရယ်ချင်သား အချိန်ပြည့် ကျွန်တော့်ဦးနှောက်ထဲ ကျွန်တော့်နှလုံးသားထဲတွင် Koo ဟာလွှမ်းမိုးနိုင်လွန်းသည် အတွေးတွေကို လတ်စသတ်၍ အကြောဆန့်ပီးပီးချင်း စိတ်ကြည်လင်သွားအောင် ရေချိုးခန်းထဲဝင်၍ မျက်နှာသစ်လိုက်သည် ထို့နောက် အခန်းပြင်ထွက်လာ၍ အိမ်အောက်ထပ်ဆင်းရင်း Koo များ ရှိနေမလားလို့ နေရာအနှံ့လိုက်ရှာကြည့်မိသည်

Seokjin-Koo ပြန်သွားပီလား နှုတ်တောင်မဆက်သွားဘူး

ထို့နောက် Koo ဆီဖုန်းဆက်မိသည်....

"တူ တူ....တူ"

Kook-Hello ကိုကိုပြော ဘာကိစ္စရှိလို့လဲ

Koo ရယ် ကိုကိုက ကိစ္စရှိမှ ဖုန်းဆက်ရမှာတဲ့လား ကိုကိုတို့နှစ်ယောက်က အဲ့လိုဆက်ဆံရေးပဲ ရှိတော့တာလား မျက်ရည်တွေဝိုင်းလာ​သော မျက်ဝန်းတွေကို လျစ်လျူရူရင်း....

Seokjin-ကိစ္စတော့ မရှိပါဘူး Koo ပြန်သွားတာ ကိုကို့ကိုမပြောသွားလို့ ဖုန်းဆက်မေးကြည့်တာ

Kook-ဟုတ်တယ် ကိုကိုအိပ်နေလို့ ကိုကို့ကို မပြောသွားတာ ဆေးရုံက အရေးပေါ်လူနာ ရောက်လာလို့ အဲ့ဒါ​ကြောင့် အခုဆေးရုံရောက်နေတာ (ကိုကိုရေ ဒီမှာကြည့်ပါဦး ဒီဖိနပ် ဂျီယွန်းနဲ့လိုက်လား ကြည့်ဦးဆို လိုက်လားလို့)

ဟင် Koo က ဖိနပ်ရောင်းတဲ့ ဆေးရုံကို ရောက်နေတာလား Koo ရယ် အရေးပေါ်လူနာဆိုတဲ့ဆင်ခြေက ရိုးနေပီလေကွာ နောက်တစ်ခါကျရင် ဆင်ခြေနောက်တစ်ခုပေးပါလား ဘာဆင်ခြေဖြစ်ဖြစ် ကိုကို မျက်စိမှိတ် ယုံပေးမှာမလို့ ယုတ္တိမရှိလဲ ကိုကို အကြွင်းမဲ့ ယုံပေးလိုက်မှာ

Seokjin-Aww အင်ပါ အရေးပေါ်လူနာကို သေချာဂရုစိုက်ပေးလိုက်ပါဦး တော်ကြာ သေသွားမှာစိုးလို့လေ

နှုတ်ဖျားကသာ အရွဲ့အစောင်းတွေ ပြောနေတာပါ ရင်ထဲမှာတော့ ဒဏ်ရာတွေ ဗလပွနဲ့ ရစရာမရှိလောက်အောင် စုတ်ပြတ်နေတာ ဒါတွေ Koo ဘယ်သိပါ့မလဲ... Koo ကတော့ ကျွန်တော်ပြောတာကို အကောင်းပြောနေတယ်လို့ထင်နေမှာ

Kook-သိပါတယ် ကိုကိုရဲ့ မောင်လုပ်နေကျ အလုပ်ပဲလေ

Koo လွန်ခဲ့တဲ့ သုံးလကတည်းက အဲ့အလုပ်စလုပ်တာ ကိုကိုသိတာပေါ့

Seokjin-ဒါဆို ဒါပဲနော် ချစ်တယ် Koo

Kook-ဒါပဲလေ ဖုန်းချလိုက်တော့မယ်

Koo ရယ် ချစ်တယ်လို့တောင် ပြန်မပြောနိုင်တော့ဘူးလား ဘာလဲ...အရင်တုန်းက တစ်နေကုန် ပြောခဲ့ရတော့ မောသွားလို့ မပြောချင်တော့တာလား ဒါမှမဟုတ် ကိုကို့ကို ပြောတာရိုးသွားလို့ အသစ်အဆန်းလေးဖြစ်အောင် မင်းကောင်မလေးကိုပဲ ပြောနေတာလား....

အစက ဘာရယ်မဟုတ် လွမ်းလို့ဖုန်းဆက်လိုက်ပေမဲ့ အခုတော့ မဆက်မိရင်တောင် ကောင်းသား.... ညနေစာတောင် စားချင်စိတ်မရှိတော့....အိပ်လိုက်ရင် စိတ်သက်သာသွားမလားဆိုပီး အပေါ်ထပ်သို့တက်သွားပီး ခြောက်ကပ်နေသောအိပ်ခန်းလေးဆီသို့....ခုနကပဲ နိုးလာတယ် အခုပဲ ပြန်အိပ်ပျော်ရအောင် ကျွန်တော်က ကာလနဂါးမှ မဟုတ်တာ.... သို့သော် မျက်ရည်လေးတွေက လာရောက်ချော့သိပ်နေတော့ ကျွန်တော့်မျက်လုံးတွေ မခံနိုင်တော့ဘဲ အိပ်စက်ခြင်းဆီသို့.....

------------------
မနက် ၇နာရီ.....

မနေ့ညနေကတည်းက အိပ်လိုက်တာ မနက်မှနိုးတယ်တဲ့လား အအိပ်မမက်တဲ့ကျွန်တော်တောင် အဲ့လောက်ထိအိပ်နိုင်အောင် မျက်ရည်တွေက စွမ်း​ဆောင်နိုင်သည် ဘယ်လိုဖြစ်ဖြစ် မျက်ရည်လေးတွေကို ကျေးဇူးတင်မိသည် အိပ်နေတဲ့အချိန်လေးတော့ ကျွန်တော်ဟာ ဘာမှမသိ ဘာမှမချစ်တတ်တဲ့ ခလေးလေးသဖွယ် ဖြစ်နေတော့ အဲ့အချိန်ခဏလေးတော့ စိတ်ချမ်းသာမိသည်....

အိပ်ယာမှထ၍ ရေမိုးချိုး ပြင်ဆင်ပီး အိမ်အောက်ထပ်သို့ ဆင်းလာ၍ မီးဖိုချောင်ထဲဝင်လိုက်သည် Breakfast အဖြစ် သောက်နေကျ ကော်ဖီခါးခါးဖျော်ရန် ကော်ဖီခွက်ယူလိုက်စဉ် ခေါင်းထဲ စကားသံလေးတချို့ ပဲ့တင်ထပ်စွာ ကြားနေရသည်

"​မောင်က ကိုကို ကော်ဖီအခါးသောက်​နေတယ်ထင်လို့ စိတ်ပူသွားတာ ဘယ်တော့မှမသောက်နဲ့နော် နှလုံးအတွက် မကောင်းဘူး ကိုကိုရဲ့"

ကျွန်တော်ပြုံးနေမိသည် Koo ရဲ့စကားသံလေးက ပျားသကာလို ချိုမြိန်လွန်းသည် တစ်ယောက်ယောက်သာ ကျွန်တော်ကိုမြင်ရင် ဆေး​တောင်မမှီ​တော့တဲ့အရူးလို့ ပြောကြလိမ့်မယ်ဆိုတာ မလွဲဧကန်ပါပဲ

Seokjin-ဟုတ်သားပဲ Koo က မသောက်ရဘူးပြောထားတယ်လေ Koo သာသိရင် စိတ်ဆိုးနေတော့မှာပဲ

အခုတော့ ကော်ဖီခါးခါးအစား နွားနို့တစ်ခွက်သာ သောက်လိုက်သည် နွားနို့က ဒီနေ့မှ ပိုချိုနေသလိုလို.... ကုန်အောင်သောက်ပီး ဆေးကြောလိုက်သည် ထို့နောက် ကျွန်တော်အလုပ်လုပ်နေတဲ့ ကော်ဖီဆိုင်ဆီသို့.....

------------------------------

ကျွန်တော် ဆိုင်မှန်တံခါးကို တွန်းဖွင့်တော့ အပေါ်မှာချိတ်ထားသည့် ဆည်းလည်းသံတွေက ကလောင် ကလောင်နဲ့ ကျွန်တော့်ကိုကြိုဆိုနေသည် ဒီနေ့မှ ဆည်းလည်းသံက ပိုသာယာနေသလိုလို.....Koo ရေ မင်းရဲ့စကားတစ်ခွန်းက ကိုကို့အပေါ် အဲ့လောက်ထိ သက်ရောက်မှုရှိတယ်ဆိုတာ မင်းသိလား.....

ကျွန်တော့်ကို ကြိုဆိုနေတာ ဆည်းလည်းသံတစ်မျိုးတည်း မဟုတ် ကျွန်တော့်ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းလေး Mi Yoongi.....

Yoongi-ဟျောင့် မြန်မြန်လာ

ကျွန်တော့်သူငယ်ချင်းက စကားကို အဲ့လို အရမ်းချိုသာ​အောင် ပြောတတ်တာ ဟန်လဲမဆောင်တတ် စကားကို သွယ်ဝိုက်ပီးလဲမပြောတတ် တည့်ပဲပြောတတ်သည် အဆိုးဆုံးက​တော့ ချေတတ်တာပဲ သူနဲ့ယူမဲ့သူအတွက် မတွေးရဲစရာ သူချေလွန်းလို့ ပြားနေမှာ အသေအချာပင်.....

သူ့ဆီသို့ လျှောက်သွားရင်း.....

Seokjin-အေးပါကွာ မင်းကလည်း ဖြည်းဖြည်းသက်သာ ခေါ်လဲ ငါ လာမှာပါ
ငါ ဘယ်မှ မထွက်ပြေးပါဘူး

Yoongi-လာပါကွာ $စကားကိုများတယ် မနေ့က မင်းတစ်ရက်လေး ခွင့်ယူတာ ဒီမှာ အလုပ်တွေပုံနေပီ လာရှင်းဦး

တွေ့လား တွေ့လား ကော်ဖီဆိုင်သာ ဖွင့်ထားတာ ဘာမှမသိ ဘာမှမလုပ်ချင်ဘူး သူသိတာဆိုလို့ အိပ်ဖို့နဲ့ ချေဖို့ အဲ့နှစ်ခုပဲရှိတယ် ဒါနဲ့များ ​ကော်ဖီဆိုင်ဖွင့်ထားသေးတယ် ကျွန်တော်ကူညီနေလို့ပေါ့ ကျွန်တော်သာ မကူညီရင် လမ်းဘေးမှာ ခွက်တစ်လုံးနဲ့ တောင်းစားနေရပီ....သူသာသိရင် အဆဲပေါင်းစုံနဲ့ ကျွန်တော့်ကိုဖိသတ်နေလောက်ပီ....

Seokjin-ပေး ပေး ငါကြည့်လိုက်မယ် ဒါနဲ့ ငါသာ မင်းဆိုင်မှာ လာမလုပ်ရင် မင်း ဘယ်လိုလုပ်မှာလဲ

Yoongi-မင်းလာမလုပ်လို့လဲမရပါဘူး မရရအောင် ခေါ်လာပီး ကောင်တာမှာ ကြိုးနဲ့တုပ်ထားမှာ

Seokjin-ဟား ဟား.....ကြောက်စရာကြီးပါလားကွာ

Yoongi-မင်းမယုံရင် မင်းအခုပြန်သွားကြည့်လေ ငါတကယ်လုပ်လား မလုပ်လားသိချင်ရင်...မင်း ငါ့အကြောင်းသိပါတယ်

Seokjin-အေးပါကွာ ငါယုံပါတယ်

ဒီလိုနဲ့ ကျွန်တော်လဲ သူပေးတဲ့ စာရင်းတွေကိုယူပီး ကောင်တာမှာ ထိုင်စစ်နေလိုက်သည် သူကတော့ ကျွန်တော့်ရှေ့မှာ မယောင်မလည်နဲ့ မတ်တပ်ရပ်​နေတုန်း....တော်တော်ကြာနေပီဖြစ်သောကြောင့် မတ်တပ်ရပ်ပီး အိပ်ပျော်နေတာလားဆိုပီး သူ့ကို မော့ကြည့်လိုက်သည်....

Seokjin-ဟျောင့် ဘာရပ်လုပ်နေတာလဲ

Yoongi-လန့်လိုက်တာကွာ မင်းကလဲ...

Seokjin-မင်းက ဘာတွေ​တွေး​နေလို့ လန့်သွားရတာလဲ

Yoongi-ဒီနေ့ညနေ ငါတို့ဆိုင်ကို ဘိုကင်ချိတ်ထားတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ် ကျောင်းသားတွေ့ဆုံပွဲဆိုလား ဘာဆိုလားပဲ... မင်းမလာခင်က ငါ့ဆီဖုန်းဆက်ထားတာ အဲ့ဒါကွာ သူတ်ို့လာမှာက အယောက် နှစ်ဆယ်နီးပါးရှိတယ်တဲ့ ခုံအခင်းအကျင်းလေးများ ပြောင်းလိုက်ရင်ကောင်းမလားလို့ စဉ်းစားနေတာ

Seokjin-ကြားသားမိုးကြိုး Min Yoongi က အလုပ်အကြောင်းတွေ ဘာတွေစဉ်းစားနေလို့ပါလား ဟား ဟား....

Yoongi-ဟျောင့် ရယ်မနေနဲ့ နဲနဲစဉ်းစားပေးဦး...

Seokjin-အေပါအေပါ မရယ်တော့ပါဘူး... ပြောင်းစရာမလိုပါဘူးကွာ တွေ့ဆုံပွဲဆိုပေမဲ့ လူစေ့ စကားလိုက်ပြောနေမှာမှမဟုတ်ဘူး သူတို့ရင်းနှီးတဲ့လူ​တွေစုပီး တစ်ဝိုင်းစီထိုင်လိုက်မယ် ဘာမှစိတ်မပူ​နေနဲ့

Yoongi-မင်းပြောတာလဲ ဟုတ်သားပဲ ဒါဆိုလဲ ဒီအတိုင်းလေးပဲကောင်းပါတယ်.... ဒါနဲ့ မင်းရဲ့ Koo ဆိုလား Goo ဆိုလား အဲ့တစ်ယောက်နဲ့ရော အဆင်ပြေလား

Seokjin-ဟျောင့် Koo ပါကွာ မင်းပြောလိုက်ရင် အမြဲ $တလွဲ

Yoongi-အေ ဟုတ်တယ် Koo... သူနဲ့အခြေအနေ ဘယ်လိုရှိလဲ လက်မထပ်သေးဘူးလား

Yoongi သည် ကျွန်တော်နှင့် Koo ရဲ့အကြောင်းကို ခရေစေ့တွင်းကျ အကုန်သိသည်...အခု သူမေးနေပီ ကိုကို ဘယ်လိုပြန်ဖြေရမလဲ Koo ရယ်... လက်မထပ်သေးဘူးလားတဲ့ လက်ထပ်မှာပါ Koo နဲ့တခြားမိန်းကလေးနဲ့....

Seokjin-ဒီလိုပါပဲကွာ

Yoongi-ဟင် မင်းအဖြေကလဲ အားမရလိုက်တာကွာ...ငါ မှတ်မိသေးတယ်သိလား ငါတို့ တက္ကသိုလ်တက်တော့ အဲ့​ကောင် မင်းနောက် အသေလိုက်တာလေ ဟား ဟား....ငါတောင် တွေးမိသေးတယ် ဒီကောင်ရူးနေတာလားလို့လေ ဟား...အဲ့တုန်းက သူ အထက်တန်းကျောင်းသားပဲရှိသေးတယ်မလား....မင်း သူ့ကို ဒီလောက်ငြင်းနေတာတောင် အဲ့ကောင် ဇွဲမလျော့ဘူးနော် တော်တော်မလွယ်တဲ့ကောင်....မင်း ငါနဲ့ပေါင်းတာတောင် အဲ့ကောင် သိပ်သဘောမကျဘူးထင်တယ်....ပြောမဲ့သာပြောတာ အဲ့ကောင် မင်းကိုတော်တော်ချစ်တာနော်.... နော် ဟျောင့်....

Koo ရေ အရင်တုန်းက မင်း ကိုကို့ဆီက အဖြေရဖို့ ဘယ်လောက်ကြိုးစားခဲ့လဲ မင်း ကိုကို့ကို ဘယ်လောက်ချစ်လဲဆိုတာ ဘေးလူ​တောင် သိတယ်
Koo ရယ်.... အဲ့တုန်းက မင်းရဲ့အချစ်တွေ အခု ဘယ်ရောက်ကုန်တာလဲ... အချစ်က ရိုးသွားတတ်တာလား ပြောင်းလဲလွယ်တာလား ကိုကိုလဲ နားမလည်တော့ဘူး...

Seokjin-မင်း မှတ်မိသေးတယ်ပေါ့

Yoongi-တော်ရုံဆို ငါမမှတ်မိနိုင်ဘူး ငါ့ကိုယ်ငါ သိတယ် ဒါပေမဲ့ အဲ့ကောင်ရဲ့ပုံစံက တော်တော်လေးဖြစ်ပျက်နေလို့ ငါမှတ်မိနိုင်တာ..

ကျွန်တော်လဲ သူပြောမှ အရင်တုန်းက အကြောင်းတွေ ခေါင်းထဲ ပြန်,ပြန်ပေါ်လာသည် Koo မင်းသိပ်ချစ်တတ်ခဲ့တယ်....ကျွန်တော်လဲ Yoongi ကို ခေါင်းစဉ်တပ်လို့မရတဲ့အပြုံးနဲ့ ပြုံးပြလိုက်သည်.....

***************************************
Thanks you❤

Zawgi;



"တူ တူ....တူ"














------------------
မနက် ၇နာရီ.....







------------------------------













Jin-အေးပါကွာ ငါယုံပါတယ်





Yoongi-ဒီနေ့ညနေ ငါတို့ဆိုင်ကို ဘိုကင်ချိတ်ထားတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ် ကျောင်းသားတွေ့ဆုံပွဲဆိုလား ဘာဆိုလားပဲ... မင်းမလာခင်က ငါ့ဆီဖုန်းဆက်ထားတာ အဲ့ဒါကွာ သူတို့်လာမှာက အယောက် နှစ်ဆယ်နီးပါးရှိတယ်တဲ့ ခုံအခင်းအကျင်းလေးများ ပြောင်းလိုက်ရင်ကောင်းမလားလို့ စဉ်းစားနေတာ








Seokjin-ဒီလိုပါပဲကွာ






***************************************
Thanks you❤

Continue Reading

You'll Also Like

33.6K 4.8K 19
စိတ်ဒဏ်ရာကို ဖုံးကွယ်ပြီး ဘယ်သူနဲ့မှ ဖလဲ တကင်းမနေတဲ့ အားကစားတက္ကသိုလ်က ကောင်လေးJeon JungKook နဲ့ နှလုံးအားနည်းရောဂါကို ဖုံးကွယ်ပြီး အားကစားတက္ကသိုလ်က...
9.3K 1K 12
မင်းသားလေးရဲ့ စနှိုးဝှိုက်က အသားဖွေးဖွေး နူးနူးညံ့ညံ ကုကုရဲ့ စနှိုးဝှိုက်က နှုတ်ခမ်းဖူးဖူး ဂျစ်တူးတူး မင်းသားလေးရဲ့ စနှိုးဝှိုက်က အသားဖွေးဖွေး နူးနူ...
81.8K 2.5K 10
jikook only အမှောင်🔞🔞 ❗Warning ❗ ❌အသက်မပြည့်သူများ မဖတ်သင့်ပါ❌ jikook only အေမွာင္ Warning အသက္မျပည့္သူမ်ား မဖတ္သင့္ပါ
43.1K 6.5K 44
A wish I want to be... Jeon Jungkook x Kim Seokjin