Adventure of Demon Lord [ VIL...
By Boss_want_to_eat_you
144K 17.3K 472
#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖိ... More
Prologue
Arc_1 [Doctor France] (ဒေါက်တာဖရန့်စ်)
Arc_1.1
Arc_1.2
Arc_1.3
Arc_1.4
Arc_1.5
Arc_1.6
Arc_1.7
Arc_1.8
Arc_1.9
Arc_1.10
Arc_1.11
Arc_1 [The End]
Arc_2 [Dear Best Friend, Can you die for me?] (ဂျိုးဆက်ဖ်)
Arc_2.1
Arc_2.2
Arc_2.3
Arc_2.4
Arc_2.5
Arc_2.6
New Fiction
Arc_2.7
Arc_2.8
Arc_2.9
Arc_2.10
Arc_2.11
Arc_2.12
Arc_2.13
Arc_2 [The End]
Arc_3 [ Seriel Killer & His target!] (ကွင်းဆက်လူသတ်သမားရိုလန်တိုင်ဒါ)
Arc_3.1
Arc_3.2
Arc_3.3
Arc_3.4
Arc_3.5
Arc_3.6
Arc_3.8
Arc_3.9
Arc_3.10
Arc_3.11
Arc_3.12
Arc_3.13
Arc_3.14
Arc_3.15
Arc_3.16
Arc_3 [The End]
About Role!
Arc_3(Extra)
Arc_4[The Cursed Emperor](ဧကရာဇ်ဂျယ်ဟွမ်)
Arc_3.7
1.4K 217 7
By Boss_want_to_eat_you
ရိုလန်ကတော့ စာသင်ခန်းအတွင်းမှာ ထိုင်နေရင်း စိတ်ထဲကနေပြုံးနေမိသည်။ ပြီးတော့ မနေ့ညကလည်း ရိုလန်တိုင်ဒါ့ကိုလူသတ်ဖို့ရန်ခိုင်းစေသော အမည်မသိလူထံမှလည်း 'ဂုဏ်ပြုကြောင်းနှင့် နောက်နှစ်ရက်အကြာတွင် ထပ်မံဆက်သွယ်မည်ဖြစ်ကြောင်း'စသည့် mailတစ်စောင်ကို ရိုလန့်ဆီပို့ခဲ့သေးသည်။ ဒါ့အပြင် ဒီနေ့မှာ မျက်နှာချင်းဆိုင်တွေ့ရမည့်ဧည့်သည်တော်ကြီးတစ်ယောက်ကြောင့် ရိုလန်ဘယ်လိုအကွက်ချရင်ကောင်းမလဲဆိုတဲ့အကြောင်းကို စဥ်းစားနေမိသည်။
စီဗယ်ကတော့ ပုံမှန်လိုပါပဲ၊ ရိုလန့်ကို ခိုးခိုးကြည့်နေရင်းဖြင့် သူမ၏စာသင်ချိန်တွေကို ကုန်ဆုံးသည်။ သူမလုပ်ရပ်တွေကို ရိုလန်ကတော့ မသိချင်ယောင်ဆောင်နေရင်းနှင့်ပင် ကုန်ဆုံးသည်။
ရိုလန့်အပေါ်မှာ ထားရှိတဲ့ သူမရဲ့မေတ္တာကို တုံ့ပြန်ဖို့ရန်အတွက် သူ့မှာအစီအစဥ်မရှိပေ။ မူလရိုလန်ရဲ့ဆန္ဒကလည်း စီဗယ်ပြန်ချစ်လာဖို့ရန်သာဖြစ်ပြီး သူတို့နှစ်ယောက်အတူပေါင်းဖက်ရပါစေဟု ဆုတောင်းခဲ့တာမဟုတ်တာကြောင့် ရိုလန်အနေနဲ့ ဒါနှင့်ပတ်သတ်ပြီး ခေါင်းရှုပ်ခံမနေပါ။ အကယ်၍ မူလရိုလန်တိုင်ဒါ ဆန္ဒပြုခဲ့ပါကလည်း ဖြည့်ဆည်းပေးဖို့ရန် အစီအစဥ်မရှိ။ မစ်ရှင်အရှုံးခံပြီးတော့သာ နေလိုက်မှာပင်။
မျှော်နေတဲ့သူဟာရောက်လို့လာချေပြီ။ ၃ချိန်မြောက် အတန်းချိန်တစ်ခုတွင် အော်ဒရေးနှင့်တစ်ခြားစုံထောက်ဟာ ရိုလန်တို့စာသင်ခန်းထဲဆီဝင်ရောက်လာခဲ့သည်။
အတန်းချိန်ဆရာဟာ စုံထောက်အော်ဒရေးနှင့်စကားစမြည်ပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကိုယ်တိုင်က ဒီထဲရှိကျောင်းသား၊ ကျောင်းသူများကို စစ်ဆေးမေးမြန်းခွင့်ပြုသည်ကို အတည်ပြုပြီးနောက်မှသာ အတန်းချိန်ဆရာက အင်တင်တင်နှင့်ခွင့်ပြုပေးပြီး ဒီအတန်းချိန်ကိုဆင်းခွင့်ပေးလိုက်သည်။ သူ့အတန်းချိန်ပြီးလျှင်လည်း နေ့လည်စာစားချိန်မဟုတ်ပါလား။
အတန်းချိန်ဆရာထွက်သွားပြီးနောက် ကျန်ကျောင်းသားများကလည်း အလျှိုလျှိုထွက်သွားကြကာ အတန်းထဲတွင် ရိုလန်နှင့် စီဗယ်၊ ရစ်ချက်ဆမ်နှင့် သောမတ်ဘရောင်းသာ ကျန်ရစ်ခဲ့သည်။ အော်ဒရေးဟာ စာသင်ခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်သည်။
ရွေအိုရောင်ဆံပင်ရှိသည့်လူငယ်ကျောင်းသားတစ်ယောက်ကို ရှာဖို့ဆိုတာ စုံထောက်အော်ဒရေးအတွက် မခက်ခဲပါ။ အထူးသဖြင့် ဒီတက္ကသိုလ်တစ်ခုလုံးမှာ ရွှေအိုရောင်ဆံပင်ရှိသည့်ကျောင်းသားနှစ်ယောက်နှင့် ကျောင်းသူတစ်ယောက်သာရှိသည့်အခါမျိုးမှာပေါ့။ ထပ်ပေါင်းပြောရရင် ကျောင်းအုပ်ဆရာကြီးဟာလည်း ရွှေအိုရောင်ဆံပင်နှင့်ပင်ဖြစ်သည်။ သို့သော်ငြား ၎င်းမှာ သက်ကြီးပိုင်းဖြစ်တာကြောင့် ဒီစက်ကွင်းထဲက အလိုလိုလွတ်သည်။
အော်ဒရေးဟာ ပြတင်းပေါက်အနားတွင်ထိုင်နေသော ရိုလန်တိုင်ဒါ့ကိုမြင်မှသာ အကြည့်လွှဲသွားပြီး နောက်ဆုံးခုံတန်း၏အရှေ့သုံးခုကျော်လောက်က ကျောင်းသားတစ်ယောက်ကို ထပ်ကြည့်လိုက်သည်။ နောက်တော့မှ ထိုကျောင်းသားဆီလျှောက်သွားကာ ပြုံးလိုက်သည်။
"မင်းက ရစ်ချက်ဆမ်ဖြစ်မယ်။ ကိုယ်က အော်ဒရေးပါ။ မကြာသေးခင်က ဖြစ်သွားတဲ့အမှုတွေအတွက် မင်းကိုနည်းနည်းလောက်မေးစရာရှိလို့ပါ။"
ရစ်ချက်ဆမ်၏အကြည့်များကရှုပ်ထွေးသွားကာ မသက်ာသလိုမေးလာသည်။
"အဲ့အမှုတွေနဲ့ ကျွန်တော်က ဘာမှမဆိုင်ဘူးလေ။ ဘာလို့ကျွန်တော့်ကိုမေးမြန်းဖို့လိုအပ်တာလဲ။"
ဘေးနားရှိ သောမတ်ဘရောင်းကလည်း ခေါင်းငြိမ့်ကာ ရစ်ချက်ဆမ်အပြောကိုထောက်ခံသည်။
"အဟမ်း..မင်းပြောတာမှန်ပါတယ်။ ဒါပေမယ့် ဒါက တာဝန်အရပါ။ ပြီးတော့ မင်းတစ်ယောက်ထဲကိုမေးတာလည်းမဟုတ်ပါဘူး။ တစ်ခြားသူတွေကိုလည်း မေးခဲ့ပါသေးတယ်။"
ရစ်ချက်ဆမ်ကလက်မခံချင်ပါ။
"ကျွန်တော့်ကိုမေးလို့လည်း ခင်ဗျားတို့ဘာမှသိရမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မှုခင်းဖြစ်နေရာမှာ ကျွန်တော်ရှိခဲ့တာမှမဟုတ်တာ။ ပြီးတော့ မျက်မြင်သက်သေလည်းမဟုတ်ဘူး။"
"မင်းပြောတာကို ကိုယ်နားလည်ပါတယ်။ ဒါပေမယ့် မင်းကိုမေးမြန်းဖို့က လိုကိုလိုအပ်တာမို့လို့ပါ။"
အော်ဒရေးကပြုံးနေဆဲပင်။ ရစ်ချက်ဆမ်ကခုခံဖို့ရန်ပြင်လိုက်သော်ငြား၊ အော်ဒရေးထပ်ပြောလာသောစကားကြောင့် ရစ်ချက်ဆမ်တစ်ယောက်အံတကြိတ်ကြိတ်ဖြစ်နေရတော့သည်။
"မင်းသာ ကိုယ်မေးမြန်းတာကိုလက်မခံဘူးဆိုရင် မင်းကိုသံသယရှိသူအဖြစ်သတ်မှတ်ပြီး ထောင်ထဲမှာ ထိန်းသိမ်းထားလို့ရတယ်..။"
ရစ်ချက်ဆမ်ကျစ်တစ်ချက်စုတ်သပ်လိုက်သည်။
"ကျစ်! သောက်လုပ်ကိုရှုပ်တယ်။ မေးမေး! ဘာမေးမလို့လဲ။"
"မနေ့က မင်းဘယ်မှာရှိနေခဲ့လဲ။"
"မနေ့က?"
ရစ်ချက်သေချာစဥ်းစားလိုက်သည်။
"မနေ့က မင်းငါ့အိမ်မှာ တစ်နေကုန်ဂိမ်းလာဆော့နေတာလေ။ ငါ့ကောင့်ရဲ့!"
ဘေးနားက သောမတ်ဘရောင်းက ရစ်ချက်ဆမ်၏ပုခုံးကိုထက်လိုက်ရင်း  'မေ့တတ်ရန်ကော'ဟူသည့် အကြည့်ဖြင့် မကျေမချမ်းဝင်ပြောလိုက်တာဖြစ်သည်။
"အာ...ဟုတ်သားပဲ။ ငါမေ့သွားတာကွာ။"
ရစ်ချက်ဆမ်က သောမတ်ဘရောင်းကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
အော်ဒရေးက ခေါင်းတစ်ချက်ငြိမ့်ကာ ထပ်မေးလိုက်သည်။
"ဒါဆို..မနေ့က မင်းသူ့အိမ်မှာရှိကြောင်း သက်သေပြနိုင်မယ့်အထောက်အထားပဲဖြစ်ဖြစ်၊ လူသက်သေခံပဲဖြစ်ဖြစ်ရှိသလား။"
"ရှိပါတယ်။"
ရစ်ချက်ဆမ်ကဖြေသည်။ သောမတ်ဘရောင်းကထပ်ဖြည့်ပြောလာသည်။
"ဟုတ်တယ်။ ခင်ဗျားမယုံရင် ကျွန်တော့်ရဲ့အိမ်နီးချင်းတွေကိုမေးလို့ရတယ်။"
"ကောင်းပြီလေ။ ဒါဆိုလည်း ဒီလောက်ပဲပေါ့"
အော်ဒရေးပြုံးလိုက်သည်။
အစကတည်းက ဒီကောင်လေးကိုမေးမြန်းတယ်ဆိုတာက ဒီအတိုင်းမေးမြန်းတာသာဖြစ်သည်။ ဒီကောင်လေးကို သံသယဝင်နေတာလို့ မဆိုလို။ အော်ဒရေးအတိအကျသိနေတာကတော့ လူသတ်တရားခံက ရိုလန်တိုင်ဒါဆိုတာကိုပင်။
အော်ဒရေးလှည့်ထွက်မည်အပြု၊ ရစ်ချက်ဆမ်ကမေးလာခဲ့သည်။
"ခဏလေး၊ ခင်ဗျားက မနေ့ကအကြောင်းမေးတယ်ဆိုတော့ မနေ့ကအမှုတစ်ခုခုဖြစ်သွားခဲ့လို့လား။"
အော်ဒရေးခေါင်းငြိမ့်လိုက်သည်။
"လူတစ်ယောက်အသတ်ခံရလို့ပါ။"
ရစ်ချက်ဆမ်တံတွေးမြိုချလိုက်မိသည်။
"ဘယ်နေရာမှာလဲဟင်။"
အော်ဒရေးမျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့မေးတာလဲ။"
"အဲ..ဟိုဟာ..ဒီအတိုင်းသိချင်လို့ပါ။ သတင်းမှာလည်း မပါလာဘူးဆိုတော့လေ။"
"Xxxကွန်ဒိုဟိုတယ်မှာဖြစ်ခဲ့တာပါ။"
အော်ဒရေးဖြေလိုက်ပါသည်။ ထိုနာမည်ကြားတော့ ရစ်ချက်ကတစ်ခုခုကိုတီးတိုးရေရွတ်လိုက်သည်။
ထိုအခြင်းအရာကိုမြင်လိုက်သည့်အော်ဒရေးကမေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ။"
ရစ်ချက်ဆမ်က သူမေးတာကိုကြားလိုက်ပုံမရပဲ မျက်မှောင်ကြုတ်နေဆဲပင်။ သောမတ်ဘရောင်းက ရစ်ချက်ပုခုံးကို တစ်ချက်ပုတ်လိုက်မှသာ သတိပြန်ဝင်လာသည်။
"ဟင့်အင်း။ ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းစဥ်းစားနေတာပါ။"
အော်ဒရေးကတော့ ဘာမှပြန်မပြောတော့ပေ။
သူတို့သုံးယောက်၏စကားဝိုင်းကို အဝေးကနေအကဲခတ်နေသူကတော့ ရိုလန်ပဲဖြစ်သည်။ သူတို့ပြောနေသည့်စကားတွေကိုကြားလိုက်ရကာ ပြုံးလိုက်မိသလိုပင်။
"ဇာတ်လိုက်ကတော့ ငါ့ဆီလာမှာရှိမလာပဲ တစ်ခြားသူတွေကို ဝေ့လည်ကြောင်ပတ်လုပ်နေသေးတယ်။"
[..သူ့ကြည့်ရတာ မင်းကိုသံသယရှိနေတဲ့ပုံပဲ။]
"အင်း...ငါသိပါတယ်။"
[ဒါပေမယ့် မိုက်ကယ်ဆိုတဲ့လူကို မင်းသတ်လိုက်တာမှမဟုတ်တာ။]
"ငါကိုယ်တိုင်သတ်လိုက်တာမဟုတ်ပေမယ့် ငါသတ်လိုက်တာပဲလေ။ ဘာပဲဖြစ်ဖြစ် ငါ့ကိုဖမ်းဖို့အတွက် သူ့မှာသက်သေမရှိပါဘူး။"
[.....]
"အကယ်၍ လူသတ်တရားခံကိုမိမယ်ဆိုရင်တောင်မှ ငါမဟုတ်ပဲ တစ်ခြားတစ်ယောက်ကိုပဲဖမ်းမိမှာ..ဟက်။"
အတွေးနှင့်အညီပြုံးလိုက်မိတုန်း အော်ဒရေးတစ်ယောက် သူ့ဘက်လျှောက်လာတာကို ရိုလန့်မျက်လုံးထောင့်ကနေမြင်လိုက်ရသည်။
"ဟယ်လို၊ ရိုလန်တိုင်ဒါ! ကိုယ်ကအော်ဒရေးပါ။ မကြာသေးခင်ကဖြစ်သွားခဲ့တဲ့လူသတ်မှုအတွက် မင်းကိုနည်းနည်းလောက်မေးမြန်းချင်တယ်။"
အပြုံးတုနှင့်အော်ဒရေးကိုကြည့်ရင်း ရိုလန်နှုတ်ခမ်းတစ်ဖက်အနည်းငယ်တွန့်ကွေးသွားရသည်။
ရိုလန့်တိုင်ဒါ့ဘက်ကို ထိုစုံထောက်အော်ဒရေးဆိုသူ လျှောက်သွားတာကိုမြင်တော့ ရစ်ချက်ဆမ်တစ်ယောက် သောမတ်ဘရောင်းကိုတီးတိုးပြောလိုက်သည်။
"မနေ့က မင်းနဲ့ငါ အတူမရှိဘူးလေ။ သောမတ်..ဘာလို့အဲ့လိုပြောလိုက်တာလဲ။ တကယ်လို့ သူလိုက်စစ်ကြည့်လိုမှ အမှန်မဟုတ်မှန်းသိသွားရင် လိမ်လည်မှုနဲ့ jailအောင်းနေရအုံးမယ်။"
သောမတ်ဘရောင်းက ရစ်ချက်ဆမ်စကားကြားပြီး ပြုံးစိစိဖြစ်သွားသည်။
"စိတ်ချပါ..ငါ့ကောင်ရာ။ jailအောင်းရရင် မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ ဟောဒီကမင်းယောကျ်ားလည်းပါမှာပါကွ..ဟဟ"
ရစ်ချက်ဆမ်ကတော့ မျက်ဖြူလှန်လိုက်မိသည်။ စိတ်ထဲတွင်လည်း မနေ့ကကိစ္စနှင့်ပတ်သတ်ပြီး ခို့လို့ခုလုဖြစ်နေသေးသည်။
"ငါဘာလို့ မနေ့ကအကြောင်းတွေ မမှတ်မိရတာလဲ။"
"မင်းတစ်ယောက်တည်း ဖြစ်နေတာမဟုတ်ပါဘူးကွာ။ ငါလဲ တစ်ခါတစ်လေအဲ့လိုဖြစ်တတ်ပါတယ်။"
သောမတ်ကနှစ်သိမ့်လာသည်။
"ဒါပေမယ့်....ထူးဆန်းနေသလိုပဲကွာ။ ငါကလဲ မနေ့ကအကြောင်းမေ့နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် လူသတ်မှုကလည်းဖြစ်သွားသေးတယ်။ စိတ်ထဲတစ်မျိုးကြီးပဲ..ဟူးး"
မှိုင်တွေနေသည့်ရစ်ချက်ကို သောမတ်ကြည့်လိုက်သည်။
"မင်းအစိုးရိမ်လွန်နေတာပါ။ ကဲပါ..စိတ်ညစ်စရာတွေတွေးမနေနဲ့တော့။ ပျော်ပျော်သာနေ! တကယ်လို့..မင်းစိတ်ထဲတစ်ခုခုဖြစ်နေတယ်လို့ မင်းထင်နေတယ်ဆိုရင်တော့...ငါတို့ဆရာဝန်တစ်ယောက်နဲ့ဆွေးနွေးကြည့်ကြတာပေါ့။"
ပြောရင်းဖြင့် မတ်တပ်ထရပ်လိုက်သည်။ ရစ်ချက်လည်း သောမတ်ကိုမော့ကြည့်လိုက်ကာ ပြုံးပြလိုက်မိသည်။
"ကျေးဇူးပဲ။ သောမတ်!"
သောမတ်ကတော့ ရစ်ချက်ကိုအကြည့်လွှဲလိုက်သည်။
"ဟမ့်..မလိုပါဘူး။ ဘယ်ဆရာဝန်ကောင်းလဲလို့ ငါတစ်ချက်စုံစမ်းကြည့်လိုက်အုံးမယ်။ ပြီးရင် ဘိုကင်လုပ်ပြီးသွားကြတာပေါ့။"
"အင်းအင်း။ မင်းကငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပဲ။"
"သိရင်ပြီးရော။"
ထိုသို့ပြောကာဖြင့် နှစ်ယောက်သားပုခုံးချင်းဖက်ကာ အခန်းပြင်ကိုထွက်သွားကြသည်။
ရစ်ချက်ဆမ်နှင့် သောမတ်ဘရောင်းဟာ ငယ်ငယ်ကတည်းကအတူတူကြီးပျင်းလာသည့်သူငယ်ချင်းနှစ်ယောက်ဖြစ်သည်။ နှစ်ယောက်လုံးဟာ အကျင့်စရိုက်ချင်းတူညီသည့်အပြင် မိဘချင်းလည်းရင်းနှီးတာကြောင့် အခုအချိန်ထိမကွဲမကွာဖြစ်နေရခြင်းပင်။
--------
"ရပါတယ်။ စုံထောက်ကြီးမေးချင်တာမေးလို့ရပါတယ်။ ကျွန်တော်အကုန်အမှန်အတိုင်းဖြေပေးပါ့မယ်။"
ရိုလန်၏အသံက စာသင်ခန်းထဲတွင် ပဲ့တင်သံထပ်သွားသည်။
အထူးသဖြင့် စာသင်ခန်းဟာ တိတ်ဆိတ်နေသည့်အပြင် လူ၂ယောက်၊ သုံးယောက်သာရှိတော့သည့်အချိန်မှာပေါ့။
စီဗယ်ဟာ ရိုလန့်ကိုတစ်ချက်၊ စုံထောက်အော်ဒရေးကိုတစ်ချက်ကြည့်ကာ တစ်ခုခုစဥ်းစားနေသည်။
"ဒါဆိုရင် ကိုယ်အားမနာတမ်းမေးပါ့မယ်။ လွန်ခဲ့တဲ့ တစ်လကစပြီး လူသတ်မှုတွေဆက်တိုက်ဖြစ်လာတာ အခုဆိုရင် အမှု၄ခု ရှိနေပြီဆိုတာ မင်းသိတယ်ဟုတ်။"
ရိုလန်ခေါင်းငြိမ့်လိုက်သည်။
"သိပါတယ်။ ကျွန်တော်သတင်းအမြဲကြည့်ဖြစ်တယ်လေ။"
"အဲ့ဒီ့အမှုတွေနဲ့ပတ်သတ်ပြီးတော့ မင်းဘယ်လိုထင်လဲ။ တရားခံက သူတို့တွေကို ဘာကြောင့်သတ်ခဲ့တာများလဲ။"
အော်ဒရေးမေးခွန်းကြောင့် ရိုလန်မျက်ခုံးပင့်သွားသည်။
'သူက ငါ့ကိုမှုခင်းအကြံပေးများထင်နေတာလား။ ဒါတွေလာမေးနေရအောင်။"
ရိုလန်ပုခုံးတွန့်လိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော်ဘယ်လိုမှမထင်ပါဘူး။ တရားခံက သူ့ဘာသာ စိတ်ကူးပေါက်ရာလိုက်သတ်နေတာလည်း ဖြစ်နိုင်ပါတယ်။"
အော်ဒရေးကပြုံးသည်။
"မင်းပြောတာလည်းဖြစ်နိုင်ပါတယ်။ အဲ့ဒါဆို တရားခံက နောက်ထပ်လူထပ်သတ်မယ်လို့ မင်းထင်လား။"
"ဖြစ်ချင်ဖြစ်မှာပေါ့။ တရားခံရဲ့စိတ်ကို ကျွန်တော်သိတာလည်းမဟုတ်ဘူးလေ။"
အကန်တွေချည်းဖြေနေသည့်ရိုလန်ကြောင့် အော်ဒရေးအချဥ်ပေါက်လာရသည်။ တနုံ့နုံ့ထွက်လာသည့်ဒေါသတွေကို ချုပ်တည်းလိုက်ကာ မေးလိုက်သည်။
"ဒါဆို လွန်ခဲ့တဲ့၄ရက်လောက်က မင်းဘယ်မှာရှိနေခဲ့လဲ။"
"အိမ်မှာပါ။"
"ဘာလုပ်နေတာလဲ။"
"ဒီလိုပါပဲ။ အိပ်လိုက်စားလိုက်ပေါ့။ ခင်ဗျားသိတဲ့အတိုင်းပဲ ကျွန်တော့်မှာအပေါင်းအသင်းလဲမရှိဘူးလေ။ အဲ့တော့ တစ်ခါတစ်လေကျ ဟိုတယ်တွေမှာလိုက်အိပ်ဖြစ်တယ်။"
အော်ဒရေးခေါင်းငြိမ့်လိုက်သည်။
ဟိုတယ်အဝင်အထွက်ကိုလည်း စစ်ဆေးကြည့်ခဲ့ပြီးပြီ။ အကုန်လုံးက ရိုလန်ပြောတာနှင့်တစ်ထပ်တည်းကျနေသည်။
"ဒါဆို မနေ့ကရော မင်းဘယ်မှာရှိနေလဲ။ အတိအကျပြောရရင် နေ့ခင်းလောက်ပေါ့။"
ရိုလန်က စားပွဲခုံကို လက်ညိုးဖြင့်တတောက်တောက်ခေါက်ရင်းဖြင့် စဥ်းစားဟန်ပြုသည်။
"အာ..အဲ့တုန်းက ကျွန်တော်အပြင်ရောက်နေတာ။ ချိန်းထားတာရှိလို့လေ။ "
"ဘယ်သူနဲ့ချိန်းထားတာလဲ။"
ရိုလန်က အော်ဒရေးအမေးကိုမဖြေပဲ သူ့ကိုလှမ်းကြည့်နေသောစီီဗယ့်ကိုလှည့်ကြည့်လိုက်သည်။
"စီဗယ်ပါ။"
"စီဗယ်ဆိုတာက?"
အော်ဒရေးမေးလိုက်ချိန်မှာ အသံချိုချိုတစ်ခုထွက်ပေါ်လာသည်။
"ကျွန်မပါ။"
အော်ဒရေးလှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်ကိုမြင်လိုက်ရသည်။
"မင်းက စီဗယ်?"
"ဟုတ်!"
"ရိုလန်တိုင်ဒါက မင်းနဲ့အတူတူရှိနေခဲ့တယ်ဆိုတာ သေချာလား။"
စီဗယ်ခေါင်းငြိမ့်လိုက်သည်။
"သေချာပါတယ်။"
"ဘယ်မှာအတူရှိနေခဲ့တာလဲ။"
"ဒီအနားက ဆိုင်တစ်ဆိုင်မှာပါ။"
အော်ဒရေးလက်ခံလိုက်သည်။
"သိပြီ။"
"ကျွန်တော်တို့ကိုမယုံဘူးဆိုရင် ဒီတက္ကသိုလ်ဝင်းရှေ့က စီစီတီဗီကိုစစ်ကြည့်လို့ရပါတယ်။ မနေ့က စီဗယ့်ကိုလာခေါ်ဖို့ ကျွန်တော်ဒီအရှေ့ကို ကားတစ်စီးနဲ့ရောက်လာခဲ့တာ။"
ရိုလန်ထပ်ပြောလိုက်တော့ အော်ဒရေးက ဘေးနားရှိကျောက်ရုပ်လိုရပ်နေသောစုံထောက်အား စီစီတီဗီမှတ်တမ်းသွားကြည့်ခိုင်းလိုက်သည်။
စုံထောက်ထွက်သွားပြီးနောက် အော်ဒရေးဟာမည်သည့်အရာမှထပ်မံမေးမြန်းခြင်းမရှိတော့ပဲ ရိုလန့်ကိုသာစူးစိုက်ကြည့်နေတော့သည်။
ခေတ္တကြာပြီးနောက်တွင် အော်ဒရေး၏ဖုန်းမြည်လာကာ ဖုန်းလက်ခံလိုက်တော့ အခုနက စုံထောက်ဆက်တာဖြစ်ပြီး စီစီတီဗီမှတ်တမ်းကိုစစ်ဆေးပြီး၍ အမှန်တကယ်ပဲရိုလန်တိုင်ဒါတို့ပြောတာမှန်နေကြောင်း အတည်ပြုပြီးတာကို လှမ်းပြောတာဖြစ်သည်။ ထို့နောက်တွင်တော့ အော်ဒရေးတစ်ယောက် ရိုလန်တို့ကို နှုတ်တောင်မဆက်တော့ပဲ ထွက်သွားလေတော့သည်။
___________________________________________
ဇာတ်လိုက်အော်ဒရေးက ဒီလောက်နဲ့ပဲ လက်လျှော့သွားမယ်ထင်ပါသလား။ နောက်ပိုင်းတွေမှာတော့ ရိုလန့်ကိုဖမ်းဆီးနိုင်ရေးအတွက် အော်ဒရေးတစ်ယောက်ဘယ်လိုနည်းလမ်းတွေသုံးပြီး ရအောင်လိုက်မလဲဆိုတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။
-------------------------------------------------------------------
ဒီVillain godနဲ့ Survive in novelပြီးရင်တော့ နောက်ထပ်systemတို့ rebirthတို့ရေးတော့မှာမဟုတ်ပါဘူး။ အခုရေးနေတာကတော့ Doki dokiပါ။ တစ်ခါတည်း စျေးဗန်းလေးခင်းလိုက်အုံးမယ်။  doki dokiက everyone scareနဲ့ same universeပေါ့။ ဒီvillainကလည်း အတူတူပဲ။ ဒါပေမယ့် everyone scareမှာ သိပ်မရိုလိုက်ရတဲ့ သွင်ခန့်တို့အတွက် doki dokiမှာ guestအဖြစ် ရိုပေးထားတယ်။ ပြီးတော့ action, romanceဆိုတော့ ဝုန်းဝုန်းဒိုင်းဒိုင်းတွေပါမှာပါ။ mafia leaderလိုမျိုး ဇာတ်မအေးဘူးပေါ့။ main coupleအပြင်၊ side coupleနှစ်တွဲပါပါတယ်။
ပြီးတော့ papapaနဲ့ပတ်သတ်ပြီးတော့ပြောချင်တာက ထည့်ရင်ကောင်းမလား၊ မထည့်ရင်ကောင်းမလားဆိုတာမေးချင်တယ်။ မေးတယ်ဆိုတာက doki doki အတွက်ပဲမဟုတ်ပဲ ဒီvillainအတွက်ရောပေါ့။ ထားပါလေ၊ ခဏလောက်သွားဖတ်ကြည့်ကြပေါ့။ ပြီးတော့ ဒီလိုsystemမဟုတ်တဲ့အတွက်ကြောင့် မြန်မြန်ပြီးမှာပါ။ အခုသွားရေးလိုက်ပါအုံးမယ်။
-------------------------------------------------------------------
"မနေ့က?"
"အာ...ဟုတ်သားပဲ။ ငါမေ့သွားတာကွာ။"
"ရှိပါတယ်။"
"ဘယ်နေရာမှာလဲဟင်။"
"ဘာလို့မေးတာလဲ။"
"ဘာဖြစ်လို့လဲ။"
"အင်း...ငါသိပါတယ်။"
[.....]
"ကျေးဇူးပဲ။ သောမတ်!"
"သိရင်ပြီးရော။"
--------
အော်ဒရေးကပြုံးသည်။
"ဒါဆို လွန်ခဲ့တဲ့၎ရက်လောက်က မင်းဘယ်မှာရှိနေခဲ့လဲ။"
"အိမ်မှာပါ။"
"ဘာလုပ်နေတာလဲ။"
ရိုလန်က အော်ဒရေးအမေးကိုမဖြေပဲ သူ့ကိုလှမ်းကြည့်နေသောစီဗယ့်ကိုလှည့်ကြည့်လိုက်သည်။
"စီဗယ်ပါ။"
"စီဗယ်ဆိုတာက?"
"ကျွန်မပါ။"
"မင်းက စီဗယ်?"
"ဟုတ်!"
"သေချာပါတယ်။"
"သိပြီ။"
___________________________________________
-------------------------------------------------------------------
-------------------------------------------------------------------
Continue Reading
You'll Also Like
171K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
4.9K 226 50
သူကpsychopath တစ်ကောင်ပဲ psychopath တောင်ယဉ်ယဉ်လေးနဲ့ရူးနေတဲ့သူ....... ဟားးဟားး..... သိပ်ဟုတ်တာပေါ့... ယဉ်ယဉ်လေးနဲ့ရူးနေပေမဲ့လူတွေရှေ့မှာတော့သိပ်ဟန်ဆ...
50.8K 8.4K 48
Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
275K 43.3K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story