Dear My Ex-crush[Completed]
By Daydream-fah
270K 22K 1.6K
Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Final
New Fic
Extra
မေးစရာလေးရှိလို့🦄
Book Announcement
✨Special Chapter✨
Ch-14
7.2K 713 66
By Daydream-fah
Zawgyi
•••••••••••
မားနဲ့ဆက်​ပြော​နေရင်​တစ်​ယောက်​တစ်​ခွန်း စကားများ​တော့မှာမို့​ ​ရှောင်းကျန့်​ဘာမှပြန်​မ​ပြော​တော့ပဲ အခန်းထဲသာ ဝင်​လာလိုက်​သည်​။
•••••••••••••
#fah🦄
Unicode
​ရှောင်းကျန့်​လေ့ကျင့်​ခန်းလုပ်​ပြီး ပြန်​လာ​တော့ ဝမ်​ရိ​ပေါ်ကို မ​တွေ့တာ​ကြောင့်​အိမ်​ထဲမှာ မ​ယောင်​မလည်​ဖြင့်​ရှာ​နေရင်း 'သားငယ်​လေးက ခြံထဲဆင်းသွားတယ်​´ဆိုပြီး ပြုံးစိစိနဲ့​ပြောလာတဲ့ မား​ကြောင့်​ရှောင်းကျန့်​ရှက်​ဝဲဝဲဖြင့်​သာ ခြံထဲထွက်​လာရင်း အိမ်​အ​နောက်​ဖက်​က စကား​ပြောသံကြားတာ​ကြောင့်​သွားကြည့်​လိုက်​တော့ လင်းယွမ်​ကို​ရေကန်​ထဲ တွန်းချလိုက်​တဲ့ ဝမ်​ရိ​ပေါ်​ကြောင့်​ရှောင်းကျန့်​ထို​နေရာကို အ​ပြေးသွားပြီး​ရေနစ်​နေတဲ့ လင်းယွမ်​ကို ဆင်းကယ်​ရသည်​။
​ရေမွန်းပြီး သတိလစ်​နေတဲ့ လင်းယွမ်​ကို​ပွေ့ချီကာ​ဆေးရုံသွားဖို့လုပ်​တော့​ရေကန်​နားမှာ ရပ်​နေတဲ့ ဝမ်​ရိ​ပေါ်က​ရှောင်းကျန့်​လက်​မောင်းကို လှမ်းကိုင်​ကာ
"ကျွန်​တော်​မဟုတ်​ဘူး​ရှောင်းကျန့်​...။ ကျွန်​တော်​လုပ်​တာမဟုတ်​ဘူးလို့...."
"အားနည်းတဲ့ သူ​တွေကို အနိူင်​ကျင့်​တတ်​တဲ့ မင်းရဲ့အကျင့်​က အခုထိ မ​ပြောင်း​သေးဘူးပဲ။ ငါ မင်းကို အရမ်းစိတ်​ပျက်​တယ်​...ဝမ်​ရိ​ပေါ် "
ရိ​ပေါ်ရဲ့ ပခုံးကိုတိုက်​ကာ လင်းယွမ်​ကို​ပွေ့ချီပြီး ထွက်​သွားတဲ့​ရှောင်းကျန့်​ကြောင့်​ရိ​ပေါ်ထို​နေရာမှာပင်​အသက်​မဲ့သူတစ်​ယောက်​လိုရပ်​နေကာ အသံတိတ်​မျက်​ရည်​ကျမိသည်​။​ရှောင်းကျန့်​က ရိ​ပေါ်ကို အမြဲတမ်း မ​ကောင်းတဲ့လူလို့ မြင်​နေခဲ့တာ။ လွန်​ခဲ့တဲ့​လေးနှစ်​က​ရော အခု​ရော...။
•••••••••••
​ရှောင်းကျန့်​ဆေးရုံကို သွားတဲ့ လမ်းတစ်​ဝက်​မှာပဲ လင်းယွမ်​က သတိပြန်​ရလာကာ အိမ်​ပြန်​ချင်​တယ်​ဆိုပြီး​ပြော​နေတာ​ကြောင့်​ရှောင်းကျန့်​လည်း အိမ်​ကိုသာ ပြန်​မောင်းလာလိုက်​သည်​။ အိမ်​ရောက်​တော့  လင်းယွမ်​ကို တွဲ​ပေးကာ အခန်းထဲပို့ပြီး ပြန်​ထွက်​လာ​တော့ မားက စိုးရိမ်​တကြီးဖြင့်​
"သားကျန့်​ဆေးရုံသွားတာမဟုတ်​ဘူးလား မြန်​လိုက်​တာ"
"မသွားဖြစ်​ဘူးမား လင်းယွမ်​က​ဆေးရုံမသွားချင်​ဘူးဆိုလို့ ဒါနဲ့ မား..."
စကားစရခက်​နေတဲ့​ရှောင်းကျန့်​ကို မားက နားလည်​သည့်​သ​ဘောဖြင့်​
"သားတို့ထွက်​သွားပြီး မကြာဘူး သားငယ်​လေးလည်း အ​ရေးကြီးကိစ္စ ရှိလို့ဆိုပြီး ပြန်​သွားတယ်​။ ရန်​တွေဘာ​တွေများ ဖြစ်​ကြ​သေးလို့လားကွယ်​.."
"သူက မားကို တိုင်​သွား​သေးတယ်​ပေါ့"
"သားငယ်​လေးက ဘာကိစ္စတိုင်​ရမှာလဲ။ ကိုယ့်​သားအ​ကြောင်း ကိုယ်​သိလို့​မေး​နေရတာ...မင်း သားငယ်​လေးကို အနိူင်​ကျင့်​လိုက်​ပြန်​ပြီမဟုတ်​လား"
"သားငယ်​လေး သားငယ်​လေးနဲ့ မားရဲ့သားက ဒီမှာပါဗျ။ သားအရင်းဘက်​ကမပါပဲ ဘာလို့ သူစိမ်းဘက်​က ဝင်​ပြော​ပေး​နေရတာလဲ..."
"ဒီ​ကောင်​လေးက​တော့​ပြော​လေ ဆိုး​လေပါလား။ သူ့ဟာသူ​အေး​အေး​ဆေး​ဆေး​နေတဲ့က​လေးကို ဘာလို့ ဒီ​လောက်​တောင်​အမြင်​မကြည်​ဖြစ်​နေတာလဲ"
မားနဲ့ဆက်​ပြော​နေရင်​တစ်​ယောက်​တစ်​ခွန်း စကားများ​တော့မှာမို့​ရှောင်းကျန့်​ဘာမြှပန်​မ​ပြော​တော့ပဲ အခန်းထဲသာ ဝင်​လာလိုက်​သည်​။
မားက ဘာလို့ ဝမ်​ရိ​ပေါ်ဆိုတာနဲ့ သည်းသည်းလှုပ်​ဖြစ်​နေမှန်း စဉ်းစားလို့မရ​ပေ။ သားငယ်​လေး သားငယ်​လေးဆိုပြီး ပါးစပ်​ဖျားကမချတဲ့ မားက ဝမ်​ရိ​ပေါ်ရဲ့ စရိုက်​အမှန်​ကိုသာ သိရင် ဆက်​ခေါ်နိူင်​ပါဦးမလား သိချင်​မိသည်​။
ဝမ်​ရိ​ပေါ်က နည်းနည်း​လေး​တောင်​အ​ကောင်းမြင်​ဖို့ မထိုက်​တန်​တဲ့ သူမျိုး။​ရှောင်းကျန့်​ဝမ်​ရိ​ပေါ်ကို အ​ကောင်းမြင်​ဖို့ ကြိုးစားတိုင်း သူ့ရဲ့ သရုပ်​အမှန်​က ပို​ပေါ်လွင်​လာတာချည်းပဲ။ ဝမ်​ရိ​ပေါ် ဘယ်​လာက်​ပဲဆိုးဆိုး ဒီ​နေ့လို လုပ်​ရပ်​မျိုး လုပ်​လိမ့်​မယ်​လို့​တော့​ရှောင်းကျန့်​မ​တွေးမိခဲ့။
လင်းယွမ်​အချိုးမ​ပြေတာလည်း​ရှောင်းကျန့်​သိပါသည်​။ ဒါ​ပေမယ့်​လည်း ဘယ်​လောက်​ပဲ အချိုးမ​ပြေဦး​တော့ မိန်းက​လေးတစ်​ယောက်​ကို ကိုယ်​ထိလက်​ရောက်​ကျူးလွန်​တာမျိုးက​တော့ ဘယ်​လိုမှ လက်​ခံချင်​စရာအလုပ်​မဟုတ်​ပေ။
​သေချာပြန်​စဉ်းစားကြည့်​တော့လည်း ဝမ်​ရိ​ပေါ်လိုလူမျိုးက မလုပ်​နိူင်​တာ ဘယ်​ရှိပါ့မလဲ။ လွန်​ခဲ့တဲ့​လေးနှစ်​က​တောင်​ကောင်​မ​လေးတစ်​ယောက်​ကို စက်​ဘီးနဲ့ ဝင်​တိုက်​ပြီး မသိချင်​ယောင်​ဆောင်​ဖူး​သေးတာပဲ။
•••••••••••••
​"ဝမ်​လေး ဒီ​နေ့ကစပြီး​ကောရဲ့ ကားနဲ့ပဲ လိုက်​ခဲ့​တော့။ အပြန်​လည်း​ကောအားတဲ့ရက်​ဆို ဝင်​ခေါ်​ပေးမယ်​"
"​ကောင်းသားပဲ အားဟိုင်​။ မာမီလည်း အားဝမ်​နေ့တိုင်းရုံးကို taxiနဲ့သွားတာ သ​ဘောမကျဘူး"
ကျင်းဟိုင်​ကောရဲ့စကားကို​ဘေးမှာထိုင်​နေတဲ့ မာမီကလည်း​ထောက်​ခံတာမို့ ရိ​ပေါ်လည်း ငြင်းမ​နေ​တော့ပဲ​ခေါင်းငြိမ့်​လိုက်​ရသည်​။ အခု Daytoyမှာ လုပ်​နေရတဲ့ ကာလကလည်း သိပ်​မကျန်​တော့တာမို့ ကျင်းဟိုင်​ကောလိုက်​ပို့တာ ပြဿနာမရှိ​လောက်​ဘူးထင်​သည်​။ wang groupကို ပြန်​ရောက်​လာ​တော့မှပဲ ဒယ်​ဒီကို ကားတစ်​စီး​လောက်​ဝယ်​ပေးဖို့ ပူဆာရမယ်​။
"ဝမ်​လေး ည​နေရုံးဆင်းရင်​တစ်​ယောက်​ထဲ ပြန်​မလာနဲ့​နော်​။​ကောကို ဖုန်းဆက်​လိုက်​ဟုတ်​ပြီလား"
ကုမ္ပဏီ​ရှေ့​ရောက်​တာ​တောင်​ကား​ပေါ်ကဆင်းပြီး မှာတမ်း​ချွေ​နေတဲ့​ကောက အိမ်​ကစထွက်​ထဲက ဒီစကားကိုပဲ ထပ်​ခါထပ်​ခါ မှာ​နေတာ​ကြောင့်​ရိ​ပေါ်စိတ်​မရှည်​ချင်​တော့။
"အာ...သိပါပြီဆို​ကောကလည်း...ကျွန်​တော့်​ကို က​လေးများထင်​နေလား"
ရိ​ပေါ်က ဆူပုတ်​ပုတ်​နဲ့​ပြောလိုက်​တော့ ကျင်းဟိုင်​ကောက သ​ဘောတကျရယ်​ကာ ရိ​ပေါ်ရဲ့ နှာ​ခေါင်းလုံး​လေးကို မနာ​အောင်​ဆွဲပြီး
"တကယ်​လည်း ဝမ်​လေးက​ကောမျက်​လုံးထဲမှာ​တော့ လမ်း​လျှောက်​တတ်​ခါစ က​လေး​လေးလိုပဲ..."
ကျင်းဟိုင်​ကောနဲ့ စကား​ပြော​နေရင်း​ရှောင်းကျန့်​ရဲ့ကား လာ​နေတာမြင်​လိုက်​တာ​ကြောင့်​ကောကို အမြန်​နှုတ်​ဆက်​ကာ ကုမ္ပဏီထဲ ဝင်​လာလိုက်​သည်​။ ရိ​ပေါ် မုန်းစရာ​ကောင်းလွန်းတဲ့​ရှောင်းကျန့်​မျက်​နှာကို မမြင်​ချင်​သေးဘူး။
​ရှောင်းကျန့်​ကား​ပေါ်က ဆင်းလာ​တော့ ကုမ္ပဏီ​ရှေ့မှာ ရပ်​နေတဲ့ ဝမ်​ကျင်းဟိုင်​က ကုမ္ပဏီထဲ​ပြေးဝင်​သွားတဲ့ ဝမ်​ရိ​ပေါ်ကို ပြုံးပြီးကြည့်​နေတာ​ကြောင့်​
"အခုတ​လော ဒါရိုက်​တာချုပ်​ဝမ်​ကို Daytoyမှာ ခဏခဏ​မြင်​နေရသလိုပဲ​နော်​"
"အာ...ဟုတ်​တယ်​ဝမ်​လေးကို တစ်​ယောက်​ထဲ စိတ်​မချလို့်​ကိုယ်​တိုင်​အကြိုအပို့ လုပ်​ပေး​နေရတာ"
​ဝမ်​ရိ​ပေါ်ရဲ့​နောက်​ကျောကို အကြည့်​မပြတ်​ပဲ​ရှောင်းကျန့်​ကို ပြန်​ပြောလာတဲ့ ဝမ်​ကျင်းဟိုင်​ရဲ့ မျက်​နှာက ပြုံးရွှင်​နေတာ မျက်​စိ​နောက်​စရာပင်​ကောင်းလှသည်​။
"ဒါရိုက်​တာချုပ်​ဝမ်​က ဝမ်​ရိ​ပေါ်ကို​တော်​တော်​ဂရုစိုက်​ပုံပဲ​"
"ချစ်​တော့လည်း ဂရုစိုက်​ရတာ​ပေါ့ဗျာ...ဒါနဲ့ အလုပ်​လေးရှိလို့ ခွင့်​ပြုပါဦး။ အားတဲ့တစ်​ရက်​လောက်​ဆုံကြတာ​ပေါ့ ဥက္ကဌ​ရှောင်း"
ဝမ်​ကျင်းဟိုင်​ပြန်​သွားတဲ့အထိ​ကုမ္ပဏီထဲ မဝင်​နိူင်​သေးပဲ ထို​နေရာမှာပဲ ရပ်​နေမိသည်​က​ရှောင်းကျန့်​ရယ်​ပါ။ ချစ်​တော့လည်း ဂရုစိုက်​ရမှာ​ပေါ့တဲ့လား အဟက်​...ဝမ်​ရိ​ပေါ် မင်း​တော်​တော်​အ​ပြောင်းအလဲမြန်​တာပဲ။
"ဥက္ကဌ ဒါက​summer projectအတွက်​အသင့်​တော်​ဆုံးဖြစ်​မယ်ထင်​တဲ့ outfit​တွေ ကျွန်​တော်​ရွေးထားတာပါ။ တကယ်​လို့ ဥက္ကဌအ​နေနဲ့လည်း အဆင်​ပြေတယ်​ဆိုရင်​ဒီ​နေ့​နေ့လည်​စက်​ရုံသွားပြီး အထည်​အ​ရေအတွက်​နဲ့...."
"မင်းနဲ့ wang groupက ဥက္ကဌဝမ်​ရဲ့သား ဒါရိုက်​တာချုပ်​ဝမ်​ကျင်းဟိုင်​နဲ့ ဘယ်​လိုပတ်​သတ်​လဲ ဝမ်​ရိ​ပေါ်..."
ipadထဲက​နေ အလုပ်​အ​ကြောင်း ရှင်းပြ​နေရင်း မဆိုင်​တာ​တွေ ထ​မေးတဲ့​ရှောင်းကျန့်​ကြောင့်​ရိ​ပေါ်သက်​ပြင်းတစ်​ချက်​ချကာ
"အဲ့ဒီ​မေးခွန်းက အလုပ်​နဲ့ ဘယ်​လိုများပတ်​သတ်​နေလို့လဲ"
"ငါ​မေးတာသာ​ဖြေစမ်းပါ...။ ငါ့ကို​မေးခွန်းပြန်​မထုတ်​နဲ့"
"အဲ့ဒါက ကျွန်​တော့်​ရဲ့ personal caseဖြစ်​နေလို့ ဥက္ကဌကို​ပြောပြလို့မရပါဘူး။ အလုပ်​ကိစ္စနဲ့ ပတ်​သတ်​ပြီး​မေးစရာ မရှိ​တော့ဘူးဆိုရင်​ကျွန်​တော့်​ကို ခွင့်​ပြုပါဦး"
​ရှောင်းကျန့်​ဘာမှမ​ပြောခင်​ရိ​ပေါ်အမြန်​ထွက်​လာလိုက်​သည်​။ ကျင်းဟိုင်​ကောက ရိ​ပေါ်ရဲ့အကိုမှန်းသိရင်​အ​ဖေနဲ့အကိုရဲ့ အရှိန်​အဝါ​ကြောင့်​မန်​နေဂျာရာထူးရထားတယ်​ဆိုပြီး အထင်​သေးဦးမှာ ဖြစ်​တာမို့ ရိ​ပေါ်မ​ဖြေချင်​ပါ။ ပုံမှန်​ဆိုရင်​တောင်​ရိ​ပေါ်ကို အပြစ်​လိုက်​ရှာ​နေတတ်​တဲ့​ရှောင်းကျန့်​က ဒီကိစ္စသာသိရင်​ရိ​ပေါ်ကို ကျိန်း​သေ​လှောင်​ပြောင်​နေဦးမှာ​သေချာသည်​။
ဘာပဲဖြစ်​ဖြစ်​ည​နေရုံးဆင်းရင်​တော့ ကျင်းဟိုင်​ကောကို မှာထားရမည်​။​နောက်​နေ့​တွေ ရိ​ပေါ်ကို လိုက်​မပို့​တော့ဖို့။
ဒီရက်​ပိုင်းpatternဆွဲစရာ​တွေက​တောင်​လိုပုံ​နေတာမို့ ex-crush​လေးကိုတစ်​ရက်​ခြားတစ်​ခါ​လောက်​မှတင်​ပေးဖြစ်​မယ်​နော်
#fah🦄
Continue Reading
You'll Also Like
288K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
173K 9.2K 50
သိချင်ရင်ဝင်ဖတ်ကြည့်ပါ... Tu နဲ့ခပ်ဆင်ဆင်လေး ဖြစ်နေပေမဲ့... ကွဲပြားပါတယ်နော်..သာသာအဆဲခံရတဲ့ ficဆိုရင်လည်း မမှားပါဘူး။ဒီ book လေးက သာသာရဲ့ပထမခြေလှမ်းဖ...
218K 18.1K 24
မက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... __________________________👑 မက်မွန်ပွင့်လေးနဲ့တူတဲ့ြ...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...