Adventure of Demon Lord [ VIL...

By Boss_want_to_eat_you

144K 17.3K 472

#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖိ... More

Prologue
Arc_1 [Doctor France] (ဒေါက်တာဖရန့်စ်)
Arc_1.1
Arc_1.2
Arc_1.3
Arc_1.4
Arc_1.5
Arc_1.6
Arc_1.7
Arc_1.8
Arc_1.9
Arc_1.10
Arc_1.11
Arc_1 [The End]
Arc_2 [Dear Best Friend, Can you die for me?] (ဂျိုးဆက်ဖ်)
Arc_2.1
Arc_2.2
Arc_2.3
Arc_2.4
Arc_2.5
Arc_2.6
New Fiction
Arc_2.7
Arc_2.8
Arc_2.9
Arc_2.10
Arc_2.11
Arc_2.12
Arc_2.13
Arc_2 [The End]
Arc_3 [ Seriel Killer & His target!] (ကွင်းဆက်လူသတ်သမားရိုလန်တိုင်ဒါ)
Arc_3.1
Arc_3.2
Arc_3.3
Arc_3.4
Arc_3.5
Arc_3.7
Arc_3.8
Arc_3.9
Arc_3.10
Arc_3.11
Arc_3.12
Arc_3.13
Arc_3.14
Arc_3.15
Arc_3.16
Arc_3 [The End]
About Role!
Arc_3(Extra)
Arc_4[The Cursed Emperor](ဧကရာဇ်ဂျယ်ဟွမ်)

Arc_3.6

1.3K 211 3
By Boss_want_to_eat_you

ယနေ့မှာ စုံထောက်ဌာနက အော်ဒရေးတို့အဖွဲ့တော်တော်လေးအလုပ်ရှုပ်နေကြသည်။ အကြောင်းရင်းကတော့ နာမည်ကြီးကွန်ဒိုဟိုတယ်တစ်ခုမှာ လူတစ်ယောက်အသတ်ခံခဲ့ရတယ်ဆိုသည့် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့တာကြောင့်ပင်။

ဖုန်းခေါ်ဆိုသူဟာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏အသံဟာလည်း တုန်လှုပ်ခြောက်ခြားစရာဖြစ်ရပ်တစ်ခုခုကို တွေ့လိုက်ရသည့်နှယ်၊ တုန်ရီနေကာ ပြတ်တောင်းပြတ်တောင်းဖြစ်နေခဲ့သည်။

သို့သော်ငြား၊ ဤဖုန်းခေါ်ဆိုမှုဟာ နောက်ပြောင်ခြင်းလား၊ ဒါမှမဟုတ်၊ ဖြစ်ရပ်အမှန်လားဆိုတာကို အတည်ပြုဖို့ရန်အတွက် အော်ဒရေးတစ်ယောက် ထိုကွန်ဒိုဟိုတယ်ရှိ လုံခြုံရေးဝန်ထမ်းတစ်ချို့ကို ဆက်သွယ်ကာ လူသတ်မှုဖြစ်ပွားခဲ့တဲ့အခန်းကို သွားရောက်ကြည့်ရှုစေသည်။

ထို့နောက်တွင်တော့ စစ်ဆေးခဲ့တဲ့လုံခြုံရေးဝန်ထမ်းထဲမှ တစ်ယောက်က အော်ဒရေးကို ပြန်လည်အကြောင်းကြားခဲ့ပြီး အမြန်လာရောက်ဖို့ရန် ဖုန်းဆက်ခေါ်လေသည်။

ဒါကြောင့် အော်ဒရေးနှင့်ဌာနမှ အဖွဲ့သားတစ်ချို့တို့သည် ကွန်ဒိုဟိုတယ်ဆီ ထွက်လာခဲ့ကြသည်။

'ချလက်! ချလက်!'
မှုခင်းဓာတ်ပုံဆရာဟာ သေဆုံးသူ၏အလောင်းကို ရှုထောင့်အမျိုးမျိုးမှ ဓာတ်ပုံရယူနေသည်။

အော်ဒရေးက ကုတင်ပေါ်တွင် စောင်ကိုခြုံကာ တုန်ရီနေသော မိန်းကလေးနှင့် သူမ၏နံဘေးတွင် အကြံအိုက်နေပုံရသော လုံခြုံရေးဝန်ထမ်းနှစ်ယောက်ကိုကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ။"

"စုံထောက်ကြီးနဲ့ဖုန်းပြောပြီးနောက်မှာ ကျွန်တော်တို့ဒီအခန်းကို လာခဲ့ကြတော့ သူတို့နှစ်ယောက်ကို ဒီပုံစံနဲ့တွေ့တာပဲ။ သူမကိုကြည့်ရတာ တော်တော်လေးတုန်လှုပ်နေပုံရတယ်။ သူမသတ်လိုက်တာများဖြစ်နိုင်မလား။"
အော်ဒရေးအနားတွင်ရပ်နေသော လုံခြုံရေးဝန်ထမ်းခေါင်းဆောင်ကဖြေလိုက်သည်။

ကြမ်းပြင်ပေါ်တွင် လည်ပင်းပြတ်ရာဖြင့်သေဆုံးနေသော ယောကျ်ားအလောင်းကို အော်ဒရေးတစ်ချက်ကြည့်လိုက်သည်။ အလောင်း၏ပုံစံမှာလည်း ဝတ်လစ်စလစ်ဖြစ်နေတာကြောင့် ၎င်းတို့နှစ်ယောက်ချစ်တင်းနှောနေစဥ်အတွင်း၌ သေဆုံးသွားခဲ့တာဖြစ်ပေလိမ့်မည်။

ဖြစ်နိုင်ချေက နှစ်ခုသာရှိသည်။ ၎င်းတို့နှစ်ယောက်ချစ်တင်းနှောနေစဥ်၌ ကတောက်ကဆဖြစ်ကာ မိန်းကလေးဘက်မှလက်လွန်သွားခြင်း၊ ဒါမှမဟုတ်၊ ၎င်းတို့နှစ်ယောက်ဖြစ်နေစဥ်အတွင်း၌ တစ်စုံတစ်ယောက်က အခန်းထဲဝင်လာကာ ဤယောကျ်ားအား သတ်ဖြတ်သွားခဲ့ခြင်း။

ဒါပေမယ့်လည်း ဒါဟာ ခန့်မှန်းချေသာဖြစ်ပြီး သက်သေခံဖြစ်သူမိန်းကလေးကို မမေးမြန်းရသေးတာကြောင့် တထစ်ချယူဆ၍မရ။

"သူမကို မမေးရသေးဘူးပေါ့။"
အော်ဒရေးမေးလိုက်တော့ လုံခြုံရေးဝန်ထမ်းခေါင်းဆောင်က သက်ပြင်းချသည်။
"အင်း၊ ကျွန်တော်တို့ကို သူမကစကားမပြောတဲ့အပြင် အနားလည်းအကပ်မခံဘူး။"

အော်ဒရေး ထိုမိန်းကလေးကိုကြည့်လိုက်ကာ သူမအနားသို့ကပ်သွားလိုက်သည်။
"ဟေး၊ ကိုယ်တို့ကစုံထောက်တွေပါ။ မင်းကိုအန္တရာယ်မပေးပါဘူး။"

သူမက အော်ဒရေးကိုမော့ကြည့်လာပြီးနောက် ပြန်လည်ခေါင်းငုံ့သွားခဲ့သည်။ ရုန်းကန်မယ့်ပုံမပေါ်တာကြောင့် အော်ဒရေးထပ်ပြောလိုက်သည်။

"ကိုယ်မင်းနဲ့စကားနည်းနည်းလောက် ပြောလို့ရမလား။"

သူမက မော့မကြည့်ပဲ ခေါင်းငြိမ့်ပြလာသည်။

"မင်း...သူ့ကို သတ်လိုက်တာလား။"

ထိုစကားကြောင့် သူမကခေါင်းမော့လာကာ ကြမ်းပြင်ပေါ်ရှိမိုက်ကယ့်အလောင်းကို ကြည့်သည်။ ထို့နောက်တွင်တော့ အသည်းအသန်ခေါင်းခါကာ တရစပ်ရေရွတ်သည်။
"ဟင့်အင်း...ဟင့်အင်း..ကျွန်မမသတ်ဘူး..ကျွန်မမဟုတ်ဘူး!!!!"

"ဟူး...စိတ်အေးအေးထားနော်။ သူ့ကိုဘယ်သူသတ်ခဲ့လဲဆိုတာ မင်းသိလား။"

သူမက ခေါင်းငြိမ့်ပြလာရင်းဖြင့် ရုတ်တရက်ပင်ခေါင်းခါပြပြန်သည်။
"ကျွန်မ..ကျွန်မမသိဘူး!!"

အော်ဒရေးမျက်မှောင်ကြုတ်လိုက်သည်: သူမက ဒီမှာတစ်ချိန်လုံးရှိနေတာဆိုတော့ လူသတ်တရားခံမည်သူဆိုတာ တွေ့မြင်လိုက်မှာအမှန်ဖြစ်သည်။ ကြည့်ရတာ သူမရှေ့တွင်ဖြစ်ပွားခဲ့သောလူသတ်မှုကြောင့် တုန်လှုပ်နေတာဖြစ်လိမ့်မည်။

"မင်းမသိတာတကယ်ပဲလား။ အဲ့ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ။ မစ္စတာမိုက်ကယ်တစ်ယောက် ဘဝကူးကောင်းမှာမဟုတ်တော့ဘူး။ သူ့ကိုသတ်သွားခဲ့တဲ့တရားခံကိုမဖမ်းမိလို့လေ။"
အော်ဒရေးက မိုက်ကယ့်အလောင်းကို တစ်ချက်ကြည့်ကာ သနားသလိုပြောလာသည်။ သူမသည်လည်း မိုက်ကယ့်အလောင်းကိုပြန်ကြည့်လာကာ မျက်ရည်များအဆက်မပြတ်စီးကျလာပြန်သည်။ အချိန်တော်တော်ကြာပြီးနောက်တွင်သာ သူမဆီကအသံတစ်ချို့ထွက်ပေါ်လာသည်။

"သူ...သူသတ်...သွားတာ... ကျွန်မချစ်..သူကို သူသတ်သွားခဲ့တာ...!"

အော်ဒရေးကသူမစကားကိုနောက်ကလိုက်ကာမေးမြန်းသည်။
"ဘယ်သူလဲ။"

သူမကခေါင်းခါပြန်သည်။

"မင်းပြောပြမှ အဲ့တရားခံကို ကိုယ်တို့ဖမ်းမိမှာပါ။ မိုက်ကယ့်အတွက် တရားမျှတမှုရစေချင်တယ်မလား။"

သူမ တွေဝေသွားပြီးနောက်.... ခေါင်းငြိမ့်ပြလာသည်။

"ကျွန်မ.. သူ့ကိုမသိဘူး။ မမြင်ဖူးဘူး။ လူစိမ်းတစ်ယောက်ပဲ..ကျွန်မတို့...လုပ်နေတုန်းမှာ..သူကတံခါးဖွင့်ပြီးဝင်လာခဲ့တာ။"

အော်ဒရေးနှင့်လုံခြုံရေးဝန်ထမ်းခေါင်းဆောင်တို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

"ဖြစ်ရပ်အသေးစိတ်ကို ဆက်ပြောပြနိုင်မလား။"
အော်ဒရေးမေးလိုက်သည်။ ဒါက သူမအတွက်ရက်စက်ရာကျပေမယ့် တရားခံကိုဖမ်းမိဖို့အတွက် သူမကအရေးကြီးသည်။ ဒါ့အပြင် သူထင်တဲ့တစ်ယောက်ဟုတ်လား၊ မဟုတ်လားဆိုတာကိုလည်း အတည်ပြုချင်တာကြောင့်ပင်။

"ကျွန်မ...အနောက်ကို.လှည့်ကြည့်မိတော့ အဲ့ဒီ့လူစိမ်းကိုမြင်လိုက်ရတယ်.. အဲ့ဒါကြောင့် မိုက်ကယ့်ကို ပြောပြဖို့...ကြိုးစားပေမယ့် မျိုကျကယျက ကျွန်မပါးစပ်ကိုအုပ်ထားခဲ့တာ.. ကျွန်မပြောခွင့်မရ...လိုက်ဘူး။ အဲ့ဒီ့နောက်မှာ..တော့ အဲ့လူက မိုက်ကယ့်..လည်ပင်းကို..လှီးသွားခဲ့တယ်။"

အော်ဒရေးက သူမပြောတဲ့စကားများကို သူ့လက်ထောက်တစ်ယောက်ကိုမှတ်ထားစေသည်။ အလောင်း၏လည်ပင်းကလှီးဖြတ်ရာကို တစ်ချက်ကြည့်လိုက်ကာ သူမကိုထပ်မေးလိုက်သည်။
"သူက ဘယ်လိုပုံစံမျိုးလဲ။ ထူးခြားချက်တစ်ခုခုရှိလား။"

သူမက မျက်ရည်များကိုသုတ်ပစ်ကာ မျက်လုံးများကိုကစားရင်းဖြင့် တစ်ခုခုကိုအသည်းအသန်စဥ်းစားနေသည်။
"သူ့မှာ ရွှေအိုရောင်ဆံပင်တွေရှိတယ်.အပြာရောင်အကျီနဲ့..အမည်းရောင်ဘောင်းဘီကိုဝတ်ထားတယ်...အရပ်လည်းတော်တော်ရှည်တယ်။ မျက်လုံးတွေက.. အေးစက်စက်နဲ့ ကြောက်ဖို့ကောင်းတယ်။ ဦး..ဦးထုပ်အနက်ရောင်ကိုလည်း ဆောင်းထားသေးတယ်။"
သူမသည် ပြောရင်းဖြင့်ကြောက်လာဟန်။ အခန်းတစ်ဝိုက်ကို မျက်လုံးကစားကြည့်လိုက်သေးသည်။

"ပြီး.. ပြီးတော့ လေချွန်နေတယ်....ဓားမြှောင်တစ်ခုကိုလည်း လက်ထဲမှာကစားနေတာ.."

အော်ဒရေးနဖူးရေတွန့်သွားကာ သူမပြောတာကို စိတ်ကူးထဲတွင်ပုံဖော်ကြည့်နေသည်။ လုံခြုံရေးဝန်ထမ်းခေါင်ဆောင်သည်လည်း တစ်စုံတစ်ခုကိုတွေးမိကာ မျက်မှောင်ကြုတ်လိုက်သည်။

"သူ..သူက မိုက်ကယ့်ကိုသတ်ပြီးတာနဲ့..အခန်းထဲကနေ လေလိုပဲ ပျောက်ကွယ်သွားခဲ့တာ။"
ထိုစကားကိုကြားတော့ အော်ဒရေးမျက်ခုံးပင့်လိုက်သည်။ မဖြစ်နိုင်လိုက်တာ။

"ကျေးဇူးပါပဲ။ မစ္စဆိုဖီယာကို ကိုယ့်တပည့်နှစ်ယောက်.."

အော်ဒရေးပြောနေတုန်းမှာ အသံတစ်ခုထွက်လာသည်။
"ကျွန်တော် သူပြောတဲ့တစ်ယောက်ကို သိသလိုလိုပဲ။"
ထိုအသံက အော်ဒရေးဘေးတွင်ရှိနေသော လုံခြုံရေးဝန်ထမ်းခေါင်းဆောင်ဆီမှဖြစ်သည်။

"ဟမ်? ဘာပြောလိုက်တာ။"
အော်ဒရေးထပ်မေးလိုက်သည်။
"ကျွန်တော် သူပြောတဲ့တစ်ယောက်ကို တွေ့လိုက်တယ်။"

"ဘယ်လိုတွေ့လိုက်တာလဲ။"

"နေ့ခင်းပိုင်းလောက်ကပဲ။ ကျွန်တော် ကင်းလှည့်နေတုန်းမှာ  ရွှေအိုရောင်ဆံပင်နဲ့ကောင်လေးတစ်ယောက် ဒီကိုရောက်လာခဲ့တယ်။ သူက maskတပ်ထားတော့ ကျွန်တော်မေးလိုက်တယ်။ ဖုန်မှုန့်နဲ့ဓာတ်မတည့်ဘူးဆိုပြီးပြန်ဖြေတယ်လေ။"

"..."
အော်ဒရေးကခေါင်းငြိမ့်သည်။

"ကျွန်တော်လည်း သူ့ကိုမေးလိုက်တာပေါ့။ ဘယ်သူ့ကိုလာရှာတာလဲဆိုတော့ သူက ဆိုဖီယာ့ကိုလာရှာတာတဲ့လေ။"

"ဆိုဖီယာ? ခင်ဗျားပြောချင်တာက..သူလာရှာတာက မစ္စဆိုဖီယာကိုလား။"
အော်ဒရေးမေးလိုက်တော့ လုံခြုံရေးဝန်ထမ်းခေါင်းဆောင်က ခေါင်းငြိမ့်ပြသည်။
"အမှန်ပဲ။ ကျွန်တော်လည်း မသက်ာတာနဲ့ စစ်ဆေးမေးမြန်းကြည့်တော့။ မစ္စဆိုဖီယာ့ရဲ့အသိမောင်လေးဆိုပဲ။ အလုပ်မလာလို့ အိမ်ကိုသွားရှာတော့ အိမ်မှာလဲမရှိတာနဲ့ အိမ်နီးချင်းတွေက ဒီကွန်ဒိုဟိုတယ်လိပ်စာပေးလိုက်တာတဲ့။"

"..."

"ကျွန်တော် မစ္စဆိုဖီယာရှိနေတဲ့အခန်းလိပ်စာကို အဲ့ကောင်လေးကိုမပေးလိုက်မိဘူး။ မယုံကြည်တာနဲ့ မစ္စဆိုဖီယာမရှိဘူးဆိုပြီးတော့ပဲ လိမ်လိုက်တယ်။ အဲ့ဒီ့နောက်မှာတော့ အဲ့ကောင်လေးအပြင်ကိုထွက်သွားတာပဲ။ ပြန်လာတာတော့မတွေ့တော့ဘူး။"

"စီစီတီဗီမှတ်တမ်းဖိုင်တော့ရှိမှာပဲ။ အဲ့တစ်ယောက်ရဲ့ပုံစံကို ကျွန်တော်သိချင်တယ်။"
အော်ဒရေးပြောလိုက်တော့ လုံခြုံရေးဝန်ထမ်းခေါင်းဆောင်က ခေါင်းငြိမ့်ပြသည်။
"ရတာပေါ့။ ကျွန်တော့်နောက်လိုက်ခဲ့ပါ။"

ထို့နောက်တွင်တော့ အော်ဒရေးနှင့်လုံခြုံရေးဝန်ထမ်းခေါင်းဆောင်တို့ စောင့်ကြည့်ခန်းကိုရောက်လာကြသည်။ ၂နာရီအချိန်လောက်က မှတ်တမ်းကိုပြန်ကြည့်မိတော့ ထိုလူငယ်လေး၏ပုံစံကို မြင်လိုက်ရသည်။ သို့သော်ငြား maskခံနေတာကြောင့် မျက်နှာကိုတော့ သေချာမမြင်လိုက်ရပေမယ့် ခန္ဓာကိုယ်အချိုးအစားကိုတော့ သိလိုက်ရသည်။ ထိုလူငယ်လေးအပြင်ကိုထွက်သွားတဲ့နောက်တွင်တော့ အချိန်တော်တော်ကြာကြာစောင့်ကြည့်သော်လည်း ထိုလူငယ်လေးထပ်မံဝင်ရောက်လာတာကိုမတွေ့ရတော့။
"ကျွန်တော့်ကို ဒီမှတ်တမ်းဖိုင်ပေးလိုက်ပါ။ ပြီးတော့ မစ္စဆိုဖီယာကို ဒီကိုခဏခေါ်လာခဲ့ပါ။"
လုံခြုံရေးဝန်ထမ်းခေါင်းဆောင်ကို ပြောနေရင်းဖြင့် သူ့အနောက်တွင်ရပ်နေသောလက်ထောက်ကို အော်ဒရေးခေါင်းလှည့်ကာပြောလိုက်သည်။

ခေတ္တကြာပြီးနောက်တွင်တော့ ဆိုဖီယာရောက်လာသည်။ အော်ဒရေးဟာ စီစီတီဗီမှတ်တမ်းတွင်ရိုက်မိထားသော ကောင်လေးပုံကို ဆိုဖီယာ့ကိုပြလိုက်သည်။
"ဒီတစ်ယောက်လား။ မစ္စတာမိုက်ကယ့်ကိုသတ်သွားတဲ့တရားခံက။"

ဆိုဖီယာက ကွန်ပျူတာကိုမဝံ့မရဲကြည့်လိုက်သည်။ လူငယ်လေးပုံကိုမြင်လိုက်ပြီးနောက် သူမ၏တည်ငြိမ်နေသောစိတ်ဟာ ပြန်ပြီးဂယက်ထလာရသည်။
"ဟုတ်...ဟုတ်တယ်..သူပဲ။"

အော်ဒရေးက ထပ်မေးလိုက်သည်။
"သူက မင်းကိုလာရှာသွားခဲ့တာ။ မင်းရဲ့အသိမောင်လေးဆိုပဲ။"

ဆိုဖီယာက ခေါင်းခါပြသည်။
"ဟင့်အင်း။ ကျွန်မအသိတွေထဲမှာ ဒီလိုပုံစံမရှိဘူး။"

ဆိုဖီယာ့စကားအဆုံး၌ အော်ဒရေးသက်ပြင်းမောချလိုက်မိသည်။ သူထင်နေတဲ့သူများလား။

ဖုန်းထုတ်ကာ တစ်ယောက်ယောက်ကိုဆက်လိုက်သည်။
"အိုဝင်! လူးကပ်စ်! ငါစောင့်ကြည့်ခိုင်းထားတဲ့လူနှစ်ယောက်ရဲ့အခြေအနေဘယ်လိုလဲ။"

"အိမ်မှာမရှိဘူး။ ခေါင်းဆောင်..သူမနက်ကတည်းကထွက်သွားတာ။"
အိုဝင်ကပြန်ဖြေသည်။

"သူလည်း အိမ်မှာမရှိဘူး။ ဆရာ.."
လူးကပ်စ်ကလည်းဖြေသည်။

"ငါသိပြီ။"
ဖုန်းချတော့မည်အလုပ်၊ အိုဝင်ရဲ့အလောတကြီးပြောဆိုသံကို ကြားလိုက်ရသည်။
"ပြန်..ပြန်လာပြီ.ခေါင်းဆောင်။ ရိုလန်တိုင်ဒါပြန်လာပြီ။"
အော်ဒရေး မျက်လုံးများမှေးကျဥ်းလိုက်သည်။

----------

တစ်ဖက်တွင်တော့ ရိုလန်ဟာ ဆိုဖာပေါ်တွင်ထိုင်နေကာ ပြုံးနေသည်။ အထူးသဖြင့် အဲရမ်ကို တွေ့လိုက်ရတဲ့အတွက်ကြောင့်ပေါ့။

'မကြာတော့ပါဘူး။ အဲရမ်...မင်းကို ကိုယ်တွေ့တော့မှာပါ။'
ရေရွတ်လိုက်မိပြီးနောက် သူ့ကိုကြည့်သွားသော အဲရမ်၏စိမ်းသက်သက်မျက်လုံးများကို ပြန်မြင်ယောင်လိုက်ကာ နှလုံးသားတစ်ခုလုံးအောင့်တက်သွားရသည်။

"အဲရမ်က ဘာလို့ ငါ့ကိုအဲ့လိုကြီးကြည့်သွားရတာလဲ။ သူငါ့ကိုကြည့်သွားတဲ့ပုံက သူစိမ်းတစ်ယောက်ကိုကြည့်သွားသလိုမျိုးပဲ။"
ရိုလန်တစ်ယောက်တည်းပြောနေရင်းဖြင့် ဘေးတွင်ငြိမ်နေသောအရိုခေါင်းဆီအကြည့်ရောက်သွားသည်။

"မင်းတစ်ခုခုသိနေလား။ System?"
ရိုလန်၏အသံက အံကြိတ်သံပေါက်နေတာကြောင့် အရိုးခေါင်းတစ်ယောက်စွေကြည့်လာသည်။

[မ! သိ! ဘူး!]

"ဟမ့်! သေချာလား။"
ရိုလန်ကလည်း ခပ်ထေ့ထေ့ပြန်မေးလိုက်သည်။

[သေချာတယ်!]

"မင်းငါ့ကို လိမ်လို့ရှိရင် ချက်ချင်းမီးလောင်ပြီးပြာကျသွားလိမ့်မယ်နော်။"
ရိုလန်အေးစက်စက်ပြုံးလိုက်သည်။

[....]
ခွေးကောင်!

[အဟမ်း...ပြစ်ဒဏ်ခံနတ်ဘုရားက စိတ်စွမ်းအင်သိပ်မရှိတော့လို့ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် သူ့ရဲ့ကိုယ်ပွားက မင်းကိုမှတ်မိနိုင်စွမ်းမရှိတော့တာ။ နောက်ပိုင်းတွေလည်း ဒီလိုဖြစ်နေမှာပဲ။]
ဘရေ့ဗ်ယောလ်ဆက်ဖ်ပါ.ဘဒို!

ငါ့ကိုခြိမ်းခြောက်ချင်တဲ့ကောင်! အဲ့မှာခံလိုက်စမ်း!!!

Systemတစ်ယောက် ရိုလန်၏မှုန်ကုပ်နေသောမျက်နှာကို အရသာခံကြည့်နေလိုက်သည်။

ထို့နောက်တွင် ရိုလန်တစ်ယောက် ဆိုဖာပေါ်ကထကာ ပြတင်းပေါက်လိုက်ကာကို အနည်းငယ်မ၊လိုက်ရင်း အပြင်ဘက်ကိုကြည့်လိုက်သည်။
"ဟက်! ဇာတ်လိုက်က သူ့နောက်လိုက်ခွေးတွေကို ဘယ်တော့မှ ငါ့နောက်မလိုက်ဖို့ပြောမှာပါလိမ့်..။"

ရိုလန်တစ်ယောက် မနက်ဖြန်ပွဲကြီးပွဲကောင်းဖြစ်တော့မှာကို တွေးမိရင်း လိုက်ကာစကိုပြန်ချလိုက်ကာ ခနဲ့ပြုံးပြုံးလိုက်တော့သည်။

____________________________________

စာဖတ်သူများ: ရှောင်ဂျင့်ကို အိုစီမယ်!

ရှောင်ဂျင်: *ဓားရှည်ကိုထုတ်ကာ သူ့ကိုအိုစီချင်တဲ့သူတွေကို ခုတ်ပစ်လိုက်*

ခေါက်ဆွဲ: ကျွတ်.ကျွတ်..သနားစရာပဲ..

ထိုစဥ် ရှောင်ဂျင်က ခေါက်ဆွဲကိုမြင်သွားကာ ဓားရှည်ကြီးတရမ်းရမ်းဖြင့် လျှောက်လာကာ ခေါက်ဆွဲ၏လည်ပင်းကိုဓားရှည်နှင့်ထောက်လိုက်သည်။

"အဲရမ်ဘယ်မှာလဲ.."
အေးစက်စက်အသံကြီးကြောင့် စိတ်ထဲကနေတိတ်တိတ်လေးအိုစီနေသူခေါက်ဆွဲတစ်ယောက် ရင်တွေတလှပ်လှပ်ခုန်ကာ သတိလစ်သွားလေတော့သည်။

____________________________________

ယေန႕မွာ စုံေထာက္ဌာနက ေအာ္ဒေရးတို႔အဖြဲ႕ေတာ္ေတာ္ေလးအလုပ္ရႈပ္ေနၾကသည္။ အေၾကာင္းရင္းကေတာ့ နာမည္ႀကီးကြန္ဒိုဟိုတယ္တစ္ခုမွာ လူတစ္ေယာက္အသတ္ခံခဲ့ရတယ္ဆိုသည့္ ဖုန္းေခၚဆိုမႈတစ္ခုကို လက္ခံရရွိခဲ့တာေၾကာင့္ပင္။

ဖုန္းေခၚဆိုသူဟာ မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး သူမ၏အသံဟာလည္း တုန္လႈပ္ေျခာက္ျခားစရာျဖစ္ရပ္တစ္ခုခုကို ေတြ႕လိုက္ရသည့္ႏွယ္၊ တုန္ရီေနကာ ျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနခဲ့သည္။

သို႔ေသာ္ျငား၊ ဤဖုန္းေခၚဆိုမႈဟာ ေနာက္ေျပာင္ျခင္းလား၊ ဒါမွမဟုတ္၊ ျဖစ္ရပ္အမွန္လားဆိုတာကို အတည္ျပဳဖို႔ရန္အတြက္ ေအာ္ဒေရးတစ္ေယာက္ ထိုကြန္ဒိုဟိုတယ္ရွိ လုံၿခဳံေရးဝန္ထမ္းတစ္ခ်ိဳ႕ကို ဆက္သြယ္ကာ လူသတ္မႈျဖစ္ပြားခဲ့တဲ့အခန္းကို သြားေရာက္ၾကည့္ရႈေစသည္။

ထို႔ေနာက္တြင္ေတာ့ စစ္ေဆးခဲ့တဲ့လုံၿခဳံေရးဝန္ထမ္းထဲမွ တစ္ေယာက္က ေအာ္ဒေရးကို ျပန္လည္အေၾကာင္းၾကားခဲ့ၿပီး အျမန္လာေရာက္ဖို႔ရန္ ဖုန္းဆက္ေခၚေလသည္။

ဒါေၾကာင့္ ေအာ္ဒေရးႏွင့္ဌာနမွ အဖြဲ႕သားတစ္ခ်ိဳ႕တို႔သည္ ကြန္ဒိုဟိုတယ္ဆီ ထြက္လာခဲ့ၾကသည္။

'ခ်လက္! ခ်လက္!'
မႈခင္းဓာတ္ပုံဆရာဟာ ေသဆုံးသူ၏အေလာင္းကို ရႈေထာင့္အမ်ိဳးမ်ိဳးမွ ဓာတ္ပုံရယူေနသည္။

ေအာ္ဒေရးက ကုတင္ေပၚတြင္ ေစာင္ကိုၿခဳံကာ တုန္ရီေနေသာ မိန္းကေလးႏွင့္ သူမ၏နံေဘးတြင္ အႀကံအိုက္ေနပုံရေသာ လုံၿခဳံေရးဝန္ထမ္းႏွစ္ေယာက္ကိုၾကည့္ကာ ေမးလိုက္သည္။
"ဘာျဖစ္ေနတာလဲ။"

"စုံေထာက္ႀကီးနဲ႕ဖုန္းေျပာၿပီးေနာက္မွာ ကြၽန္ေတာ္တို႔ဒီအခန္းကို လာခဲ့ၾကေတာ့ သူတို႔ႏွစ္ေယာက္ကို ဒီပုံစံနဲ႕ေတြ႕တာပဲ။ သူမကိုၾကည့္ရတာ ေတာ္ေတာ္ေလးတုန္လႈပ္ေနပုံရတယ္။ သူမသတ္လိုက္တာမ်ားျဖစ္နိုင္မလား။"
ေအာ္ဒေရးအနားတြင္ရပ္ေနေသာ လုံၿခဳံေရးဝန္ထမ္းေခါင္းေဆာင္ကေျဖလိုက္သည္။

ၾကမ္းျပင္ေပၚတြင္ လည္ပင္းျပတ္ရာျဖင့္ေသဆုံးေနေသာ ေယာက်္ားအေလာင္းကို ေအာ္ဒေရးတစ္ခ်က္ၾကည့္လိုက္သည္။ အေလာင္း၏ပုံစံမွာလည္း ဝတ္လစ္စလစ္ျဖစ္ေနတာေၾကာင့္ ၎တို႔ႏွစ္ေယာက္ခ်စ္တင္းႏွောေနစဥ္အတြင္း၌ ေသဆုံးသြားခဲ့တာျဖစ္ေပလိမ့္မည္။

ျဖစ္နိုင္ေခ်က ႏွစ္ခုသာရွိသည္။ ၎တို႔ႏွစ္ေယာက္ခ်စ္တင္းႏွောေနစဥ္၌ ကေတာက္ကဆျဖစ္ကာ မိန္းကေလးဘက္မွလက္လြန္သြားျခင္း၊ ဒါမွမဟုတ္၊ ၎တို႔ႏွစ္ေယာက္ျဖစ္ေနစဥ္အတြင္း၌ တစ္စုံတစ္ေယာက္က အခန္းထဲဝင္လာကာ ဤေယာက်္ားအား သတ္ျဖတ္သြားခဲ့ျခင္း။

ဒါေပမယ့္လည္း ဒါဟာ ခန့္မွန္းေခ်သာျဖစ္ၿပီး သက္ေသခံျဖစ္သူမိန္းကေလးကို မေမးျမန္းရေသးတာေၾကာင့္ တထစ္ခ်ယဴဆ၍မရ။

"သူမကို မေမးရေသးဘူးေပါ့။"
ေအာ္ဒေရးေမးလိုက္ေတာ့ လုံၿခဳံေရးဝန္ထမ္းေခါင္းေဆာင္က သက္ျပင္းခ်သည္။
"အင္း၊ ကြၽန္ေတာ္တို႔ကို သူမကစကားမေျပာတဲ့အျပင္ အနားလည္းအကပ္မခံဘူး။"

ေအာ္ဒေရး ထိုမိန္းကေလးကိုၾကည့္လိုက္ကာ သူမအနားသို႔ကပ္သြားလိုက္သည္။
"ေဟး၊ ကိုယ္တို႔ကစုံေထာက္ေတြပါ။ မင္းကိုအႏၱရာယ္မေပးပါဘူး။"

သူမက ေအာ္ဒေရးကိုေမာ့ၾကည့္လာၿပီးေနာက္ ျပန္လည္ေခါင္းငုံ႕သြားခဲ့သည္။ ႐ုန္းကန္မယ့္ပုံမေပၚတာေၾကာင့္ ေအာ္ဒေရးထပ္ေျပာလိုက္သည္။

"ကိုယ္မင္းနဲ႕စကားနည္းနည္းေလာက္ ေျပာလို႔ရမလား။"

သူမက ေမာ့မၾကည့္ပဲ ေခါင္းၿငိမ့္ျပလာသည္။

"မင္း...သူ႕ကို သတ္လိုက္တာလား။"

ထိုစကားေၾကာင့္ သူမကေခါင္းေမာ့လာကာ ၾကမ္းျပင္ေပၚရွိမိုက္ကယ့္အေလာင္းကို ၾကည့္သည္။ ထို႔ေနာက္တြင္ေတာ့ အသည္းအသန္ေခါင္းခါကာ တရစပ္ေရ႐ြတ္သည္။
"ဟင့္အင္း...ဟင့္အင္း..ကြၽန္မမသတ္ဘူး..ကြၽန္မမဟုတ္ဘူး!!!!"

"ဟူး...စိတ္ေအးေအးထားေနာ္။ သူ႕ကိုဘယ္သူသတ္ခဲ့လဲဆိုတာ မင္းသိလား။"

သူမက ေခါင္းၿငိမ့္ျပလာရင္းျဖင့္ ႐ုတ္တရက္ပင္ေခါင္းခါျပျပန္သည္။
"ကြၽန္မ..ကြၽန္မမသိဘူး!!"

ေအာ္ဒေရးမ်က္ေမွာင္ၾကဳတ္လိုက္သည္: သူမက ဒီမွာတစ္ခ်ိန္လုံးရွိေနတာဆိုေတာ့ လူသတ္တရားခံမည္သူဆိုတာ ေတြ႕ျမင္လိုက္မွာအမွန္ျဖစ္သည္။ ၾကည့္ရတာ သူမေရွ႕တြင္ျဖစ္ပြားခဲ့ေသာလူသတ္မႈေၾကာင့္ တုန္လႈပ္ေနတာျဖစ္လိမ့္မည္။

"မင္းမသိတာတကယ္ပဲလား။ အဲ့ဒါဆိုရင္ေတာ့ စိတ္မေကာင္းစရာပဲ။ မစၥတာမိုက္ကယ္တစ္ေယာက္ ဘဝကူးေကာင္းမွာမဟုတ္ေတာ့ဘူး။ သူ႕ကိုသတ္သြားခဲ့တဲ့တရားခံကိုမဖမ္းမိလို႔ေလ။"
ေအာ္ဒေရးက မိုက္ကယ့္အေလာင္းကို တစ္ခ်က္ၾကည့္ကာ သနားသလိုေျပာလာသည္။ သူမသည္လည္း မိုက္ကယ့္အေလာင္းကိုျပန္ၾကည့္လာကာ မ်က္ရည္မ်ားအဆက္မျပတ္စီးက်လာျပန္သည္။ အခ်ိန္ေတာ္ေတာ္ၾကာၿပီးေနာက္တြင္သာ သူမဆီကအသံတစ္ခ်ိဳ႕ထြက္ေပၚလာသည္။

"သူ...သူသတ္...သြားတာ... ကြၽန္မခ်စ္..သူကို သူသတ္သြားခဲ့တာ...!"

ေအာ္ဒေရးကသူမစကားကိုေနာက္ကလိုက္ကာေမးျမန္းသည္။
"ဘယ္သူလဲ။"

သူမကေခါင္းခါျပန္သည္။

"မင္းေျပာျပမွ အဲ့တရားခံကို ကိုယ္တို႔ဖမ္းမိမွာပါ။ မိုက္ကယ့္အတြက္ တရားမွ်တမႈရေစခ်င္တယ္မလား။"

သူမ ေတြေဝသြားၿပီးေနာက္.... ေခါင္းၿငိမ့္ျပလာသည္။

"ကြၽန္မ.. သူ႕ကိုမသိဘူး။ မျမင္ဖူးဘူး။ လူစိမ္းတစ္ေယာက္ပဲ..ကြၽန္မတို႔...လုပ္ေနတုန္းမွာ..သူကတံခါးဖြင့္ၿပီးဝင္လာခဲ့တာ။"

ေအာ္ဒေရးႏွင့္လုံၿခဳံေရးဝန္ထမ္းေခါင္းေဆာင္တို႔တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကသည္။

"ျဖစ္ရပ္အေသးစိတ္ကို ဆက္ေျပာျပနိုင္မလား။"
ေအာ္ဒေရးေမးလိုက္သည္။ ဒါက သူမအတြက္ရက္စက္ရာက်ေပမယ့္ တရားခံကိုဖမ္းမိဖို႔အတြက္ သူမကအေရးႀကီးသည္။ ဒါ့အျပင္ သူထင္တဲ့တစ္ေယာက္ဟုတ္လား၊ မဟုတ္လားဆိုတာကိုလည္း အတည္ျပဳခ်င္တာေၾကာင့္ပင္။

"ကြၽန္မ...အေနာက္ကို.လွည့္ၾကည့္မိေတာ့ အဲ့ဒီ့လူစိမ္းကိုျမင္လိုက္ရတယ္.. အဲ့ဒါေၾကာင့္ မိုက္ကယ့္ကို ေျပာျပဖို႔...ႀကိဳးစားေပမယ့္ မ်ိဳက်ကယ်က ကြၽန္မပါးစပ္ကိုအုပ္ထားခဲ့တာ.. ကြၽန္မေျပာခြင့္မရ...လိုက္ဘူး။ အဲ့ဒီ့ေနာက္မွာ..ေတာ့ အဲ့လူက မိုက္ကယ့္..လည္ပင္းကို..လွီးသြားခဲ့တယ္။"

ေအာ္ဒေရးက သူမေျပာတဲ့စကားမ်ားကို သူ႕လက္ေထာက္တစ္ေယာက္ကိုမွတ္ထားေစသည္။ အေလာင္း၏လည္ပင္းကလွီးျဖတ္ရာကို တစ္ခ်က္ၾကည့္လိုက္ကာ သူမကိုထပ္ေမးလိုက္သည္။
"သူက ဘယ္လိုပုံစံမ်ိဳးလဲ။ ထူးျခားခ်က္တစ္ခုခုရွိလား။"

သူမက မ်က္ရည္မ်ားကိုသုတ္ပစ္ကာ မ်က္လုံးမ်ားကိုကစားရင္းျဖင့္ တစ္ခုခုကိုအသည္းအသန္စဥ္းစားေနသည္။
"သူ႕မွာ ေ႐ႊအိုေရာင္ဆံပင္ေတြရွိတယ္.အျပာေရာင္အက်ီနဲ႕..အမည္းေရာင္ေဘာင္းဘီကိုဝတ္ထားတယ္...အရပ္လည္းေတာ္ေတာ္ရွည္တယ္။ မ်က္လုံးေတြက.. ေအးစက္စက္နဲ႕ ေၾကာက္ဖို႔ေကာင္းတယ္။ ဦး..ဦးထုပ္အနက္ေရာင္ကိုလည္း ေဆာင္းထားေသးတယ္။"
သူမသည္ ေျပာရင္းျဖင့္ေၾကာက္လာဟန္။ အခန္းတစ္ဝိုက္ကို မ်က္လုံးကစားၾကည့္လိုက္ေသးသည္။

"ၿပီး.. ၿပီးေတာ့ ေလခြၽန္ေနတယ္....ဓားျမႇောင္တစ္ခုကိုလည္း လက္ထဲမွာကစားေနတာ.."

ေအာ္ဒေရးနဖူးေရတြန့္သြားကာ သူမေျပာတာကို စိတ္ကူးထဲတြင္ပုံေဖာ္ၾကည့္ေနသည္။ လုံၿခဳံေရးဝန္ထမ္းေခါင္ေဆာင္သည္လည္း တစ္စုံတစ္ခုကိုေတြးမိကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"သူ..သူက မိုက္ကယ့္ကိုသတ္ၿပီးတာနဲ႕..အခန္းထဲကေန ေလလိုပဲ ေပ်ာက္ကြယ္သြားခဲ့တာ။"
ထိုစကားကိုၾကားေတာ့ ေအာ္ဒေရးမ်က္ခုံးပင့္လိုက္သည္။ မျဖစ္နိုင္လိုက္တာ။

"ေက်းဇူးပါပဲ။ မစၥဆိုဖီယာကို ကိုယ့္တပည့္ႏွစ္ေယာက္.."

ေအာ္ဒေရးေျပာေနတုန္းမွာ အသံတစ္ခုထြက္လာသည္။
"ကြၽန္ေတာ္ သူေျပာတဲ့တစ္ေယာက္ကို သိသလိုလိုပဲ။"
ထိုအသံက ေအာ္ဒေရးေဘးတြင္ရွိေနေသာ လုံၿခဳံေရးဝန္ထမ္းေခါင္းေဆာင္ဆီမွျဖစ္သည္။

"ဟမ္? ဘာေျပာလိုက္တာ။"
ေအာ္ဒေရးထပ္ေမးလိုက္သည္။
"ကြၽန္ေတာ္ သူေျပာတဲ့တစ္ေယာက္ကို ေတြ႕လိုက္တယ္။"

"ဘယ္လိုေတြ႕လိုက္တာလဲ။"

"ေန႕ခင္းပိုင္းေလာက္ကပဲ။ ကြၽန္ေတာ္ ကင္းလွည့္ေနတုန္းမွာ  ေ႐ႊအိုေရာင္ဆံပင္နဲ႕ေကာင္ေလးတစ္ေယာက္ ဒီကိုေရာက္လာခဲ့တယ္။ သူက maskတပ္ထားေတာ့ ကြၽန္ေတာ္ေမးလိုက္တယ္။ ဖုန္မႈန့္နဲ႕ဓာတ္မတည့္ဘူးဆိုၿပီးျပန္ေျဖတယ္ေလ။"

"..."
ေအာ္ဒေရးကေခါင္းၿငိမ့္သည္။

"ကြၽန္ေတာ္လည္း သူ႕ကိုေမးလိုက္တာေပါ့။ ဘယ္သူ႕ကိုလာရွာတာလဲဆိုေတာ့ သူက ဆိုဖီယာ့ကိုလာရွာတာတဲ့ေလ။"

"ဆိုဖီယာ? ခင္ဗ်ားေျပာခ်င္တာက..သူလာရွာတာက မစၥဆိုဖီယာကိုလား။"
ေအာ္ဒေရးေမးလိုက္ေတာ့ လုံၿခဳံေရးဝန္ထမ္းေခါင္းေဆာင္က ေခါင္းၿငိမ့္ျပသည္။
"အမွန္ပဲ။ ကြၽန္ေတာ္လည္း မသက္ာတာနဲ႕ စစ္ေဆးေမးျမန္းၾကည့္ေတာ့။ မစၥဆိုဖီယာ့ရဲ႕အသိေမာင္ေလးဆိုပဲ။ အလုပ္မလာလို႔ အိမ္ကိုသြားရွာေတာ့ အိမ္မွာလဲမရွိတာနဲ႕ အိမ္နီးခ်င္းေတြက ဒီကြန္ဒိုဟိုတယ္လိပ္စာေပးလိုက္တာတဲ့။"

"..."

"ကြၽန္ေတာ္ မစၥဆိုဖီယာရွိေနတဲ့အခန္းလိပ္စာကို အဲ့ေကာင္ေလးကိုမေပးလိုက္မိဘူး။ မယုံၾကည္တာနဲ႕ မစၥဆိုဖီယာမရွိဘူးဆိုၿပီးေတာ့ပဲ လိမ္လိုက္တယ္။ အဲ့ဒီ့ေနာက္မွာေတာ့ အဲ့ေကာင္ေလးအျပင္ကိုထြက္သြားတာပဲ။ ျပန္လာတာေတာ့မေတြ႕ေတာ့ဘူး။"

"စီစီတီဗီမွတ္တမ္းဖိုင္ေတာ့ရွိမွာပဲ။ အဲ့တစ္ေယာက္ရဲ႕ပုံစံကို ကြၽန္ေတာ္သိခ်င္တယ္။"
ေအာ္ဒေရးေျပာလိုက္ေတာ့ လုံၿခဳံေရးဝန္ထမ္းေခါင္းေဆာင္က ေခါင္းၿငိမ့္ျပသည္။
"ရတာေပါ့။ ကြၽန္ေတာ့္ေနာက္လိုက္ခဲ့ပါ။"

ထို႔ေနာက္တြင္ေတာ့ ေအာ္ဒေရးႏွင့္လုံၿခဳံေရးဝန္ထမ္းေခါင္းေဆာင္တို႔ ေစာင့္ၾကည့္ခန္းကိုေရာက္လာၾကသည္။ ၂နာရီအခ်ိန္ေလာက္က မွတ္တမ္းကိုျပန္ၾကည့္မိေတာ့ ထိုလူငယ္ေလး၏ပုံစံကို ျမင္လိုက္ရသည္။ သို႔ေသာ္ျငား maskခံေနတာေၾကာင့္ မ်က္ႏွာကိုေတာ့ ေသခ်ာမျမင္လိုက္ရေပမယ့္ ခႏၶာကိုယ္အခ်ိဳးအစားကိုေတာ့ သိလိုက္ရသည္။ ထိုလူငယ္ေလးအျပင္ကိုထြက္သြားတဲ့ေနာက္တြင္ေတာ့ အခ်ိန္ေတာ္ေတာ္ၾကာၾကာေစာင့္ၾကည့္ေသာ္လည္း ထိုလူငယ္ေလးထပ္မံဝင္ေရာက္လာတာကိုမေတြ႕ရေတာ့။
"ကြၽန္ေတာ့္ကို ဒီမွတ္တမ္းဖိုင္ေပးလိုက္ပါ။ ၿပီးေတာ့ မစၥဆိုဖီယာကို ဒီကိုခဏေခၚလာခဲ့ပါ။"
လုံၿခဳံေရးဝန္ထမ္းေခါင္းေဆာင္ကို ေျပာေနရင္းျဖင့္ သူ႕အေနာက္တြင္ရပ္ေနေသာလက္ေထာက္ကို ေအာ္ဒေရးေခါင္းလွည့္ကာေျပာလိုက္သည္။

ေခတၱၾကာၿပီးေနာက္တြင္ေတာ့ ဆိုဖီယာေရာက္လာသည္။ ေအာ္ဒေရးဟာ စီစီတီဗီမွတ္တမ္းတြင္ရိုက္မိထားေသာ ေကာင္ေလးပုံကို ဆိုဖီယာ့ကိုျပလိုက္သည္။
"ဒီတစ္ေယာက္လား။ မစၥတာမိုက္ကယ့္ကိုသတ္သြားတဲ့တရားခံက။"

ဆိုဖီယာက ကြန္ပ်ဴတာကိုမဝံ့မရဲၾကည့္လိုက္သည္။ လူငယ္ေလးပုံကိုျမင္လိုက္ၿပီးေနာက္ သူမ၏တည္ၿငိမ္ေနေသာစိတ္ဟာ ျပန္ၿပီးဂယက္ထလာရသည္။
"ဟုတ္...ဟုတ္တယ္..သူပဲ။"

ေအာ္ဒေရးက ထပ္ေမးလိုက္သည္။
"သူက မင္းကိုလာရွာသြားခဲ့တာ။ မင္းရဲ႕အသိေမာင္ေလးဆိုပဲ။"

ဆိုဖီယာက ေခါင္းခါျပသည္။
"ဟင့္အင္း။ ကြၽန္မအသိေတြထဲမွာ ဒီလိုပုံစံမရွိဘူး။"

ဆိုဖီယာ့စကားအဆုံး၌ ေအာ္ဒေရးသက္ျပင္းေမာခ်လိဳက္မိသည္။ သူထင္ေနတဲ့သူမ်ားလား။

ဖုန္းထုတ္ကာ တစ္ေယာက္ေယာက္ကိုဆက္လိုက္သည္။
"အိုဝင္! လူးကပ္စ္! ငါေစာင့္ၾကည့္ခိုင္းထားတဲ့လူႏွစ္ေယာက္ရဲ႕အေျခအေနဘယ္လိုလဲ။"

"အိမ္မွာမရွိဘူး။ ေခါင္းေဆာင္..သူမနက္ကတည္းကထြက္သြားတာ။"
အိုဝင္ကျပန္ေျဖသည္။

"သူလည္း အိမ္မွာမရွိဘူး။ ဆရာ.."
လူးကပ္စ္ကလည္းေျဖသည္။

"ငါသိၿပီ။"
ဖုန္းခ်ေတာ့မည္အလုပ္၊ အိုဝင္ရဲ႕အေလာတႀကီးေျပာဆိုသံကို ၾကားလိုက္ရသည္။
"ျပန္..ျပန္လာၿပီ.ေခါင္းေဆာင္။ ရိုလန္တိုင္ဒါျပန္လာၿပီ။"
ေအာ္ဒေရး မ်က္လုံးမ်ားေမွးက်ဥ္းလိုက္သည္။

----------

တစ္ဖက္တြင္ေတာ့ ရိုလန္ဟာ ဆိုဖာေပၚတြင္ထိုင္ေနကာ ၿပဳံးေနသည္။ အထူးသျဖင့္ အဲရမ္ကို ေတြ႕လိုက္ရတဲ့အတြက္ေၾကာင့္ေပါ့။

'မၾကာေတာ့ပါဘူး။ အဲရမ္...မင္းကို ကိုယ္ေတြ႕ေတာ့မွာပါ။'
ေရ႐ြတ္လိုက္မိၿပီးေနာက္ သူ႕ကိုၾကည့္သြားေသာ အဲရမ္၏စိမ္းသက္သက္မ်က္လုံးမ်ားကို ျပန္ျမင္ေယာင္လိုက္ကာ ႏွလုံးသားတစ္ခုလုံးေအာင့္တက္သြားရသည္။

"အဲရမ္က ဘာလို႔ ငါ့ကိုအဲ့လိုႀကီးၾကည့္သြားရတာလဲ။ သူငါ့ကိုၾကည့္သြားတဲ့ပုံက သူစိမ္းတစ္ေယာက္ကိုၾကည့္သြားသလိုမ်ိဳးပဲ။"
ရိုလန္တစ္ေယာက္တည္းေျပာေနရင္းျဖင့္ ေဘးတြင္ၿငိမ္ေနေသာအရိုေခါင္းဆီအၾကည့္ေရာက္သြားသည္။

"မင္းတစ္ခုခုသိေနလား။ System?"
ရိုလန္၏အသံက အံႀကိတ္သံေပါက္ေနတာေၾကာင့္ အရိုးေခါင္းတစ္ေယာက္ေစြၾကည့္လာသည္။

[မ! သိ! ဘူး!]

"ဟမ့္! ေသခ်ာလား။"
ရိုလန္ကလည္း ခပ္ေထ့ေထ့ျပန္ေမးလိုက္သည္။

[ေသခ်ာတယ္!]

"မင္းငါ့ကို လိမ္လို႔ရွိရင္ ခ်က္ခ်င္းမီးေလာင္ၿပီးျပာက်သြားလိမ့္မယ္ေနာ္။"
ရိုလန္ေအးစက္စက္ၿပဳံးလိုက္သည္။

[....]
ေခြးေကာင္!

[အဟမ္း...ျပစ္ဒဏ္ခံနတ္ဘုရားက စိတ္စြမ္းအင္သိပ္မရွိေတာ့လို႔ျဖစ္လိမ့္မယ္။ အဲ့ဒါေၾကာင့္ သူ႕ရဲ႕ကိုယ္ပြားက မင္းကိုမွတ္မိနိုင္စြမ္းမရွိေတာ့တာ။ ေနာက္ပိုင္းေတြလည္း ဒီလိုျဖစ္ေနမွာပဲ။]
ဘေရ႕ဗ္ေယာလ္ဆက္ဖ္ပါ.ဘဒို!

ငါ့ကိုၿခိမ္းေျခာက္ခ်င္တဲ့ေကာင္! အဲ့မွာခံလိုက္စမ္း!!!

Systemတစ္ေယာက္ ရိုလန္၏မႈန္ကုပ္ေနေသာမ်က္ႏွာကို အရသာခံၾကည့္ေနလိုက္သည္။

ထို႔ေနာက္တြင္ ရိုလန္တစ္ေယာက္ ဆိုဖာေပၚကထကာ ျပတင္းေပါက္လိုက္ကာကို အနည္းငယ္မ၊လိုက္ရင္း အျပင္ဘက္ကိုၾကည့္လိုက္သည္။
"ဟက္! ဇာတ္လိုက္က သူ႕ေနာက္လိုက္ေခြးေတြကို ဘယ္ေတာ့မွ ငါ့ေနာက္မလိုက္ဖို႔ေျပာမွာပါလိမ့္..။"

ရိုလန္တစ္ေယာက္ မနက္ျဖန္ပြဲႀကီးပြဲေကာင္းျဖစ္ေတာ့မွာကို ေတြးမိရင္း လိုက္ကာစကိုျပန္ခ်လိဳက္ကာ ခနဲ႕ၿပဳံးၿပဳံးလိုက္ေတာ့သည္။

____________________________________

စာဖတ္သူမ်ား: ေရွာင္ဂ်င့္ကို အိုစီမယ္!

ေရွာင္ဂ်င္: *ဓားရွည္ကိုထုတ္ကာ သူ႕ကိုအိုစီခ်င္တဲ့သူေတြကို ခုတ္ပစ္လိုက္*

ေခါက္ဆြဲ: ကြၽတ္.ကြၽတ္..သနားစရာပဲ..

ထိုစဥ္ ေရွာင္ဂ်င္က ေခါက္ဆြဲကိုျမင္သြားကာ ဓားရွည္ႀကီးတရမ္းရမ္းျဖင့္ ေလွ်ာက္လာကာ ေခါက္ဆြဲ၏လည္ပင္းကိုဓားရွည္ႏွင့္ေထာက္လိုက္သည္။

"အဲရမ္ဘယ္မွာလဲ.."
ေအးစက္စက္အသံႀကီးေၾကာင့္ စိတ္ထဲကေနတိတ္တိတ္ေလးအိုစီေနသူေခါက္ဆြဲတစ္ေယာက္ ရင္ေတြတလှပ္လှပ္ခုန္ကာ သတိလစ္သြားေလေတာ့သည္။

____________________________________

Continue Reading

You'll Also Like

712K 122K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
4.7K 289 64
Story name -The Mistress Surrogate Cover -from P interest This is not my own story. It's my first time translated story cause I love it so much & w...
129K 10.5K 33
က်ိန္စာဆိုးမ်ားႏွင့္ျပည့္ႏွက္ေနေသာ ေၾကာက္မက္ဖြယ္ဝိညာဥ္ဆိုးမ်ားျဖင့္ ဆာေလာင္မြတ္သိပ္ေနေသာ "ျမနန္းစံေတာ္" အတိတ္ဘဝရန္ၿငိဳးေတြႏွင့္.. အမုန္းတရားေတြျပည့္...
171K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...