Healing Love 🍁
Part-2
Professor ထွက်သွားတာနဲ့ လွယ်အိတ် ကိုယ်စီလွယ်ကာ အခန်းပြင်ထွက်သွားတဲ့ ကျောင်းသားတစ်ချို့လည်း ရှိသလို နေရာမှာတင် အင်တာနက် သုံးနေသူတစ်ချို့လည်း ရှိသည်။ နောက်အတန်းချိန်တစ်ခုက အချိန်ကွာနေတာမို့ တစ်နေရာရာမှာ စောင့်နေမယ့်အစား အတန်းထဲမှာသာ စောင့်ဖို့ ဆုံးဖြတ်လိုက်တဲ့ Baekhyun ။ အထူးတလည် စကားလာပြောတဲ့ သူ မရှိသလို သူကလည်း မြင်တာမကြာသေးပဲ မခင်တတ်သူမို့ ခုံပေါ်ကို လွယ်အိတ်တင်ကာသာ ခေါင်းမှောက်ချလိုက်၏။
ဒီရက်ပိုင်း မျက်စိမှိတ်လိုက်ရင်တောင် အတွေးထဲ ပေါ်လာတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေရယ် ။ ထပ်ခါထပ်ခါ ကြားယောင်မိတဲ့ sorry ဆိုတဲ့ အသံရယ် ။ သတိရရင် ရသလို ထုတ်ဆော့နေမိတဲ့ Turbo မီးခြစ်လေးရယ် ။ ဖြတ်လျှောက်မိတိုင်း ရှိနေမလားဆိုတဲ့ အတွေးနဲ့ ရှာကြည့်မိတဲ့ smoking area လေးရယ် ။
ဘာလဲ ဒီလူက !!!
ငိုင်နေရင်း vibration အသံကြားတာကြောင့် လွယ်အိတ်ထဲက ဖုန်းကို ထုတ်ကြည့်တော့ မေမေ ။
ငယ်ငယ့်ကို သတိရလို့ပေါ့ ဆိုတဲ့ စကားနဲ့ စ ပြီး ' ဒီပိတ်ရက် အိမ်ပြန်လာနော် ငယ်ငယ် ' ဆိုတဲ့ စကားနဲ့ အဆုံးသတ်သွားတာကြောင့် Baekhyun ပြုံးလိုက်မိသေးတယ်။ အိမ်မှာ တူ တူမတွေနဲ့အပြိုင် သူက ကလေးလေ။
ကျောင်းကအပြန် ခဏနားပြီး အချိန်ပိုင်း အလုပ် ဝင်ရသေးတယ်။ ချို့တဲ့တဲ့ မိသားစုမဟုတ်ပေမယ့် ကိုယ် လိုအပ်တာကအစ ကိုကိုနဲ့ ဖေဖေ့ဆီ ပူဆာရတဲ့ အရွယ်မဟုတ်တော့ဘူးလေ။ ၂၁ အရွယ်က ရှုပ်လို့ပွေလို့တောင် ရနေတဲ့အရွယ်။ အထူးသဖြင့် မျက်ဝန်းဝိုင်းတွေ ရှိတဲ့ လူတစ်ယောက်ကို ရှုပ်ချင်မိတဲ့ အရွယ်။
" ဟိုက် !! "
မတွေ့မိတာ ၂ ရက်ရှိပြီမို့ ဒီနေ့လည်း ရှိနိုးနိုးနဲ့ လှမ်းကြည့်လိုက်တော့ smoking area မှာ မရှိပေမယ့် အခုမှ အပြင်က ပြန်လာတဲ့ပုံစံ။ လက်ထဲမှာလည်း ကျွတ်ကျွတ်အိတ်အမည်းနဲ့မို့ တစ်ခုခု ထွက်ဝယ်ပုံရသည်။
အလုပ်ကအပြန် ပူလို့ ဝယ်သောက်လာတဲ့ အအေးဘူးကို လက်က မြဲမြဲကိုင်လို့ ခပ်သွက်သွက် လျှောက်သွားလိုက်မိတယ်။ တော်ကြာ တိုက်ထဲဝင်သွားမှဖြင့်။
သူ့ကို သတိထားမိပုံလည်း မပေါ်တာကြောင့် မျက်နှာချင်းဆိုင် အနေအထားကိုမှ ပုခုံးချင်း ဝင်တိုက်ပစ်လိုက်သည်။
" အာ့ "
သူက ဝင်တိုက်ပြီး သူကပဲ အသံလေးထွက်လာတဲ့ Baekhyun ကို Chanyeol က ရှိတယ်လို့တောင် မထင်ပဲ သူလိုရာလမ်းအတိုင်း ဆက်သွားဖို့လုပ်၏။
Baekhyun ခဏလောက် ကြောင်နေရာမှ သူ့လက်ထဲက အအေးဘူးကို အနည်းငယ် စောင်းလိုက်ကာ ရင်ဘတ်ကို စိုစေလိုက်သည်။ နောက်ပြီး Chanyeol နောက် အမြန်လိုက်ကာ မှီရာ အင်္ကျီစကို လှမ်းဆွဲလိုက်၏။
" ဒီမှာခင်ဗျ "
ခေါ်လိုက်တော့ သွားနေရာမှ ရပ်သွားကာ နည်းနည်းလေး စောင်းပြီး ကြည့်လာ၏။ မကြည်ဖြူတဲ့ပုံတော့မရှိ။
" အစ်ကို ဝင်တိုက်လို့ ကျွန်တော့် အင်္ကျီ အအေးတွေစွန်းကုန်ပြီလေ "
လက်တစ်ဖက်က အင်္ကျီစကို ဆွဲထားပြီး ကျန်လက်တစ်ဖက်ကလည်း အအေးဘူးကိုင်ထားသေးတယ်။ ပြီးတော့ စွန်းသွားတဲ့ နေရာကို ညွှန်ပြတာလည်း ဒီအအေးဘူးကိုင်ထားရာ လက်နဲ့ပါပဲ။
" sorry "
ဒုတိယအကြိမ် ထပ်ကြားရတဲ့ sorry စကား ။ ဒီတစ်ခါတော့ လွှတ်မပေးချင်ပါ။
Chanyeol ကတော့ ပြောပြီးတာနဲ့ အသက်မပါသလို ထွက်သွားဖို့ပြင်နေပြီ။ သို့သော် ဆွဲထားတဲ့ အင်္ကျီစကို မလွှတ်ပေးသေးတာကြောင့် သွားလို့ကမရ။
" ကျစ် !! ဘာဖြစ်ချင်နေတာလဲ ကောင်လေး "
Chanyeol စိတ်မရှည်သလို မေးလိုက်တာပေမယ့် ထိုကောင်လေးက လွှတ်ပေးချင်ပုံမရပါ။
" အစ်ကို့ ဖုန်းနံပါတ် သိချင်နေတာ "
ပြောပြီး အကြည့်ချင်းစုံအောင် ကြည့်လာတဲ့ ကောင်လေး။ Chanyeol ဘာဆိုဘာမှ မခံစားမိပါ။ ချစ်စရာကောင်းတယ်လို့လည်း မမြင်သလို ချောတယ်လို့လည်း မတွေးမိ။ ဖုန်းနံပါတ် ဘာလို့ သိချင်နေလဲလည်း မေးဖို့ စိတ်ကူးမရှိပြန် ။
" ပေးလေ.... "
သူ တွေဝေနေတုန်း ထပ်ထွက်လာတဲ့ ကောင်လေးရဲ့ စကားသံ ။ ပေးလေဆိုတဲ့ အသံက အမိန့်သံလို ခပ်ထန်ထန်တော့မဟုတ်ပါ။ မဝံ့မရဲနဲ့ ဂျီကျပြီး တောင်းနေတဲ့ အသံဖြစ်၏။
" မပေးချင်ဘူး "
ဆိုကာ ပြန်လှည့်လိုက်တော့ ဘောင်းဘီအနောက်ဘက်က အိတ်ထဲမှာ ထည့်ထားတဲ့ ဖုန်းကို ဆွဲယူသွားတဲ့ ကောင်လေး။ ဒီဟာလေး ရဲတင်းလှချည်လား !!
ကြည့်နေတုန်း ph call ထဲ ဝင်ကာ သူ့ဖုန်းသူ ပြန်ခေါ်လိုက်တာက တားချိန်မရလိုက်။ ထို့နောက် ပြန်ကမ်းပေးလာ၏။
" ခွင့်မတောင်းပဲ ယူမိတာ sorry ပါဗျာနော် .... အင်္ကျီ အရော်လိုချင်လို့ ဖုန်းတော့ဆက်မယ်ခင်ဗျ "
ပြောပြီးတာနဲ့ ပြန်သွားတဲ့ကောင်လေးက လမ်းလျှောက်တာတောင် လေပေါ်မြောက်နေသလို။ Chanyeol ခေါင်းခါ သက်ပြင်းချကာ ကျောခိုင်းလိုက်မိသည်။ ဆက်ချင်ဆက် မဆက်ချင်နေ ဒီလိုအရာတွေ ခေါင်းထဲထည့်ဖို့ သူ့မှာ အာရုံမရှိ။ သူဟာ အရာရာကို အရှုံးပေးချင်နေတဲ့ အရှုံးသမားသက်သက်ပဲ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ညဥ့်နက်နေပေမယ့်လည်း မအိပ်နိုင်သေးပဲ ကုတင်ပေါ် လူးလိမ့်နေတဲ့ Baekhyun ။ ဖုန်းကို လက်က မချနိုင်ပဲ Contact မှတ်ထားတဲ့ ဖုန်းနံပါတ်လေးကို ကြည့်လိုက် kakaotalk ကို သွားကြည့်လိုက်နဲ့ အလုပ်များနေ၏။ kakaotalk က Name set by friend ဆိုတဲ့ နေရာမှာလည်း အစက်တစ်စက် ( . ) သာ ချထားတာကြောင့် နာမည်မသိရ။ ဖုန်းဆက်လိုက်ရမလားလို့ တွေးမိပေမယ့် အချိန်က ၁၁ နာရီ ကျော်နေပြီမို့ မနှောင့်ယှက်ချင်ပါ။
စိတ်ကို လျှော့ပြီး အိပ်ပျော်အောင် အိပ်မိတော့ အိပ်မက်ထဲမှာ ပါလာသူ.....
Baekhyunee က အချစ်ဦးမို့ အရူးလေးဖြစ်နေပြီလား.....
မိုးလင်းနေပေမယ့် ဆိုဖာပေါ်မှာပဲ နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ ရှိနေတဲ့သူက ဖုန်းသံကြောင့် စိတ်မကြည်စွာ ထလာရသည်။ မျှော်နေတဲ့ ဖုန်း call လေးရှိတာမို့ Chanyeol က ဖုန်းအမြဲဖွင့်ထားတတ်တယ်။ ဒီ နံပါတ်ကရော So Hee များ ဖြစ်နေမလား။
" ဟယ်လို "
" အင်္ကျီဖိုးပါခင်ဗျ "
ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်ပေမယ့်လည်း ဘာပြောမှန်းမသိတာကြောင့်
" ဖုန်းမှားနေတယ် "
" အဲ....မမှား မမှားပါဘူးခင်ဗျ , ညက အင်္ကျီဖိုး အရော်တောင်းမယ်ဆိုတဲ့ ကောင်ငယ်လေးပါ "
ထိုအခါမှ မှတ်မိပုံရတဲ့ သူက သက်ပြင်းတစ်ချက်ချလိုက်တာကိုပါ Baekhyun ကြားလိုက်သည်။
" ဘယ်လောက်လဲ , bank acc ပေးလေ...လွှဲပေးလိုက်မယ် "
" ဟင့်အင်း.... ငွေသားပဲ "
" မရှိဘူး "
" ဒါဆို တစ်ခုခု ... အင်း တစ်ခုခု ဝယ်ကျွေးပါလား , ချေလိုက်မယ်လေဗျာနော် "
" စိတ်မပါဘူး ကောင်လေး !... sorry "
ဖုန်းချလိုက်ကာ ဆိုဖာပေါ် တစ်ခေါက်ပြန်လှဲလိုက်မိတယ်။ ဥပဒေအရာရှိတစ်ယောက် Chanyeol က ရာထူးတိုးဖို့ စာမေးပွဲတွေ အဆင့်ဆင့် ဖြေဆိုရတဲ့သူ။ သူ့ရည်မှန်းချက်က တရားသူကြီးဖြစ်ဖို့။
ဒါပေမယ့် အယောက် ၁၀၀ မှာ ၂ ယောက်လောက်ပဲ ခေါ်တဲ့ စာမေးပွဲကို အောင်မြင်ဖို့အထိ Chanyeol က လုပ်သက်မရှိသေးပါ။ chamber ဆင်းနေတဲ့ ရှေ့နေပေါက်စပဲ ရှိသေးတာ။
စာမေးပွဲလည်း ကျ , ချစ်သူကလည်း ကိုယ့်ကို လှလှပပကြီး ကစားပြီး ဖောက်ပြန်နေကြောင်း တစ်ပြိုင်နက်သိလိုက်ရတဲ့အချိန် Chanyeol က ဘဝကြီးကို အရှုံးပေးချင်စိတ်ပဲ ရှိတော့တယ်။
အိပ်မက်တွေ ပျက်စီးသွားတာ....
ရည်မှန်းချက်တွေ ရိုက်ချခံလိုက်ရတာ....
နှစ်ယောက်အတူ ပုံဖော်တော့မယ့် အနာဂတ်လေး ချနင်းခံလိုက်ရတာ....
အောင့်သက်သက်နဲ့ တမြေ့မြေ့ပေါ့။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
Healing Love 🍁
Part-2
Professor ထြက္သြားတာနဲ႕ လြယ္အိတ္ ကိုယ္စီလြယ္ကာ အခန္းျပင္ထြက္သြားတဲ့ ေက်ာင္းသားတစ္ခ်ိဳ႕လည္း ရွိသလို ေနရာမွာတင္ အင္တာနက္ သုံးေနသူတစ္ခ်ိဳ႕လည္း ရွိသည္။ ေနာက္အတန္းခ်ိန္တစ္ခုက အခ်ိန္ကြာေနတာမို႔ တစ္ေနရာရာမွာ ေစာင့္ေနမယ့္အစား အတန္းထဲမွာသာ ေစာင့္ဖို႔ ဆုံးျဖတ္လိုက္တဲ့ Baekhyun ။ အထူးတလည္ စကားလာေျပာတဲ့ သူ မရွိသလို သူကလည္း ျမင္တာမၾကာေသးပဲ မခင္တတ္သူမို႔ ခုံေပၚကို လြယ္အိတ္တင္ကာသာ ေခါင္းေမွာက္ခ်လိဳက္၏။
ဒီရက္ပိုင္း မ်က္စိမွိတ္လိုက္ရင္ေတာင္ အေတြးထဲ ေပၚလာတဲ့ မ်က္ဝန္းဝိုင္းဝိုင္းေတြရယ္ ။ ထပ္ခါထပ္ခါ ၾကားေယာင္မိတဲ့ sorry ဆိုတဲ့ အသံရယ္ ။ သတိရရင္ ရသလို ထုတ္ေဆာ့ေနမိတဲ့ Turbo မီးျခစ္ေလးရယ္ ။ ျဖတ္ေလွ်ာက္မိတိုင္း ရွိေနမလားဆိုတဲ့ အေတြးနဲ႕ ရွာၾကည့္မိတဲ့ smoking area ေလးရယ္ ။
ဘာလဲ ဒီလူက !!!
ငိုင္ေနရင္း vibration အသံၾကားတာေၾကာင့္ လြယ္အိတ္ထဲက ဖုန္းကို ထုတ္ၾကည့္ေတာ့ ေမေမ ။
ငယ္ငယ့္ကို သတိရလို႔ေပါ့ ဆိုတဲ့ စကားနဲ႕ စ ၿပီး ' ဒီပိတ္ရက္ အိမ္ျပန္လာေနာ္ ငယ္ငယ္ ' ဆိုတဲ့ စကားနဲ႕ အဆုံးသတ္သြားတာေၾကာင့္ Baekhyun ၿပဳံးလိုက္မိေသးတယ္။ အိမ္မွာ တူ တူမေတြနဲ႕အၿပိဳင္ သူက ကေလးေလ။
ေက်ာင္းကအျပန္ ခဏနားၿပီး အခ်ိန္ပိုင္း အလုပ္ ဝင္ရေသးတယ္။ ခ်ိဳ႕တဲ့တဲ့ မိသားစုမဟုတ္ေပမယ့္ ကိုယ္ လိုအပ္တာကအစ ကိုကိုနဲ႕ ေဖေဖ့ဆီ ပူဆာရတဲ့ အ႐ြယ္မဟုတ္ေတာ့ဘူးေလ။ ၂၁ အ႐ြယ္က ရႈပ္လို႔ေပြလို႔ေတာင္ ရေနတဲ့အ႐ြယ္။ အထူးသျဖင့္ မ်က္ဝန္းဝိုင္းေတြ ရွိတဲ့ လူတစ္ေယာက္ကို ရႈပ္ခ်င္မိတဲ့ အ႐ြယ္။
" ဟိုက္ !! "
မေတြ႕မိတာ ၂ ရက္ရွိၿပီမို႔ ဒီေန႕လည္း ရွိနိုးနိုးနဲ႕ လွမ္းၾကည့္လိုက္ေတာ့ smoking area မွာ မရွိေပမယ့္ အခုမွ အျပင္က ျပန္လာတဲ့ပုံစံ။ လက္ထဲမွာလည္း ကြၽတ္ကြၽတ္အိတ္အမည္းနဲ႕မို႔ တစ္ခုခု ထြက္ဝယ္ပုံရသည္။
အလုပ္ကအျပန္ ပူလို႔ ဝယ္ေသာက္လာတဲ့ အေအးဘူးကို လက္က ၿမဲၿမဲကိုင္လို႔ ခပ္သြက္သြက္ ေလွ်ာက္သြားလိုက္မိတယ္။ ေတာ္ၾကာ တိုက္ထဲဝင္သြားမွျဖင့္။
သူ႕ကို သတိထားမိပုံလည္း မေပၚတာေၾကာင့္ မ်က္ႏွာခ်င္းဆိုင္ အေနအထားကိုမွ ပုခုံးခ်င္း ဝင္တိုက္ပစ္လိုက္သည္။
" အာ့ "
သူက ဝင္တိုက္ၿပီး သူကပဲ အသံေလးထြက္လာတဲ့ Baekhyun ကို Chanyeol က ရွိတယ္လို႔ေတာင္ မထင္ပဲ သူလိုရာလမ္းအတိုင္း ဆက္သြားဖို႔လုပ္၏။
Baekhyun ခဏေလာက္ ေၾကာင္ေနရာမွ သူ႕လက္ထဲက အေအးဘူးကို အနည္းငယ္ ေစာင္းလိုက္ကာ ရင္ဘတ္ကို စိုေစလိုက္သည္။ ေနာက္ၿပီး Chanyeol ေနာက္ အျမန္လိုက္ကာ မွီရာ အကၤ်ီစကို လွမ္းဆြဲလိုက္၏။
" ဒီမွာခင္ဗ် "
ေခၚလိုက္ေတာ့ သြားေနရာမွ ရပ္သြားကာ နည္းနည္းေလး ေစာင္းၿပီး ၾကည့္လာ၏။ မၾကည္ျဖဴတဲ့ပုံေတာ့မရွိ။
" အစ္ကို ဝင္တိုက္လို႔ ကြၽန္ေတာ့္ အကၤ်ီ အေအးေတြစြန္းကုန္ၿပီေလ "
လက္တစ္ဖက္က အကၤ်ီစကို ဆြဲထားၿပီး က်န္လက္တစ္ဖက္ကလည္း အေအးဘူးကိုင္ထားေသးတယ္။ ၿပီးေတာ့ စြန္းသြားတဲ့ ေနရာကို ၫႊန္ျပတာလည္း ဒီအေအးဘူးကိုင္ထားရာ လက္နဲ႕ပါပဲ။
" sorry "
ဒုတိယအႀကိမ္ ထပ္ၾကားရတဲ့ sorry စကား ။ ဒီတစ္ခါေတာ့ လႊတ္မေပးခ်င္ပါ။
Chanyeol ကေတာ့ ေျပာၿပီးတာနဲ႕ အသက္မပါသလို ထြက္သြားဖို႔ျပင္ေနၿပီ။ သို႔ေသာ္ ဆြဲထားတဲ့ အကၤ်ီစကို မလႊတ္ေပးေသးတာေၾကာင့္ သြားလို႔ကမရ။
" က်စ္ !! ဘာျဖစ္ခ်င္ေနတာလဲ ေကာင္ေလး "
Chanyeol စိတ္မရွည္သလို ေမးလိုက္တာေပမယ့္ ထိုေကာင္ေလးက လႊတ္ေပးခ်င္ပုံမရပါ။
" အစ္ကို႔ ဖုန္းနံပါတ္ သိခ်င္ေနတာ "
ေျပာၿပီး အၾကည့္ခ်င္းစုံေအာင္ ၾကည့္လာတဲ့ ေကာင္ေလး။ Chanyeol ဘာဆိုဘာမွ မခံစားမိပါ။ ခ်စ္စရာေကာင္းတယ္လို႔လည္း မျမင္သလို ေခ်ာတယ္လို႔လည္း မေတြးမိ။ ဖုန္းနံပါတ္ ဘာလို႔ သိခ်င္ေနလဲလည္း ေမးဖို႔ စိတ္ကူးမရွိျပန္ ။
" ေပးေလ.... "
သူ ေတြေဝေနတုန္း ထပ္ထြက္လာတဲ့ ေကာင္ေလးရဲ႕ စကားသံ ။ ေပးေလဆိုတဲ့ အသံက အမိန့္သံလို ခပ္ထန္ထန္ေတာ့မဟုတ္ပါ။ မဝံ့မရဲနဲ႕ ဂ်ီက်ၿပီး ေတာင္းေနတဲ့ အသံျဖစ္၏။
" မေပးခ်င္ဘူး "
ဆိုကာ ျပန္လွည့္လိုက္ေတာ့ ေဘာင္းဘီအေနာက္ဘက္က အိတ္ထဲမွာ ထည့္ထားတဲ့ ဖုန္းကို ဆြဲယူသြားတဲ့ ေကာင္ေလး။ ဒီဟာေလး ရဲတင္းလွခ်ည္လား !!
ၾကည့္ေနတုန္း ph call ထဲ ဝင္ကာ သူ႕ဖုန္းသူ ျပန္ေခၚလိုက္တာက တားခ်ိန္မရလိုက္။ ထို႔ေနာက္ ျပန္ကမ္းေပးလာ၏။
" ခြင့္မေတာင္းပဲ ယူမိတာ sorry ပါဗ်ာေနာ္ .... အကၤ်ီ အေရာ္လိုခ်င္လို႔ ဖုန္းေတာ့ဆက္မယ္ခင္ဗ် "
ေျပာၿပီးတာနဲ႕ ျပန္သြားတဲ့ေကာင္ေလးက လမ္းေလွ်ာက္တာေတာင္ ေလေပၚေျမာက္ေနသလို။ Chanyeol ေခါင္းခါ သက္ျပင္းခ်ကာ ေက်ာခိုင္းလိုက္မိသည္။ ဆက္ခ်င္ဆက္ မဆက္ခ်င္ေန ဒီလိုအရာေတြ ေခါင္းထဲထည့္ဖို႔ သူ႕မွာ အာ႐ုံမရွိ။ သူဟာ အရာရာကို အရႈံးေပးခ်င္ေနတဲ့ အရႈံးသမားသက္သက္ပဲ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ညဥ့္နက္ေနေပမယ့္လည္း မအိပ္နိုင္ေသးပဲ ကုတင္ေပၚ လူးလိမ့္ေနတဲ့ Baekhyun ။ ဖုန္းကို လက္က မခ်နိဳင္ပဲ Contact မွတ္ထားတဲ့ ဖုန္းနံပါတ္ေလးကို ၾကည့္လိုက္ kakaotalk ကို သြားၾကည့္လိုက္နဲ႕ အလုပ္မ်ားေန၏။ kakaotalk က Name set by friend ဆိုတဲ့ ေနရာမွာလည္း အစက္တစ္စက္ ( . ) သာ ခ်ထားတာေၾကာင့္ နာမည္မသိရ။ ဖုန္းဆက္လိုက္ရမလားလို႔ ေတြးမိေပမယ့္ အခ်ိန္က ၁၁ နာရီ ေက်ာ္ေနၿပီမို႔ မႏွောင့္ယွက္ခ်င္ပါ။
စိတ္ကို ေလွ်ာ့ၿပီး အိပ္ေပ်ာ္ေအာင္ အိပ္မိေတာ့ အိပ္မက္ထဲမွာ ပါလာသူ.....
Baekhyunee က အခ်စ္ဦးမို႔ အ႐ူးေလးျဖစ္ေနၿပီလား.....
မိုးလင္းေနေပမယ့္ ဆိုဖာေပၚမွာပဲ နိုးတစ္ဝက္အိပ္တစ္ဝက္နဲ႕ ရွိေနတဲ့သူက ဖုန္းသံေၾကာင့္ စိတ္မၾကည္စြာ ထလာရသည္။ ေမွ်ာ္ေနတဲ့ ဖုန္း call ေလးရွိတာမို႔ Chanyeol က ဖုန္းအၿမဲဖြင့္ထားတတ္တယ္။ ဒီ နံပါတ္ကေရာ So Hee မ်ား ျဖစ္ေနမလား။
" ဟယ္လို "
" အကၤ်ီဖိုးပါခင္ဗ် "
ဦးႏွောက္ကို အျမန္အလုပ္ေပးလိုက္ေပမယ့္လည္း ဘာေျပာမွန္းမသိတာေၾကာင့္
" ဖုန္းမွားေနတယ္ "
" အဲ....မမွား မမွားပါဘူးခင္ဗ် , ညက အကၤ်ီဖိုး အေရာ္ေတာင္းမယ္ဆိုတဲ့ ေကာင္ငယ္ေလးပါ "
ထိုအခါမွ မွတ္မိပုံရတဲ့ သူက သက္ျပင္းတစ္ခ်က္ခ်လိဳက္တာကိုပါ Baekhyun ၾကားလိုက္သည္။
" ဘယ္ေလာက္လဲ , bank acc ေပးေလ...လႊဲေပးလိုက္မယ္ "
" ဟင့္အင္း.... ေငြသားပဲ "
" မရွိဘူး "
" ဒါဆို တစ္ခုခု ... အင္း တစ္ခုခု ဝယ္ေကြၽးပါလား , ေခ်လိဳက္မယ္ေလဗ်ာေနာ္ "
" စိတ္မပါဘူး ေကာင္ေလး !... sorry "
ဖုန္းခ်လိဳက္ကာ ဆိုဖာေပၚ တစ္ေခါက္ျပန္လွဲလိုက္မိတယ္။ ဥပေဒအရာရွိတစ္ေယာက္ Chanyeol က ရာထူးတိုးဖို႔ စာေမးပြဲေတြ အဆင့္ဆင့္ ေျဖဆိုရတဲ့သူ။ သူ႕ရည္မွန္းခ်က္က တရားသူႀကီးျဖစ္ဖို႔။
ဒါေပမယ့္ အေယာက္ ၁၀၀ မွာ ၂ ေယာက္ေလာက္ပဲ ေခၚတဲ့ စာေမးပြဲကို ေအာင္ျမင္ဖို႔အထိ Chanyeol က လုပ္သက္မရွိေသးပါ။ chamber ဆင္းေနတဲ့ ေရွ႕ေနေပါက္စပဲ ရွိေသးတာ။
စာေမးပြဲလည္း က် , ခ်စ္သူကလည္း ကိုယ့္ကို လွလွပပႀကီး ကစားၿပီး ေဖာက္ျပန္ေနေၾကာင္း တစ္ၿပိဳင္နက္သိလိုက္ရတဲ့အခ်ိန္ Chanyeol က ဘဝႀကီးကို အရႈံးေပးခ်င္စိတ္ပဲ ရွိေတာ့တယ္။
အိပ္မက္ေတြ ပ်က္စီးသြားတာ....
ရည္မွန္းခ်က္ေတြ ရိုက္ခ်ခံလိုက္ရတာ....
ႏွစ္ေယာက္အတူ ပုံေဖာ္ေတာ့မယ့္ အနာဂတ္ေလး ခ်နင္းခံလိုက္ရတာ....
ေအာင့္သက္သက္နဲ႕ တေျမ့ေျမ့ေပါ့။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁