Unicode
မုန်တိုင်းပြီးရင်သက်တန့်လာတတ်သလို
အမုန်းတွေပြီးရင်လည်းအချစ်လာတတ်တယ်လိုတော့တထစ်ချမပြောနိုင်ပါဘူး
အမုန်းတွေပြီးရင် လျစ်လျူရှုပြီးမေ့လိုက်ခြင်းရယ်ချစ်ခြင်းမေတ္တာသံယောဇဥ်တွေရယ်ဆိုပြီးရွေးချယ်ရာ၂လမ်းပေါ်လာတတ်တယ်..
အရာရာဟာကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်နေတတ်တယ်..
ငယ်စဥ်အခါကမသိတတ်လို့မှားတာကအပြစ်မရှိပေမယ့်
ကြီးလာပြီးရင့်ကျက်လာတဲ့အချိန်မှာတော့မမှားတာကအကောင်းဆုံးဖြစ်သွားတတ်တယ်
ဒဏ်ရာတွေကကျက်သွားတတ်ပေမယ့်စိတ်ဒဏ်ရာကတော့ရင်ထဲသည်းထဲစွဲနေတတ်တယ်
စိတ်ဒဏ်ရာကတသက်လုံးမပျောက်နိုင်ဘူး
ဒါမဲ့ပျော်ရွှင်စရာအမှတ်တရတွေများလာရင်တော့အဲ့စိတ်ဒဏ်ရာကိုမရှိခဲ့သလိုထားလို့ရလာတတ်တယ်..
ဘဝကဒီလိုပဲ သူ့အကြောင်းနဲ့သူ သူ့ဘဝနဲ့သူ သူ့ကံနဲ့သူ
ရင့်ကျက်ရတာလည်းပင်ပန်းတယ်တခါတလေတော့လည်းမှားမှန်းသိရက်နဲ့အဲ့လမ်းကိုပဲလျှောက်ချင်တတ်ပြန်ရော စိတ်ဆိုတဲ့အရာကလည်းထိန်းချုပ်မရတဲ့အရာ အချစ်ဆိုတာကလည်းထိန်းချုပ်မရစကားနားမထောင်တဲ့အရာ...
"ဘာတွေများတွေးဝေးနေတာတုန်း"
မပြောင်းလဲသွားသော
အမြဲရင်တွင်နေရာယူထားသော
သြရှရှအသံပိုင်ရှင်ကဆိုသည်..
လေပြေလေးညှင်းတွေဟာအေးစိမ့်လျက်လှိုင်းသံတို့ကလည်းပတ်ဝန်းကျင်ကိုစိုးမိုးမိုးလျက်ကောင်းကင်ကြီးဟာလည်းညနေခင်းမို့ရောင်ချယ်များစုံလင်လျက်..
ထိုသူဟာလည်းကျွန်တော့်အနားသို့တလှမ်းချင်းလျှောက်လ်ို့လာသည်
တွေးဝေနေသောထိုအတွေးတို့ကရပ်တန့်ကာအသံပိုင်ရှင်ဘက်သို့မျက်နှာမူရင်း..
"ဘယ်လိုရောက်လာတာလည်း"
"ကလေးဘယ်နေရာရောက်ရောက် ကိုယ်ရအောင်ရှာနိုင်တဲ့အစွမ်းက်ိုကိုယ်ပိုင်ထားလို့ဖြစ်မှာပေါ့"
"အပိုတွေသိပ်ပြောရတာဝါသနာပါလာသလိုပဲ"
ထိုသို့ပြောလိုက်တော့ကိုကိုကအနားသို့ကပ်လာကာ
"လက်ဖြန့်"
"ဖြန့်ဘူး"
ကိုကိုကကျွန်တော့်လက်ကိုဆွဲယူလိုက်ကာလက်ဖဝါးကိုကြည့်ရင်း
"ဖြန့်မလာမဖြန့်ဘူးလား နောက်တစ်ခေါက်မေးမယ်"
ကလေးကိုမေးတော့လက်မဖြန့်ဘူးဆိုသည့်ပုံနှင့်အဆိုးလေးလုပ်နေသည်..
ကလေးကပြောင်းလဲသွားပြီးအကျင့်လေးတစ်ခုတိုးလာသည်ကအရင်ကဆိုဘာပြောပြောငြိမ်ကုပ်ပြီးကြောက်နေတဲ့ကလေးက အခုတော့ပြောရဲဆိုရဲလေးဖြစ်လာသည်
"မဖြန့်ဘူးပေါ့လေ"
ရုပ်တည်နဲ့ခေါင်းခါသောကလေး
"ရတယ်လေ"
ရှောင်ကျန့်လက်ကောက်ဝတ်ကိုအားနဲ့ဆွဲလိုက်တော့အလိုက်သင့်လေးပါလာတဲ့ကိုယ်လေး..
ကိုရိပေါ်ကလက်တစ်ဖက်နှင့်ခါးလေးကိုထိန်းကိုင်ပြီးခန္ဓာကိုယ်နှစ်ခုကိုနီးကပ်စေလိုက်သည်..
ရုတ်တရက်မို့လန့်သွားသည်နှင့်တူပါသည်မျက်လုံးလေးတို့ကကလည်ကလည်နှင့်..
အသည်းယားမိပြန်တော့လည်းဒီလူကပဲအဆိုးဖြစ်အုန်းမည်..
နောက်မှသတိရလာသည်နှင့်တူပါသည်..
သူ့လက်သီးဆုပ်သေးသေးတို့နှင့်ရင်ဘက်ကိုထုကာနှုတ်ခမ်းလေးဆူပြီးမော့ကြည့်သည်.
"ဘယ်လိုဖြစ်လို့လူကိုပိုင်စိုးပိုင်နင်းလာဖက်နေတာလဲ"
"ကိုယ်ပြောတာကိုမှဒီအဆိုးလေးကနားမထောင်ပဲ"
"ဒီကလူကြိီးနဲ့ကျွန်တော်နဲ့ကမဆီမဆိုင်တွေလေကိုယ့်ဘာကိုနားထောင်ချင်ထောင်မယ်မထောင်ချင်..."
စကားကိုဆုံးအောင်ပြောခွင့်မပေးဘဲရိပေါ်ကရှောင်ကျန့်နားထင်လေးကိုနမ်းကာပြေးသည်
"အကို!"
ပင်လယ်ကမ်းနားတွင်နမ်းပြီးပြေးသူနှင့်အနမ်းခံရလို့ရှက်ရမ်းရမ်းပြီးလိုက်သူနှင့် လှိုင်းလှလှကောင်းကင်ရောင်စုံဖြင့်ထိုမြင်ကွင်းကပန်းချီကားချပ်တစ်ခုကဲ့သို့ပင်....
ပြေးလွှားရင်းနှင့်မောကာရိပေါ်ကရပ်လိုက်တော့ရှောင်ကျန့်ကလည်းမိပြီဆိုပြီးအရှိန်ကိုရပ်လိုက်သော်လည်းခလုတ်တိုက်ကာမထိန်းနိုင်ပဲဟန်ပျက်သွားသည်
ရိပေါ်ကလည်းရှေ့တည့်တည့်သို့ပြုတ်ကျလာသောကိုယ်ငယ်လေးကိုဖမ်းရန်လက်နှစ်ဖက်ကိုဆန့်တန်းပြီးအလိုက်သင့်လေးကြိုလို့နေသည်..
"ဗုန်း"
ရှောင်ကျန့်ကလည်းအရှိန်နှင့်မို့နှစ်ယောက်လုံးသဲပြင်ပေါ်သို့ပြုတ်ကျသော်လည်းရှောင်ကျန့်ကအနည်းငယ်လေးပင်နာကျင်မှုမရှိလိုက်ပေ..
"ကလေးနာသွားသေးလား"
အသံကြားမှရင်ခွင်ထဲက ယုန်ဖြူလေးကခေါင်းယိမ်းသည်..
မကြာလိုက်
"အ"
ရှောင်ကျန့်ကရိပေါ်ကိုတစ်ချက်ရိုက်လိုက်ပြီး
"အဲ့တာသူများကိုပိုင်စိုးပိုင်နက်နဲ့လာပြီးလုပ်လို့.."
"ဘာလုပ်လို့တုန်"
ရိပေါ်ကပြုံးရင်းတမင်မေးတော့ရှောင်ကျန့်ပါးပြင်နှစ်ဖက်တွင်ပန်းနုရောင်တို့ကသန်းလာသည်..
"သိရက်သားနဲ့လူကိုလာမေးနေတယ်"
"မသိလို့ပါ ကိုယ်ဘာလုပ်လို့လည်း ကိုယ်သိသွားအောင်ကိုယ့်ကိုပြန်လုပ်ပေါ့"
ရင်ခွင်ထဲကထိုအကောင်ပေါက်လေးကရုန်းပြီးထဖို့လုပ်နေတော့ထမရအောင်ရိပေါ်ကတင်းတင်းလေးဖက်ထားလိုက်သည်..
"ပြန်မလုပ်ဘူး လက်ဖယ်"
"ကိုယ့်ကိုမသိစေချင်ဘူးလား"
မေးတော့ပြုံးရိပ်သန်းပြီးရှက်နေသောကလေးကမျက်လုံးအောက်ချပြီး
" သိချင်သိမသိချင်နေတော့ လွှတ် မလွှတ်ရင်နောက်နေ့တွေလာတွေ့လို့မရဖြစ်သွားမယ်"
ရှောင်ကျန့်ကိုတင်းတင်းဖက်ထားသောလက်တို့ကပြေလျော့သွားပြီးရိပေါ်ရဲ့မျက်နှာလည်းပြုံးစိစိမဟုတ်ပဲတည်သွားသည်..
ရှောင်ကျန့်လက်တို့ပြေကျသွားသည်ကိုအခွင့်ကောင်းယူပြီးထလိုက်ကာဘေးနားမှာထိုင်လိုက်သည်.ရိပေါ်လည်းထထိုင်လိုက်ပြီးပင်လယ်ကိုသာငေးနေတော့သည်.ထိုအခါမှသိသိသာသာပြောင်းလဲသွားသောရိပေါ်မျက်နှာကြောင့်ရှောင်ကျန့်လည်းစိတ်မကောင်း.
သူကိုယ်တိုင်ကလည်းရှက်ကိုးရှက်ကန်းနှင့်မို့ပြောမိရာရာပြောလိုက်ခြင်းသာ..
"ဟို..."
"ကိုယ်တောင်းပန်ပါတယ်...ကိုယ်ကလေးမကြိုက်ရင်နောက်မလုပ်တော့ဘူးအဲ့တာကြောင့်ကိုကို့ကလေးကိုတွေ့ခွင့်တော့မပိတ်ပင်ပါနဲ့နော်...."
သူ့ကိုကြည့်ကာပြောနေသောရိပေါ်ရဲ့မျက်ဝန်းတို့ကအရည်ကြည်တို့ဖွဲ့လျက်...
ကိုကိုအရင်ကအကြောင်းများစဥ်းစားမိသွားသည်ထင်ပါသည်...
".ကိုယ့်ရဲ့အတ္တတွေကြောင့်ကလေးနာကျင်ရတာတွေအတွက်ကိုယ်ကို့ပြန်ပေးဆပ်ခိုင်းရင်လည်းကိုယ်ပေးဆပ်ဖို့အသင့်ပါပဲ...ဒါမဲ့ကိုယ့်ဆီကတော့မထွက်သွားပါနဲ့..ကိုယ့်မျက်စိအောက်ကပျောက်သွားရင်ကိုယ်ရင်တွေပူလွန်းလို့ပါ...အရာအားလုံးကိုယ်လုပ်ခဲ့တာတွေမို့ကိုယ်ခံပါ့မယ်...ကိုယ်တောင်းပန်ပါတယ်"
ကိုကိုရယ်...ကျွန်တော့်ကိုအဲ့လောက်တောင်ပဲချစ်သလားလို့မေးချင်လိုက်တာ..ဒါပေမယ့်စကားတွေကပြောမထွက်ပြန်ဘူး...
ကိုကို့ရဲ့မျက်ဝန်းတွေကိုကြည့်ပြီးရင်ထဲကနာကျင်မှုကတလှိမ့်လှိမ့်နှင့်...
ဒီလူသားရဲ့မျက်ရည်တွေကိုကြည့်နိုင်တဲ့အင်အားတစ်ချို့မှမပါခဲ့ပါ...
ရှောင်ကျန့်ရိပေါ်နားတိုးကာညာဖက်လက်ဖဝါးကိုရိပေါ်မျက်နှာပေါ်သို့ဖြည်းညင်းစွာတင်ကာမျက်ရည်စတို့ကိုသုတ်ပေးပြီးရိပေါ်ကိုဖက်ကာကျောပြင်ကိုဖွဖွပုတ်ရင်း...
အွန်မထားခဲ့ဘူးလို့ပြောမယ်ကြံသော်လည်းထွက်လာသောစကားတို့က
"အွန်း...."
ပြန်ဖက်တွယ်လာသောလက်တို့နှင့်အတူ..
"ကိုယ်မင်းကိုအရမ်းချစ်တယ် ရှောင်ကျန့်...မင်းနဲ့မခွဲနိုင်ဘူး"
"အင်း..တူတူပါပဲ ကိုကို"
နောက်ဆုံးတော့ပြောထွက်ခဲ့သောထိုနာမ်စားလေးပင်လယ်ကမ်းခြေကလှိုင်းတို့ကရိုက်ခတ်နေပြီးပင်လယ်လေတို့ကလည်းတဖြူးဖြူးနှင့်
ရင်ထဲတွင်ခိုအောင်းနေခဲ့သောနာမ်စားလေးကအခုတော့ပြောထွက်ခဲ့ပြီ..
ကိုကိုလို့ခေါ်တော့ဖက်ထားတာကပိုပြီးတင်းကြပ်လာသည်..
"အဲ့တစ်ခွန်းနဲ့တင်ကိုယ် ကျေနပ်တာထက်ပိုပါပြီ.."
အချစ်စစ်ဆိုတာကိုဒီတစ်ခါတော့ယုံချင်တယ်ကိုကိုရယ်...
###########################
တဖြည်းဖြည်းနှင့်ရိပေါ်တို့နှစ်ဦးအဆင်ပြေပြေဖြစ်လာကြသည်တစ်ဦ်းအပေါ်တစ်ဦးနားလည်ပေးကြရင်းနှင့်သူတို့နှစ်ဦး၏ဆက်ဆံရေးလေးဟာ...ပုံမှန်လေးနှင့်သာယာသည်..
သို့သော်ရှောင်ကျန့်ကရိပေါ်နှင့်အတူမနေသေး
ရှောင်သခင်မနှင့်သာအတူနေသည်ရိပေါ်ကအလုပ်ပြီးရင်ရှောင်ကျန့်အိမ်ဝင်ပြီးရှောင်ကျန့်နှင့်အချိန်ဖြုန်းသည်..
ညနက်ခါနီးမှအိမ်ပြန်သည်
မနက်မိုးလင်းရုံးသွားခါနီးပြန်တော့လည်းလမ်းကြုံလို့ဆိုကာရှောင်ကျန့်မျက်နှာလေးအမြဲဝင်ကြည့်သည်..
အပိုတွေလုပ်တယ်လို့ဆိုရင်လည်းဆိုပါစေတော့..
အရင်ကမပုတ်သင့်တဲ့အချိန်တွေအစားပြန်အစားထိုးနေသည်ဟုသာယူဆကာအပြစ်လည်းဆိုလို့မရပေ..
အချိန်တွေကုန်ဆုံးလာရင်းနှင့်မိုးရာသီသို့ရောက်လာပြီးလမ်းမတို့ကစိုစွတ်လျက်..
သစ်ရွက်တို့ကလည်းလေပြင်း၍ကြွေကျကာ
သစ်ပင်တို့ကလည်းယိမ်းယိုင်လျက်..
မိုးရေစက်တို့ကလည်းကောင်းကင်ယံထက်မှဒလဟောရွာချသည်..
ပတ်ဝန်းကျင်ဟာလည်းမှောင်မိုက်ပြီးရာသီဥတုကြောင့်ချမ်းစိမ့်စေသည်...
စာအုပ်ဆိုင်ထဲတွင်စာအုပ်အမျိုးအစားတို့ကစုံလင်နေသည်.စာအုပ်ဖတ်ရန်နေရာလေးတို့ကအစီအစဥ်တကျရှိပြီးကော်ဖီလည်းမှာလို့ရသည်..ဆိုင်ထဲတွင်ဖွင့်ထားသောသံစဥ်ငြိမ့်ငြိမ့်နှင့်အပြင်ကမိုးရေစက်တို့ကတသားတည်းကျနေသည်...
ရှောင်ကျန့်လည်းသူလိုချင်သည့်စာအုပ်ကိုစာအုပ်စင်တန်းတွင်လိုက်လံရှာဖွေနေသည်
နောက်ဆုံးတော့သူရှာနေသော"The Time Never Back"စာအုပ်ကိုစာအုပ်စင်အပေါ်ဆုံးထပ်တွင်တွေ့သည်
စာအုပ်ကိုလှမ်းပြီးယူရင်းရသည်နှင့်နောက်ဆုတ်သည်နှင့်တပြိုင်နက်လူတစ်ယောက်နှင့်တိုက်မိကာစာအုပ်ပြုတ်ကျသွားသည်..
"တောင်းပန်ပါတယ်မမြင်လိုက်လို့ပါ"
လို့ရှောင်ကျန့်ကပြောတော့ထိုသူက
"မဟုတ်တာကျွန်တော်လည်းမမြင်လိုက်လို့"
ထိုသူကအရပ်ရှည်သည်အသားဖြူကာမျက်ခုံးထင်းထင်းနှာတံစင်းစင်းနှင့်ချောမောသောရုပ်ရည်ကိုပိုင်ဆိုင်ထားသည်
ပြောရင်းရှောင်ကျန့်ရောသူရောကျသွားသည့်စာအုပ်တို့ကိုကောက်ရင်းမတော်တဆလက်နှစ်ခုထပ်မိသွားသည်..
"မတော်လို့ပါ""ရပါတယ်"
ပြောရင်းနှစ်ယောက်လုံးထကာပြောနေချိန်တွင်ပဲ
"အမယ်လေး..."
ရှောင်ကျန့်ကိုခါးမှဆွဲကာသူ့ရင်ခွင်သို့ကပ်လိုက်သည်..မကြာလိုက်..
သြရှရှအသံကထွက်ပေါ်လာသည်..
"ပြသနာရှိလို့လား ကလေး"
အသံကချိုသာသယောင်နှင့်အပြုံးဟာလည်းကြင်နာသလိုနှင့် တစ်မျိုးတစ်ဖုံလည်းအေးစက်ပြီးကြောက်ဖို့ကောင်းနေပြန်သည်..
နောက်ပြီးထိုသြရှရှအသံပိုင်ရှင်ရိပေါ်ကရှောင်ကျန့်ကိုပြုံးရင်းတချက်ကြည့်ပြီးရှေ့ကကောင်လေးကိုပြန်ကြည့်ချိန်တွင်တော့ရုပ်တည်ပြီးပတ်ဝန်းကျင်တောင်ရုတ်တရက်အေးစိမ့်သွားစေသည်..
"အာ...ဟို..ကျွန်တော့်ကိုခွင့်ပြုပါအုန်း"
တဖက်ကကောင်လေးကပြောတော့ရိပေါ်ကခက်မဲ့မဲ့ပြုံးကာခေါင်းငြိမ့်ပြသည်..
ထိုကောင်လေးထွက်သွားသည်နှင့်ရှောင်ကျန့်က
စကားစမို့ပင်ရှိသေးသည်ရိပေါ်ကရှေ့တိုးလာရင်းရှောင်ကျန့်ကနောက်ဆုတ်ရင်းနှင့်စာအုပ်စင်ကိုကျောကပ်သွားသည်ရိပေါ်ကစာအုပ်စင်ကိုလက်ထောက်ကာ
"မင်းလေးနဲ့တော့လေ ခဏတဖြုတ်မတွေ့တာနဲ့စိတ်မချရတော့ဘူး.."
"ကိုကို..ကျွန်တော်ကစိတ်မချရအောင်ဘာလုပ်နေလို့လဲ"
"ချစ်ဖို့ကောင်းနေတယ်လေ..ချစ်ဖို့ကောင်းနေတော့သူများတွေကအသည်းယားပြီပေါ့..ကလေးကိုကိုယ်ကလွဲပြီးဘယ်သူ့ကိုမှမသည်းမယားစေချင်တာ..ဘယ်လိုဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ ဘယ်သွားသွားစိတ်မချရအောင်"
ထိုသို့ပြောတော့ပါးပြင်လေးတို့ပန်းရောင်သန်းလာသောရှောင်ကျန့်..နှုတ်ခမ်းဖျားလေးတို့ကလည်းအနည်းငယ်ကွေးညွှတ်ရင်းနှင့်..
"အဲ့တော့ဘယ်လိုလုပ်ရမလဲ စိတ်ချအောင်"
"ကိုယ့်မိန်းမလေးလုပ်"
"မဆိုင်ပဲနဲ့"
"ဆိုင်ပါတယ် တစ်ခါတည်းတတိုင်းပြည်လုံးသိအောင်ကြေညာပစ်မယ် မေ့လို့ဒီမှာနှင်းဆီဖြူ"
မျက်လုံးကိုအပေါ်လှန်ပြီးမနိုင်ဘူးဆိုသည့်သဘောနှင့်ရှောင်ကျန့်ကလုပ်တော့...
"လုပ်ပြန်ပြီအသည်းယားအောင် မဖြစ်တော့ပါဘူး"
ပြောရင်းရှောင်ကျန့်ကhoodieလေးဝတ်လာသည်မို့hoodieကိုခေါင်းဆောင်းလိုက်ကာကြိုးလေးကိုပါဆွဲကာချည်ရင်းပါးပြင်ပေါ်သို့ကျရောက်လာသောလျှပ်တပျက်အနမ်းတစ်ခု..
"ကိုကို!"
"ရပြီဒီလိုမှကိုယ်တစ်ယောက်တည်းအသည်းယားလို့ရမှာ"
"စာအုပ်ရွေးပြီးပြီမလား "
"အွန်းရွေးပြီးပြီ"
"ကိုယ်နည်းနည်းနောက်ကျသွားတယ် အဲ့ဆိုပြန်ကျရအောင်လာ"
စကားဆုံးသည်နှင့်လက်က်ိုတွဲကာဆွဲခေါ်သွားသောကိိုကိုကကောင်တာရှေ့နားရောက်တော့
"The Time Never Backစာအုပ် အတွက်ရော့ပိုက်ဆံ ပြန်မအမ်းနဲ့တော့.."
စာအုပ်နာမည်ကိုလည်းတန်းသိသည့်ကိုကို..
မပြောဘဲနှင့်ကျွန်တော်နှင့်ပတ်သက်ရင်အရာအရာမှတ်မိပြီးအလေးထားသည့်ကိုကို့ကြောင့်
ကြည်နူးမှုတို့ကတသိမ့်သိမ့်...
.........................................................................
တစ်နှစ်ကြာသော်..
ရိပေါ်တစ်ယောက်အတွေးတို့နှင့်ခေါင်းစားနေသည်..
သူတစ်ယောက်တည်းရုံးခန်းထဲမှာဟိုဘက်လျှောက်ဒီဘက်လျှောက်နှင့်ကြည့်နေရသောယွီပင်းနှင့်minaတို့ကမျက်စိနောက်နေပြီ..
"ဟဲ့နင်ဘယ်လိုဖြစ်"
minaကသူ့ဆံပင်ကိုလိမ်ရင်းနှင့်မေးသည်..
ယွီပင်းကလည်းဘေးကခေါင်းငြိမ့်သည်..
သို့သော်လည်းရိပေါ်ကမဖြေပဲနှင့်သူ့ဘာသူပဲဆက်ပြီးတွေးရင်းဟိုဘက်လျှောက်ဒီဖက်လျှောက်နှင့်ကြာတော့minaလည်းအမြင်ကပ်လာသည်..
"ပြောစရာရှိတယ်ဆိုပြီးလည်းခေါ်သေးတယ် ပြောလည်းမပြောပြောစရာမရှိရင်ငါပြန်မယ်"
ယွီပင်းကခေါင်းထပ်ငြိမ့်ပြန်သည်..
ထိုအခါမှရိပေါ်က
"အမှန်တော့ငါအကူအညီတောင်းချင်လ်ို့..ဒါပေမယ့်မင်းတို့ကအက်ဖအေလေ ဖြစ်ပါ့မလားဆိုပြီးပြန်စဥ်းစားနေတာ"
minaကချက်ချင်းထကာ
"ယွီပင်းနင့်ဘာနင်ကျန်ခဲ့ချင်ကျန်ခဲ့တော့ ငါတော့သွားတော့မယ် ငါ့ကိုဖဲ့ဖို့ခေါ်ထားတာအဲ့ကောင်က"
"မဟုတ်ပါဘူးဟာနင်ကလည်း ဒါမဲ့မှန်လည်းမှန်တာပဲကို"
"နင်ကငါ့ကိုအထင်သေးလိုက်တာ ငါပဲကူညီခဲ့တာပါနော်တစ်လျှောက်လုံး"
"သိပါတယ် အဲ့တာကြောင့်ပဲမေးမို့လေ "
ထိုအခါမှminaကဆိုဖာပေါ်ပြန်ထိုင်ကာပြောဆိုသည့်သဘောနှင့်မေးဆက်ပြသည်..
"ငါ...ကလေးကိုလက်ထပ်ခွင့်တောင်းချင်လို့"
ယွီပင်းကထိုစကားကြား၍ဝင်ပြောသည်
"မင်းတို့ကလက်ထပ်ပြီးသားကြီးလေ"
"ဟုတ်ပေမယ့်ကွာတယ်လေ ကလေးကငါနဲ့လည်းလာမနေသေးဘူးပြီးတော့ငါကပြန်စချင်တာအရင်ကဟာကမင်းတို့လည်းသိတဲ့အတိုင်း"
ထိုအခါမှနှစ်ယောက်လုံးကထောက်ခံပြီးခေါင်းငြိမ့်ကြရင်း
"ငါစဥ်းစားမိတာက..."
minaပြောလို့ကျန်နှစ်ယောက်ကစိတ်ဝင်တစားနားထောင်နေသည်..
"ငါစဥ်းစားမိတာက ငါဒီလောက်လှရက်သားနဲ့ဘာလို့အခုထိလက်ထပ်ခွင့်တောင်းမယ့်သူမပြောနဲ့ရည်းစားစကားတောင်လာမပြောကြတာလဲဆိုတာ ဘာလဲငါကလှတာတဖက်ကမ်းလွန်သွားလို့လား"
ရိပေါ်လည်းကြားလိုက်ရသောစကားကြောင့်ဘေးနားတွင်ရှိသောခေါင်းအုံးနှင့်ပစ်ပေါက်ကာ
"အတည်မှတ်လို့ အတည်စဥ်းစားပါဟ"
minaကသူအပေါက်ခံလိုက်ရသောဆံပင်နေရာကိုပြန်အညီချရင်း
"အတည်ပြောတာလေငါ့အတွက်တော့ "
"အဲ့တော့နင်ကပရိုပိုစ်လေးလုပ်မယ်ပေါ့ ဘယ်လိုပုံမျိုးစဥ်းစားလဲဟဲဗီးလားပုံမှန်လားငြိမ့်ငြိမ့်လေးလား"
"အဲ့တာစဥ်းစားမရလို့ခေါ်တာ"
ယွီပင်းကလည်းစဥ်းစားminaကလည်းစဥ်းစားရင်းနှင့်ယွီပင်းက..
"မင်းကဟဲဗီးမလုပ်ဘူးဆိုရင်တော့ဘယ်လောက်ထိသတ်မှတ်ထားလဲငါပြောတာကကွာသိတယ်မလား"
နက်ဂတိုင်အနက်ရုံးဝတ်suitနှင့်ဝမ်ရိပေါ်သည်ချောမောသည်ဆိုသည့်ထက်ပင်ပိုသည်အတွေးနက်နဲနေ၍သူ့မျက်ခုံးတို့ကလည်းအာရုံစိုက်ထားသည်မို့ယောက်ျားဆန်သောအသွင်အပြင်တို့ကအပြည့်ရှိသည်
"နိုင်ငံခြားသွားတဲ့အထိရတယ်"
"အဟိ"
minaကနေရင်းထိုင်ရင်းထပြုံး၍ယွီပင်းက
"ဘာတုန်း နင့်အပြုံးကလန့်လိုက်တာဟာ"
"ငါအကြံသုံးခုရှိတယ် နိုင်ငံခြားနဲ့ဒီမှာ တစ်ခုရွေး"
"မရွေးဘူး နင်ပြောတဲ့အကြံဉာဏ်ပေါ်မူတည်ပြီးစဥ်းစားရမယ်"
"တစ်ခုတော့ရှိတယ်"
"ဘာတုန်"
"နင့်ကိစ္စပြီးရင်ငါ့ကိုတစ်ယောက်ရှာပေး"
ရိပေါ်ကပြုံးကာယွီပင်းကိုကြည့်လိုက်သည်
ထို့နောက်တစ်ယောက်တည်းကြားလောက်သောအသံနှင့်
"ရှာစရာမှမလိုပဲကို"
"ဟမ် ဘာပြောတာ"
"အေးအေး "
"ပြီးရော ဒီလိုဟ ......."
ထိုနေ့တစ်ရက်လုံးရုံးခန်းထဲတွင်သုံးယောက်သားခေါင်းတပူးပူးနှင့်အစီအစဥ်ချကျတော့သည်..
#################$$$$$####
အမှန်တော့ပြီးပြီးရေးရင်းရှည်လွန်းလို့၂ပိုင်းဖြတ်လိုက်တာ ဒီတစ်ပိုင်းအရင်ဖတ်ကြ မွစိစောင့်ပေးကြလို့အရမ်းကျေးဇူးတင်ပါတယ်ဒါဒါလေးတို့ရေ
part2ကိုလည်းဒီညပဲထပ်တင်ပေးပါမယ်💚❤️
Zawgyi code
မပြောင်းလဲသွားသော
ထိုသူဟာလည်းကျွန်တော့်အနားသို့တလှမ်းချင်းလျှောက်လို့လာသည်
"ဘယ်လိုရောက်လာတာလည်း"
"ကလေးဘယ်နေရာရောက်ရောက် ကိုယ်ရအောင်ရှာနိုင်တဲ့အစွမ်းကိုကိုယ်ပိုင်ထားလို့ဖြစ်မှာပေါ့"
"လက်ဖြန့်"
"ဖြန့်ဘူး"
"မဖြန့်ဘူးပေါ့လေ"
"ရတယ်လေ"
"ဒီကလူကြီးနဲ့ကျွန်တော်နဲ့ကမဆီမဆိုင်တွေလေကိုယ့်ဘာကိုနားထောင်ချင်ထောင်မယ်မထောင်ချင်..."
"အကို!"
"ဗုန်း"
"ကလေးနာသွားသေးလား"
မကြာလိုက်
"အ"
"ဘာလုပ်လို့တုန်"
"ပြန်မလုပ်ဘူး လက်ဖယ်"
"ဟို..."
"အွန်း...."
"အင်း..တူတူပါပဲ ကိုကို"
###########################
တဖြည်းဖြည်းနှင့်ရိပေါ်တို့နှစ်ဉီးအဆင်ပြေပြဖြေစ်လာကြသည်တစ်ဦ်းအပေါ်တစ်ဉီးနားလည်ပေးကြရင်းနှင့်သူတို့နှစ်ဉီး၏ဆက်ဆံရေးလေးဟာ...ပုံမှန်လေးနှင့်သာယာသည်..
သစ်ရွက်တို့ကလည်းလေပြင်း၍ကြွကျေကာ
"မတော်လို့ပါ""ရပါတယ်"
"အမယ်လေး..."
"ပြသနာရှိလို့လား ကလေး"
"ကိုယ့်မိန်းမလေးလုပ်"
"မဆိုင်ပဲနဲ့"
"ကိုကို!"
"အွန်းရွေးပြီးပြီ"
စကားဆုံးသည်နှင့်လက်ကိုတွဲကာဆွဲခေါ်သွားသောကိုကိုကကောင်တာရှေ့နားရောက်တော့
.........................................................................
တစ်နှစ်ကြာသော်..
"ဟဲ့နင်ဘယ်လိုဖြစ်"
ထိုအခါမှရိပေါ်က
"အမှန်တော့ငါအကူအညီတောင်းချင်လို့..ဒါပေမယ့်မင်းတို့ကအက်ဖအေလေ ဖြစ်ပါ့မလားဆိုပြီးပြန်စဉ်းစားနေတာ"
minaကချက်ချင်းထကာ
"ငါစဉ်းစားမိတာက..."
"အဟိ"
"တစ်ခုတော့ရှိတယ်"
"ဘာတုန်"
"နင့်ကိစ္စြပီးရင်ငါ့ကိုတစ်ယောက်ရှာပေး"
"ရှာစရာမှမလိုပဲကို"
"ဟမ် ဘာပြောတာ"
"အေးအေး "
"ပြီးရော ဒီလိုဟ ......."
////////////////////././..////////////////////////////////////////////
အမှန်တော့ဒီအပိုင်းမှာပြီးမှာရေးရင်းအရမ်းရှည်သွားလို့၂ပိုင်းဖြတ်လိုက်တာစောင့်ပေးကြလို့ကျေးဇူးပါနော်part2လည်းဒီညပဲတင်ပေးပြီးအပြီးဖြတ်ပါမယ်💚❤️