(Unicode)
နွေဉီးပေါက်မို့ဆာကူရာပန်းတွေကဖွေးဖွေးလှုပ်။ပွင့်ဖတ်တွေကနေရာအနှံအပြားကြွေကျနေသည်။Japanပြည်ရဲ့နွေဉီးရာသီကတကယ်ကိုလှပလှသည်။
Mနိုင်ငံမှာအပြစ်ရှိတဲ့သူတွေကိုတရားဉပဒေနဲ့အညီစီရင်ပြီးပြီမို့ဒီဘက်ကတရားဉပဒေနဲ့အညီစီရင်လို့မရတဲ့ပြစ်မှုသာကျန်တော့သည်။
ဆက်တို့တစ်ဖွဲ့လုံးမိသားစုအလိုက်Japanကိုရောက်ရှိနေကြသည်။koichiမှာစေ့စပ်ပွဲကြောင့်တစ်ပတ်လုံးရှောင်ပြေးပြီးနောက်တွင်တိမ်ယံကပါအောင်ဆွဲခေါ်လာသည်။အာဏာကsamနဲ့jhonရဲ့ပြစ်မှုတွေဖော်ထုတ်ဖို့စီစဉ်နေတာမို့ဒီကိုရောက်ကတည်းနဲ့မနားရ။
"ပျင်းလိုက်တာကွာ...."
အပြင်ဘက်တွင်ကားတဖွဲဖွဲနှင့်ကြွေကျနေသောဆာကူရာဉယာဉ်ကြီးရှိ၏
"သား..ဆက်ရေ..မနက်စာစားမယ်လေ..."
"လာပြီဖွားဖွား...."
ထမင်းဝိုင်းကအာဏာရောတိမ်ယံပါပျောက်နေတာမို့လူမစည်လှပါချေ။နေ့လည်စာစားပြီးချိန်လောက်မှအာဏာနှင့်တိမ်ယံပြန်ရောက်လာသည်။
"အာဏာ..အဆင်ပြေခဲ့ရဲ့လား..."
ခေါင်းငြိမ့်ပြလာပြီးကုတင်ပေါ်ကနေထကာဆက်ရဲ့ခါးကိုအနောက်မှသိုင်းဖက်လာသည်။တင်းတင်းကြပ်ကြပ်ဖက်ထားပြီးလည်ဂုတ်ကိုလည်းတရှုံ့ရှုံ့နမ်းနေသေးသည်။
"အာဏာ...ယားတယ်လို့...."
"ကိုကို..မောင့်ဘေးကနေထွက်သွားလို့မရ
ဘူးနော်....."
"အာဏာ...ဘာဖြစ်ခဲ့တာလဲ..."
အဖြေမရှိဘဲထွက်သွားလို့မရဘူးဆိုတဲ့စကားကိုသာတတွတ်တွတ်ရွတ်နေသည်။နောက်ဆုံးဘာမှမသိတော့တာမို့အာဏာကျေနပ်မဲ့အဖြေကိုသာရွေးဖြေလိုက်သည်။
"အင်းပါ...ကိုကိုကအာဏာဘေးမှာအမြဲရှိနေမှာ..."
ဒီနေ့ကGolden Dragon ရဲ့ပွဲနေ့
ကြိုတင်စီစဉ်ထားခြင်းမရှိဘဲချက်ချင်းကြီးထလုပ်လိုက်တဲ့ပွဲကြောင့်ဂိုဏ်းသားတွေကတအံတသြနဲ့ပွဲတက်ကြရသည်။
"အာဏာ....ဘာဖြစ်လို့လဲ....."
စင်ပေါ်ထိဆွဲခေါ်လာပြီးဒူးတစ်ဖက်ထောက်ချလိုက်တဲ့အာဏာကြောင့်ဆက်အံ့အားသင့်စွာမေးလိုက်သည်။
အာဏာကပြုံးပြပြီးဆင်တူလက်စွပ်နှစ်ကွင်းအားထုတ်ပြလာ၏....
"အာဏာ..."
"ကိုကို...ကိုကို့ကိုစြမင်ကတည်းကချစ်မိခဲ့တယ်။တန်ဖိုးရှိတဲ့နေ့ရက်တွေကလဲကိုကို့ကြောင့်ဘဲြဖစ်ပေါ်လာတယ်။ကိုကို့ကိုချစ်တယ်။ဒီနှစ်တွေထဲမှာကျွန်တော်ဆန်းစစ်နိုင်ခဲ့တယ်။ကျွန်တော့်တစ်ဘဝလုံးကိုကိုနဲ့အတူ နေထိုင်ချင်တယ်။ကောင်းမွန်တဲ့အချိ်န်
တွေကိုဝေမျှချင်တယ်။ဆိုးဝါးတဲ့နေ့ရက်တွေမှာလဲကိုကိုနဲ့အတူဖြတ်ကျော်ချင်တယ်။ကိုကိုကျွန့်တော့်ကိုလက်ထပ်ပါ ။ကိုကို့ရဲ့တစ်ဘဝလုံးစာကျွန်တော်နဲ့အတူရှိနေပေးပါ ....."
ခန်းမကြီးတစ်ခုလုံးကလည်းအော်ဟစ်လာကြတယ်....။
"လက်ခံလိုက်...လက်ခံလိုက်...."
မျက်ရည်တွေစီးကျပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လာတဲ့ကိုကို။ပါးစပ်ကလဲ...'လက်ခံတယ်'ဆိုပြီးတတွတ်တွတ်ရွတ်နေလေရဲ့။
"ကျေးဇူးပါ...ကျွန်တော်ကိုကို့ကိုတစ်ဘဝလုံးချစ်သွားမှာ..."
"ဝိုးးး....ဘယ်တော့မဂ်လာဆောင်မှာလဲဗျို့...."
"နမ်းပါ...နမ်းပါ..."
တက်ကြွနေကြတဲ့ဂိုဏ်းသားတွေကြောင့်ခန်းမကြီးတစ်ခုလုံးရှုပ်ထွေးသွားသည်။ရုတ်တရက်မြင်လိုက်ရတဲ့လက်ခနဲအရာတစ်ခုကြောင့်အာဏာရဲ့စိတ်တို့ထူပူသွားသည်။
"ကိုကိုသတိထား..."
"ဒိုင်း!!!. .."
"အာဏာ....."
ဘယ်ဘက်ရင်အုံကပူကနဲဖြစ်သွားတာမို့သေနတ်ထိသွားပြီးမှန်းသိလိုက်သည်။
"အခုဘဝတော့ကိုကို့ကိုကာကွယ်နိုင်လိုက်တယ်...."
ရုတ်တရက်ရက်ပေါ်လာတဲ့သေနတ်သံနှင့်မိမိကိုကာပြီးလဲကျသွားတဲ့အာဏာကြောင့်ဆက်စိတ်တို့ဗလာဖြစ်သွားသည်။
"အာဏာ...ဘာမှမဖြစ်ရဘူး....ကိုကိုရှိတယ်လေ...နော်..."
"ဆက်သတိထားစမ်း...ဆေးရုံကားခေါ်ရမယ်...."
အရူးတစ်ယောက်ပမာအသိလွတ်ပြီးနေတဲ့ဆက်ကိုတိမ်ယံသတိပေးလိုက်သည်။
"ဟုတ်တယ်...ဆေးရုံကား...အာဏာဘာမှဖြစ်မှာမဟုတ်ဘူး..."
ခဏအကြာမှာဆေးရုံကားရောက်လာပြီးဆက်ပါလိုက်သွားသည်။
သေနတ်ပစ်လိုက်တဲ့Roseကလည်းဂိုဏ်းသားတွေရဲ့ထိန်းချုပ်မှုအောက်တွင်အော်ဟစ်ရုန်းကန်နေသည်။
"ဟားဟား....ပိုင်စိုးဆက်...ငါမပိုင်တဲ့အရာကိုနင်လဲမပိုင်စေရဘူး..."
**********
ဆေးရုံထဲသွေးသံရဲရဲနဲ့ဝင်ရောက်လာတဲ့အာဏာရဲ့ပုံစံကြောင့်ဆရာဝန်တွေအသက်ရှူရကြပ်သွားသည်။Golden Dragonရဲ့လက်အောက်ခံဆေးရုံတစ်ခုမို့သခင်ကြီးကိုမကုပေးနိုင်ပါကသူတို့ပါအဖော်လိုက်ပေးရတော့မည်ပင်။
"သူ့ကိုရအောင်ကယ်...ကြားလား.မဟုတ်ရင်မင်းတို့ပါလိုက်သွားရမယ်"
မျက်လုံများနီနေကာဖိအားများနှင့်ပြောလိုက်တဲ့ဆက်ရဲ့အသံကြောင့်ဆရာဝန်တွေအကုန်တုန်လှုပ်သွားသည်။
"ဟုတ်ကဲ့ပါ..သခင်လေး...."
Operationခန်းထဲရောက်သွားသူကိုကြည့်ပြီးထိုင်ခုံပေါ်တွင်လျော့ရဲစွာထိုင်ချလိုက်မိသည်။
"ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး...အာဏာဘာမှမဖြစ်ပါစေနဲ့...."
နောက်ထပ်ဂိုဏ်းသခင်ဟောင်းတို့ပါရောက်လာသဖြင့်ဆရာဝန်တွေရဲ့ဖိအားကပိုများလာသည်။
ငါးနာရီကြာပြီးနောက်...
ခွဲစိတ်ခန်းထဲမှထွက်လာတဲ့ဆရာဝန်ကြောင့်အကုန်လုံးကြည့်လိုက်မိကြသည်။
"နှလုံးကိုမထိသွားပေမဲ့စိုးရိမ်ရတဲ့အခြေအနေတော့ရှိတယ်...တစ်ပတ်အတွင်းသာသတိပြန်မရခဲ့ရင်ကိုမာဝင်သွားနိုင်တယ်...."
စကားလုံးနည်းနည်းပေမယ့်အားလုံးရဲ့ရင်ထဲကိုတော့ကျောက်တုံးကြီးပိသလိုလေးလံသွားစေသည်။
#တစ်ပတ်တဲ့...အာဏာမင်းမနှိုးလာနိုင်ခဲ့ရင်တောင်မှကိုကိုမင်းကိုစောင့်နေမှာပါ...ကျေးဇူးပြုပြီးကိုကို့အတွက်နိုးလာပေးပါ...#
********
"တစ်ပါတ်တောင်ရှိနေပြီ...အာဏာမင်းတကယ်နိုးမလာတော့ဘူးလား...."
VIPခန်းထဲတွင်အာဏာရဲ့လက်ကိုရေစွတ်အဝတ်နှင့်သုတ်ပေးနေရင်းရေရွတ်မိသည်။
"နိုးလာပါတော့...ကိုကို..မောင်လို့ခေါ်ခိုင်းလဲရတယ်...မနက်တိုင်းလဲအနမ်းပေးမယ်...မုန့်တွေလဲလုပ်ကျွေးမယ်လေ...မင်းနိုးလာရင်လက်ထပ်ကြမယ်လေ..."
လေထုကားတိတ်ဆိတ်နေပြီးလှုပ်ရှားမှုမရှိ။
"မင်းမနိုးလာရင်...ငါနောက်တစ်ယောက်ရှာပစ်မှာ..."
"ရှာရဲရှာကြည့်ပါလား...အိမ်ထဲပိတ်ထားပစ်မှာ..."
ထွက်ပေါ်လာတဲ့အသံကြောင့်မော့ကြည့်လိုက်တော့သူ့ကိုစူးစူးရဲရဲြကည့်နေတဲ့အာဏာ။
"အူးဝါး....ဗြဲ....မင်း...မင်းမနိုးလာတော့ဘူးထင်နေတာ...."
သူ့ကိုတွယ်ဖက်ပြီးမကျေနပ်ကြောင်းတွေတစ်ခုပြီးတစ်ခုဖော်ထုတ်လာသည်။
"မနိုးလာလို့ရမလား..မောင့်ယောက်ျားလေးကတစ်ခြားတစ်ယောက်ရှာဖို့စဉ်းစားနေတယ်လေ...."
"အင့်...အဲ့ဒါက..စိတ်တိုလို့ပြောတာကို..."
နှုတ်ခမ်းကိုစူပုပ်ထားပြီးမကျေနပ်ကြောင်းပြနေလေရဲ့။
"အင်းပါ..မောင့်ကိုလက်ထပ်မယ်ဆို..."
မျက်လုံးဝိုင်းဝိုင်းတွေနဲ့မော့ကြည့်လာသည်။
"အဲ့....အဲ့တာက..."
"ဘာလဲ...ကတိမတည်ချင်တော့ဘူးလား..."
"တည်တယ်လို့...."
"ဟက်...အလည်လေး..."
နှုတ်ခမ်းသားတို့ကိုစုပ်ယူနမ်းရှိုက်တော့အလိုက်သင့်လေးပင်ပါးစပ်လေးဖွင့်ဟလာသည်။လျှာဖျားလေးကိုပါစုပ်ယူလိုက်တော့တအင့်အင့်ညည်းညူသံများထွက်ပေါ်လာသည်။ဆေးရုံးခန်းထဲကရာသီဉတုမှာပန်းပွင့်များပင်ဝေနေချေပြီ။
တိမ်ယံနှင့်koichiမှာအထဲသို့မဝင်ခင်ကြားလိုက်ရတဲ့အသံတွေကြောင့်တံခါးရှေ့မှာတောင့်တောင့်ကြီးရပ်နေမိတော့သည်။
"ချီး...အခုမှနိုးလာတာကောဟုတ်ရဲ့လား..."
အတွဲချောင်းချင်နေတဲ့koichiကိုဆွဲခေါ်ပြီးအိပ်သို့သာပြန်လိုက်ရတော့၏..
ဆေးရုံခန်းထဲကအနမ်းခန်းကတော့ပြီးဆုံးသွားကာနှစ်ယောက်သားနှဖူးချင်းခပ်ဖွဖွထိထားကြသည်။
"ချစ်တယ်ကိုကို...."
"ငါရော...ချစ်တယ်...."
တစ်နေ့တာလုံးဆေးရုံးခန်းထဲမှထွက်မလာသောအတွဲကြောင့်ဆရာဝန်တွေလည်းဆေးမစစ်တော့ဘဲလွတ်ထားလိုက်ရသည်။
#ငါတို့တစ်သက်လုံးခွေးစာကနေလွှတ်ပါ့မလား.....[ಥ_ಥ]. ..#
***********THE END***********
အခုထိစောင့်ကြည့်ပြီးvote/comments တွေပေးလာတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကိုယ့်အရေးအသားတွေကတော်တော်လေးလိုအပ်နေတာကိုသိတာမို့အားလည်းနာရပါတယ်။နောက်တစ်ပုဒ်မှာဒီထက်ကြိုးစားပါ့မယ်။ silent လေးတွေကိုလည်းကျေးဇူးတင်ပါတယ်။ရေးစကတော့တစ်ယောက်နှစ်ယောက်ဖတ်ရင်တော်ရောပေါ့ဆိုပြီးရေးခဲ့တာထောင်ကျော်
တာမို့တော်တော်လေးဝမ်းသာရပါတယ်။systemလေးကတော့နောက်နေ့မှပေါ့နော်😝
*******
(Zawgyi )
"ပျင်းလိုက်တာကွာ...."
"လာပြီဖွားဖွား...."
"အာဏာ...ယားတယ်လို့...."
ဘူးနော်....."
"အာဏာ...ဘာဖြစ်ခဲ့တာလဲ..."
"အာဏာ....ဘာဖြစ်လို့လဲ....."
"အာဏာ..."
"နမ်းပါ...နမ်းပါ..."
"ကိုကိုသတိထား..."
"ဒိုင်း!!!. .."
"အာဏာ....."
**********
"ဟုတ်ကဲ့ပါ..သခင်လေး...."
ငါးနာရီကြာပြီးနောက်...
********
ထွက်ပေါ်လာတဲ့အသံကြောင့်မော့ကြည့်လိုက်တော့သူ့ကိုစူးစူးရဲရဲကြည့်နေတဲ့အာဏာ။
"အဲ့....အဲ့တာက..."
"တည်တယ်လို့...."
"ဟက်...အလည်လေး..."
"ချစ်တယ်ကိုကို...."
"ငါရော...ချစ်တယ်...."
***********THE END***********