Part (14)

5K 561 23
                                    


(Uni)

"ကိုကို.....ကိုကိုရေ...."

အာဏာကသာနောက်ကတကြော်ကြော်ခေါ်နေပေမယ့်ဆက်ကတော့အရှက်လွန်နေတာ
မို့မရပ်မိ......
သူတို့ဖြစ်နေတဲ့ပုံစံကိုလမ်းတစ်လျှောက်ကသူတွေကတအံတသြ......

ကာယကံရှင်နှစ်ယောက်ကတော့ပတ်ဝန်းကျင်ကိုဂရုစိုက်နိုင်ဘဲပြေးတမ်းလိုက်တမ်းဆော့နေသည့်ပမာမည်သူမှရပ်ရန်စိတ်ကူးမရှိကြချေ......

ကားပါကင်အထိရောက်လာတော့အာဏာကမှီလာပြီးလက်ကိုတင်းတင်းကြပ်ကြပ်ဆွဲခေါ်သွားသည်......

"လွတ်....အာဏာလွတ်ဆိုနေ...."

ဆက်မည်မျှပင်ရုန်းကန်နေစေကာမူအာဏာကမလွတ်ပေး....

"ငြိမ်ငြိမ်နေကိုကို...မဟုတ်ရင်ဒီမှာဖက်နမ်းပစ်လိုက်မယ်,. .."

မျက်လုံးလေးပြူးပြီးငြိမ်ကျသွားတဲ့ကိုကိုကကြောက်လန့်နေတဲ့ယုန်ပေါက်ကလေးအလား.......
ရင်ထဲကကလိကလိနဲ့မို့အမှန်တကယ်ဖက်နမ်းချင်လာသည်......

ချောင်းတစ်ချက်ဟမ့်ကာထိန်းလိုက်ရင်းကားအထိဆွဲခေါ်လာတော့နာနာခံခံလေးလိုက်ပါလာသည်.....

#shit. ...တစ်ကိုယ်လုံးဝါးစားပစ်ချင်လာပြီ.....#

အတွင်းထဲကသားရဲရိုင်းကြီးကမည်မျှပင်အော်ဟစ်နေစေကာမူမျက်နှာကတော့ပုံမှန်အတိုင်းဖြစ်နေသည်.......
ဆက်မှာကားပေါ်တက်ကတည်းကအာဏာကိုမျက်နှာချင်းမဆိုင်ရဲတာမို့အိပ်ပျော်ချင်ယောင်ဆောင်လာသည်.....

ကားကိုမောင်းနေရင်းနှင့်တစ်ဖက်ကkoichiကို massage တစ်စောင်ပို့လိုက်သည်......

Koichiကြက်ပေါင်စားနေရင်း Message ဝင်လာတာမို့ကြည့်လိုက်တော့အာဏာဆီက.......

*ဒီညကွန်ဒိုကိုပြန်မလာနဲ့.....*

#ချီး...အဲ့ကောင်ဆက်ကိုစားတော့မှာလား......ငါတားသင့်တယ်.....မဟုတ်သေးဘူးသူငယ်ချင်းကောင်းပီပီပါရမီဖြည့်ပေးရမှာပေါ့.....#

တဆုံးတွေးချလိုက်တဲ့koichiမှာသူ့အတွေးနဲ့သူပြုံးပြုံးကြီးဖြစ်နေလေသည်.....
ဖုန်းကိုကြည့်ပြီး​ကြက်​ပေါင်ကြီးကိုက်လျက်ပြုံးစိစိဖြစ်နေတဲ့koichiကြောင့်ဘေးနားထိုင်နေတဲ့တိမ်ယံကဖုန်းကိုချောင်းကြည့်လိုက်သည်.....

Rebirth for (BL) (completed) Where stories live. Discover now