Part (11)

5.2K 549 22
                                    


(Uni)

"အား...ကျွတ်....."

မနက်အိပ်ရာထတော့ခေါင်းကိုက်နေတာမို့
ဆက်ညည်းညူမိသည်......
ညကသောက်ကောင်းကောင်းနဲ့သောက်နေတာမို့ limit ကျော်သွားမှန်းပင်မသိလိုက်မနက်ရောက်တော့အစွမ်းပြချေပြီ......

ကုတင်ပေါ်ဝေ့ဝိုက်ကြည့်လိုက်တော့အာဏာမရှိတော့....
အစောကြီးထသွားဟန်တူသည်....
ရေချိုးခန်းထဲဝင်ပြီးတစ်ခါတည်းရေချိုး
ချလိုက်သည်......
ရေချိုးခန်းထဲကထွက်လာတော့မနက် ၈နာရီ
နေ့လယ်ပိုင်းမှသာအတန်းချိန်ရှိတာမို့
အေးအေးဆေးဆေးလုပ်နေသည်.....

"Morning. .....ကိုကို...."

ထမင်းစားခန်းရောက်တော့အာဏာကဟင်းခွက်တွေကိုင်ထားရင်းပြောလာသည်.....
ဆက်လည်းညကအကြောင်းတွေကိုခေါက်ထားလိုက်ပြီးပြန်နှုတ်ဆက်လိုက်သည်....

"Morning. ...."

သေချာကြည့်ပါကနားရွက်ဖျားများနီရဲနေသည်ကိုတွေ့ရလိမ့်မည်....

အာဏာကတော့ကိုကို့ကိုကြည့်ပြီးရယ်ချင်ပေမယ့်မျိုသိပ်ထားရသည်....
တော်ကြာနောက်တစ်ခေါက်မနမ်းခိုင်းမှ
ဒုက္ခ.....

ခဏကြာတော့တိမ်ယံနဲ့koichiထွက်လာသည်.....

"Morning. ...ချစ်သူငယ်ချင်းတို့...."

ရောက်ရောက်ချင်းဆောက်နဲ့ထွင်းသလိုပြောလာတဲ့koichiကြောင့်တိမ်ယံနဲ့အာဏာမှာမျက်နှာကြီးရှုံ့မဲ့သွားသည်......

ညတုန်းကမူးမူးရူးရူးနဲ့တွေ့တဲ့
ကောင်လေးတစ်ယောက်ကို
သွားကန်တာကြောင့်တိ်မ်ယံခမျာမနည်းတောင်းပန်ယူလိုက်ရသည်......

ဒါ့အပြင်သီချင်းတွေကိုအာဗြဲကြီးနဲ့အော်ဆိုပြီးနားကိုလည်း ဒုက္ခ ပေးသေးသည်.....

#အင်း.....ကိုကိုနဲ့တော့ကွာပ.....မူးနေရင်ခေါင်းလေးတစ်ညိမ့်ညိမ့်နဲ့ဘာမဆိုထောက်ခံနေတာချစ်စရာလေး....#

အာဏာရဲ့အတွေးကိုသာkoichiကြားသွား
ပါကသွေးအန်သွားပေလိမ့်မည်.....

မနက်စာစားပြီးတော့အချိန်ရသေးတာမို့ကွန်ဒိုမှာဘဲအချိန်ဖြုန်းနေကြသည်....

"ဆက်...၁၁နာရီတောင်ရှိပြီ...သွားရအောင်...."

တိမ်ယံလောဆော်လိုက်တာမို့ကျောင်းကိုထွက်လာခဲ့ကြသည်.....
ကျောင်းရောက်တော့ကောင်မလေးတွေငမ်းနေတာများသားရေကျမတတ်....

Rebirth for (BL) (completed) Where stories live. Discover now