[ Kay : ေရွ႕ပိုင္းေတြမွာ လင္းဝမ္နင္လို႔ ေရးထားမိပါတယ္၊ ဒီအပိုင္းကစၿပီး လင္းေဝ့နင္လို႔ ျပန္ေျပာင္းေရးလိုက္ပါၿပီေနာ္ ]
{Zawgyi}
ထိုအခိုက္မွာ ကန္တင္းႀကီးတစ္ခုလုံး ေျပာမျပႏိုင္ေလာက္ေအာင္ တိတ္က်သြားတယ္။
လင္ရွန္းနဲ႔ သူတို႔ေတြ အျငင္းအခုန္ျဖစ္ေနတာေၾကာင့္ ေက်ာင္းသားေတြအာ႐ုံစိုက္မိေနတာ ၾကာၿပီျဖစ္တယ္။ လုေျမာင္ေျမာင္၊ လင္းေဝ့နင္၊ အိုးယန္ယင္းယီ... သူတို႔ေတြက စီနီယာအထက္တန္းေက်ာင္းက လက္ေ႐ြးစင္အတန္းရဲ႕ နာမည္ေက်ာ္ေတြျဖစ္တယ္။ လုေျမာင္ေျမာင္က ေက်ာင္းရဲ႕ပန္းကေလးျဖစ္ၿပီး followerေတြအေတာ္မ်ားတယ္။
လင္ရွန္းကေတာ့ အခုဆို ရဲတြတ္ေနၿပီး မိုးကုတ္စက္ဝိုင္းကေနေတာင္ ထြက္သြားခ်င္ေနၿပီ။ သူ႔ကိုမသိတဲ့လူေတြကေတာင္ ေဘးနားမွာရွိတဲ့ေက်ာင္းသားေတြရဲ႕ အလင္းျပမႈေၾကာင့္ ခ်က္ခ်င္းနားလည္သြားၾကတယ္။ အနီးနားမွာရွိတဲ့ေက်ာင္းသားေတြက ခုေလးတင္ ေျပာေနၾကတာေတြကို ပိုလို႔ေတာင္ရွင္းရွင္းလင္းလင္းၾကားခဲ့ရတယ္။
လူတိုင္းလည္း ထမင္းစားကဒ္ေပၚက နံပါတ္ကိုးလုံးကို လင္ရွန္းေနာက္ကေန 'တစ္၊ ႏွစ္ ... ရွစ္၊ ကိုး'ဆိုၿပီး လိုက္ေရတြက္ခဲ့ၾကတာျဖစ္တယ္။
ရွင္းဆန္းေက်ာင္းရဲ႕ ေက်ာင္းသားအမ်ားစုက ခ်မ္းသာတဲ့မိသားစုေတြကဆိုေပမယ့္လို႔ သူတို႔ေတြအားလုံး မွင္သက္ေနရတယ္...
႐ူးေနၿပီလား?!
အဲ့တာက သန္းတစ္ရာေတာင္ေလ!
ေက်ာင္းသားကဒ္ထဲမွာ သန္းတစ္ရာျဖည့္ထားတာ... ေက်ာင္းမွာပဲ ေသတဲ့ထိ စားေနေတာ့မွာလား?!
ေမာ့က်ဴးခ်န္ ေသာက္စရာတစ္ခြက္ဝယ္ၿပီး ျပန္ေရာက္လာတဲ့အခ်ိန္မွာ သူလုပ္တာဆိုၿပီး အထက္စီးဆန္စြာ ဝန္ခံေတာ့တယ္။
ေက်ာင္းသားေတြ ျဖည္းျဖည္းခ်င္း သတိျပန္ကပ္လာတယ္။
တခ်ိဳ႕လူေတြက သူတို႔ရဲ႕ဖုန္းေတြကို တုန္တုန္ရီရီထုတ္ကာ ေက်ာင္းဖိုရမ္ေပၚမွာ postတင္ဖို႔ ျပင္ၾကေတာ့တယ္__
"အာဏာရွင္... အာဏာရွင္ႀကီးက ရက္စက္လိုက္တာ! ဘာလို႔ ေက်ာင္းသားကဒ္ထဲမွာ သန္းတစ္ရာျဖည့္ေပးလိုက္ရတာလဲ!"
"ေမာ့က်ဴးခ်န္နဲ႔ လင္ရွန္းက တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနၾကၿပီလား? ေက်ာင္းျမက္ႀကီးက သူ႔ရဲ႕ခ်စ္သူေလးအတြက္ ေက်ာင္းသားကဒ္ထဲမွာ သန္းတစ္ရာေတာင္ ျဖည့္ေပးလိုက္တာေနာ္!"
"အံ့ဩစရာႀကီး! ရွင္းဆန္းေက်ာင္း စေထာင္တည္းကေနစၿပီး တန္ဖိုးအရွိဆုံးေက်ာင္းသားကဒ္ ေပၚလာခဲ့ၿပီ၊ သန္းတစ္ရာေတာင္ တန္တာေနာ္!"
...
မ်က္ေတာင္တစ္ခတ္ေလာက္မွာတင္ အဲ့တာနဲ႔သက္ဆိုင္တဲ့ မေရမတြက္ႏိုင္တဲ့postေတြ ေက်ာင္းဖိုရမ္ရဲ႕ homepageေပၚမွာ ေပၚထြက္လာတယ္။ ဘယ္ၾကည့္ၾကည့္ သန္းတစ္ရာဆိုတာေတြခ်ည္းပဲ ပလူျပန္ေနတယ္။ ေက်ာင္းတစ္ခုလုံး အုံႂကြလာၿပီး ကန္တင္းထဲကို လူေတြပိုမိုေရာက္ခ်လာတယ္။
ေက်ာင္းသားအမ်ားစုက ပိုက္ဆံရွားပါးသူေတြမဟုတ္ၾကဘူး ဒါေပမယ့္ သန္းတစ္ရာေလ! တကယ္ႀကီးျမင္ေတြ႕ဖူးတာ မ်ားမ်ားစားစားမရွိဘူး!
အခုပိုၿပီး ေနလို႔ထိုင္လို႔မရေတာ့တာ အိုးရန္ယင္းယီျဖစ္တယ္။ ေက်ာင္းသားကဒ္ထဲမွာ သန္းတစ္ရာထည့္ထားဖို႔ဆိုတာ အသိသာႀကီး ေတာ္ေတာ္ေလးကို အမ္း... သို႔ေပမယ့္ ေမာ့က်ဴးခ်န္ေရွ႕မွာမွ လင္ရွန္ကို အ႐ူးငေၾကာင္လို႔ ေျပာမိရက္သားျဖစ္ေနတယ္။ အိုးရန္ယင္းယီ ေမာ့က်ဴးခ်န္ရဲ႕ ေအးစကက္လွတဲ့မ်က္လုံးေတြကို ၾကည့္ကာ မ်က္ႏွာက ျဖဴေရာ္လာတယ္။
"ေမာ့... ေမာ့သခင္ေလး..." သူ အထစ္ထစ္အေငါ့ေငါ့ေျပာလိုက္တယ္ "အဲ့လိုမရည္႐ြယ္ပါဘူး" အိုးရန္ယင္းယီ တံေတြးၿမိဳခ်ကာ စိတ္လႈပ္ရွားမႈေၾကာင့္ တစ္ကိုယ္လုံးတုန္ရီေနတယ္။
"ငါ ငါကဒီတိုင္း..." သူ႔ခမ်ာ စကားကို ဆုံးေအာင္ေတာင္ မေျပာႏိုင္ဘူး။
လင္ရွန္း အိုးရန္ယင္းယီကို ေသခ်ာစိုက္ၾကည့္ေနလိုက္တယ္။ တစ္ဖက္လူက အရမ္းဖိအားမ်ားေနတာေၾကာင့္ စိတ္လိုက္မာန္ပါနဲ႔ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို ထုတ္ေျပာမိေစဖို႔ ေမွ်ာ္လင့္ေနတာျဖစ္တယ္။
ကံမေကာင္းခ်င္ေတာ့ အိုးရန္ယင္းယီက အလြန္တရာေၾကာက္လန႔္ေနၿပီး ေျခေထာက္ေတြ တုန္ရီကာ မတ္တပ္ေတာင္မရပ္ႏိုင္သေလာက္ျဖစ္ေနတယ္။ သို႔ေသာ္ မ်က္ႏွာတစ္ခုလုံး ျဖဴဆုပ္ေနေပမယ့္ တစ္ခုခုေျပာဖို႔စိတ္ကူးမရွိသလိုမ်ိဳး ပါးစပ္ကိုထပ္တင္းတင္းပိတ္ထားတယ္။
"မင္းက ငါ့ကို အ႐ူးတစ္ေယာက္လိုမ်ိဳး ေၾကာင္ေတာင္ေတာင္ေတြလုပ္ေနတယ္လို႔ ထင္တာလား?" တစ္ဖက္လူက မေျပာတာေၾကာင့္ ေမာ့က်ဴးခ်န္ကပဲ အရင္စေမးလိုက္တယ္ "ငါ့ကို ဟာသမ်ား မွတ္ေနလား?"
"မဟုတ္ မဟုတ္ မဟုတ္ပါဘူး!" အိုးရန္ယင္းယီ ေခါင္းကိုအသည္းအသန္ခါျပတယ္။ "ဟာသလို႔ မထင္ပါဘူး! လုံး၀ကို ႐ူးေၾကာင္ေၾကာင္မဟုတ္ဘူး!" လြတ္ေျမာက္လိုစိတ္ျပင္းထန္တာေၾကာင့္ ခ်က္ခ်င္းအျမန္ ထေျပာေတာ့တယ္ "ငါ... ငါက ဆင္းရဲပါတယ္၊ မဟုတ္ရင္ ငါလည္း ထမင္းစားကဒ္ထဲမွာ သန္းတစ္ရာထည့္ထားခ်င္တာ! ငါ... ငါကဒီတိုင္း..."
သူ႔ပါးစပ္ကို ဟကာ ခက္ခက္ခဲခဲဆက္ေျပာတယ္ "ခုေလးတင္ ငါေျပာလိုက္တာေတြက လင္ရွန္းေက်ာင္းသားကဒ္ထဲမွာ ပိုက္ဆံေတြအမ်ားႀကီးရွိေနေတာ့ မနာလိုျဖစ္ေနတာေၾကာင့္ပါ!"
လုေျမာင္ေျမာင္ "..."
ကန္တင္းထဲမွ ေက်ာင္းသားမ်ား "..."
လင္ရွန္း "..."
"အိုး" ေမာ့က်ဴးခ်န္ ခပ္ေပါ့ေပါ့ ေခါင္းၿငိတ္ျပကာ အိုးရန္ယင္းယီကို ေအးတိေအးစက္ စိုက္ၾကည့္လိုက္တယ္ "မွတ္ထား၊ မင္း လုပ္ခ်င္တိုင္းလုပ္လို႔မရတဲ့ လူေတြရွိေသးတယ္! အရမ္းမနာလိုျဖစ္ေနရင္ မင္းပဲအက်ည္းတန္မွာ... ထြက္သြား!"
လင္ရွန္း "..."
ေမာ့က်ဴးခ်န္က သူရဲေဘာေၾကာင္သူကို ဩဝါဒေႁခြေနတာကို ၾကည့္ရတာက အလယ္တန္းေက်ာင္းသားလိုလုပ္ေနတာကို ၾကည့္ရတာထက္ ပိုၿပီးေတာ့ေတာင္ မသက္မသာရွိေသးတယ္။ [ T/N : ဒီအပိုဒ္ကို သိပ္နားမလည္လို႔ အဆင္ေျပသလိုျပန္ထားပါတယ္ ]
ေနာက္ဆုံး အိုးယန္ယင္းယီနဲ႔ တျခားသူေတြထြက္သြားတာကို ေစာင့္ၿပီးမွ သူတို႔စားေသာက္ၾကတယ္။ လင္ရွန္နဲ႔ ေမာ့က်ဴးခ်န္ ႏွစ္ေယာက္သား ကန္တင္းကထြက္ကာ စာသင္ေဆာင္ကို ျပန္လာခဲ့ၾကတယ္။ ေဘးဘီကို ၾကည့္ၿပီး ေမာ့က်ဴးခ်န္ကို ဆြဲကာ အေပၚဆုံးလႊာကို သြားလိုက္တယ္ "မင္း ငါနဲ႔လိုက္ခဲ့"
"မင္း ႐ူးေနၿပီလား?!" သူ႔ရဲ႕ေက်ာင္းသားကဒ္ကို ေမာ့က်ဴးခ်န္ထံ ေပးလိုက္တယ္ "ငါ့ရဲ႕ေက်ာင္းသားကဒ္ထဲကို သန္းတစ္ရာထည့္ေပးပါလို႔ မင္းကို ဘယ္သူေတာင္းဆိုေနလို႔လဲ?!"
"ခုေလးတင္ မင္းအရမ္းေပ်ာ္ေနတာမဟုတ္ဘူးလား?" ေမာ့က်ဴးခ်န္ ေမးလိုက္တယ္။
"ေပ်ာ္တယ္ အားႀကီးႀကီး!" လင္ရွန္း သူ႔ကိုမေပ်ာ္မ႐ႊင္နဲ႔စိုက္ၾကည့္လိုက္တယ္။ "အဲ့တာကဒီတိုင္း လုေျမာင္ေျမာင္နဲ႔ တျခားသူေတြေရွ႕မွာ မ်က္ႏွာမပ်က္ခ်င္လို႔၊ ၿပီးေတာ့ အဲ့အိုးရန္ယင္းယီဆိုတဲ့ေကာင္က တကယ္စိတ္တိုစရာေကာင္းတယ္... သူ႔ကိုလုပ္ထည့္လိုက္ခ်င္တာ!"
စိတ္ထဲဘယ္လိုျဖစ္လာမွန္းေတာင္ မသိေတာ့ဘူး။ လင္က်န္း ထိုစကားေတြေျပာၿပီးေနာက္မွာ ေမာ့က်ဴးခ်န္ႏႈတ္ခမ္းေတြ ႐ုတ္တရက္ေကာ့တက္လာတယ္။ သူ႔ၾကည့္ရတာ ရယ္ခ်င္ေနသလိုလိုျဖစ္ေနေပမယ့္ မၾကာခင္မွာတင္ ႐ုပ္ေသႀကီးျပန္ျဖစ္သြားကာ ေအးတိေအးစက္ဟန္နဲ႔ ေနေနတယ္။
ေမာ့က်ဴးခ်န္ "မင္းမွာ ေငြေတြျပတ္လပ္ၿပီး မင္းရဲ႕ကပ္ေစးနည္းအစ္ကိုဆီက ေငြေလး တစ္ေထာင္ႏွစ္ေထာင္ေလာက္ကို ခက္ခက္ခဲခဲေတာင္းေနရတာျမင္ေတာ့ ငါမင္းကို ထပ္ျဖည့္ေပးတာ၊ ငါ့ကို ေက်းဇူးေတြ တင္မေနနဲ႔!"
"ေက်းဇူး..." လင္ရွန္း ေျပာစရာေတြ ေပ်ာက္ရွလို႔ေနတယ္။
နတ္ဘုရားက အထူးတလည္ မဆိုင္းမတြျဖည့္ေပးထားတာပဲ! ဒါက ထပ္ျဖည့္ေပး႐ုံပဲလား?! ဒါက...
လင္ရွန္း ဗိုက္ထဲျပည့္က်ပ္လာၿပီး ဘယ္လိုအန္ထုတ္ရမလဲေတာင္ မသိေတာ့ဘူး။
အသက္ကို တစ္ခ်က္ျပင္းျပင္းရႈသြင္းကာ အရင္ဆုံးေျပာလိုက္တယ္ "...ငါ့အစ္ကိုႀကီးက ကပ္ေစးမနည္းဘူး!" သူေသြးအန္မိေတာ့မယ္ "ၿပီးေတာ့ ေက်ာင္းသားကဒ္ထဲမွာ ဒီေလာက္ေငြေတြအမ်ားႀကီး ဘယ္သူကထည့္ထားမွာလဲ?! မင္းေတာင္ မေတြ႕ဖူးဘဲနဲ႔၊ ေဘးနားပတ္ပတ္လည္မွာလည္း ေက်ာင္းသားေတြက ငါတို႔ကိုၾကည့္ေနၾကတာ၊ သူတို႔မ်က္ႏွာထားေတြက..."
လင္ရွန္း ေျပာၿပီး သူ႔ဖုန္းကိုထုတ္လိုက္တယ္ "ေက်ာင္းဖိုရမ္ေပၚမွာေတာ့ ဝက္ဝက္ကြဲေနၿပီထင္တယ္! ေနာက္ကြယ္မွာ လူတိုင္းေလွာင္ေနေလာက္ၿပီ!"
ဖိုရမ္ရဲ႕ home pageမွာ တကယ့္ကို 'သန္းတစ္ရာ ထမင္းစားကဒ္'အေၾကာင္း ေဆြးေႏြးတဲ့ postေတြခ်ည္းပဲျဖစ္တယ္။
လင္ရွန္း သာမန္ကာလွ်ံကာ ႏွိပ္ၾကည့္ေတာ့ အစပိုင္းမွာ ျပန္စာေတြအားလုံးက "ဟားဟားဟား နတ္ဘုရားTMမွာ သန္းတစ္ရာတန္ ေက်ာင္းသားကဒ္ရွိတယ္တဲ့ တကယ့္ကိုငေၾကာင္ပဲ"
သို႔ေသာ္ တျဖည္းျဖည္းနဲ႔ မွတ္ခ်က္ေတြက စတင္ေျပာင္းလဲလာတယ္_
"ဒီေန႔လည္တုန္းက ေန႔လယ္စာအတြက္ ဘာလို႔ဒူးေထာက္တာလဲလို႔ ငါ့အေမက ေမးတယ္၊ ဘာလို႔ဆို ေငြေၾကးရဲ႕အာဏာကို လက္ခံသြားလို႔ေလ!"
"ဟုတ္ၿပီေလ ငါမစားႏိုင္ေလာက္ဘူးဆိုေပမယ့္ သန္းတစ္ရာထမင္းစားကဒ္ေလးေတာ့ လိုခ်င္တယ္ေလဟာ... ငါ့ရဲ႕ဒီစိတ္ကို ဘယ္လိုခ်ိဳးႏွိမ္ရမလဲ?!"
"မနာလိုလိုက္တာ! ငါ့ရဲ႕ထမင္းစားကဒ္ထဲကို သန္းတစ္ရာေလာက္ ကူထည့္ေပးမယ့္ ေညးတစ္ေယာက္ေလာက္လိုေနပါတယ္ေနာ္!"
"စိတ္ေတာင္မေကာင္းဘူး ဒီေန႔ ငါတို႔အားလုံးဆီက ခ်ဥ္ေစာ္နံေနတယ္!"
"႐ုတ္တရက္ႀကီး ေက်ာင္းျမက္ကေလးက အရမ္းေကာင္းတယ္လို႔ ခံစားမိလာတယ္! အရမ္းလည္းၾကည့္ေကာင္းတယ္! နင္တို႔သေဘာမတူဘူးဆိုရင္ နင္တို႔လည္း သန္းတစ္ရာတန္ထမင္းစားကဒ္ထုတ္ၿပီး တစ္ေယာက္ေယာက္ကို ႐ိုက္ေပါ့! ကယ္ၾကပါအုံး ငါဒီလိုမ်ိဳး တကယ္အ႐ိုက္ခံခ်င္ေနတယ္!"
"စိတ္မေကာင္းဘူး ငါလည္း ခ်ဥ္ေနတာ! သူက မဟားတရားေခ်ာတယ္၊ ခႏၶာကိုယ္အခ်ိဳးအစားကလည္း မဟားတရားမိုက္တယ္ ၿပီးေတာ့ သန္းတစ္ရာကိုလည္း ျဖဳန္းေပးတယ္... ဘာလို႔ ငါ့ရဲ႕ေမာင္ေလးျဖစ္မလာရတာလဲ?!"
...
ေမာ့က်ဴးခ်န္လည္း အနားေလွ်ာက္လာၿပီး လင္ရွန္းနဲ႔အတူ ၾကည့္ခ်င္ခဲ့တယ္။ လင္ရွန္း "..."
သူဖုန္းကို ျပန္သိမ္းၿပီး ေမာ့က်ဴးခ်န္ကို အေလးအနက္ၾကည့္လိုက္တယ္ "ဘာပဲျဖစ္ျဖစ္ ဒီေက်ာင္းသားကဒ္ကို ငါမယူႏိုင္ဘူး၊ သန္းတစ္ရာႀကီးကေတာ့ မ်ားလြန္းတယ္... သြင္းထားတဲ့ေငြဖို႔ ႐ုံးခန္းကိုသြားမယ္"
သန္းတစ္ရာေတာင္!
ဒါက မယ္ရီဆူး၀တၳဳေလာကႀကီးေတာင္ မဟုတ္ေတာ့ဘူး!
သူ ဒါကိုဖတ္တုန္းက ေမာ့က်ဴးခ်န္တစ္ေယာက္ စုတ်န္းတ်န္းကို အလြန္ဆုံးရွိလွ တစ္သန္းတန္စကပ္ေတြဝယ္ေပးတာကို သူမွတ္မိေနေသးတယ္။
မထင္မွတ္ထားစြာ ဒီ၀တၳဳထဲကို ေရာက္လာၿပီး ပိုေတာင္ေၾကကြဲစရာေကာင္းတဲ့ျဖစ္ရပ္ေတြနဲ႔ ႀကဳံေနရတယ္!
ဒါ့အျပင္ သူ႔အစ္ကိုဆီက ပိုက္ဆံေတာင္းဖို႔ကိုလည္း ရွက္မိတယ္။
ေမာ့က်ဴးခ်န္ရဲ႕ပိုက္ဆံေတြကို ဘယ္လိုလုပ္ လက္လြတ္စပယ္ သုံးႏိုင္မွာလဲ? လင္ရွန္းရဲ႕ဥေတြေတာင္ ဆိုးဆိုးဝါးဝါးနာလာတယ္!
ေမာ့က်ဴးခ်န္ရဲ႕မိသားစုက လြန္လြန္က်ဴးက်ဴးခ်မ္းသာတာကို သူသိတယ္။ အရင္ကေတာ့ တစ္ဖက္လူဆီကေန ေငြရွာဖို႔လုပ္ဖူးေသးတယ္။ ဒါေပမယ့္လည္း အဲ့တာကဒီတိုင္း စိတ္လိုက္မာန္ပါျဖစ္သြား႐ုံသာ။
"မင္းသြားၿပီး ပိုက္ဆံျပန္လႊဲလိုက္၊ ၿပီးရင္ ေက်ာင္းသားကဒ္ ငါ့ကို ျပန္ေပး" လင္ရွန္း ထပ္ေျပာလိုက္တယ္။
ေမာ့က်ဴးခ်န္ရဲ႕လက္ေခ်ာင္းသြယ္သြယ္ေတြက လင္ရွန္းရဲ႕ေက်ာင္းသားကဒ္ကို ေဆာ့ကစားေနတယ္။ "မင္းကဒါထဲမွာ စစခ်င္းသြင္းထားတဲ့ ယြမ္ႏွစ္ေထာင္ကလြဲၿပီး က်န္ေနတဲ့ပိုက္ဆံေတြကိုထုတ္လို႔မရဘူး"
"ဟမ္?" လင္ရွန္း စိတ္ပ်က္ကာ အံ့အားသင့္သြားတယ္။
"ငါက သူတို႔ေတြကို မင္းအတြက္ သုံးမကုန္တဲ့ပမာဏေပးလို႔ပဲ ေျပာလိုက္တာ၊ တကယ္ ေငြမသြင္းရဘူး" ေမာ့က်ဴးခ်န္ သူ႔ကိုၾကည့္ကာ ရယ္ေမာလိုက္တယ္ "မင္း တုံးတာပဲလား?"
လင္ရွန္း "..."
သူ႔ခမ်ာ စိတ္သိပ္မႏွံ႔တဲ့ေက်ာင္းျမက္ႀကီးရဲ႕ ေမးခြန္းထုတ္ျခင္းကို မထင္မွတ္ဘဲ ခံလိုက္ရတယ္။ သိပ္ေကာင္းတယ္ ေမာ့က်ဴးခ်န္ကလည္း သူ႔ရဲ႕အာ႐ုံစိုက္မႈကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ရေအာင္ယူႏိုင္သြားၿပီ!
"မင္း ေမ့ေနၿပီပဲ... ရွင္းဆန္းေက်ာင္းကလည္း ငါ့မိသားစုအပိုင္ပဲေလ" ေမာ့က်ဴးခ်န္ ဆက္ေျပာလိုက္တယ္။
လင္ရွန္း "..."
သူ ေမ့ေနခဲ့တာ။ ေက်ာင္းသားကဒ္က ရွင္းဆန္းေက်ာင္းထဲမွာသာ သုံးလို႔ရၿပီး ေငြေၾကးအက်ိဳးအျမတ္ကလည္း သူ႔မိသားစုဟာပဲ။ ဒါေၾကာင့္ ေမာ့က်ဴးခ်န္က တစ္စုံတစ္ေယာက္ကို ပမာဏေျပာင္းဖို႔ ေျပာခဲ့တာျဖစ္တယ္။ ေသခ်ာတာေပါ့ ထိုလူေတြက ေမာ့မိသားစုရဲ႕တစ္ဦးတည္းေသာဆက္ခံသူေလးကို စကားလုံးၾကမ္းၾကမ္းေတြ မသုံးႏိုင္ဘူး။ ဘယ္လိုေနေန ရတဲ့ပိုက္ဆံရဲ႕အက်ိဳးအျမတ္ေတြအားလုံးက မိသားစုအတြက္ပဲေလ။
"ဒီကိုၾကည့္" ေမာ့က်ဴးခ်န္ လင္ရွန္းမ်က္လုံးေတြကို စိုက္ၾကည့္ကာ "မင္းအစ္ကိုဆီက ပိုက္ဆံထပ္ေတာင္းမေနနဲ႔ေတာ့ ေနာက္ၿပီး သူ႔ကိုေၾကာက္ေနစရာလည္း မလိုဘူး"
သူ လင္ရွန္းကို သြားေပၚတဲ့အထိ ၿပဳံးျပလိုက္တယ္ "ငါ့ကို ေက်းဇူးမတင္နဲ႔ေနာ္!"
လင္ရွန္း "...ငါက ငါ့အစ္ကိုကို ေၾကာက္ေနတယ္လို႔ မင္းကို ဘယ္သူေျပာလဲ?!"
သူ႔အစ္ကိုႀကီးက ကမာၻေပၚမွာ အသိမ္ေမြ႕ဆုံး၊ စဥ္းစားအတတ္ဆုံးနဲ႔ အေကာင္းဆုံးပဲ။ ၿပီးေတာ့ နံပါတ္တစ္အစ္ကိုႀကီး! အဲ့တာကို သူက ဘာလို႔ေၾကာက္ရမွာလဲ?!
"မေၾကာက္ဘူးလား?" ေမာ့က်ဴးခ်န္က "မင္းအစ္ကိုဆီက ဖုန္းဝင္လာတိုင္း မင္းကိုၾကည့္ရတာ က်ားကိုေတြ႕လိုက္တဲ့ ယုန္ေလးလိုပဲ.. တစ္ဖက္လူဘာေျပာေျပာ ကတိေပးေနတာခ်ည္းပဲ! အဲ့တာကို ေၾကာက္တယ္လို႔ မေခၚဘူးလား?"
လင္ရွန္း ဆြံ႕အသြားတယ္။ ေမာ့က်ဴးခ်န္က သူ႔ကိုဒီလိုျမင္ေနတာလား?
"ငါ့အစ္ကိုႀကီးကို ငါမေၾကာက္ပါဘူး" လင္ရွန္း ေျပာလိုက္တယ္ "တစ္ဖက္ကၾကည့္မယ္ဆိုရင္ ငါသူ႔ကို အရမ္းသေဘာက်တာ၊ အဲ့တာေၾကာင့္ သူ႔စကားဆို လိုလိုခ်င္ခ်င္သေဘာတူေပးတာ... ကတိေပးတယ္ဆို႐ုံမဟုတ္ဘူး၊ ငါသေဘာက်တဲ့လူေတြကို ငါ့ကိုစိတ္မပ်က္သြားေစခ်င္႐ုံပဲ"
သူ စိတ္ရွည္လက္ရွည္ ရွင္းျပလိုက္တယ္ "အဲ့တာကို ေၾကာက္တယ္လို႔ မေခၚဘူး"
"အခ်င္းခ်င္းသေဘာက်တယ္ဆိုရင္ တဖက္လူကို စိတ္မပ်က္ေစခ်င္ဘူး?" ေမာ့က်ဴးခ်န္ ေခါင္းငုံ႔ကာ သူ႔လက္ထဲက ထမင္းစားကဒ္ကို ေဆာ့ေနလိုက္တယ္။
သူ စကၠန႔္ပိုင္းေလာက္ တိတ္ဆိတ္ေနၿပီး ႐ုတ္တရက္ေခါင္းေမာ့ကာ ေတာက္ပေနတဲ့မ်က္လုံးေတြနဲ႔ လင္ရွန္းကို ၾကည့္လာတယ္ "ရွန္းရွန္း... ေနာက္လာမယ့္ လပတ္စာေမးပြဲမွာ ငါ အိုးရန္ယင္းယီကို ႐ိုက္ခ်ဖို႔အခြင့္ေကာင္းတစ္ခု ရလိမ့္မယ္လို႔ထင္လား?"
လင္ရွန္း "...အရမ္းနည္းတယ္"
"ငါ အေကာင္းဆုံးႀကိဳးစားမယ္ဆိုရင္ေရာ?" ေမာ့က်ဴးခ်န္ ထပ္ေမးျပန္တယ္။
"အဲ့တာ..." လင္ရွန္း မ်က္ေမွာင္ၾကဳတ္သြားတယ္။ စိတ္အားတက္ႂကြမႈေတြျပည့္ေနတဲ့ ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္တယ္။ တဖက္လူရဲ႕မ်က္လုံးေတြက ေတာက္ပနက္ရႈိင္းေနကာ ေႏြဦးေနေရာင္ျခည္က သူ႔ရဲ႕ငယ္႐ြယ္ေခ်ာေမာတဲ့မ်က္ႏွာေလးေပၚ ျဖာက်ေနပုံက သူ႔ရဲ႕ၿပီးျပည့္စုံရဲ႕မ်က္ႏွာအခ်ိဳးအစားေလးကို ႏူးညံ့တဲ့အလင္းေရာင္ေလးတစ္ခုနဲ႔ လႊမ္းၿခဳံထားသလိုျဖစ္ေနေစတယ္။
ေမာ့က်ဴးခ်န္က တကယ္ကို သိပ္ၾကည့္ေကာင္းလြန္းတယ္။ အထူးသျဖင့္ ေလးေလးနက္နက္ျဖစ္လာၿပီး စိတ္မမွန္တဲ့သူလို လုပ္မေနရင္ေပါ့။
"ဒါဆို ငါတို႔..." လင္ရွန္း ႏႈတ္ခမ္းကိုစုဝိုင္းထားကာ အသံက အနည္းငယ္ေျခာက္ကပ္ေနတယ္။
အိုးရန္ယင္းယီလိုလူမ်ိဳးကို အႏိုင္ပိုင္းလိုက္ႏိုင္မွာကို ပုံေဖာ္ၾကည့္ရင္း အဲ့တာက စတင္ပ်ံသန္းႏိုင္ေတာ့မလို ေသခ်ာေပါက္ခံစားေနရတယ္။
"ႀကိဳးစားၾကည့္ၾကတာေပါ့!" သူ႔ကိုယ္ထဲမွာ ႏွစ္ေပါင္းမ်ားစြာ ၿငိမ္သက္ေနခဲ့တဲ့ေသြးေတြက ဒီမနက္basketballကြင္းထဲကေမာ့က်ဴးခ်န္ကို ျမင္ၿပီးတည္းက ထႂကြေနတာျဖစ္တယ္။ မသိရင္ သူ႔ရဲ႕တက္ႂကြမႈေတြကို ေျဖးေျဖးခ်င္း ျပန္ရလာၿပီး သူ႔ခႏၶာကိုယ္ထဲမွာ စတင္စီးဆင္းကာ ေရွ႕ဆက္တိုးရင္း ေလာင္ၿမိဳက္ခ်င္လာသလိုျဖစ္ေနတယ္။
"အိုးရန္ယင္းယီကို အႏိုင္ပိုင္းၾကစို႔!" လင္ရွန္း လက္သီးေလးဆုပ္ထားမိတယ္။
ေနာက္တစ္ေန႔မနက္ ေမာ့က်ဴးခ်န္ Fတန္းထဲဝင္လာ႐ုံရွိေသးတယ္...
ေက်ာပိုးအိတ္ေတာင္ မခ်ရေသးခင္ လင္ရွန္းက သူ႔စားပြဲေပၚ ကိုယ္တိုင္printထုတ္ထားတဲ့ စာအုပ္ထူထူတစ္အုပ္ကို 'ဖုတ္'ခနဲ ပစ္တင္လာတယ္။
"ငါ ဒါကို ညလုံးေပါက္လုပ္ထားတာ" လင္ရွန္း ေမာ့က်ဴးခ်န္ကို ေလာက္ၿမိဳက္ေနတဲ့မ်က္လုံးေတြနဲ႔ ၾကည့္လိုက္တယ္ "ဒီထဲမွာ အထက္တန္းေက်ာင္း သခ်ၤာစာေမးပြဲေမးခြန္းေတြထဲက အေမးမ်ားတဲ့ဥပမာ အပုဒ္တစ္ေထာင္ပါတယ္"
သူ ေမာ့က်ဴးခ်န္ျမင္သာေအာင္ လွန္ျပရင္း "ပုစာၦတိုင္းမွာ ေျဖရွင္းဖို႔အတြက္ အေသးစိတ္တစ္ဆင့္ခ်င္းဆီရွိတယ္"
သူ ထပ္ေျပာျပန္တယ္ "ဒီရက္ပိုင္းအတြင္း ငါမင္းအတြက္ ႐ူပ၊ ဓာတုနဲ႔ ဇီ၀ ေကာ္ပီေတြ လုပ္ေပးမယ္!" လင္ရွန္း ခဏရပ္ကာ ဆက္ၿပီး "အခ်ိန္က အလ်င္လိုေနၿပီ၊ အရမ္းေနာက္မက်ခင္ ငါမင္းကို အားလုံးေျပာျပေပးမယ္ ဒါေပမယ့္..."
သူ႔လက္တစ္ဖက္က ဥပမာေပါင္းတစ္ေထာင္ပါတဲ့ သခ်ၤာေမးခြန္းအထူစာအုပ္ကို ဖိကာ "မင္း ဒါေတြအားလုံးကို မွတ္ထားရမယ္၊ ပုစာၦေျဖရွင္းတဲ့အဆင့္ေတြ အပါအဝင္ေပါ့၊ ေနာက္ၿပီး..."
လင္ရွန္း "ေန႔တိုင္း အဂၤလိပ္စာလုံးေပါင္းတစ္ရာကိုလည္း မွတ္ရမယ္၊ ၿပီးေတာ့ ေရးသားပုံေရးသားနည္း၊ ေရွးေခတ္တ႐ုတ္စာႏွစ္ခု..." သူသက္ျပင္းတစ္ရႈိက္အတြင္း ဆက္ေျပာတယ္ "ဒီလိုနည္းနဲ႔မွ ငါတို႔ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိမယ္လို႔ ထင္တယ္!"
"Oh" ေမာ့က်ဴးခ်န္ကေတာ့ ေျဖးညႇင္းစြာ ျပန္ေျဖသံေလးတစ္ခ်က္သာျပဳတယ္။ သူ ေမးခြန္းစာအုပ္ကိုဆြဲကာ ၿပဳံးလိုက္တယ္။ "မွတ္တာကေတာ့ရတယ္၊ ဒါေပမယ့္..."
သူ ေခါင္းကိုေမာ့ကာ လင္ရွန္းကိုၾကည့္ရင္း "ငါလိုအပ္တဲ့ အားေပးမႈကို ရႏိုင္မလား?" လို႔ ေမးလိုက္တယ္။
___________________________________
[ Kay : ရှေ့ပိုင်းတွေမှာ လင်းဝမ်နင်လို့ ရေးထားမိပါတယ်၊ ဒီအပိုင်းကစပြီး လင်းဝေ့နင်လို့ ပြန်ပြောင်းရေးလိုက်ပါပြီနော် ]
{Unicode}
ထိုအခိုက်မှာ ကန်တင်းကြီးတစ်ခုလုံး ပြောမပြနိုင်လောက်အောင် တိတ်ကျသွားတယ်။
လင်ရှန်းနဲ့ သူတို့တွေ အငြင်းအခုန်ဖြစ်နေတာကြောင့် ကျောင်းသားတွေအာရုံစိုက်မိနေတာ ကြာပြီဖြစ်တယ်။ လုမြောင်မြောင်၊ လင်းဝေ့နင်၊ အိုးယန်ယင်းယီ... သူတို့တွေက စီနီယာအထက်တန်းကျောင်းက လက်ရွေးစင်အတန်းရဲ့ နာမည်ကျော်တွေဖြစ်တယ်။ လုမြောင်မြောင်က ကျောင်းရဲ့ပန်းကလေးဖြစ်ပြီး followerတွေအတော်များတယ်။
လင်ရှန်းကတော့ အခုဆို ရဲတွတ်နေပြီး မိုးကုတ်စက်ဝိုင်းကနေတောင် ထွက်သွားချင်နေပြီ။ သူ့ကိုမသိတဲ့လူတွေကတောင် ဘေးနားမှာရှိတဲ့ကျောင်းသားတွေရဲ့ အလင်းပြမှုကြောင့် ချက်ချင်းနားလည်သွားကြတယ်။ အနီးနားမှာရှိတဲ့ကျောင်းသားတွေက ခုလေးတင် ပြောနေကြတာတွေကို ပိုလို့တောင်ရှင်းရှင်းလင်းလင်းကြားခဲ့ရတယ်။
လူတိုင်းလည်း ထမင်းစားကဒ်ပေါ်က နံပါတ်ကိုးလုံးကို လင်ရှန်းနောက်ကနေ 'တစ်၊ နှစ် ... ရှစ်၊ ကိုး'ဆိုပြီး လိုက်ရေတွက်ခဲ့ကြတာဖြစ်တယ်။
ရှင်းဆန်းကျောင်းရဲ့ ကျောင်းသားအများစုက ချမ်းသာတဲ့မိသားစုတွေကဆိုပေမယ့်လို့ သူတို့တွေအားလုံး မှင်သက်နေရတယ်...
ရူးနေပြီလား?!
အဲ့တာက သန်းတစ်ရာတောင်လေ!
ကျောင်းသားကဒ်ထဲမှာ သန်းတစ်ရာဖြည့်ထားတာ... ကျောင်းမှာပဲ သေတဲ့ထိ စားနေတော့မှာလား?!
မော့ကျူးချန် သောက်စရာတစ်ခွက်ဝယ်ပြီး ပြန်ရောက်လာတဲ့အချိန်မှာ သူလုပ်တာဆိုပြီး အထက်စီးဆန်စွာ ဝန်ခံတော့တယ်။
ကျောင်းသားတွေ ဖြည်းဖြည်းချင်း သတိပြန်ကပ်လာတယ်။
တချို့လူတွေက သူတို့ရဲ့ဖုန်းတွေကို တုန်တုန်ရီရီထုတ်ကာ ကျောင်းဖိုရမ်ပေါ်မှာ postတင်ဖို့ ပြင်ကြတော့တယ်__
"အာဏာရှင်... အာဏာရှင်ကြီးက ရက်စက်လိုက်တာ! ဘာလို့ ကျောင်းသားကဒ်ထဲမှာ သန်းတစ်ရာဖြည့်ပေးလိုက်ရတာလဲ!"
"မော့ကျူးချန်နဲ့ လင်ရှန်းက တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပြီလား? ကျောင်းမြက်ကြီးက သူ့ရဲ့ချစ်သူလေးအတွက် ကျောင်းသားကဒ်ထဲမှာ သန်းတစ်ရာတောင် ဖြည့်ပေးလိုက်တာနော်!"
"အံ့ဩစရာကြီး! ရှင်းဆန်းကျောင်း စထောင်တည်းကနေစပြီး တန်ဖိုးအရှိဆုံးကျောင်းသားကဒ် ပေါ်လာခဲ့ပြီ၊ သန်းတစ်ရာတောင် တန်တာနော်!"
...
မျက်တောင်တစ်ခတ်လောက်မှာတင် အဲ့တာနဲ့သက်ဆိုင်တဲ့ မရေမတွက်နိုင်တဲ့postတွေ ကျောင်းဖိုရမ်ရဲ့ homepageပေါ်မှာ ပေါ်ထွက်လာတယ်။ ဘယ်ကြည့်ကြည့် သန်းတစ်ရာဆိုတာတွေချည်းပဲ ပလူပြန်နေတယ်။ ကျောင်းတစ်ခုလုံး အုံကြွလာပြီး ကန်တင်းထဲကို လူတွေပိုမိုရောက်ချလာတယ်။
ကျောင်းသားအများစုက ပိုက်ဆံရှားပါးသူတွေမဟုတ်ကြဘူး ဒါပေမယ့် သန်းတစ်ရာလေ! တကယ်ကြီးမြင်တွေ့ဖူးတာ များများစားစားမရှိဘူး!
အခုပိုပြီး နေလို့ထိုင်လို့မရတော့တာ အိုးရန်ယင်းယီဖြစ်တယ်။ ကျောင်းသားကဒ်ထဲမှာ သန်းတစ်ရာထည့်ထားဖို့ဆိုတာ အသိသာကြီး တော်တော်လေးကို အမ်း... သို့ပေမယ့် မော့ကျူးချန်ရှေ့မှာမှ လင်ရှန်ကို အရူးငကြောင်လို့ ပြောမိရက်သားဖြစ်နေတယ်။ အိုးရန်ယင်းယီ မော့ကျူးချန်ရဲ့ အေးစကက်လှတဲ့မျက်လုံးတွေကို ကြည့်ကာ မျက်နှာက ဖြူရော်လာတယ်။
"မော့... မော့သခင်လေး..." သူ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်တယ် "အဲ့လိုမရည်ရွယ်ပါဘူး" အိုးရန်ယင်းယီ တံတွေးမြိုချကာ စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးတုန်ရီနေတယ်။
"ငါ ငါကဒီတိုင်း..." သူ့ခမျာ စကားကို ဆုံးအောင်တောင် မပြောနိုင်ဘူး။
လင်ရှန်း အိုးရန်ယင်းယီကို သေချာစိုက်ကြည့်နေလိုက်တယ်။ တစ်ဖက်လူက အရမ်းဖိအားများနေတာကြောင့် စိတ်လိုက်မာန်ပါနဲ့ သူ့ရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ပြောမိစေဖို့ မျှော်လင့်နေတာဖြစ်တယ်။
ကံမကောင်းချင်တော့ အိုးရန်ယင်းယီက အလွန်တရာကြောက်လန့်နေပြီး ခြေထောက်တွေ တုန်ရီကာ မတ်တပ်တောင်မရပ်နိုင်သလောက်ဖြစ်နေတယ်။ သို့သော် မျက်နှာတစ်ခုလုံး ဖြူဆုပ်နေပေမယ့် တစ်ခုခုပြောဖို့စိတ်ကူးမရှိသလိုမျိုး ပါးစပ်ကိုထပ်တင်းတင်းပိတ်ထားတယ်။
"မင်းက ငါ့ကို အရူးတစ်ယောက်လိုမျိုး ကြောင်တောင်တောင်တွေလုပ်နေတယ်လို့ ထင်တာလား?" တစ်ဖက်လူက မပြောတာကြောင့် မော့ကျူးချန်ကပဲ အရင်စမေးလိုက်တယ် "ငါ့ကို ဟာသများ မှတ်နေလား?"
"မဟုတ် မဟုတ် မဟုတ်ပါဘူး!" အိုးရန်ယင်းယီ ခေါင်းကိုအသည်းအသန်ခါပြတယ်။ "ဟာသလို့ မထင်ပါဘူး! လုံး၀ကို ရူးကြောင်ကြောင်မဟုတ်ဘူး!" လွတ်မြောက်လိုစိတ်ပြင်းထန်တာကြောင့် ချက်ချင်းအမြန် ထပြောတော့တယ် "ငါ... ငါက ဆင်းရဲပါတယ်၊ မဟုတ်ရင် ငါလည်း ထမင်းစားကဒ်ထဲမှာ သန်းတစ်ရာထည့်ထားချင်တာ! ငါ... ငါကဒီတိုင်း..."
သူ့ပါးစပ်ကို ဟကာ ခက်ခက်ခဲခဲဆက်ပြောတယ် "ခုလေးတင် ငါပြောလိုက်တာတွေက လင်ရှန်းကျောင်းသားကဒ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတော့ မနာလိုဖြစ်နေတာကြောင့်ပါ!"
လုမြောင်မြောင် "..."
ကန်တင်းထဲမှ ကျောင်းသားများ "..."
လင်ရှန်း "..."
"အိုး" မော့ကျူးချန် ခပ်ပေါ့ပေါ့ ခေါင်းငြိတ်ပြကာ အိုးရန်ယင်းယီကို အေးတိအေးစက် စိုက်ကြည့်လိုက်တယ် "မှတ်ထား၊ မင်း လုပ်ချင်တိုင်းလုပ်လို့မရတဲ့ လူတွေရှိသေးတယ်! အရမ်းမနာလိုဖြစ်နေရင် မင်းပဲအကျည်းတန်မှာ... ထွက်သွား!"
လင်ရှန်း "..."
မော့ကျူးချန်က သူရဲဘောကြောင်သူကို ဩဝါဒခြွေနေတာကို ကြည့်ရတာက အလယ်တန်းကျောင်းသားလိုလုပ်နေတာကို ကြည့်ရတာထက် ပိုပြီးတော့တောင် မသက်မသာရှိသေးတယ်။ [ T/N : ဒီအပိုဒ်ကို သိပ်နားမလည်လို့ အဆင်ပြေသလိုပြန်ထားပါတယ် ]
နောက်ဆုံး အိုးယန်ယင်းယီနဲ့ တခြားသူတွေထွက်သွားတာကို စောင့်ပြီးမှ သူတို့စားသောက်ကြတယ်။ လင်ရှန်နဲ့ မော့ကျူးချန် နှစ်ယောက်သား ကန်တင်းကထွက်ကာ စာသင်ဆောင်ကို ပြန်လာခဲ့ကြတယ်။ ဘေးဘီကို ကြည့်ပြီး မော့ကျူးချန်ကို ဆွဲကာ အပေါ်ဆုံးလွှာကို သွားလိုက်တယ် "မင်း ငါနဲ့လိုက်ခဲ့"
"မင်း ရူးနေပြီလား?!" သူ့ရဲ့ကျောင်းသားကဒ်ကို မော့ကျူးချန်ထံ ပေးလိုက်တယ် "ငါ့ရဲ့ကျောင်းသားကဒ်ထဲကို သန်းတစ်ရာထည့်ပေးပါလို့ မင်းကို ဘယ်သူတောင်းဆိုနေလို့လဲ?!"
"ခုလေးတင် မင်းအရမ်းပျော်နေတာမဟုတ်ဘူးလား?" မော့ကျူးချန် မေးလိုက်တယ်။
"ပျော်တယ် အားကြီးကြီး!" လင်ရှန်း သူ့ကိုမပျော်မရွှင်နဲ့စိုက်ကြည့်လိုက်တယ်။ "အဲ့တာကဒီတိုင်း လုမြောင်မြောင်နဲ့ တခြားသူတွေရှေ့မှာ မျက်နှာမပျက်ချင်လို့၊ ပြီးတော့ အဲ့အိုးရန်ယင်းယီဆိုတဲ့ကောင်က တကယ်စိတ်တိုစရာကောင်းတယ်... သူ့ကိုလုပ်ထည့်လိုက်ချင်တာ!"
စိတ်ထဲဘယ်လိုဖြစ်လာမှန်းတောင် မသိတော့ဘူး။ လင်ကျန်း ထိုစကားတွေပြောပြီးနောက်မှာ မော့ကျူးချန်နှုတ်ခမ်းတွေ ရုတ်တရက်ကော့တက်လာတယ်။ သူ့ကြည့်ရတာ ရယ်ချင်နေသလိုလိုဖြစ်နေပေမယ့် မကြာခင်မှာတင် ရုပ်သေကြီးပြန်ဖြစ်သွားကာ အေးတိအေးစက်ဟန်နဲ့ နေနေတယ်။
မော့ကျူးချန် "မင်းမှာ ငွေတွေပြတ်လပ်ပြီး မင်းရဲ့ကပ်စေးနည်းအစ်ကိုဆီက ငွေလေး တစ်ထောင်နှစ်ထောင်လောက်ကို ခက်ခက်ခဲခဲတောင်းနေရတာမြင်တော့ ငါမင်းကို ထပ်ဖြည့်ပေးတာ၊ ငါ့ကို ကျေးဇူးတွေ တင်မနေနဲ့!"
"ကျေးဇူး..." လင်ရှန်း ပြောစရာတွေ ပျောက်ရှလို့နေတယ်။
နတ်ဘုရားက အထူးတလည် မဆိုင်းမတွဖြည့်ပေးထားတာပဲ! ဒါက ထပ်ဖြည့်ပေးရုံပဲလား?! ဒါက...
လင်ရှန်း ဗိုက်ထဲပြည့်ကျပ်လာပြီး ဘယ်လိုအန်ထုတ်ရမလဲတောင် မသိတော့ဘူး။
အသက်ကို တစ်ချက်ပြင်းပြင်းရှုသွင်းကာ အရင်ဆုံးပြောလိုက်တယ် "...ငါ့အစ်ကိုကြီးက ကပ်စေးမနည်းဘူး!" သူသွေးအန်မိတော့မယ် "ပြီးတော့ ကျောင်းသားကဒ်ထဲမှာ ဒီလောက်ငွေတွေအများကြီး ဘယ်သူကထည့်ထားမှာလဲ?! မင်းတောင် မတွေ့ဖူးဘဲနဲ့၊ ဘေးနားပတ်ပတ်လည်မှာလည်း ကျောင်းသားတွေက ငါတို့ကိုကြည့်နေကြတာ၊ သူတို့မျက်နှာထားတွေက..."
လင်ရှန်း ပြောပြီး သူ့ဖုန်းကိုထုတ်လိုက်တယ် "ကျောင်းဖိုရမ်ပေါ်မှာတော့ ဝက်ဝက်ကွဲနေပြီထင်တယ်! နောက်ကွယ်မှာ လူတိုင်းလှောင်နေလောက်ပြီ!"
ဖိုရမ်ရဲ့ home pageမှာ တကယ့်ကို 'သန်းတစ်ရာ ထမင်းစားကဒ်'အကြောင်း ဆွေးနွေးတဲ့ postတွေချည်းပဲဖြစ်တယ်။
လင်ရှန်း သာမန်ကာလျှံကာ နှိပ်ကြည့်တော့ အစပိုင်းမှာ ပြန်စာတွေအားလုံးက "ဟားဟားဟား နတ်ဘုရားTMမှာ သန်းတစ်ရာတန် ကျောင်းသားကဒ်ရှိတယ်တဲ့ တကယ့်ကိုငကြောင်ပဲ"
သို့သော် တဖြည်းဖြည်းနဲ့ မှတ်ချက်တွေက စတင်ပြောင်းလဲလာတယ်_
"ဒီနေ့လည်တုန်းက နေ့လယ်စာအတွက် ဘာလို့ဒူးထောက်တာလဲလို့ ငါ့အမေက မေးတယ်၊ ဘာလို့ဆို ငွေကြေးရဲ့အာဏာကို လက်ခံသွားလို့လေ!"
"ဟုတ်ပြီလေ ငါမစားနိုင်လောက်ဘူးဆိုပေမယ့် သန်းတစ်ရာထမင်းစားကဒ်လေးတော့ လိုချင်တယ်လေဟာ... ငါ့ရဲ့ဒီစိတ်ကို ဘယ်လိုချိုးနှိမ်ရမလဲ?!"
"မနာလိုလိုက်တာ! ငါ့ရဲ့ထမင်းစားကဒ်ထဲကို သန်းတစ်ရာလောက် ကူထည့်ပေးမယ့် ညေးတစ်ယောက်လောက်လိုနေပါတယ်နော်!"
"စိတ်တောင်မကောင်းဘူး ဒီနေ့ ငါတို့အားလုံးဆီက ချဉ်စော်နံနေတယ်!"
"ရုတ်တရက်ကြီး ကျောင်းမြက်ကလေးက အရမ်းကောင်းတယ်လို့ ခံစားမိလာတယ်! အရမ်းလည်းကြည့်ကောင်းတယ်! နင်တို့သဘောမတူဘူးဆိုရင် နင်တို့လည်း သန်းတစ်ရာတန်ထမင်းစားကဒ်ထုတ်ပြီး တစ်ယောက်ယောက်ကို ရိုက်ပေါ့! ကယ်ကြပါအုံး ငါဒီလိုမျိုး တကယ်အရိုက်ခံချင်နေတယ်!"
"စိတ်မကောင်းဘူး ငါလည်း ချဉ်နေတာ! သူက မဟားတရားချောတယ်၊ ခန္ဓာကိုယ်အချိုးအစားကလည်း မဟားတရားမိုက်တယ် ပြီးတော့ သန်းတစ်ရာကိုလည်း ဖြုန်းပေးတယ်... ဘာလို့ ငါ့ရဲ့မောင်လေးဖြစ်မလာရတာလဲ?!"
...
မော့ကျူးချန်လည်း အနားလျှောက်လာပြီး လင်ရှန်းနဲ့အတူ ကြည့်ချင်ခဲ့တယ်။ လင်ရှန်း "..."
သူဖုန်းကို ပြန်သိမ်းပြီး မော့ကျူးချန်ကို အလေးအနက်ကြည့်လိုက်တယ် "ဘာပဲဖြစ်ဖြစ် ဒီကျောင်းသားကဒ်ကို ငါမယူနိုင်ဘူး၊ သန်းတစ်ရာကြီးကတော့ များလွန်းတယ်... သွင်းထားတဲ့ငွေဖို့ ရုံးခန်းကိုသွားမယ်"
သန်းတစ်ရာတောင်!
ဒါက မယ်ရီဆူး၀တ္ထုလောကကြီးတောင် မဟုတ်တော့ဘူး!
သူ ဒါကိုဖတ်တုန်းက မော့ကျူးချန်တစ်ယောက် စုတျန်းတျန်းကို အလွန်ဆုံးရှိလှ တစ်သန်းတန်စကပ်တွေဝယ်ပေးတာကို သူမှတ်မိနေသေးတယ်။
မထင်မှတ်ထားစွာ ဒီ၀တ္ထုထဲကို ရောက်လာပြီး ပိုတောင်ကြေကွဲစရာကောင်းတဲ့ဖြစ်ရပ်တွေနဲ့ ကြုံနေရတယ်!
ဒါ့အပြင် သူ့အစ်ကိုဆီက ပိုက်ဆံတောင်းဖို့ကိုလည်း ရှက်မိတယ်။
မော့ကျူးချန်ရဲ့ပိုက်ဆံတွေကို ဘယ်လိုလုပ် လက်လွတ်စပယ် သုံးနိုင်မှာလဲ? လင်ရှန်းရဲ့ဥတွေတောင် ဆိုးဆိုးဝါးဝါးနာလာတယ်!
မော့ကျူးချန်ရဲ့မိသားစုက လွန်လွန်ကျူးကျူးချမ်းသာတာကို သူသိတယ်။ အရင်ကတော့ တစ်ဖက်လူဆီကနေ ငွေရှာဖို့လုပ်ဖူးသေးတယ်။ ဒါပေမယ့်လည်း အဲ့တာကဒီတိုင်း စိတ်လိုက်မာန်ပါဖြစ်သွားရုံသာ။
"မင်းသွားပြီး ပိုက်ဆံပြန်လွှဲလိုက်၊ ပြီးရင် ကျောင်းသားကဒ် ငါ့ကို ပြန်ပေး" လင်ရှန်း ထပ်ပြောလိုက်တယ်။
မော့ကျူးချန်ရဲ့လက်ချောင်းသွယ်သွယ်တွေက လင်ရှန်းရဲ့ကျောင်းသားကဒ်ကို ဆော့ကစားနေတယ်။ "မင်းကဒါထဲမှာ စစချင်းသွင်းထားတဲ့ ယွမ်နှစ်ထောင်ကလွဲပြီး ကျန်နေတဲ့ပိုက်ဆံတွေကိုထုတ်လို့မရဘူး"
"ဟမ်?" လင်ရှန်း စိတ်ပျက်ကာ အံ့အားသင့်သွားတယ်။
"ငါက သူတို့တွေကို မင်းအတွက် သုံးမကုန်တဲ့ပမာဏပေးလို့ပဲ ပြောလိုက်တာ၊ တကယ် ငွေမသွင်းရဘူး" မော့ကျူးချန် သူ့ကိုကြည့်ကာ ရယ်မောလိုက်တယ် "မင်း တုံးတာပဲလား?"
လင်ရှန်း "..."
သူ့ခမျာ စိတ်သိပ်မနှံ့တဲ့ကျောင်းမြက်ကြီးရဲ့ မေးခွန်းထုတ်ခြင်းကို မထင်မှတ်ဘဲ ခံလိုက်ရတယ်။ သိပ်ကောင်းတယ် မော့ကျူးချန်ကလည်း သူ့ရဲ့အာရုံစိုက်မှုကို အောင်အောင်မြင်မြင်နဲ့ ရအောင်ယူနိုင်သွားပြီ!
"မင်း မေ့နေပြီပဲ... ရှင်းဆန်းကျောင်းကလည်း ငါ့မိသားစုအပိုင်ပဲလေ" မော့ကျူးချန် ဆက်ပြောလိုက်တယ်။
လင်ရှန်း "..."
သူ မေ့နေခဲ့တာ။ ကျောင်းသားကဒ်က ရှင်းဆန်းကျောင်းထဲမှာသာ သုံးလို့ရပြီး ငွေကြေးအကျိုးအမြတ်ကလည်း သူ့မိသားစုဟာပဲ။ ဒါကြောင့် မော့ကျူးချန်က တစ်စုံတစ်ယောက်ကို ပမာဏပြောင်းဖို့ ပြောခဲ့တာဖြစ်တယ်။ သေချာတာပေါ့ ထိုလူတွေက မော့မိသားစုရဲ့တစ်ဦးတည်းသောဆက်ခံသူလေးကို စကားလုံးကြမ်းကြမ်းတွေ မသုံးနိုင်ဘူး။ ဘယ်လိုနေနေ ရတဲ့ပိုက်ဆံရဲ့အကျိုးအမြတ်တွေအားလုံးက မိသားစုအတွက်ပဲလေ။
"ဒီကိုကြည့်" မော့ကျူးချန် လင်ရှန်းမျက်လုံးတွေကို စိုက်ကြည့်ကာ "မင်းအစ်ကိုဆီက ပိုက်ဆံထပ်တောင်းမနေနဲ့တော့ နောက်ပြီး သူ့ကိုကြောက်နေစရာလည်း မလိုဘူး"
သူ လင်ရှန်းကို သွားပေါ်တဲ့အထိ ပြုံးပြလိုက်တယ် "ငါ့ကို ကျေးဇူးမတင်နဲ့နော်!"
လင်ရှန်း "...ငါက ငါ့အစ်ကိုကို ကြောက်နေတယ်လို့ မင်းကို ဘယ်သူပြောလဲ?!"
သူ့အစ်ကိုကြီးက ကမ္ဘာပေါ်မှာ အသိမ်မွေ့ဆုံး၊ စဉ်းစားအတတ်ဆုံးနဲ့ အကောင်းဆုံးပဲ။ ပြီးတော့ နံပါတ်တစ်အစ်ကိုကြီး! အဲ့တာကို သူက ဘာလို့ကြောက်ရမှာလဲ?!
"မကြောက်ဘူးလား?" မော့ကျူးချန်က "မင်းအစ်ကိုဆီက ဖုန်းဝင်လာတိုင်း မင်းကိုကြည့်ရတာ ကျားကိုတွေ့လိုက်တဲ့ ယုန်လေးလိုပဲ.. တစ်ဖက်လူဘာပြောပြော ကတိပေးနေတာချည်းပဲ! အဲ့တာကို ကြောက်တယ်လို့ မခေါ်ဘူးလား?"
လင်ရှန်း ဆွံ့အသွားတယ်။ မော့ကျူးချန်က သူ့ကိုဒီလိုမြင်နေတာလား?
"ငါ့အစ်ကိုကြီးကို ငါမကြောက်ပါဘူး" လင်ရှန်း ပြောလိုက်တယ် "တစ်ဖက်ကကြည့်မယ်ဆိုရင် ငါသူ့ကို အရမ်းသဘောကျတာ၊ အဲ့တာကြောင့် သူ့စကားဆို လိုလိုချင်ချင်သဘောတူပေးတာ... ကတိပေးတယ်ဆိုရုံမဟုတ်ဘူး၊ ငါသဘောကျတဲ့လူတွေကို ငါ့ကိုစိတ်မပျက်သွားစေချင်ရုံပဲ"
သူ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်တယ် "အဲ့တာကို ကြောက်တယ်လို့ မခေါ်ဘူး"
"အချင်းချင်းသဘောကျတယ်ဆိုရင် တဖက်လူကို စိတ်မပျက်စေချင်ဘူး?" မော့ကျူးချန် ခေါင်းငုံ့ကာ သူ့လက်ထဲက ထမင်းစားကဒ်ကို ဆော့နေလိုက်တယ်။
သူ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေပြီး ရုတ်တရက်ခေါင်းမော့ကာ တောက်ပနေတဲ့မျက်လုံးတွေနဲ့ လင်ရှန်းကို ကြည့်လာတယ် "ရှန်းရှန်း... နောက်လာမယ့် လပတ်စာမေးပွဲမှာ ငါ အိုးရန်ယင်းယီကို ရိုက်ချဖို့အခွင့်ကောင်းတစ်ခု ရလိမ့်မယ်လို့ထင်လား?"
လင်ရှန်း "...အရမ်းနည်းတယ်"
"ငါ အကောင်းဆုံးကြိုးစားမယ်ဆိုရင်ရော?" မော့ကျူးချန် ထပ်မေးပြန်တယ်။
"အဲ့တာ..." လင်ရှန်း မျက်မှောင်ကြုတ်သွားတယ်။ စိတ်အားတက်ကြွမှုတွေပြည့်နေတဲ့ မော့ကျူးချန်ကို ကြည့်လိုက်တယ်။ တဖက်လူရဲ့မျက်လုံးတွေက တောက်ပနက်ရှိုင်းနေကာ နွေဦးနေရောင်ခြည်က သူ့ရဲ့ငယ်ရွယ်ချောမောတဲ့မျက်နှာလေးပေါ် ဖြာကျနေပုံက သူ့ရဲ့ပြီးပြည့်စုံရဲ့မျက်နှာအချိုးအစားလေးကို နူးညံ့တဲ့အလင်းရောင်လေးတစ်ခုနဲ့ လွှမ်းခြုံထားသလိုဖြစ်နေစေတယ်။
မော့ကျူးချန်က တကယ်ကို သိပ်ကြည့်ကောင်းလွန်းတယ်။ အထူးသဖြင့် လေးလေးနက်နက်ဖြစ်လာပြီး စိတ်မမှန်တဲ့သူလို လုပ်မနေရင်ပေါ့။
"ဒါဆို ငါတို့..." လင်ရှန်း နှုတ်ခမ်းကိုစုဝိုင်းထားကာ အသံက အနည်းငယ်ခြောက်ကပ်နေတယ်။
အိုးရန်ယင်းယီလိုလူမျိုးကို အနိုင်ပိုင်းလိုက်နိုင်မှာကို ပုံဖော်ကြည့်ရင်း အဲ့တာက စတင်ပျံသန်းနိုင်တော့မလို သေချာပေါက်ခံစားနေရတယ်။
"ကြိုးစားကြည့်ကြတာပေါ့!" သူ့ကိုယ်ထဲမှာ နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့သွေးတွေက ဒီမနက်basketballကွင်းထဲကမော့ကျူးချန်ကို မြင်ပြီးတည်းက ထကြွနေတာဖြစ်တယ်။ မသိရင် သူ့ရဲ့တက်ကြွမှုတွေကို ဖြေးဖြေးချင်း ပြန်ရလာပြီး သူ့ခန္ဓာကိုယ်ထဲမှာ စတင်စီးဆင်းကာ ရှေ့ဆက်တိုးရင်း လောင်မြိုက်ချင်လာသလိုဖြစ်နေတယ်။
"အိုးရန်ယင်းယီကို အနိုင်ပိုင်းကြစို့!" လင်ရှန်း လက်သီးလေးဆုပ်ထားမိတယ်။
နောက်တစ်နေ့မနက် မော့ကျူးချန် Fတန်းထဲဝင်လာရုံရှိသေးတယ်...
ကျောပိုးအိတ်တောင် မချရသေးခင် လင်ရှန်းက သူ့စားပွဲပေါ် ကိုယ်တိုင်printထုတ်ထားတဲ့ စာအုပ်ထူထူတစ်အုပ်ကို 'ဖုတ်'ခနဲ ပစ်တင်လာတယ်။
"ငါ ဒါကို ညလုံးပေါက်လုပ်ထားတာ" လင်ရှန်း မော့ကျူးချန်ကို လောက်မြိုက်နေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ် "ဒီထဲမှာ အထက်တန်းကျောင်း သင်္ချာစာမေးပွဲမေးခွန်းတွေထဲက အမေးများတဲ့ဥပမာ အပုဒ်တစ်ထောင်ပါတယ်"
သူ မော့ကျူးချန်မြင်သာအောင် လှန်ပြရင်း "ပုစ္ဆာတိုင်းမှာ ဖြေရှင်းဖို့အတွက် အသေးစိတ်တစ်ဆင့်ချင်းဆီရှိတယ်"
သူ ထပ်ပြောပြန်တယ် "ဒီရက်ပိုင်းအတွင်း ငါမင်းအတွက် ရူပ၊ ဓာတုနဲ့ ဇီ၀ ကော်ပီတွေ လုပ်ပေးမယ်!" လင်ရှန်း ခဏရပ်ကာ ဆက်ပြီး "အချိန်က အလျင်လိုနေပြီ၊ အရမ်းနောက်မကျခင် ငါမင်းကို အားလုံးပြောပြပေးမယ် ဒါပေမယ့်..."
သူ့လက်တစ်ဖက်က ဥပမာပေါင်းတစ်ထောင်ပါတဲ့ သင်္ချာမေးခွန်းအထူစာအုပ်ကို ဖိကာ "မင်း ဒါတွေအားလုံးကို မှတ်ထားရမယ်၊ ပုစ္ဆာဖြေရှင်းတဲ့အဆင့်တွေ အပါအဝင်ပေါ့၊ နောက်ပြီး..."
လင်ရှန်း "နေ့တိုင်း အင်္ဂလိပ်စာလုံးပေါင်းတစ်ရာကိုလည်း မှတ်ရမယ်၊ ပြီးတော့ ရေးသားပုံရေးသားနည်း၊ ရှေးခေတ်တရုတ်စာနှစ်ခု..." သူသက်ပြင်းတစ်ရှိုက်အတွင်း ဆက်ပြောတယ် "ဒီလိုနည်းနဲ့မှ ငါတို့နိုင်ဖို့ မျှော်လင့်ချက်ရှိမယ်လို့ ထင်တယ်!"
"Oh" မော့ကျူးချန်ကတော့ ဖြေးညှင်းစွာ ပြန်ဖြေသံလေးတစ်ချက်သာပြုတယ်။ သူ မေးခွန်းစာအုပ်ကိုဆွဲကာ ပြုံးလိုက်တယ်။ "မှတ်တာကတော့ရတယ်၊ ဒါပေမယ့်..."
သူ ခေါင်းကိုမော့ကာ လင်ရှန်းကိုကြည့်ရင်း "ငါလိုအပ်တဲ့ အားပေးမှုကို ရနိုင်မလား?" လို့ မေးလိုက်တယ်။
_____
Thanks 🌹