အတိတ်မေ့နေသောကျောင်းလူဆိုးလေး...

By Cora0411

402K 38.9K 1.2K

This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... More

//Description//
//Chapter 1//
//Chapter 2//
//Chapter 3//
//Chapter 4//
//Chapter 5//
//Chapter 6//
//Chapter 7//
//Chapter 8.1//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.1//
//Chapter 11.2//
//Chapter 12.1//
//Chapter 12.2//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 15//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.1//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//

//Chapter 8.2//

5.6K 1K 26
By Cora0411

Unicode

ကျန်းယွမ်ပိုင်ရဲ့အိပ်ဆောင်မှာ အိမ်ကနေတက်တဲ့ကျောင်းသားတွေအပြည့်ရှိပေမဲ့လည်း အများအားဖြင့် သူတစ်ယောက်သာလျှင် တစ်ရေးလာအိပ်လေ့ရှိ၏။ ကျန်လူတိုင်းက ပျင်းနေကြပြီး အမြဲလိုလိုအတန်းထဲမှာသာ အိပ်ကြသည်။ ကျန်းယွမ်ပိုင်မှာ ကိုယ်တွင်းနာရီရှိလေသည်။ နေ့လယ်ခင်းမှာ အချိန်ကျပြီဆိုတာနဲ့ သူအမြဲတမ်းတစ်ရေးအိပ်လေ့ရှိသည်။ သူနားကြပ်တပ်နှင့် မျက်လုံးအကာကို တပ်လိုက်ပြီးနောက် ရွက်ဖျင်တဲပုံစံအိပ်ရာပေါ်မှာ တစ်ခဏကြာ အိပ်စက်လိုက်သည်။ သူအိပ်မောကျနေသေးတဲ့အချိန်မှာပဲ ရုတ်ခြည်းပင် အနံ့ကောင်းကောင်းလေးတစ်ခု ရလိုက်၏။ ကန်တင်းမှအစားအသောက်တွေက အရသာမရှိတာကြောင့် သူအများအားဖြင့် ဗိုက်ပြည့်လေ့မရှိပေ။ အိမ်ပြန်ရောက်မှသာ တစ်ခုခုထပ်စားလေ့ရှိသည်။  ဒီတစ်ခဏမှာ သူထင်လိုက်တာက ညစာစားချိန်ရောက်နေပြီဟုပင်။

သူ မျက်လုံးအကာကို ချွတ်ကာ ဇစ်ကိုဖွင့်လိုက်တော့ သူ့ရှေ့မှာဒူးထောက်နေတဲ့ရှီပုဖန်ကို တွေ့လိုက်ရသည်။ သူနိုးသွားတာကိုမြင်တော့ ရှီပုဖန်ကမေးဆတ်ပြပြီး ပြောလာ၏
“ ဟော့ပေါ့အစပ်ဆို…မြန်မြန်စား”

ကျန်းယွမ်ပိုင် တစ်မဟုတ်ချင်းထထိုင်လိုက်ပြီး အံ့အားသင့်စွာမေးလိုက်သည်။
“ မင်း ဒါကို ဘယ်နေရာကရလာတာလဲ? ”

“ ငါဝယ်လာတာမှန်း အသိသာကြီးလေ”
ရှီပုဖန် ထိုင်ခုံတစ်ခုံဆွဲယူကာ ထိုင်လိုက်သည်။ သူကိုယ်တိုင် ထမင်းတစ်ပန်းကန်ယူလိုက်ပြီး ဟော့ပေါ့ထဲက ပုစွန်နဲ့အသားတွေကို ခပ်၍ ကျန်းယွမ်ပိုင်ရဲ့ပန်းကန်ထဲထည့်ပေးလိုက်၏။ သူပြောလိုက်သည်
“ မြန်မြန်စား..အတန်းစတော့မယ် ”

ကျန်းယွမ်ပိုင်လည်း သူပြောတဲ့အတိုင်းလိုက်လုပ်ကာ စားစရာတွေကို အငမ်းမရစားသုံးတော့သည်။ သူ့ပါးနှစ်ဖက်က ထိုးသိပ်ထည့်ထားတဲ့ထမင်းတွေနဲ့ ပြည့်နေကာ သူဟော့ပေါ့အစပ်ကို မယုံကြည့်နိုင်စွာကြည့်ပြီး တီးတိုးရေရွတ်လိုက်၏
“ ငါကျောင်းထဲမှာ အပြင်စာကိုစားဖူးတာ ဒါပထမဆုံးအကြိမ်ပဲ ”

ရှီပုဖန်ရဲ့နှုတ်ခမ်းတွေ ကွေးတက်လာကာ
“ ငါမင်းအတွက် နောက်တစ်ခေါက်ကျရင်လဲ ဝယ်ပေးမယ်လေ ”

ကျန်းယွမ်ပိုင် အရမ်းကံကောင်းသလို ခံစားလိုက်ရသည်။ ကျောင်းထဲမှာ ဗိုက်ပြည့်နေတတ်တာ သူ့အတွက် အတော်လေးရှားပေသည်။ အဆုံးမှာတော့ ကန်တင်းက အစားအစာတွေက အတော်လေးကို လက်မခံနိုင်ဖွယ်ကောင်းလှသည်။ သူတို့အသက်အရွယ်မှာ ကောင်လေးတွေက အများအားဖြင့် အစာစားချင်တဲ့အာသီသကြီးကြသော်ငြား အစားအသောက်နဲ့ပတ်သက်ပြီး အတော်လေးလည်း ဇီဇာကြောင်ကြ၏။

သူမတတ်နိုင်ဘဲ ရှီပုဖန်ရဲ့သူငယ်ချင်းဖြစ်ရတာ ကောင်းမွန်တဲ့ရွေးချယ်မှုဟု တွေးမိလာသည်။ ရှီပုဖန်က သူစာလုပ်တာကို မနှောင့်ယှက်သရွေ့ပေါ့ …မဟုတ်သေးဘူး…သူမှတ်ဉာဏ်တွေပြန်ရပြီးနောက် သူ့ကိုမရိုက်သေးသရွေ့ပေါ့။

ကျန်းယွမ်ပိုင် လုံးဝဗိုက်ပြည့်သွားကာ လေချဉ်တက်လိုက်သည်။

နောက်တစ်နေ့ မွန်းလွဲပိုင်းမှာ ရှီပုဖန်က သူ့အိပ်ဆောင်ကို ပူပူနွေးနွေး ချဉ်ချဉ်စပ်စပ် ဆန်ခေါက်ဆွဲနှင့်အတူ ရောက်လာသည်။ နောက်တစ်ရက်ကျတော့ ကြက်သားအုပ်ထားတဲ့ထမင်းနဲ့အတူ ရောက်လာပြန်၏။ နောက်ရက်အနည်းငယ်အတွင်းမှာ ကျန်းယွမ်ပိုင်က သူ့အစားအသောက်နဲ့ပတ်သက်ပြီး ပိုပြီးဇီဇာကြောင်လာသည်။ ရှီပုဖန်က သူ့အတွက်စားစရာယူလာမယ်ဆိုတာကို သိတဲ့အတွက် သူကန်တင်းကိုသွားရမှာကိုတောင် အလွန်အမင်းပျင်းရိလာ၏။ နေ့လယ်စာစားချိန်ကိုရောက်ရင် သူအိပ်ဆောင်ကိုပြန်ပြီး ရှီပုဖန်သူ့အတွက် စားစရာယူလာပေးမှာကိုသာ စောင့်နေလိုက်သည်။

ကျောင်းက သူတို့အား ကိုယ်ပိုင်နေ့လယ်စာယူဖို့ ခွင့်ပြုပေးထားပေမဲ့ ဟော့ပေါ့အစပ်တို့လိုမျိုး အာဟာရမပြည့်တဲ့ အပြင်အစားအစာတွေနဲ့ အဲ့လိုဆက်စပ်တဲ့စားစရာတွေကိုတော့ ယူခွင့်မပြုလေဘူး။ အစားအစာပို့တဲ့ deliသမားတွေဆို ကျောင်းတံခါးနားတောင် ကပ်လို့မရနိုင်ပေ။ ထပ်ပေါင်းပြောရရင် အတန်းစတဲ့အခိုက်မှာပဲ ကျောင်းတံခါးတွေကို ပိတ်လိုက်တာဖြစ်သည်။ နေ့လယ်စာစားချိန်မှာတောင်မှ ကျောင်းသားတွေကို သာမန်ကာလျှံကာ အပြင်ထွက်ခွင့်မပြုလေဘူး။ သူတို့တွေ ညနေကျောင်းဆင်းချိန်အထိ စောင့်ရလေသည်။

ကျန်းယွမ်ပိုင်အတွက်တော့ ရှီပုဖန်က နေ့လယ်ခင်းတိုင်းမှာ သူ့အား အရသာရှိတဲ့အစားအစာကို သယ်ဆောင်လာပေးတဲ့ နတ်ဘုရားတစ်ပါးလိုပင်။

ဒီနေ့မှာတော့ ရှီပုဖန်က သူ့အတွက် စွပ်ပြုတ်ပူပူစပ်စပ်လေးဝယ်လာသည်။ ကျန်းယွမ်ပိုင်အား ယင်းကိုကျွေးလိုက်ချိန် သူ့ကိုယ်သူလည်း မနှိပ်စက်ခဲ့ပေ။ သူကိုယ်တိုင်အတွက် သူအမဲသားခေါက်ဆွဲပြုတ်ဝယ်ခဲ့လေ၏။ သူတို့နှစ်ယောက်သား သူတို့အစားအစာကို အသည်းအသန်စားနေတဲ့အချိန်မှာ အပြင်ဘက်ရှိ အသံချဲ့စက်ထံမှ အသံတစ်သံထွက်ပေါ်လာသည်
“ ရှီပုဖန်? ရှီပုဖန်.. ကိုယ်တိုင်ထွက်လာခဲ့စမ်း! ”

ဒါက ကျောင်းသားတွေကို ကြပ်မတ်ရပြီး ကျောင်းစည်းကမ်းကိုထိန်းသိမ်းရတဲ့ တာဝန်ကျလောင်ရှီး၏အသံပင်။ ကျန်းယွမ်ပိုင် စိတ်ရှုပ်သွားပြီး နှုတ်ခမ်းကိုလျက်လိုက်သည်
“ ဘာလို့… ဘာလို့သူတို့ကမင်းကို ထပ်ခေါ်နေပြန်တာလဲ? ”

“ သူတို့ကို စိတ်ထဲထားမနေနဲ့”ရှီပုဖန် တစ်ဖက်လှည့်လိုက်ပြီး တံခါးကိုလော့ချလိုက်သည်။ ကျန်းယွမ်ပိုင် အပြင်ကခြေသံတွေနဲ့ တံခါးတွေကို အဆက်မပြတ် ဘန်းခနဲထုသံတွေကိုပါ ကြားလိုက်ရ၏။
“ သူ ဘယ်အခန်းထဲမှာပါလိမ့်? ဘယ်သူကများ ရှီပုဖန်ကို ဝှက်ထားပေးရဲလဲဆိုတာကို ငါသိချင်လိုက်တာ! ”

ကျန်းယွမ်ပိုင် ကြောက်လန့်မှုကြောင့်တုန်ယင်လာပြီး သူ့စားစရာကို အပြီးသတ်နေရင်း လက်တွေကပါ တုန်ခါလာသည်။ ရှီပုဖန်က သူ့တူကိုအောက်ချကာ နှုတ်ခမ်းထက်လက်တစ်ချောင်းတင်လိုက်ပြီး
“ ရှူး ”

သူတံခါးဆီလျှောက်သွားကာ နားကို တံခါးနားမှာကပ်လိုက်ပြီး အသံကိုနားထောင်လိုက်သည်။ တာဝန်ကျလောင်ရှီးရဲ့ ခြေလှမ်းတွေက ဖြည်းညင်းစွာဖြင့် သူတို့ဘက်ကိုဦးတည်လာသည်။ ဒီကြားထဲမှာ ကောင်လေးတွေရဲ့သူတို့အခန်းထဲကနေ စိတ်ပျက်ကာညည်းညူနေတဲ့ အသံတွေကိုလည်း သူကြားနိုင်လေ၏။ သူတံခါးကို နည်းနည်းလေးဟကာ အပြင်ကိုလှစ်ခနဲပြေးထွက်လိုက်သည်။ သူ လောင်ရှီးရှာနေတဲ့အခန်းဆီကို ခြေလှမ်းကျဲကျဲနဲ့လျှောက်သွားပြီး လေချွန်လိုက်ကာ
“ ထိပ်ပြောင်လျန် ကျွန်တော့်ကို ရှာနေတာလား? ”

တာဝန်ကျလောင်ရှီးရဲ့ မျိုးရိုးနာမည်ကလျန် ဖြစ်ပြီး သူ့ဆံပင်ပုံစံကြောင့် “ထိပ်ပြောင်လျန် ” ဆိုတဲ့နာမည်ပြောင်ကို ရထားတာပင်။ သူကဒေါသကြီးစွာနဲ့တစ်ဖက်သို့လှည်ကာ ပြောတော့သည်
“ ငါမနေ့က မင်းကိုဘာပြောခဲ့လဲ? ဒီနေ့ကြီးကြပ်ရေးမှူးတွေ ငါတို့ကျောင်းကိုလာမှာမို့ မင်းနံရံကိုကျော်တက်လို့မရဘူး… မင်းနံရံကိုကျော်တက်လို့မရဘူးလို့….”

ရုတ်တရက် သူ အသံချဲ့စက်ကို ကိုင်ထားတုန်းပဲဆိုတာအား သတိရသွားသည်။ သို့ဖြစ်ရာ သူ ၎င်းကိုမြန်မြန်အောက်ချလိုက်ပြီး ရှေ့နှစ်လှမ်းခန့်လျှောက်သွား၍ အော်ဟစ်လိုက်သည်။
“ မင်းက ရအောင်လုပ်လိုက်တုန်းပဲ! မင်းဘာတွေကြည့်နေတာလဲ..ငါနဲ့လိုက်ခဲ့စမ်း။ မင်းကတစ်ကြိမ်ပြီးတစ်ကြိမ် ကျောင်းစည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တယ်! အဲ့ဒါက အတော်လေးရှက်ဖို့ကောင်းတယ်လို့ မင်းမတွေးမိဘူးလား? ”

ကျန်းယွမ်ပိုင်က တံခါးအနောက်မှာ ပုန်းနေတာဖြစ်ပြီး ယင်းအား နားထောင်ပြီးနောက် ရှုပ်ထွေးသွားရလေသည်။ ဆူညံသံတွေပျောက်သွားချိန်ကျမှ သူ့ခေါင်းကို အပြင်ထုတ်ကာ ချောင်းကြည့်ရဲတော့သည်။ သူ့ဘေးအခန်းမှကောင်လေးက ကျိန်ဆဲကာ ပြောလာ၏
“ ကျောင်းက ရှီပုဖန်အတွက် အနောက်တံခါးဖွင့်ပေးထားတယ်ဆိုတာ ငါသိသားပဲ။ သူနံရံကျော်တက်တာကို လောင်ရှီးက အမြဲသိနေခဲ့တာ။ ဒီနေ့ကြီးကြပ်ရေးမှူးသာ သူ့ကိုမတွေ့ခဲ့ဘူးဆိုရင် သူတို့က ထပ်ပြီး မျက်ကွယ်ပြုပေးထားကြအုံးမှာပဲ ”

ကျန်းယွမ်ပိုင် အနောက်ကိုပြန်လျှောက်သွားပြီး သူတို့စားပြီးသားအကြွင်းအကျန်တွေကို ထည့်ဖို့ အနက်ရောင်ပလတ်စတစ်အိတ်တစ်လုံး ရှာလိုက်သည်။ အမှိုက်တွေကို ဖြေရှင်းဖို့ဆို ဒီအိတ်က အဆင်ပြေတယ်လို့ပြောပြီး ရှီပုဖန်က ရှာလာခဲ့ခြင်းပင်၊ လောင်ရှီးတွေ ရှာမတွေ့အောင်ပေါ့။

သူ့နောက်ကတစ်ယောက်ယောက်လိုက်နေသလိုမျိုး သူလှေကားကိုအပြေးဆင်းကာ အမှိုက်အိတ်ကို အဆောင်ရဲ့အမှိုက်ပုံးထဲထည့်လိုက်သည်။ သူ အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရ၏။

သူနဲ့သိပ်မဝေးတဲ့နေရာမှာ *လျန်ထူကျန့်က ရှီပုဖန်နဲ့အတူ အားကစားကွင်းဆီကို ဦးတည်သွားနေသည်။ သူ အကြိမ်တိုင်း ရှီပုဖန်ကိုပြန်လှည့်ကြည့်ကာ သတိပေးနေတာအားကြည့်ခြင်းအားဖြင့် သူ့ဆူပူမှုဟာ ရပ်တန့်တော့မှာမဟုတ်မှန်း ကျန်းယွမ်ပိုင်သိလိုက်သည်။

[*လျန်ထူကျန့်နာမည်က ထူကျန့်ကလည်း ထိပ်ပြောင်လို့ အဓိပ္ပါယ်ရပါတယ်]

တန်းခွဲတစ်ရဲ့အတန်းပိုင်လောင်ရှီးဖြစ်သူ ကျိလောင်ရှီးက အားကစားကွင်းထဲသို့ ထပ်အခေါ်ခံရပြန်သည်။ လျန်ထူကျန့်က အသံချဲ့စက်ကို သူမဆီဒေါသတကြီး ပစ်ကာ ပြောလိုက်သည်
“ မင်းရဲ့ကျောင်းသားတွေကို သေချာဂရုစိုက်ထားစမ်း! ”

ကျိယန့်ဖျင်ရဲ့နှလုံးသားထဲမှာ အနည်းငယ်ခါးသက်သလို ခံစားလိုက်ရသည်။ ကနဦးတုန်းက ရှီပုဖန်ဟာ တန်းခွဲတစ်က မဟုတ်ခဲ့ဘူး။ အခန်းတွေ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ သူနဲ့ပတ်သက်ပြီး ဘာမှန်းယွင်းနေမှန်း သူမ မသိပေမဲ့ သူကနေ့တိုင်းပင် တန်းခွဲတစ်သို့လာကာ ကျောင်းသားတစ်ယောက်ရဲ့ခုံကို ဆွဲယူပြီး အတန်းထဲ၌ စာလိုက်နားထောင်သလို ဟန်ဆောင်လေသည်။ ကျောင်းအုပ်ကြီးက ရှီပုဖန်၏ “စာသင်ဖို့စိတ်အားထက်သန်တာ” ကိုမြင်လိုက်ရရာ မျှော်လင့်ချက်တစ်ခုထား၍ သူ့အားတန်းခွဲတစ်မှာ တက်ရောက်ခွင့်ပြုလိုက်လေသည်။

[*တန်းခွဲတစ်ဆိုတာက စာအတော်ဆုံးကျောင်းသားတွေကို ထားတဲ့အခန်းပါ ]

သူမ အသံချဲ့စက်ကို ပိတ်၍ အားလျော့စွာပြောလိုက်၏
“ မင်း ဒီတစ်ခေါက်ရော ဘာကြောင့် နံရံကျော်တက်ရပြန်တာလဲ? ”

“ ကျွန်တော် စားစရာသွားဝယ်တာပါ”

“ နေ့တိုင်းလေ? ” ကျိယန့်ဖျင်ပြောလိုက်သည်
“ မင်း ကန်တင်းမှာ မစားနိုင်ဘူးလား? မင်းတစ်ပတ်လုံး နံရံပေါ်ကျော်တက်နေရတယ်ပေါ့ ?”

ရှီပုဖန်က သူ့လက်တွေအား ယှက်ကာ သူ့ခေါင်းနောက်ပေါ်တင်လိုက်သည်။ နေရောင်အောက်မှာ လူငယ်လေးက ရှည်လျားဖြောင့်မတ်စွာ ရပ်နေပြီး မေးစေ့ကိုပင့်၍ အနီးအနားကနေ သူ့အားချောင်းကြည့်နေတဲ့ ကျန်းယွမ်ပိုင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ ရုတ်ခြည်း ဘယ်ဘက်မျက်စိကိုပါ မှိတ်ပြလိုက်ကာ နှုတ်ခမ်းတွေက ကော့တက်သွား၏။

“ ကျွန်တော်က…မြင့်မြတ်ပြီးသိက္ခာရှိတယ်လေ။ ကန်တင်းမှာစားတာက ကျွန်တော့်ရဲ့စရိုက်နဲ့ မကိုက်ညီဘူး”

***

စာရေးသူမှာပြောစရာရှိတယ်:

ယွမ်ယွမ်: ရှီအထူးစိတ်အနှောက်အယှက်ဖြစ်စေသူ *[1]

စာဖတ်သူA: ရှီတော်တော်လေးစိတ်အနှောက်အယှက်ဖြစ်စေသူ *[2]

စာဖတ်သူB: ရှီတကယ်စိတ်အနှောက်အယှက်ဖြစ်စေသူ *[3]

ရှီကော:.... မင်းတို့ထပ်စဥ်းစားနိုင်သေးလား?

ဒါဒါ : *[1]时特烦- ရှီထဲ့ဖန် ၊ *[2]时好烦-ရှီဟောင်ဖန် ၊ *[3]时真烦-ရှီကျန်းဖန်
ရှီပုဖန်ရဲ့နာမည်မှာပါတဲ့ဖန် -凡 ကသမာရိုးကျ ရိုးရှင်းသော၊ ပု - 不 ကအငြင်း အဲ့တော့ပုဖန်က သာမန်မဟုတ်ဘူးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမဲ့ သူတို့အပေါ်မှာသုံးထားတဲ့ဖန်က စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်ဆိုတဲ့ 烦 (ဖန်)ပါ။ သူ့နာမည်မှာပါတဲ့ဖန်က စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတဲ့ဖန်နဲ့တူလို့ စထားတာပါ🤣

___________________________________

Zawgyi

က်န္းယြမ္ပိုင္ရဲ႕အိပ္ေဆာင္မွာ အိမ္ကေနတက္တဲ့ေက်ာင္းသားေတြအျပည့္ရွိေပမဲ့လည္း အမ်ားအားျဖင့္ သူတစ္ေယာက္သာလွ်င္ တစ္ေရးလာအိပ္ေလ့ရွိ၏။ က်န္လူတိုင္းက ပ်င္းေနၾကၿပီး အၿမဲလိုလိုအတန္းထဲမွာသာ အိပ္ၾကသည္။ က်န္းယြမ္ပိုင္မွာ ကိုယ္တြင္းနာရီရွိေလသည္။ ေန႕လယ္ခင္းမွာ အခ်ိန္က်ၿပီဆိုတာနဲ႕ သူအၿမဲတမ္းတစ္ေရးအိပ္ေလ့ရွိသည္။ သူနားၾကပ္တပ္ႏွင့္ မ်က္လုံးအကာကို တပ္လိုက္ၿပီးေနာက္ ႐ြက္ဖ်င္တဲပုံစံအိပ္ရာေပၚမွာ တစ္ခဏၾကာ အိပ္စက္လိုက္သည္။ သူအိပ္ေမာက်ေနေသးတဲ့အခ်ိန္မွာပဲ ႐ုတ္ျခည္းပင္ အနံ႕ေကာင္းေကာင္းေလးတစ္ခု ရလိုက္၏။ ကန္တင္းမွအစားအေသာက္ေတြက အရသာမရွိတာေၾကာင့္ သူအမ်ားအားျဖင့္ ဗိုက္ျပည့္ေလ့မရွိေပ။ အိမ္ျပန္ေရာက္မွသာ တစ္ခုခုထပ္စားေလ့ရွိသည္။  ဒီတစ္ခဏမွာ သူထင္လိုက္တာက ညစာစားခ်ိန္ေရာက္ေနၿပီဟုပင္။

သူ မ်က္လုံးအကာကို ခြၽတ္ကာ ဇစ္ကိုဖြင့္လိုက္ေတာ့ သူ႕ေရွ႕မွာဒူးေထာက္ေနတဲ့ရွီပုဖန္ကို ေတြ႕လိုက္ရသည္။ သူနိုးသြားတာကိုျမင္ေတာ့ ရွီပုဖန္ကေမးဆတ္ျပၿပီး ေျပာလာ၏
“ ေဟာ့ေပါ့အစပ္ဆို…ျမန္ျမန္စား”

က်န္းယြမ္ပိုင္ တစ္မဟုတ္ခ်င္းထထိုင္လိုက္ၿပီး အံ့အားသင့္စြာေမးလိုက္သည္။
“ မင္း ဒါကို ဘယ္ေနရာကရလာတာလဲ? ”

“ ငါဝယ္လာတာမွန္း အသိသာႀကီးေလ”
ရွီပုဖန္ ထိုင္ခုံတစ္ခုံဆြဲယူကာ ထိုင္လိုက္သည္။ သူကိုယ္တိုင္ ထမင္းတစ္ပန္းကန္ယူလိုက္ၿပီး ေဟာ့ေပါ့ထဲက ပုစြန္နဲ႕အသားေတြကို ခပ္၍ က်န္းယြမ္ပိုင္ရဲ႕ပန္းကန္ထဲထည့္ေပးလိုက္၏။ သူေျပာလိုက္သည္
“ ျမန္ျမန္စား..အတန္းစေတာ့မယ္ ”

က်န္းယြမ္ပိုင္လည္း သူေျပာတဲ့အတိုင္းလိုက္လုပ္ကာ စားစရာေတြကို အငမ္းမရစားသုံးေတာ့သည္။ သူ႕ပါးႏွစ္ဖက္က ထိုးသိပ္ထည့္ထားတဲ့ထမင္းေတြနဲ႕ ျပည့္ေနကာ သူေဟာ့ေပါ့အစပ္ကို မယုံၾကည့္နိုင္စြာၾကည့္ၿပီး တီးတိုးေရ႐ြတ္လိုက္၏
“ ငါေက်ာင္းထဲမွာ အျပင္စာကိုစားဖူးတာ ဒါပထမဆုံးအႀကိမ္ပဲ ”

ရွီပုဖန္ရဲ႕ႏႈတ္ခမ္းေတြ ေကြးတက္လာကာ
“ ငါမင္းအတြက္ ေနာက္တစ္ေခါက္က်ရင္လဲ ဝယ္ေပးမယ္ေလ ”

က်န္းယြမ္ပိုင္ အရမ္းကံေကာင္းသလို ခံစားလိုက္ရသည္။ ေက်ာင္းထဲမွာ ဗိုက္ျပည့္ေနတတ္တာ သူ႕အတြက္ အေတာ္ေလးရွားေပသည္။ အဆုံးမွာေတာ့ ကန္တင္းက အစားအစာေတြက အေတာ္ေလးကို လက္မခံနိုင္ဖြယ္ေကာင္းလွသည္။ သူတို႔အသက္အ႐ြယ္မွာ ေကာင္ေလးေတြက အမ်ားအားျဖင့္ အစာစားခ်င္တဲ့အာသီသႀကီးၾကေသာ္ျငား အစားအေသာက္နဲ႕ပတ္သက္ၿပီး အေတာ္ေလးလည္း ဇီဇာေၾကာင္ၾက၏။

သူမတတ္နိုင္ဘဲ ရွီပုဖန္ရဲ႕သူငယ္ခ်င္းျဖစ္ရတာ ေကာင္းမြန္တဲ့ေ႐ြးခ်ယ္မႈဟု ေတြးမိလာသည္။ ရွီပုဖန္က သူစာလုပ္တာကို မေႏွာင့္ယွက္သေ႐ြ႕ေပါ့ …မဟုတ္ေသးဘူး…သူမွတ္ဉာဏ္ေတြျပန္ရၿပီးေနာက္ သူ႕ကိုမရိုက္ေသးသေ႐ြ႕ေပါ့။

က်န္းယြမ္ပိုင္ လုံးဝဗိုက္ျပည့္သြားကာ ေလခ်ဥ္တက္လိုက္သည္။

ေနာက္တစ္ေန႕ မြန္းလြဲပိုင္းမွာ ရွီပုဖန္က သူ႕အိပ္ေဆာင္ကို ပူပူေႏြးေႏြး ခ်ဥ္ခ်ဥ္စပ္စပ္ ဆန္ေခါက္ဆြဲႏွင့္အတူ ေရာက္လာသည္။ ေနာက္တစ္ရက္က်ေတာ့ ၾကက္သားအုပ္ထားတဲ့ထမင္းနဲ႕အတူ ေရာက္လာျပန္၏။ ေနာက္ရက္အနည္းငယ္အတြင္းမွာ က်န္းယြမ္ပိုင္က သူ႕အစားအေသာက္နဲ႕ပတ္သက္ၿပီး ပိုၿပီးဇီဇာေၾကာင္လာသည္။ ရွီပုဖန္က သူ႕အတြက္စားစရာယူလာမယ္ဆိုတာကို သိတဲ့အတြက္ သူကန္တင္းကိုသြားရမွာကိုေတာင္ အလြန္အမင္းပ်င္းရိလာ၏။ ေန႕လယ္စာစားခ်ိန္ကိုေရာက္ရင္ သူအိပ္ေဆာင္ကိုျပန္ၿပီး ရွီပုဖန္သူ႕အတြက္ စားစရာယူလာေပးမွာကိုသာ ေစာင့္ေနလိုက္သည္။

ေက်ာင္းက သူတို႔အား ကိုယ္ပိုင္ေန႕လယ္စာယူဖို႔ ခြင့္ျပဳေပးထားေပမဲ့ ေဟာ့ေပါ့အစပ္တို႔လိုမ်ိဳး အာဟာရမျပည့္တဲ့ အျပင္အစားအစာေတြနဲ႕ အဲ့လိုဆက္စပ္တဲ့စားစရာေတြကိုေတာ့ ယူခြင့္မျပဳေလဘူး။ အစားအစာပို႔တဲ့ deliသမားေတြဆို ေက်ာင္းတံခါးနားေတာင္ ကပ္လို႔မရနိုင္ေပ။ ထပ္ေပါင္းေျပာရရင္ အတန္းစတဲ့အခိုက္မွာပဲ ေက်ာင္းတံခါးေတြကို ပိတ္လိုက္တာျဖစ္သည္။ ေန႕လယ္စာစားခ်ိန္မွာေတာင္မွ ေက်ာင္းသားေတြကို သာမန္ကာလွ်ံကာ အျပင္ထြက္ခြင့္မျပဳေလဘူး။ သူတို႔ေတြ ညေနေက်ာင္းဆင္းခ်ိန္အထိ ေစာင့္ရေလသည္။

က်န္းယြမ္ပိုင္အတြက္ေတာ့ ရွီပုဖန္က ေန႕လယ္ခင္းတိုင္းမွာ သူ႕အား အရသာရွိတဲ့အစားအစာကို သယ္ေဆာင္လာေပးတဲ့ နတ္ဘုရားတစ္ပါးလိုပင္။

ဒီေန႕မွာေတာ့ ရွီပုဖန္က သူ႕အတြက္ စြပ္ျပဳတ္ပူပူစပ္စပ္ေလးဝယ္လာသည္။ က်န္းယြမ္ပိုင္အား ယင္းကိုေကြၽးလိုက္ခ်ိန္ သူ႕ကိုယ္သူလည္း မႏွိပ္စက္ခဲ့ေပ။ သူကိုယ္တိုင္အတြက္ သူအမဲသားေခါက္ဆြဲျပဳတ္ဝယ္ခဲ့ေလ၏။ သူတို႔ႏွစ္ေယာက္သား သူတို႔အစားအစာကို အသည္းအသန္စားေနတဲ့အခ်ိန္မွာ အျပင္ဘက္ရွိ အသံခ်ဲ့စက္ထံမွ အသံတစ္သံထြက္ေပၚလာသည္
“ ရွီပုဖန္? ရွီပုဖန္.. ကိုယ္တိုင္ထြက္လာခဲ့စမ္း! ”

ဒါက ေက်ာင္းသားေတြကို ၾကပ္မတ္ရၿပီး ေက်ာင္းစည္းကမ္းကိုထိန္းသိမ္းရတဲ့ တာဝန္က်ေလာင္ရွီး၏အသံပင္။ က်န္းယြမ္ပိုင္ စိတ္ရႈပ္သြားၿပီး ႏႈတ္ခမ္းကိုလ်က္လိုက္သည္
“ ဘာလို႔… ဘာလို႔သူတို႔ကမင္းကို ထပ္ေခၚေနျပန္တာလဲ? ”

“ သူတို႔ကို စိတ္ထဲထားမေနနဲ႕”ရွီပုဖန္ တစ္ဖက္လွည့္လိုက္ၿပီး တံခါးကိုေလာ့ခ်လိဳက္သည္။ က်န္းယြမ္ပိုင္ အျပင္ကေျခသံေတြနဲ႕ တံခါးေတြကို အဆက္မျပတ္ ဘန္းခနဲထုသံေတြကိုပါ ၾကားလိုက္ရ၏။
“ သူ ဘယ္အခန္းထဲမွာပါလိမ့္? ဘယ္သူကမ်ား ရွီပုဖန္ကို ဝွက္ထားေပးရဲလဲဆိုတာကို ငါသိခ်င္လိုက္တာ! ”

က်န္းယြမ္ပိုင္ ေၾကာက္လန႔္မႈေၾကာင့္တုန္ယင္လာၿပီး သူ႕စားစရာကို အၿပီးသတ္ေနရင္း လက္ေတြကပါ တုန္ခါလာသည္။ ရွီပုဖန္က သူ႕တူကိုေအာက္ခ်ကာ ႏႈတ္ခမ္းထက္လက္တစ္ေခ်ာင္းတင္လိုက္ၿပီး
“ ရႉး ”

သူတံခါးဆီေလွ်ာက္သြားကာ နားကို တံခါးနားမွာကပ္လိုက္ၿပီး အသံကိုနားေထာင္လိုက္သည္။ တာဝန္က်ေလာင္ရွီးရဲ႕ ေျခလွမ္းေတြက ျဖည္းညင္းစြာျဖင့္ သူတို႔ဘက္ကိုဦးတည္လာသည္။ ဒီၾကားထဲမွာ ေကာင္ေလးေတြရဲ႕သူတို႔အခန္းထဲကေန စိတ္ပ်က္ကာညည္းၫူေနတဲ့ အသံေတြကိုလည္း သူၾကားနိုင္ေလ၏။ သူတံခါးကို နည္းနည္းေလးဟကာ အျပင္ကိုလွစ္ခနဲေျပးထြက္လိုက္သည္။ သူ ေလာင္ရွီးရွာေနတဲ့အခန္းဆီကို ေျခလွမ္းက်ဲက်ဲနဲ႕ေလွ်ာက္သြားၿပီး ေလခြၽန္လိုက္ကာ
“ ထိပ္ေျပာင္လ်န္ ကြၽန္ေတာ့္ကို ရွာေနတာလား? ”

တာဝန္က်ေလာင္ရွီးရဲ႕ မ်ိဳးရိုးနာမည္ကလ်န္ ျဖစ္ၿပီး သူ႕ဆံပင္ပုံစံေၾကာင့္ “ထိပ္ေျပာင္လ်န္ ” ဆိုတဲ့နာမည္ေျပာင္ကို ရထားတာပင္။ သူကေဒါသႀကီးစြာနဲ႕တစ္ဖက္သို႔လွည္ကာ ေျပာေတာ့သည္
“ ငါမေန႕က မင္းကိုဘာေျပာခဲ့လဲ? ဒီေန႕ႀကီးၾကပ္ေရးမႉးေတြ ငါတို႔ေက်ာင္းကိုလာမွာမို႔ မင္းနံရံကိုေက်ာ္တက္လို႔မရဘူး… မင္းနံရံကိုေက်ာ္တက္လို႔မရဘူးလို႔….”

႐ုတ္တရက္ သူ အသံခ်ဲ့စက္ကို ကိုင္ထားတုန္းပဲဆိုတာအား သတိရသြားသည္။ သို႔ျဖစ္ရာ သူ ၎ကိုျမန္ျမန္ေအာက္ခ်လိဳက္ၿပီး ေရွ႕ႏွစ္လွမ္းခန႔္ေလွ်ာက္သြား၍ ေအာ္ဟစ္လိုက္သည္။
“ မင္းက ရေအာင္လုပ္လိုက္တုန္းပဲ! မင္းဘာေတြၾကည့္ေနတာလဲ..ငါနဲ႕လိုက္ခဲ့စမ္း။ မင္းကတစ္ႀကိမ္ၿပီးတစ္ႀကိမ္ ေက်ာင္းစည္းကမ္းေတြကို ေဖာက္ဖ်က္ခဲ့တယ္! အဲ့ဒါက အေတာ္ေလးရွက္ဖို႔ေကာင္းတယ္လို႔ မင္းမေတြးမိဘူးလား? ”

က်န္းယြမ္ပိုင္က တံခါးအေနာက္မွာ ပုန္းေနတာျဖစ္ၿပီး ယင္းအား နားေထာင္ၿပီးေနာက္ ရႈပ္ေထြးသြားရေလသည္။ ဆူညံသံေတြေပ်ာက္သြားခ်ိန္က်မွ သူ႕ေခါင္းကို အျပင္ထုတ္ကာ ေခ်ာင္းၾကည့္ရဲေတာ့သည္။ သူ႕ေဘးအခန္းမွေကာင္ေလးက က်ိန္ဆဲကာ ေျပာလာ၏
“ ေက်ာင္းက ရွီပုဖန္အတြက္ အေနာက္တံခါးဖြင့္ေပးထားတယ္ဆိုတာ ငါသိသားပဲ။ သူနံရံေက်ာ္တက္တာကို ေလာင္ရွီးက အၿမဲသိေနခဲ့တာ။ ဒီေန႕ႀကီးၾကပ္ေရးမႉးသာ သူ႕ကိုမေတြ႕ခဲ့ဘူးဆိုရင္ သူတို႔က ထပ္ၿပီး မ်က္ကြယ္ျပဳေပးထားၾကအုံးမွာပဲ ”

က်န္းယြမ္ပိုင္ အေနာက္ကိုျပန္ေလွ်ာက္သြားၿပီး သူတို႔စားၿပီးသားအႂကြင္းအက်န္ေတြကို ထည့္ဖို႔ အနက္ေရာင္ပလတ္စတစ္အိတ္တစ္လုံး ရွာလိုက္သည္။ အမွိုက္ေတြကို ေျဖရွင္းဖို႔ဆို ဒီအိတ္က အဆင္ေျပတယ္လို႔ေျပာၿပီး ရွီပုဖန္က ရွာလာခဲ့ျခင္းပင္၊ ေလာင္ရွီးေတြ ရွာမေတြ႕ေအာင္ေပါ့။

သူ႕ေနာက္ကတစ္ေယာက္ေယာက္လိုက္ေနသလိုမ်ိဳး သူေလွကားကိုအေျပးဆင္းကာ အမွိုက္အိတ္ကို အေဆာင္ရဲ႕အမွိုက္ပုံးထဲထည့္လိုက္သည္။ သူ အနည္းငယ္အျပစ္ရွိသလို ခံစားလိုက္ရ၏။

သူနဲ႕သိပ္မေဝးတဲ့ေနရာမွာ *လ်န္ထူက်န႔္က ရွီပုဖန္နဲ႕အတူ အားကစားကြင္းဆီကို ဦးတည္သြားေနသည္။ သူ အႀကိမ္တိုင္း ရွီပုဖန္ကိုျပန္လွည့္ၾကည့္ကာ သတိေပးေနတာအားၾကည့္ျခင္းအားျဖင့္ သူ႕ဆူပူမႈဟာ ရပ္တန႔္ေတာ့မွာမဟုတ္မွန္း က်န္းယြမ္ပိုင္သိလိုက္သည္။

[*လ်န္ထူက်န႔္နာမည္က ထူက်န႔္ကလည္း ထိပ္ေျပာင္လို႔ အဓိပၸါယ္ရပါတယ္]

တန္းခြဲတစ္ရဲ႕အတန္းပိုင္ေလာင္ရွီးျဖစ္သူ က်ိေလာင္ရွီးက အားကစားကြင္းထဲသို႔ ထပ္အေခၚခံရျပန္သည္။ လ်န္ထူက်န႔္က အသံခ်ဲ့စက္ကို သူမဆီေဒါသတႀကီး ပစ္ကာ ေျပာလိုက္သည္
“ မင္းရဲ႕ေက်ာင္းသားေတြကို ေသခ်ာဂ႐ုစိုက္ထားစမ္း! ”

က်ိယန႔္ဖ်င္ရဲ႕ႏွလုံးသားထဲမွာ အနည္းငယ္ခါးသက္သလို ခံစားလိုက္ရသည္။ ကနဦးတုန္းက ရွီပုဖန္ဟာ တန္းခြဲတစ္က မဟုတ္ခဲ့ဘူး။ အခန္းေတြ ဆုံးျဖတ္ၿပီးတဲ့အခ်ိန္မွာ သူနဲ႕ပတ္သက္ၿပီး ဘာမွန္းယြင္းေနမွန္း သူမ မသိေပမဲ့ သူကေန႕တိုင္းပင္ တန္းခြဲတစ္သို႔လာကာ ေက်ာင္းသားတစ္ေယာက္ရဲ႕ခုံကို ဆြဲယူၿပီး အတန္းထဲ၌ စာလိုက္နားေထာင္သလို ဟန္ေဆာင္ေလသည္။ ေက်ာင္းအုပ္ႀကီးက ရွီပုဖန္၏ “စာသင္ဖို႔စိတ္အားထက္သန္တာ” ကိုျမင္လိုက္ရရာ ေမွ်ာ္လင့္ခ်က္တစ္ခုထား၍ သူ႕အားတန္းခြဲတစ္မွာ တက္ေရာက္ခြင့္ျပဳလိုက္ေလသည္။

[*တန္းခြဲတစ္ဆိုတာက စာအေတာ္ဆုံးေက်ာင္းသားေတြကို ထားတဲ့အခန္းပါ ]

သူမ အသံခ်ဲ့စက္ကို ပိတ္၍ အားေလ်ာ့စြာေျပာလိုက္၏
“ မင္း ဒီတစ္ေခါက္ေရာ ဘာေၾကာင့္ နံရံေက်ာ္တက္ရျပန္တာလဲ? ”

“ ကြၽန္ေတာ္ စားစရာသြားဝယ္တာပါ”

“ ေန႕တိုင္းေလ? ” က်ိယန႔္ဖ်င္ေျပာလိုက္သည္
“ မင္း ကန္တင္းမွာ မစားနိုင္ဘူးလား? မင္းတစ္ပတ္လုံး နံရံေပၚေက်ာ္တက္ေနရတယ္ေပါ့ ?”

ရွီပုဖန္က သူ႕လက္ေတြအား ယွက္ကာ သူ႕ေခါင္းေနာက္ေပၚတင္လိုက္သည္။ ေနေရာင္ေအာက္မွာ လူငယ္ေလးက ရွည္လ်ားေျဖာင့္မတ္စြာ ရပ္ေနၿပီး ေမးေစ့ကိုပင့္၍ အနီးအနားကေန သူ႕အားေခ်ာင္းၾကည့္ေနတဲ့ က်န္းယြမ္ပိုင္ကို တစ္ခ်က္ၾကည့္လိုက္သည္။ သူ ႐ုတ္ျခည္း ဘယ္ဘက္မ်က္စိကိုပါ မွိတ္ျပလိုက္ကာ ႏႈတ္ခမ္းေတြက ေကာ့တက္သြား၏။

“ ကြၽန္ေတာ္က…ျမင့္ျမတ္ၿပီးသိကၡာရွိတယ္ေလ။ ကန္တင္းမွာစားတာက ကြၽန္ေတာ့္ရဲ႕စရိုက္နဲ႕ မကိုက္ညီဘူး”

***

စာေရးသူမွာေျပာစရာရွိတယ္:

ယြမ္ယြမ္: ရွီအထူးစိတ္အေႏွာက္အယွက္ျဖစ္ေစသူ *[1]

စာဖတ္သူA: ရွီေတာ္ေတာ္ေလးစိတ္အေႏွာက္အယွက္ျဖစ္ေစသူ *[2]

စာဖတ္သူB: ရွီတကယ္စိတ္အေႏွာက္အယွက္ျဖစ္ေစသူ *[3]

ရွီေကာ:.... မင္းတို႔ထပ္စဥ္းစားနိုင္ေသးလား?

ဒါဒါ : *[1]时特烦- ရွီထဲ့ဖန္ ၊ *[2]时好烦-ရွီေဟာင္ဖန္ ၊ *[3]时真烦-ရွီက်န္းဖန္
ရွီပုဖန္ရဲ႕နာမည္မွာပါတဲ့ဖန္ -凡 ကသမာရိုးက် ရိုးရွင္းေသာ၊ ပု - 不 ကအျငင္း အဲ့ေတာ့ပုဖန္က သာမန္မဟုတ္ဘူးလို႔ အဓိပၸာယ္ရပါတယ္။ ဒါေပမဲ့ သူတို႔အေပၚမွာသုံးထားတဲ့ဖန္က စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းတယ္ဆိုတဲ့ 烦 (ဖန္)ပါ။ သူ႕နာမည္မွာပါတဲ့ဖန္က စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္ဆိုတဲ့ဖန္နဲ႕တူလို႔ စထားတာပါ🤣

Continue Reading

You'll Also Like

13.2K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
554K 75.4K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
365K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...