Dear My Ex-crush[Completed]

By Daydream-fah

270K 22K 1.6K

Zawgyi crush​ေတြက မ​ေကာင္​းပါဘူး.. ဟုတ္​ပါတယ္​ လံုးဝကိုမ​ေကာင္​းၾကတာပါ ... အဲ့ဒီထဲကမွ ရိ​ေပၚရဲ႕ex-crushႀကီး​ေ... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Final
New Fic
Extra
မေးစရာလေးရှိလို့🦄
Book Announcement
✨Special Chapter✨

Ch-6

7.3K 702 18
By Daydream-fah

Zawgyi

"ဝမ္​ေလး ဒီ​ေန႔ အ​ေစာႀကီး ႏိုး​ေနပါလား အျပင္​သြားစရာ ရိွလို႔လား"

"ဟင့္​အင္း...ကြၽန္​ေတာ္​က ဒီ​ေန႔က စၿပီး​ေတာ့ ဒယ္​ဒီ့ရဲ့ ကုမၸဏီမွာ အလုပ္​စဝင္​ေတာ့မလို႔"

က်င္းဟိုင္​ေကာက စားလက္​စကို ရပ္​တန႔္​ကာ မ်က္​ႏွာပ်က္​သြားတာမို႔

"ကြၽန္​ေတာ္​က အင္​တာဗ်ဴး​ေအာင္​မွာ မ​ေသခ်ာလို႔​ေကာကို ႀကိဳမ​ေျပာထားတာပါ စိတ္​မဆိုးနဲ႔​ေနာ္​ဟီးဟီး..."

"ဝမ္​ေလးက အင္​တာဗ်ဴး​ေျဖ​ေန​ေသးတာလား "

"အြန္း...ဟုတ္​တယ္​ ကြၽန္​ေတာ့္​ကို ဒယ္​ဒီရဲ႕ အရိွန္​အဝါနဲ႔ ရာထူးအျမင့္​ႀကီးကို တန္းၿပီးရတယ္​လို႔​ေျပာၾကမွာစိုးလို႔​ ​ေအာက္​ေျခက​ေန တစ္​ဆင့္​ခ်င္း သြားမလို႔"

"ဟုတ္​ပါၿပီကြာ....အခု​ေရာ ကုမၸဏီကို ဘာနဲ႔သြားမွာလဲ "

"​ေလာ​ေလာဆယ္​ေတာ့ taxiနဲ႔ပဲ သြားလိုက္​မယ္​။​ေနာက္​မွ​ေကာက modelနည္းနည္း နိမ့္​တဲ့ ကားမ်ိဳး ရွာ​ေပး​ေပါ့"

"taxiနဲ႔ ဝမ္​ေလးတစ္​ေယာက္​ထဲ သြားရမွာ စိတ္​မခ်ပါဘူး​ေကာနဲ႔ပဲ တစ္​ခါထဲ လိုက္​ခဲ့လိုက္​"

"ကုမၸဏီရဲ႕ ဒါရိုက္​တာခ်ဳပ္​ႀကီးနဲ႔ ကားတစ္​စီးထဲ အတူလိုက္​စီးလို႔ ဘယ္​ျဖစ္​မလဲ​ေကာရ။​ ​ေတာ္​ၾကာ အလုပ္​စဝင္​ခ်င္း​ေန႔မွာပဲ​ေျပာစရာ​ေတျြဖစ္​ေနပါဦးမယ္​.."

"အဲ့ဒါဆို ကြၽန္​ေတာ္​သြားၿပီ​ေနာ္​ေကာ ပထမဆံုးရက္​မွာ​ေနာက္​မက်ခ်င္​လို႔"

​ေလာ​ေလာ​ေလာ​ေလာနဲ႔ ထြက္​သြားတဲ့ ဝမ္​ေလးကို ၾကၫ့္​ၿပီး က်င္းဟိုင္​သ​ေဘာတက် ရယ္​မိသည္​။ ဒီ​ေကာင္​ေလး အခုခ်ိန္​ထိ က​ေလးစိတ္​မ​ေပ်ာက္​ေသးလို႔သာ​က်င္းဟိုင္​စိတ္​ခ်လက္​ခ်​ေနလို႔ရတာ ျဖစ္​သည္​။

••••••••••••

ရိ​ေပၚက က​ေနဒါမွာ စီမံခန႔္​ခြဲ​ေရးနဲ႔ ပတ္​သတ္​ၿပီး ဘြဲ႔ရထားတာမို႔ အလုပ္​ဝင္​စထဲက လက္​ေထာက္​မန္​ေနဂ်ာ ရာထူးကို တန္းၿပီး ရ​တာျဖစ္​သည္​။ အလုပ္​စဝင္​ခ်င္း​ေန႔ ဆို​ေတာ့​ေထြ​ေထြထူးထူး လုပ္​စရာ သိပ္​မရိွပဲ ကုမၸဏီရဲ႕ လုပ္​ငန္းစဉ္​ေတြကို မန္​ေနဂ်ာအမဆီက​ေလ့လာကာ ရိ​ေပၚလုပ္​ရမယ့္​အလုပ္​ေတြကို ခြဲ​ေဝ​ေပးရင္းနဲ႔ပဲ အခ်ိန္​က ကုန္​လို႔ ကုန္​မွန္းပင္​မသိလိုက္​ေပ။

ရိ​ေပၚရဲ႕ ရာထူးက လက္​ေထာက္​မန္​ေနဂ်ာ ဆို​ေပမယ့္​အလုပ္​ဝင္​ၿပီး တစ္​လ​ေလာက္​ၾကာမွ မန္​ေနဂ်ာရဲ႕ လက္​တိုလက္​ေတာင္းသာ ျဖစ္​ေၾကာင္း သိရ​ေလသည္​။

၅လႊာမွာရိွတဲ့ ကုမၸဏီရဲ႕ ဌာန​ေပါင္းစံုက မန္​ေနဂ်ာအႀကီးတန္း​ေတြက အာဏာျပလွတာမို႔ ရိ​ေပၚတို႔လို လက္​ေထာက္​ေလး​ေတြက တစ္​ေန႔တစ္​ေန႔ အထပ္​ေပါင္းစံုကို လွၫ့္​ပတ္​သြားလာရင္းပင္​အခ်ိန္​ကုန္​ေနရသည္​။

အ​ေပၚဆံုးထပ္​၁၀လႊာမွာက ညဘက္​အခ်ိန္​ပိုဆင္းတဲ့အခါ ဥကၠဌအတြက္​အနားယူရန္​ျဖစ္​ၿပီး ဥကၠဌနဲ႔ ဒုဥကၠဌ ျဖစ္​တဲ့ ဒယ္​ဒီနဲ႔ မာမီရဲ႕ ရံုးခန္းက ၉လႊာတြင္​ျဖစ္​သည္​။ ဒါရိုက္​တာခ်ဳပ္​ျဖစ္​သူ က်င္းဟိုင္​ေကာရဲ႕ ရံုးခန္းက​ေတာ့ ဒီဇိုင္​နာအဖြဲ႔နဲ႔အတူ ၈လႊာမွာ ရိွ​ေပမယ့္​မ်ား​ေသာအားျဖင့္​ေတာ့ က်င္းဟိုင္​ေကာက တစ္​ျခားရံုးခြဲ​ေတြဘက္​ေရာက္​ေနတတ္​တာမို႔ ကုမၸဏီမွာ သိပ္​မ​ေတြ႕ရ​ေပ။

​ေအာက္​ေျခသိမ္း အလုပ္​အကုန္​ကို ရိ​ေပၚတို႔လို လက္​ေထာက္​ေလး​ေတြက လုပ္​ရတာျဖစ္​ၿပီး အ​ေပၚယံႏွမ္းျဖဴသၫ့္​အလုပ္​ကို မန္​ေနဂ်ာ​ေတြက လုပ္​ကာ ဒုဥကၠဌကို တင္​ျပရသည္​။ ဒုဥကၠဌကမွ တစ္​ဆင့္​ဥကၠဌကို တင္​ျပတာမို႔ ကုမၸဏီတစ္​ခုထဲမွာ လုပ္​ေန​ေပမယ့္​ရိ​ေပၚတို႔ ဆံုတဲ့အခ်ိန္​က ရွားပါးလွသည္​။

ဒီ​ေန႔​ေတာ့ ဌာန​ေပါင္းစံုက မန္​ေနဂ်ာအဖြဲ႔နဲ႔အတူ ဥကၠဌက သီးသန႔္​အစည္းအ​ေဝး လုပ္​ဖို႔​ေျပာတာ​ေၾကာင့္​ကုမၸဏီမွာ အလုပ္​ဝင္​တဲ့ အခ်ိန္​ကစၿပီး ဒယ္​ဒီနဲ႔ ပထမဆံုးအႀကိမ္​အလုပ္​ရွင္​နဲ႔ အလုပ္​သမားအျဖစ္​ေတြ႕ရမွာျဖစ္​သည္​။

ရိ​ေပၚတို႔ အစည္းအ​ေဝးခန္းထဲ​ေရာက္​ၿပီး ၁၀မိနစ္​ေလာက္​အၾကာမွာ​ေတာ့ ဒယ္​ဒီက အစည္းအ​ေဝးခန္းထဲကို စတိုင္​က်စြာ ဝင္​လာသည္​။ ရိ​ေပၚဘက္​ကို တစ္​ခ်က္​က​ေလး​ေတာင္​လွမ္းမၾကၫ့္​တာ​ေၾကာင့္​ နည္းနည္း​ေတာ့ စိတ္​ေကာက္​ခ်င္​မိ​ေပမယ့္​လည္း ဒယ္​ဒီက စကားစ​ေျပာဖို႔ ျပင္​ေနတာ​ေၾကာင့္​ေသခ်ာအာရံု စိုက္​ထားမိသည္​။

တစ္​နာရီၾကာ အစည္းအ​ေဝးလုပ္​ၿပီးတဲ့ အခါမွာ​ေတာ့ ဒယ္​ဒီက အစည္းအ​ေဝးခန္းထဲက ျပန္​ထြက္​သြားၿပီး မန္​ေနဂ်ာ​ေတြက​ေတာ့​ေခါင္းခ်င္​ဆိုင္​ေနၾက​ေလသည္​။ အ​ေၾကာင္းအရာက​ေတာ့ နာမည္​ႀကီး clothing brandတစ္​ခုက ဒယ္​ဒီတို႔ကုမၸဏီက ဒီဇိုင္​နာအဖြဲ႔နဲ႔ ပူး​ေပါင္းၿပီး​လာမယ့္​ေႏြရာသီအတြက္​သီးသန႔္​ဒီဇိုင္းထုတ္​ဖို႔ ကမ္းလွမ္းလာတာျဖစ္​သည္​။

မန္​ေနဂ်ာ​ေတြ​ေခါင္းခ်င္းဆိုင္​ေနတုန္း ခိုးငိုက္​ဖို႔ ျပင္​ေနတဲ့ ရိ​ေပၚက ရုတ္​တရက္​နာမည္​အ​ေခၚခံ လိုက္​ရတာမို႔ သတိအ​ေနအထားျဖင့္​ကိုယ္​ကို မတ္​ထားလိုက္​သည္​။

"ဒီကသြားမယ့္​ဒီဇိုင္​နာအဖြဲ႔ကို အုပ္​ခ်ဳပ္​ဖို႔အတြက္​ရိ​ေပၚက လိုက္​သြားလိုက္​ေနာ္​ျဖစ္​တယ္​မလား"

"..ဗ်ာ...ကြၽန္​ေတာ္​က ဒီဇိုင္းပိုင္းမွ မကြၽမ္းက်င္​ပဲဗ်..ျဖစ္​ပါ့မလား"

ရိ​ေပၚက ထိတ္​ထိတ္​ပ်ာပ်ာျဖင့္​ျငင္း​ေတာ့ အားလံုးက တညီတၫြတ္​တည္း​ေခါင္းၿငိမ့္​ျပလာၾကသည္​။

"ျဖစ္​ပါတယ္​ရိ​ေပၚရယ္​ ဒီဇိုင္​နာအဖြဲ႔က သူတို႔ဘာသာ ဒီဇိုင္းဆြဲမွာ​ေလ။ ရိ​ေပၚရဲ႕အလုပ္​က သူတို႔ကို နည္းနည္း​ပါးပါး ထိန္း​ေက်ာင္း​ေပးဖို႔ပဲ"

ဒီဇိုင္​နာအဖြဲ႔က ရိ​ေပၚရဲ႕ သားသမီး​ေတြမို႔လို႔ ရိ​ေပၚက ထိန္း​ေက်ာင္း​ေပးရမွာလား..။ တစ္​ခ်ိဳ႕ဒီဇိုင္​နာ​ေတြဆို ရိ​ေပၚထက္​ေတာင္​အသက္​ႀကီး​ေသးတာ။ ၿပီး​ေတာ့ ရိ​ေပၚက အလုပ္​ဝင္​တာမွ မၾကာ​ေသးဘူး။ အခုမွ အလုပ္​စဝင္​တဲ့သူကို​ခ်က္​ခ်င္းႀကီး သူတို႔က အဲ့​ေလာက္​ေတာင္​ယံုၾကည္​သြားၾကတာလား...။

စိတ္​ထဲမွာ​ေတာ့ အ​ေတြး​ေပါင္းစံု ျဖစ္​ေန​ေပမယ့္​အျပင္​မွာ​ေတာ့ မအီမသာနဲ႔​ေခါင္းၿငိမ့္​လိုက္​ရသည္​။

​ေန႔လည္​ထမင္းစားခ်ိန္​ေရာက္​ေတာ့ ပထမထပ္​မွာရိွတဲ့ ကန္​တင္းကိုဆင္းလာရင္း ဓာတ္​ေလွကား​ေစာင့္​ေနတဲ့ ဝန္​ထမ္းအခ်ိဳ႕ဆီက စကားသံ​ေၾကာင့္​အကြယ္​တြင္ရပ္​ၿပီး နား​ေထာင္​ေနလိုက္​သည္​။

"ဟဲ့​ေနာက္​အပတ္​က်ရင္​ ငါတို႔ကုမၸဏီက ဒီဇိုင္​နာအဖြဲ႔က ပူး​ေပါင္းဖို႔ ကမ္းလွမ္းထားတဲ့ ကုမၸဏီကို သြားရ​ေတာ့မွာဆို.."

"ဟုတ္​တယ္​ဟ...ငါ​ေတာ့ သူတို႔အစား​ေခါင္းႀကိမ္းတယ္​"

"ဘာျဖစ္​လို႔လဲဟ"

"နင္​မသိ​ေသးဘူးလား ပူး​ေပါင္းမယ့္​ကုမၸဏီက ဟို လူသားစက္​ရုပ္​ရဲ႕ ကုမၸဏီ​ေလ"

"ဟယ္​တကယ္​ႀကီးလား..."

"တကယ္​ေပါ့ဟ မန္​ေနဂ်ာ​ေတြ​ေတာင္​အဲ့ဘက္​ကို မသြားခ်င္​လို႔ ဟိုလူသစ္​ေလးကို ထၫ့္​ေပးလိုက္​မွာတဲ့"

"အဲ့ဒါဆိုရင္​လူသစ္​ေလးအတြက္​ေတာ့ ႀကိဳဆု​ေတာင္း​ေပးလိုက္​ၾကရ​ေအာင္​ေလ ဟားဟား..."

အတင္း​ေျပာ​ေနတဲ့ ဝန္​ထမ္း​ေတြ ဓာတ္​ေလွကားထဲ ဝင္​သြားသံၾကား​ေတာ့မွ ရိ​ေပၚထို​ေနရာမွ ထြက္​လာခဲ့လိုက္​သည္​။

သူတို႔​ေျပာတဲ့ လူသားစက္​ရုပ္​ဆိုတာ ဘယ္​သူမို႔လို႔လဲ...။ ဒီဇိုင္​နာအဖြဲ႔ရဲ႕ အုပ္​ထိန္းသူအျဖစ္​ရိ​ေပၚကို ယံုၾကည္ၿပီး​လႊတ္​တယ္​ဆို​ေတာ့ ကိုယ့္​ကိုယ္​ကို​ေတာ္​လွၿပီ ထင္​ေနတာ။ လတ္​စသတ္​ေတာ့ သူတို႔မသြားခ်င္​လို႔ ရိ​ေပၚကို တြန္းလႊတ္​လိုက္​တာပဲ။ ဒီလူ​ေတြက​ေတာ့....။

•••••••••••••

အလုပ္​ပိတ္​ရက္​မို႔ ၿခံထဲဆင္းၿပီး စိုက္​ထားတဲ့ က်ဴးလစ္​ပင္​ေလး​ေတြကို​ေရ​ေလာင္း​ေပး​ေနရင္း အပင္​အား​ေဆးက ကုန္​ခါနီးၿပီမို႔ ၿမိဳ႕ျပင္​နားက ပန္းဆိုင္​ကို ထြက္​လာခဲ့လိုက္​သည္​။

​ေရာက္​တုန္း​ေရာက္​ခိုက္​ၿခံအ​ေနာက္​ဘက္​က ပို​ေနတဲ့​ေျမကြက္​လပ္​ေလးမွာစိုက္​ဖို႔ က်ဴးလစ္​မ်ိဳးကြဲ​ေလး​ေတြ​ေရြး​ေနရင္း ရိ​ေပၚနာမည္​ကို​ေခၚသံၾကားတာမို႔ လွၫ့္​ၾကၫ့္​လိုက္​ေတာ့

"..အန္​တီ​ေရွာင္း..."

"ရိ​ေပၚ​ေလးကို​ေတြ႕ခ်င္​ေနတာနဲ႔အ​ေတာ္​ပဲ"

"ဟုတ္​ကဲ့ အန္​တီ​ေရွာင္း​ေျခ​ေထာက္​ေရာ သက္​သာရဲ႕လားဗ်"

"သက္​သာပါတယ္​ကြယ္​ ခဏ​ေလာက္​ထိုင္​ၿပီး စကား​ေျပာၾကမလား"

ပန္းလာဝယ္​တဲ့သူ​ေတြ အနားယူလို႔ရ​ေအာင္​လုပ္​ေပးထားတဲ့ ကြၽန္းသားစားပြဲဝိုင္း​ေလးက အရိပ္​လည္းရတာမို႔​ေအး​ေအး​ေဆး​ေဆး ထိုင္​ၿပီး စကား​ေျပာလို႔​ေကာင္းတဲ့​ေနရာျဖစ္​သည္​။

"ဟိုတစ္​ခါ သားက်န႔္​ေျပာလိုက္​တဲ့ စကား​ေတြအတြက္​ရိ​ေပၚ​ေလးကို​အားနာ​ေနတာ"

"ရပါတယ္​...အန္​တီ​ေရွာင္း ရုတ္​တရက္​ဆို​ေတာ့ သူလည္းစိတ္​ပူသြားလို႔​ေနမွာပါ..."

"ရင္းရင္းႏွီးႏွီး မားလို႔ပဲ​ေခၚပါ.."

"..ဟုတ္​ကဲ့ မား..."

မားလို႔​ေခၚလိုက္​ေတာ့မွ​ေက်နပ္​သြားပံုရတဲ့ အန္​တီ​ေရွာင္းက

"သားငယ္​ေလးက ပန္းပင္​စိုက္​ရတာ ဝါသနာပါတာလား"

"ပန္းပင္​တိုင္း​ေတာ့ မဟုတ္​ဘူးဗ်...က်ဴးလစ္​ပန္းပဲ စိုက္​ျဖစ္​တာပါ"

"ဟုတ္​လား...မားက က်ဴးလစ္​ပန္းဆို အရမ္းႀကိဳက္​တာ"

"တကယ္​လို႔ အန္​တီ..အဲ...မားလိုခ်င္​တယ္​ဆိုရင္​ကြၽန္​ေတာ္​လက္​ေဆာင္​ေပးမယ္​ေလ"

"မားက ၿခံထဲမွာ စိုက္​ထားခ်င္​တာ အိမ္​အလုပ္​ေတြနဲ႔ အခ်ိန္​မ​ေပးႏိူင္​မွာ စိုးလို႔"

".........."

"ဒီလိုလုပ္​ပါလား...သားငယ္​ေလး အားတဲ့အခ်ိန္​မားအိမ္​ကိုလာၿပီး စိုက္​ေပး​ေလ။​ ​ေရ​ေလာင္း​ေပါင္းသင္​တာ​ေလာက္​ေတာ့ မားလုပ္​ႏိူင္​ပါတယ္​"

အန္​တီ​ေရွာင္းကို ကူညီ​ေပးခ်င္​ေပမယ့္​လည္း ထိုလူနဲ႔ မ​ေတြ႕ခ်င္​တာမို႔ အင္​တင္​တင္​ျဖစ္​ေနတဲ့ ရိ​ေပၚကို သတိထားမိသြားတဲ့ အန္​တီ​ေရွာင္းက

"သားငယ္​ေလး အဆင္​မ​ေျပလို႔လား။ စိတ္​မရိွပါနဲ႔ကြယ္​ သားငယ္​ေလးလည္း လုပ္​စရာ​ေတြ ရိွ​ေနမွာပဲ"

"အဲ့လို မဟုတ္​ပါဘူး မားရဲ႕။ မားအခု ကားပါလား မပါဘူးဆိုရင္​ ကြၽန္​ေတာ္​လိုက္​ပို႔​ေပးရင္းနဲ႔ တစ္​ခါထဲ စိုက္​ေပးခဲ့မယ္​ေလ"

"​ေက်းဇူးတင္​လိုက္​တာ သားငယ္​ေလးရယ္​ ခဏ​ေနာ္​...မား သားက်န႔္​ကို လာမႀကိဳ​ေတာ့ဖို႔ ဖုန္းဆက္​လိုက္​ဦးမယ္​"

ခပ္​လွမ္းလွမ္းမွာ ဖုန္းသြား​ေျပာ​ေနတဲ့ အန္​တီ​ေရွာင္းကို ၾကၫ့္​ၿပီး ရိ​ေပၚသက္​ျပင္းခ်မိသည္​။ ခင္​ဗ်ားနဲ႔ ျပႆနာမျဖစ္​ဖို႔​ေမ်ွာ္​လင့္​ရတာပဲ​ေရွာင္းက်န႔္​....

#fah🦄

Unicode

"ဝမ်​လေး ဒီ​နေ့ အ​စောကြီး နိုး​နေပါလား အပြင်​သွားစရာ ရှိလို့လား"

"ဟင့်​အင်း...ကျွန်​တော်​က ဒီ​နေ့က စပြီး​တော့ ဒယ်​ဒီ့ရဲ့ ကုမ္ပဏီမှာ အလုပ်​စဝင်​တော့မလို့"

ကျင်းဟိုင်​ကောက စားလက်​စကို ရပ်​တန့်​ကာ မျက်​နှာပျက်​သွားတာမို့

"ကျွန်​တော်​က အင်​တာဗျူး​အောင်​မှာ မ​သေချာလို့​ကောကို ကြိုမ​ပြောထားတာပါ စိတ်​မဆိုးနဲ့​နော်​ဟီးဟီး..."

"ဝမ်​လေးက အင်​တာဗျူး​ဖြေ​နေ​သေးတာလား "

"အွန်း...ဟုတ်​တယ်​ကျွန်​တော့်​ကို ဒယ်​ဒီရဲ့ အရှိန်​အဝါနဲ့ ရာထူးအမြင့်​ကြီးကို တန်းပြီးရတယ်​လို့​ပြောကြမှာ စိုးလို့​အောက်​ခြေက​နေ တစ်​ဆင့်​ချင်း သွားမလို့"

"ဟုတ်​ပါပြီကွာ....အခု​ရော ကုမ္ပဏီကို ဘာနဲ့သွားမှာလဲ "

"​လော​လောဆယ်​တော့ taxiနဲ့ပဲ သွားလိုက်​မယ်​။​နောက်​မှ​ကောက modelနည်းနည်း နိမ့်​တဲ့ ကားမျိုး ရှာ​ပေး​ပေါ့"

"taxiနဲ့ ဝမ်​လေးတစ်​ယောက်​ထဲ သွားရမှာ စိတ်​မချပါဘူး​ကောနဲ့ပဲ တစ်​ခါထဲ လိုက်​ခဲ့လိုက်​"

"ကုမ္ပဏီရဲ့ ဒါရိုက်​တာချုပ်​ကြီးနဲ့ ကားတစ်​စီးထဲ အတူလိုက်​စီးလို့ ဘယ်​ဖြစ်​မလဲ​ကောရ။​တော်​ကြာ အလုပ်​စဝင်​ချင်း​နေ့မှာပဲ​ပြောစရာ​တြွေဖစ်​နေပါဦးမယ်​.."

"အဲ့ဒါဆို ကျွန်​တော်​သွားပြီ​နော်​ကော ပထမဆုံးရက်​မှာ​နောက်​မကျချင်​လို့"

​လော​လော​လော​လောနဲ့ ထွက်​သွားတဲ့ ဝမ်​လေးကို ကြည့်​ပြီး ကျင်းဟိုင်​သ​ဘောတကျ ရယ်​မိသည်​။ ဒီ​ကောင်​လေး အခုချိန်​ထိ က​လေးစိတ်​မ​ပျောက်​သေးလို့သာ​ကျင်းဟိုင်​စိတ်​ချလက်​ချ​နေလို့ရတာ ဖြစ်​သည်​။

••••••••••••

ရိ​ပေါ်က က​နေဒါမှာ စီမံခန့်​ခွဲ​ရေးနဲ့ ပတ်​သတ်​ပြီး ဘွဲ့ရထားတာမို့ အလုပ်​ဝင်​စထဲက လက်​ထောက်​မန်​နေဂျာ ရာထူးကို တန်းပြီး ရ​တာဖြစ်​သည်​။ အလုပ်​စဝင်​ချင်း​နေ့ ဆို​တော့​ထွေ​ထွေထူးထူး လုပ်​စရာ သိပ်​မရှိပဲ ကုမ္ပဏီရဲ့ လုပ်​ငန်းစဉ်​တွေကို မန်​နေဂျာအမဆီက​လေ့လာကာ ရိ​ပေါ်လုပ်​ရမယ့်​အလုပ်​တွေကို ခွဲ​ဝေ​ပေးရင်းနဲ့ပဲ အချိန်​က ကုန်​လို့ ကုန်​မှန်းပင်​မသိလိုက်​ပေ။

ရိ​ပေါ်ရဲ့ ရာထူးက လက်​ထောက်​မန်​နေဂျာ ဆို​ပေမယ့်​အလုပ်​ဝင်​ပြီး တစ်​လ​လောက်​ကြာမှ မန်​နေဂျာရဲ့ လက်​တိုလက်​တောင်းသာ ဖြစ်​ကြောင်း သိရ​လေသည်​။

၅လွှာမှာရှိတဲ့ ကုမ္ပဏီရဲ့ ဌာန​ပေါင်းစုံက မန်​နေဂျာအကြီးတန်း​တွေက အာဏာပြလှမို့ ရိ​ပေါ်တို့လို လက်​ထောက်​လေး​တွေက တစ်​နေ့တစ်​နေ့ အထပ်​ပေါင်းစုံကို လှည့်​ပတ်​သွားလာရင်းပင်​အချိန်​ကုန်​နေရသည်​။

အ​ပေါ်ဆုံးထပ်​၁၀လွှာမှာက ညဘက်​အချိန်​ပိုဆင်းတဲ့အခါ ဥက္ကဌအတွက်​အနားယူရန်​ဖြစ်​ပြီး ဥက္ကဌနဲ့ ဒုဥက္ကဌ ဖြစ်​တဲ့ ဒယ်​ဒီနဲ့ မာမီရဲ့ ရုံးခန်းက ၉လွှာတွင်​ဖြစ်​သည်​။ ဒါရိုက်​တာချုပ်​ဖြစ်​သူ ကျင်းဟိုင်​ကောရဲ့ ရုံးခန်းက​တော့ ဒီဇိုင်​နာအဖွဲ့နဲ့အတူ ၈လွှာမှာ ရှိ​ပေမယ့်​များ​သောအားဖြင့်​တော့ ကျင်းဟိုင်​ကောက တစ်​ခြားရုံးခွဲ​တွေဘက်​ရောက်​နေတတ်​တာမို့ ကုမ္ပဏီမှာ သိပ်​မ​တွေ့ရ​ပေ။

​အောက်​ခြေသိမ်း အလုပ်​အကုန်​ကို ရိ​ပေါ်တို့လို လက်​ထောက်​လေး​တွေက လုပ်​ရတာဖြစ်​ပြီး အ​ပေါ်ယံနှမ်းဖြူသည့်​အလုပ်​ကို မန်​နေဂျာ​တွေက လုပ်​ကာ ဒုဥက္ကဌကို တင်​ပြရသည်​။ ဒုဥက္ကဌကမှ တစ်​ဆင့်​ဥက္ကဌကို တင်​ပြတာမို့ ကုမ္ပဏီတစ်​ခုထဲမှာ လုပ်​နေ​ပေမယ့်​ရိ​ပေါ်တို့ ဆုံတဲ့အချိန်​က ရှားပါးလှသည်​။

ဒီ​နေ့​တော့ ဌာန​ပေါင်းစုံက မန်​နေဂျာအဖွဲ့နဲ့အတူ ဥက္ကဌက သီးသန့်​အစည်းအ​ဝေး လုပ်​ဖို့​ပြောတာ​ကြောင့်​ကုမ္ပဏီမှာ အလုပ်​ဝင်​တဲ့ အချိန်​ကစပြီး ဒယ်​ဒီနဲ့ ပထမဆုံးအကြိမ်​အလုပ်​ရှင်​နဲ့ အလုပ်​သမားအဖြစ်​တွေ့ရမှာဖြစ်​သည်​။

ရိ​ပေါ်တို့ အစည်းအ​ဝေးခန်းထဲ​ရောက်​ပြီး ၁၀မိနစ်​လောက်​အကြာမှာ​တော့ ဒယ်​ဒီက အစည်းအ​ဝေးခန်းထဲကို စတိုင်​ကျစွာ ဝင်​လာသည်​။ ရိ​ပေါ်ဘက်​ကို တစ်​ချက်​က​လေး​တောင်​လှမ်းမကြည့်​တာ​ကြောင့်​နည်းနည်း​တော့ စိတ်​ကောက်​ချင်​မိ​ပေမယ့်​လည်း ဒယ်​ဒီက စကားစ​ပြောဖို့ ပြင်​နေတာ​ကြောင့်​သေချာအာရုံ စိုက်​ထားမိသည်​။

တစ်​နာရီကြာ အစည်းအ​ဝေးလုပ်​ပြီးတဲ့ အခါမှာ​တော့ ဒယ်​ဒီက အစည်းအ​ဝေးခန်းထဲက ပြန်​ထွက်​သွားပြီး မန်​နေဂျာ​တွေက​တော့​ခေါင်းချင်​ဆိုင်​နေကြ​လေသည်​။ အ​ကြောင်းအရာက​တော့ နာမည်​ကြီး clothing brandတစ်​ခုက ဒယ်​ဒီတို့ကုမ္ပဏီက ဒီဇိုင်​နာအဖွဲ့နဲ့ ပူး​ပေါင်းပြီး​လာမယ့်​နွေရာသီအတွက်​သီးသန့်​ဒီဇိုင်းထုတ်​ဖို့ ကမ်းလှမ်းလာတာဖြစ်​သည်​။

မန်​နေဂျာ​တွေ​ခေါင်းချင်းဆိုင်​နေတုန်း ခိုးငိုက်​ဖို့ ပြင်​နေတဲ့ ရိ​ပေါ်က ရုတ်​တရက်​နာမည်​အ​ခေါ်ခံ လိုက်​ရတာမို့ သတိအ​နေအထားဖြင့်​ကိုယ်​ကို မတ်​ထားလိုက်​သည်​။

"ဒီကသွားမယ့်​ဒီဇိုင်​နာအဖွဲ့ကို အုပ်​ချုပ်​ဖို့အတွက်​ရိ​ပေါ်က လိုက်​သွားလိုက်​နော်​ဖြစ်​တယ်​မလား"

"..ဗျာ...ကျွန်​တော်​က ဒီဇိုင်းပိုင်းမှ မကျွမ်းကျင်​ပဲဗျ..ဖြစ်​ပါ့မလား"

ရိ​ပေါ်က ထိတ်​ထိတ်​ပျာပျာဖြင့်​ငြင်း​တော့ အားလုံးက တညီတညွတ်​တည်း​ခေါင်းငြိမ့်​ပြလာကြသည်​။

"ဖြစ်​ပါတယ်​ရိ​ပေါ်ရယ်​ဒီဇိုင်​နာအဖွဲ့က သူတို့ဘာသာ ဒီဇိုင်းဆွဲမှာ​လေ။ ရိ​ပေါ်ရဲ့အလုပ်​က သူတို့ကို နည်းနည်း​ပါးပါး ထိန်း​ကျောင်း​ပေးဖို့ပဲ"

ဒီဇိုင်​နာအဖွဲ့က ရိ​ပေါ်ရဲ့ သားသမီး​တွေမို့လို့ ရိ​ပေါ်က ထိန်း​ကျောင်း​ပေးရမှာလား..။ တစ်​ချို့ဒီဇိုင်​နာ​တွေဆို ရိ​ပေါ်ထက်​တောင်​အသက်​ကြီး​သေးတာ။ ပြီး​တော့ ရိ​ပေါ်က အလုပ်​ဝင်​တာမှ မကြာ​သေးဘူး။ အခုမှ အလုပ်​စဝင်​တဲ့သူကို​ချက်​ချင်းကြီး သူတို့က အဲ့​လောက်​တောင်​ယုံကြည်​သွားကြတာလား...။

စိတ်​ထဲမှာ​တော့ အ​တွေး​ပေါင်းစုံ ဖြစ်​နေ​ပေမယ့်​အပြင်​မှာ​တော့ မအီမသာနဲ့​ခေါင်းငြိမ့်​လိုက်​ရသည်​။

​နေ့လည်​ထမင်းစားချိန်​ရောက်​တော့ ပထမထပ်​မှာရှိတဲ့ ကန်​တင်းကိုဆင်းလာရင်း ဓာတ်​လှေကား​စောင့်​နေတဲ့ ဝန်​ထမ်းအချို့ဆီက စကားသံ​ကြောင့်​အကွယ်​တွင်ရပ်​ပြီး နား​ထောင်​နေလိုက်​သည်​။

"ဟဲ့​နောက်​အပတ်​ကျရင်​ငါတို့ကုမ္ပဏီက ဒီဇိုင်​နာအဖွဲ့က ပူး​ပေါင်းဖို့ ကမ်းလှမ်းထားတဲ့ ကုမ္ပဏီကို သွားရ​တော့မှာဆို.."

"ဟုတ်​တယ်​ဟ...ငါ​တော့ သူတို့အစား​ခေါင်းကြိမ်းတယ်​"

"ဘာဖြစ်​လို့လဲဟ"

"နင်​မသိ​သေးဘူးလား ပူး​ပေါင်းမယ့်​ကုမ္ပဏီက ဟို လူသားစက်​ရုပ်​ရဲ့ ကုမ္ပဏီ​လေ"

"ဟယ်​တကယ်​ကြီးလား..."

"တကယ်​ပေါ့ဟ မန်​နေဂျာ​တွေ​တောင်​အဲ့ဘက်​ကို မသွားချင်​လို့ ဟိုလူသစ်​လေးကို ထည့်​ပေးလိုက်​မှာတဲ့"

"အဲ့ဒါဆိုရင်​လူသစ်​လေးအတွက်​တော့ ကြိုဆု​တောင်း​ပေးလိုက်​ကြရ​အောင်​လေ ဟားဟား..."

အတင်း​ပြော​နေတဲ့ ဝန်​ထမ်း​တွေ ဓာတ်​လှေကားထဲ ဝင်​သွားသံကြား​တော့မှ ရိ​ပေါ်ထို​နေရာမှ ထွက်​လာခဲ့လိုက်​သည်​။

သူတို့​ပြောတဲ့ လူသားစက်​ရုပ်​ဆိုတာ ဘယ်​သူမို့လို့လဲ...။ ဒီဇိုင်​နာအဖွဲ့ရဲ့ အုပ်​ထိန်းသူအဖြစ်​ရိ​ပေါ်ကို ယုံကြည်ပြီး​လွှတ်​တယ်​ဆို​တော့ ကိုယ့်​ကိုယ်​ကို​တော်​လှပြီ ထင်​နေတာ။ လတ်​စသတ်​တော့ သူတို့မသွားချင်​လို့ ရိ​ပေါ်ကို တွန်းလွှတ်​လိုက်​တာပဲ။ ဒီလူ​တွေက​တော့....။

•••••••••••••

အလုပ်​ပိတ်​ရက်​မို့ ခြံထဲဆင်းပြီး စိုက်​ထားတဲ့ ကျူးလစ်​ပင်​လေး​တွေကို​ရေ​လောင်း​ပေး​နေရင်း အပင်​အား​ဆေးက ကုန်​ခါနီးပြီမို့ မြို့ပြင်​နားက ပန်းဆိုင်​ကို ထွက်​လာခဲ့လိုက်​သည်​။

​ရောက်​တုန်း​ရောက်​ခိုက်​ခြံအ​နောက်​ဘက်​က ပို​နေတဲ့​မြေကွက်​လပ်​လေးမှာစိုက်​ဖို့ ကျူးလစ်​မျိုးကွဲ​လေး​တွေ​ရွေး​နေရင်း ရိ​ပေါ်နာမည်​ကို​ခေါ်သံကြားတာမို့ လှည့်​ကြည့်​လိုက်​တော့

"..အန်​တီ​ရှောင်း..."

"ရိ​ပေါ်​လေးကို​တွေ့ချင်​နေတာနဲ့အ​တော်​ပဲ"

"ဟုတ်​ကဲ့ အန်​တီ​ရှောင်း​ခြေ​ထောက်​ရော သက်​သာရဲ့လားဗျ"

"သက်​သာပါတယ်​ကွယ်​ခဏ​လောက်​ထိုင်​ပြီး စကား​ပြောကြမလား"

ပန်းလာဝယ်​တဲ့သူ​တွေ အနားယူလို့ရ​အောင်​လုပ်​ပေးထားတဲ့ ကျွန်းသားစားပွဲဝိုင်း​လေးက အရိပ်​လည်းရတာမို့​အေး​အေး​ဆေး​ဆေး ထိုင်​ပြီး စကား​ပြောလို့​ကောင်းတဲ့​နေရာဖြစ်​သည်​။

"ဟိုတစ်​ခါ သားကျန့်​ပြောလိုက်​တဲ့ စကား​တွေအတွက်​ရိ​ပေါ်​လေးကို​အားနာ​နေတာ"

"ရပါတယ်​...အန်​တီ​ရှောင်း ရုတ်​တရက်​ဆို​တော့ သူလည်းစိတ်​ပူသွားလို့​နေမှာပါ..."

"ရင်းရင်းနှီးနှီး မားလို့ပဲ​ခေါ်ပါ.."

"..ဟုတ်​ကဲ့ မား..."

မားလို့​ခေါ်လိုက်​တော့မှ​ကျေနပ်​သွားပုံရတဲ့ အန်​တီ​ရှောင်းက

"သားငယ်​လေးက ပန်းပင်​စိုက်​ရတာ ဝါသနာပါတာလား"

"ပန်းပင်​တိုင်း​တော့ မဟုတ်​ဘူးဗျ...ကျူးလစ်​ပန်းပဲ စိုက်​ဖြစ်​တာပါ"

"ဟုတ်​လား...မားက ကျူးလစ်​ပန်းဆို အရမ်းကြိုက်​တာ"

"တကယ်​လို့ အန်​တီ..အဲ...မားလိုချင်​တယ်​ဆိုရင်​ကျွန်​တော်​လက်​ဆောင်​ပေးမယ်​လေ"

"မားက ခြံထဲမှာ စိုက်​ထားချင်​တာ အိမ်​အလုပ်​တွေနဲ့ အချိန်​မ​ပေးနိူင်​မှာ စိုးလို့"

".........."

"ဒီလိုလုပ်​ပါလား...သားငယ်​လေး အားတဲ့အချိန်​မားအိမ်​ကိုလာပြီး စိုက်​ပေး​လေ။​ရေ​လောင်း​ပေါင်းသင်​တာ​လောက်​တော့ မားလုပ်​နိူင်​ပါတယ်​"

အန်​တီ​ရှောင်းကို ကူညီ​ပေးချင်​ပေမယ့်​လည်း ထိုလူနဲ့ မ​တွေ့ချင်​တာမို့ အင်​တင်​တင်​ဖြစ်​နေတဲ့ ရိ​ပေါ်ကို သတိထားမိသွားတဲ့ အန်​တီ​ရှောင်းက

"သားငယ်​လေး အဆင်​မ​ပြေလို့လား။ စိတ်​မရှိပါနဲ့ကွယ်​သားငယ်​လေးလည်း လုပ်​စရာ​တွေ ရှိ​နေမှာပဲ"

"အဲ့လို မဟုတ်​ပါဘူး မားရဲ့။ မားအခု ကားပါလား မပါဘူးဆိုရင်​ကျွန်​တော်​လိုက်​ပို့​ပေးရင်းနဲ့ တစ်​ခါထဲ စိုက်​ပေးခဲ့မယ်​လေ"

"​ကျေးဇူးတင်​လိုက်​တာ သားငယ်​လေးရယ်​ခဏ​နော်​...မား သားကျန့်​ကို လာမကြို​တော့ဖို့ ဖုန်းဆက်​လိုက်​ဦးမယ်​"

ခပ်​လှမ်းလှမ်းမှာ ဖုန်းသွား​ပြော​နေတဲ့ အန်​တီ​ရှောင်းကို ကြည့်​ပြီး ရိ​ပေါ်သက်​ပြင်းချမိသည်​။ ခင်​ဗျားနဲ့ ပြဿနာမဖြစ်​ဖို့​မျှော်​လင့်​ရတာပဲ​ရှောင်းကျန့်​....


#fah🦄

Continue Reading

You'll Also Like

218K 18.1K 24
မက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... __________________________👑 မက္မြန္ပြင့္ေလးနဲ႕တူတဲ့ ၾ...
15.9K 482 12
နန်းတွင်း fic ပါ..စိတ်ကူးယဥ်သက်သက်ပါ။(Zawgyi @ uni) Os..များစုစည်းပြီးတော့ တင်ပေးသွားမှာပါ။ နန်းတွင်း only ပါ။
369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."