မြတင့်

By Lwin_Sue_Taungoo

1.7M 202K 35.7K

Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်... More

မြတင့်
(၁)[Unicode]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
❣️Beautiful❣️
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)Final
(၁) [Zawgyi]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၄)
(၃၅)(Final)

(၃၃)

5.8K 626 20
By Lwin_Sue_Taungoo

ကိုလှသောင်သည် မြတင့်အိမ်၌ လုပ်စရာရှိသည်များ လုပ်ပေးပြီးသည့်နောက်တွင် သူ၏လက်စွဲတော် အော်စတင်ကားလေးကို မောင်းနှင်ကာ ပြန်သွားတော့သည်။

ဤခြံဝင်းကျယ်ကြီးထဲတွင် နောက်ဆုံးကျန်ရစ်ခဲ့သူမှာ မြတင့်တစ်ယောက်တည်းသာ။

မြတင့်နံဘေးမှာ ဘယ်သူမှမရှိတော့။ ပန်းနုရောင် ပုံရိပ်ကလေး၏ အနားတစ်ဝိုက်တွင် လိပ်ပြာကလေးတစ်ကောင်တောင် လာရောက်ပျံသန်းခြင်းမရှိ။

ခြောက်ကပ်နေခဲ့သည်။ မြတင့်သည် ချောက်ချားဖွယ်ကောင်းသည့် ဤတိတ်ဆိတ်မှုကြီးအား အလိုမရှိ။

ခဏအကြာတွင် တစ်ဖက်ခြံမှ လူသံသူသံများ ကြားလာရသည်။ သို့နှင့် မြတင့်သည် အိမ်ထဲသို့ ခပ်သုတ်သုတ်ကလေးပြေးဝင်လာခဲ့မိပါ၏။

မင်္ဂလာပွဲပြီးလာပြီ ထင်သည်။

မြတင့်သည် သူ၏ စိတ်ထဲတွင်တော့ လွန်းမောင်မှာ သူ့အား နောက်ဆုံးအကြိမ်အဖြစ် လာတွေ့ပါဦးမည်ဟု တိတ်တိတ်ကလေး မျှော်လင့်နေမိသည်။

သည်တစ်ခါလာတွေ့ရင်တော့ဖြင့် မောင့်အား နောက်ဆုံးအကြိမ်အဖြစ် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပစ်လိုက်အုန်းမည်။

သို့ပါသော်ငြား လွန်းမောင်သည် ရောက်မလာခဲ့ပါချေ။

တစ်ချိန်တစ်ခါက မြတင့်သည် အချစ်ထံမှ ထွက်ပြေးခဲ့ဖူးသည်။ အခုတစ်ခါတွင်တော့ ထွက်မပြေးလိုတော့။ ထွက်ပြေးရန် အင်အားလည်း မြတင့်ထံ မကျန်တော့။

သို့သော် အချစ်က မြတင့်ထံမှ ထွက်ပြေးသွားခဲ့သည်။ ထို့နေ့ ညနေ၌ပင် လွန်းမောင်နှင့် အဆန်းတို့သည် ရန်ကုန်ဆင်းသွားခဲ့ကြပါ၏။

အဆန်းမှာ ရန်ကုန်၌ ကောလိပ်တက်နေတုန်းမို့ လွန်းမောင်သည်လည်း ရန်ကုန်သို့ လိုက်ပါသွားကာ ရန်ကုန်၌ပင် အလုပ်လုပ်မည်ဟု ကြားမိသည်။

မြတင့်သည် ကလေးဆန်စွာ တွေးနေမိပါ၏။

သူသည် လွန်းမောင်အား ဖယ်ခွာပစ်လိုက်သောသူပင် ဖြစ်လင့်ကစား အမှန်တကယ် လွန်းမောင် သူ့ထံမှ ထွက်သွားသောအချိန်တွင် အတွင်းစိတ်ထဲ၌ သေးသေးကလေး စိတ်ဆိုးမိသည်။

သူ့ဘက်မှ လွန်းမောင်အား အရင်ကျောခိုင်းပစ်လိုက်ပါသည်ဆိုဦးတော့ လွန်းမောင်ဘက်က သူ့အား အတင်းတွယ်ကပ်နေသင့်သေးသည် မဟုတ်ပါလားဟူ၍လည်း တွေးနေမိပါသေးသည်။

မိမိဆန္ဒမပါလျှင်တောင် မိမိ၏လက်အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ဤပတ်ဝန်းကျင်နှင့် ဝေးရာဆီ အတင်းအဓမ္မခေါ်ဆောင်သွားပေးသင့်သည် မဟုတ်ပါလား။

မောင်ဟာ လွယ်လွယ်နဲ့ လက်လျှော့တတ်တာပဲ။

မြတင့်ဘက်မှ သွေးအေးပစ်လိုက်သည်နှင့် အလိုလိုအေးစက်သွားကြမည့် ဆက်ဆံရေးများသာ ဖြစ်၏။ ထွက်သွားလို့ ပြောလိုက်သည်နှင့် တကယ်ထွက်သွားကြမည့် သူများသာဖြစ်၏။

နောက်ဆုံးတော့ မြတင့်၏ ဘဝတွင် မြတင့်တစ်ယောက်သာ ကျန်ရစ်ခဲ့ရသည်။

မြတင့်မှာ လွန်းမောင် ထွက်ခွာသွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

မောင် မြကို စိတ်ကုန်သွားပြီလား။

ဤမေးခွန်းအား အဖြေပေးမည့်သူ မရှိ။

မောင် စိတ်ကုန်သွားလည်း ကုန်ပါစေတော့။

မောင်ကတော့ မြရောဂါတွေကို မသိလည်း ဖြစ်ပါတယ်။

မောင့်ကို နောက်ဆံမတင်းစေချင်ဘူး။

မောင့်ဘဝဟာ မြမပါလည်း လှနေဦးမှာပါ။

သို့နှင့် မြတင့်သည် အိမ်ထဲ ပြန်ဝင်လာခဲ့ပါ၏။ မြတင့်သည် ကုတင်ပေါ်တွင် အသာလဲလျောင်းရင်း တင်းထားသမျှသော စိတ်အစဉ်တို့ကို လွှတ်ချပစ်လိုက်ပါ၏။

မြတင့်ထံတွင် ဘယ်သူမှမရှိတော့။ တဆစ်ဆစ်နာကျင်နေသော ဝေဒနာတို့သာ ရှိတော့၏။ ထို့နောက် မြတင့်သည် သည်းထန်စွာ ချောင်းဆိုးလာ၏။

နီညိုရောင်ပုဝါလေးကို မသုံးဘဲ အဖြူရောင်ပုဝါလေးကို သုံးလိုက်ပါသောကြောင့် ပါးစပ်မှ ထွက်အံကျလာလေသော သွေးစတို့အား ထင်ထင်ရှားရှားတွေ့လိုက်ရပါ၏။

သွေးတွေမှာ မနည်းမနော။ ထို့အပြင် မဲညစ်နေသည်။ ချောက်ချားစရာကောင်းလွန်းလှ၏။ သို့ရာတွင် အနားမှာ ဘယ်သူမှ ရှိမနေခဲ့။ သူ၏ ဝေဒနာတို့အား နှစ်သိမ့်ပေးမည့်သူ မရှိ။ မြတင့်အနားတွင် မြတင့်တစ်ယောက်သာ ရှိ၏။

"မြဘဝလည်း ပြီးဆုံးတော့မှာပါ မောင်၊ ခဏလေးပဲ လိုတော့တာပါလေ"

မြတင့်သည် သွေးစများကို သုတ်ပစ်လိုက်ပြီးနောက် ကုတင်ပေါ်မှ အသာထလိုက်သည်။ ထို့နောက် စာရေးစားပွဲလေးဆီ သွားလိုက်ပြီးနောက် ဖောင်တိန်ထဲသို့ မင်ဖြည့်သည်။

ဝါကြင့်ကြင့်စာရွက်ကလေးပေါ်တွင် စာလုံးအနည်းငယ်ကို ချရေးလိုက်ပါ၏။

"စံပယ်တွေက သိပ်မွှေးတာပဲကွယ်...၊ မြတော့ သဘောကျမိပါရဲ့၊ ဒါပေမယ့် မြတ်သိန်းရယ်..၊ ကြာကြာနမ်းတော့ မူးလာပါရောလား.."

ထို့နောက် ဘာဆက်ရေးရမှန်း မသိတော့။ သို့နှင့် ဖောင်တိန်ကို အသာချလိုက်ကာ စီးကရက်တစ်လိပ်ကို မီးညှိ၍ ဖွာရှိုက်လိုက်၏။

တစ်ဖွာပြီး တစ်ဖွာ၊ တစ်လိပ်ပြီး တစ်လိပ် သောက်နေမိသည်။ တားမည့်သူမရှိ၊ ဆူမည့်သူမရှိ။

ခဏအကြာတွင် မြတင့်သည် ခြံထဲ ဆင်းချင်စိတ်ပေါက်လာပြန်ပါ၏။ အပြင်ဘက်တွင် ချမ်းစိမ့်နေသော်လည်း မြတင့်သည် အနွေးထည်မဝတ်ခဲ့ပါချေ။ အနွေးဓာတ်ဟူ၍ မြတင့်နှုတ်ခမ်းရှိ စီးကရက်မီးသာ ရှိ၏။

တစ်ချိန်တစ်ခါက လွန်းမောင်နှင့်အတူ ညကြီးမိုးချုပ် ခြံထဲထိုင်ခဲ့ကြဖူးသည်ကို အမှတ်ရမိ၏။ ယခုအခါ၌ မြတင့်တစ်ယောက်တည်းသာ ကျန်တော့သည်။

မြတင့်သည် ချမ်းစိမ့်လှသော ဆောင်းရာသီကြီးထဲတွင် အနွေးထည်မဝတ်ပါဘဲနှင့် ခြံထဲ ဆင်းထိုင်နေမိသည်။ မြတင့်က ဘယ်သူ့ကိုများ ငဲ့နေရပါအုန်းမည်နည်း။ ဘဝ၏ နောက်ဆုံးအချိန်မှာတော့ ကိုယ့်ဆန္ဒအတိုင်း နေကြည့်ချင်သေးသည်။

စီးကရက် ၃ လိပ်လောက်ကုန်သည့်အခါမှသာ အိမ်ထဲပြန်ဝင်လာခဲ့ပါ၏။ မြတင့်၏ ခန္ဓာကိုယ်သည် အအေးဒဏ်အား လုံးဝခံနိုင်ရည်မရှိတော့။

နောက်ထပ်မိနစ်အနည်းငယ်လောက်သာ ထပ်နေလိုက်ပါလျှင် မြတင့် မူးလဲသွားနိုင်သည်။ သေလျှင်တောင် သေသွားနိုင်ပါသေးသည်။

မြတင့်သည် လေးဖင့်သော ခြေလှမ်းများဖြင့် အိမ်ထဲပြန်ဝင်လာခဲ့မိ၏။ အခန်းထဲရောက်သော်လည်း ချက်ချင်းမအိပ်။ ဝီစကီကို မူးအောင် သောက်နေမိသေးသည်။

နောက်ဆုံး အသိစိတ်မရှိတော့သည့်အထိ သောက်ပစ်လိုက်ပြီးမှ ကုတင်ထက်တွင် ဝင်အိပ်လိုက်မိသည်။ အခန်းပြတင်းမပိတ်၊ အနွေးထည်မဝတ်၊ စောင်မခြုံဘဲ အိပ်ပစ်လိုက်တော့သည်။

ထို့နောက်တွင် တောင်စဉ်ရေမရ အိပ်မက်တွေ လျှောက်မက်နေမိသည်။

အိပ်မက်ထဲတွင် မြတင့်သည် တစ်နေရာရာသို့ရောက်နေသည်။ အို မှောင်လိုက် မည်းလိုက်တာလည်း လွန်ပါရော။ မြတင့်သည် ကြောက်လွန်းလှသဖြင့် နှုတ်ဖျားမှ "မောင်..မောင်..မောင်"ဟူ၍ ခေါ်နေမိသည်။

ကျောစိမ့်ဖွယ်ကောင်းသော ရယ်သံကြီးနှင့်အတူ လွန်းမောင်သည် မြတင့်ထံပါးသို့ ရောက်လာပါ၏။

မျက်ဝန်းတွေက မောင်နဲ့မတူလိုက်တာ။

မောင် မြကို ဘယ်လိုကြည့်နေတာလဲ။

မြတင့်သည် လွန်းမောင်ထံသို့ အပြေးသွားကာ ဖက်လိုက်သော်လည်း ဝမ်းဗိုက်နေရာမှ နာကျင်မှုကိုသာ ခံစားလိုက်ရပါ၏။ လွန်းမောင်သည် သူ့အား ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်၏။

ထို့နောက်တွင် မြတင့်၏ ပါးစပ်၊ နှာခေါင်း၊ နားရွက်များမှလည်း သွေးများထွက်ကျလာသည်။ မဲညစ်ညစ်သွေးများက ကြောက်စရာ။

မြတင့်သည် ကြောက်လွန်းလှသဖြင့် အော်ဟစ်နေမိသည်။

"မြတင့်...သတိထားဦးလေ"

ဤအသံကား ကိုလှသောင်၏ အသံပင်ဖြစ်၏။ မြတင့်သည် အားယူကာ မျက်စိဖွင့်ကြည့်လိုက်သည့်အခါ ရောက်နေသော နေရာသည် မြတင့်အခန်းမဟုတ်ပါချေ။

"ခင်ဗျား သတိမေ့နေတာ သုံးရက်တောင် ရှိပြီ"

မြတင့်သည် မန္တလေးဆေးရုံကြီးသို့ ရောက်နေခဲ့ခြင်းဖြစ်၏။ ထို့နေညက အိပ်ပစ်လိုက်ပြီးနောက်တွင် မြတင့်သည် အဖျားတက်ကာ သတိပြန်မလည်လာတော့။ နောက်နေ့မနက် ကိုလှသောင်ရောက်လာမှ ဆေးရုံအမြန်တင်လိုက်ရခြင်း ဖြစ်၏။

မြတင့်သည် သူ့လက်ရှိ ဆေးပိုက်ကို ကြည့်ပြီး ရယ်သည်။

"မြဟာလေ အသက်ကိုပြင်းလွန်းတယ်၊ သေစရာရှိ သေလိုက်ပါတော့လား"

ကိုလှသောင်သည် မြတင့်၏ ချောင်ကျသွားသော မျက်နှာလေးအား ငေးနေမိသည်။

"မြတင့်...၊ ခင်ဗျားဟာ သိပ်ဆိုးတာပဲကွယ်"

"ဒါဆိုလည်း မြကို ထားခဲ့လိုက်ပါတော့လေ၊ မြက တစ်ယောက်တည်းလည်း ဖြစ်ပါတယ်၊ ကိုလှသောင် ဒုက္ခတွေ ပိုပါတယ်"

"မြတင့်..ခင်ဗျားဟာ ဒုက္ခအိုးလေးပဲ"

မြတင့် သိနေသည်။ ဆရာဝန်များက သူ့ကို လက်လျှော့လိုက်ပြီဟူသည်ကို သိနေခဲ့သည်။ မြတင့်မှာ သူ့ကိုယ်သူလည်း သိသည်။ သူ အခြေအနေမဟန်တော့။

သူဟာ ထွက်သွားရဖို့ တစ်ရက်ပြီး တစ်ရက် နီးသထက်နီးလာပြီမှန်း အလိုလိုသိနေခဲ့သည်။

သို့ဖြစ်၍ မြတင့်အား အိမ်သို့သာ ပြန်ခေါ်ခဲ့ရသည်။

ကိုလှသောင်သည် သိပ်ကို တော်လွန်းလှသည်။ မြတင့်၏ နံဘေးတွင် အချိန်ပြည့်နေပေးကာ ပြုစုစောင့်ရှောက်ပေးရှာသည်။

မြတင့်၏ ချီးဝတ်သေးဝတ်ကအစ အကုန်လျှော်ဖွတ်ပေးသည်။ မြတင့်အား အချိန်မှန် ဆေးတိုက်ပေးသည်။ သို့သော်လည်း မြတင့်က မသောက်ပါချေ။

မြတင့်သည် သေမည့်ရက်ကိုသာ စောင့်နေခဲ့သည်။ ဝီစကီလည်း သောက်နေမြဲ၊ စီးကရက်လည်း သောက်နေမြဲ။ တားမရဆီးမရ မိုက်လွန်းလှသည်။

ရံဖန်ရံခါတွင် ကိုလှသောင်သည် ပြောမိပါသေး၏။

"ခင်ဗျားသေရင် ကျုပ်လည်း လိုက်ခဲ့မယ်"

ထိုအခါမျိုးဆိုလျှင် မြတင့်က ခနဲ့တဲ့တဲ့ရယ်၏။ ပြီးလျှင် ခပ်တိုးတိုးဆို၏။

"သဘောပါလေ၊ သေချင်သေ ရှင်ချင်ရှင် မြ အလုပ်မဟုတ်ပါဘူး"

ယခုလည်း မြတင့်သည် ခြံထဲရှိ ပုခတ်လေးပေါ်တွင် ထိုင်နေလေသည်။ ကိုလှသောင်မှာ အရေးပိုင်မင်းဟူသည့် ဂုဏ်ပုဒ်ကိုပင် မထောက်ဘဲ ရေထမ်းပုံးဖြင့် ပန်းပင်များကို ရေလောင်းနေပါ၏။

မြတင့်သည် တစ်စုံတစ်ခုအား တွေးတောနေဟန်ရှိ၏။

"တွေးကြည့်မယ်ဆို မြဘဝကြီးဟာ ငိုချပစ်ချင်စရာကြီးနော် ကိုလှသောင်"

ကိုလှသောင်မှာ ရေထမ်းပုံးများကို အသာချ၍ မြတင့်အနီးသို့ ရောက်လာပါ၏။ ထို့နောက် မြတင့်နဖူးပေါ်ဝဲကျနေသည့် ဆံပင်များကို သပ်တင်ပေးလိုက်လေသည်။

"ငိုစရာတွေကိုပဲ တွေးမနေနဲ့"

မြတင့်က ဆွေးဆွေးကလေး ပြောလာပါ၏။

"ပျော်စရာရယ်လို့လဲ သိပ်မရှိပါဘူး၊ အင်း..အခုအချိန်မှာတော့ မြ ပျော်နေတယ်၊ မြဟာ သေရတော့မယ်တဲ့လေ၊ မြ လွတ်မြောက်တော့မယ်၊ မြဘဝကြီး အေးချမ်းတော့မယ် ၊ ပျော်စရာကြီးပါ ကိုလှသောင်ရယ်"

စကားအများကြီး ပြောလိုက်၍ထင်သည် မြတင့် မောဟိုက်လာသည်။ ချောင်းဆိုးလာသည်။ သွေးပါလာသည်။

"အပြင်မှာ အေးတယ် မြတင့်၊ အထဲပြန်ဝင်ရအောင်"
________

Continue Reading

You'll Also Like

695K 78.6K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
57.5K 5.8K 51
ဘာသာပြန်သူ စွဲညို့အသင်း
496K 50K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
227K 23.4K 106
ဘာသာပြန်သူ - စွဲညို့အသင်း