မြတင့်

By Lwin_Sue_Taungoo

1.8M 206K 36K

Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်... More

မြတင့်
(၁)[Unicode]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
❣️Beautiful❣️
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)Final
(၁) [Zawgyi]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၃)
(၃၄)
(၃၅)(Final)

(၃၂)

4.5K 642 31
By Lwin_Sue_Taungoo

အချစ်သည် အရှုံးသာဖြစ်၏။ ချစ်မိလိုက်သည်နှင့် လူတို့သည် အချစ်ထံတွင် ကျရှုံးကြရ၏။ အချစ်သည် လူတို့အား စေလိုရာစေ လုပ်တတ်ကြသည်။

အချို့သောချစ်ခြင်းမေတ္တာတို့သည် အေးမြကာ ကြည်နူးဖွယ်ကောင်းသလောက် အချို့သောချစ်ခြင်းမေတ္တာတို့သည် နာကျင်ဖွယ် ကောင်းလွန်းလှသည်။

တကယ်တော့ အချစ်ဟူသည် ကြောက်စရာပင်ဖြစ်ချေ၏။ အချစ်နှင့် ထိတွေ့မိသူတို့သည် အမှားအမှန်ဟူသည်ထက် ချစ်ရသူ မနာကျင်စေဖို့ တတ်အားသရွေ့ ကြံစည်ကြပြန်ပါ၏။ ချစ်ရသူမှာ ကိုယ့်ကြောင့် မပျော်ရွှင်ရဘူးဆိုလျှင်တောင် ကိုယ့်ကြောင့် အနာတရမဖြစ်စေချင်၊ မနာကျင်စေလိုကြပါချေ။

ကိုယ်သာလျှင် အနစ်နာခံလိုက်မည်။ ကိုယ်သာလျှင် နာကျင်ပစ်လိုက်မည်။ ကိုယ်သာလျှင် ပြိုလဲကြေကွဲပစ်လိုက်မည်။

ဤသည်မှာ မြတင့် ထိတွေ့မိလေသည့် အချစ်သာဖြစ်၏။

မြတင့်၏ဘဝတွင် သိပ်ချစ်ရသော ယောက်ျားနှစ်ဦးရှိ၏။ လွန်းမောင်နှင့် မြတ်သိန်း။

မြတင့်သည် လွန်းမောင်အား သိပ်ချစ်သည်။ မြတင့် လွန်းမောင်အား ချစ်သောအချစ်တို့သည် အရောင်ပါ၏။ ပိုင်ဆိုင်လို၏။ မခွဲမခွာ အတူရှိချင်၏။ လွန်းမောင်အား အနည်းငယ်မျှပင် မထိခိုက်စေလိုပါချေ။

မြတ်သိန်းအပေါ် ချစ်သောအချစ်တို့သည် အဖြူထည်သက်သက်သာ။ မြတ်သိန်းအား မိသားစုဝင်တစ်ယောက်နှယ်၊ သူငယ်ချင်းတစ်ယောက်နှယ်၊ ညီတစ်ယောက်နှယ် ချစ်လွန်းလှ၏။

မြတင့်သည် ဤယောက်ျားနှစ်ယောက်အား ထပ်တူထပ်မျှပင် ချစ်၏။ ချစ်ပုံချစ်နည်းချင်း မတူသော်လည်း အကြင်လူသားနှစ်ယောက်အပေါ်ဝယ် ထားရှိသည့် မထိခိုက်၊ မနာကျင်စေလိုသည့် ဆန္ဒမှာတော့ အတူတူပင်ဖြစ်၏။

မြတင့်သည် စံပယ်ပန်းဖြူဖြူကလေးများကို နမ်းရှိုက်လိုက်ပါ၏။ သင်းပျံ့ပျံ့ စံပယ်ရနံ့လေးသည် နှာခေါင်းတစ်ဝိုက် ကလူကျီစယ်ပြုနေကြ၏။

"မြတ်သိန်းပြောသလိုပဲ စံပယ်တွေက တကယ်မွှေးတာပဲ"

မြတင့်က ထိုသို့ပြောလာသည့်အခါ ကိုလှသောင်က ပြန်ပြောလိုက်သည်။

"သဘောကျရင် ခူးပြီး ပန်ပေးရမလား"

မြတင့်က ခေါင်းရမ်းသည်။ ထို့နောက် စံပယ်ပန်းလေးတစ်ပွင့်အား ကြင်နာယုယစွာ ပွတ်သက်ကိုင်တွယ်လိုက်သည်။

"တစ်ခါတစ်လေကျရင် အချို့အရာတွေက အလှကြည့်နေရုံလောက်ပဲ ကောင်းပါတယ်လေ ၊ လိုချင်တဲ့စိတ်နဲ့ အပိုင်ယူလိုက်မိရင် သူတို့ရဲ့ဘဝလေးတွေ ပျက်စီးသွားမှာပေါ့"

ထို့နောက် မြတင့်သည် ဤပန်းတို့၏ အရှင်သခင်ဖြစ်သော မြတ်သိန်း၏ အမည်နာမအား တမိပါ၏။

"မြတ်သိန်း..."

မြတင့်၏ အသံကလေးသည် အစ်ကိုတစ်ယောက်မှ ညီတစ်ယောက်အား လွမ်းဆွတ်နေဟန်။ ဆွေးဆွေးကလေးဖြစ်နေပါ၏။

"ကိုလှသောင်..၊ မြတ်သိန်းက တစ်ခါက ပြောဖူးတယ်၊ မြသေရင် သူပါ လိုက်သေပါမယ်တဲ့ ၊ အို..အဲ့ဒီအချိန်တုန်းက မြ သိပ်ကြောက်တာပဲ၊ မြလေ မြတ်သိန်း သေသွားမှာကို အရမ်းကြောက်နေခဲ့တာ"

မြတင့်မှာ အနည်းငယ် မောဟိုက်လာသောကြောင့် စကားကို ခဏရပ်ထား၏။

"မြဟာ သေရတော့မယ့်လူပါ..၊ မြ နေရလည်း နောက်ထပ် ၄လ ၅လပေါ့..၊ မြတ်သိန်းကတော့ နောက်ထပ်နှစ်တွေ အကြာကြီးနေရအုန်းမှာလေ..၊ မြ သေရင် သူပါလိုက်သေပါမယ်တဲ့လေ မခက်ပေဘူးလား ၊ မြတ်သိန်းဆိုတဲ့ ဒီကလေးဟာ မြကိုဆို သိပ်ရူးတာပဲ"

မြတင့်က သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"သူ မြကို ချစ်နေတာ မြသိနေခဲ့ပြီးသားပဲ"

မြတင့်သည် မြတ်သိန်း ပြုလုပ်ပေးထားသော ပုခတ်လေးဆီသို့ သွားကာ အသာထိုင်လိုက်သည်။ ထို့နောက် မသိမသာလေး လွှဲရမ်းနေသည်။ သိသိသာသာလွှဲရမ်းပါရန် အားမရှိသည့်အလား။

ကိုလှသောင်သည်လည်း ထိုပုခတ်လေးဆီသို့ လိုက်လာခဲ့လိုက်သည်။ ဘာစကားမှ စမပြောဘဲ မြတင့်ပြောလာမည့် စကားကိုသာ ဆက်နားစွင့်နေမိသည်။

"မြတ်သိန်းက ရိုးအအနဲ့ကွယ်..၊ မြ သေရင် သူ့ဘေးမှာ ဘယ်သူမှ မရှိတော့ဘူး၊ မြလေ သူ့ကို စိတ်မချလိုက်တာ၊ မြနောက် လိုက်လာမှာကိုလည်း သိပ်စိုးရွံ့တာပဲ ၊ ဒါနဲ့ပဲ မြလည်း မြတ်သိန်းကို ထားမေနဲ့ အကြောင်းပါစေခဲ့တာ ၊ အနည်းဆုံးတော့ မြ သေသွားပြီးတဲ့နောက် မြတ်သိန်းမှာ ငဲ့စရာလူ ကျန်နေသေးတယ်လေ"

မြတင့်က ကိုလှသောင်အား တစ်ချက်မော့ကြည့်လိုက်ပါ၏။

"မြလည်းလေ မောင်နဲ့မြတ်သိန်းအပေါ်မှာ အမှားတွေ အများကြီး လုပ်ခဲ့မိတာ၊ သို့ပေမယ့်လေ အဲ့ဒီအမှားတွေဟာ စေတနာတွေပါ ကိုလှသောင်၊ စေတနာတွေပါ"

ထို့နောက်တွင်တော့ နာကျင်သွား၍ထင်သည်။ မြတင့်က မထီမဲ့မြင်ပြုံး၏။

"မြတ်သိန်းဟာ မြဆီ ဘယ်တော့မှ ပြန်မလာတော့ပါဘူးတဲ့..၊ ရင်နာစရာမကောင်းဘူးလား ကိုလှသောင်"

ကိုလှသောင်သည် သက်ပြင်းချမိပါ၏။

"အဲ့တာတွေ တွေးမနေပါနဲ့၊ ကျန်းမာရေးကိုသာ ဂရုစိုက်"

မြတင့်သည် ဖျော့တော့စွာ ပြုံး၏။ အို...ဤအပြုံးလေးကပင် လူကို ရူးခါသွားစေပါ၏။ ထိုဖျော့တော့သောအပြုံးနောက်မှ ထွက်အံကျလာသော စကားတို့သည် နာကျင်စရာများသာ ဖြစ်ရ၏။

"မြဟာလေ အချစ်ခံရဖို့ကို ကံမပါလာဘူးထင်ပါရဲ့၊ မြ ချစ်ပစ်လိုက်တာနဲ့ ဝေးရတော့တာပဲ"

မြတင့်က ရယ်မြဲသာ ရယ်နေပါ၏။ လွန်းမောင် အခြားသူတစ်ယောက်နောက်ပါသွား၍ သေလုမတတ်နာကျင်နေကြောင်းကိုဖြင့် မြတင့်သည် ကျော်ကာခွကာဖြင့် မပြောဘဲ ရှောင်ဖယ်နေပါ၏။

သို့ရာတွင်မူ မြတင့်၏ စကားများထဲတွင်သာမက နှလုံးသားထဲမှာပါ အနားရှိ ကိုလှသောင်အတွက် နေရာတစ်နေရာပင် မရှိခဲ့ပါချေ။

မြတင့်သည် ကိုလှသောင်အား မြူမှုန်မျှသော အကြင်နာလေးကိုပင် မစွန့်ကြဲခဲ့ပါချေ။ သို့ပါသော်ငြား ကိုလှသောင်သည် ဤသည်မှာ သူပြုခဲ့သမျှသော အပြစ်တို့၏ ဝဋ်ကြွေးဟူ၍သာ သတ်မှတ်နေခဲ့ပါ၏။

သူသည် အတိတ်အခါက သူတစ်ပါး သားပျိုသမီးပျိုတို့၏ ဘဝအထုံထုံတို့အား ဖျက်ဆီးခြင်းအမှုပြုခဲ့ဖူးလေသောကြောင့် သူ အသက်တမျှ ချစ်ခင်ရပါသော မြတင့်သည် သူ့အား ဖယ်ခွာထားခြင်းဖြစ်မည်ဟူ၍ အမြဲတစေ တွေးတောနေမိပါ၏။

ထို့နေ့ည...။

မြတင့် သူ့ထံ လာခဲ့သောညက အဖြစ်အပျက်တစ်ခုသည် သူ့ခေါင်းထဲ ဝင်လာခဲ့ပါ၏။

ထို့နေ့ညက မြတင့်သည် ကိုလှသောင်မှာ လွန်းမောင်အား မည်သည့်ဒုက္ခကိုမှ မပေးတော့ပါဟူ၍ ကတိကဝတ်ပြုပြီးသည့်နောက် ဝမ်းမြောက်ရွှင်မြူးစွာဖြင့် ပြန်ရန်ပြင်၏။

အဘယ်သူက ထင်ထားမည်နည်း။ မြတင့်သည် မရပ်မနား ချောင်းဆိုလာပြီး မဲညစ်ညစ်သွေးများသည် မြတင့်၏ ပါးစပ်ထဲမှ ထွက်အံကျလာပါ၏။

မြတင့်သည် ကြောက်ရွံ့ထိတ်လန့်သွားရသည်။ ကိုလှသောင်ဆိုလျှင် သေလုမတတ်။

နောက်ဆုံး သိလိုက်ရသည်က မြတင့်မှာ စီးကရက်နှင့် ဝီစကီတို့အား လွန်စွာ သောက်သုံးနေခဲ့ပါသောကြောင့် အဆုတ်ရောဂါဖြစ်နေချေပြီဟူ၍။

ထိုထက်ဆိုးသည်က မြတင့်မှာ ဒီအတိုင်းသာ အရက်ဆက်သောက်နေမည်၊ စီးကရက်ဆက်သောက်နေမည်ဆိုပါက အလွန်ဆုံး ၆လပင် ခံတော့မည်မဟုတ်ဟူသည့် အကြောင်းပင်။

ထို့နေ့ညက မြတင့်သည် အသည်းအသန် ငိုနေခဲ့သည်။

မြတင့် ပြောသော စကားတစ်ခွန်းအား ကိုလှသောင် ဘယ်လိုမှ ခေါင်းထဲမှ မထုတ်နိုင်ခဲ့ပါချေ။

"မြ မောင်နဲ့ မခွဲချင်သေးဘူး" ဟူ၍။

နောက်ဆုံး ပြောသောစကားတစ်ခွန်းလည်း ရှိပါသေးသည်။

"မြ မြတ်သိန်းကို စိတ်မချဘူး" ဟူ၍။

ကိုလှသောင်မှာ မြတင့်အား နားလည်ပေးနိုင်လာသည်။

မြတင့်မှာ သူသေသွားပြီးနောက် သူ ချစ်ရသူတို့၏ ဘေးတွင် အဖော်တစ်ယောက်စီ ထားခဲ့ပေးလိုခဲ့ခြင်း ဖြစ်သည်။

မြတ်သိန်း သူ့နောက် မလိုက်လာစေရန် မြတ်သိန်း၏ နံဘေးတွင် ငဲ့စရာလူအဖြစ် ထားမေနှင့် ကလေးလေးအား ထားပေးခဲ့သည်။

လွန်းမောင်၏ နံဘေးတွင် သူ မရှိတော့သည့်အခါ လွန်းမောင်အား သူ့နည်းတူ ချစ်ခင်ပေးမည့် အဆန်းအား ထားပေးခဲ့သည်။

အမှန်တကယ်တွင်မူ မြတင့်သည် လွန်းမောင်အား အပြစ်ပေးခဲ့ခြင်းမဟုတ်။ တတ်နိုင်သော အင်အားအကြွင်းအကျန်လေးနှင့် အစွမ်းကုန် ချစ်ပေးခဲ့ရုံသာ။

လွန်းမောင်နံဘေးတွင် အချိန်ကြာသည်အထိ တွယ်ကပ်နေမိလျှင် နောက်ဆုံး နာကျင်ရမည့်သူမှာ လွန်းမောင်သာဖြစ်မည် ဖြစ်၏။ မြတင့်မှာ သေဆုံးသွားပြီဖြစ်၍ ဘာကိုမှ သိတော့မည်မဟုတ်။ ကျန်ရစ်ခဲ့ရမည့် လွန်းမောင်အား မနာကျင်စေလိုသောကြောင့် စောစောစီးစီးအချိန်ကပင် တစ်ပါးသူလက်အပ်လိုက်ခဲ့ခြင်း ဖြစ်၏။

မြတင့်မှာ သူ့နံဘေးတွင် မည်သူမျှ မရှိတော့သည့်တိုင်အောင် သူ ချစ်ရသူများအတွက်တော့ အဖော်တစ်ယောက်စီ ချန်ထားပေးခဲ့ရှာပါ၏။

မြတင့် ကိုယ်တိုင်ကလည်း သူလုပ်သော အမှုတို့သည် မှန်၏လော၊ မှား၏လော မတွေးတတ်ပါချေ။

မှားပင်မှားနေပါစေအုန်းတော့ မြတင့် နောင်တမရပေ။

တွေးကြည့်ပါလျှင် လွန်းမောင်နှင့် မြတ်သိန်းတို့ ကြုံဆုံနေရပါသည့် မချစ်မနှစ်သက်သောသူနှင့် ပေါင်းဖက်ရခြင်းဟူသောဝဋ်ကြွေးထက်ပိုသည့် ဝဋ်ကြွေးအား မြတင့် ခံယူခဲ့ရရှာပါ၏။

မုန်းတီးလှသောသူနှင့် နေထိုင်နေရခြင်းဖြစ်၏။ မြတင့်သည် ကိုလှသောင်အား မုန်းတီးလွန်းလှသည်။ သို့ပါသော်ငြား မဖယ်ထုတ်ခဲ့။ အကြောင်းမှာ မြတင့်သည်လည်း သူ ချစ်ရသူတို့နှင့် ထပ်တူ ဝဋ်ကြွေးခံယူခဲ့ချင်ပုံရသည်။

မြတင့်သည် သူ၏ နံဘေးတွင် မြတင့် မုန်းလှပါသည်ဟူသော ကိုလှသောင်ကိုသာ ခေါ်ထားခဲ့ပါ၏။ ဤသည်မှာ မြတင့်တစ်ယောက်တည်း ဝဋ်ခံရသည်တော့မဟုတ်။

ကိုလှသောင်မှာလည်း ချစ်ရသူ၏အနားတွင် နေ၍ ချစ်ရသူ၏ အမုန်းကို ခံယူနေခဲ့ရပါ၏။

မြတင့်သည် ထက်မြက်လွန်းနေခဲ့သည်။

ထို့နောက်တွင် မြတင့်သည် သည်းထန်စွာ ချောင်းဆိုးလာခဲ့ပါ၏။ မြတင့်သည် နီညိုရောင်ပုဝါလေးဖြင့် အုပ်ကာ ဆိုးရှာ၏။

ကိုလှသောင်မှာ မြတင့်သည် ဤကာလတစ်လျှောက်လုံး သူ၏ ရောဂါအား လွန်းမောင်နှင့် မြတ်သိန်းတို့အား ဖုံးကွယ်ထားခဲ့နိုင်သည်ကို မအံ့သြပါတော့ချေ။

မြတင့်သည် ပုဝါနီညိုရောင်ကိုသာ သုံးခဲ့ပါ၏။ သူ ချောင်းဆိုးလို့ သွေးပါလျှင်တောင် ဘယ်သူကများ သတိထားမိနိုင်ပါတော့မည်နည်း။

"မြလည်း သွားတော့မယ် ထင်ပါရဲ့ ကိုလှသောင်ရယ်.."

ကိုလှသောင်သည် မြတင့်၏ ဖျော့တော့နေသော လက်ကလေးအား ဆုပ်ကိုင်လိုက်ပါ၏။

"မြတင့်..၊ ခင်ဗျားဟာ အသက်ရှည်ရှည်နေသွားရမှာပါ "

မြတင့်က မထိတထိပြုံး၏။

"မြကတော့ မရှင်ချင်တော့ပါဘူး၊ မြက ဘယ်သူ့အတွက်များ အသက်ဆက်ရှင်နေရအုန်းမှာတဲ့လဲ..၊ မြမှာ ဘယ်သူမှ မရှိတော့ဘူးလေ"

______

Continue Reading

You'll Also Like

1.3K 102 31
စာတွေ ကဗျာတွေကို တခုတ်တရချမရေးဖြစ်တာအချိန်အတော်ကြာခဲ့ပြီ... ကိုယ်ကချမရေးမိပေမဲ့..ခေါင်းထဲ ပေါ်လာတာ​ တေ ွ၊ရင်ဘတ်ထဲကနေပလုံစီ ဆန်တက်လာတဲ့အတွေးတွေ၊စကားလု...
5.6K 290 24
Intro(Unicode) ~မင်းမရှိလို့မဖြစ်~ "မင်းငါ့ကိုမုန်းမယ်ဆိုရင်လဲ မုန်းနိုင်ပါတယ်။ မင်းမုန်းတဲ့အမုန်းကို ငါကျေကျေနပ်နပ်ကြီးကိုခံယူပါ...
247K 29.6K 137
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
803K 67K 60
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...