Unicode...
ထွန်းသစ်စတစ်နေကုန် အတန်းမတက်ဖြစ်ပေ။ သံသာ ဘယ်လိုရည်ရွယ်ချက်နဲ့ သူ့ကိုလိမ်လည်ပြီး သက်သေအတုတွေပါဖန်တီးရတာလဲဆိုတာကို သိချင်ဇောအားကြီးနေ၏။ သူ့လို သားအရင်းတစ်ယောက်မဟုတ်သူတွင် သံသာမက်မောစရာဘာများရှိနေလို့လဲ။
မနက်ခင်း ကျောင်းလာချိန်တွင် ရှိန်မင်းစံကတစ်ဆင့် သူ့အဖေဆီမှအတည်ပြုခဲ့ပြီးဖြစ်သည်။ သံသာပြောသော ထွန်းသစ်စ၏အဖေနှင့်အမေရင်းတို့သည် လွန်ခဲ့သောဆယ်နှစ်ခန့်က မွေးပြီးခါစ သားယောကျ်ားလေးတစ်ဦးပျောက်ဖူးခဲ့သည်။ လွန်ခဲ့သောဆယ်နှစ်ဆိုတာ သေချာနေမှတော့ သူ့မိဘအရင်းများ လုံးဝမဖြစ်နိုင်တော့။ ထို့ပြင်ဦးထိန်ဝင်း၏ ကုမ္ပဏီနှင့်ပူးပေါင်းမှုဖျက်သိမ်းခဲ့ခြင်းမှာလည်း ထိုလင်မယား ကလေးမပျောက်မီအချိန်ကဖြစ်ပြီး တခြားအကြောင်းအရင်းများကြောင့်ဖြစ်သည်။ ဘာကြောင့်လဲဆိုတာ ရှိန်မင်းစံ၏အဖေလည်း သေချာမသိချေ။
ထွန်းသစ်စ Music clubအခန်းတွင် ကျောင်းရောက်သည့်အချိန်မှစ၍ မှိုင်တွေတွေထိုင်နေမိသည်။ ပထမဆုံးအတန်းချိန်များတွင် Clubသို့ လူအလာနည်း၏။ ထို့ကြောင့် ၉နာရီထိုးပြီးသည်နှင့် သံသာ့ကိုဖုန်းဆက်ခေါ်လိုက်သည်။
ညပေါင်းများစွာ အိပ်ရေးပျက်ထားတာကြောင့် မျက်တွင်းများချိုင့်နေသည်။ အိပ်ချင်စိတ်ဖြစ်လာတိုင်း မျက်နှာကိုခဏခဏပွတ်နေသဖြင့် မျက်လုံးများလည်း နီရဲနေသည်။ ခေါင်းကိုလည်း ခဏခဏခိုးဖွနေမိတာမို့ သပ်ရပ်မှုတို့မရှိ။ ထွန်းသစ်စ ကိုယ့်ကိုကိုယ် သတိမထားမိသလို ဂရုလည်းမစိုက်နိုင်။ သံသာ့အလာကိုသာ စောင့်နေလိုက်သည်။
"Zett သံသာရောက်ပြီ...စနေနေ့အတွက် Rehearsalလုပ်မလို့များလား"
သံသာ့ကိုမြင်တိုင်း အမြဲရွှင်လန်းတက်ကြွလျက် ပြုံးနေတတ်တာကို ထွန်းသစ်စသတိထားမိသည်။ လူတစ်ယောက်ကို လိမ်လည်လှည့်ဖြားပြီး အဘယ်ကြောင့် ပေါ့ပါးသွက်လက်စွာ ပြုံးနိုင်ရသနည်း။
ထွန်းသစ်စထိုသို့တွေးမိတော့ ရယ်ချင်လာသည်။ တော်တော်တုံးလွန်းတဲ့ ငါပါလားဟု တွေးမိသောကြောင့်ဖြစ်မည်။ ဒါမှမဟုတ် ပိရိပြီး သရုပ်ဆောင်ကောင်းလွန်တဲ့သံသာ့ကို ချီးကျူးတာဖြစ်မည်။
"Zett ဘာတွေရယ်နေတာလဲ...သံသာ့ကိုလည်းပြောပါဦး"
"ပြောမှာပါ သံသာ...အကုန်လုံးပြောပြမှာ...ငါမပြောခင် မင်းကိုအရင်မေးစရာရှိတယ်...အမှန်တိုင်းဖြေပေးဖို့မျှော်လင့်ပါတယ်"
သံသာက လက်ပိုက်လိုက်ကာ မေးငေါ့ပြသည်။
"ငါ့မိဘအရင်းတွေအကြောင်း ဘယ်လိုသိတာလဲ...အမှန်တိုင်းဖြေပါ"
ထွန်းသစ်စအမေးကို သံသာကချက်ချင်းမဖြေဘဲ စဉ်းစားဟန် ခေါင်းစောင်း၍မျက်နှာကြက်ကိုမော့ကြည့်သည်။
"အင်း...Zett သိရင် အရမ်းအံ့ဩသွားလိမ့်မယ်...ဒါကြောင့် မသိချင်ပါနဲ့...အဲဒီအစား ကြိုပြင်ဆင်စမ်းပါ"
ထွန်းသစ်စ သံသာ့ကိုကြည့်ပြီးအားရပါးရရယ်လိုက်ကာ...
"ဘာလို့လဲ အရမ်းအံ့ဩသွားရအောင် ဘယ်သူမို့လို့လဲ...ဒေါ်နွယ်နွယ်လား"
မွှေးသံသာမျက်လုံးများ ပြူးကျယ်သွားပြီး ပိုက်ထားသည့်လက်ကိုပြန်ဖြုတ်ချကာ ထွန်းသစ်စကို မယုံနိုင်သလိုစိုက်ကြည့်သည်။
"Bingo??"
သံသာမှာပြန်မဖြေနိုင်သေးဘဲ ကြောင်တောင်တောင်နှင့်သာ။
"ငါသိချင်တာတစ်ခုရှိတယ် သံသာ...ဒေါ်နွယ်နွယ်က မင်းကိုဘယ်လိုမက်လုံးတွေပေးလိုက်လို့ ဒီလိုလုပ်ရတာလဲ...ဒါကိုတော့ မင်းဖြေကိုဖြေရမယ်...မင်းအဖြေပေါ်မူတည်ပြီး ငါခွင့်လွှတ်ပေးမယ်...မဟုတ်ရင်တော့ မင်းငါ့ကိုသွေးဆောင်လှည့်ဖြားပါတယ်ဆိုပြီး လိုင်းပေါ်မှာလည်းတင်မယ် ငါ့မိဘအရင်းတွေလို့ မင်းပြောတဲ့ လင်မယားနှစ်ယောက်ကိုလည်း ငါကိုယ်တိုင်သွားပြောမယ်"
မွှေးသံသာ အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်ကာ လွယ်ထားသောအိတ်ကိုဖြည်လိုက်သည်။ အိတ်ထဲကဖုန်းကိုထုတ်ပြီးနောက် ဘေးလွယ်အိတ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်၏။ ထို့နောက် ဖုန်းကိုဖွင့်ကာ...
"အဲလိုဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"
စကားအဆုံးတွင် သံသာက ထွန်းသစ်စဆီ ရုတ်တရက်ပြေးကပ်လိုက်ပြီး နှုတ်ခမ်းများကိုထိကပ်စေလိုက်သည်။ လက်တစ်ဖက်ကလည်း ဖုန်းကိုကိုင်မြှောက်ထားပြီး ထိုအခြေအနေကို ဓါတ်ပုံရိုက်ထားလေ၏။
"မွှေးသံသာ... မင်း ဘာလုပ်တာလဲ"
ထွန်းသစ်စ အနောက်သို့ဆုတ်လိုက်ကာ နှုတ်ခမ်းများတွင် ပေကျံနေသော သံသာ၏နှုတ်ခမ်းနီများကို သုတ်ဖယ်ပစ်သည်။
"သက်သေယူထားတာလေ... ဒီတစ်ခုတည်းမဟုတ်ပါဘူး... Zettနဲ့မနေ့ညကပြောထားတဲ့ Conversationရယ်၊ အရင်ရက်တွေက ဒီအခန်းထဲမှာနှစ်ယောက်တည်းအတူတူရှိခဲ့ကြတဲ့ပုံတွေရယ် သံသာ့ဆီမှာရှိတယ်...Zettပဲခြိမ်းခြောက်တတ်တယ်ထင်တာလား...သံသာလည်း ဒီလောက်ကတော့ လုပ်တတ်ပါတယ်နော်"
မွှေးသံသာ ဗီဒီယိုကိုတစ်ချက်ဖွင့်ကြည့်ပြီး ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်၏။
"ဒီသက်သေတွေကို Zettရဲ့ကောက်ညှင်းထုပ်လေးဆီရော Zettရဲ့မိဘအရင်းတွေဆီရော ရောက်အောင် သေချာပို့လိုက်ပါ့မယ်... မင်းရဲ့ဖေဖေနဲ့မေမေကိုတွေ့ရင်လေ သံသာက Zettရဲ့ကောင်မလေးပါ...အခုလေ Zettက သံသာ့ကိုစိတ်ဆိုးနေလို့ လိုက်မလာနိုင်တာပါ...အဲလိုလေး မျက်နှာချိုးသွေးလိုက်မယ်လေ...မကောင်းဘူးလား"
အမူအရာမျိုးစုံနှင့် တမင်လုပ်ပြနေသောမွှေးသံသာကို ထွန်းသစ်စနားမလည်တော့။
"နေပါဦး...မင်းက သူတို့ကိုသွားပြပြီး ဘာလုပ်မှာလဲ...ဘာဖြစ်သွားမယ်ထင်လို့လဲ...ကြည့်ရတာ ဒေါ်နွယ်နွယ်ရဲ့စနက်မိသွားပြီထင်တယ်...မင်း အခုထိ သူတို့ကို ငါ့မိဘအရင်းတွေလို့ ထင်နေတုန်းလား"
ထွန်းသစ်စ ဟက်ခနဲရယ်လိုက်ကာ ခေါင်းကိုအကြိမ်ကြိမ်ခါရင်း သံသာ့ဘေးသို့ လျှောက်လာခဲ့သည်။ ထို့နောက် သံသာ့ပုခုံးပေါ် လက်တင်လိုက်ကာ...
"ဒေါ်နွယ်နွယ့်ကို သေချာမေးကြည့်ပါဦး...သူတို့က ငါ့မိဘတွေဟုတ်ရဲ့လားလို့...မင်းအရှက်ကွဲမှာစိုးလို့ သတိပေးတာပါ မွှေးသံသာ..."
ထို့နောက် အခန်းထဲမှဒုန်းဆိုင်းထွက်လာခဲ့တော့၏။ ဦးတည်ရာမရှိပါဘဲ ဒေါသနှင့်ခံပြင်းစိတ်တို့ကြောင့်သာ ခြေလှမ်းကျဲများကိုဖန်တီးဖြစ်သည်။ ထိုခြေလှမ်းကျဲများက မထင်မှတ်ပါဘဲ ကောက်ညှင်းထုပ်လေးနှင့် ပထမဆုံးဒိတ်လုပ်ခဲ့သော သစ်ပင်ကြီးအောက်သို့ ရောက်လာစေသည်။
ကလေးလေးနှင့်စဒိတ်တုန်းက နွေရာသီမို့ ရွက်ခြောက်များ မြေပြင်မှာပြန့်ကျဲနေခဲ့သည်။ အခုတော့လည်း ထိုအပင်ကြီးက စိမ်းစိမ်းလန်းလန်းနှင့် ဝေဆာလျက်ရှိ၏။ ထွန်းသစ်စ သစ်ပင်အောက်တွင်ဝင်ထိုင်လိုက်ချိန်တွင် မိုးပေါက်များက သစ်ရွက်များမှတစ်ဆင့် ထွန်းသစ်စပေါ်သို့ တပေါက်ပေါက်ကျဆင်းလာသည်။
ကောက်ညှင်းထုပ်လေး၏ ရှက်ကြောက်နေသောပုံစံလေးနှင့် သူ့ကိုမုန့်ခွံ့ကျွေးသည့်ပုံရိပ်တို့ကို ပြန်မြင်ယောင်မိသည်။ ရှက်တတ်လွန်းသော၊ စကားနည်းလွန်းသော၊ လူကြောက်တတ်သောထိုကောင်လေးက သူ့ကိုတော့ အရမ်းချစ်ပါ၏။ လောကကြီးအကြောင်း ကောင်းကောင်းနားမလည်ပေမဲ့ သူ့ကိုတော့အပြည့်အဝနားလည်းပေးတတ်သည်။ အရာရာကို ကိုယ်ပိုင်ခံစားချက်ထက် သူ့ကိုပိုပြီးဦးစားပေးသည်။
ဒီလိုကလေးလေးကိုပိုင်ဆိုင်ထားရတာ အရမ်းကံကောင်းလို့သာ။ ဒါကို သူက ကလေးလေးဖြစ်ပေါ်နိုင်မည့်ခံစားချက်များကိုလျစ်လျူရှုကာ တစ်ကိုယ်ကောင်းဆန်ခဲ့သည်။
ထွန်းသစ်စ ပင်စည်ကိုမှီထားရင်းမှ မျက်ရည်စတို့ ကျဆင်းလာ၏။
Ring Ring ...
ဘောင်းဘီအိတ်ကတ်ထဲမှ ဖုန်းကား တုန်ခါ၍မြည်နေလေသည်။ ထွန်းသစ်စ ချက်ချင်းမကိုင်နိုင်သည်အထိ စိတ်နှင့်လူနှင့်မကပ်။ ဖုန်းကတစ်ခါကျသွားပြီး နောက်တစ်ကြိမ်ထပ်မြည်ပြန်သည်။ ထိုအခါမှ ဖုန်းကိုင်ဖို့ကိုသတိရ၏။
"အစ်ကို အခုဘယ်မှာလဲဟင်"
ဖုန်းကိုင်လိုက်ချင်း ကလေးလေးအသံကိုကြားလိုက်ရ၍ ထွန်းသစ်စ နှုတ်ခမ်းတို့ကိုကွေးညွတ်စေသည်။
"ကလေးလေး ကို့ကိုပထမဆုံးမုန့်ခွံ့ကျွေးတဲ့နေရာမှာ"
"ဟုတ် ဒါဆိုစောင့်နေနော်...ကျွန်တော်အခုလာမယ်"
ထို့နောက် ဖုန်းကျသွားသည်။ မိုးစက်များလည်း စိပ်လာ၏။ ထွန်းသစ်စ မျက်ရည်များကိုသုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သစ်ပင်အောက်ကနေထွက်ကာ ကောင်းကင်ကိုမော့ကြည့်တော့ မိုးရိပ်မိုးသားတို့က မည်းမှောင်နေ၏။ ဒီပုံစံအတိုင်းဆို မိုးသည်းလာဖို့သာရှိသည်။
ထွန်းသစ်စ ဖုန်းကိုပြန်ထုတ်ကာ ကောက်ညှင်းထုပ်လေးကိုပြန်ခေါ်လိုက်သည်။ သို့သော် ထက်ရန်ကဖုန်းမကိုင်တော့။ ထွန်းသစ်စ ထပ်ခေါ်ကြည့်သော်လည်း မရ။ နောက်တစ်ကြိမ်ထပ်ဆက်ဖို့ပြင်တုန်း မျှော်လင့်ထားသောမိုးက သည်းကြီးမည်းကြီးကို ရွာချလာသည်။ ထို့ကြောင့် ထွန်းသစ်စ ဖုန်းကိုအိတ်ထဲထည့်ကာ ပြေးမည်အလုပ် မိုးစက်များသာ အတိုင်းအဆမရှိ ကျဆင်းနေသော ကတ္တရာလမ်းလေးတွင် သူ့ဆီပြေးလာသော ကောက်ညှင်းထုပ်လေးအား တွေ့လိုက်ရသည်။
ထက်ရန်က အပင်ကြီးအောက်ရောက်ရောက်ချင်း အစ်ကို့ကိုပြေးဖက်လေ၏။
"ကလေးလေး"
ထွန်းသစ်စ ထိုလုံးလုံးကျစ်ကျစ်ခန္ဓာကိုယ်လေးအား တင်းကြပ်စွာပြန်ဖက်ထားလိုက်သည်။ မိုးကသည်းသော်လည်း အပင်အောက်တွင်တော့ ထူထူအုံအုံသစ်ရွက်များကြောင့် စိုသင့်သလောက်ရေမစို။
သို့သော် ကောက်ညှင်းထုပ်လေးကတော့ တစ်ကိုယ်လုံးရွဲနစ်လို့နေသည်။ ထွန်းသစ်စရင်ခွင်ထဲတွင်လည်း ကလေးလေးက ခပ်ပြင်းပြင်းအသက်ရှူနေသည်ကို ခံစားရသည်။ ပြေးလာရတာ ဘယ်လောက်တောင် မောနေမှန်း သိသာပါသည်။
"ကလေးလေး...အမိုးအောက်သွားရအောင်နော် ဖျားလိမ့်မယ်"
ကလေးလေးက ခေါင်းခါသည်။ ထို့နောက် ဖက်ထားရာမှ ခွာလိုက်ကာ ထွန်းသစ်စကိုမော့ကြည့်၏။ ထွန်းသစ်စ အခုမှသေချာသတိထားမိသည်။ ကလေးလေးမျက်လုံးတွေရဲနေတာပဲ။
"အစ်ကိုကျွန်တော့်ကို အကုန်ပြောပြပါ...အစ်မသံသာနဲ့ပတ်သက်မှုက ကျွန်တော်မသိတာတွေရှိသေးတယ်မလား...အစ်ကို့ကို ကျွန်တော်ယုံတယ်လို့အမြဲပြောခဲ့တယ်နော်...တကယ်လည်းယုံခဲ့တယ်...ကျွန်တော့် အစ်ကို့ကိုသံသယဝင်အောင် မလုပ်ပါနဲ့...ကျွန်တော့်ကို တန်ဖိုးထားတဲ့၊ အရမ်းချစ်တဲ့ လူတစ်ယောက်ဆီကနေ ထပ်ပြီးအလှည့်စားမခံပါရစေနဲ့"
ထက်ရန်၏ပေါက်ကွဲသံကား သည်းကြီးမည်းကြီးရွာချနေသာမိုးသံများကိုလွှမ်း၍ ပီပြင်စွာထွက်ပေါ်လာ၏။ ထွန်းသစ်စလည်း မျက်ရည်ဝဲနေသော ကောင်ငယ်လေးကိုကြည့်ကာ သူလည်းပဲမျက်ရည်များဝဲတက်လာသည်။
"ကိုတောင်းပန်ပါတယ် ကလေးလေး...တောင်းပန်ရုံနဲ့ မလုံလောက်ဘူးဆိုတာလည်းသိတယ်... ကလေးလေးကို အားလုံးပြောပြပါ့မယ်...ပြီးရင် ကလေးလေးစိတ်တိုင်းကျ ဆုံးဖြတ်ပါ"
ထို့နောက် ထွန်းသစ်စက ကောက်ညှင်းထုပ်လေးလက်ကိုဆွဲကာ ထိုနေရာမှထွက်ခွာခဲ့သည်။ အနီးဆုံး အမိုးရှိသည့်နေရာသို့ ခပ်မြန်မြန်သွားပြီး ကောက်ညှင်းထုပ်လေး၏ဆံပင်ပေါ်က ရေစက်များကို လက်နှင့်ခါထုတ်ပေးလေသည်။
ထိုအချိန်မှာပဲ ထက်ရန်က စကားစလာ၏။
"ခုနက ခန့်ပိုင်ဆီကို အစ်မသံသာ ပုံတွေပို့တယ်"
ထွန်းသစ်စ ပုံတွေဆိုကတည်းက ရိပ်မိပြီးသားဖြစ်၍ ပြုံးရုံသာပြုံးလိုက်ပြီး ရေစက်တွေနည်းနိုင်သမျှနည်းအောင် ဆက်၍ခါနေလိုက်သည်။
"ကျွန်တော် အစ်ကို့ကိုဘယ်လောက်ပဲယုံတယ်ပြောပြော တုန်လှုပ်သွားတယ် ...ဝမ်းလည်းနည်းတယ်...အဲဒါတော့ ကျွန်တော့်အပြစ်မဟုတ်ဘူးမလားဟင်"
"ကလေးလေးမှာ ဘာမပြစ်မှမရှိပါဘူး...အားလုံးကို့ကြောင့်ဖြစ်သွားတာ"
ထက်ရန်ဘက်က ဘာမှပြန်မပြော။ ခပ်စောင်းစောင်းဆင်းသက်လျက်ရှိသော မိုးစက်များကိုသာ စိုက်ကြည့်နေသည်။ ထွန်းသစ်စလည်း တိတ်ဆိတ်နေ၏။ ကလေးလေးခေါင်းပေါ်ကလက်ကို ပြန်ရုတ်လိုက်ပြီး ကောက်ညှင်းထုပ်လေးနှင့်အတူ ရှေ့တူရူသို့သာ စိုက်ကြည့်နေတော့သည်။
မိုးစိုထားသဖြင့် လေတစ်ချက်တိုက်တိုင်း ခန္ဓာကိုယ်က အေးစက်သွားသည်။ ဒီပုံအတိုင်းဆို ထိုင်နေရင်းတောင် ရေခြောက်သွားနိုင်သည်။ ဤမိုးကြောင့် ကျန်းမာရေး ချွတ်ယွင်းခဲ့သည်ရှိသော် ကောက်ညှင်းထုပ်လေးအား မသက်ရောက်စေဘဲ အပြစ်ရှိသူသာလျှင် ခံစားရပါစေ...။
------------------------------------------------------
နေ့လည်ပိုင်း ထက်ရန်ရော ထွန်းသစ်စပါ အတန်းမတက်ဖြစ်တာမို့ ခန့်ပိုင်ကိုအကျိုးအကြောင်းပြောကာ ဆိုင်ကယ်ကိုယ်စီနှင့် အိမ်ပြန်ခဲ့ကြသည်။ ထွန်းသစ်စက ကောက်ညှင်းထုပ်လေးကိုလိုက်ပို့ပြီး အိမ်မပြန်သေးဘဲ လမ်းထဲက Storeတွင်သာထိုင်နေ၏။
နာရီဝက်လောက်ကြာတော့ ထက်ရန်ကိုဖုန်းဆက်ကြည့်သည်။
"ဟယ်လို ကလေးလေး...အဝတ်လဲပြီးပြီလား...ခေါင်းရောခြောက်ပြီလား"
"ဟုတ်"
"ဒါဆို ထိုင်နေကျဆိုင်ကို ခဏထွက်ခဲ့ပါဦး"
ထက်ရန်ကြောင်သွားသည်။ အစ်ကိုက အိမ်မပြန်ဘဲဆိုင်မှာထိုင်နေတာလား။
"ဟုတ်...လာခဲ့မယ်"
ထက်ရန်လည်း မြန်မြန်ဆန်ဆန် အောက်ထပ်သို့ပြေးဆင်းကာ အပြင်ထွက်ခဲ့သည်။ မေမေက အိပ်နေ၍ ခွင့်တောင်းစရာမလိုခဲ့။
ဆိုင်ထဲသို့ရောက်သောအခါ အစ်ကို့ကို မနက်ကရေစိုထားသောအဝတ်အစားများနှင့်သာတွေ့ရတော့ ထက်ရန်စိတ်ပူသွား၏။
"အစ်ကို အဝတ်မလဲရသေးဘူးလား...ဒါဆို အိမ်မပြန်ရသေးဘူးပေါ့"
"အင်း...ကလေးလေးကိုစောင့်နေတာ...ကလေးလေးကိုအကုန်ပြောပြပြီးမှ ကိုအိမ်ကိုဖြောင့်ဖြောင့်ပြန်နိုင်လိမ့်မယ်..."
ထွန်းသစ်စ အမှန်တကယ်ပင် အချိန်ထပ်မဆွဲချင်တော့။ ကောက်ညှင်းထုပ်လေးကို အလုံးစုံရှင်းပြပြီးမှသာ စိတ်လျှော့နိုင်တော့မည်။ ထိုသို့ဖြစ်ရခြင်းကလည်း ကိုယ်တိုင်အပြစ်ရှိသလိုခံစားရခြင်းထက် ကောက်ညှင်းထုပ်လေးက သူနှင့်သံသာ့အကြောင်းကို လှည့်ပတ်တွေးရင်းက အတွေးလွန်ပြီး ပိုခံစားရမှာစိုးတာကြောင့်။
"မဟုတ်ရင် ကို့ကလေးလေး လျှောက်တွေးပြီး စိတ်ညစ်နေမှာစိုးလို့"
ထက်ရန်လည်း ပြောမရသည့်အဆုံး သက်ပြင်းချကာ ဘေးခုံတွင်ဝင်ထိုင်လိုက်သည်။ ထွန်းသစ်စ မွှေးသံသာနှင့်ပတ်သက်ခဲ့သမျှ ဖြစ်ကြောင်းကုန်စင်ကို စိတ်ရှည်စွာ ပြောပြလေသည်။
........
"ဒီလောက်ဆို ကျွန်တော်နားလည်ပါပြီအစ်ကို ... အစ်ကို့စိတ်ရင်းအမှန်ကို ကျွန်တော့်ကိုသက်သေပြစရာမလိုပါဘူး...ကျွန်တော်က အစ်ကိုနဲ့ပတ်သက်သမျှကိုယုံတယ်...အစ်ကို့စကားတွေကိုလည်းယုံတယ်...ကျွန်တော်ကအဲလိုလူစားမျိုးဖြစ်တဲ့အတွက် အရင်က လိမ်ပြောခဲ့တာတွေအပေါ် အစ်ကိုအပြစ်ရှိသလိုခံစားရတယ်မလား...အဲဒါအတွက် စိတ်ချပါ...ကျွန်တော်နောက်ကျ အစ်ကို့အပေါ် အသားကုန်ဆိုးပြီး လက်စားချေမယ်...ဒါကြောင့် ခင်ဗျားကြီးက အခုအိမ်ပြန်ပြီး အဝတ်လဲတော့ "
ကောက်ညှင်းထုပ်လေး၏ အတည်အတံ့စကားပြောနေရာမှ နောက်ဆုံးတွင် ဆူပုတ်ကာ အတင်းနှင်လွှတ်နေသောပုံစံလေးက ပါးစပ်ထဲငုံထားချင်စရာ။
"ကို့ကို အဲလိုကြီး နှင်ရက်တယ်ပေါ့"
"အင်း... နှင်သင့်ရင် နှင်ရမှာပဲ...မဟုတ်ရင် ဒီလူဆိုးကြီး ဖျားတော့မယ်"
အစ်ကို့ရင်ဘတ်ကို လက်ညိုးနှင့်တွန်းထုတ်၍ဆိုသည်။ ထွန်းသစ်စ ထိုရှည်သွယ်သွယ်လက်ညိုးလေးကိုဆွဲဖမ်းကာ လက်ဖမိုးလေးအား နမ်းရှိုက်လိုက်၏။
"ကို ကလေးလေးကို ဘယ်လိုကျေးဇူးတင်ရမှန်းမသိဘူး...ဒီလောက်ဆိုးတဲ့ကို့အပေါ် အချစ်တွေလျော့မသွားလို့"
"သွား သွား အပိုတွေနောက်မှပြော...အိမ်ပြန်ပါဆိုကွာ"
"ရော်...ကဲ ကြည့်... နည်းနည်းလေးမှကို စာဖွဲ့လို့မရပါလား ... ဘယ်လိုကောက်ညှင်းထုပ်လဲ"
ထက်ရန်က ပတ်ဝန်းကျင်အနေအထားကို တစ်ချက်ကြည့်ကာ...
"အဲဒီဗိုက် ဆွဲလိမ်ခံချင်နေပြီထင်တယ်"
"ဟားဟား ...စတာ စတာ...ကလေးလေးစိတ်ပူအောင်မလုပ်တော့ဘူးနော်...အခုပြန်ပြီ"
"ထ ထ"
"ရက်စ် ဆား"
ထို့နောက် ဆိုင်အတွင်းပိုင်းမှ နှစ်ယောက်သားထွက်လာကြသည်။ ထွန်းသစ်စ ကလေးလေးကိုနှုတ်ဆက်ပြီး အိမ်ကိုပြန်ခဲ့တော့သည်။ ရေစိုအင်္ကျီနှင့် တစ်နေကုန်နေမိ၍ ဖျားမယ်ဆိုက ဖျားပါစေတော့။
အဖေအိမ်ပြန်ရောက်လျှင်လည်း ဝန်ချတောင်းပန်မည်။ မိဘအရင်းကဲ့သို့ ပြုစုစောင့်ရှောက်ခဲ့ပါသော အဖေ့ကို မငဲ့ကွက်ဘဲ မိဘအရင်းကိုရှာမိပါသည်ဟူ၍။
ဒေါ်နွယ်နွယ်နှင့်သံသာတို့အကြောင်းကတော့ ထုတ်ပြောဖို့စိတ်ကူးမရှိ။ ဒေါ်နွယ်နွယ်သည်လည်း ဤမိသားစုဝင်ပဲမဟုတ်ပါလား...။ သူ့ကြောင့် ဒီမိသားစု အတွင်းရေးပဋိပက္ခဖြစ်မှာကိုတော့ စိတ်ရင်းအမှန်နှင့် မလိုလားပေ။
~~~~~~~~~~~~~~~~~~~~
Zawgyi...
ထြန္းသစ္စတစ္ေနကုန္ အတန္းမတက္ျဖစ္ေပ။ သံသာ ဘယ္လိုရည္႐ြယ္ခ်က္နဲ႕ သူ႕ကိုလိမ္လည္ၿပီး သက္ေသအတုေတြပါဖန္တီးရတာလဲဆိုတာကို သိခ်င္ေဇာအားႀကီးေန၏။ သူ႕လို သားအရင္းတစ္ေယာက္မဟုတ္သူတြင္ သံသာမက္ေမာစရာဘာမ်ားရွိေနလို႔လဲ။
မနက္ခင္း ေက်ာင္းလာခ်ိန္တြင္ ရွိန္မင္းစံကတစ္ဆင့္ သူ႕အေဖဆီမွအတည္ျပဳခဲ့ၿပီးျဖစ္သည္။ သံသာေျပာေသာ ထြန္းသစ္စ၏အေဖႏွင့္အေမရင္းတို႔သည္ လြန္ခဲ့ေသာဆယ္ႏွစ္ခန့္က ေမြးၿပီးခါစ သားေယာက်္ားေလးတစ္ဦးေပ်ာက္ဖူးခဲ့သည္။ လြန္ခဲ့ေသာဆယ္ႏွစ္ဆိုတာ ေသခ်ာေနမွေတာ့ သူ႕မိဘအရင္းမ်ား လုံးဝမျဖစ္နိုင္ေတာ့။ ထို႔ျပင္ဦးထိန္ဝင္း၏ ကုမၸဏီႏွင့္ပူးေပါင္းမႈဖ်က္သိမ္းခဲ့ျခင္းမွာလည္း ထိုလင္မယား ကေလးမေပ်ာက္မီအခ်ိန္ကျဖစ္ၿပီး တျခားအေၾကာင္းအရင္းမ်ားေၾကာင့္ျဖစ္သည္။ ဘာေၾကာင့္လဲဆိုတာ ရွိန္မင္းစံ၏အေဖလည္း ေသခ်ာမသိေခ်။
ထြန္းသစ္စ Music clubအခန္းတြင္ ေက်ာင္းေရာက္သည့္အခ်ိန္မွစ၍ မွိုင္ေတြေတြထိုင္ေနမိသည္။ ပထမဆုံးအတန္းခ်ိန္မ်ားတြင္ Clubသို႔ လူအလာနည္း၏။ ထို႔ေၾကာင့္ ၉နာရီထိုးၿပီးသည္ႏွင့္ သံသာ့ကိုဖုန္းဆက္ေခၚလိုက္သည္။
ညေပါင္းမ်ားစြာ အိပ္ေရးပ်က္ထားတာေၾကာင့္ မ်က္တြင္းမ်ားခ်ိဳင့္ေနသည္။ အိပ္ခ်င္စိတ္ျဖစ္လာတိုင္း မ်က္ႏွာကိုခဏခဏပြတ္ေနသျဖင့္ မ်က္လုံးမ်ားလည္း နီရဲေနသည္။ ေခါင္းကိုလည္း ခဏခဏခိုးဖြေနမိတာမို႔ သပ္ရပ္မႈတို႔မရွိ။ ထြန္းသစ္စ ကိုယ့္ကိုကိုယ္ သတိမထားမိသလို ဂ႐ုလည္းမစိုက္နိုင္။ သံသာ့အလာကိုသာ ေစာင့္ေနလိုက္သည္။
"Zett သံသာေရာက္ၿပီ...စေနေန႕အတြက္ Rehearsalလုပ္မလို႔မ်ားလား"
သံသာ့ကိုျမင္တိုင္း အၿမဲ႐ႊင္လန္းတက္ႂကြလ်က္ ၿပဳံးေနတတ္တာကို ထြန္းသစ္စသတိထားမိသည္။ လူတစ္ေယာက္ကို လိမ္လည္လွည့္ျဖားၿပီး အဘယ္ေၾကာင့္ ေပါ့ပါးသြက္လက္စြာ ၿပဳံးနိုင္ရသနည္း။
ထြန္းသစ္စထိုသို႔ေတြးမိေတာ့ ရယ္ခ်င္လာသည္။ ေတာ္ေတာ္တုံးလြန္းတဲ့ ငါပါလားဟု ေတြးမိေသာေၾကာင့္ျဖစ္မည္။ ဒါမွမဟုတ္ ပိရိၿပီး သ႐ုပ္ေဆာင္ေကာင္းလြန္တဲ့သံသာ့ကို ခ်ီးက်ဴးတာျဖစ္မည္။
"Zett ဘာေတြရယ္ေနတာလဲ...သံသာ့ကိုလည္းေျပာပါဦး"
"ေျပာမွာပါ သံသာ...အကုန္လုံးေျပာျပမွာ...ငါမေျပာခင္ မင္းကိုအရင္ေမးစရာရွိတယ္...အမွန္တိုင္းေျဖေပးဖို႔ေမွ်ာ္လင့္ပါတယ္"
သံသာက လက္ပိုက္လိုက္ကာ ေမးေငါ့ျပသည္။
"ငါ့မိဘအရင္းေတြအေၾကာင္း ဘယ္လိုသိတာလဲ...အမွန္တိုင္းေျဖပါ"
ထြန္းသစ္စအေမးကို သံသာကခ်က္ခ်င္းမေျဖဘဲ စဥ္းစားဟန္ ေခါင္းေစာင္း၍မ်က္ႏွာၾကက္ကိုေမာ့ၾကည့္သည္။
"အင္း...Zett သိရင္ အရမ္းအံ့ဩသြားလိမ့္မယ္...ဒါေၾကာင့္ မသိခ်င္ပါနဲ႕...အဲဒီအစား ႀကိဳျပင္ဆင္စမ္းပါ"
ထြန္းသစ္စ သံသာ့ကိုၾကည့္ၿပီးအားရပါးရရယ္လိုက္ကာ...
"ဘာလို႔လဲ အရမ္းအံ့ဩသြားရေအာင္ ဘယ္သူမို႔လို႔လဲ...ေဒၚႏြယ္ႏြယ္လား"
ေမႊးသံသာမ်က္လုံးမ်ား ျပဴးက်ယ္သြားၿပီး ပိုက္ထားသည့္လက္ကိုျပန္ျဖဳတ္ခ်ကာ ထြန္းသစ္စကို မယုံနိုင္သလိုစိုက္ၾကည့္သည္။
"Bingo??"
သံသာမွာျပန္မေျဖနိုင္ေသးဘဲ ေၾကာင္ေတာင္ေတာင္ႏွင့္သာ။
"ငါသိခ်င္တာတစ္ခုရွိတယ္ သံသာ...ေဒၚႏြယ္ႏြယ္က မင္းကိုဘယ္လိုမက္လုံးေတြေပးလိုက္လို႔ ဒီလိုလုပ္ရတာလဲ...ဒါကိုေတာ့ မင္းေျဖကိုေျဖရမယ္...မင္းအေျဖေပၚမူတည္ၿပီး ငါခြင့္လႊတ္ေပးမယ္...မဟုတ္ရင္ေတာ့ မင္းငါ့ကိုေသြးေဆာင္လွည့္ျဖားပါတယ္ဆိုၿပီး လိုင္းေပၚမွာလည္းတင္မယ္ ငါ့မိဘအရင္းေတြလို႔ မင္းေျပာတဲ့ လင္မယားႏွစ္ေယာက္ကိုလည္း ငါကိုယ္တိုင္သြားေျပာမယ္"
ေမႊးသံသာ အသက္ကိုျဖည္းျဖည္းခ်င္းရႉထုတ္ကာ လြယ္ထားေသာအိတ္ကိုျဖည္လိုက္သည္။ အိတ္ထဲကဖုန္းကိုထုတ္ၿပီးေနာက္ ေဘးလြယ္အိတ္ကို ၾကမ္းျပင္ေပၚပစ္ခ်လိဳက္၏။ ထို႔ေနာက္ ဖုန္းကိုဖြင့္ကာ...
"အဲလိုဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး"
စကားအဆုံးတြင္ သံသာက ထြန္းသစ္စဆီ ႐ုတ္တရက္ေျပးကပ္လိုက္ၿပီး ႏႈတ္ခမ္းမ်ားကိုထိကပ္ေစလိုက္သည္။ လက္တစ္ဖက္ကလည္း ဖုန္းကိုကိုင္ျမႇောက္ထားၿပီး ထိုအေျခအေနကို ဓါတ္ပုံရိုက္ထားေလ၏။
"ေမႊးသံသာ... မင္း ဘာလုပ္တာလဲ"
ထြန္းသစ္စ အေနာက္သို႔ဆုတ္လိုက္ကာ ႏႈတ္ခမ္းမ်ားတြင္ ေပက်ံေနေသာ သံသာ၏ႏႈတ္ခမ္းနီမ်ားကို သုတ္ဖယ္ပစ္သည္။
"သက္ေသယူထားတာေလ... ဒီတစ္ခုတည္းမဟုတ္ပါဘူး... Zettနဲ႕မေန႕ညကေျပာထားတဲ့ Conversationရယ္၊ အရင္ရက္ေတြက ဒီအခန္းထဲမွာႏွစ္ေယာက္တည္းအတူတူရွိခဲ့ၾကတဲ့ပုံေတြရယ္ သံသာ့ဆီမွာရွိတယ္...Zettပဲၿခိမ္းေျခာက္တတ္တယ္ထင္တာလား...သံသာလည္း ဒီေလာက္ကေတာ့ လုပ္တတ္ပါတယ္ေနာ္"
ေမႊးသံသာ ဗီဒီယိုကိုတစ္ခ်က္ဖြင့္ၾကည့္ၿပီး ဖုန္းကိုအိတ္ထဲျပန္ထည့္လိုက္၏။
"ဒီသက္ေသေတြကို Zettရဲ႕ေကာက္ညွင္းထုပ္ေလးဆီေရာ Zettရဲ႕မိဘအရင္းေတြဆီေရာ ေရာက္ေအာင္ ေသခ်ာပို႔လိုက္ပါ့မယ္... မင္းရဲ႕ေဖေဖနဲ႕ေမေမကိုေတြ႕ရင္ေလ သံသာက Zettရဲ႕ေကာင္မေလးပါ...အခုေလ Zettက သံသာ့ကိုစိတ္ဆိုးေနလို႔ လိုက္မလာနိုင္တာပါ...အဲလိုေလး မ်က္ႏွာခ်ိဳးေသြးလိုက္မယ္ေလ...မေကာင္းဘူးလား"
အမူအရာမ်ိဳးစုံႏွင့္ တမင္လုပ္ျပေနေသာေမႊးသံသာကို ထြန္းသစ္စနားမလည္ေတာ့။
"ေနပါဦး...မင္းက သူတို႔ကိုသြားျပၿပီး ဘာလုပ္မွာလဲ...ဘာျဖစ္သြားမယ္ထင္လို႔လဲ...ၾကည့္ရတာ ေဒၚႏြယ္ႏြယ္ရဲ႕စနက္မိသြားၿပီထင္တယ္...မင္း အခုထိ သူတို႔ကို ငါ့မိဘအရင္းေတြလို႔ ထင္ေနတုန္းလား"
ထြန္းသစ္စ ဟက္ခနဲရယ္လိုက္ကာ ေခါင္းကိုအႀကိမ္ႀကိမ္ခါရင္း သံသာ့ေဘးသို႔ ေလွ်ာက္လာခဲ့သည္။ ထို႔ေနာက္ သံသာ့ပုခုံးေပၚ လက္တင္လိုက္ကာ...
"ေဒၚႏြယ္ႏြယ့္ကို ေသခ်ာေမးၾကည့္ပါဦး...သူတို႔က ငါ့မိဘေတြဟုတ္ရဲ႕လားလို႔...မင္းအရွက္ကြဲမွာစိုးလို႔ သတိေပးတာပါ ေမႊးသံသာ..."
ထို႔ေနာက္ အခန္းထဲမွဒုန္းဆိုင္းထြက္လာခဲ့ေတာ့၏။ ဦးတည္ရာမရွိပါဘဲ ေဒါသႏွင့္ခံျပင္းစိတ္တို႔ေၾကာင့္သာ ေျခလွမ္းက်ဲမ်ားကိုဖန္တီးျဖစ္သည္။ ထိုေျခလွမ္းက်ဲမ်ားက မထင္မွတ္ပါဘဲ ေကာက္ညွင္းထုပ္ေလးႏွင့္ ပထမဆုံးဒိတ္လုပ္ခဲ့ေသာ သစ္ပင္ႀကီးေအာက္သို႔ ေရာက္လာေစသည္။
ကေလးေလးႏွင့္စဒိတ္တုန္းက ေႏြရာသီမို႔ ႐ြက္ေျခာက္မ်ား ေျမျပင္မွာျပန့္က်ဲေနခဲ့သည္။ အခုေတာ့လည္း ထိုအပင္ႀကီးက စိမ္းစိမ္းလန္းလန္းႏွင့္ ေဝဆာလ်က္ရွိ၏။ ထြန္းသစ္စ သစ္ပင္ေအာက္တြင္ဝင္ထိုင္လိုက္ခ်ိန္တြင္ မိုးေပါက္မ်ားက သစ္႐ြက္မ်ားမွတစ္ဆင့္ ထြန္းသစ္စေပၚသို႔ တေပါက္ေပါက္က်ဆင္းလာသည္။
ေကာက္ညွင္းထုပ္ေလး၏ ရွက္ေၾကာက္ေနေသာပုံစံေလးႏွင့္ သူ႕ကိုမုန့္ခြံ႕ေကြၽးသည့္ပုံရိပ္တို႔ကို ျပန္ျမင္ေယာင္မိသည္။ ရွက္တတ္လြန္းေသာ၊ စကားနည္းလြန္းေသာ၊ လူေၾကာက္တတ္ေသာထိုေကာင္ေလးက သူ႕ကိုေတာ့ အရမ္းခ်စ္ပါ၏။ ေလာကႀကီးအေၾကာင္း ေကာင္းေကာင္းနားမလည္ေပမဲ့ သူ႕ကိုေတာ့အျပည့္အဝနားလည္းေပးတတ္သည္။ အရာရာကို ကိုယ္ပိုင္ခံစားခ်က္ထက္ သူ႕ကိုပိုၿပီးဦးစားေပးသည္။
ဒီလိုကေလးေလးကိုပိုင္ဆိုင္ထားရတာ အရမ္းကံေကာင္းလို႔သာ။ ဒါကို သူက ကေလးေလးျဖစ္ေပၚနိုင္မည့္ခံစားခ်က္မ်ားကိုလ်စ္လ်ဴရႈကာ တစ္ကိုယ္ေကာင္းဆန္ခဲ့သည္။
ထြန္းသစ္စ ပင္စည္ကိုမွီထားရင္းမွ မ်က္ရည္စတို႔ က်ဆင္းလာ၏။
Ring Ring ...
ေဘာင္းဘီအိတ္ကတ္ထဲမွ ဖုန္းကား တုန္ခါ၍ျမည္ေနေလသည္။ ထြန္းသစ္စ ခ်က္ခ်င္းမကိုင္နိုင္သည္အထိ စိတ္ႏွင့္လူႏွင့္မကပ္။ ဖုန္းကတစ္ခါက်သြားၿပီး ေနာက္တစ္ႀကိမ္ထပ္ျမည္ျပန္သည္။ ထိုအခါမွ ဖုန္းကိုင္ဖို႔ကိုသတိရ၏။
"အစ္ကို အခုဘယ္မွာလဲဟင္"
ဖုန္းကိုင္လိုက္ခ်င္း ကေလးေလးအသံကိုၾကားလိုက္ရ၍ ထြန္းသစ္စ ႏႈတ္ခမ္းတို႔ကိုေကြးၫြတ္ေစသည္။
"ကေလးေလး ကို႔ကိုပထမဆုံးမုန့္ခြံ႕ေကြၽးတဲ့ေနရာမွာ"
"ဟုတ္ ဒါဆိုေစာင့္ေနေနာ္...ကြၽန္ေတာ္အခုလာမယ္"
ထို႔ေနာက္ ဖုန္းက်သြားသည္။ မိုးစက္မ်ားလည္း စိပ္လာ၏။ ထြန္းသစ္စ မ်က္ရည္မ်ားကိုသုတ္လိုက္ၿပီး မတ္တပ္ရပ္လိုက္သည္။ သစ္ပင္ေအာက္ကေနထြက္ကာ ေကာင္းကင္ကိုေမာ့ၾကည့္ေတာ့ မိုးရိပ္မိုးသားတို႔က မည္းေမွာင္ေန၏။ ဒီပုံစံအတိုင္းဆို မိုးသည္းလာဖို႔သာရွိသည္။
ထြန္းသစ္စ ဖုန္းကိုျပန္ထုတ္ကာ ေကာက္ညွင္းထုပ္ေလးကိုျပန္ေခၚလိုက္သည္။ သို႔ေသာ္ ထက္ရန္ကဖုန္းမကိုင္ေတာ့။ ထြန္းသစ္စ ထပ္ေခၚၾကည့္ေသာ္လည္း မရ။ ေနာက္တစ္ႀကိမ္ထပ္ဆက္ဖို႔ျပင္တုန္း ေမွ်ာ္လင့္ထားေသာမိုးက သည္းႀကီးမည္းႀကီးကို ႐ြာခ်လာသည္။ ထို႔ေၾကာင့္ ထြန္းသစ္စ ဖုန္းကိုအိတ္ထဲထည့္ကာ ေျပးမည္အလုပ္ မိုးစက္မ်ားသာ အတိုင္းအဆမရွိ က်ဆင္းေနေသာ ကတၱရာလမ္းေလးတြင္ သူ႕ဆီေျပးလာေသာ ေကာက္ညွင္းထုပ္ေလးအား ေတြ႕လိုက္ရသည္။
ထက္ရန္က အပင္ႀကီးေအာက္ေရာက္ေရာက္ခ်င္း အစ္ကို႔ကိုေျပးဖက္ေလ၏။
"ကေလးေလး"
ထြန္းသစ္စ ထိုလုံးလုံးက်စ္က်စ္ခႏၶာကိုယ္ေလးအား တင္းၾကပ္စြာျပန္ဖက္ထားလိုက္သည္။ မိုးကသည္းေသာ္လည္း အပင္ေအာက္တြင္ေတာ့ ထူထူအုံအုံသစ္႐ြက္မ်ားေၾကာင့္ စိုသင့္သေလာက္ေရမစို။
သို႔ေသာ္ ေကာက္ညွင္းထုပ္ေလးကေတာ့ တစ္ကိုယ္လုံး႐ြဲနစ္လို႔ေနသည္။ ထြန္းသစ္စရင္ခြင္ထဲတြင္လည္း ကေလးေလးက ခပ္ျပင္းျပင္းအသက္ရႉေနသည္ကို ခံစားရသည္။ ေျပးလာရတာ ဘယ္ေလာက္ေတာင္ ေမာေနမွန္း သိသာပါသည္။
"ကေလးေလး...အမိုးေအာက္သြားရေအာင္ေနာ္ ဖ်ားလိမ့္မယ္"
ကေလးေလးက ေခါင္းခါသည္။ ထို႔ေနာက္ ဖက္ထားရာမွ ခြာလိုက္ကာ ထြန္းသစ္စကိုေမာ့ၾကည့္၏။ ထြန္းသစ္စ အခုမွေသခ်ာသတိထားမိသည္။ ကေလးေလးမ်က္လုံးေတြရဲေနတာပဲ။
"အစ္ကိုကြၽန္ေတာ့္ကို အကုန္ေျပာျပပါ...အစ္မသံသာနဲ႕ပတ္သက္မႈက ကြၽန္ေတာ္မသိတာေတြရွိေသးတယ္မလား...အစ္ကို႔ကို ကြၽန္ေတာ္ယုံတယ္လို႔အၿမဲေျပာခဲ့တယ္ေနာ္...တကယ္လည္းယုံခဲ့တယ္...ကြၽန္ေတာ့္ အစ္ကို႔ကိုသံသယဝင္ေအာင္ မလုပ္ပါနဲ႕...ကြၽန္ေတာ့္ကို တန္ဖိုးထားတဲ့၊ အရမ္းခ်စ္တဲ့ လူတစ္ေယာက္ဆီကေန ထပ္ၿပီးအလွည့္စားမခံပါရေစနဲ႕"
ထက္ရန္၏ေပါက္ကြဲသံကား သည္းႀကီးမည္းႀကီး႐ြာခ်ေနသာမိုးသံမ်ားကိုလႊမ္း၍ ပီျပင္စြာထြက္ေပၚလာ၏။ ထြန္းသစ္စလည္း မ်က္ရည္ဝဲေနေသာ ေကာင္ငယ္ေလးကိုၾကည့္ကာ သူလည္းပဲမ်က္ရည္မ်ားဝဲတက္လာသည္။
"ကိုေတာင္းပန္ပါတယ္ ကေလးေလး...ေတာင္းပန္႐ုံနဲ႕ မလုံေလာက္ဘူးဆိုတာလည္းသိတယ္... ကေလးေလးကို အားလုံးေျပာျပပါ့မယ္...ၿပီးရင္ ကေလးေလးစိတ္တိုင္းက် ဆုံးျဖတ္ပါ"
ထို႔ေနာက္ ထြန္းသစ္စက ေကာက္ညွင္းထုပ္ေလးလက္ကိုဆြဲကာ ထိုေနရာမွထြက္ခြာခဲ့သည္။ အနီးဆုံး အမိုးရွိသည့္ေနရာသို႔ ခပ္ျမန္ျမန္သြားၿပီး ေကာက္ညွင္းထုပ္ေလး၏ဆံပင္ေပၚက ေရစက္မ်ားကို လက္ႏွင့္ခါထုတ္ေပးေလသည္။
ထိုအခ်ိန္မွာပဲ ထက္ရန္က စကားစလာ၏။
"ခုနက ခန့္ပိုင္ဆီကို အစ္မသံသာ ပုံေတြပို႔တယ္"
ထြန္းသစ္စ ပုံေတြဆိုကတည္းက ရိပ္မိၿပီးသားျဖစ္၍ ၿပဳံး႐ုံသာၿပဳံးလိုက္ၿပီး ေရစက္ေတြနည္းနိုင္သမွ်နည္းေအာင္ ဆက္၍ခါေနလိုက္သည္။
"ကြၽန္ေတာ္ အစ္ကို႔ကိုဘယ္ေလာက္ပဲယုံတယ္ေျပာေျပာ တုန္လႈပ္သြားတယ္ ...ဝမ္းလည္းနည္းတယ္...အဲဒါေတာ့ ကြၽန္ေတာ့္အျပစ္မဟုတ္ဘူးမလားဟင္"
"ကေလးေလးမွာ ဘာမျပစ္မွမရွိပါဘူး...အားလုံးကို႔ေၾကာင့္ျဖစ္သြားတာ"
ထက္ရန္ဘက္က ဘာမွျပန္မေျပာ။ ခပ္ေစာင္းေစာင္းဆင္းသက္လ်က္ရွိေသာ မိုးစက္မ်ားကိုသာ စိုက္ၾကည့္ေနသည္။ ထြန္းသစ္စလည္း တိတ္ဆိတ္ေန၏။ ကေလးေလးေခါင္းေပၚကလက္ကို ျပန္႐ုတ္လိုက္ၿပီး ေကာက္ညွင္းထုပ္ေလးႏွင့္အတူ ေရွ႕တူ႐ူသို႔သာ စိုက္ၾကည့္ေနေတာ့သည္။
မိုးစိုထားသျဖင့္ ေလတစ္ခ်က္တိုက္တိုင္း ခႏၶာကိုယ္က ေအးစက္သြားသည္။ ဒီပုံအတိုင္းဆို ထိုင္ေနရင္းေတာင္ ေရေျခာက္သြားနိုင္သည္။ ဤမိုးေၾကာင့္ က်န္းမာေရး ခြၽတ္ယြင္းခဲ့သည္ရွိေသာ္ ေကာက္ညွင္းထုပ္ေလးအား မသက္ေရာက္ေစဘဲ အျပစ္ရွိသူသာလွ်င္ ခံစားရပါေစ...။
------------------------------------------------------
ေန႕လည္ပိုင္း ထက္ရန္ေရာ ထြန္းသစ္စပါ အတန္းမတက္ျဖစ္တာမို႔ ခန့္ပိုင္ကိုအက်ိဳးအေၾကာင္းေျပာကာ ဆိုင္ကယ္ကိုယ္စီႏွင့္ အိမ္ျပန္ခဲ့ၾကသည္။ ထြန္းသစ္စက ေကာက္ညွင္းထုပ္ေလးကိုလိုက္ပို႔ၿပီး အိမ္မျပန္ေသးဘဲ လမ္းထဲက Storeတြင္သာထိုင္ေန၏။
နာရီဝက္ေလာက္ၾကာေတာ့ ထက္ရန္ကိုဖုန္းဆက္ၾကည့္သည္။
"ဟယ္လို ကေလးေလး...အဝတ္လဲၿပီးၿပီလား...ေခါင္းေရာေျခာက္ၿပီလား"
"ဟုတ္"
"ဒါဆို ထိုင္ေနက်ဆိဳင္ကို ခဏထြက္ခဲ့ပါဦး"
ထက္ရန္ေၾကာင္သြားသည္။ အစ္ကိုက အိမ္မျပန္ဘဲဆိုင္မွာထိုင္ေနတာလား။
"ဟုတ္...လာခဲ့မယ္"
ထက္ရန္လည္း ျမန္ျမန္ဆန္ဆန္ ေအာက္ထပ္သို႔ေျပးဆင္းကာ အျပင္ထြက္ခဲ့သည္။ ေမေမက အိပ္ေန၍ ခြင့္ေတာင္းစရာမလိုခဲ့။
ဆိုင္ထဲသို႔ေရာက္ေသာအခါ အစ္ကို႔ကို မနက္ကေရစိုထားေသာအဝတ္အစားမ်ားႏွင့္သာေတြ႕ရေတာ့ ထက္ရန္စိတ္ပူသြား၏။
"အစ္ကို အဝတ္မလဲရေသးဘူးလား...ဒါဆို အိမ္မျပန္ရေသးဘူးေပါ့"
"အင္း...ကေလးေလးကိုေစာင့္ေနတာ...ကေလးေလးကိုအကုန္ေျပာျပၿပီးမွ ကိုအိမ္ကိုေျဖာင့္ေျဖာင့္ျပန္နိုင္လိမ့္မယ္..."
ထြန္းသစ္စ အမွန္တကယ္ပင္ အခ်ိန္ထပ္မဆြဲခ်င္ေတာ့။ ေကာက္ညွင္းထုပ္ေလးကို အလုံးစုံရွင္းျပၿပီးမွသာ စိတ္ေလွ်ာ့နိုင္ေတာ့မည္။ ထိုသို႔ျဖစ္ရျခင္းကလည္း ကိုယ္တိုင္အျပစ္ရွိသလိုခံစားရျခင္းထက္ ေကာက္ညွင္းထုပ္ေလးက သူႏွင့္သံသာ့အေၾကာင္းကို လွည့္ပတ္ေတြးရင္းက အေတြးလြန္ၿပီး ပိုခံစားရမွာစိုးတာေၾကာင့္။
"မဟုတ္ရင္ ကို႔ကေလးေလး ေလွ်ာက္ေတြးၿပီး စိတ္ညစ္ေနမွာစိုးလို႔"
ထက္ရန္လည္း ေျပာမရသည့္အဆုံး သက္ျပင္းခ်ကာ ေဘးခုံတြင္ဝင္ထိုင္လိုက္သည္။ ထြန္းသစ္စ ေမႊးသံသာႏွင့္ပတ္သက္ခဲ့သမွ် ျဖစ္ေၾကာင္းကုန္စင္ကို စိတ္ရွည္စြာ ေျပာျပေလသည္။
........
"ဒီေလာက္ဆို ကြၽန္ေတာ္နားလည္ပါၿပီအစ္ကို ... အစ္ကို႔စိတ္ရင္းအမွန္ကို ကြၽန္ေတာ့္ကိုသက္ေသျပစရာမလိုပါဘူး...ကြၽန္ေတာ္က အစ္ကိုနဲ႕ပတ္သက္သမွ်ကိုယုံတယ္...အစ္ကို႔စကားေတြကိုလည္းယုံတယ္...ကြၽန္ေတာ္ကအဲလိုလူစားမ်ိဳးျဖစ္တဲ့အတြက္ အရင္က လိမ္ေျပာခဲ့တာေတြအေပၚ အစ္ကိုအျပစ္ရွိသလိုခံစားရတယ္မလား...အဲဒါအတြက္ စိတ္ခ်ပါ...ကြၽန္ေတာ္ေနာက္က် အစ္ကို႔အေပၚ အသားကုန္ဆိုးၿပီး လက္စားေခ်မယ္...ဒါေၾကာင့္ ခင္ဗ်ားႀကီးက အခုအိမ္ျပန္ၿပီး အဝတ္လဲေတာ့ "
ေကာက္ညွင္းထုပ္ေလး၏ အတည္အတံ့စကားေျပာေနရာမွ ေနာက္ဆုံးတြင္ ဆူပုတ္ကာ အတင္းႏွင္လႊတ္ေနေသာပုံစံေလးက ပါးစပ္ထဲငုံထားခ်င္စရာ။
"ကို႔ကို အဲလိုႀကီး ႏွင္ရက္တယ္ေပါ့"
"အင္း... ႏွင္သင့္ရင္ ႏွင္ရမွာပဲ...မဟုတ္ရင္ ဒီလူဆိုးႀကီး ဖ်ားေတာ့မယ္"
အစ္ကို႔ရင္ဘတ္ကို လက္ညိုးႏွင့္တြန္းထုတ္၍ဆိုသည္။ ထြန္းသစ္စ ထိုရွည္သြယ္သြယ္လက္ညိုးေလးကိုဆြဲဖမ္းကာ လက္ဖမိုးေလးအား နမ္းရွိုက္လိုက္၏။
"ကို ကေလးေလးကို ဘယ္လိုေက်းဇူးတင္ရမွန္းမသိဘူး...ဒီေလာက္ဆိုးတဲ့ကို႔အေပၚ အခ်စ္ေတြေလ်ာ့မသြားလို႔"
"သြား သြား အပိုေတြေနာက္မွေျပာ...အိမ္ျပန္ပါဆိုကြာ"
"ေရာ္...ကဲ ၾကည့္... နည္းနည္းေလးမွကို စာဖြဲ႕လို႔မရပါလား ... ဘယ္လိုေကာက္ညွင္းထုပ္လဲ"
ထက္ရန္က ပတ္ဝန္းက်င္အေနအထားကို တစ္ခ်က္ၾကည့္ကာ...
"အဲဒီဗိုက္ ဆြဲလိမ္ခံခ်င္ေနၿပီထင္တယ္"
"ဟားဟား ...စတာ စတာ...ကေလးေလးစိတ္ပူေအာင္မလုပ္ေတာ့ဘူးေနာ္...အခုျပန္ၿပီ"
"ထ ထ"
"ရက္စ္ ဆား"
ထို႔ေနာက္ ဆိုင္အတြင္းပိုင္းမွ ႏွစ္ေယာက္သားထြက္လာၾကသည္။ ထြန္းသစ္စ ကေလးေလးကိုႏႈတ္ဆက္ၿပီး အိမ္ကိုျပန္ခဲ့ေတာ့သည္။ ေရစိုအကၤ်ီႏွင့္ တစ္ေနကုန္ေနမိ၍ ဖ်ားမယ္ဆိုက ဖ်ားပါေစေတာ့။
အေဖအိမ္ျပန္ေရာက္လွ်င္လည္း ဝန္ခ်ေတာင္းပန္မည္။ မိဘအရင္းကဲ့သို႔ ျပဳစုေစာင့္ေရွာက္ခဲ့ပါေသာ အေဖ့ကို မငဲ့ကြက္ဘဲ မိဘအရင္းကိုရွာမိပါသည္ဟူ၍။
ေဒၚႏြယ္ႏြယ္ႏွင့္သံသာတို႔အေၾကာင္းကေတာ့ ထုတ္ေျပာဖို႔စိတ္ကူးမရွိ။ ေဒၚႏြယ္ႏြယ္သည္လည္း ဤမိသားစုဝင္ပဲမဟုတ္ပါလား...။ သူ႕ေၾကာင့္ ဒီမိသားစု အတြင္းေရးပဋိပကၡျဖစ္မွာကိုေတာ့ စိတ္ရင္းအမွန္ႏွင့္ မလိုလားေပ။