Dear My Ex-crush[Completed]

By Daydream-fah

271K 22.1K 1.6K

Zawgyi crush​ေတြက မ​ေကာင္​းပါဘူး.. ဟုတ္​ပါတယ္​ လံုးဝကိုမ​ေကာင္​းၾကတာပါ ... အဲ့ဒီထဲကမွ ရိ​ေပၚရဲ႕ex-crushႀကီး​ေ... More

Ch-1
Ch-2
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Final
New Fic
Extra
မေးစရာလေးရှိလို့🦄
Book Announcement
✨Special Chapter✨

Ch-3

7.3K 670 62
By Daydream-fah

Zawgyi

​ေရွာင္းက်န႔္​စားပြဲ​ေပၚမွာ​ ​ေန႔တိုင္း​ေတြ႕ရတတ္​တဲ့ green teaဘူး​ေလးက ဘယ္​သူ႔လက္​ခ်က္​ဆိုတာ ျပန္​ေမးစရာပင္​မလို။ သူ႔ကို​ေတြ႕ရင္​ျပန္​ေပးမွာစိုးလို႔​ေရွာင္းက်န႔္​မ​ေရာက္​ခင္​ထားသြားတတ္​တဲ့​ေကာင္​ေလးက​တကယ့္​တဇြတ္​ထိုး။ ဘာသ​ေဘာနဲ႔ အခုလို​ေတြ လုပ္​ေနလည္း မသိ​ေပမယ့္​စိတ္​ရႈပ္​မိတာ​ေတာ့ အမွန္​ပင္​။​ ​ေရွာင္းက်န႔္​က အဲ့လို အာရံုစိုက္​ခံရတာမ်ိဳးကို သ​ေဘာမက်ဘူး။ ျဖစ္​ႏိူင္​သမ်ွ​ေအး​ေအး​ေဆး​ေဆး​ေလးပဲ​ေနခ်င္​တာ။

"​ေရွာင္းက်န႔္​ မင္းမ​ေသာက္​ခ်င္​ရင္​ငါ့ကို​ေပးပါလား"

​ေရွာင္းက်န႔္​လက္​ထဲက green teaဘူးကို ၾကၫ့္​ၿပီး​ေျပာလာတဲ့ က်ိဳးခ်န္​ေၾကာင့္​ေရွာင္းက်န႔္​ဝမ္းသာအားရပင္​ေပးလိုက္​သည္​။

"မင္း​ေသာက္​ခ်င္​တယ္​ဆို ယူ​ေလ မဟုတ္​ရင္​လႊင့္​ပစ္​ရမွာ ႏွ​ေမ်ာစရာႀကီး"

​ေရွာင္းက်န႔္​ေျပာလိုက္​ေတာ့ တရႉးရႉးတရွဲရွဲျဖစ္​သြားတဲ့ က်ိဳးခ်န္​ကိုၾကၫ့္​ၿပီး​ရယ္​ေနတဲ့​ေဟာက္​ရႊမ္းရဲ႕​ေျခ​ေထာက္​ကို ပိတ္​ကန္​ကာ

"ရီမ​ေနနဲ႔ အဲ့တာ မင္းလက္​ခ်က္​မလား"

"ဟာကြာ.....စြပ္​စြပ္​စြဲစြဲ..."

"​ေျဗာင္​ျငင္းဖို႔မႀကံနဲ႔ အဲ့လို ပါးစပ္​ေဆာ့တတ္​တာ မင္းပဲရိွတယ္​"

"မင္းကလည္းကြာ အဲ့ဒီက​ေလးက မင္းနဲ႔ ခင္​ခ်င္​တယ္​ဆိုလို႔ ငါက ကူညီ​ေပးတာပါ"

"​ေပါက္​ကရ​ေတြ မလုပ္​စမ္းနဲ႔​ေဟာက္​ရႊမ္း ဟိုက က​ေလးပဲရိွ​ေသးတာ"

​ေျပာလို႔ရမွာ မဟုတ္​မွန္း သိ​ေပမယ့္​လည္း​ေရွာင္းက်န႔္​ေျပာ​ေနရသည္​။​ ​ေရွာင္းက်န႔္​ကို လာႀကိဳက္​သမ်ွ လူတိုင္းကို အခြၽန္​နဲ႔မကာ​ေျမႇာက္​ေပးတတ္​တဲ့​ေဟာက္​ရႊမ္းရဲ့ အက်င့္​က ပထမႏွစ္​က​ေန​ေနာက္​ဆံုးႏွစ္​ေရာက္​တဲ့အထိ မ​ေျပာင္းလဲ​တာမို႔ ခံရသူ​ေပါင္းလည္း မနည္း​ေတာ့။

အခုတစ္​ေခါက္​က အရင္​အႀကိမ္​ေတြလို မဟုတ္​ပဲ က​ေလးသာသာအရြယ္​အထက္​တန္း​ေက်ာင္းသား​ေလးမို႔ သတိ​ေပး​ေနရသည္​။​ ​ေရွာင္းက်န႔္​ကို လာ​ေပးသမ်ွ မုန႔္​ေတြကို ဒိုင္​ခံစားတတ္​တဲ့ က်ိဳးခ်န္​က​ေတာ့ green teaဘူးကို​ေသာက္​ကာ ဒူး​ေလးတႏွံ႔ႏွံ႔ျဖင့္​ေရွာင္းက်န႔္​တို႔​ေျပာသမ်ွကို နား​ေထာင္​ေန​ေလသည္​။ သူငယ္​ခ်င္း​ေလး ႏွစ္​ေယာက္​ရိွပါတယ္​။ တစ္​ေယာက္​မွ အခ်ိဳးမ​ေျပတာမို႔​ေရွာင္းက်န႔္​တစ္​ေယာက္​ေခါင္းတစ္​ခါခါျဖင့္​သာ။

•••••••••••••••••••

ဒီ​ေန႔က​ေက်ာင္းပိတ္​ရက္​မို႔ ရိ​ေပၚ​ေလး အိမ္​မွာ တစ္​ေယာက္​ထဲ ပ်င္းလို႔​ေနသည္​။ legoလည္း ထိုင္​မဆက္​ခ်င္​တာမို႔ တီဗီရိွရာ ဧၫ့္​ခန္းထဲကိုသာ ဝင္​လာလိုက္​သည္​။ ဒီအခ်ိန္​ဆို ရိ​ေပၚၾကၫ့္​ေနက် အစီအစဉ္​လာ​တတ္​တာမို႔ တီဗီဖြင့္​ၾကၫ့္​လိုက္​ေပမယ့္​ေနာက္​ဆံုးစာတန္းထိုးပဲ မွီလိုက္​တာ​ေၾကာင့္​အလိုမက်စြာ ဆိုဖာကို ထုရိုက္​ၿပီး ၿခံထဲ ဆင္းလာလိုက္​သည္​။

ပန္းပင္​ေတြကို​ေရ​ေလာင္း​ေနတဲ့ အန္​တီရင္းက  ၿပံဳးစိစိ လုပ္​ေနတာမို႔ ရိ​ေပၚ​ေလးက မ်က္​ေမွာင္​က်ံဳ႕ကာ ၾကၫ့္​လိုက္​ၿပီး

"အန္​တီရင္းက ဘာရီတာလဲ"

"အိ​ေပၚ​ေလး စိတ္​ဆိုး​ေနတဲ့ပံုစံ​ေလးက tweety​ေလးအတိုင္းပဲ"

ရိ​ေပၚ​နာမည္​ကို ဖ်က္​ၿပီး​ေခၚတဲ့အျပင္​ ငွက္​စုတ္​နဲ႔ပါ တူတယ္​ေျပာ​ေနတာမို႔ ရိ​ေပၚ​က ႏႈတ္​ခမ္းကို ပိုၿပီးဆူ​ေထာ္​ပစ္​လိုက္​ကာ

"သားကို အိ​ေပၚလို႔ မ​ေခၚပါနဲ႔လို႔ အန္​တီရင္းကို​ေျပာထားတယ္​ေလ ၿပီး​ေတာ့ သားက အဝါ​ေရာင္​ငွက္​စုတ္​မဟုတ္​ဘူး​ေၾကာက္​စရာ​ေကာင္းတဲ့ က်ားသစ္​ေလးပဲ လုပ္​ေတာ့မွာ ဟြန႔္​..."

ႏႈတ္​ခမ္းႀကီး​ေထာ္​ကာ မဲ့ယြဲ႔ၿပီး​ေျပာ​ေနတဲ့ ရိ​ေပၚ​ေလးရဲ့ အညို​ေရာင္​ဆံႏြယ္​ေလး​ေတြက မ်က္​လံုးကို အုပ္​လုဆဲဆဲ ျဖစ္​ေနတာမို႔ အနားသြားကာ​ေ႐ွ႕ဆံပင္​ေလးကို သပ္​တင္​ေပးလိုက္​ေပမယ့္​ေပ်ာ့အိအိ ဆံႏြယ္​ေလး​ေတြက နဖူး​ေပၚ ျပန္​က်လာတာမို႔ သူမအက်ႌအိပ္​ကပ္​ထဲက အဝါ​ေရာင္​ေခါင္းစည္းႀကိဳး​ေလးျဖင့္​ထိပ္​မွာ စုၿပီးဆည္း​ေပးလိုက္​သည္​။

"​ေျပာပါ​ဦး အိ​ေပၚ​ေလးက ဘာ​ေတြအလိုမက်ျဖစ္​ေနတာလဲ အရင္​က​ေတာ့ tweety​ေလးက ခ်စ္​ဖို႔​ေကာင္းလွခ်ည္​ရဲ႕ဆို"

"အခုခ်စ္​စရာမ​ေကာင္း​ေတာ့ဘူး။ သားက​ပ်င္းလို႔ ၾကၫ့္​ပါမယ္​ဆိုတာကို သားဖြင့္​လိုက္​ေတာ့ ၿပီးသြားၿပီ။​ေနာက္​ဆို လံုးဝ မၾကၫ့္​ေတာ့ဘူး"

သူႀကိဳက္​တဲ့ tweety and sylvesterကို မၾကၫ့္​လိုက္​ရလို႔ စိတ္​ေကာက္​ၿပီး ဆူပုတ္​ေနတဲ့ ရိ​ေပၚ​ေလးက တီရွပ္​အဝါ​ေရာင္​အပြႀကီးကို​ေအာက္​က ဒူး​ဖံုး​ေဘာင္းဘီ အျဖဴ​ေရာင္​ေလးျဖင့္​တြဲဝတ္​ထားတာမို႔ အဝါ​ေရာင္​ငွက္​​ေပါက္​စ​ေလး tweety အျပင္​ေလာကကို ခုန္​ထြက္​လာသၫ့္​အတိုင္းပင္​။

"အန္​တီရင္း ဟိုနားမွာ ရပ္​ထားတာ ဘယ္​သူ႔စက္​ဘီးလဲဟင္​"

ၿခံ​ေထာင့္​မွာ ရပ္​ထားတဲ့ စက္​ဘီးကို လက္​ညိုးထိုးျပၿပီး​ေမးလာတာမို႔

"အဲ့ဒါ ဦး​ေလးက်ိဳး ဟိုနားဒီနား သြားရင္​စီးတဲ့ စက္​ဘီး​ေလ"

ရိ​ေပၚ​ေလးရဲ႕ မ်က္​လံုး​ေလး​ေတြက ဘလင္းဘလင္း ျဖစ္​သြားၿပီး စက္​ဘီးနားကို​ေျပးသြားလိုက္​ေတာ့ အန္​တီရင္းက ရိ​ေပၚအႀကံကို ႀကိဳသိ​ေနသၫ့္​အလား အ​ေနာက္​က လိုက္​လာကာ

"အိ​ေပၚ​ေလး သခင္​မႀကီးသိရင္​အဆူခံရလိမ့္​မယ္​"

သူမ​ေျပာလိုက္​ေတာ့ အိ​ေပၚ​ေလးမ်က္​ႏွာက ခ်က္​ခ်င္းတည္​သြားၿပီး

"အဲ့ဒီလိုဆိုရင္​ေတာ့​ေကာင္းတာ​ေပါ့ အန္​တီရင္းရဲ႕ သား မာမီတို႔နဲ႔ မ​ေတြ႕ရတာၾကာၿပီ"

ရိ​ေပၚကို သနား​တဲ့ အၾကၫ့္​ေတြနဲ႔ ၾကၫ့္​လာတဲ့ အန္​တီရင္း​ေၾကာင့္​စက္​ဘီးကို ယူၿပီးသာ ၿခံျပင္​ကို ထြက္​လာလိုက္​သည္​။ ရိ​ေပၚဘဝမွာ ခံရအခက္​ဆံုးက ရိ​ေပၚကို သနားစရာ လူတစ္​ေယာက္​လို ၾကၫ့္​လာတဲ့ အၾကၫ့္​ေတြ။ တကယ္​ကို ခံရခက္​လြန္းပါသည္​။

ရိ​ေပၚစက္​ဘီးစီးလာရင္း မ်က္​ႏွာခ်င္းဆိုင္​က လမ္း​ေလ်ွာက္​လာ​ေနတဲ့ မိန္းက​ေလးတစ္​ေယာက္​က ရိ​ေပၚစက္​ဘီးနား​ေရာက္​မွ ရုတ္​တရက္​ဖင္​ထိုင္​ရက္​လဲသြားတာ​ေၾကာင့္​စက္​ဘီးကို ရပ္​လိုက္​သည္​။ မရပ္​လို႔ မရဘူး။ ဆက္​နင္းသြားရင္​ဒီဟာမကို တက္​က်ိတ္​မိမွာ။​

​ေသခ်ာၾကၫ့္​ေတာ့မွ ရိ​ေပၚတို႔ အခန္းထဲက ဘယ္​သူကမွ မသတ္​မွတ္​ေပး​ေပမယ့္​သူ႔ကိုယ္​သူ ကြင္းလို႔ ခံယူထားတဲ့ တစ္​ေယာက္​။ နာမည္​ေတာ့ မသိဘူး။ ရိ​ေပၚက ကိုယ့္​အ​ေၾကာင္းကလြဲၿပီး ဘယ္​သူ႔အ​ေၾကာင္းမွ စိတ္​မဝင္​စားဘူး။ ကိုကိုက​ေတာ့ ခြၽင္းခ်က္​ေပါ့ အဟစ္​။

ရိ​ေပၚသြားမထူ​ေပးမခ်င္း ထမယ့္​ပံုမ​ေပၚတာ​ေၾကာင့္​စက္​ဘီးကို ခြရက္​သားႏွင့္​ပင္​

"နင္​ဘာမွ မျဖစ္​ဘူးဆိုတာ ငါသိတယ္​။ ငါ့စက္​ဘီးအ​ေရ႔ွက ဖယ္​ေပး"

ရိ​ေပၚစက္​ဘီးနား​ေရာက္​မွ တမင္​တကာ ထိုင္​ခ်လိုက္​တာကို မျမင္​ရ​ေအာင္​ရိ​ေပၚကို အကန္းလို႔မ်ား ထင္​ေနသလားမသိဘူး။

"ငါ့​ေျခ​ေထာက္​...တကယ္​နာ​ေနလို႔ပါ..ငါ့ကို...ထူ​ေပးပါလားဟင္​.."

တကယ္​မ်ား နာသြားသလားဆိုၿပီး လွမ္းၾကၫ့္​လိုက္​ေတာ့​ေခါင္းငံု႔ၿပီး ငို​ေနသလိုလိုျဖင့္​ခိုးၿပံဳးလိုက္​တာကို ျမင္​ျဖစ္​ေအာင္​ျမင္​လိုက္​ေသးသည္​။ တယ္​လည္း မ်က္​စိလ်င္​တဲ့ ငါပါလား။ ကိုယ့္​ကိုယ္​ကို ဂုဏ္​ယူ​ေနတုန္း ရိ​ေပၚ​ေနာက္​ေက်ာဘက္​က​ေလ်ွာက္​လာကာ ထိုမိန္းက​ေလးကို ဆြဲထူ​ေပးလိုက္​တဲ့လူ​ေၾကာင့္​ရိ​ေပၚအံ့ၾသသြားရသည္​။ ကိုကိုက ဘယ္​လိုျဖစ္​ၿပီး​ေရာက္​လာတာလဲ။ မဟုတ္​မွ...ဒီနားမွာ​ေနတာမ်ားလား..

ကိုကိုက ရိ​ေပၚကို မ်က္​ေမွာင္​က်ံဳ႕ကာ တစ္​ခ်က္​စိုက္​ၾကၫ့္​ၿပီး ထိုမိန္းက​ေလးကို လက္​ေမာင္းႏွစ္​ဖက္​က ဆြဲထူကာ​ေခၚသြားတာ​ေၾကာင့္​ရိ​ေပၚလွမ္း​ေခၚလိုက္​ေတာ့ စိတ္​မရွည္​တဲ့ ပံုစံမ်ိဳးျဖင့္​လွၫ့္​ၾကၫ့္​လာသည္​။

"ကိုကို...သူဟန္​ေဆာင္​ေနတာ သူ႔ကို ထားခဲ့..."

"​ေတာ္​ေလာက္​ၿပီ ဝမ္​ရိ​ေပၚ"

ရိ​ေပၚစကားကို နားမ​ေထာင္​ပဲ ထိုမိန္းက​ေလးကို တြဲၿပီး​ေခၚသြားတဲ့ ကိုကို႔​ေၾကာင့္​ရိ​ေပၚဆံပင္​ေတြကို စိတ္​ရႈပ္​စြာ ထိုးဖြလိုက္​မိသည္​။ ကိုကိုက အခု ရိ​ေပၚကို အက်င့္​မ​ေကာင္းတဲ့သူလို႔ ထင္​သြားမွာ​ေသခ်ာသည္​။ ဘယ္​လိုလုပ္​ရမလဲ။ ရိ​ေပၚတကယ္​မစဉ္းစားတတ္​ေတာ့တာမို႔ ရႊမ္း​ေကာဆီကို ဖုန္းဆက္​ကာ ရိ​ေပၚတို႔ လမ္းထိပ္​နားက ပန္းၿခံကို လာခိုင္းလိုက္​သည္​။

အၾကာႀကီး မ​ေစာင့္​လိုက္​ရပဲ ရႊမ္း​ေကာက​ေရာက္​လာတာမို႔

"ရႊမ္း​ေကာ လုပ္​ပါဦး ကိုကိုက ကြၽန္​ေတာ့္​ကို စိတ္​တိုသြားတယ္​ထင္​တယ္​"

"​ေရွာင္းက်န႔္​စိတ္​တို​ေအာင္​မင္းက ဘာသြားလုပ္​လိုက္​လို႔လဲ"

"တကယ္​ေတာ့ ကိုကိုက အထင္​လြဲသြားတာပါ။ အခု​ေလာက္​ဆို ကိုကို​ကြၽန္​ေတာ္​ကို မုန္းသြား​ေလာက္​ၿပီ"

​စကားတစ္​ခြန္း​ေျပာတိုင္း​ငယ္​ထိပ္​ေပၚက ၾကက္​ေတာင္​စည္း​ေလးတစ္​လႈပ္​လႈပ္​နဲ႔ ငို​ေတာ့မ​ေယာင္​ျဖစ္​ေနတဲ့ က​ေလး​ေပါက္​စကို ၾကၫ့္​ၿပီး​ေဟာက္​ရႊမ္း ႀကိတ္​ရယ္​မိသည္​။ ဒီက​ေလးက​ေရွာင္းက်န႔္​ကို​ေတာ္​ေတာ္​ျဖစ္​ေနတာပဲ။ ရိ​ေပၚရဲ႕ ပ်ာယာခတ္​ေနတဲ့ ပံုစံကိုၾကၫ့္​ၿပီး စခ်င္​လာတာ​ေၾကာင့္​

"မဟုတ္​ေလာက္​ပါဘူး ရိ​ေပၚရဲ႕ ​ေကာအထင္​ေတာ့​ေရွာင္းက်န႔္​လည္း ရိ​ေပၚကို သ​ေဘာက်​ေနပံုပဲ"

​ေဟာက္​ရႊမ္း​ေျပာစကား​ေၾကာင့္​ေမ်ွာ္​လင့္​တဲ့ အၾကၫ့္​ေတြနဲ႔ ၾကၫ့္​လာတဲ့ ရိ​ေပၚက​ေဟာက္​ရႊမ္းဆက္​ေျပာမယ့္​စကား​ေတြအတြက္​ႀကိဳၿပီး ရင္​ခုန္​ေနဟန္​။

"​ေရွာင္းက်န႔္​က အ​ေဆာင္​မွာဆို ရိ​ေပၚအ​ေၾကာင္း​ေတြ ခဏခဏ​ေျပာလြန္းလို႔​ေကာတို႔​ေတာင္​အလြတ္​ရ​ေနၿပီ"

"ဘာ...ဘာ​ေတြ..​ေျပာတာလဲဟင္​ရႊမ္း​ေကာ"

"အစံုပါပဲကြာ အမ်ားအားျဖင့္​ေတာ့ ရိ​ေပၚ​ေလးက ဘယ္​လို ခ်စ္​စရာ​ေကာင္းတာ ဘာညာ​ေပါ့"

ပါး​ေလး​ေတြရဲရံုမက နားရြက္​ဖ်ား​ေလး​ေတြပါ ရဲတက္​သြားတဲ့ ရိ​ေပၚကိုျမင္​ေတာ့ အ​ေဆာင္​မွာ ရိ​ေပၚနဲ႔စတိုင္း စိတ္​ဆိုးမာန္​ဆိုးနဲ႔ ထြက္​သြားတတ္​တဲ့​ေရွာင္းက်န႔္​ကိုပင္​ျမင္​ေယာင္​လာသည္​။

"ဒီ​ေတာ့...ရိ​ေပၚ မင္း​ေရွာင္းက်န႔္​ကို ဖြင့္​ေျပာလိုက္​ေတာ့"

​ေဟာက္​ရႊမ္းစကားအဆံုး မ်က္​လံုးျပဴးကာ​လက္​တစ္​ခါခါျဖင့္​'ျဖစ္​မယ္​မထင္​ဘူး´ ဆိုၿပီး ျငင္း​ေနတာ​ေၾကာင့္​

"​ဒီလိုလုပ္​ေက်ာင္းဖြင့္​တဲ့​ေန႔​ေရာက္​ရင္​ ​ေရွာင္းက်န႔္​ကို လူမ်ားတဲ့​ေနရာမွာ ဖြင့္​ေျပာလိုက္​။ အဲ့တာဆို​ေရွာင္းက်န႔္​ျငင္းမွာလည္း စိတ္​မပူရသလို တစ္​ေက်ာင္းလံုးကိုလည္း ဝမ္​ရိ​ေပၚက​ေရွာင္းက်န႔္​ရဲ႕ ခ်စ္​သူပါ ဆိုတာ​ေၾကျငာၿပီးသား ျဖစ္​သြားမယ္​။ တစ္​ခ်က္​ခုတ္​ႏွစ္​ခ်က္​ျပတ္​ပဲ ဘယ္​ေလာက္​မိုက္​လဲ"

​ေဟာက္​ရႊမ္းစကားအဆံုး​ေတြ​ေဝ​ေနပံုရတဲ့ ရိ​ေပၚရဲ႕ ပခံုးကို ပုတ္​ၿပီး

"အခြင့္​အ​ေရးဆိုတာ ႏွစ္​ခါမရဘူး ရိ​ေပၚ။​ ​ေကာက ရိ​ေပၚကို ညီ​ေလးတစ္​ေယာက္​လို သ​ေဘာထားလို႔ အႀကံ​ေပးတာ​ေနာ္​။​ မင္းသိတဲ့အတိုင္း​ေက်ာင္းမွာက​ေရွာင္းက်န႔္​ကို ရည္းစား​ေတာ္​ခ်င္​တဲ့ သူ​ေတြက အမ်ားသားဆို​ေတာ့..."

​စကားကို ဆံုး​ေအာင္​မ​ေျပာ​ေသးပဲ ရိ​ေပၚရဲ႕အ​ေျခအ​ေနကို လွမ္းၾကၫ့္​လိုက္​ေတာ့ လႈပ္​လႈပ္​ရွားရွား ျဖစ္​သြားပံုရတဲ့ ရိ​ေပၚက​ေဟာက္​ရႊမ္းကို ၾကၫ့္​ၿပီး

"​ရႊမ္း​ေကာ​ေျပာတဲ့အတိုင္း​ေက်ာင္းျပန္​ဖြင့္​တဲ့​ေန႔ ကြၽန္​ေတာ္​ကိုကို႔ကို ဖြင့္​ေျပာမယ္​"

"ဒီလိုမွ​ေပါ့ ရိ​ေပၚရ"

​ေဟာက္​ရႊမ္းကို​ေက်းဇူးတင္​စကား တဖြဖြ​ေျပာၿပီး စက္​ဘီးစီးကာ ျပန္​ထြက္​သြားတဲ့ ရိ​ေပၚကို ၾကၫ့္​ၿပီး​ေဟာက္​ရႊမ္း ခုနက ရယ္​ခ်င္​ေနတာ​ေအာင့္​ထားရသမ်ွ အတိုးခ်ၿပီး ရယ္​ခ်ပစ္​လိုက္​သည္​။

"က​ေလး​ေတြကို စရတာ​ေပ်ာ္​စရာ​ေကာင္းလိုက္​တာ"

#fah🦄

Unicode

​ရှောင်းကျန့်​စားပွဲ​ပေါ်မှာ​နေ့တိုင်း​တွေ့ရတတ်​တဲ့ green teaဘူး​လေးက ဘယ်​သူ့လက်​ချက်​ဆိုတာ ပြန်​မေးစရာပင်​မလို။ သူ့ကို​တွေ့ရင်​ပြန်​ပေးမှာစိုးလို့​ရှောင်းကျန့်​မ​ရောက်​ခင်​ထားသွားတတ်​တဲ့​ကောင်​လေးက​တကယ့်​တဇွတ်​ထိုး။ ဘာသ​ဘောနဲ့ အခုလို​တွေ လုပ်​နေလည်း မသိ​ပေမယ့်​စိတ်​ရှုပ်​မိတာ​တော့ အမှန်​ပင်​။​ရှောင်းကျန့်​က အဲ့လို အာရုံစိုက်​ခံရတာမျိုးကို သ​ဘောမကျဘူး။ ဖြစ်​နိူင်​သမျှ​အေး​အေး​ဆေး​ဆေး​လေးပဲ​နေချင်​တာ။

"​ရှောင်းကျန့်​မင်းမ​သောက်​ချင်​ရင်​ငါ့ကို​ပေးပါလား"

​ရှောင်းကျန့်​လက်​ထဲက green teaဘူးကို ကြည့်​ပြီး​ပြောလာတဲ့ ကျိုးချန်​ကြောင့်​ရှောင်းကျန့်​ဝမ်းသာအားရပင်​ပေးလိုက်​သည်​။

"မင်း​သောက်​ချင်​တယ်​ဆို ယူ​လေ မဟုတ်​ရင်​လွှင့်​ပစ်​ရမှာ နှ​မျောစရာကြီး"

​ရှောင်းကျန့်​ပြောလိုက်​တော့ တရှူးရှူးတရှဲရှဲဖြစ်​သွားတဲ့ ကျိုးချန်​ကိုကြည့်​ပြီး​ရယ်​နေတဲ့​ဟောက်​ရွှမ်းရဲ့​ခြေ​ထောက်​ကို ပိတ်​ကန်​ကာ

"ရီမ​နေနဲ့ အဲ့တာ မင်းလက်​ချက်​မလား"

"ဟာကွာ.....စွပ်​စွပ်​စွဲစွဲ..."

"​ဗြောင်​ငြင်းဖို့မကြံနဲ့ အဲ့လို ပါးစပ်​ဆော့တတ်​တာ မင်းပဲရှိတယ်​"

"မင်းကလည်းကွာ အဲ့ဒီက​လေးက မင်းနဲ့ ခင်​ချင်​တယ်​ဆိုလို့ ငါက ကူညီ​ပေးတာပါ"

"​ပေါက်​ကရ​တွေ မလုပ်​စမ်းနဲ့​ဟောက်​ရွှမ်း ဟိုက က​လေးပဲရှိ​သေးတာ"

​ပြောလို့ရမှာ မဟုတ်​မှန်း သိ​ပေမယ့်​လည်း​ရှောင်းကျန့်​ပြော​နေရသည်​။​ရှောင်းကျန့်​ကို လာကြိုက်​သမျှ လူတိုင်းကို အချွန်​နဲ့မကာ​မြှောက်​ပေးတတ်​တဲ့​ဟောက်​ရွှမ်းရဲ့ အကျင့်​က ပထမနှစ်​က​နေ​နောက်​ဆုံးနှစ်​ရောက်​တဲ့အထိ မ​ပြောင်းလဲ​တာမို့ ခံရသူ​ပေါင်းလည်း မနည်း​တော့။

အခုတစ်​ခေါက်​က အရင်​အကြိမ်​တွေလို မဟုတ်​ပဲ က​လေးသာသာအရွယ်​အထက်​တန်း​ကျောင်းသား​လေးမို့ သတိ​ပေး​နေရသည်​။​ရှောင်းကျန့်​ကို လာ​ပေးသမျှ မုန့်​တွေကို ဒိုင်​ခံစားတတ်​တဲ့ ကျိုးချန်​က​တော့ green teaဘူးကို​သောက်​ကာ ဒူး​လေးတနှံ့နှံ့ဖြင့်​ရှောင်းကျန့်​တို့​ပြောသမျှကို နား​ထောင်​နေ​လေသည်​။ သူငယ်​ချင်း​လေး နှစ်​ယောက်​ရှိပါတယ်​။ တစ်​ယောက်​မှ အချိုးမ​ပြေတာမို့​ရှောင်းကျန့်​တစ်​ယောက်​ခေါင်းတစ်​ခါခါဖြင့်​သာ။

•••••••••••••••••••

ဒီ​နေ့က​ကျောင်းပိတ်​ရက်​မို့ ရိ​ပေါ်​လေး အိမ်​မှာ တစ်​ယောက်​ထဲ ပျင်းလို့​နေသည်​။ legoလည်း ထိုင်​မဆက်​ချင်​တာမို့ တီဗီရှိရာ ဧည့်​ခန်းထဲကိုသာ ဝင်​လာလိုက်​သည်​။ ဒီအချိန်​ဆို ရိ​ပေါ်ကြည့်​နေကျ အစီအစဉ်​လာ​တတ်​တာမို့ တီဗီဖွင့်​ကြည့်​လိုက်​ပေမယ့်​နောက်​ဆုံးစာတန်းထိုးပဲ မှီလိုက်​တာ​ကြောင့်​အလိုမကျစွာ ဆိုဖာကို ထုရိုက်​ပြီး ခြံထဲ ဆင်းလာလိုက်​သည်​။

ပန်းပင်​တွေကို​ရေ​လောင်း​နေတဲ့ အန်​တီရင်းက  ပြုံးစိစိ လုပ်​နေတာမို့ ရိ​ပေါ်​လေးက မျက်​မှောင်​ကျုံ့ကာ ကြည့်​လိုက်​ပြီး

"အန်​တီရင်းက ဘာရီတာလဲ"

"အိ​ပေါ်​လေး စိတ်​ဆိုး​နေတဲ့ပုံစံ​လေးက tweety​လေးအတိုင်းပဲ"

ရိ​ပေါ်​နာမည်​ကို ဖျက်​ပြီး​ခေါ်တဲ့အပြင်​ငှက်​စုတ်​နဲ့ပါ တူတယ်​ပြော​နေတာမို့ ရိ​ပေါ်​က နှုတ်​ခမ်းကို ပိုပြီးဆူ​ထော်​ပစ်​လိုက်​ကာ

"သားကို အိ​ပေါ်လို့ မ​ခေါ်ပါနဲ့လို့ အန်​တီရင်းကို​ပြောထားတယ်​လေ ပြီး​တော့ သားက အဝါ​ရောင်​ငှက်​စုတ်​မဟုတ်​ဘူး​ကြောက်​စရာ​ကောင်းတဲ့ ကျားသစ်​လေးပဲ လုပ်​တော့မှာ ဟွန့်​..."

နှုတ်​ခမ်းကြီး​ထော်​ကာ မဲ့ယွဲ့ပြီး​ပြော​နေတဲ့ ရိ​ပေါ်​လေးရဲ့ အညို​ရောင်​ဆံနွယ်​လေး​တွေက မျက်​လုံးကို အုပ်​လုဆဲဆဲ ဖြစ်​နေတာမို့ အနားသွားကာ​ရှေ့ဆံပင်​လေးကို သပ်​တင်​ပေးလိုက်​ပေမယ့်​ပျော့အိအိ ဆံနွယ်​လေး​တွေက နဖူး​ပေါ် ပြန်​ကျလာတာမို့ သူမအင်္ကျီအိပ်​ကပ်​ထဲက အဝါ​ရောင်​ခေါင်းစည်းကြိုး​လေးဖြင့်​ထိပ်​မှာ စုပြီးဆည်း​ပေးလိုက်​သည်​။

"​ပြောပါ​ဦး အိ​ပေါ်​လေးက ဘာ​တွေအလိုမကျဖြစ်​နေတာလဲ အရင်​က​တော့ tweety​လေးက ချစ်​ဖို့​ကောင်းလှချည်​ရဲ့ဆို"

"အခုချစ်​စရာမ​ကောင်း​တော့ဘူး။ သားက​ပျင်းလို့ ကြည့်​ပါမယ်​ဆိုတာကို သားဖွင့်​လိုက်​တော့ ပြီးသွားပြီ။​နောက်​ဆို လုံးဝ မကြည့်​တော့ဘူး"

သူကြိုက်​တဲ့ tweety and sylvesterကို မကြည့်​လိုက်​ရလို့ စိတ်​ကောက်​ပြီး ဆူပုတ်​နေတဲ့ ရိ​ပေါ်​လေးက တီရှပ်​အဝါ​ရောင်​အပွကြီးကို​အောက်​က ဒူး​ဖုံး​ဘောင်းဘီ အဖြူ​ရောင်​လေးဖြင့်​တွဲဝတ်​ထားတာမို့ အဝါ​ရောင်​ငွက္​ပေါက်​စ​လေး tweety အပြင်​လောကကို ခုန်​ထွက်​လာသည့်​အတိုင်းပင်​။

"အန်​တီရင်း ဟိုနားမှာ ရပ်​ထားတာ ဘယ်​သူ့စက်​ဘီးလဲဟင်​"

ခြံ​ထောင့်​မှာ ရပ်​ထားတဲ့ စက်​ဘီးကို လက်​ညိုးထိုးပြပြီး​မေးလာတာမို့

"အဲ့ဒါ ဦး​လေးကျိုး ဟိုနားဒီနား သွားရင်​စီးတဲ့ စက်​ဘီး​လေ"

ရိ​ပေါ်​လေးရဲ့ မျက်​လုံး​လေး​တွေက ဘလင်းဘလင်း ဖြစ်​သွားပြီး စက်​ဘီးနားကို​ပြေးသွားလိုက်​တော့ အန်​တီရင်းက ရိ​ပေါ်အကြံကို ကြိုသိ​နေသည့်​အလား အ​နောက်​က လိုက်​လာကာ

"အိ​ပေါ်​လေး သခင်​မကြီးသိရင်​အဆူခံရလိမ့်​မယ်​"

သူမ​ပြောလိုက်​တော့ အိ​ပေါ်​လေးမျက်​နှာက ချက်​ချင်းတည်​သွားပြီး

"အဲ့ဒီလိုဆိုရင်​တော့​ကောင်းတာ​ပေါ့ အန်​တီရင်းရဲ့ သား မာမီတို့နဲ့ မ​တွေ့ရတာကြာပြီ"

ရိ​ပေါ်ကို သနား​တဲ့ အကြည့်​တွေနဲ့ ကြည့်​လာတဲ့ အန်​တီရင်း​ကြောင့်​စက်​ဘီးကို ယူပြီးသာ ခြံပြင်​ကို ထွက်​လာလိုက်​သည်​။ ရိ​ပေါ်ဘဝမှာ ခံရအခက်​ဆုံးက ရိ​ပေါ်ကို သနားစရာ လူတစ်​ယောက်​လို ကြည့်​လာတဲ့ အကြည့်​တွေ။ တကယ်​ကို ခံရခက်​လွန်းပါသည်​။

ရိ​ပေါ်စက်​ဘီးစီးလာရင်း မျက်​နှာချင်းဆိုင်​က လမ်း​လျှောက်​လာ​နေတဲ့ မိန်းက​လေးတစ်​ယောက်​က ရိ​ပေါ်စက်​ဘီးနား​ရောက်​မှ ရုတ်​တရက်​ဖင်​ထိုင်​ရက်​လဲသွားတာ​ကြောင့်​စက်​ဘီးကို ရပ်​လိုက်​သည်​။ မရပ်​လို့ မရဘူး။ ဆက်​နင်းသွားရင်​ဒီဟာမကို တက်​ကျိတ်​မိမှာ။​

​သေချာကြည့်​တော့မှ ရိ​ပေါ်တို့ အခန်းထဲက ဘယ်​သူကမှ မသတ်​မှတ်​ပေး​ပေမယ့်​သူ့ကိုယ်​သူ ကွင်းလို့ ခံယူထားတဲ့ တစ်​ယောက်​။ နာမည်​တော့ မသိဘူး။ ရိ​ပေါ်က ကိုယ့်​အ​ကြောင်းကလွဲပြီး ဘယ်​သူ့အ​ကြောင်းမှ စိတ်​မဝင်​စားဘူး။ ကိုကိုက​တော့ ချွင်းချက်​ပေါ့ အဟစ်​။

ရိ​ပေါ်သွားမထူ​ပေးမချင်း ထမယ့်​ပုံမ​ပေါ်တာ​ကြောင့်​စက်​ဘီးကို ခွရက်​သားနှင့်​ပင်​

"နင်​ဘာမှ မဖြစ်​ဘူးဆိုတာ ငါသိတယ်​။ ငါ့စက်​ဘီးအ​ရှေ့က ဖယ်​ပေး"

ရိ​ပေါ်စက်​ဘီးနား​ရောက်​မှ တမင်​တကာ ထိုင်​ချလိုက်​တာကို မမြင်​ရ​အောင်​ရိ​ပေါ်ကို အကန်းလို့များ ထင်​နေသလားမသိဘူး။

"ငါ့​ခြေ​ထောက်​...တကယ်​နာ​နေလို့ပါ..ငါ့ကို...ထူ​ပေးပါလားဟင်​.."

တကယ်​များ နာသွားသလားဆိုပြီး လှမ်းကြည့်​လိုက်​တော့​ခေါင်းငုံ့ပြီး ငို​နေသလိုလိုဖြင့်​ခိုးပြုံးလိုက်​တာကို မြင်​ဖြစ်​အောင်​မြင်​လိုက်​သေးသည်​။ တယ်​လည်း မျက်​စိလျင်​တဲ့ ငါပါလား။ ကိုယ့်​ကိုယ်​ကို ဂုဏ်​ယူ​နေတုန်း ရိ​ပေါ်​နောက်​ကျောဘက်​က​လျှောက်​လာကာ ထိုမိန်းက​လေးကို ဆွဲထူ​ပေးလိုက်​တဲ့လူ​ကြောင့်​ရိ​ပေါ်အံ့သြသွားရသည်​။ ကိုကိုက ဘယ်​လိုဖြစ်​ပြီး​ရောက်​လာတာလဲ။ မဟုတ်​မှ...ဒီနားမှာ​နေတာများလား..

ကိုကိုက ရိ​ပေါ်ကို မျက်​မှောင်​ကျုံ့ကာ တစ်​ချက်​စိုက်​ကြည့်​ပြီး ထိုမိန်းက​လေးကို လက်​မောင်းနှစ်​ဖက်​က ဆွဲထူကာ​ခေါ်သွားတာ​ကြောင့်​ရိ​ပေါ်လှမ်း​ခေါ်လိုက်​တော့ စိတ်​မရှည်​တဲ့ ပုံစံမျိုးဖြင့်​လှည့်​ကြည့်​လာသည်​။

"ကိုကို...သူဟန်​ဆောင်​နေတာ သူ့ကို ထားခဲ့..."

"​တော်​လောက်​ပြီ ဝမ်​ရိ​ပေါ်"

ရိ​ပေါ်စကားကို နားမ​ထောင်​ပဲ ထိုမိန်းက​လေးကို တွဲပြီး​ခေါ်သွားတဲ့ ကိုကို့​ကြောင့်​ရိ​ပေါ်ဆံပင်​တွေကို စိတ်​ရှုပ်​စွာ ထိုးဖွလိုက်​မိသည်​။ ကိုကိုက အခု ရိ​ပေါ်ကို အကျင့်​မ​ကောင်းတဲ့သူလို့ ထင်​သွားမှာ​သေချာသည်​။ ဘယ်​လိုလုပ်​ရမလဲ။ ရိ​ပေါ်တကယ်​မစဉ်းစားတတ်​တော့တာမို့ ရွှမ်း​ကောဆီကို ဖုန်းဆက်​ကာ ရိ​ပေါ်တို့ လမ်းထိပ်​နားက ပန်းခြံကို လာခိုင်းလိုက်​သည်​။

အကြာကြီး မ​စောင့်​လိုက်​ရပဲ ရွှမ်း​ကောက​ရောက်​လာတာမို့

"ရွှမ်း​ကော လုပ်​ပါဦး ကိုကိုက ကျွန်​တော့်​ကို စိတ်​တိုသွားတယ်​ထင်​တယ်​"

"​ရှောင်းကျန့်​စိတ်​တို​အောင်​မင်းက ဘာသွားလုပ်​လိုက်​လို့လဲ"

"တကယ်​တော့ ကိုကိုက အထင်​လွဲသွားတာပါ။ အခု​လောက်​ဆို ကိုကို​ကျွန်​တော်​ကို မုန်းသွား​လောက်​ပြီ"

​စကားတစ်​ခွန်း​ပြောတိုင်း​ငယ်​ထိပ်​ပေါ်က ကြက်​တောင်​စည်း​လေးတစ်​လှုပ်​လှုပ်​နဲ့ ငို​တော့မ​ယောင်​ဖြစ်​နေတဲ့ က​လေး​ပေါက်​စကို ကြည့်​ပြီး​ဟောက်​ရွှမ်း ကြိတ်​ရယ်​မိသည်​။ ဒီက​လေးက​ရှောင်းကျန့်​ကို​တော်​တော်​ဖြစ်​နေတာပဲ။ ရိ​ပေါ်ရဲ့ ပျာယာခတ်​နေတဲ့ ပုံစံကိုကြည့်​ပြီး စချင်​လာတာ​ကြောင့်​

"မဟုတ်​လောက်​ပါဘူး ရိ​ပေါ်ရဲ့​ကောအထင်​တော့​ရှောင်းကျန့်​လည်း ရိ​ပေါ်ကို သ​ဘောကျ​နေပုံပဲ"

​ဟောက်​ရွှမ်း​ပြောစကား​ကြောင့်​မျှော်​လင့်​တဲ့ အကြည့်​တွေနဲ့ ကြည့်​လာတဲ့ ရိ​ပေါ်က​ဟောက်​ရွှမ်းဆက်​ပြောမယ့်​စကား​တွေအတွက်​ကြိုပြီး ရင်​ခုန်​နေဟန်​။

"​ရှောင်းကျန့်​က အ​ဆောင်​မှာဆို ရိ​ပေါ်အ​ကြောင်း​တွေ ခဏခဏ​ပြောလွန်းလို့​ကောတို့​တောင်​အလွတ်​ရ​နေပြီ"

"ဘာ...ဘာ​တွေ..​ပြောတာလဲ ဟင်​ရွှမ်း​ကော"

"အစုံပါပဲကွာ အများအားဖြင့်​တော့ ရိ​ပေါ်​လေးက ဘယ်​လို ချစ်​စရာ​ကောင်းတာ ဘာညာ​ပေါ့"

ပါး​လေး​တွေရဲရုံမက နားရွက်​ဖျား​လေး​တွေပါ ရဲတက်​သွားတဲ့ ရိ​ပေါ်ကိုမြင်​တော့ အ​ဆောင်​မှာ ရိ​ပေါ်နဲ့စတိုင်း စိတ်​ဆိုးမာန်​ဆိုးနဲ့ ထွက်​သွားတတ်​တဲ့​ရှောင်းကျန့်​ကိုပင်​မြင်​ယောင်​လာသည်​။

"ဒီ​တော့...ရိ​ပေါ် မင်း​ရှောင်းကျန့်​ကို ဖွင့်​ပြောလိုက်​တော့"

​ဟောက်​ရွှမ်းစကားအဆုံး မျက်​လုံးပြူးကာ​လက်​တစ်​ခါခါဖြင့်​'ဖြစ်​မယ်​မထင်​ဘူး´ ဆိုပြီး ငြင်း​နေတာ​ကြောင့်​

"​ဒီလိုလုပ်​ကျောင်းဖွင့်​တဲ့​နေ့​ရောက်​ရင်​ရှောင်းကျန့်​ကို လူများတဲ့​နေရာမှာ ဖွင့်​ပြောလိုက်​။ အဲ့တာဆို​ရှောင်းကျန့်​ငြင်းမှာလည်း စိတ်​မပူရသလို တစ်​ကျောင်းလုံးကိုလည်း ဝမ်​ရိ​ပေါ်က​ရှောင်းကျန့်​ရဲ့ ချစ်​သူပါ ဆိုတာ​ကြေငြာပြီးသား ဖြစ်​သွားမယ်​။ တစ်​ချက်​ခုတ်​နှစ်​ချက်​ပြတ်​ပဲ ဘယ်​လောက်​မိုက်​လဲ"

​ဟောက်​ရွှမ်းစကားအဆုံး​တွေ​ဝေ​နေပုံရတဲ့ ရိ​ပေါ်ရဲ့ ပခုံးကို ပုတ်​ပြီး

"အခွင့်​အ​ရေးဆိုတာ နှစ်​ခါမရဘူး ရိ​ပေါ်။​ကောက ရိ​ပေါ်ကို ညီ​လေးတစ်​ယောက်​လို သ​ဘောထားလို့ အကြံ​ပေးတာ​နော်​။​မင်းသိတဲ့အတိုင်း​ကျောင်းမှာက​ရှောင်းကျန့်​ကို ရည်းစား​တော်​ချင်​တဲ့ သူ​တွေက အများသားဆို​တော့..."

​စကားကို ဆုံး​အောင်​မ​ပြော​သေးပဲ ရိ​ပေါ်ရဲ့အ​ခြေအ​နေကို လှမ်းကြည့်​လိုက်​တော့ လှုပ်​လှုပ်​ရှားရှား ဖြစ်​သွားပုံရတဲ့ ရိ​ပေါ်က​ဟောက်​ရွှမ်းကို ကြည့်​ပြီး

"​ရွှမ်း​ကော​ပြောတဲ့အတိုင်း​ကျောင်းပြန်​ဖွင့်​တဲ့​နေ့ ကျွန်​တော်​ကိုကို့ကို ဖွင့်​ပြောမယ်​"

"ဒီလိုမှ​ပေါ့ ရိ​ပေါ်ရ"

​ဟောက်​ရွှမ်းကို​ကျေးဇူးတင်​စကား တဖွဖွ​ပြောပြီး စက်​ဘီးစီးကာ ပြန်​ထွက်​သွားတဲ့ ရိ​ပေါ်ကို ကြည့်​ပြီး​ဟောက်​ရွှမ်း ခုနက ရယ်​ချင်​နေတာ​အောင့်​ထားရသမျှ အတိုးချပြီး ရယ်​ချပစ်​လိုက်​သည်​။

"က​လေး​တွေကို စရတာ​ပျော်​စရာ​ကောင်းလိုက်​တာ"

#fah🦄

Continue Reading

You'll Also Like

96.2K 8.3K 27
ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [Read the tags and make sure you're ready]
240K 24.6K 30
Zhanyi Hope you enjoy 🥳
401K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
313K 7.6K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်