Suggested Song- Shout Out To My Ex by Little Mix
ေလယာဉ္ေပၚက ဆင္းၿပီးတာနဲ႔ တၿပိဳင္နက္ေပက်င္းေလထုကို တစ္ဝႀကီး ရႉရိႈက္လိုက္မိသည္။ ေမြးရပ္ေျမေရာက္ေတာ့ စိတ္တြင္းက အလိုလိုလံုၿခံဳေႏြးေထြးသလို ခံစားသြားရသည္။ လာႀကိဳမယ့္သူ မရိွမွန္း သိေပမယ့္လည္း ရႈပ္ေထြးလွတဲ့ လူအုပ္ၾကားထဲ တစ္ခ်က္ေဝ့ၾကၫ့္လိုက္မိေသးသည္။
baggage claimမွာ ပစၥည္းေတြယူၿပီးတာနဲ႔ ကားပါကင္ဘက္ကို ထြက္လာလိုက္ေတာ့ ထင္ထားတဲ့အတိုင္း ရိေပၚရဲ႕ ၿပိဳင္ကားနီနီေလးကိုေတြ့လိုက္ရတာေၾကာင့္ကားေနာက္ခန္းထဲ အထုပ္အပိုးေတြတင္ကာေမာင္းထြက္လာလိုက္သည္။
ေပက်င္းလမ္းမႀကီးေတြကေတာ့ အရင္အတိုင္း မေျပာင္းလဲစြာ ကားႀကီး ကားငယ္ေတြနဲ႔ ျပၫ့္နက္ဆဲပင္။ ကားကို အရိွန္ျပင္းျပင္းေမာင္းေနရင္း လမ္းခ်ိဳးတစ္ခုအေရာက္တစ္ဖက္လမ္းေကြ႕မွ ထြက္လာတဲ့ အန္တီႀကီးတစ္ေယာက္က လန႔္ၿပီး လဲက်သြားတာေၾကာင့္ရိေပၚ ကားကို အျမန္ဘရိပ္အုပ္ကာ ထိုအန္တီႀကီးအနားေလ်ွာက္သြားလိုက္သည္။
"အန္တီ အဆင္ေျပရဲ႕လား"
ေျခေထာက္ေခါက္သြားပံုရတဲ့ ထိုအန္တီက မတ္တပ္ရပ္ဖို႔ အဆင္ေျပပံုမေပၚတာေၾကာင့္
"ကြၽန္ေတာ့္လက္ကို ကိုင္ၿပီး ထၾကၫ့္ေနာ္။ ကြၽန္ေတာ္ေဆးခန္း လိုက္ပို႔ေပးပါ့မယ္"
ထိုအန္တီကို လက္ေမာင္းကေန အသာထိန္းကိုင္ေပးရင္း နီးစပ္ရာေဆးခန္းကိုသာေမာင္းလာလိုက္သည္။ ေဆးခန္းကိုေရာက္ေတာ့ ဆရာဝန္ေျပာပံုအရေျခက်င္းဝတ္အရိုးအက္သြားတာေၾကာင့္ထိုအန္တီ့ကို ရိေပၚအားနာသြားရသည္။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္အန္တီ"
"ေတာင္းပန္စရာ မလိုပါဘူး သားငယ္ေလးရယ္အန္တီ့ဘာသာ လန႔္ၿပီးေခ်ာ္လဲသြားတာပါ"
အၿပံဳးခ်ိဳခ်ိဳေလးျဖင့္ေျပာလာတဲ့ ထိုအန္တီက အသက္အရြယ္အားျဖင့္ မာမီ့အရြယ္ေလာက္သာ ရိွမည္ထင္သည္။ ဘဝမွာ တစ္ခါမွ အေခၚမခံရဖူးတဲ့ သားငယ္ေလးဆိုတဲ့ အသံုးအႏႈန္းေလးေၾကာင့္လည္း ရိေပၚရင္ထဲ အလိုလိုေနြးေထြးသြားရသည္။
ထိုအန္တီကို အိမ္ျပန္လိုက္ပို႔ေပးရင္း ကားေပၚမွာ စကားစျမည္ေျပာျဖစ္ၾကသည္။ ထိုအန္တီ့နာမည္ကေရွာင္းလုေမတဲ့ေလ။ ထိုနာမည္ကို ၾကားေတာ့ မ်ိဳးရိုးေရွာင္းနဲ႔ တစ္ေယာက္ေသာ သူကိုေတာင္သတိရမိလိုက္ပါရဲ႕။ ခင္ဗ်ားေရာ အခုခ်ိန္ေလာက္ဆိုေပ်ာ္ေနေလာက္ေရာေပါ့...
ေဖာ္ေရြလွတဲ့ အန္တီေရွာင္းက အိမ္ထဲဝင္ထိုင္ဖို႔ေျပာတာေၾကာင့္ရိေပၚ အန္တီေရွာင္းကို ကူတြဲရင္း အိမ္ထဲဝင္လာလိုက္သည္။
"ရိေပၚေလး ခဏထိုင္ဦးေနာ္ သားအတြက္ေကာ္ဖီ ယူလာခိုင္းလိုက္မယ္"
ရိေပၚ ျငင္းဖို႔ ျပင္လိုက္ေပမယ့္အန္တီေရွာင္းက လက္ကာျပကာ အိမ္အကူေကာင္မေလးကို သြားယူခိုင္းတာေၾကာင့္ရိေပၚ အားနာနာနဲ႔ပဲ ၿငိမ္ေနလိုက္သည္။
"သားငယ္ေလးကိုၾကၫ့္ရတာ အထက္တန္းေက်ာင္းသားထင္တယ္"
"မဟုတ္ဘူး အန္တီေရွာင္း ကြၽန္ေတာ့္အသက္၂၂ႏွစ္ရိွပါၿပီ"
ေရွာင္းလုေမ အံၾသသြားရသည္။ သူမအေ႐ွ႕မွာ ကုပ္ကုပ္ေလးထိုင္ေနတဲ့ ျဖဴျဖဴအုအုေကာင္ေလးကို သူမအေနနဲ႔ အလြန္ဆံုးရိွလွမွ အသက္၁၉ႏွစ္ေလာက္ထင္ထားတာ။
"ဟုတ္လား အဲ့ဒါဆို အိမ္က သားနဲ႔ေလးႏွစ္ကြာတာေပါ့ အန္တီ့သားေလးက ၂၆ႏွစ္ရိွၿပီေလ"
"အာ...ဟုတ္ကဲ့"
"မား...ကား အက္စီးဒင့္ျဖစ္လို႔ဆို ဘာျဖစ္သြားေသးလဲ"
ရိေပၚ အန္တီေရွာင္းနဲ႔ စကားေျပာေနရင္း အိမ္ထဲကို အေျပးတပိုင္း ဝင္လာကာ ဆိုဖာမွာ ထိုင္ေနတဲ့ အန္တီေရွာင္းကိုေျခဆံုးေခါင္းဆံုးၾကၫ့္ကာေျပာေနတဲ့ သူရဲ့ အသံေၾကာင့္ရိေပၚစိတ္ထဲကေန ထိုလူ မျဖစ္ပါေစနဲ႔လို႔သာ ႀကိတ္ၿပီး ဆုေတာင္းေနမိသည္။ ကံၾကမၼာက သူ႔ကို ဒီေလာက္ေတာ့ မရက္စက္ဘူးမဟုတ္လား...
"မားကို ဝင္တိုက္တဲ့သူေရာ အခု ဘယ္ေရာက္သြားလဲ"
အန္တီေရွာင္းကိုေမးရင္း ထိုလူကေက်ာေပးထားရာကေန ရိေပၚဘက္ကို လွၫ့္လာတာေၾကာင့္ရိေပၚ လက္ႏွစ္ဖက္ကို တင္းတင္းဆုပ္ကာ အသက္ေအာင့္ထားလိုက္မိသည္။
"...မင္း..ဝမ္ရိေပၚ မဟုတ္လား...မင္းက ဒီကို ဘယ္လိုလုပ္....မဟုတ္မွ...မားကို ကားနဲ႔ ဝင္တိုက္တယ္ဆိုတာ..."
"သားက ရိေပၚေလးနဲ႔ သိေနတာလား ရိေပၚေလးက ဝင္တိုက္တာမဟုတ္ဘူးကြယ္ မားဘာသာ လန႔္ၿပီးေခ်ာ္လဲတာ သားရဲ့"
ထိုလူ႔စကားမဆံုးခင္အန္တီေရွာင္းက ျဖတ္ေျပာကာ ရိေပၚကိုလည္း အားနာတဲ့ အၾကၫ့္ေတြနဲ႔ ၾကၫ့္ေနျပန္သည္။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ ကိစၥေလးရိွေသးလို႔ ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး"
ေခါင္းကို ငံု႔ထားရင္း ရိေပၚေျပာၿပီး ထိုအိမ္ထဲက အျမန္ထြက္လာလိုက္သည္။ ရိေပၚ ဒီလူနဲ႔ ထပ္မေတြ့ခ်င္ေတာ့ဘူး။ ကားနားေရာက္ခါနီး အေနာက္ကေန ၾကားလိုက္ရတဲ့ အသံေၾကာင့္ရိေပၚေျခလွမ္းတို႔ ရပ္တန႔္သြားရသည္။
"မင္းအက်င့္ေတြ အခုထိ မေျပာင္းေသးဘူးပဲ ဝမ္ရိေပၚ.."
ဘာကို ဆိုလိုတာလဲ။ ဒီလူက ဘာသိလို႔ ရိေပၚကို အခုလိုေျပာရတာလဲ။ ရိေပၚလွၫ့္ၾကၫ့္လိုက္ေတာ့ ထိုလူကေလွာင္ၿပံဳးၿပံဳးကာ ရိေပၚဆီ တစ္လွမ္းခ်င္းေလ်ွာက္လာေနသည္။ မုန္းလိုက္တာ။ အဲ့ဒီ အၿပံဳးကို။ ထိုလူက အဲ့ဒီေန႔ကလို အၿပံဳးမ်ိဳးျဖင့္ရိေပၚကို စိုက္ၾကၫ့္ေနသည္။
"ခင္ဗ်ား ဘာကို ဆိုလိုတာလဲ"
"ဒီႏွစ္ေတြအတြင္း မေတြ႕ရေတာ့လို႔ လက္ေလ်ွာ့သြားၿပီ ထင္ေနတာ မေမာေသးဘူးလား အခုထိ...ဟင္"
ရိေပၚ မ်က္လံုးကို စူးစိုက္ၾကၫ့္လို႔ တစ္လံုးခ်င္းေျပာေနတဲ့ လူရဲ႕ မ်က္ႏွာကို ရိေပၚမုန္းလြန္းလို႔ ကုတ္ဖဲ့ပစ္ခ်င္လာသည္။
"ခင္ဗ်ား ထင္တာေတြ မွားေနၿပီ"
ရိေပၚေျပာၿပီး လွၫ့္ထြက္ဖို႔ ျပင္ေတာ့ ထိုလူက ရိေပၚေရ႔ွ ပိတ္ရပ္ကာ
"ျပန္ေတာ့မလို႔လား ဝမ္ရိေပၚရဲ့။ ငါနဲ႔ နီးစပ္ခ်င္လို႔ ငါ့အိမ္အထိေတာင္ေရာက္လာၿပီပဲ....ဒီအတိုင္းပဲ ျပန္သြားေတာ့မလို႔လား"
ထိုလူ႔စကားေတြက ရိေပၚမာနကို ထိခိုက္လြန္းသည္။ မေတြ႕ရတဲ့ အေတာအတြင္းထိုလူက မာနႀကီးတာအျပင္ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းတဲ့ေရာဂါပါ ထပ္တိုးလာတယ္ထင္သည္။ ဒီလိုလူနဲ႔ ၿပိဳင္ၿပီး ျငင္းခံုခ်င္စိတ္မရိွတာေၾကာင့္ရိေပၚေ႐ွ႕မွာ ပိတ္ရပ္ေနတဲ့ ထိုလူ႔ကိုေရွာင္ကာ ရိေပၚကားကိုေမာင္းထြက္လာလိုက္သည္။ ကားမထြက္ခင္ထိုလူေျပာလိုက္တဲ့ စကားေၾကာင့္ရိေပၚ ဘယ္ဘက္ရင္အံုကအပ္နဲ႔ထိုးခံလိုက္ရသၫ့္ႏွယ္။ ဆစ္ခနဲ ခံစားလိုက္ရသည္။
"ငါ့ဆီက အာရံုစိုက္မႈကို လိုခ်င္တိုင္း ငါ့မားကို ကားနဲ႔ဝင္တိုက္တာကေတာ့ ေအာက္တန္းက်လြန္းတာေပါ့"တဲ့။
ခင္ဗ်ား ကြၽန္ေတာ့္ကို စြပ္စြဲခ်င္သလို စြပ္စြဲႏိူင္တယ္....ဒီေန႔ကစၿပီး ခင္ဗ်ားနဲ႔ေဝးရာမွာပဲေနေတာ့မွာမို႔...
••••••••••••••
"ဝမ္အိမ္ေတာ္ကေႏြးေထြးစြာ ႀကိဳဆိုပါတယ္ဝမ္ေလး"
ရိေပၚအိမ္ထဲ ဝင္လိုက္သည္ႏွင့္က်င္းဟိုင္ေကာကေလွကားေပၚက ဆင္းလာကာ ဝမ္းသာအားရ ႀကိဳဆိုသည္။ ခုနက ကိစၥေၾကာင့္မ်က္ႏွာမေကာင္း ျဖစ္ေနတဲ့ ရိေပၚကို က်င္းဟိုင္ေကာက သူလာမႀကိဳလို႔ စိတ္ဆိုးေနတယ္ထင္သြားကာ အတင္းေတာင္းပန္ေတာ့သည္။
"ဝမ္ေလးကို လာမႀကိဳလို႔ေကာကို စိတ္ဆိုးေနတာလား...ေကာေတာင္းပန္ပါတယ္ကြာ..."
"ေကာကို ကြၽန္ေတာ္စိတ္မဆိုးပါဘူး နည္းနည္း ပင္ပန္းေနလို႔"
"ဟုတ္ၿပီ အဲ့ဒါဆို အနားယူလိုက္ဦး။ ေကာရဲ႕ညီေလးအတြက္အရင္က အခန္းကို ရွင္းေပးထားတယ္"
"ဟုတ္ ဒါနဲ႔ေကာ...ဒယ္ဒီနဲ႔မာမီေရာ"
က်င္းဟိုင္ေကာက မ်က္ႏွာတစ္ခ်က္ပ်က္သြားကာ ရိေပၚကို ဂရုဏာသက္တဲ့ အၾကၫ့္ေတျြဖင့္
"ဒယ္ဒီတို႔က ကုမၸဏီသြားတယ္။ ညကေကာေတာင္သတိေပးလိုက္ေသးတယ္..ဒီေန႔ ဝမ္ေလး ျပန္ေရာက္မယ့္အေၾကာင္း.."
"ဒယ္ဒီနဲ႔မာမီက အလုပ္ရႈပ္ၿပီးေမ့သြားတာထင္တယ္။ ကြၽန္ေတာ္အေပၚတက္ေတာ့မယ္ေနာ္ေကာ"
ရိေပၚ အခန္းထဲေရာက္တာနဲ႔ အိပ္ယာေပၚေျခပစ္လက္ပစ္လွဲခ်လိုက္သည္။ သူမ်ားႏိူင္ငံမွာ တစ္ေယာက္ထဲ မေနခ်င္တာေၾကာင့္ကိုယ့္ႏိူင္ငံကိုယ့္ျပန္လာေတာ့လည္း တစ္ေယာက္ထဲပါပဲ။
ရိေပၚ ကေလးဘဝထဲက ဒီလိုပါပဲ။ အလုပ္မ်ားလြန္းတဲ့ ဒယ္ဒီနဲ႔မာမီက အိမ္မွာေနတဲ့အခ်ိန္ရွားတာေၾကာင့္အၿမဲတမ္း ရိေပၚတစ္ေယာက္ထဲေနလာခဲ့ရတာ။ ရိေပၚနဲ႔ အသက္၁၀ႏွစ္ေလာက္ကြာတဲ့ အကိုျဖစ္သူ က်င္းဟိုင္ေကာကပဲ ရိေပၚကို အစစအရာရာ ဂရုစိုက္ေပးတတ္သည္။
တစ္ျခားအခ်ိန္ေတြဆို ရင့္က်က္တည္ၿငိမ္လြန္းတဲ့ က်င္းဟိုင္ေကာက အေနေအးသေလာက္ရိေပၚေက်ာင္းမွာ သူငယ္ခ်င္းေတြနဲ႔ ရန္ျဖစ္တဲ့ အခါတိုင္း ရိေပၚဘက္က အရင္ဦးေအာင္လုပ္ဖို႔ သင္ေပးတတ္သည္။ 'ဝမ္ေလးကသာ အရင္ဦးေအာင္ေဆာ္ခဲ့ က်န္တာအကုန္ေကာ လိုက္ရွင္းေပးမယ္'တဲ့ေလ။
တကယ္လည္း က်င္းဟိုင္ေကာက ရိေပၚေက်ာင္းမွာ ရန္ျဖစ္လာတဲ့ အခါတိုင္း ဒယ္ဒီနဲ႔မာမီကို မသိေစပဲ လိုက္ေျဖရွင္းေပးတတ္သည္။ ရိေပၚဘယ္ေလာက္ပဲ ရန္ျဖစ္ျဖစ္က်င္းဟိုင္ေကာက ရိေပၚကို အျပစ္မျမင္ပဲ ရိေပၚရွာသမ်ွ ျပႆနာေတြကိုေျဖရွင္းေပးတတ္တာမို႔ ရိေပၚကလည္း အကိုအားကိုးနဲ႔ ဆိုးခ်င္တိုင္း ဆိုးလို႔ရေနသည္။
ဒီလိုနဲ႔ပဲ ရိေပၚေလးကေက်ာင္းရဲ့ နံပါတ္တစ္လူဆိုးေလး ျဖစ္လာရသည္ေပါ့။
ဘာရယ္မဟုတ္စာေရးစားပြဲေပၚမွာ တင္ထားတဲ့ ပန္းအိုးထဲက က်ူးလစ္ပန္းေလးႏွစ္ပြင့္ဆီ အၾကၫ့္ပို႔မိေတာ့ ရိေပၚရဲ့ အေတြးတို႔က ဟိုးအရင္တစ္ခ်ိန္ကို ျပန္ကူးခတ္သြားေတာ့သည္။
ရိေပၚ အထက္တန္းေနာက္ဆံုးႏွစ္မွာပဲ အခ်စ္ဆိုတာကို စတင္ၿပီးခံစားမိခဲ့တာ။ေက်ာင္းမွာဆိုေခ်မိုးၿပီး ဆိုးေပလြန္းတဲ့ တစ္မိုးေအာက္ဝမ္ရိေပၚေလးရဲ့ ႏွလံုးသားကို ခလုတ္တိုက္သြားသူက ထူးဆန္းစြာနဲ႔ မိန္းကေလးမဟုတ္ပဲေယာက်ာင္္းေလးတစ္ေယာက္ပါတဲ့ေလ။
မ်က္လံုးဝိုင္းဝိုင္း ႏွာတံစင္းစင္းေလးနဲ႔ ဘယ္ဘက္ႏႈတ္ခမ္းေအာက္နားေလးမွာ မွဲ႔ေသးေသးေလးပါတဲ့ ထိုလူက ရိေပၚမ်က္လံုးထဲမွာေတာ့ နတ္ဘုရားတစ္ပါးလိုပဲ။
သူ႔နာမည္ကေရွာင္ေရွာင္းက်န႔္တဲ့....
#fah🦄
Suggested Song- Shout Out To My Ex by Little Mix
လေယာဉ်ပေါ်က ဆင်းပြီးတာနဲ့ တပြိုင်နက်ပေကျင်းလေထုကို တစ်ဝကြီး ရှူရှိုက်လိုက်မိသည်။မွေးရပ်မြေရောက်တော့ စိတ်တွင်းက အလိုလိုလုံခြုံနွေးထွေးသလို ခံစားသွားရသည်။ လာကြိုမယ့်သူ မရှိမှန်း သိပေမယ့်လည်း ရှုပ်ထွေးလှတဲ့ လူအုပ်ကြားထဲ တစ်ချက်ဝေ့ကြည့်လိုက်မိသေးသည်။
baggage claimမှာ ပစ္စည်းတွေယူပြီးတာနဲ့ ကားပါကင်ဘက်ကို ထွက်လာလိုက်တော့ ထင်ထားတဲ့အတိုင်း ရိပေါ်ရဲ့ ပြိုင်ကားနီနီလေးကိုတွေ့လိုက်ရတာကြောင့်ကားနောက်ခန်းထဲ အထုပ်အပိုးတွေတင်ကာမောင်းထွက်လာလိုက်သည်။
ပေကျင်းလမ်းမကြီးတွေကတော့ အရင်အတိုင်း မပြောင်းလဲစွာ ကားကြီး ကားငယ်တွေနဲ့ ပြည့်နက်ဆဲပင်။ ကားကို အရှိန်ပြင်းပြင်းမောင်းနေရင်း လမ်းချိုးတစ်ခုအရောက်တစ်ဖက်လမ်းကွေ့မှ ထွက်လာတဲ့ အန်တီကြီးတစ်ယောက်က လန့်ပြီး လဲကျသွားတာကြောင့်ရိပေါ် ကားကို အမြန်ဘရိပ်အုပ်ကာ ထိုအန်တီကြီးအနားလျှောက်သွားလိုက်သည်။
"အန်တီ အဆင်ပြေရဲ့လား"
ခြေထောက်ခေါက်သွားပုံရတဲ့ ထိုအန်တီက မတ်တပ်ရပ်ဖို့ အဆင်ပြေပုံမပေါ်တာကြောင့်
"ကျွန်တော့်လက်ကို ကိုင်ပြီး ထကြည့်နော်။ ကျွန်တော်ဆေးခန်း လိုက်ပို့ပေးပါ့မယ်"
ထိုအန်တီကို လက်မောင်းကနေ အသာထိန်းကိုင်ပေးရင်း နီးစပ်ရာဆေးခန်းကိုသာမောင်းလာလိုက်သည်။ဆေးခန်းကိုရောက်တော့ ဆရာဝန်ပြောပုံအရခြေကျင်းဝတ်အရိုးအက်သွားတာကြောင့်ထိုအန်တီ့ကို ရိပေါ်အားနာသွားရသည်။
"ကျွန်တော်တောင်းပန်ပါတယ်အန်တီ"
"တောင်းပန်စရာ မလိုပါဘူး သားငယ်လေးရယ်အန်တီ့ဘာသာ လန့်ပြီးချော်လဲသွားတာပါ"
အပြုံးချိုချိုလေးဖြင့်ပြောလာတဲ့ ထိုအန်တီက အသက်အရွယ်အားဖြင့်မာမီ့အရွယ်လောက်သာ ရှိမည်ထင်သည်။ ဘဝမှာ တစ်ခါမှ အခေါ်မခံရဖူးတဲ့ သားငယ်လေးဆိုတဲ့ အသုံးအနှုန်းလေးကြောင့်လည်း ရိပေါ်ရင်ထဲ အလိုလိုနွေးထွေးသွားရသည်။
ထိုအန်တီကို အိမ်ပြန်လိုက်ပို့ပေးရင်း ကားပေါ်မှာ စကားစမြည်ပြောဖြစ်ကြသည်။ ထိုအန်တီ့နာမည်ကရှောင်းလုမေတဲ့လေ။ ထိုနာမည်ကို ကြားတော့ မျိုးရိုးရှောင်းနဲ့ တစ်ယောက်သော သူကိုတောင်သတိရမိလိုက်ပါရဲ့။ ခင်ဗျားရော အခုချိန်လောက်ဆိုပျော်နေလောက်ရောပေါ့
ဖော်ရွေလှတဲ့ အန်တီရှောင်းက အိမ်ထဲဝင်ထိုင်ဖို့ပြောတာကြောင့်ရိပေါ် အန်တီရှောင်းကို ကူတွဲရင်း အိမ်ထဲဝင်လာလိုက်သည်။
"ရိပေါ်လေး ခဏထိုင်ဦးနော်သားအတွက်ကော်ဖီ ယူလာခိုင်းလိုက်မယ်"
ရိပေါ် ငြင်းဖို့ ပြင်လိုက်ပေမယ့်အန်တီရှောင်းက လက်ကာပြကာ အိမ်အကူကောင်မလေးကို သွားယူခိုင်းတာကြောင့်ရိပေါ် အားနာနာနဲ့ပဲ ငြိမ်နေလိုက်သည်။
"သားငယ်လေးကိုကြည့်ရတာအထက်တန်းကျောင်းသားထင်တယ်"
"မဟုတ်ဘူး အန်တီရှောင်း ကျွန်တော့်အသက်၂၂နှစ်ရှိပါပြီ"
ရှောင်းလုမေ အံသြသွားရသည်။ သူမအရှေ့မှာ ကုပ်ကုပ်လေးထိုင်နေတဲ့ ဖြူဖြူအုအုကောင်လေးကို သူမအနေနဲ့ အလွန်ဆုံးရှိလှမှ အသက်၁၉နှစ်လောက်ထင်ထားတာ။
"ဟုတ်လား အဲ့ဒါဆို အိမ်က သားနဲ့လေးနှစ်ကွာတာပေါ့ အန်တီ့သားလေးက ၂၆နှစ်ရှိပြီလေ"
"အာ...ဟုတ်ကဲ့"
"မား...ကား အက်စီးဒင့်ဖြစ်လို့ဆို ဘာဖြစ်သွားသေးလဲ"
ရိပေါ် အန်တီရှောင်းနဲ့ စကားပြောနေရင်း အိမ်ထဲကို အပြေးတပိုင်း ဝင်လာကာ ဆိုဖာမှာ ထိုင်နေတဲ့ အန်တီရှောင်းကိုခြေဆုံးခေါင်းဆုံးကြည့်ကာပြောနေတဲ့ သူရဲ့ အသံကြောင့်ရိပေါ်စိတ်ထဲကနေ ထိုလူ မဖြစ်ပါစေနဲ့လို့သာ ကြိတ်ပြီး ဆုတောင်းနေမိသည်။ ကံကြမ္မာက သူ့ကို ဒီလောက်တော့ မရက်စက်ဘူးမဟုတ်လား
"မားကို ဝင်တိုက်တဲ့သူရော အခု ဘယ်ရောက်သွားလဲ"
အန်တီရှောင်းကိုမေးရင်း ထိုလူကကျောပေးထားရာကနေ ရိပေါ်ဘက်ကို လှည့်လာတာကြောင့်ရိပေါ် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ အသက်အောင့်ထားလိုက်မိသည်။
"...မင်း..ဝမ်ရိပေါ် မဟုတ်လား...မင်းက ဒီကို ဘယ်လိုလုပ်....မဟုတ်မှ...မားကို ကားနဲ့ ဝင်တိုက်တယ်ဆိုတာ..."
"သားက ရိပေါ်လေးနဲ့ သိနေတာလား ရိပေါ်လေးက ဝင်တိုက်တာမဟုတ်ဘူးကွယ်မားဘာသာ လန့်ပြီးချော်လဲတာ သားရဲ့"
ထိုလူ့စကားမဆုံးခင်အန်တီရှောင်းက ဖြတ်ပြောကာ ရိပေါ်ကိုလည်း အားနာတဲ့ အကြည့်တွေနဲ့ ကြည့်နေပြန်သည်။
"ကျွန်တော်တောင်းပန်ပါတယ်။ ကိစ္စလေးရှိသေးလို့ ကျွန်တော့်ကို ခွင့်ပြုပါဦး"
ခေါင်းကို ငုံ့ထားရင်း ရိပေါ်ပြောပြီး ထိုအိမ်ထဲက အမြန်ထွက်လာလိုက်သည်။ ရိပေါ် ဒီလူနဲ့ ထပ်မတွေ့ချင်တော့ဘူး။ ကားနားရောက်ခါနီး အနောက်ကနေ ကြားလိုက်ရတဲ့ အသံကြောင့်ရိပေါ်ခြေလှမ်းတို့ ရပ်တန့်သွားရသည်။
"မင်းအကျင့်တွေ အခုထိ မပြောင်းသေးဘူးပဲ ဝမ်ရိပေါ်.."
ဘာကို ဆိုလိုတာလဲ။ ဒီလူက ဘာသိလို့ ရိပေါ်ကို အခုလိုပြောရတာလဲ။ ရိပေါ်လှည့်ကြည့်လိုက်တော့ ထိုလူကလှောင်ပြုံးပြုံးကာ ရိပေါ်ဆီ တစ်လှမ်းချင်းလျှောက်လာနေသည်။ မုန်းလိုက်တာ။ အဲ့ဒီ အပြုံးကို။ ထိုလူက အဲ့ဒီနေ့ကလို အပြုံးမျိုးဖြင့်ရိပေါ်ကို စိုက်ကြည့်နေသည်။
"ခင်ဗျား ဘာကို ဆိုလိုတာလဲ"
"ဒီနှစ်တွေအတွင်း မတွေ့ရတော့လို့ လက်လျှော့သွားပြီ ထင်နေတာ မမောသေးဘူးလား အခုထိ...ဟင်"
ရိပေါ် မျက်လုံးကို စူးစိုက်ကြည့်လို့ တစ်လုံးချင်းပြောနေတဲ့ လူရဲ့ မျက်နှာကို ရိပေါ်မုန်းလွန်းလို့ ကုတ်ဖဲ့ပစ်ချင်လာသည်။
"ခင်ဗျား ထင်တာတွေ မှားနေပြီ"
ရိပေါ်ပြောပြီး လှည့်ထွက်ဖို့ ပြင်တော့ ထိုလူက ရိပေါ်ရှေ့ ပိတ်ရပ်ကာ
"ပြန်တော့မလို့လား ဝမ်ရိပေါ်ရဲ့။ ငါနဲ့ နီးစပ်ချင်လို့ ငါ့အိမ်အထိတောင်ရောက်လာပြီပဲ....ဒီအတိုင်းပဲ ပြန်သွားတော့မလို့လား"
ထိုလူ့စကားတွေက ရိပေါ်မာနကို ထိခိုက်လွန်းသည်။ မတွေ့ရတဲ့ အတောအတွင်းထိုလူက မာနကြီးတာအပြင်ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတဲ့ရောဂါပါ ထပ်တိုးလာတယ်ထင်သည်။ ဒီလိုလူနဲ့ ပြိုင်ပြီး ငြင်းခုံချင်စိတ်မရှိတာကြောင့်ရိပေါ်ရှေ့မှာ ပိတ်ရပ်နေတဲ့ ထိုလူ့ကိုရှောင်ကာ ရိပေါ်ကားကိုမောင်းထွက်လာလိုက်သည်။ ကားမထွက်ခင်ထိုလူပြောလိုက်တဲ့ စကားကြောင့်ရိပေါ် ဘယ်ဘက်ရင်အုံကအပ်နဲ့ထိုးခံလိုက်ရသည့်နှယ်။ ဆစ်ခနဲ ခံစားလိုက်ရသည်။
"ငါ့ဆီက အာရုံစိုက်မှုကို လိုချင်တိုင်း ငါ့မားကို ကားနဲ့ဝင်တိုက်တာကတော့အောက်တန်းကျလွန်းတာပေါ့"တဲ့။
ခင်ဗျား ကျွန်တော့်ကို စွပ်စွဲချင်သလို စွပ်စွဲနိူင်တယ်....ဒီနေ့ကစပြီး ခင်ဗျားနဲ့ဝေးရာမှာပဲနေတော့မှာမို့...
••••••••••••••
"ဝမ်အိမ်တော်ကနွေးထွေးစွာ ကြိုဆိုပါတယ်ဝမ်လေး"
ရိပေါ်အိမ်ထဲ ဝင်လိုက်သည်နှင့်ကျင်းဟိုင်ကောကလှေကားပေါ်က ဆင်းလာကာ ဝမ်းသာအားရ ကြိုဆိုသည်။ ခုနက ကိစ္စကြောင့်မျက်နှာမကောင်း ဖြစ်နေတဲ့ ရိပေါ်ကို ကျင်းဟိုင်ကောက သူလာမကြိုလို့ စိတ်ဆိုးနေတယ်ထင်သွားကာ အတင်းတောင်းပန်တော့သည်။
"ဝမ်လေးကို လာမကြိုလို့ကောကို စိတ်ဆိုးနေတာလား...ကောတောင်းပန်ပါတယ်ကွာ..."
"ကောကို ကျွန်တော်စိတ်မဆိုးပါဘူး နည်းနည်း ပင်ပန်းနေလို့"
"ဟုတ်ပြီ အဲ့ဒါဆို အနားယူလိုက်ဦး။ကောရဲ့ညီလေးအတွက်အရင်က အခန်းကို ရှင်းပေးထားတယ်"
"ဟုတ်ဒါနဲ့ကော...ဒယ်ဒီနဲ့မာမီရော"
ကျင်းဟိုင်ကောက မျက်နှာတစ်ချက်ပျက်သွားကာ ရိပေါ်ကို ဂရုဏာသက်တဲ့ အကြည့်တြွေဖင့်
"ဒယ်ဒီတို့က ကုမ္ပဏီသွားတယ်။ ညကကောတောင်သတိပေးလိုက်သေးတယ်..ဒီနေ့ ဝမ်လေး ပြန်ရောက်မယ့်အကြောင်း.."
"ဒယ်ဒီနဲ့မာမီက အလုပ်ရှုပ်ပြီးမေ့သွားတာထင်တယ်။ ကျွန်တော်အပေါ်တက်တော့မယ်နော်ကော"
ရိပေါ် အခန်းထဲရောက်တာနဲ့ အိပ်ယာပေါ်ခြေပစ်လက်ပစ်လှဲချလိုက်သည်။ သူများနိူင်ငံမှာ တစ်ယောက်ထဲ မနေချင်တာကြောင့်ကိုယ့်နိူင်ငံကိုယ့်ပြန်လာတော့လည်း တစ်ယောက်ထဲပါပဲ။
ရိပေါ် ကလေးဘဝထဲက ဒီလိုပါပဲ။ အလုပ်များလွန်းတဲ့ ဒယ်ဒီနဲ့မာမီက အိမ်မှာနေတဲ့အချိန်ရှားတာကြောင့်အမြဲတမ်း ရိပေါ်တစ်ယောက်ထဲနေလာခဲ့ရတာ။ ရိပေါ်နဲ့ အသက်၁၀နှစ်လောက်ကွာတဲ့ အကိုဖြစ်သူ ကျင်းဟိုင်ကောကပဲ ရိပေါ်ကို အစစအရာရာ ဂရုစိုက်ပေးတတ်သည်။
တစ်ခြားအချိန်တွေဆို ရင့်ကျက်တည်ငြိမ်လွန်းတဲ့ ကျင်းဟိုင်ကောက အနေအေးသလောက်ရိပေါ်ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တဲ့ အခါတိုင်း ရိပေါ်ဘက်က အရင်ဦးအောင်လုပ်ဖို့ သင်ပေးတတ်သည်။ 'ဝမ်လေးကသာ အရင်ဦးအောင်ဆော်ခဲ့ ကျန်တာအကုန်ကော လိုက်ရှင်းပေးမယ်'တဲ့လေ။
တကယ်လည်း ကျင်းဟိုင်ကောက ရိပေါ်ကျောင်းမှာ ရန်ဖြစ်လာတဲ့ အခါတိုင်း ဒယ်ဒီနဲ့မာမီကို မသိစေပဲ လိုက်ဖြေရှင်းပေးတတ်သည်။ ရိပေါ်ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ်ကျင်းဟိုင်ကောက ရိပေါ်ကို အပြစ်မမြင်ပဲ ရိပေါ်ရှာသမျှ ပြဿနာတွေကိုဖြေရှင်းပေးတတ်တာမို့ ရိပေါ်ကလည်း အကိုအားကိုးနဲ့ ဆိုးချင်တိုင်း ဆိုးလို့ရနေသည်။
ဒီလိုနဲ့ပဲ ရိပေါ်လေးကကျောင်းရဲ့ နံပါတ်တစ်လူဆိုးလေး ဖြစ်လာရသည်ပေါ့။
ဘာရယ်မဟုတ်စာရေးစားပွဲပေါ်မှာ တင်ထားတဲ့ ပန်းအိုးထဲက ကျူးလစ်ပန်းလေးနှစ်ပွင့်ဆီ အကြည့်ပို့မိတော့ ရိပေါ်ရဲ့ အတွေးတို့က ဟိုးအရင်တစ်ချိန်ကို ပြန်ကူးခတ်သွားတော့သည်။
ရိပေါ် အထက်တန်းနောက်ဆုံးနှစ်မှာပဲ အချစ်ဆိုတာကို စတင်ပြီးခံစားမိခဲ့တာ။ကျောင်းမှာဆိုချေမိုးပြီး ဆိုးပေလွန်းတဲ့ တစ်မိုးအောက်ဝမ်ရိပေါ်လေးရဲ့ နှလုံးသားကို ခလုတ်တိုက်သွားသူက ထူးဆန်းစွာနဲ့ မိန်းကလေးမဟုတ်ပဲယောကျာင်းလေးတစ်ယောက်ပါတဲ့လေ။
မျက်လုံးဝိုင်းဝိုင်း နှာတံစင်းစင်းလေးနဲ့ ဘယ်ဘက်နှုတ်ခမ်းအောက်နားလေးမှာ မှဲ့သေးသေးလေးပါတဲ့ ထိုလူက ရိပေါ်မျက်လုံးထဲမှာတော့ နတ်ဘုရားတစ်ပါးလိုပဲ။
သူ့နာမည်ကရှောင်ရှောင်းကျန့်တဲ့....
#fah🦄