အတိတ်မေ့နေသောကျောင်းလူဆိုးလေး...

By Cora0411

402K 38.9K 1.2K

This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... More

//Description//
//Chapter 1//
//Chapter 2//
//Chapter 3//
//Chapter 4//
//Chapter 5//
//Chapter 6//
//Chapter 7//
//Chapter 8.2//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.1//
//Chapter 11.2//
//Chapter 12.1//
//Chapter 12.2//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 15//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.1//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//

//Chapter 8.1//

6.3K 1.2K 23
By Cora0411

Unicode

ဘတ်စ်ကားက ဆင်းရမဲ့မှတ်တိုင်ကိုရောက်လာပေမဲ့ ကျန်းယွမ်ပိုင်ကတော့ ကားနောက်တစ်ကြိမ် စတင်မမောင်းခင်အထိ မလှုပ်ရဲလေဘူး။ ရှီပုဖန်က သူ့ကိုပြောပြလာသည်
" ဒီမှတ်တိုင်မှာ ဆင်းသင့်တဲ့သူတွေအားလုံး ဆင်းသွားကြပြီ "

ကျန်းယွမ်ပိုင်က ရုတ်ခြည်းပင် သူ့ခေါင်းကိုကျောင်းဝတ်စုံထဲမှ ထုတ်လိုက်၏။ သူ့ရဲ့မူလတည်းက ခပ်ယဲ့ယဲ့လေးကွေးနေတဲ့ဆံပင်တွေက ပိုရှုပ်လာပြီး မျက်ဝန်းတွေကလည်း စိုစွတ်နေလျက်။ သူ၏ဖွေးပြီးဖြူလျော့နေတဲ့ မျက်နှာလေးကလည်း အခုချိန်မှာနီရဲနေပြီး သူ့ပုံစံက...နီရဲပြီး အရည်ရွှမ်းတဲ့ပန်းသီးလေးတစ်လုံးလိုပင်။

ရှီပုဖန်က သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။

ကျန်းယွမ်ပိုင်က သူ့အကြိုက်နဲ့ကိုက်မှန်း သူသတိပြုမိသွားသည်၊ သူ့စရိုက် ဒါမှမဟုတ် အသွင်အပြင်က မည်သို့ဖြစ်နေပါစေပင်။

ကျန်းယွမ်ပိုင်က ကျောင်းဝတ်စုံကို ရှီပုဖန်ဆီပြန်ပေးလိုက်ပြီး သူ့ကျောပိုးအိတ်ကိုဆွဲယူကာ လက်မောင်းအတွင်းပိုက်ထားလိုက်၏။ သူပြောလိုက်သည်
" ငါနောက်မှတ်တိုင်မှာပဲ ဆင်းလိုက်ပြီးတော့ အိမ်ကို လမ်းလျှောက်ပြန်လိုက်တော့မယ်။ မင်း ငါ့နောက်ဆက်လိုက်ဖို့ မလိုတော့ဘူး"

" ငါမင်းနဲ့တူတူ လမ်းလျှောက်နိုင်ပါတယ် " သူ့ 'သူငယ်ချင်းကောင်းလေး'ကို ရှီပုဖန်က အလွန့်အလွန်ပင် ဂရုစိုက်နေလေ၏။
" အဆုံးမှာတော့ ငါလည်း အိမ်မှာ လုပ်စရာမှမရှိတာ "

ကျန်းယွမ်ပိုင်က ခေါင်းကိုလေးလေးနက်နက်ယမ်းကာ ပြောလိုက်သည်
" အိမ်ကို င့ါဘာသာငါပြန်နိုင်တယ် "

အခုအချိန်မှာ သူ့နှလုံးသားက အရှိန်ပြင်းပြင်းခုန်ပေါက်နေလေသည်။ ဘာလို့ ရှီပုဖန်ကို သူ့နောက် ဆက်လိုက်ဖို့ခွင့်ပြုရမှာလဲ? ရှီပုဖန်ရဲ့အကူအညီကိုသူငြင်းလိုက်ပြီးနောက် သူနှလုံးရောဂါ ခံစားနေရကာ အချိန်မရွေးသေသွားနိုင်သလို ခံစားလိုက်ရသည်။

သူ၏ဆုံးဖြတ်ထားတဲ့အကြည့်တွေကို မြင်လိုက်ရတဲ့အခါမှာတော့ ရှီပုဖန် ညှိုးငယ်စွာဖြင့်
" ကောင်းပြီလေ "

ကျန်းယွမ်ပိုင် ဘတ်စ်ကားပေါ်မှဆင်းပြီးနောက် အိမ်သို့အမြန်ပြေးသွားလိုက်သည်။ လမ်းတစ်လျှောက်မှာ နှစ်မိနစ်ပြည့်အောင်တောင် မနားဘဲ သူ့ဘဝအတွက် နောက်တစ်ကြိမ်စတင်ပြီးတော့ အသည်းအသန်ပြေးပြန်သည်။ သူ့ရပ်ကွက်တစ်လျှောက်လုံး ပြေးလာခဲ့ပြီးနောက်မှာတော့ ခါးထောက်ကာ ဒူးကွေးပြီး လေကို အသည်းအသန်ရှူတော့၏။ ခဏလောက်ကြာပြီးတဲ့နောက်မှာတော့ သူဓာတ်လှေကားထဲဝင်သွားလိုက်သည်။

သူ ဓာတ်လှေကားထဲရှိ မှန်ကိုအသုံးပြုပြီးတော့ သူ၏ရှုပ်ထွေးနေတဲ့ဆံပင်ကိုပြန်ပြင်ကာ အနည်းငယ်ကောက်ကွေးနေတဲ့ရှေ့ဆံပင်လေးတွေအား ဆွဲလိုက်သည်။ သူ ယင်းကို ဖြောင့်တန်းဖို့အတွက် မရည်မှန်းထားပေ၊ သူ၏စိုးရိမ်ပူပန်မှုကို လျှော့ချသက်သာစေဖို့သာဖြစ်သည်။

ချင်ယင်းချက်ပြုတ်နေတဲ့အချိန်မှာ တံခါးကနေလှုပ်ရှားမှုတစ်စုံတစ်ရာကို ကြားလိုက်ရသည်။ ကျန်းဖျင်ကျင့် မော့ကြည့်ပြီး မေးလာ၏။
" မင်းဘာလို့ဒီနေ့ အရမ်းနောက်ကျနေရတာလဲ? "

" ကျွန်တော် ..ကျွန်တော် ကျောင်းမှာ အိမ်စာလုပ်နေတာပါ "

ကျန်းဖျင်ကျင့်ရဲ့မျက်ခုံးတို့ တွန့်ချိုးသွားသည်။

တကယ်တော့ ဒီနေ့ဘာဖြစ်ခဲ့လဲဆိုတာကို ကျိယန့်ဖျင်က သူတို့ကိုပြောပြပြီးသွားပြီဖြစ်သည်။ ဒီကိစ္စက ကျန်းယွမ်ပိုင်နှင့် ဘာမှမဆိုင်ကြောင်းကိုတောင် သူကအထူးအလေးပေးပြောသွားခဲ့သည်။ ရှီပုဖန်က သူ့အတွက် ရပ်တည်ပေးခဲ့ရုံသာဖြစ်ပြီး မျှော်လင့်ထားတဲ့အတိုင်းပင် ကျန်းယွမ်ပိုင်က သူတို့အား အမှန်တရားကို ပြောမပြခဲ့။ ကျန်းဖျင်ကျင့်က သူဖိနပ်လဲနေတာကိုကြည့်နေရင်း သူ့နှလုံးသားထဲက ဒေါသတွေက ပေါက်ကွဲထွက်မတတ်ပင်။ သို့ပေတည်း ချင်ယင်းရဲ့အကြည့်ကို လက်ခံရရှိလိုက်ရာ အဆုံးမှာတော့ သူဘာမှမဖြစ်သလိုသာ ဟန်ဆောင်နေလိုက်၏။

ရှီပုဖန်က သူ့အသက်သခင်ကို ကာကွယ်ပေးလိုက်တဲ့သတင်းဟာ ကျောင်းတစ်ကျောင်းလုံးကို ပျံ့နှံ့နေလေပြီ။ ကျန်းယွမ်ပိုင်ကို လှောင်ပြောင်လေ့ရှိတဲ့ လူပေလူတေလေးတွေကတောင် သူ့ကို စတင်ပြီးတော့ ရှောင်သွားကြ၏။ ဒါက ပထမဆုံးအကြိမ် *King Crabတစ်ကောင်ဖြစ်ရခြင်း၏ပျော်ရွှင်မှုကို သူခံစားရခြင်းပင်။ နေ့လယ်စာအတွက်တန်းစီတဲ့အချိန်မှာ သူ့ကိုကြားဖြတ်ပေးစီတဲ့သူတွေတောင် ရှိလာပေမဲ့လည်း သူကတော့ တကယ်ကြီး အဲ့လိုလုပ်ဖို့ အတော်လေးကိုရှက်မိသည်။

[ *ဂဏန်းတွေကဘေးတိုက်သွားတယ်လေ။ အဲ့တော့ပြောချင်တာက ကျန်းယွမ်ပိုင်ကအဓိကဖြစ်လာပြီးတော့ စည်းမျဉ်းတွေကိုဂရုမစိုက်ဘဲ ကျောင်းမှာလုပ်ချင်တာလုပ်လို့ရပြီ ]

ကျန်းယွမ်ပိုင်ကို ခက်ခဲတဲ့အခြေအနေမှာ ကျရောက်နေတယ်လို့ ခံစားစေတဲ့ တစ်ဦးတည်းသောသူကတော့ သူတို့အတန်းထဲမှာရှိနေတဲ့အချိန်တိုင်း စာတိုလေးတွေ လှမ်းလှမ်းကမ်းပေးနေတဲ့ ရှီပုဖန်ပင်။ အချိန်တိုင်း ကျန်းယွမ်ပိုင် ကြောက်လန့်တကြားနဲ့စာပြန်ဖို့အရေး သူက ကျန်းယွမ်ပိုင်ကို စာတိုလေးတွေ အများအပြားလှမ်းလှမ်းပေးလေ့ရှိသည်။

ချုံးကျင့်သည်လည်းပဲ သူတို့၏အပြန်အလှန်ဆက်သွယ်မှုကို သတိပြုမိလေသည်။ သူမနေနိုင်တော့ဘဲ ရှီပုဖန်ကိုမေးလိုက်၏
" မင်းဘာလို့ ကျန်းယွမ်ပိုင်နဲ့မကြာခဏ ရောနေရတာလဲ? ငါတို့နဲ့တောင် ဘောလုံးမကစားတော့ဘူး "

" ငါ့ခေါင်းက နာနေတုန်းပဲ။ အဲ့တော့ လှုပ်ရှားရတဲ့ အားကစားတွေမှာ ပါဝင်ဖို့ ငါ့အတွက် အဆင်မပြေသေးဘူး "

" ဒါဆို မင်းဘာလို့ အဲ့ 'ကျန်းရှာမောင့်' နားမှာပဲ အမြဲတမ်း......ဟေး What the heck ! " ချုံးကျင့်ရဲ့ခေါင်းကို စာအုပ်နဲ့ဖြန်းခနဲမြည်အောင် အရိုက်ခံလိုက်ရခြင်းပင်။ ရှီပုဖန် မပျော်ရွှင်စွာဖြင့် ပြောလိုက်သည်
"သူ့ကို'ကျန်းရှာမောင့်' လို့ခေါ်တာ ရပ်ဖို့ ငါလူတွေကို ပြောပြီးပြီ မဟုတ်ဘူးလား? မင်းနားပင်းနေတာလား? "

မင်မိုင့် ရှော့ခ်ရသွားသည်။
"ငါတို့တောင်မှ ခေါ်လို့မရဘူးလား?"

" ငါတောင် ခေါ်လို့မရဘူး " ရှီပုဖန် အေးစက်စွာပြောလိုက်သည်
" အနာဂတ်မှာ တစ်ယောက်ယောက်က သူ့နာမည်ပြောင်ကို ခေါ်တာကို မင်းတို့ကြားခဲ့ရင် သူတို့ကိုသွားရိုက်ခဲ့။ တကယ်လို့ သူတို့ဒုက္ခိတဖြစ်သွားခဲ့ရင် သူတို့ဆေးဝါးစရိတ်ကို ငါတာဝန်ယူမယ်"

ယဲ့လျန်ကတော့ ကတ်ဂိမ်းကိုကစားနေရင်း ရှီပုဖန်ကို တစ်ချက်ကြည့်လိုက်ချိန် သူက အရာအားလုံးကို ထွင်းဖောက်မြင်ထားနှင့်ပြီးသလိုပင်။

ကျန်းယွမ်ပိုင်ကတော့ သူ့အနောက်မှာ ဖြစ်ပျက်နေတဲ့လှုပ်ရှားမှုတွေကို သတိမမူမိပေ။ ဒီနှစ်ရက်အတွင်းမှာ လပတ်စာမေးပွဲလာတော့မှာဖြစ်တဲ့အတွက် သူ့အချိန်တွေကို လေ့ကျင့်ရေးမေးခွန်းတွေလုပ်တဲ့အပေါ်မှာ အကျိုးရှိရှိအသုံးချနေရ၏။ ကျန်းယွမ်ပိုင်က သူ့ကိုယ်သူအတွက် မျှော်မှန်းချက်အကြီးကြီးထားထားတာ မရှိလေဘူး၊ သူအတွက်အချက်အပိုင်းတွေမှာ အမှတ်ပြည့်ရနေသရွေ့ အဆင်ပြေသည်။ ကောလိပ်ဝင်ခွင့်ဖြေပြီးတဲ့နောက်မှာ သူရူပဗေဒဌာနကိုလျှောက်ကာ ယင်းနောက် ဘွဲ့ကြိုကျောင်းသားတစ်ယောက်ဖြစ်လာပြီး အဲ့ဒါမှသာ သုတေသနတက္ကသိုလ်တစ်ခုကို ဝင်ရောက်နိုင်မည်ပင်။

ဒီဟာက သူငယ်ငယ်လေးတည်းက သူ့အိပ်မက်ပင်ဖြစ်သည်။

"အတန်းခေါင်းဆောင် ကျိလောင်ရှီးက မင်းကို ရှာနေတယ်" တစ်စုံတစ်ယောက်က ရုတ်တရက်ခေါ်လိုက်၏။ ကျန်းယွမ်ပိုင် တစ်ခုခုထူးဆန်းတယ်လို့ ခံစားလိုက်ရပေမဲ့ သူ့ပစ္စည်းတွေသိမ်း၍ အပြင်ကိုလျှောက်ထွက်သွားလိုက်သည်။

သူရောက်သွားတဲ့အခါမှာတော့ ကျိယန့်ဖျင်က သူ့အားထိုင်ခိုင်းပြီး သူမ မကြာသေးခင်ကမှ လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ အသီးဖျော်ရည်တစ်ခွက်ကို သူ့အတွက်လောင်းထည့်ပေးလိုက်သည်။ သူမ စိုးရိမ်တကြီးမေးလိုက်သည်
" လပတ်စာမေးပွဲက နီးလာပြီ။ မင်း ပြင်ဆင်တာအားနည်းတယ်လို့ ခံစားရတဲ့ဘာသာတွေရှိလား? "

လပတ်စာမေးပွဲက ကျန်းယွမ်ပိုင်အတွက်တော့ ဘာမှ အထွေအထူးဖြစ်မနေဘူး။ သူတကယ်ကို နားမလည်ပေမဲ့လည်း ခေါင်းကိုခါလိုက်၏
" အတော်လေးကောင်းတယ်လို့တော့ ကျွန်တော်ထင်ပါတယ် "

ကျိယန့်ဖျင်က သူ့ကိုဖျော်ရည်သောက်ဖို့ လက်အမူအရာပြလာသည်။ ကိုယ်တိုင်သုံးသပ်စာကြောင့်များလားလို့ ကျန်းယွမ်ပိုင်သိချင်နေမိ၏။ တစ်ပတ်လောက်ကြာသွားပြီဖြစ်ပေမဲ့လည်း လောင်ရှီးက အဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာမှအထူးတလည်မပြောခဲ့။ သူ အဲ့ကိစ္စကို မေ့ခါနီးနေလေပြီ ။

သူ သူမကို ကျေးဇူးတင်လိုက်ကာ နှုတ်ခမ်းကိုဖွင့်ပြီး ဖျော်ရည်ကိုသောက်လိုက်သည်။ ဖျော်ရည်က ချိုချဉ်လေးပင်။ အဲ့နောက်သူမက မေးလာသည်
" လောင်ရှီး ကျောင်းမှာပြန့်နေတဲ့ သတင်းတွေကြားပြီးပြီ။ မင်းမကြာသေးခင်က ရှီပုဖန်နဲ့အတူတူ အိမ်ကိုပြန်ကြတယ်ဆို?"

ကျန်းယွမ်ပိုင်က အလျင်အမြန်ပဲငြင်းလိုက်၏
" မဟုတ်ပါဘူး။ ကျွန်တော်က သူနဲ့ ကျောင်းအပြင်ကို တူတူလမ်းလျှောက်သွားရုံပါပဲ။ ကျွန်တော်တို့က တစ်လမ်းတည်းမဟုတ်ဘူးလေ "

ကျိယန့်ဖျင်က ခေါင်းညိတ်ပြီးပြောလိုက်သည်
" လောင်ရှီးမှတ်မိသလောက်ဆို မင်းမားက ပြင်ပလူနာဌာနကဆရာဝန်ဖြစ်ပြီးတော့ မင်းပါးက ဂိမ်းကုမ္ပဏီကမလား? "

" ဟုတ်ပါတယ် "

" ဒီအသက်မွေးဝမ်းကြောင်းနှစ်ခုလုံးက အလုပ်လုပ်ရတာခက်ခဲတာပဲ။ အဲ့ဒါက ပင်ပန်းပေမဲ့ ဝင်ငွေကျ အများကြီးမရဘူး။ မင်းမိဘတွေက မင်းတို့ကောင်လေးတွေ ကျောင်းတက်ဖို့ အလုပ်ကြိုးစားနေကြတာ။ သူတို့က အိမ်အသစ်တစ်လုံးဆီတောင် ပြောင်းလိုက်ကြပြီး အဲ့နေရာက သူတို့အလုပ်နေရာတွေနဲ့ အတော်လေးဝေးတယ်ဆို ဟုတ်လား? "

ကျန်းယွမ်ပိုင်က တစ်စုံတစ်ခုကို သတိရလိုက်ပြီး ငြင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

" မင်းကလိမ္မာတဲ့ကလေးတစ်ယောက်ပါ ပြီးတော့ မင်းက အခုအထက်တန်းဒုတိယနှစ်လေ။ မင်းမှာ အချိန်တွေအရမ်းကျပ်မနေပေမဲ့လည်း မင်းပြည့်ပြည့်ဝဝတော့ အနားယူနိုင်မှာမဟုတ်လောက်ဘူး။ မင်းရဲ့အဆင့်တွေက လွယ်လွယ်ကူကူကျသွားနိုင်ပေမဲ့ တိုးမြှင့်ဖို့ကျ ခက်တယ်လေ " ကျိယန့်ဖျင် ဖျော်ရည်တစ်ငုံသောက်လိုက်ပြီး ငြင်သာစွာဆက်ပြောလိုက်သည်။
" ဒီမှာ ချမ်းသာတဲ့မိသားစုနောက်ခံက ဆင်းသက်လာတဲ့ကလေးအချို့ရှိကြတယ်။ သူတို့တွေက ဘာမှလုပ်စရာမလိုတဲ့အတွက် သူတို့ရဲ့အဆင့်တွေအတွက် စိုးရိမ်စရာမလိုကြဘူး ။ ဒါပေမဲ့ သာမန်လူတွေကတော့ သူတို့ရဲ့သာမန်ဘဝမှာ ရှင်သန်ကြဖို့လိုသေးတယ်လေ။ လောင်ရှီးက ရှီပုဖန် သားဆီကနေသင်ယူပြီး ရန်ပွဲတွေမှာမပါတော့ဖို့ မျှော်လင့်ပေမဲ့လည်း အဲ့ဒါကဒုတိယနေရာမှာပဲရှိတာ။ မင်းရဲ့အနာဂတ်က အရေးအကြီးဆုံးပဲ မင်းနားလည်ရဲ့လား? "

ကျန်းယွမ်ပိုင်က ဘာမှမတတ်နိုင်ပေမဲ့လည်း သဘောတူတဲ့အနေနဲ့ ခေါင်းတော့ညိတ်ပြလိုက်သေး၏။

တကယ်တော့ သူမခံဝန်သုံးသပ်စာကိုပြင်ပြီးတဲ့နောက်မှာ ယင်းကရှီပုဖန်ရဲ့စနက်ဆိုတာကို သေချာပေါက်သိပြီးသားပင်။ အဆုံးမှာတော့ သူသင်ခန်းစာတစ်ခုခုရဖို့လည်း သူမက မမျှော်လင့်ပေ။ ကျောင်းမှာ ကျန်းယွမ်ပိုင်က ရှီပုဖန်နဲ့ သူငယ်ချင်းတွေ ဖြစ်နေပြီဆိုတဲ့ သတင်းတွေပြန့်နေပေမဲ့လည်း ဆင်းရဲတဲ့ကျောင်းသားတွေကို ခွဲခြားဆက်ဆံလိုတဲ့ ရည်ရွယ်ချက် သူမမှာ မရှိလေဘူး။ သို့ပေမဲ့ ကျန်းယွမ်ပိုင်နဲ့ရှီပုဖန်က အတန်းထဲမှာ စာတိုလေးတွေကမ်းပေးနေတယ်လို့ သူမကို လောင်ရှီးအချို့ပြောလာကြတော့ သူမအရမ်းစိုးရိမ်မိသွားသည်။ အမှန်အတိုင်းပြောရရင် ကျန်းယွမ်ပိုင်ရဲ့အဆင့်တွေအရ သူကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်သရွေ့ ပထမနေရာရဖို့အတွက် ဖြစ်နိုင်လေသည်။ သူမက ဒီကိစ္စကိုပိုမိုအာရုံစိုက်ပြီး ရှီပုဖန်မှ ကျန်းယွမ်ပိုင်အား လွှမ်းမိုးသွားခွင့်မပေးနိုင်ပေ။

နေ့လယ်စာစားချိန်အတွင်းမှာ ကျောင်းသားတွေအားလုံးက နှစ်အတော်ကြာမစားခဲ့ရတဲ့အတိုင်း ကန်တင်းသို့ပြေးသွားကြ၏။ ကျန်းယွမ်ပိုင်က အလွန်နှေးတာကို စုန့်မော့သိတဲ့အတွက် သူပြေးသွားရင်း ပြောလိုက်သည်
" စည်းမျဉ်းဟောင်းတွေအတိုင်းပဲ။ ငါအရင်သွားပြီးတော့ ငါတို့အတွက်နေရာဦးထားလိုက်မယ်!"

ကျန်းယွမ်ပိုင်ခေါင်းငုံ့၍ သူ့စားပွဲခုံကို ရှင်းလိုက်၏။ သူစာအုပ်တွေအားလုံးကို နှစ်အလိုက်အစဉ်လိုက်စီလိုက်ပြီးနောက် သူ့နားထဲသို့ တီးတိုးရယ်မောသံတစ်ခု မြည်ဟည်းလာခဲ့သည်။ လက်တစ်ဖက်က သူ့စားပွဲခုံထက်ဆင်းသက်နားခိုလာပြီး သူမော့ကြည့်လိုက်တော့ ရှီပုဖန်၏ခံ့ညားလှတဲ့မျက်နှာကို မြင်လိုက်ရသည်
" မင်းနေ့တိုင်း အရမ်းတွေအသေးစိတ်လိုက်လုပ်နေတာပဲ။ အဲ့လိုလုပ်ရတာ မပင်ပန်းဘူးလား"

ကျန်းယွမ်ပိုင်က တိတ်ဆိတ်နေတော့ ရှီပုဖန်ကပဲ ဆက်ပြောလာသည်
"လူတိုင်းက နေ့လယ်စာကို သွားလုနေကြပြီ။ မင်းရော တစ်ခုခုမစားချင်ဘူးလား?"

ကျန်းယွပ်ပိုင်က မတ်တပ်ရပ်ကာ အပြင်ကိုလျှောက်သွားရင်း တမင်တကာဆိုလိုက်သည်
" ငါ ဟော့ပေါ့အစပ်စားချင်တယ် "

အခြားတစ်နည်းနဲ့ပြောရမယ်ဆိုရင် စားစရာက ကန်တင်းတွင်မရှိတာမို့ သူစောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ အရေးမပါဘူးဟုပင်။

ရှီပုဖန်က တိုးသက်စွာရယ်မော၍ လက်တစ်ဖက်အား သူ့ပခုံးပေါ်တင်ကာ ပြောလာသည်
" မင်းက လတ်ဆတ်တဲ့အစားအစာကို စားရတာကြိုက်တာပဲ"

ကျန်းယွမ်ပိုင်က လောင်ရှီးရဲ့စကားတွေကို ပြန်တွေးမိသွားပြီး ရှီပုဖန်ရဲ့လက်ကို သူ့ပခုံးထက်မှ ဖြည်းညင်းစွာချလိုက်သည်
" ငါမင်းကို ပြောချင်တာလေးရှိလို့"

" ဘာလဲ?"

" ငါ့ကိုအတန်းထဲမှာ စာရွက်တွေကမ်းမပေးနဲ့တော့ " ကျန်းယွမ်ပိုင်က မပျော်မရွှင်ဖြင့်ပြောလိုက်၏
"အဲ့ဒါက လောင်ရှီးတွေကို မကောင်းတဲ့ထင်မြင်ချက်ကို ပေးတယ်။ ထပ်ပြောရရင် ငါစာလေ့လာတာကို အနှောင့်အယှက်ဖြစ်စေတယ် "

ရှီပုဖန်က ချက်ချင်း သဘောတူလိုက်သည်။

" မင်းက အရင်တစ်ခေါက်တုန်းကလဲ ကောင်းပြီလို့ပြောခဲ့တာပဲ" ကျန်းယွမ်ပိုင်က သူ့ခေါင်းအားမော့လိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည်
"ဒါပေမဲ့ မင်းအတန်းထဲမှာ ငါ့ခေါင်းကို စက္ကူလုံးနဲ့ တမင်တကာ ပစ်ပေါက်ခဲ့တယ်လေ "

" ဂီတအတန်းက အရေးမှမကြီးတာ "

" ငါတို့အတန်းထဲမှာ ရှိနေသရွေ့မင်းလုပ်လို့မရဘူး။ လောင်ရှီးတွေအနေနဲ့ ငါတို့ကိုစာသင်ပေးရတာက အရမ်းကိုပင်ပန်းရတာ။ ငါတို့ကလဲ သူတို့ကိုလေးစားဖို့ သင်ယူရမယ်လေ"

ရှီပုဖန်က သူ၏လေးလေးနက်နက်အမူအရာကို ငေးစိုက်ကြည့်ကာပြောလိုက်သည်
"ကောင်းပြီ "

သူက မြန်မြန်ဆန်ဆန်နဲ့ တဲ့တိုးပင်ဖြေလာခဲ့သည်။ ၎င်းက ကျန်းယွမ်ပိုင်အတွက် အခြားတစ်ခုခုထပ်ပြောဖို့ ခဲယဉ်းစေလေသည်။ သူတို့က အခုကစပြီး သူငယ်ချင်းကောင်းတွေ မဟုတ်တော့ဘူးလို့ ရှီပုဖန်ကိုပြောဖို့အတွက်လည်း သူ့မှာသတ္တိမရှိလေဘူး ။ ရန်သူတွေဖြစ်တာထက်စာရင် သူတို့ဒီလိုလေးဖြစ်နေတာကို သူအတော်လေးပိုသဘောကျ၏။

ကျန်းယွမ်ပိုင်နဲ့အခြားသူတွေ ကန်တင်းရောက်တဲ့အချိန်မှာ လူအများစုက နေ့လယ်စာအတွက်တန်းစီတဲ့လိုင်းမှာ မရှိလေတော့ဘူး။ သို့သော် စားစရာနည်းနည်းပါးပါး ကျန်တယ်ဆိုရုံမျှပင်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် စုန့်မော့က သူ့အတွက် စားစရာယူပေးထားသလို ချုံးကျင့်ကလည်း ရှီပုဖန်အတွက် ယူပေးထားလေသည်။ သူတို့စားပွဲရှည်ကြီးပေါ်မှာထိုင်လိုက်တဲ့အချိန် ချုံးကျင့်က စတင်ညည်းတွားတော့လေသည်
" ဒီစားစရာတွေရဲ့အရသာက ဝက်တွေကိုကျွေးတဲ့အစာတွေလိုပဲ။ ငါတို့အမိမြေရဲ့ပန်းဖူးလေးတွေ ပွင့်နိုင်ခါမှ ထူးဆန်းနေအုံးမယ်!"

မင်မိုင့်က စကားဆိုလာသည်
"ဘာတွေပြောနေတာလဲ? တကယ်လို့ မင်းက*ပွင့်လန်းလာပြီဆိုရင် လိပ်ပြာလေးတွေက သဘာဝကျကျမင်းအနားမှာ ဝဲပျံနေမှာပဲ။ မင်းသာစာကိုလေ့လာနေသရွေ့ ချင်းဟွာတက္ကသိုလ်က မင်းကိုရှာဖို့ရောက်လာလိမ့်မယ် "

[*ဒီနေရာမှာ"ပွင့်လန်း"တယ်ဆိုတာက စာတော်လာတာ၊ အောင်မြင်လာတာမျိုးကိုပြောတာပါ ]

" ဒါဆို ငါဘယ်အချိန်ကျရင် ပွင့်လန်းနိုင်မှာလဲ? "

" မင်းလား?" မင်မိုင့်ပြောလိုက်သည်
" မင်းက ဖရဲသီးလေ မင်းတစ်ခါမှည့်တာနဲ့ ပြီးပြီပဲ "

နှစ်ယောက်သားကျီစယ်နေတာကို နားထောင်ရင်း စုန့်မော့ ပါးစပ်ထဲက ထမင်းတွေပြန်ထွေးထုတ်လုမတတ် ဖြစ်သွားရသည်။ ယဲ့လျန်ကတော့ သူ့အစားအစာကို မထိရသေးပေ။ သူ့ဖုန်းမျက်နှာပြင်ပေါ်မှာ ရူးသွပ်စွာစာရိုက်နေရင်း ဆိုးရွားတဲ့အခြေအနေနဲ့ပြောလိုက်၏။
"တုံးအတဲ့အသင်းဖော်တွေ! မင်းတို့အရူးကောင်တွေက မင်းတို့အုပ်စုတွေကိုတောင် မခေါ်လာဘဲနဲ့ ရန်သူတွေကို လိုက်လှည့်ပတ်နေဖို့ပဲတတ်တယ်။ တကယ်လို့ ဒီလောင်ဇီက အဆင့်မြင့်တံခွန်စိုက်ပြိုင်ပွဲကို ဝင်ခွင့်မရခဲ့ရင် ငါ သူတို့ကို အင်တာနက်ကနေတစ်ဆင့်ရှာပြီး အသားပုံကြီးဖြစ်အောင် ရိုက်ပစ်တယ်! "

မင်မိုင့်က ချက်ချင်းတစ်ဖက်ကိုလှည့်လိုက်ပြီး
" မင်း ဒီကနေတစ်ဆင့် သူတို့ရဲ့ IPလိပ်စာကို ရှာနိုင်တယ်ပေါ့? "

" ထွက်သွားစမ်း "

ကျန်းယွမ်ပိုင်က သူ့ပန်းကန်ပြားအား ဆွဲထားလိုက်ပြီး သူတို့တံတွေးတွေ သူ့စားစရာပေါ်လာစင်မှာအား တားဆီးထားလိုက်၏။ သို့ရာတွင် ချုံးကျင့်လိမ်နေတာတော့ မဟုတ်ခဲ့ဘူး။ အစားအစာတွေက တကယ်ကိုစိတ်ပျက်ဖို့ကောင်းလေသည်။ ကျန်းယွမ်ပိုင်က အမြဲလိုလို နေ့လယ်ခင်းမှာ သိပ်စားလေ့မရှိပေ။ သူအကြိုက်ဆုံးအသီးအရွက်တွေကိုသာ စားပြီးနောက် ထမင်းအနည်းငယ်စားလိုက်၏။ သူထလိုက်ကာ ကျန်နေတဲ့အစားအစာတွေကို သတ်မှတ်ထားသော အမှိုက်ပုံးထဲသို့ထည့်လိုက်လေသည်။

ရှီပုဖန်က သူ့နောက်ကနေ နီးနီးကပ်ကပ်လိုက်လာရင်း ပြောလိုက်သည်
" မင်း ဗိုက်မပြည့်လောက်သေးဘူးမလား? "

" အဆင်ပြေပါတယ် " ကျန်းယွမ်ပိုင်ပြောလိုက်၏
" ငါတစ်ရေးအိပ်ဖို့ ကျောင်းအိပ်ဆောင်ကို ပြန်လိုက်အုံးမယ် "

ကျန်းယွမ်ပိုင်က အိမ်ကနေ နေ့ချင်းပြန်တက်တဲ့ကျောင်းသားဖြစ်ပေမဲ့လည်း သူ့မှာကိုယ်ပိုင် အဆောင်ခန်းရှိလေသည်။ တစ်ပတ်ပြီးတဲ့အချိန် သူလျှော်စရာရှိတဲ့စောင်အစွပ်တို့ကို အိမ်ပြန်သယ်သွားလေ့ရှိသည်။ ရှီပုဖန်က သူနဲ့အတူတူ အရာအားလုံးလုပ်ဆောင်ဖို့ မတောင်းဆိုခဲ့လေဘဲ ကျန်းယွမ်ပိုင်ကို အိပ်ဆောင်ဆီ ခေါ်လာပေးပြီးတဲ့အချိန် သူထွက်သွားလိုက်သည်။

_________________________________

Zawgyi

ဘတ္စ္ကားက ဆင္းရမဲ့မွတ္တိုင္ကိုေရာက္လာေပမဲ့ က်န္းယြမ္ပိုင္ကေတာ့ ကားေနာက္တစ္ႀကိမ္ စတင္မေမာင္းခင္အထိ မလႈပ္ရဲေလဘူး။ ရွီပုဖန္က သူ႕ကိုေျပာျပလာသည္
" ဒီမွတ္တိုင္မွာ ဆင္းသင့္တဲ့သူေတြအားလုံး ဆင္းသြားၾကၿပီ "

က်န္းယြမ္ပိုင္က ႐ုတ္ျခည္းပင္ သူ႕ေခါင္းကိုေက်ာင္းဝတ္စုံထဲမွ ထုတ္လိုက္၏။ သူ႕ရဲ႕မူလတည္းက ခပ္ယဲ့ယဲ့ေလးေကြးေနတဲ့ဆံပင္ေတြက ပိုရႈပ္လာၿပီး မ်က္ဝန္းေတြကလည္း စိုစြတ္ေနလ်က္။ သူ၏ေဖြးၿပီးျဖဴေလ်ာ့ေနတဲ့ မ်က္ႏွာေလးကလည္း အခုခ်ိန္မွာနီရဲေနၿပီး သူ႕ပုံစံက...နီရဲၿပီး အရည္႐ႊမ္းတဲ့ပန္းသီးေလးတစ္လုံးလိုပင္။

ရွီပုဖန္က သူ႕မ်က္လုံးေတြကို ေမွးက်ဥ္းလိုက္သည္။

က်န္းယြမ္ပိုင္က သူ႕အႀကိဳက္နဲ႕ကိုက္မွန္း သူသတိျပဳမိသြားသည္၊ သူ႕စရိုက္ ဒါမွမဟုတ္ အသြင္အျပင္က မည္သို႔ျဖစ္ေနပါေစပင္။

က်န္းယြမ္ပိုင္က ေက်ာင္းဝတ္စုံကို ရွီပုဖန္ဆီျပန္ေပးလိုက္ၿပီး သူ႕ေက်ာပိုးအိတ္ကိုဆြဲယူကာ လက္ေမာင္းအတြင္းပိုက္ထားလိုက္၏။ သူေျပာလိုက္သည္
" ငါေနာက္မွတ္တိုင္မွာပဲ ဆင္းလိုက္ၿပီးေတာ့ အိမ္ကို လမ္းေလွ်ာက္ျပန္လိုက္ေတာ့မယ္။ မင္း ငါ့ေနာက္ဆက္လိုက္ဖို႔ မလိုေတာ့ဘူး"

" ငါမင္းနဲ႕တူတူ လမ္းေလွ်ာက္နိုင္ပါတယ္ " သူ႕ 'သူငယ္ခ်င္းေကာင္းေလး'ကို ရွီပုဖန္က အလြန႔္အလြန္ပင္ ဂ႐ုစိုက္ေနေလ၏။
" အဆုံးမွာေတာ့ ငါလည္း အိမ္မွာ လုပ္စရာမွမရွိတာ "

က်န္းယြမ္ပိုင္က ေခါင္းကိုေလးေလးနက္နက္ယမ္းကာ ေျပာလိုက္သည္
" အိမ္ကို င့ါဘာသာငါျပန္နိုင္တယ္ "

အခုအခ်ိန္မွာ သူ႕ႏွလုံးသားက အရွိန္ျပင္းျပင္းခုန္ေပါက္ေနေလသည္။ ဘာလို႔ ရွီပုဖန္ကို သူ႕ေနာက္ ဆက္လိုက္ဖို႔ခြင့္ျပဳရမွာလဲ? ရွီပုဖန္ရဲ႕အကူအညီကိုသူျငင္းလိုက္ၿပီးေနာက္ သူႏွလုံးေရာဂါ ခံစားေနရကာ အခ်ိန္မေ႐ြးေသသြားနိုင္သလို ခံစားလိုက္ရသည္။

သူ၏ဆုံးျဖတ္ထားတဲ့အၾကည့္ေတြကို ျမင္လိုက္ရတဲ့အခါမွာေတာ့ ရွီပုဖန္ ညွိုးငယ္စြာျဖင့္
" ေကာင္းၿပီေလ "

က်န္းယြမ္ပိုင္ ဘတ္စ္ကားေပၚမွဆင္းၿပီးေနာက္ အိမ္သို႔အျမန္ေျပးသြားလိုက္သည္။ လမ္းတစ္ေလွ်ာက္မွာ ႏွစ္မိနစ္ျပည့္ေအာင္ေတာင္ မနားဘဲ သူ႕ဘဝအတြက္ ေနာက္တစ္ႀကိမ္စတင္ၿပီးေတာ့ အသည္းအသန္ေျပးျပန္သည္။ သူ႕ရပ္ကြက္တစ္ေလွ်ာက္လုံး ေျပးလာခဲ့ၿပီးေနာက္မွာေတာ့ ခါးေထာက္ကာ ဒူးေကြးၿပီး ေလကို အသည္းအသန္ရႉေတာ့၏။ ခဏေလာက္ၾကာၿပီးတဲ့ေနာက္မွာေတာ့ သူဓာတ္ေလွကားထဲဝင္သြားလိုက္သည္။

သူ ဓာတ္ေလွကားထဲရွိ မွန္ကိုအသုံးျပဳၿပီးေတာ့ သူ၏ရႈပ္ေထြးေနတဲ့ဆံပင္ကိုျပန္ျပင္ကာ အနည္းငယ္ေကာက္ေကြးေနတဲ့ေရွ႕ဆံပင္ေလးေတြအား ဆြဲလိုက္သည္။ သူ ယင္းကို ေျဖာင့္တန္းဖို႔အတြက္ မရည္မွန္းထားေပ၊ သူ၏စိုးရိမ္ပူပန္မႈကို ေလွ်ာ့ခ်သက္သာေစဖို႔သာျဖစ္သည္။

ခ်င္ယင္းခ်က္ျပဳတ္ေနတဲ့အခ်ိန္မွာ တံခါးကေနလႈပ္ရွားမႈတစ္စုံတစ္ရာကို ၾကားလိုက္ရသည္။ က်န္းဖ်င္က်င့္ ေမာ့ၾကည့္ၿပီး ေမးလာ၏။
" မင္းဘာလို႔ဒီေန႕ အရမ္းေနာက္က်ေနရတာလဲ? "

" ကြၽန္ေတာ္ ..ကြၽန္ေတာ္ ေက်ာင္းမွာ အိမ္စာလုပ္ေနတာပါ "

က်န္းဖ်င္က်င့္ရဲ႕မ်က္ခုံးတို႔ တြန႔္ခ်ိဳးသြားသည္။

တကယ္ေတာ့ ဒီေန႕ဘာျဖစ္ခဲ့လဲဆိုတာကို က်ိယန႔္ဖ်င္က သူတို႔ကိုေျပာျပၿပီးသြားၿပီျဖစ္သည္။ ဒီကိစၥက က်န္းယြမ္ပိုင္ႏွင့္ ဘာမွမဆိုင္ေၾကာင္းကိုေတာင္ သူကအထူးအေလးေပးေျပာသြားခဲ့သည္။ ရွီပုဖန္က သူ႕အတြက္ ရပ္တည္ေပးခဲ့႐ုံသာျဖစ္ၿပီး ေမွ်ာ္လင့္ထားတဲ့အတိုင္းပင္ က်န္းယြမ္ပိုင္က သူတို႔အား အမွန္တရားကို ေျပာမျပခဲ့။ က်န္းဖ်င္က်င့္က သူဖိနပ္လဲေနတာကိုၾကည့္ေနရင္း သူ႕ႏွလုံးသားထဲက ေဒါသေတြက ေပါက္ကြဲထြက္မတတ္ပင္။ သို႔ေပတည္း ခ်င္ယင္းရဲ႕အၾကည့္ကို လက္ခံရရွိလိုက္ရာ အဆုံးမွာေတာ့ သူဘာမွမျဖစ္သလိုသာ ဟန္ေဆာင္ေနလိုက္၏။

ရွီပုဖန္က သူ႕အသက္သခင္ကို ကာကြယ္ေပးလိုက္တဲ့သတင္းဟာ ေက်ာင္းတစ္ေက်ာင္းလုံးကို ပ်ံ့ႏွံ႕ေနေလၿပီ။ က်န္းယြမ္ပိုင္ကို ေလွာင္ေျပာင္ေလ့ရွိတဲ့ လူေပလူေတေလးေတြကေတာင္ သူ႕ကို စတင္ၿပီးေတာ့ ေရွာင္သြားၾက၏။ ဒါက ပထမဆုံးအႀကိမ္ *King Crabတစ္ေကာင္ျဖစ္ရျခင္း၏ေပ်ာ္႐ႊင္မႈကို သူခံစားရျခင္းပင္။ ေန႕လယ္စာအတြက္တန္းစီတဲ့အခ်ိန္မွာ သူ႕ကိုၾကားျဖတ္ေပးစီတဲ့သူေတြေတာင္ ရွိလာေပမဲ့လည္း သူကေတာ့ တကယ္ႀကီး အဲ့လိုလုပ္ဖို႔ အေတာ္ေလးကိုရွက္မိသည္။

[ *ဂဏန္းေတြကေဘးတိုက္သြားတယ္ေလ။ အဲ့ေတာ့ေျပာခ်င္တာက က်န္းယြမ္ပိုင္ကအဓိကျဖစ္လာၿပီးေတာ့ စည္းမ်ဥ္းေတြကိုဂ႐ုမစိုက္ဘဲ ေက်ာင္းမွာလုပ္ခ်င္တာလုပ္လို႔ရၿပီ ]

က်န္းယြမ္ပိုင္ကို ခက္ခဲတဲ့အေျခအေနမွာ က်ေရာက္ေနတယ္လို႔ ခံစားေစတဲ့ တစ္ဦးတည္းေသာသူကေတာ့ သူတို႔အတန္းထဲမွာရွိေနတဲ့အခ်ိန္တိုင္း စာတိုေလးေတြ လွမ္းလွမ္းကမ္းေပးေနတဲ့ ရွီပုဖန္ပင္။ အခ်ိန္တိုင္း က်န္းယြမ္ပိုင္ ေၾကာက္လန႔္တၾကားနဲ႕စာျပန္ဖို႔အေရး သူက က်န္းယြမ္ပိုင္ကို စာတိုေလးေတြ အမ်ားအျပားလွမ္းလွမ္းေပးေလ့ရွိသည္။

ခ်ဳံးက်င့္သည္လည္းပဲ သူတို႔၏အျပန္အလွန္ဆက္သြယ္မႈကို သတိျပဳမိေလသည္။ သူမေနနိုင္ေတာ့ဘဲ ရွီပုဖန္ကိုေမးလိုက္၏
" မင္းဘာလို႔ က်န္းယြမ္ပိုင္နဲ႕မၾကာခဏ ေရာေနရတာလဲ? ငါတို႔နဲ႕ေတာင္ ေဘာလုံးမကစားေတာ့ဘူး "

" ငါ့ေခါင္းက နာေနတုန္းပဲ။ အဲ့ေတာ့ လႈပ္ရွားရတဲ့ အားကစားေတြမွာ ပါဝင္ဖို႔ ငါ့အတြက္ အဆင္မေျပေသးဘူး "

" ဒါဆို မင္းဘာလို႔ အဲ့ 'က်န္းရွာေမာင့္' နားမွာပဲ အၿမဲတမ္း......ေဟး What the heck ! " ခ်ဳံးက်င့္ရဲ႕ေခါင္းကို စာအုပ္နဲ႕ျဖန္းခနဲျမည္ေအာင္ အရိုက္ခံလိုက္ရျခင္းပင္။ ရွီပုဖန္ မေပ်ာ္႐ႊင္စြာျဖင့္ ေျပာလိုက္သည္
"သူ႕ကို'က်န္းရွာေမာင့္' လို႔ေခၚတာ ရပ္ဖို႔ ငါလူေတြကို ေျပာၿပီးၿပီ မဟုတ္ဘူးလား? မင္းနားပင္းေနတာလား? "

မင္မိုင့္ ေရွာ့ခ္ရသြားသည္။
"ငါတို႔ေတာင္မွ ေခၚလို႔မရဘူးလား?"

" ငါေတာင္ ေခၚလို႔မရဘူး " ရွီပုဖန္ ေအးစက္စြာေျပာလိုက္သည္
" အနာဂတ္မွာ တစ္ေယာက္ေယာက္က သူ႕နာမည္ေျပာင္ကို ေခၚတာကို မင္းတို႔ၾကားခဲ့ရင္ သူတို႔ကိုသြားရိုက္ခဲ့။ တကယ္လို႔ သူတို႔ဒုကၡိတျဖစ္သြားခဲ့ရင္ သူတို႔ေဆးဝါးစရိတ္ကို ငါတာဝန္ယူမယ္"

ယဲ့လ်န္ကေတာ့ ကတ္ဂိမ္းကိုကစားေနရင္း ရွီပုဖန္ကို တစ္ခ်က္ၾကည့္လိုက္ခ်ိန္ သူက အရာအားလုံးကို ထြင္းေဖာက္ျမင္ထားႏွင့္ၿပီးသလိုပင္။

က်န္းယြမ္ပိုင္ကေတာ့ သူ႕အေနာက္မွာ ျဖစ္ပ်က္ေနတဲ့လႈပ္ရွားမႈေတြကို သတိမမူမိေပ။ ဒီႏွစ္ရက္အတြင္းမွာ လပတ္စာေမးပြဲလာေတာ့မွာျဖစ္တဲ့အတြက္ သူ႕အခ်ိန္ေတြကို ေလ့က်င့္ေရးေမးခြန္းေတြလုပ္တဲ့အေပၚမွာ အက်ိဳးရွိရွိအသုံးခ်ေနရ၏။ က်န္းယြမ္ပိုင္က သူ႕ကိုယ္သူအတြက္ ေမွ်ာ္မွန္းခ်က္အႀကီးႀကီးထားထားတာ မရွိေလဘူး၊ သူအတြက္အခ်က္အပိုင္းေတြမွာ အမွတ္ျပည့္ရေနသေ႐ြ႕ အဆင္ေျပသည္။ ေကာလိပ္ဝင္ခြင့္ေျဖၿပီးတဲ့ေနာက္မွာ သူ႐ူပေဗဒဌာနကိုေလွ်ာက္ကာ ယင္းေနာက္ ဘြဲ႕ႀကိဳေက်ာင္းသားတစ္ေယာက္ျဖစ္လာၿပီး အဲ့ဒါမွသာ သုေတသနတကၠသိုလ္တစ္ခုကို ဝင္ေရာက္နိုင္မည္ပင္။

ဒီဟာက သူငယ္ငယ္ေလးတည္းက သူ႕အိပ္မက္ပင္ျဖစ္သည္။

"အတန္းေခါင္းေဆာင္ က်ိေလာင္ရွီးက မင္းကို ရွာေနတယ္" တစ္စုံတစ္ေယာက္က ႐ုတ္တရက္ေခၚလိုက္၏။ က်န္းယြမ္ပိုင္ တစ္ခုခုထူးဆန္းတယ္လို႔ ခံစားလိုက္ရေပမဲ့ သူ႕ပစၥည္းေတြသိမ္း၍ အျပင္ကိုေလွ်ာက္ထြက္သြားလိုက္သည္။

သူေရာက္သြားတဲ့အခါမွာေတာ့ က်ိယန႔္ဖ်င္က သူ႕အားထိုင္ခိုင္းၿပီး သူမ မၾကာေသးခင္ကမွ လတ္လတ္ဆတ္ဆတ္ညွစ္ယူထားတဲ့ အသီးေဖ်ာ္ရည္တစ္ခြက္ကို သူ႕အတြက္ေလာင္းထည့္ေပးလိုက္သည္။ သူမ စိုးရိမ္တႀကီးေမးလိုက္သည္
" လပတ္စာေမးပြဲက နီးလာၿပီ။ မင္း ျပင္ဆင္တာအားနည္းတယ္လို႔ ခံစားရတဲ့ဘာသာေတြရွိလား? "

လပတ္စာေမးပြဲက က်န္းယြမ္ပိုင္အတြက္ေတာ့ ဘာမွ အေထြအထူးျဖစ္မေနဘူး။ သူတကယ္ကို နားမလည္ေပမဲ့လည္း ေခါင္းကိုခါလိုက္၏
" အေတာ္ေလးေကာင္းတယ္လို႔ေတာ့ ကြၽန္ေတာ္ထင္ပါတယ္ "

က်ိယန႔္ဖ်င္က သူ႕ကိုေဖ်ာ္ရည္ေသာက္ဖို႔ လက္အမူအရာျပလာသည္။ ကိုယ္တိုင္သုံးသပ္စာေၾကာင့္မ်ားလားလို႔ က်န္းယြမ္ပိုင္သိခ်င္ေနမိ၏။ တစ္ပတ္ေလာက္ၾကာသြားၿပီျဖစ္ေပမဲ့လည္း ေလာင္ရွီးက အဲ့အေၾကာင္းနဲ႕ပတ္သက္ၿပီး ဘာမွအထူးတလည္မေျပာခဲ့။ သူ အဲ့ကိစၥကို ေမ့ခါနီးေနေလၿပီ ။

သူ သူမကို ေက်းဇူးတင္လိုက္ကာ ႏႈတ္ခမ္းကိုဖြင့္ၿပီး ေဖ်ာ္ရည္ကိုေသာက္လိုက္သည္။ ေဖ်ာ္ရည္က ခ်ိဳခ်ဥ္ေလးပင္။ အဲ့ေနာက္သူမက ေမးလာသည္
" ေလာင္ရွီး ေက်ာင္းမွာျပန႔္ေနတဲ့ သတင္းေတြၾကားၿပီးၿပီ။ မင္းမၾကာေသးခင္က ရွီပုဖန္နဲ႕အတူတူ အိမ္ကိုျပန္ၾကတယ္ဆို?"

က်န္းယြမ္ပိုင္က အလ်င္အျမန္ပဲျငင္းလိုက္၏
" မဟုတ္ပါဘူး။ ကြၽန္ေတာ္က သူနဲ႕ ေက်ာင္းအျပင္ကို တူတူလမ္းေလွ်ာက္သြား႐ုံပါပဲ။ ကြၽန္ေတာ္တို႔က တစ္လမ္းတည္းမဟုတ္ဘူးေလ "

က်ိယန႔္ဖ်င္က ေခါင္းညိတ္ၿပီးေျပာလိုက္သည္
" ေလာင္ရွီးမွတ္မိသေလာက္ဆို မင္းမားက ျပင္ပလူနာဌာနကဆရာဝန္ျဖစ္ၿပီးေတာ့ မင္းပါးက ဂိမ္းကုမၸဏီကမလား? "

" ဟုတ္ပါတယ္ "

" ဒီအသက္ေမြးဝမ္းေၾကာင္းႏွစ္ခုလုံးက အလုပ္လုပ္ရတာခက္ခဲတာပဲ။ အဲ့ဒါက ပင္ပန္းေပမဲ့ ဝင္ေငြက် အမ်ားႀကီးမရဘူး။ မင္းမိဘေတြက မင္းတို႔ေကာင္ေလးေတြ ေက်ာင္းတက္ဖို႔ အလုပ္ႀကိဳးစားေနၾကတာ။ သူတို႔က အိမ္အသစ္တစ္လုံးဆီေတာင္ ေျပာင္းလိုက္ၾကၿပီး အဲ့ေနရာက သူတို႔အလုပ္ေနရာေတြနဲ႕ အေတာ္ေလးေဝးတယ္ဆို ဟုတ္လား? "

က်န္းယြမ္ပိုင္က တစ္စုံတစ္ခုကို သတိရလိုက္ၿပီး ျငင္သာစြာ ေခါင္းညိတ္ျပလိုက္သည္။

" မင္းကလိမၼာတဲ့ကေလးတစ္ေယာက္ပါ ၿပီးေတာ့ မင္းက အခုအထက္တန္းဒုတိယႏွစ္ေလ။ မင္းမွာ အခ်ိန္ေတြအရမ္းက်ပ္မေနေပမဲ့လည္း မင္းျပည့္ျပည့္ဝဝေတာ့ အနားယူနိုင္မွာမဟုတ္ေလာက္ဘူး။ မင္းရဲ႕အဆင့္ေတြက လြယ္လြယ္ကူကူက်သြားနိုင္ေပမဲ့ တိုးျမႇင့္ဖို႔က် ခက္တယ္ေလ " က်ိယန႔္ဖ်င္ ေဖ်ာ္ရည္တစ္ငုံေသာက္လိုက္ၿပီး ျငင္သာစြာဆက္ေျပာလိုက္သည္။
" ဒီမွာ ခ်မ္းသာတဲ့မိသားစုေနာက္ခံက ဆင္းသက္လာတဲ့ကေလးအခ်ိဳ႕ရွိၾကတယ္။ သူတို႔ေတြက ဘာမွလုပ္စရာမလိုတဲ့အတြက္ သူတို႔ရဲ႕အဆင့္ေတြအတြက္ စိုးရိမ္စရာမလိုၾကဘူး ။ ဒါေပမဲ့ သာမန္လူေတြကေတာ့ သူတို႔ရဲ႕သာမန္ဘဝမွာ ရွင္သန္ၾကဖို႔လိုေသးတယ္ေလ။ ေလာင္ရွီးက ရွီပုဖန္ သားဆီကေနသင္ယူၿပီး ရန္ပြဲေတြမွာမပါေတာ့ဖို႔ ေမွ်ာ္လင့္ေပမဲ့လည္း အဲ့ဒါကဒုတိယေနရာမွာပဲရွိတာ။ မင္းရဲ႕အနာဂတ္က အေရးအႀကီးဆုံးပဲ မင္းနားလည္ရဲ႕လား? "

က်န္းယြမ္ပိုင္က ဘာမွမတတ္နိုင္ေပမဲ့လည္း သေဘာတူတဲ့အေနနဲ႕ ေခါင္းေတာ့ညိတ္ျပလိုက္ေသး၏။

တကယ္ေတာ့ သူမခံဝန္သုံးသပ္စာကိုျပင္ၿပီးတဲ့ေနာက္မွာ ယင္းကရွီပုဖန္ရဲ႕စနက္ဆိုတာကို ေသခ်ာေပါက္သိၿပီးသားပင္။ အဆုံးမွာေတာ့ သူသင္ခန္းစာတစ္ခုခုရဖို႔လည္း သူမက မေမွ်ာ္လင့္ေပ။ ေက်ာင္းမွာ က်န္းယြမ္ပိုင္က ရွီပုဖန္နဲ႕ သူငယ္ခ်င္းေတြ ျဖစ္ေနၿပီဆိုတဲ့ သတင္းေတြျပန႔္ေနေပမဲ့လည္း ဆင္းရဲတဲ့ေက်ာင္းသားေတြကို ခြဲျခားဆက္ဆံလိုတဲ့ ရည္႐ြယ္ခ်က္ သူမမွာ မရွိေလဘူး။ သို႔ေပမဲ့ က်န္းယြမ္ပိုင္နဲ႕ရွီပုဖန္က အတန္းထဲမွာ စာတိုေလးေတြကမ္းေပးေနတယ္လို႔ သူမကို ေလာင္ရွီးအခ်ိဳ႕ေျပာလာၾကေတာ့ သူမအရမ္းစိုးရိမ္မိသြားသည္။ အမွန္အတိုင္းေျပာရရင္ က်န္းယြမ္ပိုင္ရဲ႕အဆင့္ေတြအရ သူေကာလိပ္ဝင္ခြင့္စာေမးပြဲမွာ ေကာင္းေကာင္းလုပ္နိုင္သေ႐ြ႕ ပထမေနရာရဖို႔အတြက္ ျဖစ္နိုင္ေလသည္။ သူမက ဒီကိစၥကိုပိုမိုအာ႐ုံစိုက္ၿပီး ရွီပုဖန္မွ က်န္းယြမ္ပိုင္အား လႊမ္းမိုးသြားခြင့္မေပးနိုင္ေပ။

ေန႕လယ္စာစားခ်ိန္အတြင္းမွာ ေက်ာင္းသားေတြအားလုံးက ႏွစ္အေတာ္ၾကာမစားခဲ့ရတဲ့အတိုင္း ကန္တင္းသို႔ေျပးသြားၾက၏။ က်န္းယြမ္ပိုင္က အလြန္ေႏွးတာကို စုန႔္ေမာ့သိတဲ့အတြက္ သူေျပးသြားရင္း ေျပာလိုက္သည္
" စည္းမ်ဥ္းေဟာင္းေတြအတိုင္းပဲ။ ငါအရင္သြားၿပီးေတာ့ ငါတို႔အတြက္ေနရာဦးထားလိုက္မယ္!"

က်န္းယြမ္ပိုင္ေခါင္းငုံ႕၍ သူ႕စားပြဲခုံကို ရွင္းလိုက္၏။ သူစာအုပ္ေတြအားလုံးကို ႏွစ္အလိုက္အစဥ္လိုက္စီလိုက္ၿပီးေနာက္ သူ႕နားထဲသို႔ တီးတိုးရယ္ေမာသံတစ္ခု ျမည္ဟည္းလာခဲ့သည္။ လက္တစ္ဖက္က သူ႕စားပြဲခုံထက္ဆင္းသက္နားခိုလာၿပီး သူေမာ့ၾကည့္လိုက္ေတာ့ ရွီပုဖန္၏ခံ့ညားလွတဲ့မ်က္ႏွာကို ျမင္လိုက္ရသည္
" မင္းေန႕တိုင္း အရမ္းေတြအေသးစိတ္လိုက္လုပ္ေနတာပဲ။ အဲ့လိုလုပ္ရတာ မပင္ပန္းဘူးလား"

က်န္းယြမ္ပိုင္က တိတ္ဆိတ္ေနေတာ့ ရွီပုဖန္ကပဲ ဆက္ေျပာလာသည္
"လူတိုင္းက ေန႕လယ္စာကို သြားလုေနၾကၿပီ။ မင္းေရာ တစ္ခုခုမစားခ်င္ဘူးလား?"

က်န္းယြပ္ပိုင္က မတ္တပ္ရပ္ကာ အျပင္ကိုေလွ်ာက္သြားရင္း တမင္တကာဆိုလိုက္သည္
" ငါ ေဟာ့ေပါ့အစပ္စားခ်င္တယ္ "

အျခားတစ္နည္းနဲ႕ေျပာရမယ္ဆိုရင္ စားစရာက ကန္တင္းတြင္မရွိတာမို႔ သူေစာသည္ျဖစ္ေစ ေနာက္က်သည္ျဖစ္ေစ အေရးမပါဘူးဟုပင္။

ရွီပုဖန္က တိုးသက္စြာရယ္ေမာ၍ လက္တစ္ဖက္အား သူ႕ပခုံးေပၚတင္ကာ ေျပာလာသည္
" မင္းက လတ္ဆတ္တဲ့အစားအစာကို စားရတာႀကိဳက္တာပဲ"

က်န္းယြမ္ပိုင္က ေလာင္ရွီးရဲ႕စကားေတြကို ျပန္ေတြးမိသြားၿပီး ရွီပုဖန္ရဲ႕လက္ကို သူ႕ပခုံးထက္မွ ျဖည္းညင္းစြာခ်လိဳက္သည္
" ငါမင္းကို ေျပာခ်င္တာေလးရွိလို႔"

" ဘာလဲ?"

" ငါ့ကိုအတန္းထဲမွာ စာ႐ြက္ေတြကမ္းမေပးနဲ႕ေတာ့ " က်န္းယြမ္ပိုင္က မေပ်ာ္မ႐ႊင္ျဖင့္ေျပာလိုက္၏
"အဲ့ဒါက ေလာင္ရွီးေတြကို မေကာင္းတဲ့ထင္ျမင္ခ်က္ကို ေပးတယ္။ ထပ္ေျပာရရင္ ငါစာေလ့လာတာကို အေႏွာင့္အယွက္ျဖစ္ေစတယ္ "

ရွီပုဖန္က ခ်က္ခ်င္း သေဘာတူလိုက္သည္။

" မင္းက အရင္တစ္ေခါက္တုန္းကလဲ ေကာင္းၿပီလို႔ေျပာခဲ့တာပဲ" က်န္းယြမ္ပိုင္က သူ႕ေခါင္းအားေမာ့လိုက္ကာ စိတ္ဆိုးမာန္ဆိုးျဖင့္ေျပာလိုက္သည္
"ဒါေပမဲ့ မင္းအတန္းထဲမွာ ငါ့ေခါင္းကို စကၠဴလုံးနဲ႕ တမင္တကာ ပစ္ေပါက္ခဲ့တယ္ေလ "

" ဂီတအတန္းက အေရးမွမႀကီးတာ "

" ငါတို႔အတန္းထဲမွာ ရွိေနသေ႐ြ႕မင္းလုပ္လို႔မရဘူး။ ေလာင္ရွီးေတြအေနနဲ႕ ငါတို႔ကိုစာသင္ေပးရတာက အရမ္းကိုပင္ပန္းရတာ။ ငါတို႔ကလဲ သူတို႔ကိုေလးစားဖို႔ သင္ယူရမယ္ေလ"

ရွီပုဖန္က သူ၏ေလးေလးနက္နက္အမူအရာကို ေငးစိုက္ၾကည့္ကာေျပာလိုက္သည္
"ေကာင္းၿပီ "

သူက ျမန္ျမန္ဆန္ဆန္နဲ႕ တဲ့တိုးပင္ေျဖလာခဲ့သည္။ ၎က က်န္းယြမ္ပိုင္အတြက္ အျခားတစ္ခုခုထပ္ေျပာဖို႔ ခဲယဥ္းေစေလသည္။ သူတို႔က အခုကစၿပီး သူငယ္ခ်င္းေကာင္းေတြ မဟုတ္ေတာ့ဘူးလို႔ ရွီပုဖန္ကိုေျပာဖို႔အတြက္လည္း သူ႕မွာသတၱိမရွိေလဘူး ။ ရန္သူေတြျဖစ္တာထက္စာရင္ သူတို႔ဒီလိုေလးျဖစ္ေနတာကို သူအေတာ္ေလးပိုသေဘာက်၏။

က်န္းယြမ္ပိုင္နဲ႕အျခားသူေတြ ကန္တင္းေရာက္တဲ့အခ်ိန္မွာ လူအမ်ားစုက ေန႕လယ္စာအတြက္တန္းစီတဲ့လိုင္းမွာ မရွိေလေတာ့ဘူး။ သို႔ေသာ္ စားစရာနည္းနည္းပါးပါး က်န္တယ္ဆို႐ုံမွ်ပင္။ ေက်းဇူးတင္စရာေကာင္းစြာျဖင့္ စုန႔္ေမာ့က သူ႕အတြက္ စားစရာယူေပးထားသလို ခ်ဳံးက်င့္ကလည္း ရွီပုဖန္အတြက္ ယူေပးထားေလသည္။ သူတို႔စားပြဲရွည္ႀကီးေပၚမွာထိုင္လိုက္တဲ့အခ်ိန္ ခ်ဳံးက်င့္က စတင္ညည္းတြားေတာ့ေလသည္
" ဒီစားစရာေတြရဲ႕အရသာက ဝက္ေတြကိုေကြၽးတဲ့အစာေတြလိုပဲ။ ငါတို႔အမိေျမရဲ႕ပန္းဖူးေလးေတြ ပြင့္နိုင္ခါမွ ထူးဆန္းေနအုံးမယ္!"

မင္မိုင့္က စကားဆိုလာသည္
"ဘာေတြေျပာေနတာလဲ? တကယ္လို႔ မင္းက*ပြင့္လန္းလာၿပီဆိုရင္ လိပ္ျပာေလးေတြက သဘာဝက်က်မင္းအနားမွာ ဝဲပ်ံေနမွာပဲ။ မင္းသာစာကိုေလ့လာေနသေ႐ြ႕ ခ်င္းဟြာတကၠသိုလ္က မင္းကိုရွာဖို႔ေရာက္လာလိမ့္မယ္ "

[*ဒီေနရာမွာ"ပြင့္လန္း"တယ္ဆိုတာက စာေတာ္လာတာ၊ ေအာင္ျမင္လာတာမ်ိဳးကိုေျပာတာပါ ]

" ဒါဆို ငါဘယ္အခ်ိန္က်ရင္ ပြင့္လန္းနိုင္မွာလဲ? "

" မင္းလား?" မင္မိုင့္ေျပာလိုက္သည္
" မင္းက ဖရဲသီးေလ မင္းတစ္ခါမွည့္တာနဲ႕ ၿပီးၿပီပဲ "

ႏွစ္ေယာက္သားက်ီစယ္ေနတာကို နားေထာင္ရင္း စုန႔္ေမာ့ ပါးစပ္ထဲက ထမင္းေတြျပန္ေထြးထုတ္လုမတတ္ ျဖစ္သြားရသည္။ ယဲ့လ်န္ကေတာ့ သူ႕အစားအစာကို မထိရေသးေပ။ သူ႕ဖုန္းမ်က္ႏွာျပင္ေပၚမွာ ႐ူးသြပ္စြာစာရိုက္ေနရင္း ဆိုး႐ြားတဲ့အေျခအေနနဲ႕ေျပာလိုက္၏။
"တုံးအတဲ့အသင္းေဖာ္ေတြ! မင္းတို႔အ႐ူးေကာင္ေတြက မင္းတို႔အုပ္စုေတြကိုေတာင္ မေခၚလာဘဲနဲ႕ ရန္သူေတြကို လိုက္လွည့္ပတ္ေနဖို႔ပဲတတ္တယ္။ တကယ္လို႔ ဒီေလာင္ဇီက အဆင့္ျမင့္တံခြန္စိုက္ၿပိဳင္ပြဲကို ဝင္ခြင့္မရခဲ့ရင္ ငါ သူတို႔ကို အင္တာနက္ကေနတစ္ဆင့္ရွာၿပီး အသားပုံႀကီးျဖစ္ေအာင္ ရိုက္ပစ္တယ္! "

မင္မိုင့္က ခ်က္ခ်င္းတစ္ဖက္ကိုလွည့္လိုက္ၿပီး
" မင္း ဒီကေနတစ္ဆင့္ သူတို႔ရဲ႕ IPလိပ္စာကို ရွာနိုင္တယ္ေပါ့? "

" ထြက္သြားစမ္း "

က်န္းယြမ္ပိုင္က သူ႕ပန္းကန္ျပားအား ဆြဲထားလိုက္ၿပီး သူတို႔တံေတြးေတြ သူ႕စားစရာေပၚလာစင္မွာအား တားဆီးထားလိုက္၏။ သို႔ရာတြင္ ခ်ဳံးက်င့္လိမ္ေနတာေတာ့ မဟုတ္ခဲ့ဘူး။ အစားအစာေတြက တကယ္ကိုစိတ္ပ်က္ဖို႔ေကာင္းေလသည္။ က်န္းယြမ္ပိုင္က အၿမဲလိုလို ေန႕လယ္ခင္းမွာ သိပ္စားေလ့မရွိေပ။ သူအႀကိဳက္ဆုံးအသီးအ႐ြက္ေတြကိုသာ စားၿပီးေနာက္ ထမင္းအနည္းငယ္စားလိုက္၏။ သူထလိုက္ကာ က်န္ေနတဲ့အစားအစာေတြကို သတ္မွတ္ထားေသာ အမွိုက္ပုံးထဲသို႔ထည့္လိုက္ေလသည္။

ရွီပုဖန္က သူ႕ေနာက္ကေန နီးနီးကပ္ကပ္လိုက္လာရင္း ေျပာလိုက္သည္
" မင္း ဗိုက္မျပည့္ေလာက္ေသးဘူးမလား? "

" အဆင္ေျပပါတယ္ " က်န္းယြမ္ပိုင္ေျပာလိုက္၏
" ငါတစ္ေရးအိပ္ဖို႔ ေက်ာင္းအိပ္ေဆာင္ကို ျပန္လိုက္အုံးမယ္ "

က်န္းယြမ္ပိုင္က အိမ္ကေန ေန႕ခ်င္းျပန္တက္တဲ့ေက်ာင္းသားျဖစ္ေပမဲ့လည္း သူ႕မွာကိုယ္ပိုင္ အေဆာင္ခန္းရွိေလသည္။ တစ္ပတ္ၿပီးတဲ့အခ်ိန္ သူေလွ်ာ္စရာရွိတဲ့ေစာင္အစြပ္တို႔ကို အိမ္ျပန္သယ္သြားေလ့ရွိသည္။ ရွီပုဖန္က သူနဲ႕အတူတူ အရာအားလုံးလုပ္ေဆာင္ဖို႔ မေတာင္းဆိုခဲ့ေလဘဲ က်န္းယြမ္ပိုင္ကို အိပ္ေဆာင္ဆီ ေခၚလာေပးၿပီးတဲ့အခ်ိန္ သူထြက္သြားလိုက္သည္။

Continue Reading

You'll Also Like

511K 84.1K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
554K 75.4K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
942K 106K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...