Part 83 ><
မနက်ခင်း ကျန်ချန် နိုးလာချိန်တွင် တိုက်ခန်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေလျှက်ရှိ၏။သို့သော် တိုက်ခန်းအပြင်ဘက်တွင်ဆူညံပွက်လောရိုက်နေလျှက်ရှိသည်။နွေရာသီကျောင်း
ပိတ်ရက်ရှည်ရထားသည့် မူလတန်းကလေးငယ်တွေ၏ စိတ်လွတ်ကိုယ်လွတ် ပြေးလွှားအော်ဟစ်နေသည့် အသံတွေ၊ရယ်မောနေကြသည့် အသံတွေနှင့်အတူ အဖိုးအဖွားတွေ၏ ပြစ်တင်ကြိမ်းမောင်းနေသည့် အသံတစ်ချို့ကလည်း တစ်ချက်တစ်ချက် ပျံ့လွင့်ပါလာသည်။
ကျန်ချန် သမ်းဝေရင်းနှင့် ဖုန်းပေါ်ကအချိန်ကို ဖွင့်ကြည့်လိုက်တယ်။ သူ မျက်နှာသစ်၊ မနက်စာစားပြီး ဓာတ်ပုံရိုက်ကူးရေးနေရာသို့သွားဖို့ရန် အချိန်လုံလုံလောက်လောက်ကျန်နေသေး၏။
သူ အိပ်ယာပေါ်မှ မတ်တတ်ထရပ်ပြီး ဧည့်ခန်းဆီသို့ အသံကျယ်ကျယ် နှင့်လှမ်းအော်
လိုက်တယ်။
"မြေးလေး , အိပ်ယာထချိန်ရောက်ပြီ။ "
ဧည့်ခန်းထဲရှိ ဖန်ရှီဆီမှ မည်သည့်တုန့်ပြန်မှုမှမထွက်လာသည့်အခါ၊ ကျန်ချန်လည်း တီရှပ်တစ်ထည်ကောက်ဝတ်ပြီး အိပ်ခန်းအပြင်သို့ လျှောက်သွားလိုက်တယ်။
"မြေး........."
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ဘယ်မြေးမှမရှိပဲ၊ ခေါက်သိမ်းထားသည့် စောင်တစ်ထည်နှင့် ခေါင်းအုံးတစ်လုံးသာရှိနေ၏။သူ အချိန်တစ်ခုကြာသည်အထိ တိတ်ဆိတ်သွားပြီးနောက်
တွင်၊သူ့ဖုန်းနှင့် ဖန်ရှီကို ဖုန်းခေါ်လိုက်သည်။
ဖန်ရှီက ဖုန်းချက်ချင်းပြန်ဖြေလာ၏။
"မင်း နိုးပြီလား။ "
ဖန်ရှီတစ်ယောက် အပြင်ရောက်နေကြောင်း ရှင်းလင်းနေ၏။ ဖုန်း၏အခြားတစ်ဖက်ဆီကဆူညံသံတွေကို ကျန်ချန် အတိုင်းသား ကြားနေရသည်။
ထိုအသံဗလံတွေကြောင့် ကျန်ချန်ဆွံ့အသွားတယ်။
"မင်း ဘယ်ရောက်နေတာလဲ?။ မင်း အခုက
စပြီး morning exercise အကျင့်ကို မွေးစား
လိုက်ပြီလို့တော့ ငါ့ကို လာမပြောနဲ့။"
"ဘာကို morning exercise တုန်း?။ ငါက
မနက်စာရောင်းတဲ့ ဆိုင်မှာ။ မင်းနဲ့ ကုဖေး
အတွက် ငါ မနက်စာ မှာထားပေးပြီးပြီ။ ဒါကြောင့် မြန်မြန် ပြင်ဆင်ပြီး၊ အောက်ထပ်
ကို ဆင်းလာခဲ့တော့။ မဟုတ်ရင် မနက်စာ
တွေ အေးကုန်လိမ့်မယ်။ "
"ခဏလေး , မင်းရဲ့ပြသာနာက ဘာလဲ? ။ "
ကျန်ချန်လည်း ဖုန်းကို နားရွက်နှင့်ပခုံးကြား
မှာ ညှပ်ပြီး ရေချိုးခန်းထဲသို့ ကမန်းကတန်း
ဝင်ကာ သွားတိုက်ဆေးထည့်နေရင်းနှင့်ဖုန်း
ဆက်ပြောလိုက်တယ်။
" ငါ မိနစ်နှစ်ဆယ်အတွင်းဆင်းလာခဲ့မယ်။"
"မင်း သေးပေါက်ရင်း မျက်နှာသစ်၊အီးပါရင်း သွားတိုက်လိုက်လေ။အဲ့ဒါတောင်ဆယ်မိနစ်ထက်ကြာတယ်ဆိုရင် ငါ မင်းကို အဖိုးလို့ပဲခေါ်တော့မယ်။"
"မင်းက ငါ့ကို နေ့တိုင်း အဖိုးလို့ ခေါ်နေတာပဲမဟုတ်ဘူးလား။ မင်း အရမ်း ထူးဆန်းနေတဲ့အကြောင်းအရင်းကို ငါသိချင်မိတယ်။"
"ကုဖေးပေါ့ !။မနက်တုန်းက မင်းနိုးပြီလားလို့ သူ ငါ့ကို လာမေးတယ်။ငါလည်း မနိုးသေးဘူးလို့ ပြောလိုက်တာပေါ့။ပြီးတော့ ငါ ဘာစားချင်လဲဆိုပြီး ဆက်မေးတယ်လေ။ သူ သွားဝယ်ပေးမယ်တဲ့ ......"
သွားတိုက်နေရင်းတန်းလန်းနှင့် ကျန်ချန် ပလုံးပထွေး ပြောလိုက်တယ်။
" ဒါဆိုလည်း သူ့ကို ဝယ်ခိုင်းလိုက်ပေါ့။မင်းက ဘာလို့ လုနေတာလဲ။"
"သူ့လုပ်ရပ်ကြီးက သူမိန်းမကိုရော၊သူ့မိန်းမရဲ့သူငယ်ချင်းကိုရော ဂရုစိုက်ပေးနေတာနဲ့ အရမ်း တူတယ်လို့မထင်ဘူးလား။ ငါ့လို ခေတ်သစ် အဖြောင့်ကောင်လေးတစ်ယောက်အနေနဲ့ ၊ငါ့သူငယ်ချင်းကောင်းရဲ့ boyfriend ဆီက ဒီလိုမျိုး ဂရုစိုက်မှုကို အလွယ်တကူ လက်မခံနိုင်ဘူး။ "
"ငါကတော့ သူ့လုပ်ရပ်က ခေတ်သစ် အကျင့်မကောင်းတဲ့ကောင်က ငါ့သူငယ်ချင်းကို ဆွဲဆောင်ဖို့ ကြိုးစားနေတာနဲ့ ပိုတူတယ်လို့ အာရုံရနေတယ် ။"
"အဲ့ဒါပဲ ,ငါ နဲ့ မင်းလို gay ကောင်လေးကြားက မတူညီမှုဆိုတာ......ကောင်းပြီ၊ မြန်မြန်
ပြင်ဆင်ပြီး အောက်ကို ဆင်းလာခဲ့တော့။ဟိုတစ်ယောက် ဒီဘက်ကို လျှောက်လာတာကို ငါ လှမ်းမြင်နေရပြီ။သူနဲ့ အတူ တစ်ယောက်
တည်း ထိုင်ရမယ့်ကိစ္စက ငါ့အတွက် ဘယ်
လောက်တောင်မှ မသင့်လျော်လိုက်သလဲ။ "
"ငါသိပြီ။ "
ကျန်ချန် ရယ်ရယ်မောမော နှင့် ဖုန်းချလိုက်တယ်။
...
ကျန်ချန်၏တိုက်ခန်းအပြင်ဘက်ရှိ မနက်စာ
ရောင်းသည့်ဆိုင်ရှေ့သို့ ကုဖေး ရောက်သွားချိန်တွင် ၊ ဖန်ရှီက စားပွဲပေါ်တွင် အစားအ
သောက်တွေအလျှံပယ်ပြည့်မောက်နေတဲ့ ပန်းကန်ပြားတွေအလယ်မှာ မြုပ်နေ၏။
သူ ထိုနေရာသို့လျှောက်သွားပြီး ဖန်ရှီကို နှုတ်ဆက်လိုက်တယ်။
"မောနင်း "
"မောနင်း ,မင်းဗိုက်ဆာနေရင် လတ်တလော အခက်အခဲကိုကျော်လွှားနိုင်အောင်လို့ နည်းနည်းစားနှင့်လိုက်။ "
ဖန်ရှီက ဆက်ပြောလာသည်။
"ငါ ပေါက်စီဗန်း မှာထားသေးတယ်။ဒါပေမဲ့ လာမချသေးဘူး။ "
"အဆင်ပြေပါတယ်။ ငါ ချန်ကောဆင်းလာ
တာကို စောင့်ဦးမယ်။ "
ကျန်ချန်ရဲ့ တိုက်ခန်းကို ကုဖေး လှမ်းကြည့်
လိုက်တယ်။
" သူ နိုးပြီလား ?။ "
"နိုးပြီ။ "
ဖန်ရှီက သူ့ကို တစ်ချက်ကြည့်လာသည်။
" မင်း သူ့ကို ဖုန်းမဆက်ကြည့်ဘူးလား။ "
"ဘာပဲဖြစ်ဖြစ် ခဏနေရင် သူ အောက်ဆင်းလာတော့မှာပဲဟာ။ "
ကုဖေး သူ့ကို ပြုံးပြလိုက်တယ်။
ဖန်ရှီက ဆိုင်ရှင်ကို ပေါက်စီဗန်း မြန်မြန်ချပေးဖို့ရန် အလုပ်များနေချိန်တွင်၊ ကုဖေး
စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။ဖန်ရှီရဲ့မေးခွန်းကြောင့် သူနည်းနည်းလေးတော့
ကို့ရိုးကားယား ဖြစ်သွားသည်။
သူ ကျန်ချန်ကိုမဆက်သွယ်ရသေးတာအမှန်
ပင်။ကျန်ချန် သူ့ကို ထိုမက်ဆေ့ချ် ပို့ခဲ့သည့် မနေ့ညတည်းကသူ ကျန်ချန်ကိုမဆက်သွယ်ရသေးတာဖြစ်သည်။သူ ကျန်ချန်ကိုတစ်ညလုံး လွန်လွန်မင်းမင်း လွမ်းနေခဲ့တာတောင်မှ
သူ မဆက်သွယ်ဖြစ်ခဲ့ဘူး။
ဒါပေမဲ့ သူ ထိုမက်ဆေ့ချ်ကို ဘယ်လိုမျိုးတုံ့
ပြန်ရမှန်း မသိကြောင်း အမှတ်ရလာချိန်တွင်၊ ကျန်ချန်ကိုဆယ်သွယ်ရမှာနှင့်ပတ်သတ်လို့ သူ တစ်ညလုံး စိတ်တထင့်ထင့်ဖြစ်နေခဲ့ရ၏
။သူ့မှာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုး မရခဲ့ဘူး။ကျန်ချန်ရဲ့မေးခွန်းကသူ့စိတ်ထဲမှာ ကြီးထွားလာနေတာကြောင့် ၊ တစ်ညလုံး နိုးလာလိုက် မှေးခနဲ အိပ်ပျော်သွားလိုက်နှင့် ကြိမ်
ဖန်များစွာ ဖြတ်သန်းခဲ့ရတာဖြစ်သည်။
အကယ်၍ ကျန်ချန်က သူ့ကို မျက်နှာချင်း
ဆိုင်ပြီး ထိုမေးခွန်း မေးလာလျှင်၊ဘယ်လို
တုံ့ပြန်ရမယ်မှန်း သူ မသိဘူး။
ကျန်ချန်က အဆောက်အဦးအပြင်သို့ထွက်
လာပြီး သူတို့ဆီသို့ ဦးတည်လာသည့်အခါ၊
ကုဖေး သူ့ကို လက်ဝှေ့ယမ်းပြလိုက်တယ်။
ကျန်ချန်ကလည်း သူ့ကိုပြုံးပြလာပြီး၊ လက်
ဝှေ့ယမ်းပြလာသည်။
ထိုအပြုံးသည် ကုဖေးကို သူ့ဆီသို့အပြေးသွားပြီး သူ့ကိုဆွဲပွေ့၍ အနမ်းအကြီးကြီး
ပေးချင်လာအောင်လုပ်နိုင်၏။
"မင်းက ဝက်တွေ အစာကျွေးမလို့လား။"
ကျန်ချန်က စားပွဲဝိုင်းဆီသို့လျှောက်လာပြီး
ဖန်ရှီ အခုလေးတင် ဝယ်ထားသည့် ပေါက်စီ
ဗန်းထဲမှ ပေါက်စီတစ်လုံးကို လှမ်းယူ၍တစ်ကိုက်ကိုက်လိုက်သည်။
"ငါ ငယ်ငယ်တုန်းက ၊ မနက်စာကို အိမ်မှာပဲ
အမြဲတမ်းစားခဲ့ရတာ။ငါ့အမေကပြောတာတော့ အပြင်စာတွေက ကျန်းမာရေးနဲ့မညီ
ညွတ်ဘူးတဲ့။ မနက်စာ အပြင်မှာစားခွင့်ရ
တဲ့တစ်ခြားကျောင်းသားတွေကို ငါအသေ
မနာလိုခဲ့ဖူးတယ်။ "
ဖန်ရှီက စားပွဲဝိုင်းမှာဝင်ထိုင်ပြီး စားပွဲပေါ်ရှိ
မနက်စာမုန့်တွေကို ကြည့်၍ ဆက်ပြောလာသည်။
"ဒါကြောင့်မလို့ ငါတွေးခဲ့တယ် ။ငါ မနက်စာကို အပြင်မှာ ငါ့ဘာသာစားခွင့်ရတဲ့တစ်ရက်
ကျရင်၊ မနက်စာရောင်းတဲ့ဆိုင်က ဟင်းလျာ
တိုင်းကို စားပွဲခုံ အပြည့်မှာပစ်မယ်လို့။ "
"အထက်တန်းကျောင်းစတက်ကတည်းက မင်း အပြင်မှာပဲ စားတော့တာမဟုတ်ဘူးလား။ "
ဖန်ရှီကပဲနို့ကိုတစ်ကျိုက်တည်းအရင်မော့သောက်လိုက်၏။
"ဟုတ်တယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ငါက နှစ်ရှည်လများမျိုသိပ်ထားခဲ့ရတာ။
ဒါကို ဖြေဖျောက်နိုင်ဖို့ဆိုရင် ငါ့အတွက် အနည်းဆုံး ဆယ့်စုနှစ်တစ်စု အချိန်ယူရ
လိမ့်မယ်။ "
သူတို့၏မနက်စာ စားပွဲဝိုင်းသည် အလျှံပယ်
ဖြစ်နေ၏။ကုဖေးလည်း ကျန်ချန်နှင့်ဖန်ရှီတို့
စကားစမြည် ပြောနေတာကို နားထောင်ရင်း
မနက်စာကိုကြိုးကြိုးစားစားစားနေရသည်။
အဆုံးသတ်တွင် ပေါက်စီဗန်းသည်တစ်ဝက်
ကျန်နေသေး၏။
"အာ..., ဒါတွေက အလကားဖြစ်ကုန်ပြီ။"
ကျန်ချန်က ဗိုက်ကို ပုတ်ရင်း ပြောလာသည်။
"ပါဆယ်ယူသွားကြမယ်လေ။ လမ်းပေါ်မှာ
အလေလွင့် ခွေးတွေ ကြောင်တွေရှိရင် ငါတို့ တွေ သူတို့ကို ကျွေးလို့ရသားပဲ။"
ဖန်ရှီက ပြောရင်းဆိုရင်းနှင့် ပေါက်စီတွေကို
ပလတ်စတစ် အကြည်အိတ်ထဲသို့ ထည့်နေ
၏။
.
ယနေ့ရှုတင်သည် အဝတ်အစားရှုတင်ဖြစ်ပြီး၊တင်းကျူးရှင်းနှင့်နောက်ထပ် ပေါ့ပေါ့ပါးပါး brand နှစ်ခု collaboration လုပ်ထားသည့်အစီအစဉ်တစ်ခုကိုရိုက်ကူးရမှာဖြစ်ပြီး၊သူတို့တွေက သူမစတူဒီယိုမှာ ရိုက်ကူးဖို့ရန် စီစဥ်ထားခဲ့ကြသည်။အလုပ်လုပ်ရာတွင်လည်း လွယ်ကူချောမွေ့စေချင်တာကြောင့်ပင်။
ဖန်ရှီ၏ personality က ကျန်ချန်နှင့် ဆီနဲ့ရေလိုကွာခြားနေ၏။တစ်ခါတစ်လေကျရင် သူတို့ရဲ့ခိုင်မြဲသည့် သူငယ်ချင်းသံယောဇဉ်မှာ တစ်ယောက်မှာလစ်လပ်နေသည့် အရည်
အချင်းကို အရင်းခံပြီးဖြစ်တည်လာတယ်လို့ကုဖေးတွေးကြည့်မိဖူးတယ်။ကျန်ချန်သည် သူမရင်းနှီးတဲ့လူတွေနှင့်စကားလက်ဆုံပြောလေ့မရှိသော်လည်း၊ ဖန်ရှီကမူ သူတို့တွေ စတူဒီယိုသို့ရောက်ပြီး မိနစ်ပိုင်းအတွင်းမှာအမျိုးသမီးမော်ဒယ်နှစ်ယောက်နှင့်စကား
လက်ဆုံကျနေပြီဖြစ်သည်။
မိန်းကလေးနှစ်ယောက်ကလည်း သူတို့တွေ
မိတ်ကပ်လိမ်းရမည့်အလှည့်ရောက်လာတာတောင်မှ၊ စကားဝိုင်းကို ဆက်ဖို့ရန် သူ့ကို
ဆွဲခေါ်သွားကြ၏။
ကျန်ချန်သည် brand အကြောင်းကောင်းကောင်းနားလည်ဖို့ရန် ပရိုမိုးရှင်းလက်ကမ်းစာစောင်ကို ဖတ်ရင်း၊သူ့ဘေးတွင်မိတ်ကပ်လိမ်းဖို့ရန် စောင့်နေတာဖြစ်သည်။
"မင်းက အထင်ကြီးနေတာလား။ "
"အင်း"
ကုဖေး သူ့ကို ခေါင်းငြိမ့်ပြလိုက်တယ်။
"မနေ့ညက မင်း အမေနဲ့ စကားပြောတာ
ဘယ်လိုလဲ ?။ "
ကုဖေး သူ့ကို ခပ်ယောင်ယောင်လေး ပြုံးပြလိုက်တယ်။
"ငါတို့်တွေ စကားများခဲ့ကြတယ်။ငါ ခန့်မှန်း
မိပြီးသားမလို့ ကိစ္စမရှိပါဘူး ။ သူမနဲ့စကား
မများဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ "
"ကုမြောင်က ဂျီကျသေးလား ?။ "
"ဟင့်အင်း, မနေ့က သူမဘာသာ သူမ ပုံဆွဲနေတာ။ ငါ မင်းကို နောက်မှ သူမဆွဲထားတဲ့ပုံ ပြမယ်။ "
ထိုအခါ ကျန်ချန်က ရယ်မောလာ၏။
"ပြရမှာပေါ့။ မင်းရဲ့ wechat icon နဲ့
ပုံစံအတူတူပဲလား။ "
[T/N Wechat profile ပေါ်က အစိမ်းရောင်
ယုန်အရုပ်လေးကိုပြောတာနော် ]
"အနည်းနဲ့အများတော့ တူတယ်။ ငါ့ icon ပေါ်က ယုန်အရုပ်က သူမရဲ့အကောင်းဆုံးလက်ရာပဲလို့ ထင်တယ်။ "
ကင်မရာမှန်ဘီလူးကို လျှပ်တစ်ပြတ်ရိုက်ကြည့်ပြီးသည့်နောက်တွင်၊ ကင်မရာကိုမြောက်
၍ viewfinder (ရိုက်ကွင်းရိုက်ကွက်ပြသည့်
ကိရိယာ) မှတစ်ဆင့် သူ့ဘေးဘေးပတ်လည်
ကို ကုဖေး ချိန်ကြည့်လိုက်တယ်။
ကျန်ချန်က တုံ့ဆိုင်းတုံ့နှေးနှင့် မေးခွန်းမေးလာသည်။
"မနေ့က ငါ မင်းကို မက်ဆေ့ချ်ပို့တာ.....ဘာ
လို့ စာ မပြန်တာလဲ?။ "
"ငါ အိပ်ပျော်သွားလို့။ "
ကုဖေး၏မျက်နှာကကင်မရာနှင့်ကွယ်နေ၏။
" မက်ဆေ့ချ်ဝင်လာတာကို မကြားလိုက်မိဘူး။"
"ငါ့အတွက်ဆို အာရုံကြောကို အလုပ်ပေး
ထားတယ်လို့ မင်းကိုယ်တိုင်ပြောခဲ့တာမဟုတ်ဘူးလား ။ "
"ငါ မနေ့က အရမ်းပင်ပန်းနေလို့။ "
ကုဖေး သူ့ကို ညင်ညင်သာသာပြန်ပြောလိုက်တယ်။ထို့နောက် သူ့ကိုယ်ကို လှည့်လိုက်ပြီး၊ ကျန်ချန်ကို ကင်မရာနှင့်ချိန်၍ viewfinder
မှတစ်ဆင့် ကျန်ချန်၏ဘေးတစ်စောင်းပုံရိပ်ကို ကြည့်လိုက်သည်။
"ခေါင်းအုံးပေါ်ကိုခေါင်းချလိုက်တာနဲ့ မနက်
လင်းတဲ့ အထိ တစ်ချိုးတည်း အိပ်ပျော်သွားတာ .....ငါ ငါ့ရဲ့noti ကို အသံကျယ်တာတစ်
ခုခု ပြောင်းလိုက်မယ်။ အဲ့လိုနည်းလမ်းနဲ့ဆို မမေ့တော့ဘူး။ "
"စိတ်ထဲထားမနေနဲ့။"
ကျန်ချန်က သူ့ကို လှမ်းကြည့်လာသည်။
"ညဘက်တွေကောင်းကောင်း အိပ်ပျော်အောင် ကြိုးစားသင့်တယ်။ မင်းမျက်လုံးတစ်ဝိုက်က အမည်းရောင် အကွင်းကို ငါ
မြင်နေရတယ် ။ "
ထိုအချိန်တွင် နီနီက ကျန်ချန်ကိုလက်ယက်လှမ်းခေါ်၍၊ သူ မိတ်ကပ်လိမ်းရမည့်အလှည့်ရောက်နေပြီဖြစ်ကြောင်းကို အသိပေးလာသည်။
ကျန်ချန်က မတ်တပ်ထရပ်ပြီး ထိုနေရာသို့
လျှောက်သွားတော့မည့်အချိန်တွင် ကုဖေး
လက်တစ်ဖက်မြှောက်ပြီး ကျန်ချန်ရဲ့ခါးကို
ဖွဖွကလေး ဖျစ်ညှစ်လိုက်တယ်။
တစ်ခြားတွေ၏ရှုထောင့်မှကြည့်လျှင်၊ ကျန်ချန်ရဲ့ခန္ဓာကိုယ်က ကုဖေးကို ကွယ်ထားတာ
ကြောင့် သူတို့ရဲ့မသိမသာလှုပ်ရှားမှုလေးကို
ဘယ်သူမှသတိမထားမိကြပေ။နွေရာသီဖြစ်
သော်လည်း၊ ကုဖေးရဲ့ လက်ဖဝါးက အပူရှိန်
သည် သိသိသာသာပင် နွေးထွေးနေပြီး၊ကျန်
ချန်ရဲ့ခါးပေါ်သို့နွေးနွေးလေးကျရောက်လာသည်။
.
ယခုအချိန်ကသူမိတ်ကပ်လိမ်းရမည့်အလှည့်ဖြစ်သည်။ကျန်ချန် ထိုင်ခုံပေါ်မှာ ဝင်ထိုင်ပြီး၊မျက်လုံး မှိတ်ထားလိုက်တယ်။တစ်ချက်တစ်ချက်ကျရင်လည်း သူမှေးကနဲအိပ်ငိုက်သွား
၏။
ကုဖေးက ပြောတယ်......သူ ခေါင်းအုံးပေါ်ကိုခေါင်းချလိုက်တာနဲ့မနက်မိုးလင်းတဲ့ အထိ တစ်ချိုးတည်း အိပ်ပျော်သွားတယ်တဲ့။ သူ့
စကားတွေ မှန်မနေဘူး။
ကုဖေးရဲ့ အရာရာတိုင်းကို သူ ရင်းနှီးနေပြီဖြစ်သည်။အကယ်၍ ကုဖေးက နှစ်နှစ်ကာကာ အိပ်ပျော်ခဲ့တယ်ဆိုရင်၊ဒီနေ့လိုမျိုး သူ့
မျက်လုံးအောက်မှာ အမည်းရောင်အကွင်းကြီး ရှိစရာအကြောင်းမရှိဘူး။ သူစိမ်းတွေ သတိထားမိမှာမဟုတ်ပေမဲ့၊သူ့အတွက်ကျ ကုဖေးရဲ့မျက်နှာပေါ်က ပင်ပန်းနွမ်းလျှနေမှုကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
မနေ့ညက ကုဖေး အိပ်မပျော်ခဲ့ဘူး....
ပြီးတော့ အိပ်မပျော်ရတဲ့အကြောင်းအရင်းက သူ့အမေကော၊ ကုမြောင်ကြောင့်ကောမဟုတ်ဘူး။အကြောင်းအရင်းက သူတို့တွေဖြစ်နေခဲ့တယ်ဆိုရင်၊ကုဖေး သူ့ကို ဖုံးကွယ်ထားမှာမဟုတ်ဘူး။
ကုဖေး အိပ်မပျော်ရသည့်အကြောင်းရင်းက ထိုမက််ဆေ့ချ်ကြောင့်ပင်။ သူ ထိုမက်ဆေ့ချ်ကို ပြန်ဖျက်ဖို့လုပ်တော့မည့်အချိန်တွင် ၎င်း
က အရမ်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
အနာဂတ်မှာဖြစ်လာမည့် အကြောင်းအရာတွေကို ကုဖေး စဥ်းစားဘူးလားဆိုတာကို
သူကိုယ်တိုင်တောင် မသေချာဘူး။ ကုဖေးကမေးခွန်းကိုဖြေဆိုတောင်းဆိုနေသည့် သူ့ကို အဖြေတစ်ခုအတွက်နှင့်ချစ်သူကောင်လေးကို စိတ်ရှုပ်အောင်လုပ်နေသည်နှင့် တူတယ်လို့ တွေးနေမလား။
ဒါမှမဟုတ် ကုဖေးက အနာဂတ် ကိုကြိုတွေး
ပြီးတာလည်း ဖြစ်နိုင်သည်။သူ့မှာ အဖြေမရှိ
တာပင်။
ဓာတ်ပုံရိုက်နေသည့်အတောအတွင်း၊ကုဖေး
က ခါတိုင်းလိုပဲ စိတ်ရှည်လက်ရှည်နှင့်ကျန်ချန် ကို လှုပ်ရှားဟန်တွေ၊ရှုထောင့်တွေညွှန်
ကြားပေးနေ၏။သူ နည်းနည်းလေး စိတ်မချဖြစ်နေပြီး စိတ်ရှုပ်သလိုမျိုးခံစားနေရသော်
လည်း၊ကုဖေး မျက်စိရှေ့၌ရှိနေလျှင် သက်တောင့်သက်သာဖြစ်လာသလိုမျိုး သူ ခံစားနေရဆဲပင်ဖြစ်သည်။
ကုဖေးရဲ့လှုပ်ရှားဟန်တိုင်းက သူ့ကို စိတ်ချမ်းသာစေ၏; ကင်မရာကို မြှောက် လိုက်
တဲ့ဟန်အမူအယာ၊သူခြေထောက်တစ်ဖက်
ကို ဒူးကွေးလိုက်တဲ့ဟန်ပန်၊ရှုထောင့်ကို ရှာ
ဖွေဖို့ရန် ခါးကိုင်းညွှတ်လိုက်တဲ့ အမူအယာလေး၊ ဓာတ်ပုံတွေကိုစစ်ကြည့်ဖို့ရန် ခေါင်း
ငုံ့လိုက်သည့် အမူအယာကပင်...သူ့မျက်လုံးကို အဝေးသို့ လွဲလိုက်ဖို့ရန် ခက်ခဲစေခဲ့သည်။
သူ မတော်တဆ ဖန်ရှီနှင့် အကြည့်ချင်းဆုံသွားသည့်အချိန်မျိုးတွင်၊ ဖန်ရှီက သူ့ကို
အဓိပ္ပါယ် ပြည့်ဝနေသည့်အပြုံးနှင့်ပြုံးပြ
လာပြီးတော့ သူ့ဘေးကကောင်မလေးကိုဆက်ငမ်းနေ၏။ ဟုတ်တာပေါ့..ကျန်ချန်လည်း သူ့ကိုအဓိပ္ပါယ်ပါပါပြန်ပြုံးပြလိုက်တယ်။
သူတို့တွေ ယနေ့အတွက် ရှုတင် ပြီးသွားပြီး၊
ထွက်ခွာဖို့ရန် အသင့်ပြင်နေချိန်တွင် ဖန်ရှီက
မော်ဒယ်ကောင်မလေးတွေထဲမှတစ်ယောက်
နှင့် wechatတွင်အပြန်အလှန် သူငယ်ချင်းဖွဲ့
နေတာကို ကျန်ချန် မြင်လိုက်ရသည်။သူတို့တွေ ပြန်ရတော့မည့်အချိန်တွင်တောင်မှ ထိုနှစ်ကောင်က တစ်ယောက်နှင့်တစ်ယောက် ခွဲခွာရမည်ကို ကြေကွဲစွာနှင့် အကြည့်ချင်း
ဆုံနေကြလျှက်ရှိ၏။
ကျန်ချန် ပြောလိုက်တယ်။
"အချိန်တိုတိုနဲ့ ခရီးရောက်နေတယ်ပေါ့..."
ဖန်ရှီက ဖုန်းကို လွှဲယမ်းနေရင်းနှင့်ပြန်ပြောလာသည်။
"ဒီလို အချိန်တိုတိုနဲ့ခရီးရောက်မှုမျိုးက ငါတို့နှစ်ယောက်လုံးမှာ ဘာလုပ်စရာမှမရှိရင်အချိန်ဖြုန်းလို့ရတယ်။သူမအကြည့်တွေကို
ငါ တကယ်သဘောကျပေမဲ့လည်း၊အင်တာ
နက်မှာ နာမည်ကြီးနေတဲ့ မြွေတစ်ကောင်လို
မျိုး မျက်နှာနဲ့တော့ မတူဘူး။ "
[ TN.... မျက်လုံးဝိုင်းဝိုင်း၊ မျက်တောင်ရှည်ရှည်၊ မေးစေ့ချွန်ချွန် မျက်နှာကျမျိုးကို တင်
စားထားတာပါ ။Go check our sister in
Law , Fan BingBing's face]
"တကယ်လား "
ကျန်ချန်လည်း မှတ်မိဖို့ရန် ကြိုးစားလိုက်တယ်။
" ငါ သတိမထားမိလိုက်ဘူး။ "
"ဒက်ရှ်..........ချောမောတဲ့ကောင်လေးဆိုရင်
တောင်၊ကိုယ့်ဆရာ မင်းက ဒီလိုမျိုး စိတ်အ
ခြေအနေမှာ သတိထားမိဖို့ဆိုတာ မဖြစ်နိုင်ဘူး။မိန်းကလေးဆိုရင် ပြောမနေပါနဲ့တော့။
ချစ်သူရှိသွားတဲ့အချိန်မှာ မင်း ဘာနဲ့တူနေလဲဆိုတာ ငါ သဘောပေါက်သွားပြီ။ "
သူတို့ရှေ့မှာ လမ်းလျှောက်နေသည့်ကုဖေးကို ကျန်ချန် လှမ်းကြည့်လိုက်တယ်။
ဘာစိတ်အခြေအနေလဲ ?? ?
ဖန်ရှီက မေ့ကောင်းမေ့နေလိမ့်မယ်။ ကျန်ချန်ရဲ့ မျက်လုံးထဲတွင်မူ၊ကုဖေးက အရမ်းကြည့်
ကောင်းနေပြီး သူ့နှလုံးသားကို တဒိန်းဒိန်းခုန်ရင်လာစေသည်။ ကုဖေးကို ခုန်အုပ်ပြီး သူ့အောက်မှာဖိထား၍ပွတ်သပ်ချင်လာအောင် လုပ်နိုင်၏။ဒါပေမဲ့ စိတ်ထဲတွင်မူ သူရှုပ်ထွေးနေသေးသည်။
သူအရင်ကတည်းက ဘယ်တော့မှနားမလည်နိုင်ခဲ့သည့် ကုဖေးရဲ့ အခြားတစ်ဖက်ကို သူ
သိလိုက်ရသည်။ ထိုငနဲကောင်က ကိစ္စတွေ
ကို ဖုံးကွယ်သည့်အပိုင်းတွင် ကျွမ်းကျင်၏။
ဘယ်လိုမျိုးကိစ္စတွေပဲဖြစ်လာပါစေ၊ကုဖေး
က မျိုသိပ်ထားနိုင်သည်။
သူ ကျင်လည်ခဲ့ရသည့်ပတ်ဝန်းကျင်ကြောင့်ကုဖေးသည် ကိစ္စတိုင်းကိုဒီလိုနည်းလမ်းနှင့်ဖြေရှင်းလာခဲ့ပြီး၊ ၎င်းက အကျင့်တစ်ခုလိုမျိုးဖြစ်လာ၏။ဒါပေမဲ့ ကျန်ချန် အတွက်မူ
ဒီလိုမျိုးကိစ္စတွေနှင့်ကြုံတွေ့လာရတိုင်း၊ သူ့ကိုယ်သူ ထူထည်ပြီးလေးလံလှသည့် စောင်ထဲတွင် လုံးထွေးပြီးနစ်မြုပ် နေသလိုမျိုးသာ ခံစားရသည်။
စောင်ပုံထဲတွင် လုံးထွေးပြီး နစ်မွန်းနေသည့်
ခံစားချက်သည် မွန်းကြပ်ပြီးတော့ အသက်ရှုရခက်ခဲလာတာမျိုးပင်။ဒါပေမဲ့ သူက ဘယ်နေရာရောက်ရောက် အားသွန်ခွန်စိုက်ကြိုး
စားရုန်းကန်နေအုံးမှာဖြစ်ပြီး၊အကယ်၍ သူ ထွက်ပေါက်ကို ရှာတွေ့ဖို့ရန် မဖြစ်နိုင်ဘူးဆိုရင်တောင် သူဆက်ပြီး ရုန်းကန်နေအုံးမှာ.....
သူတို့တွေ နေ့လည်စာ စားပြီးသည့်နောက်
တွင် ကုဖေးက အိမ်ပြန်ဖို့ရန်အသင့်ပြင်နေ
၏။ နေ့လည်ခင်းတွင် သူက ကုမြောင်ကို
ကုသမှုအတွက်ခေါ်သွားပေးရအုံးမည်ဖြစ်
သည်။
ဖန်ရှီက ပြောလာသည်။
"ဒါပြီးရင် ငါတို့တွေ window shopping သွားမလား?။ငါတို့နှစ်ယောက်သား ဟိုနား
ဒီနားကို လျှောက်ပတ်ပြီးသားလည်းဖြစ်၊
တစ်ချိန်တည်းမှာ အချိန်လည်းကုန်ပေါ့ ။ "
ကုဖေးက ခပ်ပြုံးပြုံးနှင့် "အင်း " ဟုဆိုကာ
ခေါင်းငြိမ့်ပြလာသည်။
ကျန်ချန် ဘာတစ်ခွန်းမှ ဝင်မပြောပဲ တိတ်
ဆိတ်နေလိုက်တယ်။ ဖန်ရှီ အရင်ထွက်သွား
တော့မှ သူ ကုဖေးကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။
"သွားတော့လေ "
"ညနေစာစားရင် တွေ့ကြမယ်မလား။ဝမ်အာတို့ပေါင်မုန့်ဆိုင်မှာလေ ?။ "
"တွေ့မယ်။ "
ကျန်ချန် နည်းနည်းလေး စိတ်ဓာတ်ကျသလို ခံစားနေရသည်။
"ချန်ကော...."
ကုဖေးက သူ့နာမည်ကိုခေါ်ပြီး သူ့ကိုကြည့်
လာသည်။
"ငါ....."
ကျန်ချန် ဖြတ်ပြောလိုက်တယ်။
" မင်း သွားသင့်ပြီ။ "
"ဖန်ရှီ ပြန်သွားတဲ့အချိန်ကျရင်...."
ကုဖေးက ဖန်ရှီရှိရာသို့လှမ်းကြည့်လိုက်ပြီးမှ
" ငါ မင်းကို ဘူဖေး စားဖို့ခေါ်သွားမယ်။ "
"အရှက်ကိုမရှိဘူး။ ဖန်ရှီ ဒီမှာ ရှိနေတုန်းကျ အသားပေါင်မုန့် ၊ ဖန်ရှီပြန်သွားတဲ့အချိန်ကျ
ဘူဖေးတဲ့ ။ "
ကျန်ချန် သူ့ကို စောင်းငဲ့ပြီးကြည့်လိုက်တယ်။
"အရှက်ကိုမရှိဘူး။ "
"ဟေး...."
သူ့စကားကြောင့် ကုဖေးက ရယ်မောလာ၏။
"ဒါဆိုလည်း ငါတို့တွေ ဒီည ဘူဖေး သွားစား
ကြမယ်လေ။ ဒါမှမဟုတ် သူ မပြန်ခင် မနက်
ဖြန်ဆိုရင်ကော ?။ "
" ညနေ တွေ့မယ်။ "
"အာ......ငါတို့တွေ စတင်ခဲ့တဲ့နေရာကို ပြန်
သွားလို့မရတော့ဘူးလား။ သေလိုက်ပါတော့။ "
ကျန်ချန် သူ့ကိုကြည့်လိုက်တယ်။
"ဟုတ်တယ်လေ , မကောင်းဘူးလား?။ "
ကုဖေးက တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးသည့်
နောက်တွင် ကျန်ချန်ကို ကြည့်ပြီး သက်ပြင်း
ဖွဖွ ချလာသည်။
"ငါ အဲ့အကြောင်းကို စဥ်းစားပြီးသားပါ။ ငါ့ကို Boyfriend ထားဖို့ စိတ်ကူးရှိလားလို့ မင်း
မေးလာကတည်းက ငါ့ အဲ့အကြောင်းကို
အမြဲတမ်း စဥ်းစားခဲ့ဖူးတယ်။ "
သူ နေရာမှာတင် အေးခဲသွားပြီး၊ ကုဖေးကို
အသံတိတ် ငေးကြည့်လိုက်တယ်။
ကုဖေးက အသံမနိိမ့်မမြင့်နှင့် ဆက်ပြောလာသည်။
"ငါ အဲ့အကြောင်းကို မင်းထက်ပိုပြီး စဥ်းစား
ကြည့်ခဲ့တယ်။ဒါပေမဲ့ဒါကငါစကားတစ်ခွန်း နှစ်ခွန်း ဖြေလိုက်ယုံနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ ဟုတ်တယ်မလား? ။ "
"ငါလည်း ခန့်မှန်းမိပါတယ်။ "
ကျန်ချန်မှာ လောလောဆယ်တွင် သူ့ခေါင်းတစ်ခုလုံး ရှုပ်ထွေးနေပြီး ခက်ခဲတဲ့အချိန်
တွေကို ရင်ဆိုင်နေသည်။ကုဖေး ထွက်သွားပြီးသည့်နောက်တွင်၊ သူနှင့် ဖန်ရှီသည် ဦးတည်ချက်မရှိဟိုးနားဒီနားသို့ လျှောက်သွား ဖြစ်ခဲ့ကြသည်။ ကုဖေးရဲ့စကားတွေကို သူတဖြည်းဖြည်းနှင့်နားလည်သဘောပေါက်လာချိန်တွင် ကျန်ချန် မျက်မှောင်မကြုတ်ပဲ
မနေနိုင်ခဲ့ဘူး။
သူ ထိုအကြောင်းကို အများကြီးစဥ်းစားဖြစ်ခဲ့တယ်လို့ ကုဖေးက ပြောခဲ့တယ်။ ပြီးတော့
"မင်း boyfriend ထားဖို့ စိတ်ကူးရှိလား "လို့
မေးတဲ့အချိန်တုန်းက သူ အနာဂတ်ကိုမစဥ်း
စားခဲ့မိတာလည်း အမှန်ပင်။ တကယ်တော့
ဖန်ရှီက သူ့ကို ထိုကဲ့သို့သောမေးခွန်းမျိုး မမေးခဲ့ဘူးဆိုရင်တောင်၊ သူထို့အကြောင်းကို
စဥ်းစားရမည့်အချိန်ကျရောက်လာနေပြီလို့ ကျန်ချန် ခံစားရနေရသည်။
ပြီးတော့ သူ လိုချင်တာကလည်း အဖြေတစ်ခုပဲ။ အသေးစိတ်တိကျနေဖို့မလိုအပ်ပါဘူး။
သူက အဖြေတစ်ခုကိုပဲ လိုချင်တာ။
အနာဂတ်မှာ ဖြစ်လာမဲ့ ကိစ္စတွေကို ငါ တွေး
ကြည့်ပြီးပြီ။ အဆုံးသတ်မှာ, ငါ မင်းနဲ့အတူ
ရှိချင်နေတုန်းပဲ။ ဘာတွေပဲဖြစ်လာဖြစ်လာ ငါတို့တွေတစ်သက်လုံးအတူရှိသွားကြမယ်..
ဒါပဲလေ.....
ဖြစ်နိုင်တာကတော့ သူက ပြသာနာတစ်ခုကို သမားရိုးကျနည်းလမ်းမျိုးနှင့်ပဲ ကြည့်လေ့ရှိ
တာကြောင့် ရှုထောင့်မျိုးစုံကနေကြည့်တတ်
သည့် ကုဖေးနှင့် လုံးလုံးလျားလျား ကွာခြား
တာနေမည်။ သူက အဖြေတစ်ခုကို တောင်း
ဆိုတယ်။ ဒါပေမယ့် ကုဖေးက ဖြစ်စဥ်တစ်ခုလုံး အကြောင်းကို ပြောချင်တယ်။
မည်သို့ပင်ဆိုစေကာမူ,ယခု သူက အနာဂတ်
နှင့်ပတ်သတ်ပြီး စဥ်းစားမည်ဆိုလျှင်၊ သူတို့ကအဖြေတစ်ခုကို အခိုင်အမာတောင်းဆိုရ
မည်ဆိုလျှင်၊ ကိစ္စတိုင်း၏အရင်းအမြစ်ဖြစ်သည့်ထိုအဖြေဆီသို့သာဦးတည်နေမည်ဖြစ်
သည်။ဒါပေမဲ့ သူတို့က ဖြစ်စဥ်တစ်ခုလုံးနှင့်ပတ်သတ်ပြီး စတင်ရမည်ဆိုလျှင်၊ ဘယ်လို
အဖြေမျိုးနှင့်မဆိုအဆုံးသတ်သွားနိုင်သည်။
ကျန်ချန် သက်ပြင်းဖွဖွချလိုက်မိတယ်။
ကုဖေး , မင်းပြောတော့ အများကြီး စဥ်းစား
ခဲ့တယ်ဆို.... မင်း ဘာတွေ စဥ်းစားနေခဲ့တာ
လဲ ? ? ?
သူ နှင့်ဖန်ရှီသည် မြို့လယ်ခေါင်ရှိshopping စင်တာထဲတွင် သူတို့ အလိုရှိသလို စားလိုက်
သောက်လိုက်နှင့် လျှောက်ပတ်ခဲ့ကြပြီး၊စင်
တာ အတွင်းရှိ လေးထောက်ကွက်လပ်နေရာရှိခုံတန်းရှည်ပေါ်မှာထိုင်၍သီချင်းနားထောင်
ရင်း တစ်နာရီနီးပါးလောက်အချိန်ဖြုန်းခဲ့ကြ
သည်။
လမ်းနှင့်မျက်နှာချင်းဆိုင်ရှိ ဆိုင်သည် သူတို့
ရဲ့ ဆိုင်အပြင်ဘက်တွင် ကာရာအိုကေ စက်တစ်ချို့ဆင်ထား၏။ ချာတူးလန်နေသည့်
မြို့စုတ်လေးမှာနေသည့် လူတွေက အရမ်းရဲတင်းကြလိမ့်မယ်လို့ ကျန်ချန် မမျှော်လင့်ထားခဲ့ဘူး။သူတို့တွေ ထိုနေရာမှာ ထိုင်နေ
သည့် တစ်ချိန်လုံး သီချင်းသံတွေက တိတ်
ဆိတ် သွားခြင်းမရှိပေ။
တစ်ချို့တွေက ကောင်းကောင်းမွန်မွန် သီဆို
ကြသလို၊ တစ်ချို့တွေက သူတို့တွေအသံကို
မကြားနိုင်လောက်အောင်ပင် တိုးတိုးသဲ့သဲ့
နှင့် ဆိုနေကြသည်။တစ်ဖက်လူ ကီးကြောင်
နေစဥ်တွင် တစ်ချို့လူတွေက ဓမ္မတေးသီဆို
နေသည့်အတိုင်း အော်ကျယ်အော်ကျယ်နှင့်
စာသားတွေကို ဆိုနေကြသည်မှာ တစ်စုံတစ်
ယောက်ကို ကမူးရူးထိုးနှင့်ပါဝါကြိုးဖြတ်ပစ်
ချင်လာအောင် လုပ်နိုင်ကြသည်။
ဖန်ရှီက သူ့ကို စကားပြောလာသည်။
"ချန်အာ , မင်း သွားပြီးတော့သီချင်းတစ်ပုဒ်
ဆိုရင်ကောဘယ်လိုလဲ?။သူတို့ရဲ့အမြင်တွေ
ကျယ်သွားအောင် ၊ သီချင်းဆိုတာ ဘယ်လို
ခံစားချက်မျိုးလဲဆိုတာ သူတို့ကို သိခွင့်ပေး
လိုက်ကွာ။ "
"ငါက ငါ့အစွမ်းတွေကို လျှိုထားရတာပဲ ပိုသဘောကျတယ်။ "
ကျန်ချန် သီချင်းမဆိုဖြစ်ခဲ့တာ တော်တော်ကြာနေပြီဖြစ်သည်။ အတိတ်တုန်းက သူ။မကြာခဏ ဖန်ရှီ ဒါမှမဟုတ် တစ်ခြားသူတွေနှင့် သီချင်းဆိုလေ့ရှိခဲ့သည်။ဒါပေမဲ့ဒီလိုမျိုး ပတ်ဝန်းကျင်မျိုးတွင်၊သူ တစ်ခြားသူတွေရဲ့ ကီးကြောင်နေတဲ့ အသံကို နားဆင်ပြီး ထိုင်နေဖို့ရန်သာ ပိုဆန္ဒရှိသည်။
"ဒါဆိုလည်း ငါ သွားဆိုမယ်။ "
ဖန်ရှီကမတ်တပ်ထရပ်လာပြီး၊အဝတ်အစား
တွေ့ကို သေသေသပ်သပ်ဖြစ်အောင်ပြန်ပြင်
လိုက်သည်။
"ငါ့အတွက် မှတ်တမ်း တင်ထားပေးနော်။
ငါ့ရဲ့ Friend circle မှာ ဒါကို ပြန်တင်မလို့။"
"......မင်းရဲ့ စတုတ္ထအဖိုးကွယ်လွန်သွားလို့
အလုပ်ရှုပ်နေရမှာလေ။ဒီလိုမျိုး ပျော်မြူး
နေတဲ့ မှတ်တမ်းမျိုးကို မတင်သင့်ဘူးနော်။"
"ဘာဖြစ်လဲ ။ ငါက အဲ့မှတ်တမ်းကို လောင်ယွမ် ဆီ သွားပို့မှာမှ မဟုတ်တာ ။ "
ဖန်ရှီက စဥ်းစဥ်းစားစားနှင့် ရပ်တန့်နေပြီးမှ
" ငါ ဘာသီချင်းဆိုသင့်လဲ ?။ "
ကျန်ချန် မဖြေရသေးခင်မှာပင် သူက သူ့ဘာသာသူ အဖြေရသွားပြီး၊သူဆိုချင်တာ
ကို ပြောလာသည်။
"နေရောင်နီနီ (Red Sun)ပဲ ဆိုတော့မယ်။
သူတို့ဆီမှာ အမြူး version ရှိလားဆိုတာ
ငါကြည့်လိုက်အုံးမယ်။ "
[T/N ဆားယယ် မှာ သုံးထားတဲ့ သီချင်းတွေက ဂန္ထ၀င်၊ ရှေးသီချင်းတွေသုံးထားပါ။ E trans မှာ accelerated version လို့သုံးထားတော့၊ တီးလုံးမြူးမြူး ကြွကြွပြန်ဆိုထားတာမျိုး နေမယ်။ သီချင်းက မြူးတော့မြူးတယ်။
Red Sun sing by Hacken Lee ]
ကျန်ချန် အော်ရယ်မိသွားတယ်။ သူတို့တွေ
ကာရာအိုကေ သွားသည့်် အချိန်တိုင်းလိုလို
ထိုတစ်ပုဒ်ကို ရွေးပြီး ဆိုတတ်ကြသည်။သူ
ထွက်မလာခင် နောက်ဆုံး တစ်ခေါက် သွားတုံးကအထိပင် သူတို့တစ်ဖွဲ့လုံး ထိုသီချင်း
ကိုသံကုန်ဟစ်ပြီးအတူတူဆိုဖြစ်ခဲ့ကြသေး
၏။
ဖန်ရှီရဲ့ ဒေသိဃ အသံထွက်ပုံထွက်နည်းက
အကောင်းကြီး မဟုတ်ပေမယ့်လည်း၊သီချင်းအဆိုကောင်းတဲ့ သူတစ်ယောက်ဖြစ်သည်။ဒါပေမဲ့ သူ့အရင်ဟာနှင့် ယှဥ်လိုက်လျှင်၊ သူ့အသံက ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ယောက်လိုမျိုးနားထောင်လို့ ပိုကောင်းလာ
၏။ဖန်ရှီပါးစပ်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်
နက်တည်း၊အနီးအနားရှိ ဖြတ်သွားဖြတ်လာတွေက ရပ်တန့်သွားပြီး ဖန်ရှီကိုကြည့်လာ
ကြသည်။
ကျန်ချန်လည်း ဖုန်းကင်မရာနှင့် သူ့ကို ချိန်ရွယ်ပြီး မှတ်တမ်းတင်လိုက်တယ်။
လေးထောင့်ကွက်လပ်နေရာတွင်လူတွေများ
လာသည့်အခါ ဖန်ရှီက ပိုပြီးမြူးကြွလာ၏။သူဆိုသည့်လူက ပရိတ်သတ် တစ်ယောက်ပဲ ရှိနေရင်တောင် အားပါးတရဆိုနေလိမ့်မည်။
သီချင်းနောက်ဆုံးအပိုင်းကိုရောက်လာသည့်အခါ သူက ရုတ်တရက်ကြီး ဘေးသို့ ချာခနဲလှည့်လာပြီး၊ကျန်ချန်ကို လက်ညိုးညွှန်၍
"ကံကြမ္မာက မင်းကို လမ်းလွဲသွားစေခဲ့ရင်,
ထူးဆန်းတဲ့လှည့်ကွက်တွေနဲ့မင်းကိုခြောက်လန့်နေခဲ့ရင် , အသက်ရှင်ဖို့ငြီးငွေ့လာအောင်လုပ်နေရင်တောင် , ဝမ်းနည်းလို့ မျက်ရည်မကျလိုက်ပါနဲ့ , အရှုံးမပေးလိုက်ပါနဲ့ ,ကိုယ် မင်းကို တစ်သက်လုံးအဖော်ပြုသွားပါ့မယ်......ထာဝရ...... "
[T/Nစာသားလွဲနေရင်လည်း သည်းခံပေးပါ]
လူတိုင်းက သူ့ကို လှည့်ကြည့် လာချိန်တွင်၊
ဖန်ရှီကို ကျန်ချန် လက်ခလယ်ထောင်ပြချင်
သွားတယ်။
ဒါပေမဲ့ နောက်ပိုင်းစာသားတွေ ရောက်လာ
သည့်အခါ သူ့နှာရိုးအတွင်းမှမဆိုစလောက်
စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ဖန်ရှီ
က သူ့ကို လေးလေးနက်နက် ကြည့်လာတဲ့
အကြည့်ကြောင့်လား ဒါမှမဟုတ် အတိတ်
တုန်းက သူ့ရဲ့ ပူပင်ကြောင့်ကြမဲ့ခဲ့တဲ့နေ့ရက်
တွေကြောင့်လားဆိုတာ သူကိုယ်တိုင်တောင်
မသိတော့ဘူး။
ဒါမှမဟုတ် ....သူ ကုဖေးကို တွေးမိသွားတာ
ကြောင့်လည်း ဖြစ်နိုင်တယ်...
ဖုန်းမျက်နှာပြင်ကို ကျန်ချန် ငေးကြည့်နေမိ
သည်။ ဖန်ရှီ သီချင်းဆိုတာအဆုံးသတ်သွား
သည့်နောက်တွင်၊ သူ ခေါင်းကိုငုံ့ထားလျှက်
နှင့် ကမန်းကတမ်း မတ်တပ်ထရပ်လိုက်ပြီး၊လက်ခုပ်တီးနေသည့်လူအုပ်ကြီးကြားမှ တိုးထွက်လာခဲဲ့လိုက်တယ်။
ဖန်ရှီ သူ့ကို လိုက်မှီလာချိန်တွင်၊ သူက နဂို
အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။
ဖန်ရှီက သူ့ပခုံးပေါ်တွင် လက်တစ်ဖက်တင်လာသည်။
"ကဲ , ဗီဒီယို ကြည့်ရအောင်။ "
"ငါက အပိုင်းတိုလေးပဲ ရိုက်ထားတာ။ "
ဖုန်းမျက်နှာပြင်ကို ကျန်ချန် တောက်လိုက်
တယ်။
"ငါ မင်းဆီကို ပို့ပေးလိုက်မယ်။ မင်းဘာသာ
မင်းကြည့်လိုက်။ "
"ငါတို့တွေ အစောတည်းကဒီနားတစ်ဝိုက်ကို
လျှောက်ပတ်နေမဲ့အစား သီချင်းဆိုဖို့ တစ်နေရာရာ ရှာခဲ့သင့်တယ်။ "
ဖန်ရှီက ဆက်ပြောလာသည်။
"အချိန်တွေတောင်ကြာခဲ့ပြီ ။ နောက်နှစ်.....
ဆိုရင်ကော ?။ စာမေးပွဲပြီးသွားရင် ငါတို့
တွေ လူစုပြီး တစ်နေနေရာကို သွားကြမယ်လေ။ ခရီးသွားတာမျိုး ဒါမှမဟုတ် တစ်ခုခုပေါ့။ငါတို့ နှလုံးသားတွေအားရကျေနပ်တဲ့အထိ သောက်မယ်၊စားမယ်၊သီချင်းဆိုမယ်၊ ပျော်ကြပါးကြမယ်လေ။ "
"ကောင်းပြီ ။"
ကျန်ချန် ပြုံးရယ်လိုက်တယ်။
"ငါ တွေးမိတာ, ငါ မင်းနဲ့ တစ်ကျောင်းတည်း တက်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ဒါပေမဲ့ ငါ့မိဘတွေကပိုက်ဆံနဲ့လမ်းကြောင်းဖောက်ပေးရမယ်ဆိုရင်တောင်၊ ငါ မင်းနဲ့ တစ်မြို့တည်းမှာပဲ ရှိနေမှာ။ "
ဖန်ရှီက လက်နှစ်ဖက်ကို မြှောက်ပြီအညောင်းဆန့်လာသည်။
"ငါ စဥ်းစားခဲ့တာက , မင်း ထွက်သွားလည်း
ငါ့မှာ တစ်ခြားသူငယ်ချင်းတွေရှိသေးတယ်
ပေါ့။အားလုံးမတူဘူးဆိုတာကို ငါ နားလည်လာတယ်။မင်းနဲ့အချိန်ဖြုန်းရတာအကောင်း
ဆုံးပဲ။မင်း မရှိတော့မှ၊ငါ မင်းကိုသတိရလာ
တယ်....."
"ထိန်းပါဦး။မင်းက အဖြောင့်ကောင်နော်။တစ်ယောက်ယောက်က ဒီစကားတွေကို ကြားရင် ၊မင်းက ငါနဲ့ပတ်သတ်ပြီး စိတ်
ကူးယဥ်နေတယ်လို့ ထင်သွားလိမ့်မယ်။ "
"မင်းနဲ့ပတ်သတ်လို့ ငါ့စိတ်ကူးက တစ်သက်တာလုံးသူငယ်ချင်းကောင်းတွေဖြစ်ချင်တာ
ပဲရှိတယ် ။ချစ်သူကောင်လေး လား ၊ယော
ကျာ်း လား ဇနီး လား ဘယ်တစ်ခုမှ
သူငယ်ချင်းကောင်း နဲ့ ယှဉ်လို့မရဘူး။"
ကျန်ချန် ရယ်မောလိုက်တယ်။
"ဟားဟား , မှန်တယ်။ "
"မရယ်နဲ့လေ။ "
ဖန်ရှီက လျှာကို ပါးဇောင်ထဲသို့ ထိုးဆွလိုက်သည်။
"ငါကယောကျ်ားတွေကိုမကြိုက်တာကြောင့်သာမဟုတ်ရင် ၊ ကုဖေးရဲ့အပိုင် ဖြစ်လာမှာ
တောင် မဟုတ်ဘူး ။ "
ကျန်ချန် ပြန်ပြောလိုက်တယ်။
"ကုဖေးဆီ ဘာလို့ အဲ့ဒီလိုပြောဖို့ မသွားသေးတာလဲ?။ "
ထိုအခါ ဖန်ရှီက အလေးအနက် ပြန်ဖြေလာသည်။
"အဆင်ပြေပါတယ်။ မင်း သိထားရင် လုံ
လောက်ပြီ။ ရန်ဖြစ်ရင် ငါ သူ့ကို နိုင်မှာ
မဟုတ်ဘူး ။ "
နေ့လည်ခင်းတစ်ချိန်လုံးဖန်ရှီနှင့်အချိန်ဖြုန်း
ပြီးသည့်နောက်တွင် ၊ ဝမ်ရှုတို့ မိသားစုဆိုင်
ထဲတွင်ထိုင်ပြီး ကုဖေးနှင့်ကုမြောင်တို့အလာ
ကို စောင့်နေချိန်တွင် ကျန်ချန်၏စိတ်အခြေ
အနေသည်တော်တော်ရွှင်ပြနေလျှက်ရှိသည် ။ဝမ်ရှုက သူ့ရဲ့အရူးချီးပန်းကိစ္စတွေ ဖန်ရှီဆီပြောပြနေတာကို နားထောင်နေစဥ်တွင် သူ ရယ်ချင်စိတ်ကို မြိုသိပ်ထားရ၏။ဝမ်ရှုက
သူ့ရဲ့ကိုယ်ရည်သွေးပြီးကြွားဝါမှုတွေထဲတွင် ရီကျင်းအကြောင်းကို အထောက်အပံ့တစ်ခုလိုမျိုး ထုတ်ဖော်ရဲလောက်သည်အထိအရှက်ကင်းမဲ့လွန်းသည်။
ဝမ်ရှုက စားပွဲခုံကို ဘန်းခနဲမြည်အောင်ရိုက်
ပြီး ဖန်ရှီကို ကြည့်လာသည်။
"မင်းက မြို့ကြီးပြကြီးမှာ ကြီးပြင်းလာတာ
ကြောင့်လို့တော့ မထင်နဲ့နော်။မင်း တကယ်
အရာရာတိုင်းမှာ တော်တယ်ဆိုရင်၊ငါ့ကို ဒါလေးပဲ ဖြေပေးစမ်းပါ။ မင်း ငါ့လို သောက်
နိုင်လား။ "
".....ငါ မသောက်နိုင်ဘူး။ သောက်လည်း
မသောက်ချင်ဘူး။ "
ဖန်ရှီက ဝမ်ရှုကိုပြန်ကြည့်ပြီး တဒင်္ဂမျှကြာ
သည့်အခါ သက်ပြင်းရှိုက်လာသည်။
"လခွမ်း ,ငါ ဘာကြောင့်များ ဒီလောက်အကြာကြီး မင်းနဲ့ အရည်မရအဖတ်မရတွေ
ပြောဖို့ ငါ့ရဲ့ဉာဏ်ရည်ကို နိမ့်ချလိုက်မိတာလဲ။ "
"ဘာကြောင့်လဲဆိုတော့ မင်းရဲ့ဉာဏ်ရည်က
အစကတည်းက မမြင့်လို့ပေါ့။မင်းရဲ့ friend
circle မှာ မင်း တင်ထားတဲ့ ကောင်မလေးလိုမျိုးလေ။ "
ဝမ်ရှုက သူ့ဖုန်းကို ဆွဲထုတ်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို အပေါ်အောက် ရွေ့နေရင်း
နှင့် ဆက်ပြောလာသည်။
"မင်းမှာ အထင်ကြီးလောက်စရာ ဉာဏ်ရည်
မရှိယုံတင်မကဘူး ၊ အကြိုက်ကလည်းဆိုး
လိုက်တာလို့ တွေးမိအောင် လုပ်နိုင်တယ်။"
"အိုကေ, အိုကေ , အိုကေ , ကောင်းပြီ။ ငါက
ဉာဏ်နိမ့်တယ်။ ငါနဲ့ပတ်သတ်သမျှ အားလုံး
နိမ့်ကျတယ်။ "
ဖန်ရှီက ဝမ်ရှုရဲ့လက်ကို ချုပ်ထားလိုက်ပြီး
"အဲ့ကောင်မလေးက.......အိုကေ,သူမက မင်း
တို့ အတန်းခေါင်းဆောင်ကို မယှဥ်နိုင်ပါဘူး။
တကယ်ပြောတာ ။ "
ဝမ်ရှုက ဖန်ရှီကို စိုက်ကြည့်လာ၏။
"တက်ချ် ,စိတ်ရင်းမှန် လုံးဝ မဟုတ်ဘူး။
မင်းရဲ့ နှလုံးသားထဲမှာတော့ အရှုံးမပေး
သေးဘူး ,ဟုတ်တယ်မလား။"
"ငါ အရှုံးပေးတယ် , လုံးဝ အရှုံးပေးတယ်။
ငါ လေးဖက်ထောက်ပြီး အရှုံးပေးပါတယ်။"
ဖန်ရှီက စကားပြောရင်းနှင့် တံခါးအပြင်သို့
လှမ်းကြည့်လိုက်သည်။
" ဟေး..,ဒါကမှ တကယ့်အလှလေး။ "
ဝမ်ရှုကလည်း တစ်ချက်လှည့်ကြည့်လိုက်၏။
" ဟုတ်တယ် , အမှန်ပဲ။ "
ကုမြောင်ကစကိတ်ဘုတ်ကိုပိုက်ထားလျက်၊အခန်းထဲသို့ လျှောက်လာပြီး ကျန်ချန်ဆီသို့
တန်းတန်းမတ်မတ် လှမ်းလာသည်။ သူမက
စကိတ်ကို ထိုင်ခုံပေါ်မှာ တင်လိုက်ပြီး၊သူ့ရှေ့
မှာ ချထားသည့် ခွက်ကိုကောက်ယူ၍ ရေအ
ကုန်လုံးကိုတစ်ကျိုက်တည်းနှင့်မော့သောက်
လိုက်၏။
ကျန်ချန် တစ်ရှုးတစ်ရွက်ကို ဆွဲထုတ်ပြီး
ကုမြောင်၏နဖူးပေါ်က ချွေးစက်တွေကို သုတ်ပေးလိုက်တယ်။
"ဒီနေရာကို စကိတ်စီးပြီး လာခဲ့တာလား။ "
ကုမြောင်က ခေါင်းငြိမ့်ပြလာသည်။
"မြောင်မြောင်, ငါ့ရဲ့ ဘုရင်မလေး ။ "
ဝမ်ရှုက သူ့ခွက်ကို သူမရှေ့သို့ အသာအယာ
တွန်းပို့လာသည်။
" ဒီမှာလည်း ရေတွေအများကြီး ရှိတယ်။ "
ကုမြောင်က သူ့ကို မျက်နှာသေနှင့်လှမ်းကြည့်လာသည်။
ထိုအခါ ဝမ်ရှုက ထပ်ပြောလာ၏။
"ငါ ဒါကို မသောက်ရသေးဘူး။ သန့်ရှင်းပါ
တယ်။ "
ကုမြောင်က သူ့ကို ဗလာအမူအယာနှင့်သာ
အေးတိအေးစက်ဆက်ကြည့်နေ၏။
ဖန်ရှီက ခွက်ကို မြှောက်ပြီး ကျန်ချန်ရဲ့ခွက်
ထဲသို့ ရေလောင်းထည့်ပေးလိုက်သည့်အခါ၊
ကုမြောင်က ကျန်ချန်ရဲ့ခွက်ကိုယူ၍ နောက်တစ်ခါ တစ်ကျိုက်တည်းမော့သောက်လိုက်သည်။
"Heyy!"
ဖန်ရှီက တဟားဟားအော်ပြီး ရယ်မောလာ
သည်။
ထိုအချိန်တွင် ကုဖေးက အခန်းထဲသို့ ဝင်လာပြီး လှမ်းပြောလာ၏။
"အားမြောင် , အစ်ကိုကြီးကို ကျေးဇူးတင်
လိုက်လေ။ "
ကုမြောင်ကို မတ်တပ်ထရပ်လာပြီး သူတို့
တွေကို ဦးညွတ်ပြီး ဂါဝရပြုလာသည်။ထို့
နောက် သူမက လက်တစ်ဖက်ကိုဆန့်ထုတ်
ပြီး ကျန်ချန်ကို လက်မထောင်ပြလာ၏။
ကျန်ချန်လည်း သူမကို လက်မပြန်ထောင်ပြ
လိုက်တယ်။
"ဝမ်ရှု ,အားမြောင်အတွက် တစ်ရှုးအစို
တစ်ထုတ် ယူပေးပါဦး။ "
ကုဖေးက အခြားသူတွေကို နှုတ်ဆက်ပြီး
သည့်နောက်တွင် လက်ဆေးဖို့ရန် အပြင်
ပြန်ထွက်သွားသည်။
"ကောင်းပြီ။ "
ဝမ်ရှုကလည်း ချက်ချင်းပင် မတ်တပ်ထရပ်
လာပြီး ကုမြောင် လက်သန့်ရှင်းဖို့ရန် တစ်ရှုးအစိုထုတ် သွားယူလာသည်။
ကျန်ချန်သူမကိုကြည့်လိုက်တယ်။သူမကိုကြည့်ရတာ ပျော်ရွှင်နေပုံပေါ်ပြီး၊ဒီနေ့နေ့လည်ခင်းတုန်းက ပျော်စရာလေးတွေရှိခဲ့ပုံရသည်။
တစ်ချိန်လုံး ကျန်ချန် ဘေးမှာထိုင်နေခဲ့သည့်
ဖန်ရှီက မတ်တပ်ထရပ်ပြီးတော့ ဝမ်ရှုနံဘေးမှာ ထိုင်လိုက်သည့်အခါ ဝမ်ရှုကသူ့ကိုကြည့်
လာ၏။
"ဘာလဲ။မင်းက ငါနဲ့ပြိုင်သောက်မလို့လား။"
ဖန်ရှီ ဘာပြောရမှန်း မသိဖြစ်သွားတယ်။
"......ငါတို့က အသားပေါင်မုန့် စားနေတာလေ။ငါက ဘာကိစ္စ မင်းကို ပြိုင်ရမှာလဲ။ "
"မင်းကငါတို့အသားပေါင်မုန့်ကိုအထင်သေး
တာလား ။ ငါ မင်းကို ပြောလိုက်မယ်။ငါတို့
မြို့မှာ ဘယ်သူ့ကိုမေးမေး ဝမ်အာပေါင်မုန့်
..........."
ဝမ်ရှုက သူတို့ပေါင်မုန့်အကြောင်းကို ပြော
လိုက်သည်နှင့်တစ်ပြိုင်နက်တည်း သူ့ စွမ်းရည်အဆင့်အတန်းလည်း မြင့်တက်လာ၏။ သူ စကားစပြောလိုက်သည်နှင့်သူ့အကြည့်တွေက ပရိုမိုးရှင်းဆင်းနေတဲ့ ကိုယ်စားလှယ်
တစ်ယောက်လိုမျိုး ဖန်ရှီဆီမှာ မြဲမြံနေသည်။
.
သူ အခန်းထဲသို့ ပြန်ဝင်လာသည့်အချိန်တွင်
ကျန်ချန်၏နံဘေးရှိ ထိုင်ခုံ အလွတ်ကို မြင်
လိုက်ရသည့်အခါ၊ကုဖေးတုံ့ဆိုင်းသွားသည်။
ထို့နောက်တွင် ဝမ်ရှုဘေးမှာ ထိုင်နေသည့်
ဖန်ရှီ၏ ကူကယ်ရာမဲ့နေသည့် မျက်နှာအမူ
အယာကို မြင်လိုက်ရ၏။ ကုဖေး သက်ပြင်း
ချလိုက်ပြီး၊ကြားဖြတ်ပြောလိုက်တယ်။
" ခေါင်းဆောင်,ငါတို့အားလုံးဗိုက်ဆာနေပြီ။
စားကြရအောင်။ "
"ငါတို့တွေက မင်းကိုမစောင့်နေရဘူးဆိုရင်
အစောကြီးတည်းက စားပြီးနေပြီ။ နေဦး။ "
ဝမ်ရှုက မတ်တပ်ထရပ်ပြီးတော့ မီးဖိုချောင်
ထဲသို့ ဝင်သွားသည်။
သူထိုင်ခုံမှာဝင်ထိုင်ပြီးချိန်တွင်၊မျက်နှာချင်း
ဆိုင်ရှိ ဖန်ရှီက သက်ပြင်းချလာသည်။
" ငါ သူ့ကို သောက်ရမ်း ရိုက်ချင်နေတာ။"
ကျန်ချန် ရယ်မောလိုက်တယ်။ သူ ကုဖေးကို
နည်းနည်းလေး စိတ်ဆိုးနေသေးသည်။ သူ
ထိုအကြောင်းကို တွေးမိသည့် အချိန်တိုင်း
စိတ်ရှုပ်ထွေးမှုတွေနှင့် မကျေနပ်မှုတွေကို
ခံစားနေရသေး၏။ဒါပေမဲ့ ကုဖေး သူ့နံဘေး
မှာ ဝင်ထိုင်လိုက်ချိန်တွင် ကုဖေးရဲ့ကိုယ်ပေါ်မှ ရင်းနှီးကျွမ်းဝင်နေသည့် ကိုယ်သင်းနံ့လေးကြောင့် သူ့စိတ်အခြေအနေသည် ရုတ်တရက်ကြီး အကောင်းဘက်သို့ ကူးပြောင်းလာမှန်းကျန်ချန် ခံစားမိလိုက်သည်။
လူတွေက သဘောထားကွဲလွဲမှုတွေဖြစ်လာ
တဲ့အချိန်မှာ အတော်လေး ရယ်စရာကောင်း
လာတာပဲ....
ကုဖေးက လက်နှစ်ဖက်ကို အောက်ချလိုက်
ပြီး၊ စားပွဲအောက်တွင် သူ့လက်တစ်ဖက်ကို
ဆန့်ထုတ်လာပြီး ကျန်ချန်၏ ပေါင်ကိုပွတ်
သပ်လာသည်။ ကျန်ချန် သူ့ကိုကြည့်လိုက်တယ်။ ကုဖေးက သူ့ကို ပြုံးရယ်ပြလာပြီး
နောက်တွင် သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်
ပြီး ဖွဖွကလေး ဖျစ်ညှစ်လာ၏။
ထိုအခိုက်ဝယ် ဖန်ရှီက လည်ချောင်းရှင်းလာ၏။
ကုဖေးက တစ်ခစ်ခစ် ရယ်မော၍ သူ့ကို လှမ်းကြည့်လိုက်သည်။
"ဘာလဲ?။ "
"ဒီမြင်ကွင်းကိုဆက်ပြီးမကြည့်နိုင်တော့ဘူး။"
ဖန်ရှီက ကုမြောင်ကိုကြည့်ပြီး ဆက် ပြောလာသည်။
" ကုမြောင် , မီးဖိုချောင်ထဲမှာအသားပေါင်မုန့် သွားယူကြမလား?။ "
ကုမြောင် ဖန်ခွက်ကို လက်နှစ်ဖက်နှင့်ကိုင်
ထားရင်း ဖန်ရှီကိုပြန်ကြည့်လာသည်။
ဖန်ရှီလည်း စားပွဲခုံကို မှီပြီး ရှေ့တိုး၍ သူမကို ထပ်မေးလိုက်တယ် ။
" ငါတို့တွေ အသားပေါင်မုန့် သွားယူကြ
မလား?။ "
ယခုတစ်ခေါက်တွင်မူ ကုမြောင်က တုံ့ပြန်လာသည်။ သူမက ဗိုက်ဆာနေတာကြောင့်လည်း ဖြစ်နိုင်၏။ သူမက မတ်တပ်ထရပ်ပြီး ဖန်ရှီ နောက်မှနေ၍၊ မီးဖိုချောင်ဆီသို့ လိုက်သွားခဲ့သည်။သူမက အခန်းအပြင်သို့ထွက်သွားချိန်တွင် အခန်းတံခါးကို ပိတ်ပေးသွား၏။
တံခါးပိတ်သွားသည့်ခဏတွင် ကုဖေးက
ကျန်ချန်၏ပါးကို အနမ်းချွေလာသည်။
ကျန်ချန်လည်း အရှေ့သို့ မှီချလိုက်ပြီး
သူ့လည်တိုင်ကို ကိုက်ခဲလိုက်တယ်။
"ငန်လား ?။ "
ကျန်ချန် "အင်း " ဟု ပြန်ဖြေလိုက်ပြီး၊ရေ
နွေးခွက်ကို မော့သောက်လိုက်တယ်။
ကုဖေးက ပြုံးရယ်လာသည်။
"အားမြောင်က ဒီနေ့ ကစားနည်းတွေအများ
ကြီး ကစားလာတာ။ငါလည်း အတူလိုက် ဆော့ပေးနေရလို့ .....ချွေးတွေစိုနေတာ။ "
ကုဖေးက ဒီလိုမျိုး ပြုံးပြလာတိုင်း၊ ဒီလိုမျိုး
သူ့နားမှာကပ်ပြီး ညင်ညင်သာသာ ပြောပြ
လာတိုင်း ကျန်ချန် သူ့ကိုယ်သူ မရိုးသားတဲ့
တစ်ယောက်ဖြစ်သွားသလိုမျိုးခံစားလိုက်ရ
သည်။ယခုအခိုက်အတန့်လေးတွင်သူအဖြစ်ချင်ဆုံးက ဘာကိုမျှ စိတ်ပူစရာမလို တွေးဖို့
မလိုပဲ ကုဖေးကိုသာငေးကြည့်နေချင်၏။
ဘယ်လို ဝမ်နည်းစရာမျိုးမဆို၊ ဘယ်လို
အခက်အခဲမဆို၊ ဘယ်ဟာမဆို.......သူ
တို့အကုန်လုံးကို ဘေးဖယ်ထားလိုက်မည်။
ဖန်ရှီ၏ စိတ်ကူးယဉ် ဖန်တီးထားတဲ့ စတုတ္ထအဖိုးနာရေး ပြီးသွား၍ ရှည်လျားသည့် နှစ်ရက်တာအားလပ်ရက် ခရီးအဆုံးသတ်သွားသည့်တိုင်အောင် သူထိုစိတ်အနှောင့်အယှက် ဖြစ်စရာမေးခွန်းကို ဆက်ပြီးမစဥ်းစားဖြစ်ခဲ့ချေ။
ဖန်ရှီကို လိုက်ပို့ပြီးနှုတ်ဆက်ပြီးသည့်နောက်
တွင်၊ သူတို့နှစ်ယောက်သား သူ့တိုက်ခန်းဆီသို့ ပြန်လာခဲ့ကြသည်။အိပ်ယာပေါ်မှာခဏ
တစ်ဖြုတ် လုံးလားထွေးလားနှင့်နေပြီးသည့်
နောက်မှာတော့ မပျော်ရွှင်မှုတွေ၊စိတ်တထင့်ထင့်ဖြစ်မှုတွေ ဖြည်းဖြည်းချင်းပြန် မြင့်တက်လာ၏။
အမြစ်ဖြတ်လို့မရနိုင်သည့် ပေါင်းပင်တွေလို
မျိုး၊ခဏတာလေးသတိမမူမိလိုက်သည်နှင့် နောက်တစ်ဖန် ခေါင်းပြန်ထောင်လာဖို့ရန်လုံ
လောက်နေပြီဖြစ်သည်။
နောက်ဆုံးတော့လည်း ,အမြစ်တွေကရှင်သန်နေဆဲပင်....
ကုဖေးက သူ့နံဘေးတွင် လဲလျောင်နေပြီး
ဖုန်းသုံးနေ၏။ ကျန်ချန် သူ့ကိုအနောက်က
နေလက်နှစ်ဖက်နှင့်ထွေးပိုက်လိုက်တယ်။
"Heyy...."
ကုဖေးက "ဟမ် "ဟု ပြန်ထူးရင်း သူ့လက်
မောင်းကို ပွတ်သပ်ပေးလာသည်။
"ငါ ခဏနေရင် စာလုပ်မလို့။ မင်း ဒီည မပြန်
တော့ပဲ ငါ့ကို အဖော်ပြုပေးမယ်မလား?။ "
"သေချာတာပေါ့။ "
ကုဖေးက ပက်လက်လန် လဲအိပ်လာပြီး၊ သူ့
လက်တစ်ဖက်ကို ဆွဲယူပြီးတော့ သူ့ကိုယ်ပေါ်မှာ တင်ထား၏။
"မင်းလည်း.....စာ နည်းနည်းလောက် လေ့
လာချင်လား ?။ "
"ငါ အရင်ဆုံး အိမ်စာတွေကို ကူးသင့်တာ။ "
ကုဖေးက သူ့စကားနှင့်သူ တခစ်ခစ်ရယ်
မောလာသည်။
"ကုဖေး..."
ကျန်ချန်က တိုးသက်သည့်အသံနှင့်မမေးခင် ခဏလောက်တိတ်ဆိတ်သွား၏။
"မင်း တက္ကသိုလ် လျှောက်ဖို့ အစီအစဉ် မရှိ
ဘူးလား။ "
" ငါ လျှောက်ဖြစ်ခဲ့ရင်တောင်,အနီးအနားက
တစ်ခုပဲရှိတယ်။ဟိုအမှိုက်ကောလိပ်လေ ။"
"ကုမြောင်ကြောင့်လား ?။ "
"ပြသာနာနည်းနည်းလေးတော့ရှိတယ်။ "
ကုဖေးက သူ့ဖုန်းကို ဘေးမှာ ချလိုက်သည်။
"အားမြောင်အတွက် ပတ်ဝန်းကျင်ပြောင်း
ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါ့အတွက်လည်း
သူမကို ထားခဲ့ပြီး ၊ အခြားတစ်နေရာမှာ ကျောင်းသွားတက်ဖို့ ဆိုတာ မလွယ်ဘူး ။
ငါ့အမေနဲ့ သူမက , ငါသာ ဒီမှာမရှိရင်
ရှုပ်ထွေးကုန်လိမ့်မယ်။ "
"အင်း ။ "
ကျန်ချန် ခေါင်းငြိမ့်ပြလိုက်တယ်။သူ ဒါတွေအကုန်လုံးကိုသိပြီးသားဖြစ်သည်။ကုမြောင်
က သူမစကိတ်ပေါ်က ဘီးတွေ ပြောင်းလဲဖို့
ကိုတောင် လက်သင့်ခံနိုင်တာ မဟုတ်ဘူး။
ကုဖေးက သူတို့ကို မပြောဘူးဆိုရင်တောင်
သူ ဒီပြသာနာတွေကို သိပါတယ်။ပြီးတော့
သူ နားလည်တယ်။ ဒါပေမဲ့ တစ်ခုခုမှားနေ
တယ်လို့ သူ ခံစားနေရ၏။ ၎င်းကဘာမှန်း အတိအကျမသိသော်လည်း၊ သူရဲ့ဘဝ
အတွက် သူ ဒါကို မစဥ်းစားချင်တော့ဘူး။
သူတို့နှစ်ယောက်လုံး ထိုအတိုင်းသာ လဲနေ
ခဲ့ကြပြီး၊ သူတို့ကိုယ်ပိုင်အတွေးကမ္ဘာထဲမှာ
ပျောက်ဆုံးနေခဲ့ကြပြီး အချိန် အတန်ကြာသည်အထိ စကားမပြောမိကြပေ။
ကျန်ချန် စကားစလိုက်တယ်။
"စာမေးပွဲပြီးသွားရင် ငါက ကျောင်းတက်ဖို့
ထွက်သွားရမယ်။မင်းက ဒီမှာပဲ ကျန်နေခဲ့
မယ်၊ ဟုတ်တယ်မလား။ "
ကုဖေးက "အင်း " ဟု ပြန်ဖြေလာသည်။
" ပြီးတော့ ဘာဖြစ်လဲ?။ "
ကျန်ချန် သူ့ကို ကြည့်လိုက်တယ်။
ကုဖေးက အနည်းငယ် မျက်နှာပျက်သွားပြီး
ကျန်ချန်ဘက်သို့ မျက်နှာလှည့်လာ၏။
"ဘာဖြစ်လာမလဲဆိုတာ ငါမသိဘူး ၊တစ်ချို့
ကိစ္စတွေက အဆုံးအဖြတ်မပေး...."
"အဲ့ဒါက ဘာကိုဆိုလိုချင်တာလဲ ?။ "
ကျန်ချန် အိပ်ယာပေါ်မှ ထထိုင်လိုက်တယ်။
"မင်းက LDRS ကို အယုံအကြည်မရှိတာ
လား?။"
"မဟုတ်ဘူး ။ "
ကုဖေးကလည်း လဲအိပ်နေရာမှ ထထိုင်လာသည်။
" ငါက အဲ့လိုဆိုလိုတာမဟုတ်ဘူး။ ငါပြောချင်တာက......"
"ကုဖေး.."
ကျန်ချန် သူ့စကားကိုဖြတ်ပြောလိုက်တယ်။
"မင်း ငါ့ကို တစ်ခါမေးဖူးတယ်နော်။ငါက မင်းနဲ့ရည်းစားဖြစ်ချင်တာလား?ဒါမှမဟုတ် မင်းနဲ့ ရည်းစား ထားကြည့်ချင်တာလားလို့လေ။"
ကုဖေးက "အင်း..."ဟုဆိုရင်း သူ့လက်ကို ဆုပ်ကိုင်လာသည်။
"ငါ အရင်တုန်းက သိချင်ခဲ့တယ်။မင်း ဘာလို့ ငါ့ကို ဒီလိုမေးတာလဲဆိုတာ။အခု ငါသိပြီ။ရည်းစားဖြစ်ချင်တဲ့သူ ငါဖြစ်နေပြီးတော့ ရည်းစားထားကြည့်ချင်နေတဲ့ သူက........"
ကုဖေးဆုပ်ကိုင်ထားသည့်လက်ကို ကျန်ချန်
ရုန်းလိုက်ပြီး၊ ကုဖေးကို လက်ညိုးဖြင့်ညွှန်ပြီး ဆက်ပြောလိုက်တယ်။
"မင်းပဲ ! "
....
Next chapter will be a little hurt !!!!
တစ်စုံတစ်ရာ အမှားအယွင်း ရှိခဲ့ရင် ဘာသာပြန်သူ၏အမှားအယွင်းသာ ဖြစ်ပါသည်။*
ကျန်းမာရေး ကို အထူးဂရုစိုက်ပါနော်။