The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 30

1.7K 260 51
By Astronv_61

Unicode

ဘခ်ဟျွန်းအခန်းထဲဝင်ကာ လော့ချပြီးသည်နှင့် ကုတင်ပေါ် ပြေးမှောက်မိသည်။ နှာရည်များဟာ ခေါင်းအုံးတစ်လျှောက် ရွှဲကနဲ။ ခေါင်းအုံးနှင့် မျက်နှာအပ်ထားရင်းမှ တအင့်အင့်ရှိုက်သံများက အစ်ထွက်နေပြီး အသက်ရှူကြပ်နေသည့်နှယ် ဖြစ်နေသော်ငြား ခေါင်းလည်းမထောင်မိ။ ခေါင်းထဲ တောက်လျှောက် ပြေးဝင်လာသည့် မြင်ကွင်းများက သူ့အမေရဲ့ သွေးအိုင်။ အမြဲလိုလို အိမ်မက်ဆိုးတွေထဲအထိ နှောင့်ယှက်ခံခဲ့ရသည့် အဖြစ်အပျက်ဆိုးတွေ။ ကြုံတွေ့ခဲ့ရသည်များက ပြီးခဲ့ပြီးဖြစ်သည့်တိုင် ခံစားရတာတော့ ဘခ်ဟျွန်းကိုယ်တိုင်မို့ ခုချိန်ထိ နာကျင်မှု၊ ကြောက်ရွံ့မှုတိုင်းကို မမေ့နိုင်ပါချေ။ အမြဲလိုလို ဒုက္ခပတ်လည်ဝိုင်းနေသည့် အကြောင်းပြချက်က ထိုအရေးမပါသည့် လူတစ်ယောက်အတွက် ကြင်ရာတော်အဖြစ် ဖြစ်တည်လာ၍ တဲ့လား။

တော်တော်ကြာသည်အထိ ရှိုက်နေပြီးမှ အသက်ရှူကြပ်လာ၍ထင်၊ ငုပ်တုပ်ထိုင်ကာ မျက်ရည်တို့ကို ရွှတ်ကနဲ မြည်အောင် သုတ်သည်။

"အရေးမပါတာ"

ရှိုက်သံတစ်စွန်းတစ်စနှင့် ဆိုသော စကားက နှာသံလေးများပင် ပေါက်နေသေးသည်အထိ။

ဘခ်ဟျွန်းဘဝ တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်စေသည်သာမက လက်တွဲဖော်ကအစ လာပြီး ကန့်သတ်နေချင်သေးသည်။ ပိုပြီး ဒေါသထွက်စေသည်က မကျေနပ်သည့်တိုင် ထိုကံကြမ္မာကို ပြောင်းလဲမရဟူသည်ကို သိနေသောကြောင့်။ ငယ်ငယ်ကတည်းက မိမိဘဝက မရိုးရှင်းမှန်း အရိပ်အမြွက်သိထားရသည်မို့ ချန်းယောလ်တို့ ကိစ္စအား မထူးဆန်းခြင်းဖြစ်သော်ငြား၊ ထိုသို့အကြောင်းအရင်းမှန်ကတော့ ဘခ်ဟျွန်းအား မည်သို့မှ လက်မခံစေနိုင်။

မုန်းပါ၏။ မိမိဖြစ်တည်မှုကိုလည်း မုန်းသလို ထိုကံကြမ္မာကိုလည်း မုန်းသည်။

အရာအားလုံးက ထိုအမည်မသိသည့်သူနှင့် ဆုံဖို့အတွက်လေးကြောင့်နှင့် သူ့ဘဝနာခဲ့ရသည်ကို စဥ်းစားမိတိုင်း အဆုံးမရှိ ဒေါသထွက်လာစေသည့်အပြင် မျက်ရည်များပါ တာကျိုးစေလာသည်အထိ။

အချိန်တော်တော်ကြာသည်အထိ၊ ဦးနှောက်ထဲက ဝမ်းနည်းမှုပုံရိပ်များက ထွက်မသွားနိုင်။ အိပ်ပျော်သွားလျှင် စိတ်ငြိမ်သွားမလားအတွေးနှင့် အိပ်ရာထဲကွေးပြီးသာ စောင်ခြုံထားလိုက်သော်ငြားလည်း အိပ်မပျော်။ ရှိုက်သံများဖြင့်သာ တစ်ခန်းလုံး ပြည့်နှက်နေတော့၏။

အချိန်မည်မျှ ကြာသွားပြီလဲ ဘခ်ဟျွန်းမသိ။ လောလောဆယ် မျက်ရည်တစ်ပုံးစာလောက် သွန်ထားရသည်မို့ သူ့ခေါင်းတွေထိုးကိုက်နေပြီး အိပ်ချင်နေသည်သာသိသည်။ သို့ပေမယ့် အိပ်လို့မပျော်၊ မျက်လုံးမှိတ်လိုက်တိုင်းမှာ ကြောက်ဖို့ကောင်းသည့် အတိတ်ဆိုး မြင်ကွင်းများကသာ ခေါင်းထဲ တလှိမ်လှိမ့်တိုးဝင်နေဆဲ။

နံရံထောင့်ကပ်သည်အထိ ကွေးကွေးလေးအိပ်နေရာမှ ထထိုင်လိုက်တော့ ပုခုံးထိဆွဲခြုံထားသည့် ဂွမ်းစောင်ကြီးက လျှောကျသွားသည်။ လည်ပင်းတစ်လျှောက် စိုစွတ်စွာ စီးဆင်းနေသည်များက ချွေးတွေလား မျက်ရည်တွေလား မသဲကွဲ။ နှုတ်ခမ်းတစ်ချက်သပ်ကာ သက်ပြင်းမှုတ်ထုတ်လိုက်ရသည်။ သူချန်းယောလ်နှင့် စကားပြောဖို့လိုနေသည်။

ခေါင်းရင်းနား စားပွဲရှိ ဖုန်းကိုယူကြည့်မိတော့ အချိန်ကား ည ၁၂ ဖြစ်နေပြီ။ စိတ်အတက်အကျ မြန်သည့်သူဖြစ်သည့်တိုင် ထိုကိစ္စကိုတော့ ဘခ်ဟျွန်းဖြေဆည်မရဖြစ်နေသည်မှာ နှစ်နာရီလောက် ကြာမြင့်သည်အထိ။ အတွေးတွေငြိမ်သွားတော့မှ သတိပြုမိသည်ကလည်း သူမဟုတ်သည့် တစ်ခြားသူတစ်ယောက်နှင့် လက်ဆက်ရမည်ဆိုသည်ကို။

အတွေးနှင့်အတူ ထိုနေရာတွင်သာ ငိုင်ကျသွားမိပြန်၏။ သူက ချန်းယောလ်ကိုပဲ ချစ်တာလေ။ ဘာကြောင့်များ နာမည်တောင်မသိသည့် လူတစ်ယောက်နှင့် လက်တွဲရမည်နည်း။

"မုန်းလိုက်တာ မုန်းလိုက်တာ မုန်းလိုက်တာ"

ဘယ်သူ့ကို စိတ်တိုရမလဲမသိစွာ စောင်ပုံထဲ လက်သီးထိုးချမိသည်။

မိမိဖြစ်တည်မှုကြောင့် ဝမ်းနည်းမှုများကိုတော့ သူ့အပေါ်မပုံချချင်၍ ရှောင်နေခြင်းဖြစ်သည့်တိုင် ဒီကိစ္စကိုတွေးမိတော့ မျက်နှာချင်းဆိုင် အော်မေးပစ်ချင်လာ၏။ သက်ပြင်းတစ်ချက်နှင့်အတူ စောင်ပုံထဲကနေထွက်ကာ ကြမ်းခင်းပေါ်ခြေချလိုက်သည်။ သူသေချာလေး စကားပြောဖို့လိုနေသည်။

တံခါးဖွင့်ကြည့်လိုက်တော့ မှောင်မဲနေသည့်အခန်းက မြင်လွှာထဲ စီးကြိုသည်။ ဘခ်ဟျွန်းအခန်းထဲ မဝင်ခင်က ထားခဲ့သည့်အတိုင်းပင်။ နည်းနည်းလေးမှ ပြောင်းလဲခြင်းမရှိသည်မို့ အခန်းပြင်ထွက်ကာ အိမ်ရှေ့ထိ လျှောက်လာလိုက်သည်။ ချန်းယောလ်က ဆိုဖာပေါ်မှာ အိပ်တတ်သည်မို့ အမြဲလိုလိုရင်းနှီးနေကျ ပုံရိပ်လေးမြင်ရနိုးအတွေးနှင့်အတူ ဧည့်ခန်းထဲ ခေါင်းပြူကြည့်လိုက်ပေမယ့် ဟာလာဟင်းဟင်း ဗလာဖြစ်နေသော အခြေအနေကိုသာ တွေ့လိုက်ရသည်။

ချန်းယောလ်နှင့် တူသည့်အရိပ်အယောင်ဟူ၍ တစ်စိုးတစ်စိမှ မရှိ။ တစ်ခန်းလုံးသည် မှောင်မဲနေပြီး မကြာသေးခင်ကမှ အစိမ်းရောင်သန်းနေသော ဓားကိုလည်းမတွေ့မိ။

ရင်ထဲထိတ်ကနဲ ဖြစ်သွားမှုနှင့်အတူ မီးအမြန်ဖွင့်ကြည့်သော်ငြားလည်း လူတစ်ယောက်မှမရှိသည့် အခန်းလယ်ထဲ ဘခ်ဟျွန်းတစ်ယောက်တည်း။ ခြေထောက်များပင် ခွေယိုင်သွားမတတ်။ အလျင်အမြန်ပင် အိမ်ရှေ့ပြေးထွက်ကာ ခြံထဲဆင်းရှာကြည့်သော်ငြားလည်း မတွေ့။ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မဲနေပြီး တိရိစ္ဆာန်တို့၏ သေးသေးမွှားမွှား အော်သံများပင် မဆိုလေနှင့်၊ လေတိုးသံပင် မခံစားရသယောင်။ ကြောက်ရွံ့လာသည့်စိတ်ကို အသာထိန်းကာ ဂိုထောင်ထဲဝင်ရှာကြည့်သည်။

ကားသည် နေရာတကျ။ သို့ပေမယ့် လူမရှိ။ ဘယ်များသွားနေသည်လဲ။ အနောက်ဖေးတွေထိလဲ ဘခ်ဟျွန်းမရှာတတ်။ ထိုအနောက်တံခါးက ချန်းယောလ်မသိလိုက်မသိဘာသာလား၊ တမင်သက်သက်လား မသဲကွဲစွာပင် သော့ခတ်ထားတတ်သည်ကြောင့် ဘခ်ဟျွန်းလည်း ယောင်လို့တောင် စကားမဟခြင်းသာ။ ယခုတော့ တစ်အိမ်လုံးအနှံ့ရှာကြည့်သော်ငြား သူသည်မရှိ။

ချန်းယောလ်က တစ်ခုခုဆို သူ့ကိုမပြောဘဲ ဘယ်ကိုမှသွားလေ့မရှိသည့်တိုင် ယခုတော့ ပြောမသွားသည်က ဘာအဓိပ္ပာယ်လဲ။ ဘခ်ဟျွန်းအော်လိုက်မိ၍ ဒေါသထွက်သွားသည်လား။ ပြန်စဥ်းစားမိတော့ မကြာသေးခင်က စကားဝိုင်းမှာ ဘခ်ဟျွန်းအတော်ကို ဒေါသထွက်ထွက်နှင့် အော်ဟစ်မိခဲ့သည်ပင်။

နှစ်နာရီကြာလောက်အထိ မပျောက်ပျက်နိုင်သည့် ဒေါသက ယခုအချိန်မှ ရုတ်ချည်းအစပင်ရှာမရတော့။ ရင်ထဲပူလောင်မှုနှင့်အတူ ခေါင်းကိုခပ်မြန်မြန်အလုပ်ပေး စဥ်းစားတော့ ဖုန်း။

ဖုန်းခေါ်ရမည်။

အတွေးနှင့်အတူ အခန်းထဲကဖုန်းကိုယူလာကာ ဆက်သွယ်ကြည့်သည်။ ဆိုဖာပေါ် ခပ်ကျုံ့ကျုံ့လေး ဝင်ထိုင်ရင်း ဖုန်းမြည်သံ တတူတူကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေမိသည်။ တဖြည်းဖြည်း စက္ကန့်တို့သာ ကြာလွန်လာသည်၊ ဖြေကိုင်မည့် အရိပ်အယောင်မရှိ။ နောက်ဆုံး အော်ပရေတာမိန်းကလေး အသံနှင့်သာ အဆုံးသတ်သည်မို့ ရင်ထဲလေးလံသည့် အစိုင်အခဲတစ်ခုနှင့် အဖိခံလိုက်ရသလို။

လက်မလျှော့၊ နောက်တစ်ကြိမ် ပြန်ခေါ်မိတော့ အသံထပ်မြည်သည်။

ခြေချောင်းလေးများကိုပင် ကုပ်ထားကာ နှုတ်ကလည်း ကိုင်ပါဟူသော စကားစုကိုသာ ခပ်တိုးတိုး ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ တဖြည်းဖြည်း ရှည်ကြာလာသည့်တိုင် အဆက်မပြတ်သေးသော မြည်သံကြောင့် ဘခ်ဟျွန်းမျက်ဝန်းမှ အရည်ကြည်တစ်စက်က လှိမ့်ကနဲ။

"ကျေးဇူးပြုပြီး ..."

ခပ်တိုးတိုးတောင်းဆိုမိသော်ငြား နောက်ဆုံးအော်ပရေတာ အသံသာထွက်သည်မို့ စိတ်မရှည်စွာ ပြန်ချပြီး နောက်တစ်ကြိမ် ထပ်ခေါ်သည်။ စက်ပိတ်ထားသည်တဲ့။

လက်ထဲကဖုန်းဟာ လျှောကနဲ။ တုန်လှုပ်မှုနှင့်အတူ မျက်ရည်တို့ဟာလည်း အရှိန်မသတ်နိုင်တော့။ ဆောင့်ကြောင့်ထိုင်လျက်သားပင် ဒူးခေါင်းပေါ် မျက်နှာမှောက်ချမိတော့၏။

ဘခ်ဟျွန်းကို တစ်ပြန်စိတ်ကုန်သွားသည်လား။ အော်လိုက်မိ၍ ထားသွားသည်လား။ ရင်ထဲအဆက်မပြတ် တုန်လှုပ်မှုနှင့်အတူ ခံစားချက်က ယခင်ကကဲ့သို့ အားကိုးမရှိတော့သလို မှောက်မိုက်သွားသော အနာဂတ်။ တစ်ခန်းလုံးဟာ လင်းထိန်နေသည့်တိုင် မလုံခြုံတော့သလို ခံစားမှုကြောင့် ကျုံ့သထက်ကျုံ့အောင်ထိုင်ကာ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ဖက်ထားမိသည်။

ဘယ်ကိုသွားနိုင်လောက်လဲ။ မျက်ရည်များကြားမှ စိတ်သက်သာရအောင် ဦးနှောက်ကို အလုပ်လုပ်နေသည်ကလည်း မပြတ်လပ်နိုင်။ ယခင်ကဆို တစ်ယောက်တည်း ထားသွားလေ့မရှိသည်မို့ စဥ်းစား၍မရသည့်တိုင် ဘခ်ဟျွန်းခန့်မှန်းမိသည်ကလည်း ကုမ္ပဏီသာရှိသည်။ သို့ပေမယ့် ဒီအချိန်ကြီးတဲ့လား။ မဖြစ်နိုင်ပါချေ။ အတွေးက စိတ်သက်သာ မရစေ၊ ပို၍သာပူလောင်စေသည်။

ချန်းယောလ်နှင့် အတူနေသည်မှာ တစ်ပတ်ကျော်လောက် ရှိနေပြီဖြစ်သည့်တိုင် သူသည် ဘာအကြောင်းမှ သေချာရေရာမသိရသေး။ သိချင်စိတ် ဖြစ်သည့်တိုင် ချန်းယောလ်သည် သူနှင့်စည်းတစ်ခု ခြားကာနေသည်။

အကြောင်းပြချက်ကလည်း ဘခ်ဟျွန်းက ထိုကြင်ရာတော် ဖြစ်နေ၍ပေလား။ သူ့အကြောင်း ဘာမှလည်း ပေးမသိသကဲ့သို့ ခံစားချက်တွေလည်း မမျှဝေ။ စကားတွေ အများကြီး မပြောသည်ကပင် သိသာနေပါ၏။

ဆိုဖာပေါ်ကျနေသည့် ဖုန်းအား ကောက်ယူကာ ထပ်မံဆက်သွယ်မိသည်။ ထူးခြားမနားပင် စက်ပိတ်ထားဆဲ။ ပိတ်ထားမှန်းသိလျက်နှင့် ဖုန်းကိုလက်ထဲကမချဘဲ တောက်လျှောက် ခေါ်နေမိပြီး ရှိုက်သံတိုးညှင်းညှင်းဟာလည်း အခန်းတစ်လျှောက် လွင့်ပျံ့လျက်။ ဧည့်ခန်းတစ်ခန်းလုံး လင်းထိန်နေသော်ငြား ဆိုဖာပေါ်ကျုံ့ကျုံ့လေးထိုင်နေသော လူသားကဖြင့် ကြောက်ရွံ့နေသည့်နှယ်။ တစ်အိမ်လုံးတွင် တစ်ယောက်တည်းသာ။

_

Bar အတွင်းတစ်နေရာ။
မီးရောင်ခပ်မှိန်မှိန်နှင့်အတူ တိုးညှင်းသော စကားသံအချို့နှင့် သီချင်းသံခပ်ဖျော့ဖျော့က တစ်ဆိုင်လုံးကို ပျံ့နှံ့နေပြီး စိတ်ငြိမ်စေသည်ထက် ပိုကာ စိတ်အတွင်း လှိုင်းတံပိုးတို့ ရီဝေစေသည်အထိ။

ခြေသံခပ်သွက်သွက်နှင့်အတူ ဝင်လာသော လူတစ်ယောက်။ ပေါ့ပေါ့ပါးပါး အဝတ်အစားတို့နှင့်ဖြစ်သည့်တိုင် အရက်အမောင်းနှင့် တည်ရှိမှုအရှိန်အဝါက လူတိုင်းကို လှည့်ကြည့်စေမိသည်အထိ။ လူတချို့ အကြည့်ကို အာရုံခံမိသော်ငြား တိတ်ဆိတ်နေသော အခြေအနေကြောင့် ချန်းယောလ်အတွက်လည်း စိတ်အနှောင့်အယှက် သိပ်မဖြစ်။

ဘခ်ဟျွန်းစိတ်ပင်ပန်းကာ အိပ်ပျော်နေတုန်း အချိန်လေး ဒီလာပြီး အိုဆယ်ဟွန်းနှင့် ဆွေးနွေးစရာရှိသည်များ လာပြောရန် ကြံခြင်းသာ။ တစ်ယောက်တည်း ထားခဲ့ရသော်ငြား သူကိုယ်တိုင် ဘခ်ဟျွန်းပေါ် စည်းအထပ်ထပ်ခြုံထားပေးခဲ့သည်မို့ စိတ်တော့သိပ်မပူ။ အမြဲလိုလို ဘယ်သွားသွား အနောက်က အမြှီးဆွဲလိုက်နေတတ်သည်မို့ ယခုစိတ်ဆိုးနေချိန်လေးပဲ သူ့အနားမကပ်မှာသိ၍ ထားခဲ့ခြင်းဖြစ်သည်။

သို့ပေမယ့် စိတ်ဆိုးသွားသော အခြေအနေမှာ တစ်ယောက်တည်းထားခဲ့ရသည်မို့ စိတ်ကသိပ်မဖြောင့်။ ပြင်ပအန္တရာယ်တွေ စိုးရိမ်ခြင်းမဟုတ်ဘဲ ဘခ်ဟျွန်းတစ်ခုခု စိတ်ရူးပေါက်မည်ကိုသာ စိုးရိမ်ခြင်းဖြစ်သည်။ ဒီကောင်လေးက အငိုလွယ်ပေမယ့် လွယ်လွယ် အရှုံးပေးတတ်သည့်ထဲ မပါသည်မို့သာ အနည်းငယ် သက်မချရရုံ။

ထိုအချိန်က ဘခ်ဟျွန်းပြောသွားသည်များကလည်း တစ်ခုမှ မမှားသည့်တိုင် ထိုဝမ်းနည်းသွားသည့် အမူအရာက ချန်းယောလ်ကို နေရထိုင်ရ ခက်စေသည်မို့ ထိုနေရာတွင်သာ အတော်ကြာအထိ ကြောင်အနေမိသေးသည်။ မိမိကံကြမ္မာကို သိရ၍ ငိုသည်တဲ့။ ဘာကြောင့်မှန်း ချန်းယောလ်မသိသော်ငြား သူ့ဘဝသက်တမ်းတစ်လျှောက်လုံး ဖတ်ခဲ့ဖူးသမျှ မှတ်တမ်းတွေအရတော့ ကြင်ရာတော်တွေကို စံအိမ်ခေါ်ယူရတာ လွယ်လွန်းသည်ပင်။ ဘခ်ဟျွန်းကျမှ ...

ယောကျ်ားလေးဖြစ်နေ၍လား၊ တွေးမိသော်ငြား မဆိုင်ပါ။ အထက်ကောင်းကင်အဖွဲ့အစည်းက ပထမဆုံးစောင့်ရှောက်သူ၏ ကြင်ရာတော်သည် အမျိုးသားဖြစ်ခဲ့ဖူးသည်။ ထို့အတူ နှစ်ယောက်လုံးဟာလည်း ချစ်ချစ်ခင်ခင်ဖြင့် ပြဿနာတစ်စမသီဘဲ သက်ဆုံးတိုင်နေသွားခဲ့ကြဖူးသည်။

အင်း ... သို့သည့်တိုင် မတူပါချေ။
ဘခ်ဟျွန်းသည် အမည်နာမ ပေါက်ကြားခြင်းခံထားရသော ကြင်ရာတော်မဟုတ်ပေလား။ ထိုတစ်ချက်နှင့်ပင် တစ်ဘဝလုံးနာထားသော ဘခ်ဟျွန်းအတွက် ဤအချက်က စိတ်နာစရာဖြစ်နေလောက်သည်။ သူက သိပ်မစဥ်းစားပေးမိလိုက်တာပင်။ ဒါကိုတောင် သူ့ခံစားချက်တစ်ခုတည်းကိုပဲ ကြောက်ရွံ့နေပြီး စံအိမ်ကို အတင်းပို့ဖို့ရန် စီစဥ်မိလိုက်သေးသည်။ အိုဆယ်ဟွန်း ပြောသလောက်လည်း မှန်ပါသည်။ သူ ချက်ချင်း ဘယ်လက်ခံနိုင်ပါ့မလဲ။

အခန်းထဲက ရှိုက်သံတစ်စွန်းတစ်စကို ပြန်လည်ကြားယောင်မိတော့ ချန်းယောလ် သက်ပြင်းမချမိဘဲ မနေနိုင်။

ဘားကောင်တာရှေ့ရောက်လာတော့မှ သတိပြုမိသည်က ယခင်ကလို သခင်ပျိုနှယ် မောက်မာသည့် အကြည့်တွေနှင့် barman လေး မဟုတ်တော့သည်မို့ အနားသွားကာ မေးလိုက်သည်။

"အိုဆယ်ဟွန်းရှိလား"

ဝိုင်ခွက်များကို ပိတ်အဖြူလေးနှင့် တစ်ခွက်ချင်း အေးဆေးသုတ်နေသော ကောင်လေးက အကြည့်တစ်ချက် ဝင့်ကြည့်သည်။ ထို့နောက် ဆွဲဆောင်မှုရှိရှိ ပြုံးပြသည်။ သူ့ကြည့်ရတာ ချန်းယောလ် ဘယ်သူမှန်းသိပုံမရ။ ထို့ကြောင့်လည်း ထိုသို့အမူအရာတွေနှင့် ဆွယ်ရဲနေတာ။ အနံ့အရတော့ လူသားမဟုတ်သည်ကို အဘယ်ကြောင့်များ ချန်းယောလ်အကြောင်း မသိရသည်တဲ့လဲ။ ဒါမှမဟုတ် တမင် မကြောက်ပြတာများလား။ ထိုအတွေးကို ထိုကောင်လေးက အတည်ပြုသည်။

"သခင်က အခန်းထဲမှာပါ သခင်လေးပတ်"

ချန်းယောလ် မျက်ခုံးတို့တွန့်ချိုးမိလိုက်သော်ငြား အတွေးထဲက ဘခ်ဟျွန်းထွက်မသွားသေးသည်မို့ စိတ်မဆတ်နိုင်သေး။ အိုဆယ်ဟွန်း အခန်းထဲဝင်ရန် bar ကောင်တာနောက်ကို ခြေလှမ်းလိုက်စဥ်တွင်ပင် ထိုကောင်လေးက ထပ်ဆိုလာပြန်၏။

"အတင့်ရဲမိတာ ခွင့်လွှတ်ပါ၊ အခုအချိန်တော့ မသွားဖို့ အကြံပြုပါရစေ သခင်လေး၊ သခင်က အချိန်ကောင်းလေးကို ဖြတ်သန်းနေတုန်းပါ"

အပြုံးတစ်ပွင့်ဖြင့် အေးဆေးသက်သာ ဆိုသောစကားဖြစ်သည့်တိုင် ချန်းယောလ် သေချာနားလည်လိုက်သည်။ ပုံမှန်စိတ်နှင့်သာဆို ထိုသာမညောင်ည barman လေး စကားကို နားထဲထည့်နေမှာ မဟုတ်သည့်တိုင် လောလောဆယ် စိတ်မကြည်မှုကြောင့် တစ်နေရာတွင်သာ ဝင်ထိုင်နေလိုက်သည်။

ချန်းယောလ်အပြုအမူကြောင့် တစ်ဖက်ကောင်လေး မျက်ခုံးပင့်မိလိုက်သည်ကိုတော့ အတွေးတွေပွားနေသည့် ချန်းယောလ်မမြင်ဖြစ်လိုက်။

ခဏလောက်ကြာပြီးတော့မှ အခန်းအတွင်းက ထွက်လာသော ဆယ်ဟွန်းက ဘာမှသိပ်ထူးခြားမှုမရှိသည့်တိုင် အင်္ကျီကတော့ သိသိသာသာ ကြေမွနေသည်။ ချန်းယောလ် မမြင်ချင်ယောင်သာ ဆောင်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

ချန်းယောလ်ဘေးတစ်နေရာတွင် အသာဝင်ထိုင်ရင်း စကားဆိုပြီးသည်နှင့် barman လေးထံ အချက်ပြကာ သောက်စရာတစ်ခုခု လာချခိုင်းသည်။

"မင်းမှာ ဓားကို ထိန်းချုပ်နည်း စာအုပ်ရှိတယ်မလား"

ဆယ်ဟွန်း တစ်ချက်လှည့်ကြည့်သည်။ ထို့နောက် ဂရုမထားသလိုဖြင့် ပြန်လည်မေးခွန်းမထုတ်ဘဲ လိုရင်းသာဖြေ၏။

"ရှိတယ်လေ"

"ငါအခုလိုချင်တယ်"

ဆယ်ဟွန်းအနည်းငယ် အခက်တွေ့သွားဟန်။

"ငါနောက်မှပို့ပေးလိုက်မယ်"

ချန်းယောလ်မျက်စံတို့ မှေးကျဥ်းမိလိုက်သည်။ မျက်စိရှေ့ရောက်လာသော ခွက်ကို သေချာကောက်ကိုင်ရင်း ဆယ်ဟွန်း အေးဆေးဆိုလာ၏။

"လောလောဆယ် ဟန်အိပ်နေတယ်"

"နှိုးလိုက်"

"သူပင်ပန်းထားတယ်"

ချန်းယောလ်မျက်ခုံးအစုံဟာ တွန့်ကနဲ။ သတိတရ ဖြစ်စေချင်သည့်အချက်ဖြင့် ဆိုလိုက်သည်။

"ဘခ်ဟျွန်း သူ့ဖြစ်တည်မှုကို သူသိသွားပြီ"

ဆယ်ဟွန်းက နည်းနည်းတော့ တွေဝေသွားသည့်ဟန်။ ထို့နောက်မှ အာ ကနဲ ရေရွတ်မှုကြောင့် ချန်းယောလ်ရင်ထဲ ဒေါသမီးပိုတောက်လာချင်သယောင်။

"အဲ့ကောင်လေး လက်ခံနိုင်ပြီး ၁၈ ပြည့်တာနဲ့ ငါစံအိမ်ကိုခေါ်လာတော့မှာ၊ မင်းဇယားတွေ အကုန်ဖြတ်ထား"

ဆယ်ဟွန်းဘာမှပြန်မဖြေ၊ အမေးဖြင့်သာ ပြန်လည်တုံ့ပြန်၏။

"သူ လက်ခံနိုင်ရဲ့လား ... ဘာပြောသေးလဲ"

ချန်းယောလ်မျက်နှာလွှဲလိုက်သည်။

"တော်တော်ဆိုးဆိုးကို ငြင်းတာ"

ဆယ်ဟွန်းထံမှ ခပ်ရှရှ ရယ်သံထွက်လာ၏။ ထို့နောက် ကနုတ်များဖြင့် ပုံဖော်ထားသည့် ဖန်အကြည်ရောင်ခွက်ထဲက မဟော်ဂနီရောင် အရည်တို့ကိုမော့သောက်သည်။ ဘာတွေကောင်းလို့လဲတော့မသိသော်ငြား ချန်းယောလ်ကတော့ အရက်ဆိုလျှင် ဆိုဂျူတောင် မကြိုက်ပါ။

"သူ့ကိုသာ အရင်ရအောင်ဖြောင်းဖြပါဦး"

"ဖြောင်းဖြရမယ့်အစား မင်းတို့နှစ်ယောက် တန်းတွေ့လိုက်တာ ပိုအဆင်မပြေဘူးလား၊ ဟိုကောင်လေးကြောင့် မင်းအချိန်ဆွဲနေတာလို့တော့ မပြောနဲ့ ?"

ခွက်နှုတ်ခမ်းဝကို ပွတ်သပ်နေသည့် ဆယ်ဟွန်းလက်တို့ တုံ့ကနဲ ရပ်သွားရသည်။ ချန်းယောလ် ဟက်ကနဲ လှောင်ရယ်ရယ်မိသည်။ သူထင်ထားသည့်အတိုင်းပါပေ။ မည်သို့ပင်ဆိုစေ ဘခ်ဟျွန်းခံစားရမည်ကိုတော့ သူဒီတိုင်းထိုင်ကြည့်နေမည်မဟုတ်ပါ။ ဆယ်ဟွန်းထံမှ သက်ပြင်းတစ်ချက်ချသံ ကြားလိုက်ရပြီး နောက်ဆုံးတစ်ငုံကို မော့သောက်သည်။ လည်စေ့က အထက်အောက်ရွေ့လျားရင်း။

"ဓားက ဘာကိစ္စရှိလို့လဲ။ မင်းလက်ဝယ်ရထားလို့လား"

မေးခွန်း ပြောင်းမေးလာသော်ငြား ချန်းယောလ်တွင်လည်း ပြန်ဖြေဖို့ရာ ငြင်းဆန်မှုမရှိ။

"ဓားက ဘခ်ဟျွန်းကို သစ္စာခံနေတယ်"

ဆယ်ဟွန်းမျက်မှောင်ကြုတ်သွား၏။

"ဓားက ဘခ်ဟျွန်းကို သစ္စာခံနေတယ် ? သူအန္တရာယ်ကင်းရဲ့လား"

စိုးရိမ်သလို အမူအရာကို မြင်လိုက်ရသည်နှင့် ချန်းယောလ်မျက်နှာလွှဲမိသည်။ ဆိုင်သူက စိုးရိမ်မပြတော့လည်း ဒေါသထွက်ရသကဲ့သို့ စိုးရိမ်ပြတော့လည်း နာကျင်ရတာ သူပင်။

"ဓားကို ငါချုပ်ထားတယ်"

ဆယ်ဟွန်းထံမှ မည်သည့်စကားသံမှ မကြားရတော့။ ချန်းယောလ်မျှော်မှန်းထားတာ ထိုသို့မဟုတ်။ အနည်းဆုံး ဆယ်ဟွန်းအံ့ဩသွားသည်ဖြစ်ဖြစ် လှောင်ရယ်သည်ဖြစ်ဖြစ် တစ်ခုခုတုံ့ပြန်မိမည်ဟု ထင်ထားသည်ပင်။ ယခုတော့ ဆယ်ဟွန်းသည် တစ်စုံတစ်ခုကို အသည်းအသန် စဥ်းစားနေသည့်အလား မှိုင်တွေကျကာ အဖြေပြန်မလာတော့သည်မို့ ချန်းယောလ်မျက်မှောင်ကြုတ်မိသည်။

"မထူးဆန်းဘူးလား"

ဆယ်ဟွန်းထံမှ ခပ်သဲ့သဲ့ ထောက်ခံသံထွက်လာ၏။

"ငါစဥ်းစားကြည့်ရသလောက်ဆိုရင် ဓားကိုထိန်းချုပ်နိုင်တဲ့သူက သမိုင်းတစ်လျှောက် မပေါ်လာဖူးသေးဘူးမဟုတ်လား၊ ကုန်ကုန်ပြောရရင် နေအဖွဲ့အစည်းက လူတွေတောင် သူတို့ကိုထိန်းချုပ်နိုင်တာ မဟုတ်ဘူး"

ဆယ်ဟွန်း၏ တွေးဆဆစကားကို ချန်းယောလ် ခေါင်းသာခါပြဖြစ်သည်။

"သိပ်မတွေးနဲ့၊ အဲ့ဓားက ငါမပြောနဲ့ ဘခ်ဟျွန်းတောင် အသာလေးထိန်းနိုင်မယ့်ပုံပဲ။ သူကိုက ညံ့လွန်းနေတာ"

"အော ..."

သိပ်မတွေးနှင့်ဟုဆိုသည့်တိုင် အတွေးစများက ဆယ်ဟွန်းခေါင်းထဲက ဖြတ်ချမရ။

"စာအုပ်ရှာတာ အဲ့ဒါကြောင့်လား"

"အေး တချို့တလေတွေလည်း ရှာစရာရှိသေးလို့"

စကားစပြတ်သွား၏။ ထိုစဥ် ရုတ်တရက် ဒီကနဲမြည်သံတစ်ချက်က အင်္ကျီအတွင်းဘက်မှ ထွက်ပေါ်လာသည်မို့ ယူကြည့်လိုက်တော့ ဘာမှမရှိ။ လက်ဖဝါးတစ်ခုစာပင် မရှိသော ကီးပတ်ဖုန်းလေးကို ထောက်ထောက် နှိပ်နေသော်ငြား မဲမှောင်နေပြီး ဖွင့်၍ပင်မရတော့။

"ပျက်ပြီပေါ့ ပျက်ပြီ မျှော်လင့်မနေနဲ့၊ လဲပါလို့ အတန်အတန် ပြောနေရက်နဲ့ ဘာလို့အဲ့လောက် ကပ်စီးကုပ်နေရတာလဲ"

စိတ်ပျက်လက်ပျက်ထွက်လာသော ဆယ်ဟွန်းစကားသံကြောင့် လက်ထဲက ဖုန်းကိုချိုးချချင်မိသွားသည်။

"မင်းဘာသိလို့လဲ ဒီကောင်တွေက တစ်ခါအားသွင်းထားတာနဲ့ တစ်လလောက်ခံတယ်၊ အားကုန်တာနေမှာပါ အိမ်ရောက်မှ သွင်းကြည့်လိုက်ဦးမယ်"

ဖုန်းကျောဘက်က ပွတ်ရာစင်းရာများက အသုံးကြာနေပြီဆိုသည်ကို သိသာစေသည့်တိုင် ယခုထိလဲဖို့ရန် အစီအစဥ်မရှိသေးသော ချန်းယောလ်ကြောင့် ဆယ်ဟွန်းခေါင်းသာခါတော့သည်။ ပြောမနိုင်တော့။ သေချာတာတော့ ဖုန်းဘတ္ထရီအား အသုံးခံခြင်းဆိုသည်ထက် ချန်းယောလ်က သံယောဇဥ်ဖြစ်နေတာ သူသိသားပင်။ ချန်းယောလ်က အမြဲထိုသို့ပင်။ သူတို့နှစ်ယောက်ထဲမှာ ချန်းယောလ်က ပိုပြီးချဥ်းကပ်ရခက်သလို၊ မာကြောသယောင် ထင်ရသော်ငြား တကယ်တမ်း သူ့အတွင်းစိတ်က အနူးညံ့ဆုံးဖြစ်သည်။ သက်မဲ့ပစ္စည်းလေးတွေကအစ သံယောဇဥ်တွယ်နေတာကိုသာ ကြည့်။

ဤသည်ကို စိတ်ထဲတွင်သာ တွေးရဲသည်၊ အပြင်တွင် သွားမပြောရဲ။ ဒေါသထွက်ထွက်နှင့် မျက်နှာကြီးရဲတက်ကာ သူ့မျက်နှာတည့်တည့်ကို ထိုးချလိမ့်မည်။ အတွေးနှင့်အတူ လှစ်ကနဲပြုံးလိုက်စဥ် ချန်းယောလ်ထံမှ ထွက်လာသော စကားသံ။

"ငါသွားတော့မယ် ဟိုကြွက်ကို တစ်ယောက်တည်းထားခဲ့ရတာ"

ချော်ထွက်သွားသော အသုံးအနှုန်းကို ချန်းယောလ်က သူ့ကိုယ်သူသတိမထားမိလိုက်သည်အထိ စိတ်ထဲတွင် မည်မျှခေါ်နေသလဲ စဥ်းစားကြည့်၍ရသည်။ ဆယ်ဟွန်း အပြုံးတို့ အနည်းငယ် တည်တန့်သွားသည်။

"ဂရုစိုက်ပေးလိုက်ဦး"

မရှင်းမလင်းဖြစ်ချင်သော စကားလုံးကို ချန်းယောလ်က ဘာမှသိပ်မစဥ်းစား။ ခေါင်းတစ်ချက်သာ ညိတ်ပြပြီး အလျင်ထွက်သွား၏။ မည်မျှပင် တစ်ဖက်ကောင်လေးကိုပဲ ခေါင်းထဲထည့်နေသလဲ အကြည့်များနှင့်ပင် ပေါ်သည်။

ဓားကိုထိန်းချုပ်နိုင်သည်တဲ့လား ...

ဒါကို ဆယ်ဟွန်းက တစ်ချက်ကြားရုံနှင့် အတွေးပေါက်သော်ငြား ချန်းယောလ်က ဘာကြောင့်များ သံသယမဝင်သလဲ။ သို့မှမဟုတ် မသိချင်ယောင်ဆောင်နေသည်လား။ မဖြစ်နိုင်။ သူသိသွားသည်နှင့် ထိုအတိုင်း အေးဆေးဖြစ်နေမှာမဟုတ်လောက်။ အေးဆေးဖြစ်မနေနိုင်လောက်သည့် အကြောင်းပြချက်ကို ဘခ်ဟျွန်းတစ်ယောက်တည်းနှင့် ပြီးရန် ဆယ်ဟွန်း သူကိုယ်တိုင် စီစဥ်ထားပြီးသား။

အမြန်ဆုံးတော့ လျှို့ဝှက်ထားရသမျှ ကိစ္စအကုန် ပေါ်စေချင်ပြီ။ သူတင်မဟုတ်၊ ပတ်ပတ်လည်က လူတွေလည်း ပင်ပန်းနေရပြီ။ ဘားကောင်တာနောက်ကို အကြည့်ပို့ထားသော်ငြား သူ့ ပင်လယ်ပြာနှယ် မျက်လုံးအတွင်းမှာတော့ အတွင်းဆုံးအခန်းထဲက ပင်ပင်ပန်းပန်း အိပ်ပျော်နေသည့် ကောင်လေးတစ်ယောက်ပုံရိပ်သာ ထင်ဟပ်နေသည်။

ဖန်ခွက်ကိုဆော့ကစားနေမှုအောက် ရေခဲတုံးတချို့နှင့် ဖန်သားထိခတ်သံများ ထွက်လာပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အရည်ပျော်ကျကာ နောက်ဆုံးအသံများ ရပ်သွားသည်အထိ။ သို့သည့်တိုင် ဆယ်ဟွန်း၏ လက်က မရပ်တန့်သေးသကဲ့သို့ အတွေးရေယာဥ်ကြောများဟာလည်း မရပ်တန့်နိုင်သေး .... ။

___

ချန်းယောလ်အိမ်ပြန်ရောက်သည့် အချိန်တွင် လေထုအခြေအနေက ထူးဆန်းနေမှန်း တန်းသတိပြုမိလိုက်သည်။ ထင်သည့်အတိုင်း အခန်းထဲခြေချရုံသာရှိသေး၊ ပြဲကနဲထွက်လာသော ကလေးလို ငိုသံ။

ဆိုဖာပေါ်ကနေ ခုန်ချပြေးဆင်းလာသော ကြွက်က သူ့ခါးတစ်ဝိုက်ကို တင်းကနဲနေအောင် ဆွဲဖက်ပြီး ဝူးဝူးဝါးဝါးဖြင့် အော်ငိုတော့၏။

"ဘယ်တွေလျှောက်သွားနေတာလဲ !!! ကျွန်တော့်ကို ထားခဲ့ပြီထင်နေတာ !! အင့် !"

ရှိုက်သံများပင် မပျယ်ရက်ကြားမှ ပလုံးပထွေးဆိုလာသော စကားများကြောင့် ဖယ်ဖို့ပြင်နေသော ချန်းယောလ်လက်တို့ တုံ့ဆိုင်းသွားရ၏။

"မင်းအိပ်နေမယ်ထင်လို့"

"အိပ်နေမယ်ထင်လည်း နှိုးပြီးပြောသွားပါ့လား ! ဘယ်တုန်းကများ ဒီတိုင်းကြီးထားခဲ့ဖူးလို့လဲ အီးဟီး ကျွန်တော်စောင့်နေတာ အစ် တစ်နာရီလောက်ရှိပြီ - ထားခဲ့ပြီထင်လိုက်တာ"

ဝမ်းနည်းဒေါသဖြင့် အော်ဟစ်နေရင်းမှ ကြို့ထိုးသံဟာလည်း ငိုရှိုက်သံများကြားမှ ထွက်လာသေးသည်။

"ထားခဲ့ပြီထင်လို့ အစ် ကြောက်နေတာကို ! *ရွှတ်"

ကြို့ထိုးတာ မရပ်နိုင်သည့်ကြားမှ အော်ဟစ်နေသည်က မပြတ်သည့်အပြင် ခဏလောက်လေး အနားပေးကာ ရပ်မည့်ဟန်လည်းမပြ။ ချန်းယောလ်က ပြဿနာမရှိသည့်တိုင် ဒီအနေအထားအတိုင်းကြီးကလည်း အဆင်မပြေသလို ဒီပေါက်စလည်း ကြာရင်မောမှာ။ စိတ်ကောက်နေတာကို ချော့ဖို့အထိမဆိုနှင့် ဒီလိုအနေအထားနှင့် ပွေ့ဖက်နေသည်ကပင် အဆင်မပြေ။ သို့သည့်တိုင် ကိုယ့်ကိုယ်ကို စိတ်ပျက်ဖို့ကောင်းစွာပင် ချန်းယောလ်မှာလည်း ပယ်ချပစ်ဖို့ စိတ်အလျဥ်းပင်မရှိ။ တစ်ယောက်တည်း ဖြစ်သွားသည်မို့ ကြောက်လန့်နေသည့် စိတ်ကိုနားလည်၍ စိတ်ကြိုက် ငိုစေချင်ပေမယ့် ကိုယ့်အတွေးနှင့်ကိုယ် မသင့်တော်ကြောင်းပြကာ ဆွဲဖယ်မိပြန်လျှင်လည်း ထိုကြွက်က ထပ်ငိုဦးမှာ။

"ကျွန်တော့်မှာ အကြောင်းလည်းမကြားရ၊ ဖုန်းဆက်လည်းမရနဲ့ ဘယ်လောက်တောင် - အစ် !"

မဖြစ်ပါချေ။

ခါးတစ်ဝိုက်က လက်ကို ဆတ်ကနဲနေအောင် ဆွဲဖြုတ်လိုက်တော့ ပြောလက်စ အကုန်ရပ်ကာ မျက်ရည်တို့ဝေ့သီနေသည့် မျက်လုံးခပ်အစ်အစ်လေးများဖြင့် မော့ကြည့်လာ၏။ အနီးကပ်ဆုံးမှာ ရပ်နေသည်မို့ ချွေးသီးချွေးပေါက်လေးများကအစ မျက်ရည်ဥလေးများပါ သေချာအသေးစိတ် မြင်နေရသည်အထိ။

"ငါအခုပြန်လာပြီပဲမဟုတ်လား"

နဂိုက မျက်ရည်ကြည်များနှင့် ဝေဝါးနေသည့် မျက်ဝန်းများက ပို၍ပင်မှေးမှိန်သွားသယောင်။ ချန်းယောလ် အကြည့်လွှဲကာ အနောက်ဖေးထံ ရုန်းထွက်လာလိုက်သည်။

"ရေသောက်လိုက်ဦး၊ မင်းမောနေတယ်"

အနောက်ကနေ ခြေလှမ်းခပ်စိပ်စိပ်လေးများဖြင့် အမှီလိုက်လာသည်ကို ကြားရသည်။ ထို့နောက် နှာတစ်ချက်ရှုံ့သံ။

"ခင်ဗျား ဘယ်သွားတာလဲ"

ရေဖြည့်ဖို့ ခွက်လှမ်းယူနေသော ချန်းယောလ်လက်တို့ ခေတ္တတုံ့ဆိုင်းသွားသယောင်။ တစ်စက္ကန့်မျှသာ ကြာမြင့်သည့် တွေဝေမှုလေးဖြစ်သည့်တိုင် မျက်ဝန်းတို့က ပြန်လည်အေးစက်သွားခဲ့သည်။

"မင်းရဲ့မိတ်ဖက်နဲ့သွားတွေ့တာ"

ပြီးသည်နှင့် ခွက်ကိုယူကာ ရေကရားထဲကနေ တစ်ဝက်လောက်ဖြည့်ပေးပြီး သူ့ဘက်တွန်းပို့လိုက်သည်။ ယခုအချိန်ထိ အကြည့်ချင်းမဆုံမိသေး။ ဘခ်ဟျွန်းထံမှတော့ တော်တော်ကြာသည်အထိ တိတ်ဆိတ်သွားရသည်။ ချန်းယောလ်အပြုအမူတွေကို အကဲခတ်နေသလိုမျိုး။

ခါတိုင်းမြင်နေကျထက် ပိုအေးစက်သော အမူအရာဖြစ်နေသည့်တိုင် ဘခ်ဟျွန်းက မသိတတ်သည့် ကလေးမဟုတ်၊ ဒီလူကတော့ သူ့ကို ကလေးလိုမြင်နေတာ သိပေမယ့် ဘခ်ဟျွန်းအတွက်တော့ တစ်နေ့တည်းနှင့် ပြောင်းလဲသွားသည့် အပြုအမူတွေက မည်သည့်အကြောင်းကြောင့်မှန်းသိသည့်တိုင် လက်မခံချင်ပါချေ။ သို့ပေမယ့် ဒီလိုရင့်ကျက်သည့် သူမျိုးတွေက စကားလုံးလေးတွေနှင့် ပြောရုံနှင့်မရ၊ သူတို့၏ စိတ်အခြေအနေက ကိုင်တွယ်ရခက်တာမျိုး။ ခက်သည်က ဘခ်ဟျွန်းဟာလည်း ဘာအစွမ်းအစမှ မရှိသည့်တိုင် အရိပ်အကဲနှင့်ပတ်သက်လာလျှင် သူငယ်နှပ်စားလေးမဟုတ်။

နှာတစ်ချက်ရှုံ့ကာ ငိုနေသည်ကို ရပ်တန့်လိုက်သည်။ တုန်လှုပ်နေသေးသည့်တိုင် ချန်းယောလ် မျက်နှာကို မြင်လိုက်ရပြီမို့ အနည်းငယ်တော့ စိတ်သက်သာရသွားပြီပင်။ သက်ပြင်းတစ်ချက်ချကာ မျက်စိရှေ့က ရေခွက်ကို ကောက်မော့လိုက်သည်။ ကြို့ထိုးတာက တစ်ခွက်နှင့်မပြေ၊ နောက်တစ်ခွက် ထပ်သောက်ရသည်အထိ။ မည်မျှပင် ကြောက်လန့်တကြား မောဟိုက်သည်အထိ ငိုယိုနေလဲ တွေးကြည့်၍ပင် မရနိုင်။ နောက်ဆုံး နှုတ်ခမ်းတ်ချက်သပ်ကာ ချန်းယောလ်ကို မော့ကြည့်သည်။ သူ့ကိုအကြည့်မပို့သေး။ ဘခ်ဟျွန်း စိတ်ဆိုးချင်သော်ငြား အရွဲ့တိုက်ချင်စိတ်က ပိုပြန်၏။

"သူ့အကြောင်းပြောပြ"

မျက်ဝန်းစိမ်းတို့က သူ့ထံတည့်တည့်ရောက်လာသည်။ မျက်ခုံးတို့တွန့်ချိုးထားပုံက ဘာကြောင့်မှန်းမသိသည့်တိုင် ဘခ်ဟျွန်းအနည်းငယ်တော့ ရိပ်စားမိသလို။ သူ မကြိုက်ဘူး၊ ဘခ်ဟျွန်းပါးစပ်က ထိုမိတ်ဖက်ဆိုသူရဲ့ အကြောင်းထွက်လာတာကို သူမကြိုက်ဘူး။ ဘခ်ဟျွန်းစိတ်ထဲ အသာအယာပြုံးမိသည်။ မကြာသေးခင်ကမှ အလန့်တကြားကြောက်လန့်နေသော ဘခ်ဟျွန်းအမူအရာက မျက်ရည်များပင် မခြောက်သေးသည့်တိုင် ရုတ်ချည်းပြောင်းလဲသွားသလို၊ ခံစားချက်သည် တည်ငြိမ်နေပါ၏။ အကြောင်းပြချက်ဟာလည်း ထိုမျက်ဝန်းစိမ်းတွေရဲ့ ပိုင်ရှင်နှင့်ပတ်သက်နေ၍သာ။

"အဲ့ဒီ ကျွန်တော့်မိတ်ဖက်ဆိုလား ဘာလား သူနဲ့ပတ်သက်သမျှ အကုန်ပြောပြ"

ဘခ်ဟျွန်းပြောပြီးသည်နှင့် သက်ပြင်းသံခပ်သဲ့သဲ့ကို ရင်တွင်း၌သာ ပစ်ချမိ၏။ အချိန်တစ်ခုတော့လိုသော်ငြား သူဒါကို တတ်နိုင်သလောက် မြန်မြန် လက်ခံနိုင်ဖို့ ကြိုးစားရမည်၊ ဖြစ်ပြီးခဲ့သည်များကို ခံပြင်းလွန်း၍ ထိုင်ငိုနေလည်း သူဟာ အသုံးမကျသည့်သူအဖြစ်ပဲ ဆက်ရှိနေရုံသာမို့။ သေချာအကြောင်းစုံသိပြီးမှ ချန်းယောလ်ခံစားနေရသည့် ပြဿနာကို သေချာမြင်ရပြီး ချန်းယောလ်နား ရှေ့ဆက်တိုးဖို့လည်း လုပ်ဆောင်လို့ရမှာ၊ ကံကြမ္မာဆိုသည်ကိုတော့ အတွေးထဲက ထုတ်ထားလိုက်ရုံပေါ့။

"လောကသုံးပါးကို အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ သက်ဆိုင်ရာ စောင့်ရှောက်သူနဲ့ ကြင်ရာတော်က အုပ်စိုးတယ်"

ဒါတွေကို ပြောသည့်အချိန်တွင် ထိုသူသည် ဘခ်ဟျွန်းကိုမကြည့်၊ မျက်စိရှေ့တည့်တည့်က ဖန်ထည်ရေခွက်လေးကိုသာ အနုပညာမြောက်သည့် ပန်းပုနှယ် အကြည့်မလွှဲ စိုက်ကြည့်ရင်း ပုံပြောသလိုဆို၏။ တဖြည်းဖြည်း အကြောင်းအရာတို့က ထင်ရှားလာလေ ဘခ်ဟျွန်းသိလာရသမျှသည် သူနှင့် သိသိသာသာ ရင်းနှီးနေသည်ဟူသော ခံစားချက်။

လောကသုံးပါးကို လိုသလိုထိန်းချုပ်နိုင်နေသည့် စွမ်းအားကြီးဓာတ်ကြီးလေးပါးအကြောင်း။ အကုန်လုံးနီးပါး မမှတ်မိသည့်တိုင် ဒါတွေကို ဘခ်ဟျွန်းရင်းနှီးနေသည်။

"စောင့်ရှောက်သူရော ကြင်ရာတော်ကိုရော ကံကြမ္မာက ရွေးချယ်သလို သူရွေးချယ်သမျှကလည်း စွမ်းအားကြီးတယ်"

ဘခ်ဟျွန်းသတိတရ ခုန်ကိုဘမ်းကနဲ ရိုက်ချမိသည်အထိ။

"အာ အာ အာ ကျွန်တော်အဲ့ဒါမှတ်မိတယ် ! မားပုံပြင်ဖတ်ပြဖူးတယ်"

ချန်းယောလ်အပြုအမူကြောင့် စိတ်ဆိုးပန်းဆိုးဖြင့် အရွဲ့တိုက် အေးစက်ပြနေသည့် ဘခ်ဟျွန်းအမူအရာဟာ နံရံဆေးအချပ်လိုက် ကွာကျသလို။ မျက်ရည်စီး​​ကြောင်းက မခြောက်သေးသည့်တိုင် အနည်းငယ်အသက်ဝင်လာသော မျက်ဝန်းများကတော့ ကလေးပေါက်စနှယ်၊ ရိုးရှင်းလျက်။

ဘခ်ဟျွန်းစကားကြောင့် ချန်းယောလ်မျက်ခုံးတို့ တွန်ချိုးသွားသည်။

"ပုံပြင် ?"

ဒီတစ်ခါတော့ အကြည့်ချင်းဆုံလာ၏။ အင်း ဟူသော အဖြေကို အားတက်သရော ခေါင်းညိတ်ရင်းဆိုတော့ အင့်ကနဲ။

"မားဖတ်ပြဖူးတာ ကျွန်တော်မှတ်မိသေးတယ်၊ အာ ဘယ်မှာကြားဖူးနေပါသလဲလို့ စဥ်းစားလိုက်ရတာ ခင်ဗျားတို့က အပြင်မှာအဲ့လိုတကယ်ရှိတယ်ပေါ့ !"

မျက်ဝန်းတောက်တောက်လေးများနှင့်အတူ ခုံကိုရှေ့တိုးရင်း အနားကပ်မေးလာတော့ ချန်းယောလ်ရင်ထဲတစ်ချက် ဆောင့်ခုန်သည်။ အကြည့်လွှဲကာ စိတ်ထဲသက်မ ချမိမတတ်။ ဒီကောင်လေးက အန္တရာယ်များလွန်းသည်။ သူပြန်ဖြေဖို့ပင် စကားမစရသေး၊ ထပ်ဆက်လာ၏။

"အဲ့ဒါဆို ခင်ဗျားတို့ အိမ်တွင်းစစ်ပွဲတွေဖြစ်တယ်ဆိုတာရော ! တကယ်လား"

ချန်းယောလ်မျက်မှောင်ကြုံ့ရပြန်၏။

"ဘာအိမ်တွင်းစစ်ပွဲ"

အိမ်တွင်းစစ်ပွဲဟုသာ ဆိုရလျှင်တော့ အဖွဲ့အစည်းတိုင်းမှာ တောက်လျှောက်ဖြစ်ပျက်နေကျပါပေ။

"ဟို နေနတ်ဘုရားက နိုင်သွားတယ်ဆိုတဲ့ပွဲလေ ကျွန်တော်ကြားဖူးတာတော့"

ကျန်အင်အားကြီး နတ်ဘုရားသုံးပါးလုံးကို အနိုင်ယူနိုင်လိုက်သော ထိုနတ်ဘုရားကို နှစ်တွေအတော်ကြာပြီဖြစ်သည့်တိုင် ဘခ်ဟျွန်းတော်ရုံတန်ရုံမမေ့။

ချန်းယောလ်ကတော့ အာမေဋိတ်သံသာပြုသည်။ လူသားတွေဘက်က ကြည့်လျှင်တော့ သူတို့အဖွဲ့အစည်းတွေ ရန်ပွဲက အိမ်တွင်းစစ်ပွဲလိုပေါ့။

"အိမ်တွင်းစစ်ပွဲလောက်မဟုတ်ဘူး အဲ့ဒီနေနတ်ဘုရားရဲ့ ဒေါသက သဘာဝတရားကို အများကြီး ပျက်စီးစေခဲ့တာ"

တောမီးလောင်မှုတွေ၊ မြေငလျင်တွေ၊ မုန်တိုင်းတွေ၊ အကုန်လုံးအား ထိုနတ်ဘုရားက ထိန်းချုပ်နိုင်သည်။ နတ်ဘုရားတစ်ပါးချင်းဆီတိုင်း၏ စိတ်အခြေအနေက သဘာဝကို သက်ရောက်စေနိုင်ခြင်းမရှိသည့်တိုင် နေနတ်ဘုရားကတော့မတူ။ များသောအားဖြင့် သဘာဝတရားကို နတ်ဘုရားတွေက ထိန်းချုပ်နိုင်ပေမယ့် အနည်းငယ်မျှသာ၊ အဓိကသည် သွေးနှောပြီးနောက်ပိုင်း ကြင်ရာတော်ကသာ ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ခြင်းဖြစ်သည်၊ ဤသည်ကလည်း မိမိနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအမည်နာမ အလိုက်ကိုမှသာ။

တစ်နည်း ရှင်းလင်းစွာဆိုရလျှင်တော့ ထိုနေနတ်ဘုရားဆိုသည့် အဖွဲ့အစည်းသည်ကား တစ်လောကလုံးကို လက်ဝါးကြီးအုပ်နိုင်သည်အထိ စွမ်းအားကြီးနေသောကြောင့်ပင်။ ထို့ကြောင့်လည်း ကျန်အဖွဲ့အစည်းများက မတရားမှုကြောင့် မနာလိုဒေါသဖြစ်ကြခြင်းသာ။

"သူ့ကို အစောင့်မရှောက်နတ်ဘုရားသုံးပါးက သွားထိပါးခဲ့ကြပြီးနောက်ပိုင်း ဘယ်သူမှ တော်ရုံတန်ရုံ နေနတ်အဖွဲ့အစည်းကို ရန်မစရဲတော့တာပဲ"

တစ်ခုသက်မချရသည့် အချက်ကား နေအဖွဲ့အစည်းက စွမ်းအားကြီးလွန်းသည့်တိုင် သူတို့ကိုမထိမချင်း အနည်းငယ်မှ ရန်မစတတ်ခြင်းပေ။ သို့သည့်တိုင် လက်နက်ကြီးကိုင်ထားသော ထိုအဖွဲ့အစည်းအား မည်သူကမှ စိတ်မချရဲခဲ့သည်ကတော့ ပုံမှန်။ သို့ကြောင့်ပင် မဝံ့မရဲ စုပေါင်းကာ စတင်တိုက်ခိုက်လိုက်မှုက နေနတ်ဘုရား၏အမျက်ကို သွားဆွပေးရာ ရောက်ခဲ့သည်။

"ခင်ဗျားပြောသလိုဆို သူတို့နတ်ဘုရားက ခုထိအဲ့နတ်ဘုရား ဖြစ်နေတုန်းပဲလား၊ သူတို့ရော နတ်ဘုရားအသစ် မရွေးချယ်ဘူးလား"

"နေအဖွဲ့အစည်းက အဲ့ဒီစစ်ပွဲပြီးတဲ့နောက်ပိုင်းကတည်းက အစပျောက်သွားတော့ မပြောတတ်ပေမယ့် သေချာတာတော့ စောင့်ရှောက်သူ နတ်ဘုရားတစ်ပါးကို နှစ်ငါးရာတစ်ကြိမ် ရွေးချယ်ရတယ်"

မေးထောက်ထားသည့် ဘခ်ဟျွန်းလက်လေး အောက်သို့ပင် ပြုတ်ကျမတတ်။

"နှစ်ငါးရာထိတောင် အုပ်စိုးခွင့်ရှိတယ်ပေါ့ !?"

"အင်း ဒါပေမယ့် ဘယ်သူကမှတော့ အဲ့လောက်သက်တမ်းပြည့်တဲ့ထိ မအုပ်စိုးနိုင်ကြဘူး။ အများဆုံးကြာ နှစ်သုံးရာကျော် လေးရာပဲ"

ဘခ်ဟျွန်းမျက်လုံးလေး ကလယ်ကလယ်ဖြစ်သွားရ၏။

"သေသွားလို့လား"

ချန်းယောလ်ခေါင်းခါသည်။

"မအုပ်စိုးချင်တော့တာ၊ နှစ်သုံးရာလောက်ဆိုလည်း သူတို့တာဝန်ကျေပြီလို့ ခံယူထားကြလို့ အလိုလိုဆင်းပေးကြတာ ငြီးငွေ့တယ်ပဲပြောရမှာပေါ့"

ဘခ်ဟျွန်းသက်ပြင်းခပ်ဖျော့ဖျော့ချရင်း ထိုင်ခုံနောက်မှီကို လျှောထိုင်လိုက်သည်။

"ဒီလောက် ချစ်တဲ့သူနဲ့လည်း အတူနေနိုင်ပြီး သာယာနေတာကို ဘယ်နားငြီးငွေ့စရာကောင်းနေမှာလဲ"

"နှစ်ငါးရာမပြောနဲ့ စံအိမ်မှာ မွေးတဲ့ကလေးတွေတောင် နှစ်ဆယ်ကျော်လောက်လေးကို ငြီးငွေ့နေကြပြီး လောကကြီးထဲ ခြေစုံပစ်ဝင်နေချင်ကြပြီ"

စကားလုံးတွေထဲ စိတ်ဝင်စားစရာ တစ်ခုတွေ့ရင်ထင်၊ ပျင်းရိလေးတွဲ့နေသည့် ဘခ်ဟျွန်းခါးလေး ပြန်မတ်သွားသည်။

"စံအိမ် ?"

ချန်းယောလ်သက်ပြင်းချမိသည်။ အချိန်အားဖြင့် ည ၁ နာရီနီးပါးဖြစ်နေပြီ။ ဒီကြွက်က သူတို့ဖြစ်တည်မှု အကြောင်းတရားတိုင်းကို ပြန်လည်မေးခွန်းထုတ်နေသည်မှာ တစ်ညလုံးအိပ်ဖို့ရန် အတွေးရှိပုံမရသည်မို့။

"အဖွဲ့အစည်းတစ်ခုချင်းဆီတိုင်းမှာ စံအိမ်ရှိပြီး သူတို့ကိုယ်ပိုင် နယ်မြေလိုမျိုး ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတယ်၊ ငါတို့ မြေအဖွဲ့အစည်းကတော့ ဗဟိုစံအိမ်လို့ခေါ်ပြီး အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးစရာရှိရင် ဗဟိုစံအိမ်မှာပဲ ဧည့်ခံတာများတယ်"

"မိုက်မှာပဲ"

မျက်ဝန်းတောက်တောက်လေးများနှင့် နောက်ဆက်တွဲ လိုက်လာချင်သည့် စကားတို့ကိုရပ်မိသည့်တိုင် ချန်းယောလ် မသိချင်ယောင်ဆောင်သည်။ သေချာတာတော့ ဘခ်ဟျွန်း အဆင်သင့်မဖြစ်မချင်း စံအိမ်မခေါ်သွားနိုင်သေးပေ။ ဘခ်ဟျွန်းလို တုံးအအလူသားအတွက် အန္တရာယ်များသည်မို့။

"ခင်ဗျားတို့ စံအိမ်က ဘယ်နားမှာရှိတာလဲ"

ချန်းယောလ် အမူအရာကြောင့် တောင်းဆိုလည်း မလိုက်လျောမှန်း သိနေသည့်အလား မေးခွန်းပြောင်းလာ၏။

"မီးသေတောင်ပေါ်မှာ"

တစ်နည်း ထိုတောင်တစ်ခုလုံးသည် စံအိမ်ဟု ဆို၍ရသည်အထိ။ တိမ်စိုင်တို့ကို ဖောက်ထွင်းကာ မိုးကောင်းကင်အထိ အလွန်ကြီးမား ကျယ်ပြန့်လွန်းသော်ငြား မည်သူကမှ မြင်နိုင်စွမ်းမရှိ။

"ရေနတ်အဖွဲ့အစည်းဆို ရေအောက်ထဲမှာလားဟင် အဲ့ လေနတ်အဖွဲ့အစည်းဆိုရင်ရော လေပေါ်မှာဝဲနေတာပေါ့ !? နေအဖွဲ့အစည်းကရော ? နေလုံးကြီးပေါ်မှာလား !!?"

တရစပ်မေးခွန်းတို့ကြောင့် ချန်းယောလ် မျက်မှောင်ကြုတ်မိသည်။

"မြေအောက်ထဲမှာ၊ နေအဖွဲ့အစည်းက မြေအောက်ထဲမှာရှိတယ်"

တစ်နည်း ငရဲဟု ဆို၍ရမည်။ နေစွမ်းအားကိုယှဥ်နိုင်သည်အထိ အပူဒဏ်က မြင့်မားလွန်းနေခဲ့သောကြောင့် ထိုအမည်နာမကိုသာ စကားအလှသုံးခဲ့ကြခြင်းသာ ဖြစ်မည်။ ဤသည်က ချန်းယောလ်ကောက်နုတ်ချက်သာဖြစ်ပြီး မှတ်တမ်း စာအုပ်တွေထဲမှာတော့ မတွေ့ဖူးပါချေ။

ဘခ်ဟျွန်းကြည့်ရသည်မှာ ထိုနေအဖွဲ့အစည်းနှင့် ပတ်သက်ပြီး အတော့်ကိုစိတ်ဝင်စားနေပုံပေါ်ပါ၏။ သိပ်လည်းမထူးဆန်း၊ သူတို့ စံအိမ်မှာတောင် ထိုနေအဖွဲ့အစည်းနှင့် အဖွဲ့အစည်းသုံးခု၏ တိုက်ပွဲတွေက အိပ်ရာဝင်ပုံပြင်တွေ ဖြစ်ခဲ့သေးတာပင်။

"အဲ့တော့ ကျွန်တော်က အဲ့ဒီ အိုဆယ် ဘာဆိုလား လူရဲ့ ကြင်ရာတော်အဖြစ် ရွေးချယ်ခံရတာပေါ့ ?"

နောက်ဆုံးတော့ စကားဝိုင်း၏ ဦးတည်ချက်ကို ဘခ်ဟျွန်းရောက်ပြီဖြစ်ပြီး ကျေနပ်ရမည်ဖြစ်သည့်တိုင် ချန်းယောလ်နားထဲ ခါးသယောင်။

"အင်း"

အခြေအနေကို သုံးသပ်ကြည့်တော့ ပထမစစချင်း တုံ့ပြန်မှုထက်စာလျှင် အတော်ကိုတည်ငြိမ်သွားသည်ပင်။ ဘာမှမဖြစ်သည့်နှယ် တစ်စုံတစ်ခုကို သေချာတွေးတောနေရင်းမှ ရုတ်တရက် ထမေးသည်။

"ကံကြမ္မာကရော မမှားတတ်ဘူးလား"

မေးခွန်းကိုနားလည်သည့်တိုင် တော်ရုံတန်ရုံ အဖြေပြန်မလာ၊ ချန်းယောလ် မျက်ခုံးပင့်မိသည်ပင်။ ဒီကောင်လေးက သူ့ဖြစ်တည်မှုသူ မုန်းနေတာတော့ သိပါသည်၊ သို့ပေမယ့် ကံကြမ္မာက မှားသည်ဆိုလည်း သူ့ဖြစ်ရပ်တွေက နောက်ပြန်ဆုတ်မှမရတော့ပဲ။ ဘာကြောင့်များမေးသလဲ။ အတွေးကိုထုတ်မပြဘဲ ခေါင်းသာခါပြလိုက်သည်။

"ဘယ်တုန်းကမှ မမှားခဲ့ဘူး"

သက်ပြင်းချသံ သေးသေးလေးထွက်လာ၏။ သို့ပေမယ့် လက်မလျှော့သည့်နှယ်။

"ကြင်ရာတော်က မချစ်တာမျိုးရော မရှိခဲ့ဖူးဘူးလား"

ချန်းယောလ် တော်တော်ကြာသည်အထိ တိတ်ဆိတ်သွားရသည်။ ဘခ်ဟျွန်းဦးတည်ချင်နေသည့် စကားလုံးတွေ၏ အရိပ်အမြွက်ကို သူအခုမှ နားလည်မိလိုက်သလို။

"မရှိဘူး၊ ဒါပေမယ့် စောင့်ရှောက်သူက မချစ်တာတော့ ရှိခဲ့ဖူးတယ်"

မြေနတ်အဖွဲ့အစည်းကတော့ မဟုတ်။ လေနတ်အဖွဲ့အစည်းကဖြစ်ပြီး ကြင်ရာတော်ကို မချစ်မနှစ်သက်သောကြောင့် တစ်ယောက်တည်းသာ အုပ်စိုးသွားခဲ့ခြင်း ရှိခဲ့ဖူးသည်။

ဘခ်ဟျွန်းအတွက်တော့ ဤသည်က မျှော်လင့်ချက်ပင်။ သူ့ရှေ့တွင် ထိုင်နေသည့်လူကတော့ သူ့ခံစားချက်တွေသူ မသိချင်ယောင်ဆောင်ကာ ဘခ်ဟျွန်းအပေါ် ဟန်ဆောင်ဖို့ ကြိုးစားနေဆဲ။ ဘခ်ဟျွန်းကတော့ ဒီအတိုင်း အလွတ်ခံမည် မဟုတ်ပါချေ။ အနည်းဆုံးတော့ ခံစားချက်တွေ ပွင့်ဟလာအောင်လုပ်ဖို့ ဆန္ဒရှိသည်မို့။ ဘဝသက်တမ်း တစ်လျှောက်လုံး ကံကြမ္မာအလိုကျ နေခဲ့ရသည်ပဲ၊ ဒီတစ်ခေါက်လောက်လေးတော့ သူ့စိတ်အလိုကျ နေချင်သည်။

"အဲ့အနောက်ဖေး တံခါးနောက်က ဘာရှိတာမို့လို့လဲဟင်"

အမြဲလိုလို သော့ခတ်ထားသော တံခါးကို သတိတရထုတ်မေးမိတော့ တစ်ဖက်က အနည်းငယ်တော့ တိတ်ဆိတ်သွားသလို။

"အနောက်ဖက် ခြံဝန်းပါပဲ"

"ကျွန်တော် သွားချင်တယ် !"

မျက်ဝန်းတောက်တောက်လေးများနှင့် သူ့ခံစားချက်တွေ ယိမ်းယိုင်အောင် ထပ်မံမြူဆွယ်နေသော ကြွက်ကြောင့် သက်ပြင်းချမိသည်။ တကယ်တမ်း ထိုအနောက်ဖက်သည် စံအိမ်သို့ရောက်နိုင်သည့် အနီးဆုံးလမ်းဖြစ်သည်။ ချန်းယောလ် စည်းခြားထားသည် ဆိုသော်ငြား ထိုကြွက်က ကြွက်ပီပီ စပ်စုဦးမှာ သိနေသောကြောင့်။ သူ့မျက်စိအောက်ဆို ပြဿနာမရှိသည့်တိုင် တစ်ယောက်တည်းလျှောက်သွားသည့်အခိုက် အန္တရာယ်နှင့် ကြုံမှာ စိုးရိမ်ရပါ၏။

"ကောင်းပြီ"

ယခုက ညဘက်လည်းဖြစ်သည့်အလျောက် ထိုကြွက် သတ္တိရှိမည်မဟုတ်သည်ကို သိသောကြောင့် လွယ်လွယ်ကူကူသာ သဘောတူလိုက်သည်။ သိပ်ပြီးလည်း ထူးထူးခြားခြား မရှိသည့် ပန်းခြံပုံစံမျိုးလေးကို အပင်တွေနှင့်ကာရန်ထားခြင်းဖြစ်ပြီး ထိုသစ်ပင်ချုံနွယ်တွေနောက်ကို မဝင်သွားဖို့သာ မျှော်လင့်ရမည်။

ချန်းယောလ် ထသွားသည့်နောက် ဘခ်ဟျွန်း ပျော်ပျော်ရွှင်ရွှင်ပင် ထလိုက်လာသည်။ သော့ခတ်ထားသောကြောင့် မည်သို့များဖွင့်မလဲ၊ တွေးနေစဥ်ပင်ရှိသေး ချန်းယောလ်အားနှင့် တစ်ချက်ဆွဲဖြုတ်လိုက်သည်မှာ ဂျောက်ကနဲ။

ပွင့်ဟသွားသော တံခါးနောက် မြင်ကွင်းသည် မှောင်မဲနေသည့်တိုင် ချက်ချင်းလိုလို တိုးဝှေ့သော လေအေးကိုခံစားလိုက်ရသည်မို့ ဘခ်ဟျွန်းသဘောတကျ ချန်းယောလ်ခန္ဓာကိုယ်ကြီးကို တိုးထွက်မိသည်။ ပန်းရနံ့တွေပါသော ညလေအေးကို အဆုတ်အတွင်း အနက်ရှိုင်းဆုံးရောက်သည်အထိ ရှူသွင်းမိတော့ ခံစားချက်သည် တိမ်တွေပေါ် ရောက်သွားသလို။

ညလယ်ခေါင်ကျော်ချိန်၊ နေမထွက်သေးသည့်တိုင် ရောင်နီသဲ့သဲ့ကြောင့် မြူတွေရစ်ဆိုင်းစွာ မှေးမှိန်နေသော ပတ်ဝန်းကျင်ကို မသဲမကွဲ မြင်နေရသည်။ လူမနေတာ ကြာသည့်တိုင် ခပ်ငုတ်ငုတ်လေးဖြစ်နေသည်အထိ ဖြတ်ထားခံရသော မြက်ခင်းကျယ်နုနုနှင့် ကွင်းပြင် အလယ်တစ်ဝိုက်မှာ နေရာချအသေစွဲကပ်ထားသော သစ်သားစားပွဲလေးတစ်ခု။

ဘေးတွင် ခုံနှစ်ခုသာ ချထားပြီး လူခြေတိတ်တာ ကြာသောကြောင့်ထင် စားပွဲအောက်ခြေတွင် ပန်းပင်နုနုလေးများ ထိုးပေါက်နေသည်။ စားပွဲခြေထောက်များတွင်လည်း စိမ်းဖျော့ရောင် ရေညှိုတချို့နှင့် နွယ်ပင်နုနုတို့ နေရာယူထားသေးသည်။ မနေနိုင် မထိုင်နိုင် အနားတိုးကပ်သွားကြည့်တော့ ရှင်းလင်းနေသော စားပွဲပေါ်တွင် ပန်းပွင့် အညှိုးအခြောက်များ တစ်ခုစ နှစ်ခုစ။

အနည်းငယ် မှောင်မိုက်သွားသော အခြေအနေကြောင့် အထက်ကိုမော့ကြည့်မိတော့ သစ်ပင်ကြီးတစ်ခုက ခိုင်ခန့်မားမတ်စွာပင် စားပွဲနားတစ်ဝိုက်လုံးကို အရိပ်ပေးနေ၏။ ခပ်နီနီ ပန်းပွင့်တချို့က မှေးမှိန်နေသော ကောင်းကင်အခြေအနေတွင် အလင်းပြုနေသော ညမီးအိမ်နှယ်။ တောက်ပစွာ ဖူးပွင့်နေကြပါ၏။

ဘခ်ဟျွန်းပါးစပ်ပင် မပိတ်နိုင်။ သဘောတကျ ပြုံးရလွန်းသလို အံ့ဩရလွန်း၍။ မိမိအနောက်က ရပ်ကြည့်နေမည့်သူကို လှည့်မကြည့်ဘဲ ဆိုမိသည်။

"တအားလှတာပဲ"

"အင်း"

လှည့်ကြည့်မိတော့ နေရာတွင် တုပ်တုပ်မလှုပ် ရပ်ကြည့်နေသော ချန်းယောလ်ကို တွေ့လိုက်ရသည်။ အဝေးတစ်နေရာက ဖြစ်သည့်တိုင် မျက်ဝန်းနှစ်ခုဟာ သံမှိုစွဲကပ်ထားသလို။ ခံစားချက်တို့က ရီဝေနေသော ကောင်းကင်အောက်တွင် မသဲမကွဲလှစ်ဟပေါ်ထွက်နေ၏။ ဘခ်ဟျွန်းအကြည့်လွှဲမိပြီးမှ မနေနိုင် ပြုံးမိသည်။

"ခင်ဗျား အစောကြီးထဲက ခေါ်လာသင့်တယ်"

ချန်းယောလ် ဘာမှပြန်မပြော။ ရုတ်ချည်း မျက်စိရှေ့ မှိတ်တုတ်မှိတ်တုတ်ဖြင့် ပျံဝဲသွားသော အစိမ်းရောင်အစက်လေးတစ်ခု။ ဘခ်ဟျွန်းလက်တစ်ဖက်က အလိုလို လှမ်းမိသည်။

"ပိုးစုန်းကြူးပဲ"

ဘခ်ဟျွန်းဘဝတွင် ပိုးစုန်းကြူးကို ပထမဆုံးတွေ့ဖူးသော အခိုက်အတန့်ဖြစ်ပါ၏။ အရောင်က တအားလင်းနေသည်မဟုတ်ဘဲ တစ်မှိတ်မှိတ်ဖြင့်၊ မျက်တောင်ခတ်နေသည့်နှယ်။ ဘခ်ဟျွန်း လက်သွယ်သွယ်နားတစ်ဝိုက်တွင် ဝေ့ဝဲနေပြီး မှောက်မိုက်နေသော အခြေအနေအောက် အလင်းစတစ်ခုနှယ်။

ရုတ်တရက် တည်ငြိမ်အေးစက်လွန်းနေတတ်သည့် မျက်ဝန်းစိမ်းတို့ကို သတိရမိ၏။ ဘခ်ဟျွန်းအနားဆိုလျှင် ပိုးစုန်းကြူးလေးကဲ့သို့ အရောင်တမှိတ်မှိတ်ဖြင့် မတည်ငြိမ်သော ထိုမျက်ဝန်းတွေ။ ခံစားချက်တွေ ပြည့်လျှံနေပါသည့်တိုင် ဘာကိုများ အပင်ပန်းခံ ဖုံးကွယ်ဖို့ ကြိုးစားနေသလဲ။ နားလည်နိုင်သည့်တိုင် ကလေးဆန်ချင်ပါ၏။

လေပြေတစ်ချက် တိုးဝှေ့သည်။ ပန်းရနံ့သဲ့သဲ့ဟာ နှာဖျားဝ ကလူကျီဆယ်လျက်။ ချန်းယောလ်ဘက်က မြင်နေရသည့် မြင်ကွင်းသည် တစ်သက်မမေ့နိုင်သည့် မြင်ကွင်းဟု ဆိုလျှင် အပိုမရှိလောက်။

သစ်ပင်အရိပ်အောက် ဖြောင့်မတ်သော ကိုယ်နေဟန်ထားဖြင့် ရပ်နေသော ကောင်လေးသည် လှပလွန်းသည်။ ပိုးစုန်းကြူးကို သဘောကျပုံရသည်ထင်။ အတွေးနှင့်အတူ သူ့စိတ်ထဲ အမိန့်က လေပြင်းတစ်ချက်နှယ် ပတ်ဝန်းကျင်ပျံ့နှံ့သွားတော့ ရုတ်ချည်းအလျှိုလျှို ထွက်ပြူလာသော အစိမ်းရောင် အလင်းစက်လေးများ။

ပတ်ဝန်းကျင်တစ်ခုလုံးသည် စိမ်းရောင်လွင်ပြင်ထဲ ရောက်သွားသည့်နှယ်၊ လင်းထိန်လျက်။ ဘခ်ဟျွန်းထံမှ တအံ့တဩ အကြည့်တစ်ချက်ရသည်။ ခပ်ဖွဖွပြုံးပြလိုက်တော့ သဘောတကျ ရယ်မောကာ ပိုးစုန်းကြူးတွေ ထွက်လာသော မြက်ခင်းရှည်တွေဘက် ပြေးဝင်သည်။ လက်က မြက်ရှည်တွေကို တစ်ချက်ထိလိုက်တိုင်းမှာ ပိုးစုန်းကြူးတချို့ဟာ ပြူထွက်လာပြီး ဘခ်ဟျွန်းဘေးနား ပျံတက်သွားကြ၏။ ချန်းယောလ်စိတ်က အမိန့်ပေးလိုက်တိုင်းမှာလည်း မြက်ရှည်တချို့ဟာ အရိုင်းဆန်နေရာကနေ လေပြေအလိုက် ယိမ်းနွဲ့သိမ်မွေ့လျက်၊ ဘခ်ဟျွန်းထံ အန္တရာယ်မပြုဝံ့ကြ။

ခါးအထိ ရှည်လျားနေသော မြက်ခင်းပန်းများအကြား လင်းထိန်နေသော ပိုးစုန်းကြူးတွေနှင့်အတူ ရယ်မောပျော်ရွှင်နေသော ပုံရိပ်လေး။ မကြာသေးခင်က ငိုအောင်ပြုမိသော မိမိကိုယ်ကို ဒေါသထွက်မိသည်။ ဒီကောင်လေးသည် အပြုံးနှင့်လိုက်သည်၊ ပြုံးဖို့ ထိုက်တန်သည်။

ဒီမြင်ကွင်းကိုတော့ ချန်းယောလ်တစ်သက်တာ မေ့နိုင်တော့မည် မဟုတ်ပါချေ။ လှပလွန်း၍။

_____•°•°•°•°•

လောလောဆယ်အထိတော့ အဆင်ပြေနေသေးတယ်ပဲ ပြောရမလိုပဲ၊ စိတ်ပူပေးကြတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်နော် 💛

Keshi - Magnolia

Zawgyi

ဘခ္ဟြၽန္းအခန္းထဲဝင္ကာ ေလာ့ခ်ၿပီးသည္ႏွင့္ ကုတင္ေပၚ ေျပးေမွာက္မိသည္။ ႏွာရည္မ်ားဟာ ေခါင္းအံုးတစ္ေလ်ွာက္ ရႊဲကနဲ။ ေခါင္းအံုးႏွင့္ မ်က္ႏွာအပ္ထားရင္းမွ တအင့္အင့္ရိႈက္သံမ်ားက အစ္ထြက္ေနၿပီး အသက္ရႉၾကပ္ေနသည့္ႏွယ္ ျဖစ္ေနေသာ္ျငား ေခါင္းလည္းမေထာင္မိ။ ေခါင္းထဲ ေတာက္ေလ်ွာက္ ေျပးဝင္လာသည့္ ျမင္ကြင္းမ်ားက သူ႔အေမရဲ့ ေသြးအိုင္။ အၿမဲလိုလို အိမ္မက္ဆိုးေတြထဲအထိ ေနွာင့္ယွက္ခံခဲ့ရသည့္ အျဖစ္အပ်က္ဆိုးေတြ။ ႀကံဳေတြ့ခဲ့ရသည္မ်ားက ၿပီးခဲ့ၿပီးျဖစ္သည့္တိုင္ ခံစားရတာေတာ့ ဘခ္ဟြၽန္းကိုယ္တိုင္မို႔ ခုခ်ိန္ထိ နာက်င္မႈ၊ ေၾကာက္ရြံ႔မႈတိုင္းကို မေမ့ႏိုင္ပါေခ်။ အၿမဲလိုလို ဒုကၡပတ္လည္ဝိုင္းေနသည့္ အေၾကာင္းျပခ်က္က ထိုအေရးမပါသည့္ လူတစ္ေယာက္အတြက္ ၾကင္ရာေတာ္အျဖစ္ ျဖစ္တည္လာ၍ တဲ့လား။

ေတာ္ေတာ္ၾကာသည္အထိ ရိႈက္ေနၿပီးမွ အသက္ရႉၾကပ္လာ၍ထင္၊ ငုပ္တုပ္ထိုင္ကာ မ်က္ရည္တို႔ကို ရႊတ္ကနဲ ျမည္ေအာင္ သုတ္သည္။

"အေရးမပါတာ"

ရိႈက္သံတစ္စြန္းတစ္စႏွင့္ ဆိုေသာ စကားက ႏွာသံေလးမ်ားပင္ ေပါက္ေနေသးသည္အထိ။

ဘခ္ဟြၽန္းဘဝ တစ္ခုလံုးကို ေဇာက္ထိုးမိုးေမ်ွာ္ ျဖစ္ေစသည္သာမက လက္တြဲေဖာ္ကအစ လာၿပီး ကန္႔သတ္ေနခ်င္ေသးသည္။ ပိုၿပီး ေဒါသထြက္ေစသည္က မေက်နပ္သည့္တိုင္ ထိုကံၾကမၼာကို ေျပာင္းလဲမရဟူသည္ကို သိေနေသာေၾကာင့္။ ငယ္ငယ္ကတည္းက မိမိဘဝက မရိုးရွင္းမွန္း အရိပ္အႁမြက္သိထားရသည္မို႔ ခ်န္းေယာလ္တို႔ ကိစၥအား မထူးဆန္းျခင္းျဖစ္ေသာ္ျငား၊ ထိုသို႔အေၾကာင္းအရင္းမွန္ကေတာ့ ဘခ္ဟြၽန္းအား မည္သို႔မွ လက္မခံေစႏိုင္။

မုန္းပါ၏။ မိမိျဖစ္တည္မႈကိုလည္း မုန္းသလို ထိုကံၾကမၼာကိုလည္း မုန္းသည္။

အရာအားလံုးက ထိုအမည္မသိသည့္သူႏွင့္ ဆံုဖို႔အတြက္ေလးေၾကာင့္ႏွင့္ သူ႔ဘဝနာခဲ့ရသည္ကို စဥ္းစားမိတိုင္း အဆံုးမရိွ ေဒါသထြက္လာေစသည့္အျပင္ မ်က္ရည္မ်ားပါ တာက်ိဳးေစလာသည္အထိ။

အခ်ိန္ေတာ္ေတာ္ၾကာသည္အထိ၊ ၪီးေနွာက္ထဲက ဝမ္းနည္းမႈပံုရိပ္မ်ားက ထြက္မသြားႏိုင္။ အိပ္ေပ်ာ္သြားလ်ွင္ စိတ္ၿငိမ္သြားမလားအေတြးႏွင့္ အိပ္ရာထဲေကြးၿပီးသာ ေစာင္ၿခံဳထားလိုက္ေသာ္ျငားလည္း အိပ္မေပ်ာ္။ ရိႈက္သံမ်ားျဖင့္သာ တစ္ခန္းလံုး ျပည့္ႏွက္ေနေတာ့၏။

အခ်ိန္မည္မ်ွ ၾကာသြားၿပီလဲ ဘခ္ဟြၽန္းမသိ။ ေလာေလာဆယ္ မ်က္ရည္တစ္ပံုးစာေလာက္ သြန္ထားရသည္မို႔ သူ႔ေခါင္းေတြထိုးကိုက္ေနၿပီး အိပ္ခ်င္ေနသည္သာသိသည္။ သို႔ေပမယ့္ အိပ္လို႔မေပ်ာ္၊ မ်က္လံုးမိွတ္လိုက္တိုင္းမွာ ေၾကာက္ဖို႔ေကာင္းသည့္ အတိတ္ဆိုး ျမင္ကြင္းမ်ားကသာ ေခါင္းထဲ တလိွမ္လိွမ့္တိုးဝင္ေနဆဲ။

နံရံေထာင့္ကပ္သည္အထိ ေကြးေကြးေလးအိပ္ေနရာမွ ထထိုင္လိုက္ေတာ့ ပုခံုးထိဆြဲၿခံဳထားသည့္ ဂြမ္းေစာင္ႀကီးက ေလ်ွာက်သြားသည္။ လည္ပင္းတစ္ေလ်ွာက္ စိုစြတ္စြာ စီးဆင္းေနသည္မ်ားက ေခြၽးေတြလား မ်က္ရည္ေတြလား မသဲကြဲ။ ႏႈတ္ခမ္းတစ္ခ်က္သပ္ကာ သက္ျပင္းမႈတ္ထုတ္လိုက္ရသည္။ သူခ်န္းေယာလ္ႏွင့္ စကားေျပာဖို႔လိုေနသည္။

ေခါင္းရင္းနား စားပြဲရိွ ဖုန္းကိုယူၾကည့္မိေတာ့ အခ်ိန္ကား ည ၁၂ ျဖစ္ေနၿပီ။ စိတ္အတက္အက် ျမန္သည့္သူျဖစ္သည့္တိုင္ ထိုကိစၥကိုေတာ့ ဘခ္ဟြၽန္းေျဖဆည္မရျဖစ္ေနသည္မွာ ႏွစ္နာရီေလာက္ ၾကာျမင့္သည္အထိ။ အေတြးေတြၿငိမ္သြားေတာ့မွ သတိျပဳမိသည္ကလည္း သူမဟုတ္သည့္ တစ္ျခားသူတစ္ေယာက္ႏွင့္ လက္ဆက္ရမည္ဆိုသည္ကို။

အေတြးႏွင့္အတူ ထိုေနရာတြင္သာ ငိုင္က်သြားမိျပန္၏။ သူက ခ်န္းေယာလ္ကိုပဲ ခ်စ္တာေလ။ ဘာေၾကာင့္မ်ား နာမည္ေတာင္မသိသည့္ လူတစ္ေယာက္ႏွင့္ လက္တြဲရမည္နည္း။

"မုန္းလိုက္တာ မုန္းလိုက္တာ မုန္းလိုက္တာ"

ဘယ္သူ႔ကို စိတ္တိုရမလဲမသိစြာ ေစာင္ပံုထဲ လက္သီးထိုးခ်မိသည္။

မိမိျဖစ္တည္မႈေၾကာင့္ ဝမ္းနည္းမႈမ်ားကိုေတာ့ သူ႔အေပၚမပံုခ်ခ်င္၍ ေရွာင္ေနျခင္းျဖစ္သည့္တိုင္ ဒီကိစၥကိုေတြးမိေတာ့ မ်က္ႏွာခ်င္းဆိုင္ ေအာ္ေမးပစ္ခ်င္လာ၏။ သက္ျပင္းတစ္ခ်က္ႏွင့္အတူ ေစာင္ပံုထဲကေနထြက္ကာ ၾကမ္းခင္းေပၚေျခခ်လိုက္သည္။ သူေသခ်ာေလး စကားေျပာဖို႔လိုေနသည္။

တံခါးဖြင့္ၾကည့္လိုက္ေတာ့ ေမွာင္မဲေနသည့္အခန္းက ျမင္လႊာထဲ စီးႀကိဳသည္။ ဘခ္ဟြၽန္းအခန္းထဲ မဝင္ခင္က ထားခဲ့သည့္အတိုင္းပင္။ နည္းနည္းေလးမွ ေျပာင္းလဲျခင္းမရိွသည္မို႔ အခန္းျပင္ထြက္ကာ အိမ္ေရ႔ွထိ ေလ်ွာက္လာလိုက္သည္။ ခ်န္းေယာလ္က ဆိုဖာေပၚမွာ အိပ္တတ္သည္မို႔ အၿမဲလိုလိုရင္းႏွီးေနက် ပံုရိပ္ေလးျမင္ရႏိုးအေတြးႏွင့္အတူ ဧည့္ခန္းထဲ ေခါင္းျပဴၾကည့္လိုက္ေပမယ့္ ဟာလာဟင္းဟင္း ဗလာျဖစ္ေနေသာ အေျခအေနကိုသာ ေတြ့လိုက္ရသည္။

ခ်န္းေယာလ္ႏွင့္ တူသည့္အရိပ္အေယာင္ဟူ၍ တစ္စိုးတစ္စိမွ မရိွ။ တစ္ခန္းလံုးသည္ ေမွာင္မဲေနၿပီး မၾကာေသးခင္ကမွ အစိမ္းေရာင္သန္းေနေသာ ဓားကိုလည္းမေတြ့မိ။

ရင္ထဲထိတ္ကနဲ ျဖစ္သြားမႈႏွင့္အတူ မီးအျမန္ဖြင့္ၾကည့္ေသာ္ျငားလည္း လူတစ္ေယာက္မွမရိွသည့္ အခန္းလယ္ထဲ ဘခ္ဟြၽန္းတစ္ေယာက္တည္း။ ေျခေထာက္မ်ားပင္ ေခြယိုင္သြားမတတ္။ အလ်င္အျမန္ပင္ အိမ္ေရ႔ွေျပးထြက္ကာ ၿခံထဲဆင္းရွာၾကည့္ေသာ္ျငားလည္း မေတြ့။ ပတ္ဝန္းက်င္တစ္ခုလံုးက ေမွာင္မဲေနၿပီး တိရိစၧာန္တို႔၏ ေသးေသးမႊားမႊား ေအာ္သံမ်ားပင္ မဆိုေလႏွင့္၊ ေလတိုးသံပင္ မခံစားရသေယာင္။ ေၾကာက္ရြံ႔လာသည့္စိတ္ကို အသာထိန္းကာ ဂိုေထာင္ထဲဝင္ရွာၾကည့္သည္။

ကားသည္ ေနရာတက်။ သို႔ေပမယ့္ လူမရိွ။ ဘယ္မ်ားသြားေနသည္လဲ။ အေနာက္ေဖးေတြထိလဲ ဘခ္ဟြၽန္းမရွာတတ္။ ထိုအေနာက္တံခါးက ခ်န္းေယာလ္မသိလိုက္မသိဘာသာလား၊ တမင္သက္သက္လား မသဲကြဲစြာပင္ ေသာ့ခတ္ထားတတ္သည္ေၾကာင့္ ဘခ္ဟြၽန္းလည္း ေယာင္လို႔ေတာင္ စကားမဟျခင္းသာ။ ယခုေတာ့ တစ္အိမ္လံုးအႏွံ႔ရွာၾကည့္ေသာ္ျငား သူသည္မရိွ။

ခ်န္းေယာလ္က တစ္ခုခုဆို သူ႔ကိုမေျပာဘဲ ဘယ္ကိုမွသြားေလ့မရိွသည့္တိုင္ ယခုေတာ့ ေျပာမသြားသည္က ဘာအဓိပၸာယ္လဲ။ ဘခ္ဟြၽန္းေအာ္လိုက္မိ၍ ေဒါသထြက္သြားသည္လား။ ျပန္စဥ္းစားမိေတာ့ မၾကာေသးခင္က စကားဝိုင္းမွာ ဘခ္ဟြၽန္းအေတာ္ကို ေဒါသထြက္ထြက္ႏွင့္ ေအာ္ဟစ္မိခဲ့သည္ပင္။

ႏွစ္နာရီၾကာေလာက္အထိ မေပ်ာက္ပ်က္ႏိုင္သည့္ ေဒါသက ယခုအခ်ိန္မွ ရုတ္ခ်ည္းအစပင္ရွာမရေတာ့။ ရင္ထဲပူေလာင္မႈႏွင့္အတူ ေခါင္းကိုခပ္ျမန္ျမန္အလုပ္ေပး စဥ္းစားေတာ့ ဖုန္း။

ဖုန္းေခၚရမည္။

အေတြးႏွင့္အတူ အခန္းထဲကဖုန္းကိုယူလာကာ ဆက္သြယ္ၾကည့္သည္။ ဆိုဖာေပၚ ခပ္က်ံဳ႔က်ံဳ႔ေလး ဝင္ထိုင္ရင္း ဖုန္းျမည္သံ တတူတူကို စိတ္လႈပ္ရွားစြာ ေစာင့္ဆိုင္းေနမိသည္။ တျဖည္းျဖည္း စကၠန္႔တို႔သာ ၾကာလြန္လာသည္၊ ေျဖကိုင္မည့္ အရိပ္အေယာင္မရိွ။ ေနာက္ဆံုး ေအာ္ပေရတာမိန္းကေလး အသံႏွင့္သာ အဆံုးသတ္သည္မို႔ ရင္ထဲေလးလံသည့္ အစိုင္အခဲတစ္ခုႏွင့္ အဖိခံလိုက္ရသလို။

လက္မေလ်ွာ့၊ ေနာက္တစ္ႀကိမ္ ျပန္ေခၚမိေတာ့ အသံထပ္ျမည္သည္။

ေျခေခ်ာင္းေလးမ်ားကိုပင္ ကုပ္ထားကာ ႏႈတ္ကလည္း ကိုင္ပါဟူေသာ စကားစုကိုသာ ခပ္တိုးတိုး ထပ္ခါတလဲလဲ ေရရြတ္ေနမိသည္။ တျဖည္းျဖည္း ရွည္ၾကာလာသည့္တိုင္ အဆက္မျပတ္ေသးေသာ ျမည္သံေၾကာင့္ ဘခ္ဟြၽန္းမ်က္ဝန္းမွ အရည္ၾကည္တစ္စက္က လိွမ့္ကနဲ။

"ေက်းဇူးျပဳျပီး ..."

ခပ္တိုးတိုးေတာင္းဆိုမိေသာ္ျငား ေနာက္ဆံုးေအာ္ပေရတာ အသံသာထြက္သည္မို႔ စိတ္မရွည္စြာ ျပန္ခ်ၿပီး ေနာက္တစ္ႀကိမ္ ထပ္ေခၚသည္။ စက္ပိတ္ထားသည္တဲ့။

လက္ထဲကဖုန္းဟာ ေလ်ွာကနဲ။ တုန္လႈပ္မႈႏွင့္အတူ မ်က္ရည္တို႔ဟာလည္း အရိွန္မသတ္ႏိုင္ေတာ့။ ေဆာင့္ေၾကာင့္ထိုင္လ်က္သားပင္ ဒူးေခါင္းေပၚ မ်က္ႏွာေမွာက္ခ်မိေတာ့၏။

ဘခ္ဟြၽန္းကို တစ္ျပန္စိတ္ကုန္သြားသည္လား။ ေအာ္လိုက္မိ၍ ထားသြားသည္လား။ ရင္ထဲအဆက္မျပတ္ တုန္လႈပ္မႈႏွင့္အတူ ခံစားခ်က္က ယခင္ကကဲ့သို႔ အားကိုးမရိွေတာ့သလို ေမွာက္မိုက္သြားေသာ အနာဂတ္။ တစ္ခန္းလံုးဟာ လင္းထိန္ေနသည့္တိုင္ မလံုၿခံဳေတာ့သလို ခံစားမႈေၾကာင့္ က်ံဳ႔သထက္က်ံဳ႔ေအာင္ထိုင္ကာ ကိုယ့္ကိုယ္ကို အတတ္ႏိုင္ဆံုး ဖက္ထားမိသည္။

ဘယ္ကိုသြားႏိုင္ေလာက္လဲ။ မ်က္ရည္မ်ားၾကားမွ စိတ္သက္သာရေအာင္ ၪီးေနွာက္ကို အလုပ္လုပ္ေနသည္ကလည္း မျပတ္လပ္ႏိုင္။ ယခင္ကဆို တစ္ေယာက္တည္း ထားသြားေလ့မရိွသည္မို႔ စဥ္းစား၍မရသည့္တိုင္ ဘခ္ဟြၽန္းခန႔္မွန္းမိသည္ကလည္း ကုမၸဏီသာရိွသည္။ သို႔ေပမယ့္ ဒီအခ်ိန္ႀကီးတဲ့လား။ မျဖစ္ႏိုင္ပါေခ်။ အေတြးက စိတ္သက္သာ မရေစ၊ ပို၍သာပူေလာင္ေစသည္။

ခ်န္းေယာလ္ႏွင့္ အတူေနသည္မွာ တစ္ပတ္ေက်ာ္ေလာက္ ရိွေနၿပီျဖစ္သည့္တိုင္ သူသည္ ဘာအေၾကာင္းမွ ေသခ်ာေရရာမသိရေသး။ သိခ်င္စိတ္ ျဖစ္သည့္တိုင္ ခ်န္းေယာလ္သည္ သူႏွင့္စည္းတစ္ခု ျခားကာေနသည္။

အေၾကာင္းျပခ်က္ကလည္း ဘခ္ဟြၽန္းက ထိုၾကင္ရာေတာ္ ျဖစ္ေန၍ေပလား။ သူ႔အေၾကာင္း ဘာမွလည္း ေပးမသိသကဲ့သို႔ ခံစားခ်က္ေတြလည္း မမ်ွေဝ။ စကားေတြ အမ်ားႀကီး မေျပာသည္ကပင္ သိသာေနပါ၏။

ဆိုဖာေပၚက်ေနသည့္ ဖုန္းအား ေကာက္ယူကာ ထပ္မံဆက္သြယ္မိသည္။ ထူးျခားမနားပင္ စက္ပိတ္ထားဆဲ။ ပိတ္ထားမွန္းသိလ်က္ႏွင့္ ဖုန္းကိုလက္ထဲကမခ်ဘဲ ေတာက္ေလ်ွာက္ ေခၚေနမိၿပီး ရိႈက္သံတိုးၫွင္းၫွင္းဟာလည္း အခန္းတစ္ေလ်ွာက္ လြင့္ပ်ံ့လ်က္။ ဧည့္ခန္းတစ္ခန္းလံုး လင္းထိန္ေနေသာ္ျငား ဆိုဖာေပၚက်ံဳ႔က်ံဳ႔ေလးထိုင္ေနေသာ လူသားကျဖင့္ ေၾကာက္ရြံ႔ေနသည့္ႏွယ္။ တစ္အိမ္လံုးတြင္ တစ္ေယာက္တည္းသာ။

_

Bar အတြင္းတစ္ေနရာ။
မီးေရာင္ခပ္မိွန္မိွန္ႏွင့္အတူ တိုးၫွင္းေသာ စကားသံအခ်ိဳ႕ႏွင့္ သီခ်င္းသံခပ္ေဖ်ာ့ေဖ်ာ့က တစ္ဆိုင္လံုးကို ပ်ံ့ႏွံ႔ေနၿပီး စိတ္ၿငိမ္ေစသည္ထက္ ပိုကာ စိတ္အတြင္း လိႈင္းတံပိုးတို႔ ရီေဝေစသည္အထိ။

ေျခသံခပ္သြက္သြက္ႏွင့္အတူ ဝင္လာေသာ လူတစ္ေယာက္။ ေပါ့ေပါ့ပါးပါး အဝတ္အစားတို႔ႏွင့္ျဖစ္သည့္တိုင္ အရက္အေမာင္းႏွင့္ တည္ရိွမႈအရိွန္အဝါက လူတိုင္းကို လွည့္ၾကည့္ေစမိသည္အထိ။ လူတခ်ိဳ႕ အၾကည့္ကို အာရံုခံမိေသာ္ျငား တိတ္ဆိတ္ေနေသာ အေျခအေနေၾကာင့္ ခ်န္းေယာလ္အတြက္လည္း စိတ္အေနွာင့္အယွက္ သိပ္မျဖစ္။

ဘခ္ဟြၽန္းစိတ္ပင္ပန္းကာ အိပ္ေပ်ာ္ေနတုန္း အခ်ိန္ေလး ဒီလာၿပီး အိုဆယ္ဟြန္းႏွင့္ ေဆြးေနြးစရာရိွသည္မ်ား လာေျပာရန္ ႀကံျခင္းသာ။ တစ္ေယာက္တည္း ထားခဲ့ရေသာ္ျငား သူကိုယ္တိုင္ ဘခ္ဟြၽန္းေပၚ စည္းအထပ္ထပ္ၿခံဳထားေပးခဲ့သည္မို႔ စိတ္ေတာ့သိပ္မပူ။ အၿမဲလိုလို ဘယ္သြားသြား အေနာက္က အၿမႇီးဆြဲလိုက္ေနတတ္သည္မို႔ ယခုစိတ္ဆိုးေနခ်ိန္ေလးပဲ သူ႔အနားမကပ္မွာသိ၍ ထားခဲ့ျခင္းျဖစ္သည္။

သို႔ေပမယ့္ စိတ္ဆိုးသြားေသာ အေျခအေနမွာ တစ္ေယာက္တည္းထားခဲ့ရသည္မို႔ စိတ္ကသိပ္မေျဖာင့္။ ျပင္ပအႏၲရာယ္ေတြ စိုးရိမ္ျခင္းမဟုတ္ဘဲ ဘခ္ဟြၽန္းတစ္ခုခု စိတ္ရူးေပါက္မည္ကိုသာ စိုးရိမ္ျခင္းျဖစ္သည္။ ဒီေကာင္ေလးက အငိုလြယ္ေပမယ့္ လြယ္လြယ္ အရႈံးေပးတတ္သည့္ထဲ မပါသည္မို႔သာ အနည္းငယ္ သက္မခ်ရရံု။

ထိုအခ်ိန္က ဘခ္ဟြၽန္းေျပာသြားသည္မ်ားကလည္း တစ္ခုမွ မမွားသည့္တိုင္ ထိုဝမ္းနည္းသြားသည့္ အမူအရာက ခ်န္းေယာလ္ကို ေနရထိုင္ရ ခက္ေစသည္မို႔ ထိုေနရာတြင္သာ အေတာ္ၾကာအထိ ေၾကာင္အေနမိေသးသည္။ မိမိကံၾကမၼာကို သိရ၍ ငိုသည္တဲ့။ ဘာေၾကာင့္မွန္း ခ်န္းေယာလ္မသိေသာ္ျငား သူ႔ဘဝသက္တမ္းတစ္ေလ်ွာက္လံုး ဖတ္ခဲ့ဖူးသမ်ွ မွတ္တမ္းေတြအရေတာ့ ၾကင္ရာေတာ္ေတြကို စံအိမ္ေခၚယူရတာ လြယ္လြန္းသည္ပင္။ ဘခ္ဟြၽန္းက်မွ ...

ေယာက်္ားေလးျဖစ္ေန၍လား၊ ေတြးမိေသာ္ျငား မဆိုင္ပါ။ အထက္ေကာင္းကင္အဖြဲ႔အစည္းက ပထမဆံုးေစာင့္ေရွာက္သူ၏ ၾကင္ရာေတာ္သည္ အမ်ိဳးသားျဖစ္ခဲ့ဖူးသည္။ ထို႔အတူ ႏွစ္ေယာက္လံုးဟာလည္း ခ်စ္ခ်စ္ခင္ခင္ျဖင့္ ျပႆနာတစ္စမသီဘဲ သက္ဆံုးတိုင္ေနသြားခဲ့ၾကဖူးသည္။

အင္း ... သို႔သည့္တိုင္ မတူပါေခ်။
ဘခ္ဟြၽန္းသည္ အမည္နာမ ေပါက္ၾကားျခင္းခံထားရေသာ ၾကင္ရာေတာ္မဟုတ္ေပလား။ ထိုတစ္ခ်က္ႏွင့္ပင္ တစ္ဘဝလံုးနာထားေသာ ဘခ္ဟြၽန္းအတြက္ ဤအခ်က္က စိတ္နာစရာျဖစ္ေနေလာက္သည္။ သူက သိပ္မစဥ္းစားေပးမိလိုက္တာပင္။ ဒါကိုေတာင္ သူ႔ခံစားခ်က္တစ္ခုတည္းကိုပဲ ေၾကာက္ရြံ႔ေနၿပီး စံအိမ္ကို အတင္းပို႔ဖို႔ရန္ စီစဥ္မိလိုက္ေသးသည္။ အိုဆယ္ဟြန္း ေျပာသေလာက္လည္း မွန္ပါသည္။ သူ ခ်က္ခ်င္း ဘယ္လက္ခံႏိုင္ပါ့မလဲ။

အခန္းထဲက ရိႈက္သံတစ္စြန္းတစ္စကို ျပန္လည္ၾကားေယာင္မိေတာ့ ခ်န္းေယာလ္ သက္ျပင္းမခ်မိဘဲ မေနႏိုင္။

ဘားေကာင္တာေရ႔ွေရာက္လာေတာ့မွ သတိျပဳမိသည္က ယခင္ကလို သခင္ပ်ိဳႏွယ္ ေမာက္မာသည့္ အၾကည့္ေတြႏွင့္ barman ေလး မဟုတ္ေတာ့သည္မို႔ အနားသြားကာ ေမးလိုက္သည္။

"အိုဆယ္ဟြန္းရိွလား"

ဝိုင္ခြက္မ်ားကို ပိတ္အျဖဴေလးႏွင့္ တစ္ခြက္ခ်င္း ေအးေဆးသုတ္ေနေသာ ေကာင္ေလးက အၾကည့္တစ္ခ်က္ ဝင့္ၾကည့္သည္။ ထို႔ေနာက္ ဆြဲေဆာင္မႈရိွရိွ ၿပံဳးျပသည္။ သူ႔ၾကည့္ရတာ ခ်န္းေယာလ္ ဘယ္သူမွန္းသိပံုမရ။ ထို႔ေၾကာင့္လည္း ထိုသို႔အမူအရာေတြႏွင့္ ဆြယ္ရဲေနတာ။ အနံ႔အရေတာ့ လူသားမဟုတ္သည္ကို အဘယ္ေၾကာင့္မ်ား ခ်န္းေယာလ္အေၾကာင္း မသိရသည္တဲ့လဲ။ ဒါမွမဟုတ္ တမင္ မေၾကာက္ျပတာမ်ားလား။ ထိုအေတြးကို ထိုေကာင္ေလးက အတည္ျပဳသည္။

"သခင္က အခန္းထဲမွာပါ သခင္ေလးပတ္"

ခ်န္းေယာလ္ မ်က္ခံုးတို႔တြန္႔ခ်ိဳးမိလိုက္ေသာ္ျငား အေတြးထဲက ဘခ္ဟြၽန္းထြက္မသြားေသးသည္မို႔ စိတ္မဆတ္ႏိုင္ေသး။ အိုဆယ္ဟြန္း အခန္းထဲဝင္ရန္ bar ေကာင္တာေနာက္ကို ေျခလွမ္းလိုက္စဥ္တြင္ပင္ ထိုေကာင္ေလးက ထပ္ဆိုလာျပန္၏။

"အတင့္ရဲမိတာ ခြင့္လႊတ္ပါ၊ အခုအခ်ိန္ေတာ့ မသြားဖို႔ အႀကံျပဳပါရေစ သခင္ေလး၊ သခင္က အခ်ိန္ေကာင္းေလးကို ျဖတ္သန္းေနတုန္းပါ"

အၿပံဳးတစ္ပြင့္ျဖင့္ ေအးေဆးသက္သာ ဆိုေသာစကားျဖစ္သည့္တိုင္ ခ်န္းေယာလ္ ေသခ်ာနားလည္လိုက္သည္။ ပံုမွန္စိတ္ႏွင့္သာဆို ထိုသာမေညာင္ည barman ေလး စကားကို နားထဲထည့္ေနမွာ မဟုတ္သည့္တိုင္ ေလာေလာဆယ္ စိတ္မၾကည္မႈေၾကာင့္ တစ္ေနရာတြင္သာ ဝင္ထိုင္ေနလိုက္သည္။

ခ်န္းေယာလ္အျပဳအမူေၾကာင့္ တစ္ဖက္ေကာင္ေလး မ်က္ခံုးပင့္မိလိုက္သည္ကိုေတာ့ အေတြးေတြပြားေနသည့္ ခ်န္းေယာလ္မျမင္ျဖစ္လိုက္။

ခဏေလာက္ၾကာၿပီးေတာ့မွ အခန္းအတြင္းက ထြက္လာေသာ ဆယ္ဟြန္းက ဘာမွသိပ္ထူးျခားမႈမရိွသည့္တိုင္ အက်ႌကေတာ့ သိသိသာသာ ေၾကမြေနသည္။ ခ်န္းေယာလ္ မျမင္ခ်င္ေယာင္သာ ေဆာင္လိုက္သည္။

"ဘာကိစၥရိွလို႔လဲ"

ခ်န္းေယာလ္ေဘးတစ္ေနရာတြင္ အသာဝင္ထိုင္ရင္း စကားဆိုၿပီးသည္ႏွင့္ barman ေလးထံ အခ်က္ျပကာ ေသာက္စရာတစ္ခုခု လာခ်ခိုင္းသည္။

"မင္းမွာ ဓားကို ထိန္းခ်ဳပ္နည္း စာအုပ္ရိွတယ္မလား"

ဆယ္ဟြန္း တစ္ခ်က္လွည့္ၾကည့္သည္။ ထို႔ေနာက္ ဂရုမထားသလိုျဖင့္ ျပန္လည္ေမးခြန္းမထုတ္ဘဲ လိုရင္းသာေျဖ၏။

"ရိွတယ္ေလ"

"ငါအခုလိုခ်င္တယ္"

ဆယ္ဟြန္းအနည္းငယ္ အခက္ေတြ့သြားဟန္။

"ငါေနာက္မွပို႔ေပးလိုက္မယ္"

ခ်န္းေယာလ္မ်က္စံတို႔ ေမွးက်ဥ္းမိလိုက္သည္။ မ်က္စိေရ႔ွေရာက္လာေသာ ခြက္ကို ေသခ်ာေကာက္ကိုင္ရင္း ဆယ္ဟြန္း ေအးေဆးဆိုလာ၏။

"ေလာေလာဆယ္ ဟန္အိပ္ေနတယ္"

"ႏိႈးလိုက္"

"သူပင္ပန္းထားတယ္"

ခ်န္းေယာလ္မ်က္ခံုးအစံုဟာ တြန္႔ကနဲ။ သတိတရ ျဖစ္ေစခ်င္သည့္အခ်က္ျဖင့္ ဆိုလိုက္သည္။

"ဘခ္ဟြၽန္း သူ႔ျဖစ္တည္မႈကို သူသိသြားၿပီ"

ဆယ္ဟြန္းက နည္းနည္းေတာ့ ေတြေဝသြားသည့္ဟန္။ ထို႔ေနာက္မွ အာ ကနဲ ေရရြတ္မႈေၾကာင့္ ခ်န္းေယာလ္ရင္ထဲ ေဒါသမီးပိုေတာက္လာခ်င္သေယာင္။

"အဲ့ေကာင္ေလး လက္ခံႏိုင္ၿပီး ၁၈ ျပည့္တာနဲ႔ ငါစံအိမ္ကိုေခၚလာေတာ့မွာ၊ မင္းဇယားေတြ အကုန္ျဖတ္ထား"

ဆယ္ဟြန္းဘာမျွပန္မေျဖ၊ အေမးျဖင့္သာ ျပန္လည္တံု႔ျပန္၏။

"သူ လက္ခံႏိုင္ရဲ့လား ... ဘာေျပာေသးလဲ"

ခ်န္းေယာလ္မ်က္ႏွာလႊဲလိုက္သည္။

"ေတာ္ေတာ္ဆိုးဆိုးကို ျငင္းတာ"

ဆယ္ဟြန္းထံမွ ခပ္ရွရွ ရယ္သံထြက္လာ၏။ ထို႔ေနာက္ ကႏုတ္မ်ားျဖင့္ ပံုေဖာ္ထားသည့္ ဖန္အၾကည္ေရာင္ခြက္ထဲက မေဟာ္ဂနီေရာင္ အရည္တို႔ကိုေမာ့ေသာက္သည္။ ဘာေတြေကာင္းလို႔လဲေတာ့မသိေသာ္ျငား ခ်န္းေယာလ္ကေတာ့ အရက္ဆိုလ်ွင္ ဆိုဂ်ူေတာင္ မႀကိဳက္ပါ။

"သူ႔ကိုသာ အရင္ရေအာင္ေျဖာင္းျဖပါၪီး"

"ေျဖာင္းျဖရမယ့္အစား မင္းတို႔ႏွစ္ေယာက္ တန္းေတြ့လိုက္တာ ပိုအဆင္မေျပဘူးလား၊ ဟိုေကာင္ေလးေၾကာင့္ မင္းအခ်ိန္ဆြဲေနတာလို႔ေတာ့ မေျပာနဲ႔ ?"

ခြက္ႏႈတ္ခမ္းဝကို ပြတ္သပ္ေနသည့္ ဆယ္ဟြန္းလက္တို႔ တံု႔ကနဲ ရပ္သြားရသည္။ ခ်န္းေယာလ္ ဟက္ကနဲ ေလွာင္ရယ္ရယ္မိသည္။ သူထင္ထားသည့္အတိုင္းပါေပ။ မည္သို႔ပင္ဆိုေစ ဘခ္ဟြၽန္းခံစားရမည္ကိုေတာ့ သူဒီတိုင္းထိုင္ၾကည့္ေနမည္မဟုတ္ပါ။ ဆယ္ဟြန္းထံမွ သက္ျပင္းတစ္ခ်က္ခ်သံ ၾကားလိုက္ရၿပီး ေနာက္ဆံုးတစ္ငံုကို ေမာ့ေသာက္သည္။ လည္ေစ့က အထက္ေအာက္ေရြ့လ်ားရင္း။

"ဓားက ဘာကိစၥရိွလို႔လဲ။ မင္းလက္ဝယ္ရထားလို႔လား"

ေမးခြန္း ေျပာင္းေမးလာေသာ္ျငား ခ်န္းေယာလ္တြင္လည္း ျပန္ေျဖဖို႔ရာ ျငင္းဆန္မႈမရိွ။

"ဓားက ဘခ္ဟြၽန္းကို သစၥာခံေနတယ္"

ဆယ္ဟြန္းမ်က္ေမွာင္ၾကဳတ္သြား၏။

"ဓားက ဘခ္ဟြၽန္းကို သစၥာခံေနတယ္ ? သူအႏၲရာယ္ကင္းရဲ့လား"

စိုးရိမ္သလို အမူအရာကို ျမင္လိုက္ရသည္ႏွင့္ ခ်န္းေယာလ္မ်က္ႏွာလႊဲမိသည္။ ဆိုင္သူက စိုးရိမ္မျပေတာ့လည္း ေဒါသထြက္ရသကဲ့သို႔ စိုးရိမ္ျပေတာ့လည္း နာက်င္ရတာ သူပင္။

"ဓားကို ငါခ်ဳပ္ထားတယ္"

ဆယ္ဟြန္းထံမွ မည္သည့္စကားသံမွ မၾကားရေတာ့။ ခ်န္းေယာလ္ေမ်ွာ္မွန္းထားတာ ထိုသို႔မဟုတ္။ အနည္းဆံုး ဆယ္ဟြန္းအံ့ဩသြားသည္ျဖစ္ျဖစ္ ေလွာင္ရယ္သည္ျဖစ္ျဖစ္ တစ္ခုခုတံု႔ျပန္မိမည္ဟု ထင္ထားသည္ပင္။ ယခုေတာ့ ဆယ္ဟြန္းသည္ တစ္စံုတစ္ခုကို အသည္းအသန္ စဥ္းစားေနသည့္အလား မိႈင္ေတြက်ကာ အေျဖျပန္မလာေတာ့သည္မို႔ ခ်န္းေယာလ္မ်က္ေမွာင္ၾကဳတ္မိသည္။

"မထူးဆန္းဘူးလား"

ဆယ္ဟြန္းထံမွ ခပ္သဲ့သဲ့ ေထာက္ခံသံထြက္လာ၏။

"ငါစဥ္းစားၾကည့္ရသေလာက္ဆိုရင္ ဓားကိုထိန္းခ်ဳပ္ႏိုင္တဲ့သူက သမိုင္းတစ္ေလ်ွာက္ မေပၚလာဖူးေသးဘူးမဟုတ္လား၊ ကုန္ကုန္ေျပာရရင္ ေနအဖြဲ႔အစည္းက လူေတြေတာင္ သူတို႔ကိုထိန္းခ်ဳပ္ႏိုင္တာ မဟုတ္ဘူး"

ဆယ္ဟြန္း၏ ေတြးဆဆစကားကို ခ်န္းေယာလ္ ေခါင္းသာခါျပျဖစ္သည္။

"သိပ္မေတြးနဲ႔၊ အဲ့ဓားက ငါမေျပာနဲ႔ ဘခ္ဟြၽန္းေတာင္ အသာေလးထိန္းႏိုင္မယ့္ပံုပဲ။ သူကိုက ညံ့လြန္းေနတာ"

"ေအာ ..."

သိပ္မေတြးႏွင့္ဟုဆိုသည့္တိုင္ အေတြးစမ်ားက ဆယ္ဟြန္းေခါင္းထဲက ျဖတ္ခ်မရ။

"စာအုပ္ရွာတာ အဲ့ဒါေၾကာင့္လား"

"ေအး တခ်ိဳ႕တေလေတြလည္း ရွာစရာရိွေသးလို႔"

စကားစျပတ္သြား၏။ ထိုစဥ္ ရုတ္တရက္ ဒီကနဲျမည္သံတစ္ခ်က္က အက်ႌအတြင္းဘက္မွ ထြက္ေပၚလာသည္မို႔ ယူၾကည့္လိုက္ေတာ့ ဘာမွမရိွ။ လက္ဖဝါးတစ္ခုစာပင္ မရိွေသာ ကီးပတ္ဖုန္းေလးကို ေထာက္ေထာက္ ႏိွပ္ေနေသာ္ျငား မဲေမွာင္ေနၿပီး ဖြင့္၍ပင္မရေတာ့။

"ပ်က္ၿပီေပါ့ ပ်က္ၿပီ ေမ်ွာ္လင့္မေနနဲ႔၊ လဲပါလို႔ အတန္အတန္ ေျပာေနရက္နဲ႔ ဘာလို႔အဲ့ေလာက္ ကပ္စီးကုပ္ေနရတာလဲ"

စိတ္ပ်က္လက္ပ်က္ထြက္လာေသာ ဆယ္ဟြန္းစကားသံေၾကာင့္ လက္ထဲက ဖုန္းကိုခ်ိဳးခ်ခ်င္မိသြားသည္။

"မင္းဘာသိလို႔လဲ ဒီေကာင္ေတြက တစ္ခါအားသြင္းထားတာနဲ႔ တစ္လေလာက္ခံတယ္၊ အားကုန္တာေနမွာပါ အိမ္ေရာက္မွ သြင္းၾကည့္လိုက္ၪီးမယ္"

ဖုန္းေက်ာဘက္က ပြတ္ရာစင္းရာမ်ားက အသံုးၾကာေနၿပီဆိုသည္ကို သိသာေစသည့္တိုင္ ယခုထိလဲဖို႔ရန္ အစီအစဥ္မရိွေသးေသာ ခ်န္းေယာလ္ေၾကာင့္ ဆယ္ဟြန္းေခါင္းသာခါေတာ့သည္။ ေျပာမႏိုင္ေတာ့။ ေသခ်ာတာေတာ့ ဖုန္းဘတၴရီအား အသံုးခံျခင္းဆိုသည္ထက္ ခ်န္းေယာလ္က သံေယာဇဥ္ျဖစ္ေနတာ သူသိသားပင္။ ခ်န္းေယာလ္က အၿမဲထိုသို႔ပင္။ သူတို႔ႏွစ္ေယာက္ထဲမွာ ခ်န္းေယာလ္က ပိုၿပီးခ်ဥ္းကပ္ရခက္သလို၊ မာေၾကာသေယာင္ ထင္ရေသာ္ျငား တကယ္တမ္း သူ႔အတြင္းစိတ္က အႏူးညံ့ဆံုးျဖစ္သည္။ သက္မဲ့ပစၥည္းေလးေတြကအစ သံေယာဇဥ္တြယ္ေနတာကိုသာ ၾကည့္။

ဤသည္ကို စိတ္ထဲတြင္သာ ေတြးရဲသည္၊ အျပင္တြင္ သြားမေျပာရဲ။ ေဒါသထြက္ထြက္ႏွင့္ မ်က္ႏွာႀကီးရဲတက္ကာ သူ႔မ်က္ႏွာတည့္တည့္ကို ထိုးခ်လိမ့္မည္။ အေတြးႏွင့္အတူ လွစ္ကနဲၿပံဳးလိုက္စဥ္ ခ်န္းေယာလ္ထံမွ ထြက္လာေသာ စကားသံ။

"ငါသြားေတာ့မယ္ ဟိုႂကြက္ကို တစ္ေယာက္တည္းထားခဲ့ရတာ"

ေခ်ာ္ထြက္သြားေသာ အသံုးအႏႈန္းကို ခ်န္းေယာလ္က သူ႔ကိုယ္သူသတိမထားမိလိုက္သည္အထိ စိတ္ထဲတြင္ မည္မ်ွေခၚေနသလဲ စဥ္းစားၾကည့္၍ရသည္။ ဆယ္ဟြန္း အၿပံဳးတို႔ အနည္းငယ္ တည္တန္႔သြားသည္။

"ဂရုစိုက္ေပးလိုက္ၪီး"

မရွင္းမလင္းျဖစ္ခ်င္ေသာ စကားလံုးကို ခ်န္းေယာလ္က ဘာမွသိပ္မစဥ္းစား။ ေခါင္းတစ္ခ်က္သာ ညိတ္ျပၿပီး အလ်င္ထြက္သြား၏။ မည္မ်ွပင္ တစ္ဖက္ေကာင္ေလးကိုပဲ ေခါင္းထဲထည့္ေနသလဲ အၾကည့္မ်ားႏွင့္ပင္ ေပၚသည္။

ဓားကိုထိန္းခ်ဳပ္ႏိုင္သည္တဲ့လား ...

ဒါကို ဆယ္ဟြန္းက တစ္ခ်က္ၾကားရံုႏွင့္ အေတြးေပါက္ေသာ္ျငား ခ်န္းေယာလ္က ဘာေၾကာင့္မ်ား သံသယမဝင္သလဲ။ သို႔မွမဟုတ္ မသိခ်င္ေယာင္ေဆာင္ေနသည္လား။ မျဖစ္ႏိုင္။ သူသိသြားသည္ႏွင့္ ထိုအတိုင္း ေအးေဆးျဖစ္ေနမွာမဟုတ္ေလာက္။ ေအးေဆးျဖစ္မေနႏိုင္ေလာက္သည့္ အေၾကာင္းျပခ်က္ကို ဘခ္ဟြၽန္းတစ္ေယာက္တည္းႏွင့္ ၿပီးရန္ ဆယ္ဟြန္း သူကိုယ္တိုင္ စီစဥ္ထားၿပီးသား။

အျမန္ဆံုးေတာ့ လ်ိႈ႔ဝွက္ထားရသမ်ွ ကိစၥအကုန္ ေပၚေစခ်င္ၿပီ။ သူတင္မဟုတ္၊ ပတ္ပတ္လည္က လူေတြလည္း ပင္ပန္းေနရၿပီ။ ဘားေကာင္တာေနာက္ကို အၾကည့္ပို႔ထားေသာ္ျငား သူ႔ ပင္လယ္ျပာႏွယ္ မ်က္လံုးအတြင္းမွာေတာ့ အတြင္းဆံုးအခန္းထဲက ပင္ပင္ပန္းပန္း အိပ္ေပ်ာ္ေနသည့္ ေကာင္ေလးတစ္ေယာက္ပံုရိပ္သာ ထင္ဟပ္ေနသည္။

ဖန္ခြက္ကိုေဆာ့ကစားေနမႈေအာက္ ေရခဲတံုးတခ်ိဳ႕ႏွင့္ ဖန္သားထိခတ္သံမ်ား ထြက္လာၿပီး အခ်ိန္ၾကာလာသည္ႏွင့္အမ်ွ တျဖည္းျဖည္း အရည္ေပ်ာ္က်ကာ ေနာက္ဆံုးအသံမ်ား ရပ္သြားသည္အထိ။ သို႔သည့္တိုင္ ဆယ္ဟြန္း၏ လက္က မရပ္တန္႔ေသးသကဲ့သို႔ အေတြးေရယာဥ္ေၾကာမ်ားဟာလည္း မရပ္တန္႔ႏိုင္ေသး .... ။

___

ခ်န္းေယာလ္အိမ္ျပန္ေရာက္သည့္ အခ်ိန္တြင္ ေလထုအေျခအေနက ထူးဆန္းေနမွန္း တန္းသတိျပဳမိလိုက္သည္။ ထင္သည့္အတိုင္း အခန္းထဲေျခခ်ရံုသာရိွေသး၊ ၿပဲကနဲထြက္လာေသာ ကေလးလို ငိုသံ။

ဆိုဖာေပၚကေန ခုန္ခ်ေျပးဆင္းလာေသာ ႂကြက္က သူ႔ခါးတစ္ဝိုက္ကို တင္းကနဲေနေအာင္ ဆြဲဖက္ၿပီး ဝူးဝူးဝါးဝါးျဖင့္ ေအာ္ငိုေတာ့၏။

"ဘယ္ေတြေလ်ွာက္သြားေနတာလဲ !!! ကြၽန္ေတာ့္ကို ထားခဲ့ၿပီထင္ေနတာ !! အင့္ !"

ရိႈက္သံမ်ားပင္ မပ်ယ္ရက္ၾကားမွ ပလံုးပေထြးဆိုလာေသာ စကားမ်ားေၾကာင့္ ဖယ္ဖို႔ျပင္ေနေသာ ခ်န္းေယာလ္လက္တို႔ တံု႔ဆိုင္းသြားရ၏။

"မင္းအိပ္ေနမယ္ထင္လို႔"

"အိပ္ေနမယ္ထင္လည္း ႏိႈးၿပီးေျပာသြားပါ့လား ! ဘယ္တုန္းကမ်ား ဒီတိုင္းႀကီးထားခဲ့ဖူးလို႔လဲ အီးဟီး ကြၽန္ေတာ္ေစာင့္ေနတာ အစ္ တစ္နာရီေလာက္ရိွၿပီ - ထားခဲ့ၿပီထင္လိုက္တာ"

ဝမ္းနည္းေဒါသျဖင့္ ေအာ္ဟစ္ေနရင္းမွ ႀကိဳ႔ထိုးသံဟာလည္း ငိုရိႈက္သံမ်ားၾကားမွ ထြက္လာေသးသည္။

"ထားခဲ့ၿပီထင္လို႔ အစ္ ေၾကာက္ေနတာကို ! *ရႊတ္"

ႀကိဳ႔ထိုးတာ မရပ္ႏိုင္သည့္ၾကားမွ ေအာ္ဟစ္ေနသည္က မျပတ္သည့္အျပင္ ခဏေလာက္ေလး အနားေပးကာ ရပ္မည့္ဟန္လည္းမျပ။ ခ်န္းေယာလ္က ျပႆနာမရိွသၫ့္တိုင္ ဒီအေနအထားအတိုင္းႀကီးကလည္း အဆင္မေျပသလို ဒီေပါက္စလည္း ၾကာရင္ေမာမွာ။ စိတ္ေကာက္ေနတာကို ေခ်ာ့ဖို႔အထိမဆိုႏွင့္ ဒီလိုအေနအထားႏွင့္ ေပြ့ဖက္ေနသည္ကပင္ အဆင္မေျပ။ သို႔သည့္တိုင္ ကိုယ့္ကိုယ္ကို စိတ္ပ်က္ဖို႔ေကာင္းစြာပင္ ခ်န္းေယာလ္မွာလည္း ပယ္ခ်ပစ္ဖို႔ စိတ္အလ်ဥ္းပင္မရိွ။ တစ္ေယာက္တည္း ျဖစ္သြားသည္မို႔ ေၾကာက္လန္႔ေနသည့္ စိတ္ကိုနားလည္၍ စိတ္ႀကိဳက္ ငိုေစခ်င္ေပမယ့္ ကိုယ့္အေတြးႏွင့္ကိုယ္ မသင့္ေတာ္ေၾကာင္းျပကာ ဆြဲဖယ္မိျပန္လ်ွင္လည္း ထိုႂကြက္က ထပ္ငိုၪီးမွာ။

"ကြၽန္ေတာ့္မွာ အေၾကာင္းလည္းမၾကားရ၊ ဖုန္းဆက္လည္းမရနဲ႔ ဘယ္ေလာက္ေတာင္ - အစ္ !"

မျဖစ္ပါေခ်။

ခါးတစ္ဝိုက္က လက္ကို ဆတ္ကနဲေနေအာင္ ဆြဲျဖဳတ္လိုက္ေတာ့ ေျပာလက္စ အကုန္ရပ္ကာ မ်က္ရည္တို႔ေဝ့သီေနသည့္ မ်က္လံုးခပ္အစ္အစ္ေလးမ်ားျဖင့္ ေမာ့ၾကည့္လာ၏။ အနီးကပ္ဆံုးမွာ ရပ္ေနသည္မို႔ ေခြၽးသီးေခြၽးေပါက္ေလးမ်ားကအစ မ်က္ရည္ဥေလးမ်ားပါ ေသခ်ာအေသးစိတ္ ျမင္ေနရသည္အထိ။

"ငါအခုျပန္လာၿပီပဲမဟုတ္လား"

နဂိုက မ်က္ရည္ၾကည္မ်ားႏွင့္ ေဝဝါးေနသည့္ မ်က္ဝန္းမ်ားက ပို၍ပင္ေမွးမိွန္သြားသေယာင္။ ခ်န္းေယာလ္ အၾကည့္လႊဲကာ အေနာက္ေဖးထံ ရုန္းထြက္လာလိုက္သည္။

"ေရေသာက္လိုက္ၪီး၊ မင္းေမာေနတယ္"

အေနာက္ကေန ေျခလွမ္းခပ္စိပ္စိပ္ေလးမ်ားျဖင့္ အမွီလိုက္လာသည္ကို ၾကားရသည္။ ထို႔ေနာက္ ႏွာတစ္ခ်က္ရႈံ႔သံ။

"ခင္ဗ်ား ဘယ္သြားတာလဲ"

ေရျဖည့္ဖို႔ ခြက္လွမ္းယူေနေသာ ခ်န္းေယာလ္လက္တို႔ ေခတၲတံု႔ဆိုင္းသြားသေယာင္။ တစ္စကၠန္႔မ်ွသာ ၾကာျမင့္သည့္ ေတြေဝမႈေလးျဖစ္သည့္တိုင္ မ်က္ဝန္းတို႔က ျပန္လည္ေအးစက္သြားခဲ့သည္။

"မင္းရဲ့မိတ္ဖက္နဲ႔သြားေတြ့တာ"

ၿပီးသည္ႏွင့္ ခြက္ကိုယူကာ ေရကရားထဲကေန တစ္ဝက္ေလာက္ျဖည့္ေပးၿပီး သူ႔ဘက္တြန္းပို႔လိုက္သည္။ ယခုအခ်ိန္ထိ အၾကည့္ခ်င္းမဆံုမိေသး။ ဘခ္ဟြၽန္းထံမွေတာ့ ေတာ္ေတာ္ၾကာသည္အထိ တိတ္ဆိတ္သြားရသည္။ ခ်န္းေယာလ္အျပဳအမူေတြကို အကဲခတ္ေနသလိုမ်ိဳး။

ခါတိုင္းျမင္ေနက်ထက္ ပိုေအးစက္ေသာ အမူအရာျဖစ္ေနသည့္တိုင္ ဘခ္ဟြၽန္းက မသိတတ္သည့္ ကေလးမဟုတ္၊ ဒီလူကေတာ့ သူ႔ကို ကေလးလိုျမင္ေနတာ သိေပမယ့္ ဘခ္ဟြၽန္းအတြက္ေတာ့ တစ္ေန့တည္းႏွင့္ ေျပာင္းလဲသြားသည့္ အျပဳအမူေတြက မည္သည့္အေၾကာင္းေၾကာင့္မွန္းသိသည့္တိုင္ လက္မခံခ်င္ပါေခ်။ သို႔ေပမယ့္ ဒီလိုရင့္က်က္သည့္ သူမ်ိဳးေတြက စကားလံုးေလးေတြႏွင့္ ေျပာရံုႏွင့္မရ၊ သူတို႔၏ စိတ္အေျခအေနက ကိုင္တြယ္ရခက္တာမ်ိဳး။ ခက္သည္က ဘခ္ဟြၽန္းဟာလည္း ဘာအစြမ္းအစမွ မရိွသည့္တိုင္ အရိပ္အကဲႏွင့္ပတ္သက္လာလ်ွင္ သူငယ္ႏွပ္စားေလးမဟုတ္။

ႏွာတစ္ခ်က္ရႈံ႔ကာ ငိုေနသည္ကို ရပ္တန္႔လိုက္သည္။ တုန္လႈပ္ေနေသးသည့္တိုင္ ခ်န္းေယာလ္ မ်က္ႏွာကို ျမင္လိုက္ရၿပီမို႔ အနည္းငယ္ေတာ့ စိတ္သက္သာရသြားၿပီပင္။ သက္ျပင္းတစ္ခ်က္ခ်ကာ မ်က္စိေရ႔ွက ေရခြက္ကို ေကာက္ေမာ့လိုက္သည္။ ႀကိဳ႔ထိုးတာက တစ္ခြက္ႏွင့္မေျပ၊ ေနာက္တစ္ခြက္ ထပ္ေသာက္ရသည္အထိ။ မည္မ်ွပင္ ေၾကာက္လန္႔တၾကား ေမာဟိုက္သည္အထိ ငိုယိုေနလဲ ေတြးၾကည့္၍ပင္ မရႏိုင္။ ေနာက္ဆံုး ႏႈတ္ခမ္းတ္ခ်က္သပ္ကာ ခ်န္းေယာလ္ကို ေမာ့ၾကည့္သည္။ သူ႔ကိုအၾကည့္မပို႔ေသး။ ဘခ္ဟြၽန္း စိတ္ဆိုးခ်င္ေသာ္ျငား အရြဲ႔တိုက္ခ်င္စိတ္က ပိုျပန္၏။

"သူ႔အေၾကာင္းေျပာျပ"

မ်က္ဝန္းစိမ္းတို႔က သူ႔ထံတည့္တည့္ေရာက္လာသည္။ မ်က္ခံုးတို႔တြန္႔ခ်ိဳးထားပံုက ဘာေၾကာင့္မွန္းမသိသည့္တိုင္ ဘခ္ဟြၽန္းအနည္းငယ္ေတာ့ ရိပ္စားမိသလို။ သူ မႀကိဳက္ဘူး၊ ဘခ္ဟြၽန္းပါးစပ္က ထိုမိတ္ဖက္ဆိုသူရဲ့ အေၾကာင္းထြက္လာတာကို သူမႀကိဳက္ဘူး။ ဘခ္ဟြၽန္းစိတ္ထဲ အသာအယာၿပံဳးမိသည္။ မၾကာေသးခင္ကမွ အလန္႔တၾကားေၾကာက္လန္႔ေနေသာ ဘခ္ဟြၽန္းအမူအရာက မ်က္ရည္မ်ားပင္ မေျခာက္ေသးသည့္တိုင္ ရုတ္ခ်ည္းေျပာင္းလဲသြားသလို၊ ခံစားခ်က္သည္ တည္ၿငိမ္ေနပါ၏။ အေၾကာင္းျပခ်က္ဟာလည္း ထိုမ်က္ဝန္းစိမ္းေတြရဲ့ ပိုင္ရွင္ႏွင့္ပတ္သက္ေန၍သာ။

"အဲ့ဒီ ကြၽန္ေတာ့္မိတ္ဖက္ဆိုလား ဘာလား သူနဲ႔ပတ္သက္သမ်ွ အကုန္ေျပာျပ"

ဘခ္ဟြၽန္းေျပာၿပီးသည္ႏွင့္ သက္ျပင္းသံခပ္သဲ့သဲ့ကို ရင္တြင္း၌သာ ပစ္ခ်မိ၏။ အခ်ိန္တစ္ခုေတာ့လိုေသာ္ျငား သူဒါကို တတ္ႏိုင္သေလာက္ ျမန္ျမန္ လက္ခံႏိုင္ဖို႔ ႀကိဳးစားရမည္၊ ျဖစ္ၿပီးခဲ့သည္မ်ားကို ခံျပင္းလြန္း၍ ထိုင္ငိုေနလည္း သူဟာ အသံုးမက်သည့္သူအျဖစ္ပဲ ဆက္ရိွေနရံုသာမို႔။ ေသခ်ာအေၾကာင္းစံုသိၿပီးမွ ခ်န္းေယာလ္ခံစားေနရသည့္ ျပႆနာကို ေသခ်ာျမင္ရၿပီး ခ်န္းေယာလ္နား ေရ႔ွဆက္တိုးဖို႔လည္း လုပ္ေဆာင္လို႔ရမွာ၊ ကံၾကမၼာဆိုသည္ကိုေတာ့ အေတြးထဲက ထုတ္ထားလိုက္ရံုေပါ့။

"ေလာကသံုးပါးကို အဖြဲ႔အစည္းတစ္ခုခ်င္းစီရဲ့ သက္ဆိုင္ရာ ေစာင့္ေရွာက္သူနဲ႔ ၾကင္ရာေတာ္က အုပ္စိုးတယ္"

ဒါေတြကို ေျပာသည့္အခ်ိန္တြင္ ထိုသူသည္ ဘခ္ဟြၽန္းကိုမၾကည့္၊ မ်က္စိေရ႔ွတည့္တည့္က ဖန္ထည္ေရခြက္ေလးကိုသာ အႏုပညာေျမာက္သည့္ ပန္းပုႏွယ္ အၾကည့္မလႊဲ စိုက္ၾကည့္ရင္း ပံုေျပာသလိုဆို၏။ တျဖည္းျဖည္း အေၾကာင္းအရာတို႔က ထင္ရွားလာေလ ဘခ္ဟြၽန္းသိလာရသမ်ွသည္ သူႏွင့္ သိသိသာသာ ရင္းႏွီးေနသည္ဟူေသာ ခံစားခ်က္။

ေလာကသံုးပါးကို လိုသလိုထိန္းခ်ဳပ္ႏိုင္ေနသည့္ စြမ္းအားႀကီးဓာတ္ႀကီးေလးပါးအေၾကာင္း။ အကုန္လံုးနီးပါး မမွတ္မိသည့္တိုင္ ဒါေတြကို ဘခ္ဟြၽန္းရင္းႏွီးေနသည္။

"ေစာင့္ေရွာက္သူေရာ ၾကင္ရာေတာ္ကိုေရာ ကံၾကမၼာက ေရြးခ်ယ္သလို သူေရြးခ်ယ္သမ်ွကလည္း စြမ္းအားႀကီးတယ္"

ဘခ္ဟြၽန္းသတိတရ ခုန္ကိုဘမ္းကနဲ ရိုက္ခ်မိသည္အထိ။

"အာ အာ အာ ကြၽန္ေတာ္အဲ့ဒါမွတ္မိတယ္ ! မားပံုျပင္ဖတ္ျပဖူးတယ္"

ခ်န္းေယာလ္အျပဳအမူေၾကာင့္ စိတ္ဆိုးပန္းဆိုးျဖင့္ အရြဲ႔တိုက္ ေအးစက္ျပေနသည့္ ဘခ္ဟြၽန္းအမူအရာဟာ နံရံေဆးအခ်ပ္လိုက္ ကြာက်သလို။ မ်က္ရည္စီး​​ေၾကာင္းက မေျခာက္ေသးသည့္တိုင္ အနည္းငယ္အသက္ဝင္လာေသာ မ်က္ဝန္းမ်ားကေတာ့ ကေလးေပါက္စႏွယ္၊ ရိုးရွင္းလ်က္။

ဘခ္ဟြၽန္းစကားေၾကာင့္ ခ်န္းေယာလ္မ်က္ခံုးတို႔ တြန္ခ်ိဳးသြားသည္။

"ပံုျပင္ ?"

ဒီတစ္ခါေတာ့ အၾကည့္ခ်င္းဆံုလာ၏။ အင္း ဟူေသာ အေျဖကို အားတက္သေရာ ေခါင္းညိတ္ရင္းဆိုေတာ့ အင့္ကနဲ။

"မားဖတ္ျပဖူးတာ ကြၽန္ေတာ္မွတ္မိေသးတယ္၊ အာ ဘယ္မွာၾကားဖူးေနပါသလဲလို႔ စဥ္းစားလိုက္ရတာ ခင္ဗ်ားတို႔က အျပင္မွာအဲ့လိုတကယ္ရိွတယ္ေပါ့ !"

မ်က္ဝန္းေတာက္ေတာက္ေလးမ်ားႏွင့္အတူ ခံုကိုေရ႔ွတိုးရင္း အနားကပ္ေမးလာေတာ့ ခ်န္းေယာလ္ရင္ထဲတစ္ခ်က္ ေဆာင့္ခုန္သည္။ အၾကည့္လႊဲကာ စိတ္ထဲသက္မ ခ်မိမတတ္။ ဒီေကာင္ေလးက အႏၲရာယ္မ်ားလြန္းသည္။ သူျပန္ေျဖဖို႔ပင္ စကားမစရေသး၊ ထပ္ဆက္လာ၏။

"အဲ့ဒါဆို ခင္ဗ်ားတို႔ အိမ္တြင္းစစ္ပြဲေတျြဖစ္တယ္ဆိုတာေရာ ! တကယ္လား"

ခ်န္းေယာလ္မ်က္ေမွာင္ႀကံဳ႔ရျပန္၏။

"ဘာအိမ္တြင္းစစ္ပြဲ"

အိမ္တြင္းစစ္ပြဲဟုသာ ဆိုရလ်ွင္ေတာ့ အဖြဲ႔အစည္းတိုင္းမွာ ေတာက္ေလ်ွာက္ျဖစ္ပ်က္ေနက်ပါေပ။

"ဟို ေနနတ္ဘုရားက ႏိုင္သြားတယ္ဆိုတဲ့ပြဲေလ ကြၽန္ေတာ္ၾကားဖူးတာေတာ့"

က်န္အင္အားႀကီး နတ္ဘုရားသံုးပါးလံုးကို အႏိုင္ယူႏိုင္လိုက္ေသာ ထိုနတ္ဘုရားကို ႏွစ္ေတြအေတာ္ၾကာၿပီျဖစ္သည့္တိုင္ ဘခ္ဟြၽန္းေတာ္ရံုတန္ရံုမေမ့။

ခ်န္းေယာလ္ကေတာ့ အာေမဋိတ္သံသာျပဳသည္။ လူသားေတြဘက္က ၾကည့္လ်ွင္ေတာ့ သူတို႔အဖြဲ႔အစည္းေတြ ရန္ပြဲက အိမ္တြင္းစစ္ပြဲလိုေပါ့။

"အိမ္တြင္းစစ္ပြဲေလာက္မဟုတ္ဘူး အဲ့ဒီေနနတ္ဘုရားရဲ့ ေဒါသက သဘာဝတရားကို အမ်ားႀကီး ပ်က္စီးေစခဲ့တာ"

ေတာမီးေလာင္မႈေတြ၊ ေျမငလ်င္ေတြ၊ မုန္တိုင္းေတြ၊ အကုန္လံုးအား ထိုနတ္ဘုရားက ထိန္းခ်ဳပ္ႏိုင္သည္။ နတ္ဘုရားတစ္ပါးခ်င္းဆီတိုင္း၏ စိတ္အေျခအေနက သဘာဝကို သက္ေရာက္ေစႏိုင္ျခင္းမရိွသည့္တိုင္ ေနနတ္ဘုရားကေတာ့မတူ။ မ်ားေသာအားျဖင့္ သဘာဝတရားကို နတ္ဘုရားေတြက ထိန္းခ်ဳပ္ႏိုင္ေပမယ့္ အနည္းငယ္မ်ွသာ၊ အဓိကသည္ ေသြးေနွာၿပီးေနာက္ပိုင္း ၾကင္ရာေတာ္ကသာ ကြၽမ္းကြၽမ္းက်င္က်င္ ထိန္းခ်ဳပ္ျခင္းျဖစ္သည္၊ ဤသည္ကလည္း မိမိႏွင့္သက္ဆိုင္သည့္ အဖြဲ႔အစည္းအမည္နာမ အလိုက္ကိုမွသာ။

တစ္နည္း ရွင္းလင္းစြာဆိုရလ်ွင္ေတာ့ ထိုေနနတ္ဘုရားဆိုသည့္ အဖြဲ႔အစည္းသည္ကား တစ္ေလာကလံုးကို လက္ဝါးႀကီးအုပ္ႏိုင္သည္အထိ စြမ္းအားႀကီးေနေသာေၾကာင့္ပင္။ ထို႔ေၾကာင့္လည္း က်န္အဖြဲ႔အစည္းမ်ားက မတရားမႈေၾကာင့္ မနာလိုေဒါသျဖစ္ၾကျခင္းသာ။

"သူ႔ကို အေစာင့္မေရွာက္နတ္ဘုရားသံုးပါးက သြားထိပါးခဲ့ၾကၿပီးေနာက္ပိုင္း ဘယ္သူမွ ေတာ္ရံုတန္ရံု ေနနတ္အဖြဲ႔အစည္းကို ရန္မစရဲေတာ့တာပဲ"

တစ္ခုသက္မခ်ရသည့္ အခ်က္ကား ေနအဖြဲ႔အစည္းက စြမ္းအားႀကီးလြန္းသည့္တိုင္ သူတို႔ကိုမထိမခ်င္း အနည္းငယ္မွ ရန္မစတတ္ျခင္းေပ။ သို႔သည့္တိုင္ လက္နက္ႀကီးကိုင္ထားေသာ ထိုအဖြဲ႔အစည္းအား မည္သူကမွ စိတ္မခ်ရဲခဲ့သည္ကေတာ့ ပံုမွန္။ သို႔ေၾကာင့္ပင္ မဝံ့မရဲ စုေပါင္းကာ စတင္တိုက္ခိုက္လိုက္မႈက ေနနတ္ဘုရား၏အမ်က္ကို သြားဆြေပးရာ ေရာက္ခဲ့သည္။

"ခင္ဗ်ားေျပာသလိုဆို သူတို႔နတ္ဘုရားက ခုထိအဲ့နတ္ဘုရား ျဖစ္ေနတုန္းပဲလား၊ သူတို႔ေရာ နတ္ဘုရားအသစ္ မေရြးခ်ယ္ဘူးလား"

"ေနအဖြဲ႔အစည္းက အဲ့ဒီစစ္ပြဲၿပီးတဲ့ေနာက္ပိုင္းကတည္းက အစေပ်ာက္သြားေတာ့ မေျပာတတ္ေပမယ့္ ေသခ်ာတာေတာ့ ေစာင့္ေရွာက္သူ နတ္ဘုရားတစ္ပါးကို ႏွစ္ငါးရာတစ္ႀကိမ္ ေရြးခ်ယ္ရတယ္"

ေမးေထာက္ထားသည့္ ဘခ္ဟြၽန္းလက္ေလး ေအာက္သို႔ပင္ ျပဳတ္က်မတတ္။

"ႏွစ္ငါးရာထိေတာင္ အုပ္စိုးခြင့္ရိွတယ္ေပါ့ !?"

"အင္း ဒါေပမယ့္ ဘယ္သူကမွေတာ့ အဲ့ေလာက္သက္တမ္းျပည့္တဲ့ထိ မအုပ္စိုးႏိုင္ၾကဘူး။ အမ်ားဆံုးၾကာ ႏွစ္သံုးရာေက်ာ္ ေလးရာပဲ"

ဘခ္ဟြၽန္းမ်က္လံုးေလး ကလယ္ကလယ္ျဖစ္သြားရ၏။

"ေသသြားလို႔လား"

ခ်န္းေယာလ္ေခါင္းခါသည္။

"မအုပ္စိုးခ်င္ေတာ့တာ၊ ႏွစ္သံုးရာေလာက္ဆိုလည္း သူတို႔တာဝန္ေက်ၿပီလို႔ ခံယူထားၾကလို႔ အလိုလိုဆင္းေပးၾကတာ ၿငီးေငြ့တယ္ပဲေျပာရမွာေပါ့"

ဘခ္ဟြၽန္းသက္ျပင္းခပ္ေဖ်ာ့ေဖ်ာ့ခ်ရင္း ထိုင္ခံုေနာက္မွီကို ေလ်ွာထိုင္လိုက္သည္။

"ဒီေလာက္ ခ်စ္တဲ့သူနဲ႔လည္း အတူေနႏိုင္ၿပီး သာယာေနတာကို ဘယ္နားၿငီးေငြ့စရာေကာင္းေနမွာလဲ"

"ႏွစ္ငါးရာမေျပာနဲ႔ စံအိမ္မွာ ေမြးတဲ့ကေလးေတြေတာင္ ႏွစ္ဆယ္ေက်ာ္ေလာက္ေလးကို ၿငီးေငြ့ေနၾကၿပီး ေလာကႀကီးထဲ ေျခစံုပစ္ဝင္ေနခ်င္ၾကၿပီ"

စကားလံုးေတြထဲ စိတ္ဝင္စားစရာ တစ္ခုေတြ့ရင္ထင္၊ ပ်င္းရိေလးတြဲ႔ေနသည့္ ဘခ္ဟြၽန္းခါးေလး ျပန္မတ္သြားသည္။

"စံအိမ္ ?"

ခ်န္းေယာလ္သက္ျပင္းခ်မိသည္။ အခ်ိန္အားျဖင့္ ည ၁ နာရီနီးပါးျဖစ္ေနၿပီ။ ဒီႂကြက္က သူတို႔ျဖစ္တည္မႈ အေၾကာင္းတရားတိုင္းကို ျပန္လည္ေမးခြန္းထုတ္ေနသည္မွာ တစ္ညလံုးအိပ္ဖို႔ရန္ အေတြးရိွပံုမရသည္မို႔။

"အဖြဲ႔အစည္းတစ္ခုခ်င္းဆီတိုင္းမွာ စံအိမ္ရိွၿပီး သူတို႔ကိုယ္ပိုင္ နယ္ေျမလိုမ်ိဳး ဝင္ခ်င္တိုင္းဝင္ ထြက္ခ်င္တိုင္းထြက္လို႔ရတယ္၊ ငါတို႔ ေျမအဖြဲ႔အစည္းကေတာ့ ဗဟိုစံအိမ္လို႔ေခၚၿပီး အဖြဲ႔အစည္းေတြ ေတြ့ဆံုေဆြးေနြးစရာရိွရင္ ဗဟိုစံအိမ္မွာပဲ ဧည့္ခံတာမ်ားတယ္"

"မိုက္မွာပဲ"

မ်က္ဝန္းေတာက္ေတာက္ေလးမ်ားႏွင့္ ေနာက္ဆက္တြဲ လိုက္လာခ်င္သည့္ စကားတို႔ကိုရပ္မိသည့္တိုင္ ခ်န္းေယာလ္ မသိခ်င္ေယာင္ေဆာင္သည္။ ေသခ်ာတာေတာ့ ဘခ္ဟြၽန္း အဆင္သင့္မျဖစ္မခ်င္း စံအိမ္မေခၚသြားႏိုင္ေသးေပ။ ဘခ္ဟြၽန္းလို တံုးအအလူသားအတြက္ အႏၲရာယ္မ်ားသည္မို႔။

"ခင္ဗ်ားတို႔ စံအိမ္က ဘယ္နားမွာရိွတာလဲ"

ခ်န္းေယာလ္ အမူအရာေၾကာင့္ ေတာင္းဆိုလည္း မလိုက္ေလ်ာမွန္း သိေနသည့္အလား ေမးခြန္းေျပာင္းလာ၏။

"မီးေသေတာင္ေပၚမွာ"

တစ္နည္း ထိုေတာင္တစ္ခုလံုးသည္ စံအိမ္ဟု ဆို၍ရသည္အထိ။ တိမ္စိုင္တို႔ကို ေဖာက္ထြင္းကာ မိုးေကာင္းကင္အထိ အလြန္ႀကီးမား က်ယ္ျပန္႔လြန္းေသာ္ျငား မည္သူကမွ ျမင္ႏိုင္စြမ္းမရိွ။

"ေရနတ္အဖြဲ႔အစည္းဆို ေရေအာက္ထဲမွာလားဟင္ အဲ့ ေလနတ္အဖြဲ႔အစည္းဆိုရင္ေရာ ေလေပၚမွာဝဲေနတာေပါ့ !? ေနအဖြဲ႔အစည္းကေရာ ? ေနလံုးႀကီးေပၚမွာလား !!?"

တရစပ္ေမးခြန္းတို႔ေၾကာင့္ ခ်န္းေယာလ္ မ်က္ေမွာင္ၾကဳတ္မိသည္။

"ေျမေအာက္ထဲမွာ၊ ေနအဖြဲ႔အစည္းက ေျမေအာက္ထဲမွာရိွတယ္"

တစ္နည္း ငရဲဟု ဆို၍ရမည္။ ေနစြမ္းအားကိုယွဥ္ႏိုင္သည္အထိ အပူဒဏ္က ျမင့္မားလြန္းေနခဲ့ေသာေၾကာင့္ ထိုအမည္နာမကိုသာ စကားအလွသံုးခဲ့ၾကျခင္းသာ ျဖစ္မည္။ ဤသည္က ခ်န္းေယာလ္ေကာက္ႏုတ္ခ်က္သာျဖစ္ၿပီး မွတ္တမ္း စာအုပ္ေတြထဲမွာေတာ့ မေတြ့ဖူးပါေခ်။

ဘခ္ဟြၽန္းၾကည့္ရသည္မွာ ထိုေနအဖြဲ႔အစည္းႏွင့္ ပတ္သက္ၿပီး အေတာ့္ကိုစိတ္ဝင္စားေနပံုေပၚပါ၏။ သိပ္လည္းမထူးဆန္း၊ သူတို႔ စံအိမ္မွာေတာင္ ထိုေနအဖြဲ႔အစည္းႏွင့္ အဖြဲ႔အစည္းသံုးခု၏ တိုက္ပြဲေတြက အိပ္ရာဝင္ပံုျပင္ေတြ ျဖစ္ခဲ့ေသးတာပင္။

"အဲ့ေတာ့ ကြၽန္ေတာ္က အဲ့ဒီ အိုဆယ္ ဘာဆိုလား လူရဲ့ ၾကင္ရာေတာ္အျဖစ္ ေရြးခ်ယ္ခံရတာေပါ့ ?"

ေနာက္ဆံုးေတာ့ စကားဝိုင္း၏ ၪီးတည္ခ်က္ကို ဘခ္ဟြၽန္းေရာက္ၿပီျဖစ္ၿပီး ေက်နပ္ရမည္ျဖစ္သည့္တိုင္ ခ်န္းေယာလ္နားထဲ ခါးသေယာင္။

"အင္း"

အေျခအေနကို သံုးသပ္ၾကည့္ေတာ့ ပထမစစခ်င္း တံု႔ျပန္မႈထက္စာလ်ွင္ အေတာ္ကိုတည္ၿငိမ္သြားသည္ပင္။ ဘာမွမျဖစ္သည့္ႏွယ္ တစ္စံုတစ္ခုကို ေသခ်ာေတြးေတာေနရင္းမွ ရုတ္တရက္ ထေမးသည္။

"ကံၾကမၼာကေရာ မမွားတတ္ဘူးလား"

ေမးခြန္းကိုနားလည္သည့္တိုင္ ေတာ္ရံုတန္ရံု အေျဖျပန္မလာ၊ ခ်န္းေယာလ္ မ်က္ခံုးပင့္မိသည္ပင္။ ဒီေကာင္ေလးက သူ႔ျဖစ္တည္မႈသူ မုန္းေနတာေတာ့ သိပါသည္၊ သို႔ေပမယ့္ ကံၾကမၼာက မွားသည္ဆိုလည္း သူ႔ျဖစ္ရပ္ေတြက ေနာက္ျပန္ဆုတ္မွမရေတာ့ပဲ။ ဘာေၾကာင့္မ်ားေမးသလဲ။ အေတြးကိုထုတ္မျပဘဲ ေခါင္းသာခါျပလိုက္သည္။

"ဘယ္တုန္းကမွ မမွားခဲ့ဘူး"

သက္ျပင္းခ်သံ ေသးေသးေလးထြက္လာ၏။ သို႔ေပမယ့္ လက္မေလ်ွာ့သည့္ႏွယ္။

"ၾကင္ရာေတာ္က မခ်စ္တာမ်ိဳးေရာ မရိွခဲ့ဖူးဘူးလား"

ခ်န္းေယာလ္ ေတာ္ေတာ္ၾကာသည္အထိ တိတ္ဆိတ္သြားရသည္။ ဘခ္ဟြၽန္းၪီးတည္ခ်င္ေနသည့္ စကားလံုးေတြ၏ အရိပ္အႁမြက္ကို သူအခုမွ နားလည္မိလိုက္သလို။

"မရိွဘူး၊ ဒါေပမယ့္ ေစာင့္ေရွာက္သူက မခ်စ္တာေတာ့ ရိွခဲ့ဖူးတယ္"

ေျမနတ္အဖြဲ႔အစည္းကေတာ့ မဟုတ္။ ေလနတ္အဖြဲ႔အစည္းကျဖစ္ၿပီး ၾကင္ရာေတာ္ကို မခ်စ္မႏွစ္သက္ေသာေၾကာင့္ တစ္ေယာက္တည္းသာ အုပ္စိုးသြားခဲ့ျခင္း ရိွခဲ့ဖူးသည္။

ဘခ္ဟြၽန္းအတြက္ေတာ့ ဤသည္က ေမ်ွာ္လင့္ခ်က္ပင္။ သူ႔ေရ႔ွတြင္ ထိုင္ေနသည့္လူကေတာ့ သူ႔ခံစားခ်က္ေတြသူ မသိခ်င္ေယာင္ေဆာင္ကာ ဘခ္ဟြၽန္းအေပၚ ဟန္ေဆာင္ဖို႔ ႀကိဳးစားေနဆဲ။ ဘခ္ဟြၽန္းကေတာ့ ဒီအတိုင္း အလြတ္ခံမည္ မဟုတ္ပါေခ်။ အနည္းဆံုးေတာ့ ခံစားခ်က္ေတြ ပြင့္ဟလာေအာင္လုပ္ဖို႔ ဆႏၵရိွသည္မို႔။ ဘဝသက္တမ္း တစ္ေလ်ွာက္လံုး ကံၾကမၼာအလိုက် ေနခဲ့ရသည္ပဲ၊ ဒီတစ္ေခါက္ေလာက္ေလးေတာ့ သူ႔စိတ္အလိုက် ေနခ်င္သည္။

"အဲ့အေနာက္ေဖး တံခါးေနာက္က ဘာရိွတာမို႔လို႔လဲဟင္"

အၿမဲလိုလို ေသာ့ခတ္ထားေသာ တံခါးကို သတိတရထုတ္ေမးမိေတာ့ တစ္ဖက္က အနည္းငယ္ေတာ့ တိတ္ဆိတ္သြားသလို။

"အေနာက္ဖက္ ၿခံဝန္းပါပဲ"

"ကြၽန္ေတာ္ သြားခ်င္တယ္ !"

မ်က္ဝန္းေတာက္ေတာက္ေလးမ်ားႏွင့္ သူ႔ခံစားခ်က္ေတြ ယိမ္းယိုင္ေအာင္ ထပ္မံျမဴဆြယ္ေနေသာ ႂကြက္ေၾကာင့္ သက္ျပင္းခ်မိသည္။ တကယ္တမ္း ထိုအေနာက္ဖက္သည္ စံအိမ္သို႔ေရာက္ႏိုင္သည့္ အနီးဆံုးလမ္းျဖစ္သည္။ ခ်န္းေယာလ္ စည္းျခားထားသည္ ဆိုေသာ္ျငား ထိုႂကြက္က ႂကြက္ပီပီ စပ္စုၪီးမွာ သိေနေသာေၾကာင့္။ သူ႔မ်က္စိေအာက္ဆို ျပႆနာမရိွသည့္တိုင္ တစ္ေယာက္တည္းေလ်ွာက္သြားသၫ့္အခိုက္ အႏၲရာယ္ႏွင့္ ႀကံဳမွာ စိုးရိမ္ရပါ၏။

"ေကာင္းၿပီ"

ယခုက ညဘက္လည္းျဖစ္သည့္အေလ်ာက္ ထိုႂကြက္ သတၲိရိွမည္မဟုတ္သည္ကို သိေသာေၾကာင့္ လြယ္လြယ္ကူကူသာ သေဘာတူလိုက္သည္။ သိပ္ၿပီးလည္း ထူးထူးျခားျခား မရိွသည့္ ပန္းၿခံပံုစံမ်ိဳးေလးကို အပင္ေတြႏွင့္ကာရန္ထားျခင္းျဖစ္ၿပီး ထိုသစ္ပင္ခ်ံဳႏြယ္ေတြေနာက္ကို မဝင္သြားဖို႔သာ ေမ်ွာ္လင့္ရမည္။

ခ်န္းေယာလ္ ထသြားသည့္ေနာက္ ဘခ္ဟြၽန္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပင္ ထလိုက္လာသည္။ ေသာ့ခတ္ထားေသာေၾကာင့္ မည္သို႔မ်ားဖြင့္မလဲ၊ ေတြးေနစဥ္ပင္ရိွေသး ခ်န္းေယာလ္အားႏွင့္ တစ္ခ်က္ဆြဲျဖဳတ္လိုက္သည္မွာ ေဂ်ာက္ကနဲ။

ပြင့္ဟသြားေသာ တံခါးေနာက္ ျမင္ကြင္းသည္ ေမွာင္မဲေနသည့္တိုင္ ခ်က္ခ်င္းလိုလို တိုးေဝ႔ွေသာ ေလေအးကိုခံစားလိုက္ရသည္မို႔ ဘခ္ဟြၽန္းသေဘာတက် ခ်န္းေယာလ္ခႏၶာကိုယ္ႀကီးကို တိုးထြက္မိသည္။ ပန္းရနံ႔ေတြပါေသာ ညေလေအးကို အဆုတ္အတြင္း အနက္ရိႈင္းဆံုးေရာက္သည္အထိ ရႉသြင္းမိေတာ့ ခံစားခ်က္သည္ တိမ္ေတြေပၚ ေရာက္သြားသလို။

ညလယ္ေခါင္ေက်ာ္ခ်ိန္၊ ေနမထြက္ေသးသည့္တိုင္ ေရာင္နီသဲ့သဲ့ေၾကာင့္ ျမဴေတြရစ္ဆိုင္းစြာ ေမွးမိွန္ေနေသာ ပတ္ဝန္းက်င္ကို မသဲမကြဲ ျမင္ေနရသည္။ လူမေနတာ ၾကာသည့္တိုင္ ခပ္ငုတ္ငုတ္ေလးျဖစ္ေနသည္အထိ ျဖတ္ထားခံရေသာ ျမက္ခင္းက်ယ္ႏုႏုႏွင့္ ကြင္းျပင္ အလယ္တစ္ဝိုက္မွာ ေနရာခ်အေသစြဲကပ္ထားေသာ သစ္သားစားပြဲေလးတစ္ခု။

ေဘးတြင္ ခံုႏွစ္ခုသာ ခ်ထားၿပီး လူေျခတိတ္တာ ၾကာေသာေၾကာင့္ထင္ စားပြဲေအာက္ေျခတြင္ ပန္းပင္ႏုႏုေလးမ်ား ထိုးေပါက္ေနသည္။ စားပြဲေျခေထာက္မ်ားတြင္လည္း စိမ္းေဖ်ာ့ေရာင္ ေရၫွိုတခ်ိဳ႕ႏွင့္ ႏြယ္ပင္ႏုႏုတို႔ ေနရာယူထားေသးသည္။ မေနႏိုင္ မထိုင္ႏိုင္ အနားတိုးကပ္သြားၾကည့္ေတာ့ ရွင္းလင္းေနေသာ စားပြဲေပၚတြင္ ပန္းပြင့္ အၫွိုးအေျခာက္မ်ား တစ္ခုစ ႏွစ္ခုစ။

အနည္းငယ္ ေမွာင္မိုက္သြားေသာ အေျခအေနေၾကာင့္ အထက္ကိုေမာ့ၾကည့္မိေတာ့ သစ္ပင္ႀကီးတစ္ခုက ခိုင္ခန္႔မားမတ္စြာပင္ စားပြဲနားတစ္ဝိုက္လံုးကို အရိပ္ေပးေန၏။ ခပ္နီနီ ပန္းပြင့္တခ်ိဳ႕က ေမွးမိွန္ေနေသာ ေကာင္းကင္အေျခအေနတြင္ အလင္းျပဳေနေသာ ညမီးအိမ္ႏွယ္။ ေတာက္ပစြာ ဖူးပြင့္ေနၾကပါ၏။

ဘခ္ဟြၽန္းပါးစပ္ပင္ မပိတ္ႏိုင္။ သေဘာတက် ၿပံဳးရလြန္းသလို အံ့ဩရလြန္း၍။ မိမိအေနာက္က ရပ္ၾကည့္ေနမည့္သူကို လွည့္မၾကည့္ဘဲ ဆိုမိသည္။

"တအားလွတာပဲ"

"အင္း"

လွည့္ၾကည့္မိေတာ့ ေနရာတြင္ တုပ္တုပ္မလႈပ္ ရပ္ၾကည့္ေနေသာ ခ်န္းေယာလ္ကို ေတြ့လိုက္ရသည္။ အေဝးတစ္ေနရာက ျဖစ္သည့္တိုင္ မ်က္ဝန္းႏွစ္ခုဟာ သံမိႈစြဲကပ္ထားသလို။ ခံစားခ်က္တို႔က ရီေဝေနေသာ ေကာင္းကင္ေအာက္တြင္ မသဲမကြဲလွစ္ဟေပၚထြက္ေန၏။ ဘခ္ဟြၽန္းအၾကၫ့္လႊဲမိၿပီးမွ မေနႏိုင္ ၿပံဳးမိသည္။

"ခင္ဗ်ား အေစာႀကီးထဲက ေခၚလာသင့္တယ္"

ခ်န္းေယာလ္ ဘာမျွပန္မေျပာ။ ရုတ္ခ်ည္း မ်က္စိေရ႔ွ မိွတ္တုတ္မိွတ္တုတ္ျဖင့္ ပ်ံဝဲသြားေသာ အစိမ္းေရာင္အစက္ေလးတစ္ခု။ ဘခ္ဟြၽန္းလက္တစ္ဖက္က အလိုလို လွမ္းမိသည္။

"ပိုးစုန္းၾကဴးပဲ"

ဘခ္ဟြၽန္းဘဝတြင္ ပိုးစုန္းၾကဴးကို ပထမဆံုးေတြ့ဖူးေသာ အခိုက္အတန္႔ျဖစ္ပါ၏။ အေရာင္က တအားလင္းေနသည္မဟုတ္ဘဲ တစ္မိွတ္မိွတ္ျဖင့္၊ မ်က္ေတာင္ခတ္ေနသည့္ႏွယ္။ ဘခ္ဟြၽန္း လက္သြယ္သြယ္နားတစ္ဝိုက္တြင္ ေဝ့ဝဲေနၿပီး ေမွာက္မိုက္ေနေသာ အေျခအေနေအာက္ အလင္းစတစ္ခုႏွယ္။

ရုတ္တရက္ တည္ၿငိမ္ေအးစက္လြန္းေနတတ္သည့္ မ်က္ဝန္းစိမ္းတို႔ကို သတိရမိ၏။ ဘခ္ဟြၽန္းအနားဆိုလ်ွင္ ပိုးစုန္းၾကဴးေလးကဲ့သို႔ အေရာင္တမိွတ္မိွတ္ျဖင့္ မတည္ၿငိမ္ေသာ ထိုမ်က္ဝန္းေတြ။ ခံစားခ်က္ေတြ ျပည့္လ်ွံေနပါသည့္တိုင္ ဘာကိုမ်ား အပင္ပန္းခံ ဖံုးကြယ္ဖို႔ ႀကိဳးစားေနသလဲ။ နားလည္ႏိုင္သည့္တိုင္ ကေလးဆန္ခ်င္ပါ၏။

ေလေျပတစ္ခ်က္ တိုးေဝ႔ွသည္။ ပန္းရနံ႔သဲ့သဲ့ဟာ ႏွာဖ်ားဝ ကလူက်ီဆယ္လ်က္။ ခ်န္းေယာလ္ဘက္က ျမင္ေနရသည့္ ျမင္ကြင္းသည္ တစ္သက္မေမ့ႏိုင္သည့္ ျမင္ကြင္းဟု ဆိုလ်ွင္ အပိုမရိွေလာက္။

သစ္ပင္အရိပ္ေအာက္ ေျဖာင့္မတ္ေသာ ကိုယ္ေနဟန္ထားျဖင့္ ရပ္ေနေသာ ေကာင္ေလးသည္ လွပလြန္းသည္။ ပိုးစုန္းၾကဴးကို သေဘာက်ပံုရသည္ထင္။ အေတြးႏွင့္အတူ သူ႔စိတ္ထဲ အမိန္႔က ေလျပင္းတစ္ခ်က္ႏွယ္ ပတ္ဝန္းက်င္ပ်ံ့ႏွံ႔သြားေတာ့ ရုတ္ခ်ည္းအလ်ိႈလ်ိႈ ထြက္ျပဴလာေသာ အစိမ္းေရာင္ အလင္းစက္ေလးမ်ား။

ပတ္ဝန္းက်င္တစ္ခုလံုးသည္ စိမ္းေရာင္လြင္ျပင္ထဲ ေရာက္သြားသည့္ႏွယ္၊ လင္းထိန္လ်က္။ ဘခ္ဟြၽန္းထံမွ တအံ့တဩ အၾကည့္တစ္ခ်က္ရသည္။ ခပ္ဖြဖြၿပံဳးျပလိုက္ေတာ့ သေဘာတက် ရယ္ေမာကာ ပိုးစုန္းၾကဴးေတြ ထြက္လာေသာ ျမက္ခင္းရွည္ေတြဘက္ ေျပးဝင္သည္။ လက္က ျမက္ရွည္ေတြကို တစ္ခ်က္ထိလိုက္တိုင္းမွာ ပိုးစုန္းၾကဴးတခ်ိဳ႕ဟာ ျပဴထြက္လာၿပီး ဘခ္ဟြၽန္းေဘးနား ပ်ံတက္သြားၾက၏။ ခ်န္းေယာလ္စိတ္က အမိန္႔ေပးလိုက္တိုင္းမွာလည္း ျမက္ရွည္တခ်ိဳ႕ဟာ အရိုင္းဆန္ေနရာကေန ေလေျပအလိုက္ ယိမ္းႏြဲ႔သိမ္ေမြ့လ်က္၊ ဘခ္ဟြၽန္းထံ အႏၲရာယ္မျပဳဝံ့ၾက။

ခါးအထိ ရွည္လ်ားေနေသာ ျမက္ခင္းပန္းမ်ားအၾကား လင္းထိန္ေနေသာ ပိုးစုန္းၾကဴးေတြႏွင့္အတူ ရယ္ေမာေပ်ာ္ရႊင္ေနေသာ ပံုရိပ္ေလး။ မၾကာေသးခင္က ငိုေအာင္ျပဳမိေသာ မိမိကိုယ္ကို ေဒါသထြက္မိသည္။ ဒီေကာင္ေလးသည္ အၿပံဳးႏွင့္လိုက္သည္၊ ၿပံဳးဖို႔ ထိုက္တန္သည္။

ဒီျမင္ကြင္းကိုေတာ့ ခ်န္းေယာလ္တစ္သက္တာ ေမ့ႏိုင္ေတာ့မည္ မဟုတ္ပါေခ်။ လွပလြန္း၍။

_____•°•°•°•°•

ေလာေလာဆယ္အထိေတာ့ အဆင္ေျပေနေသးတယ္ပဲ ေျပာရမလိုပဲ၊ စိတ္ပူေပးၾကတဲ့သူတိုင္းကို ေက်းဇူးတင္ပါတယ္ေနာ္ 💛

Continue Reading

You'll Also Like

206K 38.9K 50
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
41.2K 11.2K 41
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
170K 18K 52
မုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလည်း ဦးတည်ရာမရှိ... သေချာပါသည် ငါလည်းမင်း...
34.7K 6.6K 39
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...