Rebirth for (BL) (completed)
By fujoshipmama
152K 13.9K 232
Both Uni and Zawgyi အမွေကိုလောဘတက်တဲ့ဆွေမျိုးတွေရဲ့သွေးထိုးစကားကြောင့်ကျေးဇူးရှင်တွေကို ဒုက္ခ ရောက်စေမိတဲ့ပိ... More
ဖတ်ပေးပါ
Part. 1
Part. 2
Special part
Characters
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Update အကြောင်း
Part (10)
Part (11)
Part (12)
Part (13)
Part (15)
ဒီနေ့updateမရှိ
Part (16)
Part (17)
Part (18)
Part (19)
Final Part
Part (14)
5K 563 23
By fujoshipmama
(Uni)
"ကိုကို.....ကိုကိုရေ...."
အာဏာကသာနောက်ကတကြော်ကြော်ခေါ်နေပေမယ့်ဆက်ကတော့အရှက်လွန်နေတာ
မို့မရပ်မိ......
သူတို့ဖြစ်နေတဲ့ပုံစံကိုလမ်းတစ်လျှောက်ကသူတွေကတအံတသြ......
ကာယကံရှင်နှစ်ယောက်ကတော့ပတ်ဝန်းကျင်ကိုဂရုစိုက်နိုင်ဘဲပြေးတမ်းလိုက်တမ်းဆော့နေသည့်ပမာမည်သူမှရပ်ရန်စိတ်ကူးမရှိကြချေ......
ကားပါကင်အထိရောက်လာတော့အာဏာကမှီလာပြီးလက်ကိုတင်းတင်းကြပ်ကြပ်ဆွဲခေါ်သွားသည်......
"လွတ်....အာဏာလွတ်ဆိုနေ...."
ဆက်မည်မျှပင်ရုန်းကန်နေစေကာမူအာဏာကမလွတ်ပေး....
"ငြိမ်ငြိမ်နေကိုကို...မဟုတ်ရင်ဒီမှာဖက်နမ်းပစ်လိုက်မယ်,. .."
မျက်လုံးလေးပြူးပြီးငြိမ်ကျသွားတဲ့ကိုကိုကကြောက်လန့်နေတဲ့ယုန်ပေါက်ကလေးအလား.......
ရင်ထဲကကလိကလိနဲ့မို့အမှန်တကယ်ဖက်နမ်းချင်လာသည်......
ချောင်းတစ်ချက်ဟမ့်ကာထိန်းလိုက်ရင်းကားအထိဆွဲခေါ်လာတော့နာနာခံခံလေးလိုက်ပါလာသည်.....
#shit. ...တစ်ကိုယ်လုံးဝါးစားပစ်ချင်လာပြီ.....#
အတွင်းထဲကသားရဲရိုင်းကြီးကမည်မျှပင်အော်ဟစ်နေစေကာမူမျက်နှာကတော့ပုံမှန်အတိုင်းဖြစ်နေသည်.......
ဆက်မှာကားပေါ်တက်ကတည်းကအာဏာကိုမျက်နှာချင်းမဆိုင်ရဲတာမို့အိပ်ပျော်ချင်ယောင်ဆောင်လာသည်.....
ကားကိုမောင်းနေရင်းနှင့်တစ်ဖက်ကkoichiကို massage တစ်စောင်ပို့လိုက်သည်......
Koichiကြက်ပေါင်စားနေရင်း Message ဝင်လာတာမို့ကြည့်လိုက်တော့အာဏာဆီက.......
*ဒီညကွန်ဒိုကိုပြန်မလာနဲ့.....*
#ချီး...အဲ့ကောင်ဆက်ကိုစားတော့မှာလား......ငါတားသင့်တယ်.....မဟုတ်သေးဘူးသူငယ်ချင်းကောင်းပီပီပါရမီဖြည့်ပေးရမှာပေါ့.....#
တဆုံးတွေးချလိုက်တဲ့koichiမှာသူ့အတွေးနဲ့သူပြုံးပြုံးကြီးဖြစ်နေလေသည်.....
ဖုန်းကိုကြည့်ပြီး​ကြက်​ပေါင်ကြီးကိုက်လျက်ပြုံးစိစိဖြစ်နေတဲ့koichiကြောင့်ဘေးနားထိုင်နေတဲ့တိမ်ယံကဖုန်းကိုချောင်းကြည့်လိုက်သည်.....
Massage ကိုမြင်ပြီးတဲ့နောက်မှာတိမ်ယံလည်းkoichiအတိုင်းပင်တွေးမိသွားသည်.....
တားဖို့လား....တွေးတောင်မတွေးရဲပါ....အာဏာသာသိလို့ကတော့သူ့ဘဝလေးဘယ်လိုငရဲရောက်သွားမှန်းမသိဖြစ်နေပါဉီးမည်.....
ဒီတော့သူငယ်ချင်းကောင်းလေးလင်ကောင်းသားကောင်းရဖို့ကွန်ဒိုကိုမပြန်ဖို့ဆုံးဖြတ်လိုက်ပါသည်......
နှစ်ယောက်သားအကြံတူမို့အချင်းချင်းကြည့်ပြီးမတိုင်ပင်ထားဘဲခေါင်းငြိမ့်လိုက်ကြသည်......
*********
ကွန်ဒိုထဲရောက်တော့လက်ကိုအတင်းရုန်းလာတဲ့ကိုကိုကြောင့်ဆွဲခေါ်လာတဲ့လက်ကိုလွတ်ပေးလိုက်သည်.....
အသားဖြူသူမို့လက်ကောက်ဝတ်တွင်နီရဲရဲလက်ရာကထင်းကနဲ......
အာဏာမျက်မှောင်တစ်ချက်ကျုံ့သွားပေမယ့်ဘာမှတော့မပြော.......
ခဏကြာတော့......
"ကိုကို....အဖြေပေးတော့...."
ပြုံးကာဆိုလာပေမယ့်မျက်ဝန်းတွေကတော့မချစ်ဘူးပြောရဲပြောကြည့်....ဆိုတဲ့ အဓိပ္ပါယ် တွေအပြည့်....အဖြေတောင်းတာတောင်လန့်စရာ.....
အာဏာကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး....
"ငါ့ကို...အချိန်တော့ပေးဉီးမှပေါ့....."
"အိုကေ...3 seconds ရမယ်...."
"ငါပြောတာ..တစ်လနှစ်လလောက်လေ....."
ဆက်မည်သို့ပြောပါစေဂရုမစိုက်ဘဲရှေ့ကိုတိုးကပ်လာသည်.....
"တစ်......"
"နေဉီးလေ....အာဏာ...."
"နှစ်......"
"အာဏာ...ငါစဉ်းစားဉီးမယ်လို့...."
ရှေ့ကိုတိုးလာတဲ့အာဏာကြောင့်နောက်ကနံရံနှင့်ကပ်မိသွားသည်........
လက်တစ်ဖက်ကနံရံကိုထောက်ထားပြီးတစ်ဖက်ကဆက်ရဲ့မေးဖျားကိုမော့စေပြီး......
"သုံး........အချိန်ပြည့်သွားပြီ....ကိုကိုချစ်တယ်လို့ပြောတယ်လို့သဘောထားလိုက်မယ်....."
"နေပါဉီးဆို....အွန့်......"
နှုတ်ခမ်းပေါ်သို့ကျလာသောခပ်နွေးနွေးနှုတ်ခမ်းပါးတစ်စုံ.....
"အွန့်....အင်း....အာ...ဏာ...."
ထို့အပြင်ခံတွင်းထဲဝင်လာသောလျှာဖျားကြောင့်ဆက်မျက်ဝန်းများပြူးကျယ်သွားသည်.....
#ဘယ်လိုကြီးနမ်းနေတာလဲ....#
ခဏအကြာမှာ​တေ့ထိုအနမ်းကြောင့်ဆက်တစ်ကိုယ်လုံးအားမရှိတော့ချေ.....
ရင်ဘတ်ကိုထုရိုက်လာတဲ့လက်သီးဆုပ်လေးတွေကြောင့်မလွတ်ချင်ပေမယ့်လွတ်ပေးလိုက်ရသည်........
အသက်ကိုဟစိဟစိရှုနေတဲ့ကိုကို့ကိုကြည့်ရင်းမျက်နှာကရွှင်ပြနေသည်.....
တကယ်ပါ.....ဒီလူသားလေးကိုချစ်လိုက်ရတာ ကမ္ဘာ ကြီးတစ်ခုလုံးအပိုင်ရသွားသမျိုးဘဲ.....
"အာဏာ....မင်းပြန်စဉ်းစားကြည့်သင့်တယ်....တကယ်လို့စိတ်....."
စကားဆုံးအောင်မပြောရသေးခင်အာဏာကဟန့်တားသည်.....
"ရှူး...ကိုကို့ကိုစိတ်ကစားတာလဲမဟုတ်သလိုအပျော်ကြံတာလဲမဟုတ်ဘူး.....အမြဲတမ်းကျွန်တော်တွေးနေတာကိုကို့ကိုပိုင်ဆိုင်ရဖို့ဘဲ......ဒါကြောင့်ကျွန့်တော်ကိုမချစ်ဘူးလို့မပြောပါနဲ့နော်....ချစ်တယ်လို့ဘဲပြောပေးပါ....နော်လို့...ကိုကို.....နော်...."
အတည်အတံ့ကြီးပြောနေရာကနေချက်ချင်းကြီးခွေးပေါက်လေးလိုထချွဲလာတဲ့အာဏာကြောင့်ဆက်မှာပြောစရာစကားများပျောက်ရှသွားသည်.....
#အဖြေတောင်းနေတာလား....ဓားပြတိုက်နေတာလားမသဲကွဲတော့ဘူး....#
"အင်းပါ......ကိုကို့ကိုအချိန်တော့ပေးဉီး..."
"မရဘူး....ဒီနေ့ကကျွန်တော်တို့စတွဲတဲ့နေ့ဘဲ....Uniပြီးရင်လက်ထပ်မယ်....မငြင်းနဲ့နော်....."
"အာဏာ...ခွေးကောင်....မင်ဘယ်အချိန်တုန်းကနဲ့စီစဉ်ထားတာလဲ...."
အာဏာကိုစိတ်ပေါက်ပေါက်နဲ့ဆဲလိုက်တော့ဖြေလာသည့်အဖြေကြောင့်ဆက်လက်လန်သွားသည်....ဘာတဲ့....
တွေ့တွေ့ချင်းနေ့ကနေဆိုဘဲ.....
#Fuck. ...ငါကြောင်နဲ့မှားပြီး ကျားမွေးမိတာဘဲ...(-_-||)#
*********
နောက်တစ်နေ့နံနက်......
Koichiမျက်လုံးဖွင့်လိုက်တော့မျက်ခမ်းသားတွေကစပ်နေသည်.....
ထကြည့်လိုက်တော့အောက်ပိုင်းကဆစ်ကနဲ.....သူ့ဘေးဘက်မှာကအဝတ်ဗလာနဲ့အိပ်နေတဲ့တိမ်ယံ......
ရင်တွေဒိန်းကနဲဆောင့်ခုန်သွားပြီးလူကလည်းထူပူသွားသည်.......
မဟုတ်လောက်ပါဘူးဟုတွေးနေသော်ငြားနာကျင်နေတဲ့အောက်ပိုင်းကပြောင်ပြနေသလိုပင်.....
အထိတ်တလန့်နှင့်ညကမှတ်ဉာဏ်တွေကိုပြန်ဆွဲခေါ်မိတော့.....
ညကကွန်ဒိုပြန်မလာနဲ့ဆိုတဲ့massageကြောင့်နှစ်ယောက်သားတိုင်ပင်ပြီး King land club. ...သို့လာခဲ့ကြသည်....
ခဏအကြာမှာတော့ကော့တေးအသစ်မို့မြည်းစမ်းပေးပါဆိုပြီးပေးလာတဲ့ကော့တေးခွက်ကိုသောက်မိပြီးလူကထူပူကာအသိလွတ်သွားပြီးတိမ်ယံကိုဖက်နမ်းကာသူနဲ့အိပ်ဖို့တကျီကျီပြောကာလက်ကလည်းအငြိမ်မနေဘဲပွတ်သပ်နေသည်.....
နောက်တွင်တော့တိမ်ယံကVipတစ်ခန်းယူပြီး
"သေချာလားkoichi. ...မင်းငါနဲ့တကယ်အိပ်ချင်လို့လား......."
ဒီလောက်ပြောနေတာတောင်ထပ်မေးနေတော့koichiစိတ်တိုလာပြီးစိတ်ကြွဆေးကပြင်းတာမို့အသိကလွတ်ချင်ချင်....
"ဖယ်...မင်းငါနဲ့မအိပ်ရင်တခြားသူသွားရှာမယ်...."
ထိုစကားအဆုံးတွင်တော့
တိမ်ယံ၏မျက်သားများနီရဲကာမေးကိုတင်းတင်းဆွဲညစ်လာသည်....
"မင်းလုပ်ရဲလား.....အေး...ဒီနေ့မင်းငိုယိုပြီးတောင်းပန်နေရင်တောင်အလွတ်မပေးဘူး...."
ထို့နောက်တွင်တော့......
#Fuck. ....ငါကအရင်မြူဆွယ်တာပေါ့....ချီးဘဲ.....#
*******************
ဟုတ်ကဲ့...သူငယ်ချင်းကိုလင်ကောင်းသားကောင်းရစေချင်တဲ့စိတ်ကလေးကအကျိုးပေးသွားရှာပါတယ်...😂😂😂
***********************
(Zawgyi)
"ကိုကို.....ကိုကိုရေ...."
မို့မရပ်မိ......
"လွတ်....အာဏာလွတ်ဆိုနေ...."
*********
ခဏကြာတော့......
"ကိုကို....အဖြေပေးတော့...."
"အိုကေ...3 seconds ရမယ်...."
"တစ်......"
"နေဉီးလေ....အာဏာ...."
"နှစ်......"
"နေပါဉီးဆို....အွန့်......"
"အွန့်....အင်း....အာ...ဏာ...."
*********
နောက်တစ်နေ့နံနက်......
ထို့နောက်တွင်တော့......
*******************
Continue Reading
You'll Also Like
82K 8.6K 16
Host(လီရုန်)ရဲ့ သူ့မူလကမ္ဘာကိုပြန်ရောက်သွားပြီး သူ့ညီနဲ့ သူ့မွေးစားအဖေရဲ့သားကိုကလဲ့စားပြန်ချေမှာပါ ၊နောက်ပြီး သူ့ချစ်သူနဲ့မထင်မှတ်ပဲပြန်ဆုံတွေ့ရကာ သူ့...
242K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
629K 60.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
28.1K 3.1K 26