Simplicity of love √Complete...

By Zante7

203K 18K 915

အချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွ... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 17(zawgyi)
Final
Special Thanks
Extra
Extra
Christmas🎄

ep 18

7.4K 684 13
By Zante7

#Unicode
ထယ်ယောင်းမှာမနက်မိုးလင်းတာနဲ့
ပိုက်ဆံအိတ်ယူပြီး ကားသော့ယူကာဆေးရုံထွက်လာလိုက်သည်။
ဟိုရောက်တော့ မမရေချယ်လ်အပြင်
မမမီဆိုပါရောက်နေသည်။

"မမတို့နှစ်ယောက်လုံးလာတာလား"

"အေးငါပါလိုက်လာတာ
စိတ်ပူလို့ ပြီးတော့မမမှာကိုယ်ဝန်ရှိနေပြီလေ"

"ဟုတ်လား ဝမ်းသာပါတယ်"

ထယ်ယောင်းအတွက်ဒါကနိမိတ်ကောင်းတာပဲပေါ့။
ဘာမှမဖြစ်ဘူး ဒါဟာပုံမှန်ပါပဲ။
တစ်ခုခုလွဲချော်ပြီးဂျွန်သိသွားရင်သူ့ကိုသတ်မှာကျိန်းသေသည်။

"မမတို့ ငါလန့်လိုက်တာ ဂျွန်သိရင်
ငါသေမှာ"

မျက်စိပျက်မျက်နှာပျက်ပြောလာသောထယ်ယောင်းကြောင့်သူတို့လည်းစိတ်မကောင်း။
တစ်ခုခုသာမှားသွားခဲ့ပါက သူမတို့လည်းရင်ကျိုးရမှာ။

"ကဲ.....ထယ်လေးသဘော မမတို့က
မတိုက်တွန်းဘူး ဘာပဲဖြစ်ဖြစ်
ထယ်လေးဘက်မှာမမတို့ရှိနေမှာ"

ထယ်ယောင်းလည်းသက်ပြင်းချရင်းကားရပ်ထားသောနေရာသို့
ပြန်လှည့်လာလိုက်သည်။
ဂျွန်မသိပဲဘာမှမလုပ်ချင်။
ပြန်လှည့်လာပြီးမှ ရပ်စဉ်းစားကာ
ဆေးရုံဘက်ပြန်လှည့်လိုက်ပြန်သည်။

"ရောက်နေမှ သွားကြတာပေါ့
ဘဝမှာတစ်ခါပဲဒီလိုအမှားကိုကျူးလွန်လိုက်မယ် အောင်မြင်သည်ဖြစ်စေ
မအောင်မြင်သည်ဖြစ်စေ ဒီတစ်ခါပဲ"

အမတွေလည်းထယ်ယောင်းနောက်ပတ်လိုက်နေရပြီးခေါင်းငြိမ့်ပြကြသည်။

"ငါအပျိုကြီးလုပ်ပြီး
နင်တို့ကလေးတွေပဲထိန်းတော့မယ်
လက်မထပ်ချင်တော့ဘူး"

မမရေချယ်လ်ကရယ်ပြီးပြောလာသည်။
ကျွန်တော်တို့ကိုကြည့်ပြီးစိတ်ပျက်နေတဲ့ပုံပေါက်နေရော။
ချိန်းထားတဲ့ဆရာဝန်ကြီးတွေရှိရာဆီလာခဲ့လိုက်ကြသည်။
ဆရာဝန်ကြီးတွေကလိုအပ်တာတွေမှာကြားပြီးတာနဲ့ဂျွန်ကိုပါအသိပေးခိုင်းသည်။
ကျွန်တော်ကလည်းမပြောရဲ။

"မမတကယ်ငါကလေးလေးရောက်လာပြီဆိုမှဂျွန်ကို အသိပေးမယ်
အခုတော့ငါတို့ဒီတိုင်းနေကြတာပေါ့"

အမနှစ်ယောက်ကိုအပူကပ်ပြီးတာနဲ့
အဘိုးအိမ်မပြန်ပဲ ကိုယ့်အိမ်ကိုသာပြန်လာလိုက်သည်။
ဒီကိစ္စကဘယ်သူမှသဘောတူတာမဟုတ်။
ဆရာဝန်ကြီးတွေပြောစကားအရတော့
ကျွန်တော်ကကိုယ်ဝန်ဆောင်နိုင်ချေ
ရာခိုင်နှုန်းများတယ်တဲ့။

*************

"ဟဲလို....ဂျွန်"

"ဘေဘီကိုယ်မနက်ဖြန်ပြန်လာမှာ
ဘာမှာအုံးမလဲ"

"ဘာမှမမှာတော့ပါဘူး မြန်မြန်ပြန်လာခဲ့ ကျွန်တော်အိမ်ပြန်ရောက်နေပြီ"

ဘယ်အချိန်ထဲကအိမ်ပြန်နေတယ်မသိ။
တစ်ယောက်တည်းစိတ်မချလို့သူ့အဘိုးအိမ်ပို့ခဲ့တာကိုဘေဘီကတော့ပြောစကားကနားမထောင်။

"ဘေဘီကွာ....ကိုယ်ပြောတာကို
တစ်စက်လေးမှနားမထောင်ဘူးပဲ"

"ဟီး.....ချစ်တယ်လေ ပြန်လာခဲ့တော့"

ဂျပန်ရောက်ပြီး5ရက်မြောက်နေ့မှာ
ဂျွန်ကပြန်လာမယ်လို့ပြောလာသည်။
အခုရက်တွေမှာဂျွန်ကိုဖုန်းမဆက်ဖြစ်။
ကလေးကိုဘယ်လိုပြုစုစောင့်ရှောက်ရမလဲသာရှာဖွေပြီးဖတ်နေမိသည်။
စောင်ရန်ရှောင်ရန်တွေကလည်းများသား။

"ဘေဘီနော် ကိုယ့်ကိုတောင်ဖုန်းမဆက်ဘူး"

"ဂျွန်အလုပ်ရှုပ်နေမှာစိုးတာနဲ့
မဆက်ဖြစ်တာပါ"

တစ်ခါတစ်လေ သူရစ်ရင်
ကျွန်တော်လိုက်မမှီတော့ဘူး။
ဘာပဲပြောပြော ဂျွန်ကကျွန်တော့်ရဲ့
ချစ်ခြင်းတရားဖြစ်တည်မှု့လေး။
နွေးထွေးတဲ့ရပ်ဝန်းလေးမှာ
အေးအေးချမ်းချမ်းရှိနေပေးတဲ့
ကျွန်တော်ချစ်ရသူ။

*********

ဂျွန်ပြန်လာမယ့်နေ့ဖြစ်လို့
အိမ်မှာစားဖို့အနည်းငယ်ချက်လိုက်သည်။
ကလေးလေးရှိလာရင် အပြင်စာကျွေးလို့မဖြစ်တော့။
အခုကစပြီးဟင်းချက်ရတဲ့အရသာကိုသိလာပြီဖြစ်သည်။
အဖိုးပြောတဲ့စကားလေးတစ်ခွန်း။
ကိုယ်ချစ်ရတဲ့သူတွေကို
ချက်ပြုပ်ပေးပြီး
အိမ်မှာမိသားစုစုံစွာပျော်ပျော်ပါးပါးစားရတဲ့ထမင်းဝိုင်းက အရသာအရှိဆုံးနဲ့အကောင်းဆုံးအချိန်လေးကို
ပိုင်ဆိုင်ခွင့်ရှိတာတဲ့။
ကျွန်တော့်ဖေဖေနဲ့မေမေဆို ရုံးပိတ်ရက်တိုင်းမှာနှစ်ယောက်လုံးကူညီချက်ပြုပ်ပြီးကျွန်တော့်ကိုကျွေးခဲ့ကြသည်။
ကျွန်တော်လည်းအခုအဘိုးကိုကျေးဇူးတင်သည်။
ကျွန်တော်ညဘက်ကလပ်တွေသွားတိုင်း အဘိုးအပြစ်ပေးတာက
ဟင်းချက်ခိုင်းခြင်းသာ။
အဘိုးကြောင့် ဟင်းချက်လက်ရာက
အကောင်းကြီးမဟုတ်တောင်
စားလို့ရသည်။

"ဘေဘီ....."

ညနေ၅နာရီလောက်မှာဂျွန်ပြန်ရောက်လာသည်။

"ဂျွန် ပြန်လာပြီလား....
sweet familyလေးမှကြိုဆိုပါတယ်"

ထယ်ယောင်းကပြေးဖက်လိုက်တာကို
ဂျွန်ကကောက်ပွေ့ပြီးမျက်နှာအနံ့
တရှုံ့ရှုံ့နမ်းနေသည်။

"လွမ်းလိုက်ရတာ ကိုယ့်ဂျစ်တူးလေးကို"

"ကျွန်တော်လဲလွမ်းနေတာ
ရေချိုးပြီး ထမင်းစားကြမယ်"

"Ok ခဏစောင့်နော်
ကိုယ်ရေချိုးလိုက်အုံးမယ်"

ထယ်ယောင်းကခေါင်းငြိမ့်ပြပြီး
ဂျွန်ရဲ့အိတ်တွေကို ကူသယ်ပေးလိုက်သည်။
ရေချိုးပြီးတာနဲ့ ထမင်းစားကြဖို့ဆင်းလာတော့သည်။

"စားကောင်းရဲ့လား...ဂျွန်"

"အရမ်းကောင်းတယ်
ကိုယ်လည်းအပြင်စာတွေမစားချင်တော့ဘူး ဘေဘီချက်ကျွေးတော့"

ထယ်ယောင်းခေါင်းငြိမ့်ပြလိုက်သည်။
ဂျွန်ကကျွန်တော်ချက်ထားတာအကုန်လုံးကိုစားသည်။
တစ်ချက်လေးမှမငြီး
အကုန်အရသာရှိတယ်တဲ့။

"ရုံးပိတ်ရက်ဆိုတော့
ကိုယ်အနားယူရမယ်
ဟိုမှာအိပ်ချိန်တောင်သိပ်မရှိခဲ့ဘူး"

ဧည့်ခန်းမှာအသီးစားရင်း
ဂျွန်ကပြောပြနေသည်။
ဂျပန်ကအလုပ်ကိစ္စတွေအကြောင်းနဲ့
ကျွန်တော့်ကိုလည်းနည်းနည်းပိန်သွားသလားတဲ့။
ဆေးတွေကြောင့်အနည်းငယ်သိသာနေတာနေမှာ။

"နေလို့ကောင်းပါတယ်ဂျွန်ရဲ့
ဂျွန်သာမဖျားစေနဲ့"

ကျွန်တော်ပြောလိုက်တော့
ပြုံးလာပြီးကျွန်တော့်ကိုပွေ့ဖက်ကာ
ရုပ်ရှင်ကြည့်နေသည်။

"ဘေဘီအိပ်ကြမယ်
ကိုယ်မီးတွေပိတ်လိုက်အုံးမယ်"

မီးတွေပိတ်ဧည့်ခန်းကိုလိုက်ကာတွေ
ပြန်ချပြီးတာနဲ့အခန်းထဲလာခဲ့လိုက်ကြတော့သည်။
ရေချိုးခန်းထဲကထွက်လာပြီးတာနဲ့
ညအိပ်ဝတ်စုံဝတ်ပြီးတော့ကုတင်ပေါ်တက်လာတဲ့အထိ ဘေဘီကဖုန်းနဲ့အလုပ်ရှုပ်ကာ စာပို့နေသည်။
ဂျောင်ဂုကြည့်လိုက်တော့
ဖုန်းကိုပိတ်လိုက်သည်။

"ဘယ်သူ့နဲ့ပြောနေတာလဲ"

"မမရေချယ်လ်နဲ့ပါ
အော်...မမမီဆို ကိုယ်ဝန်ရှိသွားပြီတဲ့"

"ဟုတ်လား မကြာခင်တူလေးလား
တူမလေးလား ရောက်လာတော့မှာပေါ့
အဖေချော အမေချောနဲ့ကလေးကတော့ချောချောလေးဖြစ်နေမှာ"

ဂျွန်ကဝမ်းသာအားရနဲ့ကိုပြောပြီး
အိပ်ယာပေါ်ပက်လက်လှန်ကာပြုံးနေသည်။

"ကျွန်တော်တို့ကလေးလေးဆိုလည်းချောမှာချစ်စရာလေးနေမှာ"

"ဘေဘီကလည်း ကိုယ့်အတွက်ကလေးကဘေဘီရှိနေတာပဲ ဘာမှမဖြစ်ဘူး"

မျက်နှာမသာမယာနဲ့သက်ပြင်းချ
လေပူတွေမှုတ်ထုတ်ပြီးဘေးနားကိုအပုံလိုက်လှဲချလိုက်သောခန္ဓာကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်။
နဖူးလေးကိုအနမ်းချွေရင်းနှုတ်ခမ်းရဲရဲလေးကိုအကြည့်ရောက်မိတော့
တစ်ချက်နမ်းလိုက်သည်။
တစ်ခါနမ်းပြီးတာနဲ့ဘယ်တော့မှရပ်တန့်လို့မရတာကြောင့် ပူပူနွေးနွေးနှုတ်ခမ်းလေးကိုနမ်းရှိုက်လိုက်တော့သည်။
ခပ်အိအိနှုတ်ခမ်းလေးကိုအသဲယားစွာပိုတိုးပြီးနမ်းလိုက်တော့ ဂျောင်ဂုရဲ့
လည်တိုင်ကိုလက်နှစ်ဖက်နဲ့သိုင်းဖက်လာသည်။
အောက်နှုတ်ခမ်းလေးကိုအပြိုင်နမ်းလာသော ဘေဘီကြောင့်ရင်ခုန်သံတွေမြန်လာကာ အသက်ရှုနှုန်းကထိန်းမရတော့။
ကျွန်တော်တို့ရဲ့ရင်ခုန်စရာအချိန်လေးကိုထုဆစ်မိပြန်သည်။
ဒီတစ်ခါကစိတ်ထဲမှာ
နာကျင်နေရပြီး
ကျွန်တော်ဝမ်းနည်းစွာငိုခဲ့ရတော့သည်။

"ဂျွန်....ကျွန်တော်ဝန်ခံစရာရှိတယ်"

ကျွန်တော့်ကိုဖက်ထားရင်းနဲ့အားယူပြီးပြောနေရှာတယ်။
ဘေဘီကဘာကိုဝန်ခံမှာလဲအခုချိန်မှာ။

"ကျွန်တော်ဆေးရုံမှာကလေးယူဖို့လုပ်ထားတယ် လက်ရှိဆေးထိုးထားပြီး
စမ်းသပ်နေတဲ့အချိန်အခုက"

ကျွန်တော့်ကမ္ဘာရပ်တန့်သွားသလိုပဲ။
ကျွန်တော့်လှုပ်ရှားမှု့တွေသာမက
အသက်ရှုနေတာတောင်ရပ်တန့်ပစ်လိုက်ချင်တဲ့အထိပဲ။

"ကျွန်တော်တောင်းပန်ပါတယ်
တားနေတဲ့ကြားကလုပ်ခဲ့မိလို့...
အခုတစ်ခါဆေးစစ်လို့ကိုယ်ဝန်ရှိချင်လည်းရှိ မရှိရင်နောက်တစ်ခါမလုပ်တော့ဘူး ကတိပေးပါတယ်"

"ဘေဘီကွာ.....
ကိုယ်ပြောထားတယ်မလား
ကိုယ်ကြောက်တယ် ဘေဘီနဲ့ကလေးတစ်ခုခုဖြစ်သွားမှာကိုယ်ကြောက်တယ်
ဘယ်တုန်းကများကိုယ်ကဖိအားပေးခဲ့လို့လဲ"

ဂျောင်ဂုပြောရင်းမျက်ရည်တွေကျလာသည်။
သူတွေးလိုက်တိုင်းဒီအရာကိုကြောက်ပါသည်။

"မငိုပါနဲ့ ကျွန်တော်ကတိပေးပါတယ်
တကယ်လို့ကလေးရှိလာခဲ့ရင်
အန္တရာယ်မဖြစ်အောင်ကျွန်တော်အတက်နိုင်ဆုံးနေထိုင်မှာ"

"ကိုယ်ကဘာမှမသိတဲ့လူတစ်ယောက်ဆိုရင်တော့အဆင်ပြေလိမ့်မယ်
အခုဘေဘီပြောတဲ့စကားကကိုယ့်အတွက်ထိရောက်မှု့မရှိဘူး"

ဂျောင်ဂုမျက်ရည်တွေကိုဆက်မကျလာအောင်သုတ်ပေးနေပေမယ့်
ထယ်ယောင်းပါငိုနေမိသည်။

"ကိုယ်ကြောက်တယ် ကလေးနဲ့ဘေဘီတစ်ခုခုဖြစ်သွားမှာရော.....
နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးခိုင်းရင်ရော ကိုယ်ရူးသွားလိမ့်မယ်
အခုဘယ်လိုလုပ်ကြတော့မလဲ
ကံပဲရှိတော့တယ် အဲ့လိုမှန်းသိအခုကိုယ်အတူမနေခဲ့ပါဘူး"

အသည်းအသန်ထယ်ယောင်းရင်ဘက်ပေါ်ခေါင်းမှောက်ပြီးငိုနေသောဂျွန်ကို
ပြန်ပွေ့ဖက်ထားပြီး သူ့အမှားကျူးလွန်မိပြီဆိုတာတွေးပြီး နောင်တရနေသည်။
ကလေးနဲ့ဂျွန်အပေါ်မှာသူကတွေးမပေးခဲ့ဘူးပဲ။
ဘယ်လိုတောင်ခေါင်းမာပြီးဆိုးနေရတာလဲဆိုပြီးသာ အပြစ်တင်နေမိတော့သည်။

မနက်အိပ်ရာထတော့
ဂျွန်ကအခန်းထဲရှိမနေ။
အောက်ထပ်ကိုဆင်းလာတော့
ဧည့်ခန်းထဲမှာ ငူငူကြီးထိုင်နေတာ
တွေ့လိုက်ရသည်။
အိပ်ရေးဝအောင်အိပ်ထားပုံလည်းမပေါ်။

"ဂျွန် အစောကြီးနိုးနေတာလား
ပြန်အိပ်လိုက်ပါ ပင်ပန်းနေတယ်မလား"

"ကိုယ်စဉ်းစားနေတာ
ဘေဘီဘာလို့အဲ့လိုလုပ်ရတာလဲပေါ့
ကိုယ်ကသေချာပြောပြခဲ့ရမှာ......
သေချာမပြောမိတဲ့ကိုယ့်အပြစ်တွေကြီးပဲ စဉ်းစားကြည့်တော့ကိုယ့်အမှားတွေပဲ"

ထယ်ယောင်းအံ့အားသင့်ကာ
ရပ်ကြည့်နေမိသည်။
ဂျွန်ကသူ့အမှားလို့ပဲထင်နေသည်။

မနက်မိုးလင်းထဲကသူတို့နှစ်ယောက်လုံးဘာစကားမှမပြောဖြစ်ကြ။
အိမ်ကလည်းတိတ်ဆိတ်နေတာ။
ဂျွန်ကလည်းအခန်းထဲပြန်ဝင်သွားပြီးမနက်စာလည်းဆင်းမစား။
ထယ်ယောင်းကလည်းအပေါ်ထပ်ကအခန်းထဲပြန်မဝင်ဖြစ်။

ဂျောင်ဂုသေချာစဉ်းစားပြီးတာနဲ့
အောက်ထပ်ပြန်ဆင်းလာတော့
ဘေဘီကဧည့်ခန်းထဲက
ဆိုဖာပေါ်မှာထိုင်နေသည်။
ကျွန်တော်ကဘေးကနေကြောက်ပြနေမိတာ။
တကယ့်လက်တွေ့ခံစားရမယ့်
ဘေဘီကဆို ပိုပြီးစိတ်သောကရောက်နေမှာပေါ့။

"နေ့လည်စာစားချိန်တောင်ရောက်နေပြီ
ကိုယ်တို့ထမင်းစားကြမယ် ဘေဘီ"

ဂျွန်ရဲ့အသံကြားမှ
အနားကိုရောက်နေမှန်းသိတော့သည်။

"တောင်းပန်ပါတယ် ဂျွန်
ကျွန်တော်က....ကျွန်တော်...."

"ကိုယ်နားလည်တယ်....
ကိုယ်သိတာမလို့တောင်းပန်မနေပါနဲ့
ကိုယ်တို့အတူရင်ဆိုင်ကြတာပေါ့
ကလေးလေးရောက်လာခဲ့ရင်လည်း
အန္တရာယ်ကင်းအောင်ကိုယ်ကြိုးစားပြီးစောင့်ရှောက်ပေးမယ်.....
ဘေဘီအခုလိုဆုံးဖြတ်တာ
ကိုယ်တို့မိသားစုလေးအတွက်ဆိုတာ
ကိုယ်သိပါတယ် မငိုပါနဲ့တော့"

မျက်ရည်တွေစီးကျလာသော
ဘေဘီကိုပွေ့ထားရင်း
ကံတရားကိုပဲမျက်စိမှိတ်ဆုတောင်းနေရသည်။
ကျေးဇူးပြု၍ကျွန်တော့်ဘေဘီလေး
ပျော်ရွှင်ရပါစေ။

Simplicity 🏝
Zante💜

ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်.......

#Zawgyi
မမမီဆိုပါရောက်နေသည်။


"အေးငါပါလိုက်လာတာ

"ဟုတ်လား ဝမ်းသာပါတယ်"


ငါသေမှာ"


"ကဲ.....ထယ်လေးသဘော မမတို့က

ပြန်လှည့်လာလိုက်သည်။



"ငါအပျိုကြီးလုပ်ပြီး
လက်မထပ်ချင်တော့ဘူး"




*************

"ဟဲလို....ဂျွန်"

ဘာမှာအုံးမလဲ"







မဆက်ဖြစ်တာပါ"

တစ်ခါတစ်လေ သူရစ်ရင်
ကျွန်တော်ချစ်ရသူ။

*********

ချက်ပြုပ်ပေးပြီး
စားလို့ရသည်။

"ဘေဘီ....."


"ဂျွန် ပြန်လာပြီလား....




"Ok ခဏစောင့်နော်



"အရမ်းကောင်းတယ်

တစ်ချက်လေးမှမငြီး
အကုန်အရသာရှိတယ်တဲ့။

"ရုံးပိတ်ရက်ဆိုတော့
ကိုယ်အနားယူရမယ်

ဂျွန်ကပြောပြနေသည်။

ဂျွန်သာမဖျားစေနဲ့"

ရုပ်ရှင်ကြည့်နေသည်။

"ဘေဘီအိပ်ကြမယ်


"ဘယ်သူ့နဲ့ပြောနေတာလဲ"

"မမရေချယ်လ်နဲ့ပါ





တစ်ချက်နမ်းလိုက်သည်။
ဒီတစ်ခါကစိတ်ထဲမှာ
နာကျင်နေရပြီး






"ဘေဘီကွာ.....
ကိုယ်ပြောထားတယ်မလား







မနက်အိပ်ရာထတော့
ဂျွန်ကအခန်းထဲရှိမနေ။
တွေ့လိုက်ရသည်။


"ကိုယ်စဉ်းစားနေတာ

ရပ်ကြည့်နေမိသည်။


ဘေဘီကဧည့်ခန်းထဲက


ဂျွန်ရဲ့အသံကြားမှ

"တောင်းပန်ပါတယ် ဂျွန်
ကျွန်တော်က....ကျွန်တော်...."

"ကိုယ်နားလည်တယ်....

ဘေဘီကိုပွေ့ထားရင်း
ပျော်ရွှင်ရပါစေ။

Simplicity 🏝
Zante💜


Continue Reading

You'll Also Like

25.8K 2.5K 41
Unicode & Zawgyi သုံးမြှောင့်ဖန်တုံးကိုအလင်းတန်းတစ်ခုဝင်ရောက်လာတဲ့အခါ သက်တံ့ရောင်ကာလာတွေဖြာထွက်လာတတ်တယ်။ ကိုယ်တို့နှစ်ဦးကြားထဲက သက်တံ့ရောင်ကောင်လေးက...
152K 19.4K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
24.1K 1.3K 30
~Narcissusပန်းလေးရဲ့အဓိပ္ပါယ်က "မင်းကငါ့ရဲ့တစ်ယောက်သောသူ" တဲ့လေ~ [Both U & Z] Start date _ 19.4.2023 (Wed) End date _ 27.3.2024(Wed)
256K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်