Rebirth for (BL) (completed)
By fujoshipmama
152K 13.9K 232
Both Uni and Zawgyi အမွေကိုလောဘတက်တဲ့ဆွေမျိုးတွေရဲ့သွေးထိုးစကားကြောင့်ကျေးဇူးရှင်တွေကို ဒုက္ခ ရောက်စေမိတဲ့ပိ... More
ဖတ်ပေးပါ
Part. 1
Part. 2
Special part
Characters
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Update အကြောင်း
Part (10)
Part (11)
Part (12)
Part (14)
Part (15)
ဒီနေ့updateမရှိ
Part (16)
Part (17)
Part (18)
Part (19)
Final Part
Part (13)
5.1K 566 18
By fujoshipmama
(Uni)
ပွဲကနေပြန်လာတော့လူကနုံးနေတာမို့ရေချိုးလိုက်ရသည်။တိမ်ယံကလည်းအလုပ်ရှိလို့ပြန်မလာသလိုkoichiကလည်းအပြင်မှာအိပ်မယ်ဆိုပြီးထွက်သွားပြန်သည်.....
ပွဲမှာပြောလိုက်တဲ့စကားကြီးကတော်တော်လေးကိုကသိကအောက်နိုင်တာမို့အာဏာနဲ့မျက်နှာချင်းမဆိုင်ရဲသေး.......
ဒီလောက်ဆိုအာဏာဘာပြောနေမှန်းရိပ်မိတာမို့တော်တော်လေးကိုအတွေးများရသည်......
အာဏာကတကယ်ကြီးငါ့ကိုကြိုက်နေတာလား.....
မဟုတ်လောက်ပါဘူး......
ဒါပေမယ့်သူ့စကားတွေက......အား..ရှုတ်တယ်မတွေးတော့ဘူး.....
စောင်ကိုခေါင်းအထိခြုံလိုက်ပြီးအိပ်ရာပေါ်လဲချလိုက်သည်.....
ခဏအကြာ....
'ချောက်...'
အာဏာတံခါးဖွင့်လိုက်တော့ကိုကိုကအိပ်ပျော်နေချေပြီ......
တတ်လည်းတတ်နိုင်တဲ့ကိုကိုပါပင်.....
သူကတော့အတွေးများပြီးအိပ်မပျော်မှာတောင်စိုးရိမ်မိသွားသည်မှာအပိုပင်ဖြစ်နေပြီ.....
စောင်ကိုအသာလှပ်ပြီးနဖူးနှင့်နှင်းဆီရေညင်နှုတ်ခမ်းလေးကိုအကြိမ်ရေတစ်ချို့နမ်းပြီးကိုယ်လုံးလေးကိုဖက်ကာအိပ်စက်လိုက်သည်........
**************
မနက်ရောက်တော့ဆက်အရင်နိုးလာပြီးသူ့ဘေးနားကအာဏာကိုကြည့်နေမိသည်......
#အင်း...အာဏာကတော်တော်ချောတာဘဲ....#
ခေါင်းထဲပထမဆုံးရောက်လာတဲ့အတွေး......
စာလည်းတော်တယ်.....အလုပ်လုပ်တာလည်းတော်တယ်.......
ပေါက်ကရအတွေးများကြောင့်....
#ချီး....ဘာတွေတွေးနေတာလဲ....ငါလဲတော်တာဘဲလေ......#
ထို့နောက်အိပ်ရာပေါ်မှထကာခေါင်းတညိမ့်ညိမ့်နှင့်ရေချိုးခန်းထဲဝင်သွားလိုက်သည်......
(ဟုတ်ကဲ့.....ကျွန်မတို့MCဟာသူ့လင်သူချီးကျူးပြီးသူ့ဘက်သူပြန်ယက်သွားပါတယ်.....)
အာဏာမှာတော့ရေချို့ခန်းထဲဝင်သွားတဲ့
ကိုကို့ကိုကြည့်ပြီးအူယားနေလေပြီ.....
ပထမတော့ဘာလုပ်မလဲသိချင်တာကြောင့်အသာမှိန်းနေလိုက်ခြင်း....
ကိုကိုကတော့သူ့ကိုဟိုငေးသည်ငေးလုပ်ပြီးခေါင်းလေးတညိမ့်ညိမ့်နှင့်သာရေချိုးခန်းထဲဝင်သွားသည်......
သူတို့ထမင်းစားပွဲရောက်တော့တိမ်ယံနဲ့koichiကအပြင်ကမုန့်ဟင်းခါးဝယ်လာပြီးရောက်နေချေပြီ....
"Morning... "
"Morning... "
မနက်စာစားနေတဲ့အချိန်အတွင်းအာဏာကဆက်ကိုဂရုစိုက်ပေးနေသည်.....
တိမ်ယံနဲ့koichiမှာမုန့်ပင်မျိုမကျတော့သလိုခံစားလိုက်ရသည်........
တိ်မ်ယံမှာလည်းမနေ့ကပြန်မလာတာဘဝမှာအမှန်ကန်ဆုံးဆုံးဖြတ်ချက်ကြီးပမာခံစားလိုက်ရသည်.....
Koichiကတော့မနေ့ကဆလုပ်ကလေးကိုကျေးဇူးတင်နေမိသည်.....
#ငါတို့ဘယ်အချိန်ထိRsစာတွေစားနေရမှာလဲ.....#
ကျောင်းချိန်ရောက်တော့စာကိုစိတ်မရောက်ဘဲအတွေးများနေသည်......
#အာဏာကဘာဖြစ်လို့ဘာမှမပြောတာလည်း....ငါ့ကိုဘယ်လိုသဘောထားနေတာလည်း.....ငါကသူအဖြေပေးရင်......stopငါဘာတွေးနေတာလည်း....မဟုတ်ဘူး.....မဟုတ်ဘူး#
"ခုံနံပါတ်20ကကောင်လေး.....ဘာတွေခေါင်းခါနေတာလည်း...နားမလည်လို့လား....."
ရုတ်တရက်​ြကားလိုက်ရတဲ့ဆရာရဲ့အသံကြောင့်သူ့ဘာသာသူခေါင်းတွေခါနေမှန်းသတိထားလိုက်မိသည်.....
#လခွမ်းဘာတွေလျှောက်လုပ်နေတာလည်း...#
"မဟုတ်ပါဘူး....နားလည်ပါတယ်ဆရာ..."
"အေး...အေး...နောက်တစ်ခါမဖြစ်စေနဲ့...."
ဆရာကဘာမှမပြောပေမဲ့ကိုယ့်အတွေးကိုယ်သာသိတာမို့စာထဲအာရုံပြန်စိုက်လိုက်ပေမဲ့အာဏာကိုတော့ခိုးကြည့်မိသေးသည်.....
အာဏာကပြုံးစိစိဖြစ်နေတာမို့စိတ်ကအလိုမကျတော့.....
#ဘာတွေပြုံးနေတာလည်း...#
ကြည့်လိုက်တော့ကောင်မလေးတစ်ယောက်ထိုင်နေတဲ့ဘက်မို့ဒေါသတို့ကထောင်းကနဲ့
.......
စိတ်အလိုမကျတော့Canteenမှာ ဆန္ဒ ပြတော့သည်.....
"ကိုကို....ဒီမှာကိုကိုကြိုက်တဲ့ကြက်ကြော်...."
"မစားဘူး....."
ပြောရင်းနှင့်အာဏာရဲ့ကြက်ကြော်ကိုင်လာတဲ့လက်ကိုတွန်းလွတ်သည်.....
"ကိုကို....ဒါကဖရဲသီးဖျော်ရည်..."
"မသောက်ဘူး...."
ကျွေးတဲ့သူကကျွေးသလောက်ငြင်းတဲ့သူကလည်းငြင်းသည်....
နောက်ဆုံးတိမ်ယံမှာမနေသာဘဲဝင်ပြောရတော့သည်.....
"ဟေ့ကောင်တွေ....ဘာဖြစ်နေတာလည်း.....ဘေးဝိုင်းတွေကြည့်နေပြီနော်...."
အမှန်ကိုပင်ဘေးဝိုင်ကလူများကဘာဖြစ်တာလည်းစိတ်ဝင်တစားကြည့်နေကြသည်.....
ဆက်တို့အဖွဲ့ကတော်တော်များများသတိထားမိတဲ့အဖွဲ့မို့သတိထားမိကြတာမဆန်းလှ....
"ဘာမှမဖြစ်ဘူး...."
နှုတ်ခမ်းကြီးစူထော်ကပြောလာသည့်ဆက်
ပါပေ....
#အဲ့ပုံစံကြီးကဘာမှမဖြစ်တာဆိုတော့.....#
စိတ်ထဲကကျိန်ဆဲမိလိုက်ပြီးအာဏာကိုမေးခွန်းထုတ်သည့်ပုံစံနှင့်ကြည့်လိုက်သည်....
"ငါလည်းမသိဘူး...မနက်ကတည်းကဖြစ်နေတာ.... "
"အော်...မင်းကဘာမှမသိဘူးပေါ့လေ......အာဏာရှင်...."
"ပြောလေကိုကို....."
အမှန်တကယ်သိချင်နေသည့်မျက်ဝန်းများနှင့်မေးလာတဲ့အာဏာကြောင့်ဒေါသထွက်လာပြီးစိတ်ထဲကတွေးနေသမျှပြောချလိုက်တော့သည်.....
"ချီးဘဲ....မင်းကတုံးနေတာလား.....မနေ့ညကလိုပြောပြီးရင်ချစ်တယ်ဆိုပြီး
အဖြေတောင်းရမှာပေါ့....ဘာလို့ဘာမှမဖြစ်သလိုနေနေတာလည်း....."
အာဏာရဲ့မျက်လုံးများအရောင်တောက်သွားသည်ကိုတော့ဒေါသထွက်နေတဲ့ဆက်တစ်ယောက်မတွေ့လိုက်ပါချေ....
"အဲ့တော့ကိုကိုကကျွန်တော်အဖြေမတောင်းလို့စိတ်တိုနေတာပေါ့....ဒါဆို....ကိုကို့ကိုကျွန်တော်ချစ်တယ်အဖြေပေးတော့...."
တိတ်ဆိတ်သွားတဲ့အခြေအနေကြောင့်ဆက်ဘေးကိုကြည့်မိလိုက်သည်.....
သူတို့နှစ်ယောက်ကိုတအံ့တသြကြည့်နေတဲ့တိမ်ယံနဲ့koichi. ....
ပြီးတော့သူတို့ကိုကြည့်နေ​တြဲ့ကန်တင်းကလူတွေကလည်းမျက်လုံးတွေပြူးကျယ်နေသည်......
အာဏာကိုကြည့်လိုက်တော့ပြုံးစိစိဖြစ်နေတာကြောင့်
ဆက်ရှက်ပြီးတစ်ကိုယ်လုံးထူပူသွားသည်.....
#ချီးဘဲ...ရှက်လိုက်တာ#
ထို့နောက်သူ့မျက်နှာသူအုပ်ပြီးကန်တင်းကပြေးထွက်သွားတဲ့ကိုကို့နောက်ကိုအာဏာပြေးလိုက်သွားသည်.....
စားပွဲမှာတော့ဆွံအသွားတဲ့တိမ်ယံနဲ့koichiတို့ကျန်နေခဲ့သည်....
Canteenရှိလူများအားလုံး။...။အဲ့တော့ငါတို့ကနေရင်းထိုင်ရင်းRSစာစားလိုက်ရတာလား.....(@-@)
*****************
(Zawgyi)
မဟုတ်လောက်ပါဘူး......
ခဏအကြာ....
'ချောက်...'
**************
"Morning... "
"Morning... "
တိမ်ယံမှာလည်းမနေ့ကပြန်မလာတာဘဝမှာအမှန်ကန်ဆုံးဆုံးဖြတ်ချက်ကြီးပမာခံစားလိုက်ရသည်.....
ရုတ်တရက်​ကြားလိုက်ရတဲ့ဆရာရဲ့အသံကြောင့်သူ့ဘာသာသူခေါင်းတွေခါနေမှန်းသတိထားလိုက်မိသည်.....
#ဘာတွေပြုံးနေတာလည်း...#
.......
"မစားဘူး....."
"မသောက်ဘူး...."
"ဘာမှမဖြစ်ဘူး...."
ပါပေ....
"ပြောလေကိုကို....."
#ချီးဘဲ...ရှက်လိုက်တာ#
Continue Reading
You'll Also Like
630K 60.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
242K 23.6K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...
260K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်