ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

573K 105K 4.2K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း -၂၂

8.8K 1.7K 43
By Kay_Wine


{Zawgyi}

သေဘာထားကြဲလြဲေနတာကို အသာထားအုံး! ဒီလူက ေက်ာင္းရဲ႕အဓိကအမ်ိဳးသားဇာတ္ေကာင္ဟီး႐ိုးတစ္ေယာက္ျဖစ္ဖို႔ တကယ္ထိုက္တန္တယ္။ လင္ရွန္း စိတ္ထဲမွာ ေအာ့အန္ေနေပမယ့္ သူ႔မ်က္လုံးေတြက ေမာ့က်ဴးခ်န္ေပၚမွာသာ ကပ္ၿငိေနတယ္။

မယ္ရီဆူး၀တၳဳက သူရဲေကာင္းျဖစ္တာနဲ႔အညီ ရွစ္လုံးတြဲေပါင္မုန႔္ကလည္း မုခ်ရွိေနဖို႔လိုတယ္။ ပုခုံးက်ယ္က်ယ္၊ ခါးသိမ္သိမ္နဲ႔ ေျခတံရွည္ႀကီးေတြက ေမာ္ဒယ္တစ္ေယာက္လို စံခ်ိန္မွီရွိေနတယ္။ ဂ်ဳံေရာင္အေရျပားေအာက္မွာ ေမာ့က်ဴးခ်န္ရဲ႕ႂကြက္သားေတြက အတုံးလိုက္အခဲလိုက္ႀကီးျဖစ္မေနဘူး။ ဒါေပမယ့္ တစ္ဖက္လူက basketballကြင္းထဲမွာတုန္းက အရမ္းၾကည့္ေကာင္းေနခဲ့တာကို လင္ရွန္းမ်က္လုံးေတြနဲ႔ ကိုယ္တိုင္ျမင္ခဲ့ရၿပီးၿပီ။

ေမာ့က်ဴးခ်န္သာ အားကုန္ထုတ္သုံးမယ္ဆိုရင္ သူ႔ခႏၶာကိုယ္က အင္အားက ေလွ်ာ့တြက္လို႔ရမွာမဟုတ္ဘူးဆိုတာ သိေနတယ္။

___ဘာပဲျဖစ္ျဖစ္ပါ သူကို ႐ိုက္ခ်ႏိုင္မွာမဟုတ္ဘူးဆိုတာေတာ့ အေသအခ်ာပဲ။

လင္ရွန္း ေခါင္းကိုလွည့္ကာ သူ႔ေရွ႕က ငယ္႐ြယ္ၿပီးအရပ္ရွည္တဲ့ခႏၶာကိုယ္ကို မၾကည့္ေတာ့ဘူး “မင္းက…” သူ႔ႏႈတ္ခမ္းေတြကို ဆူထားမိတယ္။ တဖက္လူရဲ႕လွပေခ်ာမြတ္ေနတဲ့ ေကာက္ေၾကာင္းေတြကို မၾကည့္ေတာ့တာေတာင္မွပဲ သူ႔လည္ေခ်ာင္းက အနည္းငယ္ေျခာက္ကပ္ကပ္ျဖစ္ေနေသးတယ္။ ဒီစာအုပ္ကိုဖတ္ၿပီး ထိုအိမ္မက္မမက္ေသးခင္အထိ လင္ရွန္းသူ႔ရဲ႕sexualityကို သံသယမျဖစ္ခဲ့ဘူး။

ဒါေပမယ့္လည္း သူ႔ရဲ႕ႏွစ္ႏွစ္ဆယ္သက္တမ္းမွာ ေလ့လာၿပီး ခက္ခက္ခဲခဲသင္ယူဖို႔ဆိုတာကသာ ပန္းတိုင္ျဖစ္ေနခဲ့တယ္။ သူ႔မွာ ရည္းစားတဏွာျပႆနာအတြက္ ေတြးေနဖို႔အခ်ိန္မရွိခဲ့ဘူး။

ယန္ရႈိ႕အေပၚလည္း ထို႔အတူပဲ!

ဒါေပမယ့္ အခုခ်ိန္မွာ ေလာေလာလတ္လတ္ basketballကစားၿပီးထားတဲ့ ေမာ့က်ဴးခ်န္က အနက္ေရာင္ဆံပင္ေပၚမွာ ေခြၽးေတြအနည္းငယ္စိုေနၿပီး သူ႔ေရွ႕မွာ အဝတ္မပါဘဲရပ္ေနေတာ့… စိုေနတဲ့ဆံပင္အေခ်ာင္းလိုက္ေတြက ႏွဖူးေရွ႕က်ေနၿပီး သူ႔ရဲ႕နက္ရႈိင္းတဲ့မ်က္လုံးေတြကို တစ္ဝက္ေလာက္ဖုံးထားတယ္။ ခႏၶာကိုယ္ေပၚမွာလည္း ေခြၽးအနည္းငယ္တင္က်န္ေနေသးတယ္။ ေမာ့က်ဴးခ်န္ရဲ႕ ေခါင္းကေျခအဆုံး အေပၚကေအာက္အထိ ေဟာ္မုန္းေတြ ႐ူးေလာက္ေအာင္ ေပါက္ကြဲထြက္ေနတယ္!

Air-conအလယ္တည့္တည့္အခန္းထဲမွာ ရပ္ေနရတယ္ဆိုတာ အသိသာႀကီး။ ထိုလူနဲ႔လည္း အနည္းဆုံးႏွစ္မီတာ သုံးမီတာေလာက္ ျခားေနေသးတယ္။ အဲ့တာေတာင္ လင္ရွန္းမ်က္ႏွာက အမည္မသိအပူေငြ႕ေၾကာင့္ ရဲတက္လာတယ္။

အသက္ကိုျပင္းျပင္းရႈကာ သူ႔ရဲ႕ျမန္သထက္ျမန္ေအာင္‘ခုန္ေပါက္’ေနတဲ့ႏွလုံးခုန္သံကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနရတယ္။ လင္ရွန္း ေခ်ာင္းအသာဟမ့္ၿပီး သူ႔ရဲ႕တုံးအအအသံကို ဖုံးဖိႏိုင္ဖို႔ ႀကိဳးစားလိုက္တယ္။

“မင္း…” သူ ထပ္ေျပာျပန္တယ္။

ရင္ဘတ္ဗလာနဲ႔ ေလွ်ာက္သြားေနတဲ့ ေမာ့က်ဴးခ်န္က သူ႔ေရွ႕ကို ေရာက္ေနၿပီ။

တျဖည္းျဖည္းနီးကပ္လာခ်ိန္မွာ လင္ရွန္းရႈသြင္းလိုက္တဲ့ေလေတြထဲ တဖက္လူရဲ႕အနံ႔ေတြ ခ်က္ခ်င္းျပည့္ႏွက္လာတယ္။ လူငယ္ေတြရဲ႕ လန္းဆန္းတက္ႂကြေနသလိုမ်ိဳးဆိုတာထက္ပိုၿပီး ကြင္းကြင္းကြက္ကြက္ျဖစ္တာမရွိေတာ့ဘူး။

လင္ရွန္းမ်က္ႏွာလည္း ပိုပိုၿပီး ပူလာတယ္။

႐ုတ္တရက္ အေနာက္ကို ေျခလွမ္းက်ယ္က်ယ္တစ္လွမ္းဆုတ္ကာ “မင္းအက်ီကို အရင္ဝတ္လိုက္လို႔မရဘူးလား?”

“မရဘူး!” ေမာ့က်ဴးခ်န္ ႏႈတ္ခမ္းေတြေကြးၫြတ္ၿပီး အားပါးတရၿပဳံးလိုက္တယ္။ လင္ရွန္းဆီကို ေနာက္ထပ္တစ္လွမ္းလွမ္းၿပီး ထိလုနီးပါးျဖစ္တဲ့အထိ အနည္းငယ္ခါးကိုင္းလိုက္တယ္ “အက်ီေတြက အကုန္ေခြၽးေတြနဲ႔ ႐ႊဲေနၿပီ ၿပီးေတာ့ ဝတ္ဖို႔လည္း အဆင္မေျပေတာ့ဘူး”

လင္ရွန္း “…”

“ဒါဆိုလည္း ငါနဲ႔ ေဝးေဝးေန” သူ လက္ယမ္းလိုက္တယ္။

အစကေတာ့ လက္ေျမႇာက္ၿပီး ေမာ့က်ဴးခ်န္ကို တြန္းခ်င္တာျဖစ္ေပမယ့္ တစ္ဖက္လူရဲ႕ ဂ်ဳံေရာင္လိုေဖြးေနတဲ့အသားအရည္နဲ႔ ႂကြက္သားေတြကိုေတြ႕လိုက္ရခ်ိန္မွာ မလုပ္ႏိုင္ေတာ့ဘူး။

႐ုတ္တရက္ ေမာ့က်ဴးခ်န္ ထရယ္တယ္။

လင္ရွန္းကို နက္ေမွာင္ေနတဲ့မ်က္လုံးေတြနဲ႔ ခဏေလာက္စိုက္ၾကည့္ေနၿပီး ၿပဳံးကာ ေမးလိုက္တယ္ “ဘာလဲ? မင္းကိုယ္မင္း မထိန္းခ်ဳပ္ႏိုင္ဘဲ ငါ့ဆီ ပစ္ေကြၽးမိမွာကို စိတ္ပူေနတာလား?”

လင္ရွန္း “! ! !”

သူ႔ႏွလုံးက ဒီ့ထက္ပိုၿပီး ျမန္လာမွာကို စိုးရိမ္တာျဖစ္တယ္။ ဒီလိုႏွလုံးခုန္ျမန္ေနတာမ်ိဳးက ႏွလုံးမတည္မၿငိမ္ျဖစ္ေစလို႔ ဟုတ္ၿပီလား?! [ T/N : ဒီေနရာမွာ ေျပာခ်င္တဲ့စကားလုံးကို ရွာမေတြ႕လို႔ပါ။ arrhythmia ဆိုတာက အဲ့လိုႏွလုံးခုန္အရမ္းျမန္တာတို႔ အရမ္းေႏွးတာတို႔ျဖစ္တာပါ။ တခ်ိဳ႕တေလက အရမ္းမျပင္းထန္ေပမယ့္ ျပင္းထန္တဲ့လူေတြဆိုရင္ေတာ့ အသက္အႏၲရာယ္ပါထိခိုက္ႏိုင္ပါတယ္။ ]

သူစၿပီး လိပ္ျပာမလုံျဖစ္လာတယ္။ ဒုတိယ narcissist တျဖစ္လဲ ေမာ့က်ဴးခ်န္နဲ႔ ဒီကိစၥကို ဆက္ေဆြးေႏြးဖို႔ စိတ္မကူးထားဘူး။ တကယ္ေတာ့ ဒီလိုအေပၚယံၾကည့္တာမ်ိဳးမလုပ္သင့္ဘူးဆိုတာ သူခံစားမိတယ္။ ျဖစ္ႏိုင္တာက ခုေလးတင္ basketballကြင္းထဲမွာ ေဆာ့လာခဲ့တဲ့ ေမာ့က်ဴးခ်န္ရဲ႕ ႐ူးေလာက္ေအာင္တဲ့ေခြၽးေတြ႐ႊဲေနဟန္က လူေတြရဲ႕အတြင္းထဲက ေသြးေတြကို အလြယ္တကူဆူပြက္ေစႏိုင္တယ္။

အဲ့တာက သူ႔ကို နည္းနည္းမူမမွန္ျဖစ္ေစတယ္။

“မင္းပဲ ေနာက္လ လပတ္စာေမးပြဲေရာက္ရင္ လက္ေ႐ြးစင္အတန္းနဲ႔ ၿပိဳင္မယ္ဆိုၿပီး ခုေလးတင္ ေျပာခဲ့တာတယ္ေလ?” လင္ရွန္း ေမာ့က်ဴးခ်န္ကို မၾကည့္ပဲေနေတာ့မွသာ သူေျပာခ်င္တာကို ေျပာခ်ႏိုင္ေတာ့တယ္ “ဒီၾကားထဲမွာ တစ္လေလာက္ပဲ အခ်ိန္က်န္ေတာ့တယ္ဆိုတာ သိရဲ႕လား?”

“သိသားပဲ” ေမာ့က်ဴးခ်န္ ပ်င္းရိပ်င္းတြဲျပန္ေျဖတယ္။

“တစ္လေနာ္!” လင္ရွန္း အသက္ကိုျပင္းျပင္းရႈကာ “ငါတို႔က အခု အထက္တန္းတတိယႏွစ္ေရာက္ေနၿပီ သူငယ္တန္းမွာ ေဆာ့ရသလိုမ်ိဳး မဟုတ္ေတာ့ဘူး”

“ငါလည္း သိပါတယ္ကြာ” ေမာ့က်ဴးခ်န္ေလသံထဲမွာ စိုးရိမ္ေနသလို အရိပ္အေယာင္တစ္စြန္းတစ္စေတာင္ မၾကားရေသးဘူး။

“တစ္ဖက္က လက္ေ႐ြးစင္အတန္းကြ!” လင္ရွန္း သူ႔ကို သတိေပးလိုက္တယ္။ “႐ူပ၊ ဓာတု၊ ဇီ၀၊ သခ်ၤာ၊ ဘာသာစကားနဲ႔ ႏိုင္ငံျခားဘာသာစကားေတြကို ေလ့လာႏိုင္တယ္ထားအုံး အဲ့တာေတြ အားလုံးက အခ်ိန္အၾကာႀကီးအဆင့္ဆင့္ေလ့လာရတာမ်ိဳးေလကြာ”

ေဒါသေတြက ပိုပိုထြက္လာတာေၾကာင့္ ေမာ့က်ဴးခ်န္ဘက္ကို ေခါင္းျပန္လွည့္လိုက္တယ္။ “မင္း ဘာလို႔သူတို႔ေတြနဲ႔ ဒီလို႐ူးေၾကာင္ေၾကာင္ အေလာင္းအစားမ်ိဳး လုပ္လိုက္ရတာလဲ?!”

ဘာကို ၿပိဳင္တာလဲ! မင္းရႈံးရင္ ေက်ာင္းက ထြက္ရမယ့္အေလာင္းအစားႀကီးေလ! ဒါေတြအားလုံးက အိမ္မွာဆို အိမ္အလုပ္ကို နည္းနည္းေလးဆိုမွ နည္းနည္းေလးပဲလုပ္ရၿပီး မဟားတရားပစားေပးခံရလြန္းလို႔ ဒီလိုအေၾကာက္အလန႔္မရွိတဲ့ကေလးေတြ ျဖစ္လာတာ!

“မင္းက်ေတာ့ေရာ? ဘာလို႔ လုေျမာင္ေျမာင္နဲ႔ အေလာင္းအစားလုပ္ရတာလဲ?” ေမာ့က်ဴးခ်န္အၿပဳံးက ရပ္တန႔္သြားတယ္။ အၾကည့္ေတြကပါ ေလးနက္လာၿပီး “မင္းအတြက္ ပ်င္းစရာဆိုရင္လည္း သူနဲ႔ ဘာလို႔ ၿပိဳင္ေနေသးတာလဲ? Hm?”

“ဘာလို႔လဲဆိုေတာ့…” ႐ုတ္တရက္ဆိုသလို ေျပာရင္းနဲ႔ လင္ရွန္း တစ္ဆို႔သြားတယ္။ ေသခ်ာတာေပါ့ လုေျမာင္ေျမာင္က စာအုပ္ထဲက အႀကီးဆုံးဗီလိန္ဆိုတာကို သူအမွန္အတိုင္း ေျပာျပလိုက္လို႔မရဘူး။ ၿပီးေတာ့လည္း သူမက နည္းနည္းေလးအတိုင္အေတာထူလိုက္တာေၾကာင့္ ေမာ့က်ဴးခ်န္နဲ႔ စုတ်န္းတ်န္းတို႔ ငါးႏွစ္ေလာက္ ေဝးသြားရေသးတယ္။

ငါးႏွစ္ေတာင္ေနာ္!

လင္ရွန္း အဲ့တာႀကီးကိုေတာ့ သည္းမခံႏိုင္ဘူး! ယန္ရႈိ႕အေပၚ မတူညီတဲ့စိတ္ရွိေကာင္းရွိႏိုင္တယ္ဆိုတာကို သူသိရွိခဲ့ၿပီး ျပန္သြားခ်င္ေနတယ္။ သူငိုခ်ခ်င္ေလာက္ေအာင္ ေကာင္းလြန္းတဲ့မိသားစုဝင္ေတြရွိၿပီး သူအိမ္မက္မက္ခဲ့ရတဲ့ ကမာၻမ်ိဳးျဖစ္ေနရင္ေတာင္မွေပါ့။

အဲ့တာကိုေတာင္မွ… သူျပန္သြားခ်င္ေနေသးတယ္!

“ဘာေၾကာင့္လဲ?” ေမာ့က်ဴးခ်န္ ၿပဳံးၿဖဲၿဖဲလုပ္ေနတယ္။ သူ လင္ရွန္းဆီကို တစ္လွမ္းတိုးကာ ေကာင္ေလးကို ေနာက္ဆုတ္သြားေအာင္ ဖိအားေပးေတာ့တယ္။

ေလွ်ာက္လမ္းက သိပ္မက်ယ္လွတာေၾကာင့္ လင္ရွန္း ေနာက္ကို ႏွစ္လွမ္းေလာက္သာ ဆုတ္ႏိုင္တယ္။ အဲ့ေနာက္ နံရံနဲ႔ကပ္သြားေတာ့တယ္။ ေမာ့က်ဴးခ်န္က လက္ကို ဆန႔္ထုတ္ကာ သူ႔ေခါင္းေဘးက နံရံမွာ ေထာက္ထားတယ္။

သူလင္ရွန္းဆီ ေနာက္တစ္လွမ္းထပ္လွမ္းၿပီး ကိုယ္ကိုအနည္းငယ္ကိုင္းခ်ကာ သူ႔ရဲ႕ေလေငြ႕ေတြက ေကာင္ေလးမ်က္ႏွာေပၚ က်ေရာက္လုနီးပါးပဲ “ငါ့ေၾကာင့္လား?” ေမာ့က်ဴးခ်န္ ခပ္လွ်ိဳလွ်ိဳေလးၿပဳံးကာ “ရွန္းရွန္း…” သူ႔ရဲ႕လက္တစ္ဖက္နဲ႔ လင္ရွန္းေမးကို ဆြဲေမာ့လိုက္တယ္ “မင္းက အရမ္းခ်စ္ဖို႔ေကာင္းတယ္!”

ခ်စ္ဖို႔ေကာင္း…

လင္ရွန္း ေတြေဝမိန္းေမာေနတယ္။ ဒါေပမယ့္ အခုခ်ိန္ သူ႔ေခါင္းထဲမွာေတာ့ ၀႐ုန္းသုန္းကားေတြျဖစ္ေနၿပီ။ အရမ္းနီးကပ္လြန္းလို႔ ေမာ့က်ဴးခ်န္ရဲ႕ေသေစေလာက္တဲ့ဖိအားက ႏွစ္ဆျဖစ္ေနတယ္။ အဝတ္ဗလာျဖစ္ေနတုန္းမွာ လူေတြအရမ္းနီးကပ္ေနရင္ သူ႔အလိုလိုပရမ္းပတာေတြျဖစ္ကုန္သလိုမ်ိဳးပဲ။

သူ႔မွာေတာ့ ေမာ့က်ဴးခ်န္မ်က္လုံးေတြကိုစိုက္ၾကည့္ၿပီး အသံကိုသာ နားစြင့္ထားႏိုင္တယ္။ အလွမ္းေဝးတဲ့ေကာင္းကင္ေပၚကေန သူ႔ႏွလုံးသားထဲကို တိုက္႐ိုက္ထိမွန္က်လာသလိုပဲ။

“ဒါေပမယ့္ မင္းက ဘာေတြကို ဒီေလာက္ႀကီးစိုးရိမ္ေနတာလဲ?” ေမာ့က်ဴးခ်န္ေျပာလိုက္တယ္ “တစ္လေလာက္ေတာင္ လိုေသးတာကို! ငါတို႔ ႀကိဳးေတာင္ မႀကိဳးစားၾကည့္ရေသးဘူး၊ ငါတို႔မလုပ္ႏိုင္ပါဘူးေလလို႔ေတြးၿပီး ငါတို႔ဘာသာပဲအရင္ဆုံး လက္ေလွ်ာ့လိုက္တာမ်ိဳး ဘာလို႔လုပ္ရမွာလဲ?”

လင္ရွန္း “…” သူပါးစပ္သာ ပြင့္ဟေနၿပီး စကားမေျပာႏိုင္ဘူး။

ေမာ့က်ဴးခ်န္ေျပာတဲ့စကားလုံးေတြက အဓိပၸါယ္မရွိဘူးဆိုၿပီး လင္ရွန္း သုံးသပ္မိေနတယ္။ သူတို႔ေတြ အမွန္တရားကို သတိျပဳမိသင့္တယ္။ အထက္တန္းေက်ာင္းFတန္းက ေတေလဂ်ပိုးတစ္ေယာက္အတြက္ လက္ေ႐ြးစင္တန္းကေက်ာင္းသားေတြကို တစ္လတည္းနဲ႔ ႐ိုက္ခ်ႏိုင္မယ္ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး! ဒါေပမယ့္ ေမာ့က်ဴးခ်န္မ်က္လုံးေတြထဲက ခိုင္မာတဲ့အၾကည့္ေတြကို ၾကည့္မိတဲ့အခါက်ျပန္ေတာ့လည္း လင္ရွန္းအဖို႔…

လင္ရွန္း တြန႔္ဆုတ္ေနတယ္။

ခုေလးတင္ basketballကြင္းထဲမွာ တစ္ဖက္လူက ခပ္မိုက္မိုက္ ခုန္ၿပီး သူ႔မ်က္စိေရွ႕မွာ three-pointကို လွလွပပႀကီးပစ္သြင္းျပသြားတာ။ ေမာ့က်ဴးခ်န္ေျပာသလိုပဲ သူတို႔ေတြ မႀကိဳးစားၾကည့္ဘဲနဲ႔ ရႈံးမယ္ဆိုတဲ့အေတြးကို မေတြးသင့္ဘူး။ သူတို႔လည္း တိုက္ခိုက္လို႔ ရေကာင္းရႏိုင္တယ္! ငယ္တုန္း႐ြယ္တုန္း ေနာင္တရတာမ်ိဳးေတြ မရွိေအာင္လို႔မ်ိဳးလား?

“ရွန္းရွန္း ဘာကို ေၾကာက္ေနတာလဲ?” ထိုအခ်ိန္မွာပဲ ေမာ့က်ဴးခ်န္က သူ႔ကို ၿပဳံးျပလာျပန္တယ္။ သူ႔အၿပဳံးက စင္ၾကယ္ၿပီး ေတာက္ပေႏြးေထြးေနတယ္။ “မင္းက ငါ့အတြက္ ရပ္တည္ၿပီး တိုက္ခိုက္ေပးေနေတာ့ ငါဘယ္လိုလုပ္ စည္းျပင္ထြက္ေနႏိုင္မွာလဲ၊ အဲ့တာေၾကာင့္မို႔လို႔…”

“ငါတို႔ တစ္ႀကိမ္ေလာက္ စြန႔္စားၾကတာေပါ့!” သူ လင္ရွန္း မ်က္လုံးေတြထဲ ၾကည့္လိုက္တယ္ “ဘယ္လိုလဲ?”

လင္ရွန္း “…”

သူ ခဏေလာက္ တြန႔္ဆုတ္ေနၿပီးမွ “… ၿပီးေရာေလ”လို႔ အူတူတူေလးနဲ႔ လင္ရွန္းေျပာလိုက္တယ္။

“အဲ့တာဆို…”  ေမာ့က်ဴးခ်န္ သူ႔ကိုၾကည့္ၿပီး ေျဖးေျဖးခ်င္းေျပာလိုက္တယ္ “ေနာက္လပတ္စာေမးပြဲအတြက္ မင္းဒီလစာႀကိဳးစားရေတာ့မယ္၊ မင္း ငါ့တစ္ေယာက္တည္းကိုပဲ ကူညီဖို႔ အာ႐ုံစိုက္သင့္တယ္ စုတ်န္းတ်န္းကို” သူခဏရပ္ၿပီးမွ ဆက္ေျပာတယ္ “ငါသူ႔ကို ေျပာျပထားတယ္၊ ဒီလ ငါတို႔ေတြနဲ႔ စာေလ့လာလို႔မရဘူးဆိုတာကို”

အမ္? ဒါႀကီးက တစ္ခုခုေတာ့မွားေနၿပီလို႔ လင္ရွန္း ခံစားမိေနတယ္။

ဒါေပမယ့္ ေမာ့က်ဴးခ်န္က သူေျပာလို႔ၿပီးသြားတာနဲ႔ လင္ရွန္း တုန႔္ျပန္ႏိုင္ဖို႔ အခြင့္ေလးတစ္ခုေတာင္ မေပးခဲ့ဘူး။ သူခြၽတ္ထားတဲ့ basketballယူနီေဖာင္းကို လင္ရွန္းလက္ထဲ ထိုးသိပ္ထည့္ေပးလိုက္ၿပီး နားေနခန္းဆီျပန္လွည့္ေလွ်ာက္သြားတယ္။

“အရင္ဆုံး ေနပါအုံးဆို!” လင္ရွန္း basketballယူနီေဖာင္းကို အနည္းငယ္ဆြံ႕အစြာနဲ႔ ကိုင္ထားမိတယ္။ ေခြၽးေတြ႐ႊဲေနတဲ့အက်ီေပၚမွာ ပူေလာင္တဲ့ခႏၶာကိုယ္အပူခ်ိန္က တင္က်န္ေနေသးပုံရတယ္။ သူ ေမာ့က်ဴးခ်န္ေနာက္ကို အျမန္လိုက္ေတာ့တယ္။ ေမာ့က်ဴးခ်န္ရဲ႕ လက္ေကာက္ဝတ္ကို ဆြဲၿပီး သူ႔လက္ထဲကို basketballယူနီေဖာင္း ျပန္ထိုးထည့္ေပးလိုက္တယ္။

သူစကားေျပာေတာ့မယ့္အခ်ိန္မွာ ေလွ်ာက္လမ္းတံခါးက ‘ဘန္း’ခနဲပြင့္လာတယ္။ “ေဘာ့စ္ေရ! ဘယ္လို…” ဟြမ္ေမာင္နဲ႔ ရႈခ်န္းတို႔ တံခါးနားမွာ ရပ္ေနၾကတယ္။ စကားေျပာလိုက္တဲ့သူက ဟြမ္ေမာင္ျဖစ္တယ္။ သူ လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္ကို ေၾကာင္အအနဲ႔ၾကည့္ေနမိတယ္___

လင္ရွန္းက ေမာ့က်ဴးခ်န္လက္ေကာက္ဝတ္ကို ဆြဲထားၿပီး ေမာ့က်ဴးခ်န္က်ေတာ့ ရွပ္အက်ီဝတ္မထားဘူး။ ၿပီးေတာ့ အဝတ္အစားေတြက လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္တို႔လက္ေတြၾကားမွာ ရႈပ္ယွက္ခတ္ေနတယ္။

“ဟုတ္ ေတာင္းပန္ပါတယ္ ေဘာ့စ္!” ခ်က္ခ်င္းဆိုသလို ဟြမ္ေမာင္အက်ယ္ႀကီး ေျပာခ်လိုက္တယ္ “ကြၽန္ေတာ္တို႔ေတြ ဘာဆိုဘာမွမေတြ႕လိုက္ပါဘူး! က်ိန္ေျပာရဲတယ္!”

“ဆက္လုပ္ၾကပါ!” သူေျပာၿပီးတာနဲ႔ တံခါးလက္ကိုင္ဘုကို လွမ္းဆြဲၿပီး ‘ဘန္း’ခနဲ ေလွ်ာက္လမ္းတံခါးႀကီးကို ပိတ္သြားျပန္တယ္။

တံခါးတစ္ဖက္ကေန ဟြမ္ေမာင့္အသံႀကီးထြက္ေပၚလာတာကို လင္ရွန္း ၾကားလိုက္ရတယ္။ သူက ဝင္ေတာ့မယ့္သူေတြကို တားေနတာျဖစ္ေလာက္တယ္ “တစ္ေယာက္မွ အထဲကိုဝင္ခြင့္မျပဳႏိုင္ဘူး! ငါ့ေဘာ့စ္နဲ႔ လင္ရွန္းက အထဲမွာ… မဟုတ္တာ ဘာမွမျမင္ခဲ့ပါဘူးဆိုေနမွပဲ ေျပာေနတာ မၾကားဘူးလား?!”

[ For Linn Htet Htet Aung (အရမ္းၾကာသြားလို႔ sorry ပါ ညီမေလးေရ) ]


_______________________________________

{Unicode}

သဘောထားကွဲလွဲနေတာကို အသာထားအုံး! ဒီလူက ကျောင်းရဲ့အဓိကအမျိုးသားဇာတ်ကောင်ဟီးရိုးတစ်ယောက်ဖြစ်ဖို့ တကယ်ထိုက်တန်တယ်။ လင်ရှန်း စိတ်ထဲမှာ အော့အန်နေပေမယ့် သူ့မျက်လုံးတွေက မော့ကျူးချန်ပေါ်မှာသာ ကပ်ငြိနေတယ်။

မယ်ရီဆူး၀တ္ထုက သူရဲကောင်းဖြစ်တာနဲ့အညီ ရှစ်လုံးတွဲပေါင်မုန့်ကလည်း မုချရှိနေဖို့လိုတယ်။ ပုခုံးကျယ်ကျယ်၊ ခါးသိမ်သိမ်နဲ့ ခြေတံရှည်ကြီးတွေက မော်ဒယ်တစ်ယောက်လို စံချိန်မှီရှိနေတယ်။ ဂျုံရောင်အရေပြားအောက်မှာ မော့ကျူးချန်ရဲ့ကြွက်သားတွေက အတုံးလိုက်အခဲလိုက်ကြီးဖြစ်မနေဘူး။ ဒါပေမယ့် တစ်ဖက်လူက basketballကွင်းထဲမှာတုန်းက အရမ်းကြည့်ကောင်းနေခဲ့တာကို လင်ရှန်းမျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်ခဲ့ရပြီးပြီ။

မော့ကျူးချန်သာ အားကုန်ထုတ်သုံးမယ်ဆိုရင် သူ့ခန္ဓာကိုယ်က အင်အားက လျှော့တွက်လို့ရမှာမဟုတ်ဘူးဆိုတာ သိနေတယ်။

___ဘာပဲဖြစ်ဖြစ်ပါ သူကို ရိုက်ချနိုင်မှာမဟုတ်ဘူးဆိုတာတော့ အသေအချာပဲ။

လင်ရှန်း ခေါင်းကိုလှည့်ကာ သူ့ရှေ့က ငယ်ရွယ်ပြီးအရပ်ရှည်တဲ့ခန္ဓာကိုယ်ကို မကြည့်တော့ဘူး “မင်းက…” သူ့နှုတ်ခမ်းတွေကို ဆူထားမိတယ်။ တဖက်လူရဲ့လှပချောမွတ်နေတဲ့ ကောက်ကြောင်းတွေကို မကြည့်တော့တာတောင်မှပဲ သူ့လည်ချောင်းက အနည်းငယ်ခြောက်ကပ်ကပ်ဖြစ်နေသေးတယ်။ ဒီစာအုပ်ကိုဖတ်ပြီး ထိုအိမ်မက်မမက်သေးခင်အထိ လင်ရှန်းသူ့ရဲ့sexualityကို သံသယမဖြစ်ခဲ့ဘူး။

ဒါပေမယ့်လည်း သူ့ရဲ့နှစ်နှစ်ဆယ်သက်တမ်းမှာ လေ့လာပြီး ခက်ခက်ခဲခဲသင်ယူဖို့ဆိုတာကသာ ပန်းတိုင်ဖြစ်နေခဲ့တယ်။ သူ့မှာ ရည်းစားတဏှာပြဿနာအတွက် တွေးနေဖို့အချိန်မရှိခဲ့ဘူး။

ယန်ရှို့အပေါ်လည်း ထို့အတူပဲ!

ဒါပေမယ့် အခုချိန်မှာ လောလောလတ်လတ် basketballကစားပြီးထားတဲ့ မော့ကျူးချန်က အနက်ရောင်ဆံပင်ပေါ်မှာ ချွေးတွေအနည်းငယ်စိုနေပြီး သူ့ရှေ့မှာ အဝတ်မပါဘဲရပ်နေတော့… စိုနေတဲ့ဆံပင်အချောင်းလိုက်တွေက နှဖူးရှေ့ကျနေပြီး သူ့ရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေကို တစ်ဝက်လောက်ဖုံးထားတယ်။ ခန္ဓာကိုယ်ပေါ်မှာလည်း ချွေးအနည်းငယ်တင်ကျန်နေသေးတယ်။ မော့ကျူးချန်ရဲ့ ခေါင်းကခြေအဆုံး အပေါ်ကအောက်အထိ ဟော်မုန်းတွေ ရူးလောက်အောင် ပေါက်ကွဲထွက်နေတယ်!

Air-conအလယ်တည့်တည့်အခန်းထဲမှာ ရပ်နေရတယ်ဆိုတာ အသိသာကြီး။ ထိုလူနဲ့လည်း အနည်းဆုံးနှစ်မီတာ သုံးမီတာလောက် ခြားနေသေးတယ်။ အဲ့တာတောင် လင်ရှန်းမျက်နှာက အမည်မသိအပူငွေ့ကြောင့် ရဲတက်လာတယ်။

အသက်ကိုပြင်းပြင်းရှုကာ သူ့ရဲ့မြန်သထက်မြန်အောင်‘ခုန်ပေါက်’နေတဲ့နှလုံးခုန်သံကို ထိန်းချုပ်ဖို့ ကြိုးစားနေရတယ်။ လင်ရှန်း ချောင်းအသာဟမ့်ပြီး သူ့ရဲ့တုံးအအအသံကို ဖုံးဖိနိုင်ဖို့ ကြိုးစားလိုက်တယ်။

“မင်း…” သူ ထပ်ပြောပြန်တယ်။

ရင်ဘတ်ဗလာနဲ့ လျှောက်သွားနေတဲ့ မော့ကျူးချန်က သူ့ရှေ့ကို ရောက်နေပြီ။

တဖြည်းဖြည်းနီးကပ်လာချိန်မှာ လင်ရှန်းရှုသွင်းလိုက်တဲ့လေတွေထဲ တဖက်လူရဲ့အနံ့တွေ ချက်ချင်းပြည့်နှက်လာတယ်။ လူငယ်တွေရဲ့ လန်းဆန်းတက်ကြွနေသလိုမျိုးဆိုတာထက်ပိုပြီး ကွင်းကွင်းကွက်ကွက်ဖြစ်တာမရှိတော့ဘူး။

လင်ရှန်းမျက်နှာလည်း ပိုပိုပြီး ပူလာတယ်။

ရုတ်တရက် အနောက်ကို ခြေလှမ်းကျယ်ကျယ်တစ်လှမ်းဆုတ်ကာ “မင်းအကျီကို အရင်ဝတ်လိုက်လို့မရဘူးလား?”

“မရဘူး!” မော့ကျူးချန် နှုတ်ခမ်းတွေကွေးညွတ်ပြီး အားပါးတရပြုံးလိုက်တယ်။ လင်ရှန်းဆီကို နောက်ထပ်တစ်လှမ်းလှမ်းပြီး ထိလုနီးပါးဖြစ်တဲ့အထိ အနည်းငယ်ခါးကိုင်းလိုက်တယ် “အကျီတွေက အကုန်ချွေးတွေနဲ့ ရွှဲနေပြီ ပြီးတော့ ဝတ်ဖို့လည်း အဆင်မပြေတော့ဘူး”

လင်ရှန်း “…”

“ဒါဆိုလည်း ငါနဲ့ ဝေးဝေးနေ” သူ လက်ယမ်းလိုက်တယ်။

အစကတော့ လက်မြှောက်ပြီး မော့ကျူးချန်ကို တွန်းချင်တာဖြစ်ပေမယ့် တစ်ဖက်လူရဲ့ ဂျုံရောင်လိုဖွေးနေတဲ့အသားအရည်နဲ့ ကြွက်သားတွေကိုတွေ့လိုက်ရချိန်မှာ မလုပ်နိုင်တော့ဘူး။

ရုတ်တရက် မော့ကျူးချန် ထရယ်တယ်။

လင်ရှန်းကို နက်မှောင်နေတဲ့မျက်လုံးတွေနဲ့ ခဏလောက်စိုက်ကြည့်နေပြီး ပြုံးကာ မေးလိုက်တယ် “ဘာလဲ? မင်းကိုယ်မင်း မထိန်းချုပ်နိုင်ဘဲ ငါ့ဆီ ပစ်ကျွေးမိမှာကို စိတ်ပူနေတာလား?”

လင်ရှန်း “! ! !”

သူ့နှလုံးက ဒီ့ထက်ပိုပြီး မြန်လာမှာကို စိုးရိမ်တာဖြစ်တယ်။ ဒီလိုနှလုံးခုန်မြန်နေတာမျိုးက နှလုံးမတည်မငြိမ်ဖြစ်စေလို့ ဟုတ်ပြီလား?! [ T/N : ဒီနေရာမှာ ပြောချင်တဲ့စကားလုံးကို ရှာမတွေ့လို့ပါ။ arrhythmia ဆိုတာက အဲ့လိုနှလုံးခုန်အရမ်းမြန်တာတို့ အရမ်းနှေးတာတို့ဖြစ်တာပါ။ တချို့တလေက အရမ်းမပြင်းထန်ပေမယ့် ပြင်းထန်တဲ့လူတွေဆိုရင်တော့ အသက်အန္တရာယ်ပါထိခိုက်နိုင်ပါတယ်။ ]

သူစပြီး လိပ်ပြာမလုံဖြစ်လာတယ်။ ဒုတိယ narcissist တဖြစ်လဲ မော့ကျူးချန်နဲ့ ဒီကိစ္စကို ဆက်ဆွေးနွေးဖို့ စိတ်မကူးထားဘူး။ တကယ်တော့ ဒီလိုအပေါ်ယံကြည့်တာမျိုးမလုပ်သင့်ဘူးဆိုတာ သူခံစားမိတယ်။ ဖြစ်နိုင်တာက ခုလေးတင် basketballကွင်းထဲမှာ ဆော့လာခဲ့တဲ့ မော့ကျူးချန်ရဲ့ ရူးလောက်အောင်တဲ့ချွေးတွေရွှဲနေဟန်က လူတွေရဲ့အတွင်းထဲက သွေးတွေကို အလွယ်တကူဆူပွက်စေနိုင်တယ်။

အဲ့တာက သူ့ကို နည်းနည်းမူမမှန်ဖြစ်စေတယ်။

“မင်းပဲ နောက်လ လပတ်စာမေးပွဲရောက်ရင် လက်ရွေးစင်အတန်းနဲ့ ပြိုင်မယ်ဆိုပြီး ခုလေးတင် ပြောခဲ့တာတယ်လေ?” လင်ရှန်း မော့ကျူးချန်ကို မကြည့်ပဲနေတော့မှသာ သူပြောချင်တာကို ပြောချနိုင်တော့တယ် “ဒီကြားထဲမှာ တစ်လလောက်ပဲ အချိန်ကျန်တော့တယ်ဆိုတာ သိရဲ့လား?”

“သိသားပဲ” မော့ကျူးချန် ပျင်းရိပျင်းတွဲပြန်ဖြေတယ်။

“တစ်လနော်!” လင်ရှန်း အသက်ကိုပြင်းပြင်းရှုကာ “ငါတို့က အခု အထက်တန်းတတိယနှစ်ရောက်နေပြီ သူငယ်တန်းမှာ ဆော့ရသလိုမျိုး မဟုတ်တော့ဘူး”

“ငါလည်း သိပါတယ်ကွာ” မော့ကျူးချန်လေသံထဲမှာ စိုးရိမ်နေသလို အရိပ်အယောင်တစ်စွန်းတစ်စတောင် မကြားရသေးဘူး။

“တစ်ဖက်က လက်ရွေးစင်အတန်းကွ!” လင်ရှန်း သူ့ကို သတိပေးလိုက်တယ်။ “ရူပ၊ ဓာတု၊ ဇီ၀၊ သင်္ချာ၊ ဘာသာစကားနဲ့ နိုင်ငံခြားဘာသာစကားတွေကို လေ့လာနိုင်တယ်ထားအုံး အဲ့တာတွေ အားလုံးက အချိန်အကြာကြီးအဆင့်ဆင့်လေ့လာရတာမျိုးလေကွာ”

ဒေါသတွေက ပိုပိုထွက်လာတာကြောင့် မော့ကျူးချန်ဘက်ကို ခေါင်းပြန်လှည့်လိုက်တယ်။ “မင်း ဘာလို့သူတို့တွေနဲ့ ဒီလိုရူးကြောင်ကြောင် အလောင်းအစားမျိုး လုပ်လိုက်ရတာလဲ?!”

ဘာကို ပြိုင်တာလဲ! မင်းရှုံးရင် ကျောင်းက ထွက်ရမယ့်အလောင်းအစားကြီးလေ! ဒါတွေအားလုံးက အိမ်မှာဆို အိမ်အလုပ်ကို နည်းနည်းလေးဆိုမှ နည်းနည်းလေးပဲလုပ်ရပြီး မဟားတရားပစားပေးခံရလွန်းလို့ ဒီလိုအကြောက်အလန့်မရှိတဲ့ကလေးတွေ ဖြစ်လာတာ!

“မင်းကျတော့ရော? ဘာလို့ လုမြောင်မြောင်နဲ့ အလောင်းအစားလုပ်ရတာလဲ?” မော့ကျူးချန်အပြုံးက ရပ်တန့်သွားတယ်။ အကြည့်တွေကပါ လေးနက်လာပြီး “မင်းအတွက် ပျင်းစရာဆိုရင်လည်း သူနဲ့ ဘာလို့ ပြိုင်နေသေးတာလဲ? Hm?”

“ဘာလို့လဲဆိုတော့…” ရုတ်တရက်ဆိုသလို ပြောရင်းနဲ့ လင်ရှန်း တစ်ဆို့သွားတယ်။ သေချာတာပေါ့ လုမြောင်မြောင်က စာအုပ်ထဲက အကြီးဆုံးဗီလိန်ဆိုတာကို သူအမှန်အတိုင်း ပြောပြလိုက်လို့မရဘူး။ ပြီးတော့လည်း သူမက နည်းနည်းလေးအတိုင်အတောထူလိုက်တာကြောင့် မော့ကျူးချန်နဲ့ စုတျန်းတျန်းတို့ ငါးနှစ်လောက် ဝေးသွားရသေးတယ်။

ငါးနှစ်တောင်နော်!

လင်ရှန်း အဲ့တာကြီးကိုတော့ သည်းမခံနိုင်ဘူး! ယန်ရှို့အပေါ် မတူညီတဲ့စိတ်ရှိကောင်းရှိနိုင်တယ်ဆိုတာကို သူသိရှိခဲ့ပြီး ပြန်သွားချင်နေတယ်။ သူငိုချချင်လောက်အောင် ကောင်းလွန်းတဲ့မိသားစုဝင်တွေရှိပြီး သူအိမ်မက်မက်ခဲ့ရတဲ့ ကမ္ဘာမျိုးဖြစ်နေရင်တောင်မှပေါ့။

အဲ့တာကိုတောင်မှ… သူပြန်သွားချင်နေသေးတယ်!

“ဘာကြောင့်လဲ?” မော့ကျူးချန် ပြုံးဖြဲဖြဲလုပ်နေတယ်။ သူ လင်ရှန်းဆီကို တစ်လှမ်းတိုးကာ ကောင်လေးကို နောက်ဆုတ်သွားအောင် ဖိအားပေးတော့တယ်။

လျှောက်လမ်းက သိပ်မကျယ်လှတာကြောင့် လင်ရှန်း နောက်ကို နှစ်လှမ်းလောက်သာ ဆုတ်နိုင်တယ်။ အဲ့နောက် နံရံနဲ့ကပ်သွားတော့တယ်။ မော့ကျူးချန်က လက်ကို ဆန့်ထုတ်ကာ သူ့ခေါင်းဘေးက နံရံမှာ ထောက်ထားတယ်။

သူလင်ရှန်းဆီ နောက်တစ်လှမ်းထပ်လှမ်းပြီး ကိုယ်ကိုအနည်းငယ်ကိုင်းချကာ သူ့ရဲ့လေငွေ့တွေက ကောင်လေးမျက်နှာပေါ် ကျရောက်လုနီးပါးပဲ “ငါ့ကြောင့်လား?” မော့ကျူးချန် ခပ်လျှိုလျှိုလေးပြုံးကာ “ရှန်းရှန်း…” သူ့ရဲ့လက်တစ်ဖက်နဲ့ လင်ရှန်းမေးကို ဆွဲမော့လိုက်တယ် “မင်းက အရမ်းချစ်ဖို့ကောင်းတယ်!”

ချစ်ဖို့ကောင်း…

လင်ရှန်း တွေဝေမိန်းမောနေတယ်။ ဒါပေမယ့် အခုချိန် သူ့ခေါင်းထဲမှာတော့ ၀ရုန်းသုန်းကားတွေဖြစ်နေပြီ။ အရမ်းနီးကပ်လွန်းလို့ မော့ကျူးချန်ရဲ့သေစေလောက်တဲ့ဖိအားက နှစ်ဆဖြစ်နေတယ်။ အဝတ်ဗလာဖြစ်နေတုန်းမှာ လူတွေအရမ်းနီးကပ်နေရင် သူ့အလိုလိုပရမ်းပတာတွေဖြစ်ကုန်သလိုမျိုးပဲ။

သူ့မှာတော့ မော့ကျူးချန်မျက်လုံးတွေကိုစိုက်ကြည့်ပြီး အသံကိုသာ နားစွင့်ထားနိုင်တယ်။ အလှမ်းဝေးတဲ့ကောင်းကင်ပေါ်ကနေ သူ့နှလုံးသားထဲကို တိုက်ရိုက်ထိမှန်ကျလာသလိုပဲ။

“ဒါပေမယ့် မင်းက ဘာတွေကို ဒီလောက်ကြီးစိုးရိမ်နေတာလဲ?” မော့ကျူးချန်ပြောလိုက်တယ် “တစ်လလောက်တောင် လိုသေးတာကို! ငါတို့ ကြိုးတောင် မကြိုးစားကြည့်ရသေးဘူး၊ ငါတို့မလုပ်နိုင်ပါဘူးလေလို့တွေးပြီး ငါတို့ဘာသာပဲအရင်ဆုံး လက်လျှော့လိုက်တာမျိုး ဘာလို့လုပ်ရမှာလဲ?”

လင်ရှန်း “…” သူပါးစပ်သာ ပွင့်ဟနေပြီး စကားမပြောနိုင်ဘူး။

မော့ကျူးချန်ပြောတဲ့စကားလုံးတွေက အဓိပ္ပါယ်မရှိဘူးဆိုပြီး လင်ရှန်း သုံးသပ်မိနေတယ်။ သူတို့တွေ အမှန်တရားကို သတိပြုမိသင့်တယ်။ အထက်တန်းကျောင်းFတန်းက တေလေဂျပိုးတစ်ယောက်အတွက် လက်ရွေးစင်တန်းကကျောင်းသားတွေကို တစ်လတည်းနဲ့ ရိုက်ချနိုင်မယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး! ဒါပေမယ့် မော့ကျူးချန်မျက်လုံးတွေထဲက ခိုင်မာတဲ့အကြည့်တွေကို ကြည့်မိတဲ့အခါကျပြန်တော့လည်း လင်ရှန်းအဖို့…

လင်ရှန်း တွန့်ဆုတ်နေတယ်။

ခုလေးတင် basketballကွင်းထဲမှာ တစ်ဖက်လူက ခပ်မိုက်မိုက် ခုန်ပြီး သူ့မျက်စိရှေ့မှာ three-pointကို လှလှပပကြီးပစ်သွင်းပြသွားတာ။ မော့ကျူးချန်ပြောသလိုပဲ သူတို့တွေ မကြိုးစားကြည့်ဘဲနဲ့ ရှုံးမယ်ဆိုတဲ့အတွေးကို မတွေးသင့်ဘူး။ သူတို့လည်း တိုက်ခိုက်လို့ ရကောင်းရနိုင်တယ်! ငယ်တုန်းရွယ်တုန်း နောင်တရတာမျိုးတွေ မရှိအောင်လို့မျိုးလား?

“ရှန်းရှန်း ဘာကို ကြောက်နေတာလဲ?” ထိုအချိန်မှာပဲ မော့ကျူးချန်က သူ့ကို ပြုံးပြလာပြန်တယ်။ သူ့အပြုံးက စင်ကြယ်ပြီး တောက်ပနွေးထွေးနေတယ်။ “မင်းက ငါ့အတွက် ရပ်တည်ပြီး တိုက်ခိုက်ပေးနေတော့ ငါဘယ်လိုလုပ် စည်းပြင်ထွက်နေနိုင်မှာလဲ၊ အဲ့တာကြောင့်မို့လို့…”

“ငါတို့ တစ်ကြိမ်လောက် စွန့်စားကြတာပေါ့!” သူ လင်ရှန်း မျက်လုံးတွေထဲ ကြည့်လိုက်တယ် “ဘယ်လိုလဲ?”

လင်ရှန်း “…”

သူ ခဏလောက် တွန့်ဆုတ်နေပြီးမှ “… ပြီးရောလေ”လို့ အူတူတူလေးနဲ့ လင်ရှန်းပြောလိုက်တယ်။

“အဲ့တာဆို…”  မော့ကျူးချန် သူ့ကိုကြည့်ပြီး ဖြေးဖြေးချင်းပြောလိုက်တယ် “နောက်လပတ်စာမေးပွဲအတွက် မင်းဒီလစာကြိုးစားရတော့မယ်၊ မင်း ငါ့တစ်ယောက်တည်းကိုပဲ ကူညီဖို့ အာရုံစိုက်သင့်တယ် စုတျန်းတျန်းကို” သူခဏရပ်ပြီးမှ ဆက်ပြောတယ် “ငါသူ့ကို ပြောပြထားတယ်၊ ဒီလ ငါတို့တွေနဲ့ စာလေ့လာလို့မရဘူးဆိုတာကို”

အမ်? ဒါကြီးက တစ်ခုခုတော့မှားနေပြီလို့ လင်ရှန်း ခံစားမိနေတယ်။

ဒါပေမယ့် မော့ကျူးချန်က သူပြောလို့ပြီးသွားတာနဲ့ လင်ရှန်း တုန့်ပြန်နိုင်ဖို့ အခွင့်လေးတစ်ခုတောင် မပေးခဲ့ဘူး။ သူချွတ်ထားတဲ့ basketballယူနီဖောင်းကို လင်ရှန်းလက်ထဲ ထိုးသိပ်ထည့်ပေးလိုက်ပြီး နားနေခန်းဆီပြန်လှည့်လျှောက်သွားတယ်။

“အရင်ဆုံး နေပါအုံးဆို!” လင်ရှန်း basketballယူနီဖောင်းကို အနည်းငယ်ဆွံ့အစွာနဲ့ ကိုင်ထားမိတယ်။ ချွေးတွေရွှဲနေတဲ့အကျီပေါ်မှာ ပူလောင်တဲ့ခန္ဓာကိုယ်အပူချိန်က တင်ကျန်နေသေးပုံရတယ်။ သူ မော့ကျူးချန်နောက်ကို အမြန်လိုက်တော့တယ်။ မော့ကျူးချန်ရဲ့ လက်ကောက်ဝတ်ကို ဆွဲပြီး သူ့လက်ထဲကို basketballယူနီဖောင်း ပြန်ထိုးထည့်ပေးလိုက်တယ်။

သူစကားပြောတော့မယ့်အချိန်မှာ လျှောက်လမ်းတံခါးက ‘ဘန်း’ခနဲပွင့်လာတယ်။ “ဘော့စ်ရေ! ဘယ်လို…” ဟွမ်မောင်နဲ့ ရှုချန်းတို့ တံခါးနားမှာ ရပ်နေကြတယ်။ စကားပြောလိုက်တဲ့သူက ဟွမ်မောင်ဖြစ်တယ်။ သူ လင်ရှန်းနဲ့ မော့ကျူးချန်ကို ကြောင်အအနဲ့ကြည့်နေမိတယ်___

လင်ရှန်းက မော့ကျူးချန်လက်ကောက်ဝတ်ကို ဆွဲထားပြီး မော့ကျူးချန်ကျတော့ ရှပ်အကျီဝတ်မထားဘူး။ ပြီးတော့ အဝတ်အစားတွေက လင်ရှန်းနဲ့ မော့ကျူးချန်တို့လက်တွေကြားမှာ ရှုပ်ယှက်ခတ်နေတယ်။

“ဟုတ် တောင်းပန်ပါတယ် ဘော့စ်!” ချက်ချင်းဆိုသလို ဟွမ်မောင်အကျယ်ကြီး ပြောချလိုက်တယ် “ကျွန်တော်တို့တွေ ဘာဆိုဘာမှမတွေ့လိုက်ပါဘူး! ကျိန်ပြောရဲတယ်!”

“ဆက်လုပ်ကြပါ!” သူပြောပြီးတာနဲ့ တံခါးလက်ကိုင်ဘုကို လှမ်းဆွဲပြီး ‘ဘန်း’ခနဲ လျှောက်လမ်းတံခါးကြီးကို ပိတ်သွားပြန်တယ်။

တံခါးတစ်ဖက်ကနေ ဟွမ်မောင့်အသံကြီးထွက်ပေါ်လာတာကို လင်ရှန်း ကြားလိုက်ရတယ်။ သူက ဝင်တော့မယ့်သူတွေကို တားနေတာဖြစ်လောက်တယ် “တစ်ယောက်မှ အထဲကိုဝင်ခွင့်မပြုနိုင်ဘူး! ငါ့ဘော့စ်နဲ့ လင်ရှန်းက အထဲမှာ… မဟုတ်တာ ဘာမှမမြင်ခဲ့ပါဘူးဆိုနေမှပဲ ပြောနေတာ မကြားဘူးလား?!”

[ For Linn Htet Htet Aung (အရမ်းကြာသွားလို့ sorry ပါ ညီမလေးရေ) ]

_____

Thanks 🌹




Continue Reading

You'll Also Like

1.9M 91.1K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.1M 26K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."