Rebirth for (BL) (completed)
By fujoshipmama
152K 13.9K 232
Both Uni and Zawgyi အမွေကိုလောဘတက်တဲ့ဆွေမျိုးတွေရဲ့သွေးထိုးစကားကြောင့်ကျေးဇူးရှင်တွေကို ဒုက္ခ ရောက်စေမိတဲ့ပိ... More
ဖတ်ပေးပါ
Part. 1
Part. 2
Special part
Characters
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Update အကြောင်း
Part (11)
Part (12)
Part (13)
Part (14)
Part (15)
ဒီနေ့updateမရှိ
Part (16)
Part (17)
Part (18)
Part (19)
Final Part
Part (10)
5.4K 568 7
By fujoshipmama
(Uni)
နေ့အလင်းရောင်ပျောက်ကွယ်သွားသည်နှင့်အတူYမြို့တော်၏ညအချိန်ကားမီးရောင်စုံတို့နှင့်အသက်ဝင်လာသည်။
Yမြို့တော်၏ထိပ်တန်း Kingland club
လူချမ်းသာတို့သာဝင်ရောက်နိုင်သော clubဖြစ်ပြီးဝင်ကြေးသပ်သပ်ကပင်US$(1,00,00)ကျော်ရှိသည်။အဆက်အသွယ်ကောင်းရရန်နေရာဖြစ်သဖြင့်ချမ်းသာမှုနည်းသောသူတို့သရေကျကာအလွန်အမင်းဝင်ရောက်ချင်ကြသောနေရာ..။
ယမကာ၊မိန်းမ၊စိတ်ကြွဆေးအစုံရသော်လည်းတစ်ခုတည်းသောကန့်သတ်ချက်ကားဖိုး၊ဘိန်းရောင်းဝယ်ခွင့်မရခြင်းပင်...
အထက်ပိုင်းရှိလူများကာကွယ်ပေးထားသဖြင့်ရဲများလည်းဝင်ရောက်ရှာဖွေနိုင်ခြင်းမရှိ...
ဒုတိယမျိုးဆက်နှင့်တတိယမျိုးဆက်များပျော်မွေ့ရာနေရာပင်ဖြစ်သည်။
ပထမတစ်ကြိမ်လာခြင်းဖြစ်တာမို့သီးသန့်ခန်းမမှာတော့ဘဲထောင့်ကျကျဝိုင်းတစ်ခုမှာသာလေးယောက်သားထိုင်ဖြစ်ကြသည်..။
စားပွဲဝိုင်းရှေ့တွင်ကားအမြည်းတစ်ချို့နှင့်သိပ်မပြင်းသောအရက်တစ်ချို့သာရှိသည်။
"ဆက်...သွားကရအောင်"
တိမ်ယံကိုခေါင်းငြိမ့်ပြလိုက်ပြီးလေးယောက်သားကပွဲ​ကြမ်းပြင်ပေါ်ရောက်သွားကြသည်။.....
ခဏအကြာမှာ တော့အာဏာရဲ့မျက်နှာကတစ်စတစ်စအေးစက်လာသည်။
#ကိုကို့..ကိုကြည့်ရဲတယ်...#
စူးစူးရဲရဲအကြည့်ကြောင့်ပတ်ဝန်းကျင်ကအေးစက်သွားပြီး က နေသူတော်တော်များများနောက်
ကိုရှဲသွားပြီးဘေးနားတွင်ဝိုင်းထားသူများ​​ပျောက်
သွားသည်။ဆက်တို့လေးယောက်သာကြမ်းပြင်အလယ်တွင်ထီးထီးကြီးကျန်ခဲ့တော့သည်။
"အမ်...ဘာဖြစ်...."
"ကိုကို...."
အာဏာရဲ့အေးအေးစက်စက်ခေါ်သံကြောင့်တံတွေးကိုပင်ဂလုကနဲမြည်အောင်ပင်မြိုချလိုက်မိသည်။
"အဟမ်း...ငါသန့်စင်ခန်းသွားဉီးမယ်...တိမ်ယံမင်းရောလိုက်ခဲ့လေ..."
"အင်းး....အင်း"
အခြေအနေမဟန်မှန်းသိတဲ့သကောင့်သားနှစ်ယောက်က.ဆက်..ရဲ့ကယ်ပါယူပါအကြည့်များကိုလျစ်လျူရှုလိုက်ကာခပ်သွက်သွက်ထွက်သွားကြသည်။
#ကောင်းလိုက်တဲ့ကောင်တွေ...(/•'_´•)/
လောလောဆယ်တော့ရှေ့ကဒေါသ ကုမာရ် ကိုအရင်ရှင်းရပေဉီးမည်။
"အာဏာ...ဘာဖြစ်လို့လဲဟင်"
မျက်လုံးလေးပေကလပ်ပေကလပ်နဲ့​မေးလာတဲ့ကိုကိုကအသည်းယားစရာကောင်းလွန်းတာမို့ထွက်နေတဲ့ဒေါသတွေတောင်ကြက်ပျောက်ငှက်ပျောက်......
"Tsk!. ..ကိုကိုရာ......"
စုတ်သပ်ရင်းခပ်တိုးတိုးဆိုမိတော့မျက်လုံးလေးလှန်ကြည့်လာပြန်သည်...
#ဒီကောင်ကသမာဓိမခိုင်ပုံနဲ့...
ကိုကို့ရဲ့ပုံစံတွေနဲ့တော့ဟုတ်နေပါပြီ#
လူကအာခေါင်တွေခြောက်လာပြီး
အခြေအ​ေနမဟန်တော့တာမို့ကိုကို့လက်ကိုဆဲွဲပြီးလေကောင်းလေသန့်ရှုရန်အပြင်သို့ထွက်လာခဲ့သည်။
ဟန်နီသက်clubကိုရောက်လာတည်းကထိုလေးယောက်ကိုကြည့်နေမိသည်။online
ပေါ်တွင်ပျံ့နှ့ံနေသောသတင်းတွေကိုကြည့်ပြီးတော့ထိုလူအားသူမလူဖြစ်စေချင်သော ဆန္ဒ တို့ကပို၍ပင်တောင်လောင်လာသည်။
#အာဏာရှင်.....ရှင်ကကျွန်မလူဖြစ်ကိုဖြစ်လာရမယ်...#
"ဟန်နီရေ...ဘာကြည့်နေတာလဲ...."
"ဘာမှမဟုတ်ပါဘူးဟာ..."
ဘေးကနေမေးလာတဲ့ကောင်လေးတစ်ယောက်အားအပြုံးတွေနဲ့ဖြေလိုက်တဲ့ဟန်နီသက်.....သေချာကြည့်ပါကဒေါသတို့ကိုဖုံးကွယ်ထားသောအပြုံးတစ်ချို့....
#တောက်!....တစ်နေ့ကျရင်ငါ့ကို
ဖားရမဲ့သူကနင်တို့ပဲ....#
ထို့နောက်အပြင်ထွက်သွားသောလူနှစ်ယောက်ကိုမျက်ဝန်းထောင့်ကကြည့်ရင်း
အပြုံးတို့ကပို၍ပီပြင်လာသည်.....
အပြင်ရောက်တော့လူရှင်းနေသည်မို့အာဏာစိတ်ထဲမှခပ်ညစ်ညစ်ပြုံးလိုက်မိသည်...
ထို့နောက်ဆွဲခေါ်ရာသို့ပါလာသောထိုလူသားအားဆွဲခေါ်လာသောလက်အားဆောင့်ဆွဲ၍ခေါင်းတစ်ဖက်အားထိန်းကိုင်ကာမြတ်နိုးရသောနှုတ်ခမ်းတို့အားမိမိနှုတ်ခမ်းတို့နှင့်ထပ်တူကျစေလိုက်သည်.....
"အွန့်.....အင်း.....အာဏာ....."
ဆက်မှာအာဏာကိုဘယ်လိုချော့ရမလဲစဉ်းစားနေတုန်းနှုတ်ခမ်းပေါ်ကျရောက်လာတဲ့ပူနွေးတဲ့အထိအတွေ့ကြောင့်မျက်ဝန်းများပြူးကျယ်သွားရသည်....
ခေါင်းထဲအချက်ပေးသံတို့ဖြင့်ဆူညံသွားသည်.....
#အာဏာ...ကငါ့ကိုနမ်းနေတယ်....shit. ..ငါ့ဘဝကြီးဘယ်လိုတောင်ပြောင်းပြန်ဖြစ်သွားတာတုန်း....#
နှုတ်ခမ်းသားတွေကိုလွတ်ပေးလိုက်တော့သူ့ကိုကြောင်တောင်တောင်လေးကြည့်နေတဲ့ကိုကို....
ချစ်ဖို့ကောင်းနေတာကြောင့်ခွင့်လွှတ်ပေးလိုက်ပါမယ်လေ...
"အာဏာ..မင်း..မင်း...."
လက်ညိုးလေးတထိုးထိုးနဲ့စကားထစ်နေတဲ့ကိုကို့ကိုကြည့်ပြီးရယ်ချင်လာသည်..
ဒါပေမယ့်ချောင်းတစ်ချက်ဟမ့်ကာ....
"ဘာလဲ....ကိုကိုနော်..ကိုကိုကကျွန်တော့်အပိုင်ဆိုတာမေ့နေတာလား...."
အာဏာရဲ့စကားကြောင့်ငြိမ်ကျသွားတဲ့ကိုကို့ကိုclubထဲပြန်ဆွဲခေါ်လာတဲ့ပြုံးစိစိမျက်နှာနဲ့အာဏာကိုတော့သတိမထားလိုက်မိကြချေ..
ဆက်စိတ်ထဲတွင်တော့(14)နှစ်ပြည့်မွေးနေ့တုန်းကကိုကိုကအာဏာ့အပိုင်မို့လက်ဆောင်လိုသေးလို့လားလို့ပြောခဲ့မိတဲ့ပါးစပ်ကိုဖြတ်ရိုက်ချင်နေမိသည်.....
Clubထဲပြန်ရောက်တော့ပြုံးစိစိနဲ့တွေ့လိုက်ရတဲ့သကောင့်သားနှစ်ယောက်ကိုနားရင်းပိတ်အုပ်ချင်စိတ်ကတဖွားဖွား....
#ကြည့်နေ...မင်းတို့အလှည့်ရောက်ဉီးမှာ......#
Clubမှာပျော်လို့ဝပြီးပြန်လာတော့တိမ်ယံနဲ့အာဏာမှာအမူးသမားနှစ်ယောက်အား
ထိန်းနေရတော့သည်....
ကွန်ဒိုရောက်သည်အထိရစ်လို့မပြီးနိုင်တဲ့သကောင့်သားနှစ်ယောက်ကြောင့်မနက်လေးနာရီမှသနားစရာမျက်လုံးလေးများအားအနားပေးခွင့်ရတော့သည်.....
****************
ကိုယ့်wattpadကြောင်နေလို့saveမရလို့ကြာနေတာပါ).....
Wifiတစ်လလောက်ပိတ်လိုက်တော့လိုင်းနဲ့သုံးရတဲ့appတွေအကုန်ကြောင်သွားလို့ကိုယ့်မှာတစ်ရက်လောက်ရူးချင်ချင်ဖြစ်သွားရသေးတယ်......
အခုအားရင်အားသလိုတင်ပေးပါမယ်နော်..😘😘
*********************
(Zawgyi)
"ဆက်...သွားကရအောင်"
"အမ်...ဘာဖြစ်...."
"ကိုကို...."
"အင်းး....အင်း"
"အာဏာ...ဘာဖြစ်လို့လဲဟင်"
"Tsk!. ..ကိုကိုရာ......"
အခြေအ​နေမဟန်တော့တာမို့ကိုကို့လက်ကိုဆွဲပြီးလေကောင်းလေသန့်ရှုရန်အပြင်သို့ထွက်လာခဲ့သည်။
ပေါ်တွင်ပျံ့နှံ့နေသောသတင်းတွေကိုကြည့်ပြီးတော့ထိုလူအားသူမလူဖြစ်စေချင်သော ဆန္ဒ တို့ကပို၍ပင်တောင်လောင်လာသည်။
"ဘာမှမဟုတ်ပါဘူးဟာ..."
ဖားရမဲ့သူကနင်တို့ပဲ....#
"အွန့်.....အင်း.....အာဏာ....."
"အာဏာ..မင်း..မင်း...."
ထိန်းနေရတော့သည်....
****************
Continue Reading
You'll Also Like
9.6K 456 11
ကျွန်တော်သေ သွားပီလား ကျွန်တော်မိန်းမ မရသေးဘူးလေ ရက်စက်လိုက်တာ သောက်ကျင်မကောင်းတဲ့မိုးနတ်မင်း အမြဲတမ်းbထိုင်ရပါစေ
245K 23.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
53.1K 7.3K 18
Started date:10.9.2022 Omegaverse
83.5K 8.2K 11
ပြန်လည်မွေးဖွားလာပြီးနောက် (၅) နှစ်အရွယ် မုန့်ဖေး - '' ချယ်ချယ်.....ဖေးဖေးနဲ့ပဲ အိပ်ပါ...ဖက်ထား ဖက်ထား နော်...နော်'' (၁၅) နှစ်အရွယ် မုန့်ဖေး - '' ချယ...