Simplicity of love √Complete...

By Zante7

205K 18.1K 916

အချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွ... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep 14
ep 15
ep 16
ep 17(zawgyi)
ep 18
Final
Special Thanks
Extra
Extra
Christmas🎄

ep 17

7.3K 585 36
By Zante7

ထယ်ယောင်းတို့ လေယာဉ်ကွင်းကနေ
ဟိုတယ်ကလာကြိုတဲ့ကားပေါ်ပါလာထဲကရှု့ခင်းတွေကိုငေးမောရပါတော့သည်။
လာကြိုတဲ့hotelဝန်ထမ်းက ဂျွန်ကို
Frenchလိုပြောနေသည်။
ကျွန်တော့်ရဲ့ဂျွန်ကကျွမ်းကျင်စွာ
ပြန်ပြောနေသည်။
ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးနိုင်ငံ
အလှဆုံးနိုင်ငံလို့တင်စားကြတဲ့
Switzerland ကိုလက်ထပ်ပြီး
ခရီးထွက်လာရမယ်လို့မထင်မှတ်ခဲ့ဖူးပါ။
ရှု့ခင်းတွေငေးရင်းနဲ့ကျွန်တော်တို့
တည်းမယ့်ဟိုတယ်ကိုရောက်လာခဲ့ပြီ။

"ဘေဘီ ဒီဟိုတယ်မှာတည်းမယ်
Lucerneမြို့ထဲအရင်လည်ကြတာပေါ့"

ကားပေါ်ကဆင်းပြီး
ဂျွန်ကကျွန်တော့်ပါးကိုဆွဲညှစ်ပြီး
ပြောလာသည်။
ကျွန်တော်တို့တည်းမယ့်ဟိုတယ်က
Hotel Villa Honeeg။
5star hotelရဲ့view roomကိုမှ
ဂျွန်က booking လုပ်ထားသည်။

Photo Crd
Hotel Villa Honeeg

"ဈေးကြီးတယ်နော် ဘယ်နှစ်ရက်နေမှာလဲဂျွန်"

"၁၀ရက်လေ"

"ဒီမှာက အကုန်ဈေးကြီးတာ
ကျွန်တော်တို့မွဲတော့မသွားဘူးမလား"

နှစ်ယောက်လုံးပြိုင်တူရယ်လိုက်မိသည်။
black cardပိုင်ရှင်ကြီးကိုစမှရမယ်။

"hotel စရိတ်တွေနဲ့
လေယာဉ်လက်မှတ်ကုန်ကျတာတွေ
ကိုယ်အကုန်ပေးမယ်
ဘေဘီကဆွဇ်မှာနေမယ့်ရက်ရဲ့
ကုန်ကျစရိတ်ခံပေါ့"

"အာ မပေးနိုင်ဘူး
အဲ့ပိုက်ဆံတွေက သုံးရမယ့်နေရာရှိတယ်"

မျက်ခုံးပင့်ကြည့်လိုက်တော့
ဂျောင်ဂု မေးဖျားလေးကိုလာနမ်းပြီး
ရယ်မောကာ အခန်းကိုလျှောက်ကြည့်နေပြန်ရော။

"ဂျွန် ဓာတ်ပုံရိုက်ပြီး
မေမေ့ကိုပို့ရအုံးမယ်
သူ့ကိုပို့အုံးဆိုပြီးစာတွေပို့နေတာ"

"ပို့ပေးလိုက်လေ ဘေဘီရဲ့"

ထယ်ယောင်းလည်း
မေမေ့ကိုရောက်ပြီးဖြစ်ကြောင်းနဲ့
ပုံလေးပို့ပေးလိုက်သည်။

"ဘာပြောလဲ ဘေဘီ"

"ပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို
ကောင်းကောင်းဖြတ်သန်းခဲ့ပါတဲ့"

ဂျောင်ဂုအရမ်းပျော်နေသည်။
သူ့ဘေဘီလေးက အခုအရမ်းကိုပျော်နေသောကြောင့်ဖြစ်သည်။
ကိုယ်ချစ်ရတဲ့သူကို
ပျော်ရွှင်နေတာကိုကြည့်နေရထဲက
ဂျောင်ဂုအတွက်ဘာမှမလိုတော့။
ညနေစာကိုလည်းhotelကပဲမှာစားပြီး
အခန်းထဲမှာပဲ နားလိုက်ကြတော့သည်။
ရှု့ခင်းကြည့်ဖို့ကလည်း
ဝရန်တာထွက်လိုက်တာနဲ့မြင်နေရသည်။

"ဘေဘီ မနက်ကိုစောစောထနော်
breakfast စားပြီးတာနဲ့လည်ဖို့သွားကြမယ်"

"ထမယ်ဂျွန်... တကယ်ကခရီးထွက်တာ
ပင်ပန်းတယ်နော် လာတဲ့ရက်လေးကိုပဲ
နေရာစုံလည်ရတာဆိုတော့လေ"

ထယ်ယောင်းကို ခေါင်းငြိမ့်ပြပြီး
ဂျွန်က မနက်သွားရင်ဝတ်ဖို့
အဝတ်တွေပြင်ဆင်နေသည်။

"မနက်ကြ ဘေဘီနွေးနွေးထွေးထွေးလေးဝတ်မှရမယ် နှင်းတွေအရမ်းကျနေလို့အအေးမိမှာစိုးတယ်"

မနက်ဝတ်ဖို့အဝတ်တွေတန်းမှာ
ချိတ်ပြီးတာနဲ့ဂျွန်ကကျောပိုးအိတ်ပြင်နေသည်။
ကျွန်တော်လည်းဂျွန်ဝယ်ပေးထားတဲ့
ကျောပိုးအိတ်လေးပြင်လိုက်သည်။
မနက်ကြရင်ကျောပိုးအိတ်ကိုယ်စီလွယ်ရင်း Lucerneမြို့ထဲအပီဒိုးမည်။

"လာအိပ်ကြမယ် ဘေဘီ"

ဂျွန်ကကုတင်ပေါ်အရင်တက်သွားပြီး
ခေါ်နေသည်။
Switzerland ရဲ့ဒီဇင်ဘာညကအေးချမ်းလွန်းနေသလို
ကျွန်တော်ကတော့အနွေးထွေးဆုံး
အိပ်စက်နေရသည်။
မနက်ရောက်တော့ breakfast စားပြီးတာနဲ့အပြင်ထွက်ကြတော့သည်။
လမ်းမှာကားစီးနေရင်း
ရှူ့ခင်းလေးတွေကလှပလွန်းတော့
လက်ထဲက cameraလေးကမချနိုင်ဖြစ်နေရသည်။
လူဆင်းမြို့ရဲ့ရှေးဟောင်းတံတားကြီးနဲ့အတူရေကန်ထဲကငန်းလေးတွေကိုလည်းအမိအရရိုက်လိုက်သည်။



Photo Crd

"အဟမ်း....ဘေဘီနော်ကိုယ့်ကိုတောင်အရေးမလုပ်တော့ဘူး"

"အာ....ဂျွန်လက်ပေးလာ လာ"

အနောက်မှာရပ်ကြည့်နေတဲ့ဂျွန်ရဲ့
လက်ကိုဆွဲပြီးလျှောက်လည်ရတော့သည်။
စကားလဲကျယ်ကျယ်ပြောလို့မဖြစ်။
Swissလူမျိုးတွေကစည်းကမ်းရှိကြသည်။
မြို့လေးကသေးသေးလေးဖြစ်လို့
တစ်နေရာနဲ့တစ်နေရာကသိပ်မသွားရ။
ရထားစီးပြီးနှစ်ယောက်သားအပီအပြင်ဒိုးနေကြသည်။
မိမိုက်နေသောဂျွန်ကတော့
All blackနဲ့။
ကျွန်တော့်ကိုတော့အနွေးထည်ထူထူထဲနစ်ဝင်နေအောင်ဂျွန်ကဝတ်ပေးထားတယ်။
ညနေရောက်တော့အပြင်မှာညစာစားပြီးhotelကိုပြန်လာကြသည်။

"ဘေဘီလမ်းတွေလျှောက်ရလို့
ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး ရေချိုးလိုက်အုံးမယ်
လန်းသွားအောင်လို့"

"Ok ဘေဘီရေချိုးနေတုန်း
ကိုယ်ရေကူးကန်မှာ ရေသွားကူးလိုက်မယ်နော်"

"မကူးနဲ့ ခုနကကောင်မလေးတွေရှိနေကြတယ်"

ထယ်ယောင်းခုနကအခန်းဝရန်တာကနေ ငုံ့ကြည့်ပြီးပြီ။
ကောင်မလေးတွေရော ကောင်လေးတွေပါကူးနေကြသည်။

"အော်...ရှိရှိပေါ့ဘေဘီရ
သူတို့လည်းသူတို့ပါသူတို့နေကြတာပဲ"

"အာ...မသွားရဘူး!"

"ဘေဘီရလည်း ကိုယ်$1000ကျော်လောက်တစ်ရက်ကိုကုန်နေတာနော်
ရေကူးကန်သွားရမှာပေါ့ အဲ့ဒါတွေအတွက်ပါဝန်ဆောင်မှု့ကြေးအကုန်ပေးထားရတာ"

"မသိဘူး မသွားရဘူးပဲ"

ဂျောင်ဂုတကယ်ကိုရယ်ချင်နေတာကိုအောင့်ထားရသည်။
ဘယ့်နှယ် Switzerland ရဲ့နာမည်ကြီးဟိုတယ်ဖြစ်တဲ့ရေကူးကန်ကိုအလှထိုင်ကြည့်နေတာက သူ့ဘေဘီဖြစ်နေတာ
အံ့ဩစရာ။

"အဲ့ဒါဆိုလည်း ပြီးရောမသွားတော့ဘူး
ဘေဘီသူငယ်ချင်းတွေကမေးလိမ့်မယ်
အဲ့ရေကူးကန်ကိုကူးခဲ့လားဆို
ဘယ်လိုဖြေမလဲ"

"ဂျွန်ကလူများလို့ငါ့ကို
ရေကူးကန်ထဲမဆင်းခိုင်းဘူးလို့ပြောမှာပေါ့"

အလည်လေးပါဆို။
ဂျောင်ဂုထိုင်နေရာကနေထသွားပြီး
ရေချိုးခန်းရှေ့မှာမပ်တပ်ရပ်နေသော
ကောင်လေးကိုဆွဲပွေ့ပြီး
မွေ့ယာပေါ်တင်ပြီး နမ်းရတော့သည်။

"ဘေဘီသိလား ကိုယ်အခုရေမကူးရရင်ဘေဘီလည်းရေမချိုးရဘူးနော်
အဲ့တော့နှစ်ခုလုံးတော့မရဘူး
ကြိုက်တာရွေး ကိုယ်ကအဆင်သင့်ပဲ"

"လူလည်ကြတာပဲဒါက"

မျက်လုံးလေး ကလည်ကလည်လုပ်ပြီး
စဉ်းစားနေပုံကအသဲယားစရာ။
ဘေဘီကမဖြေသေးလည်း
ဂျောင်ဂုကတော့လည်တိုင်ကျော့ကျော့လေးကို နမ်းနေလိုက်သည်။

"ဘေဘီလို့...ပြောလေ"

"အခုချိန်မှာ ရေသွားကူးလို့ပြောရင်
ဂျွန်ကသွားအုံးမှာ ဟုတ်လို့လား"

ပြုံးစစနဲ့မျက်ခုံးလှုပ်ပြီး
မေးလာပုံကိုက မူပိုင်ချစ်စရာအပြည့်။

"ဟက်....ဘေဘီလေးနိုင်ပါတယ်ကွာ
ပြီးမှပဲရေချိုးတော့နော်
ရေကူးကန်မသွားတော့ပဲ
ပျားရည်စမ်းခရီးလေးသွားရအောင်ကိုယ်တို့အတူ"

ဂျွန်ကပြောပြီးတာနဲ့
တရှိုက်မက်မက်နမ်းရှိုက်လာသည်။
ကျွန်တော့်ရဲ့ရင်ခုန်းခြင်းတွေ
ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်ဆိုတာ
မပြောလည်းခံစားမိတယ်မလား။
မျက်ဝန်းတွေကစကားပြောနေတယ်
ဂျွန် ကျွန်တော့်ကိုဘယ်လောက်ချစ်ကြောင်းပေါ့။

"ချစ်တယ်ဘေဘီ ကိုယ်အသက်ရှူနေ
ရတဲ့စက္ကန့်တိုင်းမှာ ချစ်နေတာ"

ကျွန်တော်နဲ့ဂျွန်နှစ်ယောက်ပဲရှိတဲ့
နယ်မြေလေးကိုရောက်ခဲ့ကြပြန်ပြီ။
အဲ့ဒီနယ်မြေလေးကို
ဂျွန်နဲ့အတူ ကြည်ကြည်ဖြူဖြူ
ကျွန်တော်လိုက်ပါခဲ့တာ။
ရေချိုးပြီးတာနဲ့စောင်ထူထူအောက်မှာ
အိပ်လိုက်ကြတော့သည်။

***************

Mount Titlisကိုလာတဲ့လမ်းမှာလည်း
ရွာလေးကိုဖြတ်ရသည်။
နွားလေးတွေ အိမ်လှလှလေးတွေနဲ့
စိမ်းစိုနေတဲ့စိုက်ခင်းတွေ။
လမ်းလှလှလေးတွေကလည်း
သန့်ရှင်းသပ်ရပ်နေတာ။
နှစ်ယောက်လုံးငေးလို့မဝသေး
ဂျွန်ကပြောလာတယ်။
Cableကားစီးမယ့်နေရာရောက်ပြီတဲ့။

Photo Crd
Cableကားစီးဖို့စောင့်ရင်း
နှင်းတောင်တန်းတွေနဲ့ပုံရိုက်ပေး
နေတယ်ဂျွန်က။
ကျွန်တော်တို့နှစ်ယောက်ကို
အန်တီကြီးတစ်ယောက်ကချစ်ဖို့ကောင်းလိုက်တာဆိုပြီး သူကိုယ်တိုင်
ဂျွန်ရဲ့ဖုန်းနဲ့နှစ်ယောက်တွဲပုံတွေ
ရိုက်ပေးသွားသည်။
Cableကားစီးပြီး အောက်ကိုငုံ့ကြည့်လိုက်တော့ skiစီးနေကြတဲ့
လူအများကြီးတွေ့ရသည်။

hoto Crd


လျှောက်လည်ပြီးညနေစာကိုတော့
Hotelမှာသာ မှာစားဖြစ်တော့သည်။
ဂျွန်ကသူ့ရဲ့စာရင်းတစ်ချို့ကို
အတွင်းရေးမှူးကပို့ပေးလို့ဆိုပြီး
စစ်နေသည်။

"ဂျွန် အခုဆိုကျောင်းလည်းမတက်ရ
အလုပ်လည်းမရှိနဲ့ဘာမှလုပ်စရာလည်းမရှိဘူး"

"အိမ်မှာအေးဆေးနေပေါ့ ဘေဘီရ
ကိုယ်နိုင်ငံခြားခရီးတွေသွားရင်
ဘေဘီလိုက်လို့ရပြီလေ"

"ကလေးလေးယူကြမယ်လေ ဂျွန်
cableစီးတဲ့နေရာမှာတွေ့တဲ့
ကလေးလေး
ချစ်စရာလေးတွေ့တယ်မလား"

ထယ်ယောင်းတို့တွေ့ခဲ့တဲ့ကလေးလေးကချစ်စရာကောင်းတာအမှန်။
ဂျွန်နဲ့သူ့ကိုလာနှုတ်ဆက်ပြီး
ချောကလက်ကျွေးသွားသေးသည်။
အသက်က၃နှစ်လောက်ပဲရှိသေးတဲ့
မီးမီးချောချောလေး။

"ဘေဘီ! မဟုတ်တာတွေလာလာ
မပြောနဲ့ အန္တရာယ်များတယ်လို့
ပြောနေတယ်လေ"

"မေမေ့အသိပါရဂူတွေက
လာခဲ့လို့ပြောနေတာပါဆိုနေ"

"သူတို့ပြောပေမယ့်
ထယ်မေမေကလက်မခံဘူးလေ
တစ်ခုခုမှားယွင်းမှာစိုးလို့ဆိုပြီး
ပြောခဲ့တယ်မလား"

မေမေကလည်းသဘောမတူ။
မြေးလေးကိုမလိုချင်တာ
မဟုတ်ပေမယ့် မေမေကသားမေမေဖြစ်နေလို့ မေ့သားလေးတစ်ခုခုဖြစ်သွားမှာလက်မခံနိုင်ဘူးလို့ပြောခဲ့သည်။
ဂျွန်ကလည်းဘယ်နည်းနဲ့မှလက်ခံမှာမဟုတ်။
ကျွန်တော်ဆိုတာလည်း
ကိုယ်ဖြစ်ချင်တာကို
ကိုယ့်ပါကိုယ်ရအောင်လုပ်လိုက်ရမှ။

*************

"ဘေဘီ ချောကလက်သွားဝယ်ရင်
နာရီပါဝယ်ကြမယ်"

ပြန်ရမယ့်ရက်နီးလာပြီဖြစ်သောကြောင့်shoppingထွက်ရတော့မည်။

"အန်နာအတွက်တခြားမုန့်လေးတွေပါဝယ်လိုက်မယ်နော်ဂျွန်"

"ဘေဘီလေးသဘောပါဗျာ"

ရှေ့ကအကောင်ပေါက်လေးက
စားလိုက်တာဆိုတာအစုံပဲ။
ပါးလေးတွေဖောင်းလာပြီး
ပိုချစ်စရာကောင်းလာသည်။
Zermattမြို့ထဲရောက်တာနဲ့
ချောကလက်ဆိုင်အရင်သွားကြသည်။

"Wow!....ဂျွန်အများကြီးပဲ
ကြည့်ပါအုံး"

ထယ်ယောင်းမှာအံ့အားသင့်ပြီး
ဂျွန်ကိုအကျယ်ကြီးပြောမိသွားလို့
သတိပြန်ကပ်ပြီးတိုးတိုးလေးရယ်မိသည်။
ဂျွန်ကလည်းကျွန်တော့်ခေါင်းလေးကိုဖွပြီးရယ်နေသည်။

Photo Crd
"ကဲ....ကျေနပ်ပြီလား ဘေဘီ"

ချောကလက်ဆိုင်ပေါင်းစုံမှာ
မြည်းကြည့်လိုက်ဝယ်လိုက်နဲ့
လက်ထဲမှာလည်းအထုပ်တွေပြည့်နေပြီ။

"ဟီး....ပျော်စရာကြီး
ဂျွန်ဗိုက်ဆာနေပြီလား"

"နေ့လည်စာသွားစားကြမယ်လေ
ဘေဘီ"

နေ့လည်စာစားဖို့သွားကြတာက
Matterhorn တောင်ကြီးပေါ်ကို။

နေ့လည်စာစားပြီးတာနဲ့viewကြည့်ကြသည်။
ပြီးတာနဲ့Lucerneမြို့ကိုပြန်လာပြီး
နာရီဆိုင်ဝင်ကြတော့သည်။
ဂျွန်ကROLEXနာရီဆိုင်ကိုသာဝင်ပြီးရွေးနေသည်။

"ဝယ်နော်ဂျွန်ကြိုက်တာကြည့်
ကျွန်တော်ကဝယ်ပေးမယ်"

သူ့black cardကြီးထုတ်ပြီး
ပြောလာသောဘေဘီ။

"ဘေဘီ သုံးဖို့နေရာရှိတယ်ဆို
သိမ်းထားပါ"

"အဲ့ဒါက...ကျွန်တော်နဲ့ဂျွန်အတွက်ပဲ
သုံးမှာလေ အများကြီးထည့်ပေးထားကြတာမလို့ဝယ်ပါ..."

နာရီကိုကြိုက်တာဝယ်ပြီးတာနဲ့
ဘေဘီကပိုက်ဆံရှင်းသည်။
သူ့ဖေဖေအတွက်ပါဝယ်သေးသည်။

Photo Crd

ခရီးကပြန်ရောက်တာနဲ့
ဂျပန်ကိုခရီးဆက်ထွက်ရမယ့်ဂျောင်ဂု။
စက်ရုံအသစ်ကအကုန်ပြီးစီးပြီဖြစ်သောကြောင့် ကုန်ကြမ်းပစ္စည်းတွေတင်သွင်းပြီး ကုန်ပစ္စည်းအသစ်ကိုထုတ်လုပ်ရတော့မှာဖြစ်သောကြောင့်
သူကိုယ်တိုင်သွားစစ်ဆေးရမှာ။
ဒယ်ဒီကနေသိပ်မကောင်းလို့
စက်ရုံထိသွားစစ်ဖို့ကအခက်တွေ့နေတော့သူသွားမှရမည်။

"ဘေဘီလိုက်ခဲ့လေ"

"မလိုက်တော့ဘူးဂျွန်
အိမ်ကပစ်ထားတာကြာနေပြီ
ခရီးလည်းပန်းလို့ နေခဲ့လိုက်မယ်"

ဂျောင်ဂု ဘယ်လိုခေါ်ခေါ်ငြင်းနေတဲ့
ကောင်လေးကထူးဆန်းနေတယ်။

"အဲ့ဒါဆို အဘိုးတို့အိမ်ပြန်နေ
ဟိုတစ်ခါလိုလစ်မထွက်နဲ့နော်"

"အင်းပါ ပြန်နေမယ်"

ဂျောင်ဂုလည်းစိတ်ချလက်ချထားခဲ့လိုက်သည်။
သူ့အဘိုးအိမ်ပြန်နေမယ်ဆိုတော့
တစ်ခါထဲပို့ပေးပြီးမှလေဆိပ်ထွက်လာလိုက်သည်။

ဂျောင်ဂုကားလေးထွက်သွားတာနဲ့
ထယ်ယောင်းလည်း မမရေချယ်လ်
ကိုစာပို့လိုက်သည်။
ဆေးရုံမနက်သွားဖြစ်တယ်ဆိုတဲ့
စာကြောင်းလေး။
ပါးပါးကမင်းကိုခေါ်မယ်ကလေးလေးရေလို့တိုးတိုးလေးရေရွတ်ရင်းနဲ့
ပြုံးနေမိသည်။

Simplicity 🏝
Zante💜

ဒါလေးက ခရီးထွက်တဲ့အပိုင်းလေးမလို့ပုံလေးတွေထည့်ထားပါတယ်
Switzerland အကြောင်းများအမှားပါသွားခဲ့ပါကစာရေးသူရဲ့ပေါ့ဆမှု့သာဖြစ်ပါတယ်ရှင်......
ကိုယ်တိုင်လည်းမရောက်ဖူးတော့
အန်တီသွားလည်တုန်းကအကြောင်းမေးလိုက် Google မှာရှာလိုက်နဲ့
လည်နေတာပါပဲ😁
တကယ်တော့အရမ်းလှတဲ့နေရာတွေကျန်သေးတယ် Switzerland ကတကယ်ကိုလှပတဲ့နိုင်ငံလေး💚

ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်.....

Continue Reading

You'll Also Like

79.7K 8.1K 22
So!...who is two sided in this story? Taekook (sindaria_TK) Note!! :Some scence of the story was inspired by psychology movie and some psycho fiction...
336K 11.7K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
235K 35.4K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
128K 11.9K 33
ဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်...