အချစ်ဦး (အခ်စ္ဦး) (Complete...

By shanemann622

58K 5.4K 337

အချစ်ဦး သို့မဟုတ် ငယ်ချစ်ဦး အခ်စ္ဦး သို႔မဟုတ္ ငယ္ခ်စ္ဦး More

part 1(z+u)
part 2(z+u)
part 3(z+u)
part 4(z+u)
part 5(z+u)
part 6(z+u)
part 7(z+u)
part 9(z+u)
part10(z+u)
part 11(z+u)
part 12(z+u)
part 13(z+u)
part 14(z+u)
part 15(z+u)
ကျေးဇူးတင်လွှာ
Extra
Extra (z+u)

part8(z+u)

2.4K 311 27
By shanemann622

ဝသာန်ကာလဖြစ်သောကြောင့် မနက် ၆နာရီဟူသောအချိန်သည် မှောင်နေသေးသည်။ ကောင်းကင်တစ်ခွင်၌ မိုးရိပ်မိုးသားတို့ပြည့်နက်နေပြီး ခပ်ဖွဲဖွဲမိုးပေါက်လေးများက မဟူရာရောင်ကတ္တရာလမ်းမပေါ်သို့ အပြိုင်အဆိုင် ဆင်းသက်နေကြသည်။ လမ်းတစ်လျှောက်တွင်လည်း မနက်ခင်းစျေးသည်မှအပ သွားလာလှုပ်ရှားသူသည် အလွန်နည်းပါးနေ၏။

သော်စစ်သည် ထီးတစ်ချောင်းကို ပျင်းတိပျင်းရွဲဆောင်းလျက် ကျောပိုးအိတ်ကိုလည်းဖြစ်သလိုလွယ်ထားသည်။ သူ၏ခြေလှမ်းများက လေးကန်လျက် စိုစွတ်နေသော မိုးဖွဲထဲတွင် ကျောင်းသို့ဦးတည်နေသည်။ မနက် ၆နာရီဟူသောအချိန်က စောလွန်းနေသေးသည်။ ကျောင်းထဲ၌ ဂိတ်စောင့်ဆရာမပင်ရောက်မလာသေးပါ။ ဂိတ်စောင့်တဲလေးထဲတွင် ကျောင်းစောင့်ကြီးတစ်ယောက်သာရှိနေ၏။

သော်စစ်နိုင်သည် ကျောင်းတံခါးဝသို့ ရောက်သောအခါ ကျောင်းစောင့်ကြီးက သူ့ကိုမြင်၍ အံ့အားသင့်သွားသည်။ ဒီလောက်မိုးအေးအေးနှင့် အိပ်လို့ကောင်းတဲ့အချိန်မှာ ဒီကျောင်းသားက ဘာလို့ ကျောင်းကိုအစောကြီးရောက်လာတာလဲ ။ ထို့ကြောင့် ကျောင်းစောင့်ကြီးက ထီးတစ်ချောင်းဆွဲကာ ကျောင်းတံခါးဝလေးကို ဖွင့်ရင်းဖြင့် သော်စစ်ကိုမေးလိုက်သည်။

" မင်း ဘာလို့ အစောကြီးလာတာလဲ ။ ကျောင်းထဲမှာဘယ်သူမှတောင်မရောက်ကျသေးဘူးကွ "


သော်စစ်က ကျောင်းထဲဝင်လိုက်ရင်း ကျောင်းစောင့်ကြီးကို စိတ်မပါသောအသံဖြင့် ပြန်ဖြေသည်။


" အစောကြီးနိုးလို့ "


သော်စစ်က ထိုသို့ ဖြေပြီး သူ၏ စာသင်ခန်းသို့ တန်းတန်းမတ်မတ်ပင် လေးကန်စွာလျှောက်သွား၏။ အနောက်၌ကျန်နေခဲ့သော ကျောင်းစောင့်ကြီးက ဂိတ်စောင့်တဲလေးထဲသို့ ပြန်ဝင်ရင်း ထီးပိတ်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

" ဒီကောင် အိပ်နေရင်း လမ်းထလျှောက်တာများလား "

စာသင်ခန်းထဲသို့ ရောက်သောအခါ စာသင်ခန်းတစ်ခုလုံးမှောင်မိုက်၍နေ၏။ အပြင်ဘက်က မိုးကြောင့် ကောင်းကင်၏အလင်းဓာတ်လည်း ကွယ်ပျောက်နေကာ ပတ်ဝန်းကျင်တွင် အုပ်မှိုင်းစိုစွတ်၍ ပျင်းစရာပင်ကောင်းနေသည်။ သော်စစ်သည် လွယ်အိတ်ကို ခုံပေါ်ပစ်တင်၍ စိတ်ပျက်လက်ပျက်ပင် ထိုင်ချလိုက်၏။ အမှန်တော့ ညက သူ့မေမေနှင့် ကတောက်ကစလေးဖြစ်ခဲ့သည်။ သူ့ဖေဖေက အလုပ်ကိစ္စတစ်ခုကြောင့် အိမ်ပြန်မအိပ်သည်ကို သူ့မေမေက အပြစ်တင်ပြောဆိုသည်။ ပထမတော့ ရန်ပွဲဟာ လင်မယားနှစ်ယောက်နှင့် စတင်ရာမှ အိမ်ရှေ့၌ tv ကြည့်နေသော သော်စစ်ဘက်သို့ ဦးတည်လာသည်။ အခန်းထဲ၌ ရန်ဖြစ်နေသည့် မိဘနှစ်ပါး၏စကားသံများကို သူမကြားလို၍ tv အသံအကျယ်ကြီးချဲ့ကာ tv ကို စိုက်ကြည့်နေ၏။


ထို့ကြောင့် သူ့မေမေ၏ ဒေါသများက သူ့အပေါ် ပုံကျလာပြီး tvကို ချက်ချင်းလာပိတ်ကာ စာလုပ်ရန်ပြောဆိုသည်။ သော်စစ်က စာလုပ်ပြီးပြီဟု ပြော၍ tv ပြန်ဖွင့်သောအခါ သူမေမေ၏ဒေါသများက ပို၍ပွတက်လာတော့သည်။ ထို့အခါ သော်စစ်ကို တခြားသူတစ်ယောက်နှင့် နှိုင်းယှဥ်ပြီးပြောဆို ဆူပူတော့သည်။ သော်စစ်အမုန်းဆုံးက ထိုအရာပင်ဖြစ်သည်။ သူသည် တခြားသူနှင့် ယှဥ်ပြောခံရသည်ကို တကယ်မုန်း၏။ ထို့ကြောင့် မကြိုက်ကြောင်းပြန်ပြောမိသည့်အခါ သူ့မေမေက သူ့ကိုရိုက်သည်။

မိဘကို ပြန်ခံပြောသည်ဟု ခေါင်းစဥ်ပြောင်း၍ ကြက်မွှေးတံမြတ်စည်းဖြင့် ရိုက်လေသည်။ လူပျိုပေါက်အရွယ်လေးက အရိုက်ခံရတော့ ရှက်လည်းရှက်ကာ မတရားသည်ဟုလည်း ခံစားရ၍ အံကြိတ်ကာ အရိုက်ခံပြီး အခန်းတံခါးပိတ်၍သာနေနေတော့သည်။ မနက်နိုးတော့လည်း သူ့မေမေကို စကားမပြောချင်၍ ကျောင်းသို့ အစောကြီးရောက်လာတာဖြစ်၏။

ညကအကြောင်းကို ပြန်တွေးမိတော့ သော်စစ် စိတ်ရှုပ်စွာ ခေါင်းကိုဖွလိုက်သည်။ အမှန်ဆို သူက သက်သက်ကြီးအမဲခံရတာလေ။ သူကကြားထဲက မတရားခံရပြီး အရိုက်ခံ အဆူခံရသေးတာ။ သူ့မှာ ဘာအပြစ်မှလည်းမရှိဘဲနဲ့ ဒါက မတရားတာပဲ။

သော်စစ်က သူ့မေမေကို စိတ်ဆိုးနေသည့် စိတ်အား လျော့ချရန် ခုံပေါ်ခေါင်းမှောက်၍ အိပ်ဖို့ပြင်လိုက်သည်။ အချိန်သည် စောလွန်းနေသေးသည်မို့ အခန်းထဲ၌ မည်သူမျှမရှိ။ ထို့အပြင် မီးလည်းပျက်နေသောကြောင့် စာသင်ခန်းသည် မှောင်နေသည်။ ထိပ်ဆုံးအတန်းက ပြတင်းတံခါးနှစ်ချက်သာ ဖွင့်ထား၍ မှိန်ပြပြအလင်းလေးက စာသင်ခန်းလေးအတွင်း တိုးဝင်နေ၏။


" သော်စစ်? "

ဒီဇင်ဘာက စာသင်ခန်းထဲသို့ ဝင်လာချင်းမှာပဲ နောက်ဆုံးအတန်းခုံရှိ သော်စစ်ထိုင်သည့်နေရာမှာ  ခေါင်းမှောက်အိပ်နေသော လူရိပ်လေးကို မြင်လိုက်ရ၍ ဇဝေဇဝါရေရွတ်သည်။ သော်စစ်က အစောကြီးကျောင်းရောက်နေတာလား ။ ဒီဇင်လာက သူ့အဒေါ်ရဲ့ မနက်စောစောစီးစီးဆဲဆိုနေသောအသံကို မကြားလို၍ ကျောင်းသို့ စောစောထွက်လာတာဖြစ်သည်။


" ဟေး....မင်းအစောကြီးပဲ "

ခုံပေါ်၌ မှောက်ထားသည့် ခေါင်းလေးကို ပွတ်၍ ဒီဇင်ဘာက အနား၌ ဝင်ထိုင်သည်။ ခပ်တိုတို ဆံပင်လေးတွေနှင့် ဝါဝင်းပြီးရှင်းသန့်နေသော လည်ဂုတ်လေးကို သူကြည့်နေမိသည်။ တစ်ဖက်လူက တုန့်ပြန်မလာ။ လက်ပေါ် ခေါင်းတင်၍ မှောက်နေသည့် ကောင်လေး အနားကို တိုးကပ်ကြည့်မိတော့ အသက်ပြင်းပြင်ရှူ၍ အိပ်ပျော်နေမှန်းသိလိုက်ရသည်။


" ကျောင်းလာပြီး အိပ်နေရတယ်လို့ "

ဒီဇင်ဘာက ပြုံး၍ သော်စစ်၏ ကျောပြင်လေးကို ပွတ်သပ်လေးလိုက်၏။အေးစက်စက်အထိအတွေ့ကြောင့် ဒီဇင်ဘာသည် သူ၏အနွေးထည်အား ချွတ်လိုက်ပြီး သော်စစ်ကိုယ်ပေါ်၌ ခြုံပေးလိုက်၏။ ကျောနောက်က ကျောပိုးအိတ်မှာလည်း အနည်းငယ်စိုနေသည် ။ ဒီဇင်ဘာတွေးမိသည်က ထီးမဆောင်းဘဲကျောင်းလာဖြစ်မည်။ သို့ပေမယ့် အနောက်ဘက်၌ လှန်းထားသည့် ထီးကိုလည်း သူတွေ့လိုက်ရသည်။ ထို့ကြောင့် ဒီကောင်လေးက ထီးကို ပရမ်းပတာဆောင်းလာတာပဲနေမှာ။

ဒီဇင်ဘာက သော်စစ်ကိုကြည့်နေရင်း ထင်းခနဲပေါ်နေသော နားရွက်ဆီသို့ အကြည့်ရောက်သွားသည်။ သော်စစ်သည် ဆံပင်တိုသောအကြောင့် နားရွက်လေးကလည်း ပေါ်လွင်လှ၏။ ခပ်မှိန်မှိန်အလင်းရောင်ထဲမှာ ပန်းရောင်နုနုလေးသန်းနေသည့် နားရွက်လေးကို ကြည့်ရင်း သူထိကိုင်ချင်လာသည်။ ထို့ကြောင့် သူ၏လက်တစ်ဖက်သည် သော်စစ်နိုင်၏ နားရွက်ဖျားလေးဆီသို့ တဖြည်းဖြည်း ရောက်ရှိသွား၏။

" နူးနူးညံ့ညံ့လေးပဲ အိစိအိစိနဲ့ "

ဒီဇင်ဘာက သော်စစ်၏ နားရွက်ဖျားလေးကိုပွတ်သက်ကာ သဘောကျနေသည်။ အေးစက်နေသော နားရွက်က ရုတ်တရက်ကြီးပူနွေးသွားတာကြောင့် သော်စစ်နိုးလာတော့သည်။

" မင်း ဘာလုပ်နေတာလဲ "

သော်စစ်က အိပ်ချင်မူးတူအသံအက်အက်ဖြင့် ဒီဇင်ဘာကို စောင်းကြည့်ကာ ပြောသည်။ နားရွက်ဖျားလေး၌ သူ၏စိတ်တွေပျော်ဝင်နေတုန်းမှာပဲ တစ်ဖက်ကောင်လေး၏အသံကြောင့် ဒီဇင်ဘာလန့်သွား၏။


" မင်း နိုးပြီလား "


ဒီဇင်ဘာက လက်ညိုးနှင့် လက်မသုံး၌ ပွတ်သပ်နေသော သော်စစ်၏ နားရွက်ဖျားကို ခပ်မြန်မြန်လွှတ်လိုက်ကာ သော်စစ်အမေးကို ရှောင်ဖယ်လိုက်သည်။


" မင်း ငါအိပ်နေတုန်း ငါ့ကို နားရွက်လိမ်ဆွဲနေတာလား "

သော်စစ်က သူ့အား မျက်မှောင်ကျုံ့၍ကြည့်လာသည်။ အိပ်ရေးမဝတာကြောင့် သော်စစ်၏ မျက်လုံးများက မို့နေကာ အနည်းငယ်စပ်နေ၏။

" မဟုတ်ပါဘူး "

ကျဥ်းမြောင်းသော မျက်လုံးတို့ဖြင့် မယုံသင်္ကါကြည့်နေသော သော်စစ်ကြောင့် ဒီဇင်ဘာက မလုံမလဲဖြစ်နေသည်။ သူ၏မျက်လုံးထဲ၌ သော်စစ်၏ အိပ်ယာနိုးလာသည့် ပုံလေးသည် ချစ်ဖို့ကောင်းနေ၏။ ပြီးတော့လည်း သူ့ နှလုံးခုန်နှုန်းက ဟိုတစ်ခါကလို မြန်လာပြန်သည်။ သို့ပေမယ့် သော်စစ်ကလည်း သူ့နားရွက်ဆွဲတယ်လို့ပဲထင်နေသည်။ ထို့ကြောင့် သော်စစ်သည် ဒီဇင်ဘာ နားရွက်ကို လှမ်းဆွဲကာ လိမ်လိုက်၏။

" အား...အား...နာတယ်ကွ! !"


အလင်းလိုအလျှင်ဖြင့် နားရွက်ဆွဲလိမ်ခံလိုက်ရသောကြောင့် ဒီဇင်ဘာသည် ဒေါသထွက်ကာ အော်၏။သော်စစ်၏လက်ကလည်း မြဲမြန်နေပြီး နားရွက်ကိုမလွှတ်။ ထို့ကြောင့် ဒီဇင်ဘာက ထိုင်ရာမှ ထလိုက်ကာ ဒေါသထွက်စွာဖြင့် သော်စစ်၏ အင်္ကျီလည်ပင်းကို ဆုပ်ကိုင်ကာ သော်စစ်ကို စာရေးခုံပေါ် ပစ်တင်လိုက်သည်။ ဒီဇင်ဘာသည် အရပ်ရှည်ပြီး အားသန်သဖြင့် သော်စစ်လိုယောင်္ကျားလေးတောင် လေပေါ်မြောက်သွားကာ စာရေးခုံနှင့် ကျောပြင်က အားပြင်းပြင်းမိတ်ဆက်သွားသည်။

"အ့ာ "

" မင်းက ငါ့နားရွက်ကိုဆွဲရဲတယ် ။ မင်းကဘာမို့လိုလဲ ဟမ် "

ဒီဇင်ဘာက အသံက အေးစက်စက်ဖြင့်မာကြောနေပြီး မျက်လုံးတို့လည်းစူးရှကာ သော်စစ်ရှေ့၌ ကွယ်ပျောက်နေသော ကျောင်းလူဆိုးအသွင်က ပြန်လည်ထွက်ပေါ်လာသည်။ ဒီဇင်ဘာက သော်စစ်၏ အင်္ကျီလည်ပင်းကိုဆုပ်ကိုင်၍ အပေါ်စီးမှအုပ်မိုးကြည့်သည်။ သော်စစ်သည် ဒီဇင်ဘာ၏ အေးစက်စက်အကြည့်နှင့် ဒေါသတို့ကိုခံစားလိုက်ရသောအခါ ကြောက်သွား၏။ သူတစ်ခါမှရန်မဖြစ်ဖူးဘူးလေ။ ပြီးတော့ ဒီလိုကြီးလည်း အချုပ်မခံရဖူးဘူး။ ပိုဆိုးတာက ဒီဇင်ဘာက သန်မာလွန်းနေသည်။ ပြန်ခုခံဖို့ သူ့မှာ အားမရှိဘူး။ သူရုန်းနေပေမယ့် ပိုပြီး အားပြင်းပြင်း အဖိခံထားရတုန်းပဲ။ ထို့ကြောင့် သော်စစ်က မျက်နှာငယ်ကာ အသံတိုးတိုးဖြင့်

" ငါ..ငါ့..ကို လွှတ်ပေးပါ "


သော်စစ်၏ တုန်တုန်ရီရီထွက်လာသော အသံကြောင့် ဒီဇင်ဘာသည် သူ၏ဒေါသတို့ ငြိမ်သက်သွားရသည်။ သူက သော်စစ်ကို စိုက်ကြည့်၍ ဘာစကားမျှမဆိုပါ။ ထို့ကြောင့် သော်စစ်က ထပ်၍ တောင်းဆိုလာ၏။

" ငါ နောက်မလုပ်တော့ပါဘူး ။ငါ့ကိုလွှတ်ပေးပါ "



မျက်လွှာချထားသော မျက်ဝန်းတို့က စူးရှသောအကြည့်နှင့်ဆုံသွားခိုက်ခဏမှာပင် သော်စစ်သည် အလွန်ထိပ်လန့်သွားရသည်။ သူ့နှုတ်ခမ်းပေါ် အလောတကြီးကျလာသည့် အေးစက်စက်နှုတ်ခမ်းတစ်စုံကြောင့် သော်စစ် လန့်သွား၏။ ခေါင်းကို ဘယ်ညာစောင်းကာ သူ့အပေါ်၌ ဖိထားသည့် ဒီဇင်ဘာ၏ ရင်ဘတ်ကို သူ့လက်နှစ်ဖက်ဖြင့်တွန်းကာ ခုခံသည်။ ဘာတွေဖြစ်ကုန်တာလဲ ။ ဒီဇင်ဘာက သူ့ကို ချုပ်ပြီး သူ့နှုတ်ခမ်းတွေကို သိမ်းပိုက်နေတာလေ။ ရူးသွားပြီ... ရူးသွားပြီ။


သော်စစ်၏ ခေါင်းထဲတွင် စကားပေါင်းများစွာဖြင့် ရှုပ်ထွေးနေပြီး ရုန်းကန်နေရသည်မှာပင်ပန်းလာသည်။ သူက အိမ်မှာလည်း အရိုက်ခံရပြီး ကျောင်းမှာလည်း အနိုင်ကျင့်ခံနေရသည်။ သူလည်း ယောင်္ကျားပေမယ့် တခြားယောင်္ကျားက ချုပ်နမ်းကို မလှုပ်နိုင်ပဲ ခံနေရသည်။ဒါက အရိုက်ခံရတာထက်ပင် ရှက်ဖို့ကောင်းသည်။ထိုသို့တွေးမိတော့ ဒေါသကြောင့် ကျလာတဲ့ မျက်ရည်တွေက သူ့အားတဆက်ဆက်ပင်တုန်ရီစေသည်။


" မင်း......ငိုနေတယ် "


သူ့အောက်က ကိုယ်လုံးလေးက ရုန်းကန်မှုတွေ ငြိမ်ကျသွားပြီးနောက် တုန်ရီလာကာ စီးကျလာသည့် မျက်ရည်တစ်ချို့ကို ဒီဇင်ဘာခံစားမိလိုက်သည်။ ထို့ကြောင့် ချုပ်ထားသည်ကို လွှတ်ကာ သော်စစ်၏ မျက်နှာကို စိတ်ပူစွာကြည့်မိတော့ အံကြိတ်ကာ မျက်ရည်ကျနေသည့် ကောင်လေးက သနားစရာပင်။သို့သော်လည်း........


" မင်းက ငိုနေတာတောင် လှတယ် "


ထိုစကားကို ဒီဇင်ဘာက သတိလက်လွတ်ပြောမိလိုက်တာပါ။ သို့ပေမယ့် သော်စစ်က လက်သီးတင်းတင်းဆုပ်၍ သူ့ကို အားပြင်းပြင်းတစ်ချက်ထိုးချလိုက်သည်။

ခွပ်!!

"စောက်ရူးကောင် မင်း မင်း ရွံစရာကောင်းတယ် "

သော်စစ်သည် ထိုစကားအား အံကြိတ်သံဖြင့်ပြော၍ စာသင်ခန်းထဲမှ ထွက်သွား၏။ ထို့အချိန်တွင် ကျောင်းသား၊ ကျောင်းသူအနည်းငယ်လည်း အခန်းထဲသို့လာပြီဖြစ်ပြီး သူတို့က ထိုမြင်ကွင်းကို အံ့သြတကြီးဖြင့် စပ်စုချင်နေကြသည်။

" ကျောင်းလူဆိုးကြီးကို သော်စစ်နိုင်က ထိုးလိုက်တယ် !! "

" ဒီဇင်ဘာက ဘာမှပြန်မလုပ်ဘူးလေ! ! "

" ဟဲ့ သော်စစ်နိုင်က ငိုသွားသလိုပဲ "

တစ်ယောက်တစ်ပေါက်ဖြင့် ထွက်လာသည့် အသံများကြောင့် ဒီဇင်ဘာသည် မေးကြောများထောင်သည်အထိ အံကြိတ်လိုက်ကာ ထိုင်ခုံအား ဆောင့်ကန်လိုက်သည်။

" မင်းတို့ ပါးစပ်တွေအကုန်ပိတ်ထား! ! ! "


ခြင်သေ့တစ်ကောင်ကဲ့သ်ို့ ဟိန်းဟောက်လိုက်သံသည် စာသင်ခန်းတစ်ခုလုံး၏ ဆူညံသံများကို ငြိမ်ကျသွားစေ၏။ မည်သူမျှအသံထွက်ရဲကြတော့။ ဒီဇင်ဘာသည်လည်း စိတ်ရှုပ်စွာဖြင့် လွယ်အိတ်ဆွဲကာ ပြုတ်ကျနေသည့် သူ့အနွေးထည်ကိုကောက်လိုက်ပြီး ကျောင်းနောက်ပေါက်သို့ ထွက်လာခဲ့လိုက်သည်။သူဒီနေ့ ကျောင်းမတက်တော့ဘူး။


ကျောင်းအပြင်ဘက်သို့သောအခါ ဒီဇင်ဘာ၏ခြေလှမ်းများက ကားဝပ်ရှော့ဆိုင်ဆီသို့ ဦးတည်လိုက်၏။ ထို ကားဝပ်ရှော့တွင် သူ၏ အရင်းနှီးဆုံး သူငယ်ချင်းရှိသည်။ ငယ်သူငယ်ချင်းဆိုပါတော့။ ဒီဇင်ဘာ၏ သူငယ်ချင်း နာမည်က ထွန်းလင်းအောင် ဖြစ်ပြီး သူက ကျောင်းဆက်မတက်တော့ဘဲ သူ့အဖေ၏ ကားဝပ်ရှော့တွင် ဝင်လုပ်နေတာဖြစ်သည်။

" အန်တီ လင်းအောင်ရှိလား "

" အေး ရှိတယ်။ မထသေးဘူး ဝင်သွားလိုက် သား "

အိမ်နဲ့ ကားဝပ်ရှော့က တွဲထားတာဖြစ်ပြီး ထွန်းလင်းအောင်တို့ မိသားစုနှင့်လည်း ဒီဇင်ဘာက ရင်းနှီးသည်။ ထွန်းလင်းအောင် အမေက ဘုရားဝတ်ပြုဖို့လုပ်နေသောကြောင့် ဒီဇင်ဘာကို ကျောင်းဝတ်စုံနှင့် မြင်ပေမယ့် ကျောင်းမသွားဘူးလားမမေးတော့ ။ ကြည့်ရတာတော့ ဒီကောင်လေး ကျောင်းပြေးပြန်ပြီပဲ။


ဒီဇင်ဘာသည် ထွန်းလင်းအောင်၏ ရှုပ်ပွနေသော အခန်းလေးထဲ ဝင်သွား၍ ကုတင်ပေါ်၌ အင်္ကျီကျွတ်ဖြင့် မှောက်လျက်အိပ်နေသော ထွန်းလင်းအောင်၏ ကျောပြင်ကို ရိုက်ကာနှိုးလိုက်သည်။

" ဟေ့ကောင် ထတော့ "

ထွန်းလင်းအောင်က ကျောပြင်မှ စပ်ဖျင်းဖျင်းခံစားမှုကြောင့် လန့်နိုးသွားကာ သူ၏ ကုတင်ခြေရင်း၌ထိုင်နေသော ဒီဇင်ဘာကို အိပ်ချင်မူးတူးဖြင့်ကြည့်ကာ ကန်လိုက်သည်။

" ချီးလိုပဲ အစောကြီးပဲရှိသေးတယ်လေကွာ "

မနက် ၇နာရီတောင်မထိုးသေးဘဲ  မိုးအေးအေးနှင့် အိပ်လို့ကောင်းနေသည့် အချိန်မှာ အနှိုးခံရတော့ ထွန်းလင်းအောင် ဒေါသထွက်သွားသည်။ ထို့ကြောင့် သူ့ကုတင်ပေါ်မှာ ထိုင်နေသည့် သကောင့်သားကို ဂရုမထားဘဲ ပြန်အိပ်ရန်ပြင်လိုက်တော့

" လင်းအောင် "

ဒီဇင်ဘာ၏ အသံက ခပ်တိုးတိုးထွက်ပေါ်လာသည်။ သူ့အသံကတိုးပေမယ့် အနည်းငယ်တုန်နေသလိုဖြစ်နေသည်။ အမြဲတမ်း လေသံမာမာနှင့်ကောင်ဆီက အခုလိုအသံမျိုးကြားလိုက်ရတော့ ထွန်းလင်းအောင်သည် လှဲနေရာမှ ထထိုင်လိုက်သည်။ ဒီဇင်ဘာက ကြမ်းပြင်ကိုကြည့်ကာ ခေါင်းကိုအောက်သို့ အနည်းငယ်စိုက်ထား၍ ခပ်တွေတွေဖြစ်နေ၏။ ဒီလိုပုံစံက ထူးဆန်းနေသည်။

" မင်း ဘာဖြစ်လာတာလဲ "

ထွန်းလင်းအောင်၏ အမေးကို ဒီဇင်ဘာက ပြန်မဖြေဘဲ တိတ်ဆိတ်နေသည်။ သူ၏ မျက်နှာအမူအယာတို့က ခန့်မှန်းမရအောင် ရှုပ်ထွေးပြီး ဝမ်းနည်းနေဟန်လည်းပေါ်နေ၏။

" ငါ "

အတန်ကြာငြိမ်နေပြီးမှာ ခပ်လေးလေးအသံက ထွက်ပေါ်လာသည်။ ဒီဇင်ဘာက ပြောဟန်ပြင်လိုက်ပေမယ့် သူပြောဖို့ရန် ဝန်လေးနေ၏။ ထို့ကြောင့် သူ၏ ခြောက်သွေ့သော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သောအခါ နူးညံ့သည့် အထိအတွေ့လေးကို ပြန်လည်အမှတ်ရစေပြန်သည်။

"ကျစ်! ! ပြောလေကွာ "

ထွန်းလင်းအောင်က တုန့်ဆိုင်းနေသော သူ့ကိုကြည့်ကာ စိတ်မရှည်တော့။ ထို့ကြောင့် အိပ်ယာပေါ်ပြန်လှဲချလိုက်သည်။

" ငါ ယောင်္ကျားလေးတစ်ယောက်ကို နမ်းခဲ့တယ် "


ကတိုက်ကရိုက်ဖြင့် ထွက်လာသော သူ့စကားကြောင့် ထွန်းလင်းအောင်၏ မှိတ်ရန်ပြင်ထားသော မျက်လုံးများ ပြူးသွား၏။

" ဘာပြောတာ "

ထွန်းလင်းအောင်က အိပ်ချင်မူးတူးဖြင့် နားကြားများမှားသလားဟု ထင်လိုက်သည်။


" ငါ နမ်းခဲ့တယ် ။ ယောင်္ကျားတစ်ယောက်ကို "

ဒီဇင်ဘာ၏ တည်ကြည်သည့် အသံကြောင့် ထွန်းလင်းအောင်သည် လှဲနေရာမှာ ချက်ချင်း ထထိုင်လိုက်သည်။ ထို့နောက် အံ့သြစွာဖြင့်

" မင်း နမ်းတယ် ။ ယောင်္ကျားကြီးကို မင်း.... ဘယ်...ဘယ်ကိုနမ်းတာလဲ။ ငါပြောတာ.....အာ....ချီး....စနေတာလား ...ငါပြောတာ မင်းသိပါတယ် "


" နှုတ်ခမ်းကို "

ထွန်းလင်းအောင်၏ စိတ်လှုပ်ရှားပြီး ထွက်လာတဲ့ စကားထစ်ထစ်တွေကို ဒီဇင်ဘာက ခပ်လေးလေးအသံဖြင့်တည်တည်ငြိမ်ငြိမ် ပြန်အဖြေပေးသည်။ဒီပုံစံ ဒီအသံက သူ့ကိုစနောက်နေတာမဟုတ်ကြောင်း သက်သေပြနေ၏။  ထိုကြောင့် ထွန်းလင်းအောင်မှာ မျက်လုံးပြုး၍ ကြောင်အသွားရသည်။

" မင်း...တကယ်ကြီးလား "

ဒီဇင်ဘာက ခေါင်းငြိမ့်ပြသည်။

" နှစ်ဦးသဘောတူ.... "

" မဟုတ်ဘူး ငါချုပ်ပြီး နမ်းလိုက်တာ "


ဒီဇင်ဘာ၏ ကြားဖြတ်ပြောသည့် စကားကြောင့် ထွန်းလင်းအောင်က အနောက်သို့ နည်းနည်းဆုပ်သွား၍ ချွတ်ထားသည့် အင်္ကျီကို ကပျာကယာရှာကာ ကောက်စွပ်လိုက်သည်။ထို့နောက် ကြက်သီးလည်လိမ်ထားသကဲ့သို့ ထိုင်နေသည့် ဒီဇင်ဘာကို ကြည့်၍ ​သူမေးပြန်သည်။


" ဘာလို့နမ်းတာလဲ "

ထိုမေးခွန်းကြောင့် ဒီဇင်ဘာ၏ ကြမ်းပြင်သို့ ကြည့်နေသော မျက်လုံးများက အနည်းငယ်လှုပ်ရှားသွား၍ ဝေခွဲမရသော အသံဖြင့်

" ဟုတ်ပါရဲ့ ငါဘာလို့ သူ့ကိုနမ်းလိုက်တာလဲ "

ထိုမေးခွန်းရဲ့ အဖြေကို သူမသိသေးသော်လည်း ရင်ဘတ်ထဲက အခုန်မြန်နေသော နှလုံးသားကို သူခံစားမိလိုက်လေသည်။

........................................

#28/5/21
#ဖတ်ရတာ အဆင်ပြေရဲ့လား အာလူးတို့။





Zawgyi






ဝသာန္ကာလျဖစ္ေသာေၾကာင့္ မနက္ ၆နာရီဟူေသာအခ်ိန္သည္ ေမွာင္ေနေသးသည္။ ေကာင္းကင္တစ္ခြင္၌ မိုးရိပ္မိုးသားတို႔ျပည့္နက္ေနၿပီး ခပ္ဖြဲဖြဲမိုးေပါက္ေလးမ်ားက မဟူရာေရာင္ကတၱရာလမ္းမေပၚသို႔ အၿပိဳင္အဆိုင္ ဆင္းသက္ေနၾကသည္။ လမ္းတစ္ေလွ်ာက္တြင္လည္း မနက္ခင္းေစ်းသည္မွအပ သြားလာလႈပ္ရွားသူသည္ အလြန္နည္းပါးေန၏။

ေသာ္စစ္သည္ ထီးတစ္ေခ်ာင္းကို ပ်င္းတိပ်င္း႐ြဲေဆာင္းလ်က္ ေက်ာပိုးအိတ္ကိုလည္းျဖစ္သလိုလြယ္ထားသည္။ သူ၏ေျခလွမ္းမ်ားက ေလးကန္လ်က္ စိုစြတ္ေနေသာ မိုးဖြဲထဲတြင္ ေက်ာင္းသို႔ဦးတည္ေနသည္။ မနက္ ၆နာရီဟူေသာအခ်ိန္က ေစာလြန္းေနေသးသည္။ ေက်ာင္းထဲ၌ ဂိတ္ေစာင့္ဆရာမပင္ေရာက္မလာေသးပါ။ ဂိတ္ေစာင့္တဲေလးထဲတြင္ ေက်ာင္းေစာင့္ႀကီးတစ္ေယာက္သာရွိေန၏။

ေသာ္စစ္နိုင္သည္ ေက်ာင္းတံခါးဝသို႔ ေရာက္ေသာအခါ ေက်ာင္းေစာင့္ႀကီးက သူ႕ကိုျမင္၍ အံ့အားသင့္သြားသည္။ ဒီေလာက္မိုးေအးေအးႏွင့္ အိပ္လို႔ေကာင္းတဲ့အခ်ိန္မွာ ဒီေက်ာင္းသားက ဘာလို႔ ေက်ာင္းကိုအေစာႀကီးေရာက္လာတာလဲ ။ ထို႔ေၾကာင့္ ေက်ာင္းေစာင့္ႀကီးက ထီးတစ္ေခ်ာင္းဆြဲကာ ေက်ာင္းတံခါးဝေလးကို ဖြင့္ရင္းျဖင့္ ေသာ္စစ္ကိုေမးလိုက္သည္။

" မင္း ဘာလို႔ အေစာႀကီးလာတာလဲ ။ ေက်ာင္းထဲမွာဘယ္သူမွေတာင္မေရာက္က်ေသးဘူးကြ "


ေသာ္စစ္က ေက်ာင္းထဲဝင္လိုက္ရင္း ေက်ာင္းေစာင့္ႀကီးကို စိတ္မပါေသာအသံျဖင့္ ျပန္ေျဖသည္။


" အေစာႀကီးနိုးလို႔ "


ေသာ္စစ္က ထိုသို႔ ေျဖၿပီး သူ၏ စာသင္ခန္းသို႔ တန္းတန္းမတ္မတ္ပင္ ေလးကန္စြာေလွ်ာက္သြား၏။ အေနာက္၌က်န္ေနခဲ့ေသာ ေက်ာင္းေစာင့္ႀကီးက ဂိတ္ေစာင့္တဲေလးထဲသို႔ ျပန္ဝင္ရင္း ထီးပိတ္ကာ ခပ္တိုးတိုးေရ႐ြတ္လိုက္သည္။

" ဒီေကာင္ အိပ္ေနရင္း လမ္းထေလွ်ာက္တာမ်ားလား "

စာသင္ခန္းထဲသို႔ ေရာက္ေသာအခါ စာသင္ခန္းတစ္ခုလုံးေမွာင္မိုက္၍ေန၏။ အျပင္ဘက္က မိုးေၾကာင့္ ေကာင္းကင္၏အလင္းဓာတ္လည္း ကြယ္ေပ်ာက္ေနကာ ပတ္ဝန္းက်င္တြင္ အုပ္မွိုင္းစိုစြတ္၍ ပ်င္းစရာပင္ေကာင္းေနသည္။ ေသာ္စစ္သည္ လြယ္အိတ္ကို ခုံေပၚပစ္တင္၍ စိတ္ပ်က္လက္ပ်က္ပင္ ထိုင္ခ်လိဳက္၏။ အမွန္ေတာ့ ညက သူ႕ေမေမႏွင့္ ကေတာက္ကစေလးျဖစ္ခဲ့သည္။ သူ႕ေဖေဖက အလုပ္ကိစၥတစ္ခုေၾကာင့္ အိမ္ျပန္မအိပ္သည္ကို သူ႕ေမေမက အျပစ္တင္ေျပာဆိုသည္။ ပထမေတာ့ ရန္ပြဲဟာ လင္မယားႏွစ္ေယာက္ႏွင့္ စတင္ရာမွ အိမ္ေရွ႕၌ tv ၾကည့္ေနေသာ ေသာ္စစ္ဘက္သို႔ ဦးတည္လာသည္။ အခန္းထဲ၌ ရန္ျဖစ္ေနသည့္ မိဘႏွစ္ပါး၏စကားသံမ်ားကို သူမၾကားလို၍ tv အသံအက်ယ္ႀကီးခ်ဲ့ကာ tv ကို စိုက္ၾကည့္ေန၏။


ထို႔ေၾကာင့္ သူ႕ေမေမ၏ ေဒါသမ်ားက သူ႕အေပၚ ပုံက်လာၿပီး tvကို ခ်က္ခ်င္းလာပိတ္ကာ စာလုပ္ရန္ေျပာဆိုသည္။ ေသာ္စစ္က စာလုပ္ၿပီးၿပီဟု ေျပာ၍ tv ျပန္ဖြင့္ေသာအခါ သူေမေမ၏ေဒါသမ်ားက ပို၍ပြတက္လာေတာ့သည္။ ထို႔အခါ ေသာ္စစ္ကို တျခားသူတစ္ေယာက္ႏွင့္ ႏွိုင္းယွဥ္ၿပီးေျပာဆို ဆူပူေတာ့သည္။ ေသာ္စစ္အမုန္းဆုံးက ထိုအရာပင္ျဖစ္သည္။ သူသည္ တျခားသူႏွင့္ ယွဥ္ေျပာခံရသည္ကို တကယ္မုန္း၏။ ထို႔ေၾကာင့္ မႀကိဳက္ေၾကာင္းျပန္ေျပာမိသည့္အခါ သူ႕ေမေမက သူ႕ကိုရိုက္သည္။

မိဘကို ျပန္ခံေျပာသည္ဟု ေခါင္းစဥ္ေျပာင္း၍ ၾကက္ေမႊးတံျမတ္စည္းျဖင့္ ရိုက္ေလသည္။ လူပ်ိဳေပါက္အ႐ြယ္ေလးက အရိုက္ခံရေတာ့ ရွက္လည္းရွက္ကာ မတရားသည္ဟုလည္း ခံစားရ၍ အံႀကိတ္ကာ အရိုက္ခံၿပီး အခန္းတံခါးပိတ္၍သာေနေနေတာ့သည္။ မနက္နိုးေတာ့လည္း သူ႕ေမေမကို စကားမေျပာခ်င္၍ ေက်ာင္းသို႔ အေစာႀကီးေရာက္လာတာျဖစ္၏။

ညကအေၾကာင္းကို ျပန္ေတြးမိေတာ့ ေသာ္စစ္ စိတ္ရႈပ္စြာ ေခါင္းကိုဖြလိုက္သည္။ အမွန္ဆို သူက သက္သက္ႀကီးအမဲခံရတာေလ။ သူကၾကားထဲက မတရားခံရၿပီး အရိုက္ခံ အဆူခံရေသးတာ။ သူ႕မွာ ဘာအျပစ္မွလည္းမရွိဘဲနဲ႕ ဒါက မတရားတာပဲ။

ေသာ္စစ္က သူ႕ေမေမကို စိတ္ဆိုးေနသည့္ စိတ္အား ေလ်ာ့ခ်ရန္ ခုံေပၚေခါင္းေမွာက္၍ အိပ္ဖို႔ျပင္လိုက္သည္။ အခ်ိန္သည္ ေစာလြန္းေနေသးသည္မို႔ အခန္းထဲ၌ မည္သူမွ်မရွိ။ ထို႔အျပင္ မီးလည္းပ်က္ေနေသာေၾကာင့္ စာသင္ခန္းသည္ ေမွာင္ေနသည္။ ထိပ္ဆုံးအတန္းက ျပတင္းတံခါးႏွစ္ခ်က္သာ ဖြင့္ထား၍ မွိန္ျပျပအလင္းေလးက စာသင္ခန္းေလးအတြင္း တိုးဝင္ေန၏။


" ေသာ္စစ္? "

ဒီဇင္ဘာက စာသင္ခန္းထဲသို႔ ဝင္လာခ်င္းမွာပဲ ေနာက္ဆုံးအတန္းခုံရွိ ေသာ္စစ္ထိုင္သည့္ေနရာမွာ  ေခါင္းေမွာက္အိပ္ေနေသာ လူရိပ္ေလးကို ျမင္လိုက္ရ၍ ဇေဝဇဝါေရ႐ြတ္သည္။ ေသာ္စစ္က အေစာႀကီးေက်ာင္းေရာက္ေနတာလား ။ ဒီဇင္လာက သူ႕အေဒၚရဲ႕ မနက္ေစာေစာစီးစီးဆဲဆိုေနေသာအသံကို မၾကားလို၍ ေက်ာင္းသို႔ ေစာေစာထြက္လာတာျဖစ္သည္။


" ေဟး....မင္းအေစာႀကီးပဲ "

ခုံေပၚ၌ ေမွာက္ထားသည့္ ေခါင္းေလးကို ပြတ္၍ ဒီဇင္ဘာက အနား၌ ဝင္ထိုင္သည္။ ခပ္တိုတို ဆံပင္ေလးေတြႏွင့္ ဝါဝင္းၿပီးရွင္းသန့္ေနေသာ လည္ဂုတ္ေလးကို သူၾကည့္ေနမိသည္။ တစ္ဖက္လူက တုန့္ျပန္မလာ။ လက္ေပၚ ေခါင္းတင္၍ ေမွာက္ေနသည့္ ေကာင္ေလး အနားကို တိုးကပ္ၾကည့္မိေတာ့ အသက္ျပင္းျပင္ရႉ၍ အိပ္ေပ်ာ္ေနမွန္းသိလိုက္ရသည္။


" ေက်ာင္းလာၿပီး အိပ္ေနရတယ္လို႔ "

ဒီဇင္ဘာက ၿပဳံး၍ ေသာ္စစ္၏ ေက်ာျပင္ေလးကို ပြတ္သပ္ေလးလိုက္၏။ေအးစက္စက္အထိအေတြ႕ေၾကာင့္ ဒီဇင္ဘာသည္ သူ၏အႏြေးထည္အား ခြၽတ္လိုက္ၿပီး ေသာ္စစ္ကိုယ္ေပၚ၌ ၿခဳံေပးလိုက္၏။ ေက်ာေနာက္က ေက်ာပိုးအိတ္မွာလည္း အနည္းငယ္စိုေနသည္ ။ ဒီဇင္ဘာေတြးမိသည္က ထီးမေဆာင္းဘဲေက်ာင္းလာျဖစ္မည္။ သို႔ေပမယ့္ အေနာက္ဘက္၌ လွန္းထားသည့္ ထီးကိုလည္း သူေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ ဒီေကာင္ေလးက ထီးကို ပရမ္းပတာေဆာင္းလာတာပဲေနမွာ။

ဒီဇင္ဘာက ေသာ္စစ္ကိုၾကည့္ေနရင္း ထင္းခနဲေပၚေနေသာ နား႐ြက္ဆီသို႔ အၾကည့္ေရာက္သြားသည္။ ေသာ္စစ္သည္ ဆံပင္တိုေသာအေၾကာင့္ နား႐ြက္ေလးကလည္း ေပၚလြင္လွ၏။ ခပ္မွိန္မွိန္အလင္းေရာင္ထဲမွာ ပန္းေရာင္ႏုႏုေလးသန္းေနသည့္ နား႐ြက္ေလးကို ၾကည့္ရင္း သူထိကိုင္ခ်င္လာသည္။ ထို႔ေၾကာင့္ သူ၏လက္တစ္ဖက္သည္ ေသာ္စစ္နိုင္၏ နား႐ြက္ဖ်ားေလးဆီသို႔ တျဖည္းျဖည္း ေရာက္ရွိသြား၏။

" ႏူးႏူးညံ့ညံ့ေလးပဲ အိစိအိစိနဲ႕ "

ဒီဇင္ဘာက ေသာ္စစ္၏ နား႐ြက္ဖ်ားေလးကိုပြတ္သက္ကာ သေဘာက်ေနသည္။ ေအးစက္ေနေသာ နား႐ြက္က ႐ုတ္တရက္ႀကီးပူႏြေးသြားတာေၾကာင့္ ေသာ္စစ္နိုးလာေတာ့သည္။

" မင္း ဘာလုပ္ေနတာလဲ "

ေသာ္စစ္က အိပ္ခ်င္မူးတူအသံအက္အက္ျဖင့္ ဒီဇင္ဘာကို ေစာင္းၾကည့္ကာ ေျပာသည္။ နား႐ြက္ဖ်ားေလး၌ သူ၏စိတ္ေတြေပ်ာ္ဝင္ေနတုန္းမွာပဲ တစ္ဖက္ေကာင္ေလး၏အသံေၾကာင့္ ဒီဇင္ဘာလန့္သြား၏။


" မင္း နိုးၿပီလား "


ဒီဇင္ဘာက လက္ညိုးႏွင့္ လက္မသုံး၌ ပြတ္သပ္ေနေသာ ေသာ္စစ္၏ နား႐ြက္ဖ်ားကို ခပ္ျမန္ျမန္လႊတ္လိုက္ကာ ေသာ္စစ္အေမးကို ေရွာင္ဖယ္လိုက္သည္။


" မင္း ငါအိပ္ေနတုန္း ငါ့ကို နား႐ြက္လိမ္ဆြဲေနတာလား "

ေသာ္စစ္က သူ႕အား မ်က္ေမွာင္က်ဳံ႕၍ၾကည့္လာသည္။ အိပ္ေရးမဝတာေၾကာင့္ ေသာ္စစ္၏ မ်က္လုံးမ်ားက မို႔ေနကာ အနည္းငယ္စပ္ေန၏။

" မဟုတ္ပါဘူး "

က်ဥ္းေျမာင္းေသာ မ်က္လုံးတို႔ျဖင့္ မယုံသကၤါၾကည့္ေနေသာ ေသာ္စစ္ေၾကာင့္ ဒီဇင္ဘာက မလုံမလဲျဖစ္ေနသည္။ သူ၏မ်က္လုံးထဲ၌ ေသာ္စစ္၏ အိပ္ယာနိုးလာသည့္ ပုံေလးသည္ ခ်စ္ဖို႔ေကာင္းေန၏။ ၿပီးေတာ့လည္း သူ႕ ႏွလုံးခုန္ႏႈန္းက ဟိုတစ္ခါကလို ျမန္လာျပန္သည္။ သို႔ေပမယ့္ ေသာ္စစ္ကလည္း သူ႕နား႐ြက္ဆြဲတယ္လို႔ပဲထင္ေနသည္။ ထို႔ေၾကာင့္ ေသာ္စစ္သည္ ဒီဇင္ဘာ နား႐ြက္ကို လွမ္းဆြဲကာ လိမ္လိုက္၏။

" အား...အား...နာတယ္ကြ! !"


အလင္းလိုအလွ်င္ျဖင့္ နား႐ြက္ဆြဲလိမ္ခံလိုက္ရေသာေၾကာင့္ ဒီဇင္ဘာသည္ ေဒါသထြက္ကာ ေအာ္၏။ေသာ္စစ္၏လက္ကလည္း ၿမဲျမန္ေနၿပီး နား႐ြက္ကိုမလႊတ္။ ထို႔ေၾကာင့္ ဒီဇင္ဘာက ထိုင္ရာမွ ထလိုက္ကာ ေဒါသထြက္စြာျဖင့္ ေသာ္စစ္၏ အကၤ်ီလည္ပင္းကို ဆုပ္ကိုင္ကာ ေသာ္စစ္ကို စာေရးခုံေပၚ ပစ္တင္လိုက္သည္။ ဒီဇင္ဘာသည္ အရပ္ရွည္ၿပီး အားသန္သျဖင့္ ေသာ္စစ္လိုေယာကၤ်ားေလးေတာင္ ေလေပၚေျမာက္သြားကာ စာေရးခုံႏွင့္ ေက်ာျပင္က အားျပင္းျပင္းမိတ္ဆက္သြားသည္။

"အ့ာ "

" မင္းက ငါ့နား႐ြက္ကိုဆြဲရဲတယ္ ။ မင္းကဘာမို႔လိုလဲ ဟမ္ "

ဒီဇင္ဘာက အသံက ေအးစက္စက္ျဖင့္မာေၾကာေနၿပီး မ်က္လုံးတို႔လည္းစူးရွကာ ေသာ္စစ္ေရွ႕၌ ကြယ္ေပ်ာက္ေနေသာ ေက်ာင္းလူဆိုးအသြင္က ျပန္လည္ထြက္ေပၚလာသည္။ ဒီဇင္ဘာက ေသာ္စစ္၏ အကၤ်ီလည္ပင္းကိုဆုပ္ကိုင္၍ အေပၚစီးမွအုပ္မိုးၾကည့္သည္။ ေသာ္စစ္သည္ ဒီဇင္ဘာ၏ ေအးစက္စက္အၾကည့္ႏွင့္ ေဒါသတို႔ကိုခံစားလိုက္ရေသာအခါ ေၾကာက္သြား၏။ သူတစ္ခါမွရန္မျဖစ္ဖူးဘူးေလ။ ၿပီးေတာ့ ဒီလိုႀကီးလည္း အခ်ဳပ္မခံရဖူးဘူး။ ပိုဆိုးတာက ဒီဇင္ဘာက သန္မာလြန္းေနသည္။ ျပန္ခုခံဖို႔ သူ႕မွာ အားမရွိဘူး။ သူ႐ုန္းေနေပမယ့္ ပိုၿပီး အားျပင္းျပင္း အဖိခံထားရတုန္းပဲ။ ထို႔ေၾကာင့္ ေသာ္စစ္က မ်က္ႏွာငယ္ကာ အသံတိုးတိုးျဖင့္

" ငါ..ငါ့..ကို လႊတ္ေပးပါ "


ေသာ္စစ္၏ တုန္တုန္ရီရီထြက္လာေသာ အသံေၾကာင့္ ဒီဇင္ဘာသည္ သူ၏ေဒါသတို႔ ၿငိမ္သက္သြားရသည္။ သူက ေသာ္စစ္ကို စိုက္ၾကည့္၍ ဘာစကားမွ်မဆိုပါ။ ထို႔ေၾကာင့္ ေသာ္စစ္က ထပ္၍ ေတာင္းဆိုလာ၏။

" ငါ ေနာက္မလုပ္ေတာ့ပါဘူး ။ငါ့ကိုလႊတ္ေပးပါ "



မ်က္လႊာခ်ထားေသာ မ်က္ဝန္းတို႔က စူးရွေသာအၾကည့္ႏွင့္ဆုံသြားခိုက္ခဏမွာပင္ ေသာ္စစ္သည္ အလြန္ထိပ္လန့္သြားရသည္။ သူ႕ႏႈတ္ခမ္းေပၚ အေလာတႀကီးက်လာသည့္ ေအးစက္စက္ႏႈတ္ခမ္းတစ္စုံေၾကာင့္ ေသာ္စစ္ လန့္သြား၏။ ေခါင္းကို ဘယ္ညာေစာင္းကာ သူ႕အေပၚ၌ ဖိထားသည့္ ဒီဇင္ဘာ၏ ရင္ဘတ္ကို သူ႕လက္ႏွစ္ဖက္ျဖင့္တြန္းကာ ခုခံသည္။ ဘာေတြျဖစ္ကုန္တာလဲ ။ ဒီဇင္ဘာက သူ႕ကို ခ်ဳပ္ၿပီး သူ႕ႏႈတ္ခမ္းေတြကို သိမ္းပိုက္ေနတာေလ။ ႐ူးသြားၿပီ... ႐ူးသြားၿပီ။


ေသာ္စစ္၏ ေခါင္းထဲတြင္ စကားေပါင္းမ်ားစြာျဖင့္ ရႈပ္ေထြးေနၿပီး ႐ုန္းကန္ေနရသည္မွာပင္ပန္းလာသည္။ သူက အိမ္မွာလည္း အရိုက္ခံရၿပီး ေက်ာင္းမွာလည္း အနိုင္က်င့္ခံေနရသည္။ သူလည္း ေယာကၤ်ားေပမယ့္ တျခားေယာကၤ်ားက ခ်ဳပ္နမ္းကို မလႈပ္နိုင္ပဲ ခံေနရသည္။ဒါက အရိုက္ခံရတာထက္ပင္ ရွက္ဖို႔ေကာင္းသည္။ထိုသို႔ေတြးမိေတာ့ ေဒါသေၾကာင့္ က်လာတဲ့ မ်က္ရည္ေတြက သူ႕အားတဆက္ဆက္ပင္တုန္ရီေစသည္။


" မင္း......ငိုေနတယ္ "


သူ႕ေအာက္က ကိုယ္လုံးေလးက ႐ုန္းကန္မႈေတြ ၿငိမ္က်သြားၿပီးေနာက္ တုန္ရီလာကာ စီးက်လာသည့္ မ်က္ရည္တစ္ခ်ိဳ႕ကို ဒီဇင္ဘာခံစားမိလိုက္သည္။ ထို႔ေၾကာင့္ ခ်ဳပ္ထားသည္ကို လႊတ္ကာ ေသာ္စစ္၏ မ်က္ႏွာကို စိတ္ပူစြာၾကည့္မိေတာ့ အံႀကိတ္ကာ မ်က္ရည္က်ေနသည့္ ေကာင္ေလးက သနားစရာပင္။သို႔ေသာ္လည္း........


" မင္းက ငိုေနတာေတာင္ လွတယ္ "


ထိုစကားကို ဒီဇင္ဘာက သတိလက္လြတ္ေျပာမိလိုက္တာပါ။ သို႔ေပမယ့္ ေသာ္စစ္က လက္သီးတင္းတင္းဆုပ္၍ သူ႕ကို အားျပင္းျပင္းတစ္ခ်က္ထိုးခ်လိဳက္သည္။

ခြပ္!!

"ေစာက္႐ူးေကာင္ မင္း မင္း ႐ြံစရာေကာင္းတယ္ "

ေသာ္စစ္သည္ ထိုစကားအား အံႀကိတ္သံျဖင့္ေျပာ၍ စာသင္ခန္းထဲမွ ထြက္သြား၏။ ထို႔အခ်ိန္တြင္ ေက်ာင္းသား၊ ေက်ာင္းသူအနည္းငယ္လည္း အခန္းထဲသို႔လာၿပီျဖစ္ၿပီး သူတို႔က ထိုျမင္ကြင္းကို အံ့ၾသတႀကီးျဖင့္ စပ္စုခ်င္ေနၾကသည္။

" ေက်ာင္းလူဆိုးႀကီးကို ေသာ္စစ္နိုင္က ထိုးလိုက္တယ္ !! "

" ဒီဇင္ဘာက ဘာမွျပန္မလုပ္ဘူးေလ! ! "

" ဟဲ့ ေသာ္စစ္နိုင္က ငိုသြားသလိုပဲ "

တစ္ေယာက္တစ္ေပါက္ျဖင့္ ထြက္လာသည့္ အသံမ်ားေၾကာင့္ ဒီဇင္ဘာသည္ ေမးေၾကာမ်ားေထာင္သည္အထိ အံႀကိတ္လိုက္ကာ ထိုင္ခုံအား ေဆာင့္ကန္လိုက္သည္။

" မင္းတို႔ ပါးစပ္ေတြအကုန္ပိတ္ထား! ! ! "


ခြင်သေ့တစ်ကောင်ကဲ့သ်ို့ ဟိန္းေဟာက္လိုက္သံသည္ စာသင္ခန္းတစ္ခုလုံး၏ ဆူညံသံမ်ားကို ၿငိမ္က်သြားေစ၏။ မည္သူမွ်အသံထြက္ရဲၾကေတာ့။ ဒီဇင္ဘာသည္လည္း စိတ္ရႈပ္စြာျဖင့္ လြယ္အိတ္ဆြဲကာ ျပဳတ္က်ေနသည့္ သူ႕အႏြေးထည္ကိုေကာက္လိုက္ၿပီး ေက်ာင္းေနာက္ေပါက္သို႔ ထြက္လာခဲ့လိုက္သည္။သူဒီေန႕ ေက်ာင္းမတက္ေတာ့ဘူး။


ေက်ာင္းအျပင္ဘက္သို႔ေသာအခါ ဒီဇင္ဘာ၏ေျခလွမ္းမ်ားက ကားဝပ္ေရွာ့ဆိုင္ဆီသို႔ ဦးတည္လိုက္၏။ ထို ကားဝပ္ေရွာ့တြင္ သူ၏ အရင္းႏွီးဆုံး သူငယ္ခ်င္းရွိသည္။ ငယ္သူငယ္ခ်င္းဆိုပါေတာ့။ ဒီဇင္ဘာ၏ သူငယ္ခ်င္း နာမည္က ထြန္းလင္းေအာင္ ျဖစ္ၿပီး သူက ေက်ာင္းဆက္မတက္ေတာ့ဘဲ သူ႕အေဖ၏ ကားဝပ္ေရွာ့တြင္ ဝင္လုပ္ေနတာျဖစ္သည္။

" အန္တီ လင္းေအာင္ရွိလား "

" ေအး ရွိတယ္။ မထေသးဘူး ဝင္သြားလိုက္ သား "

အိမ္နဲ႕ ကားဝပ္ေရွာ့က တြဲထားတာျဖစ္ၿပီး ထြန္းလင္းေအာင္တို႔ မိသားစုႏွင့္လည္း ဒီဇင္ဘာက ရင္းႏွီးသည္။ ထြန္းလင္းေအာင္ အေမက ဘုရားဝတ္ျပဳဖို႔လုပ္ေနေသာေၾကာင့္ ဒီဇင္ဘာကို ေက်ာင္းဝတ္စုံႏွင့္ ျမင္ေပမယ့္ ေက်ာင္းမသြားဘူးလားမေမးေတာ့ ။ ၾကည့္ရတာေတာ့ ဒီေကာင္ေလး ေက်ာင္းေျပးျပန္ၿပီပဲ။


ဒီဇင္ဘာသည္ ထြန္းလင္းေအာင္၏ ရႈပ္ပြေနေသာ အခန္းေလးထဲ ဝင္သြား၍ ကုတင္ေပၚ၌ အကၤ်ီကြၽတ္ျဖင့္ ေမွာက္လ်က္အိပ္ေနေသာ ထြန္းလင္းေအာင္၏ ေက်ာျပင္ကို ရိုက္ကာႏွိုးလိုက္သည္။

" ေဟ့ေကာင္ ထေတာ့ "

ထြန္းလင္းေအာင္က ေက်ာျပင္မွ စပ္ဖ်င္းဖ်င္းခံစားမႈေၾကာင့္ လန့္နိုးသြားကာ သူ၏ ကုတင္ေျခရင္း၌ထိုင္ေနေသာ ဒီဇင္ဘာကို အိပ္ခ်င္မူးတူးျဖင့္ၾကည့္ကာ ကန္လိုက္သည္။

" ခ်ီးလိုပဲ အေစာႀကီးပဲရွိေသးတယ္ေလကြာ "

မနက္ ၇နာရီတောင်မထိုးသေးဘဲ  မိုးေအးေအးႏွင့္ အိပ္လို႔ေကာင္းေနသည့္ အခ်ိန္မွာ အႏွိုးခံရေတာ့ ထြန္းလင္းေအာင္ ေဒါသထြက္သြားသည္။ ထို႔ေၾကာင့္ သူ႕ကုတင္ေပၚမွာ ထိုင္ေနသည့္ သေကာင့္သားကို ဂ႐ုမထားဘဲ ျပန္အိပ္ရန္ျပင္လိုက္ေတာ့

" လင္းေအာင္ "

ဒီဇင္ဘာ၏ အသံက ခပ္တိုးတိုးထြက္ေပၚလာသည္။ သူ႕အသံကတိုးေပမယ့္ အနည္းငယ္တုန္ေနသလိုျဖစ္ေနသည္။ အၿမဲတမ္း ေလသံမာမာႏွင့္ေကာင္ဆီက အခုလိုအသံမ်ိဳးၾကားလိုက္ရေတာ့ ထြန္းလင္းေအာင္သည္ လွဲေနရာမွ ထထိုင္လိုက္သည္။ ဒီဇင္ဘာက ၾကမ္းျပင္ကိုၾကည့္ကာ ေခါင္းကိုေအာက္သို႔ အနည္းငယ္စိုက္ထား၍ ခပ္ေတြေတြျဖစ္ေန၏။ ဒီလိုပုံစံက ထူးဆန္းေနသည္။

" မင္း ဘာျဖစ္လာတာလဲ "

ထြန္းလင္းေအာင္၏ အေမးကို ဒီဇင္ဘာက ျပန္မေျဖဘဲ တိတ္ဆိတ္ေနသည္။ သူ၏ မ်က္ႏွာအမူအယာတို႔က ခန့္မွန္းမရေအာင္ ရႈပ္ေထြးၿပီး ဝမ္းနည္းေနဟန္လည္းေပၚေန၏။

" ငါ "

အတန္ၾကာၿငိမ္ေနၿပီးမွာ ခပ္ေလးေလးအသံက ထြက္ေပၚလာသည္။ ဒီဇင္ဘာက ေျပာဟန္ျပင္လိုက္ေပမယ့္ သူေျပာဖို႔ရန္ ဝန္ေလးေန၏။ ထို႔ေၾကာင့္ သူ၏ ေျခာက္ေသြ႕ေသာ ႏႈတ္ခမ္းကို လွ်ာျဖင့္သပ္လိုက္ေသာအခါ ႏူးညံ့သည့္ အထိအေတြ႕ေလးကို ျပန္လည္အမွတ္ရေစျပန္သည္။

"က်စ္! ! ေျပာေလကြာ "

ထြန္းလင္းေအာင္က တုန့္ဆိုင္းေနေသာ သူ႕ကိုၾကည့္ကာ စိတ္မရွည္ေတာ့။ ထို႔ေၾကာင့္ အိပ္ယာေပၚျပန္လွဲခ်လိဳက္သည္။

" ငါ ေယာကၤ်ားေလးတစ္ေယာက္ကို နမ္းခဲ့တယ္ "


ကတိုက္ကရိုက္ျဖင့္ ထြက္လာေသာ သူ႕စကားေၾကာင့္ ထြန္းလင္းေအာင္၏ မွိတ္ရန္ျပင္ထားေသာ မ်က္လုံးမ်ား ျပဴးသြား၏။

" ဘာေျပာတာ "

ထြန္းလင္းေအာင္က အိပ္ခ်င္မူးတူးျဖင့္ နားၾကားမ်ားမွားသလားဟု ထင္လိုက္သည္။


" ငါ နမ္းခဲ့တယ္ ။ ေယာကၤ်ားတစ္ေယာက္ကို "

ဒီဇင္ဘာ၏ တည္ၾကည္သည့္ အသံေၾကာင့္ ထြန္းလင္းေအာင္သည္ လွဲေနရာမွာ ခ်က္ခ်င္း ထထိုင္လိုက္သည္။ ထို႔ေနာက္ အံ့ၾသစြာျဖင့္

" မင္း နမ္းတယ္ ။ ေယာကၤ်ားႀကီးကို မင္း.... ဘယ္...ဘယ္ကိုနမ္းတာလဲ။ ငါေျပာတာ.....အာ....ခ်ီး....စေနတာလား ...ငါေျပာတာ မင္းသိပါတယ္ "


" ႏႈတ္ခမ္းကို "

ထြန္းလင္းေအာင္၏ စိတ္လႈပ္ရွားၿပီး ထြက္လာတဲ့ စကားထစ္ထစ္ေတြကို ဒီဇင္ဘာက ခပ္ေလးေလးအသံျဖင့္တည္တည္ၿငိမ္ၿငိမ္ ျပန္အေျဖေပးသည္။ဒီပုံစံ ဒီအသံက သူ႕ကိုစေနာက္ေနတာမဟုတ္ေၾကာင္း သက္ေသျပေန၏။  ထိုေၾကာင့္ ထြန္းလင္းေအာင္မွာ မ်က္လုံးျပဳး၍ ေၾကာင္အသြားရသည္။

" မင္း...တကယ္ႀကီးလား "

ဒီဇင္ဘာက ေခါင္းၿငိမ့္ျပသည္။

" ႏွစ္ဦးသေဘာတူ.... "

" မဟုတ္ဘူး ငါခ်ဳပ္ၿပီး နမ္းလိုက္တာ "


ဒီဇင္ဘာ၏ ၾကားျဖတ္ေျပာသည့္ စကားေၾကာင့္ ထြန္းလင္းေအာင္က အေနာက္သို႔ နည္းနည္းဆုပ္သြား၍ ခြၽတ္ထားသည့္ အကၤ်ီကို ကပ်ာကယာရွာကာ ေကာက္စြပ္လိုက္သည္။ထို႔ေနာက္ ၾကက္သီးလည္လိမ္ထားသကဲ့သို႔ ထိုင္ေနသည့္ ဒီဇင္ဘာကို ၾကည့္၍ သူေမးျပန္သည္။


" ဘာလို႔နမ္းတာလဲ "

ထိုေမးခြန္းေၾကာင့္ ဒီဇင္ဘာ၏ ၾကမ္းျပင္သို႔ ၾကည့္ေနေသာ မ်က္လုံးမ်ားက အနည္းငယ္လႈပ္ရွားသြား၍ ေဝခြဲမရေသာ အသံျဖင့္

" ဟုတ္ပါရဲ႕ ငါဘာလို႔ သူ႕ကိုနမ္းလိုက္တာလဲ "

ထိုေမးခြန္းရဲ႕ အေျဖကို သူမသိေသးေသာ္လည္း ရင္ဘတ္ထဲက အခုန္ျမန္ေနေသာ ႏွလုံးသားကို သူခံစားမိလိုက္ေလသည္။

........................................

#28/5/21
#ဖတ္ရတာ အဆင္ေျပရဲ႕လား အာလူးတို႔။







Continue Reading

You'll Also Like

947K 49.9K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
183K 13.6K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
211K 5.5K 58
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...
6.6M 434K 94
Hanary Victor + Loon Tar Nay San