Find My Bearings | ဘာသာပြန် [...

By Nancy_Henituse

79.1K 10.3K 473

ဆော့ဖ်ဝဲလ် တီထွင်သူ Gong ချန်းကျို × မျက်မမြင် Shou ကျိရှောင်ပေ ဆော့ဖ်ဝဲလ် တီထွင်သူ Gong ချန်းကျို × မျက်မမြင... More

မိတျဆကျ (U/Z)
1 (U)
1 (Z)
2 (U)
2 (Z)
3 (U)
3 (Z)
4 (U)
4 (Z)
5 (U)
5 (Z)
ပေ့ပေ့လေးအားစားခြင်း
Dessert 1 ~ 5 (Unicode)
Dessert 1 ~ 5 (Zawgyi)
Dessert 6 ~ 10 (Unicode)
Dessert 6 ~ 10 (Zawgyi)
Dessert 11 ~ 15 (Unicode)
Dessert 11 ~ 15 (Zawgyi)

ကမ္ဘာလောကကြီးကနက်မှောင်နေပေမယ့် မင်းကတော့ပန်းရောင်သန်းတယ်

4.3K 910 114
By Nancy_Henituse

Translator: youtiao
Editor: dounai & mantou

ကမ္ဘာလောကကြီးက နက်မှောင်နေပေမယ့် မင်းကတော့ ပန်းရောင်သန်းတယ်

.

နှစ်အစတွင် အသံလွှင့်ဌာနတစ်ခုမှ မျက်မမြင်များအတွက်ရုပ်ရှင်ရုံနှင့်ပတ်သတ်၍ အထူးသတင်းထုတ်လွှင့်ခဲ့သည်။ အဲ့ဒီနောက်တွင် ရုပ်ရှင်ရုံသည် နှစ်ရှည်လှူဒါန်းသူများရရှိခဲ့သည်။ ဒါ့အပြင် Volunteer အသစ်များလည်း အစုလိုက်အပြုံလိုက်ဝင်လာကြသေးသည်။

လက်များတော့ အလုပ်တွင်သည်ဆိုသည့်အတိုင်း ရုပ်ရှင်ကြည့်ခြင်းအပြင် စာဖတ်အသင်းကိုဖွဲ့ကာ တေးဂီကသင်တန်းကိုဖွင့်လှစ်ပြီး နွေဦးရာသီတွင် သစ်တောပန်းခြံများသို့ ပျော်ပွဲစားထွက်ရန်လည်းဖွဲ့စည်းခဲ့သည်။

နွေရာသီအားလပ်ရက်တွင် ကျောင်းသူကျောင်းသားလုပ်အားပေးများလည်း အဖွဲ့ဝင်လာကြရာ အနီးနားမြို့သို့ အလည်အပတ်ထွက်ရန် သုံးရက်ကြာခရီးတိုတစ်ခုကိုစီစဥ်ခဲ့ကြသည်။

နေ့ရက်တို့ဟာ ချန်းကျိုအတွက် နှစ်များအလားပင်။ တစ်ရက်သာကုန်သေးပြီး သူနောက်ထပ်နှစ်ရက်သည်းခံရပေအုံးမည်။ မဟုတ်လျှင် သူ့အားကလေးဆန်သည်ဟု ထင်ရပေမည်။

ဒုတိယရက်တွင် သူထပ်၍ထိန်းမထားနိုင်တော့။ တစ်မနက်တည်းမှာတင် ကျိရှောင်ပေကို သုံးကြိမ်နှောင့်ယှက်ခဲ့သည်။

ကျိရှောင်ပေက ခပ်တည်တည်ဖြင့်မေးလိုက်သည် "ချန်းကျို ဒီနေ့အလုပ်မသွားရဘူးလား?"

"လွမ်းတယ်ကွာ ၊ အလုပ်လည်းမသွားချင်ဘူး" ချန်းကျိုက ပြောင်ပြောင်ဘွင်းဘွင်းပင် ပြန်​ဖြေလိုက်သည်။

ကျိရှောင်ပေခမျာ ထို​တဲ့တိုးစကားများကိုကြားသည့်အခါတိုင်း ရှက်ကိုးရှက်ကန်းဖြစ်ရသည်။ "အာာ... ကျွန်တော်မနက်ဖြန် ပြန်လာမှာလေ"

ရလဒ်အနေနှင့် ချန်းကျိုသည် သုံးရက်ပြည့်သည်အထိ စိုးရိမ်ကြောင့်ကြ ဗျာပါရများဖြင့် စောင့်မျှော်ခဲ့ရသော်လည်း ကျိရှောင်ပေက နောက်တစ်ရက်ထပ်မံနောက်ဆုတ်လိုက်သည်ဟုပြောလာသည်။ ချန်းကျိုမှာ မူးနောက်လာသလိုပင်ခံစားလိုက်ရပြီး "တကယ်​ကြီးလား? အချိန်ထပ်ဆုတ်နိုင်သေးတယ်ပေါ့?"

ကျိရှောင်ပေက ချန်းကျိုကိုအလုပ်ဆင်းလျှင် အိမ်တွင်စောစောနားစေချင်သော်လည်း ထိုသူကတော့ သက်ပြင်းခပ်ဖွဖွချကာ "ကိုယ်အိုဗာတိုင်ဆင်းရမှာ။ မင်းကိုကြိုဖို့ အလုပ်ကနေလစ်မလို့ပဲ။ ဒါပေမယ့် ဒီနေ့ပြန်မလာဖြစ်ဘူးဆိုတော့ အလုပ်တွေလက်စသိမ်းပြီးမှ အိမ်ပြန်လိုက်တော့မယ်"

ကျိရှောင်ပေအနည်းငယ်စိုးရိမ်သွားပြီး "အကို စိတ်မဆိုးဘူးမဟုတ်လား?"

"ဆိုးတာပေါ့။ မနက်ဖြန်စောင့်သာကြည့်နေလိုက်" ချန်းကျိုက သက်သက်မဲ့ဒေါသထွက်ဟန်လုပ်ပြလိုက်သည်။

ကျိရှောင်ပေက "အိုးး" ဟုသော အသံတိုးတိုးသာပေးလိုက်၏။

ချန်းကျိုသည် ညကိုးနာရီထိုးသည်အထိ အလုပ်မဆင်းရသေး။ သူကဂိတ်ပေါက်ဆီထွက်လာရာ ပန်းခင်းအစွန်တွင်မတ်တပ်ရပ်နေသည့် သူတို့နှစ်ဦးအချိန်တော်တော်ကြာတန်းစီခဲ့ရသော Uniqlo မှ မာဗယ်စီးရီးတီရှပ်လေးကိုဝတ်ထားသည့် အလွန်ရင်းနီးလှတဲ့ပုံရိပ်လေးကိုတွေ့လိုက်ရ၏။

ချန်းကျိုက အရူးလုပ်ခံလိုက်ရသည်ကို သဘောပေါက်သွားသည်။ "မနက်ဖြန်မှ ပြန်လာမှာဆို? ဒီမှာဘာလုပ်နေတာလဲ?"

ကျိရှောင်ပေက သူ့နားလျှောက်လာပြီး ​ချန်းကျိုရဲ့ခေါင်းကိုပုတ်ပေးရန် ခြေဖျားထောက်လိုက်သည်။ "ကျောင်းဆင်းပြီမို့ ကျွန်တော့်ရဲ့ချန်းကျိုလေးကို အိမ်ပြန်ဖို့လာကြိုတာပါဗျာ"

ရုပ်ရှင်ပြီးတိုင်း ပရိတ်သတ်များတဖွဲဖွဲပြန်ကြသည့်အခါ ချန်းကျိုကအမြဲပြောလေ့ရှိသည် "ကျောင်းဆင်းပြီလေ။ ကိုယ့်ရဲ့ပေ့ပေ့လေးကိုအိမ်ပြန်ဖို့လာကြိုရတာပေါ့"

နောက်ဆုံးမှာတော့ သူအခွင့်အရေးကိုသေချာဆုပ်ကိုင်ပြီး ဒီစကားကိုကောင်းကောင်းကြီးအသုံးချနိုင်ခဲ့ပြီလေ။

.

အစကတည်းက ကျိရှောင်ပေသည်ချန်းကျိုကို ချန်းလောင်ရှစ်ဟုခေါ်ခဲ့၏။ တစ်ပတ်ကြာပြီးနောက် ချန်းကျိုကသူနဲ့ကောင်းကောင်းဆွေးနွေးရန်ဆုံးဖြတ်လိုက်သည်။ "ကိုယ်တို့က တွဲနေကြပြီလေ။ လောင်ရှစ်လို့မခေါ်သင့်တော့ဘူးမဟုတ်လား? အဲ့ဒါကြီးက ကြောင်တောင်​တောင်နဲ့"

ကျိရှောင်ပေက စဥ်းစားရင်း "ဒါဆို ဘယ်လိုခေါ်ရမလဲ?"

ချန်းကျိုက ရှေ့မှကြောင်းလမ်းပေး၏။ "ဟိုလိုလေ... ဥပမာကွာ... မင်းဒေါ်လေးက မင်းဦးလေးကို ဘယ်လိုခေါ်လဲ?"

ကျိရှောင်ပေ တစ်ခဏနဝေတိန်တောင်ဖြစ်သွားပြီး နောက်ဆုံးမှာ မျက်နှာခပ်ရဲရဲဖြင့် စကားတစ်ခွန်းထွက်လာ၏ "... မသာကြီး"

ချန်းကျိုတစ်ယောက် ဒေါသထွက်လွန်း၍မူးလဲတော့မတတ်ပင်။ အဲ့ဒါလောင်ကုန်းလေ! လောင်ကုန်း!

.

ထိုတီရှပ်အကြောင်းပြောရလျှင် ရာသီ​အကူးအပြောင်းကာလတွင် သူတို့နှစ်ဦးသား စျေးဝယ်စင်တာသို့အင်္ကျီအသစ်ဝယ်ထွက်ကြ၏။ ကျိရှောင်ပေက သိပ်ပြီးအရေးမထားပဲ ချန်းကျိုကစမ်းဝတ်ခိုင်းလျှင် ဝတ်ကြည့်လိုက်သည်။ ပြီးမှမေးဖို့ရာသတိရသွားပြီး "ဒီအပေါ်ဝတ်က ဘာအရောင်လဲဟင်?"

ချန်းကျိုက အပြာရောင်ဟုပြောလိုက်ရာ ကျိရှောင်ပေက နှုတ်ခမ်းကိုစေ့၍ အင်္ကျီကိုပြန်ချွတ်ကာ "ကျွန်တော်က အနက်ရောင်ကြိုက်တာ"

ချန်းကျိုသူ့အားနားမလည်နိုင် "ဒါပေမယ့် မင်းတစ်ခါမှ အနက်ရောင်မဝတ်ဖူးဘူးလေ..."

"ကျွန်တော့်အင်္ကျီတွေအကုန်အနက်ရောင်တွေမဟုတ်ဘူးလား?" ကျိရှောင်ပေရဲ့မျက်နှာမှာတော့အံ့သြမှုအပြည့်သားပင်။

ချန်းကျိုက ရက်စက်တဲ့အမှန်တရားကို မညှာမတာပင်ထုတ်ဖော်ပြောလိုက်ရာ ကျိရှောင်ပေခမျာကြောင်အန်းသွားရှာ၏။ "အဲ့ဒီအနွေးထည်ကအဝါရောင်? ပြီးတော့ အဲ့ဒီခြေအိတ်မှာ ဝက်ဝံခေါင်းပုံအရုပ်နဲ့? မဖြစ်နိုင်တာ ၊ အကိုမှားနေတာပဲဖြစ်မှာ။ ကျွန်တော်ကအမြဲတမ်း အပေါ်အောက်ဝတ်စုံပြည့်ကိုအနက်ပဲဝတ်တာဗျ။ ကျွန်တော်က အလန်းဇယားလေ!"

ချန်းကျိုက သူ့စကားကိုရှည်ရှည်ဆွဲရင်းပြောလိုက်သည် "တကယ်တော့.... မင်းဝတ်ဖူးတာ ဝက်ဝံခေါင်းတင်မကဘူးရယ် ယုန်ခေါင်း၊ ခွေးခေါင်း၊ ကြောင်ခေါင်းအပြင် ဆင်ခေါင်းတောင်ပါလိုက်သေး။ မင်းဒေါ်လေးက တိရစ္ဆာန်ရုံတစ်ခုလုံးစာစီးရီးလိုက် ဝယ်ပေးထားတာလား?"

ကျိရှောင်ပေတစ်ယောက် ယူကြုံးမရဖြင့်မျက်နှာကိုအုပ်လိုက်၏။ "အားးးးး မဝယ်ပေးပါဘူး! ဒီအကြောင်း နောက်ဘယ်တော့မှပြောနဲ့တော့"

.

နွေဦးတွင် သူတို့နှစ်ဦးအတူတူအိမ်ပြောင်းခဲ့ကြ၏။

ကျိရှောင်ပေတွင် ပစ္စည်းပစ္စယသိပ်မများသဖြင့် ကျောပိုးအိတ်တစ်လုံးတည်းဖြင့်အကုန်ဆန့်လေသည်။ ချန်းကျိုက ကားမောင်းပြီးလာကြိုရာ သူရောက်ရောက်ချင်းမှာ ကျိုရှောင်ပေကို အဝင်ပေါက်တွင် သူ့အိတ်ကလေးကိုပိုက်ကာ အစောင့်ဦးလေးကြီးနှင့် လေပေါ​နေသည်ကိုမြင်လိုက်ရ၏။ အစောင့်ဦးလေးကြီးက ပေ့ပေ့ကိုမထည့်လိုက်ခင် တာဝန်အရ ချန်းကျိုအားမေးခွန်းများမေးပြီး မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုလိုက်သည်။

လမ်းတွင် ချန်းကျိုကကျိရှောင်ပေအား သူတို့ဘာအကြောင်းပြောနေသလဲဟုမေးလိုက်သည်။ ကျိရှောင်ပေက နှုတ်ခမ်းလေးစူကာ ရှက်သွေးဖြာသွား၏။ "ကျွန်တော်သူ့ကို မိသားစုလေးထူထောင်မလို့ လို့ပြောခဲ့တာ"

ကျိရှောင်ပေသည် ပတ်ဝန်းကျင်အသစ်နှင့်အသားမကျသေးသဖြင့် သူဘယ်ကိုသွားသွား ခလုတ်တိုက်မိလေသည်။ စားပွဲခုံကိုဝင်တိုက်မိပြီး ထိုင်ခုံကိုထပ်တိုက်မိပြန်သည် ပြီးလျှင် ဗီရိုတွေနှင်ဝင်ဆောင့်မိပေသည်။ ထိမိတိုက်မိသည့်အသံများသည် ချန်းကျိုရဲ့အသည်းနှလုံးကိုနာကျင်စေသည်။

ကျိရှောင်ပေ ထရပ်လိုက်တိုင်း ချန်းကျိုက အလျင်အမြန်လာရောက်ထိန်းပေးသည်။ နေ့ဘက်အိမ်မှမထွက်ခင် စားပွဲနှင့်ကုလားထိုင်များကို တိုက်မိပြီးလဲကျခြင်းမှကာကွယ်ရန် ဘေးသို့ရွေ့ပေးသည်။

ထိုအရာသည် ကျိရှောင်ပေကို စိတ်မသက်မသာဖြစ်စေသည်။ "ကျွန်တော့်ကို ဝန်ထုပ်ဝန်ပိုးလို့တွေးနေပြီလား?" သူကချန်းကျိုကိုမေးလိုက်သည်။

ချန်းကျိုရဲ့နှလုံးသားလေးပျော့ပြောင်းသွားပြီး "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ပေါင်ပေ့က ဘာလို့အဲ့လိုပြောရတာလဲကွာ?"

"ဒါဆိုရင် အဲ့ဒီလိုတွေထပ်မလုပ်ပါနဲ့လား။ ကျွန်တော့်ဘာသာ သွားရမယ့်လမ်းကိုရှာခွင့်ပေး။ ကျွန်တော်က တစ်ခေါက်တိုက်မိပြီးရင် ချက်ချင်းမှတ်မိတယ်။ အချိန်နည်းနည်းပဲပေးလေ ၊ ကျွန်တော်က ဉာဏ်အရမ်းကောင်းတာဗျ!" ကျိရှောင်ပေက ချန်းကျိုရဲ့လည်တိုင်ကို လက်မောင်းဖြင့်တွဲလဲခိုပြီး မျက်နှာနားကပ်ကာ အသံအကျယ်ကြီး မွှေးမွှေးပေးလိုက်၏။ "ချန်းကျို ကျွန်တော်တို့အတူတူရှိနေပြီဆို အကိုကပဲကျွန်တော့်ကို စောင့်ရှောက်ရမှာမဟုတ်ဘူး၊ ကျွန်တော်လည်းအကို့ကို စောင့်ရှောက်ပေးနိုင်ပါတယ်ဗျ"

ချန်းကျိုဘာများထပ်ပြောနိုင်မှာလဲ? နောက်ရက်တွင် သူကပရိဘောဂများရဲ့ အစွန်းထောင့်ချိုးများကို ရာဘာအကာများနှင့် အုပ်လိုက်ပြီး ညအိပ်ရာဝင်တိုင်း ကျိရှောင်ပေ၏ကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်များကို ပွတ်သပ်ပေးသည်။ ကျိရှောင်ပေက ထိုအရာကိုတော့ လိုလိုလားလားလက်ခံပေးသည်။ အနှိပ်ခံရသည်မှာသက်တောင့်သက်သာရှိလှပြီး ချန်းကျိုရဲ့ရင်ခွင်ထဲ အကောင်သေးသေးလေးလိုတိုးဝှေ့ရင်း သိပ်မကြာခင်အိပ်မောကျသွားလေသည်။

ထိုအခိုက်တွင် ချန်းကျိုသည် ပေ့ပေ့သာသူ့ကိုယ်သူကောင်းကောင်းစောင့်ရှောက်နိုင်ရင် လုံလောက်ပြီဟုတွေးမိ၏။

.

သို့ပေမယ့် လူတစ်ယောက်ဟာသူ့စကားများအပေါ်ယုံကြည်မှုမလွန်ကဲသင့်ပေ။ ရက်အနည်းငယ်ကြာပြီး ချန်းကျိုသည်အအေးမိလေသည်။ သူကရှက်ရွံ့ကာ ညအိမ်ပြန်ရောက်သည့်တိုင် ပေ့ပေ့ကသူ့အသံကနေတစ်ဆင့်သိသွားမှာစိုးသဖြင့် စကားသိပ်မပြောရဲ။

ရလဒ်ကတော့ ကျိရှောင်ပေက တစ်ညလုံး သူ့ကိုလှည့်ပတ်ရင်းသုံးကြိမ်တိုင်တိုင်မေးမြန်းလိုက်သည်။ "ဘာလို့ကျွန်တော့်ကိုမနမ်းတာလဲဟင်?" "ချန်းကျိုရေ ဒီနေ့ဘာလို့မနမ်းတာလဲလို့?" "ဘာလို့ အနမ်းလေးမရှိရတာလဲ! အနမ်းလေးလေ?"

နောက်ဆက်တွဲကတော့ ကျိရှောင်ပေကချန်းကျိုကိုအိပ်ရာထက်တွန်းလှဲလိုက်တော့၏။ ဘေးနားလိမ့်ဝင်ကာ ချန်းကျိုရဲ့ရင်ခွင်ထဲတိုးပြီး ခါးကိုပွတ်သပ်၍ ပုခုံးညှပ်ရိုးကိုထိတွေ့ကာ နားကိုထိစမ်းပြီး နောက်ဆုံးမှာ သူ့အားနမ်းရန်ခေါင်းကိုငုံ့လိုက်၏။

ချန်းကျိုက လက်နှစ်ဖက်ဖြင့် ကာလိုက်သည်။ "ဒီနေ့ ကိုယ်တို့နမ်းလို့မဖြစ်ဘူး။ ကိုယ်အအေးမိနေတယ်"

ကျိရှောင်ပေက လှစ်ကနဲအမြန်သူ့နားပိုတိုးလာပြီး နဖူးကိုစမ်းလိုက်သည်။ "အဖျားရှိနေပြီ" ။ ပြီးနောက် ခုတင်တစ်ဖက်ကိုစမ်းပြီးဆင်းသွားကာ အပြင်ထွက်၍ ရေနွေးနွေးတစ်ခွက်ယူလာ၏။ ထို့နောက် အံဆွဲနားငုတ်တုတ်ထိုင်ကာဆေးသေတ္တာကိုရှာနေသည်။

သူတို့အိမ်၏ဖွဲ့စည်းပုံအနေအထားကို ကောင်းကောင်းနေသားကျနေပြီဖြစ်၏။

ကျိရှောင်ပေက ချန်းကျိုကို အဖျားကျဆေးတစ်ချို့တိုက်လိုက်ပြီး အိပ်ရာပေါ်နေရာချထားပေးလိုက်သည်။ ပြီးနောက် ချန်းကျိုကို စောင်တစ်ထပ်၊ နှစ်ထပ်၊ သုံးထပ်၊ လေးထပ် ထပ်ခြုံပေးလေသည်။

ချန်းကျိုခမျာ ပြောစရာစကားမဲ့သွားရှာ၏။ "... ဒါလင်ရေ မင်းကိုယ့်ကိုသေအောင်ဖိသတ်နေတာများလားကွာ"

ကျိရှောင်ပေက တဘတ်အစိုတစ်ထည်ကိုင်ကာအပြေးပြန်ရောက်လာပြီး ချန်းကျိုရဲ့နဖူးလေးကိုစမ်းကာ တဘတ်ကိုတင်ထားလိုက်သည်။ "ကျွန်တော့်မေမေတစ်ခါပြောဖူးတယ် အဖျားရှိရင်ချွေးထွက်တာကောင်းတယ်တဲ့။ တစ်ရက်လောက်အိပ်လိုက်ရင် သက်သာသွားလိမ့်မယ်"

ကျိရှောင်ပေက သူ့မိဘများအကြောင်းသိပ်ပြောလေ့မရှိသည့်အတွက် ချန်းကျိုရဲ့နှလုံးသားလေးသိမ့်သိမ့်တုန်သွားပြီး လက်ကိုဆန့်၍ ကျိရှောင်ပေကို သူနဲ့အတူစောင်ပုံထဲဆွဲထည့်လိုက်သည်။

သူ့အားမှီတွယ်ထားရင်း ကျိရှောင်ပေက ညှိုးမှိုင်စွာ​ပြောလာသည် " ချန်းကျို ၊ ကျွန်တော့်မေမေကတကယ်လှတာဗျ"

"ကိုယ်လည်းထင်ပါတယ်။ မင်းကိုကြည့်တာနဲ့သိနိုင်တယ်လေ" ချန်းကျိုက သူ့မျက်နှာလေးကို ခပ်ဖွဖွညှစ်လိုက်ရင်း ထောက်ခံလိုက်သည်။

ကျိရှောင်ပေက ရယ်မောရင်း "မဖြစ်နိုင်တာ၊ သူများတွေပြောတာတော့ ကျွန်တော်က အဖေနဲ့ပိုတူတာတဲ့။ ကျွန်တော့်ဒေါ်လေးကိုမြင်ဖူးတယ်ဟုတ် ၊ အဖေနဲ့သူကအမွှာတွေလေ။ စိတ်ထဲပုံဖော်ကြည့်လိုက်ရင် ဒေါ်လေးကဆံပင်အတိုနဲ့ဆို အဖေနဲ့တစ်ပုံစံတည်းဖြစ်သွားရော"

တစ်ခါက သူ့အဒေါ်မှချန်းကျိုအား ထိုနှစ်က ယာဥ်မတော်တဆမှုဖြစ်ချိန်တွင် ပေ့ပေ့အား သူ့မိဘနှစ်ဦးမှသေချာကာကွယ်ပေးခဲ့ကြောင်း ပြောခဲ့ဖူးသည်။

ချန်းကျိုကမီးပိတ်လိုက်ပြီး ကလေးလေးကိုချော့သိပ်သလို ကျိရှောင်ပေရဲ့ကျောကို​ခပ်ဖြည်းဖြည်းပုတ်ပေးလိုက်သည်။

အချိန်ခဏကြာပြီး၌ ကျိရှောင်ပေက သူ့လည်တိုင်အကြား အသာအယာတိုးခွေ့လာပြီး "ချန်းကျို နောက်နှစ်နွေဦးရောက်လို့ သင်္ချိုင်းသန့်ရှင်းရေးလုပ်တဲ့အခါ ကျွန်တော့်မိဘတွေနဲ့တွေ့ဖို့လိုက်ခဲ့မလား?"

အနူးညံ့ဆုံးအသံဖြင့် ချန်းကျိုက သဘောတူလိုက်၏။ သူက ကျိရှောင်ပေရဲ့ နီရဲတောက်လောင်နေသော နားသန်သီးလေးကိုနမ်းပြီးပြောလိုက်သည် "အိပ်ကြစို့"

ကျိရှောင်ပေက ခေါင်းကိုလှည့်ရင်းသူ့နှုတ်ခမ်းများကိုရှာနေရာ ချန်းကျိုက အတင်းအကြပ်တားမြစ်လိုက်တော့၏။ "လိမ္မာပါကွာ။ ဒီနေ့မနမ်းတော့ဘူးလေ။ မင်းကိုပါ အဖျားမကူးစေချင်ဘူး"

.

Be Your Eyes ၏တိုးတက်မှုမှာ အတော်လေးအဆင်ပြေပြေရှိလှသည် - လူအများအပြား Appနှင့် ချိတ်ဆက်လာကြပြီး Volunteer ဦးရေမှာလည်း အဆများစွာတိုးပွားလာ၏။ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် နာမည်ကြီးပြည်သူ့မီဒီယာတစ်ခုမှအင်တာဗျူးလုပ်ခဲ့ရာ ချန်းကျိုကကုမ္ပဏီ၏ကိုယ်စားပြုသူအနေဖြင့် ကင်မရာရှေ့ထွက်ခဲ့သည်။

ရိုက်ကူးရေးပြီးသွားသောအခါ ပီဒီက ချန်းကျိုထံချည်းကပ်လာပြီး "ဟိုင်း ကိုယ်ရေးကိုယ်တာမေးခွန်းလေးရှိပါတယ် ၊မိတ်ဆွေတစ်ယောက်အတွက်ပါ။ ခင်ဗျားကလူလွတ်လား..."

ချန်းကျိုရဲ့ဖုန်းက အချိန်မှန်နေရာမှန်တွင် ထမြည်လာပြီး မျက်နှာထက်အားတုံ့အားနာပုံဖြင့် ဖုန်းကိုင်လိုက်သည်။ "တောင်းပန်ပါတယ် ကျွန်တော့်ဇနီးလေးခေါ်နေလို့ပါ။ ကျွန်တော်ဖုန်းအရင်ကိုင်လိုက်အုံးမယ်နော်"

"ချန်းကျိုရေ ဒီနေ့ပုံမှန်အချိန်ပဲ အလုပ်ဆင်းမှာလား?" ကျိရှောင်ပေကမေးလိုက်သည်။

"ဟုတ်တယ်လေ ၊ ဘာဖြစ်လို့လဲ?" ချန်းကျိုကဖြေလိုက်၏။

"ကျွန်တော်ကျောင်းလာကြိုပေးမလို့ပေါ့ဗျာ!" ကျိရှောင်ပေကပြန်ပြောလေသည်။

အမည်တွင် ချန်းကျိုကကျိရှောင်ပေကိုမှတ်ထားသည့်စကားလုံးလေးမှာ : ကိုယ့်အပိုင် ။

Continue Reading

You'll Also Like

10.4K 1.4K 29
Original author_陈隐(Chén yǐn) Original title _我不可能喜欢他 Total chapters _63 chapters I don't own this story and this is just for fun translation. Credi...
189K 32.7K 67
柠檬闪电 by "Dr.Solo" ||Burmese Translation|| Shounen Ai, School Life, Slife-of-life, Sports 65 Chapters ( Completed ) CP : Qin WeiHeng & An Ning 16.12.2...
86.3K 5K 42
សរសេរដោយ : ជុងឈូ Jungguk Top X Jimin Bottom take ur own responsible for reading this.
280K 38K 75
Myanmar Translation of { Does Love at First Sight Exists in E-Sports ? ( 电子竞技存在一见钟情吗?)} Original Author _ 路嘻法 Status in COO _ 70 Chapters + 4 Extras...