𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢�...

By whitekiddy

218K 39.9K 1.2K

စုန့်ချီက မိစ္ဆာဘုရင်ကြီးရဲ့သွေးနဲ့ လုပ်ထားတဲ့ အသီးကို ကံမကောင်း အကြောင်းမလှစွာဖြင့် စားလိုက်မိ၍ သူပါ မိစ္ဆာ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4 - 1
Chapter 4-2
Chapter- 5 { Zawgyi}
Chapter -5 { Unicode}
Chapter- 6 {Zawgyi}
Chapter-6 {Unicode}
Chapter -7 {Zawgyi}
Chapter-7 {Unicode}
Chapter - 8 {Zawgyi}
Chapter -8 {Unicode}
Chapter -9 {Zawgyi}
Chapter -9 {Unicode}
Chapter -10{Zawgyi}
Chapter -10{Unicode}
Chapter -11 {Zawgyi}
Chapter -11 {Unicode}
Chapter -12 {Zawgyi}
Chapter -12 {Unicode}
Chapter -13 {U +Z}
Chapter 14 {Zawgyi}
Chapter 14 {Unicode}
📩
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter -21 {Zawgyi}
Chapter -21 {Unicode}
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 26.1
Chapter 26.2
Chapter 27
Chapter 28
Chapter 29 {Zawgyi}
Chapter 29 {Unicode}
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 48
Chapter 49
Chapter - 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
74.1
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82

Chapter 47

1.7K 417 3
By whitekiddy

Zawgyi

   မီးေလာင္မႈႀကီးၿပီးသြားတဲ့ေနာက္ စန္ခ်န္တိုင္း ျပဇာတ္ရံုတစ္ဝက္ေလာက္က ျပာအျဖစ္ေျပာင္းသြားခဲ့သည္။ လူတဝက္ေလာက္ကလည္း မီးထဲမွာပဲ ပိတ္မိသြားၿပီး ေသသြားခဲ့တယ္။ က်န္းလန္လည္း ထိုလူေတြထဲက တစ္ေယာက္ပင္။

  သူက အျပာေဖ်ာ့ေရာင္ဝတ္ရံုေလးကို ဝတ္ထားၿပီး ျပာေပၚမွာ အားမရွိစြာထိုင္ေနၿပီး သူ႔ရဲ႕့မိႈင္ေတြေတြမ်က္လံူးေတြက တခုခုကိုေတြးေတာေနသေယာင္။

  သူက ၾကည့္မေကာင္းေတာ့ေအာင္ကို ေလာင္ကြၽမ္းေနတဲ့ ယပ္ေတာင္ကို ကိုင္ထားဆဲပင္။

  လွပတဲ့ဘရိုကိတ္ဖိနပ္တစ္စံုက ျပာမႈန္႔ေတြၾကားကေန ေလ်ွာက္လွမ္းေနၿပီး သူ႔ေရွ႕ေရာက္ေတာ့ ရပ္လိုက္သည္။ထိုလူစိမ္းက ေျပာသည္။
  " က်န္းလန္ "

ေၾကာင္အမ္းစြာနဲ႔ က်န္းလန္ေမာ့ၾကည့္လိုက္ေတာ့ သူ႔ေရွ႕မွာ ရပ္ေနတဲ့လူေခ်ာတစ္ေယာက္ကို ေတြ႕လိုက္သည္။ဝတ္ရံုျဖဴ ထက္ ေရႊခ်ည္နဲ႔အနီေရာင္ခ်ည္မ်ွင္ျဖင့္ ထိုးယွက္ေဖာ္ထားတဲ့ ဝတ္ရံုကို ဝတ္ထားၿပီး သူ႔ဆံပင္ရွည္ရဲ႕တဝက္ကိုေတာ့ အနီေရာင္ဆံထိုးျဖင့္ လိမ္ယွက္ထားသည္။

ထိုလူက ၿပံဳးျပၿပီး
  " ငါနဲ႔ သေဘာတူညီခ်က္တစ္ခုလုပ္ဖို႔ စိတ္ဝင္စားလား? "

  "ခင္ဗ်ားက ဘယ္သူလဲ?"

  " ငါ့နမည္ က်ဴ းယြင္ "
က်ဴ းယြင္က ေကာင္းကင္ကို ညႊန္ျပၿပီး ဆက္ေျပာသည္။
" ငါက အဲ့ကေနလာတာ"

  "ဒါဆို ခင္ဗ်ားက မေသမ်ိဴ းေပါ့"
က်န္းလန္ ေကာင္းကင္ကိုၾကည့္ၿပီး ဆက္ေျပာလိုက္သည္။
  " ကြၽန္ေတာ္က ဒီအစီအရင္ကို အသက္သြင္းလိုက္တာေၾကာင့္ ခင္ဗ်ားက ကြၽန္ေတာ့္ကို သတ္ေတာ့မွာလား?"

" အဲ့လိုပုဂၢိဳလ္ေရးရာကိစၥေတြက ငါနဲ႔မဆိုင္ဘူး"
က်ဴ းယြင္က က်န္းလန္နားကို ပိုနီးကပ္ေအာင္သြားလိုက္ၿပီး ငံု႔ကိုင္းၾကည့္လိုက္သည္။
" ငါမင္းကို ကူညီေပးဖို႔လာတာ"

" ကူညီမယ္?"

  " ဖန္ေက်ာင္းကြၽင္းက မင္းနဲ႔အတူေနဖို႔ ကတိေပးၿပီးကာမွ ဘာလို႔အျခားတစ္ေယာက္နဲ႔လက္ထပ္သြားလဲဆိုတာကို....မင္း မသိခ်င္ဘူးလား? မင္းက အဲ့ကိစၥေၾကာင့္ သူ႔ကိုမုန္းေနေပမယ့္လည္း အခုထိ အဲ့အေၾကာင္းကို မင္းမသိေသးဘူး၊ ငါေျပာတာမွန္ရဲ႕လား?"

  က်န္းလန္က တခ်ိန္လံုးမ်က္နာေသနဲ႔ေနခဲ့ေပမယ့္ ထိုစကားေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားသည္။
   " ခင္ဗ်ားက ကြၽန္ေတာ့္အေၾကာင္းကို သိေနတာလား?"

  " မင္းအေၾကာင္းပဲမဟုတ္ဘူး...ဖန္ေက်ာင္းကြၽင္းကိုေကာပဲ "

  " ခင္ဗ်ားက ဘာ သေဘာတူညီခ်က္က္ု လုပ္ခ်င္တာလဲ?"

က်ဴ းယြင္က စိတ္ေက်နပ္စြာနဲ႔ ၿပံဳးလိုက္သည္။
  " အဲ့ေန႔ေတြတုန္းက ဖန္ေက်ာင္းကြၽင္း ဘာလို႔ သူ႔ကတိကို ေဖာက္ဖ်တ္လိုက္သလဲဆိုတာငါေျပာျပနိုင္္တယ္၊ ဒါေပမယ့္ အျပန္အလွန္အေနနဲ႔...မင္းလက္ထဲက အဲ့ဒီမွန္ကို ငါလိုခ်င္တယ္ "

    တခဏေလာက္ေတြးေတာၿပီးေတာ့ က်န္းလန္က ယပ္ေတာင္ကို ဘယ္လက္ထဲေျပာင္းကိုင္ၿပီး အက်ၤိလက္ထဲက မွန္ေလးကို ထုတ္ယူလိုက္သည္။မွန္ရဲ႕ေဘာင္ကို အေရာင္ရင့္ရတနာေတြနဲ႔ စီျခယ္ထားသည္။ အဲ့တာက အရမ္းေရွးက်ေနေပမယ့္လည္း လံုးဝမပ်က္စီးေသးေပ။

က်ဴ းယြင္က ၾကည့္ၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။
  " အဲ့ဒါပဲ "

  က်န္းလန္ မွန္ကိုကိုင္ရင္းနဲ႔ သူ႔မ်က္လံုးေတြက တံု႔ဆိုင္းဟန္ မတည္မၿငိမ္ျဖစ္သြားသည္။ သူနဲ႔အတူ နွစ္ေတြအၾကာႀကီးရွိခဲ့တဲ့ ထိုမွန္ကို ရုတ္တရက္ႀကီး အျခားသူကို ေပးရမွာဆိုေတာ့ သူလည္း အနည္းငယ္ေတာ့ နေမ်ွာေနမိသည္။ သို႔ေပမယ့္ အမွန္သိရဖို႔ အခြင့္ကရွိေနတာေၾကာင့္ သူလည္း တံု႔တံု႔ဆိုင္းဆိုင္းနဲ႔ ေျပာလိုက္ေတာ့သည္။
  " ခင္ဗ်ားအရင္ေျပာျပ...ၿပီးတာနဲ႔ ဒီဟာကို ေပးမယ္ "

  " မင္းသေဘာအတိုင္းပါပဲ... "

  ေျပာၿပီးတာနဲ႔ သူ႔ရဲ႕ညာဘက္လက္က လက္ညႇိးထိပ္မွာ အနီေရာင္အလင္းစက္ေလးေပၚလာၿပီး က်န္းလန္ရဲ႕မ်က္ခံုးေတြၾကားကို ထိဖို႔ လွမ္းလိုက္သည္။

  ရုတ္တရက္ ေလေအးတခ်က္ တိုက္ခတ္သြားၿပီး ထို႔အတူ အနီေရာင္အလင္းတန္းက ရုတ္တရက္ဆိုသလို က်ဴ းယြင္ရဲ႕လက္ေခ်ာင္းေတြဆီ ေဘးဘက္ကေန ထိခတ္လာသည္။သူလည္း ရုတ္တရက္ တိုက္ခိုက္မႈေၾကာင့္ တည္ၿငိမ္စြာပဲ ေနာက္ျပန္ဆုတ္လိုက္သည္။
အနီေရာင္ပိုးပဝါစက က်ဴ းယြင္ရဲ႕ပတ္လည္မွာ လွည့္ပတ္ေနၿပီး ခဏၾကာမွ လာတဲ့လမ္းေၾကာင္းအတိုင္း ျပန္ထြက္သြားသည္။

  ထိုေနွာင့္ယွက္မႈၿပီးတဲ့ေနာက္မွာေတာ့ သူ႔မ်က္နာထက္မွာ အႏၲရာယ္ရွိတဲ့အၿပံဳး ေပၚလာသည္။တဖက္ကိုၾကည့္လိုက္ေတာ့ အနီေရာင္ဝတ္ထားတဲ့မိန္းမငယ္တစ္ေယာက္က သူတို႔ဆီ ေလ်ွာက္လာေနသည္။

    ထိုမိန္းမငယ္ေလးရဲ႕ဆံပင္ေတြက အနီေရာင္ဖဲႀကိဳးစနဲ႔ ခ်ည္ေနွာင္ထားၿပီး သူမရံဲ့ ျဖဴႏုႏုမ်က္နာထက္ ေတာက္ပၿပီးနက္ေမွာင္တဲ့မ်က္လံုးေတြက ထင္ေပၚေနသည္။သူမရဲ႕မ်က္နာထားကေတာ့ ရန္လိုေနပံုပင္။

   တိုက္ခိုက္လိုအားျပင္းတဲ့ အနီေရာင္ပိုးခ်ည္စက သူမပတ္လည္မွာ ဝိုင္းပတ္ေနသည္။

က်ဴ းယြင္က မ်က္လံုးတို႔ကို ေမွးက်ဥ္းလ်က္
  " လာရင္းကိစၥက? "

    ထိုမိန္းမငယ္ေလးက အေရွ႕ထပ္လွမ္းလာၿပီး တၿပိဳင္ထဲ သူမရဲ႕ညာလက္ကို လႈပ္ယမ္းလိုက္ခ်ိန္ သူမကို လွည႔္ပတ္ေနတဲ့အနီေရာင္ႀကိဳးစက အေရွ႕ကို ေလ်ာ့ခ်လာၿပီး ေနာက္ထပ္တခ်ိန္မွာေတာ့ ဓားတစ္ေခ်ာင္းအျဖစ္က္ု ေျပာင္းသြားၿပီး က်ဴ းယြင္ဆီ တည့္တည့္ျပန္သြားေတာ့သည္။

   ထိုတခ်ိန္ထဲမွာပဲ အနွီမိန္းမငယ္ေလးက လက္နွစ္ဖက္လံုးမွ လက္ေခ်ာင္းေတြကို ယွဥ္တြဲပူးကပ္ထားၿပီး က်ဴ းယြင္ဆီကို ဓားဦးတည့္တည့္စိုက္ဖို႔ရန္ ျပန္ခြာလိုက္သည္။

    က်ဴ းယြင္ကေတာ့ တည္ၿငိမ္ေနဆဲပဲျဖစ္ၿပီး သူ႔ညာဘက္ကို ေျမႇာက္လိုက္ေတာ့ ျမႇားရွည္တစ္ေခ်ာင္းေပၚလာၿပီး အေစာက ဓားကို ဦးတည္ၿပီး ပစ္ထည့္လိုက္သည္။

  ျမႇားက ဓားတည့္တည့္ကို ေဖာက္သြားသည့္အျပင္ တဖက္လူရဲ႕လည္ပင္းကို ရွပ္ထိသြားေစသည္။မိန္းမငယ္ေလးက က်ိဴ းသြားတဲ့ ဓားကိုၾကည့္ၿပီး သူမရဲ႕လည္ပင္းကို လက္ဖဝါးနဲ႔သုတ္ၾကည့္လိုက္ေတာ့ ေသြးထြက္ေနတာ ေတြ႕လိုက္ရသည္။သူမက မ်က္ေမွာင္ၾကဳတ္လ်က္ ေအာက္နႈတ္ခမ္းကို ကိုက္လိုက္သည္။ သူတို႔ၾကားက ကြာဟခ်က္ကို နားလည္ၿပီးခ်ိန္မွာေတာ့ ရမ္းရမ္းကားကားေလ်ွာက္မလုပ္ရဲေတာ့ပဲ သူမလည္း ဒီအတိုင္းသာ က်ဴ းယြင္ကို စုိက္ၾကည့္လိုက္ေတာ့သည္။

   " က်င္းယု မင္းဘာေတြလုပ္ေနတာလဲ?"
က်န္းလန္ မိန္းမငယ္ေလးကို မွတ္မိသြားသည္။ သူမ ဒဏ္ရာရသြားတာျမင္ေတာ့ သူလည္း အျမန္ထသြားဖို႔ လုပ္လိုက္သည္။ သို႔ေပမယ့္ သူက ေျခဗလာပဲျဖစ္ေန၍ ထိုမီးေလာင္ခါစ ျပာမႈန္႔ေတြထဲ ေျခတလွမ္းလွမ္းလိုက္ေတာ့ အပူဒဏ္ေၾကာင့္ ေနာက္ကို ျပန္ဆုတ္လိုက္ရသည္။

  က်င္းယုလို႔ေခၚတဲ့ မိန္းမငယ္က က်န္းလန္ကို ေျပာလိုက္သည္။
  " နင္ အျခားသူေတြေျပာတာကို ေလ်ွာက္ယံုမေနနဲ႔ "

  က်ဴ းယြင္က ရယ္လိုက္ေပမယ့္လည္း သူေဒါသထြက္သြားတာ သိသာသည္။
  " မ်ွမ်ွတတလုပ္တယ္ဆိုတာ ငါ့အတြက္ ရွားပါးတယ္၊ ငါကသူနဲ႔ နွစ္ဦးသေဘာတူလုပ္ဖို႔ စိတ္ကူးေတာ့ မင္းက ေရာက္လာၿပီး ျပသနာရွာတယ္ "

  " ရွင္ဘာကို လွည့္စားေနတာလဲဆိုတာ ဘယ္သူသိနိုင္မလဲ? ဒီမွန္ကို ရွင္လိုခ်င္ေနထဲက ေကာင္းတာဘာမွမရွိဘူးဆိုတာ သိသာေနတာပဲေလ၊ ၿပီးေတာ့လည္း ရွင့္ကိုယ္ရွင္ မေသမ်ိဴ းဆိုၿပီး ေျပာေနေသးတယ္? ကြၽန္မ ရွင့္ကို တခါမွ မျမင္ဖူးဘူး! "

  " အို! မင္းကလည္း မေသမ်ိဴ းနယ္ေျမကပဲလား?"
က်ဴ းယြင္က သူမကို အံ့အားသင့္ဟန္နဲ႔ၾကည့္လိုက္ၿပီး သူ႔အၾကည့္ထဲမွာ မေကာင္းတဲ့အေငြ႕အသက္ေတြလည္း ကပ္ပါသြားသည္။
  " ငါမင္းကို သတ္လိုက္ရင္ေကာ.. မေသမ်ိဴ းနယ္ေျမက ငါ့ကိုရွာဖို႔အတြက္ တစ္ေယာက္ေယာက္ကို လႊတ္လိုက္နိုင္လား?"

  က်င္းယုက သူမရဲ႕လက္ေခ်ာင္းေတြကို လႈပ္ရွားလိုက္ၿပီး အေစာက အနီေရာင္ႀကိဳးစကို သိမ္းဆည္းလိုက္သည္။သူမက ေၾကာက္စိတ္ကို ဖံုးကြယ္ၿပီး က်န္းလန္ကို ေျပာလိုက္သည္။
   " အားလန္ မွန္ကို ေသခ်ာသိမ္းထားလိုက္၊ သူ႔ကို လံုးဝ မေပးနဲ႔ "

   က်န္းလန္က က်င္းယုအေပၚ အျမင္ေကာင္းရွိသည္။ သူမစကားကို ၾကားတာနဲ႔ သူလည္း မွန္ကို အျမန္သိမ္းလိုက္သည္။

   က်ဴ းယြင္က စုတ္သပ္လိုက္ၿပီး အရင္သူ႔ရဲ႕သိမ္ေမြ့မႈေတြ ေပ်ာက္ၿပီး စိတ္မရွည္ရိပ္တို႔ အစားဝင္လာသည္။
    " ရံဖန္ရံခါေလာက္ အၾကမ္းမဖက္ပဲေနၾကည့္တာကို အခုေတာ့ မင္းက တြန္းအားေပးေနတာပဲ "

   က်ဴ းယြင္ရဲ႕လက္ဖဝါးထပ္မွာ အနီေရာင္အလင္းတန္းေတြ စုေဝးလာၿပီး ရုတ္တရက္သိပ္သည္းလာတဲ့ေလထုေၾကာင့္ သူ႔နားပတ္လည္မွာ သတ္ျဖတ္ရိပ္တို႔ ျပင္းထန္သြားသည္။

  က်င္းယုကလည္း လႈပ္ရွားလိုက္ၿပီးေတာ့ အနီေရာင္ႀကိဳးစကို က်န္းလန္ဆီ ပို႔လႊတ္လိုက္ေပမယ့္ က်ဴ းယြင္က လမ္းတဝက္မွာတင္ ႀကိဳးစကို ထိန္းလိုက္နိုင္သည္။သူက ၿပံဳးလ်က္ လက္သီးဆုပ္လိုက္သည္။ပတ္ပတ္လည္မွာရွိေနတဲ့ တန္ျပန္အားက စုေဝးသြားၿပီး က်န္းယုရဲ႕ရင္ဘတ္ဆီကို တိုက္မိ၍ တၿပိဳင္နက္ထဲ သူမကိုပါ လႊင့္ထြက္သြားေစသည္။သူမက နံရံတဖက္နဲ႔ ေဆာင့္မိ၍ နံရံပါတစစီၿပိဳကြဲသြားၿပီး သူမျပန္ျပဳတ္က်ခ်ိန္မွာပဲ ထိုအုတ္က်ိဴ းေတြက သူမအေပၚ တပါတည္း ျပဳတ္က်လာေတာ့သည္။

   က်န္းလန္ကိုလည္း အားသက္ေရာက္သြားေပမယ့္ သူကေကာ လႊင့္္မထြက္သြားေပ။ အကာအကြယ္တစ္ခုက ထိုတိုက္ခိုက္ခ်က္ကို ကာေပးလိုက္သလိုမ်ိဴ းပင္။ သူက ဒူးေထာက္လဲက်ၿပီး ေသြးတစ္လုတ္ အန္ထုတ္လိုက္ရသည္။

  ထိုျမင္ကြင္းေၾကာင့္ က်ဴ းယြင္ အံ့ၾသသြားသည္။
  " မင္းက သရဲျဖစ္သြားတာေတာင္ ေသြးအန္လို႔ရေနအံုးမယ္လို႔ ငါမထင္္မိခဲ့ဘူး "

  က်န္းလန္က ပါးစပ္ထဲရွိသမ်ွေသြးေတြကို အန္ထုန္လိုက္ၿပီးမွ
  "ကြၽန္ေတာ့္ကို သတ္လိုက္ပါ...အစီအရင္က ရႈပ္ေထြးေနၿပီ...ခင္ဗ်ားလည္း အဆံုးသတ္ေကာင္းေလာက္မွာမဟုတ္ဘူး "

  က်ဴ းယြင္က ၿပံဳးလ်က္ တည္တည္ၿငိမ္ၿငိမ္ပဲ ေျပာလိုက္သည္။
  " ဒါဆိုလည္း အစီအရင္ထဲက လူတိုင္းကို သတ္ပစ္လိုက္မယ္ေလ...အဲ့ဒါက မင္းရဲ႕ဆႏၵပဲေလ...မဟူတ္ဘူးလား? အဲ့လိုသာဆို မင္းလည္း အက်ိဴ းရွိသြားမွာ "

   " ကြၽန္ေတာ္ မဟုတ္.... "

  " အို အဲ့လိုလား..."
က်ဴ းယြင္ ေပ်ာ္ေပ်ာ္ပဲ ၿပံဳးရယ္လိုက္သည္။
  "မင္းက ဖန္ေက်ာင္းကြၽင္းကို အမုန္းဆံုးပဲ.. ဆိုေတာ့ ငါက သူ႔ကိုဖမ္းမယ္ ၿပီးရင္ မသတ္ခင္ေတာ့ ေကာင္းေကာင္းနွိပ္စက္လိုက္အံုးမယ္...ဒါက မင္းရဲ႕ေနာက္ဆံုးဆႏၵကိုပါ ျပည့္သြားေစတာေပါ့.... ၿပီးရင္ မင္းရဲ႕ဝိညည္လည္း ေအး၂ခ်မ္း၂ ေနနိုင္သြားတာေပါ့.."

    ထိုစကားေတြက က်န္းလန္ကို ထိတ္လန္႔သြားေစသည္။ သူေျပာမယ္ႀကံေတာ့ ရင္ဘတ္ထဲက နာက်င္မႈက ဆူတက္လာၿပီး နႈတ္ခမ္းေထာင့္ကေန ေသြးတို႔ ယိုက်လာသည္။ထို႔အတူ မ်က္ရည္မ်ားပါ ကပ္ပါလာၿပီး သူကစကားကို အားယူၿပီး ေျပာသည္။
  " သူ႔ကို...မထိနဲ႔..."

  က်ဴ းယြင္က ရွင္း၂လင္း၂မၾကားလိုက္၍ ျပန္ေမးလိုက္သည္။

  သို႔ေပမယ့္ က်န္းလန္မေျပာလိုက္နိုင္ခင္မွာပဲ ေနာက္နားက အပ်က္အစီးေတြၾကားကေန အသံ ထြက္လာသည္။ က်ဴ းယြင္က မ်က္ခံူးတဖက္ပင့္လ်က္ လွည့္ၾကည့္လိုက္ေတာ့ ကိုယ့္ေျခေထာက္ကိုယ္ အႏုိင္နိုင္ထိန္းေနရတဲ့ က်င္းယုကို ေတြ႕လိုက္သည္။သူမက ယိုစီးက်ေနတဲ့ ေသြးေတြကို လက္ခံုနဲ႔ အျမန္သုတ္လိုက္ၿပီး က်ဴ းယြင္ကို ေျပာလိုက္သည္။
  " ရွင္ ကြၽန္မကို မသတ္နိုင္ေသးပဲ အဲ့လိုလုပ္လို႔ရမယ္ ထင္မေနနဲ႔ "

  " မေသမ်ိဴ းတစ္ေယာက္ကို သတ္လိုက္တာရဲ႕ ေနာက္ဆက္တြဲ ရလာဒ္ကို ရွင္ရင္ဆိုင္ရဲလို႔လား?"

" ဘာေၾကာင့္ မရဲရမွာပါလိမ့္? ငါသတ္ခဲ့ၿပီးတဲ့ မေသမ်ိဴ းဘယ္ေလာက္ရွိၿပီလဲေတာင္ ငါမမွတ္မိေတာ့ဘူး "
  စိတၱဇဆန္တဲ့အၿပံဳးက က်ဴ းယြင္ရဲ႕ေခ်ာေမာတဲ့ မ်က္နာထက္မွာ ေပၚလာၿပီး သူ႔အၾကည့္ကလည္း ေသြးဆာေနသည္။
  " အဲ့စာရင္းထဲကို မင္းကိုပါ ေပါင္းထည့္လိုက္ရင္ေတာင္..... ျပသနာရွိမေနဘူး "

   ၿပီးတာနဲ႔ သူက ၿမွားတစ္ေခ်ာင္းကို ဖန္ဆင္းလိုက္ၿပီး ျပင္းထန္တဲ့မီးဓာတ္အေငြ႕အသတ္ပါတဲ့ ၿမွားဦးထိပ္က က်င္းယုဘက္ကို ဦးတည္ေနသည္။

  " မိုးနတ္မင္းေရ...သူက တကယ္ကို မိုက္မဲတဲ့သူပဲ"
က်င္းယုက အံကို ႀကိတ္၍ ေရရႊတ္လိုက္သည္။ သူမရဲ႕လက္ေခ်ာင္းေတြကို လႈပ္ရွားလိုက္ေတာ့ အနီေရာင္ႀကိဳးစကို ျပန္ထြက္လာၿပီး  ေျမျပင္ကို ရိုက္ခတ္လ်က္ ေနာက္ထပ္ ၁၀ေခ်ာင္းထပ္ၿပီး ကြဲထြက္သြားသည္။

   အနီေရာင္ႀကိဳးစေတြက က်ဴ းယြင္ရဲ႕ျမင္ကြင္းကို ပိတ္သြားသည္။ သူက အံကိုႀကိတ္လ်က္ ညစ္က်ယ္က်ယ္ၿပံဳးလိုက္ၿပီး
  " ငါက အနီေရာင္ကိုအႀကိဳက္ဆံူးပဲ"

    ေျပာၿပီးတာနဲ႔ သူ႔လက္ထဲမ်ွားက မိုးႀကိဳးတစ္စင္းကဲ့သို႔ ေလကိုခြင္းၿပီး က်င္းယုဆီ ပ်ံထြက္သြားသည္။တခ်ိန္ထဲမွာပဲ ေလထဲမွာကခုန္ေနၾကတဲ့ အနီေရာင္ႀကိဳးစေတြက သူ႔ဆီကို ပ်ံ့သန္းလာသည္။က်ဴ းယြင္ သူ႔လက္ကို ေဝ့ယမ္းလိုက္ေတာ့ ထိုႀကိဳးစေတြအကုန္လံုး အပိုင္းပိုင္းျပတ္ကုန္ၿပီး နွင္းဆီဖတ္မ်ားကဲ့သုိ႔ လႊင့္ပ်ံကုန္သည္။

    က်ဴ းယြင္က ကခုန္ပ်ံဝဲေနၾကနဲ႔ ပိတ္အပိုင္းစေတြကေန ျဖတ္ၿပီး ၾကည့္လိုက္ေတာ့ က်င္းယုရဲ႕မ်က္နာထက္က ဆံုးျဖတ္ခ်က္ခိုင္မာေနတဲ့ အဓ္ပၸါယ္ေဆာင္တာကို ေတြ႕လိုက္ရသည္။ရုတ္တရက္ သူ႔ရင္ထဲမွာ နွလံုးေအာင့္ေစတဲ့နာက်င္မႈက လိႈက္တက္သြားသည္။က်င္းယုဆီကို ပ်ံသန္းသြားေနတဲ့ မ်ွားက ရုတ္တရက္ လထဲမွာ ရပ္သြားသည္။

   မ်ွားရဲ႕အရွိန္နဲ႔ ကပ္ပါလာတဲ့ ေလထုေၾကာင့္ က်င္းယုရဲ႕ ဝတ္ရံုအစြန္းစေတြနဲ႔ဆံနႊယ္တို႔က ေလထဲ လႊင့္သြားေပမယ့္ ထိခိုက္မႈေသးေသးေလးေတာင္ ရွိမသြားေပ။ ခုနက ရပ္သြားတဲ့ မ်ွားကေတာ့ ျပာအျဖစ္ ေပ်ာက္ကြယ္သြားသည္။

က်င္းယုက သက္ျပင္းကို ေလးကန္စြာခ်လိုက္ၿပီး သူ႔ကို က်ိန္ဆဲလိုက္သည္။
  " son of a b***h ေနာက္ဆံုးေတာ့ နင္က ငါ့ထိန္းခ်ဴပ္မႈေအာက္ကို ေရာက္သြားၿပီ "

   မယံုၾကည္နိုင္စြာနဲ႔ က်ဴ းယြင္က သူ႔ရင္ဘတ္ကို ဖိနိွပ္၍ မ်က္ေမွာင္ၾကဳတ္သြားသည္။ သူေခါင္းငံု႔ၾကည့္လိုက္ေတာ့ သူ႔ရဲ႕ ဘယ္ဘက္လက္ေကာက္ဝတ္မွာ တြယ္ေနတဲ့ အနီေရာင္ႀကိဳးစကို ေတြ႕လိုက္ရသည္။သူ႔ရဲ႕ က်ဥ္းေျမာင္းေနတဲ့ မ်က္လံုးတို႔က ထိုႀကိဳးစရဲ႕ အဆံုးသတ္ကို လိုက္ၾကည့္ေတာ့ က်င္းယုရဲ႕ညာဘက္လက္ေကာက္ဝတ္ျဖစ္ေနသည္။

  " မိန္းမယုတ္ ဒါကဘာလဲ?"
က်ဴ းယြင္က ေဒါသအႀကီးအက်ယ္ထြက္သြားၿပီး ထိုႀကိဳးစကို ဖ်က္စီးဖို႔လုပ္ေပးမယ့္ သူလုပ္လိုက္တိုင္း သူ႔ရင္ဘတ္ထဲက ထိုးေအာင့္တက္သြားသည္။ သူလည္း တုန္လႈပ္သြားၿပီး ခ်က္ခ်င္းျပန္လႊတ္လိုက္ေတာ့သည္။

  က်ဴ းယြင္က ဘာကိုမွမေၾကာက္တတ္ဘူး...
နာက်င္မႈက လြဲရင္ေပါ့...

  က်င္းယုလည္း စိတ္သက္သာရာရသြားၿပီး လဲက်ေနတဲ့ က်န္းလန္ကို တခ်က္ၾကည့္ၿပီးမွ က်ဴ းယြင္ကို ထပ္ၿပီး က်ိန္ဆဲလိုက္ျပန္သည္။
  " ပ်က္စီးေနတဲ့အရူးေကာင္.. နင့္ရဲ႕ကံၾကမၼာကို လက္ခံၿပီး ငါ့ကို အရံႈးေပးလိုက္ေတာ့ "

  က်ဴ းယြင္ တခါမွ ထိုကဲ့သုိ႔ အေျပာမခံရဖူးေပ။ သူ႔မ်က္လံုးေတြက ျပဴ းက်ယ္သြားၿပီး ေဒါသထြက္လြန္း၍ စကားရွာမရ ျဖစ္ေနေတာ့သည္။
  " မင္း...မိန္းမယုတ္၊ ငါမင္းကို သတ္မယ္၊ ငါမင္းကို သတ္ပစ္မယ္!" 

  ေျပာၿပီးတာနဲ႔ သူ႔လက္ဖဝါးမွာ အနီေရာင္အလင္းတန္းေတြေပၚလာၿပီး က်င္းယုကို သတ္ဖို႔အတြက္ ဦးတည္လိုက္ခ်ိန္ သူ႔ရင္ထဲက စူးေအာင့္သြားျပန္သည္။ထိုတခ်ိန္ထဲမွာ က်ဴ းယြင္က စြမ္းအားကို ျပန္ေဖ်ာက္လိုက္ေတာ့ နာက်င္မႈက ျပန္ေပ်ာက္သြားျပန္သည္။

   ထိုျမင္ကြင္းေၾကာင့္ က်င္းယု မထိန္းနိုင္၍ ေအာ္ရယ္လိုက္သည္။သို႔ေပမယ့္ သိပ္မၾကာခင္မွာပဲ သူမရဲ႕ရယ္သံေနရာမွာ ေနာင္တရေနတဲ့ ငိုသံက အစားဝင္သြားသည္။
"  ငါ့ရဲ႕ အခ်စ္ေနွာင္ၾကဳိးေလးးး.... ရွင္ေစာင့္ေနလိုက္ေတာ့ ကြၽန္မက ရွင့္ကို မေသမ်ိဴ းနယ္ေျမကို ေခၚသြားၿပီး ရွင့္ကို ေထာင္ထဲမွာ နွစ္ေပါင္း၈၀၀ေလာက္ ေနလို႔ရေအာင္ မေသမ်ိဴ းအရွင္ကို ေတာင္းဆိုေပးမယ္"

   ထိုစကားေၾကာင့္ က်ဴ းယြင္ရဲ႕ ပခံုးတို႔က ပုက်သြားသည္။သူလက္မွာ တြယ္ေနတဲ့ ႀကိဳးစကို သူျပန္ၾကည့္လိုက္မိသည္။ ထို႔ေနာက္ ေမ်ွာ္လင့္ခ်က္မဲ့စြာနဲ႔ ငိုယိုေနတဲ့ မိန္းမငယ္ကို ျပန္ၾကည့္လိုက္ၿပီး
  " အခ်စ္ေနွာင္ႀကိဳး? မင္းက မေသမ်ိဴ းနယ္ေျမက ေနွာင္ႀကိဳးမေသမ်ိဴ းေပါ့?"

   နယ္ေျမ၆ခုလံူးထဲမွာမွ ထိုေနွာင္ႀကိဳးအေၾကာင္းကို အနည္းငယ္ေလာက္သာ သိၾကသည္။ က်ဴ းယြင္လည္း အပါအဝင္ေပါ့။

   ေနွာင္ႀကိဳးမေသမ်ိဴ းကို ယြဲ႕ေလာင္ လို႔လည္း သိၾကၿပီး သူကလူ႔ေလာကရဲ႕ လက္ထပ္ျခင္းအမႈကို ထိန္းခ်ဴ ပ္ထားသည္။အခ်စ္စာအုပ္တို႔ ေနွာင္ႀကိဳးတို႔ျဖင့္ ေသမ်ိဴ းေလာကရဲ႕ အခ်စ္ဇာတ္လမ္းေတြကို ဖန္တီးၾကသည္။

  သို႔ေပမယ့္ ေနွာင္ႀကိဳးမေသမ်ိဴ းတို႔ရဲ႕ အစြမ္းထက္ဆံုးလက္နက္ကေတာ့ အခ်စ္ေနွာင္ႀကိဳးျဖစ္သည္။ထိုမေသမ်ိဴ းေတြက သူတို႔နွစ္သက္တဲ့ သူကို ထိုႀကိဳးနဲ႔ ခ်ည္ေနွာင္လိုက္တာနဲ႔ ထိုလူကလည္း သူတို႔ကို လံုးဝ မလြန္ဆန္နိုင္ေတာ့ေပ။

      နာက်င္မႈကို မနွစ္သက္တဲ့ က်ဴ းယြင္အဖို႔
ထိုကဲ့သုိ႔ တုတ္ေနွာင္ခံရတာ သူ႔ေမ်ွာ္လင့္ခ်က္ေတြ ေပ်ာက္ဆံုးသြားသလိုပင္။ သူက အံကို တင္းတင္းႀကိတ္လ်က္
   " မင္းလို ရုပ္ဆိုးတဲ့မိန္းမကို ႀကိဳက္ရမယ့္အစား ဒီႀကိဳးကိုပဲ ဖ်က္စီးပစ္လိုက္မယ္ကြ!"
 
  " လုပ္ၾကည့္ေပါ့ ၊ နင့္နွလံုးတခုလံုးကို တူးဆြခံရတဲ့ ခံစားခ်က္ကို ျမည္းၾကည့္ခ်င္ရင္လည္း သေဘာပဲေလ "
  က်င္းယုလည္း ေျပာစရာရွိတာေျပာၿပီးေနာက္ ထိုင္ခ်လိုက္၍ အေစာက ဒဏ္ရာေတြကို ျပန္ကုေနလိုက္သည္။

   သူမကလည္း ေရႊးစရာမရွိတဲ့အဆံုးမလို႔ လုပ္လိုက္ရတာပင္။ ထိုေနွာင္ႀကိဳးေလးကို တေန႔သူမသေဘာက်တဲ့သူမ်ား ေပၚလာရင္ အသံုးျပဳဖို႔အတြက္ဆိုၿပီး သိမ္းထားတာျဖစ္သည္။ အခုေတာ့ သူမရဲ႕အဖိုးတနႀ္ကိဳးေလးကို သူမအသက္ကို ကယ္တင္ဖို႔အတြက္သာ သံုးလိုက္ရ၍ သူမလည္း အသည္းကြဲေနေတာ့သညိ။

   က်ဴ းယြင္လည္း တဖက္ကိုလွည့္လိုက္ၿပီး သူ႔ေခါင္းထဲက ေဒါသေတြ မနွစ္ၿမိဳ႕မႈေတြကို ဖယ္ထုတ္ၿပီး တည္ၿငိမ္ေအာင္ လုပ္ေနရသည္။

   သူ သူမကို သတ္လို႔မရဘူး၊ ရိုက္လို႔မရဘူး ယုတ္စြအဆံုး ဆူပူလို႔ေတာင္မရဘူး။ထိုအေတြးနဲ႔မွပဲ က်ဴ းယြင္လည္း စိတ္ဓာတ္အႀကီးအက်ယ္က်သြားေတာ့သည္။

   လူအိုႀကီးတစ္ေယာက္ ဝရုန္းသုန္းကားနဲ႔ ေရာက္လာေတာ့ ျပာပံုအလယ္က သန္႔ရွင္းတဲ့တေနရာေလးမွာ သတိေမ့ေနတဲ့ က်န္းလန္ကို ေတြ႕လိုက္ရသည္။ေဘးမွာ ရပ္ေနတဲ့ က်ဴ းယြင္ရဲ႕မ်က္နာကေတာ့ မီးေသြးခဲထက္ေတာင္ မဲေနသည္။က်င္းယုကေတာ့ တဖက္မွာ တရားထိုင္ေနၿပီး ဒဏ္ရာကို ကုစားေနသည္။

     သူလည္း က်န္းလန္ဆီကို စိတ္ပူစြာနဲ႔ ေျပးသြားလိုက္သည္။ က်န္တဲ့သူေတြကို ေမးၾကည့္ဖို႔လုပ္ေတာ့ သူ႔ကိုျပန္စိုက္ၾကည့္လာတဲ့ က်ဴ းယြင္ကိုသာ ေတြ႕လိုက္ရသည္။ သူ႔အၾကည့္က : 'က်ဴ ပ္အခု ေသာက္ရမ္းစိတ္တိုေနတယ္ က်ဴပ္ကို မေနွာင့္ယွက္နဲ႔' လို႔ေျပာေနသလိုပင္။

    လူအိုႀကီးလည္း သိခ်င္စိတ္ကို ျပန္မ်ိဴ ခ်ၿပီး က်န္းလန္ရဲ႕ဒဏ္ရာကိုသာ စစ္ေဆးၾကည့္လိုက္သည္။

   က်န္းလန္က သတိေမ့ေနဆဲပဲမလို႔ ေျမျပင္ေပၚက္ု ညင္သာစြာနဲ႔ ခ်ေပးလိုက္ၿပီး သူလည္း က်င္းယုဆီကို သြားလိုက္သည္။ သူက ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး သူမပခံုးတဖက္ကို ထိလိုက္၍
  " က်င္းယု "

  က်င္းယုလည္း ကုသျခင္းကို အေနွာက္ယွက္ခံလိုက္ရ၍ မ်က္လံုးဖြင့္ၾကည့္ေတာ့ လူအိုႀကီးကို ျမင္တာေၾကာင့္
  " အခုကြၽန္မတို႔က အစီအရင္ရဲ႕ ဘယ္ေနရာမွာလဲ? အဲ့တာကို ဖ်က္စီးဖို႔အတြက္ နည္းလမ္းေကာ ေတြ႕ၿပီလား?"

  လူအိုႀကီးက ေခါင္းခါလိုက္ၿပီး ျပန္ေမးလိုက္သည္။
  " မင္းဘာျဖစ္ထားတာလဲ? ဒဏ္ရာေတြက ျပင္းထန္ေနလား?"

  " ကြၽန္မအဆင္ေျပပါတယ္... ဒါေပမယ့္ အဲ့a**hole က အာလန္ကို အကုန္လံုး ေျပာျပေတာ့မလို႔ေလ"
က်င္းယုက က်ဴ းယြင္ဘက္ကို မ်က္စပစ္ျပၿပီး ေျပာလိုက္သည္။

   က်ဴ းယြင္က ေဒါသျပန္ထြက္သြားေပမယ့္လည္း သူ႔ကို္ယ္သူျပန္ထိန္းလိုက္ၿပီး အေပၚယံအၿပံဳးေလးကို ဆင္ျမန္းလိုက္သည္။
  " မိန္းကေလး...ငါ့ကို တခ်ိန္မွာ bas**rdလို႔ ေခၚၿပီး ေနာက္တခ်ိန္မွာ a**holeလို႔ ေခၚတာကို ရပ္လိုက္ပါေတာ့၊ ငါ့မွာနမည္ရွိတယ္၊ က်ဴ းယြင္ "

  ထိုနမည္ေၾကာင့္ က်င္းယုရဲ႕ မ်က္လံုးတို႔က ထိတ္လန္႔စြာနဲ႔ ျပဴ းက်ယ္လ်က္
  " ဇာမဏီ...." 

  သူမရဲ႕စကားကို အဆံုးမသတ္ရေသးခင္မွာပဲ သူမရဲ႕မ်က္လံုးေတြက လွည့္ပတ္သြားၿပီး သတိေမ့သြားေတာ့သည္။

  ထိတ္လန္႔စြာနဲ႔ လူအိုႀကီးက သူမကို ၂ခါေလာက္ ေခၚလိုက္ေပမယ့္ သူမက နိုးထမလာေတာ့ေပ။ သူလည္း က်ဴ းယြင္ဘက္ကို ျပန္လွည့္လိုက္သည္။
  " ဇာမဏီနတ္ဘုရားမ်ိဴ းနႊယ္စုရဲ႕ ေရာက္ရွိလာမႈက က်င္းရႊမ္လိုၿမိဳ႕ငယ္ေလးအတြက္ေတာ့ ဂုဏ္ယူစရာပါပဲ၊ ဘာလို႔မ်ား မင္းက ဒီလိုေသမ်ိဴ းေတြနဲ႔ သာမန္မေသမ်ိဴ းေတြကို ခက္ခဲေအာင္ လုပ္ေနရတာလဲ?"

  ေနာက္ဆံုးေတာ့ ေကာင္း၂မြန္၂ ေျပာဆိုလို႔ရမယ့္ လူကို က်ဴ းယြင္ေတြ႕သြားခဲ့သည္။
  " က်ဴ ပ္က မွန္ကို ငွားခ်င္ရံုပါ ၊  ဒီမိန္းကေလးကသာ က်ဴိ းသင့္ေၾကာင္းသင့္မရွိပဲ က်ဴ ပ္ကို သတ္ခ်င္ေနတာ "

" ဘာလို႔ မင္းက မွန္ကို လိုခ်င္ေနတာလဲ?"

" တစ္ေယာက္ေယာက္ကို ရွာမလို႔ "
 
"ဘယ္သူလဲ?"

  " ေလာ့မူေကာ "{lord of devil:Mo zun}
က်ဴ းယြင္က ဖံူးကြယ္မထားေပ။

  " ငါမင္းကို ကူညီေပးနိုင္တယ္ ၊ ဒါေပမယ့္ အျပန္အလွန္အေနနဲ႔ ဒီကိစၥထဲကို မင္းဝင္မပါပါနဲ႔ "
လူအိုႀကီးက အသံကို နိမ့္ေျပာသည္။

   က်ဴ းယြင္ကလည္း လက္အညစ္ပတ္ မခံခ်င္ေပ။ သူက က်င္းယုကို ညႊန္ျပလိုက္ၿပီး
  " သူ႔ကိုသာ ႀကိဳးျဖတ္ေပးဖို႔ ေျပာလိုက္"

  " အခ်စ္ေနွာင္ႀကိဳးကို ခ်ည္ေနွာင္ၿပီးတာနဲ႔ ျပန္ျဖတ္ဖို႔ နည္းလမ္းလံုးဝမရွိေတာ့ဘူး၊ မဟုတ္ရင္...."
လူအိုႀကီးရဲ႕စကားက ေပါက္ကြဲသံေတြေၾကာင့္ ျဖတ္ေတာက္ခံလိုက္ရသည္။

    သူတို႔၂ေယာက္လံုး အသံျမည္တဲ့ဘက္ကို အၿပိဳင္လွည့္ၾကည့္လိုက္ၾကေတာ့ ေလထဲကို ဆန္တက္သြာတဲ့ မီးခိုးလံူးေတြနဲ႔အတူ အနီေရာင္ဟပ္သြားတဲ့ ေကာင္းကင္ကို ေတြ႕လိုက္ရသည္။ျပင္းထန္တဲ့အားက သူတို႔ေတြအေပၚ သက္ေရာက္လာ၍ လူအိုႀကီးပင္ ဒူးေထာက္က်သြားသည္။

  က်ဴ းယြင္သာလ်ွင္ ေအး၂ေဆး၂ ေနနိုင္တာပင္။သူက 'အို' လို႔ ေရရႊတ္လိုက္ၿပီး
  " ကြၽန္ေတာ့္အကို ပါ ေရာက္ေနတာပဲ "

Unicode

   မီးလောင်မှုကြီးပြီးသွားတဲ့နောက် စန်ချန်တိုင်း ပြဇာတ်ရုံတစ်ဝက်လောက်က ပြာအဖြစ်ပြောင်းသွားခဲ့သည်။ လူတဝက်လောက်ကလည်း မီးထဲမှာပဲ ပိတ်မိသွားပြီး သေသွားခဲ့တယ်။ ကျန်းလန်လည်း ထိုလူတွေထဲက တစ်ယောက်ပင်။

  သူက အပြာဖျော့ရောင်ဝတ်ရုံလေးကို ဝတ်ထားပြီး ပြာပေါ်မှာ အားမရှိစွာထိုင်နေပြီး သူ့ရဲ့မှိုင်တွေတွေမျက်လံူးတွေက တခုခုကိုတွေးတောနေသယောင်။

  သူက ကြည့်မကောင်းတော့အောင်ကို လောင်ကျွမ်းနေတဲ့ ယပ်တောင်ကို ကိုင်ထားဆဲပင်။

  လှပတဲ့ဘရိုကိတ်ဖိနပ်တစ်စုံက ပြာမှုန့်တွေကြားကနေ လျှောက်လှမ်းနေပြီး သူ့ရှေ့ရောက်တော့ ရပ်လိုက်သည်။ထိုလူစိမ်းက ပြောသည်။
  " ကျန်းလန် "

ကြောင်အမ်းစွာနဲ့ ကျန်းလန်မော့ကြည့်လိုက်တော့ သူ့ရှေ့မှာ ရပ်နေတဲ့လူချောတစ်ယောက်ကို တွေ့လိုက်သည်။ဝတ်ရုံဖြူ ထက် ရွှေချည်နဲ့အနီရောင်ချည်မျှင်ဖြင့် ထိုးယှက်ဖော်ထားတဲ့ ဝတ်ရုံကို ဝတ်ထားပြီး သူ့ဆံပင်ရှည်ရဲ့တဝက်ကိုတော့ အနီရောင်ဆံထိုးဖြင့် လိမ်ယှက်ထားသည်။

ထိုလူက ပြုံးပြပြီး
  " ငါနဲ့ သဘောတူညီချက်တစ်ခုလုပ်ဖို့ စိတ်ဝင်စားလား? "

  "ခင်ဗျားက ဘယ်သူလဲ?"

  " ငါ့နမည် ကျူ းယွင် "
ကျူ းယွင်က ကောင်းကင်ကို ညွှန်ပြပြီး ဆက်ပြောသည်။
" ငါက အဲ့ကနေလာတာ"

  "ဒါဆို ခင်ဗျားက မသေမျိူ းပေါ့"
ကျန်းလန် ကောင်းကင်ကိုကြည့်ပြီး ဆက်ပြောလိုက်သည်။
  " ကျွန်တော်က ဒီအစီအရင်ကို အသက်သွင်းလိုက်တာကြောင့် ခင်ဗျားက ကျွန်တော့်ကို သတ်တော့မှာလား?"

" အဲ့လိုပုဂ္ဂိုလ်ရေးရာကိစ္စတွေက ငါနဲ့မဆိုင်ဘူး"
ကျူ းယွင်က ကျန်းလန်နားကို ပိုနီးကပ်အောင်သွားလိုက်ပြီး ငုံ့ကိုင်းကြည့်လိုက်သည်။
" ငါမင်းကို ကူညီပေးဖို့လာတာ"

" ကူညီမယ်?"

  " ဖန်ကျောင်းကျွင်းက မင်းနဲ့အတူနေဖို့ ကတိပေးပြီးကာမှ ဘာလို့အခြားတစ်ယောက်နဲ့လက်ထပ်သွားလဲဆိုတာကို....မင်း မသိချင်ဘူးလား? မင်းက အဲ့ကိစ္စကြောင့် သူ့ကိုမုန်းနေပေမယ့်လည်း အခုထိ အဲ့အကြောင်းကို မင်းမသိသေးဘူး၊ ငါပြောတာမှန်ရဲ့လား?"

  ကျန်းလန်က တချိန်လုံးမျက်နာသေနဲ့နေခဲ့ပေမယ့် ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားသည်။
   " ခင်ဗျားက ကျွန်တော့်အကြောင်းကို သိနေတာလား?"

  " မင်းအကြောင်းပဲမဟုတ်ဘူး...ဖန်ကျောင်းကျွင်းကိုကောပဲ "

  " ခင်ဗျားက ဘာ သဘောတူညီချက်က်ု လုပ်ချင်တာလဲ?"

ကျူ းယွင်က စိတ်ကျေနပ်စွာနဲ့ ပြုံးလိုက်သည်။
  " အဲ့နေ့တွေတုန်းက ဖန်ကျောင်းကျွင်း ဘာလို့ သူ့ကတိကို ဖောက်ဖျတ်လိုက်သလဲဆိုတာငါပြောပြနိုင်တယ်၊ ဒါပေမယ့် အပြန်အလှန်အနေနဲ့...မင်းလက်ထဲက အဲ့ဒီမှန်ကို ငါလိုချင်တယ် "

    တခဏလောက်တွေးတောပြီးတော့ ကျန်းလန်က ယပ်တောင်ကို ဘယ်လက်ထဲပြောင်းကိုင်ပြီး အင်္ကျိလက်ထဲက မှန်လေးကို ထုတ်ယူလိုက်သည်။မှန်ရဲ့ဘောင်ကို အရောင်ရင့်ရတနာတွေနဲ့ စီခြယ်ထားသည်။ အဲ့တာက အရမ်းရှေးကျနေပေမယ့်လည်း လုံးဝမပျက်စီးသေးပေ။

ကျူ းယွင်က ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
  " အဲ့ဒါပဲ "

  ကျန်းလန် မှန်ကိုကိုင်ရင်းနဲ့ သူ့မျက်လုံးတွေက တုံ့ဆိုင်းဟန် မတည်မငြိမ်ဖြစ်သွားသည်။ သူနဲ့အတူ နှစ်တွေအကြာကြီးရှိခဲ့တဲ့ ထိုမှန်ကို ရုတ်တရက်ကြီး အခြားသူကို ပေးရမှာဆိုတော့ သူလည်း အနည်းငယ်တော့ နမျှောနေမိသည်။ သို့ပေမယ့် အမှန်သိရဖို့ အခွင့်ကရှိနေတာကြောင့် သူလည်း တုံ့တုံ့ဆိုင်းဆိုင်းနဲ့ ပြောလိုက်တော့သည်။
  " ခင်ဗျားအရင်ပြောပြ...ပြီးတာနဲ့ ဒီဟာကို ပေးမယ် "

  " မင်းသဘောအတိုင်းပါပဲ... "

  ပြောပြီးတာနဲ့ သူ့ရဲ့ညာဘက်လက်က လက်ညှိးထိပ်မှာ အနီရောင်အလင်းစက်လေးပေါ်လာပြီး ကျန်းလန်ရဲ့မျက်ခုံးတွေကြားကို ထိဖို့ လှမ်းလိုက်သည်။

  ရုတ်တရက် လေအေးတချက် တိုက်ခတ်သွားပြီး ထို့အတူ အနီရောင်အလင်းတန်းက ရုတ်တရက်ဆိုသလို ကျူ းယွင်ရဲ့လက်ချောင်းတွေဆီ ဘေးဘက်ကနေ ထိခတ်လာသည်။သူလည်း ရုတ်တရက် တိုက်ခိုက်မှုကြောင့် တည်ငြိမ်စွာပဲ နောက်ပြန်ဆုတ်လိုက်သည်။
အနီရောင်ပိုးပဝါစက ကျူ းယွင်ရဲ့ပတ်လည်မှာ လှည့်ပတ်နေပြီး ခဏကြာမှ လာတဲ့လမ်းကြောင်းအတိုင်း ပြန်ထွက်သွားသည်။

  ထိုနှောင့်ယှက်မှုပြီးတဲ့နောက်မှာတော့ သူ့မျက်နာထက်မှာ အန္တရာယ်ရှိတဲ့အပြုံး ပေါ်လာသည်။တဖက်ကိုကြည့်လိုက်တော့ အနီရောင်ဝတ်ထားတဲ့မိန်းမငယ်တစ်ယောက်က သူတို့ဆီ လျှောက်လာနေသည်။

    ထိုမိန်းမငယ်လေးရဲ့ဆံပင်တွေက အနီရောင်ဖဲကြိုးစနဲ့ ချည်နှောင်ထားပြီး သူမရံဲ့ ဖြူနုနုမျက်နာထက် တောက်ပပြီးနက်မှောင်တဲ့မျက်လုံးတွေက ထင်ပေါ်နေသည်။သူမရဲ့မျက်နာထားကတော့ ရန်လိုနေပုံပင်။

   တိုက်ခိုက်လိုအားပြင်းတဲ့ အနီရောင်ပိုးချည်စက သူမပတ်လည်မှာ ဝိုင်းပတ်နေသည်။

ကျူ းယွင်က မျက်လုံးတို့ကို မှေးကျဉ်းလျက်
  " လာရင်းကိစ္စက? "

    ထိုမိန်းမငယ်လေးက အရှေ့ထပ်လှမ်းလာပြီး တပြိုင်ထဲ သူမရဲ့ညာလက်ကို လှုပ်ယမ်းလိုက်ချိန် သူမကို လှည့်ပတ်နေတဲ့အနီရောင်ကြိုးစက အရှေ့ကို လျော့ချလာပြီး နောက်ထပ်တချိန်မှာတော့ ဓားတစ်ချောင်းအဖြစ်က်ု ပြောင်းသွားပြီး ကျူ းယွင်ဆီ တည့်တည့်ပြန်သွားတော့သည်။

   ထိုတချိန်ထဲမှာပဲ အနှီမိန်းမငယ်လေးက လက်နှစ်ဖက်လုံးမှ လက်ချောင်းတွေကို ယှဉ်တွဲပူးကပ်ထားပြီး ကျူ းယွင်ဆီကို ဓားဦးတည့်တည့်စိုက်ဖို့ရန် ပြန်ခွာလိုက်သည်။

    ကျူ းယွင်ကတော့ တည်ငြိမ်နေဆဲပဲဖြစ်ပြီး သူ့ညာဘက်ကို မြှောက်လိုက်တော့ မြှားရှည်တစ်ချောင်းပေါ်လာပြီး အစောက ဓားကို ဦးတည်ပြီး ပစ်ထည့်လိုက်သည်။

  မြှားက ဓားတည့်တည့်ကို ဖောက်သွားသည့်အပြင် တဖက်လူရဲ့လည်ပင်းကို ရှပ်ထိသွားစေသည်။မိန်းမငယ်လေးက ကျိူ းသွားတဲ့ ဓားကိုကြည့်ပြီး သူမရဲ့လည်ပင်းကို လက်ဖဝါးနဲ့သုတ်ကြည့်လိုက်တော့ သွေးထွက်နေတာ တွေ့လိုက်ရသည်။သူမက မျက်မှောင်ကြုတ်လျက် အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူတို့ကြားက ကွာဟချက်ကို နားလည်ပြီးချိန်မှာတော့ ရမ်းရမ်းကားကားလျှောက်မလုပ်ရဲတော့ပဲ သူမလည်း ဒီအတိုင်းသာ ကျူ းယွင်ကို စိုက်ကြည့်လိုက်တော့သည်။

   " ကျင်းယု မင်းဘာတွေလုပ်နေတာလဲ?"
ကျန်းလန် မိန်းမငယ်လေးကို မှတ်မိသွားသည်။ သူမ ဒဏ်ရာရသွားတာမြင်တော့ သူလည်း အမြန်ထသွားဖို့ လုပ်လိုက်သည်။ သို့ပေမယ့် သူက ခြေဗလာပဲဖြစ်နေ၍ ထိုမီးလောင်ခါစ ပြာမှုန့်တွေထဲ ခြေတလှမ်းလှမ်းလိုက်တော့ အပူဒဏ်ကြောင့် နောက်ကို ပြန်ဆုတ်လိုက်ရသည်။

  ကျင်းယုလို့ခေါ်တဲ့ မိန်းမငယ်က ကျန်းလန်ကို ပြောလိုက်သည်။
  " နင် အခြားသူတွေပြောတာကို လျှောက်ယုံမနေနဲ့ "

  ကျူ းယွင်က ရယ်လိုက်ပေမယ့်လည်း သူဒေါသထွက်သွားတာ သိသာသည်။
  " မျှမျှတတလုပ်တယ်ဆိုတာ ငါ့အတွက် ရှားပါးတယ်၊ ငါကသူနဲ့ နှစ်ဦးသဘောတူလုပ်ဖို့ စိတ်ကူးတော့ မင်းက ရောက်လာပြီး ပြသနာရှာတယ် "

  " ရှင်ဘာကို လှည့်စားနေတာလဲဆိုတာ ဘယ်သူသိနိုင်မလဲ? ဒီမှန်ကို ရှင်လိုချင်နေထဲက ကောင်းတာဘာမှမရှိဘူးဆိုတာ သိသာနေတာပဲလေ၊ ပြီးတော့လည်း ရှင့်ကိုယ်ရှင် မသေမျိူ းဆိုပြီး ပြောနေသေးတယ်? ကျွန်မ ရှင့်ကို တခါမှ မမြင်ဖူးဘူး! "

  " အို! မင်းကလည်း မသေမျိူ းနယ်မြေကပဲလား?"
ကျူ းယွင်က သူမကို အံ့အားသင့်ဟန်နဲ့ကြည့်လိုက်ပြီး သူ့အကြည့်ထဲမှာ မကောင်းတဲ့အငွေ့အသက်တွေလည်း ကပ်ပါသွားသည်။
  " ငါမင်းကို သတ်လိုက်ရင်ကော.. မသေမျိူ းနယ်မြေက ငါ့ကိုရှာဖို့အတွက် တစ်ယောက်ယောက်ကို လွှတ်လိုက်နိုင်လား?"

  ကျင်းယုက သူမရဲ့လက်ချောင်းတွေကို လှုပ်ရှားလိုက်ပြီး အစောက အနီရောင်ကြိုးစကို သိမ်းဆည်းလိုက်သည်။သူမက ကြောက်စိတ်ကို ဖုံးကွယ်ပြီး ကျန်းလန်ကို ပြောလိုက်သည်။
   " အားလန် မှန်ကို သေချာသိမ်းထားလိုက်၊ သူ့ကို လုံးဝ မပေးနဲ့ "

   ကျန်းလန်က ကျင်းယုအပေါ် အမြင်ကောင်းရှိသည်။ သူမစကားကို ကြားတာနဲ့ သူလည်း မှန်ကို အမြန်သိမ်းလိုက်သည်။

   ကျူ းယွင်က စုတ်သပ်လိုက်ပြီး အရင်သူ့ရဲ့သိမ်မွေ့မှုတွေ ပျောက်ပြီး စိတ်မရှည်ရိပ်တို့ အစားဝင်လာသည်။
    " ရံဖန်ရံခါလောက် အကြမ်းမဖက်ပဲနေကြည့်တာကို အခုတော့ မင်းက တွန်းအားပေးနေတာပဲ "

   ကျူ းယွင်ရဲ့လက်ဖဝါးထပ်မှာ အနီရောင်အလင်းတန်းတွေ စုဝေးလာပြီး ရုတ်တရက်သိပ်သည်းလာတဲ့လေထုကြောင့် သူ့နားပတ်လည်မှာ သတ်ဖြတ်ရိပ်တို့ ပြင်းထန်သွားသည်။

  ကျင်းယုကလည်း လှုပ်ရှားလိုက်ပြီးတော့ အနီရောင်ကြိုးစကို ကျန်းလန်ဆီ ပို့လွှတ်လိုက်ပေမယ့် ကျူ းယွင်က လမ်းတဝက်မှာတင် ကြိုးစကို ထိန်းလိုက်နိုင်သည်။သူက ပြုံးလျက် လက်သီးဆုပ်လိုက်သည်။ပတ်ပတ်လည်မှာရှိနေတဲ့ တန်ပြန်အားက စုဝေးသွားပြီး ကျန်းယုရဲ့ရင်ဘတ်ဆီကို တိုက်မိ၍ တပြိုင်နက်ထဲ သူမကိုပါ လွှင့်ထွက်သွားစေသည်။သူမက နံရံတဖက်နဲ့ ဆောင့်မိ၍ နံရံပါတစစီပြိုကွဲသွားပြီး သူမပြန်ပြုတ်ကျချိန်မှာပဲ ထိုအုတ်ကျိူ းတွေက သူမအပေါ် တပါတည်း ပြုတ်ကျလာတော့သည်။

   ကျန်းလန်ကိုလည်း အားသက်ရောက်သွားပေမယ့် သူကကော လွှင့်မထွက်သွားပေ။ အကာအကွယ်တစ်ခုက ထိုတိုက်ခိုက်ချက်ကို ကာပေးလိုက်သလိုမျိူ းပင်။ သူက ဒူးထောက်လဲကျပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

  ထိုမြင်ကွင်းကြောင့် ကျူ းယွင် အံ့ဩသွားသည်။
  " မင်းက သရဲဖြစ်သွားတာတောင် သွေးအန်လို့ရနေအုံးမယ်လို့ ငါမထင်မိခဲ့ဘူး "

  ကျန်းလန်က ပါးစပ်ထဲရှိသမျှသွေးတွေကို အန်ထုန်လိုက်ပြီးမှ
  "ကျွန်တော့်ကို သတ်လိုက်ပါ...အစီအရင်က ရှုပ်ထွေးနေပြီ...ခင်ဗျားလည်း အဆုံးသတ်ကောင်းလောက်မှာမဟုတ်ဘူး "

  ကျူ းယွင်က ပြုံးလျက် တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။
  " ဒါဆိုလည်း အစီအရင်ထဲက လူတိုင်းကို သတ်ပစ်လိုက်မယ်လေ...အဲ့ဒါက မင်းရဲ့ဆန္ဒပဲလေ...မဟူတ်ဘူးလား? အဲ့လိုသာဆို မင်းလည်း အကျိူ းရှိသွားမှာ "

   " ကျွန်တော် မဟုတ်.... "

  " အို အဲ့လိုလား..."
ကျူ းယွင် ပျော်ပျော်ပဲ ပြုံးရယ်လိုက်သည်။
  "မင်းက ဖန်ကျောင်းကျွင်းကို အမုန်းဆုံးပဲ.. ဆိုတော့ ငါက သူ့ကိုဖမ်းမယ် ပြီးရင် မသတ်ခင်တော့ ကောင်းကောင်းနှိပ်စက်လိုက်အုံးမယ်...ဒါက မင်းရဲ့နောက်ဆုံးဆန္ဒကိုပါ ပြည့်သွားစေတာပေါ့.... ပြီးရင် မင်းရဲ့ဝိညည်လည်း အေး၂ချမ်း၂ နေနိုင်သွားတာပေါ့.."

    ထိုစကားတွေက ကျန်းလန်ကို ထိတ်လန့်သွားစေသည်။ သူပြောမယ်ကြံတော့ ရင်ဘတ်ထဲက နာကျင်မှုက ဆူတက်လာပြီး နှုတ်ခမ်းထောင့်ကနေ သွေးတို့ ယိုကျလာသည်။ထို့အတူ မျက်ရည်များပါ ကပ်ပါလာပြီး သူကစကားကို အားယူပြီး ပြောသည်။
  " သူ့ကို...မထိနဲ့..."

  ကျူ းယွင်က ရှင်း၂လင်း၂မကြားလိုက်၍ ပြန်မေးလိုက်သည်။

  သို့ပေမယ့် ကျန်းလန်မပြောလိုက်နိုင်ခင်မှာပဲ နောက်နားက အပျက်အစီးတွေကြားကနေ အသံ ထွက်လာသည်။ ကျူ းယွင်က မျက်ခံူးတဖက်ပင့်လျက် လှည့်ကြည့်လိုက်တော့ ကိုယ့်ခြေထောက်ကိုယ် အနိုင်နိုင်ထိန်းနေရတဲ့ ကျင်းယုကို တွေ့လိုက်သည်။သူမက ယိုစီးကျနေတဲ့ သွေးတွေကို လက်ခုံနဲ့ အမြန်သုတ်လိုက်ပြီး ကျူ းယွင်ကို ပြောလိုက်သည်။
  " ရှင် ကျွန်မကို မသတ်နိုင်သေးပဲ အဲ့လိုလုပ်လို့ရမယ် ထင်မနေနဲ့ "

  " မသေမျိူ းတစ်ယောက်ကို သတ်လိုက်တာရဲ့ နောက်ဆက်တွဲ ရလာဒ်ကို ရှင်ရင်ဆိုင်ရဲလို့လား?"

" ဘာကြောင့် မရဲရမှာပါလိမ့်? ငါသတ်ခဲ့ပြီးတဲ့ မသေမျိူ းဘယ်လောက်ရှိပြီလဲတောင် ငါမမှတ်မိတော့ဘူး "
  စိတ္တဇဆန်တဲ့အပြုံးက ကျူ းယွင်ရဲ့ချောမောတဲ့ မျက်နာထက်မှာ ပေါ်လာပြီး သူ့အကြည့်ကလည်း သွေးဆာနေသည်။
  " အဲ့စာရင်းထဲကို မင်းကိုပါ ပေါင်းထည့်လိုက်ရင်တောင်..... ပြသနာရှိမနေဘူး "

   ပြီးတာနဲ့ သူက မြှားတစ်ချောင်းကို ဖန်ဆင်းလိုက်ပြီး ပြင်းထန်တဲ့မီးဓာတ်အငွေ့အသတ်ပါတဲ့ မြှားဦးထိပ်က ကျင်းယုဘက်ကို ဦးတည်နေသည်။

  " မိုးနတ်မင်းရေ...သူက တကယ်ကို မိုက်မဲတဲ့သူပဲ"
ကျင်းယုက အံကို ကြိတ်၍ ရေရွှတ်လိုက်သည်။ သူမရဲ့လက်ချောင်းတွေကို လှုပ်ရှားလိုက်တော့ အနီရောင်ကြိုးစကို ပြန်ထွက်လာပြီး  မြေပြင်ကို ရိုက်ခတ်လျက် နောက်ထပ် ၁၀ချောင်းထပ်ပြီး ကွဲထွက်သွားသည်။

   အနီရောင်ကြိုးစတွေက ကျူ းယွင်ရဲ့မြင်ကွင်းကို ပိတ်သွားသည်။ သူက အံကိုကြိတ်လျက် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး
  " ငါက အနီရောင်ကိုအကြိုက်ဆံူးပဲ"

    ပြောပြီးတာနဲ့ သူ့လက်ထဲမျှားက မိုးကြိုးတစ်စင်းကဲ့သို့ လေကိုခွင်းပြီး ကျင်းယုဆီ ပျံထွက်သွားသည်။တချိန်ထဲမှာပဲ လေထဲမှာကခုန်နေကြတဲ့ အနီရောင်ကြိုးစတွေက သူ့ဆီကို ပျံ့သန်းလာသည်။ကျူ းယွင် သူ့လက်ကို ဝေ့ယမ်းလိုက်တော့ ထိုကြိုးစတွေအကုန်လုံး အပိုင်းပိုင်းပြတ်ကုန်ပြီး နှင်းဆီဖတ်များကဲ့သို့ လွှင့်ပျံကုန်သည်။

    ကျူ းယွင်က ကခုန်ပျံဝဲနေကြနဲ့ ပိတ်အပိုင်းစတွေကနေ ဖြတ်ပြီး ကြည့်လိုက်တော့ ကျင်းယုရဲ့မျက်နာထက်က ဆုံးဖြတ်ချက်ခိုင်မာနေတဲ့ အဓ်ပ္ပါယ်ဆောင်တာကို တွေ့လိုက်ရသည်။ရုတ်တရက် သူ့ရင်ထဲမှာ နှလုံးအောင့်စေတဲ့နာကျင်မှုက လှိုက်တက်သွားသည်။ကျင်းယုဆီကို ပျံသန်းသွားနေတဲ့ မျှားက ရုတ်တရက် လထဲမှာ ရပ်သွားသည်။

   မျှားရဲ့အရှိန်နဲ့ ကပ်ပါလာတဲ့ လေထုကြောင့် ကျင်းယုရဲ့ ဝတ်ရုံအစွန်းစတွေနဲ့ဆံနွှယ်တို့က လေထဲ လွှင့်သွားပေမယ့် ထိခိုက်မှုသေးသေးလေးတောင် ရှိမသွားပေ။ ခုနက ရပ်သွားတဲ့ မျှားကတော့ ပြာအဖြစ် ပျောက်ကွယ်သွားသည်။

ကျင်းယုက သက်ပြင်းကို လေးကန်စွာချလိုက်ပြီး သူ့ကို ကျိန်ဆဲလိုက်သည်။
  " son of a b***h နောက်ဆုံးတော့ နင်က ငါ့ထိန်းချူပ်မှုအောက်ကို ရောက်သွားပြီ "

   မယုံကြည်နိုင်စွာနဲ့ ကျူ းယွင်က သူ့ရင်ဘတ်ကို ဖိနှိပ်၍ မျက်မှောင်ကြုတ်သွားသည်။ သူခေါင်းငုံ့ကြည့်လိုက်တော့ သူ့ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်မှာ တွယ်နေတဲ့ အနီရောင်ကြိုးစကို တွေ့လိုက်ရသည်။သူ့ရဲ့ ကျဉ်းမြောင်းနေတဲ့ မျက်လုံးတို့က ထိုကြိုးစရဲ့ အဆုံးသတ်ကို လိုက်ကြည့်တော့ ကျင်းယုရဲ့ညာဘက်လက်ကောက်ဝတ်ဖြစ်နေသည်။

  " မိန်းမယုတ် ဒါကဘာလဲ?"
ကျူ းယွင်က ဒေါသအကြီးအကျယ်ထွက်သွားပြီး ထိုကြိုးစကို ဖျက်စီးဖို့လုပ်ပေးမယ့် သူလုပ်လိုက်တိုင်း သူ့ရင်ဘတ်ထဲက ထိုးအောင့်တက်သွားသည်။ သူလည်း တုန်လှုပ်သွားပြီး ချက်ချင်းပြန်လွှတ်လိုက်တော့သည်။

  ကျူ းယွင်က ဘာကိုမှမကြောက်တတ်ဘူး...
နာကျင်မှုက လွဲရင်ပေါ့...

  ကျင်းယုလည်း စိတ်သက်သာရာရသွားပြီး လဲကျနေတဲ့ ကျန်းလန်ကို တချက်ကြည့်ပြီးမှ ကျူ းယွင်ကို ထပ်ပြီး ကျိန်ဆဲလိုက်ပြန်သည်။
  " ပျက်စီးနေတဲ့အရူးကောင်.. နင့်ရဲ့ကံကြမ္မာကို လက်ခံပြီး ငါ့ကို အရှုံးပေးလိုက်တော့ "

  ကျူ းယွင် တခါမှ ထိုကဲ့သို့ အပြောမခံရဖူးပေ။ သူ့မျက်လုံးတွေက ပြူ းကျယ်သွားပြီး ဒေါသထွက်လွန်း၍ စကားရှာမရ ဖြစ်နေတော့သည်။
  " မင်း...မိန်းမယုတ်၊ ငါမင်းကို သတ်မယ်၊ ငါမင်းကို သတ်ပစ်မယ်!" 

  ပြောပြီးတာနဲ့ သူ့လက်ဖဝါးမှာ အနီရောင်အလင်းတန်းတွေပေါ်လာပြီး ကျင်းယုကို သတ်ဖို့အတွက် ဦးတည်လိုက်ချိန် သူ့ရင်ထဲက စူးအောင့်သွားပြန်သည်။ထိုတချိန်ထဲမှာ ကျူ းယွင်က စွမ်းအားကို ပြန်ဖျောက်လိုက်တော့ နာကျင်မှုက ပြန်ပျောက်သွားပြန်သည်။

   ထိုမြင်ကွင်းကြောင့် ကျင်းယု မထိန်းနိုင်၍ အော်ရယ်လိုက်သည်။သို့ပေမယ့် သိပ်မကြာခင်မှာပဲ သူမရဲ့ရယ်သံနေရာမှာ နောင်တရနေတဲ့ ငိုသံက အစားဝင်သွားသည်။
"  ငါ့ရဲ့ အချစ်နှောင်ကြိုးလေးးး.... ရှင်စောင့်နေလိုက်တော့ ကျွန်မက ရှင့်ကို မသေမျိူ းနယ်မြေကို ခေါ်သွားပြီး ရှင့်ကို ထောင်ထဲမှာ နှစ်ပေါင်း၈၀၀လောက် နေလို့ရအောင် မသေမျိူ းအရှင်ကို တောင်းဆိုပေးမယ်"

   ထိုစကားကြောင့် ကျူ းယွင်ရဲ့ ပခုံးတို့က ပုကျသွားသည်။သူလက်မှာ တွယ်နေတဲ့ ကြိုးစကို သူပြန်ကြည့်လိုက်မိသည်။ ထို့နောက် မျှော်လင့်ချက်မဲ့စွာနဲ့ ငိုယိုနေတဲ့ မိန်းမငယ်ကို ပြန်ကြည့်လိုက်ပြီး
  " အချစ်နှောင်ကြိုး? မင်းက မသေမျိူ းနယ်မြေက နှောင်ကြိုးမသေမျိူ းပေါ့?"

   နယ်မြေ၆ခုလံူးထဲမှာမှ ထိုနှောင်ကြိုးအကြောင်းကို အနည်းငယ်လောက်သာ သိကြသည်။ ကျူ းယွင်လည်း အပါအဝင်ပေါ့။

   နှောင်ကြိုးမသေမျိူ းကို ယွဲ့လောင် လို့လည်း သိကြပြီး သူကလူ့လောကရဲ့ လက်ထပ်ခြင်းအမှုကို ထိန်းချူ ပ်ထားသည်။အချစ်စာအုပ်တို့ နှောင်ကြိုးတို့ဖြင့် သေမျိူ းလောကရဲ့ အချစ်ဇာတ်လမ်းတွေကို ဖန်တီးကြသည်။

  သို့ပေမယ့် နှောင်ကြိုးမသေမျိူ းတို့ရဲ့ အစွမ်းထက်ဆုံးလက်နက်ကတော့ အချစ်နှောင်ကြိုးဖြစ်သည်။ထိုမသေမျိူ းတွေက သူတို့နှစ်သက်တဲ့ သူကို ထိုကြိုးနဲ့ ချည်နှောင်လိုက်တာနဲ့ ထိုလူကလည်း သူတို့ကို လုံးဝ မလွန်ဆန်နိုင်တော့ပေ။

      နာကျင်မှုကို မနှစ်သက်တဲ့ ကျူ းယွင်အဖို့
ထိုကဲ့သို့ တုတ်နှောင်ခံရတာ သူ့မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားသလိုပင်။ သူက အံကို တင်းတင်းကြိတ်လျက်
   " မင်းလို ရုပ်ဆိုးတဲ့မိန်းမကို ကြိုက်ရမယ့်အစား ဒီကြိုးကိုပဲ ဖျက်စီးပစ်လိုက်မယ်ကွ!"
 
  " လုပ်ကြည့်ပေါ့ ၊ နင့်နှလုံးတခုလုံးကို တူးဆွခံရတဲ့ ခံစားချက်ကို မြည်းကြည့်ချင်ရင်လည်း သဘောပဲလေ "
  ကျင်းယုလည်း ပြောစရာရှိတာပြောပြီးနောက် ထိုင်ချလိုက်၍ အစောက ဒဏ်ရာတွေကို ပြန်ကုနေလိုက်သည်။

   သူမကလည်း ရွှေးစရာမရှိတဲ့အဆုံးမလို့ လုပ်လိုက်ရတာပင်။ ထိုနှောင်ကြိုးလေးကို တနေ့သူမသဘောကျတဲ့သူများ ပေါ်လာရင် အသုံးပြုဖို့အတွက်ဆိုပြီး သိမ်းထားတာဖြစ်သည်။ အခုတော့ သူမရဲ့အဖိုးတန်ြကိုးလေးကို သူမအသက်ကို ကယ်တင်ဖို့အတွက်သာ သုံးလိုက်ရ၍ သူမလည်း အသည်းကွဲနေတော့သညိ။

   ကျူ းယွင်လည်း တဖက်ကိုလှည့်လိုက်ပြီး သူ့ခေါင်းထဲက ဒေါသတွေ မနှစ်မြို့မှုတွေကို ဖယ်ထုတ်ပြီး တည်ငြိမ်အောင် လုပ်နေရသည်။

   သူ သူမကို သတ်လို့မရဘူး၊ ရိုက်လို့မရဘူး ယုတ်စွအဆုံး ဆူပူလို့တောင်မရဘူး။ထိုအတွေးနဲ့မှပဲ ကျူ းယွင်လည်း စိတ်ဓာတ်အကြီးအကျယ်ကျသွားတော့သည်။

   လူအိုကြီးတစ်ယောက် ဝရုန်းသုန်းကားနဲ့ ရောက်လာတော့ ပြာပုံအလယ်က သန့်ရှင်းတဲ့တနေရာလေးမှာ သတိမေ့နေတဲ့ ကျန်းလန်ကို တွေ့လိုက်ရသည်။ဘေးမှာ ရပ်နေတဲ့ ကျူ းယွင်ရဲ့မျက်နာကတော့ မီးသွေးခဲထက်တောင် မဲနေသည်။ကျင်းယုကတော့ တဖက်မှာ တရားထိုင်နေပြီး ဒဏ်ရာကို ကုစားနေသည်။

     သူလည်း ကျန်းလန်ဆီကို စိတ်ပူစွာနဲ့ ပြေးသွားလိုက်သည်။ ကျန်တဲ့သူတွေကို မေးကြည့်ဖို့လုပ်တော့ သူ့ကိုပြန်စိုက်ကြည့်လာတဲ့ ကျူ းယွင်ကိုသာ တွေ့လိုက်ရသည်။ သူ့အကြည့်က : 'ကျူ ပ်အခု သောက်ရမ်းစိတ်တိုနေတယ် ကျူပ်ကို မနှောင့်ယှက်နဲ့' လို့ပြောနေသလိုပင်။

    လူအိုကြီးလည်း သိချင်စိတ်ကို ပြန်မျိူ ချပြီး ကျန်းလန်ရဲ့ဒဏ်ရာကိုသာ စစ်ဆေးကြည့်လိုက်သည်။

   ကျန်းလန်က သတိမေ့နေဆဲပဲမလို့ မြေပြင်ပေါ်က်ု ညင်သာစွာနဲ့ ချပေးလိုက်ပြီး သူလည်း ကျင်းယုဆီကို သွားလိုက်သည်။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမပခုံးတဖက်ကို ထိလိုက်၍
  " ကျင်းယု "

  ကျင်းယုလည်း ကုသခြင်းကို အနှောက်ယှက်ခံလိုက်ရ၍ မျက်လုံးဖွင့်ကြည့်တော့ လူအိုကြီးကို မြင်တာကြောင့်
  " အခုကျွန်မတို့က အစီအရင်ရဲ့ ဘယ်နေရာမှာလဲ? အဲ့တာကို ဖျက်စီးဖို့အတွက် နည်းလမ်းကော တွေ့ပြီလား?"

  လူအိုကြီးက ခေါင်းခါလိုက်ပြီး ပြန်မေးလိုက်သည်။
  " မင်းဘာဖြစ်ထားတာလဲ? ဒဏ်ရာတွေက ပြင်းထန်နေလား?"

  " ကျွန်မအဆင်ပြေပါတယ်... ဒါပေမယ့် အဲ့a**hole က အာလန်ကို အကုန်လုံး ပြောပြတော့မလို့လေ"
ကျင်းယုက ကျူ းယွင်ဘက်ကို မျက်စပစ်ပြပြီး ပြောလိုက်သည်။

   ကျူ းယွင်က ဒေါသပြန်ထွက်သွားပေမယ့်လည်း သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး အပေါ်ယံအပြုံးလေးကို ဆင်မြန်းလိုက်သည်။
  " မိန်းကလေး...ငါ့ကို တချိန်မှာ bas**rdလို့ ခေါ်ပြီး နောက်တချိန်မှာ a**holeလို့ ခေါ်တာကို ရပ်လိုက်ပါတော့၊ ငါ့မှာနမည်ရှိတယ်၊ ကျူ းယွင် "

  ထိုနမည်ကြောင့် ကျင်းယုရဲ့ မျက်လုံးတို့က ထိတ်လန့်စွာနဲ့ ပြူ းကျယ်လျက်
  " ဇာမဏီ...." 

  သူမရဲ့စကားကို အဆုံးမသတ်ရသေးခင်မှာပဲ သူမရဲ့မျက်လုံးတွေက လှည့်ပတ်သွားပြီး သတိမေ့သွားတော့သည်။

  ထိတ်လန့်စွာနဲ့ လူအိုကြီးက သူမကို ၂ခါလောက် ခေါ်လိုက်ပေမယ့် သူမက နိုးထမလာတော့ပေ။ သူလည်း ကျူ းယွင်ဘက်ကို ပြန်လှည့်လိုက်သည်။
  " ဇာမဏီနတ်ဘုရားမျိူ းနွှယ်စုရဲ့ ရောက်ရှိလာမှုက ကျင်းရွှမ်လိုမြို့ငယ်လေးအတွက်တော့ ဂုဏ်ယူစရာပါပဲ၊ ဘာလို့များ မင်းက ဒီလိုသေမျိူ းတွေနဲ့ သာမန်မသေမျိူ းတွေကို ခက်ခဲအောင် လုပ်နေရတာလဲ?"

  နောက်ဆုံးတော့ ကောင်း၂မွန်၂ ပြောဆိုလို့ရမယ့် လူကို ကျူ းယွင်တွေ့သွားခဲ့သည်။
  " ကျူ ပ်က မှန်ကို ငှားချင်ရုံပါ ၊  ဒီမိန်းကလေးကသာ ကျူိ းသင့်ကြောင်းသင့်မရှိပဲ ကျူ ပ်ကို သတ်ချင်နေတာ "

" ဘာလို့ မင်းက မှန်ကို လိုချင်နေတာလဲ?"

" တစ်ယောက်ယောက်ကို ရှာမလို့ "
 
"ဘယ်သူလဲ?"

  " လော့မူကော "{lord of devil:Mo zun}
ကျူ းယွင်က ဖံူးကွယ်မထားပေ။

  " ငါမင်းကို ကူညီပေးနိုင်တယ် ၊ ဒါပေမယ့် အပြန်အလှန်အနေနဲ့ ဒီကိစ္စထဲကို မင်းဝင်မပါပါနဲ့ "
လူအိုကြီးက အသံကို နိမ့်ပြောသည်။

   ကျူ းယွင်ကလည်း လက်အညစ်ပတ် မခံချင်ပေ။ သူက ကျင်းယုကို ညွှန်ပြလိုက်ပြီး
  " သူ့ကိုသာ ကြိုးဖြတ်ပေးဖို့ ပြောလိုက်"

  " အချစ်နှောင်ကြိုးကို ချည်နှောင်ပြီးတာနဲ့ ပြန်ဖြတ်ဖို့ နည်းလမ်းလုံးဝမရှိတော့ဘူး၊ မဟုတ်ရင်...."
လူအိုကြီးရဲ့စကားက ပေါက်ကွဲသံတွေကြောင့် ဖြတ်တောက်ခံလိုက်ရသည်။

    သူတို့၂ယောက်လုံး အသံမြည်တဲ့ဘက်ကို အပြိုင်လှည့်ကြည့်လိုက်ကြတော့ လေထဲကို ဆန်တက်သွာတဲ့ မီးခိုးလံူးတွေနဲ့အတူ အနီရောင်ဟပ်သွားတဲ့ ကောင်းကင်ကို တွေ့လိုက်ရသည်။ပြင်းထန်တဲ့အားက သူတို့တွေအပေါ် သက်ရောက်လာ၍ လူအိုကြီးပင် ဒူးထောက်ကျသွားသည်။

  ကျူ းယွင်သာလျှင် အေး၂ဆေး၂ နေနိုင်တာပင်။သူက 'အို' လို့ ရေရွှတ်လိုက်ပြီး
  " ကျွန်တော့်အကို ပါ ရောက်နေတာပဲ "

Continue Reading

You'll Also Like

1.7M 69.2K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...