Desharow's Merman

By Wine-Y

239K 25.2K 1.2K

Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... More

My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
Arc-2
Chapter(26)
Chapter(27)
Chapter(27)
Chapter(29)
Chapter (30)

အခန်း(၂)လျှို့ဝှက်အစီအစဉ်

6.8K 882 40
By Wine-Y

အခန်း(၂) လျို့ဝှက်အစီအစဉ်

Warning(အရမ်းကြီး မဆိုးဝါးပေမယ့်) Rape နှင့်ပတ်သတ်သောအပြောအဆို နှင့် အပြုအမူများ ပါဝင်ပါသည်။

———————

[ဇူလိုင်လ ၁၈ရက် ၁၉၉၀၊

မနက်အစောပိုင်း၌။

ရိုင်းရဲ့ ဖြောင်းဖျမှုနဲ့ ရေသူထီးကို ပထမဆုံးအကြိမ်အဖြစ် အသေးစိတ်စစ်ဆေးကြည့်ချင်သည့် ကျွန်တော့်ရဲ့စိတ်ကို ထိန်းချုပ်လိုက်ရတယ်။ ဒါပေမယ့် ဒေတာအချက်အလက်တွေထဲမှာ ရေသူမျိုးနွယ်တွေက လင်းပိုင်မျိုးနွယ်တွေနဲ့ ပုံစံတူရှိပြီး သူတို့ရဲ့ ဥာဏ်ရည်ကလည်း မြင့်မားကြတယ်လို့ ဆိုထားတယ်။ ဒါကြောင့် သူတို့ ဖမ်းဆီးခံလိုက်တဲ့အချိန်ပဲဖြစ်ဖြစ် လုံခြုံမှုမရှိဘဲ ချုပ်နှောင်ခံလိုက်ရတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် .... အဲ့လိုအကြောင်းအရာတွေက သူတို့ရဲ့ ရှင်သန်မှုအပေါ် အများကြီး သက်ရောက်မှုဖြစ်သွားတယ်။ ဥပမာ ... သူတို့ကိုယ်သူတို့ သတ်သေလိုက်တာမျိုးပေါ့။

အခု ဖမ်းမိထားတဲ့ ရေသူထီးကလည်း တကယ့်ကိုရှားပါးလွန်းတဲ့ရတနာတစ်ပါးဖြစ်တာကြောင့် သူ့အသက်ဆုံးရှုံးသွားမှာမျိုးကိုတော့ ကျွန်တော်လုံးဝခွင့်ပြုနိုင်မှာ မဟုတ်ဘူး။

အဲ့တာက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘဝပျက်စီးသွားဖို့အထိ ဘေးဖြစ်စေတယ် ဆိုရင်တောင်မှလေ။]

-------------------Desharow's Merman--------------

ထိုအကြောင်းတွေကို ကျွန်တော့်ရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ ထိမိလှတဲ့ တစ်ပိုဒ်တည်းသော စာကိုယ်နဲ့ အောက်ခြေနားက ခိုင်မာတဲ့ ကျွန်တော့်ရဲ့ ဆုံဖြတ်ချက်နဲ့အတူ နက်နဲလှတဲ့ မှင်ရည်နဲ့ နက်ရှိုင်းနေအောင် ရေးမှတ်ထားခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်အစုံက မဲမှောင်နက်ရှိုင်းလှတဲ့ ရေသူထီးရဲ့ မျက်ဆံအောက်ခြေမှာ နစ်မြုပ်နေသလိုပဲ၊ အခုချိန်ထိ သူ့အပေါ် စွဲလမ်းစိတ်ဖြစ်နေပြီး ကျွန်တော့်နောက်ကျောဆီက အေးစိမ့်စိမ့်ခံစားချက်တွေလည်း အခုထိ ကျန်ရှိနေဆဲ ဖြစ်နေသည်။ ထိုအေးစိမ့်မှုက ကျွန်တော့်တစ်ကိုယ်လုံး မတုန်ရီပဲ မနေနိုင်လောက်အောင် ဆိုးဝါးလွန်းသည်။

[ညနေမစောင်းခင်အချိန်မှာ လင်းပိုင်းတွေကို ထိန်းကျောင်းတဲ့နည်းလမ်းအတိုင်း ရေသူထီးကိုလည်း ယဉ်ပါးအောင်လုပ်ဖို့အတွက် အစီအစဉ်ချမှတ်ခြင်းကို ကျွန်တော်စတင်ချင်ခဲ့တယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ အဲ့ဒီရေသူထီးရဲ့ ဉာဏ်ရည်က ဘယ်လောက်ထိမြင့်သလဲဆိုတာ မသတ်မှတ်နိုင်သေးဘူးလေ။ အဲ့တာကြောင့် သူ့ကို ယဉ်ပါးအောင် ထိန်းကျောင်းဖို့ထက် သူ့ရဲ့လုံခြုံမှုအတွက်မစိုးရိမ်ဘဲ ကျွန်တော့်အပေါ် ယုံကြည်လက်ခံနိုင်ဖို့ကို မျှော်လင့်ရင်း သူနဲ့ အရင်ဆုံး ရင်းနှီးအောင်လုပ်ကြည့်ဖို့ ကြိုးစားချင်ခဲ့တယ်။ ]

ဒုန်း ဒုန်း ဒုန်း —

အခန်းတံခါးခေါက်သံ တဒုန်းဒုန်းက ရုတ်တရက်ထွက်ပေါ်လာသည်။

"ဒက်ရှဲရိုး ....?"

ထိုအသံက ရိုင်းရဲ့အသံ။ ကျွန်တော် ဒိုင်ယာရီစာအုပ်ကို ခပ်မြန်မြန်ပဲပိတ်ချလိုက်ပြီး သူရှာမတွေ့ဖို့ ပွင့်ဟနေတဲ့ အိပ်ရာချုပ်ရိုးကြောင်းထဲ ထိုးထည့်လိုက်သည်။ ဒီအကြောင်းကိုသာ ရိုင်းရှာတွေ့ခဲ့ရင် သေချာပေါက် သူကျွန်တော့်ကို တားတော့မှာ။ ရေသူမျိုးနွယ်ကလည်း သွေးဆာနေတဲ့ သတ္တဝါတစ်မျိုးပဲလို့ ရိုင်းက အမြဲတမ်း ယုံကြည်ထားခဲ့သည်။ သူတို့က ငါးမန်းတွေလို ရိုင်းစိုင်းကြမ်းကြုတ်ပြီး အပြုအမူတော်တော်များများကိုလည်း အနီးကပ်ရှိနေမှသာ သတိပြုနိုင်သည်။ ဒါပေမယ့် ရိုင်းက ကျွန်တော့် ဆရာဖြစ်တဲ့အပြင် အခုလိုစိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇီဝဗေဒဆိုင်ရာ သုတေသနပြုမှုမှာတော့ သူ့ရဲ့ ကျွမ်းကျင်မှုက ကျွန်တော့်ထက် သာလွန်နေတာကြောင့် သူ့ရဲ့ယုံကြည်မှုအပေါ် အမြင်ပြောင်းလဲဖို့ကို ကျွန်တော် မတတ်နိုင်ခဲ့ဘူး။

ဒိုင်ယာရီစာအုပ်ကို ဖွက်ပြီးမကြာခင်မှာပဲ ရိုင်းက အခန်းတံခါးကိုတွန်းဖွင့်ပြီး အထဲသို့ဝင်လာသည်။ သူက ရိုးရှင်းစွာပဲ အိပ်ရာပေါ်မှီချလိုက်ပြီး ထိုကဲ့သို့သော သူ့ရဲ့ နီးကပ်လာတဲ့အပြုအမူတွေကို မျက်စောင်းဖြင့်မကြည့်မိခင် ကျွန်တော့်ရဲ့ မျက်လုံးတွေကို အကြီးအကျယ်အိပ်ချင်နေသည့်ကြားက အတင်းအကြပ်ဖွင့်ထားရသလို ပုံစံမျိုးဖြစ်အောင် ပြုလုပ်လိုက်သည်။

သူရဲ့အရိပ်တစ်ဝက်က ကျွန်တော့်အပေါ်အုပ်မိုးကျနေပြီး သူက ခါးကိုကုန်းပြီး ကျွန်တော့်ကို ငုံ့ကြည့်လာသည်။

"အိပ်ချင်ယောင်ဆောင်နေတာ တော်လိုက်တော့။ မင်း ကုတင်ပေါ်ခုန်တက်လိုက်တဲ့ အသံကို ငါ ကြားလိုက်တယ်"

ကျွန်တော် မျက်လုံးကိုပြန်မှိတ်လိုက်ပြီး သူ့ကို လစ်လျူရှုလိုက်သည်။ ကျွန်တော့်ရဲ့ ဖြေဆည်မရအောင်အိပ်ချင်နေသည့် ဟန်ဆောင်မှုအတွက် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသလို နှုတ်ခမ်းကိုလည်း ပြွတ်ခနဲမြည်အောင် အသံပြုလိုက်သေးသည်။ အချိန်ခနလောက်ကြာသွားသည်အထိ သူကတော့ စိတ်ရှည်ရှည်နဲ့စောင့်နေပုံရသည်။ သို့ပေမယ့် နောက်ပိုင်းမှာ သူက ဒဏ်ရာရထားတဲ့ ကျွန်တော့်လက်တစ်ဖက်ကို ဖမ်းဆွဲလာသည်။ သူ ဘာတွေလုပ်နေတာလဲ အံ့ဩမိတဲ့အချိန်မှာပဲ အေးမြမှုတစ်ခုကိုခံစားလိုက်ရပြီး ထို့နောက်တစ်ဆက်တည်းမှာပဲ ကျွန်တော့်ခန္ဓာကိုယ်အတွင်းပိုင်းကို စုတ်ပြတ်သွားစေလောက်သည့် နာကျင်မှုမျိုးကို ခံစားလိုက်ရသည်။ ထိုနာကျင်မှုကြောင့် အိပ်ရာပေါ်မှ ထမခုန်လိုက်ခင်မှာပဲ ကျွန်တော့်မျက်လုံးတွေကို မြန်မြန်ဖွင့်ကြည့်လိုက်တော့ 'ထိုလူကြီးက အရက်ပြန်စွတ်ထားတဲ့ ဂွမ်းလုံးနဲ့ ကျွန်တော့်ဒဏ်ရာကို ပွတ်သုတ်ပေးနေတာကို တွေ့လိုက်ရသည်။

"ဘယ်လောက်‌တောင် မုန်းစရာကောင်းလိုက်လဲ။ ခင်များကျွန်တော့်ကို သေလောက်အောင် နာကျင်စေဖို့ ရည်ရွယ်ပြီး လုပ်နေတာလား။ "

ကျွန်တော်က သူ့ကိုစိန်စိန်ဝါးဝါးစိုက်ကြည့်လိုက်ပြီး အစွယ်တွေပါ ထုတ်ပြလိုက်သည်။ သို့ပေမယ့် ကျွန်တော့်ရဲ့လက်မောင်းက ထိုသူရဲ့ခိုင်မြဲစွာ ဖမ်းဆုပ်ကိုင်ထားခြင်းအပေါ် အသာတကြည်လိုက်ပါသွားခဲ့သည်။ သူက ကျွန်တော့်ကိုသေချာမကြည့်ပေမယ့် ဒဏ်ရာကိုပွတ်သုတ်ပေးနေရင်းဖြင့် အန္တရာယ်ရှိသည်ဟု ယူဆရသော သူ့ဘက်ကအနိုင်ရသွားခြင်းကို အာရုံစိုက်ထားခြင်းမရှိဘဲ မျက်ခုံးတန်းတန်းကိုမြှင့်တင်ကာ ဖော်ပြခဲ့သည်။ ကျွန်တော်က သွားကိုကြိတ်ခဲလိုက်ပြီး နာကျင်မှုအပေါ် ခံနိုင်ရည်ရှိကြောင်း ဟန်ဆောင်ပြနေပေမယ့် နဖူးတွင်တော့ ချွေးစတို့က အပြီအပြင် ထွက်နေသည်။ ရိုင်းက ကျွန်တော့်ကို ခက်ခဲအောင်လုပ်ရတာကို သိပ်ကြိုက်သည်။ ဒါက ဤကဲ့သို့ ရှည်လျားပြီး ပျင်းစရာကောင်းလှသော ပင်လယ်ပြင်ခရီးစဉ်တစ်လျှောက်မှာ ဖြစ်ပေါ်တဲ့ သူ့ရဲ့ အကောင်းဆုံးသော ဖျော်ဖြေမှုတစ်ရပ် ဖြစ်လေသည်။

'ဆိတ်ဘောလိုကောင်'

ကျွန်တော် တိတ်တဆိတ် ဆဲရေးလိုက်သည်။ အကြည့်တွေကလည်း ဘဝင်မကျစွာနက်နဲလာနေပြီး ထိုအချိန်မှာတော့ အရက်ပြန်နဲ့အနာကိုသေချာစွာပွတ်သုတ်နေတဲ့ ဂွမ်းလုံးက ဒဏ်ရာကနေ ဖယ်ခွာသွားပြီမို့ သက်ပြင်းလေးတချချဖြင့် ကျွန်တော် အိပ်ရာပေါ် ပြန်လှဲချလိုက်သည်။ သို့ပေမယ့် မမျှော်လင့်ထားစွာဘဲ ရိုင်းက ထိုအချိန်ထိ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတုန်း ဖြစ်နေသည်။ သူက လက်ကိုမလွတ်ပေးတဲ့အပြင် သူ့နှုတ်ခမ်းထိပ်ဖျားက ကျွန်တော့်နှာဖျားထိပ်နှင့် ထိလုထိခင် ဖြစ်သွားသည်အထိ ရှေ့သို့ ဆွဲယူလိုက်သည်။

ထို့နောက် သူက ကျွန်တော့်ကို တိုးတိုးလေး ရေရွတ်ပြောလာသည်။

"ငါမသိအောင် ရေသူထီးအနားသွားဖို့ မကြိုးစားနဲ့နော် ဒက်ရှဲရိုး...။ မင်းရဲ့အရိုးထဲထိ နက်နက်ရှိုင်းရှိုင်းနစ်ဝင်နေတဲ့ သိချင်စိတ်ပြင်းပြမှုက ပြန်ပြီးပေါ်လာပြီ မလား။ ဒီနေ့တစ်စုံတစ်ခုက ဆွဲဆောင်လိုက်ပြီဆိုတာ မင်းမျက်လုံးကိုကြည့်ပြီး ငါပြောနိုင်တယ်။"

အေးစက်နေတဲ့ချွေးစေးတွေကြားမှာ ကျွန်တော့်တစ်ကိုယ်လုံး သတိအနေအထားဖြစ်သွားပြီး ကျွန်တော့်ရဲ့ အသက်ရှူနှုန်းကို နှေးကွေးသွားစေသည်အထိ ထိုသူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ကို အပြည့်အဝရှူရှိုက်မိနေသည်။

"မသွားပါဘူး။ အဲ့ဒီရေသူထီးတိုက်ခိုက်တာ ခံရပြီး သူက ဘယ်လောက်ထိရန်မူတတ်လဲဆိုတာ ကျွန်တော်သိနေပါပြီ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း နာကျင်ရမှာကိုသေမတတ်ကြောက်ပြီး သေဖို့ဆို ပြောစရာမလိုအောင် ကြောက်တတ်တဲ့ထဲ အတိအကျပါတဲ့သူလေ။ "

ကျွန်တော်က နီရဲနေတဲ့ လက်မောင်းက ဒဏ်ရာကိုပြပြီး တကယ်ကိုကြောက်ရွံ့နေတာမှန်ကြောင်း သူ့ကိုပြလိုက်သည်။ သို့ပေမယ့် လိပ်ပြာမသန့်သလို မသိုးမသန့်ဖြစ်သွားသည့် စိတ်က ကျွန်တော့်လည်ချောင်းဝတွင် ဆို့နင့်နေခဲ့သည်။

ရိုင်းရဲ့ လည်စေ့က ကျွန်တော့်ရဲ့မျက်စိရှေ့မှာတင် အထက်အောက်ကို တုံ့ချည်ပြန်ကူးလူးနေခဲ့ပြီး နှာတစ်ချက်မှုတ်ကာ သူက စကားဆက်လာသည်။

"ဒက်ရှဲရိုး .... မင်း လို စွန့်စားခန်းတွေရှာဖွေရတာကြိုက်တဲ့သူက သေရမှာ ကြောက်တယ်လား။"

ကျွန်တော်ခေါင်းကို ခပ်မြန်မြန်ညိတ်ပြလိုက်သည်။

ရိုင်းက နောက်ဆုံးမှာ ကျွန်တော့်ကိုဖမ်းဆုပ်ထားတဲ့သူ့ရဲ့လက်ကိုလွှတ်ပေးလိုက်ပြီး ထိုအခါ ကျွန်တော်လည်း အသက်ရှူနိုင်တော့သည်။ သို့ပေမယ့် ရိုင်းကလက်ကိုလွှတ်ပေးပြီး ချက်ချင်းပဲ သူ့ရဲ့နောက်ထပ်လက်တစ်ဖက်နဲ့ ကျွန်တော့်ရဲ့နောက်ကျောကနေဆွဲကိုင်ကာ သန်မာလှသော ခန္ဓာကိုယ်အင်အားဖြင့် နံရံတွင် ဖိကပ်လိုက်သည်။

"အကယ်၍ ငါ့ ခွင့်ပြုချက်မရဘဲ မင်းတစ်ခုခုလုပ်နေတာကိုရှာတွေ့ခဲ့ရင် ငါ မင်းကို rape မှာနော်။ "

ရိုင်းက ကျွန်တော့်ရဲ့ နားအနား အသက်ကိုရှူထုတ်ရင်း ပြောလာသည်။

"ဒီ သင်္ဘော‌ပေါ်က သင်္ဘောသားတွေအကုန်လုံးက ငါခေါ်ထားတဲ့သူတွေဆိုတာ မမေ့နဲ့"

'ဒါက ကောင်းမွန်လွန်းတဲ့ခြိမ်းခြောက်မှုတစ်ခုပါလား လို့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်တွေးလိုက်မိသည်။ ထိုအကြောင်းကို ပိုပြီးစဉ်းစားလေ ပိုပြီး သဘောတကျဖြစ်လာလေပင်။'

ရိုင်းက နှုတ်ဖြင့် ကြွားလုံးထုတ်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ရသကင်းမဲ့သော အပေါ်စားဆန်ဆန်ဟာသတွေကိုလည်း သင်္ဘောသားတွေနဲ့ အမြဲပြောတတ်သည်။ ထိုကဲ့သို့ယဉ်ပါးမှုတစ်ခုကို ဒီလို တေလေဂျပိုးအုပ်စုထဲ လအနည်းငယ်လောက် ရောနှောနေခဲ့ရပြီးနောက် ကျွန်တော်အသားကျသွားခဲ့သည်။ ဒါကြောင့် ခင်များတို့ စဉ်းစားကြည့်စမ်းပါ ... ဒီလိုရယ်စရာဟာသကို ကျွန်တော်က ကြောက်နေပါ့မလား။

၁)တူညီတဲ့ ခက်ထန်မှုတစ်ခုကိုပြန်ပေးဖို့" ကျွန်တော့်ခေါင်းနဲ့ သူ့နှာခေါင်းထိပ်ဖျားတို့ ထိကပ်သွားအောင် ခေါင်းကိုအသာအယာမော့လိုက်သည်။ နှုတ်ခမ်းပါးတွေကို ဖွင့်ဟပြီး ကျီစယ်စကားလည်း ဆိုလိုက်သေးသည်။

"ဆိုတော့ ခင်များ ကျွန်တော့်ကို rape လုပ်ပြီးရင် ရေသူထီးကို လေ့လာဖို့ ခွင့်ပြုပေးမှာလား။ ဒါဆို လုပ်စို့လေ။ "

[၁) 針鋒相對- တူညီတဲ့ တုံပြန်မှုနဲ့ အတိုက်အခံပြန်လုပ်တယ်။(ဒေသိယစကား) : tit for tat (ပါးကိုက်နားကိုက် _ သူ ငါ့ကို လာရိုက်တယ် အဲ့တော့ ငါလည်း ပြန်ရိုက်လိုက်တယ်။ အဲ့လိုအဓိပ္ပါယ်လေးပါ။ /an eye for an eye]

ကျွန်တော့်ဆီမှ ထို့ကဲ့သို့ အဓိပ္ပါယ်မရှိတဲ့ စကားမျိုး ပြန်ကြားရလိမ့်လို့ မထင်ထားတဲ့အတိုင်း ရိုင်းက မှင်တေတေကြီး ဖြစ်သွားသည်။ ကျွန်တော့်ကျောနောက်က သူ့လက်အားက ပိုတိုးလာပြီး ကျွန်တော့်ရဲ့ မြှီးညှောင့်ရိုးဆီသို့ ချောချောချူချူ ဆင်းသက်သွားကာ စိတ်ဆိုးဒေါသထွက်နေသကဲ့သို့ ကျွန်တော့်ရဲ့ ခါးပတ်ကို ဆွဲဖြုတ်လာသည်။ ဒါကို စနောက်မှုတစ်ခုအဖြစ် ထင်မှတ်နေတဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ တင်ပါးတစ်ခုလုံး သူ့ပေါင်ခွကြားထဲ ရောက်သွားသည့်အချိန်ထိ နှစ်ကြိမ်တိုင်သော ဟန်ဆောင်ရုန်းကန်မှုကို ပျင်းရိလေးတွဲစွာဖြင့် လုပ်နေမိခဲ့သည်။

ထိုနေရာမှာတင် ကျွန်တော့်တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားခဲ့သည်။

ရိုင်း၏ ဝမ်းဗိုက်အောက်ပိုင်းတွင်ရှိသော ထောင်မတ်နေသည့် ကစားစရာကြီးက ကျွန်တော့်ကို ပြင်းပြင်းထန်ထန်လာတိုက်ခိုက်နေသည်။

'သောက်ကျိုးနည်း .... ငါ့ရဲ့ ဆရာက တကယ်ကြီး ဂေးတစ်ယောက်ဖြစ်နေတာလား။ နောက် သူက ငါ့ကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ပါ ကြိုးစားနေတယ် ..... သူ့ရဲ့ တပည့်ကိုလေ ! '

ရိုင်းနှင့်အတူ ပုခုံးပေါင်းဖက်ပေါင်းသင်း " ကာ လအတော်ကြာနေခဲ့ဖူးသည်ကို ပြန်တွေးပြီး ကျွန်တော် အိပ်ယာပေါ်မှခုန်ဆင်းလိုက်သည်။ အပြစ်ပေးသည့်အနေဖြင့် ခေါင်းကိုလည်းခပ်ပြင်းပြင်းထုလိုက်ပြီး ဘေးတစ်ဖက်သို့ အလျင်အမြန်ကပ်လိုက်ကာ ၃)လက်သုံးချောင်းပါ ထောင်ပြလိုက်သည်။

"ဝိုး ဝိုး ဝိုး .... ကျွန်တော်ကျိန်ဆိုတယ် ... အဲ့ဒီရေသူထီးကို ခွင့်ပြုချက်မရဘဲ မထိဘူးလို့ ကျိန်ဆိုတယ်။"

[၂)勾肩搭臂- ပုခုံးဖက်ပေါင်းသင်းတာက ရင်းနှီးပေးမယ့် သူငယ်ချင်းလိုဆက်ဆံရေး။ မဟာမိတ်ကဲ့သို့ ]

[၃) အမေရိကန်နိုင်ငံသားတွေ လက်သန်း သို့မဟုတ် လက်ချောင်းဖြင့် ကြက်ခြေခတ်ပြပြီး ကတိပြုသလို တရုတ်ကလူတွေက လက်သုံးချောင်းထောင်ပြီး ကတိပြုလုပ်ကြတယ်။ ဆာလောင်မွတ်သိပ်တဲ့ ကစားပွဲမှာ မပါတော့ဘူး ဟူ၍။]

ရိုင်းက နွမ်းလျနေသောပုံစံဖြင့် အိပ်ယာပေါ်လက်ထောက်ကာနေလိုက်ပြီး သွယ်လျတဲ့ခြေထောက်နှစ်ချောင်းကိုလည်း ကြက်ခြေခတ်ထားလိုက်ကာ သူ့ရဲ့ ဂျင်းဘောင်းဘီအောက် ပေါင်ခြံကြားက ဖောင်းကားနေသည့် အရာကိုပါ ဖုံးကွယ်လိုက်ရင်း သံသယအပြည့်ဖြင့် မျက်ခုံးတစ်ဖက်ပင့်ကာ ကျွန်တော့်အား စိုက်ကြည့်လာသည်။

"တော်တော်လေး ကြီးသားပဲ .... ကျွန်တော့်ထက်တောင် ပိုကြီးတယ်။"

ရှက်ရွံ့စိတ်ကြောင့် ပူတက်သွားသော ပါးပြင်ကို လက်နဲ့ကုတ်ခြစ်ရင်း အရှက်ပြေစေဖို့ သွားကိုကြိတ်ထားရင်း ကျွန်တော်ပြန်ဖြေလိုက်သည်။

ရိုင်းက အောက်ဘက်ဆီသို့ ငုံ့ကြည့်လိုက်သည်။ သူ့ရဲ့ ရှေ့ဆံပင်က နှုတ်ခမ်းထောင့်နားမှာ ရစ်ခွေနေပြီး အဓိပ္ပါယ်ရှိလှသော ကူးလူးဆက်နွယ်မှုတစ်ခုကိုလည်း တိတ်တဆိတ်ဖော်ညွှန်းနေလေသည်။ ကျောချမ်းစရာကောင်းလောက်အောင် ကျဉ်တက်သွားမှုက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲရှိ သွေးတွေကိုပင် ပြောင်းပြန်စီးဆင်းသွားအောင် ပြုလုပ်နိုင်ပြီး ထိုကဲ့သို့လှုံ့ဆော်မှုကြီးကို ခုခံဖို့အတွက် အခန်းတံခါးကို ကန်ဖွင့်ကာ အပြင်သို့သာ ပြေးထွက်လိုက်ချင်တော့သည်။ ထို့နောက် ရိုင်းက အခန်းထဲမှ ပြန်ထွက်သွားခဲ့ပြီး အဲ့ဒီမတိုင်ခင်တော့ အလျင်လိုခြင်းအလျင်းမရှိဘဲ နှေးကွေးလေးလံစွာ ကျွန်တော့်အိပ်ရာမှထလာတဲ့ ရိုင်းကို မလှုပ်မယှက်ရပ်ကြည့်နေမိခဲ့သည်။

ခြိမ်းခြောက်မှုကြီး အောင်မြင်သွားပြီဟု တွေးထင်သွားသော ရိုင်းက ကျွန်တော့်ကို ထပ်ပြီး အနှောက်အယှက်မပေးတော့ပေ။ သို့ပေမယ့် မမျှော်လင့်စွာပဲ ကျွန်တော်က ဘာသာမဲ့တစ်ယောက်ဖြစ်နေပြီး ဘယ်ဘာသာရေးမှာမှ သက်ဝင်ယုံကြည်ထားသူမဟုတ်လို့ ထိုကဲ့သို့သော ကတိကဝတ်ပြုလုပ်ခြင်းက သူတော်ကောင်းယောင်ဆောင်ဖို့ အတွက်သာ ဖြစ်လေသည်။

ထိုနေ့ညက လုံးဝဩသုံနိုးကြားနေမှုဖြင့် လှေတစ်ခုလုံးတိတ်ဆိတ်သွားမည့်အချိန်ကို ကျွန်တော်စောင့်နေခဲ့သည်။ ညအချိန်တာဝန်ကျသည့် သင်္ဘောသားတွေ တစ်မှေးအိပ်ကြမယ့် အချိန်ကိုပါ သေချာတွက်ချက်ပြီး မီးအလင်းချောင်းနှင့် တခြားသော ပဲ့တင်ထပ်သံကိုတိုင်းတာသည့် ကိရိယာအသေးစား အပြင် ရေအောက်သုံး DVs များကိုပါ တစ်ပါတည်းဖြစ်အောင် ထုပ်ပိုးထားခဲ့သည်။ ထိုပစ္စည်းတွေကို အသုံးပြုပြီး မတူညီသော သက်ရှိမျိုးစိတ်များစွာနှင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့သည့် ဖြစ်စဉ်များရှိသောကြောင့် ကိုယ်ပိုင်အတွေ့အကြုံများအရ ထိုပစ္စည်းတွေက မရှိမဖြစ်လိုအပ်သော အရာများ ဖြစ်လေသည်။

သို့ပေမယ့် အရေးအကြီးဆုံးအရာတစ်ခုကလည်း သေချာပေါက်ကျန်နေသေးသည်။ ထိုအရာက တစ်ဦးတစ်ယောက်နဲ့ ရင်းနှီးဆက်သွယ်နိုင်ဖို့ သဘာဝအလျောက်ပါရှိသည့် ပြောဆိုရေးရာ ကျွမ်းကျင်မှုပင် ဖြစ်လေသည်။

မနက်ပိုင်း နှစ်နာရီ ဆယ့်တစ်မိနစ်။ လူသားတို့ အပင်ပန်းဆုံး ဖြစ်သည့်အချိန်။

အမှောင်ထဲ၌ ကျွန်တော့်ရဲ့လက်က လျှပ်စစ်နာရီကိုစစ်ဆေးကြည့်လိုက်သည့်ပုံက တောင်အာဖရိကမြွေပါတို့ ညအမှောင်ထဲ ပုန်းခိုနေသည့် အတိုင်းပင်။ သ‌င်္ဘောကုန်းပတ်တစ်လျှောက်ရှိ မြင်သာထင်သာရှိသော နေရာတို့ကို ရှောင်ဖယ်သွားပြီးနောက် အချိန်ဖြုန်းမနေတော့ဘဲ သင်္ဘော၏အောက်ခြေရှိအခန်းထဲသို့ အောင်အောင်မြင်မြင်ဖြင့် ခိုးဝင်လိုက်တော့သည်။

အောက်ထပ်ရှိ နောက်ဆုံးသော အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် အမှောင်ထုထဲတွင် ဖြာကျနေသော အစိမ်းရောင်မီးအလင်းရောင်ကို မြင်တွေ့ရပြီး ထို့နောက်တစ်ဆက်တည်း၌ မှန်ဖြင့်တည်ဆောက်ထားသည့် ထုလုံးရှည်ပုံ သိုလှောင်ကန်ကြီးကိုလည်း မျက်ကွင်းရှေ့၌ ထင်ထင်ရှားရှားတွေ့လိုက်ရသည်။ ကျွန်တော့်လက်ထဲက အလင်းချောင်းကို မြင့်မြင့်မြှောက်ထားလိုက်ပြီး လူတို့ဖန်တီးထားသည့် ရေအောက်ပုံစံတူအပင်များကြားသို့ ကွေးညွတ်ကျနေသည့် ထုလုံးရှည်မှန်လှောင်ကန်၏ အရိပ်ကြား လိုက်လံကြည့်ရှုပြီးနောက် ကန်၏ရေမျက်နှာပြင်ထိပ်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ မျောလျက်ရှိနေသည့် ရေသူထီးကို တွေ့လိုက်ရသည်။ ရေထဲ၌ မျောပါကျဆင်းနေသည့် ဆံနွယ်အရှည်ကြီးကို ဖြတ်ကျော်ကာ ညှိုးကျနေသောပုံစံနှင့် ထင်ရှားပြတ်သားလှသော မျက်နှာကောက်ကြောင်းကိုလည်း ကျွန်တော်မြင်နေရသည်။

ဆိတ်ငြိမ်အေးချမ်းနေသော ညချမ်းမှာ နှုတ်ဆိတ်နေတတ်သောမကောင်းဆိုးဝါးတစ်ကောင်က ကျွန်တော့်ရဲ့ ဝိဉာဉ်ကို အချိန်အခါမရွေး နှုတ်ယူသွားဖို့ သက်ဆင်းလာသည့် အတိုင်းပင်။

မှန်လှောင်ကန်ကြီး၏ဘေးဘက်မှ ရစ်ပတ်ထားသောကြောင်လိမ်လှေကားပေါ် မတက်ခင် စိတ်လှုပ်ရှားမှုကြောင့် မြင့်တက်လာသည့် ကျွန်တော့်ကိုယ်အတွင်းမှ အဒရီနလင်း(ကလင်း) တွေကို ဖြေလျော့ဖို့ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ရသည်။

ကံမကောင်းသည်က ပြင်းထန်စွာခုန်ပေါက်ခြင်း ပြုလုပ်နေသည့် ကျွန်တော့်ရဲ့ နှလုံးသားကိုတော့ ရပ်တန့်သွားအောင် မထိန်းချုပ်နိုင်ခဲ့ပေ။

__________________________

Desharows Merman
S

ep/4/2021
Word-2975

Wine.

Note.

ဒက်ရှဲရိုးကို စနေမဟုတ် တနင်္ဂနွေနေ့မှာ တင်မယ်နော်။ အပတ်တိုင်းလား တစ်ပတ်ခြားလားတော့ အဆင်ပြေသလိုပေါ့နော်.. အတိအကျပြောပေးလို့မရလို့။ ဇော်ဂျီကို သက်သက်တင်ပေးမယ်။ 



Continue Reading

You'll Also Like

117K 7.9K 74
Collection of short stories with different people from different scenarios.
2M 103K 32
The entire story line and character names are just the imagination of the author.
74.7K 5.5K 20
'အင်္ကျီနဲ့အတူ မောင့်နှလုံးသားလေးပါသွားတာ အန်တီပြန်မထည့်ပေးထားဘူး ရပါတယ် ယူထားပါ မောင်နေ့တိုင်းလာတောင်းလှည့်မယ်' 'အဲ့တာဘာစကားဆိုတာလဲ' 'အင်း..ချစ်စကား...
1.9M 26.7K 8
ခို~~ မင်း မဆိုးလို့မှ မရရင်​ ရစ်​ပါ ဂျစ်​ပါ စိတ်​ကြိုက်​ဆိုးပါ ဒါ​ပေမယ့်​ မင်း မရှိတဲ့ အရပ်​ကို​တော့ ကို​ယ့်​ကို မနှင်​ပါနဲ့ကွာ။ ✴Please check up...