Falling In Love with Someone

By SSLY_MY

56.5K 2.5K 280

Author ရဲ့ Yuri Fic လေးပါ အချစ်မှာ ရင်ထဲထိ စူးနင့်နေအောင် ချစ်မိသွားဖို့က အချိန်မလိုအပ်ပါဘူး။ အချစ်မှာ အသက်... More

🦋 Falling In Love with 🦋
Part-1 "Falling In Love with.."
Part- 2 🦋 Falling In Love with
Part - 3 "Falling In Love with.."
Part-5"Falling In Love with.."
Part - 6 "Falling In Love with"
Part-7"Falling In Love with.."
Part-8"Falling In Love with .. "
Part-9 " Falling In Love with ... "
Part-10 " Falling In Love with .. "
Part-11"Falling in love with Someone"
Part - 12 "Falling in love with Some1 "
Part_13 "Falling in love with Some1"
Part_14 "Falling In Love with Someone"
Part_15 " Falling in love with Some1 "

Part 4 - "Falling In Love with.."

2.9K 158 13
By SSLY_MY

Part - 4 “Falling In Love with Some1”

ခွန်းတို့ ဒီနေ့ အတန်းချိန်က ၁၂ခွဲမှ စမှာ
ဖြစ်သော်လည်း သူတို့အုပ်စု မနက် ၈နာရီ
အရောက် ကျောင်းသို့လာရန် ချိန်းထား
ကြသည်။ သူမတို့လျှောက်လည်ရန် ချိန်းဆို
ထားသော ကြောင့်ဖြစ်သည်။

ခွန်း သူမတို့ ကျောင်းရှိရာ Condo သို့
ရောက်တော့ 3rd Floor က သူမတို့ရဲ့
စာသင်ခန်း ရှေ့ရှိ ခုံတန်းလျား၌ သဇင်မှ
လွဲ၍ လူစုံနေသည်။

ခွန်း -- အဲ့ သဇင်မကလေ ၈နာရီပါလို့
ချိန်းထားရဲ့နဲ့ ..

ရွှေစင် -- သေခဲဦးမယ် ဟိုမှာ လာပြီ

သဇင်ကတော့ မျက်နှာထက် အပြုံးတပွင့်
နဲ့ ခြေလှမ်းစိပ်စိပ်နှင့် သူမတို့စီသို့လျှောက်
လှမ်းလာသည်။

ထူးဝေ -- အမလေး ချိမရယ် ခြေတလှမ်း
ကုဋေတစ်သန်းနဲ့ လျှောက်နေတာလား

ဝဏ္ဏ -- ငါတို့ ဘယ်သွားမလဲ ??

ခွန်း -- ငါတော့ Game ဆော့ချင်တယ်

သဇင် , ရွှေစင် -- ဟာ ဒီ Game သရဲကလဲ
ငါတို့တော့ မဆော့ချင်ပါဘူး ဒီအတိုင်း
ပျော်ပျော်ပါးပါးပဲ လျှောက်သွားချင်တာ ..

သက်မင်း -- အဲ့တာဆို ငါတို့ Zoo ကို
သွားကြမလား?

သဇင် -- အွန်း မဆိုးဘူး  အဲ့သွားကြ
ကအောင်

ထူးဝေ -- Ok! Let's go .. Grab ခေါ်လိုက်
မယ်

ခွန်း -- ငါတို့က ၆ယောက်ဆိုတော့
ကား ၂စီးခေါ်မှ ရမယ်။

ဝဏ္ဏ -- အွန်း ငါတစီး ခေါ်လိုက်မယ်

သက်မင်း -- Ok! သားကြီး ငါတစ်စီးခေါ်
လိုက်မယ်

ခွန်းတို့ Zoo ရောက်တော့ တိရိစ္ဆာန်လေး
တွေကို အစာကျွေးလိုက် ပုံတွေရိုက်ကြနဲ့
အချင်းချင်း စနောက်၍ ပျော်စရာကောင်း
သည်။

ရွှေစင် -- နေ့လည်စာကို ဟိုနားမှာ ငါရယ်
ဝက်ထမင်းပေါင်းဆိုင် တွေ့ခဲ့တယ် ၊
အလာတုန်းက အဲ့မှာပဲ စားရအောင် ။

ခွန်း -- ဝက်ခေါက်ကင်တို့ ဝက်သားသုတ်
တို့ပါရတဲ့ ဆိုင်လား ??

ရွှေစင် -- အွန်း ..

ထူးဝေ -- Ok! အဲ့ဆိုင်ကိုသွားကြတာပေါ့

သက်မင်း -- နီးနီးလေး လမ်းလျှောက်ကြ
တာပေါ့

ဝဏ္ဏ -- အင်း ..

ခွန်းတို့ ဝက်ထမင်းပေါင်းဆိုင်၌ စားချင်
တာများ တယောက်တပေါက်နဲ့ မှာလိုက်
သည်။ ခဏနေ Waiter လေး လာချ
ပေး၍ခေါင်းမဖော် စတမ်း အားလုံးစားပြီး
အအီပြေ အအေးသောက်နေကြသည်။

ရွှေစင် -- ခွန်း

ခွန်း -- ဟင် ..

ရွှေစင် -- ရှင့်ရဲ့ချစ်သူအကြောင်း ပြောပြ
မယ်လို့ပြောထားတယ်လေ

သက်မင်း -- ဟုတ်သားပဲ နင် ပြောပြမယ်လို့
ငါတို့ ပြောထားတာ မှတ်မိလား ??

ခွန်းက သဇင်နဲ့ထူးဝေကို တစ်ချက်ကြည့်
လိုက်သည်။ ထူးဝေနဲ့ သဇင်က သူမကိုခေါင်း
ညိမ့်ပြသည် ။

ခွန်း -- အွန်း ပြောပြမယ် .. တကယ်တော့
ချစ်သူ မဟုတ်သေးဘူးဟ ငါ့ဘက်ကသာ
သူ့ကို တစ်ဖက်သတ် Crush နေတာပေါ့
နင်တို့ဝိုင်းမေးတော့ ငါ့ကို ကောင်းစည်သူနဲ့
ဇေလင်းက ကြည့်နေလို့ ငါ တမင်တကာဖြေ
လိုက်တာ ။

ဝဏ္ဏ -- Aww .. ဒါဆို နင့်မှာကြိတ်ပြီး
Crush ရမယ့်သူ ရှိနေပြီပေါ့

ခွန်း -- အွန်း .. ပြီးတော့ အဲ့ဒီသူက နင်တို့
ထင်သလို ယောကျာ်းလေး မဟုတ်ဘူးဟ၊
သူက မိန်းကလေး‌ တစ်ယောက်ပဲ ။

သက်မင်း ၊ ရွှေစင် ၊ ဝဏ္ဏ -- ဟမ် ??

သက်မင်း ၊ ရွှေစင်နဲ့ ဝဏ္ဏတို့ တယောက်မျက်နှာ
အံ့ဩမှုကိုယ်စီနဲ့  တယောက်ကြည့်လိုက်ကြသည်။
ထူးဝေနဲ့ သဇင့်ကိုကြည့်မိတော့ မထူးဆန်းသလို
ငြိမ်သက်နေကြသည်။ အံ့ဩမှု မဖြစ်ချေ။

ခွန်း -- ငါအခုလိုပြောလို့ နင်တို့ စိတ်ထဲ
ငါ့ကို အထင်‌သေးရင်ဖြစ်ဖြစ် ဆက်ပြီး
မခင်မင်ချင်တော့ရင်ဖြစ်ဖြစ်  ငါလက်ခံ
ပါတယ်နော် ..

ထူးဝေ ၊ သဇင် -- ခွန်း ..

ဝဏ္ဏ -- ဟာာ ဘာဆိုင်လို့လဲ ? ခွန်းရဲ့ ... ...
သူငယ်ချင်း ဆိုတာက ဆိုးအတူ ကောင်းအတူ
ပဲလေ .. ဖြစ်တည်မှုအားလုံးကို လက်ခံပေး
နိုင်ကမှာပဲလေ အခု ငါတို့က နင်က အခုလို
ပြောပြလိုက်လို့ အံ့ဩသွားတာပဲ ရှိတာ
ရုတ်တရက်ကြီးမို့ Shock ရသွားတာ ..

သက်မင်း -- အေးလေ ၊ နင်က ငါတို့နဲ့
State ကတည်းက ခင်လာတာ ပြီးတော့
State တုန်းက နင့်ကို စိတ်ဝင်စားတဲ့
အစ်ကိုကြီးကိုတောင် နင်ကပြန်ပြီးလက်ခံ
စဉ်းစားပေးခဲ့ဖူးတော့ အခုလို ရုတ်တရက်
နင် ပြောတော့ ငါတို့ အံ့အားသင့်သွားပဲရှိ
တယ် နင့်ကိုစိတ်ထဲ ဘယ်လိုမှ မထင်ဘူး
နင်က ငါတို့အတွက် အမြဲတမ်း စံပြ
အကောင်းဆုံး သူငယ်ချင်းပဲ ။

သက်မင်းနဲ့ ဝဏ္ဏ စကားတို့ကြောင့် ခွန်း
ပြုံးမိသည် ။ သူမ သူငယ်ချင်းတွေက
သူမဘက်အမြဲရှိပေးကြလို့လေ ။

ရွှေစင် -- ခွန်း .. နင်က အာ့ဆို မိန်းက‌လေး
တယောက်ကို စိတ်ဝင်စားတယ်ဆိုတော့
Lesbian တစ်ယောက်လား ?

ခွန်း -- အဲ့တာက ရွှေစင်ရဲ့ဘယ်လိုပြောကမလဲ ?
State တုန်းကလည်း ငါ စဉ်းစားပေးခဲ့တဲ့
အဲ့အစ်ကိုကြီးကို မချစ်ခဲ့ပါဘူး။ ဒီအတိုင်း
ငယ်သေးတော့လည်း ကိုယ့်ကို ဂရုစိုက်
Propose လာလုပ်တော့ စိတ်က
ခဏတာ သာယာမိတာပါ ။ အခုကျ ငါ့
စိတ်က ယောကျာ်းလေးနဲ့ မိန်းကလေးဆို
မိန်းကလေး ကိုပဲ ပိုပြီး စိတ်လှုပ်ရှားမိတယ်
ငါလည်းမပြောတတ်ဘူးဟာ ....

ဝဏ္ဏ -- ဟို ၂ကောင် ဘာမှ ဝင်မပြောဘဲ
ငြိမ်နေတာ နင်တို့သိပြီးသားလား?

သဇင်နဲ့ ထူးဝေက ပြုံးပြီး ခေါင်းညိမ့်ပြ
လိုက်သည်။

ရွှေစင် -- ကဲ ရှင့်စိတ်ကို တိမ်းညွှန့်အောင်
လုပ်နိုင်တဲ့ မိန်းကလေးက ဘယ်သူလဲ?
ပြောပြပါဦး ..

ခွန်း -- ငါတို့ထက် ၁၁နှစ်ကြီးတယ်ဟ။
Paradise Hotel & Restaurant က
Chef အစ်မ တစ်ယောက်ပါ သူ့နာမည်က
ခက်မွန်ကျော်တဲ့

သက်မင်း -- Paradise Hotel ဆိုတာ
ငါတို့ကျောင်းက ပွဲလုပ်ခဲ့တဲ့ Hotel မလား ?

ခွန်း -- အွန်း ..

ဝဏ္ဏ -- နင်နဲ့က ဘယ်ကနေ ဘယ်လို ???

ခွန်း -- အဲ့နေ့မှာပဲ ငါတို့ Lunch စားပြီး
Toilet သွားတော့ တွေ့ပြီး စသိခဲ့တာ ။

သက်မင်း -- ဟွန် နင်တို့ချစ်ခြင်းအစက
လည်း Toilet ကြီး ..

ခွန်း -- သေနာလေး

သက်မင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်
တော့ ခွန်းရဲ့ ချီးကျူးထောပနာအသံလေး
ထွက်လာသည်။

သဇင် --  ခွန်းအတွက် အချစ်နဲ့ စတင်
တွေ့ဆုံခြင်းက Romantic ဆန်ဆန်ပေါ့

ခွန်း က သဇင့်ကို မျက်စောင်းထိုးလိုက်သည်။

ခွန်း -- ဪ .. ပြောမို့ သဘက်ခါ စနေနေ့
ငါတို့တွေ အတန်းက မနက်တပိုင်းပဲရှိတာလေ
အာ့ ငါတို့ အတန်းချိန်ပြီးရင် Ma တို့နဲ့ ရုပ်ရှင်
သွားကြည့်ဖို့ ငါချိန်းလိုက်တယ် နင်တို့ရော
ပါတယ်လို့ ပြောလိုက်တယ် ..

သက်မင်း -- ဟင် .. ငါတို့ရော ..

ခွန်း -- အွန်းလေ Ma ကလည်း သူ့ရဲ့သူငယ်ချင်း ၂ယောက်ပါ ခေါ်ခဲ့မယ်တဲ့

ရွှေစင် -- Ok! လေ နင့်ရဲ့ Crush မမကို
ငါတို့လည်း မြင်ဖူးတာပေါ့ ..

ထူးဝေ -- ကြိုပြောထားမယ်နော် ငါတို့
ရှေ့တော့ လာ မ Ro နဲ့နော် ။

ခွန်း -- ငါကသာ သူ့ကို တဖက်သတ် Crush
နေတာပါဟ သူ့ဘက်ကတော့ အေးဆေးပဲရယ်

ဝဏ္ဏ -- Fighting!💪 ခွန်း အားမလျှော့စမ်း
ပါနဲ့ဟာ

ရွှေစင် -- အွန်းလေ အရင်က စွာတာတာ
ခေါင်းမာတဲ့ ခွန်းက Crushနဲ့တွေ့မှ ပျော့
ညံ့မနေစမ်းပါနဲ့ ..

ခွန်း -- အွန်းပါ နင်တို့စကားတွေကြောင့်
အားရှိသွားပါပြီ

သက်မင်း -- ကဲ အားရှိရင်လည်း နင်နဲ့
ရွှေစင်ရယ် သဇင်ရယ် ဒီဝိုင်းကို ပေါင်း
ရှင်းလိုက် ..

ခွန်း ၊ သဇင်၊ ရွှေစင်  -- What ???

သက်မင်း -- နားလေးသွားကြတာလား?
ငါ Waiterခေါ်လိုက်ပြီ ရှင်းလိုက်တော့
Grab ခေါ်ထားမယ် အတန်းချိန်နီးပြီ
ကျောင်းကို အမှီပြန်ကြရအောင် ...

ခွန်း -- အေး Taxi ခတော့ နင်တို့ရှင်းလိုက်
ဒါပဲ

ဝဏ္ဏ -- Ok .. Ok

ခွန်းတို့ အတန်းချိန်အမှီ သူမတို့ကျောင်း
ရှိရာ Pearl Condo သို့ ပြန်လာခဲ့ကြသည်။

-
-
-
- Time Skip >>

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ခွန်း ဒီနေ့ Friday ကျောင်းတက်ရက်ကို
ပျော်နေမိသည်၊ ဘာလို့ဆို မနက်ဖြန်ကျ
သူမရဲ့ Crush ဖြစ်တဲ့ ခက်မွန်နဲ့အတူတူ
ရုပ်ရှင်ကြည့်ဖို့ ချိန်းထားသည်လေ ။
-
-
-
-
ခွန်း ကျောင်းက ပြန်လာပြီး ညဘက် သူမတို့‌ရဲ့
Viber က Gp Chat ၌ စာအကြောင်းပြော
ပြီးတော့  Messenger က Gp Chat မှာ
မနက်ဖြန် ရုပ်ရှင်ကြည့်မယ့်အ‌ကြောင်းကို မေ့နေ
မှာစိုး၍ ခွန်းက သတိပေးလိုက်သည်။

ခွန်း << ( မနက်ဖြန် အတန်းပြီးတာနဲ့
JS go မယ်နော် .. မေ့နေကြမှာစိုးလို့ )

သက်မင်း << ( ဟဲ့ နင်ဘယ်လိုဖြစ်နေတာ
လဲ ? မနက်ကတည်းက ကျောင်းမှာလည်း
အဲ့တာပဲ ပြောနေတာ .. )

ဝဏ္ဏ << ( အေးလေ ငါတို့က မေ့ကအောင်
မှတ်ဉာဏ်ကောင်းပါသေးတယ် )

ခွန်း << ( hee .. ငါအပျော်လွန်နေလို့ပါ )

သဇင် << ( အပျော်လွန်ပြီး ငိုနေကမယ်
ချိမ .. )

ခွန်း << ( ဟာ ပါးစပ်ပုတ်ကြီးနဲ့ ချီးထုပ် )

ရွှေစင် << ( ဒေါ်ခွန်းဆက်နွေ အရမ်းကို
အမြင်ကတ်ချင်စရာကောင်းအောင် တက်
ကြွလွန်းနေတာ .. )

ဝဏ္ဏ << ( ကြက်ဖကြီးလိုပဲ .. )

ခွန်း << ( မသာလေး 🖕 .. )

ခွန်းက ဝဏ္ဏကို  "မသာလေး " ဆိုပြီး
middle finger emogi လေးပို့လိုက်သည်။

ထူးဝေ << ( အချစ်နဲ့တွေ့ရင် လူတွေတိုင်း
က အဲ့လိုပါပဲ )

ခွန်း << ( Right! ထူးဝေ .. ပြောလိုက် )

သက်မင်း << ( ဟျောင့် ထူးဝေ Single
အချင်းချင်းကို မသိရင် မင်းက အချစ်ပဲတွေ့
နေသလိုနဲ့ ရှိနေသလိုလိုအထာနဲ့ လာဖိန့်နေ
တာ .. ခွေးကောင် )

ခွန်း << ( ကဲ ငါထမင်းစားတော့မယ် မာမီ
ခေါ်နေလို့ ဒါပဲနော် တာ့တာ Aww, နင်တို့ကို
ငါ့ Mum မေးရင် မနက်ဖြန် အတန်းချိန်က
၄ခွဲထိရှိတယ်ပြောပေးနော် .. ငါ ၅မှ လာကြို
ခိုင်းမယ် ကျန်တဲ့နာရီဝက်ကတော့ Libraryမှာ
ငါတို့ စာပြန်တိုက်မို့လို့ဆိုပြီး ပြောထားမယ် )

သက်မင်း << ( အိမ်ကိုတော့ ညာနေပြီ
အမေကို ကြောက်ကလို့သာပဲနော် )

ရွှေစင် << ( ဟုတ်ပါ့ .. )

ခွန်း << ( နင်တို့ကလဲ .. )

ခွန်း သူမ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး
သူမ Mummy နဲ့ ထမင်းအတူထွက်စားသည်။ Dinning Room ၌ သူမရဲ့အစ်ကိုက သူမ Mommy  ဘေးက ခုံမှာမို့ သူမက သူတို့နဲ့ မျက်နှာချင်းဆိုင် Daddy ဘေးမှာ ဝင်ထိုင်
လိုက်သည်။

ဒေါ်လဲ့ရည်နွေ -- လာ ထိုင် .. ကြာလိုက်တာ
မီးငယ်ရယ် ခေါ်နေကတာ ..

ခွန်း --  သက်မင်းတို့နဲ့ စာလုပ်နေလို့  ..

ဦးမင်းထက်လျှံ -- မီးငယ် ကျောင်းမှာရော
အဆင်ပြေလား? ဘာလိုတာရှိလဲ ?

ခွန်း -- မရှိဘူး Daddy ပြေပါတယ် ..

DLYN -- ကြက်သားနွှာပေးထားတယ် ..

ခွန်း -- ဟုတ် ..  Aww , Mum မနက်ဖြန်
Geotechnics  အတန်းက   ၄ခွဲထိ ရှိတယ်
ပြီးရင် သက်မင်းတို့နဲ့ Gp Project စာပြန်
စစ်မှာမို့ ညနေ ၅မှ လာကြိုပေးနော်

DLYN -- အတန်းက ခါတိုင်း ၄ထိပဲမလား

ခွန်း -- အွန်း Geotechnics က ခက်တယ်
ဆရာက ၄ခွဲထိတောင်းဆိုထားလို့ ..

DLYN -- ဟုတ်ပါပြီ အာ့ဆို မာမီနဲ့ daddy
ညနေ ၅မှ လာကြိုမယ် ..

UMHH -- သား ဇွဲရော အဆင်ပြေလား?

ဇွဲပြည့်လျှံ -- အေးဆေး Daddy ..

ဇွဲပြည့်လျှံက Y-Max University YMU
မှာ Diploma in IT Management တက်
နေတာဖြစ်သည်။

DLYN -- ဇွဲလေး ထည့်စားလေ မာမီ့သား
ထမင်း စားတာ ဟက်ဟက်ပက်ပက် မရှိ
သလိုပဲ .. ဟင်းမကြိုက်လို့လား ?

ဇွဲ --  ကြိုက်ပါတယ် Mum ရဲ့ သား ခုနက game ဆော့ရင်းနဲ့ မုန့်စားထားလို့ပါ ..

DLYN -- ထမင်းစားခါနီး အဲ့လိုလျှောက်
မစားပါနဲ့လို့ Mum မှာထားရဲ့နဲ့ကို ..

ဇွဲ -- ဟုတ်

UMHH -- မင်းကလည်း ထမင်းစားရင်း
မဆူပါနဲ့ ..

ခွန်းတို့  မိသားစု ထမင်းစားပြီး ဧည့်ခန်းမှာ
ထိုင်ကာ TV ကြည့်ရင်းနဲ့စကားခဏပြော
ပြီးနောက် ခွန်း သူမရဲ့အခန်းထဲသို့ ဝင်လာ
ခဲ့သည်။

ခွန်း --  Mum , Dad ခွန်း game ဆော့ပြီး
အိပ်တော့မယ် Good Night!

Dad & Mum -- Good Night!

ခွန်း နဲ့ ခက်မွန်တို့ အချင်းချင်း Mess ပို့၍
သော်လည်းကောင်း Messenger ကနေ
လည်းကောင်း စာအပြန်အလှန် ပို့ပြီး နေ့တိုင်း
လိုလို စကားပြေဖြစ်ကြသည်မှာ ပုံမှန် ဖြစ်လာ
ခဲ့သည် ။ အခုလည်း  ...

ခွန်း <<  [ Ma ရေ မနက်ဖြန် ၁၂ အတိ
JS မှာပဲ စုံကြမယ်နော် .. ]

ခက်  ထမင်းစားပြီး ဖုန်းကြည့်နေတုန်း
သူမရဲ့ Messenger မှ Noti တက်လာ၍
ကြည့်လိုက်တော့ ခွန်း ထံမှ ဖြစ်နေ၍
Reply ပြန်လိုက်သည် 💬

ခက် <<  Ok! ခွန်း ..

ခွန်း << Ma စောစော အိပ်ဦးနော် အိပ်ရေး
မဝမှာစိုးလို့

ခက် << ဟုတ်ကဲ့ပါ ..  ကျမကိုကျ ပြော
ပြီး ရှင်ကျ စောစောအိပ်ဖို့ စိတ်လေးဘာ
လေး ကူဦး အမြဲတမ်း မနက်မိုးလင်းထိ
Game တွေဆော့နေ .. မျက်မှန်က ပုလင်း
ဖင် ဖြစ်လာလိမ့်မယ်

ခွန်း << အာ့ Ma ကလည်း Game က
ညဘက် စာလုပ်ပြီးမှ ဆော့ကတာလေ၊
ပြီးကျ သူငယ်ချင်းတွေနဲ့ဆော့ဖို့ချိန်းထား
တာမို့ပါ ပြီးတော့ တပွဲ .. တပွဲနဲ့ ဆော့ရင်း
က မိုးလင်းသွားတာ heee ..

ခက် << အဲ့လို မအိပ်ရင်ကျ ခွန်း မေမေက
မဆူဘူးလား

ခွန်း << မာမီ မသိအောင် မီးမှိတ်ဆော့
တာပေါ့ တခါတလေကျ စောင်ခေါင်းမြီး
ခြုံဆော့တာ မာမီအိပ်ပျော်မှ အခန်းစားပွဲက
စာကြည့်မီးဖြစ်ဖြစ် ပြန်ဖွင့်တာ

ခက် << မဆော့နဲ့တော့ မဟုတ်ပါဘူး
အလွန်အကျွံတော့ မဆော့နဲ့ပေါ့

ခွန်း << ဘာလို့လဲဟင်

ခက် << ကျန်းမာရေး ထိမှာစိုးလို့လေ

ခွန်း << Ma က ခွန်းကို စိတ်ပူလို့လား

ခက် << ခွန်း တောင် Ma ကို စောစောအိပ်ဖို့
ဘာညာ ပြောတယ်လေ

ခွန်း << ခွန်းက Ma ကို စိတ်ပူလို့

ခက် << အွန်းလေ

ခွန်း << ဘာ အွန်း .. Ma ကရော ခွန်းကို
စိတ်ပူလို့လားလို့

ခက် << အွန်းပေါ့ ခွန်းက Ma နဲ့ အခုဆို
အသိမိတ်ဆွေတွေ ဖြစ်နေပြီလေ အဲ့တော့
ကိုယ့်ရဲ့ အသိမိတ်ဆွေတယောက်ကို စိတ်
ပူတာပေါ့လို့

ခွန်း << Ma ရဲ့ အသိမိတ်ဆွေတိုင်းကို
စိတ်ပူတတ်တာလား ? Maက

ခက် << ဟယ် ဒီ‌ကလေး လာရစ်နေတယ်
တော့ အသိမိတ်ဆွေတိုင်းတော့ ဟုတ်မလား ?
ကိုယ်နဲ့ အရမ်းရင်းနှီးတဲ့သူပေါ့  ခွန်းကရော ခွန်း သူငယ်ချင်း သဇင်တို့ထူးဝေတို့ဆိုရော တခုခုဆို
သူတို့အတွက် စိတ်မပူဘူးလား ?

ခွန်း << အွန်း ပူတာပေါ့ .. ဒါပေမယ့် ..

ခွန်းက စကားကို "ဒါပေမယ့်" ဆိုပြီး ဆက်မပြောချေ ။

ခက် <<  ဘာ ဒါပေမယ့်လဲ ..

ခွန်း << ဟင့်အင်း .. ဘာမှဟုတ်တော့ဘူး
ဘာဆက်ပြောကမှန်း မသိတော့လို့ ..

ခက် << ဟွန့် .. စကားနိုင်ကလုချင်သေး
တယ် အငယ်ဖြစ်ပြီး အကြီးကို ..

ခွန်း << ခင်များကရော အငယ်ကို ညှာလို့လား?
အကြီးဖြစ်ပြီး အလျှော့မပေးဘူးရယ်

ခက် << ဟွန် .. အံ့ဩတာပဲ ဒေါ်ခွန်းဆက်နွေ ..

ခွန်း << တော်ပြီ .. အိပ်တော့ ၁၀ခွဲတော့မယ်
ခွန်းလည်း သူငယ်ချင်းတွေနဲ့ ဂိမ်း၁ပွဲ ၂ပွဲဆော့
ပြီး အိပ်မယ်

ခက် << ပြီးရော .. တပွဲ နှစ်ပွဲကနေ မနက်
မိုးမလင်းစေနဲ့ .. မနက်ကျ လိုင်းဖွင့်လို့
အိပ်ယာဝင်တာ နောက်ကျရင် လိုင်း Out
တာ နောက်ကျရင် တွေ့မယ်

ခွန်း <<  တွေ့ကမှာလေ ၁၂ကျရင်

ခက် <<  ခွန်းဆက်နွေ ..

ခွန်း << ဘာလဲ ..

ခက် << အမယ် ရှင့်ရဲ့ ထူးပုံကရင့်လှချည်လား

ခွန်း <<  ခေါ်ပုံကရော နူးညံ့လို့လား

ခက် <<  ဟွန့် .. တစက်ကလေးကမှကို
အလျှော့မပေးတာနော် Good Night!
ကလေးအစုတ်ပလုတ်

ခွန်း << heee .. ဟုတ်ကဲ့ Ma ..
Sweet Dream! နော်

ခက် လိုင်း Out သွားတော့ ခွန်းလည်း
သက်မင်းတို့ ဝဏ္ဏတို့နဲ့ MLတပွဲဆော့ပြီး ၊
ဇင်သူထွဋ်တို့နဲ့ တပွဲ ဆော့လိုက်သည်။

ပွဲအပြီး Victory ဆိုတဲ့ အသံလေးက
သူမတို့အတွက်တော့ အရမ်းနားဝင်ချို
လှလွန်းသည်။

Zin thu Htut -- Guinevere တော်လို့နော်

Kyal Sin Su --   Ling တော်လို့

Moe Sat -- ငြင်းခုံမနေနဲ့ အကုန် လူညီလို့
တော်လို့ နိုင်တာ

Yadanar Naing -- နောက်တပွဲဆော့ဦးမှာ
မလား ?

ခွန်း -- No! ခွန်း မဆော့တော့ဘူး စောစော
အိပ်ကမှာမို့ မနက်အတန်းရှိတယ် ..

Zin thu Htut -- ဟင် အထူးအဆန်းပဲ
ခါတိုင်းလည်း အတန်းကရှိနေတာပဲဟာ

ရတနာနိုင် -- အင်းလေ ဒီအချိန်က ခွန်းဆက်ရဲ့
အိပ်ချိန်မှ မဟုတ်သေးတာကို

ကြယ်စင်စု -- မမက‌နော် ခါတိုင်းလည်း
Su တို့နဲ့ မိုးလင်းပေါက်ဆော့နေကြပဲကို

ခွန်း -- ဟုတ်တယ် ဒါပေမယ့် မာမီက
လာလာချောင်းတယ် အရင်နေ့တွေက
မအိပ်ဘဲ Game ဆော့နေတာ သိတယ်
ဆူခံကတယ် အဲ့တာမို့ .. ..

zin thu htut -- ဟုတ်ပါပြီ မားမား girl
လေး .. အိပ်တော့ အဲ့တာဆိုလဲ ..

ခွန်း -- အင်း Good Night! All ..

ခွန်း ဇင်သူထွဋ်တို့ကို နှုတ်ဆက်အပြီး
Wattpad ခဏဝင်ကြည့်တော့ Message
Box မှာ Shweyi Lin စကားလာပြောထား
တာတွေ့သည်။ ခွန်း နောက်မှပဲ Reply
ပြန်မည်ဟု စိတ်ကူးပြီး လိုင်းမှ ထွက် လိုက်သည်။
ထိုနေ့က ထူးထူးဆန်းဆန်း 12ခွဲ အိပ်ယာဝင်
လိုက်သည်။

ခွန်း အတွက် ထိုအချိန် အိပ်နေကြ မဟုတ်၍ 
အိပ်ယာထက် ဟိုဘက် ဒီဘက်လူးလွန့်ကာ
အိပ်ပျော်အောင် မနည်းကြိုးစား အိပ်ခဲ့က
သည်။ ....

At the Morning! >>>

Paradise ၌ .. ခက်မွန်က Kitchen ထဲ၌
Freezer ထဲက Cheese နဲ့ ကြက်အူချောင်း
ရယ် Creamy ဗူးနဲ့ Strawberry အသီး
လေးတွေယူပြီး Sandwich လုပ်လိုက်သည်၊
ပြီးတော့ ဝက်သားရေညှိလိပ်ကြော်ရယ် ပြင်ပြီး
ဖော့ဗူးလေးထဲနေသည်။ 🥪

ခက် -- ပိုး .. ဒီ 4ပွဲကို ပြီးရင် ကောင်တာ
မှာ ဘောင်ချာဖြတ်ခိုင်းပေးပါဦး ပြီးရင်
ငါရှင်းလိုက်မယ် ..

ပိုး -- အွန်း

ဆုမြတ် -- Cinema ကျ စားဖို့လား?

ခက် -- အွန်းလေ ငါတို့က Breakfast
စားပြီးပေးမယ့် သူတို့ဆာနေရင် အဆာ
ပြေ စားလို့ရအောင်ပါ ။

ဆုမြတ် -- ကြင်နာနေတတ်လိုက်တာ

ခက် -- ဘာလား ??

ခက်မွန်က စူပုတ်ပုတ်နဲ့ ပြန်ကြည့်ပြော
တော့ ဆုမြတ်က ပုခုံးတွန့်ပြသည်။

-
-
-

Time skip >>>

🕦 11:30 တော့ ...

ခွန်း အတန်းချိန်ပြီးတော့ ခက်မွန် ဆီဖုန်း
ခေါ်လိုက်သည်။

ခက် -- Hello! ခွန်း

ခွန်း -- Ma .. ခွန်းတို့အတန်းပြီးပြီ ခွန်းတို့
JS ကပဲစောင့်နေမယ် ခွန်းတို့ သွားနှင့်မယ်နော်၊
2nd Floor ကစောင့်နေမယ် .. Ma တို့
လိုက်လာခဲ့တော့နော် ..

ခက် -- အွန်း Ma တို့ Uniform လဲနေလို့
လိုက်ခဲ့မယ်နော် ..

ခွန်း -- ဟုတ် Ma .. See you ..

ခွန်း ဖုန်းချပြီးတော့  ထုံးစံအတိုင်း သူမရဲ့
မာမီထံ ဖုန်းခေါ်ပြီး နေ့လည်စာကို Condo
အောက်ထပ်က ဆိုင်တဆိုင်က ခေါက်ဆွဲဝယ်
စားမယ်ပြောပြီး ဖုန်းချလိုက်သည် ..

ပြီးတော့ သူမတို့ကျောင်းကToilet ထဲ ဝင်၍
ကျောင်းအင်္ကျီကို လဲလိုက်သည်။
ကျောင်းဘောင်းဘီကတော့ Style Pant
အနက်မို့ မလဲတော့ချေ .. အင်္ကျီကကျ
ကျောင်းတံဆိပ်ပါ ပါနေ၍  ဖြစ်သည်။

ခွန်း T.Shirt လိမ္မော်ရောင်လေး‌ကို အပေါ်ကနေ
Student Coat ခဲလေးကို ထပ်ဝတ်လိုက်သည်။ 
ပြီးတော့ Toilet က မှန်‌ရှေ့၌ သူမရဲ့ ပခုံးသာသာရှိ Step ပုံစံ ဆံပင်‌လေးကို လက်နှင့်သပ်ပြီး ခေါင်းကို
တချက် ခါရမ်းလိုက်တော့ ဆံပင်အချွန် လေးများက
သူမမျက်နှာဖြူဖြူလေးအထက် ကဖိုကရိုကျလျှက်
နှင့် ချစ်ဖို့ ကောင်းလှသည်။

သဇင် -- အမလေး ချိမ .. ရှင့်ကြည့်တာ
ဆံပင်ခါရမ်းလိုက်တာ ရှင်တော့မသိ ကျမ
တော့ ခေါင်းတောင်မူးတယ် ။

ဘေးက ခေါင်းဖီးနေတဲ့ သဇင်ကပြောလိုက်၍
ခွန်းဆက် သူမရဲ့ခေါင်းက ဆံပင်လေးကို တချက်
ထပ်ခါပြလိုက်သည်။
ခွန်းရဲ့ ခေါင်းထက်မှ ဆံနွယ်အိအိလေးများက
ခွန်း ခေါင်းတချက်အခါမှာ လေထဲယိမ်းယိုင်ပြီး
သူမရဲ့ မျက်‌နှာလေးထက် ပြန်၍ ဝဲကျလာသည်။

သဇင် -- အာာာ .. တော်ပါတော့

ရွှေစင် -- နင်ကသွားပြောတာကို သူ့မှာ
အဲ့ဆံပင်ပုံစံညှပ်ပြီးကတည်းက ခေါင်း
တခါခါနဲ့ကို နေတာ ...

ခွန်း -- ငါနဲ့လိုက်တယ်မလား ?

ရွှေစင် -- အွန်း .. ချစ်ဖို့ကောင်းတယ်
တကယ် ဒီဆံပင်လေးနဲ့ ..

ခွန်း -- ဒါပဲလေ ..

သဇင် -- အမလေး အမြှောက်က မကြိုက်
ရှာဘူး လာလာ Toilet ထဲ အင်္ကျီလဲတာ
ကြာလို့ ဟိုကောင်တွေပြောနေမယ် ၊ သူတို့
လည်း အင်္ကျီလဲပြီးလောက်နေပြီ ။

ခွန်း , ရွှေစင် -- အွန်း ..

ကျန်တဲ့ သူတွေလည်း ကျောင်း Uniformမို့
အိမ်ကနေထည့်ယူလာသည့်  T Shirt အသီး
သီးကို လဲဝတ်လိုက်သည်။

ခွန်း တို့ Toilet က ထွက်လာတော့ Library
ရှေ့ ခုံတန်းလျား၌ ထူးဝေတို့ထိုင်စောင့်
နေတာ တွေ့ကသည်။

ခွန်း -- Let's go .. ငါ grab ခေါ်လိုက်ပြီ၊
သက်မင်း နင်က တစ်စီးခေါ်ထားလိုက်။

သက်မင်း -- အင်း ..

ခွန်းတို့ Condo အောက်ထပ် အနောက်ဘက်
အပေါက်ကနေ ဆင်း၍ ကားစောင့်နေလိုက်သည်။
သူမတို့ခေါ်ထားတဲ့ ကားလာတော့ အသီးသီးကားပေါ်တက်၍ JS သို့ ...

->->->->->->->->->->->->->->->->->->->

ခက်မွန် hoodie အပါး လည်ဝိုင်း နက်ပြာလေးနဲ့
Jean Pant  မီးခိုးပြာကို အပြဲအခြစ်စင်း‌လေး‌
တွေပါတဲ့ Jeanလေးနဲ့တွဲ၍ ဝတ်ထားသည်။
ခက်မွန် သူမရဲ့ ရှေ့ဆံပင်ဂျာရစ်‌လေးကို သေချာ
ဖီးပြီး ရှေ့ဘက် ဘေးဆံပင်ကို မေးစေ့အောက်ထိ
အကုပ်လို အတိုလေးညှပ်ထားတာကို ချထား၍
အနောက်ဘက် ပခုံးကျော်‌ကျော်ထိ ဆံနွယ်ရှည်
လေးကိုတော့ ခေါင်းစည်းကွင်းနှင့် စည်းလိုက်သည်။

ခက်မွန် နားနေခန်းကနေ ထွက်လာတော့
သူမကို အဆင်သင့်စောင့်နေတဲ့ ပိုးနဲ့
ဆုမြတ်ကို တွေ့ကသည်။

ပိုး -- Wow .. အရမ်းတွေချစ်ဖို့ကောင်းနေသော ချိမ ..

ခက် -- ငါ ဝက်သားရေညှိ လုပ်ထားတယ်

ဆုမြတ် -- Grab နဲ့ပဲ သွားမလား ?

ပိုး -- ဦးဉာဏ်လိုက်ပို့ပေးမယ်တဲ့

ခက်မွန် -- Ok! အာ့ဆို go မယ် ။

သူရနောင် -- အပြင်သွားကြမလို့လား?

ခက်မွန် -- ဟုတ် .. ကိုနောင်တို့ရောက်လာ
ပြီဆိုတော့ ခက်မွန်တို့ သွားပြီနော် ။

သူရနောင် -- ဟုတ်ကဲ့ပါ ခင်ဗျ ။

ခက်မွန် တို့ကို JS သို့ ဟိုတယ်မှ Driver
ဦးဉာဏ်က လိုက်ပို့ပေးသည်။

JS ရောက်တော့ ..

ဆုမြတ်၊ပိုး၊ခက် -- ဦးဉာဏ်ရေ ကျေးဇူးပါ ..

ဦးဉာဏ် -- ရပါတယ် သမီးတို့ရဲ့ .. တကယ်လို့
အပြန်ကြရင်လည်း သမီးတို့ပြန်မယ့်အချိန်
ဦးဉာဏ်ကို ဖုန်းလှမ်းဆက်လိုက်လေ လာကြို
ပေးမယ် ။

ခက် -- အာာ ရပါတယ် ဦးဉာဏ် ..

ဦးဉာဏ် -- သူဌေးက ဦးကို သူ့ဝန်ထမ်းတွေရဲ့
လိုအပ်တာ မှန်သမျှ ကူညီပေးဖို့ပြောထားတာမို့
အားမနာပါနဲ့ သမီးတို့ရဲ့၊ ဦးဉာဏ်ကလည်း
အလုပ်မှသိပ်မရှုပ်တာ ဦးဉာဏ်အလုပ်က ကားနဲ့
အကြို အပို့ လုပ်ပေးရရုံလေးတင် ..

ဆုမြတ် -- ဟုတ် ကျေးဇူးပါ ဦးဉာဏ်

ဦးဉာဏ် -- ကဲ ဦးဉာဏ် သွားပြီ

ပိုး -- ဟုတ် ..

ခက်မွန် .. ခွန်း စီသို့ ဖုန်းဆက်လိုက်သည်။

ခွန်း -- Hello! Ma .. ရောက်ပြီလား?
ခွန်းတို့ ice cream ဆိုင်မှာ ..

ခက် -- အွန်း ဒုတိယထပ်ကို လာခဲ့မယ်

ခက်မွန်တို့ 2nd Floor သို့ရောက်တော့
ice cream ဆိုင်က ထလာတဲ့ ခွန်းတို့
အုပ်စုကို တွေ့လိုက်သည်။
ခွန်းတို့ ခက်မွန်တို့ အနားရောက်တော့ ...

ခွန်း -- လက်မှတ်သွားဖြတ်ကြကအောင်
ရုပ်ရှင်ကြည့်ပြီးမှပဲ Pizza သွားရင်းနဲ့
မိတ်ဆက်ပေးကြမယ်

ခက် -- အွန်း ..

သူမတို့ လက်မှတ်သွားဖြတ်ရန် JCGV .. 
Cashier ကောင်တာစီသို့

သဇင် -- မခက်မွန်ကို မြင်တာနဲ့ Paradise
က အစားအသောက်တွေ မြင်ယောင်လာတယ် ..

ထူးဝေ -- နင်ဟာလေ အစားသရဲပဲ

ခက် -- သဇင်ကြိုက်တဲ့ ဝက်သားရေညှိ
လိပ်ကြော်ပါတယ်

သဇင် -- အယ် တကယ်ကြီး ..

ခက် -- အွန်း ..

ခွန်း -- Ma က အဲ့တာတော့မျက်နှာလိုက်
တာပဲ သဇင့်အကြိုက်ကျ လုပ်လာတယ်

သဇင် -- အမယ် ဟိုနေ့က ရှင့်ကို Lunch
ပို့ပေးလိုက်တာကိုကျ ထည့်ပြောလေ

ခွန်း -- ဘာဖြစ်လဲ ??

ထူးဝေ -- ‌ကဲ တော်ပြီ .. လက်မှတ်ဖြတ်
ကြမယ် .. ဘာကားကြည့်မှာလဲ ၁၂ခွဲက
လိပ်ပြာစံအိမ်ပဲ ရှိတော့မယ် ..

ခွန်း -- အဲ့တာပဲ ကြည့်တာပေါ့

ထူးဝေက ခေါင်းညိမ့်ပြပြီး ကောင်တာ၌ဘေးဆုံး
အတန်းမှ အတွဲခုံရဲ့ရှေ့အတန်း ၂တန်းကျန်သေး
တာမို့  တန်းစီပြီးယူလိုက် သည်။

ခက် -- ခွန်း .. Tickets ဖိုး Ma ပဲ‌ရှင်းလိုက်
မယ်နော် ...

ခွန်း -- အာာ .. Ma ကလည်း မလုပ်ပါနဲ့
ခွန်းတို့အကုန်စုပြီး ပေးမှာ ..

ဆုမြတ် -- အစ်မတို့ သူငယ်ချင်းတွေပဲ
ရှင်းလိုက်ပါ့မယ်  တခါတလေဟာကို ..

ဆုမြတ်က ပြောပြီး ကောင်တာမှာ Tickets
ဖိုး ထုတ်ရှင်းလိုက်သည်။

ရွှေစင် -- Ma တို့ကလည်း အားနာစရာတွေ
ဖြစ်ကုန်ပြီ ပြီးရင်တော့ Pizza ကို ရွှေစင်တို့ပဲ
ဝယ်ကျွေးမှာနော် ..

ခက် -- ရပါတယ် ..

ပိုး -- ခက် ငါရေသန့်ဝယ်လိုက်ဦးမယ်
နင် ပေါက်ပေါက်စားဦးမလား?

ခွန်း -- ပေါက်ပေါက်နဲ့ Coca Cola က
ခွန်းဝယ်လိုက်မယ် 🍿🥤..

ခွန်းပြောပြီး ပေါက်ပေါက်နဲ့ Cola ဝယ်ပြီး
ပိုးတို့ရယ် သဇင်နဲ့ သက်မင်းတို့ရယ်ကို
တစ်ဗူးစီ ပေးလိုက်သည်🍿🥤

ခက်လည်း သူမလက်ထဲက ဝက်သား
ရေညှိလိပ်ဗူးကို သဇင်ကို ‌တဗူးပေးလိုက်
သည်။
သက်မင်းတို့ကို Sandwich တဗူး
ပေးလိုက်သည်။

သဇင် ၊ သက်မင်း -- ကျေးဇူးပါ

ကျန်တဲ့ ဝက်သားလိပ် တဗူးကို ပိုးကို
ပေးလိုက်ပြီး Sandwich ကို ခွန်းကို
ပေးလိုက်သည်။ခွန်းက  သူမကို ခက်မွန်က
နောက်ဆုံးမှ ပေးလို့ နှုတ်ခမ်းလေး ဆူနေ
သည်။

သက်မင်း -- Theatre ဘယ်လောက်မှာလဲ

ထူးဝေ -- Theatre 1 မှာ ..

ခွန်းတို့ Theatre ထဲဝင်လိုက်တော့ အတွဲခုံ
ရဲ့ရှေ့အတန်းမှာ ရွှေစင် ၊ သဇင် ၊ ဆုမြတ်
၊ ပိုး ၊ ခက်မွန်နဲ့ ခွန်းက အစွန်ဆုံးမှာ ထိုင်
လိုက်သည်။  သူမတို့ရှေ့ကအတန်းမှာတော့
ထူးဝေတို့ သက်မင်းနဲ့ ဝဏ္ဏ တို့ဖြစ်သည်။

ရုပ်ရှင်မလာခင် ပိတ်ကားထက်နိုင်ငံတော်
အလံ ထွက်ပေါ်လာတော့ အားလုံး မတ်တပ်
ထရပ်ပြီး ပြန်ထိုင်လိုက်သည်။
ကြော်ငြာတွေ လာပြီး ဇာတ်ကားစတော့
ခက်က ခွန်းရဲ့သူငယ်ချင်းတွေက ဟိုဘက်
အစွန်ခုံကိုရောက်နေတာမို့  ခွန်းရဲ့အနားသို့
ကပ်၍ ..

ခက် -- ခွန်း .. ရလား ? သဇင်တို့ဘေး
သွားမလား ? ဆုမြတ်နဲ့နေရာလဲလိုက်လေ

ခွန်း -- ရတယ် ခွန်းဘေးနား Ma ရှိနေတာ
ပဲဟာကို ..

ခွန်း စူအောင့်အောင့်နဲ့ ပြောတော့ ..

ခက် -- Ma က ခွန်း .. သူငယ်ချင်းတွေနဲ့
အတူထိုင်ချင်မလားလို့ပါ ..

ခွန်း -- ရတယ်

ခက် -- အွန်း ..

ခက် သူမရဲ့ဘေးက နှုတ်ခမ်းလေးဆူကာ
ထိုင်နေတဲ့ မျက်နှာလေးထက် ဆံပင်ချွန်ချွန်
လေးတွေ ဝဲဖြာကျနေတဲ့ ချစ်ဖို့ကောင်းတဲ့
ကောင်မလေးကို ခိုးကြည့်ကာ ပြုံးလိုက်မိ
သည်။

ပိုး -- ဟဲ့ ဇာတ်ကားက Romantic ကား
လည်း မဟုတ် နင်က ဘာကို ပြုံးပြီး
ကြည်နူးနေတာလဲ ?

ပိုးက သူမရဲ့နားနား ကပ်ခါပြောတော့
ခက်က ပိုးဘက်လှည့်က နှုတ်ခမ်းလေး
ကိုက်ပြလိုက်သည်။

ခွန်း လက်ထဲက 🍿ပေါက်ပေါက်ဗူးဖွင့်၍
စားလိုက်ပြီး ခက်ထံသို့ ပေါက်ပေါက်ဗူးလေး
ကမ်းပေးလိုက်တော့ ခက်က ခေါင်းခါပြသည်။

ခွန်း ပေါက်ပေါက်ဗူးထဲက ပေါက်ပေါက်လေးကို
နှိုက်ယူပြီး ခက်ရဲ့ပါးစပ်နားသို့သူမရဲ့လက်လေးနဲ့
ခွံကျွေးလိုက်သည်၊
ခက်က ရုတ်တရက်မို့ ကြောင်သွားပြီး ပါးစပ်လေး
ဟကာ စားလိုက်သည်။

ခွန်း .. ခက်မွန်လုပ်ပေးတဲ့ Sandwich ဗူး
လေးဖွင့်လိုက်တော့ ခက်မွန်က အသင့်စား
လို့ရအောင် Sandwich 🥪 လေးတွေကို
ဓါးလေးနဲ့လှီးထားပြီး ကော်ခရင်းလေးပါ
ထည့်ပေးထားသည်မို့ သူမ ခရင်း‌လေးနဲ့
ထိုးပြီး တခုယူစားလိုက်သည်။
ပြီးတော့ ခက်ဘက်သို့ လှည့်ပြီး ခွံ့လိုက်ပြန်
သည်။

ခက်က လက်တန်းမှာတင်ထားတဲ့ Coca Cola
ဗူးလေးကို ယူ၍သောက်လိုက်သည်။ ခက် သူမကို
ကြည့်နေတဲ့ ခွန်းကို Cola ဗူးလေးပေးတော့ 🥤

ခွန်း -- ခွန်း Cola မကြိုက်ဘူး Ma ..

ခက် -- ဟင် .. ဘာလို့လဲ gas ပါလို့လား

ခွန်း -- အွန်း အဲ့ဒါကြောင့်ရော Cola အရသာကို
ကြိုက်ကို မကြိုက်တာမို့

ခက် -- ဪ ..

ခက် ဇာတ်ကားက ကြည့်ရင်း ပျင်းလာသလို
ရှိတာမို့ လက်တန်းပေါ်သို့ လက်လေး ထောက်ကာ
မေးတင်ပြီးကြည့်နေတုန်းမှာ .. သူမရဲ့ခေါင်းလေးကို
ဆွဲယူပြီး ခွန်းက သူမရဲ့ ကိုယ်ကိုလျှော၍ သူမရဲ့
ပခုံးမှာ ခက်ရဲ့ ခေါင်းလေးကို မှီစေသည် ။

ခက်လည်း ရုတ်တရက် လန့်သွား၍ရော
ရင်ထဲ လိပ်ပြာလေးတွေဝဲပျံသလို လှိုက်ခနဲ
ဖြစ်သွားသည် ၊ ခက်လည်း ခွန်းရဲ့ပခုံးမှာ
ခေါင်းမှီထား လိုက်သည်။

ခွန်း သူမရဲ့ ပခုံးထက်မှာ ခေါင်းလေးမှီထားတဲ့
ခက်မွန်တယောက် သူမရဲ့ ဘယ်ဘက်ရင်အုံမှ
စည်းချက်မြန်နေတဲ့ ရင်ခုန်သံတွေ ကြားသွား
မှာလည်း စိုးထိတ်နေမိသည်။

ခွန်း .. ခက်မွန်ရဲ့ ဆံနွယ်လေးတွေကို
ခိုးနမ်းမိသည်။ Shampoo အနံ့လား ?
hair spray အနံ့လားမသိ ချိုအီအီ အသီးအနံ့
လိုမျိုးလေးက သူမနှာခေါင်းဝသို့ ကျီစယ်သလို
တိုး၍ဝင်လာသည်။

ခက်က လက်ကလေးပိုက်၍ ဇာတ်ကားကို
ကြည့်နေသည်မို့ ..

ခွန်း -- Ma ချမ်းလို့လား ? ခွန်း အပေါ်ထပ်
ချွတ်ပေးကမလား ?

ခက် -- ရတယ် ခွန်း .. Ma အင်္ကျီလည်း
လက်ရှည်ပဲဟာ .. မချမ်းဘူး ..

ဇာတ်ကား တဝက်ကျိုးတော့ ခက် သူမ
ကိုယ်လေးကို ပြန်မတ်၍ ဇာတ်ကားကြည့်
နေလိုက်သည်။ ခွန်း လက်တန်းပေါ်တင်ထားတဲ့
ခက်မွန်ရဲ့ လက်ကလေးကို အရဲစွန့်၍ စွဲယူကာ
ဆုပ်ကိုင်ထားလိုက်သည်။

ခက် .. ခွန်းရဲ့အပြုမူတို့ကြောင့် ဆတ်ခနဲ
ကိုယ်လေး တုန်သွားသည်။ ခက် ခွန်းကို
ကြည့်လိုက်တော့ ခွန်းက ပြုံးကြည့်နေတာမို့
သူမရဲ့လက်ကလေးကို ခွန်းရဲ့ လက်ထဲက‌နေ
မရုန်းထွက်မိချေ။

ဇာတ်ကား ပြီးသွားတော့ သူမတို့အားလုံး
အကြောဆန့်၍ ..

ဝဏ္ဏ -- ပြီးသာသွားတယ် ဇာတ်ကားကြီး
ကလည်း ဘာမှန်းမသိလိုက်ဘူး

ရွှေစင် -- ဟုတ်ပါ့

သက်မင်း -- Pizza သွားစားကြမယ်

All -- Ok! Pizza သွားစားမယ်။

JS အနီးမှ The Pizza Company သို့ ..

ထူးဝေ --  ဟျောင့် သက်မင်း  ခုနက
Sandwich လည်း မင်းချည်းပဲ
ကြိတ်တာနော်

သက်မင်း -- စားလို့ ကောင်းတာကိုကွ
ခွန်းဆက်က အဲ့ကြောင့်မို့ အဲ့အစ်မရဲ့
လက်ရာကို တမ်းတမ်းစွဲဖြစ်နေတာကို

ဆုမြတ် -- အစ်မနဲ့ ပိုးနဲ့ကလည်း Chef
တယောက်ပါပဲနော် ..

သဇင် -- Ma တို့ အကုန်လုံးရဲ့လက်ရာကို
တကယ် ချီးကျုး တာပါနော် ။

ပိုး -- Paradise မှာ လာစားရင် Waiterကို
ဖြစ်ဖြစ် အစ်မတို့နာမည်မေးပြီးပြောလိုက်
အကောင်းဆုံးလုပ်ပေးမယ် ပြီးရင် Coffee
တခွက် အလကားတိုက်မယ် ။

သက်မင်း၊ ရွှေစင်၊ ဝဏ္ဏ -- တကယ်နော်

ပိုး -- တကယ်

ခွန်း --  Ma သူငယ်ချင်း ကျန်း .. Paradise
အတွက် Promotion တန်းဆင်းတာ

ခွန်း စကားကြောင့် ခက်မွန်တို့ ပြုံးလိုက်
သည်။
ဆိုင်ထဲရောက်တော့ အသီးသီး နေရာယူ
တဲ့အခါ ခက်ရဲ့ဘေးမှာ ခွန်းက ထိုင်သည်။

သက်မင်း -- ကျွန်တော်တို့တွေ ကျွေးမှာ
နော် အစ်မတို့ ကြိုက်တာမှာနော် ..

ဝဏ္ဏ -- ငါတော့ Pasta Spicy Bacon
စားမယ်

ထူးဝေ -- ငါလည်း Pasta

ဝဏ္ဏက Waiter လေးကို Pasta Spicy
Bacon 2ပွဲ မှာလိုက်သည်။

ခွန်း -- Ma တို့ရော ??

ခက်က ပိုးတို့ကိုကြည့်ပြီး ..

ခက် -- Pizza ပဲစားမယ်နော်

ပိုး -- အွန်း

ခက် -- Cheesy Shrimp Pizza

ခွန်း က Waiter လေးကို ..

ခွန်း -- Cheesy Shrimp Pizza  ရယ်
Jumbo Cheesy hod dog Pizza ကို
၂ချပ် Large Size ချည်း လုပ်ပေးပါနော်
ပြီးတော့ Cola ပါချပေးပါနော်

Waiter -- ဟုတ် ခဏလေးစောင့်ပေးပါနော် ..

ခွန်း - Aww .. Ma ရယ် .. ဟိုဘက်က အစ်မ ၂ယောက်ရော ခွန်းက ခွန်းဆက်နွေပါ သူက‌တော့
သက်မင်းတဲ့ သူကတော့ ဝဏ္ဏ သူက ရွှေစင် ၊
ဟိုဘက်က သဇင်နဲ့ ထူးဝေ .. Ma ကတော့
သဇင်နဲ့ထူးဝေ ၂ကောင်ကိုတော့ သိပြီးသားပါ။

ခက် -- အွန်း

အားလုံးက‌ ခေါင်းညိမ့် ပြုံးပြသည်မို့
ပိုးနဲ့ ဆုမြတ်လည်း ပြန်ပြုံးပြကာနှုတ်
ဆက်လိုက်သည်။

ခွန်း -- ဟဲ့ ဒါက မခက်မွန်ကျော်တဲ့ မှတ်ထားကြ ..

ရွှေစင်၊ဝဏ္ဏ၊သက်မင်း -- တွေ့ရတာ ဝမ်းသာပါတယ်

ခက် -- ခွန်း ရော .. အားလုံးပဲ ဒါက Ma ရဲ့
သူငယ်ချင်း၂ယောက် သူက ပိုးအိဖြူ ၊
သူက ဆုမြတ်မွန် တဲ့ .. အစ်မတို့ကို လမ်းမှာ
တွေ့လည်း နှုတ်ဆက်လို့ရတယ်နော် ။
ပြီးတော့ ပိုး ခုနကပြောသလို Paradise
လာစားရင် အစ်မတို့ကိုမေးပြီး နာမည်ပြောလိုက်
ခွန်း သူငယ်ချင်းလို့ပြောလည်းရတယ် အစ်မတို့ အကောင်းဆုံးပြင်ပေးမယ် Coffee ဖြစ်ဖြစ်
Milk Shake ဖြစ်ဖြစ်တိုက်မယ် ..

All -- yes sir ☺️

မှာထားတာတွေ ရတော့ ခွန်းတို့စားလိုက်ကြသည်။

သက်မင်း -- နောက်ရက်တွေ လာစားမှာ
နော် အိမ်မှာက မာသားကြီးက ထမင်း ဟင်း
သိပ်ချက်မစားဘူး အပြင်ထွက်စားတာများ
တယ် အဲ့တာကြောင့် လာစားမှာ

ပိုး , ဆုမြတ် , ခက် -- Ok ! Warmly Welcome From Paradise.

ခွန်း -- Ma တို့ Paradise က နာမည်ကြီး
ပဲနော် ။ Customer Service & take care
အပိုင်းမှာ တကယ် နာမည်ကြီးတာ ..

ဆုမြတ် -- သူဌေး က အရမ်းတော်တာ
သဘောလည်း ကောင်းတယ် ဝန်ထမ်းတွေ
အပေါ်ကို အမြဲ ဂရုတစိုက်ကြည့်ပေးတတ်တော့
ဝန်ထမ်းတွေကလည်း Customer အပေါ်
အမြဲတမ်း ဂရုစိုက်တယ်လေ။

ဝဏ္ဏ -- မိုက်တယ် .. တချို့ သူဌေးတွေက
Customer ပဲကြည့်တာ ဝန်ထမ်းကိုကျ
မကြည့်ဘူးလေ

ခက် -- အဲ့ကျတော့ အဲ့ဝန်ထမ်းတွေလည်း
အလုပ်လုပ်တာက အဆင်မပြေတော့ဘူး
လေ ..

ခွန်း -- Ma .. ဒါစားကြည့် 🍕

ခွန်းက သူမရှေ့က Pizza လေးကို ဓားလေးနဲ့
လှီးယူပြီး  ခက်ကိုလှမ်းပေးသည်။

ခက် -- Ma တို့မှာတာလည်း စားကောင်း
တယ် စားကြည့် ..

ခက်မွန် ခွံ့ကျွေးတဲ့ Pizza လေးကိုခွန်းက
တကိုက် ကိုက်လိုက်သည်။
သူမတို့ မုန့်စားလိုက် စကားပြောလိုက်နှင့်
ခက်မွန် သူငယ်ချင်းတွေရော ခွန်းတို့
သူငယ်ချင်းတွေရော အချင်းချင်း အဖွဲ့ကြ
သွားကြသည်။

သဇင် -- ၄နာရီကျော်ပြီပဲ ချိမ ကျောင်း
ပြန်ကြမယ် လမ်းမှာ ကားကြပ်မှာဘာနဲ့
ရှင့်အိမ်ထက် ကျောင်းကိုအရင်ရောက်နေ
မှ ဖြစ်မှာ ..

ခွန်း -- အာာ့ .. ဟုတ်တယ်

ထူးဝေ -- အာ့ဆို Grab ခေါ်ထားလိုက်ပြီ

ထူးဝေနဲ့ဝဏ္ဏက Grab ခေါ်တော့ ခက်မွန်
တို့လည်း  အိမ်ပြန်ဖို့ Grab ခေါ်လိုက်သည်

ရွှေစင် -- နောက်လည်း အားရင်ဆုံကြမယ်နော် .. Paradise လည်း ညီမတို့ အားလုံးအတူတူ
တခေါက်လာခဲ့ပါဦးမယ် ..

ပိုး -- Ok .. Ok

သက်မင်းတို့ ခွန်းတို့ ပိုက်ဆံရှင်းပြီး သူတို့ခေါ်ထားတဲ့
ကားများလည်း ရောက်လာကြတော့ ဆိုင်ထဲမှ အပြင်ထွက်လာကြသည်။

ခွန်း -- Ma ဂရုစိုက်ပြန်နော် ညကျမှ
တွေ့မယ် ..

ခက် -- အွန်း

သဇင် -- တာ့တာ

ဆုမြတ် -- တာ့တာ

သူမတို့အားလုံး အသီးသီးကားပေါ်တက်
လိုက်သည်။
ခွန်းတို့ ကျောင်းရောက်တော့ Toilet ထဲဝင်၍
ကျောင်းအင်္ကျီ ပြန်လဲပြီး Library ရှေ့မှ ခုံတန်းမှာထိုင်၍ စကားပြောနေကြသည်။

ရွှေစင် -- ခွန်းဆက် ကြွေချင်လည်း ကြွေချင်စရာ
လေးပါ မခက်မွန်ကျော်က ချစ်ဖို့ကောင်းတယ် ..

ခွန်း -- ငါကရော ??

‌သဇင် -- ချီးထုတ်ကြီး hahh hahh ..

ခွန်း -- မိသဇင် ..

ဝဏ္ဏ -- ခွန်းဆက် .. နင် သူ့ကိုတကယ်
ရွေးချယ်လိုက်ပြီ လုံးဝအသေချာဆို
ရှေ့ဆက်တိုးပါ ။

ခွန်း -- လုံးဝ အသေချာပဲ ဘယ်အချိန်
မေးမေး

ဝဏ္ဏ -- Good Girl ..

သက်မင်း -- ခွန်းဆက် နင်ရွေးချယ်တဲ့သူဆိုတာ
မခက်မွန်ဆိုတာကိုတော့ ဇေလင်းနဲ့ ကောင်းစည်သူ
မသိစေနဲ့ ဘာလို့ဆို နင် ရွေးချယ်တဲ့ သူက
ယောကျာ်းလေးမဟုတ်ဘဲ မိန်းကလေးတယောက်
ဖြစ်နေတာ သူသိရင် သူ့ကိုယ်သူ မိန်းကလေး
တယောက်နဲ့ယှဉ်ပြီး သူရှက်ရမ်းတွေ ရမ်းနေမှာစိုးလို့ ..

ထူးဝေ -- အဲ့တာ ဟုတ်တယ် ခွန်းဆက် ..
သက်မင်းပြောတာ မှန်တယ်

ခွန်း -- အွန်းပါ ။ ငါနားလည်ပါတယ် ။

ခွန်းတို့စကားပြောနေတုန်း ခွန်း မာမီထံမှ
ဖုန်းလေး ဝင်လာသည်။

ခွန်း -- Hello , Mum .. ရောက်ပြီလား?
ဟုတ် .. ခွန်း ဆင်းလာပြီနော်။

သဇင် -- ချိမ အိမ်က ကားလာပြီလား

ခွန်း -- အွန်း ..  ငါတို့ ပြန်ကြမယ်လေ
အားလုံး ဒီနေ့အတွက် အတူလိုက်ပေးလို့
ကျေးဇူးတင်တယ် .. see you, တာ့တာ

ခွန်းတို့ အားလုံးနှုတ်ဆက်ပြီး ပြန်ခဲ့ကြ
သည်။ ခွန်းလည်း သူမကိုလာကြိုတဲ့
သူမ Daddy ကားပေါ်သို့ တက်လိုက်သည်။

-

-

-

ခွန်း ကျောင်းကနေပြန်ရောက်တော့ ခဏ
နား ရေချိုးပြီး ညရောက်တော့ သူမမာမီ
တို့နဲ့ ညစာအတူစားပြီးတော့ စာလုပ်ရင်း
ခက်မွန်ရဲ့ Acc လေး မီးစိမ်းလာမယ့်အချိန်
စောင့်နေသည်။

ခဏနေတော့ ခက်မွန် Acc လေး Active
Now ဟု မြင်လိုက်ကတော့ ခွန်း ရဲ့ မျက်နှာ
ထက် ကြည်နူးသော အပြုံးလေးတပွင့် ..

ခက်မွန်တို့ သူငယ်ချင်း ၃ယောက်အတူ
နေ့လည်က အဝတ်အစားများနှင့် ညနေဘက်
သူမတို့ တိုက်ခန်းပြန်ရောက်တော့ ဝရံဝာာမှာ
ရိုက်ထားတဲ့ ပုံလေးကို ခက်မွန်က မပိုးနဲ့
မဆုမြတ် Acc ကို Tag တွဲပြီးတင်ထားသည်။

ခွန်း Love React လေးပေးပြီး Comment
ဝင်ရေးမယ်လုပ်တော့ Comment မှာ
ခက်မွန်ကို " မ‌မခက်ရေ ချစ်ဖို့ကောင်းလိုက်တာ"တို့
"မမခက်မွန်ကို ကြွေသွားပြီ" တို့ "" မမခက်မွန်ရေ
ညီမလေးနဲ့ တွဲကအောင်လို့" ment ထားတဲ့စာသား
များကိုမြင်တော့ ရင်ထဲ အလိုမကျမှုများဖြစ်လာ၍
😏 မဲ့နေတဲ့ Emogi လေးပဲ mentလိုက်သည်။
မကြာပါ noti အသံလေးနှင့် ခက်ရဲ့ Replyလေး

ခက်မွန် .. ခွန်း Acc ကို Mention ခေါ်၍

ခက် [ ဘာလို့မဲ့ ရုပ်က ??? ]

ခွန်းလည်း ခက်မွန် Acc ကို Mention ခေါ်
ပြီး ..

ခွန်း [ မဲ့ချင်လို့မဲ့တာ မကျေနပ်ဖူးလားပြော ]

ခက် [ ကျေနပ်ပါတယ် ကလေး
စုတ်လေးရယ် ]

ခွန်း စိတ်ထဲကြိတ်ပြုံးမိသည်။ ရှေ့ကဝင်
ment ‌တဲ့သူတွေ သူမရဲ့ ment ကို‌တွေ့မှာ
ပဲလေ အဲ့အခါ သူမနဲ့ ခက်မွန်ရဲ့ အပြန်
အလှန် Comment ကို မြင်မိကြမှာပဲလေ။

ထိုစဉ် Messenger မှ 💬

ခက် << ( heyyyy 👏 .. )

ခွန်း << ( 👏လက်ခုပ်တီး heyy လို့ခေါ်
ကအောင် ခွန်းက ဈေးသည် မဟုတ်ဘူး
နော် )

ခက် << ( နေပေါ့ အာ့ဆိုလည်း မခေါ်ဘူး )

ခက်က ထိုကဲ့သို့ ချေတေတေ ပြန်ပြော
ကာ တကယ်ပင် ဆက်၍ မခေါ်ပါ စကား
လည်း ဆက်မပြောဘဲ နေတော့ သူမရဲ့
ဘက်ကပင် ...

ခွန်း << ( ခင်များက အရမ်းကိုချေမိုးတာ
ပဲနော် )

ခက် << ( ချေချေပဲ )

ခွန်း << ( ခင်များအကြီးဖြစ်ပြီး အငယ်ကို
တစက်ကလေးမှကို အလျှော့မပေးဘူးရယ် )

ခက် << ( ခွန်းကရော Ma ကို စွာတာမှ
ကက်ကက်လန် )

ခွန်း << ( လူကို ဘာလို့  heyyy ဆို
လက်ခုပ်တီးခေါ်လဲလို့  .. ခေါ်ပါလား
ခွန်းရေလို့  ခွန်းလေးလို့ နူးနူးညံ့ညံ့လေး )

ခက် << (Ma ကမှ မနူးညံ့တတ်တာ )

ခွန်း << ( ဟွန့် .. Ma က ဗျာ .. )

ခက် << ( ဘာလို့ Comment မှာ မဲ့ )

ခွန်း << ( Ma က ဒီနေ့အရမ်းချစ်ဖို့ကောင်း
တာလေ အာ့ကိုပုံတင်ထားတော့ ဝင်မန့်တဲ့
ကောင်မလေးတွေကို ကြည့်မရလို့ ..  )

ခက် << ( ဟယ် .. )

ခွန်း << ( မဟယ်နဲ့ ..  )

ခက် << ( ဟင် .. )

ခွန်းအပြောကြောင့် ခက်မွန်တယောက်
ဘာဆက်ပြောကမှနမသိတော့ချေ ။

ခွန်း << ( Ma တို့ မနက်ဖြန် နားရက်
ဘာလုပ်မှာလဲ လျှောက်လည်ကြမှာလား )

ခက် << ( ဟင့်အင်း နားရက်ဆို အိမ်မှာပဲ
အေးဆေး နားကြတာ တနေကုန် ဘယ်မှ
မသွားကြဘူး )

ခွန်း << ( အွန်း .. ခွန်းက ကျောင်းပိတ်ရက်ကျ
Mum က သူ့အခန်းခေါ်ထားတာ Phone
သိပ်မသုံးကဘူး သူနဲ့မုန့်စား ရုပ်ရှင်အတူကြည့်
ကတာ )

ခက် << ( အွန်း .. မားမား Girl လေးပေါ့ )

ခွန်း << ( မွန်းကြပ်တယ် Ma ရဲ့ အခု
အရွယ်ထိ အဲ့လိုကြီး မျက်စိဒေါင့်ထောက်
ကြည့်နေတာကြီးက  )

ခက် << ( တဖြည်းဖြည်း မာမီ့ကို နားလည်
အောင် ပြောပြကြည့်ပေါ့ )

ခွန်း << ( အွန်း ရမယ်မထင်ပါဘူး  Ma တို့
ညစာ စားပြီးလား ? )

ခက် << ( အွန်း ပြီးပြီ .. အခု အသီးစားမို့
ပိုးရယ် အသီးခွဲနေတာ စောင့်နေတာ )

ခွန်း << ( ဟုတ် .. Ma မနက်ဖြန် နားရက်
ဆိုတော့ အိပ်ရေးဝဝအိပ်ပေါ့ )

ခက် << ( နားရက်ဆို မနက် ၁၀မှ ထတာ )

ခွန်း << ( ခွန်းက ၁၀ခွဲ ၁၁မှ ထတာ )

ခက် << ( မနေ့ညက စောစောအိပ်သားပဲ )

ခွန်း << ( ဟုတ်တယ် Ma ဆူမှာကို
ကြောက်လို့လေ hee .. aww , Ma
ဒီနေ့တော့ အိပ်ယာဝင်တာ နည်းနည်း
နောက်ကျမယ်နော် မနက်ဖြန်လည်း
ပိတ်ရက်ဆိုတော့လေ ၊ နော် .. Ma ,
ခွန်း Game ဆော့ဖို့ချိန်းထားလို့ .. )

ခက် << ( အွန်း .. as you like .. )

ခွန်း << ( Ma ကလဲ ကျောင်းရှိတဲ့ရက်ဆို
ခွန်း စောစော အိပ်မယ်လေ )

ခက် << ( Omm .. ခွန်း သဘောပဲလေ )

ခွန်း << ( စိတ်ဆိုးတာလား )

ခက် << ( ရော် .. မဆိုးပါဘူးရော )

ခွန်း << ( ဟုတ် )

ခက် << ( ခွန်း .. Ma အသီးစားမို့ ..စားပြီး
ရုပ်ရှင်ကြည့်ပြီး ဘုရားရှိခိုးပြီး အိပ်တော့မယ်‌ )

ခွန်း << ( ဟုတ် .. Ma .. Good Night! )

ခက် << ( Good Night! ခွန်း )

ခွန်း သူမရဲ့ My Day ၌ 💭 ^^ သူ မသိအောင်လို့ တိတ်တဆိတ်နဲ့ ကြိတ်Crushရတဲ့ ဘဝကလည်း
မလွယ်ပါလား ^^ ဆိုပြီး 🎭 တင်ထားတဲ့ စာသား
လေးကိုတော့  ခက်မွန်ကျော် တယောက် လိုင်းမှ
Out သွားတာမို့ မမြင်မိခဲ့ချေ။

ခွန်း .. ခက်မွန်နဲ့စကားပြောတာ အဆင်
မပြေ၍ Game ထဲလည်း စိတ်မပါချေ။
ဆော့တိုင်းလည်း သက်မင်းတို့နဲ့ရော
ဇင်သူထွဋ်တို့နဲ့ပါ ဆော့တဲ့ပွဲလည်း ရှုံးမြဲ
ရှုံးတာ အကြိမ်ကြိမ်မို့ .. စိတ်တိုတိုနှင့်
အကုန်လုံးကို နှုတ်ဆက်ပြီး အိပ်ယာဝင်
ခဲ့သည် .......

<< To Be Continue >>

ဖတ်ပေးကြတဲ့ Readers တွေအားလုံးကို
ကျေးဇူးတင်ပါတယ် 🙇🙇
လိုအပ်တွေ ရှိပါက သည်းခံပေးကြပါလို့
အမှားပါရင်လည်း ခွင့်လွှတ်ပေးကြပါနော်

Written By ,
May Yan ^^ Alvin Yan ^^
MYAndSSLY

SSLYAndMY   သည်းပိစိရေ SSLYAndMY
ခွန်းဆက်နွေ ဇာတ်ကောင်ကို ကလေးရဲ့ အပြင်က Character အချို့ယူရေးထားတယ်
လွန်တာရှိ ဝန်တာမိ Ma ရဲ့ ကလေးလေး 😜😘








Continue Reading

You'll Also Like

2.9M 75K 23
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
843K 70.2K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
61K 3.1K 24
Where Jungkook's a boy at day, and transforms into a girl at night. His hyungs doesn't know anything about it as he's always inside his room. What w...
5.8K 131 19
idk lmao. Sh0rt stawry :) fluff i guess lol u asked for this, Regina.